← Chapters

အခန်း (၉၁)

Vol. 10 Ch. 91

အခန်း (၉၁)

Vol. 10 Ch. 91

အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူမှာ ရုတ်ချည်း တသော သောရယ်မောလိုက်သည်။ ပိုက်ဆံလာပေးတာကိုး၊ ဘာလို့ ငြင်းရမှာလဲ ??

“ကောင်းပြီ! ဝူအာ၊ မင်း ကင်းလှည့်ဖို့ သွားတော့”

စုကျို ပြုံးလျက် ထရပ်လိုက်သည်။

လဲ့အော်နှင့် အခြားနှစ်ယောက်မှာမူ ကျောက်ရုပ်ဖြစ်လုနီး ပါး မှင်သက်နေကြသည်။

“မထိတ်လန့်ကြနဲ့၊ ဒီညာဘက်ဒုခေါင်းဆောင်က ဘယ်ဘက်ဒုခေါင်းဆောင်အပေါ် တိုင်ထားတဲ့ တိုင်စာကို ငါရထားတယ်”

လဲ့အော်တို့ သုံးယောက် : “?”

“ငါ အဲ့ဒီစာကို နင်တို့အတွက် ဖတ်ပြမယ်၊ ဒါမှ သူ့ကို စကားပြောဖော်လုပ်ပေးလို့ရမှာ”

“ကိုယ့် သရုပ်မှန်မပေါ်စေနဲ့ဦး!”

လဲ့အော်တို့ သုံးယောက် : “...”

“တောက်—”

ရင်းမြောင်က မအောင့်နိုင်ဘဲ အာမေဍိတ်သံ ထွက်သွားရာ၊ အရပ်ရှည်ရှည်မိစ္ဆာမှ သူ့ကို ‘ဟင်း’ ခနဲ မာန်မဲကြည့်သည်ကို မြင်သောအခါ အမြန်ပါးစပ်ပိတ်လိုက်ရသည်။

“ကျွန်တော် ဒုခေါင်းဆောင်ကျုံးကော်လာကို ခေါင်းဆောင်ဆီ တိုင်ကြားချင်ပါတယ်”

“သူက ဝိညာဉ်လက်မှုပညာဂိုဏ်းကို တိတ်တဆိတ် အထင် ကြီးအားကျနေပြီး၊ မိစ္ဆာစွမ်းအင်မပါတဲ့ ပန်းပဲဖိုတွေကို မကြာခဏ ဝယ်ယူနေပါတယ်၊ သူဟာ ကျင့်ကြံသူအမှန်တွေရဲ့လက်နက်တွေကို တိတ်တဆိတ် သွန်းလုပ်ဖို့ကြိုး စားနေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေပါတယ်”

“ဒါဟာ ရွှမ်းယွဲ့ဂိုဏ်းကို လုံးဝ စော်ကားတာပဲ၊ သူဟာ သိုးရေခြုံထားတဲ့ ဝံပုလွေတစ်ကောင်ပါ၊ လူကြည့်ပြီး မျက်နှာ သိပေမဲ့ စိတ်မသိနိုင်ဘူး၊ တိတ်တဆိတ်နဲ့ မကောင်းမှုတွေ လုပ်နေတာ... ဂိုဏ်းချုပ်ကိုလည်း လုံးဝရိုသေမှုမရှိပါဘူး”

ရင်းမြောင် အမြန်ပင်ပြောချလိုက်သည်။

“တောက်... ညာဘက်ဒုခေါင်းဆောင်၊ ကျွန်တော်... ကျွန် တော် တွေ့လိုက်ရတာက ဘယ်ဘက်ဒုခေါင်းဆောင် ကျုံးကော်လာဟာ ရွှေနက်ကျေးရွာရဲ့ပန်းပဲအတတ်ပညာတွေကို တိတ်တဆိတ်အားကျနေပုံရတယ်၊ သူ ပန်းပဲဖိုတွေကို ကြည့်တဲ့အခါ သူ့မျက်လုံးတွေကတော်တော်ထူးဆန်းနေတယ်ဗျ”

အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူက “အဲ ?” ဟု အံ့သြသံပြုကာ သူ့မျက်လုံးများ တဖျတ်ဖျတ်လက်လာသည်။

“ဟင် ? မင်းက ဘယ်လိုသိတာလဲ ?”

