← Chapters

အခန်း (၃၃၆-၃၄၀)

Vol. 34 Ch. 336-340

အခန်း (၃၃၆-၃၄၀)

Vol. 34 Ch. 336-340

အခန်း (၃၃၆) အတွင်းရေးမှူးအသစ်

သူသည် မိုဟန်ကျီ၏ အမည်နာမကို တိုက်ရိုက်ခေါ်ဆိုကာ မေးမြန်းလိုက်သဖြင့် ဖြတ်သွားဖြတ်လာ ဝန်ထမ်းများမှာ သူ၏ နောက်ခံအကြောင်းအရင်းကို သိလိုစိတ်ဖြင့် တိတ်တဆိတ် အကဲခတ်နေကြတော့သည်။

"ခဏလောက် စောင့်ပေးပါဦးရှင်"

ဧည့်ကြိုဝန်ထမ်းသည် ဖုန်းဆက်၍ အတည်ပြုပြီးနောက် -

"လက်ထောက်လင် ကိုယ်တိုင် ဆင်းလာပြီး ကြိုဆိုပါလိမ့်မယ် ခဏလောက် စောင့်ပေးပါဦး"

ဝန်ထမ်း၏ လေသံမှာ အစောပိုင်းကထက် ပိုမို ရိုသေသမှု ရှိသွားတော့သည်။

ဧည့်ကြိုဝန်ထမ်း၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်ရုံဖြင့် ကျန်ရှိသော ဝန်ထမ်းများမှာလည်း အခြေအနေကို ရိပ်မိသွားကြသည်။

"ဟဲ့... ခုနကတော့ သူ့လစာနဲ့ ငါတို့ကို မကျွေးနိုင်ပါဘူးဆို အခုတော့ မစ္စတာမိုကိုယ်တိုင် သူ့ကို တွေ့ဖို့ လက်ထောက်လင်ကို လွှတ်လိုက်ပြီ သူက သာမန်လူ ဖြစ်နိုင်ပါ့မလား"

အမှန်စင်စစ် သူတို့သည်လည်း ရှင်းယောင်းလုပ်ငန်းစုကဲ့သို့ နေရာမျိုးတွင် အလုပ်လုပ်နေကြသူများဖြစ်ရာ အမျိုးသားများ၏ ထောက်ပံ့မှုကို လိုအပ်နေသူများ မဟုတ်ကြချေ။

အစောပိုင်းက အမျိုးသားဝန်ထမ်းကို မိန်းကလေးက ပြန်လည် လှောင်ပြောင်လိုက်သည်။

"ဟုတ်တယ်... သူက နင့်ထက် ချောရုံတင်မကဘူး၊ နင့်ထက်လည်း ပိုချမ်းသာမှာ သေချာတယ် လူချောလေးကို ငေးရုံပဲ ငေးစမ်းပါ ရုပ်ချောတဲ့သူတွေက အသုံးမကျတဲ့ ဆင်းရဲသားတွေပါဆိုပြီး လူကြီးမင်းပုံစံနဲ့ လာပြီး ဆရာမလုပ်နဲ့ဦး ကိုယ့် ကိုယ်ကိုယ် ပြန်နှစ်သိမ့်မနေနဲ့"

ထိုအမျိုးသားမှာ မိမိကုမ္ပဏီမှ အမျိုးသမီးများ၏ နှုတ်သီးကောင်းလျှာထွက် ရှိပုံကို ပထမဆုံးအကြိမ် သိရှိသွားပြီး နောက်နောင်တွင် ဘယ်တော့မှ ရွဲ့စောင်းပြောဆိုတော့မည် မဟုတ်ကြောင်း ကျိန်ဆိုလိုက်တော့သည်။

လက်ထောက်လင် အောက်ထပ်သို့ ဆင်းလာသောအခါ ဧည့်ကြိုကောင်တာတွင် မှီရပ်နေသော လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။

သူ၏ အနည်းငယ် ရှည်လျားသော ဆံနွယ်များမှာ နားရွက်ကို ဖုံးကွယ်လျက် ဖားလျားကျနေပြီး၊ မျက်လွှာချကာ တိတ်ဆိတ်စွာ ရပ်နေသော ထိုလူငယ်လေးကို မြင်လိုက်ရသဖြင့် လက်ထောက်လင် စိတ်အေးသွားရသည်။

သတင်းကြီးလှသော သခင်လေးကျန်မှာ ကောလာဟလများကဲ့သို့ ကြောက်စရာ မကောင်းပုံရပေ။

ခြေသံကြားသဖြင့် ကျန်ယီ မော့ကြည့်လိုက်သည်။ သူ၏ မျက်ခုံးနှင့် မျက်ဝန်းများတွင် ပျင်းရိငြီးငွေ့မှုများ ပြည့်နှက်နေပြီး အထာကျကျ မှီရပ်နေသော ပုံစံမှာ ဘဝကို ရွဲ့စောင်းကြည့်

တတ်သော အမူအရာမျိုး ပေါက်နေသည်။

လက်ထောက်လင်သည် သူ၏ မျက်လုံးများ

ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် "ငါ့ကို လာမရှုပ်နဲ့" ဟု သတိပေးနေသည့်အလား ပြင်းထန်သော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

"ထားလိုက်ပါတော့... ပိုက်ဆံအတွက်ပဲလေ ပြီးတော့ သူက အခု ငါ့ရဲ့ အထက်လူကြီး ဖြစ်နေပြီပဲ၊ စိတ်အေးအေးထားရမယ်"

ဟု လက်ထောက်လင် မိမိကိုယ်ကို နှစ်သိမ့် လိုက်သည်။

"အတွင်းရေးမှူးကျန်... ဥက္ကဋ္ဌမိုက ရုံးခန်းထဲမှာ ရှိနေပါတယ် ကျွန်တော် အရင်ဆုံး လိုက်ပို့ပေးပါ့မယ်"

လက်ထောက်လင်သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဤအသုံးအနှုန်းမှာ အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု ယူဆလိုက် သည်။

အကယ်၍ ကျန်ယီသည် ကျန်မိသားစု၏ သခင်လေးဖြစ်ကြောင်း သိသွားပါက ကုမ္ပဏီမှ အမျိုးသမီးငယ်များ၏ ဝိုင်းဝန်းမှုကို ခံရနိုင်ရာ အလုပ်လုပ်ရန် ခဲယဉ်းသွားပေလိမ့်မည်။

ထို့အပြင် သခင်လေးကျန်သည် ရှင်းယောင်းသို့ ပညာသင်ရန်နှင့် အလုပ်လုပ်ရန် လာခြင်းဖြစ်သဖြင့် တရားဝင် ရာထူးတစ်ခုဖြင့်သာ ကိုင်တွယ်ရမည်ဖြစ်သည်။

ကျန်ယီသည် ဘာမှပြန်မပြောဘဲ လက်ထောက်လင်နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါသွားသည်။ ဓာတ်လှေကားတံခါး ပိတ်သွားသောအခါမှသာ ဧည့်ခန်းမရှိ လူများမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးကြတော့သည်။

"ကြားလိုက်လား... အတွင်းရေးမှူးအသစ်က တကယ်ကို ချောတာပဲ"

"ငါတော့ ဒီလို လူဆိုးလေးပုံစံမျိုးကို အရမ်းကြိုက်တာပဲ"

"ချောတော့ ချောပါရဲ့၊ ဒါပေမဲ့ ကစားသမားပုံစံမျိုး ပေါက်နေတယ်နော်"

"ငါ့အထင်တော့ သူက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အတော်လေး ရှုပ်ထွေးမယ့်ပုံပဲ အပြင်ပန်းက ကြည့်ရင်တော့ မောက်မာသလို ရှိပေမယ့် အတွင်းစိတ်ကတော့ ပြတ်သားမယ့်ပုံပဲ"

"နင်ကလည်း ဝတ္ထုတွေ ဖတ်တာ များနေပြီ တစ်ခါတွေ့ရုံနဲ့ ဘာတွေ သိနိုင်မှာလဲ"

"တော်ကြစို့ဟယ်... သူ့စရိုက်က ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နဲ့မှ မဆိုင်တာ ငါသိတာကတော့ သူက ဥက္ကဋ္ဌမိုရဲ့ အတွင်းရေးမှူး ဖြစ်လာမှာဆိုတော့ သူ့ရဲ့ ချောမောတဲ့ မျက်နှာကို ခဏခဏ မြင်ရတော့မယ် ဆိုတာပဲ"

သူတို့သည် မစ္စတာမို၏ မျက်နှာကိုမူ တိုက်ရိုက်ကြည့်ဝံ့ကြသူများ မဟုတ်ချေ။

မိုဟန်ကျီ၏ တည်ကြည်အရှိန်အဝါကြီးလှသော ပုံစံကြောင့် ဝန်ထမ်းများမှာ သူ့အနား ချဉ်းကပ် ရန်ပင် ဝန်လေးတတ်ကြသည်။

ယခု လူသစ်မှာမူ မောက်မာသော်လည်း ဆွဲဆောင်မှုရှိသော လူငယ်လေးတစ်ဦး ဖြစ်နေသဖြင့် သူတို့၏ အကြိုက်နှင့် ကွက်တိပင် ဖြစ်နေတော့သည်။

လက်ထောက်လင်သည် ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

"ဝင်ခဲ့ပါ"

ကျန်ယီသည် ခပ်ကြွားကြွားပင် ဝင်လာပြီး ဆိုဖာပေါ်တွင် အေးအေးဆေးဆေး နေရာယူလိုက် သည်။

မိုဟန်ကျီက လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြသည်။ ကျန်ယီက မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်သည်။ အဆိုးဆုံး ဖြစ်လာပါက ဤအလုပ်မှ အထုတ်ခံရအောင် လုပ်လိုက်ရုံသာ ရှိသည်။ မိုဟန်ကျီက သူ့ကို အလုပ်ထုတ်လိုက်ပါက သူ၏ ဖခင်ဖြစ်သူလည်း ဘာမှ အပြစ်ပြောနိုင်တော့မည် မဟုတ်ချေ။

"ကျန်ယီ..."

မိုဟန်ကျီ၏ အမူအရာမှာ အေးစက်တည်ငြိမ်နေပြီး အသံမှာလည်း ကင်းကွာလှသည်။

မနေ့က ကျန်ယီ၏ ဖခင်ရှေ့တွင် 'ရှောင်ယီ' ဟု ရင်းရင်းနှီးနှီး ခေါ်ဆိုခဲ့သော ပုံစံမျိုး လုံးဝ မရှိတော့ချေ။

"ပြောပါဦး... ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ ကျွန်တော်ကတော့ ဘာမှ မလုပ်တတ်ဘူးနော်"

ကျန်ယီသည် ခြေတစ်ဖက်ကို ချိတ်လျက် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ထားကာ မည်သည့်အရာကိုမျှ ဂရုမစိုက်သော သခင်လေးတစ်ဦး၏ ဟန်ပန်ကို အပြည့်အဝ ပြသနေသည်။

"ကိစ္စမရှိပါဘူး၊ လက်ထောက်လင်က မင်းကို သင်ပေးပါလိမ့်မယ်"

မိုဟန်ကျီက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"လက်ထောက်လင်... သူ့အတွက် စားပွဲတစ်ခု စီစဉ်ပေးလိုက်ပါ"

မိုဟန်ကျီသည် သူ့ကို အမှန်တကယ်ပင် အလုပ်သင်ပေးရန် ရည်ရွယ်ထားသည်ကို ကျန်ယီ မမျှော်လင့်ထားခဲ့ချေ။

"မင်း...”

