← Chapters

အခန်း (၃၁၁-၃၁၅)

Vol. 32 Ch. 311-315

အခန်း (၃၁၁-၃၁၅)

Vol. 32 Ch. 311-315

အခန်း (၃၁၁) ဆုလာဘ် - ကျွန်းတစ်ကျွန်း

“ကိုယ့်ကိုယ်ကိုယ် ယွမ်ပေါ့နဲ့တောင် နှိုင်းယှဉ်နေတာလား ဒါကို ကုမ္ပဏီက ဝန်ထမ်းတွေသာ ကြားသွားရင်တော့ ခက်ပြီ ဒီလောက်တောင် စိတ်ဓာတ်ပျော့ညံ့တဲ့ သူဌေးမျိုး ရှိပါဦးမလား”

မင်ယွဲ့သည် သာယာစွာ ရယ်မောလိုက်သည်။

သူတို့နှစ်ဦးသည် အေးအေးလူလူပင် စကားဖောင်ဖွဲ့ရင်း ချိုမြိန်သော လေထုကို ဖန်တီးနေကြသည်။

ထို့နောက် မင်ယွဲ့သည် ကွန်ပျူတာကိုဖွင့်ကာ app ထဲသို့ ဝင်ကြည့်လိုက်ရာ သူမ တင်ထားသော သီချင်းများကို နားထောင်နေသူ အတော်များနေသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။

မှတ်ချက် ကဏ္ဍကို သူမ စိတ်ဝင်တစား နှိပ်

ကြည့်လိုက်သည်။

— “ဒီသီချင်းကို ဘာလို့ မူအဲလို့ အမည်ပေးထားတာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ် ဒါဟာ ငယ်ရွယ်နုပျိုတဲ့ စွဲလန်းမှု၊ အချစ်ဦးရဲ့ ရမ္မက်ဇောနဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေအပြင် ဝမ်းနည်းစရာ ဇာတ်သိမ်းကို ဖော်ပြနေတာပဲ”

— “ဒီသီချင်းက အခု ငါ့နားမှာ မရှိတော့တဲ့ ရည်းစားဟောင်းကို သတိရစေတယ်”

— “ဟေ့... အပေါ်ကလူ၊ လမ်းခွဲခဲ့ကြတယ်ဆိုရင်တောင် မင်းရည်းစားက မရှိတော့ဘူးလို့တော့ မပြောသင့်ဘူးလေ”

— “သူက လွန်ခဲ့တဲ့ သုံးနှစ်က ကားအက်စီးဒင့်နဲ့ ဆုံးသွားတာပါ”

— “ငါကတော့ သေထိုက်တဲ့ကောင်ပါပဲ (တောင်းပန်ပါတယ်)”

ပျော်စရာကောင်းသော မှတ်ချက်များကြားတွင် ယခုကဲ့သို့ စာသားများကို မြင်လိုက်ရသဖြင့် မင်ယွဲ့ စိတ်မကောင်းဖြစ်သွားရသည်။

ထိုမှတ်ချက်ရေးသူမှာလည်း ညလယ်ခေါင်တွင် နိုးလာပြီး မိမိကိုယ်ကို ပါးရိုက်ချင်စိတ် ပေါက်နေလောက်ပေမည်။

— “MOON ဆိုတာ ကုမ္ပဏီတစ်ခုခုက လူသစ်လား တစ်ခါမှ မကြားဖူးပါဘူး”

— “ငါ တစ်ခု သတိထားမိလိုက်ပြီ စာသားမျက်နှာပြင်မှာ ကြည့်လိုက်ဦး၊ စာသား၊ တေးသံနဲ့ ဂီတအစီအစဉ် အားလုံးကို သူမကိုယ်တိုင် ဖန်တီးထားတာ”

— “အသံကောင်းရုံတင် ထင်ထားတာ၊ ဒီလောက်ထိ ပါရမီရှင် ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး ငါတော့ အခုကစပြီး သူမကိုပဲ အားပေးတော့မယ် ငါဟာ ထာဝရ MOON fan ပါပဲ”

— “အရမ်းကောင်းလွန်းလို့ သေတော့မယ်! သူငယ်ချင်းက အကြံပေးလို့ နားထောင်ကြည့်

တာ၊ ရင်ဘတ်ထဲမှာ တလှပ်လှပ်နဲ့ ကျန်ခဲ့တုန်းပဲ”

......

မင်ယွဲ့သည် မှတ်ချက်များကို တစ်ခုပြီးတစ်ခု ဖတ်ရှုနေမိသည်။ အချို့က ရည်းစားဟောင်းအကြောင်း နောက်ပြောင်နေကြသလို၊ အချို့က အချစ်ဦးကို လွမ်းဆွတ်နေကြပြီး အချို့မှာမူ သီချင်း၏ ဝမ်းနည်းရိပ်များကြားတွင် နစ်မျောနေကြဆဲ ဖြစ်သည်။ သူမအတွက် ချီးကျူးစကားများလည်း အစီအရီပင်။

သီချင်းထွက်ရှိသည်မှာ မကြာသေးသော်လည်း ယခုကဲ့သို့ လူစိတ်ဝင်စားမှု ရရှိနေခြင်းအပေါ် မင်ယွဲ့ အကယ်ပင် အံ့အားသင့်မိသည်။

သို့သော်လည်း လက်ရှိတွင် လူငယ်များကြား၌သာ ပျံ့နှံ့နေသေးပြီး နယ်ပယ်အသီးသီးသို့ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။ သို့သော် တင်ထားသည်မှာ တစ်ရက်သာ ရှိသေးသည်ကို ထောက်ဆလျှင် မင်ယွဲ့အနေဖြင့် ဤရလဒ်အပေါ် ကျေနပ်မှု ရှိလှသည်။

မိုဟန်ကျီသည် စာကြည့်ခန်းအတွင်း အလုပ်ရှုပ်နေသော်လည်း သူတို့နှစ်ဦးကြားက ဗီဒီယိုကောလ်မှာမူ ပွင့်နေဆဲ ဖြစ်သည်။

တစ်ယောက်နှင့်တစ်ယောက် မိမိတို့အလုပ်တွင် အာရုံစိုက်နေကြသော်လည်း ရံဖန်ရံခါ ဖန်သားပြင်ထက်မှ ချစ်ရသူကို မော့ကြည့်လိုက်ရုံဖြင့်ပင် စိတ်ကျေနပ်မှုကို ခံစားနေရသည်။

မင်ယွဲ့သည် ဖတ်၍ဝသောအခါ လက်ပ်တော့ကို ပိတ်ကာ ဗီဒီယိုကောလ်ကို အဆုံးသတ်လိုက်ပြီး ကိုယ်လက်သန့်စင်ရန် ပြင်ဆင်တော့သည်။

ယွမ်ပေါ့သည် စာအုပ်စင်ပေါ်မှ ခုန်ဆင်းကာ သူမနောက်သို့ လိုက်ပါလာခဲ့သည်။

သန့်စင်ပြီးနောက် မင်ယွဲ့သည် ချက်ချင်း အိပ်စက်ခြင်း မရှိသေးပေ။ သူမ၏ ကျွမ်းကျင်မှုအဆင့်များမှာ မမြှင့်တင်ရသည်မှာ ကြာပြီဖြစ်၍ စာပေလေ့လာရေး အခန်းငယ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ကာ ပညာဆည်းပူးလေသည်။

အသစ်အသစ်သော အသိပညာများကို ရေစုပ်ဂွမ်းကဲ့သို့ အဆက်မပြတ် စုပ်ယူနေရသည့် ထိုခံစားချက်သည် သူမအတွက် အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။

အာရုံစူးစိုက်မှု ပြင်းထန်သော အချိန်ကာလတစ်ခုအပြီးတွင် ရရှိလာသည့် ပင်ပန်းမှုနှင့် ပြည့်စုံမှုတို့သည် သူမအား စိတ်ပိုင်းဆိုင်ရာ အားရကျေနပ်မှုကို ပေးစွမ်းသည်။

သူမသည် စုတ်ချက်တင် အရေးအသားကို စတင်လေ့ကျင့်သည်။ ယခင်က မင်ယွဲ့သည် စုတ်တံကို ကိုင်လိုက်သည်နှင့် အသက်ရှူအောင့်ကာ အာရုံစူးစိုက်ပြီး ကိုယ်နေဟန်ထားကို တောင့်တောင့်မတ်မတ် ထားလေ့ရှိသည်။

ယခုမူ ကျွမ်းကျင်မှု ပိုမိုမြင့်မားလာသည်နှင့်အမျှ သူမ၏ စုတ်ချက်များသည် ထူးခြားသော ဝိညာဉ်အင်အားများ ပါဝင်လာပြီး ပုံသေကားကျ ရေးသားနည်းများမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

မင်ယွဲ့သည် မှင်တုံးကို သွေးကာ စုတ်တံကို ကျွမ်းကျင်စွာ ကစားလိုက်ရာ စာရွက်ပေါ်တွင် လှပသော စာလုံးများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသည်။ လေ့လာရေးအခန်းအတွင်း အချိန်စီးဆင်းမှုမှာ ပြင်ပနှင့် ကွဲပြားသဖြင့် သူမသည် အချိန်အတော်ကြာအောင် စိတ်အေးလက်အေး လေ့လာနိုင်ခဲ့သည်။

【တောင်— အိမ်ရှင်၏ မနားမပန်း အားထုတ်မှုကြောင့် စုတ်ချက်တင်အရေးအသား ကျွမ်းကျင်မှုမှာ အခြေခံအဆင့်မှ အလယ်အလတ်အဆင့်သို့ တိုးတက်သွားပြီ ဖြစ်ပါသည် ထို့ကြောင့် ကျပန်းဆုလာဘ်တစ်ခု ချီးမြှင့်လိုက်ပါသည်】

မင်ယွဲ့သည် သူမလုပ်လက်စများကို ရပ်တန့်လိုက်သည်။ သူမ၏ ကိုယ်ရေးအချက်အလက်များကို မပြင်ဆင်ရသည်မှာ ကြာပြီဖြစ်၍ တစ်ခုခု ထူးခြားတော့မည်ကို သူမ ရိပ်မိလိုက်သည်။

【တောင်— ဆုလာဘ်များကို ထုတ်ပေးနေပါသည် ဂုဏ်ယူပါတယ် အိမ်ရှင်၊ သင်သည် မုန်လီ ကျွန်းကို ပိုင်ဆိုင်ခွင့် ရရှိသွားပါပြီ】

“ဘာ ကျွန်းတစ်ကျွန်း ဟုတ်လား”

မင်ယွဲ့ တစ်ယောက် တည်ငြိမ်မှုကို ဆက်လက် မထိန်းထားနိုင်တော့ပေ။ ဤသည်မှာ သာမန်အရာမဟုတ်ဘဲ ကျွန်းတစ်ကျွန်းလုံး ဖြစ်နေသောကြောင့်တည်း။

ယခင်က ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ အာဏာရှိလှသော CEO များသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ကျွန်းတစ်ကျွန်းကို ဝယ်ယူတတ်ကြသည်ကို သူမ မြင်ဖူးသည်။

ယခုမူ သူမကိုယ်တိုင် ထိုကဲ့သို့ ဒဏ္ဍာရီဆန်သော ကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်လိုက်ရပြီ ဖြစ်သည်။

“မုန်လီကျွန်းဟာ အနောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိပြီး ဘာမှ မွမ်းမံပြင်ဆင်ထားခြင်း မရှိသေးတဲ့ သဘာဝအတိုင်း ရှိနေတဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်...”

ယွမ်ပေါ့က ပြသပေးသော ကျွန်းတစ်ခုလုံး၏ ပုံရိပ်ယောင်ကို ကြည့်ရင်း မင်ယွဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ယွမ်ပေါ့၊ နင်ကတော့ ငါ့ရဲ့ နတ်ဘုရားပဲ”

“ခပ်အေးအေးပဲ နေစမ်းပါ၊ ငါ့ကို အရမ်းကြီးလည်း စွဲလန်းမနေနဲ့ဦး၊ ငါကတော့ ဒဏ္ဍာရီတစ်ခုပါပဲ”

ယွမ်ပေါ့သည် ၎င်း၏ လက်အောက်ခံများ၏ ကိုးကွယ်မှုကို စောင့်စားနေသော ဂုဏ်မောက်သည့် မင်းသားငယ်လေးတစ်ပါးကဲ့သို့ ခေါင်းကို မော့ကာ ပြောလိုက်သည်။ မင်ယွဲ့က ပြုံးလျက် ၎င်း၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

သူမ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီး မုန်လီကျွန်း၏ ဗီဒီယိုမှာလည်း ပရိုဂျက်တာတွင် ပြသနေဆဲ ဖြစ်သည်။

ပြာလွင်နေသော သမုဒ္ဒရာရေပြင်၊ ကမ်းခြေကို ရိုက်ခတ်နေသော လှိုင်းလုံးဖြူဖြူလေးများ၊ ရွှေရောင်လွှမ်းနေသော သဲသောင်ပြင် ကျယ်ကြီးတို့ကို မြင်ယောင်ရင်း သူမသည် ခြေဗလာဖြင့် လမ်းလျှောက်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုကျွန်းပေါ်တွင် ခရုခွံလေးများ ကောက်ရင်း လွတ်လပ်စွာ နေထိုင်ရမည်မှာ မည်မျှ ပျော်စရာကောင်းလိမ့်မည်နည်း။

တက္ကသိုလ်တက်စက သူမ ပထမဆုံး မြင်တွေ့ခဲ့ရသည်မှာ ပင်လယ်ဖြစ်သည်။ ယွမ်ပေါ့နှင့် စတင်တွေ့ဆုံချိန်တွင် သူမအား ရှီးလင်း ပင်လယ်ပြင်ကို ပေးခဲ့သည်။ ယနေ့တွင်မူ ပင်လယ်ပြင်သာမက ကျွန်းတစ်ကျွန်းလုံးကိုပါ ပိုင်ဆိုင်လိုက်ရပြီ ဖြစ်သည်။ တစ်ချိန်က လက်လှမ်းမမီခဲ့သော အရာအားလုံးမှာ ယခုအခါ သူမ၏ လက်တစ်ကမ်းတွင် ရှိနေပြီ ဖြစ်သည်။

ဗီဒီယိုထဲတွင် မင်ယွဲ့သည် ထိုကျွန်းပေါ်၌ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှားနေသကဲ့သို့ စိတ်ကူးယဉ် ခံစားနေမိသည်။

“အချက်အလက်များကို ပြင်ဆင်နေပါသည်၊ ခေတ္တစောင့်ဆိုင်းပါ -”

ဆွဲဆောင်မှု - ၉၂ (၁၀၀) 【ရင်သပ်ရှုမောဖွယ် အလှတရား】

အသက်မွေးဝမ်းကျောင်း - ၇၆ (၁၀၀) 【အောင်မြင်သော လုပ်ငန်းရှင်】

ပိုင်ဆိုင်မှု - ၂၆၈,၄၇၄,၉၀၀,၀၀၀ ယွမ် (နှစ်သိန်းခြောက်သောင်းရှစ်ထောင် လေးရာခုနစ်

ဆယ့်လေးသန်း ကိုးသိန်းယွမ်)

ယုဖူးရှိ အိမ်ရာတစ်ခု၊ ဟိုက်ဖုအဆောက်အဦ၊ ဥယျာဉ်ခြံနှင့် ဗီလာ၊ အာဖရိက သတ္တုတွင်းတစ်ခု၊ မြို့လယ်ရှိ ဆိုင်ခန်းနှစ်ခန်း၊ ချန်ဒေါင်း စီးပွားရေးလမ်းမ၊ ချွန်းဟယ် ရပ်ကွက်၊ မြို့တော် အဆောက်အဦ၊ လီအာ ခြံမြေ၊ ဟွမ်ရှင်း အပန်းဖြေဥယျာဉ်၊ အာမန် ဝိုင်စက်ရုံ၊ ရှီးလင်း ပင်လယ်ပြင် နှင့် မုန်လီကျွန်း။