“သူ... သူ့မျက်လုံးတွေက မရိုးသားတဲ့ ကျွန်တော့်အဒေါ် ယောင်္ကျားရဲ့ မျက်လုံးတွေနဲ့တော်တော်တူလို့ပါ!”

အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူက ‘ရှဲ’ ခနဲ အသံပြုကာ ခေါင်းငုံ့ပြီး သူ၏ဝိညာဉ်အိတ်ထဲရှိ တိုင်စာကိုအမြန်စစ် ဆေးလိုက်သည်။ တိုင်စာပေါ်ရှိ တံဆိပ်မှာ ပျက်စီးခြင်းမရှိသေးဘဲ အခြားတစ်ယောက်ဖတ်ထားသည့် လက္ခဏာလည်း မတွေ့ရပေ။

သူသည် ချက်ချင်းရယ်မောလိုက်ပြီး ရင်းမြောင်ပခုံးကို အားပါပါ ပုတ်လိုက်သည်။

“ကောင်းတယ်! မင်း သတ္တိရှိသားပဲ၊ လူသစ်လေးဖြစ်ပြီး ဒုခေါင်းဆောင်ရဲ့အပြစ်တွေကို ဖော်ထုတ်ရဲတယ်ပေါ့!”

“ငါ့ကို အသေးစိတ်မြန်မြန်ပြောစမ်း!”

“ကဲ... မင်းတို့နှစ်ယောက် ထွက်သွားကြတော့၊ မာကျန်းဆော့တာ တော်ပြီ၊ ငါ ဝူစစ် ဆီကနေ ဒုခေါင်းဆောင်ရဲ့ ပြဿနာတွေကို အသေးစိတ်နားထောင်ချင်တယ်”

အရပ်ရှည်ရှည် မိစ္ဆာမှာ လဲ့အော်နှင့် ကျင်းကန်းပေါင်ကို စိတ်မရှည်စွာ လက်ယမ်းပြလိုက်သည်။

ရင်းမြောင် : “!”

လဲ့အော်နှင့် ကျင်းကန်းပေါင်တို့မှာ ချက်ချင်းထရပ်လိုက်ကြပြီး နောက်လှည့်မကြည့်ဘဲ အပြင်သို့လျင်မြန်စွာ လျှောက်ထွက်လာကြသည်။

“နှုတ်ဆက်ပါတယ် ခေါင်းဆောင်!”

“နှုတ်ဆက်ပါတယ် ခေါင်းဆောင်!”

သူတို့သည် စုကျိုကို အမြန်လိုက်ရှာကြတော့သည်။

[ ဘုရားရေ... အဆင့် ၃၀ မစ်ရှင်ကို ဒီလိုမျိုး အောင်မြင်အောင် လုပ်လို့ရတာလား? ]

[ ငါ့ရဲ့ နှုတ်ခမ်းလှုပ်ရှားမှု ဖတ်တတ်တဲ့ ပါရမီက ဘယ်မှာလဲ? ]

ဝိညာဉ်ပိုးဖလံဂေဟာအတွင်း အဆင့် ၁ မှ ၃၀ ထိရှိသော တပည့်များသည် ဂေဟာထဲမှမထွက်ကြသေးဘဲ ကောင်း ကင်ယံရှိ ပြသကွင်းပြင်ကိုမော့ကြည့်နေကြသည်။

ထုတ်လွှင့်နေသည့် မစ်ရှင်အများအပြားထဲတွင် သူတို့ စိုးရိမ်နေသည့် မစ်ရှင်များစွာရှိသော်လည်း၊ မျက်တောင်မခတ်တမ်း ကြည့်နေမိကြသည်မှာ [ရွှမ်းထျယ်ကျေးရွာ မစ်ရှင်] ပင်!