သူသည် ရုတ်တရက် ထရပ်ကာ မိုဟန်ကျီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဘာလဲ... အလုပ်လုပ်ချင်လွန်းလို့ အလျင်လိုနေတာလား ဒါဆိုလည်း လက်ထောက်လင်ကို ပြောပြီး မင်းရဲ့ စားပွဲကို ငါ့ရုံးခန်းထဲမှာပဲ ထည့် ခိုင်းလိုက်မယ်"

မိုဟန်ကျီက အမူအရာမပျက်ဘဲ ကျန်ယီ၏ ဆိုလိုရင်းကို ရည်ရွယ်ချက်ရှိရှိ လွဲချော်စွာ ဘာသာပြန်လိုက်သည်။

"ကျွန်တော့်အဖေက ခင်ဗျားကို ဘာတွေ ပေးထားလို့လဲ ဘာလို့ ဒီလောက်အထိ ဒုက္ခခံနေရတာလဲ"

ကျန်ယီသည် သူ၏ ဖခင်က သူ အားယားနေသည်ကို မကြည့်ရက်သဖြင့် မိုဟန်ကျီထံ အပ်နှံထားခြင်း ဖြစ်သည်ဟု ယခုထိ ယုံကြည်နေဆဲဖြစ်သည်။ လက်ထောက်လင်ကမူ ဘာမှ မကြားသလိုပင် ငြိမ်သက်စွာ နေနေတော့သည်။

"ငါ့မှာ ဘာမှ မလိုပါဘူး"

မိုမိသားစု၏ အရှိန်အဝါမှာ ကျန်မိသားစုထက် မနိမ့်ပါးလှသဖြင့် ကျန်ယီမှာ စကားအအ သွားရပြန်သည်။

"ကျွန်တော်က ဘာမှ မလုပ်တတ်ဘူးလို့ အဖေ့ကို ပြောပေးပါ ပြီးတော့ ကျွန်တော့်ကို အလုပ်ထုတ်လိုက်ပါ"

ကျန်ယီသည် သူ၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည် သို့မဟုတ် အလုပ်မဝင်ရသေးဘဲ အထုတ်ခံရမည်ကို လုံးဝ ဂရုမစိုက်ချေ။

"ဒါကတော့ မဖြစ်နိုင်ဘူး စိတ်ကူးမယဉ်ပါနဲ့တော့ မင်းအဖေကို ငါ ကတိပေးထားပြီးသားဆိုတော့ မင်းကို သေသေချာချာ သင်ပေးရမှာပဲ ပြီးတော့ မင်းက ယွဲ့ယွဲ့ကို 'အစ်မ' လို့ ခေါ်တာဆိုတော့ မင်းရဲ့ ခဲအိုတစ်ယောက်အနေနဲ့ ငါ့မှာ တာဝန်ရှိတယ်လေ"

မိုဟန်ကျီသည် မင်ယွဲ့နှင့် ကျန်ယီတို့ အဆက်အသွယ် အလွန်အကျွံ ရှိနေမည်ကို မလိုလားသဖြင့် ကျန်ယီကို မိမိ၏ ဘေးတွင် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမူ သူသည် ကျန်ယီ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးနေသည့် သူတော်စင်ကြီးအလား ပြောဆိုနေတော့သည်။

ကျန်ယီသည် မိုဟန်ကျီ၏ စကားများမှာ မရိုးသားကြောင်း ခံစားမိသော်လည်း၊ ဤလူက ဘာကြောင့် မိမိကို စီးပွားရေးလုပ်ငန်းများ သင်ကြားပေးရန် ဤမျှ ကြိုးစားနေရသည်ကိုမူ အဖြေရှာမရ ဖြစ်နေရသည်။

လက်ထောက်လင်မှာမူ မင်ယွဲ့၏ အမည်ကို ထပ်မံ ကြားလိုက်ရသဖြင့် ဤကိစ္စမှာ မင်ယွဲ့နှင့် ပတ်သက်နေကြောင်း ရိပ်မိသွားသည်။

"လက်ထောက်လင်... သွားပြီး စီစဉ်လိုက်တော့”

မိုဟန်ကျီက ညွှန်ကြားလိုက်သောအခါ လက်ထောက်လင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ရုံးခန်းအတွင်းမှ အမြန် ထွက်ခွာခဲ့သည်။

"ဟိုက အားနေတဲ့ စားပွဲကို သန့်ရှင်းရေးလုပ်ပြီး ဥက္ကဋ္ဌမိုရဲ့ ရုံးခန်းထဲကို ရွှေ့ပေးလိုက်ပါ"

လက်ထောက်လင်သည် အတွင်းရေးမှူးအဖွဲ့မှ ဝန်ထမ်းများကိုသာ အမိန့်ပေးစေခိုင်းလိုက်သည်။

"လက်ထောက်လင်... ခုနက ဝင်သွားတဲ့ လူငယ်လေးက လုပ်ဖော်ကိုင်ဖက်အသစ်လားဟင်"

အတွင်းရေးမှူးတစ်ဦးက စူးစမ်းစွာ မေးမြန်းလိုက်သည်။

"ဟုတ်တယ်၊ သူက အတွင်းရေးမှူးအသစ်ပဲနောင်ကျရင် ငါတို့နဲ့အတူ အလုပ်လုပ်ရလိမ့်မယ်"

လက်ထောက်လင်သည် အမျိုးသားအတွင်းရေးမှူး နှစ်ဦးကို စားပွဲရွှေ့ရန် ခိုင်းစေလိုက်သည်။

"အို... လက်ထောက်လင်ရယ်၊ ကျွန်မအတွက်ရော အခွင့်အရေး ရှိနိုင်မလား"

အမျိုးသမီးအတွင်းရေးမှူးတစ်ဦးက မျက်စိမှိတ်ပြကာ နောက်ပြောင်လိုက်သည်။

"ငါ့မှာ ရည်းစားရှိတယ်"

လက်ထောက်လင်က ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်သည်။

"အမလေး... ရှင်ကို ပြောတာ မဟုတ်ပါဘူး၊ အတွင်းရေးမှူးအသစ်ကို ပြောတာပါ"

"အိပ်မက်တောင် မမက်နဲ့၊ မဖြစ်နိုင်ဘူး... အနာဂတ် မရှိဘူး"

လက်ထောက်လင်က ပြတ်သားစွာပင် တုံ့ပြန် လိုက်သည်။

"ဒီစားပွဲတွေကို ဥက္ကဋ္ဌမိုရဲ့ ရုံးခန်းထဲကို ရွှေ့လိုက်ကြ ဒါက အတွင်းရေးမှူးအသစ်ရဲ့ နေရာဖြစ်လိမ့်မယ် ဒါနဲ့ သူ့မျိုးရိုးက ကျန် ပါ၊ သူ့ကို အတွင်းရေးမှူးကျန် လို့ပဲ ခေါ်လိုက်ကြ"

လက်ထောက်လင် ထွက်သွားပြီးနောက် ဝန်ထမ်းများမှာ တီးတိုးပြောဆိုကြပြန်သည်။

"သူက ဘယ်လို နောက်ခံမျိုး ရှိလို့လဲအတွင်းရေးမှူးအဖွဲ့ထဲကို ဒီလောက်လွယ်လွယ်ကူကူ ရောက်လာတာလား"

"သူက သာမန် အတွင်းရေးမှူး မဟုတ်လောက် ဘူး နောင်ကျရင် ငါတို့အပေါ်မှာ လက်ထောက်လင်တင်မကဘူး၊ အတွင်းရေးမှူးကျန်ပါ ရှိလာတော့မှာ"

"သူက ဥက္ကဋ္ဌမိုရဲ့ ရုံးခန်းထဲကို တိုက်ရိုက် ဝင်သွားတာဆိုတော့ အမျိုးတော်စပ်သူများလား မသိဘူး"

"နင် ကြိုးစားကြည့်ပါလား နင် အဆင်ပြေသွားရင် ငါလည်း နင့်အရှိန်အဝါနဲ့ နေရတာပေါ့"

အမျိုးသမီးဝန်ထမ်းများမှာ တစ်ဦးကိုတစ်ဦး စနောက်နေကြတော့သည်။

"မဖြစ်နိုင်တာ... ငါနဲ့ သူက မထိုက်တန်ပါဘူး"

အခန်း (၃၃၇) ယောက်ျားတွေက အတူတူပါပဲ

သာမန်အတွင်းရေးမှူးတစ်ဦးသာဆိုပါက သူမအနေဖြင့် စမ်းသပ်ကြည့်ချင်မိမည်မှာ အမှန်ပင်။

အဘယ်ကြောင့်ဆိုသော် မိမိ၏ အကြိုက်နှင့် ကွက်တိကျသော လူချောလေးမျိုးကို ရှာတွေ့ရန် မလွယ်ကူလှသောကြောင့်ဖြစ်သည်။ သို့သော် ဤလူငယ်မှာ သိသာထင်ရှားလှသော နောက်ခံအင်အားရှိသူဖြစ်ရာ သူမအနေဖြင့် မတော်တဆ ပြစ်မှားမိမည်ကို စိုးရိမ်မိသည်။

"တကယ်လို့များ အခွင့်အရေးရှိခဲ့ရင်ကော စမ်းကြည့်ကြမလား"

"ငါ့ကို လာမမြှောက်ပင့်နဲ့တော့၊ နင်ပဲ သွားစမ်းကြည့်ပါလား"

အလုပ်အကိုင်နှင့် ယှဉ်လာပါက မည်မျှပင် ချောမောသော အမျိုးသားဖြစ်ပါစေ အရေးမပါတော့ချေ။ ရှင်းယောင်းလုပ်ငန်းစုတွင် အလုပ်ရရန် ခဲယဉ်းလှရာ ဤကိစ္စကြောင့် အလုပ်ပြုတ်သွားရမည်ဆိုပါက အလွန်ပင် နှမြောစရာကောင်းပေလိမ့်မည်။

အတွင်းရေးမှူးအဖွဲ့၏ တီးတိုးစကားသံများမှာ ကြာရှည်မခံဘဲ မကြာမီမှာပင် လုပ်ငန်းခွင် အတွင်းသို့ ပြန်လည် နစ်မြုပ်သွားကြသည်။

စားပွဲနှင့် ကုလားထိုင်များကို သယ်ဆောင်လာသော ဝန်ထမ်းများမှာလည်း ခေါင်းကို ငုံ့ထားလျက် မည်သူ့ကိုမျှ မျက်လုံးချင်းမဆုံဝံ့ဘဲ အလုပ်ကိုသာ အမြန်လုပ်ဆောင်ကြတော့သည်။

မိုဟန်ကျီမှာမူ ပြင်ပလောက၏ ဆူညံသံများကို လုံးဝ အရေးမစိုက်ဘဲ သူ၏ အလုပ်အပေါ်၌သာ အာရုံစိုက်နေသည်။

ကျန်ယီသည် မိမိ၏ စားပွဲကို လာရောက်တပ်ဆင်ပေးနေသူများကို ကြည့်ရင်း စတုရန်းပေ ၈၀၀ ကျော် ကျယ်ဝန်းလှသော ဤရုံးခန်းကျဉ်းကျဉ်းလေးအတွင်း အကျဉ်းကျနေရသကဲ့သို့ ခံစားနေရသဖြင့် စိတ်မကြည်မလင် ဖြစ်နေတော့သည်။

သာမန်လူများသာ ကျန်ယီ၏ စကားကို ကြားပါက ငိုချင်စိတ်ပင် ပေါက်သွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် မိုဟန်ကျီ၏ ရုံးခန်းမှာ အခြားသော သူဌေးများထက် များစွာ ပိုမိုကျယ်ဝန်းနေသောကြောင့်ပင်။

သို့သော် လွတ်လပ်မှုကို မြတ်နိုးလှသော ကျန်ယီအတွက်မူ ဤနေရာမှာ အတောင်ပံအဖြတ်ခံထားရသော ငှက်တစ်ကောင်အလား ခံစားနေရသဖြင့် အလွန်ပင် အသက်ရှူကျပ်လှသည်။

"မိုဟန်ကျီ...”