ယွဲ့ဟွာ နည်းပညာ (၇၅%)၊ ဆောင်းမို မီဒီယာ (၃၀%)၊ ဝေကွမ် လုပ်ငန်းစု (၅၀%)။

Rolls-Royce ကား၊ Patek Philippe နာရီ၊ ရှန်နှင့်ကျိုးခေတ် ကြေးဖလားများ၊ ပင်လယ်ကူး သင်္ဘောကြီး... 【အလွန်အမင်း ကြွယ်ဝသူ】

ကျော်ကြားမှုရမှတ် - ၅၀၀,၀၀၀

ကျွမ်းကျင်မှု - 【အသေးအမွှား ကျွမ်းကျင်မှု အနည်းငယ်】

အလယ်အလတ် ကျွမ်းကျင်မှု - မိတ်ကပ်လိမ်းခြယ်ခြင်း၊ ဘဏ္ဍာရေး၊ ကိုယ်ကာယ လေ့ကျင့်ခန်း၊ ဟက်ကာအတတ်၊ စီးပွားရေး စီမံခန့်ခွဲမှု၊ အထည်ဒီဇိုင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှု၊ လူကြီးလူကောင်း အတတ်ပညာ ခြောက်ပါး (အပြုအမူပိုင်းဆိုင်ရာ)၊ စုတ်ချက်တင်အရေးအသား။

အဆင့်မြင့် ကျွမ်းကျင်မှု - ချက်ပြုတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဆေးဖော်စပ်ခြင်း၊ လူကြီးလူကောင်း အတတ်ပညာ ခြောက်ပါး (ဂီတ)၊ နိုင်ငံခြားဘာသာစကား၊ စူးကျိုး ပန်းထိုးအတတ်။

အထူးပစ္စည်းများ - ၁၀*၁၀ မီတာ ကိုယ်ပိုင်အာကာသ၊ စာပေလေ့လာရေးအခန်း၊ အလိုအလျောက် ပုံဖော်ကင်မရာ။

လက်ရှိ စနစ်အဆင့် - အဆင့် ၅

ရက်အနည်းငယ်အတွင်းမှာပင် သူမ၏ ကျော်ကြားမှုရမှတ်များ ၁၀,၀၀၀ ခန့် တိုးလာသည်ကို မင်ယွဲ့ သတိပြုမိသည်။ ဤသည်မှာ သီချင်းလွှင့်တင်သည့် ပလက်ဖောင်းပေါ်ရှိ “မူအၢဲ” သီချင်းကြောင့် ဖြစ်နိုင်ပေသည်။

မင်ယွဲ့သည် သူမ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်နေခဲ့သည်။

တစ်နေ့တွင် သူမ ရန့်တ ဓာတ်ခွဲခန်းမှ ထွက်လာစဉ် မိုဟန်ကျီသည် ကားအပြင်ဘက်၌ သူမအား ကြိုတင်စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

နက်မှောင်သော ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည့် ထိုအမျိုးသားမှာ အရပ်ရှည်ပြီး ထူးကဲသော ဂုဏ်သရေရှိလှသဖြင့် လမ်းသွားလမ်းလာများ၏ အကြည့်များကို ဖမ်းစားထားသည်။

သူသည် လူအများကြားတွင် အထင်ရှားဆုံးသော ဗဟိုချက်မ ဖြစ်နေသည်။

မင်ယွဲ့ လျှောက်သွားရန် ပြင်လိုက်စဉ်မှာပင် ဖုန်းမြည်လာသည်။

“မစ္စမင်၊ ရှင်ကတော့ ကျန်ဟင်နဲ့ ကျွန်မကို တာ့မင်ရေကန်ဘေးမှာ မေ့ထားခဲ့ပြီလား”

မင်ယွဲ့၏ ရင်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

မကြာသေးမီက သူမသည် ကုမ္ပဏီအလုပ်များကို လက်လွတ်စပယ် ထားခဲ့သည်မှာ ကြာပြီဖြစ်၍ ကုမ္ပဏီအကြောင်းကို တကယ်ပင် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

“ဘယ်လိုလုပ် အဲ့လိုဖြစ်မှာလဲ၊ ငါ အလုပ်တွေ အရမ်းရှုပ်နေလို့ပါ”

မင်ယွဲ့က ပြုံးလျက် ချော့မော့ပြောဆိုလိုက်သည်။

“အဲ့လိုမျိုးကြီး မပြုံးပြနဲ့ဦး ကျန်ဟင်နဲ့ ကျွန်မက ရှင့်ကုမ္ပဏီ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းယူသွားမှာ မကြောက်ဘူးလား”

ဝမ်ကျန်း၏ စိတ်ထဲတွင် မင်ယွဲ့မှာ သူငယ်ချင်းများကို အကြွင်းမဲ့ ယုံကြည်တတ်ပြီး သူမနှင့် ကျန်ဟင်အပေါ်တွင်လည်း မည်သည့် သံသယမှ မရှိသော လူအအေးလေးတစ်ယောက် ဖြစ်သည်။ သူတို့သည် ကုမ္ပဏီ၏ အရေးကိစ္စ အားလုံးကို သိရှိထားသူများ မဟုတ်ပါလား။

“ငါ နင်တို့ကို ယုံတယ်လေ”

လူတို့၏ စိတ်နှလုံးသည် ယုံကြည်ရခက်သည် ဆိုစေဦးတော့၊ သူမတွင် အရာအားလုံးကို ထိန်းချုပ်ပေးနိုင်သော ယွမ်ပေါ့ ရှိနေသည်

မဟုတ်ပါလား။

ဝမ်ကျန်းနှင့် ကျန်ဟင်တို့သည် သူမ၏ စကားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် နွေးထွေးသွားကြသည်။ ဤကဲ့သို့ အကန့်အသတ်မဲ့ ယုံကြည်မှု ရရှိခြင်းမှာ သူတို့ ဖြတ်သန်းခဲ့ရသော ပင်ပန်းမှုအားလုံးကို အရာထင်စေခဲ့ပြီ ဖြစ်သည်။

“ကဲပါ... အဲ့လောက်ကြီးလည်း စိတ်ကစားမနေကြပါနဲ့တော့”

ဝမ်ကျန်းက ထိုနွေးထွေးသော အခိုက်အတန့်ကို ချက်ချင်းပင် ရိုက်ချိုးလိုက်လေသည်။

အခန်း (၃၁၂) အချစ်နယ်မြေထဲသို့ သက်ဆင်းခြင်း

“ရှင်းယောင် လုပ်ငန်းစုက ငါတို့ဆီကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်စာ ပို့ထားတယ် နင် ဒါကို သိပြီးပြီလားလို့ လှမ်းမေးတာ”

ဝမ်ကျန်း၏ အမေးစကားသည် ဖုန်း၏ စပီကာမှတစ်ဆင့် ထွက်ပေါ်လာသည်။

ကျန်ဟင်သည်လည်း လက်ရှိအလုပ်များကို ခေတ္တဘေးဖယ်ကာ မင်ယွဲ့၏ အဖြေကို စောင့်ဆိုင်းနေမိသည်။ သူတို့ သုံးဦးမှာ စီးပွားဖက်များသာမကဘဲ ဘဝ၏ ရင်းနှီးလှစွာသော မိတ်ဆွေစစ်များလည်း ဖြစ်ကြသည်။

မင်ယွဲ့နှင့် မိုဟန်ကျီတို့၏ ဆက်ဆံရေးကို သူတို့ ကောင်းကောင်း သိထားကြသော်လည်း မိုမျိုးနွယ်စု၏ ဩဇာအာဏာကြောင့် မင်ယွဲ့အနေဖြင့် စီးပွားရေးကိစ္စများတွင် အောက်ကျနောက်ကျ မဖြစ်စေလိုကြပေ။

“ဟင်...”

မင်ယွဲ့သည် ဖုန်းကို ကိုင်ထားရင်း မလှမ်းမကမ်းမှ သူမအား လက်လှမ်းပြနေသည့် အမျိုးသားအား ဝေခွဲမရစွာ လှမ်းကြည့်လိုက်သည်။

“ကြည့်ရတာ နင် မသိသေးတဲ့ပုံပဲ”

ဝမ်ကျန်းက အသံကို ခပ်ပြတ်ပြတ် ပြောလိုက်

သည်။

ဘေးမှ နားထောင်နေသည့် ကျန်ဟင်က ရုတ်တရက် ကြားဖြတ်ပြောလာသည်။

“ယွဲ့ယွဲ့ကို အားတဲ့အချိန် ကုမ္ပဏီကို လာခဲ့ဦးလို့ ပြောလိုက်ပါဦး”

“ယွဲ့ယွဲ့ရေ... အားရင် ကုမ္ပဏီကို ခဏလာခဲ့ဦးနော်”

သူငယ်ချင်းချင်း ဖြစ်သဖြင့် ဝမ်ကျန်းသည် ပုံမှန်ထက် ပိုမို ပေါ့ပေါ့ပါးပါးပင် ဖိတ်ခေါ်လိုက်

သည်။

“အခုလောလောဆယ်တော့ မဖြစ်နိုင်သေးဘူး ထင်တယ်”

မင်ယွဲ့သည် မိုဟန်ကျီ၏ အနားသို့ ရောက်ရှိနေပြီဖြစ်၍ သူမ ကိုယ်တိုင်ပင် ဖုန်းဖြေနေကြောင်း အရိပ်အယောင် ပြလိုက်သည်။

မိုဟန်ကျီသည် သူမ၏ စကားပြောဆိုမှုကို အနှောင့်အယှက် မဖြစ်စေရန် တိတ်ဆိတ်စွာဖြင့်ပင် ကားတံခါးကို ဖွင့်ပေးကာ မင်ယွဲ့ကို အတွင်းသို့ ဝင်စေသည်။

“နင် ဘာလုပ်နေတာလဲ ဒီအချိန်ထိ ပီကင်းတက္ကသိုလ်မှာ ရှိနေတုန်းလား”

ဝမ်ကျန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ငါက...”

မိုဟန်ကျီက ရုတ်တရက် အနီးကပ် ချဉ်းကပ်လာသဖြင့် မင်ယွဲ့၏ စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့သွားရသည်။

“ဟယ်လို... ဟယ်လို... ဘာဖြစ်လို့ ရုတ်တရက်ကြီး ငြိမ်သွားတာလဲ”

ဝမ်ကျန်းသည် ဖုန်းလိုင်း မကောင်းသလားဟု စစ်ဆေးကြည့်လိုက်သော်လည်း လိုင်းမှာ အပြည့်ပင် ရှိနေသည်။

မိုဟန်ကျီသည် မင်ယွဲ့၏ ထိုင်ခုံခါးပတ်ကို အသာအယာ ပတ်ပေးလိုက်သည်။

“သူ အချစ်ရေးနဲ့ အလုပ်ရှုပ်နေတာ နောက်မှပဲ ထပ်ပြောကြတာပေါ့”

ဝမ်ကျန်း ဘာမှ ပြန်မပြောနိုင်ခင်မှာပင် တစ်ဖက်မှ ဖုန်းမှာ ကျသွားတော့သည်။

“ဟေး... နင် ကြားလိုက်လား သူ အချစ်နယ်မြေထဲ ရောက်နေတယ်တဲ့”

ဝမ်ကျန်း မျက်လုံးအပြူးသားဖြင့် ပြောလိုက်

သည်။

“ကြားပါတယ်”

ကျန်ဟင်က အေးဆေးစွာပင် ပြန်ဖြေသည်။

“ငါတို့က ကုမ္ပဏီမှာ အချိန်ပို ဆင်းနေရတာကို၊ သူကတော့ ချိုမြိန်တဲ့ အချစ်ဇာတ်လမ်း သွားခင်းနေတယ်ပေါ့လေ”

ဝမ်ကျန်း၏ အသံတွင် မယုံနိုင်မှုများ ပြည့်နှက်

နေသည်။

“နင်လည်း ချိုမြိန်တဲ့ အချစ်ဇာတ်လမ်း ခင်းလို့ရတာပဲ”

ကျန်ဟင်သည် ဝမ်ကျန်း၏ တတွတ်တွတ် ပြောဆိုမှုများကို အနမ်းတစ်ပွင့်ဖြင့် ရုတ်တရက် တိတ်ဆိတ်သွားစေကာ ချက်ချင်းပင် ပြန်ခွာလိုက်သည်။

ဝမ်ကျန်းမှာ ခဏတာ ကြောင်အသွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ အမြဲတမ်း တည်ငြိမ်လှသည့် သူမ၏ ချစ်သူက ကုမ္ပဏီထဲတွင် ယခုကဲ့သို့ ပြုမူလိမ့်မည်ဟု သူမ အိမ်မက်

ပင် မမက်ခဲ့ဖူးပေ။

“ကဲပါ... ယွဲ့ယွဲ့ရဲ့ ချစ်သူက မိုဟန်ကျီ ဖြစ်နေတာပဲ ဒုံးအောက်ထိ ရောက်အောင် စုံစမ်းဖို့အတွက် အချစ်က အတားအဆီး မဖြစ်စေပါဘူး”

ကျန်ဟင်က စီးပွားရေးဆန်စွာဖြင့် သုံးသပ်

ပြသည်။

အရှေ့အိုင် ဂေဟစနစ် စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်မှုကို လက်ခံ၊ မလက်ခံ ဆိုသည်မှာ မင်ယွဲ့က မိုဟန်ကျီနှင့် ရှင်းလင်းစွာ ဆွေးနွေးပြီးမှသာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

ညစာစားပြီးနောက် မိုဟန်ကျီသည် မင်ယွဲ့၏ ဝါသနာကို အလေးထားသောအားဖြင့် ဂီတပြဇာတ် ကြည့်ရှုရန် ခေါ်ဆောင်လာခဲ့သည်။

“မကြာသေးခင်က ရှင့်ကုမ္ပဏီက ငါတို့ဆီကို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလာတဲ့ ကိစ္စက ဘယ်လိုမျိုးလဲဟင်”

ကားထဲတွင် မင်ယွဲ့က တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

“ဟုတ်တယ်၊ အရှေ့အိုင် ဂေဟစနစ် စီမံကိန်းက နိုင်ငံတော်ရဲ့ ကြီးကြပ်မှုအောက်မှာ အကောင်အထည်ဖော်နေတာ တို့ရဲ့ လုပ်ငန်းစုက ယွဲ့ဟွာ နည်းပညာကို ပါဝင်ဖို့ ဖိတ်ခေါ်ချင်တာပါ”

“ဒါက ရှင့်ရဲ့ ကိုယ်ပိုင်အကြံလား၊ ဒါမှမဟုတ် ရှင်းယောင်ရဲ့ ဆုံးဖြတ်ချက်လား”

မင်ယွဲ့သည် မိုဟန်ကျီ၏ မျက်နှာသာပေးမှုကို မလိုလားပေ။ မမျှတသော ဆက်ဆံရေးသည် သူမအတွက် စိတ်ကျေနပ်မှု မပေးနိုင်သည်ကို သူမ သိသည်။

“တို့အားလုံး သဘောတူကြတာပါ ယွဲ့ယွဲ့ရယ် မင်း ဘာကို သံသယဖြစ်နေတာလဲ ငါ့ကုမ္ပဏီက လုပ်ငန်းခွဲခြားမှု မရှိဘူးလို့ ထင်နေတာလား”

မိုဟန်ကျီက ကားမောင်းရင်း အေးဆေးစွာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကောင်းတာပေါ့”

“ငါတို့က ဒီစီမံကိန်းမှာ အဓိကနေရာကနေ ပါဝင်ရမှာဆိုတော့ အရည်အချင်းရှိတဲ့ ကုမ္ပဏီတွေနဲ့ပဲ ပူးပေါင်းဖို့ လိုအပ်တယ် ယွဲ့ဟွာ နည်းပညာကတော့ အလားအလာ အကောင်းဆုံးစာရင်းထဲမှာ ပါနေတယ် ယွဲ့ဟွာရဲ့ တိုးတက်မှု အရှိန်အဟုန်က တကယ့်ကို အားရစရာကောင်းတယ်လေ”

