← Chapters

အခန်း (၃၉၆၁-၃၉၆၅)

Vol. 201 Ch. 3961-3965

အခန်း (၃၉၆၁-၃၉၆၅)

Vol. 201 Ch. 3961-3965

Chapter 3961

ပေါက်ကွဲမှုအဆုံးသတ်သွားချိန်တွင် လုယွီနှင့်လီကျိုးစီတို့နှစ်ယောက်လုံး မီတာထောင်နှင့်ချီဝေးကွာသောနေရာသို့ ဆုတ်ခွာလိုက်ကြသည်။

သူတို့၏ခြေထောက်များအောက်ရှိ တောင်တန်းများသည် ဆက်လက်၍ တည်ရှိမနေတော့ချေ။ ထိုအစား မီးတောင်တစ်တောင်ပေါက်ကွဲသွားကာ အက်ကွဲကြောင်းများအကြားမှနေ၍ ချော်ရည်များ စီးဆင်းလာသည်။

ခြစ်ခြစ်တောက်ပူပြင်းသော အပူလှိုင်းများသည် တဖြည်းဖြည်းမြင့်တက်လာကာ လေထုအတွင်း၌ ပျက်ပြယ်သွားလေ၏။

လီကျိုးစီက လုယွီကိုကြည့်ကာ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

ထက်ရှသောဓားချီကြောင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာ ကြေမွှပျက်စီးသွားခဲ့သည်။သံချပ်ကာ အစအနများသည် အရပ်မျက်နှာအဘက်ဘက်သို့ လွင့်ထွက်သွားကာ သူ့၏ဒဏ်ရာမှနေ၍ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျနေသည်။

"မင်းရဲ့မှော်မန္တန်က အရမ်းအစွမ်းထက်တယ်....ဒါက မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့မသက်ဆိုင်တဲ့ခွန်အားမျိုး မင်းကို အသုံးပြုခွင့်ပေးနိုင်တယ် ....တကယ်လို့ ငါထင်တာမမှားဘူးဆိုရင် မင်းက ခုထိရွှယ်အင်မော်တယ်နယ်ပယ်ကို မရောက်သေးဘူးမဟုတ်လား"

လီကျိုးစီ၏မျက်လုံးများ ကျဉ်းမြောင်းနေကာသူ့၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ထင်ဟပ်နေသည်။

ယခင်က လုယွီနှင့်တိုက်ခိုက်သော လူအများစုသည် တိုက်ပွဲအတွင်းတွင် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို သတိပြုမိကြခြင်းမရှိချေ။

"ငါ ရွှယ်အင်မော်တယ်နယ်ပယ်ကို ရောက်တာနဲ့မရောက်တာကြားမှာ ဘာကွာခြားချက်ရှိလို့လဲ ...ဝူတင်းအမတ်ကြီး ငါတို့ ကောင်းကောင်းမွန်မွန် ဆွေးနွေးသင့်တယ်...တကယ်လို့ ငါတို့ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ငါတို့နှစ်ယောက်လုံး ပြင်းပြင်းထန်ထန် ဆုံးရှုံးမှုတွေရသွားနိုင်တယ်"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။သူ၏အသံသည် တည်ကြည်ပြတ်သားကာ သြဇာအာဏာများဖြင့် ပြည့်နှက်နေသည်။

လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် လီကျိုးစီလောက် မြင့်မားခြင်းမရှိသော်လည်း သူ၏ကိုယ်ပိုင်နည်းစနစ်များ၏စွမ်းအားကြောင့် ထန်အင်ပါယာ၏ထိပ်သီးအမတ်ကြီးသည် သူ့အားဖိနှိပ်နိုင်ရန် အလွန်အလှမ်းကွာဟသည်။

ထိုဓားချီသည် လီကျိုးစီ၏အသက်ကို ခြိမ်းခြောက်နိုင်ခဲ့လုနီးပါးပင်။

"ဒါက အမှန်ပဲ...လူငယ်မျိုးဆက်သစ်တွေက တော်တော်ကြောက်ဖို့ကောင်းလာတာပဲ...ငါက မင်းကို လျှော့တွက်ခဲ့မိတယ်...ဒါပေမဲ့ မင်းကိုအရှင်ဆက်ထားမယ်ဆိုရင် ငါတို့ထန်အင်ပါယာအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်"

လီကျိုးစီက သူ့၏လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။

သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်းမှနေ၍ ပြင်းထန်သောတုန်ခါမှုလှိုင်းများ ရုတ်တရက် ထွက်ပေါ်လာကာ လုယွီ၏ရှေ့သို့ စစ်ဗိုလ်ချုပ်ဆယ့်ခြောက်ယောက် ရောက်ရှိလာသည်။

ဤထန်စစ်ဗိုလ်ချုပ်များသည် အစောင့်တပ်ဆယ့်ခြောက်တပ်၏ မဟာစစ်ဗိုလ်ချုပ်များပင်။သူတို့အနက်မှအများစုသည် ရွှေအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ဖြစ်ပေ၏။

လေဟာနယ်အတွင်း၌ စစ်ဗိုလ်ချုပ်များ ထွက်ပေါ်လာသည်နှင့် တစ်ချိန်တည်းမှာပင် လီကျိုးစီ၏နံဘေး၌ အစွမ်းထက်သောအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။

"မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား"

လုယွီ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဝုန်း....ဝုန်း...ဝုန်း

အောင်းကွမ်း လုကျင်းရှန့်နှင့် တခြားစစ်ဗိုလ်ချုပ်များသည် အခြေအနေမကောင်းသည်ကိုမြင်တွေ့ချိန်တွင် လုယွီ၏နောက်သို့ရောက်ရှိလာကာ မတ်တတ်ရပ်လိုက်ကြ၏။

"ဘယ်လောက်တောင် မောက်မာရိုင်းစိုင်းတဲ့ ရန်သူစစ်ဗိုလ်ချုပ်လဲ....ဒါက ငါတို့ရဲ့နယ်မြေ ....မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကိုလာပြီး မောက်မာထောင်လွှားဝံ့တာလဲ"

အောင်းကွမ်းက ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် ပြောဆိုသည်။

အောင်းကွမ်း၏အော်ဟစ်ကြုံးဝါးသံနှင့်အတူ ပုန်းကွယ်နဂါးစစ်တပ်နှင့် ကောင်းကင်ချိုးဖျက်ခံတပ်တို့မှ စစ်ဗိုလ်ချုပ်အမြောက်အများသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားကာ လီကျိုးစီတို့လူစုကို ဝိုင်းရံလိုက်ကြသည်။

နှစ်ဖက်အကြားတွင် ပြင်းထန်သောမှော်စွမ်းအားများ ပွင့်အံ့ထွက်လာကာ ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ဖိအားအရှိန်အဝါများ မြင့်တက်လာသည်။

