← Chapters

အခန်း (၃၉၄၆-၃၉၅၀)

Vol. 201 Ch. 3946-3950

အခန်း (၃၉၄၆-၃၉၅၀)

Vol. 201 Ch. 3946-3950

Chapter 3946

"အရှင်သား အခြေအနေ အရမ်းဆိုးဝါးနေပြီ....စစ်စခန်းတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီ....ဒီနေရာကနေ အရင်ဆုံး ထွက်သွားကြရအောင်"

တုရှန်းရှန်း၏မျက်ခွံများ တုန်ရီနေသည်။

ဤကဲ့သို့ ဖရိုဖရဲကိစ္စများ အလွန်လျှင်မြန်စွာ ရောက်ရှိလာမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤသည်မှာ အင်အားတစ်သန်းကျော်ရှိသော စစ်တပ်တစ်တပ်၏စစ်စခန်းပင်။စစ်သည်အင်အား အရေအတွက်သက်သက်ဖြင့်ပင် ယင်ကောင်ငယ်အမြောက်အများကို ထိန်းချုပ်ဟန့်တားနိုင်ရန် လုံလောက်သည်။

သို့ရာတွင် ယခုအချိန်၌ သူတို့၏အင်အားများအားလုံးသည် အလှပြရုံသက်သက်ဖြစ်နေသည်။ဤကဲ့သို့ စစ်သည်အင်အားအရေအတွက် များပြားခြင်းကြောင့် တစ်ကြိမ်ခန့် ဖရိုဖရဲဖြစ်ပွားပါက ဖိနှိပ်နိုင်ရန်အတွက် အလွန်အမင်းခက်ခဲသည်။

ဤအချိန်အခိုက်အတန့်တွင် စစ်တပ်အသီးသီးမှ စစ်ဗိုလ်ချုပ်များသည်လည်း လုံးလုံးလျားလျားဖရိုဖရဲဖြစ်နေလေ၏။

ပြင်ပဂိုဏ်းအင်အားစုများမှလူများသည် ဤကိစ္စကို ကြိုတင်၍စီစဉ်ထားခဲ့သည်မှာ သိသာထင်ရှားလှ၏။သူတို့သည် ရုပ်ဖျက်ရာတွင်ကျွမ်းကျင်သော ထိပ်သီးပညာရှင်တချို့ကိုအသုံးပြုကာ စစ်ဗိုလ်ချုပ်များအဖြစ် သူတို့ကိုယ်သူတို့ ကြိုတင်၍အယောင်ဆောင်ထားခဲ့သည်။ထို့နောက် သူတို့၏လက်အောက်ငယ်သားများဖြစ်သော စစ်သားများကို တခြားလူများအားတိုက်ခိုက်ရန် ကြုံရာကျပန်းအမိန့်များ ပေးနေတော့သည်။

သူတို့သည် အစစ်အမှန်ဖြစ်သည် သို့မဟုတ် အတုအယောင်ဖြစ်သည်ကို ပြောဆိုနိုင်ရန် လွန်စွာခက်ခဲသည်။ဤသည်မှာ အလွန်အမင်း ဖရိုဖရဲဆန်သော ကိစ္စကြီးတစ်ခုပင်။

လူများသည် တခြားလူများအား သတ်ဖြတ်နေသည့် မြင်ကွင်းများကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။ထန်စစ်သားများသည် အာရုံထွေပြားနေကာ နေရာအနှံ့အပြား၌ အချင်းချင်းတိုက်ခိုက်နေကြလေ၏။

တုရှန်းရှန်းသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် နာကျင်မှုကြောင့် သူ၏မျက်လုံးများကို စုံမှိတ်လိုက်သည်။

ထန်စစ်သားများအနက်မှအများစုသည် ရန်သူများဖြင့်တိုက်ခိုက်ပြီး သေဆုံးသွားခြင်းမဟုတ်ချေ။သူတို့သည် အာရုံထွေပြားနေသောအချိန်တွင် သူတို့၏ဘက်တော်သားများ လက်အတွင်း၌ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

"အရှင့်သား...ဒါက လုယွီရဲ့အစီအစဥ်ပဲဖြစ်ရမယ်...သူက အရင်ဆုံး ငါတို့စစ်တပ်ရဲ့စိတ်ဓာတ်ကို ပျက်ပြားသွားစေခဲ့တယ်...အခုကျတော့ သူက ငါတို့ကို မာလင်းကြယ်နယ်မြေပေါ်က ပြင်ပဂိုဏ်းအင်အားစုတွေရဲ့ ရန်သူဖြစ်လာအောင်လုပ်ခဲ့တယ်...အခုလက်ရှိအခြေအနေကို ကြည့်ရရင် လုယွီရဲ့အစီအစဉ်အတိုင်း ဆက်သွားနေတာပဲ...တကယ်လို့ သူက ဒီအချိန်မှာ တိုက်ခိုက်မယ်ဆိုရင် ငါတို့ရှုံးနိမ့်သွားမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး"

တုရှန်းရှန်းက အလေးအနက်ထားသောအသံဖြင့် ဆက်လက်၍ပြောဆိုသည်။

"ငါတို့စစ်တပ်ထဲမှာ သူလျှိုတွေ ဘယ်လောက်များများရှိနေတယ်ဆိုတာ ငါတို့ အခုထိ မသိရသေးဘူး...ငါက အရှင့်သားကို လုံခြုံစိတ်ချရတဲ့နေရာဆီ အရင်ဆုံးခေါ်သွားပေးမယ်....နောက်ပိုင်းကျမှ အခွင့်အရေးတစ်ခုရှာပြီးတော့ ငါတို့စစ်တပ်ကို ပြန်ပြီးဦးဆောင်တိုက်ခိုက်ကြရအောင်"

သူသည် အလွန်ရှင်းရှင်းလင်းလင်း စဉ်းစားတွေးတောနိုင်ပေ၏။

အကယ်၍ စစ်တပ်သည် စစ်ရှုံးနိမ့်သွားပါက သူ ရာထူးချခံရမည့်အပြစ်ဒဏ်ထက် ပို၍ခံယူရမည်မဟုတ်ချေ။

သို့ရာတွင် အကယ်၍ လီဖူ သေဆုံးသွားပါက သူလည်းသေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။မည်သို့ပင်ဆိုစေကာမူ ကောင်းကင်မူဝါဒရုံးတော်သည် လီဖူအား မြေတောင်မြှောက်ပေးသည့်အနေဖြင့် လေ့ကျင့်ပေးရန်ရည်ရွယ်ကာ သူ့အား တာဝန်ပေးအပ်ထားခြင်းပင်။ အကယ်၍ သူ၏ရှေ့တွင် လီဖူသေဆုံးသွားပါက တာဝန်ပျက်ကွက်သည့် ကြီးလေးသည့်ရာဇဝတ်မှုကြီးကို သူ ခံယူရပေမည်။

