အခန်း (၃၂၆-၃၃၀)
Vol. 33 Ch. 326-330
အခန်း (၃၂၆) ကျေးဇူးတရား
နက်မှောင်သော နောက်ခံအရောင်မှာ ခန့်ညားထည်ဝါပြီး တည်ကြည်လေးနက်သည့် အသွင်ကို ဆောင်ကြဉ်းပေးနေကာ ဘေးပတ်လည်တွင်မူ အပြာရောင်ဖြင့် ကောက်ကြောင်းဖော်ထားသော မင်္ဂလာရှိသည့် တိမ်တိုက်များနှင့် ကြိုးကြာရုပ်များက လှပစွာ ဝန်းရံထားသည်။
"ဒါ တကယ်ကို ငွေကုန်ကြေးကျများမှာပဲ"
ဆိုင်းဘုတ်၏ အရည်အသွေးနှင့် လက်ရာမှာ မြင်သူတိုင်း အံ့ချီးရလောက်အောင်ပင် ကောင်းမွန်လှသည်။
ရွာအတွင်းရှိ လက်သမားဆရာများမှာမူ ဤသည်မှာ သာမန်လက်ရာမျိုး မဟုတ်ဘဲ တန်ဖိုးကြီးမားသော အနုပညာလက်ရာတစ်ခု ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိရှိနိုင်ကြသည်။
သူတို့သည် ဘိုးဘွားရိပ်သာရှေ့တွင် ရပ်နေသော မင်ယွဲ့နှင့် သူမ၏ ဖခင်ဖြစ်သူကို လေးစားကြည်ညိုစွာဖြင့် ငေးမောကြည့်နေမိကြတော့သည်။
လှေကားကို အသင့်ပြင်ဆင်ထားပြီး ဖြစ်ရာ ဆိုင်းဘုတ်ကို ခိုင်ခံ့မြဲမြံစွာ ချိတ်ဆွဲလိုက်ကြသည်။
နံနက်ခင်း၏ နေရောင်ခြည်သည် ပူပြင်းခြင်းမရှိဘဲ နွေးထွေးစွာ ထွန်းလင်းနေ၏။ ထိုနေရောင်ခြည်သည် ငှက်တောင်ပံများကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်တော့မည့်အလား အပေါ်သို့ ဝေ့တက်နေသည့် ဘိုးဘွားရိပ်သာ၏ ခေါင်မိုးစွန်းများပေါ်သို့ ကျရောက်နေသည်။
အချိန်အနည်းငယ် ကုန်လွန်သွားသောအခါ အလင်းတန်းတစ်ခုသည် ဘိုးဘွားရိပ်သာ၏ ဆိုင်းဘုတ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားရာ ထိုအခိုက်အတန့်၌ အဆောက်အအုံကြီးမှာ ဝိညာဉ်တစ်ခု ဝင်ရောက်သွားသည့်အလား သက်ဝင်လှုပ်ရှားလာတော့သည်။
၎င်းမှာ လီအောက်ကျေးရွာရှိ ရွာသူရွာသားများ၏ စုပေါင်းယုံကြည်ကိုးစားမှုပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဤအချိန်တွင် ပုံမှန်အားဖြင့် အဆက်အသွယ်မရှိသော သူများပင်လျှင် တစ်အိမ်ထောင်စုတည်းကဲ့သို့ ပြုံးရွှင်စွာ စုရုံးနေကြသည်။ မိသားစုဝင်စဉ်ဆက်ဇယားအရ ကြည့်လျှင်လည်း သူတို့အားလုံးမှာ ဘိုးဘွားတစ်ဦးတည်းမှ ဆင်းသက်လာကြသူများ မဟုတ်ပါလား။
ဗျောက်အိုးသံများမှာ တဖြဖြဖောက်နေပြီး စည်သံဗုံသံများက ဟိန်းထွက်နေသည်။ ရွာသူရွာသားများသည် မိမိတို့၏ ဘိုးဘွားများကို ကန်တော့ရန်အတွက် ပူဇော်စရာ ပစ္စည်းများကိုယ်စီဖြင့် အတွင်းသို့ ဝင်ရောက်သွားကြသည်။ ၎င်းမှာ ဘိုးဘွားရိပ်သာအသစ်ကို စတင်အသုံးပြုသည့် ပထမဆုံးနေ့ဖြစ်ရာ အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။
နံနက် ဆယ်နာရီခန့်တွင် လီအောက်ကျေးရွာ၏ အခမ်းအနား ပြီးဆုံးသွားသော်လည်း အနီးနားရှိ ရွာများမှ လူများမှာမူ ဂုဏ်ပြုရန်အတွက် တစ်ဖွဲဖွဲ ရောက်ရှိလာကြသည်။
"ဂုဏ်ယူပါတယ်ဗျာ၊ ဒီဘိုးဘွားရိပ်သာက တကယ်ကို ခန့်ညားထည်ဝါလွန်းပါတယ်"
လာရောက်သူများသည် ရှေးမူမပျက် တည်ကြည်လှသော မင်မျိုးနွယ်စု ဘိုးဘွားရိပ်သာကို အားကျစွာဖြင့် ငေးကြည့်နေကြသည်။
သူတို့ရွာတွင်လည်း ဘိုးဘွားရိပ်သာ ဆောက်လုပ်ရန် ပြောဆိုနေကြသည်မှာ နှစ်နှစ်ပင် ရှိပြီဖြစ်သော်လည်း ရန်ပုံငွေ မလုံလောက်ခြင်းနှင့် အစိုးရထံမှ ထောက်ပံ့ကြေး ရယူရန် ခက်ခဲခြင်းတို့ကြောင့် အကောင်အထည် မဖော်နိုင်ဘဲ ရှိနေရသည်။
"ရှင့်တို့ရွာက တစ်ယောက်တည်းကပဲ အကုန်လှူဒါန်းလိုက်တယ်လို့ ကြားတယ်၊ ဟုတ်ပါသလား"
အခြားရွာမှ ကိုယ်စားလှယ်များနှင့် ကျေးရွာလူကြီးများသည် မင်ယွဲ့ကဲ့သို့ ကိုယ်ကျိုးမဖက်ဘဲ ရွာအတွက် ပေးဆပ်သူကို အလွန်ပင် ချီးကျူးနေကြသည်။
