အခန်း (၃၉၅၆-၃၉၆၀)
Vol. 201 Ch. 3956-3960
Chapter 3956
"ဒါက ငါလိုချင်တဲ့အရာ အတိအကျပဲ"
လီကျိုးစီ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် အိပ်မောကျနေသော ခြင်္သေ့တစ်ကောင် နိုးထလာသည့်အလား လီကျိုးစီ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပေ၏။ဤနေရာတွင်မတ်တတ်ရပ်နေသော စစ်ဗိုလ်ချုပ်များအားလုံးသည် လုယွီ၏လက်အောက်မှ လက်ရွေးစင်စစ်ဗိုလ်ချုပ်များပင်။သို့ရာတွင် လီကျိုးစီသည် အရှိန်အဝါသက်သက်ဖြင့် သူတို့အား ဖိနှိပ်နိုင်စွမ်းရှိသည်။။သူတို့သည် ရုပ်သေးရုပ်များနှင့်တူညီနေကာ လှုပ်ရှားနိုင်စွမ်းမရှိသောချေ။
လုယွီနှင့်လီကျိုးစီတို့၏ပုံရိပ်များသည် ချက်ချင်းဆိုသလိုပင် ခန်းမအတွင်းမှ ပျောက်ကွယ်သွားသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်သည် မာလင်းကြယ်နယ်မြေ၏အထက်ရှိ မီတာထောင်ပေါင်းများစွာမြင့်သောနေရာသို့ ရောက်ရှိသွားသည်။သူတို့နှစ်ယောက်သည် လေထုအတွင်း၌ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်၍ မတ်တတ်ရပ်လိုက်ကြသည်။
အစွမ်းထက်သော သွေးချီစွမ်းအားများက လုယွီ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
ဤသည်မှာ သူ၏ခန္ဓာကိုယ်အတွင်း၌ အကန့်အသတ်မရှိသော မြစ်တစ်စင်း စီးဆင်းနေသည့်အလားပင်။လေထုအတွင်း၌ ဒီရေလှိုင်းလုံးများ ရိုက်ခတ်နေသည့်အလား အလွန်ကျယ်လောင်သော တုန်ခါသံများ ထွက်ပေါ်နေပေ၏
"အရှင့်ရဲ့သွေးချီတွေက တကယ့်ကို အားကောင်းတာပါလား"
ခန်းမအတွင်းရှိစစ်ဗိုလ်ချုပ်များသည် ပြင်ပသို့ အလျင်စလိုပြေးထွက်ကာ ထိုတိုက်ပွဲကို သူတို့၏နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ စောင့်ကြည့်လိုကြသည်။
သို့ရာတွင် သူတို့၏နတ်ဘုရားစိတ်အာရုံများ ကျရောက်သွားသည်နှင့် လုယွီ၏သွေးချီများကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့၏မျက်လုံးများ စူးရှနာကျင်လာသည်ကို ခံစားမိသဖြင့် သူတို့၏နတ်ဘုရားစိတ်အာရုံများကို အလျှင်အမြန်ပြန်ရုတ်သိမ်းလိုက်ကြ၏။
အောင်းကွမ်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"မင်းတို့စိတ်ဝိညာဉ်တွေရဲ့စွမ်းအားတွေက မလုံလောက်သေးဘူး...နတ်ဘုရားစိတ်အာရုံတွေကို အဲ့ဒီတိုက်ပွဲနဲ့မလှမ်းမကမ်းနေရာထိပဲ ဖြန့်ကျက်လို့ရမယ်...တန်ပြန်ဒဏ်ခံရမှာကို မင်းတို့အားလုံး ဂရုစိုက်ကြအုံး"
အောင်းကွမ်းသည် လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်ဖြစ်သဖြင့် မွေးရာပါနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူသည် လုယွီ၏ယခုလက်ရှိအခြေအနေကို တွေ့မြင်နိုင်လေ၏။
တခြားသူများသည် ထိုစကားကိုကြားချိန်တွင် သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
ယခုအချိန်၌ လုယွီသည် သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် ကြည့်ရှု၍ပင်မရသော အဆင့်ထိ အစွမ်းထက်သွားခဲ့သလော....
"လုယွီ....ငါ့အထင်တော့ မင်းက ပါရမီရှင်တစ်ယောက်ပဲ...တာယွီအင်ပါယာမှာဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ငါ ကောင်းကောင်းကြီးသိတယ်...တာယွီတော်ဝင်နန်းတွင်းက မင်းကို တန်ဖိုးမထားဘူး...မင်းက တော်ဝင်မြို့တော်က ထိပ်သီးမိသားစုကြီးတွေနဲ့လည်း ရန်သူဖြစ်ခဲ့တယ်...မင်း တာယွီမှာဆက်နေပြီးတော့ ဘာလုပ်မှာလဲ...မင်းက အမှောင်ကိုစွန့်ခွာပြီးတော့ အလင်းကိုဝင်ရောက်လာတာ ပိုမကောင်းဘူးလား...မင်း ထန်အင်ပါယာကိုလာမယ်ဆိုရင် ငါက အနည်းဆုံးတော့ မင်းကို အမတ်ကြီးဘွဲ့ထူးချီးမြှင့်ပေးနိုင်တယ်"
လီကျိုးစီက ကျယ်လောင်စွာပြောဆိုသည်။
"အပိုစကားတွေ ပြောနေစရာမလိုတော့ဘူး... မင်းမှာ ဘယ်လောက်ထိ အရည်အချင်းရှိလဲဆိုတာ ငါ သိချင်တယ်"
လုယွီက တည်ငြိမ်စွာပြောဆိုလိုက်ပြီးနောက် သူ့၏မျက်လုံးအတွင်းရှိမီးတောက်များ ပို၍ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။
"ကောင်းပြီလေ"
ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံးသည် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများကို အဆုံးစုံစွန်ဆုံးအဆင့်ထိ သိပ်သည်းပြီးလေပြီ။
လီကျိူးစီ၏နောက်ရှိ လေဟာနယ်အတွင်းတွင် အရောင်နှစ်ရောင်ပါသော မှော်အတောင်ပံတစ်ခုသိပ်သည်းသွားသည်။ထိုတောင်ပံများကိုခပတ်လိုက်သည့်အချိန်၌ ပြင်းထန်သောလေပြင်းမုန်တိုင်းများ တိုက်ခတ်လာသည်။
ထို့နောက် လီကျိုးစီက သူ့၏လက်ကိုဆန့်တန်းကာ လေဟာနယ်တစ်နေရာကို ဖမ်းဆုပ်လိုက်သည်။သူ၏လက်ဝါး ကျရောက်သွားသော လေဟာနယ်အတွင်း၌ ချက်ချင်းဆိုသလို လှိုင်းဂယက်များထလာကာ သူ၏လက်အတွင်း၌ လှံရှည်တစ်လက်ထွက်ပေါ်လာသည်။
ထိုလှံရှည်၏ထိပ်ဖျားမှနေ၍ ထက်ရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အဆက်မပြတ်ထွက်ပေါ်နေကာ လူအများကို တုန်လှုပ်ချောက်ချားမှုများ ပေါက်ဖွားစေနိုင်စွမ်းရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက လှံရှည်ပေါ်တွင် သွေးကြောများကဲ့သို့ အနီရောင်အစင်းကြောင်းများ ရှိနေသည်ကို တွေ့မြင်မိပေမည်။ဤအရာများသည် နှလုံးသွေးကြောများ ခုန်နေသည့်အလား အဆက်မပြတ်ခုန်ပေါက်နေပေ၏။
ဒုန်း...ဒုန်း...
