← Chapters

အခန်း (၃၉၅၁-၃၉၅၅)

Vol. 201 Ch. 3951-3955

အခန်း (၃၉၅၁-၃၉၅၅)

Vol. 201 Ch. 3951-3955

Chapter 3951

"မင်း...မင်း...မင်း....."

လီဖူ၏မျက်နှာသည် ချက်ချင်းဆိုသလိုပင် စက္ကူတစ်ချပ်ကဲ့သို့ဖြူရော်သွားသည်။သူ့၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာဖြင့် ပြင်းပြင်းထန်ထန်တုန်ရီနေသည်။

တစ်ယောက်သည် ကောင်းကင်မူဝါဒရုံးတော်၏တပ်မှူးဖြစ်ကာ တခြားတစ်ယောက်သည် အထူးချွန်ဆုံး စည်းကမ်းထိန်းသိမ်းရေးမှူးတစ်ယောက်ပင်။သူတို့နှစ်ယောက်လုံးသည် သူ့၏နံဘေး၌ ကာကွယ်စောင့်ကြပ်ပေးနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။

သို့ရာတွင် သူတို့နှစ်ယောက်လုံးသည် သူ့ရှေ့ရှိ မွန်းစတားကောင်ကြီး၏လက်ချက်ဖြင့် အမှန်တကယ် သတ်ဖြတ်ခြင်းခံလိုက်ရသည်။

"ငါ မင်းကို ဘာအပြစ်ပြုမိခဲ့လဲဆိုတာ ငါ တကယ်ကို မမှတ်မိဘူး...မင်း လူမှားနေတာပဲဖြစ်မယ်"

လီဖူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

တုရှန်းရှန်းနှင့်ယဲ့ကွမ်ကျီးတို့၏ သေဆုံးသွားမှုသည် သူ့၏စိတ်အတွင်း၌ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

လီဖူထံတွင် မြင့်မားသောအဆင့်အတန်းနှင့် အတွေ့အကြုံ အမြောက်အများရှိသော်လည်း သူသည် သေဆုံးရမည်ကို တခြားလူများထက်ပို၍ ထိတ်လန့်ကြောက်ရွံသူပင်။

မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်ကလည်း အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"မင်းက အဲ့ဒီကိစ္စကို မမှတ်မိဘူးလား....မင်းကြောင့် ငါ့ရဲ့မြေးမလေး ဆိုးဆိုးရွားရွားသေဆုံးသွားခဲ့ရတယ်...ဒီနေ့ ငါ မင်းကို သတ်မယ်"

မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်ကဲ့သို့ တည်ရှိမှုကြီးတစ်ယောက်သည် လီဖူကဲ့သို့လူတစ်ယောက်ကို ကိစ္စများအားလုံး ရှင်းပြရန်မှာ အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာပင်။

လီဖူသည် မိုးကောင်းကင်ယံအတွင်း၌ လျှပ်စီးမိုးကြိုးများဖြင့် ပြည့်နှက်သွားသည်ကိုသာ ခံစားမိလေ၏။မြောက်များစွာသော လျှပ်စီးမိုးကြိုးလှိုင်းများသည် ပင်လယ်အတွင်းသို့ဝင်ရောက်နေသည့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နဂါးများအလား ပြင်းပြင်းထန်ထန် မြည်ဟီးနေသည်။

ထိုလျှပ်စီးမိုးကြိုးလှိုင်းများသည် မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်၏ဓမ္မပုံရိပ်ယောင်၏ လက်အတွင်းသို့ ကျရောက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်သည် လျှပ်စီးမိုးကြိုးလှိုင်းများကို ထိန်းချုပ်ထားလေ၏။သူသည်မိုးကောင်းကင်ယံအတွင်း၌ အစစ်အမှန်နတ်ဘုရားတစ်ပါးအလား တည်ရှိနေကာ သူ့ကိုကြည့်ရသည်မှာ မြင့်မြတ်ပြီး နှိုင်းယှဉ်ပြစရာမရှိသော အရှိန်အဝါများနှင့် ပြည့်နှက်နေပုံရသည်။

ထို့နောက် ထိုလျှပ်စီးမိုးကြိုးလှိုင်းများသည် လီဖူထံဦးတည်၍ ကျရောက်လာသည်။

"ဒါက အဆုံးသတ်သွားပြီ"

လီဖူ၏စိတ်နှလုံးသားအတွင်း၌ ယုံကြည်ချက်များအားလုံး ဆုံးရှုံးသွားတော့လုနီးပါးပင်။

ကောင်းကင်မူဝါဒရုံးတော်၏ သခင်လေးတစ်ယောက်ဖြစ်သော သူ့ထံတွင် အသက်ကယ်မှော်ရတနာအမြောက်အများ ရှိနေပေ၏။

သို့ရာတွင် သူသည် အလျင်စလိုထွက်ခွာခဲ့ရသဖြင့် သူ၏သိုလှောင်အိတ်ကို သူနှင့်အတူယူဆောင်ခဲ့ရခြင်း မရှိချေ။

ကျင့်ကြံသူများအတွက် သူတို့၏သိုလှောင်အိတ်များကို အစဉ်အမြဲသယ်ဆောင်သွားရပြီး အချိန်အခိုက်အတန့်မျှပင် ချန်ထားခဲ့၍မရချေ။ထိုအချိန်တုန်းက လီဖူသည် စစ်စခန်းမှစစ်သည်များ၏အလယ်၌ရှိနေကာ မရေမတွက်နိုင်သောထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံထားရသည်။ဤကဲ့သို့ အခြေအနေတစ်ရပ် ဖြစ်ပွားလာမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။

သိုလှောင်အိတ်မရှိပါက သူသည် ထိုအသက်ကယ်မှော်ရတနာများကို ရှာဖွေနိုင်မည်မဟုတ်ချေ။သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် သူ့ရှေ့ရှိ လျှပ်စီးမိုးကြိုးလှိုင်းများကို အနည်းငယ်မျှတောင့်ခံနိုင်မည်မဟုတ်ပေ။

"မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်...ခဏလောက် စောင့်ပါအုံး"

ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်သော အသံတစ်သံက လီဖူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"ငါက အဲ့ဒီလူကို အသုံးချစရာကိစ္စတချို့ ရှိနေတယ်...ရာဇဝတ်မှုတိုင်းမှာ တရားခံရှိတယ်...မင်းရဲ့မြေးမလေးကို ထိခိုက်နာကျင်အောင်လုပ်ခဲ့တဲ့ ထန်စစ်သားတွေကို ငါက မင်းအတွက် ဖမ်းဆီးပေးပြီးတော့ ဒီလူနဲ့ အလဲအလှယ်လုပ်မယ်...ဒါဆိုရင် ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်လို့ရပြီ"

လီဖူ၏နောက်ရှိ လေဟာနယ်အတွင်းမှနေ၍ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော လုယွီက ဖြည်းညှင်းစွာထွက်ပေါ်လာသည်။