"ငါက ဒီအတိုင်း အရှုံးပေးလိုက်ရမှာလား...ငါ ထပ်ပြီးထွက်ပြေးရအုံးမှာလား....ငါ ဘယ်နေရာကို ထပ်ပြီးထွက်ပြေးနိုင်အုံးမှာလဲ"

လီဖူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ့၏စိတ်နှလုံးသားအတွင်း၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ယခုအချိန်တွင် လုယွီနှင့်တွေ့ဆုံရခြင်း မရှိသေးချေ။သို့ရာတွင် လုယွီသည် သူ့အား ဤမျှအဆင့်ထိရောက်အောင် အကွက်ချကြံစည်နိုင်ခဲ့လေ၏။

သူ လီဖူသည် စစ်တပ်အခွင့်အာဏာကို ရရှိခဲ့စဉ်အချိန်ကတည်းက ဤမျှထိ ဆိုးရွားသောရှုံးနိမ့်မှုမျိုးကို တစ်ကြိမ်တစ်ခါမျှ ခံစားခဲ့ရဖူးခြင်းမရှိချေ။

တုရှန်းရှန်းက ဖြောင့်ဖျလိုက်သည်။

"အစိမ်းရောင်သစ်တောကြီးတွေ ရှိနေသရွေ့ထင်းပြတ်လပ်မှာကို စိုးရိမ်ပူပန်နေစရာမလိုဘူး....ဒါ့ပြင် သူတို့ရဲ့ပစ်မှတ်က မင်းပဲ...မင်း ဒီနေရာမှာ ရှိမနေသရွေ့ ပြင်ပကျင့်ကြံခြင်းလောကရဲ့ဂိုဏ်းအင်အားစုတွေ အားလုံးက အသေးအမွှားလူတွေပဲ..သူတို့ရဲ့ပစ်မှတ်မရှိတော့တာနဲ့ သူတို့က ချက်ချင်းနောက်ဆုတ်သွားမှာ သေချာတယ်"

"တကယ်လို့ မင်း ဒီနေရာမှာဆက်နေမယ်ဆိုရင် ငါတို့က မင်းကို ဆက်ပြီးကာကွယ်ရလိမ့်မယ်...ငါတို့က တိုက်ပွဲထဲကို ဝင်ပြီးတိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူး...စိတ်အေးအေးထားပါ...ငါက စစ်တပ်တစ်ခုလုံးကို သေချာပေါက်ပြန်စုစည်းပြီးတာနဲ့ မင်းကိုဖြေရှင်းချက်တစ်ခုပေးပါ့မယ်"

သူတို့ စကားပြောဆိုနေစဉ်မှာပင် မလှမ်းမကမ်းအကွာရှိ ပင်မစစ်စခန်း၏ပြင်ပနံရံကြီး ရုတ်တရက် ပြိုလဲကျသွားသည်။

ထန်စစ်သားများ၏သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်စုသည် အတွင်းသို့ပြေးဝင်လာကာ သူတို့ မြင်မြင်သမျှ မည်သူ့ကိုမဆို သတ်ဖြတ်နေကြလေ၏။

"အရှင့်သား...အခု အချိန်ကျနေပြီ...မြန်မြန်လေး ထွက်သွားပေးပါ"

တုရှန်းရှန်းက လီဖူကိုဆုပ်ကိုင်ကာ မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်သည်။

သူသည် မည်သည့်စစ်သားကိုမျှ သူနှင့်အတူ ခေါ်ဆောင်သွားခြင်းမရှိချေ။ယခုအချိန်တွင် သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ယုံကြည်ခြင်းမရှိတော့ပေ။

ယဲ့ကွမ်ကျီးသည်လည်း လီဖူ၏နံဘေး၌ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါသွားကာ ဤသခင်လေး၏ဘေးကင်းလုံခြုံရေးကို တစ်ချိန်လုံးကာကွယ်ပေးနေခဲ့သည်။

ထိုအချိန်မှာပင် ပင်မစစ်စခန်းအတွင်းသို့ ပြေးဝင်လာသော စစ်သားတစ်ယောက်သည် ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ အော်ဟစ်လိုက်သည်။

"လီဖူက အသတ်ခံလိုက်ရပြီ...ထန်စစ်တပ်က ရှုံးနိမ့်သွားပြီ"

"လီဖူ သေသွားပြီး...အရှုံးပေးတဲ့လူတိုင်း အသက်ချမ်းသာခွင့်ရမယ်"

လုပ်ကြံသတ်ဖြတ်သူ အမြောက်အများသည် စစ်စခန်းအတွင်း၌ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

ဤအချိန်အခိုက်အတန့်တွင် ရန်သူများကို တိုက်ခိုက်နေဆဲဖြစ်သော ထန်စစ်သားများအားလုံး ထိတ်လန့်တကြားဖြစ်သွားသည်။

တပ်မှူးဖြစ်သူ သေဆုံးသွားပြီဖြစ်ရာ မည်သည်ကြောင့် သူတို့သည် ဆက်လက်၍တိုက်ခိုက်နေရမည်နည်း။

သူတို့၏အနီး၌ ရပ်စဲမသွားသော တိုက်ပွဲအော်ဟစ်သံများရှိနေကာ ရန်သူများသည် အကန့်အသတ်မရှိသည့်အလားပင်။ထိုရန်သူများ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မည်သူမျှ မသိနိုင်ချေ။

Chapter 3947

"ငါ ထပ်ပြီးမတိုက်ခိုက်တော့ဘူး...နောက်ဆုတ်တော့မယ်"

"ငါတို့ ပြင်းပြင်းထန်ထန် ကြိုးစားနေစရာ မလိုတော့ဘူး....အခုချိန်မှာ တပ်မှူးက သေသွားပြီ....ထွက်ပြေးကြစို့"

စစ်သားများထံမှနေ၍ အရှုံးပေးသည့်အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။

စစ်သားတချို့ စတင်၍ ထွက်ပြေးသွားသည်ကိုကြည့်ပြီး ကြွင်းကျန်သောစစ်သားများ၏ယုံကြည်ချက်များ နောက်ဆုံး၌ ပြိုလဲသွားသည်။

စစ်ဗိုလ်ချုပ်တချို့သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် စစ်သားများအား ကြီးကြပ်ရန်အတွက် ပြင်ဆင်လိုက်ကြ၏။သို့ရာတွင် ထိုစစ်သားများသည် သူတို့အား မှော်မန္တန်များဖြင့် တုံ့ပြန်တိုက်ခိုက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ထန်စစ်သားများအားလုံး တစ်ယောက်ကိုတစ်ယောက် အယုံအကြည်မရှိတော့ချေ။

သူတို့အား ရှေ့တွင်ညီအစ်ကိုဟု ခေါ်ဆိုနေသူများသည် ပြင်ပဂိုဏ်းအင်အားစုများရှိလူများမှ အယောင်ဆောင်ထားသူများ ဖြစ်နေနိုင်သည်။

စစ်သားတစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးသွားသဖြင့်...

