← Chapters

အခန်း (၂၈၁-၂၈၅)

Vol. 29 Ch. 281-285

အခန်း (၂၈၁-၂၈၅)

Vol. 29 Ch. 281-285

အခန်း (၂၈၁) အမှတ်ပြည့်

ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ငါးကြယ်ပွင့်ဟိုတယ်တွင် နေရာချပေးပြီးနောက် တရုတ်ဘက်မှ လူနှစ်ဦးသာ အဖော်အဖြစ် ကျန်ရစ်ခဲ့ပြီး ကျန်ရှိသူများမှာ မိမိတို့နေရာ အသီးသီးသို့ ပြန်သွားကြလေသည်။

မင်ယွဲ့နှင့် အခြားသူများမှာလည်း သူတို့၏ တက္ကသိုလ်ကျောင်းများသို့ အသီးသီးပြန်ကြရပြီး နောက်တစ်နေ့အတွက် ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြရသည်။

ကိုရီးယားအဖွဲ့မှာမူ မင်ယွဲ့တို့အဖွဲ့ကို လုံးဝအရေးမစိုက်သည့်အပြင် ဟိုတယ်မှထွက်ကာ ဖျော်ဖြေရေးကလပ်များ၌ အပျော်အပါးမက်

မက်ဖြင့် အချိန်ဖြုန်းခဲ့ကြသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၎င်းတို့၏ ယဉ်ကျေးမှုဖလှယ်ရေး ပထမဆုံးနေ့၌ပင် ပြုမူသည့် မလေးမစားနိုင်သော အသုံးအဖြုန်းနှင့် ပေါ့ပျက်ပျက်အပြုအမူများကို မနှစ်မြို့သော်လည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

နောက်တစ်နေ့တွင် မင်ယွဲ့တို့အဖွဲ့သည် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာကြသည်။ ယွဲ့ဟွာ နည်းပညာနှင့် တရုတ်ဘက်မှ တာဝန်ရှိသူများသည် အချိန်တိကျစွာပင် ခမ်းနားထည်ဝါသော ခန်းမအတွင်း၌ ကြိုတင်ပြင်ဆင် စောင့်ကြိုနေကြပြီ ဖြစ်သည်။

နိုင်ငံခြားဧည့်သည်များကို လက်ခံတွေ့ဆုံခြင်းဖြစ်သဖြင့် တရုတ်နိုင်ငံဘက်မှ ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ခမ်းနားသော နေရာထိုင်ခင်းများကို စီစဉ်ပေးထားခြင်း ဖြစ်သည်။

တရုတ်အဖွဲ့မှာ မနက်စာ စားသောက်ပြီးစီး၍ အသင့်စောင့်နေသော်လည်း ကိုရီးယားအဖွဲ့မှာမူ မခိုးမခန့်ဟန်ဖြင့် တစ်ယောက်တစ်ပေါက် အေးအေးလူလူ ရောက်ရှိလာကြသည်။

"စကြစို့"

မနေ့က မင်ယွဲ့နှင့် ယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့သော လူနှစ်ဦးမှာ ဝင့်ဝါသော အကြည့်များဖြင့် သူမကို ကြည့်နေကြသည်။

မင်ယွဲ့မှာမူ ထိုသူတို့ မည်သည်ကို အားကိုး၍ ဤမျှ ဂုဏ်ယူနေကြသည်ကို နားမလည်နိုင်အောင် ရှိတော့သည်။ တစ်ယောက်မှာ သူမထက် အရပ်ပုပြီး ကျန်တစ်ယောက်မှာလည်း သူမနှင့် အရပ်

ချင်း မတိမ်းမယိမ်းသာ ရှိပေသည်။

ယနေ့တွင် နှစ်ဖက်သဘောတူညီချက်အရ သီချင်းဆိုပြိုင်ပွဲ ကျင်းပရန်ဖြစ်ပြီး အိမ်ရှင်တရုတ်နိုင်ငံအနေဖြင့် လိုအပ်သော ပြင်ဆင်မှုများကို အပြည့်အစုံ ပြုလုပ်ထားပြီးဖြစ်သည်။

ပြိုင်ပွဲဝင်နှစ်ဦးသည် အသံလုံသော စတူဒီယိုခန်းအတွင်းသို့ ဝင်ရောက်သွားကြပြီး ကျန်ရှိသူများက မှန်တံခါးပြင်ပမှ စောင့်ကြည့်နေကြသည်။

စတူဒီယိုအတွင်း၌မူ နှစ်ဖက်စလုံးမှ အဓိကပုဂ္ဂိုလ် အနည်းငယ်သာ ကြီးကြပ်ရန် ပါဝင်သည်။

ကိုရီးယားအမျိုးသားသည် အလွန်ကျော်ကြားသော ကိုရီးယားဇာတ်လမ်းတွဲ ဇာတ်ဝင်တေးတစ်ပုဒ်ကို ရွေးချယ်လိုက်သည်။ ထိုသီချင်းမှာ တရုတ်နိုင်ငံ၌ပင် လူသိများလှသော သီချင်းဖြစ်သည်။

ဤကဲ့သို့ ကျော်ကြားသော သီချင်းကို ဆိုခြင်းမှာ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိသည်။ လူသိများသောကြောင့် ကောင်းကောင်းဆိုနိုင်လျှင် အမှတ်ရလွယ်သော်လည်း မူရင်းအဆိုတော်၏ အရှိန်အဝါက ကြီးမားလွန်းသဖြင့် အနည်းငယ် ချော်သွားရုံနှင့် အမှတ်အများအပြား လျော့နည်းသွားနိုင်ပေသည်။

"မင်းအလှည့်ပဲ"

အမျိုးသားဖြစ်သူ သီချင်းဆိုပြီးသွားသောအခါ စတူဒီယို မှန်တံခါးအပြင်ဘက်အထိ ကြားရလောက်အောင်ပင် လက်ခုပ်သံများ ဟိန်းထွက်သွားသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့မှာမူ မင်ယွဲ့အတွက် စိုးရိမ်ပူပန်လာကြသည်။ ဤသည်မှာ တစ်ဦးတစ်ယောက်ချင်း ပြိုင်ပွဲထက် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

စစ်မှန်သော တရားမျှတမှုရှိစေရန်အတွက် တရုတ်နိုင်ငံ တေးဂီတအသင်းမှ ပညာရှင်များကို ဒိုင်လူကြီးအဖြစ် ဖိတ်ကြားထားပြီး ထိုအထဲတွင် နိုင်ငံခြားသား ဂီတပညာရှင်များလည်း ပါဝင်

သည်။

ကိုရီးယားတို့၏ သူတစ်ပါးယဉ်ကျေးမှုကို မိမိတို့အရာဟု အတင်းအဓမ္မ ပြောဆိုတတ်သော အကျင့်ဆိုးကို သိရှိကြသဖြင့် တရုတ်ဘက်မှ အဘက်ဘက်က ပြည့်စုံအောင် ပြင်ဆင်ထားခြင်း ဖြစ်သည်။

"ကျွန်တော်ကတော့ ၈.၅ မှတ် ပေးပါတယ်၊ ဖျော်ဖြေမှုက ကောင်းမွန်ပါတယ်"

"ကျွန်မကတော့ ၈ မှတ်ပဲ ပေးချင်တယ်၊ မူရင်းအဆိုတော်ကို ကျော်ဖြတ်ဖို့ ခက်ခဲနေသေးလို့ပါ"

ဒိုင်လူကြီး ၈ ဦး၏ အမှတ်များထဲမှ အမြင့်ဆုံးနှင့် အနိမ့်ဆုံးကို ပယ်ဖျက်ပြီးနောက် ကိုရီးယားအမျိုးသားမှာ ၈.၄ မှတ် ရရှိခဲ့သည်။

ပရော်ဖက်ရှင်နယ် မဟုတ်သူတစ်ဦးအတွက် ဤအမှတ်မှာ အလွန်မြင့်မားသည်ဟု ဆိုရမည်။ ထိုသူမှာလည်း မိမိကိုယ်ကို ကျေနပ်နေပုံရပြီး မင်ယွဲ့ကို မထီမဲ့မြင် ကြည့်လိုက်ပြန်သည်။

မင်ယွဲ့မှာမူ သူ့ကို လုံးဝဥပေက္ခာပြုထားပြီး ဒိုင်လူကြီးတန်း၏ အလယ်တွင် ထိုင်နေသော ဆရာကြီးတစ်ဦးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ထိုဆရာကြီးမှာ သူမအား အမှတ်ပေးဖူးသော ဆရာတစ်ဦး ဖြစ်နေသည်မှာ မမျှော်လင့်ထားသော တိုက်ဆိုင်မှုပင်။ ဆရာကြီးကလည်း သူမကို သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ သူမသည် အဆင့်သတ်မှတ်ချက် ရပြီးကတည်းက ဂီတအသင်းသို့ ထပ်မံမလာရောက်တော့သဖြင့် သူတို့မှာ အလွန်စိုးရိမ်နေခဲ့ကြခြင်း ဖြစ်သည်။

