← Chapters

အခန်း (၇၁-၇၂)

Vol. 4 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 4 Ch. 71-72

အပိုင်း (၇၁) သန္ဓေပြောင်းကြောင်များကို သတ်ဖြတ်ခြင်း

သန္ဓေပြောင်းကြောင်သုံးကောင် အခန်းထဲသို့ ဝင်ရောက်လာပြီး အက်ရှရှ မာန်ဖီသံများ ပြုလုပ်နေကြသည်။

"ညောင်..."

ကျောချမ်းဖွယ် ကြောင်အော်သံ ထွက်ပေါ်လာ၏။ မီးဖိုချောင်ထဲရှိ လူငယ်မှာမူ အပြင်ဘက်အခြေအနေကို မသိရှာဘဲ နာကျင်စွာ အော်ဟစ်ဆဲဆိုနေဆဲပင်။

အားလုံးသိကြသည့်အတိုင်းပင် ကြောင်များသည် သားကောင်ဖမ်းသည့်အခါ ရုန်းကန်နေသော သားကောင်ကို ကျီစယ်ကစားရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။

မီးဖိုချောင်ထဲမှ အသံဗလံများကို ကြားလိုက်ရသည့်အခိုက်တွင် ကြောင်သုံးကောင်လုံး၏ အာရုံသည် ထိုနေရာသို့ ရောက်သွားကြပြီး တစ်ပြိုင်နက်တည်း မီးဖိုချောင်ဘက်သို့ ခုန်အုပ်လိုက်ကြတော့သည်။

ထိုအချိန်တွင် လင်းယွမ်က ခြေသံလုံလုံဖြင့် တံခါးအနောက်မှ ထွက်လာ၏။ မီးဖိုချောင်တံခါးဝသို့ လျင်မြန်စွာ ကပ်သွားပြီး အထဲသို့ ချောင်းကြည့်လိုက်သည်။

ကြောင်သုံးကောင်အနက် ကြောင်ကွက်ကြားနှစ်ကောင်က ကြမ်းပြင်ပေါ်ရှိ ငါးများကို စိတ်ဝင်စားသွားကြပြီး တစ်ကောင်လျှင် ငါးတစ်ကောင်စီကို ပါးစပ်ဖြင့် ကိုက်ချီလိုက်ကြသည်ကို တွေ့လိုက်ရ၏။ သို့သော် အဖြူအမဲ ကြောင်ကြီးကမူ သန္ဓေပြောင်းငါးများကို ကျော်လွန်ကာ ထိုလူငယ်ကိုသာ စိုက်ကြည့်နေသည်။

ယခုအချိန်တွင် ထိုလူငယ်မှာ ကြောက်လန့်လွန်း၍ မျက်နှာတွင် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ ဆီးများပင် ထွက်ကျကုန်သည်။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့..."

သူက တုန်ရီစွာ အော်ဟစ်ရင်း ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်တွင် အတင်းကန်ကျောက်နေသည်။ ကျိုးပဲ့နေသော ခြေထောက်မှ ပြင်းထန်သော နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ချေ။

သူ ထိုကဲ့သို့ ရုန်းကန်လိုက်ရာ ကြောင်ကွက်ကြားနှစ်ကောင်ပါ စိတ်ဝင်စားသွားပြီး ပါးစပ်ထဲမှ ငါးများကို ထွေးထုတ်ကာ သူ့ကိုယ်ပေါ်သို့ ခုန်တက်လိုက်ကြတော့သည်။

"အား... ထွက်သွား... ထွက်သွားစမ်း"

"ဆင်းသွားစမ်း... ကယ်ကြပါဦး... ကယ်ကြပါဦးဗျ"

ထိုလူငယ်မှာ ထိတ်လန့်တကြား အော်ဟစ်ရင်း သန္ဓေပြောင်းကြောင်များကို ခါချရန် ခန္ဓာကိုယ်ကို အတင်း လူးလိမ့်နေတော့သည်။

သူရုန်းကန်နေသည်ကို မြင်သောအခါ သန္ဓေပြောင်းကြောင်သုံးကောင်မှာ စိတ်လှုပ်ရှားလာကြ၏။ ထူးဆန်းသော အသံများပြုလုပ်ကာ ခြေသည်းလက်သည်းများဖြင့် အတင်းကုတ်ခြစ်ကြလေသည်။

ခဏအတွင်းမှာပင် ထိုလူငယ်၏ ခန္ဓာကိုယ်၌ အရေပြားများ စုတ်ပြဲကာ အသားစများ ပွင့်ထွက်ကုန်ပြီး သွေးများ ရွှဲနစ်သွားတော့သည်။

အပြင်ဘက်မှနေ၍ ဤမြင်ကွင်းကို ကြည့်နေသော လင်းယွမ် မျက်လုံးမှေးသွားသည်။ သန္ဓေပြောင်းကြောင်များသည် လူသားထက်စာလျှင် ငါးများကိုသာ ဦးစားပေး ရွေးချယ်တတ်ပုံရသည်။ ၎င်းသည် သန္ဓေပြောင်းသွားလျှင်တောင်မှ မမေ့ပျောက်သွားသော မျိုးရိုးဗီဇ မှတ်ဉာဏ်တစ်ခု ဖြစ်သည်။