ကျေးလက်ဒေသဖြစ်သော်လည်း သတင်းစကားမှာမူ လျင်မြန်စွာ ပျံ့နှံ့နေပြီး မင်ယွဲ့၏ လှူဒါန်းမှုသတင်းမှာ ရက်ပိုင်းအတွင်း လူတိုင်း သိရှိသွားကြသည်။
ဘိုးဘွားရိပ်သာ၏ အထပ်သုံးထပ်လုံးတွင် ရွာသားများ အိမ်မှ ယူဆောင်လာသော ရှေးဟောင်း စားပွဲဝိုင်းများနှင့် ထိုင်ခုံရှည်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့မှာ သစ်မာသားများဖြင့် ပြုလုပ်ထားသဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ခိုင်ခံ့ဆဲပင်။
ဘိုးဘွားရိပ်သာ ဘေးကပ်လျက်ရှိ မီးဖိုဆောင်တွင် အမျိုးသမီးများက ချက်ပြုတ်နေကြပြီး ယနေ့တွင် စုစုပေါင်း စားပွဲဝိုင်း ခြောက်ဝိုင်းခန့် ရှိသည်။
ရွာလူကြီးနှင့် ကျေးရွာပါတီအတွင်းရေးမှူးတို့သည် မင်ယွဲ့ထံသို့ ဝိုင်ခွက်ဖြင့် ရောက်လာရာ သူမသည်လည်း ခရီးဦးကြိုပြုရန် ချက်ချင်း ထရပ်လိုက်သည်။
"ရွာလူကြီး... ဒါက အရမ်းအားနာစရာကြီးပါရှင်"
"မအားနာပါနဲ့ သမီးရယ်၊ သမီးရဲ့ ရက်ရောမှုအတွက် ရွာသားအားလုံးကိုယ်စား ဦးလေးက ကျေးဇူးတင်စကား ပြောချင်လို့ပါ သမီးကတော့ အချိုရည်ပဲ သောက်နေပေါ့"
မင်ယွဲ့သည် စပရိုက်ကို တစ်ငုံချင်း သောက်ရင်း ပွဲတော်၏ အရသာကို ခံစားနေမိသည်။
သူမသည် ကျေးလက်ဒေသ၏ ပွဲတော်ရနံ့ကို မခံစားရသည်မှာ ကြာပြီဖြစ်ရာ ဝက်သားဟင်း အနံ့သင်းသင်းနှင့် ရွာသားများ၏ ရိုးသားသော ရယ်မောသံများမှာ သူမ၏ စိတ်ကို ကြည်နူးစေသည်။
ပွဲပြီးသောအခါ မင်ယွဲ့သည် အိမ်သို့ ပြန်လာခဲ့သော်လည်း ဖခင်ဖြစ်သူမှာမူ ဧည့်သည်များကို ဧည့်ခံရန် ကျန်ရစ်ခဲ့သည်။ အိမ်သို့ ပြန်ရောက်သည့်တိုင် မင်ယွဲ့၏ စိတ်ထဲတွင် ရွာသားများ၏ ချီးကျူးထောပနာပြုသံများက ပဲ့တင်ထပ်နေဆဲပင်။
မင်ယွဲ့သည် ရွာတွင် ရက်အနည်းငယ် ထပ်မံနေထိုင်ပြီးနောက် မိသားစုဝင်အားလုံးကို ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးခဲ့သည်။ သူမသည် ယန်ကျင်းသို့ မပြန်မီ အဒေါ်ဖြစ်သူနှင့် ညီမလေးကို သွားရောက်တွေ့ဆုံခဲ့သည်။
"ချစ်စရာလေး မမကို မှတ်မိသေးလား"
မင်ယွဲ့က ကလေးငယ်ကို ပွေ့ချီကာ စနောက်နေမိသည်။
"ဘာတွေ ပြောနေတာလဲ သမီးရယ်၊ ဒီလောက် ကလေးလေးက ဘယ်မှတ်မိဦးမှာလဲ"
အဒေါ်ဖြစ်သူက ပြုံးကာ ပြောဆိုရင်း မင်ယွဲ့ ယူဆောင်လာသော နို့မှုန့်ဗူးများ၊ အဝတ်အစားများနှင့် ကစားစရာများကို ကြည့်ကာ အားနာနေမိသည်။
မင်ယွဲ့သည် သူမ၏ မိသားစုအပေါ် အစဉ်အမြဲ စေတနာထားတတ်သူ ဖြစ်သည်။
မင်ယွဲ့သည် အဒေါ်ဖြစ်သူ၏ အိမ်မှ ထွက်ခွာလာပြီးနောက် အန်းရှင်း မူကြိုကျောင်းသို့ တိုက်ရိုက်မောင်းနှင်ခဲ့သည်။
ဤမူကြိုကျောင်းသည် ခရိုင်အတွင်း၌ အကျိုးခံစားခွင့် အကောင်းဆုံး ကျောင်းတစ်ခု ဖြစ်ရာ လုံခြုံရေးဝန်ထမ်းတစ်ဦး၏ လစာပင်
လျှင် လေးထောင်ခန့် ရှိနေသည်။
မင်ယွဲ့သည် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာစဉ် ကလေးငယ်များ၏ ပျော်ရွှင်သော ရယ်မောသံများကို ကြားလိုက်ရရာ သူမ၏ ရည်မှန်းချက်များမှာ ပိုမိုခိုင်မာလာတော့သည်။
သူမသည် စီးပွားရေးသမားတစ်ဦးမျှသာ မဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းအတွက် အမှန်တကယ် အကျိုးပြုနိုင်သူတစ်ဦး ဖြစ်လာရန် ပြင်းပြသော ဆန္ဒများ ရှိနေပေသည်။
အခန်း (၃၂၇) ကျွန်မ နားထောင်နေပါတယ်