လီကျိုးစီက လုယွီကို စူးစိုက်၍ကြည့်လိုက်၏။

"တကယ်လို့ ငါတို့အားလုံး ခွန်အားကုန်အသုံးပြုပြီးတော့ မင်းကို တိုက်ခိုက်မယ်ဆိုရင်...မင်းကိုသတ်ဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ခု ရှိလာနိုင်တယ်"

လုယွီက ပြုံးလိုက်သည်။

"စစ်ဗိုလ်ချုပ်လီ...မင်းက ငါ့ကို ခြိမ်းခြောက်တာလား...ကြည့်ရတာတော့ မင်းတို့ရဲ့သခင်လေးလီဖူက ငါ့ရဲ့လက်ထဲမှာ ရှိနေတုန်းပဲဆိုတာ မင်း မေ့သွားတာလား"

"မင်းရဲ့အသက်က သခင်လေးလီဖူထက် ပိုပြီးအရေးကြီးတယ်"

လီကျိုးစီ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် လျော့ပါးသွားခြင်းမရှိချေ။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။လီကျိုးစီ မည်သည့်အရာအား ဆိုလိုသည်ကို သူ နားလည်သဘောပေါက်သည်။

လီကျိုးစီသည် ထန်အင်ပါယာ၏မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ အရေးကြီးသော အရာရှိတစ်ယောက်ပင်။လီဖူသည် သန်မာအားကောင်းခြင်းမရှိဘဲ တိုက်ပွဲတွင်ရှုံးနိမ့်ခဲ့သော်လည်း သူသည် တော်ဝင်မိသားစု၏မိသားစုဝင်တစ်ယောက် ဖြစ်နေဆဲပင်။

သို့ရာတွင် လီဖူသည် လုယွီ၏အသက်လောက် အရေးကြီးခြင်းမရှိဟု လီကျိုးစီက လူတိုင်း၏ရှေ့တွင် ပြောဆိုခဲ့သည်။ဤသည်မှာ အလွန်အမင်းလွန်ကဲသော ကိစ္စတစ်ရပ်ပင်။

ဤကိစ္စကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောဆိုခြင်းကို ကြည့်ခြင်းအားဖြင့် လီကျိုးစီသည် လုယွီအားသတ်ဖြတ်ရန် အမှန်တကယ်ရည်ရွယ်ထားပုံရသည်။

လုယွီသည် လီကျိုးစီကို ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤကဲ့သို့ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်သည်မှာ သူ့၏ကျင့်ကြံဆင့်နယ်ပယ်အတွက် အလွန်အထောက်အကူရပေ၏။

သို့ရာတွင် အကယ်၍ သူတို့သည် အမှန်တကယ်တိုက်ခိုက်ကြပါက ပုန်းကွယ်နဂါးစစ်တပ်သည်ပြင်းထန်သောဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်မှာ သေချာပေါက်ပင်။ဤသည်မှာ လုယွီ မြင်တွေ့လိုသော ကိစ္စတစ်ရပ်မဟုတ်ချေ။

Chapter 3962

"လုယွီ...ငါ ဒီနေ့ ဒီနေရာကိုလာတာ မင်းကို သတ်ဖို့ပဲ...တကယ်လို့ အရှင်သားက နောင်တစ်ချိန်မှာ ငါ့ကိုအပြစ်ပေးမယ်ဆိုရင်တောင် ငါ ဂရုမစိုက်ဘူး"

လီကျိုးစီ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ပို၍ပို၍သိပ်သည်းလာကာ အစိုင်အခဲအဖြစ်သို့ ဖြစ်တည်လုနီးပါးပင်။

ဤကဲ့သို့ အလွန်ကြီးမားသော ဖိအားအရှိန်အဝါအောက်တွင် လုယွီ၏ဘက်ရှိ စစ်ဗိုလ်ချုပ်အားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

သူတို့သည် အစောပိုင်းက လုယွီနှင့်လီကျိုးစီတို့အကြားမှတိုက်ပွဲကို မြင်တွေ့ပြီးဖြစ်သည်။ဤလီကျိုးစီသည် သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလားပင်။သူပြုလုပ်သည့် နည်းစနစ်များမှ လှုပ်ရှားမှုတစ်ခုစီတိုင်း မိုးကောင်းကင်ကိုပြိုလဲပြီး မြေပြင်ကိုအက်ကွဲစေနိုင်စွမ်းရှိသည်။

အကယ်၍ လုယွီ၏နေရာတွင် သူတို့သာ ဖြစ်ခဲ့ပါက တိုက်ကွက်အနည်းငယ်ကိုပင် ခုခံနိုင်မည်မဟုတ်ချေ။

လီကျိုးစီ၏စကားများကို ကြားချိန်တွင် လုယွီက ဤကိစ္စအား စေ့စပ်ညှိနှိုင်း၍မရတော့ကြောင်း နားလည်သဘောပေါက်သွားသည်။

"တကယ်လို့ မင်း ငါ့ကိုသတ်ချင်တယ်ဆိုရင်...မင်း ဘာတတ်နိုင်လဲဆိုတာ ကြည့်ကြသေးတာပေါ့"

သူ၏မျက်လုံးအတွင်းရှိ မီးတောက်များ ပို၍ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာကာ လီကျိုးစီကို တိုက်ခိုက်လိုက်၏။

"ငါက တိုက်ပွဲစစ်မြေပြင်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးတော့ ရန်သူတွေအများကြီးကို သတ်ဖြတ်ခဲ့တယ်...ဒါကြောင့် ငါ့မှာ ဒီနေ့လို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့အရှိန်အဝါမျိုး ပိုင်ဆိုင်ထားတာပဲ....လုယွီက ဘယ်လိုကျင့်ကြံခဲ့လို့ သူ့ဆီမှာ ဒီလိုအရှိန်အဝါမျိုး ရှိနေတာလဲ"

လီကျိုးစီ၏စိတ်နှလုံးသား လေးလံသွားသည်။

သူတို့နှစ်ယောက်အကြားတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တဖြည်းဖြည်းမြင့်တက်လာကာ နောက်ထပ်အချိန်အခိုက်အတန့်တွင် တိုက်ခိုက်ကြတော့မည့်အလားပင်။

ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။

"တော်ဝင်သံတမန် ရောက်လာပါပြီ"

ကြီးမားသော ရထားလုံးတစ်စီးက ရုတ်တရက်မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။ ဤရထားလုံးကို ရွှေရောင်သံချပ်ကာဝတ်စုံဝတ် စစ်သားရှစ်ယောက်က တော်ဝင်အစောင့်အကြပ်သုံးဆယ်ခြောက်ယောက်နှင့် အတူပူးပေါင်း၍ ကာကွယ်စောင့်ကြပ်နေသည်။ရွှေရောင်သံချပ်ကာဝတ် စစ်သားလေးယောက်သည် ထန်အင်ပါယာ၏မြေနဂါးအလံကို ကိုင်ထားကာ တခြားလေးယောက်သည် တော်ဝင်နဂါးအလံကို ကိုင်ထားလေ၏။