လင်းယွမ်က ခြေသံလုံလုံဖြင့် မီးဖိုချောင်တံခါးကို ဖြည်းညှင်းစွာ လှမ်းပိတ်လိုက်သည်။

အိပ်ခန်းဘက်မှ လူများက လင်းယွမ် တံခါးပိတ်လိုက်နိုင်သည်ကို မြင်သောအခါ ဝမ်းသာသွားကြသည်။

တင်းယန်က ခါးကိုကိုင်းကာ အပြင်ထွက်လာပြီး ကျောက်ခိုင်ကို တွဲလျက် အလျင်အမြန် ပြေးထွက်သွား၏။ ချိုင်ကြည်လည်း ချက်ချင်း လိုက်ပါသွားသည်။ ကျန်လူများလည်း တစ်ယောက်ပြီးတစ်ယောက် တန်းစီထွက်လာကာ အိမ်တံခါးပေါက်ဆီသို့ အပြေးအလွှား သွားကြသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အခန်းတံခါးဝသို့ ရောက်သောအခါ မျက်လုံးထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက လက်ထဲမှ အချိုရည်ဗူးခွံတစ်ခုကို ရုတ်တရက် ပစ်ချလိုက်၏။

"ဂလောက်"

ဗူးခွံ ကြမ်းပြင်ပေါ် ကျသွားသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထိုခဏ၌ မီးဖိုချောင်ထဲရှိ သန္ဓေပြောင်းကြောင်သုံးကောင် လှည့်ကြည့်လာကြသည်။ လင်းယွမ် မျက်နှာပျက်သွားပြီး ထိုလူလတ်ပိုင်းအမျိုးသားကို စူးရဲစွာ လှမ်းကြည့်လိုက်မိသည်။

သို့သော် ထိုအမျိုးသားက ထီမထင်သည့်ပြုံးတစ်ချက် ပြုံးလိုက်ပြီး ကျန်လူများကို တွန်းဖယ်ကာ အခန်းထဲမှ အသက်လု၍ ပြေးထွက်သွားတော့သည်။

တင်းယန်နှင့် ကျောက်ခိုင်တို့မှာ အငိုက်မိသွားပြီး သူတွန်းလိုက်သဖြင့် ယိုင်နဲ့သွားကြသည်။

"ခွေးကောင်..."

ကျောက်ခိုင်က ဒေါသတကြီး ကြိမ်ဆဲလိုက်ပြီး ကိုယ်ကိုပြန်ထိန်းလိုက်ရ၏။

ချိုင်ကြည်လည်း သတိဝင်လာပြီး "ခွေးကောင်... ရပ်လိုက်စမ်း" ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအမျိုးသားက အေးစက်စက် ရယ်မောလိုက်ပြီး "ရန်ဖြစ်ချင်တာလား... ဟိုကြောင်တွေ ထွက်လာရင် ငါတို့အားလုံး သေကုန်မှာကွ" ဟု ပြောကာ လှေကားပေါ်သို့ လျင်မြန်စွာ တက်ပြေးသွားတော့သည်။

ထိုအချိန်တွင် မီးဖိုချောင်ဘက်၌ ကြောင်သုံးကောင်က တံခါးကို အတင်း ဝင်တိုက်နေကြပြီ ဖြစ်သည်။

လင်းယွမ် စိုးရိမ်ထိတ်လန့်သွားသည်။ မီးဖိုချောင်တံခါးမှာ မှန်ဖြင့် ပြုလုပ်ထားသဖြင့် သိပ်မခိုင်ခံ့လှပေ။ သူက တံခါးလက်ကိုင်ကို ချက်ချင်း လွှတ်လိုက်ပြီး အိမ်မကြီးတံခါးဆီသို့ အပြေးသွားကာ "မြန်မြန် သွားကြ" ဟု အော်ဟစ်လိုက်သည်။

တင်းယန်က ကျောက်ခိုင်ကို ဆွဲထူပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ အပေါ်ထပ်သို့ ချက်ချင်း ပြေးတက်တော့သည်။ ကျန်လူများလည်း ရုတ်တရက် အခြေအနေပြောင်းလဲမှုကြောင့် ဘာမှမစဉ်းစားနိုင်တော့ဘဲ လှေကားရှိရာသို့ ပြေးကြသည်။ ဉာဏ်ကောင်းသူများကမူ ၁၂ လွှာသို့ ရောက်သည်နှင့် တိုက် (၃) ဘက်သို့ တန်းပြေးကြလေသည်။

လင်းယွမ် တံခါးပေါက်ဝသို့ ရောက်သည်နှင့် မီးဖိုချောင်မှန်တံခါးကြီး ကွဲအက်သွားသံကို ကြားလိုက်ရသည်။ သူက ၁၂၀၃ အခန်းတံခါးမကြီးကို အလျင်အမြန် ဆွဲပိတ်လိုက်၏။

"ဒုန်း"

တံခါးပိတ်သွားပြီးနောက် တစ်ဖက်မှ တံခါးကို ဝင်ဆောင့်သံများနှင့်အတူ ကြောက်မက်ဖွယ် ကြောင်အော်သံများ၊ ခြေသည်းဖြင့် တံခါးကို ကုတ်ခြစ်သံများ ထွက်ပေါ်လာသည်။

