← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄) ဘဲဥများ

ထိုဘဲသည် တောထဲမှ အခြား တိရစ္ဆာန်များလိုမဟုတ်၊လူယဉ်ပါသည်။ တစ်ခါတရံတွင် အဝေးသို့ ပျံထွက်သွားသော်လည်း၊ နေမဝင်ခင် ပြန်လာပြီး၊ မြစ်တစ်ဖက်ကမ်းမှ တောအုပ်ထဲတွင် အိပ်စက်ပသည်။ နေ့အချိန်တွင်တော့ မြစ်ထဲရေကူးလိုက်၊တောထဲလျှောက်သွားလိုက်နှင့် ဇိမ်ကျနေပါသည်။ ၎င်းသည် ရွာနားတွင်သာနေသောကြောင့်၊ သားရဲကြီးများ၏ရန်ကိုလည်း စိုးရိမ်စရာမလိုပါ။

တဖြည်းဖြည်းနှင့် ဘဲဝတုတ်သည် လူမကြောက်တော့ဘဲ၊ လွတ်လွတ်လပ်လပ်လျှောက်သွားပါတော့သည်။

ဘဲဝတုတ်ကို စောင့်ကြည့်သောလူ၏ အဆိုအရတော့၊ ရောက်ခါစတွင် ထိုဘဲသည် နေ့ဝက်လောက်ပျောက်ပျောက်သွားသည် ဆိုပါသည်။

တောင်ခြေမှ လူများသည် စိုးရိမ်ပြီး ရှောက်ရွှမ်ကို အကြောင်းကြားရန်လုပ်နေစဉ်တွင်၊ အခြားဘဲတစ်ကောင်ကို ခေါ်ပြီး ပြန်ရောက်လာပါသည်။ ထိုသို့ ဘဲဝတုတ်သည် အပြင်သွားပြီးတိုင်းပြန်လာလျှင်၊ အခြားဘဲတစ်ကောင်ကို ခေါ်လာတတ်ပါသည်။

ထိုနည်းအတူ ဘဲဝတုတ်သည် သုံးလေးရက်လျှင် တကြိမ် ဘဲတစ်ကောင်စီ ခေါ်ခေါ်လာသည်။ ဘဲများအားလုံးကတော့ ပုံစံမတူပါ။ တချို့မှာ ထက်မြက်သော နှုတ်သီးများရှိကြပြီး၊ တချို့၏အတောင်ပံများကတော့ ရှည်လျားကြသည်။ တချို့၏ အတောင်ပံများကတော့ တိုကြသည်။ အရောင်အသွေးမှာလည်း အစုံဖြစ်သည်။ အပင်ပေါ်တွင် နားသည့်အကောင်ကနား၊ ခြုံပုတ်ထဲတွင် နားသည့်အကောင်ကနားနှင့် ဘဲများသည် နေရာအနှံ့တွင် ရောက်ရှိနေကြပါသည်။ ထိုဘဲများသည် တစ်ကောင်နှင့်တစ်ကောင်မတူကြသော်လည်း၊ အားလုံးသည် ဘဲများသာဖြစ်သည်။

အရင်တုန်းကဆိုလျှင်တော့ ရွာသားများသည် ရွာနားရောက်လာသော ငှက်များကို သတ်စားလေ့ရှိသည်။ သို့သော် ယခုငှက်များမှာ ဝါစဉ်ကြီးပုဂ္ဂိုလ်၏ ငှက်များဖြစ်သောကြောင့် မည်သူမျှ မထိရဲကြပေ။

ရွာသူရွာသားများသည်လည်း ဘဲများကို ထိန်းသိမ်းစောင့်ရှောက်ရသော အလုပ်တစ်ခု ရသွားပါသည်။

“ဟေ့ကောင်…ဒီနေ့ငှက်ဘယ်နှကောင်ရှိလဲ” ကင်းလှည့်နေသော စစ်သည်တော် တစ်ယောက်က မေးလိုက်သည်။

“၁၇ကောင်…မနေ့က ၁၅ကောင်” အခြားစစ်သည်တော်တစ်ယောက် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ပါသည်။

“ဘဲတွေ ဒီလောက်များလာမယ်လို့ ထင်မထားဘူး”

ရှောက်ရွှမ်သည် ဘဲဝတုတ်တစ်ကောင်တည်းကို ခေါ်လာခြင်းဖြစ်သည်။ သို့သော် အခုတော့ ဘဲ၁၇ကောင်ရောက်နေပြီဖြစ်သည်။

“ဘဲတွေက စားကောင်းမယ်လည်း မထင်ပါဘူးကွာ…အကောင်သေးသေးလေးနဲ့ အသားလည်း သိပ်မရှိပါဘူး…ဝါစဉ်ကြီးပုဂ္ဂိုလ်က ဘာလို့ ဂရုစိုက်နေတာလဲ မသိဘူး” တစ်ယောက်ကပြောလိုက်သည်။

“အကြောင်းရှိမှာပေါ့…သိပ်တွေးမနေနဲ့..ငါတို့အလုပ်က ဘဲတွေကို စောင့်ရှောက်ဖို့ပဲ”

“ရှူး…တိတ်တိတ်နေကြစမ်း…ကင်းလှည့်ဖို့ အချိန်ကျပြီ” ခေါင်းဆောင်က ဆူလိုက်သည်။

ဘဲဝတုတ်နှင့်ယှဉ်လိုက်လျှင်၊ ကျန်ဘဲများမှာ ပိန်ညှောင်နေကြပါသည်။ ဘဲဝတုတ်ကတော့ လူများနှင့် အတူနေဖူးသဖြင့်၊ ရွာတွင် အချိန်တိုအတွင်း အသားကျသွားပါသည်။ ကျန်သော ဘဲများကတော့ ထိုသို့မဟုတ်ပါ။ ကျန်သောဘဲ

များသည် လူများကိုမြင်လျှင် အော်ဟစ်ပြီး ထွက်ပြေးသွားကြပါသည်။လူမရှိမှ ပြန်လာကြပါသည်။

ထို့ကြောင့် သူတို့သည် ဘဲများအထိတ်တလန့်မဖြစ်အောင် ဆင်ခြင်ရသည်။ ဘဲများကို ရေတွက်ချင်လျှင်လည်း အဝေးမှသာ ရေတွက်ရသည်။ ခပ်ဝေးဝေးမှ ရေတွက်လျှင်တော့ ဘဲများသည်ထွက်မပြေးတော့ပါ။

အမဲလိုက်အဖွဲ့သည် ပြန်ရောက်လာသောအခါ၊ မြစ်ထဲမှ ဘဲများသည် ကြောက်လန့်တကြားအော်ဟစ်ပြီး‌ လေထဲသို့ ပျံတက်သွားကြပါသည်။

မုဆိုးတစ်ယောက်သည် အရှိန်မသေသေးသဖြင့်၊ လေးကို ထုတ်လိုက်ပြီး ဘဲကို ပစ်ချရန် ချိန်လိုက်သည်။ ရုတ်တရက် ကင်းလှည့်နေသောလူသည် ထိုမုဆိုးကို လက်သီးနှင့် ထိုးချလိုက်သည်။

မုဆိုးများ နှုတ်ဆိတ်သွားပါသည်။ သူတို့ထွက်

သွားပြီးနောက် ရွာမှာ ဘာတွေဖြစ်ကုန်တာလဲ။

သို့သော် ကင်းအဖွဲ့က အကြောင်းစုံပြောပြလိုက်သောအခါ၊ မုဆိုးများသည် လေး၊မြားများကို သိမ်းလိုက်ကြပါသည်။ သို့သော် ဘဲများကတော့ ကြောက်လန့်သွားသောကြောင့် သုံးလေးရက်လောက် ပြန်လာတော့မည် မဟုတ်ပေ။

“သူတို့ ပြန်ရောလာပါတော့မလား” သုန့်ကန်းက မေးလိုက်ပါသည်။

“အင်း…လာမယ်ထင်ပါတယ်…ဝါစဉ်ကြီးပုဂ္ဂိုလ်ရဲ့ ဘဲပြန်ရောက်လာရင်၊ ကျန်တဲ့ဘဲတွေလည်း ပြန်ရောက်လာလိမ့်မယ်” ကင်းအဖွဲ့ခေါင်းဆောင်က ဖြေလိုက်ပါသည်။