မင်ယွဲ့၏ လွှမ်းမိုးမှု မရှိဟု မဆိုနိုင်သော်လည်း ဤဆုံးဖြတ်ချက်မှာ သေချာစွာ စဉ်းစားချင့်ချိန်ပြီးမှ ချမှတ်ထားခြင်း ဖြစ်သည်။

“နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ဆိုရင်တော့ ငါလည်း ဝမ်းသာအားရ ပူးပေါင်းမှာပါ”

သူတို့နှစ်ဦး စကားအများကြီး မပြောဖြစ်တော့ဘဲ ပြဇာတ်ရုံရှေ့သို့ ရောက်ရှိလာခဲ့သည်။

လက်မှတ်များကို ကိုင်ဆောင်ကာ အတွင်းသို့ ဝင်ရောက်လာကြသည်။

“လက်မှတ်ကို ဘယ်တုန်းက ဝယ်ထားတာလဲ”

“ပြီးခဲ့တဲ့လက ဆရာကြီးလုရဲ့ ပွဲတွေအတွက် ဝယ်ထားတာပါ”

မင်ယွဲ့သည် သူမ၏ စီနီယာဖြစ်သူ ဟယ်ဝမ်၏ ညီမငယ်ဖြစ်ကြောင်း သိထားသဖြင့် မိုဟန်ကျီသည် ဂီတလောကအကြောင်းကို စိတ်ဝင်တစား လေ့လာထားခဲ့သည်။

ဆရာကြီးလုမီ မှာ အလွန်ကျော်ကြားသူဖြစ်ရာ သူ လာရောက် ဖျော်ဖြေမည်ကို သိလိုက်ရသည်နှင့် လက်မှတ်နှစ်စောင်ကို ကြိုတင်ရယူထားခဲ့ခြင်း ဖြစ်သည်။

မင်ယွဲ့သည် စနစ်၏ အကူအညီဖြင့် လူကြီးလူကောင်း အတတ်ပညာများကို တတ်မြောက်ထားသော်လည်း အနုပညာနယ်ပယ်မှာ နက်နဲလှသဖြင့် အစဉ်အမြဲ လေ့လာလိုစိတ် ပြင်းပြနေသူ ဖြစ်သည်။

မစ္စတာပိုင်၏ လမ်းညွှန်မှုဖြင့် သူမသည် အနုပညာအသိအမြင် အတန်ငယ် ရှိထားပြီးသား ဖြစ်သည်။ ကျော်ကြားလှသော ဆရာကြီးလုမီအကြောင်းကို ကြားဖူးသော်လည်း မိုဟန်ကျီက ယခုကဲ့သို့ တွေ့ဆုံခွင့် ဖန်တီးပေးလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

မင်ယွဲ့သည် မိုဟန်ကျီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ နူးညံ့လှသော လက်အစုံမှတစ်ဆင့် နွေးထွေးသော စီးဆင်းမှုတစ်ခုကို မိုဟန်ကျီ ခံစားလိုက်ရသည်။ သူတို့နှစ်ဦးမှာ စကားတစ်လုံးမှ မပြောသော်လည်း တစ်ဦးကိုတစ်ဦး အလေးထားနေကြသည်ကို သိရှိနေကြသည်။

မိုဟန်ကျီသည် မင်ယွဲ့ကို ဦးဆောင်ကာ အရှေ့ဘက်ရှိ VIP ထိုင်ခုံများသို့ ခေါ်ဆောင်သွားသည်။

မီးများ ရုတ်တရက် ငြိမ်းသွားပြီး ပြဇာတ်ရုံတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အမှောင်ထုကြားတွင် သူတို့၏ လက်အစုံမှာ မကွဲမကွာ ရှိနေကြပြီး အချင်းချင်းအပေါ် ထားရှိသော ခံစားချက်များမှာ ပိုမို ခိုင်မြဲလာသည်။

စင်မြင့်ထက်မှ မီးရောင်များ လင်းထိန်လာပြီး အော်ပရာ စတင်လေသည်။ မင်ယွဲ့သည် စင်ပေါ်မှ ဖျော်ဖြေမှုများကို အာရုံစူးစိုက်ကြည့်နေစဉ် မိုဟန်ကျီကမူ သူမ၏ လက်ဖဝါးမှ နွေးထွေးမှုကို တစိမ့်စိမ့် ခံစားနေမိသည်။

အော်ပရာသည် အဆင့်မြင့်သော အနုပညာတစ်ရပ် ဖြစ်သည်။ သီချင်းနှင့် ဂီတမှတစ်ဆင့် ပြဇာတ်ကို ဖော်ကျူးခြင်းဖြစ်ရာ စာသားများကို နားလည်ရန် ခဲယဉ်းတတ်သည်။

ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသော ဂန္ထဝင်လက်ရာများ ဖြစ်သဖြင့် နောက်ခံသမိုင်းကြောင်းကို သိထားမှသာ ဇာတ်

အနှစ်သာရကို ခံစားနိုင်သည်။

အော်ပရာအများစုကို မူရင်းဘာသာစကားဖြင့်သာ ဖျော်ဖြေလေ့ရှိသော်လည်း မိုဟန်ကျီနှင့် မင်ယွဲ့တို့အတွက်မူ အခက်အခဲ မရှိပေ။ မိုဟန်ကျီသည် ဘာသာစကား ငါးမျိုးကို တတ်ကျွမ်းသူဖြစ်ပြီး မင်ယွဲ့မှာမူ ပြောစရာပင် မလိုတော့ချေ။

“ဆရာကြီးလုမီနဲ့ တွေ့ချင်လား”

မိုဟန်ကျီက မေးလိုက်သည်။

အမှန်စင်စစ် ဆရာကြီးလုမီမှာ ယခုအခါ ကိုယ်တိုင် ဖျော်ဖြေမှု နည်းပါးလှပြီး အပြင်လူများကိုလည်း တွေ့ဆုံလေ့ မရှိပေ။

“တွေ့လို့ရလို့လား”

မင်ယွဲ့က အံ့သြတကြီး မေးလိုက်သည်။

“ရတာပေါ့”

မင်ယွဲ့ မငြင်းနိုင်ခင်မှာပင် ကလေးငယ်တစ်ဦး VIP ကဏ္ဍသို့ ရောက်ရှိလာသည်။ ဖျော်ဖြေပွဲ အဆုံးသတ်ခါနီးတွင် လူအချို့မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

“အဲ့ဒါ ဘယ်သူလဲ ဆရာကြီးလုမီက ဖိတ်ခေါ်တာလား”

“နင်ကလည်း စိတ်ကူးယဉ်မနေနဲ့ဦး ဆရာကြီးလုမီက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူအများ၏ တိုးတိုးတိတ်တိတ် ပြောဆိုမှုများကို ဂရုမစိုက်ဘဲ ထိုကလေးငယ်မှာ မိုဟန်ကျီနှင့် မင်ယွဲ့၏ အနားသို့ လျှောက်လှမ်းလာသည်။

“မစ္စတာမို... ဆရာကြီးက ဖိတ်ခေါ်နေပါတယ်”

သူသည် လေးစားစွာဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။

“လမ်းပြပါဦး”

မင်ယွဲ့သည် မိုဟန်ကျီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း နောက်မှ လိုက်ပါလာခဲ့သည်။

ပြဇာတ်ရုံအတွင်းမှ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများ ထွက်ပေါ်လာရာ အော်ပရာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

လမ်းပြနေသော ကလေးငယ်မှာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ လှပလွန်းသော ဤမျက်နှာနှစ်ခုကို မြင်လိုက်ရသဖြင့် သူ၏ ရင်ခုန်သံများ မြန်ဆန်နေရသည်။

“ရောက်ပါပြီ မစ္စတာမို၊ မမ... ကြွပါခင်ဗျာ”

ကလေးငယ်က တံခါးကို ဖွင့်ပေးကာ ယဉ်ကျေးစွာ ရပ်တန့်နေသည်။

စင်ပေါ်မှာသာ မြင်တွေ့ရတတ်သည့် လျှို့ဝှက်ချက်များပြည့်နှက်နေသော ဆရာကြီးလုမီသည် မင်ယွဲ့၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သူသည် ဝတ်စုံလဲပြီးဖြစ်ကာ သူတို့အား ရင်းနှီးစွာပင် နှုတ်ဆက်သည်။

“ဟန်ကျီ... မတွေ့တာ ကြာပြီနော်”

“ဟန်ကျီကတော့ အချိန်တွေ ကြာသွားပေမဲ့ ငါတို့အပေါ် အေးစက်နေတုန်းပဲ”

ဟု ဘေးမှ အမျိုးသားတစ်ဦးက နောက်ပြောင်

လိုက်သည်။

သူတို့မှာ နိုင်ငံခြားသားများ ဖြစ်ကြသော်လည်း မန်ဒရင်းဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြသည်။

“ဒါက ကျွန်တော့်ရဲ့ ချစ်သူ မင်ယွဲ့ပါ”

မိုဟန်ကျီက မိတ်ဆက်ပေးလိုက်သည်။

“ကြည့်တာနဲ့ သိနိုင်ပါတယ်”

ဆရာကြီးလုမီက သူတို့နှစ်ဦး၏ တွဲထားသော လက်များကို ကြည့်ကာ ပြုံးလိုက်သည်။

“မင်းက အော်ပရာကို စိတ်ဝင်စားတဲ့သူ မဟုတ်ဘဲနဲ့ ဘာလို့ လက်မှတ်တွေ တကူးတက တောင်းနေတာလဲလို့ ငါ စဉ်းစားနေတာ အခုတော့ သူရဲကောင်းကြီးလည်း အထီးကျန်နေတာ မဟုတ်တော့ဘူးပေါ့လေ”

“တကယ်လား... သူ စင်ပေါ်တက်တာကို ငါ စိတ်ကူးလို့တောင် မရဘူး”

မင်ယွဲ့၏ မျက်လုံးများမှာ စိတ်ဝင်တစား တောက်ပလာပြီး မိုဟန်ကျီကို ကြည့်ကာ ပြုံးလိုက်သည်။

“ယွဲ့ယွဲ့...” မိုဟန်ကျီက သူမ၏ အမည်ကို တိုးတိုးလေး ခေါ်လိုက်ရာ မင်ယွဲ့မှာ ဘာကို ဆိုလိုသည်ကို ချက်ချင်း နားလည်သွားသည်။

“ယွဲ့ယွဲ့လို့ ခေါ်လို့ရမလား မင်းက တကယ့်ကို ထူးခြားတဲ့ မိန်းကလေးပဲ ဟန်ကျီ ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံမလဲဆိုတာ ငါ အမြဲ တွေးနေခဲ့တာ”

ဆရာကြီးလုမီက ကြင်နာစွာ ပြောလိုက်သည်။

“ရပါတယ် ဆရာကြီး”

“တကယ်တော့ အဲ့ဒီတုန်းက ဟန်ကျီကို ငါ သဘောကျလွန်းလို့ အနုပညာသင်ဖို့ ပြောခဲ့တာ၊ ဒါပေမဲ့ သူက ရက်ရက်စက်စက် ငြင်းပယ်ခဲ့လို့ ငါ အချိန်အတော်ကြာ ထမင်းမေ့ ဟင်းမေ့ ဖြစ်ခဲ့ရတယ်”

သူက ရင်ဘတ်ကို ဖိကာ ဝမ်းနည်းဟန် ဆောင်ပြလိုက်ရာ မင်ယွဲ့မှာ ပြုံးမိသွားသည်။

“တကယ်ပဲ အော်ပရာ ဆရာကြီးလို့ ခေါ်ထိုက်ပါတယ် သရုပ်ဆောင်တာ အရမ်းမြန်တာပဲ”

မင်ယွဲ့သည် မိုဟန်ကျီ၏ အတိတ်အကြောင်းကို သိလိုစိတ် ပြင်းပြနေမိသည်။

ဆရာကြီးလုမီ၏ တပည့်ဖြစ်သူကလည်း တက္ကသိုလ်တုန်းက ဖျော်ဖြေပွဲ ဗီဒီယိုများ ရှိကြောင်း စနောက်ပြောဆိုနေသဖြင့် မိုဟန်ကျီမှာ အနည်းငယ် ရှက်ရွံ့သွားရသည်။

“ဘာမင်းသားလဲ... စနိုးဝိုက်ကို ကယ်တဲ့မင်းသားလား၊ ဒါမှမဟုတ် ဖားမင်းသားလား”

မင်ယွဲ့က ကျီစယ်လိုက်သည်။

“ဟမ်းလက်ပါ”

မိုဟန်ကျီက သက်ပြင်းချရင်း ဖြေလိုက်သည်။

“ယွဲ့ယွဲ့... အမှတ်တရ လက်မှတ်ထိုးပေးရမလား”

ဆရာကြီးလုမီက ကမ်းလှမ်းလိုက်သည်။

“ဟန်ကျီ ငါ့ဆီကို ပထမဆုံး ခေါ်လာတဲ့ မိန်းကလေးပဲ မင်းတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်ပါတယ် ထာဝရ ပျော်ရွှင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်”

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

မင်ယွဲ့၏ ရင်ထဲတွင် နွေးထွေးမှုများ ပြည့်

နှက်သွားရသည်။

ဆရာကြီးလုမီသည် မင်ယွဲ့အား သူ၏ ဆက်သွယ်ရန် လိပ်စာကတ်ကို ပေးအပ်ကာ မိုဟန်ကျီ၏ အေးစက်တတ်သော အမူအကျင့်များအပေါ် စနောက်လိုက်သေးသည်။

ထို့နောက် မင်ယွဲ့အား အော်ပရာ ပညာရပ်ကို သင်ယူရန် ကမ်းလှမ်းခဲ့သော်လည်း မင်ယွဲ့က သူမတွင် ဆရာတစ်ဦး ရှိနှင့်ပြီးဖြစ်ကြောင်း ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။

“အို... ဘယ်သူလဲ ဟန်ကျီကတော့ ငါ့ကို ဘာမှ မပြောဘူး”

“ကျွန်မရဲ့ ဆရာက ဂီတအသင်းရဲ့ ဥက္ကဋ္ဌ မစ္စတာပိုင်ပါ”

“မစ္စတာပိုင်ကို ငါ သိတာပေါ့ သူက လူတော်

တစ်ယောက်ပါ သူနဲ့ သင်ယူတာ ကောင်းပါတယ်။ ဆရာ တပည့် မဖြစ်ရရင်တောင် ငါ့ကို ‘ဦးလေး’ လို့ပဲ ခေါ်ပါ အနာဂတ်မှာ လိုအပ်တာရှိရင် မေးမြန်းနိုင်ပါတယ်”

“ဟုတ်ကဲ့ပါ ဦးလေး”

“ဟန်ကျီ... ယွဲ့ယွဲ့ကတောင် ငါ့ကို ဦးလေးလို့ ခေါ်နေပြီ၊ မင်းကော ခေါ်မှာလား”

ဆရာကြီးလုမီက အားရပါးရ ရယ်မောလိုက်

သည်။

“ဦးလေး... ဒါဆို ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”

မိုဟန်ကျီသည် အံကြိတ်ကာ ခေါ်လိုက်ပြီး မင်

ယွဲ့၏ လက်ကို ဆွဲကာ ထွက်ခွာလာခဲ့တော့သည်။

“ဒီကောင်လေးတော့ ငါ့ကို အရှုံးပေးသွားပြီ အခုတော့ သူ့ကို ငါ နိုင်သွားပြီဟေ့”

ဆရာကြီးလုမီသည် ဂုဏ်ယူဝင့်ကြွားနေသော အဖိုးအိုတစ်ဦးကဲ့သို့ ရယ်မောကျန်ရစ်ခဲ့လေသည်။

အခန်း (၃၁၃) အချစ်တော်လေး

“ဆရာ... ယွဲ့ယွဲ့တို့နဲ့ တခြားသူတွေကို ဆရာ့ကို ဦးလေးလို့ ခေါ်ခိုင်းရတာ မရှက်ဘူးလား”

“ဒါက ဆရာ လူမီရဲ့ တပည့်ပြောသွားတဲ့ စကားလေ”

