အခန်း (၃၆၁-၃၆၅)
Vol. 37 Ch. 361-365
အခန်း (၃၆၁) ဖုံးကွယ်ထား၍ မရနိုင်တော့ပြီ
"ကောင်းပါပြီ ကိုကိုရယ်၊ ကျွန်မက ဘာအန္တရာယ်ရှိမှာမို့လို့လဲ၊ စိတ်မပူပါနဲ့နော်"
မင်ယွဲ့သည် မိုဟန်ကျီ၏ ပန်းကန်ထဲသို့ ဟင်းတစ်ဖဲ့ ထည့်ပေးလိုက်ရင်း ချော့မော့လိုက်သည်။
မိုဟန်ကျီသည် သူမအပေါ် စိုးရိမ်စိတ်ကြီးလွန်းသဖြင့် စကားပင် သိပ်မပြောနိုင်ဘဲ သူမထည့်ပေးသော ဟင်းကိုသာ ငုံ့စားနေမိသည်။
"အလုပ်အကြောင်းပဲ အမြဲတွေးမနေပါနဲ့၊ ပိုက်ဆံဆိုတာ အပြင်ပန်းအရာတွေပါ၊ ကိုယ့်ကျန်းမာရေးကို ထိခိုက်တဲ့အထိ အလုပ်မလုပ်ပါနဲ့ဦး"
ဟု မင်ယွဲ့က သတိပေးလိုက်သည်။
သူမ မရှိသည့်အခါ သူသည် အရင်ကကဲ့သို့ အလုပ်ကိုသာ ဖက်တွယ်နေမည့် အလုပ်ကြူးသူ ဘဝသို့ ပြန်ရောက်သွားမည်ကို စိုးရိမ်နေမိသည်။
မိုဟန်ကျီအတွက်မူ သူ၏ အေးစက်သော ဘဝထဲသို့ မင်ယွဲ့ ရောက်ရှိလာခြင်းမှာ အမှောင်ထုထဲတွင် လမင်းကြီး ထွန်းလင်းလာသကဲ့သို့ပင်။ သူမကို မြင်လိုက်ရသည့်အခါတိုင်း သူ၏ နှလုံးသားမှာ ပြင်းပြသော ချစ်ခြင်းမေတ္တာတို့ဖြင့် ခုန် လှုပ်နေတတ်သည်။
"ကောင်းပါပြီ... ကိုယ် ဂရုစိုက်ပါ့မယ်"
"အစာကိုလည်း အချိန်မှန်စားနော်၊ ကျန်းမာရေးက အရာအားလုံးရဲ့ အခြေခံပဲ၊ ဒါမှ ကျွန်မနဲ့အတူ တစ်သက်လုံး အိုအောင်မင်းအောင် ပေါင်းရမှာလေ"
သူမ၏ စကားကို သူသည် နူးညံ့စွာဖြင့် အကြွင်းမဲ့ လက်ခံလိုက်သည်။
မင်ယွဲ့သည် စိတ်မချနိုင်သေးသဖြင့် ယွမ်ပေါ့ကို သူနှင့်အတူ ထားခဲ့ကာ စောင့်ကြည့်ခိုင်းထားမည်ဟု ဆိုရာ မိုဟန်ကျီမှာ သဘောကျစွာ ပြုံးလိုက်မိသည်။
ပုံမှန်အားဖြင့် ပြုံးခဲလှသော ထိုသူ၏ အပြုံးမှာ ဆောင်းဦးနှင်းများ အရည်ပျော်ကျသွားသကဲ့သို့ ကြည့်ကောင်းလွန်းလှသည်။
ခရီးသွားရမည့်နေ့တွင် မိုဟန်ကျီသည် မင်ယွဲ့ကို လေဆိပ်အထိ လိုက်ပို့ချင်သော်လည်း သူမက ငြင်းဆန်ခဲ့သည်။
"ဆရာနဲ့ စီနီယာတွေ အားလုံး အတူတူသွားမှာပဲလေ၊ ကိုကို လိုက်ပို့နေရင် လူမြင်မကောင်းဘူး"
ဟု ဆိုကာ သူမက ချော့မော့၍ နှုတ်ဆက်ခဲ့သည်။
မင်ယွဲ့တို့အဖွဲ့ လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ကားပေါ်သို့ ရောက်သည်နှင့် သူမသည် မိုဟန်ကျီထံသို့ ဘေးကင်းကြောင်း သတင်းပို့လိုက်သည်။
သူမ၏ မျက်နှာပေါ်မှ ချိုမြိန်သော အပြုံးကို မြင်လိုက်ရသည့် ဆရာယန်က
“ချစ်သူကို လွမ်းနေတာလား”
ဟု စနောက်လိုက်သည်။
"ဆရာကလည်း..."