“ဝါစဉ်ကြီးပုဂ္ဂိုလ်က ဘဲမွေးဖို့လုပ်နေတာလား”

“သူက ဘဲတွေကို ဘေးမဲ့ပေးထားတာ…ဘဲတွေကလည်း သူ့ဟာသူ ရောက်လာကြတာ…အစတုန်းကတော့ ဘဲတစ်ကောင်တည်းရှိတယ်…နောက်မှ

တခြားဘဲတွေရောက်လာပြီး၊ အရည်အတွက်များလာတာ…ဒီနေ့ဆို ကျွန်တော်ရေကြည့်တာ အကောင်၂၀ရှိတယ်” ကင်းအဖွဲ့ခေါင်းဆောင်က ပျော်ရွှင်နေပါသည်။ သို့သော် မုဆိုးများကြောင့် ဘဲများကြောက်လန့်ပြီး၊ ထွက်ပြေးသွားသည်ကို စဉ်းစားမိသောအခါ၊ မျက်နှာပေါ်မှ အပြုံးများပျောက်ကွယ်သွားသည်။ မုဆိုးများသည် သွေးသံရဲရဲ သားကောင်များကို သယ်ဆောင်လာသဖြင့်၊ ဘဲများ အတော်ကြောက်သွားပုံရသည်။

ကင်းအဖွဲ့ခေါင်းဆောင်သည် စိတ်ပူလာသဖြင့်၊ ရှောက်ရွှမ်ကို သတင်းသွားပို့ပါသည်။

“မစိုးရိမ်ပါနဲ့…ဘဲဝတုတ်ပြန်လာရင် ကျန်တဲ့ကောင်တွေ ပြန်ရောက်လာလိမ့်မယ်…နောက်ဆို ဘဲတွေ ပိုများလာတော့မှာ” ရှောက်ရွှမ်က ပြောလိုက်သည်။

ရှောက်ရွှမ် ထိုသို့ ပြောလိုက်သဖြင့်၊ ခေါင်းဆောင်မှာ မစိုးရိမ်တော့ပေ။ ကင်းအဖွဲ့ခေါင်းဆောင်သည် ကင်းလှည့်ရင်း မြစ်ကို အမြဲ

အကဲခတ်နေကြဖြစ်သလို၊ ဘဲများကိုလည်း ရေတွက်နေကျဖြစ်သည်။

ဘဲအုပ်သည် မုဆိုးများကို အတော်ကြောက်သွားသောကြောင့်၊ တော်တော်နှင့် ပြန်လာဦးမည် မဟုတ်ပါ။ နောက်ဆုံးတွင်တော့ ဘဲ၁၅ကောင်ပြန်ရောက်လာပါသည်။ ဘဲဝတုတ်လည်း ပြန်ပါလာသဖြင့်၊ သူတို့သည် စိတ်မပူတော့ပါ။ ဘဲဝတုတ်ပြန်လာသောအခါ၊ နောက်ထပ်ဘဲများပင်ထပ်ပါလာသေးသည်။

ရှောက်ရွှမ်သည် ထိုသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပါ။ ဘဲဝတုတ်သည် ဘဲမ တစ်ကောင်၊နှစ်ကောင်လောက်သာခေါ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ရှောက်ရွှမ်သည် ဘဲဝတုတ်ကို အထင်သေးမိသလို ဖြစ်ခဲ့ပါသည်။ ဘဲစုတ်ဘဲနာက ဘဲမ တပြုံတမကြီးကို ခေါ်လာပါသည်။ ဘဲအရေအတွက်မှာလည်း နေ့စဉ်နှင့်အမျှ တိုးပွားနေပါသည်။

ဘဲဝတုတ်ကို ရွာသို့ခေါ်လာသည်မှာ မှန်သွား

သည်နှင့်တူပါသည်။

ဘဲမများသည် ဥဥပြီး၊ အကောင်ပေါက်လာပါက၊ ထိုဘဲလေးများသည် ဘဲဝတုတ်၏ အဆိပ်ပြီးသောစွမ်းရည်ကိုလည်း ဆက်ခံရမည်ဖြစ်သည်။ ၎င်းတို့သည် အထီးများကို သတ်စားပြီး၊ အမများကို ယဉ်ပါးအောင် မွေးမြူရန် ကြံထားပါသည်။ အမများကိုတော့ ဥဥရန် ချန်ထားရမည်။

သို့သော် အခုအချိန်တွင်တော့ ရှောက်ရွှမ်တွင် ဘဲဥမရှိသေးပါ။ ဒုတိယမျိုးဆက်ပေါက်ဖွားလာသည်ကို စောင့်ရဦးမည် ဖြစ်သည်။

တစ်နေ့တွင် ရှေက်ရွှမ်သည် ပန်းပဲဖိုမှ ပြန်လာသောအခါ သူ့အိမ်တွင် စစ်သည်တော်၂ယောက် ရောက်နေသည်ကိုတွေ့လိုက်ရပါသည်။ ထို၂ယောက်မှာ တောင်အောက်တွင် ကင်းစောင့်သော စစ်သည်တော်၂ယောက်နှင့် အတူ အမျိုးသမီး၁ယောက်နှင့် ကလေးငယ်၁ယောက် ပါလာပါသည်။

“ဘာဖြစ်တာလဲ” ရှောက်ရွှမ်က မေးလိုက်ပါသည်။

ရှောက်ရွှမ်ကို မြင်သောအခါ၊ အမျိုးသမီးသည် သားရေချပ်တစ်ခုကို ထုတ်ပြလာသည်။

“ကျွန်မသားက ဒါကို မြစ်ထဲက ကောက်ရလို့ပါ…အရှင်ပိုင်တဲ့ပစ္စည်းထင်လို့ လာပေးတာပါ” အမျိုးသမီးသည် ရှောက်ရွှမ်ကို ဥလေးတစ်လုံးကိုပေးလိုက်ပါသည်။

ပုံမှန်ဆိုလျှင် ဘဲများသည် ညရောက်လျှင် မြစ်ထဲမှ ထွက်ခွာပြီး၊ တောအုပ်ထဲသို့ ဝင်သွားလေ့ရှိပါသည်။ တချို့ဘဲများက သစ်ပင်များပေါ်တွင် အသိုက်များဆောက်လုပ်ထားသည်။ တချို့က ခြုံပုတ်ထဲတွင် အသိုက်လုပ်ကြလေသည်။

၎င်းတို့မှာ ဘဲအရိုင်းများဖြစ်ကြသည်။ ၎င်းတို့သည် အိမ်မွေးဘဲများလောက်တော့ ဥဥပေးမည် မဟုတ်ပေ။

“ဒီဥကို ဘယ်ကတွေ့လာတာလဲ”ရှောက်ရွှမ်သည် ကလေးငယ်ကိုမေးလိုက်သည်။

“မြစ်ဘေးက ခြုံပုတ်ထဲက ရတာ” ညအချိန်တွင် ဘဲများမရှိသဖြင့်၊ ကလေးများသည် မြစ်နားတွင် ကစားလေ့ရှိသည်။ လွန်ခဲ့သောညက ဥတစ်လုံးကိုကောက်ရသဖြင့်၊ ကလေးငယ်သည် ပျော်ရွှင်နေပါသည်။ သူ့မိဘများကို ပြောပြလိုက်သောအခါ၊ စစ်သည်တော်၂ယောက်က သူ့ကို ရှောက်ရွှမ်ဆီသို့ ခေါ်ဆောင်လာပါသည်။

ရှောက်ရွှမ်သည် ဥကို စစ်ဆေးကြည့်လိုက်ပါသည်။ ဥသည် အက်ကွဲနေသဖြင့်၊ ရှောက်ရွှမ်သည် ကလေးငယ်ကို ပြန်ပေးလိုက်ပါသည်။

“သားပဲ ပြန်ယူသွားပြီး၊ချက်စားလိုက်နော်…အရင်ဆုံး နည်းနည်းပဲ စားကြည့်…ဘာမှမဖြစ်မှ ကျန်တာကို ဆက်စားနော်”

ရှောက်ရွှမ်က အတည်ပြောနေသည်ကိုတွေ့သောအခါ၊ ကလေးငယ်သည် ပျော်ရွှင်သွား

ပါသည်။

“ကျေးဇူးပါ ဦးဦး…နောက်ဥတွေရလာရင်လည်း ဦးဦးကို လာပေးမယ်”