ထို့ကြောင့်ပင် မင်ယွဲ့သည် မိမိ၏ လုပ်ငန်းခွင်၌ ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများ ရှားပါးသွားမည်ကို အနည်းငယ်မျှ စိုးရိမ်ပူပန် ခြင်း မရှိပေ။
သူမ ပေးအပ်ထားသော အကျိုးခံစားခွင့်နှင့် လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ကောင်းမွန်လွန်းလှသဖြင့် ဝန်ထမ်းများမှာ အလုပ်မှ နုတ်ထွက်သွားခြင်း မရှိကြသလောက်ပင် ဖြစ်သည်။
မူကြိုပညာရေးဖြင့် ဘွဲ့ရခါစ သင်ကြားရေးလက်ထောက်များ သို့မဟုတ် အလုပ်သင် ဆရာမလေးများသည်ပင်လျှင် နောက်ဆုံး၌ ဤကျောင်းတွင်သာ အခြေချရန် ဆုံးဖြတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အန်းရှင်း မူကြိုကျောင်း ၏ လက်ထောက်ဆရာမတစ်ဦး ရရှိသော လစာမှာ အခြားကျောင်းမှ အတန်းပိုင်ဆရာမတစ်ဦး၏ လစာနှင့် မရှေးမနှောင်းပင် ရှိနေသောကြောင့် ဖြစ်၏။
ဂိတ်ဝရှိ လုံခြုံရေးဝန်ထမ်းသည် မင်ယွဲ့ကို မြင်သည်နှင့် တစ်ချက်တည်းဖြင့် မှတ်မိသွားသည်။ အကြောင်းမှာ မင်ယွဲ့ကဲ့သို့ နတ်မိမယ်တစ်မျှ လှပလွန်းသူကို သူတစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မတွေ့ဖူးခဲ့သောကြောင့်ပင်။
မင်ယွဲ့သည်လည်း ထိုလုံခြုံရေးဝန်ထမ်းကို မှတ်မိနေပါသည်။
သူသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်တပ်မှ အငြိမ်းစားယူပြီးနောက် မီးသတ်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထိုစဉ်က ကံဆိုးမိုးမှောင်ကျကာ ကယ်ဆယ်ရေးလုပ်ငန်းခွင်တစ်ခု၌ ခြေထောက်တွင် ပြင်းထန်သော ဒဏ်ရာရရှိခဲ့ရာ ပြန်လည်ကောင်းမွန်လာသည့်တိုင် မူလအတိုင်း လမ်းမလျှောက်နိုင်တော့ပေ။
အန်းရှင်း မူကြိုကျောင်း တွင် အလုပ်ချိန်မှာ စောစီးစွာ စတင်သော်လည်း သိသိသာသာ စောစီးစွာပင် အလုပ်သိမ်းသည်။
အချိန်ပို ဆင်းစရာမလို၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်များ အပြည့်အဝရရှိပြီး လူမှုဖူလုံရေးနှင့် အိမ်ရာရန်ပုံငွေ အကျိုးခံစားခွင့်များအပြင် နေ့လယ်စာကိုပါ စီစဉ်ပေးထားသည်။ ဒေသခံတစ်ဦးဖြစ်သည့်အတွက် နေစရာအိမ် မလိုအပ်သော်လည်း ဤအလုပ်မှာ သူ့အတွက် ရတနာတစ်ပါးကို ရရှိလိုက်သကဲ့သို့ပင် ဖြစ်သည်။ ထိုလူမှာ မိမိအား အလုပ်ခန့်အပ်ခဲ့သည့် မူကြိုကျောင်းအပေါ် အစဉ်အမြဲ ကျေးဇူးတင်လျက် ရှိနေ၏။
"မင်္ဂလာပါရှင်"
မင်ယွဲ့က ချိုသာသော အပြုံးဖြင့် နှုတ်ဆက် လိုက်သည်။
ထိုလူမှာ မင်ယွဲ့၏ လှပတည်ငြိမ်သော ပုံရိပ်ကို ငေးမောကြည့်ရင်း ရင်ထဲတွင် လှိုက်လှဲစွာ ခံစားလိုက်ရသည်။ လောကကြီးတွင် လူဆိုးများထက် လူကောင်းများက ပို၍ များပြားနေပါသေးလားဟု သူ တွေးတောမိသည်။ ခရိုင်အတွင်း၌ သူ့ထက် ပို၍ ကျန်းမာသန်စွမ်းသူများကို အလုပ်ခန့်နိုင်သော်လည်း မင်ယွဲ့က သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးနှင့် ထောက်ပံ့ရေးဝန်ထမ်းများ စတင်ခေါ်ယူသည့်နေ့က မင်ယွဲ့သည် ကျောင်းသို့ စစ်ဆေးရေးဝင်ရင်း အင်တာဗျူးဖြေသူများ၏ နောက်ခံအကြောင်းအရာများကို ယွမ်ပေါ့မှတစ်ဆင့် စစ်ဆေးကြည့်ရှုခဲ့သည်။
အသက်သုံးဆယ်ကျော်အရွယ် ထိုအမျိုးသား၏ ဘဝခရီးလမ်းကို ဖတ်ရှုလိုက်ရသောအခါ မင်ယွဲ့၏ ရင်ထဲတွင် သနားဂရုဏာစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
သူသည် စစ်တပ်တွင် ငါးနှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုတွင် လူပေါင်းများစွာ၏ အသက်ကို ကယ်တင်ခဲ့သော်လည်း မိမိ၏ ခြေထောက်ကိုမူ စတေးလိုက်ရသည်။
"မစ္စမင်... သူ့ရဲ့ ခြေထောက်က..."
