← Chapters

အခန်း (၇၇-၇၈)

Vol. 4 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 4 Ch. 77-78

အပိုင်း (၇၇) ဝမ်ယန်မေနှင့် ရင်ဆိုင်ခြင်း

ထူးဆန်းအေးစက်ဖွယ်ကောင်းသော ရယ်မောသံတစ်ခုသည် လူတိုင်း၏နားထဲသို့ ရုတ်တရက် တိုးဝင်လာသည်။

ထိုမျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်ပြီး သွေးရောင်ဟူ၍ အလျဉ်းမရှိ။

လင်းယွမ်က အသိစိတ်ဖြင့် လေတစ်ချက် ရှူသွင်းလိုက်မိပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ ထိုအခါမှသာ ထိုအရာသည် တံခါးတွင် ချိတ်ဆွဲထားသော အလောင်းကောင်တစ်ခုဖြစ်ကြောင်း သတိထားမိလိုက်သည်။ အလောင်းကောင်သည် တံခါးရွက်ပေါ်တွင် တွဲလောင်းကျနေပြီး လေတိုက်တိုင်း ယိမ်းထိုးလှုပ်ရှားနေသည်။

ဧည့်ခန်းထဲတွင်တော့ အဖြူရောင်ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော ဝမ်ယန်မေသည် အလွန်အမင်း ပုပ်ပွနေပြီဖြစ်သည့် အမျိုးသမီးအလောင်းတစ်ခုကို ပြုံးဖြီးဖြီးဖြင့် ပွေ့ဖက်ထားလေသည်။

ထိုအလောင်းသည် တခြားသူမဟုတ်၊ သူမ၏သမီး လျူချန်ပင် ဖြစ်သည်။

အခန်းထဲတွင် တံခါးဝမှ အလောင်းကောင်အပြင် ဝရံတာ၊ မီးဖိုချောင်နှင့် ဧည့်ခန်းတို့၌လည်း ကြိုးဆွဲချထားသော အလောင်းကောင်များ ရှိနေသေးသည်။ အဝေးမှ လှမ်းကြည့်လျှင် အခန်းထဲ၌ လူများဖြင့် ပြည့်နှက်နေသည်ဟု ထင်မှတ်ရပေမည်။

ဤမြင်ကွင်းကား လူကို ကြက်သီးမွေးညင်းထစေသည်။

တင်းယန်ပင်လျှင် ကျောချမ်းသွားပြီး "သူဘာလုပ်နေတာလဲ... ဘာလို့ ဒီအလောင်းတွေကို ဆွဲထားတာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။

လင်းယွမ်က ခေါင်းခါလိုက်သော်လည်း မျက်လုံးများကမူ ဝမ်ယန်မေကို စူးစိုက်ကြည့်နေသည်။

(၁.၇) အထိ မြင့်မားသော စိတ်စွမ်းအားအမှတ်ကြောင့် ဝမ်ယန်မေထံမှ ထူးဆန်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်ကို သူအာရုံခံမိလိုက်သည်။ ဒီနေ့မြင်ရသည့် ဝမ်ယန်မေသည် မနေ့ကထက် ပိုမိုကြောက်မက်ဖွယ် ကောင်းနေပုံရသည်။

"သူ့ရဲ့ သန္ဓေပြောင်းလဲမှုနှုန်းက ထပ်တက်သွားတာလား"

"ဒါပေမဲ့ တစ်ရက်ပဲ ရှိသေးတာကို... ဘာလို့ ဒီလောက်မြန်မြန်ကြီး ပြောင်းလဲသွားရတာလဲ"

လင်းယွမ်၏ စိတ်ထဲတွင် သံသယများဖြင့် မရေမရာ ဖြစ်နေသည်။ သို့သော် ဝမ်ယန်မေ၏ လက်ရှိအခြေအနေက လူကို ထိတ်လန့်တုန်လှုပ်စေသည်မှာ အမှန်ပင်။ လင်းယွမ်တို့ သုံးဦးသည် စွတ်ရွတ်မတိုက်ခိုက်ရဲသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်။

ထိုစဉ် ဝမ်ယန်မေသည် သမီးဖြစ်သူ လျူချန်၏ အလောင်းကို ပွေ့ဖက်ထားရင်း ကြင်နာစွာ ပြောလိုက်သည်။ "ကြည့်စမ်း... ရှောင်ဟူက သမီးကို လာရှာနေတယ်လေ... သူစန္ဒရားတီးတဲ့ပုံစံကို သမီးအကြိုက်ဆုံးဆို"

"အရင်တုန်းက သမီး အရွယ်မတိုင်ခင် ရည်းစားထားတာကို အမေကန့်ကွက်ခဲ့တယ်... အထက်တန်းကျောင်းသူအရွယ်မှာ ရည်းစားထားရင် စာမလုပ်နိုင်မှာစိုးလို့လေ"

"အခုတော့ အမေ မကန့်ကွက်တော့ပါဘူး... သူဟိုမှာလေ... သွား... သွားကစားလိုက်ဦးလေ သမီးလေး"

"ချန်ချန်... သမီးက ဘာလို့ အမေ့ကို ပြန်မပြောတာလဲ"

"သြော်... သမီး ဗိုက်ဆာနေပြီလား"

"အမေ ထမင်းသွားချက်ပေးမယ်နော်"

ဝမ်ယန်မေက သမီးဖြစ်သူ၏အလောင်းကို ချထားခဲ့ပြီး မီးဖိုချောင်ရှိ အလောင်းကောင်တစ်ခုရှေ့သို့ လျှောက်သွားလိုက်သည်။ သူမက လက်ဝါးကို ဆန့်ထုတ်လိုက်ရာ လက်ချောင်းငါးချောင်းသည် ဓားသွားများသဖွယ် ဖြစ်သွားပြီး အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် အသားတစ်တုံး ပြတ်ထွက်လာသည်။

သူမသည် သီချင်းတိုးတိုးလေး ညည်းရင်း မီးဖိုချောင်ထဲတွင် ဒေါက်... ဒေါက်... ဒေါက်... မြည်အောင် အသားစင်းနေလေသည်။ ခဏအကြာတွင် ပန်းကန်လုံးထဲ၌ အသားစိမ်းများကို ထည့်ကာ ပြန်ထွက်လာသည်။ သူမကိုယ်တိုင် အရသာမြည်းစမ်းရင်း လျူချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ချန်ချန်... မြည်းကြည့်ပါဦး... ဒါ သမီးအကြိုက်ဆုံး အသားလုံးဟင်းလေ"

သူမက လျူချန်၏ ပါးစပ်ကို အတင်းဟခိုင်းပြီး အစာခွံ့ကျွေးလိုက်သည်။ ရုတ်တရက် ပုပ်ပွနေသော ပါးစပ်ပေါက်ထဲမှ လောက်ကောင်များ တဖွားဖွားထွက်လာကြသည်။

ဝမ်ယန်မေက လောက်ကောင်များကို ဖမ်းယူလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောသည်။ "ကြည့်စမ်း... သမီးကလည်းကွာ... ထမင်းတွေ ပြန်ထွက်လာပြီ"

သူမက လောက်ကောင်များကို သူမ၏ပါးစပ်ထဲသို့ ပစ်ထည့်ကာ ဝါးစားလိုက်ပြီး သမီးဖြစ်သူကို ဆက်လက် အစာခွံ့နေပြန်သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း တင်းယန်ခမျာ ပျို့အန်ချင်လာသည်။ သာမန်လူတစ်ယောက်သာဆိုလျှင် ဤမြင်ကွင်းကိုကြည့်ပြီး ကြောက်လွန်း၍ ရူးသွားလောက်သည်။

၎င်းက သောက်ကျိုးနည်း သရဲကားတွေထက်ပင် ပိုကြောက်ဖို့ကောင်းနေသေးသည်။

"ဝမ်ယန်မေရဲ့ စိတ်အခြေအနေက တကယ်ကို ပုံမှန်မဟုတ်တော့ဘူးပဲ" လင်းယွမ်က စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။

တင်းယန်လည်း ကျောချမ်းနေမိသည်။ သူမ သန္ဓေပြောင်းစဉ်ကသာ လင်းယွမ်က ဘေးနားမှ မနှောက်ယှက်ခဲ့လျှင် သူမလည်း ဝမ်ယန်မေလို ဖြစ်သွားမလား။ တကယ်လို့ ဒီလိုပုံစံကြီး ဖြစ်သွားမယ်ဆိုရင်တော့ သေတာကမှ မြတ်ဦးမည်။

လင်းယွမ်က လေကို အဝရှူသွင်းလိုက်ပြီး လက်တစ်ဖက်တွင် သံတူရွင်းကို ကိုင်လိုက်သလို အခြားလက်တစ်ဖက်ဖြင့် ဂလော့ခ် ပစ္စတိုသေနတ်ကို ထုတ်လိုက်သည်။

တင်းယန်နှင့် ချိုင်ကြည်တို့ လှည့်ကြည့်လိုက်ရာ လင်းယွမ်က သေနတ်ဖြင့် ဧည့်ခန်းထဲမှ ဝမ်ယန်မေကို ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။

"သေနတ်..."