ကျန်ယီ၏ အော်ဟစ်သံက ရုံးခန်းအတွင်း ဟိန်းထွက်သွားသည်။ စားပွဲများကို လာရောက်ပြင်ဆင်ပေးနေသော ဝန်ထမ်းများမှာ ထိတ်လန့်သွားကြပြီး အလုပ်ကို အမြန်လက်စသတ်ကာ အခန်းပြင်သို့ ခပ်သုတ်သုတ် ထွက်ခွာသွားကြတော့သည်။

မိုဟန်ကျီက မည်သည့်ခံစားချက်မျှမပါသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ရာ ကျန်ယီမှာ ရုတ်တရက် အရှိန်သေသွားပြီး သူ၏ လေသံကို ချက်ချင်းပင် လျှော့ချလိုက်ရသည်။

"အထွေထွေမန်နေဂျာမို..."

သူသည် ကြောက်ရွံ့သွားခြင်း မဟုတ်ဘဲ အခြေအနေအရ လိုက်လျောညီထွေ နေတတ်ခြင်းသာ ဖြစ်သည်ဟု မိမိကိုယ်ကို ဆင်ခြေပေးလိုက်သည်။

"အင်း"

မိုဟန်ကျီက တိုတိုတုတ်တုတ်ပင် ထူးလိုက်သည်။

"ကျွန်တော်တို့ သဘောတူညီချက်တစ်ခု လုပ်ကြရအောင် ကျွန်တော် ဒီမှာ တစ်လပဲ နေမယ်၊ အဲ့ဒီအတောအတွင်းမှာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အေးအေးဆေးဆေးပဲ နေကြရအောင်လေ”

မာနည်းဖြင့် မရသောအခါ ကျန်ယီသည် ပျော့နည်းကို သုံးရန် ကြိုးစားလိုက်သည်။

"မရဘူး... မင်းအဖေကို ငါ ကတိပေးထားပြီးသား မင်း တစ်ခုခု တတ်မသွားဘူးဆိုရင် ငါ့ရဲ့ မျက်နှာကို ဘယ်နား သွားထားရမလဲ"

မိုဟန်ကျီသည် ကျန်ယီကို ဤနေရာသို့ ခေါ်ဆောင်လာပြီးမှတော့ သူ့ကို အမှန်တကယ်ပင် တိုးတက်စေလိုသည်။

"မိုဟန်ကျီ... ခင်ဗျားကတော့”

ဒေါသကြီးလှသော ကျန်ယီသည် ယခုအခါတွင် ပေါက်ကွဲရန် အသင့်ဖြစ်နေပြီဖြစ်သည်။

"ငါ ကြားတယ်"

မိုဟန်ကျီက ခေါင်းပင်မော့မကြည့်ဘဲ အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။

မိုဟန်ကျီသည် ဤမျှအထိ ဒေါသထွက်စရာကောင်းသူဖြစ်ကြောင်း သူ အဘယ်ကြောင့် အစောပိုင်းက သတိမထားမိခဲ့သနည်း။

အမှန်စင်စစ် သူသည် မိုဟန်ကျီကို တစ်ခါမျှ မနှစ်သက်ခဲ့ဖူးချေ။ မိုဟန်ကျီနှင့် သူ၏အစ်ကိုဖြစ်သူမှာ ငယ်စဉ်ကတည်းက သူ၏ အိပ်မက်ဆိုးများဖြစ်ခဲ့ပြီး 'သူတစ်ပါးအိမ်က ကလေးများ' ဟူသော စံပြပုံစံမျိုး ဖြစ်ခဲ့ကြသည်။

မည်သို့ပင် ကြိုးစားစေကာမူ သူတို့နှင့် မယှဉ်နိုင်သဖြင့် ကျန်ယီမှာ ကြာလာသောအခါ အရှုံးပေးကာ အပျော်အပါးဘက်သို့သာ လှည့်သွားခဲ့ခြင်းဖြစ်သည်။

"ခင်ဗျား တမင် ကျွန်တော့်ကို ပစ်မှတ်ထားနေတာ မဟုတ်လား"

ကျန်ယီ၏ မျက်ဝန်းများတွင် ဒေါသရိပ်များ လွှမ်းနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

"မင်း အများကြီး တွေးနေပြီ"

မိုဟန်ကျီက ပြန်ဖြေလိုက်သည်။

သူသည် ကျန်ယီကို တမင် ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း တာဝန်ယူထားပြီးမှတော့ စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးလိုခြင်းသာ ဖြစ်သည်။ ၎င်းမှာ သူ၏ အလုပ်လုပ်ပုံ စတိုင်ပင် ဖြစ်သည်။

"ခင်ဗျားက ကျွန်တော့်ရဲ့ အစ်မယွဲ့နဲ့ လုံးဝ မထိုက်တန်ဘူးလို့ ကျွန်တော် ထင်တယ် နောင်ကျရင် သူမကို ကျွန်တော့်ထက် ပိုချောတဲ့လူတွေနဲ့ မိတ်ဆက်ပေးဦးမယ်"

ကျန်ယီက ရန်စသော အမူအရာဖြင့် ဆိုလိုက် သည်။

မိုဟန်ကျီသည် လက်ထဲမှ ဘောပင်ကို ချလိုက်ပြီး သူ၏ မျက်ဝန်းများမှာ နက်မှောင်ကာ ခန့်မှန်းရခက်သော အသွင်သို့ ပြောင်းလဲသွားသည်။ ကျန်ယီသည် ထိုအကြည့်အောက်တွင် စိတ်မသက်မသာ ဖြစ်သွားသော်လည်း၊ မိမိ မပျော်ရွှင်ရသကဲ့သို့ မိုဟန်ကျီကိုလည်း မပျော်ရွှင်စေချင်တော့ပေ။

သို့သော် မိုဟန်ကျီသည် တကယ်ကို ချောမောလှသည်။ သူ့ကိုယ်သူထက်ပင် အနည်းငယ်သာ လျော့နည်းပေလိမ့်မည်။ မိုဟန်ကျီထက် ပိုချောသော အမျိုးသားကို ရှာရန်မှာ အလွန်ပင် ခဲယဉ်းလှပေသည်။

"မင်းထက် ငယ်ပြီး ပိုပြီး လိမ်မာနားထောင် မယ့်သူနဲ့ မိတ်ဆက်ပေးရမှာပေါ့"

မိုဟန်ကျီ၏ မျက်နှာမှာ ပို၍ ပို၍ မှောင်မှောင်လာရာ ကျန်ယီမှာမူ တစ်ဖက်လူကို မည်သို့ တိုက်ခိုက်ရမည်ကို သိရှိသွားသဖြင့် တိုက်ပွဲတစ်ခုတွင် အနိုင်ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူသည် ဆိုဖာပေါ်တွင် ခပ်ကြွားကြွားပင် ထိုင်ချလိုက်ပြီး မည်သည့် စည်းကမ်းကိုမျှ ဂရုမစိုက်တော့ချေ။

"လက်ထောက်လင်... အတွင်းရေးမှူးကျန်ကို သူ့ရဲ့ အလုပ်တွေနဲ့ ရင်းနှီးအောင် သင်ပေးလိုက်ပါ"

မိုဟန်ကျီက သူ့ကို ဂရုမစိုက်တော့ဘဲ လက်ထောက်လင်ကိုသာ လှမ်းခေါ်လိုက်သည်။

မကြာမီမှာပင် လက်ထောက်လင် ရောက်လာပြီး ကျန်ယီကို ခေါ်ဆောင်သွားတော့သည်။

တစ်ဖက်တွင် ကျန်းဟန်နှင့် ဝမ်ချန်းတို့သည် လမ်းဟောင်းပြန်လည်တည်ဆောက်ရေးအတွက် တာဝန်ရှိသူများကို ဧည့်ခံနေကြသည်။

"မမလေးမင် ပြောတာကတော့ သူမဘက်က အရှေ့ပိုင်း စီးပွားရေးလမ်းမကြီးမှာ ကျွန်တော်တို့ လမ်းသစ်မှာ နေရာမပေးနိုင်တဲ့ ကုန်သည်တွေကို လက်ခံပေးနိုင်တယ်လို့ ဆိုပါတယ်"

ကျန်းဟန်နှင့် ဝမ်ချန်းတို့သည် ရင်ထဲမှ အံ့ဩမှုများကို ထိန်းချုပ်ကာ အမူအရာမပျက် နေလိုက်ကြသည်။

သူတို့၏ သူဌေးမလေးက အခါအားလျော်စွာ ပေးတတ်သော အံ့ဩစရာများကို သူတို့ ကျင့်သားရနေပြီဖြစ်သည်။ အရှေ့ပိုင်း စီးပွားရေးလမ်းမကြီးမှာလည်း မင်ယွဲ့၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်နေပြန်ပြီမဟုတ်ပါလား။

"ဟုတ်ကဲ့... သဘောတူညီချက်အတိုင်း ဆောင်ရွက်ပါ့မယ်"

သူတို့နှစ်ဦးလုံး မင်ယွဲ့၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန် မရှိသဖြင့် နှစ်ဖက်စလုံးမှာ လျင်မြန်စွာပင် စတင်ဆောင်ရွက်ကြတော့သည်။

ကုန်သည်များသည်လည်း တူညီသော ငှားရမ်းခနှုန်းထားဖြင့် အရှေ့ပိုင်း စီးပွားရေးလမ်းမကြီးသို့ ပြောင်းရွှေ့ရန် ဝမ်းသာအားရ သဘောတူခဲ့ကြသည်။

မင်ယွဲ့သည် ယန်တာတက္ကသိုလ်တွင် အလုပ်ရှုပ်နေချိန်၌ ကျန်းဟန်တို့က ကုမ္ပဏီအတွက် ငွေရှာပေးနေကြခြင်းမှာ သူမအတွက် ငွေရှာပေးနေခြင်းပင်ဖြစ်သည်။ အချိန်များမှာ ကုန်ဆုံးရမှန်းမသိအောင်ပင် လျင်မြန်စွာ ရွေ့လျားနေတော့သည်။

"မိုဟန်ကျီ... ခင်ဗျား ကျွန်တော့်ကို တမင် သက်သက် ကလဲ့စားချေနေတာ မဟုတ်လားကျွန်တော် ခင်ဗျားကို ဘာပြစ်မှားထားလို့လဲ"

ယခုရက်ပိုင်းအတွင်း ကျန်ယီ၏ ဒေါသများမှာ အတော်လေး လျော့ပါးသွားပြီဖြစ်သည်။

သူသည် နေ့စဉ် ဝန်ထမ်းအားလုံးထံသို့ စာရွက်စာတမ်းများ ပို့ဆောင်ပေးရခြင်း၊ အစည်းအဝေးမှတ်တမ်းများ ပြုစုရခြင်းနှင့် မိုဟန်ကျီ၏ စီးပွားရေးခရီးစဉ်များတွင် လိုက်ပါဆောင်ရွက်ရခြင်းတို့ကြောင့် အလွန်ပင် ပင်ပန်းနေရသည်။

"မင်းကလည်း... ဘာလို့ ဒီလို ထင်ရတာလဲ ငါက မင်းကို လေ့ကျင့်ပေးနေတာလေ"

မိုဟန်ကျီ၏ မျက်ဝန်းများမှာ ကြည်လင်တောက်ပလှသဖြင့် သူ့ကို ကြည့်မိသူတိုင်းမှာ မိမိအပေါ် စေတနာထားသူကို အထင်မှားမိသည့်အတွက် အပြစ်ရှိသကဲ့သို့ ခံစားရစေသည်။

ကျန်ယီသည် ခေါင်းကို ခါယမ်းကာ ချက်ချင်းပင် သတိပြန်ဝင်လာသည်။

"မိုဟန်ကျီ... ခင်ဗျား ပြောင်းလဲသွားပြီ

ကျွန်တော် မသိတဲ့ လူတစ်ယောက်လို ဖြစ်နေပြီ"

"ဩော်... ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘူး ဒါနဲ့ အရင်က ကိုယ်က ဘယ်လိုမျိုးလဲ"

မိုဟန်ကျီက လက်မှတ်ရေးထိုးပြီးသော စာရွက်စာတမ်းများကို ကျန်ယီ၏ရှေ့သို့ ပစ်ပေးရင်း မေးလိုက်သည်။