မင်ယွဲ့မှာ ရှက်သွေးဖြာသွားရသည်။
"ဟားဟား... ရှက်မနေပါနဲ့၊ မင်းမှာ ချစ်သူရှိတာ ငါတို့လည်း ကြားထားပါတယ်"
ဟု ဆရာယန်က ဆိုသည်။
ထိုစဉ် စီနီယာကျောက်က စပ်စုချင်စိတ်ဖြင့်
"ဆရာ... ယွဲ့ယွဲ့ရဲ့ ချစ်သူက ဘယ်သူလဲ သိလား”
ဟု မေးလိုက်သည်။
ဆရာယန်က မသိကြောင်း ပြန်ဖြေသည့်အခါ စီနီယာကျောက်က
"ကျွန်တော်တို့ကို ဓာတ်ခွဲခန်း လှူဒါန်းခဲ့တဲ့ ရှင်းယောင်အုပ်စုရဲ့ ဥက္ကဋ္ဌ မိုဟန်ကျီလေ ဆရာ"
ဟု အဖြေကို တိုက်ရိုက်ပြောချလိုက်တော့သည်။
ဆရာယန်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်တော့ပေ။ သို့သော် သူသည် ထူးချွန်သော ပညာရှင်တစ်ဦးပီပီ လျင်မြန်စွာပင် တည်ငြိမ်သွားကာ
"ဒါကြောင့်ကိုး... အရင်ကတည်းက အရိပ်အယောင်တွေ ရှိသားပဲ၊ ငါကတော့ ကန်းနေတာပဲ"
ဟု ဆိုကာ သူ၏ တပည့်မလေးအတွက် ဝမ်းသာဂုဏ်ယူနေမိသည်။
ဟိုတယ်သို့ ရောက်သောအခါ မမျှော်လင့်ဘဲ ပြဿနာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ သူတို့ ကြိုတင်မှာယူထားသော အခန်းများကို အရေးကြီးသော ဧည့်သည်များအတွက်ဟု ဆိုကာ ဟိုတယ်ဝန်ထမ်းများက ဖယ်ခိုင်းနေခြင်းပင် ဖြစ်သည်။
"ကျွန်တော်တို့ အခန်းခပေးထားပြီးသားပါ၊ ခင်ဗျားတို့ ကျွန်တော်တို့ကို နှင်ထုတ်ရင် တိုင်ကြားမယ်"
ဟု စီနီယာကျောက်က ဒေါသတကြီး ပြောလိုက်သည်။
"စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ဆီမှာ အရေးကြီးတဲ့ ဧည့်သည်တွေ ရောက်နေလို့ပါ၊ အခန်းခရဲ့ သုံးဆကို လျော်ကြေးပြန်ပေးပါ့မယ်"
ဟု ဝန်ထမ်းက ရိုင်းစိုင်းစွာ ဆိုသည်။
မင်ယွဲ့သည် ဤအရာမှာ ယခင်က ပြဿနာဖြစ်ခဲ့ဖူးသော ဝူဟောက်၏ လက်ချက်ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ ဝန်ထမ်းများက လျော်ကြေးကို ငါးဆအထိ တိုးပေးမည်ဟု ဆိုကာ အနိုင်ကျင့်လိုသော အမူအရာဖြင့် ပြောဆိုလာသည့်အခါ မင်ယွဲ့၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။
"အဘိုးကြီး ဝူဟောက်... ဒီလောက်အထိ ယုတ်မာလိမ့်မယ်လို့ ထင်မထားဘူး"
ဟု ဆရာယန်က ဒေါသတကြီး ရေရွတ်လိုက် သည်။
"ဆရာ... ကျွန်မ အခန်းထဲကို အရင်ဝင်ကြရအောင်"
မင်ယွဲ့သည် သူမ၏ အခန်းကတ်ဖြင့် တံခါးကိုဖွင့်ကာ ဝန်ထမ်းကို လျစ်လျူရှုပြီး အထဲသို့ ဝင်သွားလိုက်သည်။ သူမ၏ တည်ငြိမ်လှသော အရှိန်အဝါအောက်တွင် ဟိုတယ်ဝန်ထမ်းများမှာလည်း ဘာဆက်လုပ်ရမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့တော့သည်။
မင်ယွဲ့၏ စိတ်ထဲတွင်မူ ဤကဲ့သို့သော အနိုင်ကျင့်မှုကို မည်သို့ ပြန်လည် တုံ့ပြန်ရမည် နည်းဟူသော အစီအစဉ်များ စတင် ပြင်ဆင်နေပြီဖြစ်သည်။
အခန်း (၃၆၂) အတူတူပင်ဖြစ်သော လူစားမျိုးများ
"ဒေါသထွက်လိုက်တာ... တကယ်ကို ဒေါသထွက်ဖို့ကောင်းတယ်”
စီနီယာကျောက်၏ ဆဲဆိုသံများမှာ ရပ်တန့်မသွားပေ။
"ဒါ ဘယ်လိုလူစားတွေလဲ ငါတို့ကို နှင်ထုတ်ဖို့ ဘယ်လိုတောင် သတ္တိရှိရတာလဲ၊ မထွက်ဘူးကွာ... သူတို့ ဘာလုပ်ရဲလဲ ကြည့်ရသေးတာပေါ့"
သူတို့အနေဖြင့် ဤနေရာမှ ထွက်ခွာသွားရန် လုံးဝဆန္ဒမရှိကြပေ။