လင်းယွမ် ရင်တထိတ်ထိတ်ဖြင့် စင်္ကြံလမ်းဘက်သို့ ဆုတ်ခွာလိုက်သည်။ ရုတ်တရက် "ညောင်" ဟူသော အသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ အဖြူအမဲကြောင်ကြီးက မီးဖိုချောင် ပြတင်းပေါက်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ထိုပြတင်းပေါက်မှန်က တံခါးလောက်ပင် မခိုင်ခံ့ချေ။

အဖြူအမဲကြောင်ကြီးက လက်သည်းဖြင့် ကုတ်ချလိုက်ရာ မှန်ပြတင်းပေါက်တွင် အက်ကြောင်းများ ထင်ဟပ်လာပြီး ကွဲတော့မည့်အခြေအနေသို့ ရောက်သွားသည်။

"လင်းယွမ်... မြန်မြန် လာခဲ့လေ" ဟု တင်းယန်က ၁၂ လွှာမှ လှမ်းအော်သည်။

လင်းယွမ်က ထိုကြောင်ကြီးကို ကြည့်ရင်း ငါးကိုမစားဘဲ လူသားကိုသာ ဦးစားပေး ရွေးချယ်ခဲ့သည်ကို ပြန်တွေးမိကာ သတ်ဖြတ်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။

ဤသန္ဓေပြောင်းကြောင်ကို အရှင်ထား၍ မဖြစ်ချေ။

နောက်တစ်စက္ကန့်တွင် သူ့လက်ထဲ၌ မည်းနက်ပြောင်လက်နေသော ဂလောက် ပစ္စတိုသေနတ်တစ်လက် ရောက်ရှိလာသည်။

လင်းယွမ်က ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ၁၀ ပေခန့် ကွာဝေးသော မီးဖိုချောင်ပြတင်းပေါက်သို့ ချိန်ရွယ်ကာ ပစ်ထည့်လိုက်တော့သည်။

"ဒိုင်း"

သေနတ်သံနှင့်အတူ အပြင်ဘက်ကောင်းကင်ယံ၌ မိုးကြိုးပစ်သံကြီး ပေါက်ကွဲထွက်ပေါ်လာပြီး လျှပ်စီးလက်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။

မှန်ကွဲသံနှင့်အတူ ခုန်ထွက်လာသော ကြောင်နက်ကြီး၏ ခန္ဓာကိုယ်မှာ လေထဲတွင် ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်သွား၏။

"ညောင်..."

နာကျင်စွာ အော်ဟစ်သံနှင့်အတူ လေထဲမှ အောက်ဘက် ရေလွှမ်းမိုးနေသော နေရာသို့ ဗွမ်း ခနဲ ပြုတ်ကျသွားလေသည်။

မီးဖိုချောင်ပြတင်းပေါက်တွင် နောက်ထပ် ကြောင်ကွက်ကြား နှစ်ကောင် ထပ်ပေါ်လာသဖြင့် လင်းယွမ် အချိန်ဆွဲမနေဘဲ ဆက်တိုက် ပစ်ခတ်လိုက်သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း"

သုံးချက်ဆက်တိုက် ပစ်ခတ်လိုက်ရာ ကံကောင်းထောက်မစွာပင် တစ်ချက်လွဲသွားသော်လည်း ကျန်နှစ်ချက်မှာ ကြောင်တစ်ကောင်ကို ထိမှန်သွားသည်။

ထိုသန္ဓေပြောင်းကြောင်မှာ ပွဲချင်းပြီး သေဆုံးကာ မီးဖိုချောင်ထဲသို့ ပြန်လည် လဲကျသွား၏။ ကျန်ရစ်သော ကြောင်တစ်ကောင်မှာ ကြောက်လန့်တကြားဖြင့် မီးဖိုချောင်အပြင်ဘက်သို့ ခုန်ထွက်လိုက်သော်လည်း ခြေကုပ်ယူစရာ မရှိသဖြင့် ရေပြင်ထဲသို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။

ရေထဲကျသံတစ်ချက်မှလွဲ၍ ဘာအသံမှ ထပ်မကြားရတော့ချေ။

လင်းယွမ် သက်ပြင်းချလိုက်နိုင်ပြီး သေနတ်ကို အမြန် ပြန်သိမ်းလိုက်သည်။

ထိုအချိန်တွင် လူရိပ်တစ်ရိပ် ပြေးဆင်းလာပြီး "လင်းယွမ်" ဟု လှမ်းခေါ်သည်။ လှည့်ကြည့်လိုက်ရာ တင်းယန် ဖြစ်နေသဖြင့် လင်းယွမ် စိတ်သက်သာရာ ရသွားသော်လည်း "ဘာလို့ ပြန်ဆင်းလာတာလဲ... မြန်မြန် သွားမယ်" ဟု ပြောလိုက်၏။

သူက ရှေ့မှဦးဆောင်၍ တင်းယန်လက်ကိုဆွဲကာ အပေါ်ထပ်သို့ အပြေးတက်လာခဲ့သည်။ ၁၃ လွှာအရောက်တွင် ကျောက်ခိုင်၊ ချိုင်ကြည်တို့နှင့် ပေါင်းဆုံမိကြ၏။ သူတို့သုံးဦးမှာ သန္ဓေပြောင်း သတ္တဝါများနှင့် ထပ်တွေ့မည်ကို စိုးရိမ်သဖြင့် ၁၅ လွှာရောက်သည်အထိ အဆက်မပြတ် ပြေးတက်ခဲ့ကြသည်။ ဘာသံမှ မကြားရတော့မှ သက်ပြင်းချနိုင်ကြတော့သည်။