"အရင်က ခင်ဗျားက အေးစက်တယ်၊ တည်ကြည်တယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ အာဏာရှင်ဆန်တယ်"

ကျန်ယီက ပြင်ပလူများ မိုဟန်ကျီအပေါ် မြင်ကြသော ပုံရိပ်ကို ပြောပြလိုက်ခြင်းဖြစ်သည်။

"ဒါဆို မင်းက ငါ့ကို ဒီလောက်တောင် သဘောကျနေတာပေါ့”

မိုဟန်ကျီက ပြုံးစစဖြင့် ဆိုလိုက်သည်။

"သွားစမ်းပါဗျာ... ခင်ဗျားလို လှည့်ဖြားတတ်တဲ့ လူမျိုးကို ဘယ်သူက သဘောကျမှာလဲ"

ကျန်ယီ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးသွားတော့သည်။

“ဒေါက် ဒေါက်”

ရုံးခန်းတံခါး ပွင့်သွားပြီး မင်ယွဲ့သည် အပြုံးလေးဖြင့် အခန်းဝတွင် ရပ်နေကာ လက်လှမ်းပြလိုက်သည်။

"ကျွန်မ... ရောက်လာတာ အချိန်မှားသွားသလား မသိဘူးနော်"

သူမက ကျန်ယီကို တစ်ချက်ကြည့်ကာ မိုဟန်ကျီဘက်သို့ လှည့်လိုက်သည်။

"ယွဲ့ယွဲ့”

မိုဟန်ကျီသည် ချက်ချင်းပင် ထရပ်ကာ သူမကို ဝမ်းသာအားရ ကြိုဆိုလိုက်ပြီး လက်ကို ဆွဲထားလိုက်သည်။

အေးစက်ခက်ထန်သော အရှိန်အဝါရှိသည့် ထိုအမျိုးသားသည် မင်ယွဲ့၏ ရှေ့တွင်မူ ချက်ချင်းပင် နူးညံ့ပျော့ပြောင်းသွားပြီး အသံကိုပင် လျှော့ကာ ပြောဆိုနေတော့သည်။

ကျန်ယီမှာမူ မိုဟန်ကျီ၏ မျက်နှာပြောင်းလဲပုံမှာ စီချွမ်ပြဇာတ်ထက်ပင် ပိုမိုမြန်ဆန်လှကြောင်း ယခုရက်ပိုင်းအတွင်း ကျင့်သားရနေပြီဖြစ်သည်။

"ဒီနေ့ နေ့လယ်မှာ အစည်းအဝေးရှိတယ် သွားပြီး ကြိုတင်ပြင်ဆင်စရာရှိတာတွေ သွားလုပ် လိုက်တော့"

မိုဟန်ကျီက သူ၏ဘေးတွင် ရပ်နေသော ကျန်ယီကို ကြည့်ကာ ချက်ချင်းပင် ခိုင်းစေလိုက်သည်။

"အစ်မ... သူ့ကို ကြည့်ပါဦး သူ ကျွန်တော့်ကို တမင် လုပ်နေတာ"

ကျန်ယီက မင်ယွဲ့ကို တိုင်တန်းလိုက်သည်။

ရှင်းယောင်းသို့ ရောက်လာကတည်းက သူသည် ကိုယ်အလေးချိန်ပင် ကျသွားခဲ့ပြီဖြစ်သည်။

"ကဲပါ... နေ့လယ်ရောက်တော့မယ်လေ ခဏလောက် နားလိုက်ကြဦး ကျွန်မ စားစရာတွေ ယူလာပေးတယ်"

မင်ယွဲ့၏ မျက်နှာလေးမှာ တက်ကြွလန်းဆန်းနေပြီး အလွန်ပင် ချစ်စဖွယ် ကောင်းလှသည်။

အခန်းထဲရှိ အမျိုးသားနှစ်ဦးလုံးမှာမူ ရုတ်တရက် ကျောချမ်းသွားကြသည်။

"အစ်မ... အမျိုးသားတွေကို ဒီလို လွယ်လွယ်နဲ့ မပြုံးပြပါနဲ့ ဘယ်ယောက်ျားမှ မကောင်းဘူး"

ကျန်ယီက ရုတ်တရက် ပြောလိုက်သည်။

သူသည် မင်ယွဲ့၏ အလှအပကို စိတ်ရင်းဖြင့် အသိအမှတ်ပြုသော်လည်း အမျိုးသားများ၏ မကောင်းသော အကျင့်စရိုက်များကို သိထားသဖြင့် သူမကို သတိပေးလိုခြင်းဖြစ်သည်။

မိုဟန်ကျီ၏ မျက်ဝန်းများမှာ အနည်းငယ် နက်မှောင်သွားပြီး မင်ယွဲ့ကို စိုက်ကြည့်နေမိသည်။

သူသည် ကျန်ယီ၏ စကားကို မတုံ့ပြန်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ထိုသို့ပင် ခံစားနေရသောကြောင့်ပင်။

မင်ယွဲ့က မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် -

"ဒါဆို ရှင်တို့နှစ်ယောက်လုံးကလည်း လူကောင်းတွေ မဟုတ်ကြဘူးပေါ့ ဟုတ်လား"

ထိုအချိန်တွင် လက်ထောက်လင်သည် နေ့လယ်စာဘူးများကို သယ်ဆောင်ကာ ဝင်လာခဲ့သည်။

သူသည် အချိန်အဆိုးဆုံးတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရိပ်မိလိုက်သည်။

"မစ္စတာမို... မစ္စမင် ယူလာပေးတဲ့ ပစ္စည်းတွေကို ဒီမှာ ထားခဲ့ပါပြီ သုံးဆောင်တော်မူကြပါဦး"

သူသည် ပစ္စည်းများကို ချထားပေးပြီးနောက် ခပ်သုတ်သုတ်ပင် ထွက်ခွာသွားတော့သည်။

ကုမ္ပဏီ ထမင်းစားဆောင်တွင် တစ်ယောက်တည်း အေးအေးဆေးဆေး စားရသည်မှာ ပို၍ အရသာရှိပေလိမ့်မည်။

အခန်း (၃၃၈) အစ်မ

"ကျွန်တော်ကလွဲရင် ကျန်တဲ့ယောက်ျားတွေ အကုန်လုံးကို ပြောတာပါ"

ကျန်ယီသည် ဆိုဖာပေါ်တွင် အလိုက်သင့်နေရာရှာကာ ခပ်ကြွားကြွားပင် ထိုင်ချလိုက်သည်။

မိုဟန်ကျီကမူ သူ့ကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေဆဲပင်။ ကျန်ယီသည် ထိုအကြည့်ကို သိသော်လည်း ယခုအခါ အားကိုးရာရှိနေပြီဖြစ်ရာ လုံးဝဂရုမစိုက်တော့ချေ။ ဂရုမစိုက်ရုံတင်မကဘဲ မျက်ခုံးတစ်ဖက်ကိုပင် ပင့်ပြကာ ပြန်လည်ရန်စလိုက်သေးသည်။

သူသည် စိတ်ဓာတ်ကျနေသော ရုံးဝန်ထမ်းဘဝမှ ရုတ်တရက် ရုန်းထွက်ကာ မောက်မာဝင့်ကြွားသော သခင်လေးဘဝသို့ ချက်ချင်းကူးပြောင်းသွားသည့်အလား။

မိုဟန်ကျီ၏ မျက်ဝန်းများမှာ "မင်း တကယ်ပဲ ဒီလိုလုပ်ချင်တာလား" ဟု ခြိမ်းခြောက်နေသည့် အသွင် ဆောင်နေသည်။

"အစ်မ... ကျွန်တော် ပြောပြမယ် အချစ်ဆိုတာက တစ်ပိုင်းပေါ့၊ ဒါပေမဲ့ အစ်မက ချမ်းသာတယ်၊ ရုပ်ချောတယ်၊ အရည်အချင်းရှိတယ်ဆိုတော့ အရာရာကို ဆင်ခြင်တုံတရားနဲ့ပဲ ဆုံးဖြတ်ရမယ်မိန်းကလေးတစ်ယောက်က အချစ်မှာတင် နစ်မနေသင့်ဘူး ယောက်ျားဆိုတာ အဝတ်အစားလိုပဲ၊ ကိုယ်နဲ့မတော်ရင် လဲပစ်လိုက်ရုံပဲ..."

ကျန်ယီသည် လူပျိုကြီးဖြစ်သော်လည်း အချစ်ရေးကျွမ်းကျင်သူတစ်ဦးကဲ့သို့ မင်ယွဲ့ကို သင်ခန်းစာပေးနေသည်ကို သူမက ပြုံးလျက် နားထောင်နေမိသည်။

မိုဟန်ကျီ၏ မျက်နှာမှာမူ ပို၍ ပို၍ပင် မှောင် မှောင်လာတော့သည်။

"မင်းကများ အချစ်အကြောင်း သိလို့လား ဒီလောက်တောင် ယုံကြည်မှုအပြည့်နဲ့ ပြောနေရအောင်”

ကျန်ယီသည် ခဏမျှ ဆွံ့အသွားပြီးမှ ပြန်လည်ချေပလိုက်သည်။

"ပညာရှိဆိုတာ အချစ်ထဲမှာ နစ်မနေဘူး၊ စစ်ဗျူဟာရှင်ဆိုတာလည်း စစ်မြေပြင်ထဲကို ကိုယ်တိုင်မဆင်းဘူးဗျ"

သူ၏ ယုံကြည်မှုအပြည့်ရှိနေသော အမူအရာကို မြင်ရသောအခါ မင်ယွဲ့သည်လည်း သူ၏ စိတ်ဓာတ်ကို မဖျက်စီးလိုတော့ချေ။

ဤကဲ့သို့ တက်ကြွလှသော လူငယ်လေးတစ်ဦး၏ 'အစ်မ' အဖြစ် အသိအမှတ်ပြုခံရခြင်းမှာလည်း စိတ်ကြည်နူးစရာ တစ်မျိုးပင် ဖြစ်နေတော့သည်။

မိုဟန်ကျီသည် ထမင်းများကို ပြင်ဆင်ပြီးနောက် မင်ယွဲ့နှင့် ကျန်ယီတို့၏ ရှေ့သို့ ချပေးလိုက်သည်။

"မစ္စတာမို... ခင်ဗျားဆီက ထမင်းပန်းကန်ကို ကျွန်တော် ဘယ်လိုလုပ် လက်ခံရဲပါ့မလဲ”

ကျန်ယီသည် မိုဟန်ကျီ ကိုယ်တိုင်ပေးသော ထမင်းပန်းကန်ကို ယူရင်း ထိတ်လန့်တုန်လှုပ်ဟန် ဆောင်လိုက်သည်။

မိုဟန်ကျီမှာ ရင်ထဲတွင် တစ်ချက် တုန်သွားရသည်။ အစောပိုင်းက သူ၏ အမည်ကို တိုက်ရိုက်ခေါ်ကာ ရန်စနေပြီး ယခုမူ ရိုသေဟန်ဆောင်နေသော ကျန်ယီ၏ အသားထူပုံမှာ အံ့ဩစရာပင်။

"ကဲ... စားကြရအောင်"

မင်ယွဲ့သည် သန့်ရှင်းသော တူတစ်စုံကို အသုံးပြု၍ ဝက်နံရိုးချိုချဉ်တစ်တုံးကို ကျန်ယီအတွက် ခပ်ပေးလိုက်သည်။

မိုဟန်ကျီကမူ ထိုမြင်ကွင်းကို စိုက်ကြည့်နေဆဲပင်။ မင်ယွဲ့သည် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ ဤမျှ အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးက ကလေးတစ်ယောက်အပေါ် မနာလိုဖြစ်နေသည်မှာ ချစ်စဖွယ်ပင်။

"မောင်လေးလည်း စားနော်၊ မောင်လေး အကြိုက်ဆုံး ပင်လယ်ငါးပေါင်းလေ"

မင်ယွဲ့သည် ငါးအသားတစ်ဖတ်ကို ယူ၍ ဆော့စ်ထဲတွင် နှစ်လိုက်ပြီးနောက် မိုဟန်ကျီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