ဤဟိုတယ်မှာ ပွဲစီစဉ်သူများက သတ်မှတ်ပေးထားခြင်းဖြစ်ရာ အကယ်၍ ယနေ့သာ အရှုံးပေး၍ ထွက်သွားပါက မနက်ဖြန်ပွဲတွင် လှောင်ပြောင်စရာ ဖြစ်လာပေလိမ့်မည်။
မင်ယွဲ့သည် သူမ၏ ဖုန်းကို ကိုင်ထားရင်း သရော်ပြုံး ပြုံးလိုက်မိသည်။
"ဟင်... ယွဲ့ယွဲ့ နင် တစ်ချိန်လုံး ဗီဒီယိုရိုက်ထားတာလား”
ဟု စီနီယာကျောက်က အံ့ဩတကြီး မေးလိုက် သည်။
မင်ယွဲ့က ဘာမှမပြောဘဲ ပြုံးနေစဉ်မှာပင် အပြင်မှ တံခါးကို ဝုန်းကနဲ ဖွင့်လိုက်သဖြင့် သူမသည် ဖုန်းကင်မရာကို ချက်ချင်းပင် တံခါးဘက်သို့ ချိန်လိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် လူမိုက်ငါးဦးမှာ အခန်းထဲသို့ ခြိမ်းခြောက်သောအမူအရာဖြင့် ဝင်ရောက်လာကြသည်။
"ဘာလုပ်တာလဲ ဥပဒေဆိုတာ မရှိတော့ဘူးလား”
ဟု စီနီယာကျောက်က အသံကုန်ဟစ်ကာ သရုပ်ဆောင်ကောင်းပီပီ
"အား... ကိုယ်တွေလက်တွေ နာလိုက်တာ၊ ကျွန်တော့်ခြေထောက် ကျိုးသွားပြီထင်တယ်"
ဟု အော်ဟစ်ကာ ကြမ်းပြင်ပေါ်သို့ ပုံလဲကျသွားတော့သည်။
ဟိုတယ်လုံခြုံရေးဝန်ထမ်းတစ်ဦးက ဒေါသတကြီးဖြင့် လက်သီးဖြင့် ထိုးရန် ပြင်လိုက်စဉ် မင်ယွဲ့သည် စားပွဲပေါ်ရှိ ပန်းသီးတစ်လုံးကို လျှပ်တစ်ပြက် လှမ်းပစ်လိုက်သည်။
ထိုပန်းသီးမှာ ကျောက်တုံးကြီးတစ်ခုအလား ထိုသူ၏ နဖူးကို ထိမှန်သွားပြီး သူသည် မျက်လုံးများ ပြူးကာ ကြမ်းပြင်ပေါ်သို့ တည့်တည့်ကြီး မှောက်ခုံလဲကျသွားတော့သည်။
"အရာရှိရှင့်... လျူယွန်းဟိုတယ်က ကျွန်မတို့ရဲ့ စားသုံးသူအခွင့်အရေးကို ချိုးဖောက်ရုံတင်မကဘဲ အကြမ်းဖက်ပြီး နှင်ထုတ်ဖို့ ကြိုးစားနေပါတယ်၊ ကျွန်မ သူတို့ကို တရားစွဲချင်ပါတယ်”
မင်ယွဲ့၏ အေးစက်လှသော အသံကြောင့် လူမိုက်များမှာ တန့်သွားကြသည်။
သူမက ရဲတိုင်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူတို့မှာ ဒေါသတကြီးဖြင့် ပြန်လည် ထွက်ခွာသွားကြတော့သည်။
ဟိုတယ်မန်နေဂျာသည် အခြေအနေကို သိရှိသွားသည်နှင့် စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို ချက်ချင်းဖျက်ဆီးစေကာ မျက်မြင်သက်သေများကို ပါးစပ်ပိတ်ရန် ကြိုးစားတော့သည်။ ထို့နောက် သူသည် သူ၏ အထက်လူကြီး 'သခင်လေးလျူ' ထံသို့ အစီရင်ခံလိုက်သည်။
သခင်လေးလျူသည် ဆေးလိပ်ကို ခပ်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ရင်း မကောင်းဆိုးဝါးအလား ပြုံးလိုက်သည်။
"ဝူဟောက်ကတော့ ပြဿနာရှာပြန်ပြီ၊ ဒါပေမဲ့ ခုနက ရဲတိုင်တဲ့ မိန်းကလေးက တော်တော်လေး လှတာပဲ... စိတ်ဝင်စားဖို့ကောင်းတယ်"
သူ၏ မျက်ဝန်းထဲတွင် ထိုအလှတရားကို ဖျက်ဆီးလိုသော ရမ္မက်ဆန္ဒများ ပြည့်နှက် နေသည်။
မကြာမီမှာပင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်။ ဟိုတယ်မန်နေဂျာမှာ အပြုံးမပျက်ဘဲ
"အရာရှိတို့... ဒါက နားလည်မှုလွဲတာပါ၊ ကျွန်တော်တို့က ဥပဒေကို လေးစားတဲ့ လုပ်ငန်းရှင်တွေပါ"
ဟု လိမ်လည်ထွက်ဆိုနေသည်။
သို့သော် မင်ယွဲ့က သူမ၏ ဖုန်းထဲမှ မှတ်တမ်းတင်ထားသော ဗီဒီယိုကို ထုတ်ပြလိုက်သည့်အခါ မန်နေဂျာ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
သူသည် စောင့်ကြည့်ကင်မရာများ ပျက်နေပါသည်ဟု အကြောင်းပြသော်လည်း ရဲအရာရှိမှာ မင်ယွဲ့ဘက်က အထောက်အထားများကြောင့် သံသယဝင်နေပြီဖြစ်သည်။