မစ္စတာ ပိုင် ထံမှတစ်ဆင့် မင်ယွဲ့သည် ယန်ကျင်းတက္ကသိုလ်တွင် ဂီတနှင့်မသက်ဆိုင်သော ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်နေကြောင်း သိရသောအခါ သူတို့ ပို၍ပင် နှမြောတသ ဖြစ်ခဲ့ရသည်။

ယခုအခါ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ယာယီဒိုင်အဖြစ် လာရောက်စဉ် သူမနှင့် ပြန်လည်ဆုံတွေ့ရခြင်းမှာ အလွန်ဝမ်းသာစရာပင်။ မင်ယွဲ့သည် တူရိယာများစွာ တီးခတ်နိုင်သည်ကို သူသိသော်လည်း သီချင်းဆိုသည့် အစွမ်းကိုမူ ယနေ့မှသာ ပထမဆုံး ကြားရတော့မည်ဖြစ်သည်။

မင်ယွဲ့မှာ များစွာစဉ်းစားနေရန် မလိုပေ။ သူမ ကိုယ်တိုင် ရေးစပ်ထားသော သီချင်းများ အင်တာနက်ပေါ်တွင် ရှိသော်လည်း လူသိနည်းသော အသိုင်းအဝိုင်းလေးအတွင်း၌သာ ပျံ့နှံ့နေသေးသည်။

သူမသည် ကျန်းမင်း အတွက် ရေးစပ်ပေးခဲ့ဖူးသော "သဘာဝတရား၏ ဧချင်း" သီချင်းကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။

သီချင်းအစ တူရိယာသံစဉ်များ လွင့်ပျံ့လာသည်နှင့် နားဆင်သူများမှာ သဘာဝတောတောင်များကြား ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် မင်ယွဲ့၏ ချိုမြိန်ကြည်လင်သော အသံထွက်ပေါ်လာသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားရသည်။ သူမ၏ အသံသည် တောအုပ်ထဲမှ နတ်သက်ကြွေလာသော ဝိညာဉ်လေးတစ်ပါး သီဆိုနေသကဲ့သို့ လွတ်လပ်မှု၊ ပျော်ရွှင်မှုနှင့် နွေးထွေးမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားရစေသည်။

သီချင်းသံ ဆုံးသွားသည့်တိုင်အောင် လူတိုင်းမှာ မှင်သက်မိနေကြဆဲ ဖြစ်သည်။ ပြင်းထန်သော လက်ခုပ်သံများ ဟိန်းထွက်လာသောအခါမှသာ စတူဒီယိုအတွင်း ရှိနေသည်ကို သတိပြန်ဝင်လာကြသည်။

ကိုရီးယားအမျိုးသားမှာမူ မျက်နှာပျက်သွားတော့သည်။ ဂီတဆိုသည်မှာ ဘာသာစကား အတားအဆီး မရှိပေ။ မင်ယွဲ့၏ သီဆိုမှုမှာ မည်မျှ ကောင်းမွန်သည်ကို သူတို့ ငြင်းဆို၍ မရနိုင်တော့ပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကလည်း ကျေနပ်စွာ ပြုံးလျက် မင်ယွဲ့ကို ခေါင်းညိတ်ပြကြသည်။

ဂီတအသင်းမှ ဒိုင်လူကြီးများမှာလည်း မတ်

တပ်ရပ်၍ လက်ခုပ်တီး ချီးကျူးကြသည်။

"ဒီသီချင်းကို ကျွန်တော် ကြားဖူးပါတယ်၊ မူရင်းထက် ပိုကောင်းအောင် ဆိုနိုင်သူ ရှားပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ခံစားချက်ပေးစွမ်းနိုင်မှုက မူရင်းကိုတောင် ကျော်လွန်သွားပြီ၊ ဒါကြောင့် ငါကတော့ အမှတ်ပြည့် ၁၀ ပေးတယ်"

"မင်းနဲ့ ကျန်းမင်းက ခံစားချက်ချင်း မတူဘူး၊ ဒါပေမဲ့ မင်းရဲ့ဆိုဟန်က ဒီသီချင်းနဲ့ ပိုပြီး လိုက်ဖက်ညီတယ်လို့ ခံစားရတယ်၊ ငါလည်း ၁၀ မှတ် ပေးပါတယ်"

ကျန်ရှိသော ဒိုင်အားလုံးကလည်း တညီတညွတ်တည်း အမှတ်ပြည့် ၁၀ မှတ်စီ ပေးလိုက်ကြသည်။ ရလဒ်များ ကြေညာနေချိန်တွင် မင်ယွဲ့သည် အောင်မြင်မှုအပေါ် သာယာခြင်းမရှိဘဲ စစ်သူကြီးတစ်ဦးကဲ့သို့ တည်ငြိမ်

ရင့်ကျက်စွာ ရပ်နေလေသည်။

ကိုရီးယားအမျိုးသားမှာမူ အလွန်ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး လူအုပ်ကြားထဲတွင် ခေါင်းငုံ့ကာ ပုန်းကွယ်နေတော့သည်။

သူတို့သည် မင်ယွဲ့ကို အရေအတွက်ဖြည့်ရန် ပါလာသော ကျောင်းသူလေးတစ်ဦးဟု မယူဆရဲတော့ပေ။ တရုတ်အဖွဲ့ထဲတွင် ဝှက်ဖဲအဖြစ် ပါဝင်လာသော ထူးချွန်ထက်မြက်သည့် "မြင်းနက်" တစ်ဦးအဖြစ်သာ သတ်မှတ်လိုက်ကြတော့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူများပင်လျှင် မိမိတို့အဖွဲ့ထဲတွင် ဤမျှ စွမ်းဆောင်ရည်မြင့်မားသော လူငယ်တစ်ဦး ပါဝင်နေသည်ကို ယခုမှသာ အံ့အားသင့်စွာ သိရှိလိုက်ရခြင်း ဖြစ်လေသည်။

အခန်း (၂၈၂) စီမံကိန်းများ

ပထမဆုံးသော ထိပ်တိုက်ရင်ဆိုင်မှုတွင်ပင် မင်ယွဲ့သည် နှစ်ဖက်စလုံး၏ အာရုံစိုက်မှုကို အပြည့်အဝရရှိသွားခဲ့သည်။

ကိုရီးယားကိုယ်စားလှယ်အဖွဲ့မှာ သူမကို လျှော့တွက်၍မရမှန်း သိမြင်သွားကြသလို၊ တရုတ်ဘက်မှ တာဝန်ရှိသူများကလည်း သူမကို အသစ်တစ်ဖန် မြင်တွေ့လာရသည့်အလား အံ့သြတသ ကြည့်ရှုနေကြတော့သည်။

ကိုရီးယားတို့သည် ပထမပွဲတွင်ပင် ရှုံးနိမ့်သွားခြင်းကို လက်မခံနိုင်ကြသေးပေ။ သူတို့သည် ပြိုင်ဘက်ရွေးချယ်မှု မှားယွင်းသွားသဖြင့် မာကျောသော ကျောက်ဆောင်ကို တိုက်မိသွားခြင်းသာ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေကြသည်။

ကျန်ရှိသော တရုတ်လူငယ်များနှင့် အားကစားသမားများမှာမူ အခြားကဏ္ဍများတွင် ဤမျှ ထူးချွန်မည်မဟုတ်ဟု သူတို့ တွေးထင်နေကြဆဲပင်။

ဦးစွာ ရောက်ရှိလာစဉ်ကကဲ့သို့ မောက်မာရိုင်းစိုင်းမှုများ အနည်းငယ် လျော့ပါးသွားသော်လည်း သူတို့၏ စိတ်အခံတွင် ရှိနေသော သာလွန်မှု အစွဲအလမ်းမှာမူ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

တရုတ်နိုင်ငံသည် အိပ်ပျော်နေသော ခြင်္သေ့ဘဝမှ နိုးကြားဖျတ်လတ်သော နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း နိုင်ငံအချို့ကမူ အစွဲအလမ်းကြီးစွာဖြင့် အထင်သေးနေကြဆဲ ဖြစ်သည်။

တရုတ်ပြည်သည် တောင်ပေါ်ဒေသရှိ ဆင်းရဲမွဲတေသော နေရာတစ်ခုဟု ထင်မှတ်နေကြသော်လည်း လက်တွေ့တွင်မူ နိုင်ငံတကာအဆင့်မီ မြို့ပြကြီးများအဖြစ် ထွန်းကားနေကာ ပြည်သူများ၏ လူနေမှုဘဝမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်မားတိုးတက်လျက် ရှိသည်။

သို့သော်လည်း အိပ်ချင်ဟန်ဆောင်နေသူကို နှိုး၍မရနိုင်ပေ။ တစ်ချိန်က "အရှေ့အာရှ၏ ဖျားနာနေသူ" ဟု ကဲ့ရဲ့ခံခဲ့ရကာ ကျူးကျော်စော်ကားမှုပေါင်းစုံကို ခံခဲ့ရသည့် လူမျိုးသည် ယခုအခါ မည်သူမျှ မယှဉ်သာသော အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေသည်ကို သူတို့ အသိအမှတ် မပြုချင်ကြခြင်းသာ ဖြစ်သည်။