“ငါက ဘာလို့ အားနာနေရမှာလဲ ငါက မင်းရဲ့ဦးလေးဖြစ်နေတာ မှားလို့လား”

“ဆရာ့အသက်က ၆၀ ရှိပြီလေ၊ အဘိုးဖြစ်ရမယ့် အရွယ်ကြီးကို”

ဆရာကြီးလူသည် ထိုစကားကို ကြားသောအခါ ဒေါသချောင်းချောင်းထွက်သွားတော့သည်။

“ငါက အသက် ၅၉ နှစ်ပဲ ရှိသေးတာကွ မင်းကသာ အဘိုးကြီး၊ မင်းကသာ အဘိုးကြီး... မင်းကို ဂိုဏ်းကနေ ထုတ်ပစ်မယ်၊ အခုချက်ချင်း ထုတ်ပစ်မယ်”

“ဘာဖြစ်ကြတာလဲ”

မင်ယွဲ့နှင့် မိုဟန်ကျီတို့ ထွက်မသွားရသေးမီမှာပင် နားနေဆောင်အတွင်းမှ အော်ဟစ်သံများနှင့် စားပွဲရိုက်သံများကို ကြားလိုက်ရသည်။

“သူတို့ကို ဂရုမစိုက်ပါနဲ့၊ အဘိုးကြီးက အားအင်တွေ ပြည့်လျှံနေတာ”

မိုဟန်ကျီက ဆရာနှင့် တပည့်ကြားမှ ရန်ဖြစ်နေကျ အလေ့အထကို ရေသောက်မြစ်ကဲ့သို့ ကျွမ်းကျင်နေပြီဖြစ်ရာ မင်ယွဲ့ကို ခေါ်ဆောင်၍ ကားမောင်းထွက်လာခဲ့သည်။

“လမ်းမှာ ဂရုစိုက်ဦးနော်”

မင်ယွဲ့သည် ကားပေါ်မှ ဆင်းလိုက်ပြီးနောက် ကားနားတွင် ရပ်လျက် ကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ ကားထဲရှိလူကို နှုတ်ဆက်စကား ဆိုလိုက်သည်။

“ယွဲ့ယွဲ့... ဘယ်လို အခြေအနေမျိုးမှာ ရည်းစားဖြစ်သူက သူ့ချစ်သူကို အိမ်ပေါ်တက်ပြီး စကားပြောဖို့ မဖိတ်ခေါ်တာမျိုး ရှိတတ်လဲဟင်”

မိုဟန်ကျီက အားငယ်သယောင် မျက်နှာပေးလေးဖြင့် မေးလိုက်သည်။

မင်ယွဲ့မှာ ဆရာလူမီနှင့် သူ၏တပည့် ပြောခဲ့သော စကားများကိုပင် ယုံကြည်ချင်လာတော့သည်။ မိုဟန်ကျီသည် တကယ်ပင် ပြဇာတ်ကပြရန် သင့်တော်သူ ဖြစ်နိုင်သည်၊ အနည်းဆုံးတော့ သူ၏ အမူအရာလေးများက အတော်လေး ပိုင်နိုင်လှသည်။

“ဖြစ်နိုင်တာကတော့... သူ့ရည်းစားရဲ့ အခန်းက နည်းနည်း ရှုပ်ပွနေလို့ ဧည့်သည်လက်ခံဖို့ မသင့်တော်တာမျိုး၊ ဒါမှမဟုတ်လည်း...”

သူမ၏ မဆုံးသေးသော စကားစုများက စိတ်ကူးယဉ်စရာ ဝေဝေဝါးဝါး အဓိပ္ပာယ်များကို ချန်

ရစ်ထားခဲ့သည်။

“ဒါမှမဟုတ် ဘာဖြစ်နိုင်လို့လဲ”

မိုဟန်ကျီသည် အစက စနောက်နေခြင်း ဖြစ်သော်လည်း ယခုမူ တကယ်ပင် စိတ်ဝင်စားသွားပုံရသည်။

“ဒါမှမဟုတ်လည်း... ရည်းစားဖြစ်သူက သူ့ချစ်သူကို ဧည့်မခံချင်ရုံ သက်သက်ပဲ ဖြစ်မှာပါ”

“အင်းလေ... မင်းက အဲဒီလို ထင်နေတာကိုး ငါတော့ တကယ် ဝမ်းနည်းသွားပြီ”

မိုဟန်ကျီသည် ကားတံခါးကို အတွင်းဘက်မှ ဖွင့်လိုက်ပြီး သူမကို ကားထဲသို့ ဆွဲသွင်းလိုက်သည်။

မင်ယွဲ့မှာ အမှတ်မထင် ဖြစ်သွားပြီး မိုဟန်ကျီ၏ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ကျရောက်သွားတော့သည်။

မိုဟန်ကျီ၏ ထွက်သက်ငွေ့နွေးနွေးက သူမ၏ ဖြူစင်နုနယ်သော လည်တိုင်ကို ထိတွေ့သွားသောအခါ မင်ယွဲ့မှာ အလိုအလျောက် တွန့်ခနဲ ဖြစ်သွားရသည်။

“စတာ ရပ်တော့၊ လွှတ်ဦး”

မင်ယွဲ့က သူ၏ရင်ဘတ်ကို အသာတွန်းလိုက်

သည်။

အလွန်နီးကပ်နေသောကြောင့် ပါးလွှာသော အဝတ်အစားများအောက်မှ သူ၏ ကြံ့ခိုင်သော ကြွက်သားများကို သူမ၏လက်ဖြင့် ထိမိသွားပြီးနောက် လက်ကို ချက်ချင်း ပြန်ရုတ်လိုက်မိသည်။

“ဘာလို့လဲ ယွဲ့ယွဲ့... မင်း ထိချင်လို့လား”

သူမ၏ တုံ့ပြန်မှုကို ရိပ်မိသွားသော မိုဟန်ကျီက သူမ၏ လက်ကလေးကို ဆုပ်ကိုင်ပြီး သူ၏ရင်ဘတ်ပေါ်သို့ ဖိကပ်ထားလိုက်သည်။

သူသည် မင်ယွဲ့နှင့် ရိုးရိုးရှင်းရှင်း ထိတွေ့ရုံမျှနှင့် အားမရနိုင်တော့ချေ၊ ဤဘဝတွင် သူမမရှိဘဲ သူ မရှင်သန်နိုင်တော့ပေ။

“မထိချင်ပါဘူး”

မင်ယွဲ့သည် စိတ်ထဲတွင် ရုန်းကန်နေသော်လည်း မိုဟန်ကျီ၏ နွေးထွေးသော ရင်ဘတ်ပေါ်သို့ ဖိကပ်ထားခြင်း ခံထားရသော သူမ၏ လက်ကမူ အလိုလို လှုပ်ရှားသွားမိသည်။

“ဟဲဟဲ...”

ကြည်လင်သော ရယ်သံလေးတစ်ခု နားထဲတွင် ပဲ့တင်ထပ်သွားရာ မင်ယွဲ့မှာ သတိပြန်ဝင်လာပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။

“ယွဲ့ယွဲ့... ငါက မင်းရဲ့ ရည်းစားလေ မင်းထိချင်

ရင် ထိလို့ရပါတယ် ငါက မင်းအပိုင်ပဲလေ”

မိုဟန်ကျီက ညို့ယူဖျားယောင်းသော အသံတိုးတိုးဖြင့် ဆိုကာ သူမ၏လက်ကို ဆွဲ၍ အောက်ဘက်သို့ ဖြည်းဖြည်းချင်း လျှောချလိုက်သည်။

“ယွဲ့ယွဲ့... သဘောကျရဲ့လား”

မင်ယွဲ့က ရုန်းကန်နေသော်လည်း မိုဟန်ကျီကမူ လွှတ်မပေးခဲ့ချေ။

“တကယ်တော့ ရည်းစားဖြစ်သူက သူ့ချစ်သူကို အိမ်ပေါ်မဖိတ်တာမှာ တတိယအကြောင်းရင်း တစ်ခု ရှိသေးတယ်၊ အဲဒါက ချစ်သူဖြစ်သူက စ

ပြီး အရေးယူလာမှာကို စောင့်နေတာမျိုး ဖြစ်

နိုင်တယ်လေ ယွဲ့ယွဲ့... မင်းရော အဲဒီလို မထင်ဘူးလား”

မိုဟန်ကျီ၏ အသံမှာ အလွန်ပင် ညင်သာလှပြီး ပင်လယ်နက်ထဲမှ နတ်သမီးလေးက ကမ်းခြေရှိ မိန်းကလေးကို ဖျားယောင်းသွေးဆောင်နေသကဲ့သို့ ရှိသည်။

မင်ယွဲ့သည် တစ်ပါးသူ၏ ထိန်းချုပ်မှုကို ခံယူတတ်သူ မဟုတ်ပေ။ သူမသည် အစောပိုင်းက စိတ်အခြေအနေကို မပြင်ဆင်နိုင်ခဲ့ခြင်းသာ ဖြစ်ပြီး အခြေအနေကို နားလည်သွားသောအခါ အားလုံးက အဆင်ပြေသွားခဲ့သည်။ မိမိချစ်သူကို ဘာကို ကြောက်နေရမှာလဲ။

“အဲဒါကတော့ မဟုတ်သေးဘူး ထင်တယ်နော်”

မင်ယွဲ့သည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အကွက်အနည်းငယ်အတွင်းမှာပင် မိုဟန်ကျီကို ပြန်လည် ဖိနှိပ်လိုက်သည်။

သူမသည် ခန္ဓာကိုယ် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို လေ့ကျင့်ထားသူ ဖြစ်ရာ သူမ အတည်အပေါက် လုပ်ဆောင်လာသောအခါ မိုဟန်ကျီမှာ ဘာမျှ မတတ်နိုင်တော့ပေ။

“အို... အဲဒါ မဟုတ်ဘူးလား၊ ငါက အမြဲတမ်း ငါ့ရည်းစားပြောတာကို နားထောင်တတ်တာပါနော်”

ဤအခြေအနေ ရောက်နေသည့်တိုင် မိုဟန်ကျီက စကားမပြတ်သေးချေ။

မင်ယွဲ့သည် လက်တစ်ဖက်ဖြင့် သူ၏ နက်တိုင်ကို ဖြေလိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးချည်ကာ ထိုင်ခုံနောက်ကျောနှင့် တွဲ၍ ချည်နှောင်လိုက်

သည်။

မိုဟန်ကျီသည် မရုန်းကန်ဘဲ ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ မှီလိုက်ကာ မင်ယွဲ့ကို ချစ်မြတ်နိုးသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။ သူမ စိတ်တိုင်းကျ လုပ်သမျှကို ခွင့်ပြုထားပုံရသည်။

“ကျွန်မ ထင်တာကတော့... ရည်းစားဖြစ်သူက သူ့ချစ်သူကို အိမ်ပေါ်ဖိတ်လိုက်ရင် အဲဒီလူက သူ့ကိုယ်သူ မထိန်းနိုင်မှာကို ကြောက်နေတာ ဖြစ်

မယ်”

မင်ယွဲ့သည် မိမိက ဦးဆောင်ရခြင်းကို အတင်းအကျပ် ခံရခြင်းထက် ပို၍ နှစ်သက်ကြောင်း တွေ့ရှိသွားသည်။

အချည်ခံထားရသော မိုဟန်ကျီကို ကြည့်ရင်း သူမမှာ စိတ်လှုပ်ရှားမှုကိုပင် ခံစားလိုက်ရသည်။

“ဒါဆိုလည်း မထိန်းချုပ်ပါနဲ့တော့”

နှစ်ဦးသား လုံးထွေးနေစဉ်အတွင်း မိုဟန်ကျီ၏ ရှပ်အင်္ကျီမှာ ခါးပတ်အောက်မှ ကျွတ်ထွက်နေပြီး နက်တိုင်ကိုလည်း မင်ယွဲ့က ဖြည်ချလိုက်ပြီ ဖြစ်သည်။ တွန့်ကြေနေသော အင်္ကျီဖြူဖြူသည် မိုဟန်ကျီအား တစ်ပါးသူ၏ အလိုကျ ဖြစ်နေရသော အားနွဲ့သူတစ်ဦးကဲ့သို့ ထင်မှတ်မှားစေသည်။

သို့သော် ထိုအထင်သည် မှားယွင်းလှသည်။

သူသည် မင်ယွဲ့၏ ရှေ့မှောက်တွင် တမင်တကာ အားနည်းဟန် ဆောင်နေခြင်းသာ ဖြစ်သည်။

ပြုံးယောင်သန်းနေသော သူ၏ မျက်ဝန်းများအောက်တွင် ချက်ချင်းပင် အသက်အန္တရာယ် ပေးနိုင်သည့် သားရဲတစ်ကောင် ပုန်းအောင်းနေသည်။

သူ၏ အမူအရာ၊ အပြောအဆိုနှင့် လှုပ်ရှားမှုတိုင်းသည် လမင်းလေးကို ဖျားယောင်းရန်အတွက်သာ ဖြစ်သည်။

“ဟုတ်လား”

မင်ယွဲ့သည် မိမိကိုယ်ကိုယ် အရှုံးပေးရန် ခွင့်မပြုတော့ပေ။

“ဒါဆို စမ်းကြည့်ကြတာပေါ့”

ပြောပြောဆိုဆိုဖြင့် မင်ယွဲ့သည် မိုဟန်ကျီ၏ ရှုပ်ပွနေသော အင်္ကျီဖြူအောက်သို့ သူမ၏ လက်ကို လျှိုသွင်းလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် မင်ယွဲ့ ကားပေါ်တက်ကတည်းက မှန်များကို ပိတ်ထားခဲ့သဖြင့် သူမ စိတ်ကြိုက် လှုပ်ရှားနိုင်ခဲ့သည်။

မင်ယွဲ့၏ လက်ကလေးသည် အေးမြနေပြီး သူ၏ ခါးတစ်ဝိုက်ကို ထိတွေ့သွားသောအခါ သူ၏ နှလုံးသားထဲတွင် အပူရှိန်များ တဟုန်ထိုး မြင့်တက်လာသည်။

“သဘောကျရဲ့လား”

မင်ယွဲ့က မိုဟန်ကျီ၏ စကားကိုပင် သူ၏ထံသို့ ပြန်လည် ပေးအပ်လိုက်သည်။ သူမသည် အမြဲတမ်း လက်တုံ့ပြန်တတ်သူ မဟုတ်ပါလား။

အေးအေးဆေးဆေး မှီထိုင်နေသော မိုဟန်ကျီမှာ ဆက်လက်၍ မတည်ငြိမ်နိုင်တော့ချေ။

သူ၏လက်များမှာ မငြိမ်မသက် ရုန်းကန်လာတော့သည်။

“ချစ်သူ... မလှုပ်နဲ့လေ ကျွန်မက ရှင့်ရည်းစားပဲ၊ ရှင်က ကျွန်မကို စိတ်တိုင်းကျ ထိလို့ရတာ မဟုတ်ဘူး”

မင်ယွဲ့သည် စကားသက်သက် ပြောနေခြင်း မဟုတ်ဘဲ လက်တွေ့လည်း လုပ်ပြနေသည်။

သူမ၏ လက်သည် အထက်သို့ ရွေ့လျားသွားပြီး မိုဟန်ကျီကို အပြုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

“ယွဲ့ယွဲ့...”