စစ်သည်အင်အားတစ်သန်းကျော်ရှိသော ထန်စစ်တပ်စစ်စခန်းမှ စစ်သည်အမြောက်အများ စတင်၍ထွက်ပြေးကြတော့သည်။

သူ့၏နောက်ရှိ ထူထပ်သိပ်သည်းသော မြူခိုးများကိုကြည့်ပြီး လီဖူ၏မျက်လုံးများ နီမြန်းသွားကာ သူက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။

"ငါ မသေသေးဘူး...."

ဝှစ်...ဝှစ်...ဝှစ်....

ရုတ်ချည်းဆိုသလိုပင် မှော်မန္တန်များမှ စွမ်းအားလှိုင်းများသည် ပတ်ဝန်းကျင်နေရာတဝိုက်ရှိ ကောင်းကင်နှင့်မြေပြင်အနှံ့ လွှမ်းခြုံသွားကာ လီဖူကို တိုက်ခိုက်လိုက်ကြတော့သည်။

တုရှန်းရှန်းသည် လီဖူကို သူ့၏နောက်သို့ အလျှင်အမြန်ပို့ဆောင်ကာ လေထုအတွင်းရှိ မှော်စွမ်းအားလှိုင်းများကို ပိတ်ဆို့ဟန့်တားလိုက်သည်။

သို့ရာတွင် သူသည် သူ့ရှေ့ရှိ မှော်မန္တန်တချို့ကိုသာ ပိတ်ဆို့ဟန့်တားနိုင်ပေ၏။

ဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူများသည် လီဖူ၏တည်နေရာကို ခြေရာခံမိပြီးဖြစ်သည်။လီဖူ၏အသံကို ကြားသည်နှင့် ထိုကျင့်ကြံသူများအားလုံးသည် တစ်ယောက်ကိုတစ်ယောက် သတင်းပေးလိုက်ကြသည်။

ပတ်ဝန်းကျင်နေရာတဝိုက်၌ ကျင့်ကြံသူအမြောက်အများသည် ကျိုင်းကောင်များအလား လီဖူထံသို့ တိုးဝင်နေကြသည်။

"ညီအစ်ကိုယဲ့...မင်း အရင်ဆုံး ကာကွယ်ထားပေးပါလား...ငါက အရှင့်သားကိုခေါ်ပြီးတော့ ဒီနေရာက ထွက်သွားလိုက်မယ်"

တုရှန်းရှန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ယဲ့ကွမ်ကျီးသည် ခေါင်းညိတ်ပြကာ အနက်ရောင်ပုံရိပ်တစ်ခုအသွင်ပြောင်းလဲပြီး ရှေ့သို့တိုးဝင်လာသည့် ကျင့်ကြံသူများကို ရင်ဆိုင်လိုက်သည်။

သူသည် ထန်အင်ပါယာ၏ ထူးချွန်သောလူဆိုးထိန်းတစ်ယောက်ဖြစ်သဖြင့် သူ့၏ခွန်အားသည် အလွန်ကောင်းမွန်ပေ၏။

ယဲ့ကွမ်ကျီးသည် တစ်ယောက်တည်းဖြစ်သော်လည်း လူအုပ်အကြားသို့ တိုးဝင်သွားချိန်တွင် သူသည် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ ပြိုင်ဘက်ကင်းသူတစ်ယောက်အလားပင်။ရှေ့သို့ပြေးဝင်သွားသော ကျင့်ကြံသူတချို့သည် ယဲ့ကွမ်ကျီး၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

တုရှန်းရှန်းကမူ အခြေအနေကိုအခွင့်ကောင်းယူ၍ လီဖူကိုခေါ်ဆောင်ကာ အလျှင်အမြန် ထွက်ပြေးသွားလိုက်သည်။

သို့ရာတွင် ရုတ်တရက် တုရှန်းရှန်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလေ၏။

သူသည် ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သဖြင့် အကယ်၍ သူ အရှိန်ကုန်အသုံးပြု၍ပြေးပါက အချိန်တခဏအတွင်းတွင် မီတာထောင်နှင့်ချီဝေးကွာသောနေရာသို့ ရောက်ရှိနိုင်သည်။သူ၏အရှိန်နှုန်းသည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်သည်။

သို့ရာတွင် သူ စတင်ထွက်ပြေးခဲ့စဉ်မှ ယခုအချိန်အထိ သူ့အား လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်မှ ချိတ်ပိတ်ထားသည်ဟု တုရှန်းရှန်းက ခံစားနေရသည်။သူ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ဤလေဟာနယ်အတွင်းမှ ထွက်ပြေးနိုင်စွမ်းမရှိချေ။

"လေဟာနယ်ချိတ်ပိတ်ခြင်း နည်းစနစ်မဟုတ်လား...မကောင်းတော့ဘူး...ထိပ်သီးတည်ရှိမှုကြီးတစ်ခုက ဒီလေဟာနယ်ကို ချိတ်ပိတ်ထားပြီ"

တုရှန်းရှန်းသည် ရုတ်တရက် ရပ်တန့်လိုက်ကာအရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်ကိုကြည့်ပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

"လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေတာကို ရပ်လိုက်တော့...ဒီနေရာကို ထွက်ခဲ့စမ်း"

အနက်ရောင်မြူခိုးများအကြားမှနေ၍ ရုတ်တရက် တောက်ပသောမျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို အမှောင်ထုကြီးက လွှမ်းခြုံထားသည်။ဤကြီးမားသောမျက်လုံးတစ်စုံသည် မိုးကောင်းကင်ယံအတွင်း၌ထွန်းလင်းနေသော နေမင်းကြီးနှင့်တူညီနေကာ အရပ်မျက်နှာအဘက်ဘက်သို့ တောက်ပသွားသည်။ဤသည်ကြောင့် လူအများသည် သူတို့၏မျက်လုံးများကို ဖွင့်နိုင်စွမ်းမရှိတော့ချေ။

ကောင်းကင်နှင့်မြေပြင်အကြား၌ ကြီးမားသောပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာကာ မြင့်မားပြီး ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်လုံးနှင့် တူညီနေသည်။

ထိုတည်ရှိမှုကြီး၏ရှေ့တွင် တုရှန်းရှန်းနှင့်လီဖူတို့သည် ပုရွက်ဆိတ်များမှနေ၍ လူဘီလူးကြီးတစ်ကောင်ကို ကြည့်နေရသည့်အလားဖြစ်နေကာ ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။

"မင်းက လီဖူလား"

လူဘီလူးကြီးထံမှနေ၍ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံနက်ကြီးသည် လူဘီလူးကြီး၏ပါးစပ်မှ ထွက်ပေါ်လာသောအချိန်၌ ပြင်းထန်သောလေမုန်တိုင်းတစ်ရပ်က ပတ်ဝန်းကျင်နေရာတဝိုက်တွင် တိုက်ခတ်လာသည်။

