အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
အခန်း(၄၃၃)
အိမ်တော်ထိန်းသည် အနည်းငယ်တုန်လှုပ်သွားသော်လည်း လျင်မြန်စွာ ထွက်ခွာသွားပါသည်။
ရှောက်ရွှမ်ရောက်နေကြောင်း သိလိုက်ရသဖြင့်၊ လောင်ကျွီသည် စိုက်ခင်းများကို ဆက်လက်မလေ့လာချင်တော့ပါ။ လေ့လာလေ စိတ်ပိုပျက်ရလေဖြစ်နေပါသည်။ သူသည် မြေကွက်အသီးသီးကို တာဝန်ယူထားရသော ခေါင်းဆောင်များကို လွှဲအပ်ခဲ့လိုက်သည်။ အမှားများထပ်မံကျူးလွန်သည်ဆိုပါက အလုပ်ဖြစ်ပစ်ရုံသာ ရှိတော့သည်။ သူ့အိမ်တွင် အလုပ်လုပ်လိုသော လူများတန်းစီနေပါသည်။
လောင်ကျွီသည် လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့လူ၁၀ယောက်ကို လူစုခွဲခိုင်းလိုက်သည်။ ထို့နောက် စင်္ကြံတစ်ခုပေါ်တွင် လမ်းလျှောက်နေပါသည်။ ထိုနေရာသည် လောင်ကျွီအနားယူလေ့ရှိ
သော နေရာတစ်ခု ဖြစ်ပါသည်။
ရှောက်ရွှမ်တို့၃ယောက်သည် ဝင်ပေါက်တွင် စောင့်နေကြပါသည်။ လောင်ကျွီနှင့် တွေ့ချင်သော အခြားသူများလည်း စောင့်ဆိုင်းနေကြပါသည်။ လှပသော လက်ဆောင်များကို ယူလာကြသော်လည်း အစောင့်များက သူတို့ကို လှည့်၍ပင်မကြည့်ပါ။ လူများသည် အစောင့်များကို မကျေနပ်ကြသော်လည်း အိမ်ထဲသို့ အဓမ္မဝင်ရောက်ခြင်းတော့ မလုပ်ရဲကြပါ။
ဝက်ဝံနက်သည် အိမ်ပြင်တွင် လမ်းလျှောက်နေပါသည်။ သူသည် စိတ်တွေလှုပ်ရှားနေပါသည်။အရင်တုန်းကဆိုလျှင် သူသည် လောင်ကျွီနှင့် တွေ့ဆုံခွင့်မရခဲ့ဖူးပါ။ အခုတစ်ခေါက်သည် ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစသည်။ ဝက်ဝံနက်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသော ရှောက်ရွှမ်နှင့် ကွမ်းယီတို့ကို ကြည့်လိုက်ပါသည်။ ဝက်ဝံနက်သည် ရှောက်ရွှမ်တို့ကို နားမလည်တော့ပါ။ သူတို့သည် ဘာကြောင့် စိတ်မလှုပ်ရှားဘဲ နေ
နိုင်ကြသနည်း။
မကြာခင် ခြေသံများကို ကြားလိုက်ရပါသည်။
အိမ်ပြင်တွင် စောင့်နေသောသူများအားလုံးသည် အိမ်ထဲမှ ထွက်လာသူကို ကြည့်လိုက်ကြပါသည်။
ထိုသူမှာ အခုလေးတင်အိမ်ထဲသို့ ဝင်သွားသော အစောင့်ဖြစ်ပါသည်။ ထိုအစောင့် အိမ်ပြင်ပြန်ထွက်လာသောအခါ စကားတခွန်းမှမပြောဘဲ၊ သူအစောင့်ကျရာနေရာသို့ ပြန်သွားပါသည်။
ဝက်ဝံနက်က မေးခွန်းများမေးလိုသော်လည်း၊ ထိုအစောင့်က ဖြေချင်ပုံမပေါ်ပါ။ ဝက်ဝံနက်သည် ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ ဓားမြောင်ကို ပို့ခိုင်းလိုက်သော်လည်း၊ မည်သည့် တုန့်ပြန်မှုမှ ပြန်မလာပါ။
ရှောက်ရွှမ်ကို မေးရန် ဟန်ပြင်နေစဉ်မှာပင်၊ ဝက်ဝံနက်သည် ခြေသံများကို ကြားလိုက်ရ
သည်။ ခြေသံများသည် ညင်သာသဖြင့်၊ အကြားအာရုံမထက်မြက်သူများဆိုလျှင် ကြားရမည် မဟုတ်ပါ။ ဝက်ဝံနက်ကတော့ အကြားအာရုံထက်မြက်သူ ဖြစ်ပါသည်။
“ကျွီ…”
နွားရိုင်းခေါင်းကြီးများ ချိတ်ဆွဲထားသော တံခါးကြီးပွင့်သွားပါသည်။ တံခါးဝတွင် ထွက်ပေါ်လာသောသူမှာ အစောင့်၁ယောက်မဟုတ်ပါ။ သူ၏အဝတ်အစားများမှာ အစောင့်များနှင့်မတူပါ။ထိုသူသည် အစိမ်းရောင်ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး သစ်ရွက်များနှင့်လုပ်ထားသော အဝတ်များကို ဝတ်ဆင်ထားသည်။
ထိုသူကိုမြင်သောအခါ၊ အားလုံး စိတ်လှုပ်ရှားသွားကြသလို ကျေလည်း ကျေနပ်သွားကြသည်။ တချို့က ထိုသူကို သိကြပါသည်။
“အိမ်တော်ထိန်းကြီး” တစ်ယောက်က ရေရွတ်လိုက်ပါသည်။
အားလုံး ဆူညံသွားကြပြီး ဝင်ပေါက်နားတွင် တိုးဝှေ့နေကြပါသည်။ အားလုံးက အိမ်တော်ထိန်းကြီးနှင့် စကားပြောခွင့်ရချင်နေကြပါသည်။
သို့သော် သူတို့အားလုံးကို အစောင့်များက တားထားလိုက်ပါသည်။ အိမ်တော်ထိန်းကြီးနောက်တွင် လူများရှိနေပါသည်။ ထိုလူများသည် ဝင်ပေါက်မှ အစောင့်များထက်ပင် သန်မာထွားကြိုင်းနေပါသည်။ လူတစ်ယောက်သည် ခုန်ဝင်ရန် ကြိုးစားသော်လည်း ရိုက်ချခြင်းခံလိုက်ရသည်။ အစောင့်များထားထားခြင်းမှာ အလကားထားထားခြင်းမဟုတ်ပါ။
အစောင့်များအားလုံးသည် အလယ်အလတ်တန်းအဆင့် မျိုးနွယ်စုစစ်သည်တော်များနှင့် အဆင့်ချင်းတူပါသည်။
အိမ်တော်ထိန်းကြီးသည် တံခါးဝတွင်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ရှောက်ရွှမ်ကို တွေ့သောအခါ ဘေးဘီသို့ ဆက်မကြည့်
တော့ဘဲ
“မင်းကရှောက်ရွှမ်လား” ဟုမေးလိုက်ပါသည်။
ရှောက်ရွှမ်က မော့ကြည့်လိုက်ပြီး “ဟုတ်ပါတယ်”ဟုဖြေလိုက်သည်။
“သခင်ကြီးက ခင်ဗျားကို အထဲခေါ်ခိုင်းလိုက်တယ်” အိမ်တော်ထိန်းက ပြုံးပြီး ပြောလိုက်ပါသည်။
အိမ်တော်ထိန်း၏ အသံမှာ သိပ်မကျယ်သော်လည်း၊ အားလုံးကြားလိုက်ရပါသည်။ ထိုခဏအတွင်းတွင် အပ်ကျသံကြားရမတတ် တိတ်ဆိတ်သွားပါသည်။ အားလုံးသည် မျက်လုံးများပြူးပြီး ရှောက်ရွှမ်ကို ကြည့်နေပါသည်။
“ဒါက ကျွန်တော့် စီနီယာ ကွမ်းယီပါ…သူကကျွန်တော်နဲ့ လိုက်လာတာပါ”
ဝက်ဝံနက်သည် ပျော်လွန်းသဖြင့် ပါးစပ်ကြီးအ