"အရာရှိရှင့်... CCTV က ပျက်နေတာ မဟုတ်ပါဘူး၊ သူတို့ ရည်ရွယ်ချက်ရှိရှိ ဖျက်ပစ်လိုက်တာပါ"
ဟု မင်ယွဲ့က တည်ငြိမ်စွာ ဆိုသည်။
ရဲအရာရှိသည် အခြေအနေကို သုံးသပ်ကြည့်ပြီးနောက် အထောက်အထား မခိုင်လုံသေးသဖြင့် သီးသန့်ညှိနှိုင်းကြရန် အကြံပြုသည်။
သို့သော် မင်ယွဲ့၏ မျက်ဝန်းထဲတွင်မူ လက်လျှော့မည့် အရိပ်အယောင် လုံးဝမရှိပေ။ သူမသည် သူမ၏ ရည်မှန်းချက်အတိုင်း ဤမတရားမှုကို အမြစ်ပြတ်အောင် ချေမှုန်းရန် ဆုံးဖြတ်ထားပြီး ဖြစ်တော့သည်။
"ကျွန်မတို့ ပုဂ္ဂိုလ်ရေးအရ ညှိနှိုင်းမှာ မဟုတ်ပါဘူး... ဥပဒေအတိုင်းပဲ ဆက်သွားပါ့မယ်"
အခန်း (၃၆၃) လူမှုကွန်ရက်ထက်မှ ရိုက်ခတ်မှုများ
"ကျွန်မ သူတို့ကို တရားစွဲမှာပါ၊ ဥပဒေရဲ့ ဆုံးဖြတ်ချက်ကိုပဲ ခံယူမယ်၊ ပုဂ္ဂိုလ်ရေးအရ စေ့စပ်ညှိနှိုင်းဖို့ လုံးဝ စိတ်ကူးမရှိဘူး၊ သူတို့ရဲ့ လုပ်ရပ်ကြောင့် ကျွန်မ ရုပ်ပိုင်းဆိုင်ရာရော စိတ် ပိုင်းဆိုင်ရာပါ ထိခိုက်နစ်နာခဲ့ရတယ်"
စီနီယာကျောက်သည် ဒေါသကို ထိန်းမရဘဲ တောက်ခေါက်လိုက်မိသည်။
စောင့်ကြည့်ကင်မရာ မှတ်တမ်းများကိုပင် ဖျက်ဆီးရဲသော ထိုသူများ၏ ယုတ်မာမှုမှာ ဖော်ပြ၍ပင် မရနိုင်တော့ပေ။ နောက်ကွယ်မှ ကြိုးကိုင်သူကို ချက်ချင်း လက်ပူးလက်ကြပ် မမိသေးလျှင်ပင် ရှေ့တန်းမှနေ၍ အနိုင်ကျင့်ခဲ့သော ထိုလူမိုက်များကိုမူ လွယ်လွယ်နှင့် လွှတ်ပေးရန် အစီအစဉ်မရှိပါ။
"ကျွန်မ တစ်ချက်လောက် ကြည့်ပါရစေ"
မင်ယွဲ့၏ စကားအဆုံးတွင် ရဲအရာရှိက လမ်းဖယ်ပေးလိုက်သည်။ သူမ၏ နူးညံ့သော လက်ချောင်းလေးများသည် ကီးဘုတ်ပေါ်တွင် လိပ်ပြာငယ်လေးများ ပျံဝဲနေသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားတော့သည်။
ကမ္ဘာ့အဆင့်မီ ဟက်ကာပညာရပ်ဖြင့် ခဏချင်းအတွင်းမှာပင် ပျက်စီးနေပါသည်ဆိုသော CCTV မှတ်တမ်းများကို ပြန်လည်ဖော်ထုတ်ပေးလိုက် သည်။
ဟိုတယ်မန်နေဂျာမှာ နဖူးမှ ချွေးစေးများ စီးကျလာကာ သူ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ ယနေ့တွင်ပင် အဆုံးသတ်တော့မည်ကို သိလိုက်ရလေပြီ။ ဤအမှားအတွက် သူသည်သာ အပြစ်တင်ခံရမည့် ဓားစာခံဖြစ်လာတော့မည် မဟုတ်ပါလား။
"စီနီယာ... ဗီဒီယို ပို့လိုက်ပြီနော်"
စီနီယာကျောက်သည် ရရှိလာသော မှတ်တမ်းများကို သူ၏ လူမှုကွန်ရက်စာမျက်နှာထက်သို့
"လျူယွန်းဟိုတယ်ကို သပိတ်မှောက်ကြ" ဟူသော စာသားဖြင့် တင်လိုက်တော့သည်။
ထို့နောက် သူတို့အဖွဲ့သည် ထိုကံဆိုးလှသော နေရာမှ ချက်ချင်းပင် ထွက်ခွာခဲ့ကြသည်။
"ယွဲ့ယွဲ့... ယွမ်ထင်ဟိုတယ်ကို သွားလိုက်ပါ"
မိုဟန်ကျီသည် အဝေးတွင် ရှိနေသော်လည်း အခြေအနေအရပ်ရပ်ကို အချိန်နှင့်တစ်ပြေးညီ သိရှိနေခဲ့သည်။
"ကိုကို ဘယ်လိုသိတာလဲ”
"ဒီမှာ ရှိတဲ့ လူတစ်ယောက်ဆီကနေ ကိုယ် သိလိုက်ရတာပါ"
ဟု သူက ခပ်တိုးတိုး ဆိုသည်။
အမှန်စင်စစ် သူသည် မင်ယွဲ့၏ ဘေးကင်းရေးအတွက် အမြဲမပြတ် နိုးကြားနေခဲ့ခြင်း ဖြစ်သည်။