လီဖူနှင့်တုရှန်းရှန်းတို့သည် သူတို့၏မျက်လုံးများကိုပင် မဖွင့်နိုင်ကြတော့ချေ။

တုရှန်းရှန်းသည် အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်၏။

"မင်းလို ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်က မာလင်းကြယ်နယ်မြေပေါ်မှာ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ...လီဖူက ကောင်းကင်မူဝါဒရုံးတော်ရဲ့ သခင်လေးတစ်ယောက်...တကယ်လို့ ငါတို့အကြားမှာ ရန်ငြိုးတစ်ခုခုရှိခဲ့မယ်ဆိုရင် ငါက အဲ့ဒီကိစ္စကို ဖြေရှင်းပေးဖို့ ဆန္ဒရှိပါတယ်"

"ဖြေရှင်းပေးမယ်....ဟုတ်လား...ဟား ဟား ဟား ...မင်းက ဘယ်လိုလုပ်ပြီး ဖြေရှင်းပေးနိုင်မှာလဲ"

လူဘီလူးကြီးက လှောင်ပြောင်သရော်လိုက်သည်။

"မင်းက ငါရဲ့မြေးမလေးကို သတ်ခဲ့တယ်....ဒီနေ့ အဲ့ဒီကိစ္စကို ငါ မင်းနဲ့ဖြေရှင်းရလိမ့်မယ်...မင်းခေါ်လာတဲ့ ထန်စစ်သားတွေအားလုံး တစ်ယောက်မှ အသက်ရှင်ရက် လွတ်မြောက်မသွားစေရဘူး"

လူဘီလူးကြီး၏ဒေါသတကြီးအော်ငေါက်သံကြောင့် တောင်ကြီးတစ်လုံး ပြိုလဲသွားသည့်အလား ပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်ခွင်လုံး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။

"မကောင်းတော့ဘူး...သူက နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ...ငါတို့ ဒီနေရာက ထွက်သွားကြစို့"

တုရှန်းရှန်းသည် ထိတ်လန့်တုန်လှုပ်သွားကာ လီဖူအား ထွက်သွားရန်အတွက် ပျာပျာသလဲပြောဆိုလိုက်သည်။

Chapter 3948

"တကယ်လို့ မင်းတို့ ထွက်သွားချင်တယ်ဆိုရင်တော့ မင်းတို့ တတ်နိုင်မှာမလိုလား"

ဤအချိန်တွင် မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်၏ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်ဆုံး၌ မြူခိုးများအကြားမှ ထွက်ပေါ်လာလေပြီ။

ကြီးမားသောဓမ္မပုံရိပ်ယောင်ကြီးတစ်ခုက ကောင်းကင်နှင့်မြေပြင်အကြား၌ မျောလွင့်နေသည်။ထိုပုံရိပ်ယောင်ကြီး အပြည့်အဝ မတ်တတ်ရပ်လိုက်သောအချိန်တွင် မိုးကောင်းကင်ယံအတွင်းရှိ နေအလင်းရောင်ကိုပင် အပြည့်အဝ ပိတ်ဆို့ဟန့်တားထားပေ၏။

မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်သည် ရုတ်တရက် သူ၏လက်ကို ဆန့်တန်းလိုက်ရာ ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုထွက်ပေါ်လာပြီး မိုးကောင်းကင်ယံတစ်ခွင်လုံးကို လွမ်းခြုံတော့မည်အလားပင်။

လီဖူ၏ခေါင်းထက်ရှိ မိုးကောင်းကင်ယံရုတ်တရက် မှေးမှိန်သွားကာ မမြင်နိုင်သောအားလှိုင်းတစ်ရပ်မှ သူ၏ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသည့်အလား သူ လှုပ်ရှားနိုင်ခြင်းမရှိတော့ချေ။

"မလုပ်နဲ့....မလုပ်ပါနဲ့"

လီဖူက စိတ်ပျက်ညှိုးငယ်စွာဖြင့် အော်ဟစ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် ယခင်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော အန္တရာယ်အငွေ့အသက်ကို ထပ်မံ၍ခံစားရလေပြီ။

သူသည် ယခင်က ဤကဲ့သို့ထိတ်လန့်ကြောက်ရွံ့မှုမျိုးကို လုယွီနှင့်ရင်ဆိုင်ရသောအချိန်၌ ခံစားခဲ့ရဖူးသည်။

....

မာလင်းကြယ်နယ်မြေ၏ မိုးကောင်းကင်ထွက်ပေါက်နေရာ၌....

ပုန်းကွယ်နဂါးစစ်တပ်မှ တပ်ရင်းလေးခုလုံး ဤနေရာ၌ စုဝေးနေသည်။ကြီးမားသော နဝမလွှသွားစစ်သင်္ဘောများသည် လေထုအတွင်း၌ ရပ်တန့်ထားကာ ထိုအရာများပေါ်မှအလံများအားလုံး လေထုအတွင်း၌ လူးလွန့်နေသည်။ထိုနေရာပတ်ဝန်းကျင်တဝိုက်၌ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။

"အောင်းကွမ်း....မင်းက ဒီတိုက်ပွဲရဲ့ရှေ့ပြေးတပ်မှူးပဲ....စစ်တပ်ကိုဦးဆောင်ပြီးတော့ သူတို့ကိုနှိမ်နင်းစမ်း ..ထန်စစ်စခန်းမှာရှိတဲ့လူတိုင်းကို သတ်ဖြတ်ရမယ်...သူတို့က ဘယ်သူဘယ်ဝါဖြစ်နေပါစေ အရှုံးမပေးတဲ့လူတိုင်းကို မင်း သတ်ပစ်နိုင်တယ်"

"လုကျင်းရှန့် သိုက်ဖုန်း...မင်းတို့ရဲ့လူတွေကိုခေါ်ပြီးတော့ ထန်စစ်စခန်းတစ်ခုလုံးကို ဝိုင်းရံထားစမ်း ...ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့်မပြုနဲ့...ငါက အဲ့ဒီနေရာကနေ ငှက်တစ်ကောင်ထွက်သွားတာကိုတောင် မမြင်ချင်ဘူး"

"ချောင်ပေါင်....မင်းရဲ့စစ်သားတွေကိုခေါ်ပြီးတော့ စစ်ကူတွေရောက်မလာအောင် ဟန့်တားထားစမ်း...အနည်းဆုံးတော့ မင်း တစ်ရက်လောက် တောင့်ခံထားရမယ်"

"အခုချက်ချင်း တိုက်ခိုက်ကြတော့"

"ဟုတ်ကဲ့...."