သူ့၏နောက်တွင် အနက်ရောင်အလင်းစက်ဝိုင်းကြီးတခု လှည့်ပတ်နေသည်။ထိုအလင်းစက်ဝိုင်းကြီးအတွင်းတွင် မရေမတွက်နိုင်သော နတ်ဘုရားသင်္ကေတအက္ခရာများ ရှိနေပေ၏။လျှပ်စီးမိုးကြိုးလှိုင်းများသည် လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိသော်လည်း ထိုအရာများသည် အရှင်သခင်တစ်ယောက်ကို တွေ့ဆုံသွားသည့်အလားပင်။ထိုလျှပ်စီးမိုးကြိုးလှိုင်းများအားလုံး နောက်သို့ပြန်ဆုတ်သွားကာ လုယွီကို ထိခိုက်နာကျင်အောင် လုပ်ဝံ့ခြင်းမရှိချေ။

လုယွီထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်က ရုတ်တရက် အော်ဟစ်ကြုံးဝါးလိုက်သည်။

"တကယ်လို့ ငါက တစ်စုံတစ်ယောက်ကို သတ်ချင်တယ်ဆိုရင် မင်းရဲ့ခွင့်ပြုချက်ကိုတောင်းဖို့ လိုအပ်လို့လား"

မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်သည် သူ့၏လက်အတွင်း၌ လျှပ်စီးမိုးကြိုးတူကို ထပ်မံ၍ ထုတ်ဖော်အသုံးပြုကာ လုယွီထံဦးတည်ပြီး ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်၏။

"မင်း မှားနေပြီ...ငါက မင်းကို အသိပေးရုံသက်သက်ပဲ...မင်းနဲ့ ညှိနှိုင်းဆွေးနွေးနေတာမဟုတ်ဘူး"

လုယွီက ခြေတစ်လှမ်းရှေ့တိုးကာ လျှပ်စီးမိုးကြိုးတူထံဦးတည်၍ သူ့၏လက်ကို ဆန့်တန်းလိုက်သည်။

မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်၏ ကြီးမားသောဓမ္မပုံရိပ်ယောင်နှင့် နှိုင်းယှဉ်ပါကလုယွီ၏ခန္ဓာကိုယ်သည် အလွန်အမင်းသေးငယ်နေသည်။

လျှပ်စီးမိုးကြိုးတူ ကျရောက်လာသောအချိန်တွင် ထိုအရာ၌ ကောင်းကင်နှင့်မြေပြင်၏စွမ်းအားများ ရောယှက်နေလေ၏။ဤလျှပ်စီးမိုးကြိုးတူဖြင့် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဖျက်ဆီးနိုင်သည့်အလားပင်။

ဘုန်း...

လုယွီ၏လက်ဝါးသည် နောက်ဆုံး၌ လျှပ်စီးမိုးကြိုးတူပေါ်သို့ ကျရောက်သွားသည်။လျှပ်စီးမိုးကြိုးတူ၏နံဘေးပတ်လည်တွင် လျှပ်စီးမိုးကြိုးလှိုင်းများ ရစ်သိုင်းလွှမ်းခြုံနေသော်လည်း လုယွီ၏လက်ဝါးပေါ်ရှိ အကာအကွယ်မှော်စွမ်းအားအလွှာကို ချိုးဖျက်နိုင်စွမ်းမရှိချေ။

"ဘေးကိုဖယ်စမ်း"

လုယွီက သူ့၏လက်ကို ပြင်းပြင်းထန်ထန်ခါယမ်းလိုက်သည်။

သူ့၏လက် လှုပ်ရှားလိုက်ခြင်းနှင့်အတူ ပြင်းထန်သော အားလှိုင်းတစ်ရပ် လိုက်ပါသွားကာ မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်၏ လျှပ်စီးမိုးကြိုးတူကို ရိုက်ခတ်မိသွားသည်။

အွန့်...

အမှောင်ထုအတွင်းတွင်ရှိနေသော မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်ထံမှနေ၍ ခပ်အုပ်အုပ်ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။

Chapter 3952

လုယွီ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို အပြည့်အဝထုတ်ဖော်အသုံးပြုပါက သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ခွန်အားနှင့်ညီမျှသည်။

ထို့ပြင် လုယွီ၏ယခုလက်ရှိခွန်အားသည် ယခင်နှင့်မတူညီတော့ချေ။သူသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းရှိ သိုင်းပညာသူတော်စင် အထွတ်အထွတ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက်ပင် ပို၍သန်မာအားကောင်းသည်။

လူသားတစ်ယောက်၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် သိုင်းပညာသူတော်စင်နယ်ပယ်သို့ ရောက်ရှိချိန်၌ အလွန်အမင်းမြင့်တက်လာသည်။

သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိချိန်တွင် တစ်စုံတစ်ယောက်၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် လူသားတစ်ယောက်၏ခွန်အားအကန့်အသတ်ထက် ကျော်လွန်သွားသည်။ထိုလူ့ထံတွင် နတ်ဆိုးများ နတ်ဘုရားများဖြင့်ပင် နှိုင်းယှဥ်နိုင်သောခွန်အားမျိုး ရရှိလာပေ၏။

ဤသည်မှာ ယခုလက်ရှိချိန်၌ လုယွီထံတွင်ရှိနေသောခွန်အားပင်။

လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် သွေးချီများက အခိုးအငွေ့များအလား မျောလွင့်နေသည်။

မဟာစိတ်ဝိညာဥ်မြင့်မြတ်နတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံထားသော မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်ပင်လျှင် ဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားမိလေ၏။

ရုပ်ခန္ဓာကိုယ်ခွန်အားကို အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံထားသော ကျင့်ကြံသူများ၏သွေးချီများသည် မြစ်အတွင်း၌ လှိုင်းလုံးကြီးများ တဝုန်းဝုန်းထနေသည့်အလား စီးဆင်းနေသည်။

ဤသွေးချီများသည် အလွန်အစွမ်းထက်သဖြင့် သာမာန်နတ်ဆိုးများသည် သူတို့၏အနီးသို့ ချဥ်းကပ်ဝံ့မည်မဟုတ်ချေ။

ယခုလက်ရှိချိန်၌ မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်၏ ဓမ္မပုံရိပ်ယောင်သည် အလွန်အစွမ်းထက်သော်လည်း သူ့၏အမြင်အရ လုယွီ၏သွေးချီများသည် သူ့ထက်ပင် ပို၍အစွမ်းထက်နေပေ၏။ဤသည်ကြောင့် မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်သည် မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိတော့ချေ။

"မင်းက တာယွီအင်ပါယာရဲ့စစ်ဗိုလ်ချုပ်တစ်ယောက် မဟုတ်လား....မင်းနဲ့ငါ့အတွက် ရန်သူကအတူတူပဲ...သူ့ကို ဘယ်သူသတ်သတ် အတူတူပဲမဟုတ်လား"

မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်က အသံနက်ကြီးဖြင့် ပြောဆိုသည်။