ထိုအချိန်မှစ၍ ရွာသူရွာသားများသည် ဘဲများထွက်သွားသည့်အချိန်တွင် ဥများကိုလိုက်ရှာကြသည်။ သို့သော် သိပ်များများစားစားမတွေ့ရပေ။ ရှောက်ရွှမ်ကတော့ တောအုပ်ထဲတွင် ဥများကို တွေ့သည်။ ဘဲသိုက်များထဲမှ၊ ဘဲဥ၁၀လုံးခန့် ရှာတွေ့လာရလေသည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၂၅) ကုန်းကျားဟိန်းနှင့် ထပ်မံတွေ့ဆုံခြင်း

ဘဲရိုင်းများသည် ရွာနားမှ တောအုပ်ထဲတွင် အသိုက်လုပ်ခြင်းမှာ၊ ထိုပတ်ဝန်းကျင်နှင့် အသားကျသွားသောကြောင့် ဖြစ်ပါသည်။ ဘဲဝတုတ်ကြောင့်လည်း ပါချင်ပါမည် ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ မျိုးနွယ်စုအတွက်တော့ အကျိုးရှိသည်သာ ဖြစ်ပါသည်။

အခုဆိုလျှင် ကင်းအဖွဲ့များသည် ရွာနားမှ တောအုပ်ထဲတွင်ပါ ကင်းလှည့်နေရပြီ ဖြစ်သည်။ အရင်တုန်းကဆိုလျှင်၊ ရွာနားမှ တောအုပ်ထဲသို့ ၂ရက်မှ တစ်ခါလောက်သာ သွားခြင်း ဖြစ်ပါသည်။ အခုတော့ နေ့တိုင်းသွားနေရပြီ ဖြစ်သည်။

ကင်းအဖွဲ့တွင် ဝါသနာအသစ်တစ်ခုတိုးလာပါသည်။ ဘဲဥများလိုက်ရှာခြင်း ဖြစ်ပါသည်။

ဘဲများ၏ အသိုက်များကို ရှာတွေ့လျှင်၊ ကွဲအက်နေသော ဥများကို ရွာသို့ ပြန်သယ်လာပါသည်။ စားလို့ရလျှင် စားပစ်လိုက်ကြပြီး၊ စားလို့မရပါက ဓာတ်မြေဩဇာအဖြစ်အသုံးပြုလိုက်ကြသည်။ ကွဲနေသော ဥများမှတော့ အကောင်ပေါက်လာမည် မဟုတ်ပါ။

ဥများထဲတွင် သားလောင်းများပါလား၊ မပါလား ရှောက်ရွှမ်က စစ်ဆေးချင်နေပါသည်။ ဥများကို နေရောင်အောက်တွင် ထောင်ကြည့်သော်လည်း၊ ဘာမှမမြင်ရပါ။ ဘဲဥများမှာ အလင်းမပေါက်နိုင်သဖြင့်၊ ရှောက်ရွှမ်လက်လျှော့လိုက်ပါသည်။ ကွဲအက်နေသော ဥများကိုသာ ရွာသို့ ပြန်ယူလာကြသည်။

ကင်းအဖွဲ့သည် တောအုပ်ထဲမှ ဘဲများလန့်မသွားအောင် ဂရုတစိုက်သွားလာပါသည်။ အသိုက်ထဲတွင် ဘဲများမရှိသောအခါမှသာ၊ ၎င်းတို့သည် ဘဲအသိုက်များနားသို့ သွားကြပါသည်။

ဘဲများသည် ဥာဏ်ကောင်းကြပါသည်။ ၎င်းတို့သည် အသိုက်ထဲမှ ဥများကို မြက်ပင်များနှင့် ဖုံးအုပ်ထားကြပါသည်။ အမှတ်တမဲ့ကြည့်လိုက်လျှင် ဘဲသိုက်ရှိသည်ဟုတောင် မထင်ရပါ။ ဘဲများနောက်သို့ တိတ်တဆိတ်လိုက်ကြည့်မှသာ ဘဲသိုက်များရှိကြောင်းသိရပါသည်။

ဘဲမိခင်များက ကြိုးစားပမ်းစာ ဥများဥနေသော်လည်း၊ ဘဲဝတုတ်ကတော့ အပူအပင်မရှိ သာသာယာယာ ဖြစ်နေပါသည်။ တောအုပ်ထဲတွင် လျှောက်သွားသည့်အခါ သွားသည်။ ၎င်းနိုင်သော အကောင်ငယ်လေးများကိုတွေ့လျှင်၊ ထိုအကောင်ငယ်လေးများကို တိုက်ခိုက်ပါသည်။ သို့သော် မနိုင်လောက်သော အကောင်များကိုတွေ့လျှင်၊ တဂတ်ဂတ်အော်ပါတော့သည်။ ထိုအခါကင်းလှည့်နေသော အဖွဲ့ဝင်များက သူ့ကို လာကယ်ရပါသည်။

ဘဲမွေးမြူခြင်းသည် သူတို့အတွက် အကျိုးရှိသောကြောင့် ရွာသားများက စိတ်အားတက်ကြွနေ

ပါသည်။ ထို့ကြောင့် ဘဲများကို အချိန်ပေးပြီး ဂရုစိုက်ကြပါသည်။ ကလေးများက ပိုးမွှားများကို ဖမ်းပြီး ဘဲများကို ကျွေးကြပါသည်။

ရွာနားက တောအုပ်ထဲတွင် အန္တရာယ်မရှိကြောင်း သိသောအခါမှ၊ ဘဲမိခင်များမှာ စိတ်သက်သာရာရသွားပါသည်။

တစ်နေ့တွင် တောအုပ်ထဲမှ အသံများကြားလိုက်ရပြီး ရောင်စုံဘောလုံးလေးများလို ဖြစ်နေသော ဘဲပေါက်လေးများကို တွေ့လိုက်ရပါသည်။

ကင်းလှည့်နေသောသူများရှိသည်ဆိုသော်လည်း၊ အချိန်ပြည့်တော့လည်း စောင့်ကြည့်မနေနိုင်ပါ။ ဘဲဝတုတ်သည်လည်း သူ့ဘဲမများကို မစောင့်ရှောက်နိုင်ပါ။ ဘဲလေးများ အကောင်ပေါက်လာသောအခါ သားရဲများ ရန်ကို စိုးရိမ်ရသည်။ သားရဲများသည် ဘဲပေါက်လေးများကို ဖမ်းယူစားတတ်ကြသလို၊ တခါတရံတွင် ဘဲအမေကြီးများကိုပါ စားပစ်လေ့ရှိသည်။

ရှောက်ရွှမ်သည် အမေပျောက်သွားသော ဘဲပေါက်လေးများကို ခေါ်ဆောင်စေပြီး၊ ခြံတစ်ခုထဲတွင် မွေးမြူထားပါသည်။ ဘဲဝတုတ်ကတော့ အေးဆေးပင်ဖြစ်သည်။ ဘဲလေးများပေါက်လာသော်လည်း၊ ဘဲဝတုတ်ကတော့ စိတ်မဝင်စားပါ။ဘဲဝတုတ်သည် တောအုပ်ထဲတွင် လွတ်လပ်စွာ လျှောက်သွားနေပါသည်။

ဘဲလေးများပေါက်လာသောကြောင့်၊ ရွာသူရွာသာများအားလုံး ပျော်ရွှင်နေကြသည်။ တောင်ခြေတွင် ဘဲခြံအကြီးကြီးတစ်ခြံကို ဆောက်လုပ်ထားပါသည်။ ရှောက်ရွှမ်သည် ဘဲခြံဆောက်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပါသည်။

တစ်နေ့တွင်တော့ ဘဲဝတုတ်သည်ဘဲခြံထဲတွင် ဘဲပေါက်လေးများကို အနိုင်ကျင့်နေကြောင်း ရှောက်ရွှမ်သတင်းရလိုက်ပါသည်။

ဘဲဝတုတ်၏ မျက်နှာကို မြင်သောအခါ၊ ရှောက်ရွှမ်သည်လည်း ဘာမှမတတ်နိုင်ဘဲ၊ ၎င်း

အတွက် သီးသန့်ခြံလေးတစ်ခုကို ဆောက်လုပ်ပေးလိုက်ရသည်။ ခြံထဲတွင် ကောက်ရိုးများကို ခင်းပေးထားပြီး၊ ဘဲဝတုတ်ကို ထိုခြံထဲတွင် နေချင်လာအောင် ဆွဲဆောင်ရသေးသည်။