ဖြဲသားဖြစ်နေပါသည်။ သူသည် ရှောက်ရွှမ်နားတိုးလာကာ သူ့ကိုယ်သူမိတ်ဆက်လိုက်သည် “ကျွန်တော်က ဝက်ဝံနက်ပါ…ရှောက်ရွှမ်နဲ့လိုက်လာတာပါ”။
အိမ်တော်ထိန်းသည် ပြုံးလိုက်ပြီးနောက် သုံးယောက်လုံးကို စိုက်ခင်းများဆီသို့ ခေါ်ဆောင်လာပါသည်။
“ကျွီ…”
တံခါးကြီးများ ပြန်ပိတ်သွားပါသည်။ အပြင်တွင်စောင့်ဆိုင်းနေသော လူအုပ်ကြီးကတော့ လည်တဆန့်ဆန့် ဖြစ်နေပါသည်။
စိုက်ခင်းများ၏ အလယ်တွင် ပင်မအဆောက်အအုံကြီးတစ်လုံးရှိပါသည်။ ထိုအဆောက်အဦးကြီးကို ရွှေကောက်ပဲသီးနှံအိမ်တော်ဟု ခေါ်ပါသည်။ ထိုနေရာသည် ဧည့်သည်များကို လက်ခံတွေ့ဆုံသော နေရာဖြစ်ပါသည်။ အိမ်တော်ထိန်းက ရောက်လာသော ဧည့်သည်များ
ကို ဧည့်ခံရပါသည်။ လောင်ကျွီကတော့ ထွက်ပင်နှုတ်ဆက်လေ့မရှိပါ။
အိမ်တော်ထိန်းနှင့်အတူ ရွှေကောက်ပဲသီးနှံအိမ်တော်သို့ဝင်လာသောအခါ၊ ရှောက်ရွှမ်သည် ကျိယန်နှင့် နောက်၂ယောက်တို့ကို တွေ့လိုက်ပါသည်။ ကျိယန်နှင့် ကျ်ဝမ်တို့က တစ်ဖက်တွင် ထိုင်နေပြီး ကျိကျင်းကတော့ တစ်ဖက်တွင် ထိုင်နေပါသည်။ သူတို့သည် တစ်ဖက်နှင့် တစ်ဖက် ရန်စောင်နေကြပါသည်။
သူတို့သည် ရွှေကောက်ပဲသီးနှံအကြောင်းကို မေးမြန်းရန် လောင်ကျွီဆီကို ရောက်လာခြင်းဖြစ်သည်။ အခြားလူများကတော့ လောင်ကျွီသည် ရွှေကောက်ပဲသီးနှံများကို စိုက်ပျိုးနေသည်ကို မသိကြသော်လည်း၊ ကျိမိသားစုဝင်များကတော့ သိထားကြပါသည်။ သို့သော် သူတို့သည် အခြားကောက်ပဲသီးနှံများ ရိတ်သိမ်းသည်ကိုသာ မြင်ဖူးကြပြီး၊ ရွှေကောက်ပဲသီးနှံကို မမြင်ဖူးကြပါ။
လောင်ကျွီအကြောင်းကို သိချင်နေကြသော ကျိမိသားစုဝင်များစွာရှိပါသည်။ ရက်များကုန်ဆုံးသွားသလို ရိတ်သိမ်းချိန်များလည်း ပြီးဆုးသွားပါသည်။ လောင်ကျွီဆီမှ ဘာသတင်းမှ မကြားရသဖြင့်၊ ကျိမိသားစုသည် ထိတ်လန့်ကာ လူများစေလွှတ်ပြီး သတင်းစုံစမ်းခိုင်းပါသည်။ သို့သော် ထိုလူများလည်း ပြန်ရောက်မလာပါ။ လောင်ကျွီ၏ သတင်းကို စုံစမ်းနိုင်သူအား ဆုချမည်ဟု ကျိမိသားစုဝင်များက ကြေညာဖူးပါသည်။
ကျိမိသားစုတစ်ခုလုံး စိတ်ဆိုးနေကြပါသည်။ အခုတခေါက်တွင် ကျိယန်နှင့် ကျန်၂ယောက်တို့လိုက်ပါလာသော်လည်း၊ ဝင်ပေါက်တွင် အတားခံရပါသည်။ သူတို့သည် ရွှေကောက်ပဲသီးနှံအိမ်တော်သို့ ဝင်ရောက်ခွင့်မရပါ။
စည်းကမ်းများကို သိထားသောလူများကတော့ ရွှေကောက်ပဲသီးနှံအိမ်တော် အကြောင်းကို နားလည်ပါသည်။ ထိုအိမ်သို့ဝင်ခွင့်မရသူသည် လောင်ကျွီနှင့် တွေ့ဆုံခွင့်ရမည် မဟုတ်ပါ။ သူတို့သည် အိမ်တော်အပြင်ဘက်ရှိ ခုံတန်းရှည်များ
ပေါ်တွင် ထိုင်နေကြပါသည်။ အိမ်တော်ထိန်းက ဝင်ပေါက်နားသို့ရောက်လာသောအခါ၊ အားလုံး၏ သိလိုစိတ်များ ပြင်းထန်လာါသည်။ အိမ်တော်ထိန်းသည် ရှောက်ရွှမ်တို့၃ယောက်ကို ခေါ်ပြီးနောက်၊ ရေသောက်နေသော ကျိယန်ကို လာခေါ်သွားပါသည်။
ရေခွက်ကို ချထားလိုက်ပြီး၊ ကျိယန်သည် ခုန်ထလိုက်ပါသည်။ ထို့နောက် “ဝက်ဝံနက်ကြီးရေ..ခင်ဗျားတို့က ဘယ်ကိုသွားမလို့လဲ…အစောင့်တွေကတော့ တားမယ့်ပုံမပေါ်ဘူး…ရွှေကောက်ပဲသီးနှံအိမ်တော်ထဲကို ဝင်ကြမလို့လား “ ဟုပြောလိုက်ပါသည်။
ဝက်ဝံနက်သည်လည်း ဤနေရာသို့ အခုမှရောက်ဖူးခြင်းဖြစ်ပါသည်။ သူသည် စိတ်များအလွန်လှုပ်ရှားနေပြီး အပျော်လွန်နေပါသည်။
“ကျွန်တော်ပြောပြီးပါပြီ…ကျွန်တော်က အဖော်လိုက်လာတာပါ”
“အဖော်လိုက်လာသည်တဲ့လား”
ကျိယန်သည် ရှောက်ရွှမ်နှင့် ကွမ်းယီတို့ကို ကြည့်လိုက်ပါသည်။ အရင်တုန်းကတော့ ကျိယန်သည် ရှောက်ရွှမ်တို့ကို သိပ်အရေးမလုပ်ပါ။ သို့သော် အိမ်တော်ထိန်းက ရှောက်ရွှမ်ကို ခေါ်သွားသည်ကို တွေ့ရသောခါ နောင်တရသွားပါသည်။ သူသာ ရထားလုံးပေါ်တွင် မေးမြန်းခဲ့ပါက၊ လောင်ကျွီနှင့် တွေ့ခွင့်ရရန် ထိုချာတိတ်ကို အသုံးချ၍ ရနိုင်ပါသည်။
သို့သော် အခုတော့ နောက်ကျသွားပြီဖြစ်သည်။ အိမ်တော်ထိန်းသည် ကျိယန်တို့ကို ယဉ်ကျေးစွာ တားထားလိုက်ပြီး ရှောက်ရွှမ်ကို ရွှေကောက်ပဲသီးနှံအိမ်တော်ထဲသို့ ခေါ်ဆောင်သွားပါသည်။
ရွှေကောက်ပဲသီးနှံအိမ်တော်အပြင်ဘက်တွင်…။
“ဒီကောင်ကဘယ်သူလဲ…ဘာလို့ ဦးလေးက သူ့
ကိုတွေ့ချင်နေတာလဲ” ကျိယန် ရေရွှတ်မိပါသည်။
ကျိကျင်းကတော့ ပြုံးပျော်နေပါသည်။ ကျိယန်သည် လောင်ကျွီနှင့် တွေ့ခွင့်မရသည့်အတွက် ပျော်ရွှင်နေခြင်းဖြစ်ပါသည်။
ကျိဝမ်သည် ကျိယန်ကို တံတောင်နှင့် တွတ်လိုက်ပါသည်။
“ဘာလဲ” ကျိယန်က လှည့်မေးလိုက်၏။
“အဲဒီရှောက်ရွှမ်ဆိုတဲ့ကောင်လေးအိတ်ထဲမှာ ထူးဆန်းတဲ့ပစ္စည်းတစ်ခုပါတယ်…အဲဒီအိတ်ထဲက ပစ္စည်းကြောင့် ဦးရီးတော်က သူနဲ့တွေ့တာ ဖြစ်မယ်” ကျိဝမ်က တိုးတိုးလှမ်းပြောလိုက်သည်။
“ထူးဆန်းတဲ့ပစ္စည်း ဟုတ်လား” ကျိယန်က မေးလိုက်ချင်သော်လည်း သူတို့ဘက်ကို နားစွင့်နေသော ကျိကျင်းကို တွေ့လိုက်ပါသည်။ ထို့ကြောင့် ကျိယန်သည် ကျိဝမ်ကို အခန်းတစ်ခုထဲသို့ ဆွဲခေါ်သွားကာ မေးမြန်းပါတော့သည်။