မိုဟန်ကျီသည် ချက်ချင်းပင် ပြုံးသွားတော့သည်။ သူ၏ မျက်ဝန်းများမှာ ကြယ်လေးများ တောက်ပနေသကဲ့သို့ပင် ဝမ်းသာအားရ ဖြစ်သွားရသည်။

"အစ်မ... ဒါက အရမ်းကောင်းတာပဲ ဘယ်ဆိုင်က ဝယ်တာလဲ"

ကျန်ယီသည် အလွန်ပင် ကျေနပ်အားရစွာ စားနေတော့သည်။

သူသည် အားလပ်ချိန်တိုင်းတွင် ကောင်းနိုးရာရာ စားသောက်ဆိုင်များကို လိုက်လံရှာဖွေလေ့ရှိသူ ဖြစ်ရာ ယန်ကျင်းတွင် ဤမျှ အရသာရှိသော ဆိုင်ကို သူ မသိဘဲ မနေနိုင်ချေ။

"မင်းရဲ့ အစ်မကိုယ်တိုင် ချက်ထားတာလေ"

မိုဟန်ကျီက ဝင်ပြောလိုက်ရင်း မင်ယွဲ့ အကြိုက်ဆုံး ဟင်းလျာများကို သူမ၏ရှေ့သို့ တိုးပေးလိုက်သည်။ ယွဲ့ယွဲ့ ကိုယ်တိုင်ချက်သော ဟင်းများကို သူ အကြိမ်ကြိမ် စားဖူးပြီးဖြစ်သဖြင့် ကျန်ယီထက် အသာရနေသည်ဟု သူ ခံစားလိုက်ရသည်။

"အစ်မက ဒီလောက်တောင် လက်ရာကောင်းတာလား ဒါဆိုရင်တော့ မိုဟန်ကျီက အစ်မနဲ့ ပိုလို့တောင် မထိုက်တန်တော့ဘူး"

ကျန်ယီသည် ဝမ်းသာအားရဖြစ်လွန်း၍ စိတ်ထဲရှိသည်ကို ဗြူးခနဲ ပြောချလိုက်မိသည်။

မင်ယွဲ့၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူမ၏ တူကို ချလိုက်ကာ တည်ကြည်စွာ ဆိုလိုက်သည်။

"ကျန်ယီ... အဲ့ဒီလို စကားမျိုး နောက်တစ်ခါ ထပ်မပြောပါနဲ့ ဟန်ကျီနဲ့ ကျွန်မကြားမှာ ဆက်ဆံရေးက အရမ်းကောင်းပါတယ် ဘယ်သူက ဘယ်သူနဲ့ မထိုက်တန်ဘူးဆိုတာမျိုး မရှိဘူး မင်းက ကျွန်မကို အစ်မလို့ ခေါ်မှတော့ သူ့ကိုလည်း အစ်ကိုလို့ မခေါ်ချင်ရင်တောင် အနည်းဆုံးတော့ ခဲအိုလို့ ခေါ်သင့်တယ်"

မိုဟန်ကျီသည် သူမ၏ ပထမဆုံးအချစ်ဖြစ်ပြီး နောင်အနာဂတ်ကိုလည်း သူနှင့်အတူ ဖြတ်သန်းရန် သူမ မျှော်လင့်ထားသူ မဟုတ်ပါလား။

လွတ်လပ်စွာ နေတတ်သော ကျန်ယီသည် မင်ယွဲ့ကို ခန့်ညားလေးစားသူ ဖြစ်ရာ ချက်ချင်းပင် အလျော့ပေးလိုက်တော့သည်။

"ဟုတ်ကဲ့... နောက်တစ်ခါ မပြောတော့ပါဘူး"

သူသည် ခေါင်းငိုက်စိုက်ချကာ ထမင်းဖြူကိုသာ ငြိမ်ငြိမ်လေး စားနေတော့သည်။

"ဟင်းလေးလည်း စားပါဦး"

မိုဟန်ကျီသည် မင်ယွဲ့က ညီအလိမ်မာလေးအား ဆုံးမသည်ကို တိတ်ဆိတ်စွာ ကြည့်နေပြီးမှ ဟင်းသီးဟင်းရွက်တစ်ဖတ်ကို ကျန်ယီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုနူးညံ့လှသော အသံကို ကြားလိုက်ရသောအခါ ကျန်ယီမှာ ထမင်းပန်းကန်ကိုပင် လွှတ်ချမိမတတ် ထိတ်လန့်သွားရသည်။

"စားလေ..."

မင်ယွဲ့က ကြက်တောင်ပံတစ်တုံးကို ထပ်မံ ထည့်ပေးလိုက်သောအခါမှသာ ကျန်ယီသည် သူ၏ မကျေနပ်မှုများကို ဖိနှိပ်လိုက်ပြီး -

"ကျေးဇူးတင်ပါတယ် အစ်မ"

ဟု ဆိုလိုက်သည်။

ညစာသည် အတော်လေး အရသာရှိလှသည်။ စားသောက်ပြီးနောက် ကျန်ယီသည် ဆိုဖာပေါ်တွင် မှီလျက် ဗိုက်ကို ပွတ်နေချိန်၌ မိုဟန်ကျီက ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပေးသည်။

လက်ထောက်လင်သည် အချိန်ကိုက်ပင် ရောက်ရှိလာပြီး ကျန်ယီကို အလုပ်လုပ်ရန် ခေါ်ဆောင်သွားတော့သည်။

"ဘာဖြစ်လို့လဲ"

မိုဟန်ကျီသည် မင်ယွဲ့၏ နောက်ဘက်မှ သိုင်းဖက်လိုက်ပြီး သူ၏ ခေါင်းကို သူမ၏ လည်ပင်းကြားတွင် မြှုပ်ထားလိုက်သည်။

"ယွဲ့ယွဲ့..."

သူက တိုးတိုးလေး ခေါ်လိုက်သည်။

"သူက မင်းကို 'အစ်မ' တဲ့..."

မိုဟန်ကျီက ရုတ်တရက် ငြူစူသလို ပြောလိုက်သည်။

မင်ယွဲ့မှာ ခဏမျှ စကားစ ပျောက်သွားရသည်။

"ကျန်ယီကို ပြောတာလား"

"အင်း... သူက အမြဲတမ်း အော်ခေါ်နေတာ"

"ဒါဆိုရင်လည်း သူ့ကို 'အစ်ကို' လို့ ခေါ် ခိုင်းလိုက်လေ"

မင်ယွဲ့က သူ၏ ပခုံးပေါ်ရှိ ခေါင်းလေးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

"မလိုချင်ဘူး"

သူက ကျန်ယီ၏ အစ်ကို မဖြစ်ချင်ချေ။

"ဒါဆိုလည်း ခဲအိုပေါ့"

မင်ယွဲ့က လှည့်ကြည့်လိုက်ရာ မိုဟန်ကျီက သူမကို ချက်ချင်းပင် ပွေ့ဖက်လိုက်သည်။

သူမ၏ လက်နှစ်ဖက်ကို မိုဟန်ကျီ၏ လည်ပင်းတွင် ချိတ်လျက် မျက်လုံးလေးများ တောက်ပစွာ စိုက်ကြည့်လိုက်သည်။

"ဘယ်လိုလဲ... အဆင်ပြေရဲ့လား"

မိုဟန်ကျီ၏ လက်များက သူမ၏ နူးညံ့လှသော ခါးလေးပေါ်တွင် နေရာယူထားသည်။

"မရရင်လည်း... ကျွန်မကို 'အစ်မ' လို့ပဲ ခေါ် လိုက်လေ"

မင်ယွဲ့သည် ရုတ်တရက် နောက်ပြောင်ချင်စိတ် ပေါက်သွားသည်။

နောက်ပြောင်ရင်း ပြောလိုက်သော စကားဖြစ်သော်လည်း ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ ရင်ထဲတွင် မျှော်လင့်ချက်ကလေး တစ်ခု ဖြစ်ပေါ်လာသည်။

မိုဟန်ကျီက ရုတ်တရက် သူမ၏ ပခုံးပေါ်သို့ ခေါင်းငိုက်စိုက် ချလိုက်သည်။ မင်ယွဲ့က သူ ငြင်းဆန်တော့မည်ဟု ထင်နေစဉ်မှာပင် -

"မမ..."

လည်ပင်းနားဆီမှ တိုးညင်းကာ အက်ရှရှရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

မိုဟန်ကျီသည် ခေါင်းမော့မလာချေ။

သူ စကားပြောလိုက်သောအခါ ထွက်ပေါ်လာသော နွေးထွေးသော အသက်ရှူသံများက မင်ယွဲ့၏ နားသီးလေးကို လာရောက်ထိတွေ့နေပြီး ရုံးခန်းအတွင်းရှိ လေထုမှာ ရုတ်တရက် ပူနွေးလာကာ မင်ယွဲ့၏ နှလုံးသားကို တိုက်ရိုက် လောင်မြိုက်သွားတော့သည်။

ဤအခိုက်အတန့်တွင် မင်ယွဲ့၏ နှလုံးသားမှာ ပွက်ပွက်ဆူနေသော ဟော့ပေါ့ရည်ကဲ့သို့ ပူလောင်နေသလို၊ နွေရာသီ၏ လန်းဆန်းလှသော ဆိုဒါရေကဲ့သို့လည်း ကြည်နူးစရာ ကောင်းနေသည်။ သူမသည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။

"မမ..."

မိုဟန်ကျီက ထပ်မံ တိုးတိုးလေး ခေါ်လိုက်ပြန်သည်။ သူ၏ နွေးထွေးလှသော နှုတ်ခမ်းလွှာများက မင်ယွဲ့၏ အသားအရေကို တမင်သက်သက်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ထိတွေ့နေမိရာ မင်ယွဲ့မှာ တစ်ကိုယ်လုံး ကြက်သီးများပင် ထသွားရသည်။ သို့သော် ၎င်းကပင် မင်ယွဲ့၏ စိတ်ဝင်စားမှုကို ပိုမို နှိုးဆွပေးလိုက်သကဲ့သို့ ရှိနေသည်။

"နောက်တစ်ခါလောက် ထပ်ခေါ်ကြည့်ပါဦး"

မင်ယွဲ့သည် မိုဟန်ကျီကို ပိုမို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ သူတို့နှစ်ဦးမှာ ပိုမို နီးကပ်သွားကြပြီး မင်ယွဲ့၏ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေတော့သည်။

အခန်း (၃၃၉) နောက်ဆုံးတော့ လွတ်မြောက်လာပြီ

မိုဟန်ကျီသည် ပထမဆုံးအကြိမ် 'မမ’ ဟု ခေါ်ဆိုစဉ်က အနည်းငယ် ရှက်ရွံ့မှုကို ခံစားခဲ့ရသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ရသည်။

သို့သော် မင်ယွဲ့၏ တုံ့ပြန်ပုံမှာ သူ မျှော်လင့်ထားသည်ထက် ပိုမို ကြည်နူးစရာ ကောင်းနေသဖြင့် ယခုအခါတွင်မူ အကြိမ်ကြိမ် ခေါ်ဆိုရန် ဝန်မလေးတော့ချေ။

"မမ... ကျွန်တော် ခေါ်တာနဲ့ ကျန်ယီ ခေါ်တာ ဘယ်သူက ပိုနားထောင်ကောင်းလဲ"

မင်ယွဲ့သည် ဤကဲ့သို့သော အချိန်မျိုး၌ပင် သူက ကျန်ယီနှင့် နှိုင်းယှဉ်နေဆဲ ဖြစ်သည်ကို အံ့ဩသွားရသည်။

"ရှင်က ကျွန်မရဲ့ ချစ်သူလေ တကယ်ပဲ ဒါကို ပြိုင်ချင်နေတာလား"

မင်ယွဲ့၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ့ကို စနောက်လိုစိတ်များ ပိုမို ပြင်းထန်လာသည်။

"ဒါဆိုရင် ဘာကို ပြိုင်ရမလဲ ဇနီးလေး..."