ရှောက်ရွှမ်သည် ဘဲဥများ၏ အဆိပ်ပြေစေနိုင်သောအစွမ်းကို သိထားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူသည်ဘဲများကို သေချာဂရုစိုက်နေခြင်း ဖြစ်သည်။ဘဲများက တောအုပ်ထဲတွင်သာ ရှိနေသေးသဖြင့်၊‌ ရှောက်ရွှမ်သည် ၎င်းတို့ကို အတင်းလိုက်ဖမ်းမနေတော့ပါ။ သူတို့သည် ဘဲများကို အခုမှ စတင်မွေးမြူဖူးခြင်းဖြစ်ပါသည်။ အတွေ့အကြုံလည်း သိပ်မရှိသေးသဖြင့်၊ ဘဲအကောင်အများကြီးကို တထိုင်တည်းမွေးမြူရန် မသင်တော်ပါ။ တောအုပ်ထဲမှ အရွယ်ရောက်ပြီးသားဘဲများသည် ဘဲပေါက်လေးများကို စောင့်ရှောက်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

ဘဲမွေးမြူရေးအောင်မြင်သလို၊ ပန်းပဲဆရာများ၏ လက်ရာများသည်လည်း ယခင်ထက်များစွာတိုးတက်လာပါသည်။ သူတို့သည် ရှောက်ရွှမ်

ယူလာသော ကြေးဒယ်အိုးကြီးကို အရည်ကျိုပစ်လိုက်ပြီး၊ အသုံးဝင်မည့် ပစ္စည်းများပြုလုပ်လိုက်ပါသည်။ ၎င်းတို့ပြုလုပ်သော လက်နက်များမှာ ယခင်ထက်ပိုကောင်းလာပါသည်။ သို့သော် ပြဿနာက စမ်းသပ်ရန် သတ္တုရိုင်းများ ရှားပါးခြင်းဖြစ်ပါသည်။

သီးနှံများမှာ ရင့်မှည့်လာပြီ ဖြစ်သောကြောင့်၊ ရှောက်ရွှမ်သည် ပျော်ရွှင်နေပါသည်။ သီးနှံများမှာ ရွှေဝါရောင်သမ်းနေပြီဖြစ်သည်။ လုံးဝရင့်မှည့်သွားပြီဆိုပါက ရွှေလိုဝင်းဝါသွားမည် ဖြစ်သည်။ ရှောက်ရွှမ်သည် အတွေ့အကြုံရှိသူဖြစ်သောကြောင့်၊ သူ့လူများအား ရင့်မှည့်ခါနီးနေသော သီးနှံများကို ယခင်ထက်ပိုဂရုစိုက်ရန် မှာကြားနေပါသည်။

ကျိကျွီ၏ တွက်ချက်မှုအရဆိုလျှင်၊ ထောင်ချီရွှေကောက်ပဲသီးနှံများသည် ရင့်မှည့်တော့မည် ဖြစ်သည်။ အန်းဘမြို့တော်သို့ မသွားခင် ရင့်မှည်နိုင်ပါသည်။ ၎င်းတို့တွင် နှစ်ဝက်လောက်စုဆောင်းထားသော သားရေများ ရှိနေပါသည်။

ထို့ကြောင့် မကြာခင်တွင် ကုန်ဖလှယ်ရန် အန်းဘမြို့တော်သို့ သွားကြတော့မည် ဖြစ်သည်။ စိုက်ပျိုးရေးကို ကျွမ်းကျင်သော ထိုက်ဟယ်မျိုးနွယ်စုဝင်များကတော့ သီးနှံများကို ရိတ်သိမ်းပြီးချိန်မှ ကုန်ဖလှယ်ရန် ထွက်ခွာမည် ဖြစ်ပါသည်။ ထိုအခါကျလျှင်လည်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ လိုက်ပါဦးမည်ဖြစ်ပါသည်။

သို့သော် မနှစ်က အန်းဘမြို့တော်တွင် ပြဿနာအနည်းငယ်တက်ခဲ့သောကြောင့်၊ အခုတစ်ခေါက်တွင် ယခင်ကထက်ပိုသတိထားရတော့မည် ဖြစ်သည်။ အန်းဘမြို့တော်တွင် ၎င်းတို့၏ မိတ်ဆွေ ဝက်ဝံနက်ရှိနေသော်လည်း၊ သတိတော့ထားရမည် ဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စု၏ အရေးပါသူများအားလုံး ကျန်းလော၏ အိမ်တွင် စုစည်းကြပြီး၊ ကုန်ဖလှယ်ခရီးအတွက် တိုင်ပင်ဆွေးနွေးကြပါသည်။ရှောက်ရွှမ်သည် ထိုထဲတွင် အငယ်ဆုံးသူဖြစ်သော်လည်း၊မည်သူကမှ ၎င်းကို အထင်မသေးရဲကြပါ။

၎င်းတို့ဆွေးနွေးနေစဉ်၊ လူတစ်ယောက်ရောက်လာပြီး ရှောက်ရွှမ်ကိုတွေ့ချင်သောသူ တစ်ယောက်ရောက်နေကြောင်း သတင်းလာပို့ပါသည်။

“အဲဒီလူက သူ့နာမည်ပြောလိုက်လား” ကျန်းလော်က သတင်းလာပို့သော စစ်သည်တော်ကိုမေးလိုက်ပါသည်။

ထိုလူသည် ခဏလောက်စဉ်းစားလိုက်ပြီး “သူ့နာမည်က ဟုန်လို့ခေါ်တာပဲ”

ကျန်းလော်တို့သည် စိတ်လှုပ်ရှားလွန်းသဖြင့် ထခုန်မိမတတ်ဖြစ်သွားပြီး၊ “မြန်မြန်သွားခေါ်ခဲ့” ဟုပြောလိုက်ပါသည်။

သို့သော် ထိုစစ်သည်တော်သည် ရှောက်ရွှမ်၏ သဘောထားကို သိလိုသေးသဖြင့် “အရှင် ကျွန်တော်ဘယ်လိုလုပ်ရမလဲ” ရှောက်ရွှမ်အားမေးလိုက်သည်။

ရှောက်ရွှမ်သည် မတ်တပ်ရပ်လိုက်ပြီး “ ငါအောက်ဆင်းပြီး အရင်သွားကြည့်လိုက်မယ်”

လူစိမ်းများသည် တော်ရုံတန်ရုံကိစ္စနှင့် သူတို့ရွာထဲသို့ မဝင်ရဲပါ။ ရွာထဲသို့ ဝင်မိပါက တစ်ခုခုဖြစ်လျှင် လွတ်မြောက်မည် မဟုတ်ပါ။ ရှောက်ရွှမ်သည် ထိုအချက်စဉ်းစားမိသလို၊ ကျန်းလော်ကလည်း နားလည်ပါသည်။ သို့သော် ကျန်းလောသည် ရှောက်ရွှမ်နှင့်တောင်အောက်သို့ လိုက်သွားပါသည်။ ကျန်းလော်သည် ပန်းပဲပညာနှင့် သတ္တုအရည်ကျိုခြင်းကို အလွန်စိတ်ဝင်စားသဖြင့်၊ ရှားလူမျိုးတစ်ယောက်နှင့်တွေ့ဆုံရမည်ကို စိတ်လှုပ်ရှားနေပေသည်။

သင်သည် ကြွယ်ဝချမ်းသာသူတစ်ယောက်မဟုတ်ပါက၊ ရှားလူမျိုးတစ်ယောက် ပြုလုပ်သောလက်နက်ကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါ။

ကုန်းကျားတောင်တန်းမှ ထွက်ခွာလာသူတိုင်းသည် ပန်းပဲပညာတွင် တစ်ဖက်ကမ်းခတ်သူများ

ဖြစ်ကြသည်။ အခုအချိန်တွင် နာမည်မကြီးသေးသော်လည်း၊ တချိန်တွင် နာမည်ကျော်လာမည် ဖြစ်သည်။ နာမည်ကြီးသွားမှဆိုလျှင်၊ ဟိန်းနှင့် တွေ့ဆုံခွင့်ရရန် မလွယ်ပါ။ ထို့ကြောင့် ကျန်းလောသည် ရှားရှားပါးပါး အခွင့်အရေးကို လက်လွတ်မခံပါ။