ကျိကျင်းသည် စိတ်ပျက်ပြီး ခွက်ကို ပေါက်ခွဲပစ်လိုက်ပါသည်။
ရှောက်ရွှမ်ကတော့ ကျိယန်တို့ကို အရေးမလုပ်ဘဲ အိမ်တော်ထိန်းနောက်မှ လိုက်သွားပါသည်။ လမ်း၏ တစ်ဖက်တစ်ချက်တွင် သီးနှံမျိုးစုံစိုက်ထားသော စိုက်ခင်းများ ရှိပါသည်။ ဝက်ဝံနက်သည် စိုက်ခင်းများကို ကြည့်ပြီး သွားရည်ကျနေပါသည်။
ရွှေရောင်သစ်ရွက်များက နေရာအနှံ့ပင်…။ ဤခြံထဲမှ မြက်တစ်ပင်သည်လျှင် တော်တော် အဖိုးတန်နေပြီဖြစ်သည်။ ထိုရွှေရောင်သစ်ရွက်များအားလုံးဆိုလျှင် မည်မျှပင် တန်ကြေးရှိနေမည်နည်း။ ထိုမျှတန်ဖိုးနှင့်ဆိုလျှင် လက်နက်များကို လိုသလောက် ဝယ်၍ရနိုင်ပါသည်။
အိမ်တော်ထိန်းသည် လမ်းပြရုံသက်သက်သာ တာဝန်ယူထားပါသည်။ သူသည် ဝက်ဝံနက်၏ မေးခွန်းများကို မဖြေဆိုပါ။ အပင်များအကြောင်း
ကို လောင်ကျွီတစ်ယောက်သာ သိသောကြောင့်ဖြစ်ပါသည်။
အိမ်တော်ထိန်းသည် သူတို့ကို ချင်းမန်အဆောင်သို့ ခေါ်လာပါသည်။ ထိုအဆောင်သည် ရွှေကောက်ပဲသီးနှံအိမ်တော်ထက် သေးငယ်ပါသည်။ အတွင်းပိုင်းတွင် ဇိမ်ခံပစ္စည်းများနှင့် အလှဆင်ထားပြီး၊ တိတ်ဆိတ်ငြိမ်းချမ်းသော နေရာလေးတစ်ခုဖြစ်သည်။ ထိုနေရာသို့ ရောက်လျှင် စိတ်ညစ်ညူးမှုများ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။
ရှောက်ရွှမ်ရောက်သွားသောအခါ လောင်ကျွီသည် လက်ဖက်ရည်တစ်ခွက်ကို သောက်ပြီးခါစဖြစ်သည်။ လောင်ကျွီသည် ကြိမ်ခုံတစ်လုံးကို ညွှန်ပြလိုက်ပြီး “ထိုင်”ဟုပြောလိုက်ပါသည်။
“တော်တော်ကောင်းတဲ့ အိမ်ပဲ” ရှောက်ရွှမ်သည် အိမ်တော်ထိန်းယူလာသော လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။ လက်ဖက်ရည်သည် သင်းပျံ့သော ရနံ့မွှေးနေပြီး အရောင်ကတော့
အစိမ်းရောင်ဖြစ်ပါသည်။ ရှောက်ရွှမ်သည် ထိုလက်ဖက်ရည်မှာ ဘာလက်ဖက်ရည်လဲ မသိပါ။
“ရှောက်ရွှမ်…မင်းမှာ ရွှေကောက်ပဲသီးနှံမျိုးစေ့တွေရှိသေးလား…ဒီနှစ်ထွက်တဲ့ သီးနှံတွေနဲ့ အဲဒါတွေကို လဲမယ်ဆိုရင် မင်းဘယ်လိုသဘောရလဲ” လောင်ကျွီက မေးလိုက်ပါသည်။
“မလဲဘူး” ရှောက်ရွှမ်က ငြင်းလိုက်ပါသည်။
သူ့ တောင်းဆိုချက်များကို ပြောရန်ပြင်နေသော လောင်ကျွီသည်၊ ရေနွေးသီးသွားပါသည်။ သူသည် ဒီလယ်ထဲကို ရောက်နေသည်မှာ ကြာလှပြီဖြစ်သည်။ ဘယ်သူကမှ သူကို မငြင်းဆိုရဲပါ။ တချိန်က သူ့ကိုကူညီခဲ့ဖူးသည့်မျက်နှာကို ထောက်ထားပြီး၊ လောင်ကျွီသည် ဒေါသများကို မျိုသိပ်ထားလိုက်သည်။ ရှောက်ရွှမ်တွင် သီးနှံမျိုးစေ့များရှိသေးကြောင်း သိသွားသောအခါ၊ လောင်ကျွီသည် မျက်လုံးများအရောင်တောက်လာပြီး “မင်းသိမ်းထားလည်း အပိုဖြစ်နေတာကို” ဟုပြောလိုက်ပါသည်။
“ဟင့်အင်း…ဒီနှစ်ရိတ်သိမ်းမှုကို သိပ်အားမရဘူး…နောက်နှစ်မှာ ထပ်စိုက်မယ်လို့ စိတ်ကူးထားတယ်” ရှောက်ရွှမ်ကပြောလိုက်ပါသည်။
“မင်းဘယ်လိုစိုက်လိုက်တာလဲ” လောင်ကျွီ၏အသံသည် အံ့ဩမှုတို့ကြောင့် တုန်ခါနေပါသည်။
“တောင်ကုန်းပေါ်မှာစိုက်တယ်…တောင်ခြေမှာ စိုက်တယ်…ကျွန်တော့်ခြံနောက်ဖေးမှာ စိုက်တယ်”
ရှောက်ရွှမ်က ရွှေကောက်ပဲသီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သက်သော အတွေ့အကြုံများကို ပြောပြနေပါသည်။ သို့သော် ရှောက်ရွှမ်၏ စကားမဆုံးသေးခင် လောင်ကျွီသည် ဒေါသတကြီးဖြင့် စားပွဲကို လက်ဝါးနှင့် ရိုက်လိုက်ပြီး “မဖြစ်နိုင်ဘူး”ဟုပြောလိုက်ပါသည်။
ဝုန်းခနဲအသံကို ကြားလိုက်ရသောအခါ ဝက်ဝံနက်သည် ထိတ်လန့်သွားပြီး လက်ဖက်ရည်များ
သီးကုန်ပါသည်။
“ဘာဖြစ်လို့ အဲဒီလို စိုက်ရတာလဲ…အကုန်အလကားဖြစ်ကုန်ပြီပေါ့ကွ” လောင်ကျွီသည် ဒေါသထွက်နေသောကြောင့် မျက်လုံးများပြူးလာပါသည်။ သေသွားသော အပင်များအတွက် စိတ်မကောင်းဖြစ်နေပါသည်။ ရှောက်ရွှမ်ကို မီးတောက်ဦးချိုမျိုးနွယ်စုကမှန်းသိကတည်းက၊ သီးနှံမျိုးစေ့ မပေးသင့်ပေ။
လောင်ကျွီသည်ရှောက်ရွှမ်ကို မျိုးစေ့၁၀၀၀ပေးခဲ့မိခြင်းပင်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၃၄) ခရမ်းရောင်သီးနှံများ
“ခဏနေပါဦး…ကျွန်တော်ပြောတာ နားထောင်ပါဦး” ရှောက်ရွှမ်က ကျိကျွီကို လက်ဟန်ခြေဟန်ဖြင့် စိတ်ထိန်းခိုင်းလိုက်သည်။
လောင်ကျွီသည် စိတ်မထိန်းနိုင်တော့ဘဲ နှလုံးထဲမှ အောင့်လာသလို ခံစားလိုက်ရသည်။ သူသည် ထောင်ချီရွှေကောက်ပဲသီးနှံကို တူးယူရန် လူများစေလွှတ်ခဲ့ပါသည်။ သို့သော် အပင်များမှာ အမြစ်များလွန်စွာရှည်လျားသဖြင့် တူးယူ၍မရပါ။ အပင်၂ပင်ကို အမြစ်ဖြတ်ပြီးသယ်ဆောင်လာသော်လည်း၊ ၂ပင်လုံး သေသွားပါသည်။
လူများထပ်လွှတ်သော်လည်း၊ ထောင်ချီရွှေကောက်ပဲသီးနှံပင်များကို မတွေ့တော့ပါ။ ရှိသော်အပင်များကလည်း နောက်ထပ် သီးနှံ ထွက်တော့မည် မဟုတ်ပါ။ သူနှင့်ရှောက်ရွှမ်တွင် ကျန်သော မျိုးစေ့များသည် နောက်ဆုံးမျိုးစေ့များပင် ဖြစ်