[ ငါ့မှာ နှုတ်ခမ်းလှုပ်ရှားမှု ဖတ်တတ်တဲ့ ပါရမီရှိတယ်၊ ထုံးစံအတိုင်း ငါ့ရဲ့စာသားတွေကို တခြားကျင့်ကြံသူတွေရဲ့ စာသားတွေနဲ့ ခွဲခြားရအောင် ၁ နဲ့ စရေးမယ်နော်။ ]

[ အသင်းခေါင်းဆောင် လဲ့အော်က စုကျိုနောက်ကို အခန်းထဲကနေ အပြေးလိုက်သွားပြီး မအောင့်နိုင်ဘဲမေးနေတယ်: ‘စုကျို၊ နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ ? ဘာလို့ ငါ့မျက်နှာက နင်နဲ့ လုံးဝတူနေရတာလဲ?!’ ]

[ လဲ့အော်: ‘ဒါက ထိပ်တန်းလက်သမားပါရမီလား ? ကြောက်စရာကြီးပဲ!’ ]

[ လဲ့အော်: ‘ဒါနဲ့ နင် တစ်ဖက်လူရဲ့ စာတွေနဲ့ ဒိုင်ယာရီတွေကို ဘယ်လိုရခဲ့တာလဲ ?’ ]

[ ...ရင်ခုန်စရာကြီးပဲ ]

[ ငါလည်း သိချင်တယ်! ]

[ နှုတ်ခမ်းဖတ်သူရေ... မြန်မြန် ဘာသာပြန်ပေးပါဦး! ]

[ ၁ စုကျို: ‘နင်က ဘာလို့ ဒါတွေကို စိုးရိမ်နေရသေးတာလဲ ? ငါ ပြောပြီးသားပဲလေ၊ ဒါက ငါ့ရဲ့ ပါရမီလို့၊ ငါ မိစ္ဆာကျင့်ကြံသူ ဝူအာရဲ့ အသွင်အပြင်ကို ရထားတာ’ ]

[ ??? ]

[ ! ]

[ ၁ စုကျို: ‘စာတွေနဲ့ ဒိုင်ယာရီတွေကလည်း အတူတူပဲ၊ ဒါတွေအားလုံးက ငါ့ရဲ့ အံ့သြစရာကောင်းတဲ့ ပါရမီတွေပဲ။’ ]

[ ၁ စုကျို: ‘အရေးကြီးတဲ့ကိစ္စ ပြောရအောင်၊ ငါတို့မှာ မိခင်-သား ချိတ်ပိတ်ခြင်းရဲ့နောက်ဆုံး သော့အစိတ်အပိုင်း တစ်ခုလိုနေသေးတယ်’ ]

ပြသကွင်းပြင်တွင် စုကျိုသည် အနောက်ဘက်ရှိ သစ်သားအိမ်များထဲသို့ လျင်မြန်စွာတိုးဝင်သွားသည်။ သူမသည် မျက်နှာဖုံးကို ချွတ်လိုက်ပြီး ‘ဝူအာ’ ပုံရိပ်တူကို အသုံးပြုကာ မိစ္ဆာကျင့်ကြံသူ အများအပြားနှင့် ပျော်ရွှင်စွာစကား ပြောနေသည်။

မကြာမီ ကိုးခုမြောက် သစ်သားအိမ်တွင် မိစ္ဆာကျင့်ကြံသူတစ်ဦးနှင့် လက်မောင်းလှဲချတိုင်းကစားနေရင်း သူမ မျက်လုံးများတောက်ပသွားသည်။

ကုန်ပစ္စည်းစွယ်စုံကျမ်းက မိခင်-သား ချိတ်ပိတ်ခြင်း၏ စတုတ္ထမြောက်အစိတ်အပိုင်းကို နောက်ဆုံးတွင် စစ်ဆေးတွေ့ရှိသွားပြီဖြစ်သည်!