တင်းယန်နှင့် ချိုင်ကြည်တို့၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး လင်းယွမ်ကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

လင်းယွမ်က ရှင်းပြမနေဘဲ "ကျွန်တော် ပစ်လိုက်တာနဲ့ ချက်ချင်း ဝင်လုံးမယ်" ဟု ပြောလိုက်သည်။

သူတို့နှစ်ဦး ပါးစပ်ဟပြီး တစ်ခုခုမေးချင်သော်လည်း အချိန်မရတော့ပေ။

"ဒိုင်း"

သေနတ်သံက ချက်ချင်း ထွက်ပေါ်လာသည်။

အခန်းထဲတွင် အစာခွံ့နေသော ဝမ်ယန်မေက ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် သရဲသဘက်ပမာ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ချက်ချင်းလှဲချလိုက်သည်။

ကျည်ဆံက သူမ၏ခန္ဓာကိုယ်ကို ရှပ်ထိသွားပြီး လွဲချော်သွားသည်။

လင်းယွမ်၏ သေနတ်ပစ်အစွမ်းက ညံ့ဖျင်းလွန်းသဖြင့် သူက ဝမ်ယန်မေ၏ ကိုယ်လုံးကိုသာ ချိန်ရွယ်ခဲ့ခြင်းဖြစ်သည်။ သေချာပေါက် ထိမှန်နိုင်သည့် ပစ်ခတ်မှုဖြစ်သော်လည်း ဝမ်ယန်မေ၏ ထူးဆန်းသော အမြန်နှုန်းဖြင့် ရှောင်တိမ်းသွားနိုင်သည်ကို မမျှော်လင့်ထားခဲ့ပေ။

သို့သော် လင်းယွမ်က စိတ်ဓာတ်မကျဘဲ ဒုတိယတစ်ချက်နှင့် တတိယတစ်ချက်ကို ဆက်တိုက် ပစ်ခတ်လိုက်သည်။

"ဒိုင်း" "ဒိုင်း"

နောက်ထပ် နှစ်ချက်။ ဒီတစ်ကြိမ်တွင်တော့ ဝမ်ယန်မေ မရှောင်နိုင်တော့ဘဲ ရင်ဘတ်ကို ကျည်တစ်တောင့် ထိမှန်သွားသည်။ သွေးများ ပန်းထွက်လာပြီး ဝမ်ယန်မေထံမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် သူမသည် သေဘေးကို မကြောက်ဘဲ သူတို့ရှိရာသို့ ပြေးဝင်လာသည်။

မြန်လွန်းသည်။ လင်းယွမ် အနေဖြင့် ချိန်ရွယ်ရန် အခွင့်အရေး လုံးဝမရတော့ပေ။

အကွာအဝေးက ကပ်လွန်းနေပြီဖြစ်၍ အနီးကပ် တိုက်ခိုက်ရုံသာ ရှိတော့သည်။

လင်းယွမ်က "တိုက်" ဟု အော်ဟစ်လိုက်ပြီး လက်ထဲမှ သံတူရွင်းဖြင့် အားကုန်လွှဲရိုက်လိုက်သည်။

ဝမ်ယန်မေက ခန္ဓာကိုယ်ကို ဆန်းပြားစွာ ကွေးညွှတ်လိုက်ပြီး လက်ချောင်းငါးချောင်းဖြင့် ကုတ်ခြစ်လိုက်သည်။

"ထန်"

လက်သည်းနှင့် သံတူရွင်း ထိတွေ့သွားရာ မီးပွားများ လွင့်စင်ထွက်လာသည်။ သံတူရွင်းတံပေါ်တွင် အစင်းရာအဖြူများ ထင်ကျန်ရစ်သည်။

ဝမ်ယန်မေက လင်းယွမ်ကို မှတ်မိသွားပြီး "နင်ပဲကိုး" ဟု ဒေါသတကြီး အော်ဟစ်ကာ ထပ်မံခုန်အုပ်လာသည်။

လင်းယွမ်က သေနတ်ကို မြှောက်လိုက်သည်။ ဝမ်ယန်မေက သေနတ်ပြောင်းဝကို လျှပ်စီးလက်သလို ရှောင်တိမ်းလိုက်ပြီး ဘယ်ဘက်လက်သည်းဖြင့် လင်းယွမ်၏ ဝမ်းဗိုက်ကို ထိုးစိုက်လိုက်သည်။

လင်းယွမ်က ဗိုက်ကိုရှပ်ကာ နောက်ဆုတ်လိုက်ရင်း ခါးကိုကိုင်း၍ သံတူရွင်းဖြင့် ပြန်လည်ရိုက်နှက်လိုက်သည်။

ထိုအချိန်တွင် တင်းယန်က ရှေ့သို့ ပြေးထွက်လာပြီး "အရူးမ" ဟု အော်ဟစ်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။ သူမ၏လက်သီးဆုပ်တွင် အလင်းရောင်ဖျော့ဖျော့ တောက်ပနေသည်။

"ဘုန်း"

သူမ၏ လက်သီးချက်က လေထုကို ခွင်းကာ ဝေါခနဲ အသံမြည်သွားသည်။ ဝမ်ယန်မေသည် အန္တရာယ်ကို အာရုံခံမိသဖြင့် ကိုယ်ကိုတိမ်းကာ ထိုလက်သီးချက်ကို ရှောင်ရှားလိုက်သည်။

ထို့နောက် ဓားသွားကဲ့သို့ ထက်ရှပြီး အကြေးခွံများ ဖုံးအုပ်နေသော သူမ၏လက်ဝါးဖြင့် ပြန်လည်ကုတ်ခြစ်လိုက်သည်။

တင်းယန်၏ အမြန်နှုန်းက ဝမ်ယန်မေကို မမီသဖြင့် လက်မောင်းဖြင့်သာ ကာကွယ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် လက်မောင်းကို စွမ်းအင်သွင်းကာ အကာအကွယ်အလွှာပါးလေး ဖန်တီးလိုက်သည်။

"ဂျစ်"

ဝမ်ယန်မေ၏ လက်သည်းများက စွမ်းအင်အကာအကွယ်ကို ကုတ်ခြစ်မိရာ စူးရှသောအသံ ထွက်ပေါ်လာသည်။ တင်းယန်၏ စွမ်းအင်အကာအကွယ် ချိုင့်ဝင်သွားပြီး အလင်းရောင်များ တုန်ခါကာ ပျက်စီးလုနီးပါး ဖြစ်သွားသည်။

တင်းယန် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အနောက်သို့ ဆုတ်ကာ "သူ့ခွန်အားက အရမ်းမြင့်တယ်... ကျွန်မစွမ်းအင်တွေ အများကြီး ကုန်သွားပြီ" ဟု အော်ပြောလိုက်သည်။

ထိုအချိန်တွင် လင်းယွမ်သည် ဝမ်ယန်မေ၏ အနောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ ပခုံးနှစ်ဖက်ကြားမှ လက်လျှိုကာ လည်ပင်းကို ရစ်ပတ်ပြီး လက်ချောင်းများကို ချိတ်ဆက်လျက် ချုပ်ထားလိုက်သည်။

"ထိုးတော့" လင်းယွမ်က အော်ပြောလိုက်သည်။

ဝမ်ယန်မေက ပြင်းထန်စွာ ရုန်းကန်နေပြီး လက်သည်းများဖြင့် အနောက်သို့ ပြန်လည်ကုတ်ခြစ်ကာ လင်းယွမ်ကို ဆွဲဖြဲရန် ကြိုးစားနေသည်။

ထိုစဉ် ချိုင်ကြည်က "တောင့်ထား" ဟု အော်ဟစ်ကာ ဝင်ပူးလေသည်။

သူက ဝမ်ယန်မေ၏ လက်နှစ်ဖက်ကို ဖိချထားသော်လည်း ဝမ်ယန်မေ၏ ခွန်အားက ကြီးမားလွန်းလှသည်။ ချိုင်ကြည် မထိန်းထားနိုင်ပေ။ ဝမ်ယန်မေက လက်သည်းဖြင့် ဝှေ့ယမ်းလိုက်ရာ ချိုင်ကြည်ရင်ဘတ်တွင် ကာထားသော သံပြားကို ထိမိပြီး မီးပွားများ ထွက်လာသည်။ ချိုင်ကြည်က ချုပ်ထားသောလက်တစ်ဖက်ကို လွှတ်ကာ လက်နှစ်ဖက်လုံးသုံးပြီး ဝမ်ယန်မေ၏ လက်တစ်ဖက်တည်းကိုသာ ဖိထားလိုက်ရသည်။

လင်းယွမ်၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေသည်။ ထိုအချိန်တွင် တင်းယန်က စွမ်းအင်ဖြည့်ထားသော လက်သီးဖြင့် ဝင်ထိုးလိုက်သည်။

"ဘုန်း"

အလင်းရောင် လက်နေသော လက်သီးက ဝမ်ယန်မေ၏ နားထင်ကို ပြင်းထန်စွာ ထိမှန်သွားသည်။ အသံအစ်အစ်တစ်ခု ထွက်ပေါ်လာပြီး ဝမ်ယန်မေ မျက်ရည်လည်ကာ ပါးစပ်နှင့်နှာခေါင်းမှ သွေးများ ပန်းထွက်လာသည်။

သူမက လက်နှစ်ဖက်နှင့် အမြန်နှုန်းတွင်သာ သာလွန်ပြီး ကျန်သည့်အစိတ်အပိုင်းများက သာမန်လူထက် အနည်းငယ်သာ ပိုသန်မာခြင်းဖြစ်သည်။ တင်းယန်၏ စွမ်းအားမြှင့်လက်သီးဖြင့် အနီးကပ် အထိုးခံလိုက်ရသဖြင့် ချက်ချင်း မူးဝေသွားသည်။

လင်းယွမ်က အခွင့်ကောင်းကိုမြင်သည်နှင့် ချက်ချင်းလွှတ်ပေးလိုက်ပြီး သံတူရွင်းဖြင့် သူမ၏မေးစေ့အောက်မှ ထိုးတင်လိုက်သည်။

သာမန်လူထက် သုံးဆမျှသာလွန်သော ခွန်အားဖြင့် ထိုးလိုက်ခြင်းဖြစ်ရာ သံတူရွင်းသည် မေးရိုးကို လွယ်ကူစွာ ဖောက်ဝင်သွားပြီး အသားထဲသို့ စိုက်ဝင်သွားသည်။ ထိုမှတစ်ဆင့် အရှိန်ဖြင့် ထိုးဖောက်သွားရာ ဦးခေါင်းခွံပါ ပွင့်ထွက်သွားလေသည်။

ဝမ်ယန်မေက အသိစိတ်ကင်းမဲ့စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သေးသည်။ သို့သော် လမ်းတစ်ဝက်တွင်ပင် အားကုန်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားသည်။