လုယွီ၏မျက်နှာ အေးစက်တင်းမာသွားသည်။

"မင်း ငါပြောတာကို ရှင်းရှင်းလင်းလင်းမကြားဘူးလား...ငါက သူ့ကို အရှင်လတ်လတ်လိုချင်တယ်"

"တကယ်လို့ ငါက သူ့ကိုသေစေချင်တယ်ဆိုရင် သူ သေရမယ်....တကယ်လို့ ငါက သူ့ကိုအရှင်လတ်လတ်လိုချင်တယ်ဆိုရင် သူ အသက်ရှင်ရမယ်...ဘယ်သူမှ သူ့ကို သတ်လို့မရဘူး"

မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်သည် လုယွီ၏စကားများကိုကြားချိန်တွင် ဒေါသထွက်သွားခြင်းမရှိချေ။

အကြောင်းအရင်းမှာ လုယွီထံ၌ ဤကဲ့သို့စကားမျိုးကို ပြောဆိုနိုင်သော ခွန်အားမျိုး ရှိနေသောကြောင့်ပင်။

မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ငါ့ရဲ့မြေးမလေးကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တဲ့လူတွေကိုတော့ ငါ အလွတ်မပေးနိုင်ဘူး"

"မင်းရဲ့ဆန္ဒအတိုင်း ဖြစ်စေရမယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်သည် သူ့၏ကြီးမားသောမျက်လုံးများဖြင့် လီဖူကိုစူးစိုက်ကြည့်ပြီးနောက် ချာခနဲလှည့်ကာ ထွက်ခွာသွားတော့သည်။

အဝေးတစ်နေရာ၌ ထန်စစ်သားများ၏စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။ထိုစစ်သားများသည် လန်ဝူရှင်းမှနေ၍ သူ့၏လက်အောက်ငယ်သားများကိုစေလွှတ်၍စုံစမ်းခိုင်းရာမှ သိရှိခဲ့ရသည့် ချောင်ခွင်း၏သားဖြစ်သူကို ရိုက်နှက်ရာတွင် ပါဝင်ခဲ့သောလူများပင်။

"ဟော...ဟဲ..."

လီဖူသည် ရုတ်တရက် မြေပြင်ပေါ်သို့လဲကျသွားကာ အသက်ပြင်းပြင်းရှိုက်လိုက်သည်။

အစောပိုင်းက လီဖူထံတွင် သူ၏အသက်သည် သူ့အပိုင်မဟုတ်သကဲ့သို့ ခံစားချက်မျိုး ရရှိနေသည်။

ဤသည်မှာ သေဆုံးခြင်းချောက်ကမ်းပါးထက်သို့ သူရောက်ရှိသွားသော ခံစားချက်မျိုးပင်။ အကယ်၍ နောက်ထပ်အချိန်အခိုက်အတန့်သာ နှောင့်နှေးသွားပါက လီဖူသည် ယဲ့ကွမ်ကျီးနှင့်တုရှန်းရှန်းတို့နှင့်တူညီစွာ ခန္ဓာကိုယ်အစိတ်အပိုင်း အပြည့်အစုံမကျန်ရှိဘဲ သေဆုံးရပေမည်။

ယခုလက်ရှိချိန်၌ လီဖူထံတွင် ထိုခံစားချက် ပျောက်ကွယ်သွားလေပြီ။

သူ့ထံတွင် အလွန်အမင်းရှက်ရွံသည့် ခံစားချက်မျိုးသာ ရှိနေသည်။

သူ၏ရန်သူသည် လုယွီ၏ဖိနှိပ်ခြင်းကို ခံလိုက်ရလေ၏။

ထို့ပြင် ယခုလက်ရှိအချိန်၌ သူ၏အသက်ကိုကယ်တင်ခဲ့သူမှာ လုယွီပင်။

ယခုလက်ရှိ သူ့၏အသက်သည် သူ၏အပိုင်မဟုတ်တော့ဘဲ သူ့ရှေ့မှလူငယ်လေး ပေးအပ်ထားခြင်းဖြစ်သည်ဟု လီဖူက ခံစားမိသည်။

"မင်းက ငါ့ကိုဖမ်းဆီးပြီးတော့ ဓားစာခံအဖြစ် အသုံးပြုချင်တာလား...ဒါက မဖြစ်နိုင်ဘူး..ဝူတင်းအမတ်ကြီးက စစ်ဗိုလ်ချုပ်စစ်စစ်တစ်ယောက်ပဲ...သူက အရှင်ဧကရာဇ်ရဲ့အမိန့်တွေကိုပဲ နာခံတယ်...ငါ့ရဲ့သေရေးရှင်ရေးကို ဂရုစိုက်မှာမဟုတ်ဘူး"

လီဖူက သရော်တော်တော်ပြောဆိုသည်။

လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"မင်းကိုယ်မင်း ဒီလောက်ထိ မနှိမ့်ချစမ်းပါနဲ့....ဘယ်လိုပဲဖြစ်ဖြစ် မင်းက အခုချိန်မှာ ထန်စစ်တပ်ရဲ့နာမည်ခံတပ်မှူးပဲ"

"အချိန်က တန်ဖိုးရှိတယ်....ငါက ဒီနေရာမှာ မင်းနဲ့အပိုစကားတွေပြောပြီးတော့ အချိန်မဖြုန်းချင်ဘူး....ဒီနေရာမှာ လက်မှတ်ထိုးလိုက်စမ်း"

လုယွီသည် သူ့၏အင်္ကျီလက်မောင်းကြားမှ စာရွက်တစ်ရွက်ကိုထုတ်ယူကာ လီဖူ၏ရှေ့သို့ ပစ်ချလိုက်သည်။

လီဖူသည် ထိုစာရွက်ကိုကောက်ယူပြီးနောက်တစ်ချက်ကြည့်လေသည်။ရုတ်တရက်သူ၏မျက်နှာ နီမြန်းသွားကာ ဒေါသတကြီးအော်ဟစ်လိုက်၏။

"မင်းက ငါ့ကို လက်မှတ်ထိုးစေချင်တာလား....အဲ့ဒီအကြောင်းကို နည်းနည်းလေးတောင်မစဉ်းစားနဲ့"

ဘန်း...

လုယွီသည် လီဖူကိုကန်ကျောက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားစေကာ အေးစက်တင်းမာစွာ ပြောဆိုသည်။

"ငါက မင်းကို ကျီစယ်နေတယ်လို့ မင်း ထင်နေတာလား"

"တကယ်လို့ မင်းက ငါ့အတွက် အသုံးမဝင်ဘူးဆိုရင်...ငါက အခုချက်ချင်း မင်းကို မဟာစိတ်ဝင်ညာဥ်မြင့်မြတ်အရှင်ရဲ့လက်ထဲကို အပ်လိုက်တော့မယ်"

လီဖူက မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်သည် မလှမ်းမကမ်းအကွာ၌သာ ရှိနေအုံးမည်ကို တွေးတောမိချိန်တွင် သူ အလွန်ထိတ်လန့်ကြောက်ရွံသွားသည်။

လီဖူ၏မျက်လုံးများအတွင်းမှ မျက်ရည်များ ယိုစီးကျလာကာ သူ့၏လက်အတွင်းရှိ စာရွက်ကိုကြည့်လိုက်၏။

ကောင်းကင်ဘုံပြက္ခဒိန်...၃၉၉ခုနှစ်...