“အားလုံး စုံသွားပြီ”

စုကျို လဲ့အော်တို့ သုံးယောက်ကို ဝိညာဉ်ချင်းဆက်သွယ်ကာအသိပေးလိုက်သည်။

သူ့ရှေ့တွင် မတ်တပ်ရပ်နေသော လဲ့အော်နှင့် ကျင်းကန်းပေါင်တို့မှာ စိတ်လှုပ်ရှားနေကြသည်။

အခန်းထဲတွင် ဘယ်ဘက်ဒုခေါင်းဆောင်အကြောင်းကို ညာဘက်ဒုခေါင်းဆောင်အား တိုင်တန်းနေရဆဲဖြစ်သော ရင်းမြောင်မှာမူ ဝမ်းသာလွန်း၍ ငိုပင်ငိုချင်လာတော့သည်။

ဒီအသက်နဲ့ရင်းရတဲ့ အယောင်ဆောင်မှုကြီးက နောက်ဆုံးတော့ ပြီးဆုံးတော့မည်! နောက်ဆုံးတော့ ဘာမှတွန့်ဆုတ်မနေဘဲ တိုက်ခိုက်လို့ရတော့မည်!

“ငါတို့ကို ဒီလောက်ကြောက်အောင်လုပ်တဲ့ ဒီမိစ္ဆာကျင့်ကြံသူတွေကို သတ်ပစ်မယ်!”

“ဘာကို ကြောက်တာလဲ? ဘာကို အသက်နဲ့ရင်းပြီး အယောင်ဆောင်ရတာလဲ?”

စုကျိုက လျှာရိုက်ကာ ခေါင်းခါလိုက်ပြီး ဝိညာဉ်ချင်းဆက်သွယ်နေသော သူတို့သုံးယောက်ကို အထင်အသေးသလို ကြည့်လိုက်သည်။

“ဘယ်မှာ ကြောက်စရာရှိလို့လဲ ? ဘယ်မှာ နှိပ်စက်ခံရလို့လဲ?”

“ငါ နင်တို့ကို ခြေဆုံးခေါင်းဆုံး အယောင်ဆောင်ပေးထားတာလေ”

“နင်တို့ရဲ့ မျက်နှာ၊ လက်နဲ့ ခြေထောက်တွေအားလုံးက ဝူအာရဲ့အသွင်အပြင်တွေပဲ”

“လူမိမှာကို ကြောက်နေတုန်းပဲလား ?”

“ငါသာ မျက်နှာဖုံးတစ်ခုပဲ ပေးခဲ့ရင် နင်တို့ ဘာလုပ်ကြမလဲ?”

မျက်နှာဖုံးပဲ ပေးတာကမှ ပိုကောင်းဦးမယ်!

လဲ့အော်က ကောင်းကင်ကိုမော့ကြည့်ရင်း စိတ်ထဲမှ တိတ် တဆိတ် အော်ဟစ်နေမိသည်။ သူသာဆိုလျှင် အကုန်လုံးကို သတ်ပစ်လိုက်လို့ရနေပြီ မဟုတ်ပါလား!

“ကဲ... သော့လေးခု၊ ပထမအခန်းက အခြေခံအဆင့် အထွတ်အထိပ် မိစ္ဆာကျင့်ကြံသူရဲ့ ဝိညာဉ်အိတ်ထဲမှာ တစ်ခု၊ တတိယအခန်းက တစ်ယောက်ဆီမှာ တစ်ခု၊ သတ္တမအခန်းက အခြေခံအဆင့် ၉ တစ်ယောက်ဆီမှာ တစ်ခု၊ ပြီးတော့ ကိုးခုမြောက်အခန်းက အခြေခံအဆင့် ၈ တစ်ယောက်ဆီမှာ တစ်ခု”

“ငါတို့ လေးယောက် တစ်ယောက်တစ်ပိုင်းစီ ယူရမယ်၊သူတို့သတိမထားမိခင်မှာ ဒီလေးယောက်ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းရမယ်”

“သော့တွေကို ယူခဲ့ကြ”

“ဘာပြဿနာရှိလဲ ?”