အောင်းကွမ်းသည် အော်ဟစ်ကြုံးဝါးကာ စိတ်လှုပ်ရှားစွာဖြင့် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားပြီး သူ၏မူလပုံစံသို့ ပြောင်းလဲလိုက်သည်။

လက်သည်းငါးချောင်း ရွှေရောင်နဂါးတစ်ကောင်က လေထုအတွင်း၌ ပျံသန်းနေသည်။ထိုနဂါး၏ခန္ဓာကိုယ်သည် မိုးကောင်းကင်ယံအတွင်း၌ လူးလွန့်နေကာ သူ့၏အစွယ်များကိုဖြဲဟပြီး ခြေစွယ်လက်စွယ်များကို ဝှေ့ယမ်းနေသည်။ထိုနဂါး၏ပါးစပ်မှနေ၍ အမိန့်ပေးသံတစ်သံ ထွက်ပေါ်လာသည်။

"ထန်စစ်စခန်းထဲမှာရှိတဲ့ ခွေးမသားတွေအားလုံး နားထောင်ကြစမ်း...မင်းတို့ရဲ့လက်ထဲက မှော်လက်နက်တွေအားလုံးကို ချပြီးတော့ အခုချက်ချင်းအညံခံမယ်ဆိုရင် ငါက မင်းတို့ရဲ့အသက်တွေကို ချမ်းသာပေးမယ်"

"ဒီမှော်သားရဲက ဘယ်နေရာကနေ ရောက်လာတာလဲ"

ထန်စစ်သားတချို့ ပြေးထွက်လာပြီး အောင်းကွမ်းကို တိုက်ခိုက်လေ၏။

သို့ရာတွင် အောင်းကွမ်းသည် ဤကဲ့သို့ယင်ကောင်ငယ်လေးများကို မည်သည်ကြောင့် အာရုံစူးစိုက်မည်နည်း။သူ့၏ပါးစပ်မှ မီးတောက်များ မှုတ်ထုတ်လိုက်ခြင်းနှင့်အတူ ရှေ့သို့ပြေးဝင်လာသော ထန်စစ်သားများကို မီးသွေးတုံးများဖြစ်သည်အထိ လောင်ကျွမ်းသွားစေသည်။

"အညံမခံတဲ့ ဘယ်သူမဆို သေရမယ်"

ဘုန်း....ဘုန်း....

ထန်စစ်စခန်း၏အထက်ရှိ လေထုအတွင်းတွင် ကြီးမားသောနဝမလွှသွား စစ်သင်္ဘောကြီးများ လှည့်ပတ်၍ပျံသန်းနေသည်။သင်္ဘောကုန်းပတ်ပေါ်တွင်ရှိနေသော အမြှောက်များဖြင့် ထန်စစ်စခန်းကို ချိန်ရွယ်ထားလေ၏။

"ထန်စစ်စခန်းတခုလုံး ဖရိုဖရဲဖြစ်နေပြီ"

ဤဖရိုဖရဲအချိန်အတွင်းတွင် ထောင်သောင်းချီသော ထန်စစ်သားများ ထွက်ပြေးသွားကြသည်။စစ်စခန်းအတွင်း၌ ကြွင်းကျန်နေသောစစ်သားများသည် ဆက်လက်၍တိုက်ခိုက်ရန်အတွက် စိတ်ဆန္ဒများ မရှိကြတော့ချေ။

"ငါ အရှုံးပေးတယ်....ငါ့ကို မသတ်ပါနဲ့"

"တာယွီစစ်တပ်က ညီအစ်ကိုတို့...ငါတို့က မာလင်းကြယ်နယ်မြေပေါ်မှာရှိတဲ့ ဂိုဏ်းအင်အားစုတွေကလူတွေပဲ....ငါတို့က တော်ဝင်နန်းတွင်းရဲ့ကိုယ်စား တာဝန်ယူပြီးတော့ ရင်ဆိုင်ဖြေရှင်းထားတယ်"

"အမှန်ပဲ....ငါတို့အားလုံးက တာယွီအင်ပါယာအပေါ် သစ္စာရှိတယ်....ငါတို့ ဒီနေရာကိုလာတာက တာယွီတော်ဝင်စစ်တပ်အတွက် ရှေ့ပြေးတိုက်ခိုက်ပေးဖို့ပဲ"

ထန်စစ်တပ်အတွင်း၌ ရောနှောနေသည့် ပြင်ပဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူများသည် စတင်၍ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

အောင်းကွမ်းသည် အောက်တွင်ရှိနေသောလူများကို ဝေ့ဝိုက်၍ကြည့်ကာ အော်ဟစ်လိုက်၏။

"မင်းတို့အားလုံး မြေပြင်ပေါ်မှာဝပ်ပြီးတော့ မင်းတို့ရဲ့လက်တွေထဲမှာရှိတဲ့ မှော်လက်နက်တွေကို လက်ကမ်းပေးစမ်း...အမိန့်ကိုမလိုက်နာတဲ့ ဘယ်သူမဆို သေရမယ်"

ဘုန်း....ဘုန်း...

တာယွီစစ်သားတစ်စုသည် စစ်သင်္ဘောများ၏ကုန်းပတ်ပေါ်မှ ခုန်ဆင်းသွားကာ တည်ငြိမ်ပြီးအစွမ်းထွက်သော ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလိုက်ကြသည်။

သူတို့၏စိတ်ဝိညာဥ်များ ထိခိုက်ဒဏ်ရာရထားသော ထန်စစ်သားများနှင့် နှိုင်းယှဉ်ပါက ပုန်းကွယ်နဂါးစစ်တပ်မှ တာယွီစစ်သားများသည် ပို၍တက်ကြွဖျက်လက်နေကာ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

သူတို့ထံတွင် ဆေးလုံးများ အနည်းငယ်မျှ ပြတ်လပ်ခြင်းမရှိချေ။

လုယွီသည် ဆေးလုံးများကို သူကိုယ်တိုင် သန့်စင်ရုံသာမကာ ပုန်းကွယ်နဂါးစစ်တပ်အတွင်း၌ ဆေးပညာရှင်အမြောက်အများရှိနေသည်။ထိုဆေးပညာရှင်များသည် ပုန်းကွယ်နဂါးစစ်တပ်အတွက် လုံလောက်သောဆေးလုံးများကို အချိန်မရွေးဖြည့်တင်းပေးနိုင်ရန် အာမခံချက်ပေးနိုင်သည်။

ဘုန်း....ဘုန်း....ဘုန်း....