အင်တာဗျူးစစ်ဆေးသူက မင်ယွဲ့ကို ထိုလူတွင် မသန်စွမ်းမှုရှိကြောင်း သတိပေးရန် ပြင်လိုက်သည်။ အကယ်၍သာ ထိုလူသည် ကျန်းမာသန်စွမ်းနေပါက အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"မမ... ကျွန်တော့် ခြေထောက်က အနည်းငယ် မသန်စွမ်းပေမဲ့ တခြားသူတွေထက် ပိုမြန်အောင် ပြေးနိုင်ပါတယ်၊ လှုပ်ရှားမှုတွေလည်း အရမ်းသွက်လက်ပါတယ် ကျွန်တော် စစ်တပ်မှာ လေ့ကျင့်ခဲ့တာမို့ ကျောင်းက ဆရာမတွေနဲ့ ကလေးတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ"
ထိုလူမှာ အလုပ်မရမှာကို စိုးရိမ်ထိတ်လန့်သွားကာ မိမိကိုယ်မိမိ အသည်းအသန် ပြန်လည် တင်ပြနေရှာသည်။
"ဖြည်းဖြည်းချင်း ပြောပါ... ကျွန်မ နားထောင်နေပါတယ်"
မင်ယွဲ့သည် ထိုလူ၏ ရှေ့သို့ တိုးသွားကာ သူ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း အလေးအနက်ထား၍ နားထောင်ပေးခဲ့သည်။
မင်ယွဲ့၏ တည်ငြိမ်နူးညံ့သော အကြည့်များအောက်တွင် ထိုလူမှာ စိုးရိမ်စိတ်များ လွင့်စင်သွားပြီး မိမိ၏ အရည်အချင်းများကို စနစ်တကျ ပြန်လည်ပြောပြနိုင်ခဲ့သည်။
"မစ္စမင်... ကျွန်တော့်ကို အခွင့်အရေးတစ်ခု ပေးပါလို့ မျှော်လင့်ပါတယ်”
သူသည် ထိုစဉ်က အင်တာဗျူးစစ်ဆေးသူ ခေါ်ဆိုပုံအရ မင်ယွဲ့သည် ဆုံးဖြတ်ချက်ချနိုင်သူဖြစ်ကြောင်း သိရှိသွားပြီး ဤအလုပ်ကို အမှန် တကယ် လိုလားနေခဲ့သည်။
"ရှင်ပဲ ဖြစ်စေရမယ်... ကြိုးစားပါဦး"
မင်ယွဲ့သည် ထိုလူကို ယုံကြည်မှု ပေးခဲ့သည်။
တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ခဲ့သော စစ်သားများနှင့် မီးသတ်သမားများသည် သူတို့ ကာကွယ်ခဲ့သော ပြည်သူများ၏ လေးစားချစ်ခင်မှုကို ရရှိရန် ထိုက်တန်လှသည်။
လူပေါင်းများစွာကို ကယ်တင်ရင်း ဒဏ်ရာရခဲ့သော်လည်း ဘဝကို အရှုံးမပေးဘဲ မျှော်လင့်ချက်အလင်းရောင်ကို ဆုပ်ကိုင်ထားသူတစ်ဦးအား သူမအနေဖြင့် မည်သို့ လက်တွန့်နေပါမည်နည်း။
ထိုနေ့မှစ၍ သူသည် မင်ယွဲ့ကို ကျေးဇူးတင်မဆုံး ဖြစ်နေတော့သည်။ သူ၏ ဇနီးဖြစ်သူကလည်း နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံခွင့်ရလျှင် လူကိုယ်တိုင် လာရောက်ကျေးဇူးတင်လိုကြောင်း အ မြဲပြောလေ့ရှိသည်။
ယခုမူ မင်ယွဲ့သည် ကျောင်းသို့ ရံဖန်ရံခါမှသာ လာရောက်တတ်သော်လည်း သူမ၏ စေတနာနှင့် ဂရုဏာတရားမှာမူ ကျောင်းဝင်းတစ်ခုလုံးတွင် သင်းပျံ့လျက်ရှိနေပေတော့သည်။
အခန်း (၃၂၈) အံ့သြဖွယ်ရာများ
မင်ယွဲ့သည် မူကြိုကျောင်းအတွင်းသို့ လှမ်းဝင်လာချိန်တွင် ကလေးငယ်များမှာ သင်ခန်းစာများပြီးဆုံး၍ နေ့လယ်စာ သုံးဆောင်နေကြပြီဖြစ်သည်။ သူမသည် စာသင်ခန်းတစ်ခုအတွင်းသို့ သာမန်ကာလျှံကာ ဝင်ရောက်ကာ ကလေးငယ်များကြားတွင် ဝင်ရောက်ထိုင်လိုက်သည်။
"လှပတဲ့ မမက နတ်သမီးလေးလားဟင်"
ဆံပင်နှစ်ဖက်ကျစ်ထားသော မိန်းကလေးငယ် တစ်ဦးက မင်ယွဲ့ကို မြင်သည်နှင့် စူးစမ်းလိုစိတ် ဖြင့် တိုးတိုးလေး မေးမြန်းရှာသည်။
"မမကလည်း သမီးတို့လိုပဲ သာမန်လူသားတစ်ယောက်ပါပဲကွယ်"
မင်ယွဲ့က သဘောကျစွာ ရယ်မောလိုက်မိသည်။
ကလေးငယ်များ၏ အတွေးကမ္ဘာမှာ အမှန် တကယ်ပင် ဆန်းကြယ်လှပေသည်။