လင်းယွမ်က အမြန်နောက်ဆုတ်လိုက်ပြီး သေနတ်ဖြင့် ဝမ်ယန်မေကို ချိန်ရွယ်ထားလိုက်သည်။

ဝမ်ယန်မေက တက်နေသည်။ ဦးခေါင်းခွံ ပွင့်ထွက်သွားသည့်တိုင် ချက်ချင်း အသက်မထွက်သေးပေ။ သူမ၏ ပြင်းထန်သော အသက်စွမ်းအင်က အရင်က လျှိုအားလုံနှင့် အတော်လေး ဆင်တူသည်။

တစ်မိနစ်ခန့် ကြာပြီးမှသာ လုံးဝငြိမ်ကျသွားသည်။

လင်းယွမ်တို့ သုံးဦးစလုံး အမောဖောက်ကာ အသက်ကို ပြင်းပြင်းရှူနေရသည်။ လင်းယွမ်သည် သေနတ်ကို ကိုင်ထားဆဲဖြစ်ပြီး အလောင်းကို ချိန်ရွယ်ထားရာမှ မချသေးပေ။

မိနစ်အနည်းငယ်ကြာတော့ တင်းယန်က "သေသွားပြီလား" ဟု မေးလိုက်သည်။

ချိုင်ကြည်ကလည်း တံတွေးကို ခက်ခဲစွာ မျိုချရင်း "သေပြီလား" ဟု မေးသည်။

လင်းယွမ်က စနစ် ကို လှမ်းကြည့်လိုက်ရာ ထိုအချိန်ကျမှ အသိပေးသံ ထွက်ပေါ်လာသည်။

[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်သည့်အတွက် အမှတ် ၅၂ မှတ် ရရှိသည်]

လင်းယွမ်က သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် ကျေနပ်သွားသည်။ ဤဝမ်ယန်မေက အစွမ်းနိုးထပြီးသား သန္ဓေပြောင်းလူသား ဖြစ်သည့်အတွက် အမှတ် (၅၂) အထိ တန်ဖိုးရှိနေခြင်း ဖြစ်သည်။ သူမ၏ သန္ဓေပြောင်းလဲမှုနှုန်းက ဘယ်လောက်အထိ ရောက်နေပြီလဲ မသိပေ။

သန္ဓေပြောင်းကြောင်များက တစ်ကောင်လျှင် (၂၆) မှ (၂၈) မှတ်သာ ရသည်ကို သတိပြုရပေမည်။

သို့သော် ထိုသို့ နှိုင်းယှဉ်၍လည်း မရပေ။ သန္ဓေပြောင်းကြောင်များက ငါး ဘယ်လောက်များများ စားနိုင်မည်နည်း။ သူတို့၏ ပြောင်းလဲမှုနှုန်းက သန္ဓေပြောင်းလူသားလောက် မမြန်ဆန်နိုင်ပေ။ ဝမ်ယန်မေက သန္ဓေပြောင်းငါးများသာမက လူသားများကိုပါ စားသောက်ခဲ့ပြီး ပြင်းထန်သော စိတ်ခံစားမှုများလည်း ရှိခဲ့ရာ သူမ၏ ပြောင်းလဲမှုနှုန်းက ကြောင်များထက် မြင့်မားနေသည်မှာ ဆန်းတော့မဆန်းပေ။

"ဟူး... သေသွားလောက်ပြီ"

လင်းယွမ်က ပြောပြောဆိုဆို ရှေ့သို့တိုးပြီး သံတူရွင်းကို ဆွဲနှုတ်လိုက်သည်။

အလောင်းက မလှုပ်တော့သည်ကို မြင်မှ ချိုင်ကြည်နှင့် တင်းယန်တို့ စိတ်အေးသွားကြသည်။ သို့သော် သူတို့နှစ်ဦး၏ အကြည့်များက လင်းယွမ်ထံသို့ တပြိုင်နက် ရောက်ရှိလာကြသည်။

ပို၍တိကျစွာ ပြောရလျှင် လင်းယွမ်လက်ထဲမှ ဂလော့ခ်သေနတ်ဆီသို့ ရောက်နေခြင်းဖြစ်သည်။

"လင်းယွမ်... မင်းရဲ့သေနတ်က..." ချိုင်ကြည်က စကားစလိုက်သည်။

လင်းယွမ်က ချိုင်ကြည်ကို တစ်ချက်ကြည့်လိုက်ပြီး "အစ်ကိုချိုင်... ဒါ လျှိုအားလုံအခန်းထဲက ကျွန်တော်ရှာတွေ့ခဲ့တာ" ဟု ပြောလိုက်သည်။

"သေနတ်ဆိုတာက အရမ်းအန္တရာယ်များတဲ့ လက်နက်ဖြစ်နေတော့ ကျွန်တော် ခင်ဗျားတို့ကို ထုတ်မပြောခဲ့ဘူး... ဆောရီးပါ"

ချိုင်ကြည်က လက်ကာပြလိုက်ပြီး "ကိစ္စမရှိပါဘူး... ငါနားလည်ပါတယ်... ငါသာဆိုရင်လည်း ထုတ်ပြောမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

တစ်ချက်တည်းနှင့် အသေသတ်နိုင်သော လက်နက်မျိုးကို ရလာလျှင် ဘယ်သူမဆို ကိုယ်ပိုင်သိမ်းထားချင်ကြမည်သာ။ ချိုင်ကြည် နားလည်ပေးနိုင်သည်။ သို့သော် သူ့စိတ်ထဲတွင် မေးခွန်းထုတ်စရာများ ရှိနေသော်လည်း ထုတ်မမေးတော့ပေ။

သေနတ်က လင်းယွမ်လက်ထဲ ရောက်နေပြီ။ သူက လင်းယွမ်နှင့် တစ်ဖွဲ့တည်းသားပဲ၊ ဘာကိစ္စ အတင်းလိုက်မေးနေရမှာလဲ။ ဒါ့အပြင် လင်းယွမ်က သေနတ်မရှိရင်တောင် အတော်လေး စွမ်းနေပြီဖြစ်သည်။ ဒီတိုက်ထဲမှာ သူ့ကို ယှဉ်နိုင်မည့်သူ မရှိလောက်။ ကိုယ်က အတင်းလိုက်စစ်ဆေးမေးမြန်းနေရင် လူမုန်းခံရုံသာ ရှိမည်။

လင်းယွမ်က ရှင်းပြထားပြီးပြီ ဆိုတော့ သူ့ကို မျက်နှာသာပေးရာ ရောက်နေပြီ။ သူက အကင်းပါးသူဖြစ်၍ ဒီကိစ္စကို ဆက်မမေးဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် တင်းယန်ကတော့ မျက်မှောင်ကြုတ်ကာ လင်းယွမ်ကို စိုက်ကြည့်နေသည်။ သူမက ရန်တွေ့သည့်လေသံဖြင့် မဟုတ်ဘဲ "အစ်ကိုချိုင်... ဒီအခန်းထဲမှာ သုံးလို့ရတဲ့ပစ္စည်း ဘာရှိလဲ ကြည့်ပြီး သိမ်းကြရအောင်" ဟု ပြောလိုက်သည်။

ချိုင်ကြည်က အခန်းပြည့်နေသော အလောင်းကောင်များကို ကြည့်ရင်း စိတ်မသန့်ဖြစ်နေသော်လည်း ခေါင်းညိတ်လိုက်သည်။ "သိပြီ... မြန်မြန်လုပ်ကြတာပေါ့... ပြီးရင် ဒီအလောင်းတွေကို အောက်ပစ်ချလိုက်ရအောင်... ကြည့်ရတာ ကျောချမ်းစရာကောင်းလွန်းတယ်"

ချိုင်ကြည် အိပ်ခန်းထဲသို့ ဝင်သွားတော့မှ တင်းယန်က လင်းယွမ်ဘက် လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"လျှိုအားလုံမှာ သေနတ်ရှိရင် သူဘာလို့ မသုံးတာလဲ"

"သူ့မှာသာ ဒီသေနတ်ရှိရင် ရှင်အသက်ရှင်ပါ့မလား"

လင်းယွမ်က သူမကိုကြည့်ပြီး ပြုံးလိုက်သည်။ "သူလည်း အဲဒီအခန်းထဲမှာ သေနတ်ရှိနေမှန်း မသိတဲ့ပုံပဲ"

"အဲဒီအခန်းကို သူအတင်းဝင်လုထားတာလေ... သေနတ်က သူ့ဟာမှ မဟုတ်တာ"

"ရှင်..." တင်းယန် မျက်မှောင်ကြုတ်ကာ တစ်ခုခုပြောရန် ပြင်လိုက်သည်။

လင်းယွမ်က ခေါင်းခါလိုက်ပြီး "ကျွန်တော် ရန်မေကို ဘာလို့ သဘောကျလဲ သိလား" ဟု မေးလိုက်သည်။

တင်းယန် ကြောင်သွားသည်။ "ဘာလို့လဲ"

"သူက စားစရာတွေ ဘယ်ကရလဲဆိုတာ ကျွန်တော့်ကို ဘယ်တော့မှ မမေးဘူး"

လင်းယွမ်က ပြုံးလိုက်ပြီး ပစ္စည်းရှာဖွေရန် လှည့်ထွက်သွားသည်။ တင်းယန်မှာ လင်းယွမ်ပြောသွားသည့် စကားများကို ပြန်တွေးရင်း ကြောင်ရပ်ကျန်နေရစ်သည်။

ခဏကြာတော့ သူမ၏မျက်နှာထားက ရှုပ်ထွေးလာပြီး နောက်ဆုံးတွင် ခါးသီးစွာဖြင့် ကိုယ့်ကိုယ်ကိုယ် သရော်ပြုံး ပြုံးလိုက်သည်။

သူမ လင်းယွမ်အနားသို့ လျှောက်သွားပြီး ပြောလိုက်သည်။ "လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြတာပဲ... ကျွန်မ စည်းကျော်မိသွားတယ်... တောင်းပန်ပါတယ်"

လင်းယွမ်က ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။

အမျိုးသမီးများ၊ အထူးသဖြင့် ပညာတတ်အမျိုးသမီးများသည် သူတို့၏ ထက်မြက်မှုကြောင့် တစ်ဖက်သားအပေါ် လွှမ်းမိုးလိုသော စရိုက်ရှိတတ်ကြသည်။ အထူးသဖြင့် ဆရာမအလုပ် လုပ်သူများသည် သူတစ်ပါးကို ဆရာလုပ်၍ ပြုပြင်ပေးချင်ကြသည်။