ထိုအချိန်မှာပင် စည်းစနစ်တကျလျှောက်လှမ်းလာသော ခြေလှမ်းသံများက စစ်စခန်း၏ပြင်ပမှ ထွက်ပေါ်လာသည်။

အလံများသည် လေထုအတွင်း၌ လူးလွန့်နေကာ စစ်ဗုံသံများ မြည်ဟီးနေပေ၏။

အောင်မြင်မှုရရှိမည်ဟု မျှော်လင့်ချက်ကျန်ရှိနေသေးသော ထန်စစ်သားတချို့သည် နာကျင်မှုကြောင့် သူတို့၏မျက်လုံးများကို မှိတ်လိုက်ကြသည်။

ထန်စစ်စခန်းတစ်ခုလုံးသည် ရန်သူများ၏ အပြည့်အဝဝိုင်းရံထားခြင်းကို ခံထားရလေပြီ။

Chapter 3949

ထန်စစ်စခန်းနှင့် မလှမ်းမကမ်းအကွာအဝေးရှိ မိုးကုတ်စက်ဝိုင်းအတွင်း၌....

"အမွှေးရှည်ဆင် စိတ်ဝိညာဥ်....ထာဝရအသက်နဲ့ ငါ့ကို ကောင်းချီးပေးပါ"

တုရှန်းရှန်းသည် ရုတ်တရက် အော်ဟစ်လိုက်ပြီးနောက် သူ့၏နဖူးပြင်ပေါ်တွင် ရှေးဟောင်းကျမ်းစာအက္ခရာများ ထွက်ပေါ်လာသည်။

အနက်ရောင်သင်္ကေတအက္ခရာများသည် တုရှန်းရှမ်း၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ ရှေးဟောင်းခေတ်မှ စွမ်းအားတစ်ရပ်သည် တုရှန်းရှန်း၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်နေသည့်အလား သူ့၏ကြွက်သားများ ဖောင်းကြွလာသည်။

ဝူး.....

တုရှန်းရှန်းသည် မိုးကောင်းကင်ယံကြီး တုန်ခါသွားလုမတတ် အော်ဟစ်ကြုံးဝါးကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး ယခင်ထက် အဆများစွာပို၍ကြီးထွားသွားသည်။

သူသည် အင်အားကုန်အသုံးပြု၍ မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်၏ ဓမ္မပုံရိပ်ယောင်ကြီးထံသို့ ဦးတည်ကာ လက်သီးတချက် ထိုးနှက်လိုက်၏။

ဤလက်သီးချက်တွင် သူ့၏ရုပ်ခန္ဓာကိုယ်မှခွန်အားများသာမက သူ့၏အစွမ်းထက်သော မှော်စွမ်းအားများလည်း ရောယှက်နေသည်။ တည်ငြိမ်သောရေမျက်နှာပြင်တစ်ခုနှင့် တူညီသည့် လေဟာနယ်တွင် ရုတ်တရက် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ဤလက်သီးချက်ကြောင့် လေဟာနယ်အတွင်း၌ အက်ကွဲကြောင်းတချို့ပင် ထွက်ပေါ်လာခဲ့သည်။

တုရှန်းရှန်းသည် ရှေးဟောင်းအမွှေးရှည်ဆင်၏အမွေအနှစ်ကို ရရှိထားသူပင်။ဤအချိန်အခိုက်အတန့်တွင် သူ၏ခွန်အားကုန် ထုတ်ဖော်အသုံးပြုထားသဖြင့် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်စွမ်းအား အကန့်အသတ်ထက် ကျော်လွန်နေသည်။

သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသော စွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ပြိုလဲပျက်စီးစေနိုင်စွမ်းရှိသည် အကယ်၍ သူနှင့် ကျင့်ကြံဆင့်နယ်ပယ်တူသော ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်နေလျှင်ပင် တုရှန်းရှန်း၏လက်သီးတချက်တည်းဖြင့် ထိုလူပေါက်ကွဲသွားပေမည်။

သို့ရာတွင် မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်သည် တုရှန်းရှန်း၏ခွန်အားကို အနည်းငယ်မျှဂရုမစိုက်ချေ။

မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်က သူ့၏လက်ဝါးကို ဖြန့်လိုက်သည်။သူ့၏ကြီးမားကျယ်ပြန့်သော လက်ဝါးကြီးမှနေ၍ ရွှေရောင်မှော်စွမ်းအားအလင်းတန်းများ လေထုအတွင်းသို့ မြင့်တက်လာသည်။

ရှဲ....ရှဲ....

နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် ထိုမှော်စွမ်းအားအလင်းတန်းများသည် အတူတကွ စုဝေးသွားပြီး နောက်ဆုံး၌ ကြီးမားသော လျှပ်စီးမိုးကြိုးတူကြီးတစ်လက်အဖြစ် သိပ်သည်းသွားသည်။

ထိုတူကြီး၏မျက်နှာပြင်ပေါ်တွင် ထောင်နှင့်ချီသော လျှပ်စီးမိုးကြိုးလှိုင်းများ လွှမ်းခြုံနေသည်။ဤအရာတွင် ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို အမှုန်အမွှားဖြစ်သည်အထိ ခြေမွှဖျက်ဆီးနိုင်သော အရှိန်အဝါမျိုး ရောယှက်နေပေ၏။

သူ့၏လက်အတွင်းသို့ လျှပ်စီးမိုးကြိုးတူ ရောက်ရှိသွားသည်နှင့် သူသည် တုရှန်းရှန်းထံသို့ဦးတည်ကာ အားကုန်ထုနှက်လိုက်သည်။

ဘုန်း......

တုရှန်းရှန်း၏အစွမ်းထက်သောရုပ်ခန္ဓာကိုယ်ကြီး ချက်ချင်းပြိုလဲကျသွားသည်။

သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေသော မှော်စွမ်းအားအကာအကွယ်အလွှာသည်လည်း လျှပ်စီးမိုးကြိုးတူနှင့်ထိတွေ့မိသော အချိန်အခိုက်အတန့်တွင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ခရက်....ခရက်....

လျှပ်စီးလှိုင်းများ ကျရောက်လာသည်နှင့်အတူ တုရှန်းရှန်းသည် မည်သည့်နည်းစနစ်ကို အသုံးပြုသည်ဖြစ်စေ သူ့၏ခန္ဓာကိုယ်ပေါ်ရှိ မှော်စွမ်းအားအကာအကွယ်အလွှာသည် လျှပ်စီးမိုးကြိုးများ၏ကျူးကျော်လာမှုကို ခုခံတားဆီးနိုင်စွမ်းမရှိချေ။

"မကောင်းတော့ဘူး"

သူသည် တစတစ ဖိနှိပ်ခြင်းခံနေရသည်ကို မြင်တွေ့ချိန်၌ တုရှန်းရှန်းက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် လျှပ်စီးမိုးကြိုးတူသည် ထပ်မံ၍ကျရောက်လာကာ တုရှန်းရှန်း၏ခန္ဓာကိုယ်ကြီးကို ရိုက်ခတ်မိသွားသည်။

ဘုန်း....ဘုန်း.....