"အစ်ကိုလင်း... ဟိုလူလတ်ပိုင်းအရွယ်ခွေးမသားက တိုက် (၃) ဘက်ကို ပြေးသွားတာ ကျွန်တော် မြင်လိုက်တယ်"

ကျောက်ခိုင်က ချိုင်ကြည်၏ တွဲကူမှုဖြင့် ဒေါသတကြီး ပြောသည်။

လင်းယွမ်က လက်ကာပြလိုက်ပြီး "ကိစ္စမရှိဘူး ဒီတိုက်ထဲမှာ ရှိနေသရွေ့ သူ ဘယ်မှ ပြေးမလွတ်ပါဘူး" ဟု ပြောလိုက်သည်။

"အရင်ဆုံး ပြန်ကြရအောင်... ဒီတိုက်ထဲမှာ သန္ဓေပြောင်းကြောင်တွေတင်မကဘူး သန္ဓေပြောင်းခွေးတွေရော မြွေတွေပါ ရှိနေနိုင်တယ် သတိထားကြ... စင်္ကြံလမ်းက မလုံခြုံတော့ဘူး"

"ဟုတ်တယ်... အချိန်ကြာလာတာနဲ့အမျှ တိရစ္ဆာန်လေးတွေက သန္ဓေပြောင်းငါးတွေကို စားမယ်၊ အပြင်က ရေတွေကို သောက်မယ်ဆိုရင် သေချာပေါက် သန္ဓေပြောင်းလဲတာတွေ ဖြစ်လာမှာပဲ... အားလုံး သတိထားကြပါ" ဟု တင်းယန်က ထောက်ခံပြောဆိုသည်။

ဒီနေ့တွေ့လိုက်ရသည့် သန္ဓေပြောင်းကြောင်များက သူတို့ကို တကယ်ပင် လန့်ဖျပ်သွားစေခဲ့သည်။ ကြောင်တောင် သန္ဓေပြောင်းနိုင်လျှင် ခွေးရော... ကြွက်ရော... ပိုးဟပ်နဲ့ ပုရွက်ဆိတ်တွေရော... ထိုအကောင်တွေကော သန္ဓေပြောင်းလဲကုန်ကြမည်လား။

သူတို့အားလုံး စိတ်လေးလံသွားကြပြီး ၃၂ လွှာသို့ အမြန် ပြန်တက်ခဲ့ကြသည်။

တင်းယန်၏ ခေါင်းထဲတွင် သစ်ဖောင်ဖွဲ့ပြီး ဤတိုက်မှ ထွက်ခွာမည်ဆိုသော လင်းယွမ်၏ စကားကို ပြန်ကြားယောင်မိသည်။ ဤကိစ္စကို အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။

တိုက်ထဲတွင် ဆက်နေလျှင် အန္တရာယ်များသည့်အပြင် အစာရေစာ ရှားပါးမှုနှင့်လည်း ကြုံရမည်။ တိုက်မှထွက်ခွာပြီး ပိုမြင့်သောနေရာသို့ သွားနိုင်မှသာ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိမည်။

သို့သော်...

သူမ စင်္ကြံလမ်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး ရေကြီးရေလျှံမှုများက လှိုင်းတံပိုး ထန်နေ၏။ ရေထဲတွင်လည်း သန္ဓေပြောင်းငါးများ ရှိနေသေးသည်။

ကြည့်ရသည်မှာ... ထွက်ခွာသွားရန် ဆိုသည်မှာလည်း လွယ်ကူလှမည့်ပုံ မပေါ်ချေ။

ဆက်ရန်...

အပိုင်း (၇၂) ဒီနေ့တော့ အမကို ကျွန်တော် ပြန်နှိပ်ပေးရမယ့်အလှည့်

[ဒင်... သင် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်သဖြင့် အမှတ် (၂၈) မှတ် ရရှိပါသည်]

[ဒင်... သင် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်သဖြင့် အမှတ် (၂၆) မှတ် ရရှိပါသည်]

အခန်း ၃၂၀၂ ၏ လသာဆောင်တွင် လင်းယွမ်သည် ငေးမောနေပုံရသော်လည်း လက်တွေ့တွင်မူ စနစ်၏ အမှတ်အသေးစိတ်ကို စစ်ဆေးနေခြင်း ဖြစ်သည်။

သန္ဓေပြောင်းကြောင်နှစ်ကောင်အနက် တစ်ကောင်မှာ လွတ်လမ်းမမြင်တော့သဖြင့် မြစ်ထဲသို့ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည့်အတွက် အမှတ်မရရှိခဲ့ပေ။

သို့သော် ကျန်နှစ်ကောင်မှာမူ သူ့အား အမှတ် (၅၄) မှတ်တိတိ ပေးစွမ်းခဲ့လေသည်။

၎င်းက ဘာကို ပြနေသနည်း။

ဤသန္ဓေပြောင်းကြောင်နှစ်ကောင်၏ သန္ဓေပြောင်းလဲမှုနှုန်းမှာ အလွန်မြင့်မားနေကြောင်း ပြသနေသည်။