ရထားလုံးပေါ်တွင် ထန်အင်ပါယာ၏ခရမ်းရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် လူတစ်ယောက်ထိုင်နေသည်။သူ့ထံတွင် ကြီးကျယ်ခမ်းနားသောအရှိန်အဝါနှင့် ချောမောခန့်ညားသောမျက်နှာရှိသည်။သူသည် ယောက်ျားတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း သူ့ထံတွင် မိန်းမတစ်ယောက်ထက်ပို၍ ဆွဲဆောင်မှုရှိသောမျက်နှာမျိုး ရှိနေလေ၏။

ဤသည်မှာ ထန်အင်ပါယာ၏တော်ဝင်သံတမန်ပင်။

ကြည်လင်ပြတ်သားသောအော်သံသည် လေထုအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ဖြတ်တောက်သွားနိုင်ခဲ့သည်။

လီကျိုးစီ၏နံဘေးတွင်ရှိနေသော မဟာစစ်ဗိုလ်ချုပ်များအားလုံး တုန်လှုပ်သွားကာ သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ချက်ချင်းပျက်ပြယ်သွားသည်။သူတို့သည်ထပ်မံ၍ တည်ငြိမ်စွာနေနိုင်ခြင်း မရှိတော့ချေ။

"ဝူတင်းအမတ်ကြီးက သခင်လေးလီဖူကို ကောင်းကင်မူဝါဒရုံးတော်ဆီ ချက်ချင်းပြန်ခေါ်သွားဖို့ အရှင်ဧကရာဇ်က အမိန့်ပေးလိုက်တယ်....ဘာနှောင့်နှေးကြန့်ကြာမှုကိုမှ ခွင့်မပြုဘူး"

ခရမ်းရောင်ဝတ်စုံဝတ်လူသည် သူ့၏လက်အတွင်းရှိ ဓားရှည်ကိုမြှောက်ကာ တည်ငြိမ်စွာပြောဆိုလိုက်၏။

ထိုဓားရှည်မှနေ၍ တော်ဝင်အရှိန်အဝါတစ်ရပ် ဖြာထွက်နေသည်။

ထန်စစ်ဗိုလ်ချုပ်များသည် မြေပြင်ပေါ်၌ အလျင်စလို ဒူးထောက်လိုက်ကြကာ အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းဝံ့ခြင်းမရှိချေ။

လီကျိုးစီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"အရှင်ဧကရာဇ်က တခြားအမိန့်တစ်ခုခုကို ပေးလိုက်သေးလား"

"ဝူတင်းအမတ်ကြီး...ဒီတကြိမ်မှာ မင်းက ကြီးမားတဲ့အကျိုးဆောင်မှုကို ပြုလုပ်ခဲ့တယ်.... မင်းပြန်ရောက်သွားတာနဲ့ ရာထူးတိုးမြင့်ခံရလိမ့်မယ်...အခုက စစ်ပွဲကိုအဆုံးသတ်ဖို့ အချိန်ကျပြီ"

ခရမ်းရောင်ဝတ်စုံဝတ်လူက အပြုံးနှင့်ပြောဆိုသည်။

လီကျိုးစီ၏မျက်လုံးများ တဖျတ်ဖျက်တောက်ပနေကာ သူသည် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး စဉ်းစားနေပုံရသည်။

အချိန်အတော်ကြာပြီးနောက် သူက ရှည်လျားသောသက်ပြင်းတချက်ရှိုက်ကာ ဒူးထောက်လိုက်၏။

"ဒီအရာရှိက အမိန့်တော်ကိုနာခံပါတယ်"

ထိုနောက် လီကျိုးစီက လုယွီကိုလှည့်ကြည့်က ပြောဆိုလိုက်သည်။

"အရှင်လု...အရှင့်သားလီဖူကို ငါတို့ဆီပြန်ပေးဖို့ အချိန်ကျပြီ"

လုယွီသည် လီကျိုးစီကို ကြည့်ရှုခြင်းမပြုချေ။ထိုအစား သူ၏အကြည့်သည် ခရမ်းရောင်ဝတ်စုံဝတ်လူထံတွင်သာ အခိုင်အမာကျရောက်နေသည်။အချိန်တခဏကြာခန့် ထိုလူကို စူးစိုက်၍ကြည့်ပြီးနောက် သူက ရုတ်တရက်ရယ်ပြုံးကာ ပြောဆိုလိုက်၏။

"လီဖူကို ခေါ်လာခဲ့စမ်း"

လီဖူး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ တာယွီစစ်သားများ၏ ရှေ့သို့ကြမ်းကြမ်းတမ်းတမ်း တွန်းပို့ခြင်းကို ခံလိုက်ရသည်။

သူသည် ရိုက်နှက်မှုတစ်ခုတလေကိုမျှ ခံစားခဲ့ရခြင်းမရှိချေ။စစ်ရှုံးနိမ့်ခဲ့သောစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့်တိုင် သူသည် မည်သည့်နှိပ်စက်ညှင်းပမ်းမှုမျိုးကိုမျှ မခံစားခဲ့ရုံသာမက လုယွီသည်သူ့အား ရိုသေလေးစားစွာဆက်ဆံကာ အစေခံတချို့ကိုပင် သူ၏အနီး၌ ထားရှိပေးခဲ့သည့်

သို့ရာတွင် လီဖူသည် အလွန်အမင်းစိတ်လှုပ်ရှားနေကာ ယခင်ရက်အနည်းငယ်ကို ထိတ်လန့်ကြောက်ရွံစွာဖြင့် ဖြတ်သန်းခဲ့ရသည်။

လုယွီသည် သူ့အားသတ်ဖြတ်မည်ကို သူ စိုးရိမ်နေသည့်အပြင် စစ်ပွဲရှုံးနိမ့်ခဲ့သည့်အတွက်လည်း သူ အလွန်ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။တော်ဝင်မြို့တော်သို့ သူ ပြန်လည်ရောက်ရှိသွားသောအချိန်တွင် သူ အပြစ်ပေးခံရပေမည်။

ယခုလက်ရှိအချိန်တွင် သူသည် အလွန်အမင်း စိတ်ရှုပ်ထွေးနေပေ၏။

"ဝူတင်းအမတ်ကြီး...မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"

လီဖူသည် လီကျိုးစီကိုမြင်တွေ့ချိန်တွင် သူ မှီခိုအားထားနိုင်သော တစ်စုံတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားသဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူသည် အလွန်အမင်းစိတ်လှုပ်ရှားနေကာ ထိုနေရာသို့ လျှောက်လှမ်းသွားရန် ဟန်ပြင်လိုက်စဉ်မှာပင် လုယွီ၏ဟန့်တားခြင်းကို ခံလိုက်ရသည်။

"ငါ အတည်ပြုဖို့လိုတဲ့ ကိစ္စတစ်ခု ရှိနေသေးတယ်...မာလင်းသဘောတူညီချက်စာချုပ်ကို မင်းတို့ရဲ့အရှင်သားလီဖူက လက်မှတ်ထိုးထားခဲ့တယ်...ငါတို့က မင်းတို့ကတိပေးထားတဲ့နယ်မြေတွေကို ပြန်ယူရလိမ့်မယ်...စစ်လျော်ကြေးအတွက်ကတော့ မင်းတို့ ငါ့ကို ခုချက်ချင်းပေးတာက အကောင်းဆုံးဖြစ်မယ်လို့ ငါ ထင်တယ်"