နေနိုင်ပါသည်။
“ရှောက်ရွှမ်…မင်းဆီမှာ ရှိတဲ့ ထောင်ချီရွှေကောက်ပဲသီးနှံနဲ့ ငါ့ဆီက ဒီနှစ်ထွက်တဲ့ သီးနှံလဲမယ်…မင်းဘယ်လောက်လိုချင်လဲ” ကျိကျွီက စိတ်လှုပ်ရှားစွာ မေးလိုက်ပါသည်။
ရှောက်ရွှမ်က ဘာမှမပြောပါ။ ဝက်ဝံနက်က သူတို့၏ စကားများကို နားထောင်ပြီး အခြေအနေကို ရိပ်စားမိလိုက်ပါသည်။ ရှောက်ရွှမ်နှင့် ကျိကျွီတို့သည် ထူးဆန်းသော သီးနှံတစ်မျိုးကို ရှာတွေ့ခဲ့ခြင်း ဖြစ်ရမည်။ ရှောက်ရွှမ်သည် ထိုသီးနှံ၏ မျိုးစေ့တချို့ကို ရွာတွင် စိုက်ပျိုးကည့်သော်လည်း မအောင်မြင်ပါ။ ကျိကျွီက သူ၏ သီးနှံအသစ်များနှင့် ရှောက်ရွှမ်ဆီမှ ထောင်ချီရွှေကောက်ပဲသီးနှံမျိုးစေ့များ လဲချင်နေပါသည်။
ဝက်ဝံနက်ကတော့ ထိုအခြေအနေသည် ၂ဖက်လုံးအကျိုးရှိမည်ဟု ယူဆသည်။ စိုက်ပျိုးရေးနှင့် ပတ်သက်လာလျှင် ကျိကျွီသည် ပြိုင်ဘက်ကင်း
ဖြစ်ပါသည်။ သူ့ကို ရွှေကောက်ပဲသီးနှံ ကျိကျွီဟုခေါ်ဆိုရခြင်းမှာ သူစိုက်သော သီးနှံများက အရည်အသွေးအကောင်းဆုံးဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ရှောက်ရွှမ်ကတော့ မျိုးစေ့များကို အောင်မြင်အောင် မစိုက်နိုင်သဖြင့်၊ လဲလှယ်လိုက်ခြင်းသည် ကောင်းမည် မဟုတ်ပါလား။ သာမန်လူများဆိုလျှင် ကျိကျွီ၏ သီးနှံများကို လက်နှင့်ထိခွင့်ရမည်ပင် မဟုတ်ပါ။ ကျိကျွီထံမှရသော သီးနှံများကို ပြန်ရောင်းချလျှင်၊ အရည်အသွေးကောင်းသော လက်နက်များစွာရနိုင်ပါသည်။
ဝက်ဝံနက်သည် ရှောက်ရွှမ်အား သဘောတူညီလိုက်ဖို့ သွေးဆောင်ရန် ဆုံးဖြတ်လိုက်ပါသည်။ ချာတိတ်ကလေးကို အကြံလေး၊ဘာလေးများပေးမလားဟု ကွမ်းယီကို ကြည့်လိုက်သော်လည်း၊ ကွမ်းယီက မျက်မှောင်ကြီးကြုံ့ပြီး ကျိကျွီကို ကြည့်နေပါသည်။
ဝက်ဝံနက် ရင်ခုန်သွားပါသည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အကြောင်းကို သိထားပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်
များ ဒေါသထွက်လာပါက ကျိကျွီကိုလည်း ဂရုစိုက်နေမည် မဟုတ်ပါ။ ဘာမဆိုလုပ်မည်သာ ဖြစ်ပါသည်။
“ဘာဆက်လုပ်ကြမလဲ” ဝက်ဝံနက်သည် ဖြစ်လာနိုင်သော အခြေအနေများကို တွေးမိပြီး တုန်လှုပ်လာပါသည်။
ရှောက်ရွှမ်သည် အသံတိတ်နေသဖြင့်၊ အကျိုးအပြစ်များကို ချိန်ညှိကြည့်နေသည်ဟု ကျိကျွီက ထင်သွားပါသည်။ ကျိကျွီသည် ထပ်မံ၍ “မင်းက စိုက်ပျိုးရေးလည်း ကျွမ်းတာမဟုတ်ဘူး…မင်းဆီမှာထားရင် အဲဒီမျိုးစေ့တွေ အလကားဖြစ်သွားမှာ…အကျိုးမရှိဘူး”ဟုပြောလိုက်ပါသည်။
ထိုအချိန်တွင် ကျိကျွီ၏ အိမ်တော်ထိန်းသည် သီးနှံအိတ်ကြီးတစ်လုံးကို ယူဆောင်လာပါသည်။ ထိုအိတ်ကြီးသည် လူတစ်ရပ်စာလောက် ရှိပါသည်။ အိတ်ကိုဖွင့်လိုက်ပြီးနောက် လင်ဗန်းထဲသို့ သီးနှံအချို့ကို ထည့်လိုက်သည်။
“ဒီနှစ် အသစ်ထွက်ထားတဲ့ သီးနှံတွေ…လာကြည့်ပါဦး” ကျိကျွီက ပြောလိုက်သည်။
လင်ဗန်းထဲမှ သီးနှံများသည် အခွံမချွတ်ရသေးပါ။ အားလုံးသည် ရွှေရောင်ဖြစ်နေပါသည်။ သို့သော် ထိုသီးနှံများသည် ထောင်ချီရွှေကောက်ပဲသီးနှံ မဟုတ်ပါ။
ဝက်ဝံနက်က ထိုသီးနှံများကို ယူကြည့်ချင်နေပါသည်။ သို့သော် သူသည် ရှောက်ရွှမ်နှင့် အဖော်လိုက်လာသူဖြစ်နေ၍ ယူကြည့်ရန် မသင့်တော်ပါ။ ကျိကျွီကမ်းလှမ်းသော သီးနှံများမှာ အရည်အသွေးကောင်းပါသည်။ သင့်တော်သော ကမ်းလှမ်းမှုတစ်ခုဖြစ်ပါသည်။ ရှောက်ရွှမ်သာလက်ခံလိုက်မည်ဆိုပါက၊ ဝက်ဝံနက်သည် ရှောက်ရွှမ်ဆီမှ တဖန်ပြန်လဲယူနိုင်မည် ဖြစ်ပါသည်။
ဝက်ဝံနက်သာမဟုတ်၊ ကျိကျွီကပါရှောက်ရွှမ်၏ အဖြေကို စောင့်နေပါသည်။
သို့သော် ရှောက်ရွှမ်က အဖြေမပေးဘဲ “ခင်ဗျား
ဆီမှာ ထောင်ချီရွှေကောက်ပဲသီးနှံပင်တွေ အခြေအနေ ဘယ်လိုရှိလဲ” ဟုမေးလိုက်ပါသည်။
လိုချင်သောအဖြေကို မရသဖြင့် ကျိကျွီ အနည်းငယ် စိတ်ပျက်သွားပါသည်။ သို့သော် ရှောက်ရွှမ်ကို အလျှော့ပေးသည့်အနေဖြင့် “အခြေအနေကောင်းပါတယ်…၆၀ရာခိုင်နှုန်းလောက်တော့ ရှင်တယ်” ဟုပြောလိုက်ပါသည်။
ရှင်သန်သည့်နှုန်းသည် ကောင်းမွန်နေပါသည်။ အခြားထူးခြားသော အပင်များဆိုလျှင် ၁၀ရာခိုင်နှုန်းပင်ရှင်သန်မည် မဟုတ်ပါ။ ထောင်ချီရွှေကောက်ပဲသီးနှံ များကတော့ ၆၀ရာခိုင်နှုန်းလောက် ရှင်သန်နေပါသည်။
ဝက်ဝံနက်လည်း သဘောပေါက်သွားပါသည်။ ထိုအဖိုးအိုသည် နာမည်ကျော် ရွှေကောက်ပဲသီးနှံ ကျိကျွီ မဟုတ်ပါလား။
ရှောက်ရွှမ်က အပင်စိုက်နည်းကို သိချင်နေသော်လည်း ကျိကျွီက ပြောပြမည် မဟုတ်ပါ။
ရှောက်ရွှမ်က “ထောင်ချီရွှေကောက်ပဲသီးနှံတွေကို စိုက်တော့ ထွက်လာတဲ့ သီးနှံတွေက ဘာအရောင်လဲ”ဟုမေးလိုက်ပါသည်။
“ရင့်မှည့်သွားတဲ့အချိန်မှာ ရွှေရောင်ပြောင်းသွားတာပေါ့” ကျိကျွီက မုတ်ဆိတ်ကို လက်နှင့် ပွတ်နေပါသည်။
“အခွံချွတ်လိုက်ပြီးတော့ကော”
“ရွှေရောင်ပဲပေါ့”
ကွမ်းယီအမူအရာ ပြောင်းလဲသွားပါသည်။