ဝမ်ယန်မေနှင့် လျှိုအားလုံတို့ထက်ပင် အဆင့်မြင့်နေလောက်သည်။

"ဒီတိုက်တစ်ခုလုံးမှာရှိတဲ့ သန္ဓေပြောင်းသတ္တဝါတွေကိုသာ ရှင်းလိုက်ရင် ငါ အမှတ်ဘယ်လောက်တောင် ရလိုက်မလဲ"

လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားတက်ကြွသွားမိသည်။

အမှတ်များများရလေ မဲနှိုက်ခွင့် အခွင့်အရေး ပိုရလေပင်။

(၇၆) တိုက်တွင် တိုက်ခွဲ ၆ ခုရှိရာ အိမ်မွေးတိရစ္ဆာန် မွေးမြူထားသူ မနည်းလှပေ။

(သူတို့နေတဲ့ တိုက်နံပါတ် ၇၆မှာ တိုက်ခွဲ ၆ခုရှိပါတယ်။ တိုက်ခွဲ ၁ခုစီရဲ့ အလွှာတစ်လွှာမှာ တိုက်ခန်း၂ခန်းစီရှိပြီး တိုက်ခွဲ တစ်ခုနဲ့ တစ်ခုကြားကို လျှောက်လမ်း (သို့မဟုတ်) စင်္ကြံလမ်းနဲ့ ချိတ်ဆက်ထားပါတယ်)

"တိရစ္ဆာန် ဘယ်လောက်တောင် သန္ဓေပြောင်းကုန်ပြီလဲ ဆိုတာတော့ မသိနိုင်ဘူး"

"တကယ်လို့ သန္ဓေပြောင်းကုန်ပြီဆိုရင်တော့ လူတွေကို စပြီးစားနေကြလောက်ပြီ"

လင်းယွမ် တွေးတောရင်း လက်ရှိအမှတ်ကို ကြည့်လိုက်ရာ (၅၈) မှတ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အမှတ် (၅၀) ပေးရသော မဲဘီးကို တိတ်တဆိတ် ဖွင့်လိုက်သည်။

"စနစ်... မဲနှိုက်မယ်"

[ဒင်... သင် ဓာတ်ဆီ ၄ ပုံး မဲပေါက်ပါသည်]

လင်းယွမ် အံ့အားသင့်သွားပြီး ပစ္စည်းသိုလှောင်ခန်းကို အလျင်အမြန် ကြည့်လိုက်ရာ အဝါရောင် ဆီပုံးကြီးများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

စုစုပေါင်း လေးပုံးဖြစ်ပြီး အလေးချိန်မှာ ပေါင် (၁၁၀၀) ခန့်ရှိကာ တစ်ပုံးလျှင် ပေါင် (၂၇၅) ခန့် လေးသည်။

လင်းယွမ် ဝမ်းသာအားရ ဖြစ်သွားသည်။ အမှန်အတိုင်းဆိုရလျှင် ယခုအချိန်၌ သူ့ကို အစားအစာ ပေါင် (၁၁၀၀) ပေးလျှင်ပင် ဤမျှ စိတ်လှုပ်ရှားမိမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဓာတ်ဆီက အသုံးဝင်ပုံများပြားသောကြောင့် ဖြစ်သည်။

သူ့အိမ်တွင် မီးစက်တစ်လုံး ရှိနေသေးသည်ကို မမေ့ပါနှင့်။

ယခင်က လျှိုအားလုံကို ရင်ဆိုင်စဉ်က သူ့ဓာတ်ဆီအများအပြားကို ဖြုန်းတီးခဲ့ရသည်။

အပြင်ဘက်တွင် ရေလွှမ်းမိုးနေပြီး မြေအောက်ကားပါကင်များမှာ ရေမြုပ်နေပြီဖြစ်ရာ ကားများမှ ဆီစုပ်ထုတ်ရန်မှာ လက်တွေ့မကျသဖြင့် ဆီဖြည့်တင်းရန် နည်းလမ်းမရှိ ဖြစ်နေခဲ့သည်။

ယခုအချိန်၌ ဓာတ်ဆီ ပေါင် (၁၁၀၀) မဲပေါက်ခြင်းသည် အချိန်ကိုက် ဖြစ်လွန်းလှသည်။

ဤဓာတ်ဆီများသည် မီးစက်လည်ပတ်၍ လျှပ်စစ်ပစ္စည်းများကို အားသွင်းနိုင်ရုံသာမက တိုက်ပွဲဝင်ရန်အတွက် မီးလောင်ဗုံးကဲ့သို့သော လက်နက်များ ပြုလုပ်ရာတွင်လည်း အသုံးဝင်သည်။

ထို့ပြင် လျှပ်စစ်မီးဖိုသာ ရှာတွေ့ခဲ့လျှင် ထမင်းဟင်းချက်ပြုတ်ရန်အတွက် မီးမွှေးရသည့် ဒုက္ခပါ ပြေလည်သွားမည် ဖြစ်သည်။