ရှောက်ရွှမ်သည် တောင်ခြေသို့ရောက်သောအခါ၊ ဟုန်သည် မြစ်နားမှ မြက်ခင်းပေါ်တွင် ထိုင်နေပြီး ဘဲများကို ကြည့်နေပါသည်။

ဘဲများသည် ရွာထဲတွင် အနေကြာသွားပြီဖြစ်သောကြောင့် လူယဉ်နေပြီဖြစ်သည်။

“မင်းတို့ရွာမှာ ငှက်တွေ မွေးထားတာလား…ဒီအတိုင်းထားထားရင် ထွက်ပြေးသွားမှာ မစိုးရိမ်ဘူးလား” ကုန်းကျားဟုန်က မေးလိုက်ပါသည်။

ရှောက်ရွှမ်က ပြုံးလိုက်ပြီး “ နဂိုတည်းကလည်း သူတို့ဟာသူတို့ ရောက်လာတာပဲလေ…ပျံသွားချင်တယ်ဆိုလည်း ပျံသွားလို့ရပါတယ်”

“အင်း” ကုန်းကျားဟုန်ကတော့ ရှောက်ရွှမ်ကို မယုံပါ။ သို့သော် သူသည် ထိုနေရာကို ဘဲများကြည့်ရန် ရောက်လာခြင်းမဟုတ်ပါ။ သူတို့မွေးထားသော ဘဲများကိုလည်း စိတ်မဝင်စားပါ။

“ဒီနေရာကို ရှာမတွေ့ခင်အခြား မျိုးနွယ်စုတွေကိုလည်းမေးခဲ့ရသေးတယ်” ကုန်းကျားဟုန်သည် ရှောက်ရွှမ်တို့ရွာသို့ရောက်သောအခါ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်သည် တောဝက်ကြီးတစ်ကောင်ကို ဆွဲသွားသည်ကို မြင်တွေ့လိုက်ရပါသည်။ ထိုလူသည် တောဝက်ကြီးကို သူ့အဖော်ဆီသို့ မှို့အိတ်လေးပမာ ပစ်ပေးလိုက်ပါသည်။ ထိုအခါ ဟုန်သည် “ရှောက်ရွှမ် လိမ်နေတာ မဟုတ်ဘူးပဲ…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက တော်တော်အားသန်ကြတာပဲ”ဟုတွေးနေမိပေသည်။

“ရွာထဲကို လိုက်ခဲ့လေ…အထဲရောက်မှ စကားပြောကြတာပေါ့…ခင်ဗျားလည်း ပင်ပန်းနေရောပေါ့…ဒီမှာ ၃၊၄ ရက်လောက်နေပြီးမှ ပြန်ပေါ့”

ရှောက်ရွှမ်က ပြောလိုက်သည်။

ကုန်းကျားဟုန်ကလည်း မငြင်းပေ။ သူသည် ကုန်းကျားတောင်တန်းက ထွက်ခွာလာပြီးကတည်းက၊ သေချာအနားမယူရသေးပါ။ တောအုပ်ထဲတွင် သားရဲကြီးများ၏ရန်ကို ရှောင်ရှားနေရပါသည်။ ထို့ကြောင့် သူသည် အလွန်ပင်ပန်းနေပြီး၊ အနားယူချင်နေပါသည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာကို အခုမှ ရောက်ဖူးသော်လည်း၊ ရှောက်ရွှမ်ကို စိတ်ချယုံကြည်ပါသည်။

ဟုန်ကို ကျန်းလော်တို့နှင့် မိတ်ဆက်ပေးပြီးနောက်၊ ရှောက်ရွှမ်သည် ဟုန်ကို သူ့အိမ်သို့ခေါ်လာပါသည်။

ဟုန်သည် အိတ်ကြီးတစ်လုံးကို လွယ်လာပါသည်။ အိမ်ထဲသို့ရောက်သောအခါ အိတ်ကြီးကို စားပွဲပေါ်သို့ ဝုန်းခနဲပစ်တင်လိုက်ပါသည်။

“အဲဒါမင်းအတွက်ပဲ” ဟုန်ကပြောလိုက်သည်။

“မင်းကိုငါသေချာကျေးဇူးမဆက်ရသေးဘူး…အဲဒါတွေကတော့ ငါ့ကြိုးစားမှုရဲ့ အသီးအပွင့်တွေပေါ့ကွာ”

ရှောက်ရွှမ်သည် အိတ်ထဲမှာ ပစ္စည်းများကို ကြည့်လိုက်ပါသည်။ လက်နက်အားလုံးပေါင်း၁၀မျိုးပါဝင်ပြီး၊ ဓားများ၊ပုဆိန်များ အစုံအလင်ပါဝင်ပါသည်။ ထိုလက်နက်များကို ကြည့်လိုက်သည်နှင့် အလွန်ထက်မြက်ကြောင်း သိနိုင်ပါသည်။ လက်နက်တိုင်းပေါ်တွင် ကုန်းကျားဟုန်က လက်မှတ်ကို ရေးထိုးထားပါသည်။ ရွှေရောင်ဓားတစ်ချောင်းပေါ်တွင်တော့ ရှောက်ရွှမ်၏နာမည်ကို ရေးထိုးပေးထားပါသည်။

ကုန်းကျားဟုန်က ဂုဏ်ယူသောမျက်နှာထားနှင့် ရှောက်ရွှမ်ကို ကြည့်နေပါသည်။ ထို့နောက် “ဒီဓားက ငါ့လက်ရာတွေထဲမှာ အကောင်းဆုံးဓားပဲ…ကျောက်တုံးတစ်တုံးလောက်တော့ အသာလေး ဖြတ်ပစ်လို့ရတယ်” ပြောရင်းနှင့်လည်း အခန်းထဲကို ကြည့်နေပါသည်။ ထို့နောက် သူ့လက်သီးဆုပ်

လောက်ရှိသော ကျောက်တုံးကြီးကို ကောက်ယူလိုက်ပြီး “ကြည့်နေ”ဟုပြောလိုက်သည်။

ကျန်းလော်တို့၊သုန့်ကန်းတို့သည် အိမ်ထဲသို့ ချောင်းကြည့်နေကြပါသည်။ ၎င်းတို့သည် စိတ်လှုပ်ရှားစရာအဖြစ်များကို ကြည့်ချင်နေကြပါသည်။ ရှားလူမျိုးများ ပြုလုပ်သော လက်နက်များမှာ ကျောက်တုံးများကို ဖြတ်တောက်နိုင်သည်ဟု နာမည်ကြီးနေသည် မဟုတ်ပါလား။သို့သော် ရှားလူမျိးများပြုလုပ်သော လက်နက်များမှာ အရမ်းဈေးကြီးပါသည်။ အဆက်အသွယ်သာမရှိပါက၊ ၎င်းတို့သည် ရှားလူမျိုးပန်းပဲဆရာတစ်ယောက်ကို ငှားရမ်းနိုင်မည် မဟုတ်ပါ။ ရှားလူမျိုးထဲမှ အတော်ဆုံးပန်းပဲဆရာများသည် အပြင်လူများကို လက်ခံတွေ့ဆုံလေ့မရှိပါ။

ယနေ့တော့ ရှားလူမျိုးတစ်ယောက် ပြုလုပ်သော လက်နက်အစွမ်းကို သူတို့ သိရတော့မည် ဖြစ်သည်။

ကုန်းကျားဟုန်သည် ရွှေရောင်ဓားကို ကိုင်လိုက်

ပြီး၊ ကျောက်တုံးကို လေထဲ ပစ်တင်လိုက်ပါသည်။

ထို့နောက် ရွှေရောင်တချက်လက်ခနဲဖြစ်သွားပါသည်။ မှောင်မိုက်သော ညကောင်းကင်တွင် လျှပ်ပြက်လိုက်သလို လင်းခနဲ ဖြစ်သွားပါသည်။

ကြည့်နေသူများအားလုံး ကျောရိုးထဲတွင် စိမ့်ခနဲ ဖြစ်သွားပါသည်။

“ချွင်”