သူတို့အဖွဲ့ ယွမ်ထင်ဟိုတယ်သို့ ရောက်ရှိသွားချိန်တွင် ခမ်းနားထည်ဝါလှသော နန်းတော်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဥက္ကဋ္ဌကတော် ရှင့်... ကျွန်မတို့ သမ္မတအဆောင်ကို ပြင်ဆင်ပေးထားပါတယ်"
ဟု ဝန်ထမ်းလေးက ရိုသေစွာ ဆီးကြိုလိုက်
သည့်အခါ ဆရာယန်မှာ အံ့ဩသွားပြီးမှ
"ဪ... ယွမ်ထင်ဟိုတယ်က မိုမိသားစုပိုင်တာကိုး" ဟု သဘောပေါက်သွားတော့သည်။
သမ္မတအဆောင် အတွင်းရှိ သားရေဆိုဖာပေါ် တွင် ထိုင်ရင်း စီနီယာကျောက်မှာ
"ငါ့ဘဝမှာ ဒီလိုနေရာမျိုးမှာ ပထမဆုံး နေဖူးတာပဲ၊ ဒါတွေအားလုံးက ငါ့ညီမလေး ကျေးဇူးတွေပေါ့"
ဟု ကျေနပ်အားရစွာ ဆိုသည်။
မင်ယွဲ့သည် လသာဆောင်သို့ ထွက်ကာ မိုဟန်ကျီနှင့် ဖုန်းပြောနေမိသည်။ ပြင်ပမှ လင်းထိန်နေသော မြို့ပြညအလှမှာ သူမ၏ မျက်ဝန်းအိမ်တွင် အရိပ်ထင်နေသည်။
"ကိုကို... ကျွန်မတို့ အဆင်ပြေပြေ ရောက်နေပါပြီ"
ဖုန်းချပြီးနောက် သူမသည် သူမ၏ လက်ပ်တော့ကို ထုတ်ကာ လျူယွန်းဟိုတယ်၏ အရှုပ်တော်ပုံများကို အမည်မဖော်ဘဲ အွန်လိုင်းထက်သို့ ထပ်မံဖြန့်ဝေလိုက်သည်။
ညဉ့်နက်သော်လည်း သတင်းများမှာ တောမီးအလား ပျံ့နှံ့သွားတော့သည်။
နောက်တစ်နေ့ မနက်တွင် မင်ယွဲ့ နိုးလာသောအခါ လျူယွန်းဟိုတယ်၏ လုပ်ရပ်မှာ လူမှုကွန်ရက် တွင် ရေပန်းအစားဆုံး သတင်းဖြစ်နေလေပြီ။
အရင်းရှင်တို့၏ အာဏာရှင်ဆန်သော အနိုင်ကျင့်မှုကို အများပြည်သူတို့က ဒေါသတကြီး ဝေဖန်နေကြသည်။ မင်ယွဲ့၏ နှလုံးသားထဲတွင်မူ ဤသည်မှာ အစမျှသာ ရှိသေးပြီး မတရားမှုကို တုံ့ပြန်မည့် သူမ၏ ရည်မှန်းချက်မှာ ပိုမိုပြတ်သားလာတော့သည်။
"ဒါ အစပဲ ရှိသေးတယ်... ကိုယ့်လုပ်ရပ်အတွက် ကိုယ် ပြန်ပေးဆပ်ရလိမ့်မယ်"
ဟု သူမက တိုးတိတ်စွာ ရေရွတ်လိုက်မိတော့သည်။
အခန်း (၃၆၄) ကျွန်မက ရှင့်ကို အထင်မကြီးဘူး
【 ယွဲ့ယွဲ့... ငါ့ကို ချီးကျူးလိုက်စမ်းပါ၊ ဒါတွေ အားလုံးက ငါ့လက်ချက်တွေပဲ】
စနစ်ဖြစ်သော ယွမ်ပေါ့ လှုပ်ရှားလိုက်လျှင် တစ်ယောက်တည်းနှင့် ဆယ်ယောက်စာ အစွမ်းထက်လှသည်။
၎င်းသည် အင်တာနက်ပေါ်၌ အကောင့်တုပေါင်းများစွာကို ဖန်တီးကာ လျူယွန်းဟိုတယ်၏ အရှုပ်တော်ပုံကို အချိန်နှင့်တစ်ပြေးညီ ပျံ့နှံ့သွားအောင် ကြိုးကိုင်လမ်းညွှန်ခဲ့သည်။ တစ်ညတာအတွင်းမှာပင် အခြေအနေမှာ ထိန်းမရသိမ်းမရ ဖြစ်သွားတော့သည်။
ဟိုတယ်၏ နာမည်ဂုဏ်သတင်းမှာ ထိုးဆင်းသွားရုံသာမက ဒုတိယနေ့၌ပင် အခန်းဖျက်သိမ်းမှုနှုန်းမှာ အံ့မခန်း မြင့်တက်လာခဲ့သည်။
"သခင်လေး... ဒုက္ခပါပဲ၊ မနေ့က ဗီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နေပြီ"
ဟု မန်နေဂျာက အထိတ်တလန့် လာရောက်အစီရင်ခံချိန်တွင် သခင်လေးလျူမှာ ဒေါသကြောင့် သွေးဆူနေလေပြီ။
ဆွေးနွေးပွဲကျင်းပရာ ခန်းမသို့ အသွားလမ်းတွင် စီနီယာကျောက်သည် ဖုန်းကိုကြည့်ကာ အားရပါးရ ရယ်မောနေတော့သည်။
"#လျူယွန်းဟိုတယ်က ဘာလို့ လူတွေကို နှင်ထုတ်တာလဲ ဒါဟာ ကိုယ်ကျင့်တရား ပျက်ပြားမှုလား ဒါမှမဟုတ် လူ့ကျင့်ဝတ် ပျောက်ဆုံးမှုလား#"
ဟူသော ခေါင်းစဉ်များကို သူက အသံကျယ်ာကျယ်ဖြင့် ဖတ်ပြနေသည်။
ခန်းမထဲသို့ ရောက်သောအခါ မမျှော်လင့်ဘဲ ဝူဟောက်နှင့် ထပ်မံဆုံပြန်သည်။ သူသည် အွန် လိုင်းသတင်းများကို မကြည့်ရသေးသဖြင့်