Chapter 3963

လီဖူက အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။

"အဲ့ဒီစာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် မင်း ငါ့ကို ဖိအားပေးခဲ့တာလေ"

ယခုအချိန်၌ လီကျိုးစီသည် ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူ့ထံတွင် မှီခိုအားထားစရာ လူတစ်ယောက်ရှိနေသဖြင့် လီဖူသည် ယခင်ကဲ့သို့ ထိတ်လန့်ကြောက်ရွံခြင်းမရှိတော့ချေ။

လုယွီက သဘောတူညီချက်စာချုပ်ကို ထုတ်ယူကာ တည်ငြိမ်စွာပြောဆိုသည်။

"ဒီစာချုပ်ပေါ်မှာ အဖြူနဲ့အမည်းကို သဲသဲကွဲကွဲ ရေးထားတဲ့အပြင် ကောင်းကင်မူဝါဒရုံးတော်ရဲ့ အခွင့်အာဏာစည်းတံဆိပ်ကို ခတ်နှိပ်ထားတယ် ....မင်းတို့ထန်အင်ပါယာလို အင်ပါယာကြီးတစ်ခုက ဒီလိုကိစ္စတစ်ခုကို ဖြည့်ဆည်းပေးဖို့အတွက် ကတိပျက်မယ်လို့တော့ ငါ မထင်ဘူး....ဟုတ်တယ်မလား"

"တကယ်လို့ ဒီစာချုပ်က အချက်အလက်တွေကို ဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင်တော့ ငါ တောင်းပန်ပါတယ်...ငါ့အထင်တော့ လီဖူက ငါတို့ဆီမှာပဲ ကျန်နေရလိမ့်မယ်"

ဤစကားလုံးများကြောင့် လီကျိုးစီသည် စောဒကတက်လိုသောစကားများကို ဖွင့်ဟပြောဆိုနိုင်ခြင်း မရှိတော့ချေ။

အကယ်၍ သူသည် လီဖူကို ကယ်တင်လိုပါက မည်သည့်ပေးဆပ်မှုမျှမရှိဘဲ ရရှိမည်မဟုတ်ချေ။

လီကျိူးစီသည် စာရွက်ပေါ်ရှိအချက်အလက်များကို ကြည့်ပြီးနောက် သူ့၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

အင်မော်တယ်ကျောက်တုံး သန်းတစ်ထောင်...

ဤသည်မှာ လက်ဝဲစစ်တပ်နယ်မြေတခွင်လုံး၏ တနှစ်တာအခွန်အခ စုစုပေါင်းပမာဏသို့ ရောက်ရှိနေလေပြီ။

"ငါတို့စစ်တပ်မှာ ဒီလောက်များတဲ့ ငွေကြေးပမာဏမရှိဘူး...အခုချက်ချင်း ငါတို့ မင်းကိုပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

လီကျိုးစီက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

ဤမျှထိများပြားသော အင်မော်တယ်ကျောက်တုံးများကို သာမန်သိုလှောင်အိတ်အတွင်း၌ သိမ်းဆည်းထားရန်မှာ မဖြစ်နိုင်ပေ။ဤသည်ကို အထူးသီးသန့်စစ်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရန် လိုအပ်သည်။

လုယွီက အပြုံးနှင့် တည်ငြိမ်စွာပြောဆိုလိုက်၏။

"ချီဘုရင်က အနက်ရောင်မိုသဘောတူညီချက်ကို လက်မှတ်ထိုးပြီးတော့ အင်မော်တယ်ကျောက်တုံး သန်းရှစ်ရာကို မင်းဆီပေးထားတယ်မဟုတ်လား...အရင်ဆုံး မင်း ငါ့ကို အဲ့ဒါတွေ လွှဲပြောင်းပေးလို့ရတယ်...ကျန်တဲ့အင်မော်တယ်ကျောက်တုံးတွေအတွက်ကတော့ ငါက အလျင်မလိုပါဘူး...နောက်မှာ မင်း လူလွှတ်ပြီး ပေးခိုင်းလို့ရတယ်...ငါက အဲ့ဒီအချိန်ကျရင် လီဖူကို လွှတ်ပေးမယ်"

ထိုမြင်ကွင်းကိုကြည့်ပြီး လီဖူ၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။

လီကျိုးစီ ရောက်ရှိလာသည့်တိုင် သူ့အားကယ်တင်နိုင်ခြင်းမရှိမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဝူတင်းအမတ်ကြီး...မင်း ဘာတွေတွေဝေနေတာလဲ....မင်းပေးဖို့ အင်မော်တယ်ကျောက်တုံး ဘယ်လောက်များများ ကျန်နေတာလဲ...ဒီထက်ပိုပြီး ဆိုးလာစရာ အကြောင်းမရှိတော့ဘူး...ငါ မြို့တော်ကိုပြန်ရောက်တာနဲ့ မင်းကို အဲ့ဒီအင်မော်တယ်ကျောက်တုံးတွေ ပြန်ပေးမယ်"

လီဖူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူသည် လုယွီ၏နံဘေး၌ အချိန်တခဏပင် နေထိုင်လိုခြင်းမရှိချေ။

လီကျိုးစီ၏မျက်လုံးအတွင်း၌ ဝေခွဲရခက်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။အချိန်တခဏကြာပြီးနောက် သူက ပြောဆိုလိုက်၏။

"အဲ့ဒီအင်မော်တယ်ကျောက်တုံးတွေက တော်ဝင်နန်းတွင်းရဲ့ပိုင်ဆိုင်မှုပဲ...အဲ့ဒါတွေကို အသုံးပြုဖို့အတွက် ငါ့မှာ အခွင့်အာဏာမရှိဘူး"

သူ့၏အမြင်အရ အင်မော်တယ်ကျောက်တုံးသန်းရှစ်ရာသည် လက်ရွေးစင်စစ်တပ်များကိုထောက်ပံ့ပေးရန်အတွက် လုံလောက်သည်။

ဤသည်မှာ စစ်ရှုံးနိမ့်ခဲ့ပြီး အသုံးမကျသောကောင်းကင်မူဝါဒရုံးတော်၏ သခင်လေးတစ်ယောက်ထက် ပို၍အရေးပါသည်။

စိတ်ပျက်အားငယ်သော အရိပ်အယောင်များက လီဖူ၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။