ထိုသွေးကြောများ တစ်ချက်ခုန်သွားသည့်အချိန်၌ လှံရှည်ပေါ်ရှိအမှတ်အသားများ သွေးနီရောင်သန်းကာ ထင်ရှားပြတ်သားလာသည်။
အသက်ရှူချိန်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် လီကျိုးစီ၏လက်အတွင်းရှိလှံရှည်မှနေ၍ ဆံချည်မျှင်သွေးကြောအမြောက်အများ ပျံ့လွင့်သွားကာ သွေးပိုက်ကွန်ကြီးတစ်ခုက အရပ်မျက်နှာအဘက်ဘက်ကို လွှမ်းခြုံသွားသည်။
"သေစမ်း"
လီကျိုးစီသည် လှံရှည်ကိုဆုပ်ကိုင်ကာ လုယွီရှိနေသောနေရာထံသို့ ညွှန်ပြလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်းရှိ နေရောင်ခြည်ကို အမှောင်ထုကြီးတစ်ခုက လွမ်းခြုံသွားပုံရသည်။လှံရှည်မှထုတ်လွှတ်ထားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် နေရောင်ခြည်ကိုပင် ပိတ်ဆို့ဟန့်တားနိုင်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် ညအချိန်သို့ ရောက်ရှိနေသည့်အလားပင်။
အကန့်အသတ်မရှိသော အမှောင်ထုကြီးအကြားတွင် လီကျိုးစီ၏လက်အတွင်းရှိ လှံရှည်မှပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံ့ထွက်နေသည်။
"ဒါက ဧကရာဇ်အဆင့် မှော်လက်နက်တစ်ခုပါလား....စိတ်ဝင်စားစရာပဲ"
လုယွီက သူ၏မျက်လုံးကိုစုံမှိတ်ကာ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ဆင့်ခေါ်လိုက်သည်။မြေအောက်လောကနတ်ဘုရား၏ အစွမ်းထက်သောပုံရိပ်ယောင် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် သူ့၏လက်အတွင်း၌ မီးတောက်ဆေဘာဓားထွက်ပေါ်လာကာ ထက်ရှသောလှံရှည်နှင့် ဖီလာဆန့်ကျင် ရိုက်ခတ်မိတော့သည်။
Chapter 3957
လီကျိုးစီ၏လက်အတွင်းရှိ လှံရှည်သည် အမှန်တကယ်ကို ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုပင်။
ထိုလှံရှည်ကို တစ်ကြိမ်ဝှေ့ယမ်းလိုက်သည်နှင့် မကြုံစဖူးအစွမ်းထက်ရုံသာမက ပတ်ဝန်းကျင်တွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်အမြောက်အများ ထွက်ပေါ်လာသည်။ဆံချည်မျှင်သွေးကြောများမှတဆင့် သိပ်သည်းသွားသော ဓမ္မပုံရိပ်ယောင်များသည် လူအများ၏စိတ်နှလုံးသားနှင့်စိတ်ဝိညာဉ်ကို တုန်ရီစေနိုင်စွမ်းရှိသည်။
ဘုန်း....ဘုန်း...
သူတို့၏လက်နက်များ တစ်ခုနှင့်တစ်ခု ရိုက်ခတ်မိချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံကြီး နှစ်သံထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဧကရာဇ်အဆင့်လက်နက်နှစ်ခုလုံးသည် မိုးနှင့်မြေကို ဖျက်ဆီးနိုင်သော တည်ရှိမှုကြီးများပင်။ထိုလက်နက်များ တစ်ခုနှင့်တစ်ခုထိတွေ့မိသည်နှင့် ပတ်ဝန်းကျင်ရှိလေဟာနယ် အက်ကွဲသွားကာ ကြီးမားသောလေဟာနယ်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
လုယွီနှင့်လီကျိုးစီတို့သည် အင်အားကုန်အသုံးပြုပြီး သူတို့၏လက်နက်များကိုဝှေ့ယမ်း၍ လေထုအတွင်း၌ တိုက်ခိုက်နေကြသည်။အချိန်တခဏအတွင်းမှာပင် သူတို့နှစ်ယောက်သည် တိုက်ကွက်ပေါင်းဆယ်နှင့်ချီ၍ ဖလှယ်ပြီးလေပြီ။
ရှေးဟောင်းသိုင်းပညာနည်းစနစ် နဂါးဖမ်းလက်...