လင်းယွမ်က ထိုအချက်ကို သဘောမကျပေ။

တင်းယန်က သူ့ကို ဆရာမလုပ်သော်လည်း လိုသည်ထက်ပို၍ စပ်စုနေသည်။ ချိုင်ကြည်ကရော လင်းယွမ်စကားတွေ မသင်္ကာစရာကောင်းမှန်း မသိဘဲနေမလား။ ဒါပေမဲ့ သူက ဘာမှမမေး။ ဒါက အကင်းပါးသည့် သဘောပင်။

ဒါပေမဲ့ တင်းယန်ကလည်း ငတုံးငအတော့ မဟုတ်။ သူမ အတင်းလိုက်မေးနေသည်မှာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ပါနေလို့ ဖြစ်လောက်သည်။ သူမက လင်းယွမ်အကြောင်း ပိုသိချင်သည်၊ လင်းယွမ်၏ အရာအားလုံးကို သိလိုသည်ဆိုသည့် သဘောမျိုး ဖြစ်နိုင်သည်။ သို့သော် လင်းယွမ်ကတော့ သူမကို အလိုလိုက်မည် မဟုတ်ပေ။

သုံးယောက်သား ကိုယ်စီအတွေးများဖြင့် သုံးလို့ရသည့် ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။ ထိုစဉ် အပေါ်ထပ်မှ ကျောက်ခိုင် ဆင်းလာသည်။

သူ သေနတ်သံကြားလိုက်သော်လည်း သေနတ်သံမှန်း မသိဘဲ ရန်ဖြစ်နေကြသည်ဟုသာ ထင်ခဲ့သည်။ အသံများတိတ်သွားမှ အခြေအနေဆင်းကြည့်ခြင်း ဖြစ်သည်။

"အစ်ကိုလင်း... အစ်ကိုချိုင်... အမတင်း" သူလှမ်းခေါ်လိုက်ရာ လင်းယွမ်တို့ သုံးယောက် ထွက်လာကြသည်။

"ဝင်လာခဲ့" လင်းယွမ်က လှမ်းခေါ်လိုက်သည်။

အခန်းထဲသို့ ရောက်သည်နှင့် တွဲလောင်းကျနေသော အလောင်းကောင်များကို မြင်လိုက်ရသဖြင့် ကျောက်ခိုင် လန့်သွားသည်။ ချိုင်ကြည်က ဝမ်ယန်မေ လုပ်ခဲ့သည်များကို ပြောပြလိုက်ရာ ကျောက်ခိုင်ခမျာ ကြက်သီးထသွားလေသည်။

"သန္ဓေပြောင်းအစွမ်း ရပြီးရင် တကယ်ပဲ အရူးလို ဖြစ်သွားကြတာလားဗျာ"

ချိုင်ကြည်ကလည်း စိုးရိမ်တကြီးဖြင့် "မပြောတတ်ဘူးလေ... လောလောဆယ် ငါတို့မြင်ဖူးတဲ့ သန္ဓေပြောင်းလူသားဆိုလို့ ဝမ်ယန်မေ တစ်ယောက်ပဲ ရှိသေးတာကိုး" ဟု ဆိုသည်။

"လျှိုအားလုံက သန္ဓေပြောင်းခါစမှာတင် လင်းယွမ်လက်ချက်နဲ့ သေသွားတာ"

"တင်းယန်ကတော့ သန္ဓေပြောင်းအောင်မြင်တယ် ဆိုရမှာပေါ့... ဒါပေမဲ့ အဲ့တာကလည်း ကံကောင်းလို့လေ"

"အခုက သန္ဓေပြောင်းတဲ့လူတွေ သိပ်မရှိသေးတော့ သုံးသပ်ဖို့ နမူနာမရှိသေးဘူး"

ကျောက်ခိုင်က သက်ပြင်းချလိုက်သည်။ "ကျွန်တော်ကတော့ အစ်ကိုလင်းပြောတာ မှန်တယ်လို့ထင်တယ်... သန္ဓေပြောင်းအစွမ်းရဖို့ သိပ်ပြီး မလောသင့်သေးဘူး... ဝမ်ယန်မေလို ဖြစ်သွားမယ်ဆိုရင်တော့ သေလိုက်တာကမှ ကောင်းဦးမယ်"

ချိုင်ကြည်ကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်သည်။ ဝမ်ယန်မေလို ပုံစံမျိုး သူဖြစ်သွားခဲ့လျှင် ချိုင်ယောင်နှင့် ဝူချင်းတို့က သူ့ကို ဘယ်လိုမြင်ကြမလဲဆိုတာ မတွေးရဲစရာပင်။

ထို့နောက်တွင်တော့ အလွှာတိုင်းကို တစ်ခန်းဝင်တစ်ခန်းထွက် ပစ္စည်းရှာဖွေကြသည်။

တိုက်တွဲ (၁) တစ်ခုလုံးကို အရင်ကတည်းက လျှိုအားလုံလူစု မွှေနှောက်ထားပြီးဖြစ်၍ စားစရာ သောက်စရာ သိပ်မကျန်တော့ပေ။ ဘတ်ထရီအိုးတစ်လုံးနှင့် လျှပ်စစ်ပစ္စည်း အချို့တော့ ရှာတွေ့သည်။ လင်းယွမ်က အကုန်လုံးကို သူ့ ပစ္စည်းသိုလှောင်ခန်း ထဲသို့ ထည့်လိုက်သည်။

စားပွဲ၊ ထိုင်ခုံ၊ သစ်သားကြမ်းခင်း စသည်တို့ကိုတော့ ချက်ချင်း မသယ်နိုင်သေး။ လင်းယွမ်က အစ်ကိုချိုင်နှင့် ကျောက်ခိုင်ကို တိုက်တွဲ (၁) ၏ လျှောက်လမ်းတံခါးအား သော့ခတ်ခိုင်းလိုက်သည်။ အခြားတိုက်တွဲမှ လူများလာရောက်ပြီး သစ်သားများနှင့် ပရိဘောဂများကို ယူသွားမည်စိုး၍ ဖြစ်သည်။

လက်ရှိအချိန်တွင် တိုက်တွဲ (၁) တစ်ခုလုံးကို သူတို့ အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်သည်။

အခန်းများကို ရှင်းလင်းစဉ်တွင် အသက်ရှင်ကျန်ရစ်သူ (၁၀) ဦးကျော်ကို တွေ့ရှိခဲ့သည်။ ထိုအထဲမှ သုံးလေးဦးမှာ လျှိုအားလုံအဖွဲ့နှင့် ပူးပေါင်းကာ မကောင်းမှုများ ကျူးလွန်ခဲ့ဖူးသူများ ဖြစ်ကြသည်။ လင်းယွမ်က စကားအများကြီး ပြောမနေဘဲ ထိုသူများကို ချက်ချင်း သတ်ပစ်လိုက်သည်။

ကျန်သည့် ခုနစ်ဦး ရှစ်ဦးခန့်မှာ မိသားစု သုံးစုမှဖြစ်ပြီး သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြသည်။

လင်းယွမ်က သူတို့ကို အခက်တွေ့အောင် မလုပ်ပေ။ "ကျွန်တော်က လျှိုအားလုံ မဟုတ်ဘူး... ခင်ဗျားတို့ကို ဘာလုပ်ပါဆိုပြီး အတင်းအကျပ် မခိုင်းဘူး"

"ခင်ဗျားတို့အခန်းက ခင်ဗျားတို့ဟာပဲ... ကျွန်တော် ဝင်မသိမ်းဘူး"

"ဒါပေမဲ့ တိုက်တွဲ (၁) တစ်ခုလုံးက ကျွန်တော်တို့ ခက်ခက်ခဲခဲ သိမ်းပိုက်ထားတာမို့ တခြားအခန်းလွတ်တွေထဲက ပစ္စည်းအားလုံးကိုတော့ ကျွန်တော်တို့ စီမံခန့်ခွဲမယ်... ကန့်ကွက်စရာ ရှိလား"

ဆက်ရန်...

အပိုင်း (၇၈) လယ်ကွက်တွေ ပျက်စီးမသွားဘူးလို့ ဘယ်သူပြောလဲ

ကျန်ရစ်ခဲ့သော မိသားစုအနည်းငယ်မှာ ကန့်ကွက်ရဲသည့် သတ္တိမရှိကြပေ။ သူတို့အား မူလနေအိမ်များတွင် ဆက်လက်နေထိုင်ခွင့် ပေးထားခြင်းကပင် လင်းယွမ်၏ မေတ္တာဂရုဏာသက်ရောက်မှုဟု မှတ်ယူရမည် ဖြစ်သည်။

အားလုံး ခေါင်းညိတ်သဘောတူသည်ကို မြင်သောအခါ လင်းယွမ်က ထူးပြီး အံ့သြမနေတော့ဘဲ ဆက်ပြောလိုက်သည်။

"စင်္ကြံလမ်းမှာရှိတဲ့ လုံခြုံရေးတံခါးတွေ အကုန်လုံးကို ကျွန်တော်တို့ သော့ခတ်ပိတ်ထားလိုက်ပြီ... ခင်ဗျားတို့ကို သတိပေးချင်တာက အဲ့ဒီတံခါးတွေကို ကိုယ့်သဘောနဲ့ကိုယ် မဖွင့်ကြဖို့ပါပဲ"

"တိုက်တွဲ ၂ ဘက်မှာ သန္ဓေပြောင်းကြောင်တွေ လူစားတဲ့သတင်းကို ခင်ဗျားတို့လည်း ကြားပြီးလောက်ပြီယူနစ် လုံခြုံရေးတံခါးတွေကို ပိတ်ထားရတာက တခြားတိုက်တွဲတွေက သန္ဓေပြောင်းသတ္တဝါတွေ တိုက်တွဲ ၁ ဘက်ကို ဝင်မလာနိုင်အောင် ကာကွယ်ဖို့ပဲ"