"ဒါဆိုရင်လည်း သမီးကို နတ်ပြည်လိုက်ပြပါဦး နတ်မင်းကြီးတွေ ဘယ်မှာနေသလဲဆိုတာ သမီး သိချင်လို့ပါ"
မိန်းကလေးငယ်သည် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း စူးစမ်းမှုအပြည့်ဖြင့် ကြည့်နေတော့သည်။
ထိုစဉ် စားဖိုဆောင်မှ အမျိုးသမီးက အစားအစာဗန်းများကို တစ်ဦးချင်းစီ ချပေးနေပြီး ဆရာမကလည်း ကလေးများ အစာမှန်မှန်စားစေရန် စောင့်ကြည့်ပေးနေသည်။
စားဖိုဆောင်မှ ဒေါ်ကြီးသည် မင်ယွဲ့ကို မသိသော်လည်း ဤအချိန်တွင် ဝင်ရောက်ခွင့်ရသူဖြစ်သဖြင့် အဆင့်အတန်းတစ်ခုရှိသူဟု ယူဆကာ မင်ယွဲ့အတွက်ပါ အစားအစာ ပြင်ဆင်ပေးလေသည်။
"ကျေးဇူးတင်ပါတယ်ရှင်"
မင်ယွဲ့က ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုရင်း ဘေးနားမှ မိန်းကလေးငယ်ကို
"ကျောင်းက ထမင်းဟင်းတွေက စားလို့ကောင်းရဲ့လား"
ဟု လှမ်းမေးလိုက်သည်။
"ကောင်းတယ်”
ထိုမိန်းကလေးငယ်မှာ ပါးစပ်ထဲတွင် အစာများအပြည့်ဖြင့် ရှဉ့်ကလေးတစ်ကောင်နှယ် ပါးဖောင်းဖောင်းလေးများမှာ လှုပ်စိလှုပ်စိ ဖြစ် နေသည်။
"ဒါဆိုရင် အများကြီးစားနော်"
မင်ယွဲ့က သူမ၏ဗန်းထဲမှ မတို့မထိရသေးသော ကြက်ပေါင်တစ်ချောင်းကို ကလေးငယ်အား ပေးလိုက်သည်။
"သမီးမေမေက ဟင်းချက်တာ အရမ်းညံ့တာ ပြီးခဲ့တဲ့တစ်ခေါက်က ကြက်ပေါင်ကြော်ပေးတာ အတွင်းထဲမှာ အနီရောင်တွေကြီးပဲ"
မိန်းကလေးငယ်သည် မင်ယွဲ့ပေးသော ကြက်ပေါင်ကြောင့် ခဏချင်းပင် ရင်းနှီးသွားကာ သူမ၏မိခင်အကြောင်းကို ပေါ့ပေါ့ပါးပါးပင် တိုင်တောနေတော့သည်။
အခြားကလေးငယ်များသည်လည်း မရင်းနှီးသော မမတစ်ယောက် ရောက်ရှိနေသဖြင့် စူးစမ်းလိုစိတ်များ ပြင်းပြနေကြသည်။
ဆရာမရှိနေသဖြင့်သာ ငြိမ်နေရသော်လည်း သူတို့၏ စိတ်မှာမူ ထိုင်ခုံပေါ်တွင် ဆူးများရှိနေသည့်အလား လှုပ်စိလှုပ်စိ ဖြစ်နေကြတော့သည်။
ဆရာမသည် မင်ယွဲ့ကို မြင်သည်နှင့် ချက်ချင်းမှတ်မိသွားသည်။
မင်ယွဲ့၏ ထူးခြားလှပသော ရုပ်ရည်မှာ တစ်ခါမြင်လျှင် မေ့ရန်ခက်လှသဖြင့် ဓာတ်ပုံထဲတွင် မြင်ဖူးထားသော ဆရာမလေးမှာ ခေါင်းဆောင်တစ်ဦးကို ရင်ဆိုင်နေရသည့်အလား အနည်းငယ် စိုးရိမ်စိတ်ဝင်နေမိသည်။
မင်ယွဲ့မှာမူ ဆရာမများ၏ ရုံးခန်းကိုပါ သွားရောက်စစ်ဆေးပြီးနောက် ကလေးငယ်များ အိပ်စက်ချိန်တွင် ကျောင်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်။
သူမသည် မူကြိုကျောင်းမှ ဝန်ထမ်းအားလုံးအတွက် သစ်သီးခြင်းများကို အွန်လိုင်းမှတစ်ဆင့် မှာယူပေးခဲ့ပြီး လုံခြုံရေးဝန်ထမ်းအား လက်ခံရန် မှာကြားခဲ့သည်။
ဆရာမများမှာမူ ယနေ့ အလုပ်ဆင်းချိန်တွင် ရရှိမည့် အံ့သြဖွယ်ရာ လက်ဆောင်အတွက် ကြိုတင်သိရှိခြင်း မရှိကြသေးပေ။
"မေမေ... ဒီနေ့ သမီး နတ်သမီးတစ်ယောက်ကို တွေ့ခဲ့တယ်၊ သူက သမီးကို ကြက်ပေါင်တောင် ပေးသေးတယ်"
မိန်းကလေးငယ်သည် ကျောင်းဆင်းချိန်တွင် သူမ၏မိခင်အား စိတ်လှုပ်ရှားစွာ ပြောပြနေသည်။
"ဟုတ်လား... နတ်သမီးက ဘယ်လိုပုံစံလဲ သူက နတ်သမီးမှန်း သမီးက ဘယ်လိုသိတာလဲ"
"သူက အရမ်းလှတာပဲမေမေ သူက လူသားပါလို့ ပြောပေမဲ့ သမီးကတော့ မယုံပါဘူး သမီးက ဉာဏ်ကောင်းတာပဲဟာ"
မိန်းကလေးငယ်က ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