လီကျိုးစီသည် ထန်ဧကရာဇ်၏အနီးကပ်လူယုံတစ်ယောက်ပင်။သူသည် ကောင်းကင်မူဝါဒရုံးတော်၏ သခင်လေးတစ်ယောက်သာဖြစ်ပေ၏။လီကျိုးစီ လုပ်ဆောင်လိုသောကိစ္စကို ကြားဝင်စွက်ဖက်ရန်အတွက် သူ့ထံတွင် အခွင့်အာဏာမရှိချေ။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမတ်ကြီးက ဘာမှစိတ်ပူနေစရာမလိုဘူး....ငါက အရှင်ဧကရာဇ်ဆီကနေ ခွင့်ပြုချက်တစ်ခု တောင်းလာခဲ့ပြီးပြီ... အဲ့ဒီအင်မော်တယ်ကျောက်တုံးတွေအားလုံး သူ့ကိုပေးပြီးတော့ ငါတို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ အရှင့်သားလီဖူကို ကယ်တင်ရမယ်"

ခရမ်းရောင်ဝတ်စုံဝတ်လူက ရုတ်တရက်ပြောဆိုသည်။

ထို့နောက် ခရမ်းဝတ်စုံဝတ်လူ၏လက်အတွင်း၌ 'ငါကိုယ်တိုင် ကြွချီလာသကဲ့သို့'ဟု ရေးထားသော တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာသည်။

ထိုတံဆိပ်ပြားပေါ်တွင် ဧကရာဇ်တစ်ပါး၏ကြီးမားကျယ်ပြန်ပြီး ခမ်းနားသော အရှိန်အဝါတစ်ရပ်ရှိနေကာ ဧကရာဇ်ကိုယ်တိုင် ရောက်ရှိလာသည့်အလားပင်။

ဤသည်မှာ ထန်ဧကရာဇ်မှနေ၍ သူ့ထံသို့ ချီးမြှင့်ထားသော အခွင့်အာဏာဖြစ်ပေ၏။

ထိုရွှေရောင်တံဆိပ်ပြားကို မြင်တွေ့ချိန်တွင် လီကျိုးစီသည် ခေါင်းငုံ့ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ကောင်းပြီလေ"

နေ့လည်ခင်းအရောက်တွင် ထန်စစ်တပ်မှ စစ်သင်္ဘောတစ်စီးသည် အင်မော်တယ်ကျောက်တုံးများကို သယ်ဆောင်၍ မာလင်းကြယ်နယ်မြေထံသို့ ရောက်ရှိလာသည်။

အနက်ရောင်မိုသဘောတူညီချက်စာချုပ်အရ ချီဘုရင်သည် စိတ်ဝိညာဥ်ကျောက်တုံးသန်းရှစ်ရာကို စစ်လျော်ကြေးအဖြစ် ပေးခဲ့ရသည်။ဤအချိန်အခိုက်အတက်တွင် ထိုအရာများအားလုံး လုယွီထံသို့ ရောက်ရှိလာခဲ့သည်။

ထိုမျှသာမက လီကျိုးစီသည် အစောင့်တပ်များမှ အင်မော်တယ်ကျောက်တုံးအမြောက်အများကိုလည်း လွှဲပြောင်းပေးခဲ့ရသည်။အဆုံးသတ်၌ သူသည် ကြွင်းကျန်သော အင်မော်တယ်ကျောက်တုံးသန်းနှစ်ရာကို စုဆောင်းနိုင်ခဲ့ကာ လုယွီထံသို့ လွှဲပြောင်းပေးလိုက်၏။

အင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်သည် လုယွီ၏လက်အတွင်းသို့ ရောက်ရှိသွားလေပြီ။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ချမ်းသာကြွယ်ဝမှုသည် နှိုင်းယှဉ်ပြစရာမရှိအောင် မြင့်တက်လာခဲ့သည်။အခြေခံအုတ်မြစ်နက်ရှိုင်းသော မိသားစုကြီးများကသာ လုယွီချမ်းသာကြွယ်ဝမှုနှင့် ယှဉ်ပြိုင်နိုင်ပေမည်။

"ဝူတင်းအမတ်ကြီး...မင်းတို့ကောင်တွေ အရင်ဆုံး ပြန်သွားလိုက်တော့....ငါက အရှင်လုနဲ့ဆွေးနွေးစရာ ကိစ္စတချို့ရှိနေသေးတယ်"

ခရမ်းရောင်ဝတ်စုံဝတ်လူက ပြောဆိုသည်။

တော်ဝင်သံတမန်၏စကားကို ကြားချိန်တွင် လီကျိုးစီသည် အနည်းငယ်မျှ စောဒကမတက်ဝံ့ချေ။သူသည် ခေါင်းညိတ်ပြကာ လီဖူကိုခေါ်ဆောင်၍ အလျှင်အမြန်ထွက်ခွာသွားတော့သည်။

Chapter 3964

လုယွီကိုသတ်ဖြတ်ရန် အကောင်းဆုံးအခွင့်အရေးအား လွဲချော်သွားပြီဖြစ်ကြောင်းကို လီကျိုးစီက ကောင်းစွာသိရှိထားသည်။

နေ့လည်ခင်းအချိန်တွင် သူသည် လုယွီကို အရပ်မျက်နှာအဘက်ဘက်မှနေ၍ ပိတ်ဆို့ဟန်တားထားနိုင်ခဲ့သည်။

အကယ်၍ ထိုအချိန်တုန်းက သူ တိုက်ခိုက်ခွင့်ရရှိခဲ့လျှင် အစွမ်းထက်ဆုမှော်မန္တန်များကို အသုံးပြု၍ လုယွီကို သတ်ဖြတ်နိုင်ပေမည်။ထိုသို့ ဖြစ်လာပါက သူသည် တခြားကိစ္စများကို စိုးရိမ်ပူပန်ရန် လိုအပ်တော့မည်မဟုတ်ချေ။

ထန်စစ်တပ်၏ စစ်သင်္ဘောပေါ်၌...

"အရှင့်သား...အခန်းထဲကိုသွားပြီးတော့ အနားယူလိုက်ပါလား"

လီကျိုးစီက ရုတ်တရက်ပြောဆိုသည်။

သူ၏နံဘေးတွင်ရှိသော ဆေးဖက်ဆိုင်ရာအရာရှိတစ်ယောက်က ပြောဆိုလေ၏။

"ဒီလက်အောက်ငယ်သားက အရှင့်သားလီဖူရဲ့ခန္ဓာကိုယ်ကို စစ်ဆေးပြီးပါပြီ..သူ့မှာ ဒဏ်ရာတွေအများကြီး ရထားတာမျိုးမရှိဘူး...သူက အကြောက်လွန်သွားခဲ့တာကြောင့် နည်းနည်းလောက်အနားယူဖို့ လိုအပ်နေရုံပဲ"

"အင်း...မင်း ထွက်သွားလို့ရပြီ"

လီကျိုးစီသည် သူ့၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ရှေ့သို့ ကြည့်လိုက်သည်။

သူ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ထားသော ထန်စစ်ဗိုလ်ချုပ်များရှိနေကာ သူတို့၏မျက်နှာများပေါ်တွင် ရှက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

