← Chapters

အခန်း (၂၁၇)

Vol. 19 Ch. 217

အခန်း (၂၁၇)

Vol. 19 Ch. 217

ဤသတင်းသည် မဟာယန်နန်းတော်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

မဟာယန်ဧကရာဇ်သည် ဤသတင်းကို ကြားလိုက်ရသောအခါ တုန်လှုပ်ခြောက်ခြားသွားပြီး မယုံကြည်နိုင်သော မျက်နှာထားဖြင့် "ဘာပြောလိုက်တာလဲ။ ငါ့ရဲ့ အင်အားကြီးမားလှတဲ့ စစ်တပ်က လူပေါင်း ၄ သိန်းတောင် ဆုံးရှုံးသွားတယ် ဟုတ်လား။ မဟာရှရဲ့ လက်ချက်ကြောင့် မဟုတ်ဘဲ ငလျင်ကြောင့်တဲ့လား" ဟု ဆိုလိုက်သည်။

"မှန်လှပါ အရှင်မင်းကြီး” ထိုအချိန်တွင် မဟာယန်၏ ဗိုလ်ချုပ်မှာ သူရဲ့အမှားကို ဝန်ခံပြီး ပြစ်ဒဏ်ပေးဖို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးသည် အလွန်အမင်း ဝမ်းနည်းကြေကွဲစွာဖြင့် "အဲဒီအချိန်တုန်းက ကျွန်တော်မျိုးဟာ အင်အား တစ်သန်းရှိတဲ့ စစ်တပ်ကို ဦးဆောင်ပြီး ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ပြီး မဟာရှဆီ ချီတက်နေခဲ့တာပါ။ ဒါပေမဲ့ ခရီးအလယ်မှာ မြေကြီးတွေ ပြင်းထန်စွာ တုန်ခါပြီး ကျောက်တုံးကြီးတွေ ပြိုကျလာလိမ့်မယ်လို့ ဘယ်သူက ကြိုသိပါ့မလဲ။ လမ်းပိတ်သွားရုံတင်မကဘဲ ကျွန်တော်မျိုးတို့ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ စစ်သည် ၄ သိန်းကိုပါ မြေမြှုပ်ပစ်လိုက်ပါတယ်။ ဒါဟာ ကျွန်တော်မျိုးရဲ့ အမှားပါ၊ အရှင်မင်းကြီး စိတ်တိုင်းကျ ပြစ်ဒဏ်ပေးတော်မူပါ" ဟု လျှောက်တင်လေသည်။

မဟာယန်ဧကရာဇ်သည် နာကျင်စွာဖြင့် မျက်စိမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် "လူတွေအားလုံး သေကုန်ပြီပဲ၊ မောင်မင်းကို သတ်လိုက်လို့ရော ဘာထူးမှာလဲ။ သူတို့က ပြန်ရှင်လာမှာမို့လို့လား။ ပြောစမ်း၊ သူတို့က ပြန်ရှင်လာနိုင်မှာလား"

ဗိုလ်ချုပ်ကြီးမှာ စကားမဆိုနိုင်တော့ဘဲ နန်းတော်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေတော့သည်။ မဟာယန်ဧကရာဇ်၏ ပြင်းထန်သော အသက်ရှူသံကိုသာ ကြားနေရသည်။ သူသည် ရာဇပလ္လင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေပြီး သူ၏အမူအရာမှာ မှောင်မှောင်မှိုင်းမှိုင်းနှင့် အေးစက်တဲ့ အရှိန်အဝါများ ထွက်ပေါ်နေလေသည်။

သူသည် စစ်သည်တွေ နှင့် စစ်သူကြီးတွေ ဆုံးရှုံးမှုကို လက်မခံနိုင်ခြင်း မဟုတ်ဘဲ၊ ရန်သူက ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ မိမိတပ်ဖွဲ့များကသာ ကြီးလေးသော အကျအဆုံးများနှင့် ရင်ဆိုင်ခဲ့ရသည်ကို လက်မခံနိုင်ခြင်းဖြစ်သည်။

တကယ့်ကို အသက်ရှူကျပ်စရာပင်။ မဟာရှက သူ့ကို အနိုင်ကျင့်နေရုံတင်မကဘဲ ကောင်းကင်ဘုံကပါ သူ့ကို ဆန့်ကျင်နေသလိုပင် ခံစားနေရသည်။

"ဒါဟာ တတိယအကြိမ်မြောက်ပဲ။ တတိယအကြိမ်မြောက် ရှိနေပြီ"

"ဒီအတိုင်းတော့ လွှတ်မထားနိုင်ဘူး" မဟာယန်ဧကရာဇ်သည် စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"အရှင်မင်းကြီး" လူတိုင်း တုန်လှုပ်သွားကြပြီး မော့ကြည့်လိုက်ကြသည်။