"ဒါပေမဲ့ ဆရာမက နေ့လယ်အိပ်ခိုင်းလို့ သမီးအိပ်ပျော်သွားတာ နိုးလာတော့ နတ်သမီးလေးက မရှိတော့ဘူး သူ ကောင်းကင်ပေါ် ပြန်ပျံသွားတာ ဖြစ်မှာပဲ"
သူမ၏စကားကြောင့် မိခင်ဖြစ်သူက သဘောကျကာ ပါးဖောင်းဖောင်းလေးများကို ဆွဲဖဲ့ရင်း
"နတ်သမီးလေးက သမီး သူ့ကို လွမ်းနေမှန်း သိမှာပါ၊ နောက်တစ်ခါ ထပ်လာတွေ့ဦးမှာပေါ့"
ဟု နှစ်သိမ့်ပေးလိုက်သည်။
သူမသည် ကျောင်းဂိတ်ဝတွင် ချထားသော သစ်သီးခြင်းများကို ကြည့်ရင်း
“ဒီနေ့က ထူးခြားတဲ့ နေ့တစ်နေ့များလား"
ဟု တွေးတောရင်း လျှောက်လှမ်းလာခဲ့တော့သည်။
အခန်း (၃၂၉) ပြုံးပျော်ရွှင်မြူးနေသော မျက်နှာလေး
ကျောင်းဆင်းချိန်တွင် ဆရာမများသည် ဂိတ်ဝရှိ လုံခြုံရေးဝန်ထမ်းထံမှ တစ်ဦးစီအတွက် စီစဉ်ထားသော သစ်သီးခြင်းများကို ဝမ်းသာအားရ လက်ခံရယူကြသည်။ ထိုသစ်သီးခြင်းများမှာ သာမန်မဟုတ်ဘဲ အလွန်တန်ဖိုးကြီးပုံပေါ်လှသည်။
"ဆရာမ နာနာ... ဒီနေ့ ဘာထူးခြားလို့လဲဟင်သစ်သီးခြင်းတွေက အများကြီးပါလား"
မိမိသမီး၏ အတန်းပိုင်ဆရာမကို တွေ့လိုက်ရသဖြင့် မိခင်တစ်ဦးက ပြုံးရွှင်စွာ မေးမြန်းလိုက် သည်။
"ကျောင်းရဲ့ အထက်လူကြီးတွေ လာစစ်ဆေးရင်း ဝန်ထမ်းအားလုံးအတွက် လက်ဆောင်ပေးသွားတာပါရှင်"
ဆရာမ နာနာက အလျင်အမြဲ ရှင်းပြလိုက်ရသည်။
မိဘများက တစ်မျိုးတစ်ဖုံ ထင်မြင်ယူဆပြီး ကောလာဟလများ ထွက်ပေါ်လာမည်ကို သူမ အလွန်ပင် စိုးရိမ်မိသောကြောင့် ဖြစ်၏။
အကယ်၍သာ 'ချမ်းသာသော မိဘများက ဆရာမများကို လာဘ်ထိုးသည်' ဟူသော သတင်းများ ပျံ့နှံ့သွားပါက ဖြေရှင်းရသည်မှာ အလွန်ပင် ခေါင်းခဲစရာ ကောင်းပေလိမ့်မည်။
မင်ယွဲ့သည် မြို့ပေါ်၌ မိသားစုအတွက် လိုအပ်သည်များကို ဝယ်ယူပြီးနောက် ရွာသို့ ပြန်လာစဉ် လမ်းဘေး၌ လမ်းလျှောက်နေသော ရွာခံလူကြီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ကားကို ရပ်တန့်လိုက်ရာ ထိုလူကြီးမှာ အံ့သြစွာဖြင့် လှမ်းကြည့်လာ၏။
"ဦးလေးချောက်…. ကားပေါ်တက်ပါ၊ ကျွန်မ လိုက်ပို့ပေးပါ့မယ်"
"ယွဲ့ယွဲ့လေးပါလား... ဒီအချိန်ကြီး မြို့ကနေ ဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ"
မင်ယွဲ့ ကားပေါ်မှဆင်း၍ နှုတ်ဆက်မှသာ ထိုလူကြီးမှာ မှတ်မိသွားတော့သည်။ သူသည် အသက်အရွယ်ရလာသဖြင့် မျက်စိများ မှုန်ဝါးနေပြီဖြစ်ရာ မျက်လုံးကို ပွတ်သပ်ရင်း မင်ယွဲ့ကို ပြုံးကြည့်နေမိသည်။
"ဦးလေးချောက် က ရှေ့မှာ ထိုင်ချင်လား၊ နောက်မှာ ထိုင်ချင်လားဟင်"
လူကြီးအချို့မှာ ထိုင်ခုံခါးပတ် ပတ်ရသည်ကို အလုပ်ရှုပ်သည်ဟု ယူဆကာ နောက်ခန်း၌သာ လွတ်လပ်စွာ ထိုင်လိုကြသော်လည်း အချို့မှာမူ ကားမူးတတ်သဖြင့် ရှေ့ခန်း၌သာ ထိုင်လိုကြသည်။
"နောက်မှာပဲ ထိုင်ပါရစေအေ"
ဦးလေးချောက်သည် မင်ယွဲ့၏ ခန့်ညားလှသော ကားကြီးကို ကြည့်ကာ အားနာနာဖြင့်ပင် တက်ထိုင်လိုက်သည်။ သူသည် မြို့ပေါ်သို့ ငရုတ်သီးမျိုးစေ့ သွားဝယ်ခြင်းဖြစ်သည်။
အိမ်၌ ချန်ထားသော မျိုးစေ့များမှာ အထွက်နှုန်းမကောင်းတော့သဖြင့် မျိုးစေ့အရောင်းဆိုင်မှ မျိုးစေ့အသစ်ကို ဝယ်ယူစိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
"ကျေးဇူးတင်ပါတယ် ယွဲ့ယွဲ့လေးရယ်၊ မဟုတ်ရင်တော့ ဦးလေး တစ်နာရီလောက် လမ်းလျှောက်ရဦးမှာ"