သူတို့၏ မျက်နှာပေါ်မှ ဝင့်ဝါသော အပြုံးများ မှေးမှိန်သွားသော်လည်း မင်ယွဲ့၏ တောက်ပသော စွမ်းဆောင်ရည်တစ်ခုတည်းနှင့် သူတို့၏ မာနကို အမြစ်ပြတ်ချေမှုန်းရန်မှာမူ မလုံလောက်သေးပေ။

မင်ယွဲ့သည် ထိုအခြေအနေကို ထိုးထွင်းသိမြင်သော်လည်း တစ်စုံတစ်ရာ ထုတ်ဖော်မပြောဘဲ တည်ငြိမ်စွာပင် ရှိနေသည်။ သူမ ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ တစ်ဖက်လူကို သင်ခန်းစာကောင်းကောင်း ပေးနိုင်မည့် အခွင့်အရေးမှာ မကြာမီ ရောက်ရှိလာတော့မည်

ဖြစ်ကြောင်း သူမ နားလည်ထားသည်။

ဂီတအသင်းမှ အဖွဲ့ဝင်များမှာ မင်ယွဲ့ရှိရာသို့ လျှောက်လှမ်းလာကြသည်။ အလယ်တွင်ပါလာသော တရုတ်လူမျိုး ဆရာကြီးမှာ မင်ယွဲ့ကို မြင်သောအခါ စိတ်လှုပ်ရှားတက်ကြွမှုကို မနည်းထိန်းချုပ်ထားရသည်။

အများအမြင်တွင် သံသယမဖြစ်စေရန်အတွက် သူတို့နှစ်ဦးမှာ အလွန်အမင်း ရင်းနှီးဟန်မပြဘဲ မိတ်ဆွေများကဲ့သို့သာ လက်ဆွဲနှုတ်ဆက်

လိုက်ကြသည်။

"တကယ်ကို ကောင်းမွန်တဲ့ သီဆိုမှုပဲ၊ ဆက်ပြီးတော့လည်း ကြိုးစားပါဦး"

သူက အားပေးစကားကို တိုးညှင်းသိမ်မွေ့စွာ ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

မင်ယွဲ့ကလည်း လေသံတိုးတိုးဖြင့်ပင် ပြန်လည်ထူးလိုက်သည်။

ဂီတအသင်းမှ လူကြီးသူမများသည် သူမ၏ အကျိုးကို ရှေးရှု၍ ယခုကဲ့သို့ သတိကြီးစွာ ပြုမူနေကြခြင်းဖြစ်ကြောင်း သူမ သိရှိသည်။

သူတို့သည် မင်ယွဲ့ကို အဖိုးတန်ရတနာတစ်ပါးကဲ့သို့ မြတ်နိုးစွာ ကြည့်ရှုနေကြပြီး နိုင်ငံခြားသား ဂီတပညာရှင်များမှာလည်း သူမ၏ အရည်အချင်းအပေါ် အထင်ကြီး လေးစားသွားကြသည်။

သူတို့ နောက်ထပ် မေးခွန်းများ မမေးနိုင်မီမှာပင် တာဝန်ရှိသူများက သူတို့ကို ခန်းမအပြင်ဘက်သို့ ခေါ်ဆောင်သွားကြသည်။ ပြိုင်ပွဲ၏ တရားမျှတမှုကို ထိန်းသိမ်းရန် လာရောက်ခြင်းဖြစ်သဖြင့် တာဝန်ပြီးဆုံးပါက ထွက်ခွာသွားကြခြင်း ဖြစ်သည်။

"အဲဒီမိန်းကလေးက ဂီတမှာ တကယ်ကို ပါရမီထူးတာပဲ၊ သူ့ကို ငါတို့ ဂီတအသင်းထဲဝင်ဖို့ မင်း ဘာလို့ မဖိတ်ခေါ်တာလဲ"

နိုင်ငံခြားသား အဖွဲ့ဝင်တစ်ဦးက အံ့သြတသ မေးမြန်းလိုက်သည်။

ဤမျှ ထူးချွန်သော ပါရမီရှင်ကို မြင်ပါက လက်လွှတ်မခံတတ်သော ဆရာကြီး၏ အလေ့အကျင့်နှင့် ယခုအခြေအနေမှာ ကွဲပြားနေသောကြောင့် ဖြစ်သည်။

"အဲဒီကလေးက ငါတို့ ဂီတအသင်းရဲ့ အဖွဲ့ဝင် ဖြစ်နေပြီးသားလေ"

သူက အေးအေးဆေးဆေးပင် ပြန်လည်ပြောကြားလိုက်သော်လည်း မျက်နှာထက်တွင်မူ ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဘာ... ဒီနှစ်မှ ဝင်လာတဲ့ လူသစ်လား"

မင်ယွဲ့၏ သီဆိုမှုမှာ ကောင်းမွန်သော်လည်း ဂီတအသင်း၏ စစ်ဆေးမှု စံနှုန်းများကို သူတို့ ကောင်းစွာ သိထားကြသည်။ အဆင့်မြင့်အဖွဲ့ဝင် ဖြစ်လာသူတိုင်းမှာ ထူးကဲသော အရည်အချင်းရှိသူများသာ ဖြစ်သည်။

"သူ့မှာ ဆရာရှိလား"

ဟု နိုင်ငံခြားသားအဖွဲ့ဝင်က စိတ်ဝင်တစား ထပ်မံမေးမြန်းပြန်သည်။

"အဲဒီကိစ္စကိုတော့ မေ့လိုက်ပါတော့၊ ဒီကလေးရဲ့ ဆရာက ဒုတိယဥက္ကဋ္ဌ မစ္စတာ ပိုင်ပဲ၊ ပြီးတော့ သူကိုယ်တိုင်က ငါတို့အသင်းရဲ့ စီနီယာ အဆင့်

မြင့်အဖွဲ့ဝင် တစ်ယောက်ပဲ"

သူက တစ်ဖက်လူကို ခပ်အေးအေး ကြည့်ရင်း မျက်လုံးထဲ၌ "ငါတောင် ဆရာလုပ်ဖို့ အခွင့်အရေးမရှိတာ မင်းကတော့ စဉ်းစားတောင် မနေနဲ့တော့" ဟူသော အဓိပ္ပာယ်ကို ထည့်သွင်းပြလိုက်သည်။

နိုင်ငံခြားသား အဖွဲ့ဝင်မှာ ထိုအကြံကို ချက်ချင်းပင် လက်လျှော့လိုက်တော့သည်။ သူသည် အဖွဲ့ဝင်သစ်များကို ဆရာလုပ်ရန် အရည်အချင်း ပြည့်မီသော်လည်း စီနီယာအဖွဲ့ဝင်တစ်ဦးမှာမူ ငယ်စဉ်ကတည်းက လေ့ကျင့်မှုနှင့် အံ့မခန်းပါရမီကြောင့်သာ ဤမျှအရွယ်နှင့် ဤအဆင့်ကို ရောက်ရှိနိုင်ခြင်းဖြစ်ရာ ၎င်းတို့၌ ခိုင်မာသော ဆရာသမားများ ရှိပြီးသားဖြစ်ကြောင်း နားလည်သွားသောကြောင့် ဖြစ်သည်။

ပြိုင်ပွဲကျင်းပရာ ခန်းမအတွင်း၌ နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် တရုတ်နှင့် ကိုရီးယားအဖွဲ့တို့သည် လာမည့် ၇ ရက်အတွင်း ယဉ်ကျေးမှုဖလှယ်ရေး ပြိုင်ပွဲ ၆ ခု ကျင်းပရန် သဘောတူညီလိုက်ကြသည်။

အပေါ်ယံအားဖြင့် "ခင်မင်ရင်းနှီးမှုက ပထမ၊ ပြိုင်ဆိုင်မှုက ဒုတိယ" ဟူသော ဆောင်ပုဒ်ဖြင့် ချစ်ကြည်ရေး ဖလှယ်ခြင်းသာ ဖြစ်သည်ဟု ဆိုသော်လည်း နိုင်ငံများအကြား ဆက်ဆံရေးတွင် မည်သူမျှ ရှုံးနိမ့်ခြင်းကို မလိုလားကြပေ။

သတ်မှတ်ထားသော ပြိုင်ပွဲ (၆) ခုမှာ -

၁။ လက်ဖက်ရည် အနုပညာ

၂။ ကခြင်း အနုပညာ

၃။ အချက်အပြုတ် အတတ်ပညာ

၄။ စီးပွားရေးဆိုင်ရာ ပြိုင်ပွဲ

၅။ မြင်းစီးအတတ်ပညာ

၆။ ကိုယ်ခံပညာ

အဆိုပါ သတ်မှတ်ချက်များကို လူတိုင်းသိရှိစေရန် တိုက်ရိုက် အသိပေးလိုက်သည်။

မင်ယွဲ့သည် ထိုစီမံကိန်းများကို ကြည့်ရင်း ကိုရီးယားတို့မှာ တကယ်ပင် အမြင်မရှိသူများဟု တွေးတောမိသည်။ တရုတ်နိုင်ငံသားများသည် ဤကဏ္ဍများတွင် လုံးဝနောက်ကျကျန်ခဲ့သူများ မဟုတ်ပေ။ ဤနည်းဗျူဟာဖြင့် အနိုင်ယူရန် ကြိုးစားခြင်းမှာ သူတို့၏ အကြီးမားဆုံး အမှားပင် ဖြစ်လိမ့်မည်။