မြေပြင်သည် စတင်၍ ပြင်းပြင်းထန်ထန်ပြိုလဲစပြုလာသည်။လျှပ်စီးမိုးကြိုးတူ၏အောက်တွင် မီတာရာနှင့်ချီ၍နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာပေ၏။မရေမတွက်နိုင်သော အက်ကွဲကြောင်းငယ်များက အရပ်မျက်နှာအဘက်ဘက်သို့ စတင်၍ပျံ့နှံ့သွားသည်။ထိုအက်ကွဲကြောင်းများသည် အလွန်နက်ရှိုင်းသဖြင့် အောက်ခြေကို မည်သူမျှ မြင်တွေ့နိုင်ခြင်းမရှိချေ။

တုရှန်းရှန်းသည် မြေပြင်ပေါ်၌ လဲကျနေလေ၏။ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်၌ အသွေးအသားပုံကြီးအဖြစ်သို့ ပြောင်းလဲသွားလေပြီ။သူသည် လျှပ်စီးမိုးကြိုးတူ၏ရိုက်ခတ်ခံရမှုကြောင့် သူ့၏ခန္ဓာကိုယ်တစ်စစီ ကြေမွှကာ သေဆုံးသွားခဲ့ရသည်။

"တပ်မှူးတု...မင်း ဘယ်လိုလုပ်ပြီးတော့....."

လီဖူသည် သူ၏တုန်ရီနေသောခန္ဓာကိုယ်ကို ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့ချေ။သူ့၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

သူ့အတွက် တုရှန်းရှန်းသည် သူ၏နံဘေးတွင်ရှိနေသော ကျင့်ကြံသူများအနက် အစွမ်းထက်ဆုံးသူဟု သတ်မှတ်နိုင်သည်။

မိုးကောင်းကင်မူဝါဒရုံးတော်အတွင်း၌ တပ်မှူးတစ်ယောက်ဖြစ်လာရန် တစ်စုံတစ်ယောက်ထံတွင် အလွန်အမင်းမြင့်မားသော စွမ်းအားမျိုး ရှိနေရန်လိုအပ်သည်။

မိုးကောင်းကင်မူဝါဒရုံးတော်၏ တပ်မှူးတစ်ယောက်စီတိုင်းသည် ရာနှင့်ချီသောတိုက်ပွဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများပင်။သူတို့၏စွမ်းအားများသည် အလွန်နက်နဲသိမ်မွေ့ရုံသာမက သူတို့သည် ကိစ္စများကို ရင်ဆိုင်ဖြေရှင်းရာတွင်လည်း အလွန်အမင်းတည်ငြိမ်သည်။

သို့ရာတွင် ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် သူ့ရှေ့၌ အမှန်တကယ် သေဆုံးသွားခဲ့ရသလော....

"အရှင့်သား သွားကြစို့"

ဂိုဏ်းများမှကျင့်ကြံသူများကို ရှင်းထုတ်ရန် ကျန်နေခဲ့သော ယဲ့ကွမ်ကျီးသည် နောက်မှအမှီလိုက်လာခဲ့သည်။

သူသည် လီဖူကိုဆုပ်ကိုင်ကာ ထူထပ်သိပ်သည်းသော အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်၏။သူ့၏အတွေးတစ်ချက်နှင့်အတူ ထိုအဆောင်လက်ဖွဲ့ ချက်ချင်းလောင်ကျွမ်းသွားတော့သည်။

ဤသည်မှာ နောက်ထပ်စကြာဝဠာကူးပြောင်းခြင်း အဆောင်လက်ဖွဲ့တစ်ခုပင်။

ယဲ့ကွမ်ကျီးသည် သူရှေ့ရှိ မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်နှင့် ရင်ဆိုင်ရာ၌ အနိုင်ရရှိမည်ဟု ယုံကြည်ချက်မရှိချေ။

Chapter 3950

စကြာဝဠာအဆောင်လက်ဖွဲ့ မီးလောင်ကျွမ်းသွားသည်နှင့် ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန် လှုပ်ခတ်စပြုလာသည်။

ဤသည်မှာ အလွန်အမင်း အရည်အသွေးမြင့်မားသော လေဟာနယ်ကူးပြောင်းခြင်း အဆောင်လက်ဖွဲ့တစ်ခုပင်။ထိုအရာကို တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် ပြင်းထန်သောလေဟာနယ်စွမ်းအားဖြင့် လူအများကို တခြားနေရာသို့ ပို့ဆောင်ပေးနိုင်စွမ်းရှိသည်။

ယခုလက်ရှိချိန်တွင် လုယွီသည် ဝင်္ကပါနည်းစနစ်များကို အသုံးပြု၍ မာလင်းကြယ်နယ်မြေတစ်ခုလုံးကို ချိတ်ပိတ်ထားလေရာ မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ခွာသွားရန်မဖြစ်နိုင်ချေ။သို့ရာတွင် သူတို့နှစ်ယောက်သည် ဘေးကင်းလုံခြုံသော နေရာတစ်နေရာကိုရှာဖွေ၍ အချိန်အတိုင်းအတာတစ်ခုထိ ပုန်းအောင်းနေနိုင်ပေမည်။

ဤသည်မှာ ယခုလက်ရှိချိန်၌ သူတို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအစီအစဉ်ပင်။

"မင်းတို့က ထွက်သွားချင်သေးတာလား...အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း"

မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်သည် လီဖူထွက်ခွာသွားရန် ပြင်ဆင်နေသည်ကို မြင်တွေ့ချိန်၌ ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူ့၏အသံတွင် ဥပဒေသအရိပ်အယောင်တချို့ ရောယှက်နေပုံရကာ သူ၏စကားလုံးများနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားလှိုင်းတစ်ရပ်လိုက်ပါသွားပြီး လီဖူတို့ထံသို့ ချက်ချင်းရိုက်ခတ်သွားသည်။

ဘုန်း....ဘုန်း....

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ယွဲ့ကွမ်ကျီး၏လက်အတွင်းရှိ စကြာဝဠာအဆောင်လက်ဖွဲ့ မီးလောင်ကျွမ်းနေမှု ရပ်တန့်သွားခဲ့သည်။

"ဒါက လေဟာနယ်ဥပဒေသပဲ...မင်းက ဒီဥပဒေသကိုတောင် ဖမ်းဆုပ်ထားနိုင်တာလား... ဒါက အဆင့်မြင့်နယ်မြေသခင်တွေပဲ အသုံးပြုနိုင်တဲ့ နည်းစနစ်တစ်ခုမဟုတ်လား"

ယဲ့ကွမ်ကျီးက ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

သူ့ရှေ့ရှိ မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်ထံတွင် သာလွန်ထူးကဲသော စွမ်းအားမျိုးရှိကာ အလွန်အမင်း အစွမ်းထက်သော်လည်း သူ ခန့်မှန်းထားမှုအရ နယ်မြေသခင်အဆင့်ကို ချိုးဖျက်ဝင်ရောက်ထားသည်မှာ မကြာသေးသောကျင့်ကြံသူတစ်ယောက်ဟု သူ ယူဆထားသည်။