တာယွီအင်ပါယာနှင့်ထန်အင်ပါယာတို့သည် မာလင်းကြယ်နယ်မြေပေါ်၌ မာလင်းသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ထန်အင်ပါယာသည် သူတို့ သိမ်းပိုက်ထားသော နယ်မြေများအားလုံးကို ပြန်လည်ပေးအပ်ခဲ့ရရုံသာမက စစ်ရေးအသုံးစရိတ်အဖြစ် လျော်ကြေးပမာဏအမြောက်အများကို ပေးအပ်ခဲ့ရသည်။ ဤသည်မှာ အနက်ရောင်မိုသဘောတူညီချက်စာချုပ်၏ စစ်လျော်ကြေးထက်ပင် ကျော်လွန်နေပေ၏။

ထိုသဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက် ကောင်းကင်ဘုံနယ်မြေတခွင်လုံး စိတ်လှုပ်ရှားမှုကြောင့် ပွက်လောရိုက်သွားတော့သည်။

Chapter 3953

ထန်စစ်တပ် ရှုံးနိမ့်သွားလေပြီ။

အချိန်ဆယ်ရက်ခန့်အတွင်း၌ လုယွီသည် သူ့၏ပုန်းကွယ်နဂါးစစ်တပ်သက်သက်ဖြင့် ထန်စစ်တပ်ကိုရင်ဆိုင်ခဲ့သည်။မည်သည့်စစ်ကူမျှမရှိသော်လည်း သူသည် အင်အားသန်းနှင့်ချီသောထန်စစ်တပ်ကို အနိုင်ယူနိုင်ခဲ့ရုံသာမက ကောင်းကင်မူဝါဒရုံးတော်၏ သခင်လေးလီဖူကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

မာလင်းသဘောတူညီချက် ထွက်ပေါ်လာမှုသည် တာယွီအင်ပါယာ၏ အရေးနိမ့်နေသောအခြေအနေကို ပြောင်းပြန်လှန်လိုက်သည့်အလားပင်။

သူသည် ထန်စစ်တပ်ကိုအနိုင်ယူပြီး လီဖူကိုဖမ်းဆီးနိုင်ခဲ့သဖြင့် သူ၏စစ်ရေးအောင်မြင်မှုများသည် မိုးကောင်းကင်ယံအထိ မြင့်တက်နေလေပြီ။

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ အာရုံစူးစိုက်မှုများအားလုံး လုယွီထံသို့ အခိုင်အမာကျရောက်နေသည်။

သူက စစ်တပ်ကိုဦးဆောင်ပြီးတော့ အင်အားတစ်သန်းကျော်ရှိတဲ့ ထန်စစ်တပ်ကို အနိုင်ယူနိုင်ခဲ့တယ်...ဒါက အရမ်းကို အံ့အားသင့်တုန်လှုပ်ဖို့ကောင်းတဲ့ရလဒ်ပဲ"

"ဒီလိုစစ်ရေးအောင်မြင်မှုတွေက လုယွီကို နယ်စားဘွဲ့ထူးချီးမြှင့်ပေးဖို့ လုံလောက်နေပြီ...ဒါပေမဲ့ သူက အခုအချိန်မှာ တော်ဝင်စစ်တပ်ရဲ့အဆင့်မြင့်စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေတယ်...သူ ရွှယ်အင်မော်တယ်နယ်ပယ်ကို မရောက်သေးသရွေ့ကတော့ အမတ်ကြီးအဆင့်ထက်ပိုပြီး ရာထူးတိုးမှာမဟုတ်ဘူး"

"လုယွီရဲ့စစ်တပ်က ထန်အင်ပါယာနဲ့ မတိုက်ခိုက်ခင်တုန်းက ရှုံးနိမ့်မယ်လို့ ဘယ်သူတွေက တွေးထင်ခဲ့ကြတာလဲ"

ကောင်းကင်ချိုးဖျက်ခံတပ်မှ တာယွီစစ်တပ်သည် ဤကိစ္စများကို နံဘေးတစ်ဖက်မှ စောင့်ကြည့်နေကြလေ၏။

လုယွီဦးဆောင်သော ပုန်းကွယ်နဂါးစစ်တပ်၏ နက်နဲသိမ်မွေ့သောခွန်အားများကြောင့် သူတို့အားလုံး အံ့အားသင့်နေသည်။တစ်ချိန်တည်းမှာပင် သူတို့သည် ရက်စက်ကြမ်းကြုတ်သော လုယွီစစ်နည်းဗျူဟာအပေါ် အလွန်ထိတ်လန့်တုန်လှုပ်နေကြသည်။

တိုက်ပွဲစစ်မြေပြင်၌ ဝမ်ရှင်းအမတ်ကြီး၏နောက်သို့ နှစ်ပေါင်းများစွာကြာအောင် လိုက်ခဲ့သော စစ်ဗိုလ်ချုပ်အိုကြီးများပင်လျှင် ဤကဲ့သို့ကိစ္စမျိုးကို လုပ်ဆောင်နိုင်စွမ်းမရှိချေ။

"ငါတို့က တခြားလမ်းကြောင်းတစ်ခုကို ရှာသင့်ပြီထင်တယ်"

ထိုလူများအကြားတွင် ဝမ်ရှင်းအမတ်ကြီး၏ တိုက်ရိုက်မျိုးဆက်မှ ဆင်းသက်လာသူမဟုတ်သည့်လူများ ရှိနေသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့ထံ၌ တချို့အတွေးများ ပေါက်ဖွားလာလေပြီ။

သူတို့သည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ ပုန်းကွယ်နဂါးစစ်တပ်မှလူများနှင့် အတူတကွ နေထိုင်ခဲ့ကြရသည်။ထိုစစ်သားများသည် မှော်ရတနာများ စိတ်ဝိညာဉ်ကျောက်တုံးများကို အကန့်အသတ်မရှိ အသုံးပြုနိုင်သည်ကို သူတို့မြင်တွေ့ခဲ့ရလေ၏။ထို့ကြောင့် သူတို့သည် ထိုစစ်သားများကို မနာလိုအားကျဖြစ်နေကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ စိတ်ဆန္ဒများဖြင့် လောင်ကျွမ်းနေသည်။