မိုဟန်ကျီသည် ခေါင်းမော့ကာ မင်ယွဲ့ကို ကြင်နာယုယစွာ စိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းများထဲတွင် အစောပိုင်းကကဲ့သို့ အားငယ်မှု သို့မဟုတ် သနားစရာကောင်းသော အမူအရာများ လုံးဝ မရှိတော့ဘဲ ထိန်းချုပ်မရနိုင်သော ချစ်ခြင်းမေတ္တာများသာ လျှံထွက်နေတော့သည်။

မင်ယွဲ့သည် တစ်ဖက်လူ၏ မခန့်လေးစားနိုင်လွန်းသော အပြုအမူကြောင့် မျက်နှာလေး နီမြန်းသွားရသည်။

"တည်တည်ငြိမ်ငြိမ် နေစမ်းပါ”

မင်ယွဲ့က သူ၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်သည်။

မိုဟန်ကျီကမူ စိတ်မဆိုးသည့်အပြင် သူမ စိတ်တိုင်းကျ ပြုလုပ်သည်ကိုသာ ငြိမ်ခံနေလိုက်သည်။

"ကျန်ယီက မင်းကို 'အစ်မ' လို့ ချွဲနွဲ့ပြီး ခေါ်နေတာကို ငါက မနှိုင်းယှဉ်ရဘူးလား ငါက မင်းရဲ့ ချစ်သူဖြစ်နေမှတော့ 'ဇနီး' လို့ ခေါ်လို့ မရဘူးလား"

မိုဟန်ကျီ၏ စကားများကြောင့် မင်ယွဲ့မှာ ရင်ထဲတွင် တစ်ဆို့သွားရသည်။

"ကျွန်မက ရှင့်ဇနီး မဟုတ်သေးဘူးလေ အဲ့ဒီလို မခေါ်ပါနဲ့ဦး"

ကံကောင်းထောက်မစွာဖြင့် ရုံးခန်းအတွင်း မည်သူမျှ ရှိမနေချေ။ ဤလူ၏ စူးစိုက်ကြည့်နေသော အကြည့်များအောက်တွင် သူမမှာ အတော်လေး ရှက်ရွံ့နေမိသည်။

"စောစောနဲ့ နောက်ပဲ ကွာမှာပါ"

မိုဟန်ကျီသည် သူမကို ဆွဲယူလိုက်ပြီး ရိုးရှင်းသော ထိတွေ့မှုများဖြင့် မတင်းတိမ်နိုင်တော့ဘဲ သူမ၏ နှုတ်ခမ်းလွှာများကို သိမ်းပိုက်လိုက် တော့သည်။

နူးညံ့ပျော့ပြောင်းသော အနမ်းတစ်ခုက မင်ယွဲ့၏ စိတ်အာရုံကို ချက်ချင်းပင် ဖမ်းစားသွားသည်။ ရုတ်တရက် ဆုံတွေ့လိုက်ရသော အနမ်းကြောင့် မင်ယွဲ့၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး မျက်လုံးများကိုသာ မှိတ်လျက် သူ၏ ကြင်နာမှုများကို တုံ့ပြန်နေမိတော့သည်။

ပြင်းရှသော အသက်ရှူသံများက နားထဲတွင် ပဲ့တင်ထပ်နေသည်။ မင်ယွဲ့သည် မိုဟန်ကျီကို ပြန်လည် ပွေ့ဖက်လိုက်ပြီး သူ၏ အလိုသို့သာ လိုက်ပါသွားတော့သည်။ သူမ၏ တက်ကြွသော တုံ့ပြန်မှုကို ခံစားလိုက်ရသောအခါ မိုဟန်ကျီမှာ ပိုမို စိတ်လှုပ်ရှားသွားပြီး သူမကို စားပွဲပေါ်သို့ ပွေ့တင်လိုက်ကာ နက်ရှိုင်းစွာ နမ်းရှိုက်နေမိသည်။

ရုံးခန်းအတွင်း ဖြစ်နေသဖြင့် မိုဟန်ကျီသည် ဤထက် ပို၍ မကျူးလွန်ခဲ့ချေ။ မည်သူမျှ ဝင်မလာဝံ့သော်လည်း သူသည် မင်ယွဲ့၏ ဆန္ဒကို လေးစားရပေမည်။ သူသည် အနမ်းများကို ရပ်တန့်လိုက်ပြီး သူမကို တင်းကျပ်စွာ ပွေ့ဖက်လျက် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များမှာ တစ်သားတည်းကျအောင် ပွေ့ဖက်ထားကြပြီး နှလုံးခုန်သံများမှာ စည်းချက်ညီစွာဖြင့် ပဲ့တင်ထပ်နေသည်။ စားပွဲပေါ်တွင် ကြာရှည်စွာ ထိုင်နေရသဖြင့် မင်ယွဲ့၏ ခြေထောက်များမှာ ထုံကျင်လာတော့သည်။

"လွှတ်ဦး... ကျွန်မ ဆင်းချင်ပြီ"

မိုဟန်ကျီက သူမကို မလွှတ်ပေးဘဲ နဖူးကို နမ်းလိုက်ပြီးမှ အောက်သို့ ချပေးလိုက်သည်။

"ကျွန်မ ပြန်တော့မယ် ရှင်တို့ အလုပ်တွေ ဆက်လုပ်ကြဦးနော်"

စိတ်အလိုသို့ လိုက်မိသည့်အတွက် မင်ယွဲ့မှာ အနည်းငယ် ရှက်ရွံ့နေမိပြီး သူမကို နစ်မြုပ်သွားစေမည့် ထိုမျက်ဝန်းများကို ထပ်မံ မရင်ဆိုင်ဝံ့တော့ချေ။ သူမသည် အစားအသောက်ဘူးများကို သိမ်းဆည်းကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။

"အစ်မ... ပြန်တော့မလို့လား"

ကျန်ယီသည် အလျင်အမြန် လျှောက်လှမ်းလာသော မင်ယွဲ့ကို တွေ့သဖြင့် နှုတ်ဆက်လိုက် သည်။

လူပျိုကြီးဖြစ်သော ကျန်ယီကမူ ဘာမှ မရိပ်မိသော်လည်း လက်ထောက်လင်ကမူ မင်ယွဲ့၏ နှုတ်ခမ်းများမှာ ထူးထူးခြားခြား နီမြန်းနေသည်ကို သတိပြုမိလိုက်သည်။

သို့သော် ကျွမ်းကျင်သော လက်ထောက်တစ်ဦးအနေဖြင့် သူသည် ဥက္ကဋ္ဌ၏ ကိစ္စများကို အမြဲတစေ ဖုံးကွယ်ပေးရမည် မဟုတ်ပါလား။

"အတွင်းရေးမှူးကျန်... နေ့လယ် အစည်းအဝေးအတွက် အသေးစိတ် အချက်အလက်တွေကို သွားပြီး ပြင်ဆင်လိုက်ပါဦး"

သူသည် ကျန်ယီ၏ စကားကို ဖြတ်ပြောလိုက်ပြီး အလုပ်တစ်ခုကို အမှတ်မထင် ခိုင်းစေလိုက်သည်။ ကျန်ယီသည် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ညွှန်ကြားချက်အတိုင်း အလုပ်လုပ်ရန် ထွက်ခွာသွားတော့သည်။

"အစ်မ... ကျွန်တော် အလုပ်သွားလုပ်လိုက်ဦးမယ်"

ကျန်ယီ ထွက်သွားသောအခါမှသာ မင်ယွဲ့သည် သက်ပြင်းချနိုင်တော့သည်။

ထို့နောက်မှ သူမသည် မိမိကိုယ်ကို ပြန်လည် သတိပေးလိုက်သည်။ သူမနှင့် မိုဟန်ကျီမှာ တရားဝင် ချစ်သူများဖြစ်ကြပြီး ဤကဲ့သို့သော ထိတွေ့မှုမှာ သာမန်ပင် ဖြစ်သည် မဟုတ်ပါလား။

"လက်ထောက်လင်... ကျွန်မ သွားတော့မယ်နော်"

"မစ္စမင်... ကောင်းကောင်း သွားပါခင်ဗျာ”

လက်ထောက်လင်သည် ယဉ်ကျေးစွာဖြင့် သူမ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။

"ဥက္ကဋ္ဌမို..."

လက်ထောက်လင်သည် ရုံးခန်းအတွင်းသို့ ဝင်လာခဲ့သည်။

"ယွဲ့ယွဲ့ ပြန်သွားပြီလား"

မိုဟန်ကျီက အလုပ်ကို ခေတ္တရပ်နားကာ မေးမြန်းလိုက်သည်။

"ဟုတ်ကဲ့... ပြန်သွားပါပြီ အစည်းအဝေး အချိန်ကိုလည်း အကြောင်းကြားထားပြီးပါပြီ"

မိုဟန်ကျီသည် ဘောပင်ကို ပြန်ပိတ်လိုက်ပြီး စားပွဲကို ခေါက်ကာ စဉ်းစားနေသည်။

"ယခုတလော ကျန်ယီရဲ့ စွမ်းဆောင်ရည်က ဘယ်လိုလဲ"

"အတော်လေး လိမ္မာလာပါတယ်"

လက်ထောက်လင်က ပြန်ဖြေလိုက်သည်။

အစောပိုင်း ရောက်လာစဉ်ကထက်စာလျှင် များစွာ တိုးတက်လာပြီဖြစ်သည်။ အနည်းဆုံးတော့ အမိန့်ကို နာခံတတ်လာပြီ မဟုတ်ပါလား။

"အရှေ့အိုင် ဂေဟစနစ် စီမံကိန်း သွားတဲ့အခါ သူ့ကိုပါ တစ်ပါတည်း ခေါ်သွားလိုက်ပါ"

မိုဟန်ကျီက ညွှန်ကြားလိုက်သည်။

ကျန်ယီသည် အတွင်းရေးမှူးသာ ဖြစ်သော်လည်း သူ့ကို လေ့ကျင့်ပေးရန် တာဝန်ယူထားသဖြင့် အရေးကြီးသော ကိစ္စရပ်များတွင် ပါဝင်စေလိုခြင်းဖြစ်သည်။

ယန်ကျင်းတွင် ကျန်မိသားစု၏ သခင်လေးက မင်ယွဲ့နှင့် ရင်းနှီးလိုသည်ကို မိုဟန်ကျီအနေဖြင့် ကန့်ကွက်ရန် မရှိဘဲ သူမအတွက် အခွင့်အလမ်းကောင်းများ ရရှိစေရန်ပင် ကူညီပေးလိုသည်။

ကျန်ယီမှာမူ မိုဟန်ကျီ၏ စိတ်ကူးကို မသိရှိဘဲ ယခုရက်ပိုင်းအတွင်း အလုပ်များ ပိုမို များပြားလာသဖြင့် အနည်းငယ် စိတ်ညစ်နေမိသည်။

သို့သော် သူသည် ကုမ္ပဏီ၏ ဌာနအသီးသီးမှ လုပ်ငန်းစဉ်များကို စတင် နားလည်လာခဲ့ပြီဖြစ်သည်။

"ပင်ပန်းလိုက်တာဗျာ”

မိုဟန်ကျီက သူ့ကို အားလပ်ရက် ပေးလိုက်သောအခါ ကျန်ယီမှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။

"ဟူထျန်း... အစီအစဉ်တွေ ဆွဲထားလိုက်တော့ ငါ နောက်ဆုံးတော့ ဒီအကျဉ်းထောင်ထဲက လွတ်လာပြီ"

သူ့ကို ကြည့်ရသည်မှာ ထောင်မှ လွတ်လာသူတစ်ဦးနှင့်ပင် တူနေတော့သည်။ ဟူထျန်းကလည်း သူ၏ မျှော်လင့်ချက်ကို မပျက်စေဘဲ ပွဲတစ်ခုကို အမြန် စီစဉ်လိုက်သည်။