လင်းယွမ် စိတ်ပျော်ရွှင်သွားသည်။ သူ့အိမ်ရှိ ဂက်စ်အိုးမှာ ဂက်စ်ကုန်ခါနီးပြီဖြစ်ရာ ယခု ဓာတ်ဆီရပြီဖြစ်သဖြင့် တိုက်ထဲတွင် လိုက်လံရှာဖွေပါက လျှပ်စစ်မီးဖိုတစ်လုံးလောက်တော့ တွေ့နိုင်မည် ဖြစ်သည်။

လတ်တလော ကာလအတွက် လောင်စာပြဿနာကို ပူစရာ မလိုတော့ပေ။

ဤ (၅၀) မှတ်က အလွန်တန်ဖိုးရှိလှသည်။

"မောင်လေး... ဘာတွေ စဉ်းစားနေတာလဲ"

အမမေက လသာဆောင်သို့ ထွက်လာပြီး လင်းယွမ်အား ရေနွေးတစ်ခွက် ကမ်းပေးလိုက်သည်။

လင်းယွမ်သည် ကျိုချက်ထားသော ရေကိုသာ သောက်လေ့ရှိကြောင်း သူမ သိထားသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ဒီတစ်ခါ လျှိုအားလုံကို သတ်နိုင်ခဲ့တာ မမျှော်လင့်တဲ့ အခက်အခဲတွေ ရှိခဲ့ပေမဲ့ စားစရာတွေ အများကြီး ရလိုက်တော့ ကျွန်တော် ပျော်နေတာ" ဟု ပြောလိုက်သည်။

"ကျောက်ခိုင်နဲ့ ဦးလေးမာရော ဘယ်လိုနေသေးလဲ"

ရန်မေက "ကျောက်ခိုင်က လက်ကောက်ဝတ် ရိုးကျိုးသွားတာ... အမဝူက ပြန်ဆက်ပေးထားပေမဲ့ အမတို့က အရိုးဆက်တာ နားမလည်တော့ သေချာဆက်မိရဲ့လား မသိဘူး... ဟူး... ကံကောင်းရင်တော့ ပြန်ကောင်းသွားမှာပေါ့... ကံမကောင်းရင်တော့ လက်တစ်ဖက် မသန်မစွမ်း ဖြစ်သွားလိမ့်မယ်" ဟု ပြောသည်။

"ဦးလေးမာကတော့ စိုးရိမ်စရာ မရှိပါဘူး... အရေပြား ပွန်းပဲ့ဒဏ်ရာလောက်ပါပဲ... ခဏလောက် အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး "ငါတို့ တိုက်ထဲမှာ ဆရာဝန်များ ရှိမလား မသိဘူး" ဟု ရေရွတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ရန်မေက တစ်စုံတစ်ခုကို သတိရသွားပြီး "အယ်... အမ သတိရပြီ... အမတို့ အိမ်ရာဝင်းထဲမှာ ဆရာဝန်တစ်ယောက် ရှိတယ်... သိပ္ပံမြို့တော် ဆေးရုံက ဆရာဝန်ပဲ... ခဏလေး... အမ ဂရုထဲမှာ ပြန်ရှာကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

ရန်မေက ဖုန်းကို အလျင်အမြန် ဖွင့်ကာ ယခင် တိုက်ခန်းပိုင်ရှင်များ၏ ဂရုဟောင်းကို မွှေနှောက်ရှာဖွေလေသည်။

ယခု အင်တာနက်လိုင်းများ မရတော့သော်လည်း အရင်ပြောထားသည့် စာများက ကျန်ရှိနေသေးသည်။

ဖြူဝင်းသွယ်လျသော လက်ချောင်းလေးများဖြင့် ပွတ်ဆွဲရှာဖွေပြီးနောက် သူမ ချက်ချင်း ပြောလိုက်သည်။ "တွေ့ပြီ... တိုက်(၇၅)၊ အခန်း ၅၀၁ က ပိုင်ရှင်ပဲ... နာမည်က ရန်ရှန်းမင်တဲ့"

"ဘာအထူးကု ဆရာဝန်လဲ" ဟု လင်းယွမ်က မေးလိုက်သည်။

"နေဦး... အမ ကြည့်လိုက်ဦးမယ်... တိုင်းရင်းဆေးဆရာဝန်နဲ့ တူတယ်... ဟုတ်တယ်... တိုင်းရင်းဆေးဆရာဝန်ပဲ"

"အရင်တုန်းက ဂရုထဲမှာ လူတချို့ သူ့ဆီက နှာခေါင်းစည်း ရမလားလို့ မေးရင်း စကားပြောဖူးကြတယ်"

လင်းယွမ် ခေါင်းမော့ကာ လသာဆောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မျက်မှောင်ကြုတ်လျက် " တိုက်(၇၅) ၊ အခန်း ၅၀၁ ဆိုတော့... ရေမြုပ်နေလောက်ပြီ မဟုတ်ဘူးလယား" ဟု မေးလိုက်သည်။

တိုက်(၇၅) က သူတို့ တိုက်(၇၆) ၏ မျက်နှာချင်းဆိုင်တွင်ရှိပြီး ပေ (၁၅၀) ခန့်သာ ကွာဝေးသည်။ ကြည့်လိုက်လျှင် အလွန်နီးကပ်သည်။