"လောလောဆယ် တိုက်တွဲ ၁ ကို ကျွန်တော်တို့ ရှင်းလင်းထားပြီးပြီမို့ ယာယီအားဖြင့် ဘေးကင်းတဲ့ဇုန်လို့ သတ်မှတ်လို့ရတယ်... ခင်ဗျားတို့က အဲ့ဒါကို နားမလည်ဘဲ လုံခြုံရေးတံခါးတွေကို ဖွင့်ပေးလိုက်လို့ တခြားတိုက်တွဲက သတ္တဝါတွေ ဝင်လာခဲ့ရင်တော့ ကျွန်တော့်ကို အပြစ်မတင်ကြနဲ့နော်"

ထိုစကားကြောင့် မိသားစုများမှာ လန့်ဖျပ်သွားကြပြီး တံခါးကို လုံးဝ (လုံးဝ) မဖွင့်ရဲကြောင်း မိုးမြေတိုင် တည်၍ ကျိန်ဆိုကတိပေးကြလေသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"၃၂ ထပ် အမိုးပေါ်ကို တက်တဲ့နေရာမှာတော့ လုံခြုံရေးတံခါး တစ်ပေါက် ဖွင့်ထားပေးမယ်... တခြားတိုက်တွဲတွေကို သွားချင်ရင် အဲ့ဒီကနေ သွားလို့ရပါတယ်"

"နောက်ပြီး အကြံပေးချင်တာက ခင်ဗျားတို့ အခန်းပြောင်းကြပါ... အတတ်နိုင်ဆုံး အထပ်မြင့်တဲ့နေရာတွေကို ပြောင်းကြ... ကျွန်တော်တို့နဲ့ နီးနီးကပ်ကပ်ရှိနေရင် အချင်းချင်း စောင့်ရှောက်ရတာ ပိုလွယ်တာပေါ့"

ထိုစကားကြောင့် မိသားစုများမှာ ကြည်နူးဝမ်းသာသွားကြသော်လည်း ချက်ချင်းတော့ အဖြေမပေးရဲကြသေးပေ။

လင်းယွမ်ကလည်း အမှုမထားဘဲ ဆက်မေးသည်။ "အိမ်မှာ စားစရာ ကျန်သေးလား"

ထိုမိသားစုများမှာ မျက်နှာပျက်သွားကြပြီး ခေါင်းခါပြကြသည်။

လင်းယွမ်က "စိတ်မပူပါနဲ့... ခင်ဗျားတို့ဆီက အစားအသောက် လုမလို့ မဟုတ်ပါဘူး... ပြောပြချင်တာက အောက်ဘက် ရေပြင်ထဲမှာ သန္ဓေပြောင်းငါးတွေ ရှိတယ်... အဲ့ဒါတွေကို ဖမ်းပြီး စားလို့ရတယ်"

"နောက်ပြီး သန္ဓေပြောင်းငါးတွေ စားရတာ ငြီးငွေ့လာရင် အဲ့ဒီငါးတွေကို ယူလာပြီး ကျွန်တော့်ဆီမှာ တခြားအစားအစာတွေနဲ့ လာလဲလို့ ရပါတယ်"

"ဘယ်လိုနှုန်းထားနဲ့ လဲမလဲဆိုတာကိုတော့ ခင်ဗျားတို့ လာမှပဲ ဆွေးနွေးကြတာပေါ့"

"မှတ်ထားနော်... ကျွန်တော်က အကောင်လိုက် အရှင်ဖမ်းမိတဲ့ ငါးကိုပဲ လက်ခံတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ မိသားစုများမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး ကျေးဇူးတင်စကားများ ဆိုကြတော့သည်။

"ကျေးဇူးပါ မောင်လေးရယ်... ကျေးဇူးပါပဲ... မောင်လေးသာ မရှိရင် တို့တွေ ဘယ်လိုအသက်ဆက်ရမလဲတောင် မသိတော့ပါဘူး"

"ညီလေး... စိတ်ချပါ... ငါတို့ စင်္ကြံလမ်းတံခါးကို လုံးဝ မဖွင့်ပါဘူး... တခြားတိုက်တွဲက လူတွေက ဘယ်လိုလူတွေမှန်းမှ မသိတာ... လျှိုအားလုံလို လူစိတ်မရှိတဲ့ကောင်တွေ ဖြစ်နေရင် ဒုက္ခရောက်ကုန်မှာပေါ့... ကိုယ့်သေတွင်း ကိုယ်တူးသလိုမျိုး ဘယ်လုပ်ပါ့မလဲ"

"ဟုတ်တယ်... ဟုတ်တယ်... မောင်လင်းယွမ်... အိမ်ပြောင်းတဲ့ကိစ္စကို တို့တွေ ပြန်တိုင်ပင်လိုက်ပါ့မယ်... မောင်လေးတို့နဲ့ အတတ်နိုင်ဆုံး နီးတဲ့နေရာကို ပြောင်းမှာပါ... တစ်တိုက်တွဲတည်းသားချင်း စုစည်းနေမှ လုံခြုံမှာပေါ့"

"ဟုတ်တယ်... အစ်ကိုလင်းယွမ်... တခြားတိုက်တွဲက လူတွေ တံခါးလာဖျက်တာမျိုး မြင်ရင်လည်း ချက်ချင်း လာသတင်းပို့ပါ့မယ်"

အိမ်ထောင်ဦးစီးများက သူတို့၏ သစ္စာရှိမှုကို အပြိုင်အဆိုင် ပြသကြလေသည်။

လင်းယွမ်က ပြုံးလိုက်သော်လည်း သိပ်ပြီး အလေးအနက် မထားပေ။

သူ့အနေဖြင့် အမှတ်များရှာဖွေရန် စဉ်းစားထားသော နည်းလမ်းမှာ ဤလူများကို အသုံးချပြီး ငါးအရှင်များ ရှာဖွေခိုင်းရန်ဖြစ်သည်။

ပြီးမှ ထိုငါးများကို သူ့လက်ထဲရှိ အစားအသောက်များဖြင့် ပြန်လည် လဲလှယ်ပေးမည်။

လက်ရှိတွင် သူ့၌ အမှတ် ၇၉ မှတ်ခန့် ရှိနေပြီဖြစ်သည်။ ဝမ်ယန်မေကို သတ်ဖြတ်မှုမှ ၅၂ မှတ်၊ ခုနက လျှိုအားလုံ၏ တပည့်များကို သတ်ဖြတ်မှုမှ ၂၇ မှတ် ရရှိထားခြင်း ဖြစ်သည်။

ပြန်ရောက်လျှင် ကံစမ်းမဲ နှိုက်ရမည်။ ဒီတစ်ခါ အရေအသွေးတိုးမြှင့်မည့် အမှတ်များကို မယူဘဲ အစားအသောက်များကို ဦးစွာ မဲနှိုက်ရမည်။

ထို့နောက် ရလာသော အစားအသောက်များဖြင့် ငါးရှင်များကို လဲလှယ်ကာ အမှတ်ထပ်ရှာမည်။

အမှတ်များများ ရလာမှ နောက်ထပ် ကံစမ်းမဲ ထပ်နှိုက်မည်။

အမှန်တော့ ဤနည်းလမ်းကို စောစောကတည်းက လုပ်သင့်သော်လည်း အခြေအနေက မပေးခဲ့ပေ။

ယခင်က အပြင်ဘက်တွင် ရန်သူများ ဝိုင်းနေသည်။ လျှိုအားလုံ၊ ဝမ်ယန်မေ၊ သန္ဓေပြောင်းကြောင်များ အားလုံးက သူ့အသက်ကို ခြိမ်းခြောက်နေခဲ့ကြသည်။

ထို့ကြောင့် အမှတ်ရသည်နှင့် မိမိစွမ်းရည်ကို မြှင့်တင်ရန်သာ အလျင်စလို လုပ်ဆောင်ခဲ့ရသည်။

နောက်တစ်ချက်က တိုက်တွဲ ၁ ကို သူ အပြည့်အဝ မထိန်းချုပ်နိုင်သေးခြင်း ဖြစ်သည်။ လုံလောက်သော အင်အားမရှိဘဲ မိမိတွင် ပိုလျှံသော အစားအသောက်များ ရှိနေကြောင်း ထုတ်ပြ၍ မဖြစ်ပေ။

ထုတ်ပြောလိုက်လျှင်လည်း မည်သူကမျှ ယုံမည်မဟုတ်သလို၊ ယုံခဲ့လျှင်လည်း မသမာသူများ၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်သည်။

ယခုတော့ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် လျှိုအားလုံကို သတ်ခဲ့သည်၊ ဝမ်ယန်မေကို သတ်ခဲ့သည်၊ သန္ဓေပြောင်းကြောင်များကို သတ်ခဲ့သည်။

အခြားအရာများကို မဆိုထားနှင့်၊ အမှတ် ၇၆ အဆောက်အအုံတစ်ခုလုံးတွင် လင်းယွမ်၏ ဂုဏ်သတင်းမှာ နံပါတ်တစ် ဖြစ်နေပြီ ဖြစ်သည်။

ထိုသို့သော သြဇာအာဏာ ရှိနေမှသာ အစားအသောက်နှင့် ငါးလဲလှယ်မည့် စီမံကိန်းကို အကောင်အထည်ဖော်နိုင်ပြီး အမှတ်များစွာ ရှာဖွေနိုင်မည် ဖြစ်သည်။

လင်းယွမ် မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် လူစုခွဲကာ ပြန်ခဲ့ကြသည်။

၃၁ ထပ်သို့ ရောက်သောအခါ လင်းယွမ် ခြေလှမ်းတန့်သွားသည်။

အခန်း ၃၁၀၁ တွင် နေထိုင်သူမှာ ဆုန့်ဝမ် ဖြစ်သည်။

ဤအဆောက်အအုံတွင် လင်းယွမ်တို့ လုံးဝ သွားရောက်မနှောင့်ယှက်သော တစ်ခုတည်းသော အခန်းလည်း ဖြစ်သည်။