တိုက်ပွဲအတွင်းတွင် ပုန်းကွယ်နဂါးစစ်တပ်သည်အဝေးတစ်နေရာမှနေ၍ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များဖြင့် ရန်သူများကိုပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်။ရန်သူများနီးကပ်လာစဉ်တွင် ထိုစစ်သားများသည် စိတ်ဝိညာဉ်ဖျက်ဆီးခြင်းဒူးလေးများကို ပစ်ခတ်ကာ မှော်လက်နက်များ၏စွမ်းအားကို အသုံးပြုခဲ့သည်။ရန်သူများပို၍နီးကပ်လာချိန်တွင် သူတို့သည် လိပ်ခွံဝင်္ကပါဖွဲ့စည်းပုံ အလွှာသုံးလွှာဖြင့် ရင်ဆိုင်ခဲ့လေ၏။ ထို့ပြင် သူတို့အသုံးပြုသော အဆောင်လက်ဖွဲ့များသည် မိုးကောင်းကင်ယံအတွင်း၌ ပျံ့လွင်နေသည်။

ပုန်းကွယ်နဂါးစစ်သားများထံ၌ စစ်တပ်အသုံးအဆောင်ပစ္စည်းများ ရှားပါခြင်းမရှိချေ။အဆောင်လက်ဖွဲ့များနှင့်မှော်လက်နက်များ၏စွမ်းအားများကို အသုံးပြုခဲ့သောကြောင့် ရန်သူများသည် အသေအပျောက်များစွာခံစားရသော်လည်း သူတို့ဘက်တွင် များစွာခံစားရခြင်းမရှိချေ။

"ဟား ဟား ဟား...ချီဘုရင်က ထန်အင်ပါယာနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုပြီးတော့ နယ်မြေတွေကိုခွဲဝေပေးပြီးဘစစ်လျော်ကြီးတွေကိုလည်း ပေးဆောင်ခဲ့ရတယ်... ဒါပေမဲ့ အခုတော့ အရှင်လုက သူ့ကို ဖိနှိပ်နိုင်ခဲ့တယ်....ချီဘုရင်ရဲ့အမူအယာ အခုချိန်မှာ ဘယ်လိုဖြစ်နေတာလဲဆိုတာ ငါ သိချင်မိတယ်"

"ဒီတိုက်ပွဲကြီး အဆုံးသတ်သွားတဲ့အချိန်ကျရင် ချီဘုရင်က ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရဲ့ ရယ်စရာပြက်လုံးကြီး ဖြစ်လာနိုင်တယ်"

တချို့လူများသည် အထိန်းအကွပ်မရှိဘဲ ရယ်မောလိုက်ကြ၏။

ချီဘုရင်သည် စစ်သားများအားလုံးကို လက်နှက်ချ၍ ခုခံကာကွယ်ခြင်းကိုရပ်တန့်ရန် ပြောင်ပြောင်တင်းတင်း အမိန့်ပေးအပ်ထားသည်။ဤသည်မှာ အလွန်အခွင့်အာဏာကြီးမားသော တားမြစ်ချက်တစ်ခုပင်။သူ၏အမိန့်ကိုဖီဆန်ဝံ့သောလူဟူ၍ လူနည်းစုသာရှိသည်။

ထိုအချိန်မှာပင် နဂါးအလံတစ်လံက မာလင်းကြယ်နယ်မြေအရှင်အိမ်တော်၏ အပျက်အစီးများအကြားမှနေ၍ ဖြည်းညှင်းစွာမြင့်တက်လာသည်။

ဤသည်မှာ ထန်အင်ပါယာ၏အလံ မဟုတ်ချေ။

တာယွီအင်ပါယာ၏အလံ ဖြစ်နေပေ၏။

ထိုအလံပေါ်တွင် တောက်ပသောအကြေးခွံများရှိသည့် ရှေးဟောင်းအစစ်အမှန်နဂါးတစ်ကောင်က မိုးကောင်းကင်ယံကိုကြည့်ပြီး ဟိန်းဟောက်နေသောပုံစံ ပါရှိသည်။

ဤသည်မှာ လုယွီအုပ်ချုပ်သော ပုန်းကွယ်နဂါးစစ်တပ်၏အလံပင်။

"နိုင်ပြီ...."

"နိုင်ပြီ...နိုင်ပြီ...ငါတို့ အနိုင်ရပြီ"

အော်ဟစ်သံများသည် လေထုအတွင်း၌ပျံ့နှံသွားကာ တိမ်တိုက်များအကြား၌ ပဲ့တင်ထပ်သွားသည်။

မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင့်သွားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည်လည်း လေထုအတွင်း‌၌ ပြည့်နှက်နေသည်။

အဝေးတစ်နေရာတွင်....

ယင်မောင်နှမနှစ်ယောက်သည် သူတို့ရှေ့ရှိမြင်ကွင်းကို စူးစိုက်ကြည့်ရင်း အချိန်အတော်ကြာသည်အထိ သူတို့၏ထိတ်လန့်တုန်လှုပ်မှုများ ပျက်ပြယ်သွားခြင်းမရှိချေ။

ယင်ချူးရွှေသည် သူမ၏နှုတ်ခမ်းကိုကိုက်ထားကာ သူမ၏မျက်နှာဖြူရော်နေသည်။သို့ရာတွင် သူမ၏မျက်လုံးအကြည့်သည် လေထုအတွင်း၌လူးလွန့်နေသော ပုံန်းကွယ်နဂါးစစ်တပ်၏အလံထံတွင်သာ အခိုင်အမာကျရောက်နေသည်။

သူမ၏အကဲဖြတ်မှုသည် လုံးလုံးလျားလျား မှားယွင်းခဲ့လေ၏။

ထိုမျှသာမက သူမသည် လုယွီကို လျှော့တွက်ခဲ့မိသည်။

လုယွီသည် သူ၏အင်အားအနည်းငယ်ကို မှီခိုအားထား၍ အချိန်တိုအတွင်း၌ ဤမျှထိမှော်ဆန်သောကိစ္စတစ်ခုကို ဖန်တီးနိုင်မည်ဟု မည်သူကမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

သူမသည် ယခင်က လုယွီကို လှောင်ပြောင်သရော်ခဲ့သည်များအား တွေးတောမိချိန်၌ ယင်ချူးရွှေက ရုတ်တရက် သူမ၏ခေါင်းကိုခါယမ်းလိုက်သည်။ဤအချိန်ကျမှသာ သူမသည် ရယ်ရွှင်ဖွယ်ကောင်းသော လူရွှင်တော်တစ်ယောက်ဖြစ်နေကြောင်း သိနားလည်သွားတော့သည်။

"အစ်မ...စစ်ပွဲကြီးအဆုံးသတ်သွားတဲ့အချိန်ကျရင် ငါက ပုန်းကွယ်နဂါးစစ်တပ်မှာ လေ့ကျင့်တော့မယ်...အဲ့ဒီအချိန်ကျရင် ငါနဲ့ပတ်သက်ပြီးတော့ နင် ဘာမှမစိုးရိမ်ပါနဲ့တော့"