သို့သော် ရေလွှမ်းမိုးမှုအောက်တွင် သန္ဓေပြောင်းငါးများ သောင်းကျန်းနေချိန်၌ မည်သူ အပြင်ထွက်ရဲမည်နည်း။

ပေ (၁၅၀) ခန့်သာ ဝေးသော်လည်း ရေထဲဆင်းလိုက်သည့်အချိန်၌ သန္ဓေပြောင်းငါးများ၏ ဝိုင်းဝန်း ကိုက်ဖြတ်စားသောက်ခြင်းကို ခံလိုက်ရပေလိမ့်မည်။

မဖြစ်မနေ သွားရမည်ဆိုလျှင်တော့... လှေရှိမှ ဖြစ်မည်။

လှေအကြောင်း တွေးမိသည်နှင့် လင်းယွမ်သည် ဤတိုက်မှ ထွက်ခွာမည့် အစီအစဉ်ကို ပြန်လည်စဉ်းစားမိလိုက်သည်။

လက်ရှိတွင် ရိက္ခာလုံလောက်မှုရှိသဖြင့် လက်တလော ကာလအတွင်း အပြင်ထွက် စွန့်စားရန် မလိုသေးပေ။

အရေးအကြီးဆုံးမှာ အပြင်ထွက်ရန်အတွက် လှေတစ်စင်း အမြန်ဆုံး ဖန်တီးရန်ပင် ဖြစ်သည်။

ရေနွေးတစ်ငုံ သောက်လိုက်ပြီးနောက် လင်းယွမ်က မေးလိုက်သည်။ "အမမေ... အမ အခန်းမှာ လျှပ်စစ်မီးဖို ရှိလား"

ရန်မေက ခေါင်းခါလျက် "အမဆီမှာ မရှိဘူး... ဟော့ပေါ့စားတဲ့ အိုးတစ်လုံးနဲ့ လျှပ်စစ်ဒယ်အိုး အပြားပဲ ရှိတာ" ဟု ဖြေသည်။

လင်းယွမ်က "ခဏနေကျရင် အဲဒါတွေ အကုန်ယူပြီး အိမ်ပြန်သယ်သွားရအောင်" ဟု ပြောလိုက်သည်။

"ကျွန်တော်တို့ ဂက်စ်အိုးက ကုန်တော့မှာမလား"

ရန်မေ မျက်နှာတွင် စိုးရိမ်စိတ်များ ပေါ်လာပြီး "ဟုတ်တယ်... အမ ကြည့်လိုက်တော့ နည်းနည်းပဲ ကျန်တော့တယ်... ချွေတာသုံးရင်တောင် တစ်ပတ်ခံမှာ မဟုတ်ဘူး" ဟု ပြောသည်။

"အဲဒီတစ်အိုးတည်းကို သုံးနေတာ နှစ်လရှိပြီဆိုတော့ ကုန်တာလည်း ဆန်းတော့ မဆန်းပါဘူး။"

"ကျွန်တော် ခဏနေ အပြင်ထွက်ပြီး လျှပ်စစ်မီးဖို ရှိ၊ မရှိ လိုက်ရှာကြည့်ဦးမယ်... ရရင်တော့ နောက်ပိုင်း ဟင်းချက်တဲ့အခါ လျှပ်စစ်မီးဖိုပဲ သုံးကြတာပေါ့"

ရန်မေက အလောတကြီးဖြင့် "မောင်လေးရယ်... လျှပ်စစ်မီးဖိုက မီးအား အရမ်းစားတာ... မီးစက်မောင်းဖို့လည်း ဓာတ်ဆီလိုသေးတယ်လေ... အိမ်မှာ ဓာတ်ဆီက သိပ်ကျန်တော့တာ မဟုတ်ဘူး" ဟု တားလေသည်။

"ထမင်းချက်ဖို့က မပူပါနဲ့... အမ နောက်ကျရင် သစ်သားကြမ်းခင်းတွေ ခွာပြီး မီးမွှေးချက်လို့ ရပါတယ်" ဟု သူမက ဆက်ပြောသည်။

လင်းယွမ်က ခေါင်းခါလိုက်သည်။ "မလုပ်နဲ့... သစ်သားဆိုတာ နောက်ပိုင်းကျရင် ရှားပါးပစ္စည်း ဖြစ်လာမှာ... အားလုံးက မီးမွှေးစရာ မရှိလို့ လုနေကြတော့မှာ"

"ပြီးတော့ ကျွန်တော်က သစ်သားဖောင်တစ်ခု လုပ်ဖို့ စီစဉ်ထားတာ... သစ်တွေ အများကြီး လိုတယ်... သစ်သားကို အလကား ဖြုန်းတီးလို့မဖြစ်ဘူး"

"ဓာတ်ဆီကိစ္စအတွက်တော့ မပူနဲ့... ကျွန်တော့်မှာ ရအောင်လုပ်ဖို့ နည်းလမ်းရှိတယ်"

ထိုစကားကို ကြားသောအခါ ရန်မေက ခေါင်းညိတ်လိုက်သော်လည်း စိတ်ပူနေဆဲ လေသံဖြင့် "ဒီမိုးကြီးက ဘယ်တော့မှ ရပ်မှာလဲ မသိဘူး... ဒီအတိုင်းသာ ဆက်သွားရင် မီးမွှေးစရာတောင် ရှိတော့မှာ မဟုတ်ဘူး" ဟု ညည်းတွားလိုက်သည်။