ထိုမိန်းကလေးသည် ယခင်က ဒရုန်းကင်မရာ ပံ့ပိုးပေးဖူးသောကြောင့် သူတို့နှစ်ဦးကြားတွင် မိတ်ဆွေဖွဲ့မှု အနည်းငယ် ရှိထားသည်။

လင်းယွမ်တို့အနေဖြင့် အကြမ်းဖက်စရာ မလိုသော အခြေအနေမျိုးတွင် အကြမ်းဖက်မည် မဟုတ်ပေ။

"ပြီးခဲ့တဲ့တစ်ခေါက် အပေးအယူလုပ်တုန်းက သူ့ကိုပေးခဲ့တဲ့ မုန့်တွေက သိပ်မများဘူး... အချိန်တွက်ကြည့်ရင် နှစ်ရက်၊ သုံးရက်စာလောက်ပဲ ရှိတာ"

"သူလည်း တောင့်ခံနိုင်တော့မယ် မထင်ဘူး"

လင်းယွမ် လှည့်ထွက်လာပြီး အပေါ်ထပ်သို့ ဆက်တက်သွားသည်။

အခန်း ၃၁၀၁ တံခါးအနောက်မှ ဆုန့်ဝမ်သည် တံခါးချောင်းကြည့်ပေါက် မှတစ်ဆင့် လင်းယွမ် ထွက်ခွာသွားသည်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

ဒီရက်ပိုင်း သူမ အလွန်ထိတ်လန့်နေခဲ့ရသည်။ ညဘက်ဆိုလျှင် အိပ်ပျော်အောင် မအိပ်ရဲပေ။

တစ်စုံတစ်ယောက်က တံခါးကို ဖျက်ဆီးဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် တံခါးဝရှေ့က ကြမ်းပြင်မှာပင် နေရာယူပြီး အိပ်စက်ခဲ့ရသည်။

နောက်ပိုင်းတွင် အပြင်ဘက်မှ အသံဗလံ အမျိုးမျိုးကို ကြားခဲ့ရသည်။

လျှိုအားလုံ သေဆုံးသွားပြီဆိုသော သတင်းကို ကြားလိုက်ရချိန်တွင် သူမ အံ့သြမှင်သက်သွားခဲ့သည်။

အပေါ်ထပ်က လူစုက လျှိုအားလုံကို သတ်လိုက်ခြင်းဖြစ်မည်ဟု သူမ ချက်ချင်း တွေးမိလိုက်သည်။

သို့သော် သူမ အပြင်မထွက်ရဲပေ။ အဘယ်ကြောင့်ဆိုသော် အပေါ်ထပ်ကလူစုသည် လျှိုအားလုံကို သတ်ပြီးနောက် နောက်ထပ် 'လျှိုအားလုံ' အသစ်များ ဖြစ်လာမလား ဆိုသည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

အဒေါ်ကြီးလီနှင့် ခင်မင်ရင်းနှီးမှု ရှိသော်လည်း ယခုလို အချိန်ကာလမျိုးတွင် ထိုခင်မင်မှုကို ယုံကြည်၍ ရပါ့မလား။

တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက်အနေဖြင့် သူမသည် အမျိုးမျိုးသော လူစိတ်ဓာတ်များကို မြင်တွေ့ဖူးသည်။

ဒီလောကထဲတွင် စိတ်ဖောက်ပြန်နေသူများမှာ ဒုနဲ့ဒေး ရှိကြသည်။

လူ့စိတ်၏ ယုတ်မာမှုကို သူမသည် မည်သူ့ထက်မဆို ပိုသိနားလည်သည်။

ထို့ကြောင့် အိမ်ထဲမှာနေပြီး ကယ်ဆယ်ရေးအဖွဲ့ကို စောင့်ဆိုင်းခြင်းကသာ အကောင်းဆုံးဟု သူမ ယူဆထားသည်။

"ကယ်ဆယ်ရေး..."

ကယ်ဆယ်ရေးအကြောင်း တွေးမိသောအခါ သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ယှက်သန်းလာပြီး မျက်ဝန်းအိမ်တွင် မျက်ရည်စများ ဝေ့သီလာသည်။

ခြောက်လရှိပြီ... ကယ်ဆယ်ရေး ရောက်မလာသေးဘူး။ သူမ တကယ် ဆက်ပြီး တောင့်ခံနိုင်စွမ်း မရှိတော့။

"ဂွီ..."

ထိုအချိန်တွင် သူမ၏ ဗိုက်ထဲမှ အသံမြည်လာသည်။

သူမ ဗိုက်ကို ခပ်နာနာလေး ဖိနှိပ်လိုက်သည်။ အစာအိမ်ထဲတွင် မီးလောင်နေသကဲ့သို့ ပူလောင်နေပြီး ဆာလောင်မှုဒဏ်က သည်းမခံနိုင်လောက်အောင် ဖြစ်နေသည်။

ဖိနပ်စင်ကို လက်ဖြင့် အားပြုကာ ယိုင်နဲ့နဲ့ဖြင့် မတ်တတ်ထရပ်လိုက်သည်။

ထရပ်လိုက်သည်နှင့် ကမ္ဘာကြီး ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားသလို ခံစားလိုက်ရပြီး မျက်လုံးရှေ့တွင် မှောင်အတိ ကျသွားသည်။

"ဟူး..."

သူမ ဖိနပ်စင်ကို အတင်းဖက်တွယ်ထားလိုက်ရသည်။ ရင်ထဲတွင် ထိတ်လန့်သွားပြီး အသက်ကို ပြင်းပြင်း ရှူလိုက်သည်။

မျက်စိရှေ့မှ အမှောင်ထု တဖြည်းဖြည်း လျော့ပါးသွားပြီး အမြင်အာရုံ ပြန်ကြည်လာသည်။

"ငါ... ငါ နေမကောင်းဖြစ်တာလား... ဟင့်အင်း... မဟုတ်ဘူး... သွေးတွင်းသကြားဓာတ် ကျသွားတာ နေမှာပါ"

သူမ ယိုင်နဲ့နဲ့ဖြင့် အိပ်ခန်းထဲသို့ ဝင်သွားပြီး အဝတ်ဘီဒိုထောင့်တွင် ဝှက်ထားသော မုန့်များကို ရှာဖွေလိုက်သည်။

ဒီရက်ပိုင်းတွင် သူမသည် ထိုမုန့်များကိုသာ အားပြုပြီး အသက်ဆက်နေရခြင်း ဖြစ်သည်။

သို့သော် ယခုအခါ မုန့်များလည်း သိပ်မကျန်တော့။ ပေါင်မုန့်လုံးသေးသေးလေး သုံးလုံးသာ ကျန်တော့သည်။

သူမ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ပေါင်မုန့်တစ်လုံးကို ဖောက်ကာ ပါးစပ်ထဲသို့ နည်းနည်းချင်း ဖဲ့ထည့်ကာ ငုံထားလိုက်သည်။

တံတွေးဖြင့် ပေါင်မုန့်ထဲမှ ဂလူးကို့စ်ဓာတ်ကို ဖြည်းဖြည်းချင်း စုပ်ယူနေခြင်း ဖြစ်သည်။

ချိုမြမြ ပေါင်မုန့်အရသာကို ခံစားလိုက်ရသောအခါ စိတ်ကို ဆက်မထိန်းနိုင်တော့ဘဲ တစ်လုပ်တည်း ဝါးမျိုချလိုက်မိသည်။

နှစ်လုပ်၊ သုံးလုပ်လောက်နှင့် ပေါင်မုန့်လုံးလေးမှာ ဗိုက်ထဲရောက်သွားသည်။

သို့သော် ဗိုက်က ပြည့်မသွားသည့်အပြင် ပို၍ပင် ဆာလောင်လာသည်။

သည်းမခံနိုင်လောက်အောင် ဆာလောင်မွတ်သိပ်လာပြီး ကျန်ရှိနေသော ပေါင်မုန့်အားလုံးကိုပါ စားပစ်ချင်စိတ် ပေါက်လာသည်။

သူမ ဘီဒိုတံခါးကို အမြန်ပိတ်လိုက်ကာ ထိုလောဘစိတ်ကို အတင်းမြိုသိပ်ပြီး ဝရံတာဘက်သို့ ပြေးထွက်သွားလိုက်သည်။

ခံယူထားသော မိုးရေများကို ယူပြီး ကျိုချက်ခြင်းပင် မပြုနိုင်တော့ဘဲ တဂွပ်ဂွပ် မြည်အောင် မော့သောက်လိုက်သည်။

ရေအများအပြား ဗိုက်ထဲသို့ ရောက်သွားမှသာ အစာအိမ်ပြည့်သွားသလို ခံစားချက်မျိုး အနည်းငယ် ရလိုက်သည်။

ရေခွက်ကို နေရာပြန်ချ၊ ရေဆက်ခံထားပြီးနောက် ကုတင်ပေါ်သို့ သွားလှဲလိုက်သည်။

ဗွမ်း...