"မနေ့က အိပ်စရာ နေရာမရှိလို့ လမ်းဘေးမှာ အိပ်ခဲ့ရတာလား”
ဟု လှောင်ပြောင်ကျီစယ်လာသည်။
မင်ယွဲ့က စကားနာမထိုးဘဲ သူမ၏ ဖုန်းထဲမှ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို သူ့မျက်ခွက်ရှေ့ ထိုးပြလိုက်သည့်အခါမှသာ ဝူဟောက်၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
ထိုစဉ် ဝတ်စုံပြည့် ဝတ်ဆင်ထားသော သခင်လေးလျူသည် ဝင်ရောက်လာကာ မကောင်းဆိုးဝါးအလား ပြုံးလျက် မင်ယွဲ့ထံသို့ လက်ကမ်းလိုက်သည်။
"မနေ့ကကိစ္စအတွက် တောင်းပန်ပါတယ်၊ ရန်ငြိုးကို အချစ်နဲ့ပဲ ဖြေကြရအောင်လေ"
မင်ယွဲ့သည် သူ၏ လက်ကို မထိမိစေရန် ရှောင်ဖယ်လိုက်ရင်း
"မလိုပါဘူး၊ ကျွန်မက ရှင့်အဆင့်အတန်းနဲ့ မတန်ပါဘူး"
ဟု အေးစက်စွာ တုံ့ပြန်လိုက်သည်။
ဆရာယန်ကလည်း သူမ၏ ရှေ့ကနေ ကာကွယ်ပေးလိုက်သဖြင့် သခင်လေးလျူမှာ ဒေါသတကြီး ထွက်ခွာသွားရတော့သည်။
ခေတ္တအကြာတွင် ဆရာယန်က အသိတစ်ယောက်နှင့် စကားပြောနေစဉ် သခင်လေးလျူသည် မင်ယွဲ့ တစ်ယောက်တည်းရှိရာ ထောင့် တစ်နေရာသို့ ကပ်လာပြန်သည်။
သူ၏ ညစ်ထေးသော မျက်လုံးများက မင်ယွဲ့၏ ခန္ဓာကိုယ်အနှံ့ကို ရမ္မက်ဇောဖြင့် ကြည့် နေသည်မှာ ဖုံးကွယ်၍ပင် မရတော့ပေ။
"မင်ယွဲ့လေး... စကားစမြည် ပြောကြရအောင်လေ"
ဟု ဆိုကာ သူက ခွင့်ပြုချက်မတောင်းဘဲ ဝင် ထိုင်လိုက်သည်။
"ကျွန်မက 'မရဘူး' လို့ ပြောရင် ရှင် ထွက်သွားပေးမှာလား”
ဟု မင်ယွဲ့က လက်ထဲမှ သစ်သီးစားသော ခက်ရင်းကို တင်းတင်းဆုပ်ရင်း မေးလိုက်သည်။
သခင်လေးလျူသည် သူမကို ငွေကြေးဖြင့် သိမ်းသွင်းနိုင်မည်ဟု ထင်မှတ်ကာ
"ပိုက်ဆံ ဘယ်လောက်လိုချင်လဲ ဈေးသာပြောလိုက်စမ်းပါ”
ဟု စော်ကားမော်ကား ပြောဆိုလာသည်။
မင်ယွဲ့သည် ဒေါသကြောင့် ရယ်ပင်ရယ်ချင်သွားတော့သည်။ ဤသူသည် သူမ၏ ပိုင်ဆိုင်မှုမှာ ယန်ကျင်းမြို့အရှေ့ပိုင်းရှိ စီးပွားရေးလမ်းမတစ်ခုလုံးကို ပိုင်ဆိုင်ထားသည်ကို သိပုံမရပေ။
"ရှင် ကျွန်မကို ပိုက်ဆံနဲ့ စော်ကားနေတာလား”
သူမသည် စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ယူကာ သူ၏ မျက်နှာတည့်တည့်သို့ ပက်လိုက် တော့သည်။
"ရှင် ဘယ်သူလဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ရှင်ကတော့ ကျွန်မရဲ့ မျက်စိထဲမှာ ဘာမှမဟုတ်တဲ့ အမှိုက်တစ်စပဲ"
စီနီယာကျောက်နှင့် စီနီယာလျူဝေတို့ကလည်း မင်ယွဲ့ဘက်မှ ရပ်တည်ကာ ကာကွယ်ပေးကြသည်။
မင်ယွဲ့၏ မျက်ဝန်းထဲတွင်မူ ဤကဲ့သို့သော လူမှုအမှိုက်သရိုက်များကို မည်သို့ အမြစ်ပြတ်အောင် ချေမှုန်းရမည်နည်းဟူသော ရည်မှန်းချက်မှာ ပိုမိုပြတ်သားလာတော့သည်။ သူမ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အောင်မြင်မှုနှင့် အာဏာကို အသုံးချကာ ဤကဲ့သို့သော အနိုင်ကျင့်တတ်သူများကို သင်ခန်းစာ ပေးရပေလိမ့်မည်။
အခန်း (၃၆၅) သူတို့၏ယုတ်မာမှုများ
မင်ယွဲ့၏မျက်လုံးရှေ့တွင် သူမတစ်ဦးတည်းသာ မြင်နိုင်သော အီလက်ထရွန်းနစ်မျက်နှာပြင်သည် တိတ်တဆိတ် တောက်ပလင်းလက်နေသည်။
အလင်းရောင်အောက်တွင် သူမ၏မျက်ဝန်းအရောင်သည် အေးစက်စွာ တည်ငြိမ်လျက်—