လင်းယွမ်က အပြင်ဘက်မှ တသည်းသည်း ရွာသွန်းနေသော မိုးကို ကြည့်ရင်း "မိုးက တော်တော်နဲ့ တိတ်မယ့်ပုံ မပေါ်ဘူး။ မိုးကောင်းကင်ကို ကြည့်ပါလား... နေသာမယ့် အရိပ်အယောင်တောင် မမြင်ရဘူး" ဟု လေးနက်စွာ ပြောလိုက်သည်။

"ထားလိုက်ပါတော့... ကျွန်တော် လျှပ်စစ်မီးဖို သွားရှာလိုက်ဦးမယ်။"

ရန်မေက "မောင်လေး.. မနက်လင်းခါနီးနေပြီ... နားလိုက်ပါဦးလား... မနက်ဖြန်ကျမှ ရှာလည်း နောက်မကျပါဘူး" ဟု ပြောလိုက်သည်။

လင်းယွမ် စဉ်းစားလိုက်ပြီး "အင်း... ဟုတ်သားပဲ... ဒါဆို အိမ်ပြန်ကြစို့" ဟု ပြောလိုက်သည်။

"အိမ်ပြန်ကြစို့" ဟူသော စကားကို ကြားလိုက်ရသည်နှင့် ရန်မေ၏ မျက်နှာတွင် ပန်းပွင့်လေးကဲ့သို့ အပြုံးတစ်ခု ပွင့်လန်းလာသည်။ သူမ ခေါင်းကို ချက်ချင်းညိတ်ကာ လင်းယွမ်၏ လက်မောင်းကို ဖက်တွယ်လျက် "အင်း... အိမ်ပြန်ကြမယ်" ဟု ပြောလေသည်။

လင်းယွမ် ပြုံးလိုက်သည်။ သူမ၏ နူးညံ့အိစက်သော ရင်သားအစုံ၏ အထိအတွေ့ကို ခံစားလိုက်ရသဖြင့် သူ့ရင်ထဲတွင် ရမ္မက်မီးများ တောက်လောင်လာသည်။

အခြားသူများကို နှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦး အခန်း ၃၂၀၁ သို့ ပြန်လာခဲ့ကြသည်။

ရန်မေ ကောင်းကောင်း မရပ်နိုင်သေးခင်မှာပင် လင်းယွမ်က သူမကို ပွေ့ချီလိုက်သည်။

ရန်မေက အံ့သြသွားပြီး တိုးတိုးလေး အော်လိုက်မိသည်။ မျက်နှာလေး ရဲခနဲဖြစ်သွားကာ "ရေ... ရေတောင် မချိုးရသေးဘူးလေ" ဟု ရှက်သွေးဖြာစွာ ပြောသည်။

လင်းယွမ်က ဟားတိုက်ရယ်မောလိုက်ပြီး "အတူတူ ချိုးကြတာပေါ့" ဟု ပြောလိုက်သည်။

ရန်မေ၏ အာမေဋိတ်သံလေးများကြားတွင် သူက ရေချိုးခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

ရေပြတ်တောက်နေသည်မှာ ကြာပြီဖြစ်၍ ယခုအခါ မိုးရေခံထားသော ဇလုံများဖြင့်သာ ရေချိုးကြရသည်။

ရန်မေသည် ယနေ့တွင် အဖြူရောင် ပန်းပွင့်လေးများ ပါသည့် ဂါဝန်ကို ဝတ်ဆင်ထားပြီး လုံခြုံသပ်ရပ်နေသော်လည်း လက်တစ်ဆုပ်စာမျှသာရှိသော ခါးလေးအထက်တွင်မူ စိုပြေဝင်းမွတ်သော ရွှေရင်အစုံက နေရာယူထားသည်။

လင်းယွမ်က ပြုံး၍ "မနေ့က အမ ကျွန်တော့်ကို နှိပ်ပေးခဲ့တာဆိုတော့ ဒီနေ့ အမကို ကျွန်တော် ပြန်နှိပ်ပေးရမယ့်အလှည့်ပေါ့" ဟု ပြောလိုက်သည်။

ရန်မေ၏ မျက်နှာလေးမှာ ပန်းရောင်သမ်းသွားပြီး "မောင်လေးက... နှိပ်တတ်လို့လား" ဟု မေးလိုက်သည်။

လင်းယွမ်က ရယ်လိုက်ပြီး "ခဏနေရင် သိလာမှာပါ" ဟု ပြောလိုက်သည်။

စကားပြောနေရင်း သူ၏ လက်ကြီးများက ဂါဝန်စကတ်အောက်သို့ လျှိုဝင်သွားပြီး ဖြစ်သည်။

ရန်မေမှာ တစ်ကိုယ်လုံး နူးခွေပျော့အိသွားပြီး သူ့ရင်ခွင်ထဲသို့ မှီတွယ်ကျသွားလေသည်။ သူမ၏ မျက်ဝန်းအိမ်တွင် ချစ်ရည်ရွှန်းလဲ့နေပြီး အသက်ရှူသံများလည်း မြန်ဆန်လာတော့သည်။

ဆက်ရန်...

All Chapters