ကျိကျွီ၏ အဖြေကို ကြားသောအခါ ရှောက်ရွှမ်သည် မျက်မှောင်ကြုံ့သွားပြီး “အပင်တွေကို မရိတ်သိမ်းရသေးဘူးလား” ဟုမေးလိုက်ပါသည်။
“ဘာတွေအလျင်လိုနေတာလဲ” ကျိကျွီသည် ရှောက်ရွှမ်၏ သဘောထားကို သိပ်မကျေနပ်ပါ။ “စိတ်မရှည်လို့ကတော့ ဘာအပင်မှ စိုက်လို့ရမှာမဟုတ်
ဘူး…စိတ်ရှည်ဖို့ အရေးကြီးတယ်…နားလည်လား”
ကွမ်းယီက ကျိကျွီကို ပြူးကြည့်လိုက်သည်။
“အပင်တွေက အမြင့်ဘယ်လောက်ရှိလဲ” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“ငါ့ခါးကျော်တယ်…မင်းဘာလို့ မေးခွန်းတွေပဲမေးနေတာလဲ…ငါကတော့ မေးစရာ တစ်ခုပဲရှိတယ်…မင်းငါနဲ့ အရောင်းအဝယ်လုပ်မလား၊ မလုပ်ဘူးလား…လုပ်မယ်ဆိုရင် မင်းသီးနှံဘယ်လောက်လိုချင်တာလဲပြောလိုက်” ကျိကျွီသည် စိတ်မရှည်တော့ပါ။ စောင့်ဆိုင်းနေရသည်မှာ ကြာပြီဖြစ်သော်လည်း ထောင်ချီရွှေကောက်ပဲသီးနှံကို မတွေ့ရသေးပါ။
ကျိကျွီက စကားဆက်မပြောချင်တော့သည်ကို သိသော်လည်း၊ ရှောက်ရွှမ်ကတော့ ဆက်ပြောနေပါသည် “တောင်ပေါ်နဲ့တောင်ခြေမှ စိုက်တုန်းကတော့ အမြစ်တွေ ကောင်းကောင်း ထွက်လာတာပဲ”။
ကျိကျွီက “အကုန်သေသွားတယ် မဟုတ်လား” ဟုမေးလိုက်ပါသည်။ ရှောက်ရွှမ်ကို အိမ်တော်ထဲဝင်ခွင့်ပေးလိုက်ခြင်းသည် မှားပေပြီဟု ကျိကျွီ တွေးလိုက်မိပါသည်။ ထိုချာတိတ်သည် အဓိပ္ပါယ်မရှိသည်များကိုသာ ပြောနေသည်။
“ဟုတ်တယ်…အမြစ်တွေ ရုတ်တရက်သေသွားမယ်လို့ ဘယ်သူကမှ ထင်မထားဘူး…ဒါပေမဲ့ ခြံနောက်ဘေးမှာ စိုက်ထားတဲ့ အပင်တွေကတော့ ရှင်တယ်…ကြီးထွားမှုတော့နှေးတာပေါ့” ရှောက်ရွှမ်ကပြောလိုက်သည်
လောင်ကျွီသည် စိတ်လှုပ်ရှားသွားပြီးမှ စိတ်ကို ထိန်းလိုက်ပြီး “အမြစ်က ကြီးထွားတာနှေးတော့ မြေပြင်ကို မထိုးဖောက်နိုင်ဘဲ အပင် သေသွားတယ်မဟုတ်လား” ဟုမေးလိုက်သည်။
ရှောက်ရွှမ်က “မသေဘူး”ဟုပြောလိုကပါသည်။
“မသေဘူး ဟုတ်လား”
“ဟုတ်တယ်…မသေရုံတင်မကဘူး…တဖြည်းဖြည်းနဲ့ ကြီးလာလိုက်တာ ကျွန်တော့် ခါးစောင်းလောက်ရောက်လာတယ်…ဒါပေမဲ့ အပင်အရေအတွက်ကတော့ နည်းသွားတာပေါ့”
ကျိကျွီက ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး “ဆက်ပြော”ဟုပြောလိုက်ပါသည်။
“နောက်တော့ သီးနှံတွေ ထွက်လာတယ်…သီးနှံတစ်စေ့ရဲ့ အရွယ်အစားက ဟောဒီလောက် ရှိတယ်” ရှောက်ရွှမ်က သူ၏ လက်ညှိုးနှင့် လက်မကို သုံးကာ သီးနှံ၏ အရွယ်အစားကို ပြလိုက်သည်။
ထိုစကားကိုကြားသောအခါ အိမ်တော်ထိန်းကြီးပင် မနေနိုင်တော့ဘဲ ရယ်လိုက်မိပါသည်။
ရှောက်ရွှမ်၏ စကားဆုံးသွားသောအခါ ကျိကျွီသည် ရှောက်ရွှမ်ကို စိုက်ကြည့်နေပါသည်။
“မင်းငါ့ကို လိမ်နေတာပဲ” ကျိကျွီသည် ဟာသများကို နှစ်သက်သော်လည်း စိုက်ပျိုးရေးကို ဟာသလုပ်ခြင်းကိုတော့ သည်းမခံနိုင်ပါ။
“အဲဒီလောက်ကြီးတဲ့ သီးနှံဟုတ်လား…ငါကမင်းကို ယုံမယ်ထင်လို့လား” ကျိကျွီသည် စိတ်ဆိုးလွန်းသဖြင့် မျက်နှာကြီးနီရဲနေပါသည်။ သူသည် ကောင်းကောင်းမွန်မွန်ဆက်ဆံနေသော်လည်း၊ ထိုချာတိတ်လေးက တရားလွန်လာပြီ ဖြစ်သည်။
ဝက်ဝံနက်ကတော့ ကြောက်လန့်နေပါသည်။ သူသည် ဝက်ဝံနက်အဖွဲ့၏ခေါင်းဆောင် ဖြစ်ပါသည်။ ကျိကျွီကို ဒေါသထွက်အောင်လုပ်မိပါက ကျိကျွီ၏ သီးနှံများကို ရတော့မည်မဟုတ်ပါ။ ဝက်ဝံနက်သည် ကျိကျွီထံမှ သီးနှံများကိုရလာလျှင် ကလေးများကိုလည်း ကျွေးမည်ဟု စိတ်ကူးထားသည်။ အခုတော့ သူ့စိတ်ကူးဖြစ်လာတော့မည် မထင်ပါ။
ရှောက်ရွှမ်ကတော့ ကျိကျွီနှင့် ဝက်ဝံနက်တို့ကို အရေးမလုပ်ပါ။ ကျောတွင် လွယ်ထားသော အိတ်
ကိုယူလိုက်ပြီး ဖွင့်လိုက်ပါသည်။
ကျိကျွီသည် အိပ်မွေ့ချခံထားရသူတစ်ယောက်လို ငြိမ်ငြိမ်ကြီးဖြစ်နေပါသည်။ နှာခေါင်းများကို ရှုံ့ပွ၊ရှုံ့ပွလုပ်ရင်း ရှောက်ရွှမ်၏ အိတ်ကို စိုက်ကြည့်နေပါသည်။
ရှောက်ရွှမ်သည် သီးနှံတချို့ကို ထုတ်ယူလိုက်ပြီး၊ လင်ဗန်းထဲသို့ ထည့်လိုက်ပါသည်။ သီးနှံများသည် စပျစ်သီးအရွယ်အစားလောက်ရှိပါသည်။
သီးနှံစေ့ကြီးများပေါ်သို့ နေရောင်ကျရောက်လာသောအခါ၊ ရွှေရောင်ပို တောက်လာပါသည်။
ကျိကျွီ၏ သီးနှံများနှင့် ယှဉ်ကြည့်လိုက်သောအခါ အကွာကြီး ကွာနေပါသည်။
ဝက်ဝံနက်သည် သူ့မျက်လုံးသူမယုံနိုင်ဖြစ်နေပါသည်။
“အဲဒါ သီးနှံတွေလား”
ကျိကျွီနှင့် အတူနှစ်ပေါင်းများစွာနေလာသော အိမ်တော်ထိန်းကြီးသည်လည်း စိတ်လှုပ်ရှားသွားပါသည်။ သူ့သခင်၏ သီးနှံများသည် ချာတိတ်လေး၏ သီးနှံများလောက် မကောင်းသည်ကို မယုံနိုင်ဖြစ်နေပါသည်။
“အဲဒါက…”သီးနှံ၏ အနံ့ကို ရှူရင်း ကျိကျွီ အသက်ရှူများမြန်လာပါသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် အာခေါင်များခြောက်ကာ၊ အသံများ အက်ကွဲကုန်ပါသည်။
“အဲဒါ ကျွန်တော်တို့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ စိုက်ထားတဲ့ ထောင်ချီ ရွှေကောက်ပဲသီးနှံပဲ” ဟုရှောက်ရွှမ်က လေးနက်စွာပြောလိုက်သည်။