အကယ်၍ ခေါင်းဆောင်ဖြစ်ပုံရသော ဤမိစ္ဆာကျင့်ကြံသူ လေးဦးသာ သတိပေးချက်ထုတ်လိုက်လျှင် အခြားအခန်းများရှိ မိစ္ဆာများအားလုံးထွက်လာကြလိမ့်မည်။ သူတို့လေးယောက်ကို ဝိုင်းထားတာက ကိစ္စမရှိသော်လည်း ရွှေနက်ရွာသားများကို ဓားစာခံအဖြစ်ဖမ်းဆီးသွားလျှင် ပြဿနာတက်နိုင်သည်။

ထို့ကြောင့် ပြတ်သားသောအောင်ပွဲမှာ မဖြစ်မနေလိုအပ်သည်။ အရှိန်အဟုန်မှာ အဓိကပင်! လျှပ်စီးကဲ့သို့မြန်ဆန်ရမည်။

လဲ့အော်ကမူ ပြဿနာမရှိပေ။ သူ အခြေခံအဆင့်အထွတ် အထိပ်မှာရှိနေပြီး အဆင့် ၃၀ ၏အားအကောင်းဆုံးတိုက် စစ်လက်ရုံးကို ပိုင်ဆိုင်ထားသည်။ သို့သော် သူသည် စုကျို၊ ကျင်းကန်းပေါင် (အခြေခံအဆင့် ၇) နှင့် ရင်းမြောင် (အဆင့် ၈) တို့ကို သံသယဖြင့်ကြည့်လိုက်သည်။ သူတို့ကြောင့် တိုက်ပွဲကကြာရှည်သွားနိုင်သည် မဟုတ်ပါလား ?

“နေဦး... မစိုးရိမ်နဲ့၊ ငါ ရွာထဲမဝင်ခင်မှာ ငါ့အစ်ကိုလဲ့ကျယ်က ချန်မိသားစုရဲ့လျှို့ဝှက်ကျင့်စဉ်ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုကို စာနဲ့ပို့ပေးထားတယ်”

လဲ့အော် မျက်လုံးများတောက်ပလာသည် - “ဒီလိုအရေး ကြီးတဲ့အချိန်မှာ အသက်ကယ်ဖို့က အဓိကပဲ၊ ငါ အဲ့ဒီစာထဲက လျှို့ဝှက်နည်းစနစ်ကို အခု နင်တို့နဲ့ ဝေမျှမယ်”

“အားလုံး မြန်မြန်လေ့လာလိုက်ကြ”

“အကယ်၍ ချန်မိသားစုက စိတ်ဆိုးလာရင်လည်း ငါ လဲ့အော်ပဲ အကုန်တာဝန်ယူမယ်!”

စုကျို၊ ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ သူ့အားအထင် ကြီးလေးစားစွာ ကြည့်လိုက်ကြသည်။

“ဘာချန်မိသားစု လျှို့ဝှက်ကျင့်စဉ်လဲ ?”

ချန်မိသားစုဝင်တစ်ဦးဖြစ်သော ကျင်းကန်းပေါင်ပင်လျှင် တစ်ခါမျှ မကြားဖူးသဖြင့် စိတ်လှုပ်ရှားစွာဖြင့်

“မြန်မြန် ဖတ်ပြပါဦး”

လဲ့အော်က အခန်းလွတ်တစ်ခုထဲတွင် စာကို အမြန်ဖြန့်ဖတ်လိုက်သည်။

“ရွှေရောင်၊ ရွှေရောင်အမြုတေတစ်ပိုင်း ကျင့်ကြံသူဟာ နံနက်ခင်း နေထွက်စအချိန်မှာ လေ့ကျင့်ရေးကွင်းပြင်ထက်မှာ ရုတ်တရက် မတ်တပ်ရပ်နေရာကနေ ထိုင်လျက်အနေအထားကို ပြောင်းလိုက်တယ်”

“သူ့ရဲ့ တင်ပါးဆုံနဲ့ မြေပြင်ပေါ်ကို ဆောင့်ကျသွားပြီး ချက်ချင်းပဲ လွင့်ထွက်သွားတော့တယ်”

“အဲ့ဒီနောက်မှာတော့... အားးး... အု... သူ့ရဲ့တင်ပါးဆုံက ဆက်တိုက် ကျကျ၊ ကျကျသွားလိုက်တာ လေ့ကျင့်ရေးကွင်းရဲ့လှေကားထစ် ဆယ်ထစ်မြောက်အောက်က မြေပြင်ပေါ်ကို ရောက်သွားတဲ့အထိပဲ”

ကျင်းကန်းပေါင်နှင့် ရင်းမြောင် : “...”

