← Chapters

ဒါကို နောက်ဆုံး သတိပေးတာလို့မှတ်

Vol. 24 Ch. 238

ဒါကို နောက်ဆုံး သတိပေးတာလို့မှတ်

Vol. 24 Ch. 238

“မင်း...အဟွတ်... မင်း ကျင့်ကြံသူတွေ အများကြီးကို သတ်ခဲ့ပြီးပြီ။ မင်းက ဖြောင့်မှန်တဲ့ အတတ်ပညာတွေကို သုံးစွဲနေပေမဲ့ ဟိုမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေနဲ့ ဘာများကွာခြားလို့လဲ။ မင်း တစ်ကမ္ဘာလုံးနဲ့ ရန်သူဖြစ်ဖို့ ရည်ရွယ်နေတာလား။”

ဆရာတော်၏ သင်္ကန်းမှာ သွေးများဖြင့် ရွှဲရွှဲစိုနေ၏။

သူက တောင်ဝှေးကို အားပြုကာ ယိုင်တိုင်တိုင်ဖြင့် ထရပ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးတွင် မရေမတွက်နိုင်သော ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အရေပြားကောင်းဟူ၍ တစ်နေရာမျှ မရှိတော့ပေ။

ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ဦးအတွက် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ လှမ်းတက်နိုင်ခြင်းမှာ သူတို့၏ ဗုဒ္ဓအလင်းတန်းသည် မည်သည့်အရာကမျှ ဖောက်ထွင်း၍မရနိုင်လောက်အောင် အစွမ်းထက်သည်ဟု အဓိပ္ပာယ်ရသည်။

သို့သော် နောက်ဆုံးတွင်မူ သူက ချန်ဟွိုက်အန်၏ ဓားအောက်တွင်ပင် ကျရှုံးခဲ့ရလေပြီ။

ချန်ဟွိုက်အန် ဘာမှပြန်မပြောပေ။

သူ၏ဓားနှောင့်ကိုသာ အသာအယာ တစ်ချက်ခါလိုက်၏။

ဓားအိမ်အတွင်းမှ ဓားချီတစ်စင်း တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။

ဓားအခင်းအကျင်း၏ တစ်ဝက်ခန့်ထက် ပိုမို၍ ကျယ်ပြန့်သော ဓားအလင်းတန်း တစ်ခုက ထိုဆရာတော်ကို ချက်ချင်းပင် ဝါးမျိုသွားတော့သည်။

လောကကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

လျို့ဝှက်နယ်မြေ၏ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ တစ်ဦးတစ်ယောက်ကမျှ စကားတစ်လုံးပင် မဟရဲကြတော့ပေ။

အားလုံးက ခေါင်းငုံ့ကာ တုန်ရီနေကြသည်။

အသက်ကို ပြင်းပြင်းရှူမိခြင်းကပင် အန္တရာယ်ရှိသည်ဟု ခံစားနေရသည်။ အသက်ရှူမှားခြင်း သို့မဟုတ် အကြည့်တစ်ချက်မှားခြင်းကပင် သေခြင်းတရားကို ခေါ်ဆောင်လာနိုင်၍ပင်။

မဟာမြင့်မြတ်နယ်မြေ သုံးခုတွင် ထိုဓားကျောင်းတော် ဘိုးဘေးကို ချေမှုန်းနိုင်သည့် အန္တိမအကြီးအကဲများ ရှိကောင်းရှိနိုင်သည်။

သို့သော် မည်သည် ထူးမည်နည်း။

ယခု အခိုက်အတန့်တွင် ထိုအန္တိမအကြီးအကဲ သုံးဦးသည် မဟာလျို့ဝှက်နယ်မြေထဲမှ ပြန်ထွက် မလာသေးခင်အထိ ထိုလူတစ်ယောက်နှင့် ဓားတစ်လက်သည် သူတို့အားလုံးကို မျက်တောင် တစ်မှိတ်အတွင်း သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေသည်။