တရုတ်နိုင်ငံ၏ လက်ဖက်ရည် ယဉ်ကျေးမှုမှာ သမိုင်းကြောင်း ရှည်လျားလှသလို၊ အချက်အပြုတ် အနုပညာတွင်လည်း ထင်ရှားသော ဟင်းလျာကြီး ၈ မျိုးဖြင့် မည်သည့်နိုင်ငံနှင့်မျှ မယှဉ်သာအောင် ထူးကဲလှသည်။

ကိုယ်ခံပညာပိုင်းတွင်မူ ပြောနေရန်ပင် မလိုတော့ပေ။ တိုက်ကွမ်ဒိုနှင့် အခြားသော ကိုယ်ခံပညာရပ်များကို အလွန်စွမ်းအားကြီးသည်ဟု ကြွားဝါနေကြသော်လည်း တရုတ်ရိုးရာ ကိုယ်ခံပညာနှင့် ယှဉ်လိုက်လျှင်မူ အလှပြကွက်များသဖွယ်သာ ဖြစ်သွားမည်ဖြစ်ကြောင်း မင်ယွဲ့က ယုံကြည်မှု အပြည့်ဖြင့် တွေးဆနေလေသည်။

အခန်း (၂၈၃) စိတ်ကူးရှိသလား

မင်ယွဲ့နှင့် ကိုရီးယားကိုယ်စားလှယ်တို့အကြား ဖြစ်ပွားခဲ့သော ထိုပြိုင်ပွဲလေးမှာ အမှန်စင်စစ် အဖွင့်အမြည်း သို့မဟုတ် သွေးပူလေ့ကျင့်ခန်းမျှသာ ရှိပါသေးသည်။

"ဒီအမျိုးသမီးလေးက ဒီလောက်အထိ အရည်အချင်းရှိမယ်လို့ ကျွန်တော်တို့ မထင်ထားမိဘူးဗျာ"

ကိုရီးယားအရာရှိသည် အရှက်ရဟန်ဖြင့် အားနာသလို ပြုံးလိုက်ရင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်ကို လှမ်း၍ စကားဆိုလိုက်သည်။

"ခင်ဗျားတို့ လူငယ်လေးကလည်း တကယ်တော်ပါတယ်၊ ရှေ့လူတွေကိုတောင် ကျော်တက်နိုင်မယ့် အလားအလာရှိတာပဲ၊ ဒီဘက်ခေတ် လူငယ်တွေကတော့ တကယ်ကို ထူးချွန်ကြတယ်နော်"

တရုတ်အရာရှိ၏ လေသံမှာ နှိမ့်ချမှုအပြည့် ရှိနေသော်လည်း မျက်ဝန်းအစုံ၌မူ ဖုံးကွယ်မရသော ဂုဏ်ယူဝင့်ကြွားမှုများ တလက်လက် တောက်ပနေလေသည်။

နှစ်ဖက်စလုံးသည် အပေါ်ယံ ယဉ်ကျေးပျူငှာသော စကားများကို အပြန်အလှန် လဲလှယ်ကြပြီးနောက် မျက်နှာထက်တွင် အပြုံးကိုယ်စီဖြင့် မွန်းလွဲပိုင်း ခရီးစဉ်ကို အတည်ပြုလိုက်ကြသည်။

မွန်းလွဲပိုင်းတွင်မူ ကိုရီးယားအဖွဲ့ကို ခေါ်ဆောင်၍ တရုတ်ပြည်၏ အထင်ကရနေရာဖြစ်သော မဟာတံတိုင်းကြီးသို့ တက်ရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

"မဟာတံတိုင်းကို မရောက်ဖူးသူဟာ သူရဲကောင်း မဟုတ်ဘူးတဲ့"

သူတို့သည် တရုတ်ပြည်သို့ မလာရောက်မီ တရုတ်ယဉ်ကျေးမှုနှင့် ပတ်သက်၍ အတော်အတန် လေ့လာလာကြပုံရသည်။

မင်ယွဲ့တို့အဖွဲ့မှာလည်း ၎င်းတို့နှင့်အတူ လိုက်ပါလာခဲ့ပြီး အဖွဲ့ထဲမှ ကျွမ်းကျင်သူတစ်ဦးက လမ်းတစ်လျှောက် ရှင်းလင်းပြောကြားပေးနေသည်။

မနေ့က ထိပ်တိုက်တွေ့စဉ်က မင်ယွဲ့အနေဖြင့် တရုတ်စကားပြောရန် တင်းတင်းမာမာ ညွှန်ကြားခဲ့သော်လည်း တရုတ်နိုင်ငံသည် အစဉ်အလာအရ ဖော်ရွေသော နိုင်ငံဖြစ်သည်။

စိတ်ရင်းမှန်ဖြင့် လာရောက်လည်ပတ်သူ မည်သူ့ကိုမဆို နွေးထွေးစွာ ကြိုဆိုတတ်သည့် ထုံးစံအတိုင်း တစ်လျှောက်လုံးတွင် တရုတ်နှင့် ကိုရီးယား နှစ်ဘာသာဖြင့် အသေးစိတ် ရှင်းလင်းပြသပေးနေသည်။

မင်ယွဲ့၏ ဘေးတွင် ရပ်နေသော မိန်းကလေးတစ်ဦးသည် ရှေ့မှ ရှင်းလင်းပြောကြားနေသူကို စိတ်ဝင်တစား နားထောင်နေရင်း ရုတ်တရက် သက်ပြင်းချလိုက်သည်။

"ယွဲ့ယွဲ့ရေ... ငါလည်း ဘယ်တော့မှ အဲဒီလို လျင်လျင်မြန်မြန်နဲ့ တိတိကျကျ စကားပြန်ဆိုနိုင်မလား မသိဘူးနော်"

သူမသည် ကိုရီးယားဘာသာရပ် မဟုတ်ဘဲ အင်္ဂလိပ်စာကို အထူးပြုလေ့လာနေသူ ဖြစ်သည်။ ဘာသာပြန်ဆိုခြင်းထက် စကားပြန်ဆိုခြင်းက အဆပေါင်းများစွာ ပို၍ ခက်ခဲနက်နဲသည်ကို သူမ ကောင်းစွာ သိရှိနေသည်။

"ကြိုးစားရင် ဖြစ်မှာပါ၊ မင်းလည်း တစ်နေ့ အဲဒီလို ဖြစ်လာမှာပါ"

မင်ယွဲ့သည် ရှေ့ဆုံးမှ လျှောက်လှမ်းနေသော စကားပြန်ကို ကြည့်လိုက်သည်။

သူသည် အမျိုးသား ဘာသာပြန်တက္ကသိုလ်မှ အထူးခေါ်ဆောင်လာသော ပညာရှင်ဖြစ်သဖြင့် ကိုရီးယားစကားကို မိခင်ဘာသာစကားကဲ့သို့ ကျွမ်းကျင်စွာ ပြောဆိုနိုင်ရုံမျှမက မျက်နှာထားမှာလည်း အလွန်တည်ငြိမ်ရင့်ကျက်ကာ နိုင်ငံကြီးသား ပီသလှသည်။

ဘေးမှ မိန်းကလေးမှာ ဖော်ရွေသော စိတ်ရှိသဖြင့် မနေ့ကတည်းက မင်ယွဲ့ကို စတင်စကားပြောခဲ့ပြီး ယနေ့တွင်လည်း မင်ယွဲ့၏ ဘေး၌သာ ကပ်၍ လိုက်ပါနေခြင်း ဖြစ်သည်။

"အားပေးစကားအတွက် ကျေးဇူးပဲနော်"

ဟု ထိုမိန်းကလေးက မျှော်လင့်ချက်အပြည့်ဖြင့် ပြုံးလျက် ဆိုသည်။

“ဒါနဲ့ ယွဲ့ယွဲ့... နင် သူတို့နဲ့ စကားပြောတော့ ကိုရီးယားစကားက တကယ်ကို ညက်နေတာပဲ၊ နင် ကိုရီးယားမှာ နေခဲ့ဖူးတာလား"

သူမသည် စာကို အလွန်ကြိုးစားသော်လည်း ပြည်ပသို့ မရောက်ဖူးသဖြင့် ပတ်ဝန်းကျင် အထိအတွေ့ မရှိသောကြောင့် သူမ၏ အင်္ဂလိပ်စကားမှာ စာအုပ်ကြီးအတိုင်း ဖြစ်နေကာ သဘာဝမကျသလို ခံစားနေရသည်။