ယင်ထျန်းမင်က အက်ရှရှအသံဖြင့် ပြောဆိုသည်။

သူသည် အစ်မဖြစ်သူကို အပြစ်တင်လိုခြင်းမရှိချေ။

သူ၏စိတ် တည်ငြိမ်ရန်အတွက် ခက်ခဲနေရုံသက်သက်ပင်။

ဤမိုးကောင်းကင်ယံ တုန်ခါသွားစေသော အောင်ပွဲကြီးသည် သမိုင်း၌ မှတ်တမ်းတင်ခံရရန် လုံလောက်သည်။ဤကဲ့သို့ တိုက်ပွဲတစ်ခုအတွင်းတွင် သူ ယင်ထျန်းမင်သည် လမ်းတစ်ဝက်မှထွက်ခွာခဲ့ကာ သူ့၏နာမည်ထင်ပေါ်ကျော်ကြားရမည့် အခွင့်အရေးကို လက်လွတ်ခံခဲ့မည်ဟု မည်သူက တွေးထင်မိမည်နည်း။

Chapter 3954

တာယွီစစ်တပ်သည် မာလင်းကြယ်နယ်မြေကိုသိမ်းပိုက်ပြီးနောက် ထန်စစ်တပ်ကိုနှိမ်နင်းကာ ထန်စစ်သားများ၏မှော်ရတနာများအားလုံးကို သိမ်းယူခဲ့သည်။

ထန်စစ်သားတစ်သန်းကျော်သည် သူတို့၏လက်များအတွင်း၌ မှော်ရတနာများမရှိတော့သောကြောင့် သွားမရှိတော့သောကျားများနှင့်တူညီနေကာ နာခံရိုကျိုးစွာဖြင့် စစ်စခန်းအတွင်း၌သာ နေထိုင်နေကြသည်။

စစ်သားတစ်သန်းကျော်၏ စစ်ရေးအထောက်အပံ့ပစ္စည်းများသည် အလွန်အမင်းများပြားပေ၏။

ဤအရာများအားလုံးသည် အတိတ်တွင် လီဖူမှနေ၍ လုယွီအားရင်ဆိုင်ရန် ပြင်ဆင်ခဲ့သည့် အရာများပင်။သို့ရာတွင် ထိုစစ်ရေးအထောက်အပံ့ပစ္စည်းများသည် လုယွီ၏လက်အတွင်း၌ အဆုံးသတ်ရမည်ဟု သူ မျှော်လင့်မထားမိချေ။

"အရှင် ဒီစစ်ရေးအထောက်အပံ့ပစ္စည်းတွေကို ငါတို့ ဘာလုပ်လိုက်ရမလဲ...ဒီပစ္စည်းတွေထဲကတချို့တစ်ဝက်ကို တော်ဝင်နန်းတွင်းဆီ ပေးအပ်သင့်လား"

စစ်ဗိုလ်ချုပ်တစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

စစ်တပ်၏စည်းမျဉ်းများအရ စစ်ရေးအကျိုးအမြတ်များအားလုံးကို တော်ဝင်နန်းတွင်းမှ တာဝန်ခံအရာရှိများထံသို့ ပေးအပ်ရပေမည်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ငါတို့ စစ်တိုက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ...တော်ဝင်နန်းတွင်းက ငါတို့ကို ဘာအထောက်အပံ့ပေးခဲ့လို့လဲ"

ထိုစစ်ဗိုလ်ချုပ်သည် အချိန်တစ်ခဏကြာခန့်အေးစက်တောင့်တင်းသွားပြီးနောက် ပျာပျာသလဲပြောဆိုလိုက်၏။

"ဒီအထောက်အပံ့ပစ္စည်းတွေအားလုံးကို ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ဆီ ပို့လိုက်ပါ့မယ်"

လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး ရယ်မောလိုက်ကြသည်။

ဤတိုက်ပွဲရလဒ်သည် လုယွီ၏အင်အားစုသက်သက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ မည်သည်ကြောင့် တခြားသူများကို ယူဆောင်ခွင့်ပြုနိုင်မည်နည်း....

"ဒီတကြိမ်မှာ တော်ဝင်နန်းတွင်းကနေပြီးတော့ အရှင့်ကို ဘယ်လိုဆုလာဘ်မျိုးပေးမလဲဆိုတာ ငါ သိချင်မိတယ်"

စစ်ဗိုလ်ချုပ်တစ်ယောက်က ရှေ့သို့ကြို၍တွေးတောကာ ပြောဆိုလိုက်သည်။

သူတို့သည် လုယွီ၏နောက်လိုက်များဖြစ်သဖြင့် သူ့၏အဆင့်အတန်း ပို၍မြင့်မားလာလေလေသူတို့၏အဆင့်အတန်းများလည်း ပို၍မြင့်မားလာလေလေပင်။

"အရှင်..အခုချိန်မှာ အာရုံစိုက်စရာလိုတဲ့ ကိစ္စတစ်ခုရှိနေတယ်...မာလင်းကြယ်နယ်မြေရဲ့ပတ်ဝန်းကျင်နယ်မြေတစ်ဝိုက်ကို ထန်စစ်တပ်ရဲ့စစ်သားတွေက ဝိုင်းရံထားတယ်...လီဖူက ငါတို့ရဲ့လက်ထဲမှာ ရှိနေတာကြောင့်....သူ့ကိုထိခိုက်အောင် လုပ်မိမှာကို စိုးရိမ်ပြီးတော့...သူတို့က ရှေ့ကိုတက်မလာဝံ့ကြဘူး"

"ဒါပေမဲ့ ငါတို့ကို ဝိုင်းရံထားတဲ့ ထန်စစ်သားတွေရှိနေတာကြောင့် ငါတို့ ထွက်သွားလို့မရဘူး...ထန်အင်ပါယာရဲ့အင်အားတွေက ပိုပိုများလာတယ်...တကယ်လို့ ငါတို့နောက်ကျသွားမယ်ဆိုရင် ထွက်ပြေးလို့မရတော့မှာကို ငါ စိုးရိမ်မိတယ်"

လုကျင်းရှန့်က သတိပေးသည်။

နောက်ဆုံးတိုက်ပွဲအတွင်းတွင် လုယွီသည် သူ့၏တပ်ရင်းတစ်ရင်းကိုအမိန့်ပေး၍ ထန်အင်ပါယာ၏စစ်ကူများကို ခြုံခိုတိုက်ခိုက်ပြီးခဟန့်တားထားစေခဲ့သည်။

ထို့ကြောင့် စစ်ကူများသည် လီဖူထံသို့ အချိန်မီရောက်လာနိုင်ခဲ့ခြင်းမရှိချေ။ထိုတိုက်ပွဲပြီးဆုံးသွားချိန်တွင် သူတို့သည် လုယွီ၏စစ်တပ်ရှိနေသော နယ်မြေတစ်ခုလုံးကို ဝိုင်းရံထားကြသည်။

ယခုလက်ရှိအချိန်တွင် လုယွီသည် လီဖူ၏ယခင်အခြေအနေမျိုးနှင့် တူညီနေသည်။သူသည် မာလင်းကြယ်နယ်မြေပေါ်၌ ပိတ်မိနေတာ အနည်းငယ်မျှ ရွေ့လျား၍မရချေ။