ရွှေရောင်ဓားနှင့် ကျောက်တုံးတို့ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသောအသံသည် ၎င်းတို့နားများကို ကွဲသွားစေမတတ် စူးရှပါသည်။

ကျောက်မှုန်များ လွင့်စင်ထွက်လာသည်။

“ဒုတ်…”

ကျောက်တုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျ

သွားပါသည်။

ကျောက်တုံးပေါ်တွင် အစင်းရာသေးသေးလေးသာ ဖြစ်ပေါ်သွားပါသည်။

ထိုအခါ ရှောက်ရွှမ်၊ကုန်းကျားဟုန်၊ကျန်းလော်တို့အားလုံး နှုတ်ဆိတ်သွားကြပါသည်။

“ဒီဓားနဲ့ ခုတ်လိုက်ရင် ကျောက်တုံးက ထက်ခြမ်းကွဲသွားရမှာ မဟုတ်ဘူးလား”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၂၆) မီးလျှံသလင်းကျောက်များ

ရှောက်ရွှမ်၏ စကားကိုကြားသောအခါ၊ ကျန်းလော်က သူ၏ တိုက်ခိုက်မှုကို အရှိန်အဟုန်မြှင့်တင်လိုက်ပြီး ယခင်ကထက် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်ပါတော့သည်။ ၎င်းတို့မှာ ရန်သူများထက် ခွန်အားသန်စွမ်းကြသူများ ဖြစ်ကြသည်။

မြေခွေးများနှင့် ရှန်များက စစ်ကူများ ထပ်မလွှတ်ပေးတော့ပါ။ ဂူထဲမှ လူလေးရာကတော့ ကိစ္စချောသွားပြီ ဖြစ်သည်။ ထွက်ပြေးသွားသည့်လူများက ထွက်ပြေးသွားသလို၊ တချို့လည်း သေကုန်ကြသည်။ စိတ်ဓာတ်များလည်း ပျက်ပြားကုန်သဖြင့် ရေရှည်တောင့်ခံနိုင်ကြတော့မည် မဟုတ်ပါ။

အမှန်တော့ တိုက်ပွဲ၏ကြာချိန်မှာ၅မိနစ်လောက်သာ ရှိပါသေးသည်။ ငါးမိနစ်ဆိုသည်မှာ အသားတစ်ခါကင်စာပင် မရှိပါ။ တိုက်ပွဲမှာ အချိန်

ကြာနေပြီဟုထင်ရသော်လည်း၊ ငါးမိနစ်သာရှိပါသေးသည်။

အပူချိန်ရုတ်တရက်ကျဆင်းလာပြီး၊ နှင်းများက ထပ်မံကျဆင်းလာပါသည်။ နေရာအနှံ့မှ နှင်းခဲများနှင့် မြေပြင် ရိုက်ခတ်သံများကို ကြားနေရပါသည်။ မြေပြင်ပေါ်မှ သွေးများမှာ လျင်မြန်စွာ‌ခြောက်သွေ့သွားပါသည်။ မျက်စိတမှိတ်အတွင်း သွေးစသွေးနများနှင့် နီရဲနေသော မြေပြင်မှာ နှင်းများဖုံးလွှမ်းသွားသဖြင့် ဖြူဖွေးသွားပါသည်။

တချို့စစ်သည်တော်များက ထွက်ပြေးသွားသော ရန်သူများနောက်ကို လိုက်ချင်ကြသော်လည်း ရှောက်ရွှမ်ကတားလိုက်ပါသည်။

“မလိုက်ကြနဲ့…ဂူထဲက ကျောက်တုံးတွေကို အမြန်ဖယ်လိုက်”

“ကျောက်တုံးတွေကို ဖယ်ကြဟေ့” ကျန်းလော်

က ပြောလိုက်ပါသည်။

စစ်သည်တော်များအားလုံးမှာ မောပန်းနေကြပြီဖြစ်သည်။ အကျင့်ပါနေသဖြင့်၊ ၎င်းတို့သည် လက်နက်တွင်ပေနေသော သွေးများကို ခါချလိုက်ပါသည်။ သို့သော် အအေးဒဏ်ကြောင့်၊ ဓားပေါ်မှ သွေးများမှာ ခြောက်သွားပြီဖြစ်ပါသည်။

ဆေးတပ်သားများက ဒဏ်ရာရသူများကို ပြုစုနေကြပါသည်။ ကျန်သူများက ဂူထဲမှ ကျောက်တုံးများကို ဖယ်ရှားပစ်နေကြပါသည်။

စောစောရောက်လာသည်မှာတော်ပါသေးသည်။ ဂူမှာ အဝနားတွင် ပျက်စီးနေသော်လည်း၊ အထဲတွင်တော့ အကောင်းအတိုင်းရှိပါသေးသည်။

စစ်သည်တော်များက ကျောက်တုံးများကို မပြီး၊ အပြင်သို့ ပစ်ထုတ်နေကြပါသည်။ မကြာခင်အချိန်အတွင်းတွင်၊ ဂူပေါက်ဝတွင် ပိတ်ဆို့နေသော ကျောက်တုံးများကို ဖယ်ရှားပြီးသားဖြစ်သွ

ဦးပါသည်။ အပေါက်ဝကို ပိတ်ရန်ထားသော ကျောက်တုံးကြီးတစ်လုံးသာ ကျန်ခဲ့ပါတော့သည်။

ကျန်းလော်က အဖွဲ့တစ်ဖွဲ့ကို ခေါ်ပြီး ဂူထဲတွင် ဆင်ထားသော ထောင်ခြောက်များရှိ၊မရှိ သွားစစ်ဆေးနေပါသည်။ စစ်ဆေးပြီးသောအခါမှသာ၊ သူ့လူများကို အထဲသို့ ဝင်စေပါသည်။ စစ်သည်တော်များထဲတွင် ဒဏ်ရာရသူများလည်းရှိသလို၊ သေဆုံးသူများလည်း ရှိပါသည်။သေဆုံးသွားသော စစ်သည်တော်များကို ရွာသို့ ပြန်သယ်ပြီး မီးသင်္ဂြိုဟ်မည် ဖြစ်ပါသည်။

သို့သော် သေဆုံးဒဏ်ရာရသူများမှာ အရေအတွက် သိပ်မများပါ။ သူတို့ အနိုင်ရလိုက်ပြီ ဖြစ်ပါသည်။

သူ့လူများကို နေရာချထားပေးပြီးသွားသောအခါ၊ ကျန်းလော်က ဂူအပြင်သို့ ကြည့်လိုက်ပါသည်။

သို့သော် နှင်းများထူထပ်စွာ ကျဆင်းနေသောကြောင့်၊ မြင်ကွင်းမှာ မရှင်းလင်းပါ။

“သုန့်ကန်း…မင်းဒီမှာနေခဲ့ဦီး…ငါအပြင်မှာ သွားစစ်ဆေးဦးမယ်” ကျန်းလော်က လူတချို့ကို ခေါ်ပြီး ထွက်သွားပါသည်။

အပြင်တွင် နှင်းမုန်တိုင်းတိုက်နေသောကြောင့်၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တောင်လေမျိုးနွယ်စုများ ဘာဖြစ်နေမလဲ သူတို့လည်း မသိတော့ပါ။

သူတို့သည် ရှောက်ရွှမ်၏ စကားကို နားထောင်လိုက်သည်မှာ မှန်သွားသည်။ မဟုတ်လျှင် နှင်းမုန်တိုင်းထဲတွင် အားလုံးဒုက္ခရောက်ကုန်မည် ဖြစ်သည်။

“ရှောက်ရွှမ် ဘယ်ရောက်သွားလဲ” သုန့်ကန်းက အနားမှ စစ်သည်တော်များကို မေးလိုက်ပါသည်။

စစ်သည်တော်များက ဂူထဲသို့ လက်ညှိုးထိုးပြ

ပြီး “ အထဲမှာ ထင်တာပဲ”