ကွမ်းယီ၏မျက်နှာထားကတော့ ဂုဏ်ယူသောမျက်နှာထားဖြစ်နေပါသည်။ ကျိကျွီသည် သူတို့မီးတောက်ဦးချိုမျိုးနွယ်စုကို အထင်သေးခဲ့သည်
မဟုတ်ပါလား။ အခုတော့ ကျိကျွီသည် သူတို့ကို အထင်မသေးနိုင်တော့ပါ။
ကျိကျွီကတော့ ကွမ်းယီကို သတိမထားမိသလို၊ တခြားဘယ်အရာကိုမှလည်း မမြင်တော့ပါ။ သူ့မျက်လုံးထဲတွင် လင်ဗန်းထဲမှ သီးနှံများကို မြင်နေရပါသည်။
ကျိကျွီသည် သီးနှံစေ့ကြီးများကို ကောက်ယူနမ်းရှုံ့လိုက်ရင်း “ဟုတ်တယ်…ဒီအနံ့ပဲ…ဒါထောင်ချီရွှေကောက်ပဲသီးနှံပဲ…ငါ့ဓားသွားယူလာစမ်း” ဟုပြောလိုက်ပါသည်။
အိမ်တော်ထိန်းသည် လျင်မြန်စွာ ထွက်ခွာသွားပြီး၊ သားရေစ ဖုံးထားသော လင်ဗန်းတစ်ချပ်ကို ယူပြီး ပြန်ရောက်လာပါသည်။ လင်ဗန်းထဲတွင် ဓားအမျိုးစားပေါင်းစုံ ပါလာပါသည်။ လက်ကိုင်ရိုးများမှာ ရှည်လျားပြီး၊ အသွားတိုသော ဓားများ ဖြစ်ပါသည်။
ကျိကျွီသည် လက်တစ်ဖက်က သီးနှံကို ကိုင်
လိုက်ပြီး၊ လက်တစ်ဖက်က ဓားကို ကိုင်ထားပါသည်။
“ဂျွတ်”
အပေါ်ယံအခွံကို ထိုးခွာလိုက်သောအခါ၊ အောက်မှ အသားပေါ်လာပါသည်။
“ဘာလို့ ဒီအရောင် ဖြစ်နေတာလဲ” ကျိကျွီ အံ့ဩသွားပါသည်။
ရွှေရောင်အခွံအောက်မှ ထွက်ပေါ်လာသော ခရမ်းရောင်အသားများသည် ထူးဆန်းနေသည်မဟုတ်ပါလား။
“အဲဒါကြောင့် ကျွန်တော် ခင်ဗျားဆီကို လာခဲ့တာပါ…ခင်ဗျားရဲ့ သီးနှံတွေက ဘာအရောင်လဲ သိချင်လို့ပါ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
“မဟုတ်သေးဘူး…ဒီလို ဖြစ်လို့မရဘူး” ခရမ်းရောင်သီးနှံများကို ကိုင်ထားရင်း ကျိကျွီ
မျက်ရည်များကျလာသည်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး၊ သီးနှံများကို ယူကာ လေ၏အလျင်ကဲ့သို့ ပြေးထွက်သွားသည်။ ထို့နောက် ပြန်ရောက်လာကာ၊ ရှောက်ရွှမ်ကို ဆွဲခေါ်သွားပါသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၃၅) အရောင်များ
ရှောက်ရွှမ်ကို ချင်းမန် အဆောင်မှဆွဲခေါ်လာပြီး၊ တစ်နေရာအရောက်တွင် ကျိကျွီသည် ရပ်တန့်လိုက်ကာ “ဝါကြီး”ဟုအော်လိုက်သည်။
ရှောက်ရွှမ်သည် ထိုနာမည်ကို ကြားဖူးနေပါသည်။ ဝါကြီးဆိုသည်မှာ အဖိုးအို၏ ပထမဆုံး ကျွန်ဖြစ်ပါသည်။
အဖိုးအိုသည် စိတ်တွေလှုပ်ရှားနေသဖြင့် အကြိမ်ပေါင်းများစွာ အော်နေပါသည်။
မကြာမီ၊ ခွာသံများကို ရှောက်ရွှမ်ကြားလိုက်ရသည်။ လှမ်းကြည့်လိုက်သောအခါ ဖုံများတထောင်းထောင်းထအောင် လမ်းမတလျှောက်ပြေးလာနေသော နွားရိုင်းကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
ယခုနွားရိုင်းကြီးသည် ရထားလုံးကို ဆွဲသော နွားရိုင်းထက်ပိုကြီးပါသည်။ တောအုပ်ထဲမှာဆိုလျှင် ၎င်းသည် အန္တရာယ်ကြီးသော သားရဲကြီးတစ်ကောင် ဖြစ်ပေလိမ့်မည်။
နွားရိုင်းကြီး အနားနီးလာသည်နှင့်အမျှ၊ မြေပြင်က ပြင်းထန်စွာ တုန်ခါနေသည်။ ကြံ့ခိုင်သော ခန္ဓာကိုယ်ကြီးနှင့် ချိုကြီး၂ချောင်းကို မြင်ပြီးသောအခါ၊ နွားရိုင်းကြီးဆီမှ ခွန်အားကြီးသော အငွေ့အသက်များထွက်နေပါသည်။
“ဝမ်းဘဲ…”
နွားကြီးသည် အရှိန်လျှော့သွားပြီး၊ ကျိကျွီနားတွင် ရပ်သွားသည်။ သို့သော် မျက်လုံးများကတော့ ရှောက်ရွှမ်ကို ကြည့်နေဆဲ ဖြစ်သည်။
“ဘာလုပ်နေတာလဲ…ငါဒီလောက် အော်ခေါ်နေတာကို” ကျိကျွီက ဆူလိုက်ပါသည်။
နွားရိုင်းကြီးက ကလေးတစ်ယောက်ပမာ ကျိကျွီကို ဦးခေါင်းဖြင့် တိုးဝှေ့နေပါသည်။ သို့သော် ရုတ်တရက် တစ်စုံတရာကို သတိရသွားဟန်ဖြင့်၊ နှာတရှုံ့ရှုံ့ဖြစ်လာပါတော့သည်။ ထို့နောက် ရှောက်ရွှမ်ဘက်သို့ လှည့်လာကာ၊ သေချာကြည့်နေပါသည်။ ထိုအခါ နွားရိုင်းကြီးသည် သူ၏အိတ်ကို ကြည့်နေကြောင်း ရှောက်ရွှမ်သိလိုက်ပါသည်။
ရှောက်ရွှမ်သည် အားနည်းသော ပြိုင်ဘက်တစ်ယောက် မဟုတ်သည်ကို သတိထားမိသောအခါ၊ နွားရိုင်းကြီးသည် အိတ်ကို ဝင်မလုတော့ပါ။နွားရိုင်းကြီးသည် ကျိကျွီကို ပြန်ကြည့်လိုက်ပြီး နှာမှုတ်လိုက်ပါသည်။
“ဝမ်းဘဲ”
“တိတ်တိတ်နေစမ်း…အဲဒါတော့ မကျွေးနိုင်ဘူး” ကျိကျွီက နွားရိုင်းကြီး၏ ကျောကုန်းကို လက်နှင့် သပ်ပေးရင် ပြောနေသည်။
“ဒီကိုလာစမ်း” ကျိကျွီသည် နွားရိုင်းကြီး၏ ကျောကုန်းကို လက်နှင့်ပုတ်လိုက်ပြီး၊ နွားပေါ်သို့ တက်ရန် ရှောက်ရွှမ်ကို အချက်ပြလိုက်သည်။
နွားရိုင်းကြီးသည် ရှောက်ရွှမ်ကို သဘောမကျသည့်အလား နှာမှုတ်သံတရှူးရှူးပေးပြီး၊ မြေကြီးကို ခွာဖြင့်ပေါက်နေပါသည်။ ရှောက်ရွှမ်ကတော့ တွန့်ဆုတ်မနေဘဲ၊ နွားရိုင်းကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်ပါသည်။
“သွားကြစို့…ထောင်ချီရွှေကောက်ပဲသီးနှံစိုက်ထားတဲ့နေရာကို လိုက်ပို့စမ်း ဖေ့သားကြီး” ကျိကျွီက ပြောလိုက်ပါသည်။
“ဝမ်းဘဲ”
နွားရိုင်းကြီးသည် လျင်မြန်စွာစပြေးပါတော့သည်။ အရှိန်မှာ လျင်မြန်လှသော်လည်း၊ တည်ငြိမ်စွာ ပြေးနေပါသည်။