"ဒါက ပြဿနာမရှိဘူး...ထန်စစ်တပ်ရဲ့စစ်ကူတွေက ငါတို့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ အရမ်းအလှမ်းကွာဟတယ်"

လုယွီက သူ့၏လက်ကိုဝှေ့ယမ်းကာ ရုတ်တရက်မေးမြန်းလိုက်၏။

"မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်က သူ့ရဲ့လူတွေနဲ့အတူ ထွက်ခွာသွားပြီလား"

"ဟုတ်ကဲ့....သူက သူနဲ့ရန်ငြိုးရှိတဲ့ ထန်စစ်သားတွေကိုပဲ ခေါ်ဆောင်သွားခဲ့တယ်...သူ့ကိုယ်သူ ဘယ်လိုထိန်းချုပ်ထားရမယ် ဆိုတာကို သူ သိနေပြီးတော့ တခြားသူတွေအပေါ် သူ့ရဲ့ဒေါသကို ပုံမချခဲ့ဘူး"

လုကျင်းရှန့်က တုံ့ပြန်အဖြေပေးသည်။

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

ဤသည်မှာ သူ့၏အစီအစဉ်အတိုင်း ရှေ့ဆက်၍သွားနေခြင်းပင်။

ယခင်က လုယွီသည် သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်ခွန်အားကို အသုံးပြု၍ မဟာစိတ်ဝင်ညာဥ်မြင့်မြတ်အရှင်နှင့် တိုက်ခိုက်ခဲ့သည်။ဤသည်မှာ မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်ကို အံ့အားသင့်တုန်လှုပ်သွားစေခဲ့သည်။

နယ်မြေသခင်အဆင့်သို့ ကျင့်ကြံထားသူတစ်ယောက်သည် သူတို့၏အကျိုးကျေးဇူးအပေါ်တွင် တခြားအရာများထက် ပို၍အာရုံစိုက်သည်။

အကယ်၍ မဟာစိတ်ဝိညာဥ်မြင့်မြတ်အရှင်သည် လုယွီနှင့်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက အဆုံးသတ်တွင် နှစ်ဖက်လုံးခံစားရပေမည်။အကောင်းအဆိုးကို ချိန်ဆပြီးနောက် သူသည် အလွန်အကျွံမပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပေ၏။

ရုတ်တရက် လုယွီ၏မျက်လုံးအကြည့်သည် ခန်းမ၏ဝင်ပေါက်နေရာသို့ ကျရောက်သွားကာ သူ့၏မျက်လုံးများ တောက်ပသွားသည်။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်ကို သတိပြုမိသော တခြားလူများသည်လည်း သူ့၏အကြည့်ကျရောက်သွားသောနေရာသို့ ကြည့်လိုက်ကြသည်။

ကျားစစ်တပ်၏သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်က ခန်းမ၏ဝင်ပေါက်၌ ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ထိုစစ်ဗိုလ်ချုပ်ထံတွင် မုတ်ဆိတ်မွှေးရှည်ကြီးများရှိကာ သူ့၏မျက်လုံးများသည် ကြယ်နှစ်စင်းအလား လင်းလက်တောက်ပနေပေ၏။

"မင်းက ဘယ်သူလဲ...ဘယ်လိုသတ္တိမျိုးနဲ့ မင်းက ကျူးကျော်ဝင်လာရဲတာလဲ"

"ဒါက ထန်စစ်တပ်ရဲ့စစ်ဗိုလ်ချုပ်တစ်ယောက် မဟုတ်လား...မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရောက်လာတာလဲ"

ဤနေရာသည် စစ်ရေးအရေးကိစ္စများဆွေးနွေးသည့် အရေးကြီးနေရာတစ်ခုပင်။ယခုလက်ရှိနေရာတွင် ရှိနေသူများအားလုံးသည် လုယွီ၏အရည်အချင်းရှိသော စစ်ဗိုလ်ချုပ်များဖြစ်ပေ၏။

သို့ရာတွင် ဤနေရာသို့ ကျူးကျော်ဝင်လာဝံ့သည့် ထန်စစ်တပ်မှစစ်ဗိုလ်ချုပ်တယောက် မည်သည်ကြောင့် ရှိနေရသနည်း။

Chapter 3955

"သေစမ်း...."

အောင်းကွမ်းက အရင်ဆုံး တုံ့ပြန်လိုက်သည်။သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ခြင်းနှင့်အတူ ပြင်းထန်သောနဂါးမီးတောက်များက သူ့၏ရှေ့၌ သိပ်သည်းသွားသည်။

ပြင်းထန်သောနဂါးမီးတောက်များသည် လေထုအတွင်း၌ တဟုန်းဟုန်းတောက်လောင်နေကာ ပတ်ဝန်းကျင်ရှိလေဟာနယ်ကို လောင်ကျွမ်းတော့မည့်အလားပင်။

ထိုနဂါးမီးတောက်များသည် ထန်စစ်တပ်မှစစ်ဗိုလ်ချုပ်ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထူးဆန်းသောအပြောင်းအလဲတစ်ခု ဖြစ်ပွားသွားပေ၏။

တဟုန်းဟုန်းတောက်လောင်နေကာ ပူပြင်းသောနဂါးမီးတောက်များသည် ထန်စစ်ဗိုလ်ချုပ်၏ရှေ့သို့ ရောက်ရှိသွားချိန်တွင် မမြင်နိုင်သော လေဟာနယ်နံရံကြီးတစ်ခု၏ ပိတ်ဆို့ဟန့်တားခြင်းကို ခံလိုက်ရပုံပင်။ထိုမီးတောက်များသည် အလွန်အမင်းပူပြင်းသော်လည်း ထန်စစ်ဗိုလ်ချုပ်၏အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိချေ။

ဝှစ်....ဝှစ်...

လုကျင်းရှန့် သိုက်ဖုန်း ချောင်ပေါင်နှင့် ပတ်ဝန်းကျင်ရှိ တခြားတာယွီစစ်ဗိုလ်ချုပ်များအားလုံး သူတို့၏မှော်လက်နက်များကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြသည်။သူတို့သည် ထန်စစ်ဗိုလ်ချုပ်ကို တည်ကြည်လေးနက်စွာ စူးစိုက်၍ကြည့်လိုက်ကြ၏။

"အရှင်လု...ဒါက ဧည့်သည်တွေကို မင်း ဆီးကြိုနှုတ်ဆက်တဲ့ပုံစံလား"

ထန်စစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိဘဲ သူ့၏လက်ကိုဆန့်တန်းကာ လေဟာနယ်တစ်နေရာကိုဖမ်းဆုပ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် အောင်းကွမ်က သူမှုတ်ထုတ်လိုက်သော နဂါးမီးတောက်များသည် ကွဲပြားခြားနားသော လေဟာနယ်တခုအတွင်း၌ ပိတ်လှောင်ခံလိုက်ရသည်ကို ခံစားမိကာ တစ်ဖက်လူကို အနည်းငယ်မျှ ထိခိုက်နာကျင်စေခြင်းမရှိချေ။

ထိုနောက်မှနေ၍ ထန်စစ်ဗိုလ်ချုပ်က သူ့၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။

ဝှစ်.....