မိုဟန်ကျီမှာ အသက်ရှူသံများ ပြင်းထန်လာပြီး ရင်ဘတ်မှာလည်း နိိမ့်ချည်မြင့်ချည် ဖြစ်နေရသည်။

“ကျွန်မ ဆော့လို့ မဝသေးဘူး ဒါက ရှင့်ဘက်က စတာဆိုတော့... ကျွန်မက ‘ပြီးပြီ’ လို့ မပြောမချင်း ဒါက မပြီးသေးဘူးနော်”

မင်ယွဲ့က ပြုံးလျက် ကြည့်ကာ သူမ၏ လက်များကို ဆက်လက် လှုပ်ရှားနေသည်။ သူမသည် ဦးဆောင်ရခြင်း၏ အရသာကို ခံစားနေရသည်။

“ယွဲ့ယွဲ့... ကိုယ် မှားသွားပါတယ်”

မိုဟန်ကျီမှာ လက်နက်ချရန်မှတစ်ပါး အခြားမရှိတော့ချေ။ ဤခံစားချက်မှာ သည်းခံနိုင်စွမ်းထက် ကျော်လွန်နေသည်။ မင်ယွဲ့၏ လက်နှင့် ထိတွေ့မိသော နေရာတိုင်းတွင် သူ တုန်ယင်နေရသည်။

လက်များမှာ အချည်ခံထားရပြီး ခြေထောက်များမှာလည်း ပိတ်မိနေသဖြင့် သူသည် လုံးဝ မလှုပ်

နိုင်တော့ပေ။

“ဘယ်နေရာမှာ မှားတာလဲ”

မင်ယွဲ့သည် ချစ်သူများ ရန်ဖြစ်လျှင် မေးလေ့ရှိသော အမေးကို မေးလိုက်သည်။

“အစစအရာရာ မှားပါတယ်၊ မင်းကို မစနောက်သင့်ဘူး”

မိုဟန်ကျီ၏ အသက်ရှုငွေ့များက ပူနွေးနေပြီး မင်ယွဲ့ကို ကြည့်သော မျက်ဝန်းများမှာလည်း ဝေဝါးနေသည်။

“ရှင် ကျွန်မကို ဖျားယောင်းဦးမှာလား”

မင်ယွဲ့သည် ပြုံးလိုက်ပြီး သူ၏ ဝမ်းဗိုက်ကြွက်သားများပေါ်သို့ လက်ဖြင့် ခပ်ပြင်းပြင်း ဖိလိုက်သည်။

“မင်းက ကိုယ့်ရည်းစားပဲလေ၊ ဒါက ဖျားယောင်းတာ မဟုတ်ပါဘူး”

မိုဟန်ကျီသည် သတိရှိနေဆဲဖြစ်ရာ ပြန်လည် ငြင်းချက်ထုတ်လိုက်သည်။

“အို... ဒါကို ဖျားယောင်းတာလို့ မခေါ်ရင် ဘာခေါ်ဦးမှာလဲ”

မင်ယွဲ့သည် ကိုယ်ကို ကိုင်းညွတ်ကာ သူ၏ လည်ပင်းနားသို့ တိုးကပ်လိုက်သည်။

သူမ စကားပြောလိုက်စဉ် သူမ၏ နှုတ်ခမ်းများသည် မိုဟန်ကျီ၏ နားရွက်ကို မတော်တဆ ထိမိသွားရာ သူ၏ နားရွက်မှာ ချက်ချင်းပင် ပူထူသွားပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။

“သိပ်ပြီး အပြစ်ကင်းတာပဲ”

သူ၏ အမူအရာကို မြင်သောအခါ မင်ယွဲ့မှာ ပျော်ရွှင်သွားသည်။

“ဒါကို ‘ရိုမန်တစ်’ ဖြစ်တယ်လို့ ခေါ်တာပါ”

မိုဟန်ကျီသည် သူ၏ စိတ်မငြိမ်မသက်ဖြစ်မှုကို အတင်းအကျပ် ထိန်းချုပ်ထားရသည်။

“ကိုယ့်ရဲ့ ပထမဆုံး အကြိမ်က ယွဲ့ယွဲ့နဲ့ ဖြစ်ခဲ့တာပါ”

ဤစကားက မင်ယွဲ့ကို ကျေနပ်သွားစေသဖြင့် သူမက သူ့ကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

“ခန္ဓာကိုယ် အချိုးအစားက အတော်လေး ကောင်းသားပဲ၊ ဒီတစ်ခါတော့ လွှတ်ပေးလိုက်

မယ်”

သူမသည် သူ၏ရင်ဘတ်ပေါ်တွင် လက်တင်ထားလျက် ကိုယ်ကို ပြန်မတ်လိုက်ကာ စနောက်လိုက်သည်။

အခြားတစ်ဦး၏ ကိုယ်ငွေ့များ ရုတ်တရက် ပျောက်ကွယ်သွားသောအခါ မိုဟန်ကျီသည် လေထုမှာ ချက်ချင်း ကြည်လင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မင်ယွဲ့သည် သူ၏ လက်များကို ချည်နှောင်ထားသော နက်တိုင်ကို ဖြည်ပေးလိုက်သည်။ မိုဟန်ကျီသည် မိမိကိုယ်ကိုယ် ပြန်လည် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း မင်ယွဲ့ကို ကြည့်နေသော သူ၏ မျက်ဝန်းများမှာမူ တပ်မက်မှုများဖြင့် တောက်လောင်နေဆဲ ဖြစ်သည်။

“နောက်မှ တွေ့မယ်နော်... အချစ်တော်လေး”

မင်ယွဲ့သည် ကားတံခါးကို အသာတွန်းဖွင့်လိုက်ပြီး ကားထဲသို့ လေထဲမှတစ်ဆင့် အနမ်းတစ်ခု ပေးပို့ကာ ကျော့ကျော့မော့မော့ပင် ထွက်ခွာသွားတော့သည်။

မိုဟန်ကျီ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

“အရမ်း... ချစ်ဖို့ကောင်းတာပဲ”

မိုဟန်ကျီသည် သူမ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း စကားနှစ်လုံးကို ရေရွတ်

လိုက်သည်။

မင်ယွဲ့က သူ့ကို “အချစ်တော်လေး” ဟု ခေါ်ခဲ့သော အမှတ်တရကို သူက မြတ်နိုးစွာ ခံစားနေမိသည်။ ထိုခံစားချက်သည် ကြီးမားသော စီးပွားရေး လုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်သည့် ခံစားချက်ထက်ပင် ပို၍ ကျေနပ်စရာ ကောင်းလှသည်။

သူသည် စိတ်ကို အေးအေးဆေးဆေး ပြန်ထားနိုင်မှသာ ကားကို စတင် မောင်းထွက်ခဲ့သည်။

“နင် ခုနက ဘာလုပ်နေတာလဲ ငါ့ကို ဘာလို့ ပိတ်ထားတာလဲ”

ယွမ်ပေါ့က မေးခွန်းထုတ်လိုက်သည်။

သူတို့၏ ဆက်ဆံရေးမှာ တစ်နေ့တခြား တိုးတက်လာသော်လည်း မင်ယွဲ့က သူ့ကို ယခုကဲ့သို့ မဆက်ဆံသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

“ကလေးတွေက လူကြီးကိစ္စတွေကို သိပ်ပြီး သိချင်စိတ် မများသင့်ဘူး”

မင်ယွဲ့၏ စိတ်ထဲတွင် ခုနက ကားထဲမှ ရမ္မက်ပြင်းထန်သော မြင်ကွင်းများက လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားရာ သူမ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

“ဟမ်... မိုဟန်ကျီ ပြန်သွားပြီလား နင်တို့ ငါ့ကွယ်ရာမှာ အရသာရှိတာတွေ ပြန်စားနေကြတာ မဟုတ်လား”

မင်ယွဲ့သည် ယွမ်ပေါ့အပေါ် အထင်ကြီးမိသွားကြောင်း သဘောပေါက်လိုက်သည်။ သူက တစ်ခုခု လေးလေးနက်နက် ပြောမည်ဟု ထင်ထားသော်လည်း သူ၏ စိတ်ထဲတွင် စားဖို့ တစ်ခုတည်းသာ ရှိနေသည် မဟုတ်ပါလား။

“မဟုတ်ပါဘူး၊ နင့်ရဲ့ ခေါင်းသေးသေးလေးထဲမှာ တစ်နေ့ကုန် ဘာတွေ တွေးနေတာလဲ”

မင်ယွဲ့သည် တံခါးကို ဖွင့်ကာ လိုက်ကာများကို ဆွဲလိုက်ပြီး အခန်းထဲသို့ ဝင်ခဲ့သည်။ ယွမ်ပေါ့ကလည်း သူမနောက်မှ လိုက်လာသည်။

အိမ်သို့ ပြန်ရောက်သောအခါ မင်ယွဲ့သည် ရေချိုးသန့်စင်ပြီးနောက် ညအိပ်ဝတ်စုံလဲကာ ဆိုဖာပေါ်တွင် ထိုင်လျက် ကျန်ဟင်ထံသို့ ဖုန်းဆက်

လိုက်သည်။

“အို... အချစ်နယ်မြေထဲ ရောက်နေတဲ့ မစ္စမင်က ငါတို့ကို စကားပြောဖို့ အချိန်ရပြီပေါ့”

အနားတွင် ရပ်နေသော ဝမ်ကျန်းက ချက်ချင်းပင် သူမ လုပ်လက်စများကို ရပ်လိုက်ပြီး အနားသို့ ရောက်လာသည်။

ကျန်ဟင်က ထိုအခြေအနေကို သတိပြုမိသဖြင့် ဖုန်းကို စားပွဲပေါ်တင်ကာ စပီကာ ဖွင့်လိုက်သည်။

“နင်က ငါ့အပေါ် ရန်ငြိုးတွေ ထားနေတာ ကြာပြီ ထင်တယ် ကောင်းပြီလေ... ဒါဆို ငါ ဖုန်းချလိုက်တော့မယ်”

မင်ယွဲ့က ခပ်တိုးတိုး ရယ်လိုက်သည်။

“ယွဲ့ယွဲ့... ဒါက မတရားဘူးလေ ငါတို့က ကုမ္ပဏီမှာ နင့်အတွက် ပိုက်ဆံရအောင် အလုပ်လုပ်နေရပြီး နင်ကတော့ ရည်းစားနဲ့ ချိန်းတွေ့နေတာလား”

ဝမ်ကျန်းက မကျေမနပ် ပြောလိုက်သည်။

မင်ယွဲ့က ယွမ်ပေါ့ကို ဆွဲယူကာ အသာအယာ ပွတ်သပ်ပေးနေမိသည်။

“အဲဒီလို မပြောပါနဲ့ နင်တို့ ချိန်းတွေ့ဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ငါ ဖန်တီးပေးထားတာပဲလေ နင်တို့က အခွင့်အရေးကို အသုံးမချရင် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ”

မင်ယွဲ့က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

ဝမ်ကျန်းက သက်ပြင်းတစ်ချက် ချလိုက်ကာ “ရုံးတွင်း အချစ်ဇာတ်လမ်းတွေကိုမှ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်လို့ သတ်မှတ်မယ်ဆိုရင်တော့ သိပ်ကို ကျေးဇူးတင်ပါတယ်နော်”

“ကဲ... နောက်နေတာတွေ တော်တော့ ရှင်းယောင် လုပ်ငန်းစုနဲ့ ကိစ္စက ဘယ်လိုလဲ”

ကျန်ဟင်သည် မင်ယွဲ့အနေဖြင့် ဘာကိစ္စမှမရှိဘဲ အလကား စကားပြောရန် ဖုန်းဆက်မည် မဟုတ်ကြောင်း သိနားလည်ထားသည်။

မင်ယွဲ့သည် ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။

“ဒုန်းဟူ ဂေဟစနစ် စီမံကိန်းက အစိုးရက ကြီးကြပ်တဲ့ အကြီးစား စီမံကိန်း တစ်ခုပဲ ဒါကို ရှင်းယောင် လုပ်ငန်းစုက တင်ဒါအောင်ထားတာ သူတို့က ငါတို့ကို ပါဝင်စေချင်တယ်၊ ဒါကြောင့် ငါတို့ လက်ခံလိုက်တယ် ဒီစီမံကိန်းသာ ပြီးသွားရင် ယွဲ့ဟွာ နည်းပညာရဲ့ နာမည်ဂုဏ်သတင်းက အမြင့်ဆုံးအထိ တက်လှမ်းသွားမှာ...”

ကျန်ဟင်သည် မင်ယွဲ့ ဖော်ပြနေသော အနာဂတ် မြင်ကွင်းတွင် စိတ်ဝင်တစား နားထောင်နေမိသည်။

မင်ယွဲ့နှင့် စီးပွားရေး စတင်လုပ်ကိုင်ကတည်းက သူ၏ ရည်မှန်းချက်များမှာလည်း တောက်လောင်ခဲ့ရသည်။ မင်ယွဲ့ ပြောလေလေ၊ သူ၏ မျက်ဝန်းများမှာလည်း တောက်ပလာလေလေ ဖြစ်သည်။

“ကောင်းပြီ... ဒါဆိုရင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စကို ငါ ချက်ချင်း ဆွေးနွေးလိုက်မယ်”

သူသည် ဤစီမံကိန်းကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်ရာ ယခုကဲ့သို့ ကောင်းကင်မှ ကျလာသော အခွင့်အရေးကို လက်လွှတ်မခံရန် ဆုံးဖြတ်ထားသည်။

“နင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လို အခြေအနေရှိလဲ”

အလုပ်အကြောင်း ဆွေးနွေးပြီးနောက် ဝမ်ကျန်းက စပ်စုလိုက်သည်။

သူမ၏ သူငယ်ချင်း မင်ယွဲ့သည် အမြဲတမ်း လူပျိုကြီးကဲ့သို့ နေလာခဲ့ပြီး မိုဟန်ကျီကလည်း အမြဲတမ်း တည်တည်တံ့တံ့ နေတတ်သူ ဖြစ်ရာ သူတို့နှစ်ဦး ချစ်သူဖြစ်ကြသောအခါ မည်သို့ နေထိုင်ကြမည်ကို စိတ်ကူးရခက်နေသောကြောင့် ဖြစ်သည်။

မင်ယွဲ့၏ မျက်နှာမှာ နီမြန်းသွားသော်လည်း ဖုန်းမျက်နှာပြင်မှတစ်ဆင့် တစ်ဖက်လူက မမြင်

နိုင်ချေ။

“နင် အဲဒီလောက် သိချင်နေရင် ကျန်ဟင်နဲ့ သေချာ စကားပြောကြည့်ပါလား”

“ဟေး... ဒီကောင်မလေး ဖုန်းချသွားပြီ စကားမပြောချင်ရင်လည်း ပြောပေါ့၊ ဘာလို့ ချက်ချင်း ဖုန်းချသွားတာလဲ”

ဝမ်ကျန်းသည် ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာဖြင့် ဖုန်းကို ကိုင်ထားမိသည်။

“နင်က သူများရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဘာလို့ စပ်စုတာလဲ”

ကျန်ဟင်က ဝမ်ကျန်းကို ကြည့်ကာ ချစ်စဖွယ် ကောင်းနေသည်ဟု တွေးတောရင်း ပြုံးလျက် ဆိုလိုက်သည်။

မိမိချစ်ရသူ လုပ်ဆောင်နေသမျှကို ကြည့်နေရရုံနှင့်ပင် ပျော်ရွှင်နိုင်သည်မှာ အမှန်ပင် ဖြစ်သည်။

“ရှင် မသိပါဘူး၊ သူငယ်ချင်း အရင်းအချာတွေဆိုတာ အရာရာကို ပွင့်ပွင့်လင်းလင်း ပြောကြတာပဲ”

သူတို့ ကောလိပ်တက်စဉ်က အရာရာကို တိုင်ပင်ခဲ့ကြသည် မဟုတ်ပါလား။

“ဒါကတော့ နင် ဒီမှာ ရှိနေလို့ ယွဲ့ယွဲ့က ရှက်သွားတာ နေမှာပါ”

ကျန်ဟင်က ပြုံးလျက်ပင် မငြင်းဆိုခဲ့ချေ။

“နင် ဒီနေ့ ဘာဖြစ်နေတာလဲ ငါ့အမွှေးတွေကို အကုန်လုံး ဆွဲနှုတ်ပစ်တော့မယ်”

ယွမ်ပေါ့သည် သူမ၏ ရင်ခွင်ထဲမှ ရုတ်တရက် ခုန်ထွက်သွားသည်။ ထိုစကားမှာ ချဲ့ကားပြောဆိုခြင်းသာ ဖြစ်ပြီး စနစ်တစ်ခုက အဘယ်မှာလျှင် ထိပ်ပြောင်နိုင်ပါမည်နည်း။

“ငါ နင့်အတွက် တစ်ခုခု ချက်ပေးမယ် ဘာစား

ချင်လဲ ကြက်သားစပ်ချက်လား၊ စီချွမ်ဘဲကင်လား၊ ဝက်သားပြားပြုတ်လား၊ ဒါမှမဟုတ် ဝက်နံရိုး ချိုချဉ်လား...”