လုယွီသည် အခွင့်ကောင်းတစ်ခုရှာကာ အဝေးမှ လီကျိုးစီကို ဖမ်းဆုပ်လိုက်သည်။တချိန်တည်းမှာပင် သူသည် မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုပြီး လီကျိုးစီကို သူ၏အနီးသို့ ရောက်ရှိလာစေရန် ဆွဲခေါ်လိုခဲ့သည်။
တချိန်တည်းမှာပင် လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ပြင်းထန်သော မီးတောက်များအဆက်မပြတ် ထွက်ပေါ်နေသည့် မီးတောက်ဆေဘာဓားကို မြှောက်လိုက်၏။ထို့နောက် ထိုဆေဘာဓားဖြင့် လီကျိုးစီထံဦးတည်ကာ အားကုန်ထိုးစိုက်လိုက်သည်။
"အလင်းတိုက်ပွဲဝင်သံချပ်ကာ...ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ကာကွယ်ပေးစမ်း"
လီကျိုးစီ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာမှနေ၍ ရုတ်တရက် ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။
လေထုအတွင်းရှိ ခရမ်းရောင်အလင်းတန်းများမှနေ၍ မရေမတွက်နိုင်သော သင်္ကေတအက္ခရာများ သိပ်သည်းသွားကာ သံချပ်ကာ၏နံဘေးပတ်လည်၌ ရစ်ပတ်လွှမ်းခြုံနေသည်။အဝေးတစ်နေရာမှကြည့်ပါက ဤသည်မှာ တဖျတ်ဖျတ်တောက်ပနေသော သလင်းကျောက်တစ်လုံးနှင့် တူညီနေပေ၏။
သံချပ်ကာပေါ်တွင် အလင်းတန်းတစ်တန်း တောက်ပလာသည်နှင့်အတူ နဂါးဖမ်းလက်၏စွမ်းအားများ ချက်ချင်းပျက်ပြယ်သွားကာ လေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
"ကောင်းလိုက်တဲ့လှုပ်ရှားမှု ..ငါ့ရဲ့တိုက်ခိုက်မှုကို ထပ်ပြီးခံယူစမ်း"
လီကျိုးစီက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးကာ ကြီးမားသောအားလှိုင်းတစ်ရပ်က ရုတ်တရက် သူ့၏လက်အတွင်းမှ ပွင့်အံ့ထွက်လာသည်။လှံရှည်သည် လေဟာနယ်ကိုဖြတ်သန်းကာ လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိလေ၏။
ထိုတိုက်ခိုက်မှုသည် အလွန်အမင်းလျှင်မြန်သဖြင့် မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်မည်မဟုတ်ချေ။
လုယွီသည် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိချေ။သူသည် သာမန်ပိုးထည်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသဖြင့် ရုတ်ချည်းဆိုသလိုပင် သူ့၏ဝတ်စုံ၌ အပေါက်တစ်ပေါက်အဖြစ် ထွင်းဖောက်ခြင်းခံလိုက်ရသည်။
သွေးများက မြေပြင်ပေါ်သို့ ပြန့်ကြဲသွားသည်။လုယွီသည် မိုးကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ကျရောက်သွားပေ၏။
လုယွီ၏အသက်ရှူရှိုက်လိုက်ခြင်းနှင့်အတူ သူ့၏နံဘေး၌ တလိပ်လိပ်ထနေသော စိတ်ဝိညာဥ်စွမ်းအားများသည် ရှည်လျားသည့် နဂါးတစ်ကောင်အလားပင်။သူ့၏အသက်ရှူရှိုက်လိုက်ခြင်းနှင့်အတူ စိတ်ဝိညာဉ်စွမ်းအားများကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝါးမြိုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူ့၏ဒဏ်ရာနေရာမှအသွေးအသားများသည် မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့် အလျှင်အမြန် ပြန်လည်ကောင်းမွန်သွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ခန္ဓာကိုယ်မှ ဒဏ်ရာများ အပြည့်အဝ ပျောက်ကွယ်သွားလေပြီ။
"မင်းက မသေသေးဘူးလား...ဒါဆိုရင်လည်း ထပ်ပြီးတိုက်ခိုက်ကြတာပေါ့...တာအိုသုတ်သင်သူရဲ့အပြစ်ဒဏ်"
လီကျိုးစီ၏မျက်လုံးအတွင်း၌ သွေးဆာသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။လုယွီမသေဆုံးသေးသည်ကို မြင်တွေ့ချိန်တွင် သူသည် အလျှင်အမြန် ပြေးဝင်တိုက်ခိုက်လိုက်၏။
သူ၏လက်အတွင်းရှိ လှံရှည်သည် မူလပုံသဏ္ဍာန်မျိုး၌ ရှိမနေတော့ချေ။ထိုအရာသည် သွေးဆာသောနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ လုယွီအားကိုက်ဖြတ်ရန် တိုးဝင်သွားသည်။
အကန့်အသတ်မရှိသော သွေးမြူများ၏ကူညီထောက်ပံ့မှုကြောင့် လီကျိုးစီ၏ပုံရိပ် ဝေဝါးနေကာ သူသည် နတ်ဆိုးများအားလုံးကိုအပြစ်ဒဏ်ပေးနိုင်သည့် ပါးကွက်သားတစ်ယောက်အလားပင်။
"ဒါက ငါစောင့်ဆိုင်းနေတဲ့ လှုပ်ရှားမှုပဲ"
လီကျိုးစီ ရှေ့သို့ပြေးဝင်လာသည်ကို မြင်တွေ့ချိန်တွင် လုယွီသည် နောက်ဆုတ်ရန်အတွက် ရည်ရွယ်မထားချေ။
လုယွီသည် သူ့၏ဆေဘာဓားကိုမြှောက်ကာ သူ၏မှော်စွမ်းအားများကို သိပ်သည်းလိုက်၏။ မိုးကောင်းကင်ယံကို ထွင်းဖောက်သွားတော့လုမတတ် ကြီးမားသော ဆေဘာဓားစိတ်ဆန္ဒတစ်ရပ်က မီးတောက်ဆေဘာဓားပေါ်၌ သိပ်သည်းသွားသည်။
လန်ဝူရှင်းနှင့်တိုက်ပွဲအတွင်းတွင် လုယွီသည် ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒကို တိတ်တဆိတ်သင်ယူခဲ့သည်။
ထို့နောက် လုယွီနှင့်လန်ဝူရှင်းတို့သည် စကားများဖလှယ်ပြောဆိုခဲ့ကာ နောက်ဆုံး၌ သူသည် ရှေးဟောင်းနတ်ဘုရားလက်နက်ဖြစ်သော ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒကို ဖမ်းဆုပ်နိုင်ခဲ့သည်။
ဟုန်းမင်ဆေဘာဓားသည် နေ လနှင့်မိုးကောင်းကင်တို့ကို ဖြတ်တောက်နိုင်သော မှော်လက်နက်တစ်ခုပင်။
သူ၏စိတ်အတွင်း၌ ရှေးဟောင်းအရှိန်ကာလအတွင်းရှိ ဟုန်းမင်ဆေဘာဓား၏ပုံသဏ္ဍာန်ကို လှုံ့ဆော်ထားသည်။ထက်ရှသောဆေဘာဓားစိတ်ဆန္ဒသည် မီတာပေါင်းများစွာမြင့်မားကာ အလွန်အမင်းပြင်းထန်သည်။
လုယွီ၏လက်အတွင်း၌ အကန့်အသတ်မရှိသော ဆေဘာဓားစိတ်ဆန္ဒများကို သိပ်သည်းပြီးချိန်တွင် နောက်ဆုံး၌ ထိုအရာကို လီကျိုးစီရှိနေသောနေရာသို့ ဦးတည်၍ အားကုန်ခုန်ပိုင်းလိုက်တော့သည်။
ဟုန်းမင်ဆေဘာဓားစိတ်ဆန္ဒအောက်တွင် လီကျိုးစီ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
သို့ရာတွင် သူသည် အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ပင်။ဤကဲ့သို့ အခြေအနေတစ်ခုနှင့်ရင်ဆိုင်ရသည့်တိုင် သူ ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမရှိချေ။
သူ့၏လက်အတွင်းရှိ ဆေဘာဓားရှည်သည် အလင်းတန်းတတန်းအသွင်သို့ ပြောင်းလဲကာ လုယွီထံသို့ တိုးဝင်သွားလေ၏။
Chapter 3958
ဘုန်း...ဘုန်း...