မင်ယွဲ့က ယွမ်ပေါ့ကို အမိန့်ပေးလိုက်သည်။
【လျူယွန်းဟိုတယ်ရဲ့ အခွန်ရှောင်မှုအထောက်အထားတွေကို တင်လိုက်ပါ
ပြီးတော့ လျူမျိုးနွယ်အမည်နဲ့ ဒီလူက အရွယ်မပြည့်သေးတဲ့ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ အထောက်အထားတွေပါ တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ပါ
မိန်းကလေးတွေ့ မျက်နှာကိုတော့ မဖြစ်မနေ မျက်နှာဖုံးထားရမယ်】
【လက်ခံပြီးပါပြီ】
ယွမ်ပေါ့ လှုပ်ရှားသွားသည်နှင့်အမျှ
မင်ယွဲ့၏စိတ်သည် ထူးထူးခြားခြား တည်ငြိမ်သွားသည်။
သူမက ကုလားထိုင်ပေါ်တွင် လွတ်လပ်စွာထိုင်လျက် လက်ချောင်းများဖြင့် စားပွဲမျက်နှာပြင်ကို ပေါ့ပါးစွာ ထုတီးနေသည်။
အသံမထွက်ပေမယ့် ထိုအသံသည် အချိန်ကို ရေတွက်နေသကဲ့သို့ ဖြစ်သည်။
လျူရှောင်ကတော့ သူမ၏စိတ်အခြေအနေပြောင်းလဲမှုကို မသိရှိနိုင်ခဲ့။
သူမ နူးညံ့လာပြီ၊ လက်လွတ်သွားပြီဟုသာ ထင်မှတ်နေသည်။
“ဝူဟာအို ဘယ်သွားသွားလဲ”
မင်ယွဲ့က အလေးမထားသလို မေးလိုက်သည်။
အသံလေသံမှာ ပေါ့ပါးလွန်းလှသည်။
“သူ အစောကြီး ပြန်သွားရတယ်”
အမှန်မှာတော့—
ဝူဟာအိုကို လျူရှောင်က ရိုက်နှက်ထားပြီးဖြစ်သည်။ အရှက်တရားကြောင့် ဝူဟာအို မျက်နှာမပြနိုင်တော့သဖြင့် ထပ်မံ မဝင်လာနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
ဝူဟာအိုက မိမိကိုယ်ကို မိတ်ဆွေတစ်ဦးဟု ထင်နေသော်လည်း လျူရှောင်၏အမြင်ထဲတွင်တော့ သူသည် ခေါ်လိုက်လျှင် လာရမည့် ခွေးတစ်ကောင်သာ ဖြစ်သည်။
အခြေအနေ တည်ငြိမ်သွားသည်ကို မြင်ပြီး
ဇာအိုအကြီးကလည်း ထပ်မံ မပြောတော့ပေ။
အစည်းအဝေးသည် တရားဝင် မစတင်သေးသဖြင့် ယခုအချိန်မှာတော့ လူတိုင်း လွတ်လပ်စွာ ပြောဆိုဖလှယ်နေကြချိန်ဖြစ်သည်။
လျူရှောင်က မိမိ၏ ကြွယ်ဝမှုကို ဆက်တိုက် ဖော်ပြလျက် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ယုံကြည်နေသည်။
ထိုအချိန်တွင်—
【ယွဲ့ယွဲ့… ပြီးပါပြီ】
အသံတစ်သံသည် သူမ၏စိတ်ထဲတွင် ပေါ်လာသည်။
မင်ယွဲ့ ချက်ချင်း ခေါင်းမော့လိုက်သည်။
မျက်နှာချင်းဆိုင်ထိုင်နေသော လျူရှောင်သည်
မင်ယွဲ့၏အလှကို တစ်ကြိမ်ထက်မက မြင်ပြီးသားဖြစ်သော်လည်း ယခုအခါမှာတော့ မထိန်းနိုင်အောင် အံ့အားသင့်နေဆဲ။
“အိုး…”
မင်ယွဲ့က ပေါ့ပါးနူးညံ့သော ရယ်သံတိုတစ်သံ ထုတ်လိုက်သည်။
ထိုရယ်သံသည် လျူရှောင်၏ စိတ်ကို မူးဝေစေခဲ့သည်။
သူမ နောက်ဆုံးတော့ ကျရောက်လာပြီဟု ထင်မှတ်သွားသည်။
“လျူလူကြီးမင်း၊ အရင်ပြန်ပြီး ဒီကိစ္စကို ဖြေရှင်းလိုက်တာ ကောင်းမယ်ထင်တယ်”
လျုယွန်းဟိုတယ်မှာ တစ်ခုခုဖြစ်နေပုံပဲ…
အိုး— မဟုတ်ဘူး၊ ပြဿနာကြုံနေရတာက လူကြီးမင်းကိုယ်တိုင်ပဲ”
ဇာအိုအကြီးက ပထမဆုံး သဘောပေါက်သွားသူဖြစ်ပြီး
ဖုန်းကို ချက်ချင်း ထုတ်လိုက်သည်။
နောက်တစ်ခဏအတွင်း ဝမ်းသာစွာ လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။
“လျူလူကြီးမင်း၊ ဒီတစ်ခါတော့ ပြီးပါပြီ”
အစကတည်းက သူ့ကို မကြိုက်သူများဖြစ်သဖြင့်
အခုလို ကံဆိုးကြုံရသည်ကို မြင်ရတာ
သူတို့အတွက် အလွန်အမင်း ဝမ်းသာစရာဖြစ်သည်။
“ဘာကို ဆိုလိုတာလဲ”
လျူရှောင်၏ မျက်နှာသည် မဲမှောင်သွားသည်။