ဗိုက်ထဲမှ ရေများ လှုပ်ခါနေသံကိုပင် သူမ ကြားနေရသလိုပင်။

"စားစရာ မရှိတော့ဘူး... ငါ တကယ် တောင့်မခံနိုင်တော့ဘူး"

"တကယ် အပြင်ထွက်ရတော့မှာလား"

"အဒေါ်ကြီးလီ... အဒေါ်ကြီးလီက လူကောင်းတစ်ယောက်ပါ... သူ့ဆီက စားစရာလေး နည်းနည်းလောက် သွားချေးရင် ကောင်းမလား"

ယခုအချိန်တွင်တော့ သူမ မည်သူ့ကိုမျှ သတိထားမနေနိုင်တော့ပေ။ သူမကို စားစရာ နည်းနည်းလောက် ချေးငှားပေးမည့်သူ ရှိလျှင် မည်သူ့ကိုမဆို ဘဝကို ပုံအပ်လိုက်ချင်စိတ် ပေါက်နေပြီ ဖြစ်သည်။

-----------------------------------------------------------------------------------------------

ဟူဝေမင်သည် ၁၉ ထပ်တွင် နေထိုင်သူ ဖြစ်သည်။ ရေကြီးကတည်းက သူ့မိန်းမနှင့် ကလေးကို ခေါ်ပြီး အိမ်ထဲတွင်သာ ပုန်းအောင်းနေခဲ့သည်။

သူ့အိမ်တွင် စားစရာ မနည်းလှပေ။ ယခင်က လုယက်ဝယ်ယူထားသော အစားအသောက်များ ရှိသည့်အပြင် ချွေတာစားသောက်ခဲ့သောကြောင့် မိသားစုသုံးယောက် ယခုအချိန်အထိ အသက်ဆက်နိုင်ခဲ့သည်။

လျှိုအားလုံတို့အဖွဲ့ တိုက်ခန်းများကို လိုက်လံမွှေနှောက်စဉ်က အောက်ထပ်မှ အော်ဟစ်သံများကို ကြားရသဖြင့် ဉာဏ်ကောင်းစွာဖြင့် အိမ်ထဲမှ စောစီးစွာ ထွက်ပြေးပြီး စင်္ကြံလမ်းတွင် ပုန်းနေခဲ့သည်။

လျှိုအားလုံတို့အဖွဲ့ သူ့အိမ်ထဲ ဝင်မွှေသောအခါ အစားအသောက်နှင့် အသုံးဝင်မည့် ပစ္စည်းများကို ရှာမတွေ့ခဲ့။ ထို့ပြင် လင်းယွမ်ကိုသာ အာရုံစိုက် တိုက်ခိုက်နေရသဖြင့် သူတို့မိသားစု သုံးယောက်ကို သတိမထားမိဘဲ ကျော်သွားခဲ့ကြသည်။

နောက်ပိုင်း လင်းယွမ်တို့က လျှိုအားလုံကို သတ်လိုက်ပြီးနောက် တစ်တိုက်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီး လျှိုအားလုံ၏ တပည့်များကို ဝိုင်းဝန်းတိုက်ခိုက်ကြသောအခါတွင်လည်း...

ဟူဝေမင်က မပါဝင်ရဲခဲ့ပေ။ မိန်းမနှင့် ကလေးကို ဖက်ပြီး စင်္ကြံလမ်းမှာပင် ဆက်ပုန်းနေခဲ့သည်။

အောက်ဘက်တွင် အခြေအနေ ငြိမ်သက်သွားမှ သူ့မိသားစုကို ခေါ်ပြီး အိမ်ထဲသို့ အမြန်ပြန်ပြောင်းခဲ့သည်။

ထိုသို့ အချိန်ကိုက် လှုပ်ရှားနိုင်ခဲ့မှုကြောင့် လင်းယွမ်တို့ တိုက်ခန်းရှင်းလင်းရေး လုပ်သည့်အချိန်အထိ သူတို့ ကြံ့ကြံ့ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု ၁၉ ထပ်၊ အခန်း ၁၉၀၂ ၏ ဧည့်ခန်းထဲတွင် ဟူဝေမင်တို့ မိသားစု သုံးယောက် ရှိနေကြသည်။

သားဖြစ်သူမှာ ၁၁ နှစ်၊ ဇနီးဖြစ်သူ လျှိုရှုချင်းမှာ ၄၂ နှစ် ရှိပြီဖြစ်ကာ ဟူဝေမင်ထက် ၂ နှစ် ငယ်သည်။

လျှိုရှုချင်းက ဆာလောင်နေသော ဗိုက်ကို ပွတ်သပ်ရင်း "ယောက်ျား... ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

ဟူဝေမင်က စားပွဲပေါ်တွင် ကျန်ရှိသော အစားအသောက်များကို စစ်ဆေးရေတွက်နေခြင်း ဖြစ်သည်။

သူတို့အိမ်တွင် စားစရာ သိပ်မကျန်တော့။ ခေါက်ဆွဲပြုတ် နှစ်ထုပ်၊ အခွံမာသီး တစ်ထုပ်၊ ဝါဖယ်မုန့် သုံးထုပ်နှင့် ချောကလက် တစ်ဝက်သာ ကျန်တော့သည်။

သူ့သား ဟူတုတုက "ဖေဖေ... သား ဗိုက်ဆာတယ်... မုန့်စားချင်တယ်" ဟု အော်ပြောလိုက်သည်။

ဟူတုတုက စားပွဲပေါ်မှ မုန့်များကို မျှော်လင့်တကြီး ကြည့်ပြီး လှမ်းယူရန် ပြင်လိုက်သည်။

ဟူဝေမင်က သားဖြစ်သူ၏ လက်ကို ပုတ်ထုတ်လိုက်ပြီး "မထိနဲ... ဒါတွေက နောက်ကျရင် ငါတို့အသက်ကို ကယ်မယ့်အရာတွေ" ဟု ပြောလိုက်သည်။

လျှိုရှုချင်းက သားဖြစ်သူကို ဆွဲယူလိုက်ပြီး "ယောက်ျား... ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ... ဟို လင်းဆိုတဲ့လူ ပြောသွားတာတွေက တကယ်ရော ဟုတ်ပါ့မလား"

"တိုက်တွဲ ၁ က တကယ်ပဲ ဘေးကင်းပြီလား"

ဟူဝေမင်က ခေါင်းညိတ်လိုက်သည်။ "လိမ်ပြောမယ်တော့ မထင်ဘူး... လျှိုအားလုံတို့အဖွဲ့ တကယ် သေကုန်ပြီ... ၁၄ ထပ်က ဘီလူးမကြီးလည်း အသတ်ခံလိုက်ရပြီ... ခုနက ငါနဲ့ ဟိုဘက်ခန်းက အဘိုးကြီးလျှိုတို့ သတ္တိမွေးပြီး အောက်ဆင်းကြည့်ခဲ့ကြတယ်"

"အခု တိုက်တွဲ ၁ မှာ တို့မိသားစုနည်းနည်းပဲ ကျန်တော့တယ်... စင်္ကြံလမ်း တံခါးတွေလည်း သော့ခတ်ထားပြီးပြီ"

လျှိုရှုချင်းက သက်ပြင်းချလိုက်ပြီး "ဘုရား... ဘုရား... တော်ပါသေးရဲ့... အခုမှပဲ စိတ်အေးရတော့တယ်... ရှင်မသိပါလို့ လျှိုအားလုံတို့ ရှိနေတုန်းက ကျွန်မ ညဘက်ဆို အိပ်တောင် မပျော်ဘူး"

ဟူဝေမင်က ခေါင်းညိတ်ပြီး "အေးပါကွာ... လျှိုအားလုံလို အမှိုက်ကောင်တွေ စောစောသေလေ ကောင်းလေပဲ"

"ဒီ လင်းမျိုးရိုးနဲ့လူတွေက လူကောင်းတွေပဲနော်" လျှိုရှုချင်းက ဆက်ပြောသည်။ "သူတို့သာ မရှိရင် တို့တွေ လျှိုအားလုံတို့ လက်ထဲမှာ အနိုင်ကျင့်ခံရဦးမှာ"

ဟူဝေမင်က သူ့မိန်းမကို တစ်ချက်ကြည့်လိုက်ပြီး "မင်းကလည်း အလိုက်တာ... ဒီ လင်းမျိုးရိုးအဖွဲ့က နောက်ထပ် လျှိုအားလုံအဖွဲ့ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"

"ရှင်... မဖြစ်နိုင်ပါဘူး... သူ... သူက ကျွန်မတို့ကို မောင်းမထုတ်ဘူးလို့ ပြောထားတယ်လေ... ပြီးတော့ ကျွန်မတို့ဆီက အစားအသောက်တွေကိုလည်း ရှာဖွေသိမ်းဆည်းတာ မလုပ်ပါဘူး"

ဟူဝေမင်က ခေါင်းခါလိုက်သည်။ "လောလောဆယ် မလုပ်တာက နောက်ကျရင် မလုပ်ဘူးလို့ ပြောလို့မရဘူးလေ... သူ လျှိုအားလုံကို သတ်လိုက်တော့ လျှိုအားလုံဆီက ပစ္စည်းတွေအားလုံး သူ့လက်ထဲ ရောက်သွားမှာပေါ့"

"သူ့မှာ စားစရာတွေ မပြတ်လပ်သေးလို့ လောလောဆယ် ယုတ်မာတဲ့စိတ် မဝင်သေးတာ... တကယ်လို့ စားစရာ ပြတ်သွားရင် လျှိုအားလုံလို မဖြစ်လာဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ"

လျှိုရှုချင်းက "အောက်က ရေထဲမှာ ငါးတွေ ဖမ်းစားလို့ရတယ်လို့ ပြောတယ်လေ... ကျွန်မတို့လည်း စားဖူးတာပဲ... သူ အဲ့လောက်ထိတော့ မလုပ်လောက်ပါဘူး"

"ဒါနဲ့... သူက အစားအသောက်နဲ့ ငါး လဲပေးမယ်လို့ ပြောသေးတယ်နော်... အဲ့ဒါ တကယ်ဖြစ်နိုင်ပါ့မလား"

ဟူဝေမင်က ပြုံးလိုက်သည်။ "တကယ်လား... အင်လားဆိုတာ စမ်းကြည့်လိုက်ရင် သိရမှာပေါ့"

"ခဏနေရင် ငါနဲ့ ဟိုဘက်ခန်းက အဘိုးကြီးလျှို အောက်ဆင်းပြီး ငါးဖမ်းကြည့်မယ်... ရလာရင် ဒီ လင်းမျိုးရိုးဆီ သွားပြီး တကယ်ပဲ အစားအသောက်နဲ့ လဲပေးမပေး စမ်းကြည့်ရတာပေါ့"

"သူသာ ကတိတည်တဲ့လူဖြစ်ပြီး အစားအသောက်နဲ့ လဲပေးတယ်ဆိုရင်တော့ ငါတို့တွေ အပေါ်ထပ်ကို ပြောင်းပြီး သူတို့နဲ့ နီးနီးကပ်ကပ် နေကြတာပေါ့"

လျှိုရှုချင်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... စမ်းကြည့်ရင် သိရမှာပဲ"