မင်ယွဲ့ ပြောဆိုနေပုံမှာမူ သူတို့နှင့် တစ်မျိုးနွယ်တည်းသားကဲ့သို့ပင် ချောမွေ့လွန်းလှသည်။

"မနေဖူးပါဘူး"

မင်ယွဲ့က ခပ်တိုတိုပင် ပြန်လည်ဖြေကြားရင်း ရှေ့မှ အုပ်စုနောက်သို့ ဆက်လက်လိုက်ပါလာသည်။

ထိုအခါ မိန်းကလေးက မင်ယွဲ့ကို လှည့်ကြည့်လိုက်ရာ လေပြေအေးလေးက မင်ယွဲ့၏ ဆံနွယ်များကို အသာအယာ တိုးဝှေ့သွားပြီး သူမ၏ တုနှိုင်းမဲ့ လှပသော မျက်နှာလေးကို ပေါ်လွင်စေသည်။

"ငါ ဘာတွေ တွေးနေပါလိမ့်၊ ကြည့်ရတာ သူတို့နဲ့ လုံးဝမတူပါဘူး"

ဟု မိန်းကလေးက တိုးတိုးလေး ရေရွတ်လိုက်

မိသည်။

"ဘာနဲ့ မတူတာလဲ"

မင်ယွဲ့က ထိုစကားကို ကြားသွားသဖြင့် နားမလည်နိုင်သလို မေးလိုက်သည်။

"အာ... မဟုတ်ပါဘူး"

မိန်းကလေးမှာ မိမိစိတ်ထဲရှိရာကို လွှတ်ခနဲ ပြောမိသွားသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

“ဘာမှမဟုတ်ပါဘူး၊ ယွဲ့ယွဲ့က တကယ်လှတာပဲလို့ ပြောမလို့ပါ"

ခန့်ညားထည်ဝါပြီး ကျက်သရေရှိလှသော တရုတ်အမျိုးသမီးတစ်ဦး၏ အလှတရားမှာ ကြည့်ရှုသူကို အေးချမ်းစေပြီး သာယာဝပြောမှုကို ဆောင်ကြဉ်းပေးသကဲ့သို့ ခံစားရသည်။ ကိုရီးယားလူမျိုးများနှင့် လုံးဝမတူသော ခံ့ညားသည့် အလှမျိုးပင်။

"မင်းလည်း လှပါတယ်"

ဟု မင်ယွဲ့က ပြုံးလျက် တုံ့ပြန်လိုက်သည်။

မဟာတံတိုင်းကြီးမှာ အလွန်ပင် ရှည်လျားလှသည်။ မတက်မီက စိတ်ဓာတ်တက်ကြွနေကြသော်လည်း လှေကားထစ်များကို တစ်ဆင့်ပြီးတစ်ဆင့် တက်လာကြရာ ခရီးတစ်ဝက်တွင် ကိုရီးယားအဖွဲ့မှာ မောဟိုက်နွမ်းလျလာကြသည်။

"မောလိုက်တာ၊ လှေကားထစ်တွေကလည်း အများကြီးပဲ၊ ငါ့ခြေထောက်တွေတောင် မခိုင်တော့ဘူး"

တရုတ်လူမျိုးများသည် သည်းခံနိုင်စွမ်း မြင့်မားကြသူများ ဖြစ်သဖြင့် ပင်ပန်းနေသော်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ကာ တည်ငြိမ်စွာပင် ဆက်လက်လျှောက်လှမ်းနေကြသည်။

ထို့ကြောင့် ညည်းညူသံမှာ ကိုရီးယားအဖွဲ့ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ပင်ပန်းရင် ခဏနားကြတာပေါ့"

တရုတ်အဖွဲ့ခေါင်းဆောင်က ချစ်ကြည်ရေးအရ လိုက်လျောပေးလိုက်သည်။

ထိုစကားကြားသည်နှင့် ညည်းညူနေသော မိန်းကလေးမှာ မြေပြင်သန့်သည်၊ မသန့်သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဘုတ်ခနဲ ထိုင်ချလိုက်တော့သည်။ ထိုမှစ၍ ကိုရီးယားအဖွဲ့တစ်ခုလုံး တဖြည်းဖြည်းနှင့် အနားယူကြတော့သည်။

ကိုရီးယားအဖွဲ့ခေါင်းဆောင်မှာမူ တရုတ်အဖွဲ့သားများမှာ မတ်မတ်ရပ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ မျက်နှာပျက်သွားသည်။ တရုတ်အဖွဲ့ဝင်များကလည်း သူတို့၏ အဖွဲ့ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ကြသည်။

"ဒီမှာပဲ နားကြစို့"

ခေါင်းဆောင်၏ ခွင့်ပြုချက် ရသည်နှင့် တရုတ်အဖွဲ့သားများမှာလည်း ဟန်ဆောင်မှုကို လွှတ်ချလိုက်ပြီး မောပန်းသမျှကို မျက်နှာထက်၌ ဖော်ပြရင်း နေရာရှာကာ ထိုင်ချလိုက်ကြသည်။

သူတို့ထဲမှ အချို့မှာ ကျောင်းပြီးခါစဖြစ်စေ၊ အလုပ်ခွင်ဝင်နေသူဖြစ်စေ ဤကဲ့သို့ အဖွဲ့အစည်းလိုက် သွားလာရာတွင် ကျောင်းသားဘဝ စစ်သင်တန်းတက်ခဲ့ရသည့် အကျင့်အတိုင်း အမိန့်ကို တသွေမတိမ်း လိုက်နာနေကြခြင်း ဖြစ်သည်။

အဖွဲ့၏ စည်းကမ်းတကျရှိမှုကို ကြည့်ပြီးမှ ဆူညံပွက်လောရိုက်နေသော ကိုရီးယားအဖွဲ့ကို ကြည့်ရင်း ကိုရီးယားခေါင်းဆောင်မှာ စိတ်ရှုပ်ထွေးနေပုံရသည်။

သူသည် တရုတ်တို့က သူတို့ကို တမင်ဖိအားပေးနေသည်ဟုပင် ထင်မှတ်ကာ မိမိအဖွဲ့မှ အပျော်လွန်နေသူများကို မျက်စောင်းထိုး ကြည့်နေလေသည်။

မင်ယွဲ့သည် သူမ၏ ကျောပိုးအိတ်ထဲမှ ရေသန့်ဘူးကို ထုတ်ကာ မဟာတံတိုင်း နံရံနားတွင် ရပ်ရင်း အဝေးဆီသို့ ငေးမောကြည့်ရှုနေသည်။

ကိုယ်ခံပညာ လေ့ကျင့်ထားသူဖြစ်သဖြင့် ဤမျှသော လှုပ်ရှားမှုမှာ သူမအတွက် ပင်ပန်းလှသည် မဟုတ်ပေ။ သူမသည် အင်အားအပြည့်ဖြင့် လန်းဆန်းလျက် ရှိသည်။

"မင်ယွဲ့၊ မင်း ဓာတ်ပုံရိုက်တတ်သလား"

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မင်ယွဲ့၏ လန်းဆန်းနေသော အသွင်အပြင်ကို မြင်သောအခါ သူမကို လှမ်းခေါ်လိုက်သည်။

"နည်းနည်းပါးပါးတော့ သိပါတယ်"

ဟု မင်ယွဲ့က နှိမ့်ချစွာ ဖြေသည်။

"ဒါဆို အားလုံးအတွက် ဓာတ်ပုံလေးတွေ ရိုက်ပေးပါလား"

နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေး ခရီးစဉ်ဖြစ်သဖြင့် ဤဓာတ်ပုံများမှာ နောင်တွင် အရေးပါသော မှတ်တမ်းများ ဖြစ်လာနိုင်သည်။

"ရပါတယ်ရှင့်"

မင်ယွဲ့သည် ဉာဏ်ရည်ထက်မြက်သူ ဖြစ်သဖြင့် စိတ်ပါဝင်စားစွာ လေ့လာလျှင် မတတ်မြောက်

နိုင်သော အရာဟူ၍ မရှိသလောက်ပင်။

သာမန်လူတို့အတွက် ဘဝ၏ အချိန်နှင့် စွမ်းအင်မှာ ကန့်သတ်ချက်ရှိသော်လည်း မင်ယွဲ့အတွက်မူ စနစ်ထဲရှိ လေ့ကျင့်ရေးအခန်းများက သူမကို အချိန်နှင့် နည်းစနစ်များစွာ ပံ့ပိုးပေးထားသည်။ ဓာတ်ပုံရိုက်ခြင်းကဲ့သို့သော အတတ်ပညာမှာ သူမအတွက် အပျော်တမ်း

သင်ယူရုံနှင့်ပင် ကျွမ်းကျင်နိုင်သော အရာဖြစ်သည်။

မင်ယွဲ့သည် အိတ်ထဲမှ ကင်မရာကို ထုတ်လိုက်သောအခါ တာဝန်ရှိသူများမှာ အံ့သြသွားကြသည်။

"မင်း ဒါကြီးကို အမြဲဆောင်ထားတာလား"