နယ်မြေသခင်နယ်ပယ်သို့ ရောက်ရှိသွားသောကျင့်ကြံသူများသည် စွမ်းအားများ အလွန်အမင်းမြင့်တက်လာသော်လည်း ဥပဒေသစွမ်းအားများကို အသုံးပြုနိုင်ရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်သည် ဥပဒေသစွမ်းအားများကိုထိန်းချုပ်၍ အသုံးပြုနိုင်သူဖြစ်နေသည်။

သူသည် အဆင့်မြင့် နယ်မြေသခင်တစ်ယောက်ပင်။ဤသည်မှာ မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း။

အကယ်၍ သူသည် အဆင့်မြင့်နယ်မြေသခင်တစ်ယောက်ကို အမှန်တကယ်ရင်ဆိုင်ရပါက တုရှန်းရှန်းနှင့်ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် တုံ့ပြန်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုမျှမရရှိဘဲ ချက်ချင်းကြေမွှပျက်စီးသွားပေမည်။

"အရမ်းနားညည်းတယ်"

မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်က အော်ဟစ်ကြုံးဝါးလိုက်ရာ ထောင်နှင့်ချီသောမိုးကြိုးလှိုင်းများ ပွင့်အံ့ထွက်လာသည်။သူသည် အမှန်တကယ်ကိုပင် မဟာစိတ်ဝိညာဥ်မြင့်မြတ်နတ်ဘုရား၏အမွေအနှစ်ကို ဖမ်းဆုပ်ထားနိုင်ခဲ့ပေ၏။

ဘန်း...ဘန်း....

လျှပ်စီးမိုးကြိုးလှိုင်းများ၏အသံများက အဆက်မပြတ် မြည်ဟီးလာသည်။မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်၏လက်အတွင်းရှိတောက်ပပြီးစူးရှသော လျှပ်စီးမိုးကြိုးလှိုင်းများမှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

"ငါက ဒီတိုက်ပွဲကို ရှောင်လွှဲလို့မရမှတော့...မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို အရင်ဆုံးဖြတ်တောက်ပစ်မယ်"

ယဲ့ကွမ်ကျီး၏လက်အတွင်း၌ ဆေဘာဓားတိုတစ်ချောင်း ထွက်ပေါ်လာကာ သူ့၏ပါးစပ်မှနေ၍ မြူခိုးများကို ထွေးထုတ်လိုက်သည်။ထိုမြူခိုးများသည် ဆေဘာဓားတို၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံသွားပေ၏။

ဝီ...ဝီ...ဝီ....

ဤအချိန်အခိုက်အတန့်တွင် ဆေဘာဓားတိုမှနေ၍ ရုတ်တရက် တုန်ခါသံများ ထွက်ပေါ်လာကာ အဆက်မပြတ် တုန်ခါနေသည်။ထိုဆေးဆေဘာဓားတိုရှိနေသောနေရာမှနေ၍ အေးစက်စက်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ဤသည်မှာ အရိုးကိုထွင်းဖောက်လုမတတ် အေးစက်ပြီး လူအများ၏စိတ်ဝိညာဥ်ကိုပင် အေးခဲသွားစေနိုင်စွမ်းရှိသည်။

"ဖြတ်တောက်စမ်း"

ယဲ့ကွမ်ကျီးသည် သူ့၏လက်ညှိုးကို ရွေ့လျားကာ အော်ဟစ်လိုက်၏။

ဆေဘာဓားတိုသည် လေထုကို ချက်ချင်းဖြတ်တောက်သွားကာ လေးညှို့မှလွှတ်လိုက်သည့် မြှားတစ်စင်းအလား မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်၏နဖူးထံသို့ ဦးတည်၍ တိုးဝင်သွားသည်။

ရွှပ်...

ထိုဆေဘာဓားတိုသည် အလွန်အမင်းလျင်မြန်ကာ မျက်တောင်တစ်ဖက်စာအချိန်အတွင်းမှာပင် မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်၏နဖူးရှေ့သို့ ရောက်ရှိသွားလေ၏။

သို့ရာတွင် ထိုဆေဘာဓားတိုသည် မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်၏နဖူးရှေ့အရောက်၌ ရပ်တန့်သွားသည်။

သူ၏ရှေ့ရှိ လေဟာနယ်သည် အေးခဲနေသည့်အလား ဆေဘာဓားတိုကို သူ့ရှေ့၌ ပိတ်ဆို့ဟန့်တားထားသည်။

ထိုဆေဘာဓားတိုသည် အလွန်အမင်းထက်ရှသော်လည်း မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်၏ လေဟာနယ်ဥပဒေသစွမ်းအားကို ချိုးဖျက်နိုင်ခြင်းမရှိချေ။

'မင်းက အရင်တစ်ယောက်ထက် နည်းနည်းလေးပိုအားကောင်းတယ်...ဒါပေမဲ့ ဒါက မင်း ရုန်းကန်နေတဲ့အဆုံးသတ်ပဲ"

မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်သည် ရှေးဟောင်းမှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုကာ ယဲ့ကွမ်ကျီးရှိနေသောနေရာသို့ ဦးတည်ပြီး လက်ညှိုးညွှန်လိုက်သည်။

ဘုန်း....

ယဲ့ကွမ်ကျီး၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားသည်။

ယဲ့ကွမ်ကျီးက သူသည် သလင်းကျောက်တုံးကြီးတစ်ခုအတွင်း၌ လှောင်ပိတ်ခံရသည့်အလား ခံစားမိလေ၏။သူ မည်မျှထိ ပြင်းပြင်းထန်ထန် ကြိုးစားသည်ဖြစ်စေ ထိုအရာကို ချိုးဖျက်နိုင်ခြင်းမရှိချေ။

"စိတ်ဝိညာဥ် ..ထွက်လာခဲ့စမ်း"

ယဲ့ကွမ်ကျီးသည် ထိတ်လန့်တုန်လှုပ်သွားကာ အတွေးတစ်ချက်နှင့်အတူ သူ့၏စိတ်ဝိညာဥ်ကို သူ့၏ခန္ဓာကိုယ်မှ စွန့်ခွာလိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မဟာစိတ်ဝတ်ညစ်မြင့်မြတ်အရှင်သည် သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။

ဘုန်းခနဲမြည်သံတစ်သံနှင့်အတူ ယဲ့ကွမ်ကျီး၏ခန္ဓာကိုယ်သည် သွေးမြူများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားတော့သည်။

သူ့၏အသွေးအသားများ မိုးကောင်းကင်ယံတခွင်လုံးအနှံ့ ပြန့်ကျဲသွားသည်။ဤအချိန်အခိုက်အတန့်တွင် သူ့၏စိတ်ဝိညာဥ်သည်လည်း ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ သတ်ဖြတ်ခြင်း ခံလိုက်ရလေ၏။

All Chapters