"အစ်ကိုကြီး... Happy City က ရော်ယယ်လ် အခန်း နံပါတ် ၈ မှာ စောင့်နေမယ် အောင်ပွဲခံဖို့ ပြင်ထားလိုက်တော့"

ကျန်ယီသည် ဟူထျန်း၏ စကားလုံး သုံးနှုန်းပုံကို သဘောမကျသော်လည်း သူ၏ လျင်မြန်သော လုပ်ဆောင်ချက်ကြောင့် ခွင့်လွှတ်ပေးလိုက် သည်။

သူသည် မိမိ၏ ပြိုင်ကားကို အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့သည်။ သူ၏ လိမ္မာသော အပြုအမူကြောင့် ဖခင်ဖြစ်သူက ကားကို ပြန်ပေးခဲ့ခြင်းဖြစ်သည်။

သူသည် Happy City သို့ ရောက်ရှိသွားသောအခါ တောက်ပလှသော မီးရောင်စုံများနှင့် ဆူညံလှသော တေးဂီတသံများက သူ့ကို ကြိုဆိုနေသည်။

ရှင်းယောင်းတွင် အလုပ်လုပ်နေစဉ်အတွင်း ဤကဲ့သို့သော မြင်ကွင်းနှင့် ဝေးကွာနေခဲ့သဖြင့် အနည်းငယ်ပင် စိမ်းသက်နေမိသည်။

"ကျန်ယီ... ရောက်လာပြီလား”

ဟူထျန်းက ဝမ်းသာအားရ ကြိုဆိုလိုက်သည်။

"ကျန်သခင်လေး ရောက်လာပြီ”

အခန်းအတွင်းရှိ လူများက ကျန်ယီကို ဝိုင်းဝန်း နှုတ်ဆက်ကြသည်။ ကျန်ယီသည် ထိုသူများအပေါ်တွင် စိတ်ပါလက်ပါ မရှိလှချေ။

ယန်ကျင်းတွင် သူ့ထက် နောက်ခံကောင်းသူမှာ အနည်းငယ်သာ ရှိသဖြင့် ဤသူများမှာ အပေါ်ယံ သူငယ်ချင်းများသာ ဖြစ်ကြောင်း သူ သိရှိထားသည်။ သူ၏ တကယ့် သူငယ်ချင်းစစ်မှာ ဟူထျန်းနှင့် ဟယ်ကျင်းတို့သာ ရှိသည်။

"ဆေးလိပ်ရှိလား"

ကုမ္ပဏီတွင် ဆေးလိပ်သောက်ခွင့် မရှိသဖြင့် သူ အတော်လေး အောင့်ထားခဲ့ရသည်။

ဟူထျန်းက ဆေးလိပ်ဘူးကို ကျန်ယီ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုစဉ် ဘေးနားရှိ လူငယ်တစ်ဦးက မီးခြစ်ကို ထုတ်၍ ကျန်ယီအတွက် ဆေးလိပ် မီးညှိပေးလိုက်သည်။

ထိုလူငယ်မှာ အတော်လေး ရုပ်ချောသော်လည်း စကားတစ်ခွန်းမှ မပြောဘဲ မီးညှိပေးပြီးနောက် ထွက်ခွာသွားတော့သည်။

အခန်း (၃၄၀) မင်း အခု ဘာပြောလိုက်တာလဲ

"ဟယ်ကျင်း ဘယ်မှာလဲ”

ကျန်ယီသည် ဆေးလိပ်ငွေ့တစ်ချက်ကို မှုတ်ထုတ်လိုက်ရာ သူ၏မြင်ကွင်းမှာ ဝေ့ဝဲနေသော မီးခိုးငွေ့များကြားတွင် ရုတ်ချည်း ဝေဝါးသွားတော့သည်။ ထိုမီးခိုးငွေ့များကြားတွင် ကျန်ယီအား ကြည့်ရသည်မှာ စည်းစိမ်ချမ်းသာနှင့် အပျော်အပါးတို့၌ နစ်မွန်းနေသည့် သူဌေးသားလေးတစ်ဦးနှင့်ပင် တူလှသည်။

"အဲဒီကောင်ကတော့ သူ့ဝမ်းကွဲအစ်ကိုရဲ့ အမိန့်ကြောင့် စာကြိုးစားနေရတယ်လေ၊ အခုတလော ကျောင်းတက်ရတာကို အရမ်း စိတ်အားထက်သန်နေတာဗျ”

ဟူကျင်းမှာ အခုတလော တကယ်ပင် စိတ်ပျက်နေမိသည်။

အကြောင်းမှာ သူ၏ အရင်းနှီးဆုံး သူငယ်ချင်းများမှာ တစ်ယောက်က ကျောင်းတွင်၊ နောက်တစ်ယောက်က အလုပ်ခွင်တွင် အသီးသီး အလုပ်ရှုပ်နေကြသဖြင့် ဘယ်သူမှ လိုက်မဆော့နိုင်ကြတော့ခြင်းကြောင့် ဖြစ်၏။

ကျန်ယီသည် ယခုမှ အားလပ်ချိန် အနည်းငယ် ရရှိထားခြင်းဖြစ်သဖြင့် အနည်းငယ်တော့ ပျော်ပါးရန် လိုအပ်သည်ဟု သူက ယူဆထားသည်။

"အစ်ကိုကျန်၊ လာ... အန်စာတုံး ကစားကြမယ်”

တစ်ဖက်မှ တစ်စုံတစ်ယောက်က ထိုသို့ လှမ်းအော်လိုက်သည်။

"မကစားတော့ဘူး၊ မင်းတို့ဘာသာ မင်းတို့ပဲ ကစားကြ”

ကျန်ယီသည် ဆိုဖာပေါ်တွင် အားအင်ကုန်ခမ်းစွာ မှီလျက် လှုပ်ရှားခြင်း မရှိပေ။

"ဘာလဲ... အခုတလော မင်းက ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာလား”

သူ၏ နုံးချည့်နေသော ပုံစံကိုကြည့်ကာ ဟူကျင်းက နောက်ပြောင်လိုက်သည်။

"မင်းပဲ လူစုရအောင်ဆို ဒီကိုလာပြီး ဘာမှမလုပ်ဘဲ နေနေတော့ ဘာအဓိပ္ပာယ်ရှိမှာလဲ"

ကျန်ယီသည် ဤကဲ့သို့သော နေရာမျိုးသို့ မရောက်သည်မှာ ကြာပြီဖြစ်သဖြင့် အနည်းငယ် စိမ်းသက်နေသလို ခံစားနေရသည်။

ဆူညံလှသော တေးဂီတသံများကပင် သူ၏နားထဲတွင် ကသိကအောက် ဖြစ်နေစေသည်။ သူသည် ဘာမှမပြောဘဲ သူ၏နားကိုသာ ပွတ်သပ်နေမိပြီး ရှေ့ရှိ ဝိုင်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံတည်းဖြင့် အကုန်သောက်ပစ်လိုက်သည်။

"သီချင်းသံ လျှော့လိုက်စမ်း"

ကျန်ယီ ပြောလိုက်သည်နှင့် သူ၏ထံမှ တိတ်ဆိတ်အေးစက်သော ဖိအားတစ်ခုမှာ ပျံ့လွင့်လာသည်။

တစ်စုံတစ်ယောက်က ဆူညံနေသော တေးဂီတကို ချက်ချင်း ပိတ်လိုက်သဖြင့် အခန်းတွင်းမှာ ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။

ယနေ့ ကျန်ယီ၏ ပုံစံမှာ ပုံမှန်နှင့် မတူကြောင်း အားလုံးက သတိထားမိကြပြီး မည်သူမှ အနားသို့မကပ်ကာ သူ့အား မနှောင့်ယှက်ရဲကြပေ။

မကြာမီတွင် သူတို့သည် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်စုဖြင့် ကိုယ့်ဘာသာကိုယ် ကစားကြတော့သည်။ အန်စာတုံးခေါက်သံ၊ စကားပြောသံ၊ ဖန်ခွက်ချင်း ထိသံများမှာ ထွက်ပေါ်လာသည်။

ပေါက်ကွဲတတ်သော သီချင်းသံကြီး မရှိတော့သဖြင့် ထိုအသံအားလုံးမှာ အတိုင်းသား ကြားနေရသည်။

"တစ်ခုလောက် ပြောပြမယ်၊ ဟာသပဲဗျာ ကျွန်တော့်အဖေက အခုတလော ရှင်းယောင်ရ လုပ်ငန်းစုမှာ အင်တာဗျူး သွားဖြေဖို့ တိုက်တွန်းနေတာ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်ယီက ဝိုင်သောက်နေသည်ကို ရပ်လိုက်ပြီး ဟူကျင်းကလည်း စိတ်ဝင်စားသွားကာ ထိုဘက်သို့ အာရုံလှည့်လိုက်သည်။

"ရှင်းယောင်း မိုမိသားစုရဲ့ ကုမ္ပဏီပဲ၊ မင်းအဖေကတော့ ရည်မှန်းချက် တော်တော်ကြီးတာပဲဟေ့"

လူငယ်အုပ်စုမှာ တခိခိ ရယ်မောလိုက်ကြသည်။

"ဒါပေါ့၊ မိုဟန်ကျီက ငါတို့နဲ့ သက်တူရွယ်တူ ဆိုပေမဲ့ သူ့ရှေ့မှာ ရပ်နေရင် ငါတို့က တကယ့်ကို လူကောင်သေးသွားတာ"

ထိုကောင်လေးက မိုဟန်ကျီအကြောင်း ပြောဆိုရာတွင် သူ၏ အမူအရာမှာ ခက်ခဲလှသောအလား ဖြစ်နေသည်။

ကျန်ယီကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လူစုကြီး ပျော်ပျော်ပါးပါး စကားပြောနေကြသည်ကို မြင်သောအခါ ဟူကျင်းကလည်း ပြုံးလိုက်ပြီး မေးလိုက်သည်။

"မိုဟန်ကျီက တကယ်ပဲ အဲဒီလောက်ကြီးလား"

"အဲဒါထက်တောင် ပိုသေးတယ်၊ ကောက်ကျစ်ပြီး ပရိယာယ်လည်း များသေးတယ်"

မိုဟန်ကျီကို တွေးမိတိုင်း ကျန်ယီ၏ မျက်နှာမှာ ပျက်ယွင်းသွားတတ်သည်။

"မင်း တကယ်ပဲ သွားဖြေခဲ့တာလား"

သူတို့အများစုမှာ မိုဟန်ကျီ၏ နာမည်ကို မိဘများထံမှ ကြားဖူးနားဝရှိကြသည်။

သူသည် လူတိုင်းက ချီးကျူးအားကျရသည့် 'စံပြကလေး' တစ်ဦး မဟုတ်ပါလား။

သူတို့ ငယ်စဉ်က မိဘများက မျှော်လင့်ချက် အနည်းငယ် ထားခဲ့ကြသော်လည်း မိုဟန်ကျီက ပို၍ ထူးချွန်လာပြီး သူတို့က ပို၍ အသုံးမကျဖြစ်လာသောအခါ မိဘများမှာလည်း လက်လျှော့သွားကြပြီး နှိုင်းယှဉ်ခြင်း မပြုတော့ပေ။

"ငါလည်း မသွားချင်ပါဘူး၊ ဒါပေမဲ့ မသွားရင် ငါ့အဖေက မုန့်ဖိုး ဖြတ်တော့မှာလေ၊ ပိုက်ဆံမရှိရင် ငါ မနေနိုင်ဘူး"

ထိုလူငယ်လေးက သက်ပြင်းချလိုက်သည်။

"ဟာဟား၊ မင်းကတော့ အေးအေးဆေးဆေးပါပဲလား၊ မင်း အလုပ်လုပ်တာ တစ်ခါမှ မမြင်ဖူးပါဘူး"

အခြားသူများလည်း စိတ်ဝင်စားနေကြသည်။

သူတို့အားလုံးမှာ အသိုင်းအဝိုင်း တစ်ခုတည်းက ဖြစ်ကြသော်လည်း မိုဟန်ကျီကို လူကိုယ်တိုင် တွေ့ဆုံနိုင်ခွင့်မှာ အလွန်ရှားပါးသောကြောင့် ဖြစ်၏။