"မဟာတံတိုင်းကို လာမယ်ဆိုတာ သိထားလို့ ရှုခင်းတွေ ရိုက်ဖို့ ယူလာတာပါ၊ အခုလို အသုံးတည့်သွားမယ်လို့တော့ မထင်ထားဘူး"

အမှန်စင်စစ် မင်ယွဲ့သည် ကင်မရာကို သူမ၏ ကိုယ်ပိုင်အာကာသဟင်းလင်းပြင်ထဲမှ ထုတ်ယူလိုက်ခြင်း ဖြစ်သော်လည်း အများအမြင်တွင်မူ ကျောပိုးအိတ်ထဲမှ ထုတ်ယူသည်ဟုသာ ထင်မှတ်သွားကြသည်။

သူမသည် ကင်မရာကို ချိန်ညှိကာ လူအုပ်ကြီး၏ ပုံရိပ်များကို စနစ်တကျ မှတ်တမ်းတင်ပေးနေတော့သည်။

တရုတ်အဖွဲ့ခေါင်းဆောင်သည် မင်ယွဲ့၏ ထက်မြက်မှုကို မြင်တွေ့ရလေလေ သူမအပေါ် ပို၍ သဘောကျလာလေလေ ဖြစ်သည်။

ထူးချွန်သူကို မည်သူက မချစ်ဘဲ နေပါမည်နည်း။

"တကယ် တော်တာပဲ၊ မင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ်ဝင်ဖို့ရော စဉ်းစားဖူးလား၊ မင်းလို သွေးသစ်လောင်း လူငယ်တွေကို ငါတို့ အမြဲကြိုဆိုနေပါတယ်"

သူသည် မင်ယွဲ့၏ စွမ်းဆောင်ရည်များကို အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားစကား ကျွမ်းကျင်ခြင်း၊ ဓာတ်ပုံရိုက်စွမ်းရည် ရှိခြင်းတို့အပြင် သူမသည် ယန်ကျင်းတက္ကသိုလ်မှ ဘဏ္ဍာရေးနှင့် နိုင်ငံခြားဘာသာ မဟာဘွဲ့ ကျောင်းသူတစ်ဦးလည်း ဖြစ်သည်။

ဤအရည်အချင်းများမှာ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အလွန်ပင် ကိုက်ညီလွန်းလှပေသည်။

အခန်း (၂၈၄) ဆက်သွယ်ပြောဆိုခြင်း

နိုင်ငံရေးလောက၏ နက်နဲမှုကို ဤမိန်းကလေး အပြည့်အဝ နားမလည်သေးသော်လည်း သူမ၏ ထက်မြက်သော ဉာဏ်ရည်နှင့် တည်ငြိမ်မှုမှာ လေ့ကျင့်ပေးလျှင် အားကိုးထိုက်သော ရတနာတစ်ပါး ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိသည် မင်ယွဲ့ကို ကြည့်ရင်း သူမအား မိမိတို့ဝန်ကြီးဌာနသို့ သိမ်းသွင်းလိုသော ဆန္ဒများ တဖွားဖွား ပေါ်ပေါက်နေတော့သည်။

"ကျေးဇူးတင်ပါတယ်ရှင့်၊ ဒါပေမဲ့ ကျွန်မကို ကမ်းလှမ်းတာကို ငြင်းပယ်ပါရစေ"

မင်ယွဲ့က ယဉ်ကျေးပျူငှာစွာပင် အငြင်းစကားဆိုလိုက်သည်။

အမှန်အတိုင်းဆိုရလျှင် သူမ၏ အနာဂတ်အတွက် တိကျသေချာသော စီမံကိန်းများ မရှိသေးသော်လည်း ယွမ်ပေါ့၏ အကူအညီဖြင့် သူမ အမြဲတစေ တောင့်တခဲ့သော လွတ်လပ်သည့် ဘဝထဲသို့ တစ်လှမ်းချင်း တိုးဝင်နေပြီ ဖြစ်သည်။

ထို့ကြောင့် မည်သည့်ဘောင်အတွင်း၌မျှ အချုပ်အနှောင် မခံလိုတော့ပေ။

"ဟုတ်ပါပြီ၊ လောလောဆယ်တော့ ပညာရေးကိုပဲ အာရုံစိုက်ထားတာပေါ့၊ နောက်ပိုင်း အတွေ့အကြုံယူချင်ရင်လည်း အချိန်မရွေး လာခဲ့လို့ရပါတယ်"

မင်ယွဲ့က သွယ်ဝိုက်သောနည်းဖြင့် ငြင်းဆိုခဲ့သော်လည်း ထိုအရာရှိမှာ ပါရမီရှင်ကို လက်လွှတ်ရမည်ကို နှမြောနေဆဲ ဖြစ်သည်။

မင်ယွဲ့ကမူ အသာအယာ ပြုံးရုံမျှသာ တုံ့ပြန်လိုက်ပြီး မည်သည့် ကတိကဝတ်မျှ မပြုခဲ့ပေ။

ခေတ္တမျှ အနားယူပြီးနောက် နှစ်ဖက်စလုံး ခရီးဆက်ကြပြန်သည်။

"ကျွန်မ ဆက်မတက်နိုင်တော့ဘူး၊ အောက်ကိုပဲ ပြန်ဆင်းကြရအောင်"

ကိုရီးယားအဖွဲ့မှ မိန်းကလေးတစ်ဦးသည် သူမ၏ ခြေသလုံးကို ဆုပ်နယ်ရင်း စိတ်ပျက်လက်ပျက် ဆိုလာသည်။

တရုတ်အဖွဲ့ဘက်တွင်မူ မည်သူမျှ နောက်မဆုတ်ကြပေ။ ၎င်းမှာ သူတို့၏ ကိုယ်ခန္ဓာ ကြံ့ခိုင်လွန်း၍ မဟုတ်ဘဲ "ရောက်တုန်းရောက်ခိုက်" ဟူသော တရုတ်လူမျိုးတို့၏ ခိုင်မာသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။ မဟာတံတိုင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ အဆုံးထိ မရောက်ဘဲ ပြန်ဆင်းရန်မှာ သူတို့အတွက် မတွေးဝံ့စရာပင်။

ကိုရီးယားအဖွဲ့ခေါင်းဆောင်မှာလည်း အတော်ပင် မောပန်းနေပြီဖြစ်သော်လည်း တရုတ်ဘက်မှ မတုန်မလှုပ် ရှိနေသည်ကို မြင်သောအခါ အရှုံးမပေးလိုသဖြင့် ရှေ့သို့သာ ဆက်လက်ဦးဆောင်နေတော့သည်။ နှစ်ဖက်စလုံးမှာ မမြင်ရသော ပြိုင်ဆိုင်မှုတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ လျှောက်လှမ်းသည့် အရှိန်မှာလည်း ပို၍ မြန်ဆန်လာသည်။

"ဒီမဟာတံတိုင်းဆိုတာလည်း လှေကားထစ်တွေချည်းပဲကို၊ ဘာများ ထူးခြားနေလို့လဲ၊ တကယ်တမ်း မြင်ရတော့လည်း ဒီလိုပါပဲလား"

ကိုရီးယားတို့သည် ပင်ပန်းလာသည်နှင့်အမျှ ကနဦးက ရှိခဲ့သော စိတ်လှုပ်ရှားမှုများ ပျောက်

ကွယ်သွားပြီး မိခင်ဘာသာစကားဖြင့် ပြစ်တင်

ဝေဖန်လာကြသည်။

"ငါကတော့ လှတယ်လို့ ထင်ပါတယ်၊ ကိုရီးယားမှာတောင် ဒီလောက်ရှည်တဲ့ မြို့ရိုးမျိုး မရှိဘူးလေ"

"ဒါက ကျောက်ပြားတွေ ခင်းထားတာပဲဥစ္စာ၊ နည်းပညာပိုင်းအရ ဘာများ ခက်ခဲနေလို့လဲ"

တရုတ်ဘက်မှ စကားမဆိုရသေးမီမှာပင် ကိုရီးယားအချင်းချင်း အငြင်းပွားနေကြသည်။ ထိုစဉ် အမျိုးသားတစ်ဦးက ခပ်တိုးတိုး ရေရွတ်လိုက်

သည်။

"ဟက်... တရုတ်ပြည်ကလည်း ဘာမှမဟုတ်ပါဘူး၊ ဒီကျောက်လှေကား အနည်းငယ်ကိုပဲ ရတနာလို သဘောထားနေကြတာ၊ တကယ့်ကို အမြင်ကျဉ်းတဲ့ လူမျိုးတွေပဲ"

ထိုသူသည် မနေ့က သင်ခန်းစာရထားသဖြင့် တရုတ်ဘက်ကို တစ်ချက်ဝေ့ကြည့်ကာ အသံကို နှိမ့်ပြောခဲ့သော်လည်း အကြားအာရုံ ထူးကဲသော မင်ယွဲ့မှာမူ အတိုင်းသား ကြားလိုက်ရသည်။

"မဟာတံတိုင်းဆိုတာ ကျွန်မတို့နိုင်ငံရဲ့ ရှေးဟောင်း ခံစစ်အဆောက်အအုံ တစ်ခုပါ၊ ဒီလို လေးနက်တဲ့ သမိုင်းဝင် အရာတစ်ခုကို ပြက်