“ဒီနေ့ကစပြီး ငါ ချန်ဟွိုက်အန်နဲ့ ငါ့တပည့် လီချင်းရန်က ဓားကျောင်းတော်ကနေ တရားဝင် နုတ်ထွက်လိုက်ပြီ။ မင်းတို့ ကလဲ့စားချေချင်တယ်ဆိုရင် ငါတစ်ယောက်တည်းဆီကိုပဲ လာခဲ့ကြ။ ဒါပေမဲ့ မင်းတို့ ဓားကျောင်းတော်ကို ဒုက္ခပေးရဲမယ်ဆိုရင်တော့... မင်းတို့ဂိုဏ်းရဲ့ တောင်တန်းတွေ ရုတ်တရက် ထက်ပိုင်းပြတ်မသွားဘူးလို့ ငါ အာမမခံနိုင်ဘူး။”

သူ၏စကား အဆုံးတွင် လက်က ဓားနှောင့်ပေါ်သို့ ကျရောက်သွား၏။

သူ၏လှုပ်ရှားမှုမှာ နှေးကွေးလှသည်။

သို့သော် သူတို့ပတ်ဝန်းကျင်ရှိ လေထုမှာ အေးခဲသွားသယောင် ရှိနေသည်။

မမြင်ရသော ဝန်ထုတ်ဝန်ပိုးတစ်ခုက သူတို့၏ရင်ဘတ်ကို ဖိထားသကဲ့သို့ အသက်ရှူ ကျပ်လာကြသည်။

နီမြန်းနေသော အရုဏ်ဦး တိမ်တိုက်များအထက်တွင် လင်းတတစ်ကောင်က တိတ်ဆိတ်စွာ ပျံသန်းနေသည်။

ကမ်းပါးထိပ်တွင် ချိတ်ဆွဲထားသော နံနက်ခင်းနေမင်းကြီးမှာ ကောင်းကင်တွင် တွဲလောင်း ကျနေသော သွေးစက်တစ်စက်နှင့် တူနေ၏။

ဓားကျင့်ကြံသူ၏ လက်ချောင်းများမှာ အနည်းငယ်မျှ တုန်ခါသွား၏။

ရွှမ်း...

ဓားအိမ်အတွင်းမှ နားကွဲမတတ် ပြင်းထန်သော အသံနှစ်ချက် ဆက်တိုက် ထွက်ပေါ်လာသည်။

သူ၏ ဓားအသိ ပြင်းအားကြောင့် တိမ်ပင်လယ်ကြီးမှာ ဒီရေတက်သကဲ့သို့ လှုပ်ခါသွားသည်။

ဝေးကွာသော တောင်တန်းများမှ အဖြူရောင်မီးခိုးတန်း နှစ်ခု ထွက်ပေါ်လာသည်ကို တစ်စုံတစ်ယောက် မြင်လိုက်ရသည်။

မြေကမ္ဘာအကြောများဆီမှ နက်ရှိုင်းပြီး ဗလုံးဗထွေးဖြစ်နေသော ညည်းညူသံကြီးကို နောက်မှ တစ်ယောက်က ကြားလိုက်ရသည်။

ထို့နောက်တွင်....

မမြင်ရသော ဘီလူးလက်ကြီးတစ်ဖက်က သူတို့၏လည်ပင်းကို ရုတ်တရက်ညှစ်လိုက်သကဲ့သို့ပင် ယောင်ချီမြင့်မြတ်နယ်မြေနှင့် ဖန်ကျင်းမြင့်မြတ်နယ်မြေတို့၏ ဂိုဏ်းဝင်းများမှာ မျက်တောင် တစ်မှိတ်အတွင်း ကြေမွပျက်စီးသွားတော့သည်။

ဂွတ်...

စိတ်ဝိညာဉ်ချီစွမ်းအင်တောင်ထွတ်များ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကုန်၏။

ကောင်းကင်ယံမှ သွေးမိုးများ စတင်ရွာသွန်းလာတော့သည်။

ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် ယောင်ချီနှင့် ဖန်ကျင်းတို့၏ ဂိုဏ်းဝင်းများမှာ မည်သည်မှ မကျန်တော့ပေ။

ကောင်းကင်တွင် တစ်ခုတည်း ချိတ်ဆွဲထားသော သွေးရောင်နေမင်းကြီးသာ ကျန်ရစ်တော့သည်။

ချန်ဟွိုက်အန်က လက်ဝါးထဲတွင် တုန်ခါနေသော ကြေးခွံနက်ဓားကို ငုံ့ကြည့်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို တစ်ချက်မျှ လှည့်မကြည့်တော့ဘဲ သူ၏ ဓားအခင်းအကျင်းကို ရုပ်သိမ်းလိုက်ကာ လီချင်းရန်နှင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေးတို့၏ ပုခုံးကို ဆွဲကိုင်လိုက်သည်။