မှော်လက်နက်နှစ်ခုသည် လူနှစ်ယောက်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသောအသံ ရုတ်တရက်မြည်ဟီးလာသည်။
လုယွီသည် မီးတောက်ဆေဘာဓားဖြင့် လီကျိုးစီ၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။အလင်းသံချပ်ကာဝတ်စုံသည် သူ့၏သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်စွမ်းအားကို တောင့်ခံနိုင်ခြင်းမရှိသောကြောင့် ချက်ချင်းအက်ကွဲသွားသည်။
သံချပ်ကာဝတ်စုံမှ နှလုံးအကာအကွယ်မှန်၏ မျက်နှာပြင်ပေါ်မှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်ကာ သင်္ကေတအက္ခရာများ မျောလွင့်လာသည်။ထိုအရာများသည် လီကျိုးစီ၏သံချပ်ကာရှေ့တွင် မြောက်များစွာသော အကာအကွယ်အလွှာများအဖြစ် ဖွဲ့စည်းသွားပေ၏။
ခရက်...ခရက်...
နှလုံးအကာအကွယ်မှန်၏ အကာအကွယ်အလင်းတန်းများ ရုတ်တရက်ကြေမွှပျက်စီးသွားသည်။ထိုအစအနများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကာ လေသူအတွင်း၌ မျောလွင့်သွားတော့သည်။
လီကျိုးစီသည် အခြေအနေမကောင်းသည်ကို မြင်တွေ့မိလေ၏။သူသည် ရုတ်တရက် ကြယ်လောင်စွာ အော်ဟစ်ကြုံးဝါးပြီး သူ့၏လက်ဖြင့် ဆေဘာဓားကို ပုတ်ထုတ်လိုက်သည်။ထို့ကြောင့်မီးတောက်ဆေဘာဓားသည် မူလလမ်းကြောင်းမှ သွေဖည်သွားကာ လီကျိုးစီ၏ပခုံးအတွင်းသို့ ထိုးဖောက်ဝင်သွားသည်။
တစ်ချိန်တည်းမှာပင် လီကျိုးစီ၏လက်အတွင်းရှိ လှံရှည်သည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ပြင်းပြင်းထန်ထန် ထွင်းဖောက်ဝင်သွားလေ၏။
သူတို့နှစ်ယောက်လုံးသည် တစ်ယောက်၏မှော်လက်နက်ကြောင့် တခြားတစ်ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ သူတို့ထံမှ သွေးများဖြာထွက်လာသည်။
ဧကရာဇ်အဆင့်မှော်လက်နက်များသည် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တုန်ခါသွားကာ သူတို့၏သွေးများကိုအရူးအမူးဝါးမြိုလေ၏။
ဤလက်နက်နှစ်ခုစလုံးသည် နတ်ဆိုးမှော်လက်နက်များပင်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏မှော်လက်နက်များကို အလျှင်အမြန် ပြန်ရုတ်သိမ်းလိုက်ကြသည်။
နတ်ဆိုးမှော်လက်နက်များသည် အလွန်သွေးဆာပေ၏။အကယ်၍ ထိုမှော်လက်နက်များကြောင့် တစ်စုံတစ်ယောက်သည် ထိခိုက်ဒဏ်ရာရရှိသွားပါက အနည်းဆုံးအနေဖြင့် ထိုလူ၏သွေးအနှစ်သာရတစ်စိတ်တစ်ပိုင်းကို စုပ်ယူသွားနိုင်စွမ်းရှိသည်။အကယ်၍ ပို၍ဆိုးရွားသောကိစ္စဖြစ်ပွားလာပါက သူ့၏အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်သည်။
"လုယွီ...အစကတော့ ငါက မင်းရဲ့ပါရမီအရည်အချင်းကို တန်ဖိုးထားခဲ့တယ်...မင်းရဲ့အသက်က ငယ်သေးတာကြောင့် တကယ်လို့ ငါက မင်းကို သတ်လိုက်မယ်ဆိုရင် သနားဖို့ အရမ်းကောင်းသွားလိမ့်မယ်...ဒါပေမဲ့ မင်းက ဘာက မင်းအတွက် ကောင်းတယ်ဆိုတာကို မသိမှတော့ ငါ့ကိုအပြစ်မတင်နဲ့"
လီကျိုးစီ၏မျက်လုံးများ သွေးနီရောင်သန်းလာကာ သူ့၏ခန္ဓာကိုယ်ရှိ သံချပ်ကာမှနေ၍ သက်တန့်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့၏ဒဏ်ရာအနီးတစ်ဝိုက်၌ စုဝေးသွားသည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် လီကျိုးစီ၏ဒဏ်ရာသည် သာမန်မျက်စိနှင့် မြင်နိုင်သောအရှိန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူသည် သူ့၏လက်အတွင်းရှိလှံရှည်ကို ဝှေ့ယမ်းလိုက်ရာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အက်ကွဲသွားသည်။စူးရှသောလေတိုးသံများ ထွက်ပေါ်လာကာ လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့်ပြည့်နှက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက နံဘေးပတ်ဝန်းကျင်တွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နက်နေသည်ဟု ခံစားမိလေ၏။
"သူက နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ...သူက ငါ ရှိနေတဲ့နေရာကို သူ့ရဲ့နယ်မြေအဖြစ်ပြောင်းလဲလိုက်ပြီ"
လုယွီက အံ့အားသင့်တုန်လှုပ်သွားသည်။တစ်ချိန်တည်းမှာပင် သူ့၏ခြေလက်များလှုပ်ရှားရန် အလွန်အမင်း ခက်ခဲလာသည်ကို သူ ခံစားမိသည်။
လီကျိုးစီကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်နှင့် ကွဲပြားခြားနားသည်။
ထို့ထက်ပို၍ တိတိကျကျပြောဆိုရလျှင် မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်သည် လေဟာနယ်ဥပဒေသကို ထိန်းချုပ်နိုင်ရန်အတွက်ရှေးဟောင်းမဟာစိတ်ဝိညာဥ်မြင့်မြတ်နတ်ဘုရား၏ အမွေအနှစ်ကို အသုံးပြုရသည်။
သို့ရာတွင် ဝူတင်းအမတ်ကြီးသည် လီကျိုးစီကမူ ကွဲပြားခြားနားပေ၏။
သူသည် နယ်မြေသခင်အဆင့်သို့ သူ၏ကိုယ်ပိုင်စွမ်းအားကို အမှီပြု၍ ချိုးဖျက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
တယောက်သည် ပြင်ပအကူအညီကိုအားထားကာ ကျန်တစ်ယောက်သည် သူ့၏ကိုယ်ပိုင်ခွန်အားကို မှီခိုအားထားသည်။သူတို့နှစ်ယောက်ကို အဆင့်တူတွင်ရှိသည်ဟု ဖော်ပြ၍မရချေ။
"လာခဲ့စမ်း...နယ်မြေသခင်တစ်ယောက်မှာ ဘယ်လိုစွမ်းအားမျိုး ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့"
လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများ ရုတ်တရက်ပွင့်အံ့ထွက်လာကာ သူ့၏ညာဘက်ခြေထောက်၌ သိပ်သည်းသွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏ညာဘက်ခြေထောက်ကို ရှေ့သို့တိုးကာသူ့၏နံဘေးရှိ လေဟာနယ်ထံဦးတည်၍ ပြင်းပြင်းထန်ထန် ခြေဆောင့်နင်းလိုက်သည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ရှေးဟောင်းနတ်ဘုရားများ မိုးကောင်းကင်ပေါ် ခြေဆောင့်နင်းခြင်း....
ပတ်ဝန်းကျင်ရှိလေဟာနယ်သည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြင်းပြင်းထန်ထန် သက်ရောက်ခြင်းလာခြင်းကို ခံရသဖြင့် အက်ကွဲသွားတော့သည်။
လုယွီ၏ပုံရိပ်သည် ရေကူးခတ်နေသော နဂါးတစ်ကောင်အလား ထိုအက်ကွဲကြောင်းအကြားမှ တိုးထွက်လာသည်။
"သွေးနတ်ဆိုးငရဲ..."
လီကျိုးစီသည် လုယွီကို မည်သည်ကြောင့် ထွက်သွားခွင့်ပြုနိုင်မည်နည်း။သူသည် ချက်ချင်းဆိုသလိုပင် လုယွီ၏နောက်သို့ ထပ်ချပ်မကွာလိုက်ကာ သူ့၏လက်အတွင်းရှိ လှံရှည်နှင့် ထိုးစိုက်လိုက်သည်။
လီကျိုးစီ၏နောက်တွင် အလွန်အင်အားကြီးမားသော စစ်တပ်ကြီးတစ်ခု ရှိနေသည့်အလားပင်။မိုးကောင်းကင်ယံအတွင်း၌ မရေမတွက်နိုင်သောစစ်သားများ အင်အားကုန်အသုံးပြု၍ တိုက်ခိုက်နေကြသကဲ့သို့ အသံများဖြင့် ပြည့်နှက်နေသည်။စစ်ဗုံသံများမြည်ဟီးနေကာ လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျံ့လွင့်နေသည်။
Chapter 3959
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် လီကျိုးစီသည် နယ်မြေ၏အက်ကွဲကြောင်းအကြားမှနေ၍ လုယွီ၏နောက်သို့ ထပ်ချပ်မကွာလိုက်သွားလေ၏။
သို့ရာတွင် သူ၏သတ်ဖြတ်ခြင်းနယ်မြေအတွင်းမှ ထွက်လိုက်သည်နှင့် သူ့၏မျက်လုံးရှေ့ရှိအရာအားလုံး အနက်ရောင်သို့ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်၌ အေးစက်စက်ယင်ချီများ ရစ်သိုင်းလွှမ်းခြုံနေကာ သူ့ထံသို့ အရူးအမူးတိုးဝင်နေသည်။
ဂါး....
ရုတ်တရက် အငြိုးကြီးသရဲတစ္ဆေတစ်ကောင်ကသူ၏မျက်လုံးရှေ့၌ ထွက်ပေါ်လာပေ၏။ထိုသရဲတစ္ဆေသည် သူ၏သွေးနီရောင်ပါးစပ်ကြီးကိုဖွင့်ဟကာ လီကျိုးစီထံသို့ဦးတည်ပြီး ခုန်အုပ်လေသည်။
ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်၌ လီကျိုးစီက မျက်မှောင်ကြုတ်လိုက်သည်။သူသည် လှံရှည်ကိုရှေ့သို့တိုးလိုက်ကာ အစွမ်းထက်သော သွေးစွမ်းအားများဖြင့် ထိုအငြိုးကြီးသရဲတစ္ဆေကို ချက်ချင်းသတ်ဖြတ်လိုက်၏။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ တူညီသောဟိန်းဟောက်သံတစ်သံက ပတ်ဝန်းကျင်၌ မြည်ဟီးလာသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏နံဘေးပတ်ဝန်းကျင်ကို အမှောင်ထုကြီးက လုံးလုံးလျားလျား လွှမ်းခြုံထားသည်။ရက်စက်ကြမ်းကြုတ်သော အငြိုးကြီးသရဲတစ္ဆေများသည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာသည့်အလား တောက်ပသောသွေးနီရောင်မျက်လုံးများဖြင့် လီကျိုးစီကို စူးစိုက်၍ကြည့်နေကြသည်။