နားအူလုမတတ် စူးရှကျယ်လောင်သော အသံတစ်သံက လေထုအတွင်း၌ မြည်ဟီးလာသည်။

အောင်းကွမ်းသည် အစွမ်းထက်သော အားလှိုင်းတစ်ရပ်၏ရိုက်ခတ်မှုကို ခံလိုက်ရသော်လည်း တစ်ဖက်လူ၏လှုပ်ရှားမှုကို သူ ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်ရချေ။သူသည် မီတာပေါင်းများစွာ ဝေးကွာသောနေရာသို့ လွင့်ထွက်သွားကာ သူ့၏မျက်နှာအမူအယာ အလွန်အမင်းပျက်ယွင်းသွားသည်။

အောင်ကွမ်းသည် ရပ်တန့်လိုက်ကာ သူ့ရှေ့ရှိ ထန်စစ်ဗိုလ်ချုပ်ကို ကြည့်လိုက်၏။

သူ့၏ရင်ဘတ်ပေါ်ရှိ နဂါးကြေးခွံများ အက်ကွဲသွားကာ ဒဏ်ရာမှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေသည်။

အောင်းကွမ်း၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

တစ်ဖက်လူသည် ခွန်အားကို ထိန်းချုပ်ထားပုံရသည်။ထိုသို့မဟုတ်ပါက သူသည် ဤအချိန်အခိုက်အတန့်၌ အသက်ရှင်သန်နိုင်တော့မည် မဟုတ်ချေ။

"ရပ်လိုက်ကြစမ်း...."

လုယွီက ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့၏နောက်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက တောက်ပသောအလင်းဘီးကြီးတစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မျက်လုံးအတွင်းတွင် ကွဲပြားခြားနားသော အရောင်နှစ်ခုရှိနေကာ တစ်ခုသည်ခရမ်းရောင်ဖြစ်ပြီး ကျန်တစ်ခုသည် ရွှေရောင်ပင်။ဤသည်မှာ သူ၏မျက်လုံးအတွင်း၌ မတူကွဲပြားသောမီးတောက်နှစ်ခု ပြင်းထန်စွာ လောင်ကျွမ်းနေသည့်အလားပင်။

ပတ်ဝန်းကျင်ရှိ တာယွီစစ်ဗိုလ်ချုပ်များအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။လုယွီသည် ဤမျှထိ အစွမ်းထက်သောအရှိန်အဝါမျိုးကို ထုတ်ဖော်အသုံးပြုသည်အား သူတို့ တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

အတိတ်တွင် လုယွီသည် တုရှန်းရှန်းနှင့်ယဲ့ကွမ်ကျီးတို့ကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို ရင်ဆိုင်ခဲ့သောအချိန်ကပင် သူ့၏ဝှက်ဖဲများကို အသုံးပြုခဲ့ခြင်းမရှိပေ။

"ဒါဆိုရင် ဝူတင်းအမတ်ကြီးကိုယ်တိုင် ရောက်လာတာပါလား...မင်းကို မကြိုဆိုခဲ့မိတဲ့အတွက် ငါ တောင်းပန်ပါတယ်"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

ယခုရောက်ရှိလာသူသည် ဝူတင်းအမတ်ကြီးလီကျိုးစီပင်။

ဤစကားကိုကြားချိန်၌ လက်ရှိနေရာတွင် ရှိနေသူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။

ဤသည်မှာ တုရှန်းရှန်း ယဲ့ကွမ်ကျီးတို့ကဲ့သို့ မဟာစစ်ဗိုလ်ချုပ်များနှင့်မတူညီဘဲ ထန်အင်ပါယာ၏ အစစ်အမှန် အမတ်ကြီးတစ်ယောက်ပင်။

ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ထန်စစ်ဗိုလ်ချုပ်ကို တစ်ဖန်ပြန်၍ကြည့်လိုက်ကြကာ သူသည် သာမန်ထက်ထူးခြားနေသည်ဟု သူတို့ ခံစားမိလေ၏။လုကျင်းရှန်းနှင့်တခြားမဟာစစ်ဗိုလ်ချုပ်များအားလုံးသည် ဝူတင်းအမတ်ကြီး၏ ကျင့်ကြံဆင့်အခြေခံကို အကြည့်တစ်ချက်ဖြင့် ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိချေ။

"ငါ မှားသွားတယ်....အရင်တုန်းက ငါ ရထားခဲ့တဲ့ အချက်အလက်တွေက မှားနေခဲ့တယ်...ဒါကြောင့် ငါ မင်းကို အရင်ဆုံးလာမရှာခဲ့မိဘူး...မဟုတ်ရင် ငါက ဘာနည်းလမ်းကိုပဲ အသုံးပြုရပါစေ...မင်းကို အရင်ဆုံးရှင်းထုတ်မိမှာပဲ"

လီကျိုးစီ၏အသံသည် တည်တည်လေးနက်ကာ အစွမ်းထက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

လီကျိုးစီသည် ထန်အင်ပါယာ၏ အစွမ်းထက်ဆုံးအမတ်ကြီးများအနက်မှ တစ်ယောက်ပင်။ သူ၏အရှိန်အဝါသည် မရေမတွက်နိုင်သော တိုက်ပွဲအောင်မြင်မှုများမှတစ်ဆင့် ရရှိလာခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများတွင် အနိုင်ရသောစစ်ဗိုလ်ချုပ်များသည် စစ်ရေးအရည်အချင်းများ မြင့်တက်လာရုံသာမက ပို၍အရေးကြီးသည်မှာ သူတို့ထံ၌ ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ရပ် လွှမ်းခြုံလာခြင်းပင်။သူတို့သည် မည်ကဲ့သို့ရန်သူမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ သူတို့၏အရှိန်အဝါဖြင့် တစ်ဖက်လူကို ဖိနှိပ်နိုင်သည်။

"ဒါက အမှန်ပဲ....မင်းက တကယ့်ကို မှားခဲ့တယ်,,, ဒါပေမဲ့ တကယ်လို့ မင်းက ငါ့ရဲ့ခွန်အားကို ကြိုသိခဲ့မယ်ဆိုရင်တောင် မင်း ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

လုယွီက ခပ်ဖျော့ဖျော့အပြုံးဖြင့် ဆက်လက်၍ပြောဆိုသည်။

"ဝူတင်းအမတ်ကြီးလီကျိုးစီက ထန်အင်ပါယာရဲ့ နံပါတ်တစ်ထိပ်သီးကျင့်ကြံသူလို့ ငါ ကြားထားတာ အချိန်အတော်ကြာနေပြီ..တခြားရက်တစ်ရက်ကို ရွှေ့မနေတာ ပိုကောင်းလိမ့်မယ်...ဒီနေ့ မင်းနဲ့ငါ ယှဥ်ပြိုင်တိုက်ခိုက်ကြရအောင်"

All Chapters