ထို့နောက် သူက ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

လောကမြေပြင်တစ်ခုလုံးတွင် ဓားဟိန်းသံတစ်ချက်သာ ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။

“ဒါဟာ မင်းတို့အတွက် နောက်ဆုံးသတိပေးချက်ပဲ။”

သူက ဓားကျောင်းတော်ကို ကာကွယ်မှုမရှိဘဲ ချန်ထားရစ်၍ မဖြစ်ပေ။

သို့သော် မထွက်ခွာခင် မြင့်မြတ်နယ်မြေနှစ်ခု၏ ဂိုဏ်းဝင်းများကို ဖျက်ဆီးပြလိုက်ခြင်းမှာ တားဆီးရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်သည်။

ယခုအခါ မဟာလျို့ဝှက်နယ်မြေမပွင့်မီ သူ အရာအားလုံးကို အစီအစဉ်တကျ ဖြစ်အောင် လုပ်ဆောင်ရပေမည်။

သူ ထွက်သွားရမည်။

အကယ်၍ သူသာ ဆက်ရှိနေပါက သူ လုပ်နိုင်သမျှမှာ ဆက်တိုက် သတ်ဖြတ်နေရန်သာ ဖြစ်ပေလိမ့်မည်။

ဟင်းလင်းပြင်ပေါင်းစည်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါဖြင့် သူက ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ခဏချင်းအတွင်းမှာပင် ဓားကျောင်းတော် တောင်တန်းသို့ ရောက်ရှိသွားသည်။

သူက လျိုရှားတောင်ထွတ်ပေါ်သို့ ဆင်းသက်ကာ မိန်းကလေးနှစ်ဦးကို ချထားပေးလိုက်သည်။

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေး၏ အခြေအနေမှာ ပိုမို၍ ဆိုးရွားလာသော်လည်း သူ့တွင် ဖြေရှင်းပေးရန် အချိန်မရှိပေ။

“လီချင်းရန်...”

“သူက မိစ္ဆာအတတ်တွေကို ကျင့်ကြံထားတာ။ မင်းရဲ့ ကိုယ်ပိုင်စွမ်းအင်နဲ့ ကုသပေးလို့ မရဘူး။ ကုသရေးဆေးလုံးတွေရှိရင် သူကို တိုက်လိုက်။ ငါ အခင်းအကျင်းတစ်ခု တည်ဆောက်ရမယ်။”

လျိုရှားတောင်ထွတ်၏ အစွန်းတွင် ရပ်နေရင်း သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အမိန့်ပေးလိုက်သည်။

“နားလည်ပါပြီ ဆရာ။ ကျွန်မ ဘာမှ မဆင်မခြင် မလုပ်ပါဘူး။” လီချင်းရန်က ပြတ်ပြတ်သားသား ပြန်ထူးလိုက်သည်။

သူ အာရုံခံနိုင်၏။ ဆရာက အလွန်အရေးကြီးသော အရာတစ်ခုကို လုပ်ဆောင်တော့မည် ဖြစ်သည်။ ယခုအချိန်သည် ဒုက္ခပေးရမည့်အချိန် မဟုတ်ပေ။

“ကောင်းကင်နက္ခတ်၊ ဓားကျောင်းတော်ကို အန္တိမအကြီးအကဲတစ်ယောက်တောင် ရှာမတွေ့ နိုင်အောင် ဘယ်လိုမျိုး လုံးဝ ဖုံးကွယ်ထားလို့ ရမလဲ။”

[ ယနေ့အတွက် သင့်ရဲ့ ပထမဆုံး ကောင်းကင်နက္ခတ် တွက်ချက်ခြင်း ဖြစ်ပါတယ်။ ယခုတစ်ကြိမ်အတွက် အခမဲ့ပါ... ]

[ တွက်ချက်နေသည်... ]

ဓားကျောင်းတော်အထက်တွင် မိုးတိမ်များ လိပ်တက်လာပြီး လျှပ်စီးများကြား ကြီးမားလှသော နတ်ဘုရားစွမ်းအားတစ်ခုမှာ ဝင်းလက်နေ၏။

ခဏအကြာတွင်မူ စနစ်၏ အကြောင်းကြားစာတစ်ခု ပေါ်လာသည်။

[ ဓားကျောင်းတော်ကို လုံးဝဖုံးကွယ်ရန် နည်းလမ်းနှစ်ခု ရှိပါသည် ]