ဤထန်စစ်ဗိုလ်ချုပ်များအားလုံးသည် ယခင်က လီဖူ၏နောက်လိုက်များပင်။

လီဖူသည် သူတို့၏ခေါင်းဆောင်ဖြစ်သဖြင့် ဤမျှထိ ဆိုးဝါးစွာရှုံးနိမ့်ခဲ့သည့် ကိစ္စအတွက် သူတို့လည်း အပြစ်ဒဏ်ခံယူရပေမည်။

စစ်သည်အင်အားသန်းနှင့်ချီသော အင်အားကောင်းသည့်စစ်တပ်ကြီးသည် တိုက်ခိုက်ခြင်းပင်မပြုနိုင်ဘဲ ရှုံးနိမ့်ခဲ့ရသည်။ထန်စစ်ဗိုလ်ချုပ်များသည် သူတို့၏ခေါင်းများကို အောက်သို့ငုံထားကာ ခေါင်းမမော့ဝံ့ကြတော့ချေ။

မကြာမီအချိန်မှာပင် သူတို့သည် ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံး၏ ရယ်စရာပြက်လုံးကြီးဖြစ်လာမည်ကို သူတို့ နားလည်သဘောပေါက်ထားသည်။

"ဒါက ဆယ်ရက်ပဲ ကြာသေးတယ်...မင်းတို့က ဒီလောက်ထိ မြန်မြန်ကြီးရှုံးနိမ့်ခဲ့တာလား"

လီကျိုးစီသည် သူ့၏လက်အတွင်းရှိ ကျားတံဆိပ်ပြားကိုပွတ်သပ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို အတိအကျပြောပြစမ်း"

....

ပုန်းကွယ်နဂါးစစ်စခန်း၌...

ခန်းမအတွင်းတွင် စစ်ဗိုလ်ချုပ်များအားလုံး စုဝေးနေကာ သူတို့ရှေ့ရှိ ခရမ်းရောင်ဝတ်စုံဝတ်လူကို စူးစိုက်၍ကြည့်နေကြသည်။

ဤထန်အင်ပါယာသံတမန်သည် မည်သည်ကြောင့် ဤနေရာ၌ ရှိနေသည်ကို မည်သူမျှ မသိရှိချေ။သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူတို့နှင့်ထန်အင်ပါယာသည် ရန်သူတော်များပင်။ ထိုကြောင့် ထန်အင်ပါယာသံတမန်နှင့် မျက်နှာချင်းဆိုင်နေရချိန်တွင် သူတို့ထံ၌ ကောင်းမွန်သောအမူအယာများ မရှိကြပေ။

"အဟွတ်..အဟွတ်..အရှင်လု ဒီတစ်ကြိမ်မှာ ငါက မင်းကိုကူညီပြီးတော့ ကြီးမားတဲ့အကျိုးဆောင်ပေးခဲ့တယ်..မင်း ငါ့ကို ကျေးဇူးမတင်ချင်ဘူးလား"

ခရမ်းရောင်ဝတ်စုံဝတ်လူက ရယ်မော၍ပြောဆိုသည်။

အမ်...

လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး ကြက်သေသေသွားလေ၏။

ဖြစ်နိုင်သည်မှာ ဤထန်အင်ပါယာသံတမန်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသလော....

လုယွီ၏နံဘေးတွင်ရှိနေသော အောင်းကွမ်းသည် ရုတ်တရက် သူ့၏ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာသည်ကို ခံစားရကာ မျက်မှောင်ကြုတ်၍ ပြောဆိုလိုက်သည်။

"ခဏနေအုံး...ငါ ဘာလို့ ဒီအသံကို ရင်းနှီးကျွမ်းဝင်တယ်လို့ ခံစားနေရတာလဲ"

လုယွီသည် မျက်မှောင်ကြုတ်ကာ ခရမ်းရောင်ဝတ်စုံဝတ်လူ၏နောက်ကျောကို တစ်ချက်ကန်ပြီး အော်ငေါက်လေသည်။

"ဟန်ဆောင်နေတာကို ရပ်လိုက်ပြီးတော့ မင်းရဲ့မူလပုံစံကို ချက်ချင်းပြန်ပြောင်းစမ်း"

ခရမ်းရောင်ဝတ်စုံဝတ်လူသည် ကန်ကျောက်ခံရသော်လည်း အနည်းငယ်မျှ ဒေါသထွက်သွားခြင်းမရှိချေ။ထိုအစား သူက တုံ့ပြန်၍အော်ဟစ်လိုက်၏။

"ကောင်စုတ်လေး...မင်းက တကယ့်ကို ကျေးဇူးမသိတတ်တဲ့ကောင်ပဲ...ဒီဘိုးဘေးက မင်းကိုကူညီခဲ့တာတွေအားလုံး အလဟဿဖြစ်သွားပြီ"

ထိုသို့ပြောဆိုပြီးနောက် ခရမ်းရောင်ဝတ်စုံဝတ်လူသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို ခါယမ်းလိုက်သည်။ထိုနောက် သူ၏ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်ဝတ်စုံ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ခန်းမအတွင်း၌ရှိနေသူများအားလုံး ဂရုတစိုက်ကြည့်လိုက်ကြရာ ထိုခရမ်းရောင်ဝတ်စုံအကြားမှနေ၍ တောက်ပသောသားမွှေးများရှိသည့် ခွေးနက်ကြီးတစ်ကောင် တွားသွားထွက်လာသည်ကို သူတို့ တွေ့မြင်လိုက်ရသည်။

ခွေးနက်ကြီးသည် သူ့၏အမြှီးကိုဝှေ့ယမ်းပြီး သူ့၏လက်ကိုမြှောက်ကာ နံဘေးရှိစားပွဲပေါ်မှသစ်သီးများကိုဆွဲယူ၍ သူ၏ပါးစပ်အတွင်းသို့ပစ်ထည့်လိုက်သည်။သူသည် သစ်သီးများအားလုံးကို တစ်ကိုက်တည်းဖြင့် ဝါးမြိုလိုက်၏။

"ဒါက ခွေးတစ်ကောင်ပဲ"

"ဒီခွေးက...သူ့မျက်လုံးတွေကို ကြည့်ရတာ ဘာလို့ထူးဆန်းနေတာလဲ"

လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့အနက်မှအများစုသည် လုယွီ ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ပြီးသည့်အချိန်မှ ရောက်ရှိလာသောလက်အောက်ငယ်သားများပင်။ထိုကြောင့် သူတို့သည် ခွေးနက်ကြီး မည်သူမည်ဝါဖြစ်သည်ကို မသိရှိကြချေ။

အောင်ကွမ်းတစ်ယောက်တည်းသာလျှင် ရှေ့သို့တိုးလာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

"ဘိုးဘေး....မင်း နောက်ဆုံးတော့ ရောက်လာပြီ"

ဤခွေးနှင့်နဂါးတို့သည် အောက်ဘုံအတွင်းတွင် တစ်ယောက်နှင့်တစ်ယောက် ဖက်လှဲတကင်းနေထိုင်ခဲ့ကြသည်။သူတို့သည် နေရာအနှံ့အပြားသို့သွားလာကာ ထင်ရာစိုင်းသော အပြုအမူများကို ပြုလုပ်ခဲ့ကြလေ၏။