မင်ယွဲ့သည် ယွမ်ပေါ့ အကြိုက်ဆုံးအရာကို ပြောကာ အကြောင်းအရာကို လွှဲလိုက်ပြီး ဟင်းလျာစာရင်းများကို ရွတ်ပြလိုက်သည်။

“အကုန်လုံး စားမယ်”

သူ့ထံသို့ ကမ်းလှမ်းလာသော ရွှေတုံးများကို သူက အကုန်လက်ခံသည်။ စဉ်းစားရုံနှင့်ပင် သွားရည်ကျစရာ ကောင်းလှသည်။

“အများဆုံး ဟင်းလေးမျိုးပဲ၊ စားရင်စား မစားရင်နေ”

မင်ယွဲ့သည် ရေခဲသေတ္တာထဲမှ ဟင်းချက်စရာများကို ထုတ်ယူကာ မီးဖိုချောင်ထဲသို့ ဝင်ခဲ့သည်။

“လေးမျိုးဆိုလည်း လေးမျိုးပေါ့၊ ငါ စားမယ်”

သူသည် အစားအသောက် ရွေးတတ်သူ မဟုတ်ပေ။

မကြာမီမှာပင် မီးဖိုချောင်ထဲမှ အိုးခွက်ပန်းကန်သံများ ထွက်ပေါ်လာသည်။ ယွမ်ပေါ့သည် ထမင်းစားပွဲပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် မှန်တံခါးမှတစ်ဆင့် အတွင်းဘက်သို့ အာရုံစိုက် ကြည့်နေခဲ့သည်။

ထမင်းစားပွဲပေါ်ရှိ မင်ယွဲ့၏ ဖုန်းက မြည်လာသည်။

မီးဖိုချောင်ထဲတွင် ဟင်းချက်စက်၏ အသံများ ဆူညံနေသဖြင့် မင်ယွဲ့မှာ ဖုန်းမြည်သံကို မကြားမိချေ။

ယွမ်ပေါ့သည် သူ၏ စားချင်စိတ်ကို အနှောင့်အယှက် ပေးလိုက်သော စားပွဲပေါ်မှ တရားခံကို မကျေမနပ် ကြည့်လိုက်သည်။

ဖုန်းမြည်သံက ကြာလာသောအခါ သူ စိတ်မရှည်တော့သဖြင့် ဖုန်းမျက်နှာပြင်ကို အမြန်ပင် ဆွဲဖွင့်လိုက်ပြီး မင်ယွဲ့၏ လှုပ်ရှားမှုများကိုသာ ဆက်လက် ငေးကြည့်နေမိသည်။

မိုဟန်ကျီသည် ဗီဒီယိုကောလ်နှင့် ဆက်သွယ်သွားသော်လည်း တစ်ဖက်မှ ဘာသံမှ မကြားရသဖြင့် ထူးဆန်းနေသည်။

မင်ယွဲ့၏ ဖုန်းတွင် လက်ဗွေရာ သို့မဟုတ် မျက်နှာပြင် ဖတ်ရှုခြင်း ကဲ့သို့သော လုံခြုံရေး စနစ်များ မရှိပေ။

ယွမ်ပေါ့က သူမ၏ ဖုန်းတွင် အဆင့်မြင့် နည်းပညာသုံး အက်ပ် တစ်ခု ထည့်သွင်းပေးထားသဖြင့် သူမ မဟုတ်ပါက အရေးကြီး အချက်အလက်များ ယိုစိမ့်နိုင်ခြင်း မရှိရာ မင်ယွဲ့မှာ လျှို့ဝှက်နံပါတ် ပေးထားရန် ပျင်းနေခြင်း ဖြစ်သည်။

“ယွဲ့ယွဲ့...”

မိုဟန်ကျီက ခေါ်လိုက်သော်လည်း သူ မြင်နေရသည်မှာ အခန်းမျက်နှာကြက်သာ ဖြစ်သည်။

ယွမ်ပေါ့သည် အသံကြားသောအခါ အနားသို့ တိုးသွားသည်။

“ယွမ်ပေါ့...”

မိုဟန်ကျီသည် ယွမ်ပေါ့၏ မျက်နှာကြီး အနားသို့ တိုးလာသည်ကို မြင်သောအခါ ရယ်မောလိုက်

သည်။

“မင်းအမေ ဘယ်မှာလဲ မင်းက အကို့ဖုန်းကို ကိုင်

လိုက်တာလား ယွမ်ပေါ့”

ပြောပြီးမှ ယွမ်ပေါ့ကို ထိုသို့ မေးမိခြင်းမှာ ရယ်စရာကောင်းသည်ဟု သူ ခံစားလိုက်ရသည်။

ယွမ်ပေါ့သည် သူ့စကားကို နားလည်နိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း သူ၏ အာရုံမှာ မီးဖိုချောင်ထဲသို့သာ ရောက်နေသည်။

သူသည် ဖုန်းကို ခပ်ပေါ့ပေါ့ပင် မယူလိုက်ပြီး ခဏတာ ဟိုလှည့်ဒီလှည့် လုပ်ကာ ကင်မရာကို မီးဖိုချောင်ထဲရှိ မင်ယွဲ့ရှိရာသို့ ချိန်ပေးလိုက်

သည်။

မိုဟန်ကျီသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ပုံရိပ်လေးကို မြင်လိုက်ရသည်။

“ယွမ်ပေါ့... ငါတို့ သဘောတူညီချက် တစ်ခု လုပ်ကြရအောင် နောက်ဆို နင့်အမေကို ဟင်းမချက်ခိုင်းပါနဲ့တော့လား အဲဒီအစား ငါကပဲ နင့်အတွက် ချက်ပေးမယ်လေ”

မိုဟန်ကျီသည် မင်ယွဲ့က ယွမ်ပေါ့အတွက် ဟင်းချက်ပေးနေသည်ဟု ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

“အမေ... အမေ... နင်ကမှ အမေ အစစ်ပါ”

ယွမ်ပေါ့က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သူနှင့် မင်ယွဲ့သည် ဝိညာဉ်ချင်း ဆက်နွှယ်နေသော စနစ်နှင့် အိမ်ရှင် ဖြစ်ကြပြီး ပုခုံးချင်းယှဉ်၍ တိုက်ပွဲဝင်နိုင်သော အဖော်များလည်း ဖြစ်ကြသည်၊ သို့သော် ယွဲ့ယွဲ့က သူ၏ အမေ မဟုတ်ပေ။

သူက ယွဲ့ယွဲ့ကို “အမေ” ဟု ခေါ်လိုက်လျှင် သူ၏ မျက်နှာ ပျက်သွားမည် မဟုတ်ပါလား။

သူသည် စိတ်တိုတိုဖြင့် ဖုန်းကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

“ယွမ်ပေါ့... ယွမ်ပေါ့”

မိုဟန်ကျီသည် သူက လက်စားချေတတ်သော ယွမ်ပေါ့ကို မရည်ရွယ်ဘဲ စိတ်ဆိုးအောင် လုပ်မိမှန်း မသိလိုက်ပေ။ ယွမ်ပေါ့က ဖုန်းကို မတော်တဆ တိုက်ချလိုက်သဖြင့် ကင်မရာ ဖုံးသွားသည်ဟုသာ သူ ထင်လိုက်သည်။

အစောပိုင်းက အခန်းမျက်နှာကြက်ကို မြင်နေရသေးသော်လည်း ယခုမူ အမှောင်အတိ ကျသွားတော့သည်။ သူ မျှော်လင့်နေရသော မိန်းကလေးမှာလည်း ဗီဒီယိုထဲတွင် ခဏတာသာ ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။

အိမ်သို့ ရောက်နေသော်လည်း မိုဟန်ကျီသည် အလုပ်နှင့် မကင်းကွာနိုင်ပေ။ သူသည် စာရွက်စာတမ်းများကို ဖွင့်ဖတ်ကာ စာကြည့်တိုက်ခန်းထဲတွင် အလုပ်လုပ်နေခဲ့သည်။

ဗီဒီယိုကောလ်က ပြတ်မသွားသေးဘဲ မင်ယွဲ့၏ မီးဖိုချောင်ထဲမှ ဟင်းချက်သံ သဲ့သဲ့ကို ကြားနေရဆဲ ဖြစ်သည်။

သူသည် ထိုအသံကို ဆူညံသည်ဟု မထင်ဘဲ အခန်းတစ်ခန်းတည်းတွင် အတူရှိနေရသကဲ့သို့ နွေးထွေးမှုကိုပင် ခံစားနေရသည်။

“ယွမ်ပေါ့... ထမင်းစားလို့ ရပြီ”

တစ်ဖက်မှ မိန်းကလေး၏ ကြည်လင်သော အသံကို ကြားလိုက်ရသောအခါ မိုဟန်ကျီသည် သူ၏ အလုပ်များကို ခေတ္တ ရပ်လိုက်သည်။

ယွမ်ပေါ့သည် ဖုန်းကို မင်ယွဲ့၏ ရှေ့သို့ တိုးပေးလိုက်ပြီး သူ၏ အဝတ်စလေးကို ထုတ်ကာ စတင် စားသောက်တော့သည်။

မင်ယွဲ့သည် ဖုန်းကို ကောက်ယူလိုက်သောအခါ တစ်ဖက်မှ အမျိုးသားကို မြင်လိုက်ရသည်။ သူမသည် ယွမ်ပေါ့ကို အံ့သြစွာ ကြည့်လိုက်ပြီး ယွမ်ပေါ့က ဗီဒီယိုကောလ်ကို ကိုင်ပေးခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

“ယွဲ့ယွဲ့...”

မင်ယွဲ့ စကားမပြောမီမှာပင် နူးညံ့သိမ်မွေ့သော အသံလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။

“အင်း...”

မင်ယွဲ့က တိုးတိုးလေး ပြန်ထူးလိုက်ပြီး လက်ဆေးရန် ဖုန်းကို ယူသွားခဲ့သည်။

သူတို့နှစ်ဦးစလုံး စကားမပြောဖြစ်ကြဘဲ ဖုန်းထဲတွင် ရေစီးသံကိုသာ ကြားနေရသည်။

မင်ယွဲ့သည် လတ်တလောတွင် မိုဟန်ကျီနှင့် မျက်နှာချင်းဆိုင်ရန် အခက်တွေ့နေရဦးမည် ဖြစ်သည်။

အကြောင်းမှာ သူ့ကို မြင်လိုက်တိုင်း ကားထဲတွင် သူမ ပြုမူခဲ့သော အထိန်းအကွပ်မဲ့သည့် အပြုအမူများကို အလိုလို ပြန်လည် မြင်

ယောင်နေမိသောကြောင့် ဖြစ်သည်။

အခန်း (၃၁၄) ရင်ထဲကလမင်း

“ယွဲ့ယွဲ့... ကိုယ့်ကို ဘာလို့ ကြည့်မနေတာလဲ”

ဗီဒီယိုဖန်သားပြင်မှတစ်ဆင့် ဖြစ်သော်လည်း မိုဟန်ကျီ၏ အမူအရာမှာ ပိုမိုရဲတင်းလာခဲ့သည်။

“ကြည့်ချင်တော့လည်း ဘာဖြစ်လဲ၊ ကိုယ့်ရည်းစားကိုယ် ကြည့်တာပဲဟာကို”

မင်ယွဲ့သည် ဖုန်းကို မြှောက်ကိုင်လိုက်ပြီး တစ်ဖက်တွင် ညအိပ်ဝတ်စုံဖြင့် ရှိနေသော အမျိုးသားကို စိုက်ကြည့်လိုက်သည်။

ဒဏ္ဍာရီလာ ရေခဲတောင်အလား အေးစက်လှသည့် အမှုဆောင်အရာရှိချုပ် စီအီးအို ပီသပါပေသည်။ ညအိပ်ဝတ်စုံ ဝတ်ထားသည့်တိုင် သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ အနားသို့ပင် မကပ်ရဲစရာ ခန့်ညားထည်ဝါနေဆဲ ဖြစ်သည်။ သို့သော် မင်ယွဲ့ကို ကြည့်လိုက်သောအခါတွင်မူ သူ၏ မျက်ဝန်းအစုံမှာ နူးညံ့ပျော့ပျောင်းမှုများဖြင့် ပြည့်လျှံသွားတော့သည်။

“စိတ်ကြိုက်သာ ကြည့်ပါဗျာ၊ ဒါနဲ့... ခုနကလို ‘အချစ်တော်လေး’ လို့ ဘာလို့ ထပ်မခေါ်တော့တာလဲ”

မိုဟန်ကျီ၏ နှုတ်ခမ်းထက်မှ အပြုံးမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။

မင်ယွဲ့မှာ အနည်းငယ် စိတ်တိုသွားရသည်။ သူမသည် အဘယ်ကြောင့် စိတ်လွတ်ကိုယ်လွတ်နှင့် “အချစ်တော်လေး” ဟု ခေါ်မိသွားရပါသနည်း။

သို့သော်လည်း ခေါ်ပြီးမှတော့ သူမ၏ ရည်းစားဖြစ်သူအား ယခုကဲ့သို့ ခေါ်ဝေါ်ခြင်းမှာ တရားဝင်ပြီး ဗြောင်ကျသော ကိစ္စရပ်ပင် ဖြစ်ရာ သူမ ဘာကို ကြောက်နေရမည်နည်း။

“ဒါဆို အချစ်တော်လေးကရော ကျွန်မကို ဘယ်လိုပြန်ခေါ်မှာလဲ”

မင်ယွဲ့က ခပ်ထေ့ထေ့လေး ပြန်လည် တုံ့ပြန်

လိုက်သည်။

“ဒီ ‘အချစ်တော်လေး’ ဆိုတဲ့ အခေါ်အဝေါ်က အလကား ခေါ်ခွင့်ရတာ မဟုတ်ဘူးနော်”

“မင်းက... ကိုယ့်ရဲ့ ရင်ထဲက လမင်းလေးပါ”

မိုဟန်ကျီ၏ မျက်ဝန်းများတွင် စစ်မှန်သော မေတ္တာရိပ်များ ထင်ဟပ်နေပြီး သူ၏ အသံနေအသံထားမှာလည်း နက်ရှိုင်းကာ လေးနက်လှသည်။

ဖန်သားပြင်မှတစ်ဆင့် ဖြစ်သော်လည်း မင်ယွဲ့မှာ သူ၏ စူးရှသော အကြည့်ဝဲဂယက်အတွင်းသို့ နစ်မြုပ်လုနီးပါး ဖြစ်သွားရသည်။ အေးစက်သော ကိုယ်ရည်ကိုယ်သွေးရှိသူများထံမှ ထွက်ပေါ်လာသော ချိုသာသည့် စကားလုံးများသည် အခြားသူများထက် ပိုမို၍ ဆွဲဆောင်မှု ရှိလှသည် မဟုတ်ပါလား။

ယွမ်ပေါ့သည် တစ်ခုခု ထူးခြားနေသည်ကို အာရုံခံမိသဖြင့် စားလက်စကို ရပ်ကာ မင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။ သို့သော် ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရဘဲ မင်ယွဲ့မှာ မိုဟန်ကျီနှင့် ဖုန်းပြောနေဆဲ ဖြစ်သည်ကို မြင်သောအခါ ဘာမှ မဟုတ်ဟု မှတ်ယူကာ ဆက်လက် စားသောက်နေတော့သည်။

မင်ယွဲ့သည် သူတို့နှစ်ဦး၏ နှလုံးသားချင်း ပိုမိုနီးကပ်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