လီကျိုးစီက မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။လေထုအတွင်း၌ လုယွီမှ အသွင်ပြောင်းလဲထားသော မြေအောက်လောကနတ်ဘုရားပုံရိယောင်ကြီး မျောလွင့်နေကာ သူ့အားစူးစိုက်ကြည့်နေသည်ကို သူ မြင်တွေ့မိလေ၏။
"ဝူတင်းအမတ်ကြီး...မင်းက ငါ့ရဲ့ထောင်ချောက်ထဲကို ဝင်လာပြီဆိုမှတော့ ပြန်ထွက်သွားဖို့မစဉ်းစားနဲ့"
မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးထံမှနေ၍ ရုတ်တရက် စကားသံတစ်သံ ထွက်ပေါ်လာသည်။သူ၏အသံသည် နတ်ဘုရားတစ်ပါးမှ ထုတ်ပြန်ထားသော အမိန့်တော်တစ်ခုနှင့်တူညီနေကာ တုန်ခါမှုလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
မိုးကောင်းကင်ယံတစ်ခွင်လုံးအတွင်း၌ မြေအောက်လောကနတ်ဘုရား၏ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံက ပဲ့တင်ထပ်နေသည်။ရုတ်တရက် ပတ်ဝန်းကျင်ရှိအမှောင်ကြီးအတွင်းမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
လီကျိုးစီသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ့၏မျက်လုံးများ စူးရှတောက်ပသွားသည်။ဤကိစ္စသည် မည်သည့်အချိန်က စတင်ခဲ့မှန်း သူ မသိရှိချေ။သို့ရာတွင် သူသည် အငြိုးကြီးသရဲတစ္ဆေများ၏ဝိုင်းရံခြင်းကို ခံထားရလေပြီ။
"နယ်မြေ...မဟုတ်ဘူး....ဒါက နယ်မြေသခင်တစ်ယောက်ရဲ့နယ်မြေမဟုတ်ဘူး...ဒါက နတ်ဘုရားတစ်ပါးရဲ့နယ်မြေပဲ"
အစာပထမတွင် လီကျိုးစီသည် ထိတ်လန့်တုန်လှုပ်နေသော်လည်း အလျှင်အမြန်အသိဝင်လာခဲ့သည်။
နယ်မြေသခင်များသည် လေဟာနယ်အတွင်း၌ နယ်မြေတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသည်။
ထိုနယ်မြေအတွင်း၌ နယ်မြေသခင်တစ်ယောက်သည် အထွတ်အထိပ်တည်ရှိမှုကြီးဖြစ်ကာအရာအားလုံး၏အုပ်ချုပ်သူအရှင်ပင်။
နယ်မြေသခင်နှင့်ရွှယ်အင်မော်တယ်အကြားရှိ ကွာခြားချက်သည် အဆင့်တစ်ဆင့်သာရှိပုံရသော်လည်း စွမ်းအားချင်းသည် မိုးနှင့်မြေတမျှ အလှမ်းကွာဟသည်။
အကယ်၍ ရွှယ်အင်မော်တယ်တစ်ယောက်သည် အဆင့်မြင့်နယ်မြေသခင်တစ်ယောက်နှင့် ရင်ဆိုင်ရပါက နယ်မြေတစ်ခုအတွင်းတွင် ပိတ်လှောင်ကန့်သတ်ခြင်း ခံရပေမည်။ထို့နောက် ထိုရွှယ်အင်မော်တယ်သည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ထွင်းဖောက်၍ ထွက်ခွာသွားနိုင်စွမ်းရှိမည် မဟုတ်ချေ။သူ့၏ခန္ဓာကိုယ်သည် တဖက်လူ၏ထိန်းချုပ်ခြင်းကိုခံရကာ စဥ့်နီတုံးပေါ်၌ ခုတ်ပိုင်းရန်စောင့်ဆိုင်းနေသော ငါးတစ်ကောင်နှင့် တူညီသွားပေမည်။
ယခုကိစ္စသည် လီကျိုးစီ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိသော ကိစ္စတစ်ရပ်ပင်။
လုယွီ၏အသက်အရွယ်အရ မည်သည့်ကိစ္စမျိုးရှိနေပါစေ နယ်မြေသခင်နယ်ပယ်ထိ ကျင့်ကြံထားရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် လုယွီထံ၌ နတ်ဘုရားတစ်ပါး၏စွမ်းအားမျိုး ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
အဆင့်မြင့်နတ်ဘုရားများသည်အမွှေးနံ့သာစွမ်းအားများကို အသုံးပြု၍ လေဟာနယ်တစ်နေရာကိုပိုင်းခြားကာ နတ်ဘုရားနယ်မြေတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသည်။ဤသည်မှာ နယ်မြေသခင်တစ်ယောက်၏နယ်မြေနှင့် ထပ်တူထပ်မျှတူညီသော နည်းလမ်းပင်။
"လုယွီ....မင်းက ငါ့ကို အံ့အားသင့်အောင်တကယ်လုပ်နိုင်ခဲ့တယ်...တကယ်လို့ ငါ မင်းကိုမသတ်ဘူးဆိုရင် မင်းက ငါတို့အင်ပါယာရဲ့အင်အားကောင်းတဲ့ ရန်သူတစ်ယောက် ဖြစ်လာမှာ အနှေးနဲ့အမြန်ပဲ"
သွေးနီရောင်အလင်းတန်းတတန်းက ရုတ်တရက် လီကျိုးစီ၏မျက်ခုံးနှစ်ခုကြား၌ ထွက်ပေါ်လာသည်။
သူသည် လှံရှည်ကိုဆုပ်ကိုင်ကာ ခြေလမ်းကျဲကြီးများဖြင့် လုယွီထံသို့ဦးတည်၍ လျှောက်လှမ်းသွားလေသည်။သူ၏အနီးပတ်ဝန်းကျင် မီတာတစ်ရာအတွင်းတွင် လှံရှည်များနှင့်ဓားပျံများ၏ပုံရိပ်ယောင်များ မရေမတွက်နိုင်အောင်ထွက်ပေါ်လာကာ သတ်ဖြတ်ခြင်းနယ်မြေတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ဤသည်မှာ သူတို့နှစ်ယောက်ကြားရှိ နယ်မြေတိုက်ပွဲတစ်ခုပင်။
ဝှစ်...ဝှစ်...ဝှစ်...