ရိုးသားအေးဆေးသော ဦးလေးချောက်မှာ ရွာမှ လူငယ်လေးတစ်ဦး၏ ကားကို အခမဲ့ စီးနင်းခွင့်ရသဖြင့် မျက်နှာတစ်ခုလုံး ပြုံးပန်းဝေလျက် မင်ယွဲ့ကို ချီးကျူးမဆုံး ဖြစ်နေတော့သည်။
နောက်တစ်နေ့တွင် မင်ယွဲ့သည် ယန်ကျင်းသို့ ပြန်ရောက်လာခဲ့သည်။ လေဆိပ်မှ ထွက်လာသည်နှင့် သူမ မြင်ချင်လှသော ပုံရိပ်ကို ချက်ချင်းပင် တွေ့လိုက်ရသည်။
"ဟန်ကျီ"
အမြဲတမ်း တည်ငြိမ်လှသော မင်ယွဲ့သည်ပင် သူမကို ပြုံး၍ ကြိုဆိုနေသော ထိုအမျိုးသားကို မြင်လိုက်ရသည့်အခါ ခြေလှမ်းများမှာ သိသိသာသာ မြန်ဆန်သွားတော့သည်။
မိုဟန်ကျီသည်လည်း လွမ်းဆွတ်နေရသော ချစ်သူလေးကို မြင်လိုက်ရသည့်အခါ ရင်ခုန်သံများမှာ ဗုံတီးသည့်အလား မြန်ဆန်လာပြီး သူမကို နွေးထွေးစွာ ပွေ့ဖက်လိုက်သည်။
"ပြန်လာတာ ကြိုဆိုပါတယ်"
မိုဟန်ကျီက သူမ၏ နဖူးလေးကို အသာအယာ နမ်းရှိုက်လိုက်ရာ မင်ယွဲ့၏ ရင်ထဲတွင် လှိုက်ဖိုသွားရသည်။ သူတို့နှစ်ဦး၏ လှပခန့်ညားသော ပုံရိပ်နှင့် ပန်းနုရောင် အချစ်ရိပ်များမှာ လေဆိပ်ရှိ ခရီးသွားများ၏ အာရုံကို ဖမ်းစားထားတော့သည်။
"ဟော... ကြည့်စမ်း၊ ရုပ်ရှင်ရိုက်နေကြတာလားမသိဘူး တကယ့်ကို နတ်ဘုရားနဲ့ နတ်သမီးလေးလိုပဲ"
ဖြတ်သန်းသွားသူများ၏ ချီးကျူးသံများကို မိုဟန်ကျီက ဂရုမစိုက်ဘဲ မင်ယွဲ့၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ကားဆီသို့ ဦးတည် လိုက်သည်။
"ယွဲ့ယွဲ့... ယွမ်ပေါ့ကော ဘယ်မှာလဲ"
မိုဟန်ကျီက မေးလိုက်ရာ မင်ယွဲ့သည် ယွမ်ပေါ့မှာ ယခုအခါ စနစ်အာကာသထဲတွင် ရှိနေကြောင်း ပြောရန် မလိုအပ်ဟု ယူဆလိုက်သည်။
"သူ့ကို အိမ်မှာပဲ ခဏ ထားခဲ့လိုက်တယ်လေ"
"နောက်တစ်ခါဆိုရင် ကျွန်တော့်ဆီပဲ အပ်ခဲ့ပါ၊ ကျွန်တော့်ကို သူစိမ်းလို သဘောမထားပါနဲ့"
မိုဟန်ကျီက အလေးအနက် ပြောဆိုလိုက်သည်။ မင်ယွဲ့သည် သူ စိတ်မကောင်းဖြစ်မည် စိုးသဖြင့် "ကောင်းပါပြီရှင်" ဟု ပြန်လည်ကတိပေးလိုက်ရတော့သည်။
မိုဟန်ကျီ၏ ဂရုစိုက်မှုများမှာ သူမ၏ ဘဝကို ပိုမိုပြည့်စုံစေကာ အထီးကျန်ခြင်းများ ကင်းစင်စေခဲ့ပြီ မဟုတ်ပါလား။
အခန်း (၃၃၀) မမလို့ ခေါ်လို့ရတယ်
"မမ... ဒီနေ့ ကိုယ်ပိုင်ပြိုင်ပွဲတစ်ခု ရှိတယ်၊ လာဦးမလား"
ထိုနေ့က မင်ယွဲ့သည် ယန်ကျင်းတက္ကသိုလ်မှ ထွက်လာစဉ် ကျန်ယီထံမှ ဖုန်းလက်ခံရရှိခဲ့သည်။
ဝီချက် အကောင့်ချင်း ဖလှယ်ပြီးနောက်ပိုင်း ကျန်ယီသည် ပြိုင်ကားမောင်းနှင်မှု အတတ်ပညာများနှင့် ပတ်သက်၍ မင်ယွဲ့နှင့် အမြဲတမ်း ဆွေးနွေးလေ့ရှိသည်။
မင်ယွဲ့၏ ကျွမ်းကျင်မှုများမှာ စနစ်အာကာသအတွင်းမှ ရရှိထားခြင်း ဖြစ်သော်လည်း ကျန်ယီကို သင်ကြားပြသရန်မှာမူ အပိုပင် ဖြစ်နေတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျန်ယီ၏ "မမ" ဟု ခေါ်သံမှာလည်း ပိုမိုချိုသာလာခဲ့၏။
"ရတာပေါ့"
မင်ယွဲ့သည် ဖုန်းကို အိတ်ထဲထည့်ကာ အိမ်သို့ပြန်ပြီး သူမ သိပ်မမောင်းဖြစ်သေးသော Rolls-Royce ကို မြေအောက်ရပ်နားစခန်းမှ မောင်းထုတ်လာခဲ့သည်။