ဝါကြီးသည် သူ၏ အိမ်တော်ထိန်းနောက်တစ်
ယောက် ဖြစ်သည်ဟု ကျိကျွီက ပြောဖူးပါသည်။ ဝါကြီးသည် သူ့ကို ကူညီ၍ စိုက်ခင်းများကို စောင့်ရှောက်ပေးသည်။ ဝါကြီးသည် ကျိကျွီ၏ စကားမှ လွဲ၍ အခြားသူများ၏ စကားကို နားမထောင်ပါ။
ထောင်ချီရွှေပဲသီးနှံကို ထိုနေရာတွင် စိုက်ပျိုးထားခြင်း မဟုတ်ပါ။ သူသည် ပြောရင်းနှင့် စိတ်အားထက်သန်လာပြီး “ အပင်အသစ်တွေ့တဲ့အခါတိုင်း နေရာပြောင်းပြီး စိုက်မယ်…နေရာပြောင်းစိုက်မယ်ဆိုရင် မျိုးကွဲတွေအများကြီး ထွက်လာနိုင်တယ်”
ကျိကျွီသည် ရှောက်ရွှမ်ဘက်သို့လှည့်လာပြီး “ ထောင်ချီရွှေကောက်ပဲသီးနှံတွေစိုက်ထားတဲ့နားမှာ အခြားသက်ရှိတွေ မနေနိုင်ဘူး”
ရှောက်ရွှမ်ကခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်…ကျွန်တော် ခြံနောက်ဖေးမှာ စိုက်တုန်းက ထောင်ချီရွှေကောက်ပဲသီးနှံအပင်လည်းပေါက်လာရော အနားမှာရှိတဲ့ မြက်ပင်တွေ အကုန်သေ
သွားတယ်”
အမှန်တော့ ရှောက်ရွှမ် ပါးစပ်ပိတ်ထားရမည် ဖြစ်သည်။ ကျိကျွိသည် ဓားနှင့်ဗိုက်ကို အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ “ဒီလောက်အဖိုးတန်တဲ့ မျိုးစေ့တွေကို ဒီချာတိတ်လေးက ခြံနောက်မှာ လျှောက်ကျဲပစ်တယ်…သေမကုန်ဘဲ အပင်တွေပေါက်လာတာ တော်သေးတာပေါ့”
သို့သော် ရှောက်ရွှမ်ကျဲလိုက်သော မျိုးစေ့များမှ အပင်များပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကျိကျွီ၏ အပင်များပေါက်ရုံရှိသေးသည် ရှောက်ရွှမ်၏အပင်များကတော့ သီးနှံများ ရင့်မှည့်နေပြီ ဖြစ်ပါသည်။
ကျိကျွီသည် သူ၏စိတ်ကို မနည်းထိန်းချုပ်နေရသည်။ တစ်စုံတရာပြောလိုက်ချင်သော်လည်း စကားများကို မျိုသိပ်ထားလိုက်ရသည်။
နွားရိုင်းကြီးသည် စိုက်ခင်းပေါင်းများစွာကို ဖြတ်ကျော် ပြေးလွှားသွားသည်။ လမ်းခရီးတ
လျှောက် ရောင်စုံစိုက်ခင်များကို မြင်တွေ့ရပါသည်။ ရှောက်ရွှမ်သည် အပင်များကို မြင်သာမြင်နေရသော်လည်း ၊ အပင်အမျိုးအစားများကို မသိပါ။
ရွှေကောက်ပဲသီးနှံစိုက်ခင်းများတွင် သီးနှံပင်များသာရှိသည်မဟုတ်၊ အခြားအပင်များနှင့် ဆေးပင်များကိုလည်း စိုက်ပျိုးထားပါသည်။ အမြင့်ကြိုက်သော ဆေးပင်များကို တောင်ကုန်းများပေါ်တွင်စိုက်ထားပါသည်။ တောင်ကုန်းများပေါ်တွင် အလုပ်လုပ်နေသော ကျွန်များကို ရှောက်ရွှမ်မြင်တွေ့နေရပါသည်။
အခြားသီးနှံပင်များမရှိသော နေရာတစ်နေရာသို့ ရောက်လာသောအခါ၊ ထောင်ချီရွှေကောက်ပဲသီးနှံထားရာနေရာသို့ ရောက်ပြီ ဖြစ်ကြောင်း ရှောက်ရွှမ်သိလိုက်ပါသည်။ ထိုနေရာတွင် အခြားအပင်များမရှိဘဲ၊ လက်နက်ကိုင်အစောင့်တချို့သာ ရှိပါသည်။
အစောင့်များက အလွန်ထူထပ်ပါသည်။ အထဲ
သို့ခိုးဝင်ရန် ကြိုးစားသူသည် အထဲမရောက်မီ ပြားချပ်သွားမည် ဖြစ်သည်။အစောင့်များသည် နွားရိုင်းကြီးကိုမြင်သောအခါ လျင်မြန်စွာ လမ်းဖယ်ပေးလိုက်သည်။အစောင့်များအတွက် နွားရိုင်းကြီးသည် အကောင်းဆုံးသော သက်သေအထောက်အထားပင်မဟုတ်ပါလား။
နွားရိုင်းကြီးသည် လမ်းကျယ်ကြီးတစ်ခု၏ ဘေးတွင် ရပ်လိုက်သည်။ ကျိကျွီနှင် ရှောက်ရွှမ်တို့က နွားရိုင်းကြီးပေါ်မှ ခုန်ဆင်းလိုက်ပါသည်။
“ဒါထောင်ချီရွှေကောက်ပဲသီးနှံစိုက်တဲ့နေရာပဲ” အဖိုးအိုက မြေကွက်ကျဲကြီးများကို ပြရင်းပြောလိုက်သည်။ “အရင်တုန်းကတော့ တခြားကောက်ပဲသီးနှံတွေလည်း စိုက်ထားတယ်…ထောင်ချီရွှေကောက်ပဲသီးနှံကို အညှောင့်လည်းဖောက်လိုက်ရော တခြားအပင်တွေ အကုန်သေသွားတာပဲ”
ရှောက်ရွှမ်သည် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ အဝါရောင်မြက်ပင်များ လေထဲတွင် သနား
စဖွယ်ယိမ်းနွဲ့နေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။
ထောင်ချီရွှေကောက်ပဲသီးနှံကြောင့် ထိုကဲ့သို့ ဖြစ်ခြင်းပင်။ သူ့ခြံအနောက်တွင် အပင်၂၀သာရှိပြီး၊ အပင်အချို့သာ အခြေအနေကောင်းကြသည်။ သို့သော် တခြားသော မျိုးနွယ်စုများထက်တော့ သာပါသေးသည်။
သို့သော် ကျိကျွီ၏နည်းလမ်းများ ထိရောက်ပုံမှာ သိသာထင်ရှားပါသည်။
သစ်လုံးကြီးများနှင့် ပြုလုပ်ထားသော ခြံစည်းရိုးကြီးတစ်ခုဖြင့် ကာရံထားပြီး နွားရိုင်းတစ်ကောင်ဝင်နိုင်လောက်အောင် ကျယ်ဝန်းသော ဝင်ပေါက်တစ်ခုရှိပါသည်။ တံခါးဘေးတွင်ရှိသောသူသည် ကျိကျွီကို ဦးညွှတ်လိုက်ပါသည်။
“သွားကြမယ်” ကျိကျွီက ရှောက်ရွှမ်ကို ပြောလိုက်ပါသည်။
ထောင်ချီရွှေကောက်ပဲသီးနှံများကို စိုက်ပျိုးပြီးသောအခါ၊ ကျိကျွီသည် ခြံစည်းရိုးကြီးများကို ပြုလုပ်လိုက်ပါသည်။ ကျိကျွီ၏ခွင့်ပြုချက်မရဘဲ မည်သူမျှ အထဲမဝင်ရပါ။ အိမ်တော်ထိန်းကြီးပင် ကျိကျွီ၏ အမိန့်မရဘဲ မမဝင်ရပါ။ ထို့ကြောင့် ထောက်ချီရွှေကောက်ပဲသီးနှံများအကြောင်းကို လူများသိပ်မသိအောင် လျှို့ဝှက်ထားနိုင်ခဲ့သည်။ ကျိမိသားစုကတော့ ၎င်းတို့၏မြေးများကို စေလွှတ်၍ အခြေအနေကို စုံစမ်းခိုင်းခဲ့သည်။