တစ်ချိန်တည်းမှာပင် တိုက်တွဲ ၁ ၌ ကျန်ရစ်သော အခြားမိသားစု နှစ်စုကလည်း ဟူဝေမင်ကဲ့သို့ပင် တွေးတောနေကြသည်။

လင်းယွမ်ကတော့ ထိုလူများ၏ အတွေးကို မသိနိုင်ပေ။

သူသည် ချိုင်ကြည်၊ ကျောက်ခိုင်၊ တင်းယန်တို့ကို ဦးဆောင်ပြီး တိုက်တွဲ ၁ ရှိ စင်္ကြံလမ်း လုံခြုံရေးတံခါးများ အားလုံးကို လိုက်လံပိတ်ဆို့လိုက်သည်။ ၃၂ ထပ်ရှိ တံခါးတစ်ပေါက်ကိုသာ အဝင်အထွက်အဖြစ် ချန်ထားခဲ့သည်။

"ဒီအပေါက်က နောက်ဆိုရင် တိုက်တွဲ ၂ ဘက်ကို သွားနိုင်မယ့် တစ်ခုတည်းသော အပေါက်ပဲ... ဟိုဘက်က သန္ဓေပြောင်းအကောင်တွေ ဝင်မလာနိုင်အောင်လို့ ပုံမှန်အချိန်ဆိုရင် ပိတ်သာထားလိုက်"

လင်းယွမ်က သတိပေးလိုက်ရာ အားလုံးက ခေါင်းညိတ်ကြသည်။

"လောလောဆယ် တိုက်တွဲ ၁ က ဘေးကင်းပြီလို့ ပြောလို့ရတယ်... ဒါက ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းပဲ... နောက်ရက်တွေကျရင် တိုက်တွဲ ၁ ထဲက အိမ်တွေမှာ ရှိတဲ့ သစ်သားတွေ... သုံးလို့ရတဲ့ ပစ္စည်းတွေ အကုန်လုံးကို အပေါ်ထပ်ဆီ အမြန်ဆုံး ရွှေ့ကြရမယ်"

"ဒီမိုးကြီးက မတိတ်နိုင်သေးဘူး... ရေမျက်နှာပြင်ကလည်း ဆက်မြင့်တက်လာဦးမှာ... အောက်ထပ်တွေ ရေမြုပ်ကုန်ရင် ပစ္စည်းတွေ ဘာမှသုံးမရ ဖြစ်ကုန်လိမ့်မယ်"

ချိုင်ကြည်က ခေါင်းညိတ်သည်။ "ဒါကို ငါတို့ နားလည်ပါတယ်... ဒီနေ့ ကျောက်ခိုင်နဲ့အတူ ၁၁ ထပ်မှာ ရှိတဲ့ ပစ္စည်းတွေကို အကုန်ရွှေ့လိုက်ပါ့မယ်"

တင်းယန်က "ကျွန်မလည်း ရှင့်တို့နဲ့ လိုက်လုပ်မယ်လေ" ဟု ပြောသည်။

လင်းယွမ်က "မလိုဘူး... တင်းယန် နင်က ငါနဲ့အတူ တိုက်တွဲ ၂ ဘက်ကို လိုက်ခဲ့"

"ရှင်... တိုက်တွဲ ၂ ဘက်ကို ဟုတ်လား"

"ဟုတ်တယ်... အဲ့ဒီဘက်မှာ အိမ်မွေးတိရစ္ဆာန် မွေးထားတဲ့အိမ် ရှိမရှိ သွားကြည့်မလို့... အဲ့ကောင်တွေကို အမြန်ဆုံး ရှင်းပစ်ရမယ်"

"အဲ့ကောင်တွေသာ သန္ဓေပြောင်းသွားရင် အရမ်းအန္တရာယ် များလိမ့်မယ်"

"ဝမ်ယန်မေရဲ့ အခြေအနေကို ခင်ဗျားတို့ မြင်တယ်မလား... သူ သန္ဓေပြောင်းသွားတာ တစ်ရက်ပဲ ရှိသေးတယ် အဲ့လောက်တောင် စွမ်းအားကြီးနေပြီ... သန္ဓေပြောင်းအစွမ်း နိုးထလာပြီးရင် ပြောင်းလဲနှုန်းက ပိုမြန်လာတယ်လို့ ကျွန်တော် သံသယရှိတယ်"

တင်းယန် ကြားလိုက်ရသဖြင့် စိတ်ထဲ ထိတ်လန့်သွားပြီး ခေါင်းညိတ်လိုက်သည်။ "သိပြီ... ဒါဆို ရှင်နဲ့ လိုက်ခဲ့မယ်"

"ဟုတ်ပြီ... အခုတော့ ကိုယ့်အိမ်ကိုယ် ပြန်ကြရအောင်... ဒီအစီအစဉ်တွေကို ကျန်တဲ့လူတွေကိုလည်း ပြောပြထားကြဦး"

တင်းယန်က ရုတ်တရက် မေးလိုက်သည်။ "ဒါနဲ့... ရှင်က အစားအစာနဲ့ ငါး လဲပေးမယ်ဆိုတာ ဘာသဘောလဲ"

ချိုင်ကြည်လည်း သိချင်စိတ်ဖြင့် လှမ်းကြည့်ပြီး "လင်းယွမ်... မင်း ငါးစားချင်ရင် ငါတို့ဘာသာ သွားဖမ်းလို့ ရတာပဲ... ဘာလို့ အစားအသောက်နဲ့ လဲနေဦးမှာလဲ"

လင်းယွမ်က ခေါင်းခါလိုက်သည်။ "ကျွန်တော်တို့လူအင်အားနဲ့ဆို အရမ်းနှေးတယ်ဗျ... ကျွန်တော် အချိန်မဖြုန်းချင်ဘူး"

သူက ထိုသို့ ပြောလိုက်သဖြင့် ချိုင်ကြည် ဆက်မမေးတော့ပေ။

တင်းယန်သည်လည်း ပြီးခဲ့သည့် သေနတ်ကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် သတိထားနေပြီး ထပ်မမေးတော့ပေ။

ထို့နောက် လူစုခွဲကာ အိမ်ပြန်ခဲ့ကြသည်။

အိမ်တံခါး ဖွင့်ဝင်လိုက်သည်နှင့် ရန်မေက ဆီးကြိုလေသည်။

"မောင်လေး... လာပါဦး... အစ်မ ကြည့်ပေးမယ်... ဘယ်နား ထိခိုက်လာသေးလဲ"

သူမက လင်းယွမ်ဝတ်ထားသော ဆိုင်ကယ်စီးဦးထုပ်နှင့် သားရေအင်္ကျီတို့ကို ကူချွတ်ပေးရင်း မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်နေသည်။

လင်းယွမ်က ရယ်မောလိုက်ပြီး "ဒီလိုကြည့်လို့ ဘယ်မြင်ရမလဲ... လာ... အိပ်ခန်းထဲ သွားရအောင်"

ပြောပြောဆိုဆိုဖြင့် လက်ကမ်းပြီး အလှပဂေးလေးကို ပွေ့ချီလိုက်သည်။

ရန်မေ၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး "မောင်လေး... အစ်မကို သက်ညှာပါဦး..." ဟု တောင်းပန်လေသည်။

သို့သော်လည်း မဖြစ်နိုင်မှန်း သူမလည်း သိနေပါသည်။

ငါးမိနစ်အကြာတွင် အိပ်ခန်းထဲမှ ရန်မေ၏ အော်သံ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။

"မောင်လေး... ရပ်... ရပ်ပါဦး... ခဏ... ခဏလေး... အား..."

လင်းယွမ် နောက်တစ်လှမ်းဆုတ်လိုက်ပြီး ကုတင်ပေါ်တွင် မှောက်လျက် တဆတ်ဆတ် တုန်ရီနေသော အိမ်နီးချင်းအလှပဂေးလေးကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

"အမမေ... အမကလည်း... ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်နေရတာလဲ"

ရန်မေ မျက်နှာတစ်ခုလုံး နီရဲနေပြီး ရှက်လွန်းသဖြင့် ကုတင်အောက် ဝင်ပုန်းချင်စိတ် ပေါက်သွားသည်။

သူမလည်း ကိုယ့်ကိုယ်ကိုယ် နားမလည်ပေ။ ဘာလို့ ဒီလောက်မြန်မြန် ပြီးသွားရပါလိမ့်။

လင်းယွမ်ကပဲ အရမ်းတော်လွန်းနေတာလား။

လူကို နှိပ်စက်တဲ့ ဒီလိုနည်းလမ်းတွေကို သူ ဘယ်ကနေများ တတ်လာပါလိမ့်။

လင်းယွမ်က မတတ်သာသည့်ပုံစံဖြင့် "ဆက်လုပ်နိုင်သေးလား" ဟု မေးလိုက်သည်။

ရန်မေက လက်ခါပြသည်။ သူမ အသက်ကိုပင် ဖြောင့်အောင် မရှူနိုင်တော့။

ထပ်လုပ်ဦးမယ် ဟုတ်လား... လူသတ်နေတာလား။

လယ်ကွက်တွေရော ပျက်စီးမသွားနိုင်ဘူးလို့ ဘယ်သူပြောလဲ။

သူမကတော့ ပျက်စီးလုနီးပါး ဖြစ်နေပြီ။

ရန်မေ စိတ်ထဲက ရေရွတ်လိုက်မိသည်။ ထိုခံစားချက် လှိုင်းဂယက်များ ငြိမ်သက်သွားမှ အနောက်သို့ အားမရှိသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

လင်းယွမ်က အခုထိ စိတ်အားထက်သန်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောက်ဆုံးတွင် နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်ရှာသည်။

"ပြီး... ပြီးခဲ့တဲ့တစ်ခါကလိုမျိုးပဲ... လုပ်... လုပ်ပေးရမလား"

နှုတ်ခမ်းနီနီလေးကို ကိုက်ထားသော သူမကို ကြည့်ပြီး လင်းယွမ်၏ မျက်လုံးများ အရောင်တောက်သွားသည်။

"အမမေ... ဒါအမ ကိုယ်တိုင် ပြောတာနော်..."

ဆက်ရန်...

All Chapters