"ဟန်ဒွမ်တောင်တန်းက နောက်တစ်ကြိမ် အဟန့်အတား ဖြစ်နေပြီး ငါတို့စစ်တပ်က တိုက်ခိုက်ဖို့ ဖြတ်ကျော်လို့ မရတော့ဘူးဆိုရင်၊ တောင်ပေါ်ကို ကျော်တက်ပြီး ထိုးဖောက်ဝင်ရောက်နိုင်မယ့် သိုင်းပညာရှင်တွေကိုပဲ စေလွှတ်ရမယ်။ ဒီတစ်ကြိမ်တော့ မဟာရှကို တန်ဖိုးကြီးကြီး ပေးဆပ်စေရမယ်" ဟု မဟာယန်ဧကရာဇ်က အံကြိတ်၍ ပြောလိုက်သည်။

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" လူတိုင်းက တညီတညွတ်တည်း ပြန်လည် ထူးလိုက်ကြလေသည်။

ထို့နောက် မဟာယန်ဧကရာဇ်သည် မဟာရှကို တိုက်ခိုက်ရန် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းညာရှင် ၈ ဦးကို စေလွှတ်လိုက်သည်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မဟာရှကို တန်ဖိုးကြီးကြီး ပေးဆပ်စေရန်သာ သူအလိုရှိတော့သည်။ သွေးကြွေးကို သွေးဖြင့်သာ ပြန်ဆပ်ရစေမည်။

၎င်းတို့သည် လျင်မြန်လှသဖြင့် နှစ်ရက်မပြည့်မီ ဟန်ဒွမ်တောင်တန်းသို့ ရောက်ရှိသွားကြသည်။ ထို့နောက် နာရီဝက်အတွင်းမှာပင် တောင်တန်းကို ဖြတ်ကျော်ကာ မဟာရှ နယ်မြေထဲသို့ ရောက်ရှိလာကြသည်။

"ဆက်ပြီး ဘာလုပ်ကြမလဲ"

လူတိုင်း၏ အကြည့်မှာ အလယ်တွင်ရှိသော သာမန်အဝတ်အစား ဝတ်ဆင်ထားသည့် အကြီးအကဲထံသို့ အလိုလို ရောက်သွားကြသည်။ သူသည် မဟာယန်၏ ဝါရင့်အမတ်ကြီးတစ်ဦးဖြစ်ပြီး မျိုးရိုးအမည်မှာ ကျောက်ဖြစ်သည်။ လူတိုင်းက သူ့ကို 'အကြီးအကဲ ကျောက်' ဟု ခေါ်ကြသည်။ သူသည် ကြယ်တာယာချီ အဆင့်၏ အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားပြီး မဟာယန်နိုင်ငံ၏ အားအကောင်းဆုံး ပုဂ္ဂိုလ် သုံးဦးထဲတွင် ပါဝင်သည်။ ဤမစ်ရှင်ကို ထိုသူက ဦးဆောင်လာခြင်းဖြစ်သည်။

အကြီးအကဲကျောက်က သူ၏မုတ်ဆိတ်ကို သပ်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည် - "ငါတို့က ဧကရာဇ်ရဲ့ အမိန့်တော်အရ မဟာရှကို အပြစ်ပေးဖို့နဲ့ သူတို့ကို တန်ဖိုးကြီးကြီး ပေးဆပ်ခိုင်းဖို့ ရောက်လာတာ။ ဒါကြောင့် မဟာရှကို အကြီးအကျယ် ထိုးနှက်နိုင်ဖို့ လျှို့ဝှက်စွာ လှုပ်ရှားရမယ်"

လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်ကြပြီး "အကြီးအကဲကျောက် ပြောတာ မှန်ပါတယ်"

"ဆက်ပြီးတော့ ငါတို့တွေ ဒီလို လုပ်ကြမယ်…"

သူတို့ ဆုံးဖြတ်ချက် မချရသေးခင်မှာပင် သိမ်မွေ့ပြီး အက်ရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။ "ခင်ဗျားတို့က တော်တော် နှေးတာပဲ။ ကျုပ်တို့ စောင့်နေတာ တော်တော် ကြာနေပြီ"

မဟာယန်မှ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်များ ကြည့်လိုက်သောအခါ အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ် ကျောင်းတော်သားတစ်ဦးကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။ သူသည် ပန်းရောင်ပန်းပွင့်ပုံစံများပါသော အဝတ်အစားနှင့် ဦးထုပ်ကို ဝတ်ဆင်ထားရုံတင်မက၊ ဦးထုပ်တွင် အနီရောင်ပန်းတစ်ပွင့်ကိုပါ ထိုးစိုက်ထားသေးသည်။ သူသည် ယပ်တောင်ကို ခတ်ရင်း သစ်ရွက်များပေါ်တွင် ပေါ့ပါးစွာ နင်းလျှောက်လာနေသည်။