၎င်းသည် ကမ္ဘာနှစ်ခုမှ လူများ၏ အသိုင်းအဝိုင်းဟုပင် ဆိုနိုင်သည်။ တစ်ဖက်က အောင်မြင်ကျော်ကြားသော လုပ်ငန်းရှင်၊ နောက်တစ်ဖက်ကတော့ ဘဝကို အပျော်သက်သက် ဖြတ်သန်းနေသော အပျော်အပါးမက်သူများ ဖြစ်ကြသည်။

"အဲဒါတွေအားလုံးက မိုဟန်ကျီ ငါ့ကို တိုက်ရိုက်ငြင်းလိုက်ကတည်းက စတာပဲ၊ ဟားဟား၊ ငါ့အဖေရဲ့ မျက်နှာဟောင်းကြီးကိုတောင် သူက ဂရုမစိုက်ဘူးလေ"

ထိုလူမှာ မိုဟန်ကျီ၏ ငြင်းပယ်ခြင်းကို စိတ်မဆိုးသည့်အပြင် အလွန်ပင် ဝမ်းသာနေပုံရသည်။

မည်သို့ပင်ဖြစ်စေ သူကတော့ သွားခဲ့ပြီးပြီ၊ မိုဟန်ကျီကသာ သူ့ကို လက်မခံခြင်းဖြစ် သောကြောင့် သူ၏အပြစ် မဟုတ်တော့ပေ။

"ဟားဟား၊ မင်းကတော့ လန်းတယ်ကွာ မင်း မိုဟန်ကျီကို တကယ် ကျေးဇူးတင်သင့်တယ်၊ မဟုတ်ရင် အခုလို အေးအေးဆေးဆေး နေနိုင်မှာ မဟုတ်ဘူး”

ဟူကျင်းက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်ယီဘက်သို့ လှည့်ကာ ရယ်မောရင်း ဆိုသည်။

"သူငယ်ချင်းရေ... ဦးလေးကျန်ရဲ့ သြဇာကတော့ တကယ့်ကို ထိရောက်တာပဲနော်”

ကျန်ယီသည် မိုဟန်ကျီထံတွင် အလုပ်သင်အဖြစ် သွားရောက်လုပ်ကိုင်စဉ်က မိုဟန်ကျီက ကျန်ယီ၏ မိသားစု နောက်ခံကြောင့်သာ လက်ခံခဲ့ခြင်းဖြစ်သည်ဟု လူတိုင်းက ယူဆခဲ့ကြသည်။

ကျန်ယီကတော့ ဤအချက်မှာ ပျော်စရာကောင်းသည်ဟု မထင်သဖြင့် ဟူကျင်းကို စူးစိုက် ကြည့်လိုက်သည်။

ဟူကျင်းကတော့ ကမြင်းတတ်သော သူငယ်ချင်းပီပီ ပို၍ပင် ကျယ်လောင်စွာ ရယ်မောနေတော့သည်။

"ဒါနဲ့၊ ပြီးခဲ့တဲ့တစ်ခေါက်က မိုဟန်ကျီက အနုပညာလောကပြင်ပက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ကြားတယ်၊ မင်း တွေ့ခဲ့သေးလား"

မိုဟန်ကျီတွင် အတင်းအဖျင်း ကောလာဟလဟူ၍ အလွန်နည်းပါးသည်။

သူသည် အများပြည်သူရှေ့တွင် အမြဲတမ်း ဖြောင့်မတ်ပြီး သိက္ခာရှိသော ပုံရိပ်ကိုသာ ထိန်းသိမ်းထားလေ့ရှိသည်။ ယခုကဲ့သို့ အတင်းအဖျင်း ပြောစရာ အခွင့်အရေး ရရှိလာသောအခါ လူငယ်များမှာ လက်လွတ်မခံနိုင်ကြတော့ပေ။

"ငါတော့ မတွေ့ဖူးဘူး၊ ဒါပေမဲ့ မိုကတော်ကြီးကတော့ ဒီအနာဂတ် ချွေးမလောင်းလေးကို တော်တော်လေး သဘောကျနေတယ်လို့ ကြားတယ်”

"အဟက်... မိုကတော်ကြီးက ဒီလို နိမ့်ကျတဲ့ တောသူမလေးကို တကယ်ပဲ အထင်ကြီးလိမ့် မယ်လို့ မင်းတို့ ထင်နေတာလား သူက မိုဟန်ကျီရဲ့ ဂုဏ်သတင်းကို ငဲ့ညှာပြီး လူပုံအလယ်မှာ ဟန်ဆောင်ပြောတာနေမှာပေါ့ မင်းတို့လို လူတွေပဲ အဲဒါကို ယုံနေကြတာ”

သူတို့ အေးအေးဆေးဆေး စကားလက်ဆုံ ကျနေစဉ်တွင် မိန်းကလေးတစ်ဦးက ရုတ်တရက် ကြားဖြတ်ပြောဆိုလိုက်သည်။

သာမန် စကားစမြည် ပြောဆိုခြင်းလား သို့မဟုတ် ပျော်ရွှင်စရာ ခေါင်းစဉ်တစ်ခုလား ဆိုသည်မှာ အရေးမကြီးတော့ပေ။

ဤမိန်းကလေး၏ တစ်ကိုယ်ကောင်းဆန်သော ထင်မြင်ချက်နှင့် အပုပ်ချစကားများကြောင့် ပေါ့ပါးသော ဝန်းကျင်မှာ ပျောက်ကွယ်သွားပြီး အမုန်းတရားနှင့် ပြိုင်ဆိုင်မှုများသာ အစားထိုးဝင်ရောက်လာတော့သည်။

ကျန်ယီသည် သူတို့၏ စကားဝိုင်းမှာ မင်ယွဲ့ဘက်သို့ ဦးတည်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ဝိုင်ခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိပြီး မျက်မှောင်ကြုတ်ကာ ခေါင်းငုံ့လျက် တစ်စုံတစ်ခုကို တွေးတောနေပုံရသည်။

"မိုဟန်ကျီလို လူမျိုးက ကြိုက်တဲ့ မိန်းကလေးက ဘယ်လိုလုပ်ပြီး အရည်အချင်း မရှိဘဲ နေမှာလဲ အနည်းဆုံးတော့ ရုပ်ရည်လှပပြီး ပညာအရည်အချင်းလည်း ရှိရမှာပေါ့ ထူးချွန်တဲ့လူတွေက ထူးချွန်တဲ့လူတွေနဲ့ပဲ ဖူးစာဆုံကြတာပဲ”

အချို့သော မိန်းကလေးများက လက်မခံကြပေ။ မိုဟန်ကျီသည် ထူးခြားသော ပါရမီမရှိသည့် မိန်းကလေးတစ်ဦးကို နှစ်သက်လိမ့်မည် မဟုတ်ဟု သူတို့က ခံစားနေရသည်။

"ဟင်း... သူ့ရဲ့ မြှူဆွယ်တဲ့ အတတ်ပညာတွေက အံ့သြစရာကောင်းနေလို့ ဖြစ်မှာပေါ့ မိုဟန်ကျီရဲ့ အချစ်ရေး သမိုင်းကြောင်းက ဗလာဖြစ်နေတာ လူတိုင်းသိတာပဲလေ”

ကျန်ယီ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ထိုမိန်းကလေးကို ဒေါသတကြီး မော့ကြည့်လိုက်ပြီး လက်ထဲမှ ဝိုင်ခွက်ကို အရှိန်ပြင်းစွာဖြင့် ပစ်ပေါက်လိုက် သည်။

“ခွမ်း”

ဝိုင်ခွက်မှာ စကားပြောလိုက်သည့် မိန်းကလေး၏ ခြေရင်းတွင် ကျကွဲသွားပြီး ဖန်ကွဲစများမှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။

သူသည် မိုဟန်ကျီအကြောင်း ပြောဆိုသည်ကို ဂရုမစိုက်သော်လည်း သူ၏ ညီမလေးအကြောင်း မကောင်းပြောသည်ကိုတော့ လုံးဝ သည်းမခံနိုင်ပေ။

"သခင်လေးကျန်..."

မင်ယွဲ့ကို ပြောဆိုစဉ်က မောက်မာနေခဲ့သော ထိုမိန်းကလေးမှာ အောက်တွင် ပြန့်ကျဲနေသော ဖန်ကွဲစများကြောင့်လော သို့မဟုတ် ကျန်ယီ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေးကြောင့်လော မသိရဘဲ ကျောက်ရုပ်ကဲ့သို့ ငြိမ်

သက်သွားတော့သည်။

"မင်း အခု ဘာပြောလိုက်တာလဲ နောက်တစ် ခေါက် ပြန်ပြောကြည့်စမ်း”

အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သော လူငယ်လေးမှာ ဒေါသထွက်လာသောအခါ အလွန်ပင် ကြောက်စရာ ကောင်းလှသည်။

သူ၏ မျက်ဝန်းထဲတွင် ထိန်းမနိုင်သိမ်းမရသော ရက်စက်မှုများ ရိပ်ယောင်နေပြီး ရှေ့ရှိ မိန်းကလေးနှင့် ရန်ဘက်ဖြစ်သွားကြောင်းကို သိသာစေသည်။

ဟူကျင်းမှာတော့ မည်သည့်အခြေအနေမျိုးတွင်မဆို ကျန်ယီဘက်မှ အပြတ်အသတ် ရပ်တည်မည့်သူ ဖြစ်သည်။ ထို့အပြင် သူသည် မင်ယွဲ့ကိုလည်း သိထားသူဖြစ်၏။

ကျန်သူများမှာတော့ အံ့အားသင့်ကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ သူတို့စုဝေးမှုကို ဦးဆောင်နေသည့် မိုဟန်ကျီအကြောင်း ပြောနေရင်းမှ ဘာကြောင့် ကျန်ယီက ရုတ်တရက် ဒေါသထွက်လာရသနည်းဟု တွေးတောရင်း ဝေခွဲမရ ဖြစ်နေကြသည်။

ကျန်ယီ ဘာကြောင့် ပြဿနာရှာသည်ကို သူတို့ မသိကြသော်လည်း ထိုမိန်းကလေးနှင့်တော့ အလိုအလျောက် အလှမ်းဝေးအောင် ခပ်ခွာခွာ နေလိုက်ကြသည်။

ထိုမိန်းကလေး၏ မိသားစုမှာလည်း ချမ်းသာကြွယ်ဝသော်လည်း ကျန်မိသားစုလောက်တော့ မတတ်နိုင်ပေ။ ထိုမိန်းကလေး၏ အနားတွင် သူငယ်ချင်း အနည်းငယ်သာ ကျန်တော့သည်။

ကျန်ယီသည် ထိုမိန်းကလေးဆီသို့ လျှောက်သွားလိုက်ရာ အခန်းတွင်းမှာ အလွန်ပင် တိတ်ဆိတ်သွားပြီး ကစားနေသူများလည်း ရပ်တန့်သွားကြသည်။

သားရေဖိနပ် အောက်ခြေနှင့် ကြမ်းပြင်တို့ ထိခတ်သံမှာ လူတိုင်း၏ နှလုံးသားထဲသို့ ထိမှန်နေသကဲ့သို့ ခံစားရစေသည်။

ထိုမိန်းကလေးမှာ ယခုမှပင် အမှန်တကယ် ကြောက်လန့်သွားတော့သည်။

"သခင်လေးကျန်... ကျွန်မ တောင်းပန်ပါတယ် ကျွန်မ မိုဥက္ကဋ္ဌအကြောင်း မပြောသင့်ပါဘူး ကျွန်မက နောက်ပြောင်လိုက်တာပါ၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး”

ကျန်ယီ ဒေါသထွက်ရခြင်းမှာ မိုဟန်ကျီကို လူပုံအလယ်တွင် နောက်ပြောင်ပြောဆိုသောကြောင့်ဟု သူမက ယူဆနေမိလေသည်။

All Chapters