ရယ်မပြုဖို့ ကျွန်မ မျှော်လင့်ပါတယ်"

မင်ယွဲ့၏ အသံမှာ အေးစက်တည်ငြိမ်လှသည်။

"ခံစစ်" ဟူသော စကားလုံးကြောင့် တရုတ်အဖွဲ့သားများမှာ ငြိမ်သက်သွားကြပြီး စစ်ပွဲ၊ အဓမ္မစေခိုင်းမှုနှင့် သွေးမြေကျခဲ့ရသော သမိုင်းရိပ်များကို အာရုံထဲ မြင်ယောင်လာကာ ပတ်ဝန်းကျင်

တစ်ခုလုံး လေးလံထိုင်းမှိုင်းသွားတော့သည်။

"ငါတို့နိုင်ငံမှာ နှစ်ပေါင်း ၉,၀၀၀ ကျော် သမိုင်းကြောင်း ရှိတယ်၊ မဟာတံတိုင်းဆိုတာလည်း ကိုရီးယားရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့ တည်ဆောက်ခဲ့ရတာ မဟုတ်လား"

ထိုကိုရီးယားအမျိုးသားသည် တကယ်ပင် အသိဉာဏ်နည်းပါး၍လော သို့မဟုတ် သိလျက်နှင့် ရန်စသည်လော မသိရဘဲ တရုတ်

လူမျိုးများ ရှေ့တွင်ပင် ဤကဲ့သို့ ပြောချလိုက်

သည်။

"အို..."

မင်ယွဲ့မှာ ဒေါသထွက်လွန်း၍ပင် ရယ်မိတော့မတတ် ဖြစ်သွားသည်။

ကိုရီးယားတို့သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သမိုင်းကို လိမ်လည်ကာ မိမိကိုယ်ကိုယ် လှည့်စားရန် မည်သို့များ ကြိုးစားနေကြပါသနည်း။

"ကျွန်မတို့ တရုတ်ပြည်ဟာ ရှေးဟောင်း ယဉ်ကျေးမှုကြီး လေးခုထဲက တစ်ခုဖြစ်ပေမဲ့ သမိုင်းသက်တမ်း ငါးထောင်ပဲ ရှိပါသေးတယ်၊ ရှင်တို့က ဘယ်လိုလုပ်ပြီး ကိုးထောင်ဆိုတဲ့ ယဉ်ကျေးမှု သမိုင်းကြောင်းရှိတယ်လို့ အရှက်မရှိ ပြောရဲတာလဲ"

တစ်ဖက်လူက အရှက်မရှိမှတော့ မင်ယွဲ့အနေဖြင့်လည်း မျက်နှာသာပေးနေရန် အကြောင်းမရှိပေ။

"မင်း... မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ"

ဟု ထိုသူက ဒေါသတကြီးဖြင့် မင်ယွဲ့ကို လက်ညှိုးငေါ့ကာ ခြိမ်းခြောက်သော အမူအရာဖြင့် ဆိုလိုက်သည်။

"ကျွန်မက အဓိပ္ပာယ်မရှိတာ ပြောတာလား၊ ရှင်က ပြောတာလားဆိုတာ ကမ္ဘာက ဆုံးဖြတ်ပေးအောင် လိုက်ဖ် လွှင့်လိုက်ရမလား"

မင်ယွဲ့က သူမ၏ ဖုန်းကို လက်ထဲတွင် ဟန်ပါပါ လှုပ်ယမ်းပြရင်း အေးအေးလူလူပင် ဆိုလိုက်

သည်။

"လွှင့်လိုက်လေ၊ လွှင့်လိုက်စမ်းပါ"

ကိုရီးယားအမျိုးသားက ခေါင်းမာစွာဖြင့် လွှတ်ခနဲ ပြန်ပြောလိုက်ရာ မင်ယွဲ့၏ မျက်နှာထက်မှ အပြုံးက ပို၍ ကျယ်ပြန့်လာသည်။

ကိုရီးယား၏ သမိုင်းတုဖြင့် ဦးနှောက်ဆေးသည့် ယဉ်ကျေးမှုမှာ တကယ်ပင် နက်ရှိုင်းလှပေသည်။

"တူမလေးရာ... ဒီလိုလုပ်ဖို့ မလိုပါဘူး၊ သဘောထားကွဲလွဲရင်လည်း အချင်းချင်း ညှိနှိုင်းကြတာပေါ့၊ ဘာလို့ အွန်လိုင်းပေါ် တင်ချင်ရတာလဲ၊ မီဒီယာတွေကြားထဲ ပြဿနာတက်ကုန်ရင် ဘယ်လိုလုပ်မလဲ၊ မင်းက ငယ်သေးတော့ ကိစ္စတွေကို အကျိုးအပြစ် သေချာမစဉ်းစားမိတာ ဖြစ်မှာပါ"

ကိုရီးယားအရာရှိက ချက်ချင်းပင် ကြားဖြတ်ဝင်ကာ မင်ယွဲ့ကို အတွေ့အကြုံမရှိသူ၊ ဆင်ခြင်တုံတရား နည်းသူအဖြစ် ပုံဖော်လိုက်

သည်။

"အငြင်းပွားစရာတွေ အများကြီး ရှိလာနိုင်တာပေါ့၊ ဒါဆိုရင်လည်း ကောင်းကောင်းမွန်မွန် ဆွေးနွေးကြတာပေါ့လေ"

မင်ယွဲ့သည် ထိုသူနှစ်ဦးကို စူးရှသော အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။

သူမ၏ မျက်ဝန်းအစုံ၌ ခိုင်မာသော ဆုံးဖြတ်ချက်နှင့်အတူ တစ်စုံတစ်ရာကို စိန်ခေါ်လိုသော အရိပ်အယောင်များ ကိန်းအောင်းနေလေတော့သည်။

အခန်း (၂၈၅) ရှင် ဘယ်လောက်အထိ တတ်မြောက်ထားသလဲ

ကိုရီးယားတို့၏ ပင်ကိုယ်သဘာဝကို တရုတ်လူမျိုးများ ကောင်းစွာရိပ်စားမိကြသည်မှာ ကြာပြီဖြစ်သည်။ သူတို့၏ ပြည်သူများသာမက နိုင်ငံတော်အဆင့်အထိပါ အခြားနိုင်ငံများ၏ ယဉ်ကျေးမှုကို မိမိတို့အရာဖြစ်သယောင် ခိုးယူဖန်တီးတတ်ကြသည်မှာ အထင်အရှားပင်။

အဆိုးဆုံးမှာ သူတစ်ပါးထံမှ ခိုးယူထားသော အရာများကို အစစ်အမှန် အပိုင်ရှင်ဖြစ်သည့် တရုတ်နိုင်ငံ၏ ရှေ့မှောက်၌ပင် ရှက်ရွံ့ခြင်းမရှိဘဲ ဗြောင်ကျကျ ဝါကြွားဝံ့ခြင်းပင် ဖြစ်သည်။ ဤသည်မှာ တကယ်ပင် အံ့သြဖွယ်ကောင်းလှသော သတ္တိထူးပင် ဖြစ်တော့သည်။

မင်ယွဲ့ တစ်ယောက်တည်းသာမက ထိုနေရာ၌ရှိနေသော တရုတ်လူမျိုးအားလုံးသည် ကိုရီးယားတို့၏ သူတစ်ပါးယဉ်ကျေးမှုကို လက်သိပ်ထိုး ခိုးယူတတ်သည့် အကျင့်ဆိုးအပေါ် အစဉ်တစိုက် မနှစ်မြို့ခဲ့ကြပေ။

ယခုအခါ ကိုရီးယားတွင် နှစ်ပေါင်း ၉,၀၀၀ သမိုင်းကြောင်းရှိသည်ဟု မျက်နှာပြောင်တိုက် ပြောဆိုလာခြင်းမှာ ရယ်ဖွယ်ကောင်းလှသည်။ ထိုမျှဆိုလျှင် သူတို့ကိုယ်သူတို့ ကျောက်ခေတ်လူသားများပါဟု အဘယ်ကြောင့် မပြောရဲကြသနည်း။

ဤယဉ်ကျေးမှုခိုးသူများ၏ ရှေ့မှောက်တွင် မင်ယွဲ့သည် အကြောက်အလန့်မရှိ ရင်ဆိုင်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သူမ၏ နှိမ့်ချမှုမရှိ၊ မောက်မာမှုမရှိဘဲ ကျိုးကြောင်းခိုင်လုံစွာ တုံ့ပြန်ပုံကို ကြည့်ရှုရင်း အားရကျေနပ်နေကြသည်။

နိုင်ငံတော်၏ အနာဂတ်ကို ဤကဲ့သို့ မျိုးချစ်စိတ်ရှိပြီး အရည်အချင်းပြည့်ဝသည့် လူငယ်များ၏ လက်ထဲသို့သာ လွှဲအပ်သင့်