——

နောက်တစ်နေ့ နံနက် မိုးသောက်ချိန်တွင် မင်ယွဲ့သည် စောစီးစွာ နိုးထလာခဲ့သည်။

ကြာမြင့်စွာ လေ့ကျင့်ခန်း မလုပ်ဖြစ်ခဲ့သဖြင့် သူမသည် ပကတိနေရာမှ ပျောက်ကွယ်သွားပြီး ‘အသွင်တူ လေ့လာရေးခန်း’ ထဲသို့ ဝင်ရောက်သွားသည်။ သူမသည် မြင်ကွင်းတုများကို ဖန်တီးကာ အသွင်တူ နည်းပြတစ်ဦးကို ခေါ်ယူလိုက်ပြီး နှစ်ဦးသား အတူတကွ လေ့ကျင့်ကြတော့သည်။

မင်ယွဲ့သည် ကိုယ်ခံပညာတွင် ခိုင်မာသော အခြေခံရှိပြီးသား ဖြစ်ရာ ယခုအခါ လက်တွေ့ လေ့ကျင့်မှုများမှတစ်ဆင့် အတွေ့အကြုံ ရယူရန်သာ လိုအပ်တော့သည်။

ကိုယ်လက်လှုပ်ရှားမှုကြောင့် ချွေးများ ရွှဲနစ်သွားပြီးနောက်တွင်မှ မင်ယွဲ့သည် အတွင်းမှ ပြန်ထွက်လာခဲ့သည်။ သူမသည် ရေချိုးသန့်စင်လိုက်ရာ လန်းဆန်းတက်ကြွသွားပြီးနောက် ယန်ကျင်း တက္ကသိုလ်သို့ ကားမောင်းထွက်လာခဲ့သည်။

မမျှော်လင့်ဘဲ အိမ်ရာဝင်းအတွင်းမှ ထွက်လာသည်နှင့် ကားတိုက်ခံရဟန် ဆောင်ကာ ငွေညှစ်သူ တစ်ဦးနှင့် ရင်ဆိုင်လိုက်ရသည်။

မင်ယွဲ့မှာ မိမိကိုယ်ကိုယ် ကံဆိုးလှသည်ဟု တွေးမိသွားသည်။ ယခင်ကလည်း အစားအသောက် ပို့ဆောင်သူအဖြစ် ဘဝကို အတွေ့အကြုံ ယူစဉ်က လျှပ်စစ်စက်ဘီး စီးနေရင်း ထိုကဲ့သို့ ကြုံခဲ့ရဖူးပြီး ယနေ့တွင်လည်း ထပ်မံ ကြုံတွေ့ရပြန်သည်။

လူအများစုမှာ တစ်သက်လုံးတွင် တစ်ကြိမ်မျှပင် မကြုံရတတ်သော်လည်း သူမမှာမူ အသက် ၂၀ ကျော်အတွင်းမှာပင် နှစ်ကြိမ်

တိုင်တိုင် ကြုံတွေ့နေရပြီ ဖြစ်သည်။

မင်ယွဲ့သည် ကားမှန်ကို ချလိုက်ပြီး ကားရှေ့တွင် လဲလျောင်းနေသော လူလတ်ပိုင်း အမျိုးသားကို ကြည့်လိုက်သည်။

ယခုအချိန်မှာ ရုံးတက်ရုံးဆင်းချိန် ဖြစ်သဖြင့် လူအများအပြားမှာ အလျင်စလို သွားလာနေကြပြီး မင်ယွဲ့၏ ကားကိုပင် ပတ်၍ သွားနေကြသည်။ အချို့သော အလုပ်မရှိ စပ်စုချင်သူများမှာမူ ဘာဖြစ်သည်ကို ကြည့်ရန် ကားများကို ရပ်တန့်၍ စောင့်ကြည့်နေကြသည်။

“အား... အား... နာလိုက်တာ ကျွန်တော့် ခြေထောက် လှုပ်လို့ မရတော့ဘူး”

ကားရှေ့တွင် လဲလျောင်းလျက် နာကျင်စွာ ညည်းညူနေသော ထိုလူ၏ အမူအရာမှာ အတော်လေး ပိုင်နိုင်လှသည်။

“ကြည့်စမ်း... မိန်းကလေးက ချောချောလေးနဲ့ စိတ်ထားကတော့ သိပ်ပုပ်တာပဲ လူကို တိုက်မိတာတောင် ဆင်းပြီး မကြည့်ဘူး”

ဖြတ်သွားသော အဘွားအိုတစ်ဦးက မင်ယွဲ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လျက် ပြောလိုက်သည်။

“စီးတဲ့ ကားကလည်း ဈေးကြီးတာပဲ၊ တကယ့်ကို စိတ်ဓာတ်မရှိတဲ့ သူဌေးတွေ”

မင်ယွဲ့မှာ ဒေါသထွက်လွန်း၍ပင် ရယ်မိသွားတော့သည်။ သူမအား စိတ်ဓာတ်မကောင်းသူ၊ ရက်စက်သူဟု ခေါ်ဝေါ်နေကြသည်။ ဆက်သွားလျှင် သူမကို မြွေပွေးမြွေဟောက်ကဲ့သို့သော မိန်းမဟုပင် ပြောကြဦးမည် ဖြစ်သည်။ သို့သော် သူမ ဂရုမစိုက်ပေ။

“ဟယ်လို... ရဲစခန်းလားရှင့် ဒီမှာ ကားတိုက်ခံရဟန်ဆောင်ပြီး ငွေညှစ်နေလို့ပါ ဟုတ်ကဲ့... ကားမှာ တပ်ထားတဲ့ ကင်မရာ ရှိပါတယ်၊ နေရာက ကျဲဖန်း လမ်းမပေါ်မှာပါ...”

မင်ယွဲ့သည် လက်တစ်ဖက်ကို ကားမှန်ပေါ် တင်ထားလျက် တည်ငြိမ်အေးဆေးစွာ ဖုန်းဆက်လိုက်သည်။ သူမ၏ အသံမှာ အလွန်မကျယ်သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး ကြားနိုင်လောက်သည့် အနေအထား ဖြစ်သည်။

ကားရှေ့တွင် လဲနေသော ထိုလူမှာ ယနေ့တွင် ယခုကဲ့သို့ ခေါင်းမာသော ပြိုင်ဘက်နှင့် တိုးမည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း စပြီးမှတော့ အလွယ်တကူနှင့် လက်လျှော့ရန် မရည်ရွယ်ဘဲ သူ၏ ဒုတိယ အစီအစဉ်ကို စတင်

လိုက်သည်။

သူသည် မြေပြင်မှ ခွကျကျဖြင့် ထလာဟန် ဆောင်ကာ မင်ယွဲ့၏ ကားကို အမှီပြုလျက် သူမရှိရာသို့ လိပ်ခဲတည်းခဲ လျှောက်လာခဲ့သည်။

“မိန်းကလေး... အလုပ်သွားဖို့ အလျင်လိုနေတာလား”

သူ၏ မျက်နှာမှာ ရိုးသားအေးဆေးသည့် ပုံစံရှိနေပြီး အစောပိုင်းက မြင်တွေ့ခဲ့ရသော ယုတ်မာမှု အရိပ်အယောင်များမှာ လုံးဝ ပျောက်ကွယ်နေတော့သည်။

အခန်း (၃၁၅) ချစ်သူအားမာန်

“ကျွန်မက ကျောင်းသူပါ၊ အလုပ်သွားစရာ မလိုပါဘူး”

ထိုသူ၏ မျက်ဝန်းများမှာ အရောင်တောက်သွားတော့သည်။

လူမှုပတ်ဝန်းကျင်ထဲသို့ မရောက်ဖူးသေးဘဲ ယခုကဲ့သို့ ကြွယ်ဝချမ်းသာသော ကျောင်းသူလေးမှာ သူ၏မျက်လုံးထဲတွင် အဆီတစ်ဝင်းဝင်းနှင့် သိုးသူငယ်တစ်ကောင်ကဲ့သို့ပင်။

“မင်းလည်း အလုပ်သွားဖို့ အလျင်လိုနေမှာပါအပြင်မှာ ရုန်းကန်ရတာ မလွယ်ဘူးဆိုတာ ငါနားလည်ပါတယ် ငါ့ကို တိုက်မိတာအတွက် အများကြီး မတောင်းပါဘူး၊ တစ်ရာ ဒါမှမဟုတ် နှစ်ရာလောက်ပဲ ပေးလိုက်ပါ ငါ့ဘာသာ ငါ ဆေးရုံသွားလိုက်မယ် မင်းတို့လည်း ခက်ခဲကြတယ်ဆိုတာ ငါသိပါတယ်”

သူသည် ထိုမျှနှင့် လက်လျှော့ရန် နှမြောသော်လည်း ငါးကြီးကြီးတစ်ကောင်ကို ဖမ်းရန် အခွင့်အရေး လွဲချော်သွားပြီဖြစ်ရာ ရဲတပ်ဖွဲ့သာ အမှန်တကယ် ရောက်လာပါက ဒုက္ခရောက်နိုင်ကြောင်း သူသိသည်။ ထို့ကြောင့် အခြေအနေကို ကြည့်၍ ရသလောက် ငွေအနည်းငယ်ကို ယူကာ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

အလျင်လိုနေသော လူအများစုသည် များသောအားဖြင့် အငြင်းအခုန် မလုပ်လိုကြဘဲ ဒုက္ခကင်းဝေးစေရန်အတွက် ငွေပေးကာ အရှုံးခံတတ်ကြသည်။ သို့သော် ကံဆိုးစွာဖြင့် သူသည် မင်ယွဲ့နှင့် လာတိုးနေခြင်း ဖြစ်သည်။

“မိန်းကလေး... မင်းမှာ ဒီလောက် ပိုက်ဆံလေး ရှိတာပဲ သူကလည်း တကယ် သနားစရာကောင်းပါတယ် နည်းနည်းပါးပါး လျော်ကြေးပေးပြီး အေးအေးဆေးဆေး ပြီးသွားအောင် လုပ်လိုက်ပါလား”

ဘေးမှ လူတစ်ဦးက ဝင်ရောက်ပြောဆိုသည်။

“အန်တီ... ကျွန်မလည်း အများကြီး ရုန်းကန်နေရတာပါ၊ အန်တီကပဲ ကျွန်မကို ပိုက်ဆံလေး ပေးပြီး ကူညီလိုက်ပါလား”

မင်ယွဲ့သည် ကိုယ်ချင်းစာနာမှု ကင်းမဲ့စွာဖြင့် ကိုယ်ကျိုးမပါဘဲ သူတစ်ပါးကို ဆရာလုပ်တတ်သူများကို အလွန်မုန်းတီးသည်။ မိမိနှင့် မဆိုင်ပါက မည်သူမဆို စကားကို လွယ်လွယ်ကူကူ ပြောနိုင်ကြသည် မဟုတ်ပါလား။

“နင်က ငယ်ငယ်ရွယ်ရွယ်နဲ့ စကားပြောတာ သိပ် ရိုင်းတာပဲ ငါတို့က နင့်ကို ကူညီချင်လို့ ပြောနေတာလေ”

“ကျွန်မအတွက် တကယ်စေတနာရှိရင် အန်တီပဲ ပိုက်ဆံစိုက်ပေးလိုက်ပါ အန်တီက ဒီဦးလေးအပေါ်မှာလည်း ဂရုစိုက်ပုံရတော့ အားလုံးအတွက် အဆင်ပြေသွားတာပေါ့”

ထိုအန်တီကြီးမှာ ပြန်လည်အပြောခံလိုက်ရသဖြင့် ဆွံ့အသွားရသည်။ အချို့သော အခြေအနေမသိသူများမှာမူ ထိုအန်တီကြီးဘက်မှ မတ်တတ်ရပ်၍ ရန်တွေ့ရန် ပြင်ကြပြန်သည်။

“အဖေ... အဖေ... ဘာဖြစ်တာလဲ”

ရုတ်တရက် အသက် ၂၀ ကျော် အရွယ်ရှိ သန်မာထွားကြိုင်းသော လူငယ်တစ်ဦး အလုပ်သမား ဝတ်စုံအပြာရောင်ကို ဝတ်ဆင်လျက် အပြေးအလွှား ရောက်ရှိလာသည်။

“အို...”

မင်ယွဲ့မှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူ၏ အပေါင်းအဖော်က ဤမျှ စိတ်မရှည်ဘဲ ဝတ်စုံကိုပင် ပိုင်နိုင်စွာ ဝတ်ဆင်၍ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“မင်း ငါ့အဖေကို တိုက်မိပြီး တာဝန်မယူဘူးလား ဒီလောကမှာ တရားမျှတမှု မရှိတော့ဘူးလား ငါတို့က အဝေးကနေ လာပြီး အလုပ်လုပ်နေရတာပါ...”

သူတို့ သားအဖနှစ်ဦး၏ အပြန်အလှန် ဟန်ဆောင် ကပြမှုများက ဘေးပတ်ဝန်းကျင်မှ လူအချို့၏ သနားမှုကို ရရှိစေခဲ့သည်။ သို့သော် မင်ယွဲ့မှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး ကားတံခါးကို တစ်ကြိမ်မျှပင် မဖွင့်ခဲ့ချေ။

“မိန်းကလေး... ကျွန်တော့် ခြေထောက်က သိပ်နာနေလို့ပါ မင်းမှာ ကားပါလာတာပဲ၊ ဆေးရုံကို လိုက်ပို့ပေးလို့ ရမလား”

သူတို့က မိန်းကလေးငယ်လေးများမှာ စိတ်နုတတ်သည်ဟု ထင်ထားသော်လည်း ကံဆိုးစွာဖြင့် မင်ယွဲ့သည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်သူဖြစ်ပြီး သူတို့၏ အကွက်များကို ကြိုတင် မြင်နေခဲ့သည်။

“ရွှီခယ်... ငါတို့မှာ အလုပ်တစ်ခု ရှိလာပြီ”

မင်ယွဲ့သည် ဒုတိယမြောက် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။

“ကျဲဖန်း လမ်းမပေါ်မှာ ကားတိုက်ခံရဟန်ဆောင်ပြီး ငွေညှစ်နေတဲ့သူတွေ ရှိတယ်”

“မင်း... ဘယ်သူ့ဆီ ဖုန်းဆက်တာလဲ”

ထိုလူငယ်သည် တည်ငြိမ်နေသော မင်ယွဲ့ကို ကြည့်ကာ ရင်ထဲတွင် အေးခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

“ကျွန်မမှာ ကိုယ်ပိုင် ရှေ့နေရှိပါတယ်။ ကျွန်မက စည်းကမ်းရှိတဲ့ နိုင်ငံသား တစ်ယောက်ပါ ရှင့်တို့ ဆက်စောင့်နေလို့ ရတယ်၊ ကျွန်မမှာ ပိုက်ဆံ မရှားပါဘူး ရဲတွေနဲ့ ရှေ့နေတွေ ရောက်လာရင် ပေးသင့်တဲ့ လျော်ကြေးမှန်သမျှ ကျွန်မ ပေးပါ့မယ်”

မင်ယွဲ့သည် သူမအနေဖြင့် မည်သူ့ကိုမျှ မတိုက်မိခဲ့ကြောင်း ကောင်းစွာ သိရှိထားသည်။

“သား... အဖေ ခြေထောက်တွေ နာလှပြီ”

လူလတ်ပိုင်း အမျိုးသားသည် မင်ယွဲ့မှာ အလွယ်တကူ ကိုင်တွယ်၍ ရသူမဟုတ်မှန်း သိသွားပုံရပြီး ထွက်ပြေးရန် ကြိုးစားတော့သည်။

“အဖေ... အဖေ... ကျွန်တော်တို့ ကံမကောင်းတာပါ အဖေ့ကို ကုဖို့ ပိုက်ဆံ အရင်ချေးလိုက်ပါ့မယ်၊ လစာရမှ ပြန်ဆပ်မယ်လေ”

သူက ပြောရင်းဆိုရင်း မျက်ရည်ပင် ကျလုနီးပါး ဖြစ်နေသည်။ အားလုံးက ဟန်ဆောင်မှုများနှင့် ထောင်ချောက်များသာ ဖြစ်သည်။

“ဦးလေး... ကျွန်မဆီမှာ နှစ်ရာ ရှိတယ်၊ ဒါလေး ယူထားလိုက်ပါl

“ကျွန်မဆီမှာလည်း တစ်ရာ ပါတာ ယူပါ”

“ကျွန်မလည်း မနက်က ဟင်းဝယ်ပြီး ပိုတဲ့ ငါးဆယ် ပေးပါ့မယ်”

......