ပြိုင်ကွင်းသို့ ရောက်သောအခါ ကျန်ယီသည် ဆေးလိပ်ကို မီးသတ်လိုက်ပြီး မင်ယွဲ့ကို ကြိုဆိုရန် ပြင်ဆင်လိုက်သည်။ သူ၏ သူငယ်ချင်းဖြစ်သူ ဟူထျန်းက "ဟေ့ကောင်... ဘယ်သူ့ကို ခေါ်လိုက်တာလဲ၊ အာရှချန်ပီယံ ကွမ်းဟွမ်လား" ဟု စိတ်လှုပ်ရှားစွာ မေးမြန်းသော်လည်း ကျန်ယီက "မဟုတ်ဘူး၊ ငါ့မမ" ဟုသာ တိုတိုတုတ်တုတ် ဖြေကြားခဲ့သည်။
ခေတ္တအကြာတွင် ဇိမ်ခံပြိုင်ကားတစ်စီး၏ ဟိန်းဟောက်သံမှာ ကွင်းအတွင်းသို့ ပဲ့တင်ထပ်ကာ ဝင်ရောက်လာသည်။
ရွှေရောင်သန်းနေသော Rolls-Royce ဇိမ်ခံကားကြီးမှာ လူအများ၏ အကြည့်များကို ဖမ်းစားထားတော့သည်။ ကားတံခါးပွင့်လာပြီး မင်ယွဲ့ ဆင်းလာသည့်အခါတွင်မူ ကွင်းအတွင်းရှိ လူအားလုံးမှာ မှင်တက်သွားကြသည်။
"မိန်းကလေးတစ်ယောက်လား”
လူအများမှာ အံ့သြသွားကြသည်။ ပြိုင်ကားလောကတွင် အမျိုးသားများကသာ လွှမ်းမိုးထားသည်ဟု ထင်မြင်ထားကြသော်လည်း မင်ယွဲ့၏ တည်ငြိမ်လှပသော ပုံရိပ်မှာ ထိုအယူအဆကို ရိုက်ချိုးလိုက်သကဲ့သို့ပင်။
သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပနေပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ရိုးရှင်းသော်လည်း တန်ဖိုးကြီးလှသည်။
"မမ... ကားက တကယ်ကို လန်းတာပဲ"
ကျန်ယီက အားကျစွာဖြင့် ဆိုသည်။
ဤကားမှာ ကန့်သတ်ထုတ်လုပ်ထားသော အစီးရေအနည်းငယ်သာရှိရာ သူ့ကဲ့သို့ လူကုံထံသားတစ်ဦးပင်လျှင် ပိုင်ဆိုင်ရန် မလွယ်ကူပေ။
"မောင်းကြည့်ချင်လား"
မင်ယွဲ့က ကားသော့ကို ကျန်ယီထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။ ကျန်ယီသည် ဝမ်းသာအားရဖြင့် ကားမောင်းသူနေရာတွင် ဝင်ထိုင်ကာ မင်ယွဲ့ကို ဘေးတွင် ထိုင်စေပြီး ကွင်းအတွင်းသို့ မောင်းဝင်လာခဲ့သည်။
ကွင်းအတွင်း၌ လူအုပ်ကြီးမှာ စည်ကားလှသည်။
ပြုပြင်မွမ်းမံထားသော ဇိမ်ခံပြိုင်ကားများမှာ နေရာအနှံ့ ရှိနေပြီး ဆူညံသံများနှင့်အတူ လူငယ်များ၏ တက်ကြွလှုပ်ရှားမှုမှာ အထွက်
အထိပ်သို့ ရောက်ရှိနေသည်။
"ကျန်ယီ... ဒါက ဘယ်သူလဲ"
ကျန်ယီ၏ သူငယ်ချင်းတစ်ဦးဖြစ်သူ ဟယ်ကျင်းက မင်ယွဲ့ကို ကြည့်ကာ စူးစမ်းလိုက်သည်။ ကျန်ယီသည် အနည်းငယ် စဉ်းစားပြီးနောက် ပြုံးကာ ပြန်လည်ဖြေကြားလိုက်သည်။
"ငါ့မမလေ... ပြောရရင် မင်းတို့က သူ့ကို 'ဝမ်းကွဲမရီး' လို့ ခေါ်ရမှာ"
မင်ယွဲ့သည် ထိုစကားကြောင့် အနည်းငယ် အံ့သြသွားသော်လည်း ဘာမျှမပြောဘဲ ပြုံးနေမိသည်။ ဟယ်ကျင်းမှာမူ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
"ဒါက ဘာကို ဆိုလိုတာလဲ မင်းရဲ့ ဝမ်းကွဲအစ်ကိုတွေက အပျိုကြီးတွေချည်းပဲ မဟုတ်လား"
"မင်းရဲ့ ဝမ်းကွဲအစ်ကို မိုဟန်ကျီကို မေ့နေတာလား"
ကျန်ယီက ဗုံးတစ်လုံးကို ပစ်ချလိုက်သကဲ့သို့ ပြောလိုက်ရာ ဟယ်ကျင်းမှာ မှင်တက်သွားတော့သည်။
ယန်ကျင်းမြို့၏ အအေးစက်ဆုံးနှင့် အတည်ငြိမ်ဆုံးဖြစ်သော မိုဟန်ကျီတွင် ဤကဲ့သို့ လှပသော ချစ်သူတစ်ဦး ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
မင်ယွဲ့သည် ဘေးပတ်လည်မှ စူးစမ်းသော အကြည့်များကို လျစ်လျူရှုကာ ကွင်းအတွင်းမှ ပြိုင်ကားများ၏ ဟိန်းဟောက်သံကို နားစွင့်နေမိသည်။
သူမ၏ ရင်ထဲတွင်လည်း ပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားမှုများ မြင့်တက်လာကာ ဤညသည် သူမအတွက် အမှတ်ရစရာ ညတစ်ည ဖြစ်လာတော့မည်မှာ သေချာနေပေတော့သည်။