ရှောက်ရွှမ်သည် ဒဏ်ရာရထားသူများအား သူ့တွင်ပါလာသော ဆေးဝါးများဖြင့် ကုသပေးနေပါသည်။

ဝါချနှင့် ဆားတွင်းအစောင့်များကတော့ ဂူ၏ အတွင်းပိုင်းသို့ သွားနေကြပါသည်။ ထို့နောက် ကြွေဒယ်အိုးကြီးတစ်လုံးနှင့် ပြန်ထွက်လာပါသည်။ ထို့နောက် သူတို့သည် ဂူထဲတွင် မီးမွှေးလိုက်ပြီး၊ သန့်စင်သော နှင်းများကို ရေနွေးအဖြစ်တည်လိုက်ပြီး၊ အားလုံးစားသောက်ရန် ဆန်ပြုတ်များ ပြုတ်ပါတော့သည်။

ရှောက်ရွှမ်က ဆန်ပြုတ်ထဲသို့ ထောင်ချီကောက်ပဲသီးနှံတချို့ကို ထည့်လိုက်ပါသည်။ အခြားလူများရှိနေသဖြင့်၊သူသည် ဆန်ပြုတ်အိုးကို ကြည့်ရန် မလိုပါ။ သုန့်ကန်းရောက်လာသောအခါ၊ ရှောက်ရွှမ်သည် ဂူအတွင်းပိုင်းသို့ ထွက်ခွာသွားပါသည်။

“ရှောက်ရွှမ်…ဒီနှင်းမုန်တိုင်းက ဘယ်လောက်ကြာဦးမလဲ သိလား”သုန့်ကန်းက မေးလိုက်သည်။

ရှောက်ရွှမ်က ခေါင်းခါလိုက်ပြီး၊ “မသိဘူး…ဒါပေမဲ့ ဒါအစပဲရှိသေးတယ်…ဒီထက်ပိုဆိုးတာတွေလာလိမ့်ဦးမယ်”

သုန့်ကန်းက ခေါင်းညိတ်လိုက်ပြီး “အင်း…ငါလည်း သိပါတယ်…အဲဒါကြောင့် မြေခွေးတွေနဲ့ ရှန်တွေက ဂူထဲမှာပဲ ပုန်းနေတာပေါ့…ရှန်လူမျိုးတွေကလည်း ရာသီဥတုကို ခန့်မှန်းနိုင်တယ်မဟုတ်လား”

ရှောက်ရွှမ်သည် တစ်စုံတရာ ပြောလိုက်ချင်သော်လည်း၊ ပြောသင့်မပြောသင့် ချိန်ဆနေပါသည်။ သုန့်ကန်းသည် ရှောက်ရွှမ်ကို ကြည့်ပြီး “တခြားဘာကိစ္စများ ရှိသေးလို့လဲ”

“ကျွန်တော်လည်း သေချာမသိသေးဘူး…ဒါပေမဲ့ စိတ်ထဲမှာ လေးနေတယ်” ရှောက်ရွှမ်က

ပြောလိုက်ပါသည်။

သုန့်ကန်းသည် ဂူပေါက်ဝတွင် အစောင့်များချထားပါသည်။၎င်းတို့သည် သေခြင်းနှင့် အကြိမ်ကြိမ်ရင်ဆိုင်ဖူးသူများဖြစ်၍၊ အတွေ့အကြုံရှိသူများဖြစ်ပါသည်။ ရှောက်ရွှမ်ကပြောနေပြီ ဆိုလျှင် သတိထားခြင်းက မမှားနိုင်ပါ။

“သူတို့ကို ဆားသိုလှောင်ခန်းတွေကို သွားစစ်ခိုင်းလိုက်မယ်” သုန့်ကန်းက ပြောလိုက်ပါသည်။

မြေခွေးများနှင့် ရှန်များက သူတို့ဂူကို သိမ်းပိုက်ပြီးနောက် အစာရေစာများကိုလည်း ယူဆောင်သွားပါသည်။ ဂူထဲတွင် ကြွေဒယ်အိုးကြီးတစ်လုံးသာ ကျန်နေခဲ့ပါသည်။ အခြားသော ပစ္စည်းများကတော့ သုံး၍မရလောက်အောက် ပျက်စီးနေပြီ ဖြစ်သည်။ ရှိသော ဒယ်အိုးကြီးမှာလည်း ခြေထောက်တစ်ချောင်းမရှိတော့ပါ။ ဝါချက ထိုအိုးဖြင့် ဆန်ပြုတ်များ ပြုတ်နေပါသည်။

သုန့်ကန်းကတော့ မြေခွေးများ၊ရှန်များနှင့် ၎င်းတို့ခေါ်ဆောင်လာသော စစ်ကူများကို ကျိန်ဆဲနေပါသည်။

မကြာခင်တွင်၊ ကျန်းလော်သည် တည်ငြိမ်လေးနက်သောအသွင်နှင့် ပြန်ရောက်လာပါသည်။

“အခြေအနေဘယ်လိုလဲ” ရှောက်ရွှမ်က မေးလိုက်ပါသည်။

“ဂူပေါက်ဝကတော့ ပြိုကျသွားပြီ…ငါတို့ဂူထက်အခြေအနေဆိုးတယ်”

သူတို့ အချိန်မီရောက်လာ၍သာ သူတို့၏ဂူမှာ လုံးဝပျက်စီးမသွားခြင်း ဖြစ်ပါသည်။ သို့သော် အခြားဂူ၂လုံးကတော့ အခြေအနေတော်တော်ဆိုးသွားပြီ ဖြစ်ပါသည်။ အခြားဂူများမှလူများသည် မီးတောက်ဦးချိုတို့၏ ဂူမှ တိုက်ခိုက်သံများကိုကြားသောအခါ၊ ဖျက်ဆီးခြင်းကို အရှိန်မြှင့်ပြီးလုပ်ဆောင်ခဲ့ကြပါသည်။ ထို့ကြောင့် ထိုဂူ၂လုံး၏ အခြေအနေမှာ တော်တော်ဆိုးသွားခြင်း

ဖြစ်သည်။

ထိုက်ဟယ်မျိုးနွယ်စုနှင့် တောင်လေမျိုးနွယ်စုတို့အချိန်မီရောက်လာလျှင်တော့၊ ပျက်စီးနေသည့်ဂူကို ပြန်ပြင်နိုင်မည် ဖြစ်သည်။ ရာသီဥတုအခြေအနေပြင်းထန်လာခြင်း နှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်လာခြင်းတို့ကြောင့်၊ ဂူများကို ဖျက်ဆီးနေသူများ ထွက်ပြေးသွားကြခြင်း ဖြစ်ပါသည်။

“ကျန်တဲ့ကိစ္စတွေ ခဏမေ့ထားလိုက်…အဲဒီဂူတွေကို သွားစောင့်ကြည့်နေကြ…တစ်ခုခုထူးရင် ငါ့ကိုလာပြော” ကျန်းလော်က တာဝန်များ ဝေခွဲပေးလိုက်သည်။

ဆားတွင်းကို တိုက်ခိုက်ပြီး ပြန်သိမ်းပိုက်ရခြင်းမှာ လွယ်ကူသော အလုပ်မဟုတ်ပါ။ ရာသီဥတုအခြေအနေက ခန့်မှန်း၍ မရဖြစ်နေသောကြောင့်၊ တိုက်ခိုက်ရသည်မှာ ပို၍ပင် ခက်ခဲနေပါသည်။

နှင်းမုန်တိုင်းများတိုက်နေသဖြင့်၊ ထိုက်ဟယ်

မျိုးနွယ်စုနှင့် တောင်လေမျိုးနွယ်စုတို့မှာ အချိန်မီရောက်လာကြတော့မည်မဟုတ်ပေ။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဂူပေါက်ဝအား တစ်ယောက်တလှည့် စောင့်ကြပါသည်။ ယခုလိုအခြေအနေမျိုးတွင်၊ စတင်တိုက်ခိုက်ရန် မသင့်တော်သေးပါ။ လောလောဆယ်အခြေအနေအရ၊ ရာသီဥတုကောင်းမွန်လာသည့်အချိန်ကို ဂူထဲမှ စောင့်ဆိုင်းနေရုံသာရှိသည်။ ရန်သူများကို တိုက်ခိုက်ရန်၊ ထိုက်ဟယ်နှင့်တောင်လေ မျိုးနွယ်စုတို့ကို စောင့်ဆိုင်းကြမည် ဖြစ်သည်။