သို့ရာတွင် ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ပြီးနောက် အောင်းကွမ်းနှင့်ခွေးနက်ကြီးတို့ ကွဲကွာသွားခဲ့သည်။မည်သို့ပင်ဆိုစေကာမူကောင်းကင်ဘုံနယ်မြေအတွင်း၌ တစ်ယောက်တည်း နေထိုင်ရသည်မှာ အလွန်စွန့်စားရာကျသည်။အကယ်၍ လုယွီကြောင့်သာမဟုတ်ပါက သူတို့သည် ယခုထိတိုင် နေရာငယ်လေးတစ်ခုအတွင်း၌ အတူတကွရှိနေနိုင်သည်။

"ဘာစိတ်ပူစရာရှိလို့လဲ...ဒီဘိုးဘေးပြန်ရောက်လာမှတော့ ငါက မင်းအတွက်ပစ္စည်းကောင်းလေးတွေ သေချာပေါက် ယူလာခဲ့တာပေါ့"

သစ်သီးများကိုဝါးစားနေသော ခွေးနက်ကြီး၏မျက်နှာပေါ်တွင် ပြောင်စပ်စပ်အမူအယာတစ်ရပ် ထွက်ပေါ်လာသည်။

Chapter 3965

'အပိုစကားတွေ မပြောနဲ့တော့...မင်းက ဘယ်လိုလုပ်ပြီးတော့ ထန်အင်ပါယာရဲ့တော်ဝင်သံတမန် ဖြစ်နေတာလဲ"

လုယွီက မေးမြန်းသည်။

ခွေးနက်ကြီးက စိတ်ကျေနပ်သောအပြုံးနှင့် တုံ့ပြန်သည်

"ငါက ဘယ်သူမလို့လဲ...ဘိုးဘေးမဟုတ်လား.... ငါ့လို အရောင်မတင်ရတဲ့ ကျောက်စိမ်းတစ်တုံးက ဘယ်နေရာမှာပဲ ထားပါစေ..ဘယ်တော့မှ ဖုန်တက်သွားမှာမဟုတ်ဘူး...အား ငါ့ရဲ့နားကိုမဆွဲနဲ့....ငါက မင်းကို အမှန်အတိုင်း ပြောနေတာလေ"

ထိုအချိန်ကျမှသာ လုယွီက သူ၏လက်ကိုလွှတ်လိုက်၏။ဤခွေးစုတ်၏အရေထူမှုသည် အလွန်ကြီးမားသဖြင့် သူ့ကိုယ်သူအမွန်းတင်နိုင်စွမ်း အလွန်ကောင်းမွန်သည်။

"ဒါက ကောင်းကင်ဘုံနယ်မြေထဲမှာရှိတဲ့ ရှေးဟောင်းသင်္ချိုင်းဂူတစ်ဂူကြောင့်ပဲ...အဲ့ဒီနေရာကို ထန်အင်ပါယာရဲ့တတိယမျိုးဆက် ဧကရာဇ်လီဝူက ချန်ထားခဲ့တယ်"

ခွေးနက်ကြီး၏မျက်နှာပေါ်တွင် အလေးအနက်ထားသောအမူအယာတစ်ရပ် ထင်ဟပ်လာကာ မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။

"ငါက လီကျီးကိုကူညီပြီးတော့ အဲ့ဒီရှေးဟောင်းသင်္ချိုင်းကို ချိုးဖျက်ပေးခဲ့တယ်...ဒါကြောင့် သူက အထဲမှာရှိတဲ့ ရှေးဟောင်းမှော်ရတနာကိုရယူနိုင်ခဲ့တယ်...အပြန်အလှန်အနေနဲ့ သူက ငါ့ကို ထန်အင်ပါယာရဲ့အဆင့်နှစ်အရာရှိရာထူးကိုပေးအပ်ခဲ့တယ်"

"အမ်...လီကျီးက အဲ့ဒီလိုလုပ်ဖို့အထိ ဆန္ဒရှိခဲ့တာလား"

လုယွီက အံ့အားသင့်တုန်လှုပ်သွားသည်။

ထန်အင်ပါယာတွင် ဒုတိယအဆင့်အရာရှိဟူ၍ အနည်းစုသာရှိသည်။

တာယွီအင်ပါယာအတွင်းရှိ ရာထူးများနှင့်တူညီစွာ သူသည် ထန်အင်ပါယာ၏ကံကြမ္မာစွမ်းအားများကို ရရှိနိုင်ပေ၏။

ခွေးနက်ကြီးက သူ့၏ခေါင်းကိုမော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။

"သေချာတာပေါ့...ငါ ဘိုးဘေးက ဘယ်သူမလို့လဲ...လီကျီးက ငါ့ကို တောင်းဆိုမှုတစ်ခုလုပ်ခဲ့မှတော့ သူက ငါ့ကို လေးလေးစားစားဆက်ဆံဖို့လိုအပ်တယ်"

ဤအချိန်အခိုက်အတန့်တွင် ခွေးနက်ကြီး၏နောက်၌ ထန်အင်ပါယာ၏ကံကြမ္မာစွမ်းအားပါဝင်သည့် နဂါးတစ်ကောင်၏ပုံရိပ် ဝိုးတဝါးထွက်ပေါ်လာသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။

အောင်းကွမ်းသည် နံဘေးတဖက်မှနေ၍ ချီးမွမ်းစကားပြောဆိုလေ၏။

"ဘိုးဘေးက အရမ်းတော်တာပဲ...ဘယ်နေရာကိုရောက်ရောက် လွှမ်းမိုးချုပ်ကိုင်နိုင်တယ်"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ သူ့၏ရှေ့ရှိ ကံကြမ္မာနဂါးကို ကြည့်ရသည်မှာ အတုအယောင်နှင့် တူညီမနေချေ။

ဤခွေးနက်ကြီးထံ၌ ထူးဆန်းသောနောက်ခံမျိုး ရှိနေသည်ကို လီကျီးက ခန့်မှန်းမိပြီးဖြစ်ပေမည်။ထိုသို့မဟုတ်ပါက သူသည် မည်သည်ကြောင့် ခွေးနက်ကြီးကို ဤကဲ့သို့ဘွဲ့ထူးမျိုး ပေးအပ်မည်နည်း။

"ဒါပေမဲ့ အခုလက်တလောအချိန်မှာ မင်းက ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တာကို ငါ ကြားခဲ့တယ်...မင်းက ငါနဲ့ကွဲကွာနေတာကြောင့် မင်းကိုကူညီနိုင်တဲ့သူ ရှားပါးနေမှာပဲ...ဒါကြောင့် ငါက မင်းကိုကူညီဖို့အတွက် ဒီနေရာကို ရောက်လာခဲ့တယ် ..မင်း ငါ့ကို အရမ်းကြီးကျေးဇူးတင်နေစရာ မလိုပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါက စိတ်သဘောထားကြီးမားတဲ့သူပဲ"

ခွေးနက်ကြီးက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

ဘန်း...