လှံရှည်များ ထွင်းဖောက်ဝင်သွားသည့်အသံများ မြည်ဟီးလာခြင်းနှင့်အတူ ပတ်ဝန်းကျင်၌ရှိနေသော အငြိုးကြီးသရဲတစ္ဆေအမြောက်အများသည် လီကျိုးစီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။
အငြိုးကြီးသရဲတစ္ဆေတချို့ကျန်ရှိနေဆဲဖြစ်သော်လည်း သူတို့သည် လီကျိုးစီ၏သတ်ဖြတ်ခြင်းအရှိန်နှုန်းကို အမှီလိုက်နိုင်ခြင်းမရှိချေ။
လုယွီ၏နယ်မြေသည် မြေအောက်လောကနတ်ဘုရား၏ငရဲနယ်မြေပင်။
ငရဲနယ်မြေအတွင်းတွင် မရေမတွက်နိုင်သော သရဲတစ္ဆေစိတ်ဝိညာဉ်များ ရှိနေသည်။ ရှေးဟောင်းအချိန်ကာလအတွင်းမှ မြင့်မြတ်သောတည်ရှိမှုကြီးများသာ ငရဲနယ်မြေကို ဖြတ်ကျော်နိုင်စွမ်းရှိသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လီကျိုးစီသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲနေကာ သရဲတစ္ဆေခံတပ်ကြီးကို ဖြတ်ကျော်လာချိန်တွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာတစ်ခုတစ်လေမျှရှိမနေချေ။
"ငါက မြေအောက်လောကရဲ့အုပ်ချုပ်သူအရှင်...ငါ့ရဲ့အမိန့်အရ သရဲတစ္ဆေတွေအားလုံး ပြန်ရှင်သန်လာကြစမ်း"
လုယွီ၏မျက်လုံးများအတွင်း၌ မီးတောက်များပြင်းပြင်းထန်ထန် တောက်လောင်နေကာ အစိမ်းရောင်မီးတောက်နှစ်ခုသည် ဖြည်းညှင်းစွာ လည်ပတ်နေပေ၏။
လုယွီ၏အသံ ပျက်ပြယ်သွားချိန်တွင် အစောပိုင်းက သတ်ဖြတ်ခြင်းခံလိုက်ရသော အငြိုးကြီးသရဲတစ္ဆေများ ငရဲနယ်မြေအတွေး၌ တစ်ဖန်ပြန်၍ ရှင်သန်လာကြသည်။
Chapter 3960
အစောပိုင်းက သတ်ဖြတ်ခြင်းခံလိုက်ရသော သရဲတစ္ဆေများအားလုံး ယခုအချိန်၌ အသက်ပြန်ဝင်လာခဲ့သည်။
ပတ်ဝန်းကျင်ကိုကြည့်ပါက ငရဲနယ်မြေတစ်ခုလုံးအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော အငြိုးကြီးသရဲတစ္ဆေများဖြင့် ပြည့်နှက်နေကာ အကန့်အသတ်မရှိချေ။
"သေစမ်း"
လီကျိုးစီ၏မျက်လုံးများသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် နီမြန်းနေပေ၏။ သူ၏လှံရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ထောင်နှင့်ချီသော သရဲတစ္ဆေများသည် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။
အမွှေးတိုင်းတစ်တိုင် လောင်ကျွမ်းချိန်စာခန့် သတ်ဖြတ်ပြီးနောက် လီကျိုးစီ၏မျက်ခုံးနှစ်ခုကြားရှိ သွေးနီရောင်အလင်းတန်း လှုပ်ခတ်သွားခြင်းနှင့်အတူ သူ၏မျက်လုံးများအတွင်း၌ ကြည်လင်မှုကို တစ်ဖန်ပြန်၍ရရှိသွားသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ နတ်ဘုရားနယ်မြေလဲ...ဒါက ငါ့ရဲ့စိတ်ခံစားချက်တွေကိုတောင် သက်ရောက်နိုင်ပြီးတော့...ငါ့ရဲ့ဆင်ခြင်တုံတရားကို ပျောက်ကွယ်စေတယ်"
လီကျိုးစီသည် သူ၏နောက်ကျော၌ ဇောချွေးများ ရွှဲနစ်နေသည်ကို ခံစားမိသည်။
သူသည် မူလက တည်ငြိမ်အေးဆေးပြီး အတွေ့အကြုံရင့်ကျက်သော စစ်ဗိုလ်ချုပ်အိုကြီးတစ်ယောက်ပင်။သို့ရာတွင် သူသည် ငရဲနတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူ၏စိတ်ခံစားချက်အပေါ် သက်ရောက်မှုရှိလာသည်အား ခံစားလိုက်ရသည်။
သူ၏စိတ်နှလုံးသားအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြင်းထန်နေကာ အလွန်အမင်း သွေးဆာနေသည်။
သူ၏ပတ်ဝန်းကျင်ကို တစ်ဖန်ထပ်၍ ကြည့်လိုက်ချိန်တွင် အငြိုးကြီးသရဲတစ္ဆေများ၏အရေအတွက်သည် လျော့ကျသွားခြင်းမရှိရုံသာမက ပို၍ပို၍များပြားလာသည်ကို သူ တွေ့မြင်မိသည်။
"ဒါဆိုရင် ဒီလိုလား...မင်းရဲ့နတ်ဘုရားနယ်မြေထဲ ငါ့ကို တမင်သက်သက်မျှားခေါ်ခဲ့တယ်...ပြီးတော့ မင်းက ဒီသရဲတစ္ဆေတွေကို အသုံးပြုပြီး ငါ့ကို နစ်မြုပ်သွားစေချင်ခဲ့တယ်...အရမ်းကောင်းတဲ့ အစီအစဉ်ပဲ...ဒါပေမဲ့ ငါက နယ်မြေသခင်တစ်ယောက်...မင်း ငါ့ကို အရမ်းလျော့တွက်လွန်းနေပြီလို့ မင်း မထင်ဘူးလား"
လီကျိုးစီသည် ရုတ်တရက် ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ့၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သော အားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။ ထို့နောက် ပတ်ဝန်းကျင်တွင်ရှိသော သရဲတစ္ဆေများအားလုံးကို မီတာပေါင်းများစွာ ဝေးကွာသောနေရာသို့ လွင့်ထွက်သွားစေသည်။
ထိုနောက်မှနေ၍ လီကျိုးစီသည် သူ့၏လက်အတွင်းရှိလှံရှည်ကို လုယွီရှိနေသောနေရာသို့ ဦးတည်၍ ပစ်လွှတ်လိုက်သည်။
ဝှစ်....