ရှောက်ရွှမ်က ဝါချာကို ခေါ်ပြီး ဂူအတွင်းပိုင်းသို့ ဝင်သွားပါသည်။

သုန့်ကန်းနှင့် ကျန်းလော်တို့လည်း လိုက်လာကြပါသည်။

“မြေခွေးတွေနဲ့ ရှန်တွေ မီးလျှံသလင်းကျောက်တွေကို တူးတဲ့နေရာက ငါတို့အောက်မှာလား…

အောက်ကိုဆက်တူးရင် သလင်းကျောက်တွေထွက်လာမှာလား” သုန့်ကန်းက မေးလိုက်ပါသည်။

“ဖြစ်နိုင်ပါတယ်” ဝါချာက ပြောလိုက်ပါသည်။ “အခုဘာမှ လုပ်စရာမရှိတဲ့အတူတူ၊ မြေကြီးအောက်ကို တူးကြည့်ရင် မကောင်းဘူးလား…”

မီးလျှံသလင်းကျောက်များကို တွေ့ရလျှင် အားလုံး စိတ်အားများ ပိုတက်ကြွလာမည် ဖြစ်သည်။

အချိန်ဆွဲမနေတော့ဘဲ၊ ကျန်းလော်က သူ့လူများကို ခေါ်ကာ မြေကြီးကို စတင်တူးခိုင်းပါတော့သည်။ အားလုံးကလည်း မီးလျှံသလင်းကျောက်များကို လိုချင်နေကြပါသည်။

“မြေကြီးအောက်ကို ရောက်လေ…ကျောက်တွေက ပိုမာလေပဲ…မီးလျှံသလင်းကျောက်တွေကတော့ ရမရ မပြောတတ်ဘူး” သုန့်ကန်းက ပြောလိုက်ပါသည်။

“ရတာ မရတာ အရေးမကြီးပါဘူး…ကြိုးစားကြည့်ဖို့က အရေးကြီးတာပါ” ကျန်းလော်က မြေကြီးကို စတင်တူးပါတော့သည်။

ဂူထဲမှ ပစ္စည်းကိရိယာများကို မြေခွေးများနှင့်ရှန်များက ဖျက်ဆီးသွားသော်လည်း၊ ဖွက်ထားသည့် ပစ္စည်းကိရိယာများ ရှိနေပါသည်။ ထိုပစ္စည်းများကို ဝါချာ သွားယူလိုက်သည်။ အရင်တုန်းကတော့ စစ်သည်တော်များသည် ပစ္စည်းကိရိယာများကို ပေါများစွာ အသုံးချမည်စိုးသောကြောင့်၊ ဝါချာက ဖွက်ထားခြင်းဖြစ်ပါသည်။ အခုတော့ ထိုပစ္စည်းများမှာ အသုံးဝင်လာပြီ ဖြစ်သည်။

“တူးကြဟေ့…တူးကြ…ဟိုကောင်တွေတောင် ရှာတွေ့သေးတာ ငါတို့လည်း တွေ့ရမှာပေါ့” သုန့်ကန်းက ပြောလိုက်ပါသည်။

“အောက်မှာ မီးလျှံသလင်းကျောက်တွေ ရှိမှာ သေချာပါတယ်” ရှောက်ရွှမ်က မီးလျှံသလင်း

ကျောက်များကို အာရုံခံ၍ရနေပါသည်။

ရှောက်ရွှမ်သည် ကျန်သူများထက် အာရုံခံနိုင်စွမ်းထက်မြက်ပါသည်။ ကျန်းလော်ပင်လျှင် မီးလျှံသလင်းကျောက်များကို အာရုံခံ၍မရပါ။

“တကယ်လား…”ကျန်းလော်နှင့် သုန့်ကန်းက ရှောက်ရွှမ်ကို မော့ကြည့်လိုက်ပါသည်။ “ဘယ်လောက်နက်နက်တူးရမှာလဲ”

ရှောက်ရွှမ်သည် နေရာတစ်နေရာကို ညွှန်ပြပြီး “ဒီနားကို တူးရင် ရမယ်ထင်တယ်…ဒါပေမဲ့ ဘယ်လောက် နက်နက်တူးရမလဲတော့ ကျွန်တော်လည်း မသိဘူး”

“နက်နက်တူးရတာက အရေးမကြီးဘူး..မီးလျှံသလင်းကျောက်တွေ ရှိနေဖို့ပဲ အရေးကြီးတယ်” ကျန်းလောကသူတူးနေသာ နေရာမှ ထလာပါသည်။

ရှောက်ရွှမ်ကတော့ စိတ်များလေးလံနေဆဲဖြစ်

သောကြောင့်၊မတူးတော့ပါ။ ရှောက်ရွှမ်သည် အန္တရာယ်အငွေ့အသက်များကို ရနေ၏။ ထို့ကြောင့် ကျန်းလောတို့ မီးလျှံသလင်းကျောက်များကို တူးနေသည့်အချိန်တွင်၊ ရှောက်ရွှမ်သည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ထိုင်ပြီး၊ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို စဉ်းစားကြည့်နေပေသည်။

ကျန်းလော်တို့ကတော့ ရှောက်ရွှမ်၏ အပြုအမူကို သတိမထားမိကြပါ။ မီးလျှံသလင်းကျောက်များကိုသာ သဲကြီးမဲကြီးတူးနေကြသည်။

အချိန်မှာ မနက်ခင်းအစောပိုင်းသာရှိသေးသော်လည်း၊ ကောင်းကင်ကတော့ မှောင်မည်းနေပြီဖြစ်သည်။ နှင်းများကလည်း ထူထပ်စွာကျဆင်းနေဆဲဖြစ်ပါသည်။

“ ထိုက်ဟယ်တွေနဲ့ တောင်လေမျိုးနွယ်စုဝင်တွေ ဘယ်နားရောက်နေလောက်ပြီထင်လဲ” သောခန်က ဆန်ပြုတ်သောက်ရင်း မေးလိုက်ပါသည်။

အိုးခွက်ပန်းကန်များမှာလည်း ဖျက်စီးခံလိုက်ရသောကြောင့်၊ ထည့်စားစရာ ခွက်မရှိပါ။ အခုတော့ ရှောက်ရွှမ်လုပ်ပေးထားသော ကျောက်သားပန်းကန်လုံးများကို အသုံးပြုနေရပါသည်။ ဂူထဲတွင် ရှိသော ကျောက်တုံးများမှာ သိပ်မမာကြောသောကြောင့်၊ လိုသလိုပုံသွင်း၍ရပါသည်။ သို့သော် ကျောက်သားပန်းကန်လုံးများမှာ ဆားဓာတ်များ ရှိနေသောကြောင့်၊ ဆန်ပြုတ်မှာ နည်းနည်းငန်နေပါသည်။

ဆန်ပြုတ်သောက်ပြီးသွားသောအခါ၊ သုန့်ကန်းက ခုန်ထလိုက်ပြီး လက်ဝါး၂ဖက်ကို ပွတ်လိုက်ပါသည်။ ယခုဆောင်းတွင်းမှာ သူကြုံဖူးခဲ့သော ဆောင်းတွင်းများထဲတွင် အအေးဆုံးဆောင်းတွင်းဖြစ်ပါသည်။

သို့သော် ဒုတိယနေ့ရောက်သောအခါ၊ အအေးဓာတ်မှာ ပို၍ပင် ပြင်းထန်လာပါသည်။ မနက်ခင်းအိပ်ရာထသောအခါ၊ ဂူအပြင်မှ မြေပြင်ပေါ်တွင် နှင်းများမှာ သုံးမီတာလောက်ထူနေပြီဖြစ်သည်။

“ရှောက်ရွှမ်…မင်းကြုံဖူးတဲ့ အိမ်တွေပါ မြုပ်သွားလောက်အောင် နှင်းကျတယ်ဆိုတာ ဒါမျိုးလား” သုန့်ကန်း မေးလိုက်သည်။

“ဒီလိုမျိုးတော့ ဒီလိုမျိုးပဲ…ဒါပေမဲ့ တညတည်းမှာ နှင်းတွေ ဒီလောက်အများကြီး ကျလာတာတော့ မဟုတ်ဘူး” ရှောက်ရွှမ်ပင် တုန်လှုပ်နေပါသည်။

ရာသီဥတုမှာ ထိုပုံအတိုင်းသာဆက်သွားနေပါက၊ အခြေအနေများမည်သို့ဖြစ်လာမည်လဲ ရှောက်ရွှမ်လည်း မသိတော့ပေ။

(ဆက်ရန်…)

All Chapters