သူတို့အားလုံးက သူ့ကို မလေးစားဘဲ လှောင်ပြောင်နေသည်ဟု ခံစားရသည်။
“ဆိုလိုတာက— အခုကစပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုအောက်မှာ နေရတော့မယ်ဆိုတာပဲ
ဂုဏ်ယူပါတယ်”
မင်ယွဲ့က အေးစက်စွာ ရယ်သွားသည်။
ယခုအချိန်တွင် ခန်းမအတွင်းရှိ လူအများစုက သတင်းကို မြင်ပြီးသားဖြစ်ကြသည်။
လျူလူကြီးမင်းကို သိသူများက လက်ညှိုးထိုးကာ တိတ်တိတ်လေး ပြောဆိုနေကြသည်။
လျူရှောင် နောက်ဆုံးတော့ အရာရာကို သဘောပေါက်သွားသည်။
ဖုန်းကို ထုတ်ကြည့်လိုက်တော့ အသံပိတ်ထားမိပြီးခေါ်ဆိုမှုများစွာ လွတ်သွားခဲ့သည်။
သူ ချက်ချင်း ပြန်ခေါ်လိုက်သည်။
“မင်းလို အင်အားမရှိတဲ့ကောင်က ဘာလုပ် လိုက်တာလဲ လျူမိသားစုရဲ့ မျက်နှာကို အပြည့်အဝ ဖျက်ဆီးလိုက်ပြီ ငါ့မှာ မင်းလိုသား မရှိဘူး”
“အဖေ—”
ဟု မခေါ်မီပင်
ဆဲဆိုသံများက နားထဲကို အပြင်းအထန် ဝင်ရောက်လာပြီး ခဏအကြာမှာ ဖုန်းကို ချထားလိုက်သည်။
လျူရှောင် မသိမသာ တုန်လှုပ်သွားသည်။
ထိုအချိန်မှာပင် ဖုန်းတွင် သတင်းအသစ်တစ်ခု ပေါ်လာသည်။
“မနေ့က လျိုယွင်ဟိုတယ် ဖြစ်ရပ်သည် သက်ရောက်မှုကြီးမားခဲ့ပြီး
ယနေ့တွင်တော့ ပိုင်ရှင် လျိုသည်
အရွယ်မပြည့်သေးသော မိန်းကလေးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့်
ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်…”
လျူရှောင် လုံးဝ မျက်စိလည်သွားသည်။
ယခုမှ လူအားလုံး ဘာကြောင့် သူ့ကို ကြည့်နေကြသလဲ နားလည်သွားသည်။
နှလုံးခုန်သံသည် နားထဲအထိ ကြားရလောက်အောင် မြန်ဆန်လာသည်။
သူ မင်ယွဲ့ကို ကြည့်လိုက်သည်။
သူမက ရယ်နေသည်—
အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်။
“မင်းလုပ်တာလား… မင်းပဲလား”
သူ ယုံမရ။ သူ ခြေထောက်နဲ့ ဖိနင်းခဲ့တဲ့ ပိုးမွှားတွေက
တစ်နေ့ ဒီလို ပြန်ကိုက်နိုင်မယ်လို့ မထင်ခဲ့။
မနေ့ကမှ စတွေ့ခဲ့ပြီး ဒီနေ့မှာပဲ သူ့ဘဝတစ်ခုလုံး ပြိုကွဲသွားရတာ ဒီမိန်းမကြောင့်ပဲ။
အရင်က သူမ၏ အလှကို နှစ်သက်ခဲ့ပေမယ့်
ယခုအခါ သူမကို ကြည့်လိုက်တိုင်း
အပြင်းအထန် ကြောက်ရွံ့ခြင်းသာ ခံစားရသည်။
မင်ယွဲ့၏ အပြုံးသည်
သူ့အတွက် အဆိပ်တစ်မျိုးကဲ့သို့ ဖြစ်လာခဲ့သည်။
အွန်လိုင်းပေါ်တွင် အထောက်အထားများ အလွန်များနေပြီး ဒီကိစ္စသည် ရာဇဝတ်မှုအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ပုဂ္ဂိုလ်ရေးဖြေရှင်းရန် လမ်းမရှိတော့။
သူ ထွက်ပြေးဖို့ စီစဉ်လိုက်သည်။
နိုင်ငံခြားကို သွားနိုင်ရင်—
ပိုက်ဆံရှိသရွေ့ ဘယ်နေရာမှာမဆို အသက်ရှင်နိုင်မယ်လို့ ထင်ခဲ့သည်။
သို့သော်—
အစီအစဉ် မအောင်မြင်ခဲ့။
သူ့ကို ဖမ်းဆီးရန် လာရောက်သော အဖွဲ့သားများ ရောက်လာပြီးဖြစ်သည်။
“လျူလူကြီးမင်း၊ စုံစမ်းစစ်ဆေးမှုနဲ့ ပူးပေါင်းပါရန် တောင်းဆိုပါတယ်”
လျူရှောင် ထွက်သွားပြီးနောက်
ခန်းမတစ်ခုလုံး ဆူညံသွားသည်။
“လျူမိသားစုရဲ့ ကံကြမ္မာက ဒီလို သားဆိုးကြောင့်ပဲ ပြီးဆုံးသွားတာ”
“ဟုတ်တယ် မနေ့ကနေ ဒီနေ့အထိ တစ်နေ့အတွင်းပဲ ပြိုကွဲသွားတာ…ဘယ်သူမှ မပစ်မှတ်ထားဘူးဆိုတာ မယုံနိုင်ဘူး”