ထောင်ချီရွှေကောက်ပဲသီးနှံများက သူ့မျက်စိရှေ့တွင် အတန်းလိုက်ပေါ်လာသည်။ သူစိုက်ထားသော အပင်များနှင့်တထေရာတည်းပင်တူနေပါသည်။
“ပထမအတားအဆီးတော့ ကျော်ဖြတ်ပြီးသွားကြပြီ…မကျော်ဖြတ်နိုင်တဲ့အပင်တွေကတော့ မြေဩဇာဖြစ်သွားကြပြီ…အတားအဆီးက သုံးခုရှိတယ်…နောက်ဆုံးအတားအဆီးက အကောင်းဆုးပဲ” ကျိကျွီသည် သူ၏စိုက်ခင်းကို ဂုဏ်ယူစွာ
ကြည့်နေပါသည်။ သို့သော် ရှောက်ရွှမ်၏သီးနှံများအကြောင်း ပြန်စဉ်းစားမိသောအခါ၊ သူ၏ပျော်ရွှင်မှုများ ပျောက်ကွယ်သွားပါသည်။
ရှောက်ရွှမ်ပေးလိုက်သော မျိုးစေ့တချို့ကို ထုတ်ယူရင်း၊ ကျိကျွီသည် လက်ဝှေ့ယမ်းပြလိုက်သည်။ ချီကျွီဟုခေါ်သော ဇိမ်ခံ အဆောက်အဦးလေးတစ်ခု ရှိပါသည်။
အိမ်ထဲတွင် ထိုင်လိုက်ပြီးနောက်၊ ကျိကျွီသည် အပင်စိုက်နည်းအဆင့်ဆင့်ကို ရှောက်ရွှမ်အားမေးမြန်းပါတော့သည်။ကျိမိသားစုဝင်များတွင် အခြားသူများထက် ကောင်းမွန်သော လျှို့ဝှက်စိုက်ပျိုးနည်းများစွာရှိပါသည်။ ၎င်းတို့သည် အခြားသူများ မစိုက်ပျိုးနိုင်သော အပင်များကို စိုက်ပျိုးနိုင်ပါသည်။
“စိုက်ရခက်ခဲသော အပင်ကိုတွေ့လျှင် ကျိမိသားစုဆီယူသွားလိုက်ပါ…သူတို့က ရအောင် စိုက်ပေးလိမ့်မယ်” ဟူ၍စကားပင် ဖြစ်ပေါ်လာခဲ့သည်။
အခုတော့ အခြေအနေများက ပြောင်းလဲသွားပြီဖြစ်သည်။ အများက အထင်အမြင်သေးခဲ့သော မျိုးနွယ်စုတစ်ခု၏ ကောက်ပဲသီးနှံသည် ကျိမိသားစု၏ ရွှေကောက်ပဲသီးနှံထက် ပိုကောင်းနေပါသည်။ သူတိုဘာတတ်နိုင်ဦးမည်နည်း။
သို့သော် ကျိကျွီကတော့ လူများအမြင်ကို ဂရုမစိုက်ဘဲ သီးနှံများအကြောင်းကိုသာ စိတ်ဝင်စားပါသည်။ ကျဆင်းသွားသော စိတ်ဓာတ်များကို ပြန်ထိန်းလိုက်ပါသည်။
ရှောက်ရွှမ်ကလည်း သူ့အပင်များအကြောင်းကို လျှို့ဝှက်မထားပါ။ ကျိကျွီကို အားလုံး ပြောပြလိုက်ပါသည်။ ပထမတစ်ခုအနေနှင့် အရောင်ပြောင်းလဲရခြင်း အကြောင်းအရင်းကို ရှောက်ရွှမ် သိချင်နေပါသည်။ ကျိမိသားစုဝင်များသည် စိုက်ပျိုးရေးနှင့် ပတ်သက်လာလျှင် နှံ့စပ်ကျွမ်းကျင်ကြပါသည်။ ဒုတိယတစ်ချက်ကတော့ ရှောက်ရွှမ်နားလည်သလောက်ဆိုလျှင် ကျိကျွီသည် ရှောက်ရွှမ်ကို လိမ်လည်မည့်သူမဟုတ်ပါ။
ကျိကျွီသည် ရှောက်ရွှမ်ဆီမှ တစ်စုံတရာ သိသွားရလျှင်၊ ရှောက်ရွှမ်အတွက် တချိန်ချိန်တွင် အကျိုးရှိလာမည် ဖြစ်သည်။
“ကြောက်မက်ဖွယ်သားရဲ အသား ဟုတ်လား” ကျိကျွီအံ့ဩသွားသည်။
“ဟုတ်တယ်…အပင်တွေက အသားစားတယ် မဟုတ်လား”
“ဒါဆို မင်းအပင်တွေက သားရဲအသားတွေစားပြီး အတားအဆီးသုံးခုကို ကျော်ဖြတ်လာတာပေါ့ ဟုတ်လား…ပြီးတော့ ဒါမျိုးဖြစ်လာရော ဆိုပါတော့” ကျိကျွီသည် သီးနှံစေ့ကြီးများကို စားပွဲပေါ်တွင် တင်လိုက်ပါသည်။
“မြေကြီးထဲမှာ အရိုးကို မြှုပ်တာလိုမျိုး နည်းလမ်းတွေတော့ ငါကြားဖူးပါတယ်…ဒါပေမဲ့ အသားကျွေးတယ်ဆိုတာတော့ အခုမှ ကြားဖူးတာပဲ” ကျိကျွီသည် သူ့မုတ်ဆိတ်များကို လက်နှင့် အသာဆွဲနေပါသည်။သူ့ဘိုးဘေးများ၏ လျှို့ဝှက်
နည်းလမ်းများတွင် အသားကျွေးခြင်းများ ပါနေသလား…မဖြစ်နိင်ပါ။
“အဲဒါကြောင့် ကျွန်တော် ဦးလေးဆီကို လာခဲ့တာပါ…ဘာလို့အဲဒီလို အရောင်ပြောင်းသွားတာလဲ သိချင်တယ်…နောက်ပြီးတော့ ဦးလေးရဲ့အပင်တွေလည်း ကျွန်တော့်အပင်တွေလို ဖြစ်လားသိချင်တယ်”
ကျိကျွီ၏ မျက်နှာကြီးနီရဲလာပြီး စကားတခွန်းမှ မပြောနိုင်တော့ပါ။
ရှောက်ရွှမ်က ဆက်လက်၍ “ဦးလေးက ဘိုးဘေးတွေရဲ့လျှို့ဝှက်နည်းလမ်းနဲ့ ဖော်စပ်ထားတဲ့ ကိုယ်ပိုင်မြေဩဇာတွေ သုံးတာမဟုတ်လား…ဦးလေးရဲ့သီးနှံတွေကော အရောင်ပြောင်းမယ်ထင်လား”
မြေဩဇာ၊အရောင်…။ဖြစ်နိုင်ပါ့မလား။
ကျိကျွီသည် တစ်စုံတရာကို မှတ်မိသွားသည့်
အလား ခဏငြိမ်သွားသည်။
“ဘာလို့အဲဒီလို ဖြစ်လဲ ငါသိပြီ…ဟား..ဟား… ဟား.ရွှေရဲ့အရောင်ကွဲ၅ရောင်ကြောင့် ဖြစ်တာပဲကွ… ဟား. ဟား. ဟား.”
တဟားဟားရယ်နေသော ကျိကျွီကို ကြည့်ပြီး ရှောက်ရွှမ် ဘာလုပ်ရမှန်းမသိ ဖြစ်နေပါသည်။
ထို့နောက် ကျိကျွီသည် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ရှောက်ရွှမ်ကို ဂရုမစိုက်တော့ဘဲ အိမ်ထဲသို့ ပြေးဝင်သွားပါသည်။ ရှောက်ရွှမ်နှင့် နွားရိုင်းကြီးကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
နွားရိုင်းကြီးက စားပွဲပေါ်က မျိုးစေ့ကို စိုက်ကြည့်နေသည်ကို တွေ့ရသောအခါ၊ ရှောက်ရွှမ်သည် မျိုးစေ့ကို အပေါ်သို့ ပစ်တင်လိုက်ပါသည်။ သူ့ကိုယုံကြည်အောင် သက်သေအဖြစ်ပြပြီးသွားပြီ ဖြစ်သဖြင့် ထိုမျိုးစေ့ကို မလိုအပ်တော့ပါ။
နောက်ဆုံးတွင် ကျိကျွီသည် အိမ်ထဲမှ ပြန်ထွက်လာပါသည်။ အိမ်ထဲမှ ထွက်လာသောအခါ ဝင်ပေါက်တစ်ခုလုံးကို နွားရိုင်းကြီး၏ ဦးခေါင်းက ပိတ်ဆို့ထားသည်ကို မြင်တွေ့လိုက်ရပါသည်။ အထဲတွင် ထိုင်နေသော ရှောက်ရွှမ်ကတော့ အိပ်ပျော်နေပြီ ဖြစ်ပါသည်။