[ ရွေးချယ်စရာ (၁) ဖုံးကွယ်ခြင်းတာအို စွမ်းအားများ ကိန်းအောင်းနေသော ရတနာ ၁၀၈ခုကို အသုံးပြု၍ ကောင်းကင်လွှမ်းခြုံအနှိုင်းမဲ့အခင်းအကျင်းကို တည်ဆောက်ပါ။ ထိုအရာသည် တွက်ချက်ခြင်းဆိုင်ရာ ကြိုးပမ်းမှုအားလုံးကို တားဆီးပေးလိမ့်မည်။ မဟာတက်လှမ်းခြင်းအဆင့် တတိယမြောက် အတိဒုက္ခအောက်ရှိ မည်သည့်ကျင့်ကြံသူဆို ၎င်းကို လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ပေ။ တတိယမြောက် အတိဒုက္ခအထက်ရှိ သူများလည်း ဝေဝါးသော အစအနများကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး နေရာအတိအကျကို သိရှိနိုင်မည် မဟုတ်ပါ ]

[ ရွေးချယ်စရာ (၂) ကစားသူ၏ လက်ရှိ ကိုယ်ပွားကျင့်ကြံမှုမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ဖြစ်ပြီး ကမ္ဘာငယ် တစ်ခုကို မသန့်စင်ရသေးပါ။ ကစားသူသည် ဓားကျောင်းတော်ကို ကမ္ဘာငယ်တစ်ခုအဖြစ် သန့်စင်နိုင်၏။ ကစားသူ စနစ်မှ ထွက်ခွာသွားလျှင် နတ်ဘုရားဖုံးကွယ်ခြင်းပုံစံသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ရန်သူများအနေဖြင့် ကစားသူနှင့် ဓားကျောင်းတော် နှစ်ခုလုံးကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်တော့ ]

ပထမနည်းလမ်းလား။ ထားလိုက်တော့။

တာအိုရတနာ ၁၀၈ခုကို ဘယ်ကနေသွားရှာရမှာလဲ...

ထို့ပြင် ၎င်းတို့သည် ဖုံးကွယ်ခြင်းတာအိုသဟဇာတများ အထူးကိန်းအောင်းနေရန် လိုအပ်သည်။

အကယ်၍ သူ ဝယ်ယူရမည်ဆိုပါက တာအိုနှင့်ပတ်သက်သော လက်နက်တိုင်း အနည်းဆုံး ယွမ်သန်းတစ်ထောင်ခန့် ကျသင့်ပေလိမ့်မည်။

“တကယ်လို့ ငါ ဒုတိယနည်းလမ်းကို ရွေးပြီး ဓားကျောင်းတော်ကို ကမ္ဘာငယ် တစ်ခုအဖြစ် သန့်စင်လိုက်မယ်ဆိုရင် ငါ ပြန်ဝင်လာတဲ့အခါ ဘာဖြစ်မလဲ။”

[ သင့်အနေနဲ့ အန္တိမအထူးဧည့်သည် ကောင်းကင်ဖုံးကွယ်ပက်ကေ့ချ်ကို အကန့်အသတ် ကမ်းလှမ်းချက်အနေနဲ့ တစ်လကို ယွမ် သန်းတစ်ထောင်ဖြင့် ဝယ်ယူနိုင်သည်။ ၎င်းက သင့်ကို ချင်းယွန်ဘုံတွင် လုံးဝရှာမတွေ့နိုင်အောင် လုပ်ဆောင်ပေးလိမ့်မည် ]

“ဒါက ဓားပြတိုက်တာပဲ...” ချန်ဟွိုက်အန် အံကြိတ်လိုက်သည်။

သို့သော် လက်ခံနိုင်စရာ မရှိသည်တော့ မဟုတ်ပေ။

အဆုံးတွင်တော့ သူ ပိုက်ဆံ ပိုရှာနိုင်သည် မဟုတ်ပါလား။

“နောက်မေးခွန်းတစ်ခု။ တကယ်လို့ ကမ္ဘာငယ်တစ်ခုကို သန့်စင်လိုက်ရင် ငါ ထာဝရ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်မှာပဲ နေရမှာလား။”

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်က တစ်မိနစ်လျှင် ယွမ် သန်း၈၀ ကျသင့်သည်။