မမျှော်လင့်ဘဲ ငွေညှစ်မှုကြီးမှာ အလှူခံပွဲကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ မင်ယွဲ့သည် မပတ်သက်ချင်သဖြင့် ရဲတပ်ဖွဲ့ကိုသာ စောင့်ဆိုင်းရန် စိတ်ကူးထားသော်လည်း လက်ရှိ အခြေအနေအရ လူဆိုးများကို လွှတ်ပေး၍ မဖြစ်တော့ချေ။

“ယွမ်ပေါ့... သူတို့ရဲ့ အချက်အလက်တွေကို ရှာလိုက်”

လူနှစ်ဦး၏ အချက်အလက်များမှာ မင်ယွဲ့၏ ရှေ့မှ ဖန်သားပြင်ပေါ်တွင် ချက်ချင်းပင် ပေါ်လာတော့သည်။ လူတိုင်းက မင်ယွဲ့၏ ကားတံခါး ပွင့်သွားသည်ကို သတိပြုမိလိုက်ကြသည်။ မင်ယွဲ့သည် ကားပေါ်မှ ဆင်းလာခဲ့သည်။

မင်ယွဲ့၏ ရုပ်ရည်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အံ့သြတုန်လှုပ်သွားကြသည်။ ဤမိန်းကလေးမှာ နတ်သမီးလေး တစ်ပါးလား၊ အဘယ်ကြောင့် ဤမျှ လှပနေရသနည်း။

“လီဟိုင်... အသက် ၄၃ နှစ်၊ လွန်ခဲ့တဲ့ ရှစ်နှစ်က လောင်းကစားကြောင့် ဇနီးဖြစ်သူကို ရောင်းစားခဲ့ပြီး ထောင်ကျခဲ့တယ် လွန်ခဲ့တဲ့ သုံးနှစ်ကလည်း ခိုးမှုနဲ့ အဖမ်းခံခဲ့ရသေးတယ်၊ အခု ထောင်က ထွက်လာတာနဲ့ ထောင်ထဲကို ပြန်ဝင်ချင်နေတာလား”

“ဝမ်ကျန်း... အသက် ၂၆ နှစ်၊ မျိုးရိုးနာမည် မတူတဲ့ လူနှစ်ယောက်က ဘယ်လိုလုပ် သားအဖတွေ ဖြစ်နေတာလဲဆိုတာ ရှင်းပြစမ်းပါ”

မင်ယွဲ့သည် အခြားသူများ၏ အမြင်ကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။ သူမသည် တစ်လှမ်းချင်း တိုးကပ်သွားရာ သူမ၏ ခြေသံတိုင်းမှာ ထိုသူတို့၏ နှလုံးသားကို နင်းခြေနေသကဲ့သို့ ရှိသည်။

“နင်... နင် လျှောက်ပြောနေတာ”

သူတို့နှစ်ဦးမှာ ငြင်းဆန်ရန် ကြိုးစားသော်လည်း မင်ယွဲ့၏ ရှင်းပြချက်မှာ အလွန်ပင် တိကျလှသဖြင့် သူတို့၏ ပျာယာခတ်နေသော မျက်နှာပေးများမှာ လူတိုင်းအတွက် သိသာထင်ရှားနေသည်။

“မင်း... မင်းက ဘယ်သူလဲ”

လူအများ၏ ဝိုင်းကြည့်ခြင်းကို ခံနေရသော ထိုလူနှစ်ဦးမှာ ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ ကြောက်ရွံ့မှုကြောင့် မြေပြင်ပေါ်သို့ ပြိုလဲလုနီးပါး ဖြစ်သွားကြသည်။ မင်ယွဲ့သည် သူတို့၏ ဘဝအကြောင်း အကုန်လုံးကို သိနေသည် မဟုတ်ပါလား။

“အော်... ဒါနဲ့၊ လူကို တိုက်ပြီး ထွက်ပြေးခဲ့တဲ့သူက အခု လူကြားထဲ ပြန်ပေါ်လာရဲတယ်ပေါ့လေ”

မင်ယွဲ့က လီဟိုင်ကို ကြည့်ကာ အပြစ်ကင်းစင်သော အပြုံးဖြင့် ပြောလိုက်သော်လည်း သူမ၏ စကားလုံးများက သူတို့၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေသည်။

“ဘာ... တကယ်ကြီးလား”

“သူတို့ရဲ့ ပုံစံကို ကြည့်ရတာတော့ တကယ်ပဲ ဖြစ်မှာပါ”

ထိုသူနှစ်ဦးမှာ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ယုံကြည်မှုကို လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်သည်။

“အား... နာလိုက်တာ ကျွန်တော်တို့ အခုချက်ချင်း ဆေးရုံသွားမှ ဖြစ်မယ်”

လူလတ်ပိုင်း အမျိုးသားမှာ ယခုတိုင် သရုပ်ဆောင်ရန် မမေ့သေးဘဲ လူငယ်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

“အဖေ့ကို ကျွန်တော် အခု ဆေးရုံ လိုက်ပို့ပါ့မယ်”

သူတို့နှစ်ဦးမှာ အပေးအယူမျှမျှဖြင့် ထွက်ခွာရန် ပြင်လိုက်ကြသည်။ ထိုစဉ်မှာပင် ရဲကားတစ်စီး ရောက်ရှိလာပြီး ရဲဝန်ထမ်း လေးဦး ကားပေါ်မှ ဆင်းလာခဲ့သည်။

“ဘယ်သူ ဖုန်းဆက်တာလဲ”

“ကျွန်မပါ ဆရာ”

မင်ယွဲ့က လက်ကို အသာမြှောက်ပြလိုက်ရာ ရဲအရာရှိက သူမရှိရာသို့ လှမ်းကြည့်လိုက်သည်။

“သူတို့က ငွေညှစ်ဖို့ ကြိုးစားနေတာပါ သူတို့ရဲ့ ရာဇဝင်တွေကို စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ်”

အခြားသူများမှာ ဘာမျှ မပြောနိုင်တော့ဘဲ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုသာ စောင့်ကြည့်နေကြသည်။ ထိုလူနှစ်ဦးမှာ ရဲများကို မြင်လိုက်ရသောအခါ ခြေထောက်နာခြင်းများ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် ထွက်ပြေးကြတော့သည်။

ရဲကို မြင်လျှင် ထွက်ပြေးသူမှာ လူကောင်း မဟုတ်သည်မှာ သေချာလှသည်။ လူအချို့ကလည်း ဝိုင်းဝန်း ဖမ်းဆီးကြရာ ထိုလူနှစ်ဦးမှာ လူအုပ်ကြားတွင် ပိတ်မိသွားပြီး လမ်းသွားလမ်းလာ မိန်းကလေးတစ်ဦးမှာလည်း သူတို့နှင့် တိုက်မိကာ လဲကျသွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ထိုသူများကို မြေပြင်ပေါ်တွင် ဖိနှိပ်ချုပ်ကိုင်လိုက်ပြီး လက်ထိပ်ခတ်လိုက်ကြသည်။

“ဘာလို့ ပြေးတာလဲ”

ရိုးရိုးတန်းတန်း စစ်ဆေးရုံသာ ဖြစ်သော်လည်း သူတို့က ထွက်ပြေးသွားသဖြင့် နောက်ကွယ်တွင် အကြောင်းအရာ တစ်ခုခု ရှိနိုင်ကြောင်း ရဲများက သံသယ ဖြစ်သွားကြသည်။

“ကျွန်တော်တို့ ဘာမှ မလုပ်ပါဘူး၊ လွှတ်ပေးကြပါ”

သူတို့၏ စကားများမှာ ယခုအခါ မည်သူမျှ မယုံကြည်နိုင်တော့သည့် အရာများ ဖြစ်နေပြီ ဖြစ်သည်။

“ဆရာ... ကျွန်မဘက်မှာ ကိစ္စလေးတစ်ခု ပေါ်လာလို့ပါ ကျောင်းကို ခဏနေမှ ရောက်ပါ့မယ်”

မင်ယွဲ့သည် သူမ၏ ဆရာနှင့် စီနီယာ လျိုဝေတို့ကို အကြောင်းကြားလိုက်ပြီး ရဲများကို ကားရှိ ကင်မရာ မှတ်တမ်းများ ပြသကာ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

“အဆင်ပြေရဲ့လား၊ ဆေးရုံ လိုက်ပြပေးရမလား”

လူအုပ်ကြီး လူစုကွဲသွားသောအခါ မင်ယွဲ့သည် ထိုလူနှစ်ဦးနှင့် တိုက်မိ၍ ခြေထောက်နာနေသော မိန်းကလေးကို ညင်သာစွာ မေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး၊ ခြေမျက်စိ အနည်းငယ် လည်သွားတာပါ”

ထိုမိန်းကလေးက အားတင်း၍ ပြုံးပြသော်လည်း သူမ၏ ခြေထောက်မှာ မြေပြင်နှင့် ထိလိုက်တိုင်း နာကျင်နေပုံရသည်။ မင်ယွဲ့သည် အစောပိုင်းကတည်းက သတိပြုမိသော်လည်း ရဲများနှင့် စကားပြောနေရသဖြင့် ယခုမှသာ ရောက်လာနိုင်ခြင်း ဖြစ်သည်။

“ကားပေါ်တက်ပါ၊ ကျွန်မ ဆေးရုံ လိုက်ပို့ပေးပါ့မယ် ဆေးဖိုးတွေကိုလည်း ကျွန်မပဲ တာဝန်ယူပေးပါ့မယ်”

မင်ယွဲ့သည် ထိုမိန်းကလေးကို ကားပေါ်သို့ ပွေ့ချီလိုက်သည်။ သူမ၏ ထွားကြိုင်းသော ချစ်သူအားမာန် ကြောင့် ထိုမိန်းကလေးမှာ မျက်နှာလေး နီမြန်းကာ ရင်ခုန်သွားရသည်။

“ကူညီကြပါဦး... ငါတော့ ရင်ခုန်လွန်းလို့ သေတော့မယ်”

ထိုမိန်းကလေးမှာ မင်ယွဲ့၏ အနီးကပ် လှပမှုကို ကြည့်ကာ စိတ်လှုပ်ရှားနေရသည်။ သူမသည် မင်ယွဲ့၏ မျက်နှာလေးကို စိုက်ကြည့်နေမိပြီး အနာအဆာ ကင်းစင်လှသော အလှတရားကြောင့် ရင်ထဲတွင် တသိမ့်သိမ့် ခံစားနေရသည်။

“ဖျားနေတာလား”

မင်ယွဲ့သည် သူမကို ကားရှေ့ခန်းတွင် ထိုင်စေပြီးနောက် သူမ၏ မျက်နှာ နီမြန်းနေသည်ကို မြင်သဖြင့် ကိုယ်ကို ကိုင်းကာ နဖူးကို စမ်းကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ မင်ယွဲ့နှင့် အလွန်နီးကပ်သွားသဖြင့် အသက်ပင် ရှူရန် မေ့သွားတော့သည်။

“ဟင့်အင်း... ကျေးဇူးတင်ပါတယ်ရှင့်”

မိန်းကလေးက ရှက်ရှက်နှင့် နောက်သို့ ဆုတ်လိုက်သော်လည်း ထိုင်ခုံနှင့် ကပ်နေသဖြင့် ရှောင်လွှဲ၍ မရနိုင်ချေ။ မင်ယွဲ့သည် သူမ အဆင်ပြေသည်ကို မြင်မှသာ ကားမောင်းထွက်ခဲ့သည်။

ဆေးရုံသို့ ရောက်သောအခါ ဆရာဝန်က အကြီးအကျယ် မဟုတ်ကြောင်း ပြောသဖြင့် ဆေးလိမ်းပေးကာ ပြန်လွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်မကိုWeChat မှာ add ထားလို့ ရမလား”

ထိုမိန်းကလေးမှာ နောင်တွင် ကျေးဇူးဆပ်ချင်သဖြင့် မင်ယွဲ့၏ အဆက်အသွယ်ကို တောင်းလိုက်သည်။ သူမသည် ယန်ကျင်း တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ဖြစ်ပြီး ယနေ့ ကျောင်းပိတ်သဖြင့် အပြင်ထွက်လာစဉ် ဤကဲ့သို့ ကြုံတွေ့ရခြင်း ဖြစ်သည်။

မင်ယွဲ့သည် ထိုမိန်းကလေးကို ကျောင်းအထိ လိုက်ပို့ပေးပြီးနောက် သူမလည်း ကျောင်းသို့ ပြန်လာခဲ့သည်။ လမ်းတွင် အလွန် အလျင်လိုနေသော ပရော်ဖက်ဆာ ယန် နှင့် တိုးတော့သည်။

“ဆရာ”

မင်ယွဲ့က နှုတ်ဆက်လိုက်သည်။

“မင်း လာတာ အတော်ပဲ၊ ငါ့ကား ပျက်နေလို့ ငါ့ကို အစည်းအဝေး တစ်ခုကို လိုက်ပို့ပေးစမ်းပါ”

မင်ယွဲ့သည် ဆရာ့ကို တင်ဆောင်၍ သတ်မှတ်ထားသော နေရာသို့ မောင်းနှင်ခဲ့သည်။

“ဆရာ... ကျွန်မပါ အထဲကို လိုက်ခဲ့ရမလား”

မင်ယွဲ့သည် ဤအစည်းအဝေးမှာ ဘဏ္ဍာရေးနှင့် မသက်ဆိုင်ဘဲ မြို့သစ် စီမံကိန်းနှင့် ပတ်သက်သော တင်ဒါကိစ္စများ ဖြစ်ကြောင်း သိရှိထားသည်။

“ရပါတယ်၊ ဝမ့် လည်း ရောက်မလာသေးတော့ မင်းပဲ ငါ့အနားမှာ နေပေးပါ”

ပရော်ဖက်ဆာ ယန်က ပြောသော ဝမ့်မှာ သူ၏ လက်ထောက် ဖြစ်သည်။ သူတို့ အထဲသို့ ဝင်သွားသောအခါ လူအချို့က လာရောက် နှုတ်ဆက်ကြသည်။

“ယန်... မတွေ့တာ ကြာပြီနော်”

“ဒါ ရှောင်ဝမ့် မဟုတ်ဘူးလား၊ နောက်ထပ် လက်ထောက် အသစ်တစ်ယောက် ထပ်ရပြန်ပြီပေါ့”

လူတစ်ဦးက မင်ယွဲ့ကို ကြည့်ကာ မေးလိုက်

သည်။

“ဒါက ကျွန်တော့်ရဲ့ တပည့်ပါ”

ပရော်ဖက်ဆာ ယန်၏ တပည့်ဟု ဆိုလျှင် အတန်းထဲမှ သာမန် ကျောင်းသားများ မဟုတ်ကြောင်း လူတိုင်း သိကြသည်။ ထို့ကြောင့် သူတို့က မင်ယွဲ့ကို ချီးကျူးစကားများ ဆိုကြတော့သည်။

ဤအစည်းအဝေးမှာ မြို့ဟောင်း ပြန်လည် ပြုပြင်ရေးနှင့် ပတ်သက်သော တင်ဒါ ကိစ္စရပ်များ ဖြစ်သည်။ လုပ်ငန်းရှင်များနှင့် ပညာရှင်များစွာ စုဝေးကာ မည်သို့ လုပ်ဆောင်ကြမည်ကို ဆွေးနွေးကြမည် ဖြစ်သည်။

မင်ယွဲ့သည် သူမ၏ ဆရာ့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် သူမအနေဖြင့် နှိမ့်ချစွာ နေထိုင်ခြင်းမှာ အကောင်းဆုံးသော အပြုအမူပင် ဖြစ်သည်။

All Chapters