မဟာယန်၏ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များမှာ သတိအနေထားဖြင့်- "မင်းက ဘယ်သူလဲ။ ဒီကို ဘာလာလုပ်တာလဲ"

"ကျုပ်က 'သေမင်းတမန် ကျောင်းတော်သား' ပဲ ။ ဧကရာဇ်ရဲ့ အမိန့်အရ ခင်ဗျားတို့ရဲ့ အသက်တွေကို လာယူတာပဲ။ ခင်ဗျားတို့ အနေနဲ့ နားလည်ပေးပြီး ကျုပ်ကို အလုပ်မရှုပ်စေဖို့ မျှော်လင့်ပါတယ်"

သူသည် ပြုံးကာ ခေါင်းငုံ့အရိုအသေပေးလိုက်ရင်း ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ၊ အပ်များစွာတို့သည် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြန့်ကျဲထွက်ပေါ်လာသည်။

"သတိထားကြ"

သူတို့သည် ရှောင်တိမ်းရန် လူစုခွဲလိုက်ကြသည်။ ထိုစဉ်မှာပင် သေမင်းတမန်ကျောင်းတော်သားသည် သူ၏ခါးမှ ပျော့ပျောင်းသော ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးကို ပြင်းထန်ပြီး ရက်စက်လှသော သိုင်းကွက်များဖြင့် စတင်တိုက်ခိုက်တော့သည်။

ထိုအချိန်တွင် နောက်ထပ် တိုက်ခိုက်သူတစ်ဦး စစ်ပွဲထဲသို့ ရောက်လာပြန်သည်။ ထိုသူသည် အရက်ဘူးကို ကိုင်ထားပြီး အေးအေးလူလူ လေထဲတွင် လမ်းလျှောက်လာကာ လွတ်လပ်ပေါ့ပါးလှတဲ့ အသွင်အပြင်ကို ထုတ်ဖော်နေသည်။ သူသည် ပျံသန်းရင်း အသံကျယ်လောင်စွာဖြင့် သီချင်းဆိုနေခဲ့သည် - "လေနှင့်အတူ ဓားကိုစီးနင်းပြီး၊ နတ်ဆိုးတွေကို နှိမ်နင်းဖို့ ငါလာလေပြီ။ အရက်ရှိရင် ငါဟာ လွတ်လပ်ပေါ့ပါးပြီး စိတ်ပျော်ရွှင်၊ အရက်မရှိရင်တော့ ငါဟာ ရူးသွပ်သွားပေလိမ့်မည်။ ငါကတော့ အရက်နဲ့ ဓားပညာကို မြတ်နိုးတဲ့ အရက်ဓားအင်မော်တယ် ပဲ။ ငါ့ရဲ့ အစွမ်းထက်တဲ့ ဓားပညာကို ဘယ်သူ ကြည့်ချင်သေးလဲ"

" အရက်ဓားအင်မော်တယ်ပဲ.."

"မဟာရှက အရက်ဓားအင်မော်တယ် ရောက်လာပြီ"

မဟာယန်မှ သိုင်းပညာရှင်များမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။ လူတိုင်းအတွက်တော့ အရက်ဓားအင်မော်တယ် ဆိုသည်မှာ မုန်တိုင်းကဲ့သို့ ကျော်ကြားသော အမည်တစ်ခုဖြစ်သည်။ သူသည် လင်းပိုင်ဖန်နောက်သို့ အစောဆုံး လိုက်ပါခဲ့သည့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး ကြယ်တာရာချီအဆင့် ခွန်အားရှိသောကြောင့် သာမန် ချီဖွဲ့တည်ခြင်းအဆင့်များ မနှိုင်းယှဉ်နိုင်သော ထက်မြက်သည့် ဓားကွက်များစွာ ရှိနေသည်။

သေမင်းတမန်ကျောင်းတော်သားနှင့် စတင်တိုက်ခိုက်နေသူ တစ်ဦးမှလွဲ၍ ကျန်ခုနစ်ဦးမှာ လှုပ်ရှားရန် မဝံ့မရဲ ဖြစ်နေကြသည်။

"မင်းကိုကြည့်ရတာ အဆင်ပြေသားပဲ၊ တော်တော် သန်မာသားပဲ။ လာ... စမ်းကြည့်ရအောင်" အရက်ဓားအင်မော်တယ်သည် ကြယ်တာရာချီအဆင့်ရှိသော သူတစ်ဦးကို ရွေးချယ်ပြီး တိုက်ခိုက်လိုက်သည်။