ထက်ရှသော လေခွင်းသံတစ်သံက လေဟာနယ်ကိုဆုတ်ဖြဲ၍ ပွင့်အံ့ထွက်လာသည်။
အနက်ရောင်မိုးကောင်းကင်ယံကြီးအတွင်း၌ လှံရှည်သည် ရှည်လျားသောသက်တန့်တစ်စင်းအသွင်သို့ ပြောင်းလဲသွားကာ လုယွီထံဦးတည်၍ တိုးဝင်သွားသည်။
မြေပြင်သည် ရုတ်တရက် အက်ကွဲလာပေ၏။မြေပြင်ပေါ်တွင်ရှိနေသော အငြိုးကြီးသရဲတစ္ဆေများသည် ကြီးမားသောလက်ဝါးများကို ဆန့်တန်းကာ ထိုလှံရှည်ကိုဖမ်းဆုပ်ရန်အတွက် ကြိုးစားလိုက်ကြသည်။သို့ရာတွင် ဘုန်းခနဲပေါက်ကွဲသံတစ်သံနှင့်အတူ ထိုသရဲတစ္ဆေများ၏လက်များအားလုံး လှံရှည်ကြောင့် ပြတ်တောက်သွားတော့သည်။
"ဒီလှံရှည်ရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက အရမ်းပြင်းထန်တာပါလား"
လုယွီ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်နေကာ နံဘေးတဖက်သို့ အလျှင်အမြန်ရှောင်တိမ်းလိုက်၏။
သူ၏ခန္ဓာကိုယ် လှုပ်ရှားလိုက်သဖြင့် သူ ဖန်တီးထားသော ငရဲနတ်ဘုရားနယ်မြေသည်လည်း သက်ရောက်ခြင်းခံလိုက်ရသည်။ပတ်ဝန်းကျင်နေရာတဝိုက်လုံး စတင်၍ဝေဝါးစပြုလာကာ အရာအားလုံးသည် အစစ်အမှန် မဟုတ်သည့်အလားပင်။
လီကျိုးစီသည် အခွင့်ကောင်းတစ်ရပ်ကို ရှာဖွေတွေ့ရှိသွားလေ၏။သူသည် ရှေ့သို့တိုးလိုက်ကာချက်ချင်းဆိုသလိုပင် လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
"မင်းက ဒီအဆင့်လောက်ထိ ငါနဲ့တိုက်ခိုက်နိုင်စွမ်းရှိတာ မင်းရဲ့ပါရမီအရည်အချင်း အရမ်းမြင့်မားတယ်လို့ ယူဆနိုင်တယ်...ဒါပေမဲ့ ဒီအချိန်မှာတော့ ဒီလောက်နဲ့အဆုံးသတ်ကြရအောင်"
ဤအချိန်အခိုက်အတန့်တွင် လီကျိုးစီသည် အသူရာကြေးချွတ်သန့်စင်ဘုံမှ ထွက်လာသော စစ်နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။သူ့၏ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားများသည် အလွန်ထူထပ်သိပ်သည်းကာ အစိုင်အခဲအဖြစ်သို့ ရောက်ရှိသွားလုနီးပါးပင်။
"သတ်ဖြတ်ခြင်းနတ်ဘုရား ဆင်းသက်လာစမ်း"
ကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံတစ်သံနှင့်အတူ သူ့၏လက်အတွင်းရှိ လှံရှည်မှနေ၍ သွေးစွမ်းအားအမြောက်အများ ထွက်ပေါ်လာကာ သိပ်သည်းသွားပြီး သူ၏နောက်တွင် ပုံရိပ်ယောင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ဤသည်မှာ ရှေးဟောင်းသတ်ဖြတ်ခြင်းနတ်ဘုရားပင်။
သူသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ လူသားမျိုးနွယ်၏အလွန်အမင်းအစွမ်းထက်သော နတ်ဘုရားဖြစ်သည်။ သူ၏ဘဝအတွင်း၌ မရေမတွက်နိုင်သောစစ်ပွဲများကို ရင်ဆိုင်ခဲ့ကာ အစဉ်အမြဲ အောင်မြင်မှုယူနိုင်ခဲ့သလောက်နီးပါးဖြစ်ခဲ့ပြီး တစ်ကြိမ်တခါမျှရှုံးနိမ့်ခဲ့ဖူးခြင်းမရှိချေ။
သတ်ဖြတ်ခြင်းနတ်ဘုရား ထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် သူ့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများလည်း တလိမ်လိမ့်ပွင့်အံ့ထွက်လာသည်။
လုယွီ၏ငရဲနတ်ဘုရားနယ်မြေသည် တစတစပြိုလဲသွားသည်။ထိုနယ်မြေအတွင်းတွင်ရှိနေသော အငြိုးကြီးသရဲတစ္ဆေများသည်လည်း ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားလေ၏။
ထိုနေရာ၌ အစားထိုးဝင်ရောက်လာသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရား၏ ကြီးမားသောဓမ္မပုံရိပ်ယောင်ကြီးပင်။ထိုပုံရိပ်ယောင်ကြီးသည် လေထုအတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေကာ အေးစက်တင်းမာသောအကြည့်ဖြင့် လုယွီကို ကြည့်နေသည်။
အနိုင်နှင့်အရှုံး သဲကွဲတော့မည့်အချိန်ရောက်ရှိလာလေပြီ။
လုယွီက လေဟာနယ်တစ်နေရာသို့ လက်ညှိုးညွှန်လိုက်၏။မဟာတာအိုဥပဒေသများ၏စွမ်းအားက သူ၏ရှေ့၌ စုဝေးလာသည်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆရန်ခက်ခဲသော စွမ်းအားတစ်ရပ်ပင်။ထို့နောက် မီတာပေါင်းများစွာရှည်လျားသော ဓားကြီးတစ်လက်က သူ့၏ရှေ့၌ ထွက်ပေါ်လာသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ် နတ်ဘုရားသုတ်သင်ခြင်းဓား....
ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံးသည် သူတို့၏အစွမ်းထက်ဆုံး မှော်မန္တန်များကို အသုံးပြုလိုက်ကြလေပြီ။
မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ သူတို့နှစ်ယောက်၏မှော်မန္တန်များ ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။
ဝုန်း....
ကျယ်လောင်သောပေါက်ကွဲသံတစ်သံနှင့်အတူ မိုးကုပ်စက်ဝိုင်းအတွင်းရှိ မိုးကောင်းကင်၏အရောင်အသွေး ချက်ချင်းပြောင်းလဲသွားခဲ့သည်။ပြင်းထန်သောတုန်ခါမှုလှိုင်းများကြောင့် လူအများအား သူတို့၏ခြေဖဝါးအောက်ရှိ မြေပြင်သည် ချက်ချင်းပြိုလဲကာ အမှုန်အမွှားများဖြစ်တော့မည့်သကဲ့သို့ ခံစားရစေသည်။