၎င်းမှာ ရူးလောက်စရာပင်။

[ ပြန်ဝင်လာလျှင် ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပထမအဆင့်ကိုသာ ဝယ်ယူရန် လိုအပ်သည်။ စနစ်က ဂိမ်းအလိုအလျောက်ပုံစံကိုလည်း ကမ်းလှမ်းထားပြီး သင် အော့ဖ်လိုင်း ဖြစ်နေချိန် ကုန်ကျစရိတ်ကို ပုံမှန်နှုန်းထား၏ ၁%အထိ လျှော့ချပေးမည် ဖြစ်သည်။ အလိုအလျောက်ပုံစံ၌ ဂိမ်းလုပ်ဆောင်ချက်တွေကို သုံးနိုင်ပြီး အင်ပီစီများနှင့် ဆက်ဆံနိုင်သော်လည်း ကိုယ်ပွားကိုမူ ထိန်းချုပ်၍ မရပေ။ သင် ဗီအာဦးထုပ်ကို ဝတ်ဆင်လိုက်သည်နှင့် အလိုအလျောက်ပုံစံမှ ထွက်ခွာပြီး အွန်လိုင်းသို့ အပြည့်အဝ ရောက်ရှိသွားမည် ဖြစ်သည် ]

ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပထမအဆင့်က တစ်မိနစ်လျှင် ၁၀သိန်း ကျသင့်သည်။

၁% ဆို တစ်မိနစ်လျှင် တစ်သောင်း ဖြစ်သည်။

၎င်းက တစ်ရက်လျှင် ယွမ် ၁၄၄သိန်း ကျသင့်မည်ဟု ဆိုလိုပေသည်။

ဈေးကြီးနေဆဲဖြစ်သော်လည်း ထိန်းညှိနိုင်သည့် အနေအထားပင်။

စနစ်နှင့် ဈေးဆစ်၍မရပေ။

ထိုအချိန်တွင် ချန်ဟွိုက်အန်က ဂိမ်းစနစ်သည် ချင်းယွန်ဘုံ၏ ကောင်းကင်တာအိုနှင့် ပေါင်းကြံနေသည်ဟု ပြင်းထန်စွာ သံသယဝင်လိုက်မိသည်။

သူက ယွမ် ကုဋေ တစ်သောင်းဆိုလျှင် အကြာကြီးခံမည်ဟု ထင်ခဲ့ဖူးသည်။

ယခုနှုန်းအတိုင်း ဆိုလျှင်တော့ သူ ပိုက်ဆံအများကြီး ထပ်လိုဦးမည် ဖြစ်သည်။

ပစ္စည်းစားရင်းထဲ ဝိညာဉ်ပုံဆောင်ခဲအဖြစ် ပြောင်းလဲနိုင်သော ပစ္စည်းများ ရှိနေသည်။

အလောင်းဘုရင် တိကျန်း၏ ဝိညာဉ်နှိမ်နင်းသံ - (ဝိညာဉ်ပုံဆောင်ခဲ ၁၀၀)

အရိုးဖြူဗောဓိသတ္တ၏ ကျောက်စိမ်းလက်စွပ် - (ဝိညာဉ်ပုံဆောင်ခဲ ၁၀)

“နေပါဦး။ လက်တွေ့ကမ္ဘာက ပစ္စည်းတွေကိုပါ ဝိညာဉ်ပုံဆောင်ခဲတွေအဖြစ် ပြောင်းလို့ ရတာလား...”

ချန်ဟွိုက်အန်၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွား၏။

ဒါ... ဒါက တကယ် မယုံနိုင်စရာ ကောင်းတာပဲ...

“ပြောင်းလိုက်...”

[ ပြောင်းလဲခြင်း အောင်မြင်ပါသည်။ ဝိညာဉ်ပုံတောင်ခဲ ၁၁၀ကို ထည့်သွင်းလိုက်ပါပြီ ]

[ ကံကြမ္မာကို ထုတ်ယူနေသည်... ]

[ သင် ရရှိလိုက်သော အရာများ။

အလောင်းဘုရင် တိကျန်း၏ ဝိညာဉ်အကြွင်းအကျန် တစ်ခု၊

အရိုးဖြူဗောဓိသတ္တ၏ ဝိညာဉ်အကြွင်းအကျန် တစ်ခု ]

...

All Chapters