လုယွီက ခွေးနက်ကြီး၏တင်ပါးကိုကန်ကာ အော်ငေါက်လိုက်သည်။

"လူစကား ပြောစမ်း"

ဤခွေးနက်ကြီးသည် အကျိုးကျေးဇူးများရရှိနေသရွေ့ လက်လွှတ်မည်မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ခု ဖြစ်ပွားလာခြင်းသာ မရှိပါက သူသည် မည်သည်ကြောင့် လုယွီထံသို့လာရန် ရွေးချယ်မည်နည်း။

ခွေးနက်ကြီး၏အမြှီး ကျုံဝင်သွားကာ သူ့၏အစွယ်များကိုဖြဲဟပြီး ပြောဆိုလိုက်၏။

"ငါက အစတုန်းကတော့ တော်ဝင်မြို့တော်မှာကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်ခဲ့တယ်....ဒါပေမဲ့ ဝေရွှမ်ချန်းလို့ခေါ်တဲ့ လူအိုကြီးတယောက်က လီကျီးရဲ့ဘေးကို ရောက်လာမယ်လို့ ဘယ်သူက ကြိုသိမှာလဲ...သူက ငါ့ကို သံသယဝင်နေခဲ့တယ် ...အဲ့ဒီသောက်ကျင့်မကောင်းတဲ့ လူအိုကြီးက ငါ့မှာ ကောင်းမွန်တဲ့ဘဝတစ်ခုရှိနေတာကို မြင်ချင်တဲ့ပုံမရဘူး...ငါက အဲ့ဒီစာရင်းကို အနှေးနဲ့အမြန် သူနဲ့ဖြေရှင်းရလိမ့်မယ်"

အောင်းကွမ်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

"ဘိုးဘေး ထန်တော်ဝင်မြို့တော်မှာ မင်း ဘာလုပ်နေခဲ့တာလဲ"

ခွေးနက်ကြီးက ဂုဏ်ယူဝင့်ကြွားစွာ တုံ့ပြန်သည်။

"ငါက နေ့ဆိုရင် မိန်းမလှလေးတွေရှိတဲ့ အိမ်တွေနားမှာ လျှောက်သွားတယ်...ညအချိန်ကျရင် တော်ဝင်နန်းတော်မှာ နေထိုင်တယ်...မြို့တော်ထဲမှာရှိတဲ့ လူပေါ်ကျော့သခင်လေးတွေအားလုံးက ငါ့ရဲ့နောက်လိုက်တွေပဲ...မင်းတို့က ထန်တော်ဝင်မြို့တော်ကိုရောက်ရင် ငါ့ရဲ့နာမည်ကို ပြောလိုက်တာနဲ့ သူတို့က ကောင်းကောင်းမွန်မွန်ဆက်ဆံကြလိမ့်မယ်"

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ခန်းမအတွင်း၌ရှိနေသော စစ်ဗိုလ်ချုပ်များသည် သူတို့ရှေ့ရှိ ခွေးနက်ကြီးကိုကြည့်ကာ ကြက်သေသေသွားကြ၏။ဤခွေးနက်ကြီး မည်သည့်နေရာက ရောက်ရှိလာသည်ကို သူတို့အားလုံး မသိရှိကြချေ။

လုယွီက သူ့၏နားထင်ကို တင်းတင်းကြပ်ကြပ် ဖိနှိပ်လိုက်သည်။မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို သူ အနည်းငယ် ရိပ်စားမိပြီးဖြစ်သည်။

ထန်အင်ပါယာအတွင်းတွင် ခွေးနက်ကြီးသည် မောက်မာထောင်လွှားပြီး စည်းစနစ်မရှိပြူမူရုံဆိုပါက အကျိုးဆက်များ အလွန်အမင်းပြင်းထန်မည်မဟုတ်ချေ။

သို့ရာတွင် တော်ဝင်နန်းတွင်းတွင်မူ....

ကိစ္စကြီးတစ်ရပ် ဖြစ်သွားလေပြီ။

ဤခွေးစုတ်ခွေးနာသည် အလွန်အမင်း လိမ်လည်လှည်ဖျားတတ်ပြီး လောဘကြီးသည်။သူသည် လီကျီး သည်းခံနိုင်မည်မဟုတ်သော တစ်စုံတစ်ခုကို ပြုလုပ်ခဲ့သည်ဟု လုယွီက ခန့်မှန်းမိသည်။ဤသည်ကြောင့် သူ မောင်းထုတ်ခံရခြင်း ဖြစ်ပေမည်။

"ထန်အင်ပါယာမှာနေတဲ့ တခြားသူတွေ ဘယ်လိုအခြေအနေရှိလဲ"

လုယွီက မေးမြန်းသည်။

သူတို့သည် အောက်ဘုံမှတက်လှမ်းလာကာ ကောင်းကင်ဘုံလမ်းကြောင်းတလျှောက် ဖြတ်သန်းခဲ့ကြပြီးနောက် လူအများစု၏အကြောင်းကို တစ်ကြိမ်တခါမျှ ကြားရခြင်းမရှိတော့ချေ။

ခွေးနက်ကြီးသည် အလွန်စပ်စုသူဖြစ်သဖြင့် လူတိုင်း၏သတင်းများကို သိရှိနိုင်ပေမည်။

အကြီးအကဲရှင်း နတ်ဘုရားဝင်္ကပါပညာရှင်နှင့် တခြားသူများသည် လော့ရွှေကြယ်မြစ်အတွင်း၌ ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်းကို တည်ထောင်ထားကြသည်။သူတို့သည် ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းထားနိုင်သည်ဟု ယူဆနိုင်ပေ၏။

လုမိသားစုမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်သော လုကျန်းဟိုင်တို့လူစုသည်လည်း ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်းသို့ ဝင်ရောက်ခဲ့ကြသည်။ ယခုလက်ရှိအချိန်တွင် သူတို့သည် ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်း၏ အကြီးအကဲများ ဖြစ်နေလေပြီ။

သူတို့အကြားတွင် အကောင်းမွန်ဆုံးနာမည်ဂုဏ်သတင်းရှိသူမှာ လုထန်ကန်းဖြစ်နေသည်။

လုထန်ကန်းသည် အောက်ဘုံအတွင်း၌ ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ပင်။နောက်ပိုင်း၌ သူသည် လုယွီနှင့်အတူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာပြီးနောက် သူ၏အံ့အားသင့်ဖွယ်ကောင်းသော ပါရမီအရည်အချင်းကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။

ယခုလက်ရှိအချိန်တွင် လုထန်ကန်းသည် ထန်အင်ပါယာမှလက်ဝဲစစ်တပ်၏ စစ်ဗိုလ်ချုပ်ဖြစ်နေကာ တော်ဝင်မြို့တော်ကို စောင့်ကြပ်ရသည်။

Thank For Reading.

All Chapters