သည်ဟု သူတို့ ယုံကြည်လိုက်ကြသည်။

မင်ယွဲ့က ဝန်ကြီးဌာနသို့ ဝင်ရောက်ရန် ငြင်းဆိုခဲ့သည်မှာ နှမြောစရာပင်။ သို့သော်လည်း နောင်တစ်ချိန်တွင် သူမ စိတ်ပြောင်းလာလိမ့်မည်ဟု သူတို့ မျှော်လင့်နေကြဆဲ ဖြစ်သည်။

နှစ်ဖက်စလုံး ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် တရုတ်အဖော်များမှာလည်း နှုတ်ဆိတ်နေကြသော်လည်း မင်ယွဲ့၏ နောက်ကွယ်တွင် တည်ငြိမ်စွာ ရပ်နေကြသည်။

သူတို့ တစ်စုံတစ်ရာ ထုတ်မပြောသော်လည်း သူတို့၏ စိတ်ဓာတ်များမှာ မင်ယွဲ့နှင့်အတူ တစ်သားတည်း ရှိနေကြသည်။ ထိုခဏ၌ စုစည်းမိသွားသော စိတ်ခံစားချက်အဟုန်ကို မင်ယွဲ့ ကောင်းစွာ ခံစားလိုက်ရသည်။

ကိုရီးယားတို့သည် တရုတ်လူငယ်များ၏ စူးရှသော အကြည့်များကို ရင်ဆိုင်လိုက်ရသောအခါ တုံ့ဆိုင်းသွားကြတော့သည်။ သူတစ်ပါးနယ်မြေပေါ် ရောက်နေချိန်တွင် မလိုအပ်ဘဲ ပြဿနာမရှာဘဲ ကိုယ့်နိုင်ငံပြန်ရောက်မှသာ အရာရာကို ဖြေရှင်းသင့်သည်ဟု သူတို့ တွေးတောကာ ကိုယ့်

မျက်နှာကိုယ် ပြန်ဖုံးနေကြသည်။

သူတို့ မည်သို့ပင် တွေးတောနေစေကာမူ ဤဖြစ်ရပ်က တရုတ်အဖွဲ့၏ အနိုင်ယူလိုစိတ်ကို ပိုမိုတောက်လောင်စေခဲ့သည်။

တစ်ဖက်လူက သမိုင်းကို လိမ်လည်နေမှတော့ မည်သူက နှစ်ပေါင်းထောင်ချီသော ယဉ်ကျေးမှုအမွေအနှစ်ကို အစစ်အမှန် ပိုင်ဆိုင်ထားသလဲဆိုသည်ကို လက်တွေ့စွမ်းရည်ဖြင့် သက်သေပြရပေတော့မည်။

ယဉ်ကျေးမှုဆိုသည်မှာ လူသားတို့၏ မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းလာသော ပညာဗဟုသုတများ၏ အသီးအပွင့်ဖြစ်ပြီး စာအုပ်ကြီးအတိုင်း ကူးချ၍ ရနိုင်သော အရာမျိုး

မဟုတ်ပေ။

ခရီးစဉ်၏ ကျန်ရှိသော အချိန်များမှာ အလွန်တိတ်ဆိတ်သွားတော့သည်။ လူတိုင်းတွင် ကိုယ်ပိုင်ဒေါသ ရှိကြသည်ပင်။

ယခင်က အပေါ်ယံ ခင်မင်မှုနှင့် ဧည့်ဝတ်ကျေပွန်မှုကို ထိန်းသိမ်းခဲ့သော်လည်း တစ်ဖက်လူက အရှက်မရှိ ပြုမူလာသောအခါတွင်မူ မိမိတို့၏ အချိန်နှင့် အပြုံးများကို အလဟဿ အဖြုန်းမခံလိုကြတော့ပေ။

ကိုရီးယားတို့မှာလည်း ပတ်ဝန်းကျင်၏ အေးစက်သွားမှုကို သတိပြုမိကြသော်လည်း အရေးမစိုက်ဘဲ သူတို့ကိုယ်သူတို့ ယုံကြည်မှုလွန်ကဲစွာဖြင့် ခရီးကို ဆက်ခဲ့ကြသည်။

မဟာတံတိုင်းမှ ပြန်ရောက်လာသောအခါ တရုတ်အစိုးရ တာဝန်ရှိသူသည် မင်ယွဲ့နှင့် အခြားသူများကို အစည်းအဝေး ခေါ်ယူလိုက်သည်။

"မှတ်ထားကြပါ၊ ငါတို့က ပြဿနာမရှာဘူး၊ ဒါပေမဲ့ ပြဿနာလာရှာရင်လည်း ကြောက်နေမှာ မဟုတ်ဘူး၊ မင်းတို့ ပြည်ပရောက်နေချိန်မှာ မင်းတို့ဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ပဲ၊ နှိမ့်ချရမယ်၊ ယဉ်ကျေးရမယ်၊ ဒါပေမဲ့ သတ္တိရှိပြီး ခံ့ညားထည်ဝါရမယ်၊ ဧည့်သည်အပေါ် ဖော်ရွေရမယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလွန်းတာမျိုး ဒါမှမဟုတ် မောက်မာလွန်းတာမျိုး မဖြစ်စေရဘူး"

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကိုရီးယားကဲ့သို့ နိုင်ငံငယ်လေးနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းကိုပင် အလေးအနက်ထား ဆောင်ရွက်လေ့ရှိသည်။

ထို့နောက် လာမည့်ပြိုင်ပွဲများတွင် ပါဝင်

ယှဉ်ပြိုင်မည့်သူများကို စတင်ရွေးချယ်ကြသည်။

"မင်းတို့အားလုံးဟာ ကိုယ့်လုပ်ငန်းနယ်ပယ်အသီးသီးမှာ အတော်ဆုံးသူတွေပဲ၊ ပထမဆုံးအနေနဲ့ မင်းတို့ ဘယ်အရာမှာ ကျွမ်းကျင်သလဲဆိုတာကို ငါ သိပါရစေ"

လာမည့်ပြိုင်ပွဲများအတွက် သင့်တော်သူ မရှိပါက အမြန်ဆုံး ရှာဖွေရမည်ဖြစ်သည်။

ကိုယ့်အိမ်ကွင်းတွင် ယှဉ်ပြိုင်ရခြင်းဖြစ်၍ ရှုံးနိမ့်ခဲ့ပါက အလွန်မျက်နှာပျက်စရာ ဖြစ်ပေလိမ့်မည်။ တရုတ်နိုင်ငံသည် မည်သည့်အခါမျှ နောက်ကျကျန်နေရန် အလိုမရှိပေ။ ယခင်က ခေတ်မမီသော လက်နက်များဖြင့်ပင် ရန်သူကို အောင်နိုင်ခဲ့လျှင် ယခုကဲ့သို့ အင်အားကြီးနိုင်ငံ ဖြစ်လာချိန်တွင် ပို၍ပင် ထိပ်တန်းသို့ ရောက်ရှိရန် ကြိုးပမ်းရမည်ဖြစ်သည်။

"ဟုတ်ကဲ့ပါ"

ဟု အားလုံးက တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။

နိုင်ငံအချင်းချင်း ယှဉ်ပြိုင်ရပြီဆိုလျှင် ဤသည်မှာ ပုဂ္ဂိုလ်ရေး အနိုင်လိုစိတ်ထက် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပို၍ သက်ဆိုင်သွားပြီ ဖြစ်သည်။

"ပထမဆုံးပြိုင်ပွဲက လက်ဖက်ရည် အနုပညာပဲ၊ မင်းတို့ထဲက ဘယ်သူ တတ်မြောက်ထားသလဲ"

လူနှစ်ဦးသာ လက်မြှောက်လိုက်ကြသည်။

တရုတ်ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းသူမှာ အနည်းငယ် ရှားပါးနေသေးသည်ကို ပြသနေခြင်းပင်။

"ကခြင်း အနုပညာရော"

ဤတစ်ကြိမ်တွင်မူ အမျိုးသား၊ အမျိုးသမီး အများအပြား လက်မြှောက်ကြသည်။

"အချက်အပြုတ်ကော"

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သူမျှ လက်မမြှောက်ကြပေ။

မင်ယွဲ့ လက်မြှောက်လိုက်သောအခါမှသာ တာဝန်ရှိသူမှာ သက်ပြင်းချနိုင်တော့သည်။

စီမံကိန်း ၆ ခုလုံးအတွက် လူစာရင်းကို ကောက်ယူပြီးစီးသွားသောအခါ စာရင်းမှတ်တမ်းတင်သူမှာ အံ့အားသင့်သွားတော့သည်။

"မင်ယွဲ့... မင်းက တကယ်တော့ ဘယ်နှစ်မျိုးလောက် တတ်ထားတာလဲ"

မင်ယွဲ့သည် ပြိုင်ပွဲတိုင်းတွင် လက်မြှောက်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုမေးသံမှာ အနည်းငယ် ကျယ်သွားသဖြင့် အစည်းအဝေးခန်းမအတွင်းရှိ လူတိုင်း ကြားသွားကြလေတော့သည်။

All Chapters