ထိုအချိန်မှာပင် စစ်သူကြီးများဖြစ်သော ကောင်းကင်၊ မြေပြင်နှင့် လူသားစစ်သူကြီးတို့လည်း ရောက်ရှိလာကြသည်။ သူတို့သည် ခန့်ညားထည်ဝါသော အသွင်ဖြင့် "ငါတို့ကတော့ ကောင်းကင်စစ်သူကြီး၊ မြေပြင်စစ်သူကြီး နဲ့ လူသားစစ်သူကြီးတို့ ဖြစ်တယ်။ ဧကရာဇ်ရဲ့ အမိန့်တော်အရ မင်းတို့ကို ကွပ်မျက်ဖို့ လာခဲ့တာ။ သေခြင်းတရားကို ခံယူဖို့ ရှေ့ထွက်မလာကြဘူးလား" ဟု ဟစ်အော်လိုက်ကြသည်။

"လူလိမ် သုံးယောက်၊ ဒီအဘိုးကြီးနဲ့ ယှဉ်လိုက်စမ်း" မဟာယန်ဘက်မှ ချီဖွဲ့တည်ခြင်းအဆင့် သုံးဦးသည် ချက်ချင်းပင် တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။

ချိုင်ယွီရှင်းသည်လည်း တောက်လောင်နေသော နတ်လှံကို ကိုင်ဆောင်ကာ ပြေးဝင်လာလေသည်။ သူမသည် စကားအပိုတွေ ပြောမနေတော့ဘဲ ချီဖွဲ့တည်ခြင်းအဆင့်တစ်ဦးကို တိုက်ရိုက် စိန်ခေါ်ကာ တိုက်ခိုက်လေတော့သည်။

ထို့ကြောင့် မဟာယန်ဘက်တွင် ချီဖွဲ့တည်ခြင်းအဆင့် နှစ်ဦးသာ ကျန်ရှိတော့သည်။ သူတို့သည် အခြားသူများကို ကူညီရန် ပြင်နေစဉ်မှာပင်၊ မြေပြင်ကို တဒုန်းဒန်း အသံမြည်အောင် နင်းခြေပြီး တောရိုင်းတိရစ္ဆာန်များကဲ့သို့ ပြေးဝင်လာသော လူကောင်ကြီး နှစ်ဦးကို တွေ့လိုက်ရသည်။

၎င်းတို့ တစ်ဦးစီသည် အရသာရှိစွာ ကင်ထားသော ဝက်ခြေထောက်များကို ကိုင်ဆောင်ကာ စားနေကြသည်။ တစ်ဦးက ဝူးဝူးဝါးဝါး အသံဖြင့် "အစ်ကိုကြီး၊ ကျွန်တော်တို့ နောက်ကျသွားပြီ ထင်တယ်၊ လူတွေ အကုန်လုံး အလုခံလိုက်ရပြီ" ဟု ပြောလိုက်သည်။

နောက်တစ်ဦးက ခေါင်းခါရင်း "နောက်မကျပါဘူး၊ နည်းနည်းလေးတောင် နောက်မကျသေးဘူး။ ဟိုမှာကြည့်စမ်း၊ နှစ်ယောက် ကျန်သေးတယ်။ သူတို့က တော်တော် သန်မာပုံရတယ်၊ ငါတို့ရဲ့ လက်သီးချက်တွေကို ခံနိုင်ရည် ရှိမှာပါ" ဟု ဆိုလိုက်သည်။

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် ကိုင်ထားသော ဝက်ခြေထောက်များကို လွှင့်ပစ်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ပြေးဝင်သွားကြသည်။

"ငါတို့ကတော့ အစွမ်းထက်တဲ့ 'ဟန်နှင့်ဟာ' စစ်သူကြီးတွေပဲ၊ လာတိုက်ကြစမ်း"

"ဘာ ဟန်နှင့်ဟာ စစ်သူကြီးလဲ။ ငတုံး နှစ်ယောက်ကိုပဲ ငါ မြင်တယ်။ ဒီအဘိုးကြီးနဲ့ ယှဉ်ကြည့်လိုက်စမ်း။ မင်းတို့ကို သတ်ပြီးရင်တော့ မဟာရှရဲ့ ခွေးဧကရာဇ်က သေချာပေါက် စိတ်မချမ်းမြေ့သွားမှာပဲ၊ ဟုတ်တယ် မလား"

ကျန်ရှိနေသော မဟာယန်၏ ချီဖွဲ့တည်ခြင်းအဆင့် နှစ်ဦးသည်လည်း ဘာသနားမှုမှ မပြဘဲ ပြင်းထန်စွာ ပြန်လည် တိုက်ခိုက်ကြလေတော့သည်။

All Chapters