သူတို့သည် စုကျို ခါးရှိဝိညာဉ်အိတ်ကို မကြည့်ဘဲမနေနိုင်ကြတော့ပေ။

“ရွှေရောင်တင်ပါးတွေ ကျကျသွားတာ... ဘာလို့ ဒါက ရင်းနှီးနေသလိုဖြစ်နေရတာလဲ ?”

လဲ့အော် ဆက်ဖတ်ရင်း ထူးဆန်းသလို ခံစားနေရသည်။

ဤကျင့်စဉ်မှာ တကယ့်ကို မယုံနိုင်စရာကောင်းလှပြီး သူတစ်ခါမျှမကြားဖူးပေ! သို့သော် အလွန်ရင်းနှီးနေသည်။ မဟုတ်ဘူး... ရင်းနှီးရုံတင်မကဘူး။ ဒါက...?

တစ်နေရာရာမှာ မြင်ဖူးသလိုလို... ဒါပေမဲ့ ဒီနေ့မနက် ကျင်းချန်ရဲ့ တင်ပါးတွေ ဆက်တိုက်မြေကြီးပေါ် ဆောင့်ကျနေတဲ့အချိန်မှာ သူ ရှိမနေခဲ့ဘူး မဟုတ်လား?

အာ...

လဲ့အော် ရုတ်တရက် မှတ်မိသွားပြီ! သူ မြင်ဖူးတယ်၊သူ မြင်ဖူးတယ်!

ဒီနေ့မနက် နေထွက်ချိန်မှာပဲ ထိန်းချုပ်လို့မရတဲ့ တယ်လီပို့အစီအရင်ထဲမှာ သူ ဒါကို မြင်ခဲ့တာပဲ!

လဲ့အော်က စုကျို၊ ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ကို မော့ကြည့်လိုက်တော့သည်။

ကျင်းကန်းပေါင်မှာ ငိုတော့မည့်အမူအရာဖြင့် “အစ်ကိုကြီးလေ... ဒါက ဘယ်လိုလုပ် ချန်မိသားစုရဲ့ကျင့်စဉ်ဖြစ်မှာလဲ? ကယ်ကြပါဦး! ဒါ ကျင့်စဉ်မဟုတ်ဘူး၊ ဒါက...”

စုကျိုက တဟားဟားရယ်လိုက်ပြီး သူ့ ညာဘက်လက်ကို လဲ့အော်ထံသို့ မြှောက်ပြလိုက်သည်။

ယခုအချိန်တွင် လဲ့အော်တစ်ယောက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီဖြစ်သည်။ သူမ၏ လက် အိတ်နက်ကြားမှ ထွက်ပေါ်နေသော ဖြူစင်သွယ်လျသည့် လက်ချောင်းလေးများသည် အစကတည်းက ဘာကြောင့် ဝတ်စုံနှင့် အံမဝင်သလိုဖြစ်နေရသနည်းဆိုသည်ကို သူ နားလည်သွားပြီဖြစ်သည်။

သူမ လက်ချောင်းလေးများသည် အမျိုးသားတစ်ဦး၏ အရေခွံတစ်ခုအတွင်းမှ ထွက်ပေါ်နေခြင်းပင်!

သို့သော် ၎င်းမှာ အဓိကအချက်မဟုတ်ပေ။

လဲ့အော် ငုံ့ကြည့်လိုက်သောအခါ စုကျို ပြုံးနေပြီး၊ လက် အိတ်ကို ချွတ်ထားသော စုကျို ညာလက်မှာ သူ့လက် မောင်းအား ဖိထားသည်ကို တွေ့လိုက်ရသည်။

“ခေါင်းဆောင်လဲ့... နင့်မှာ အားအကောင်းဆုံးတိုက်စစ်ညာလက်ရှိတယ်လို့ ငါ ကြားထားတယ်”

“ရွှေနက်ရွာသားတွေကို ကယ်ဖို့အတွက် ငါ့ကို ခဏလောက် ငှားပါဦး—”

“မိတ္တူကိုးခုဆိုရင် အဆင်ပြေတယ်မလား?”

လဲ့အော် မျက်လုံးများမှာ ချက်ချင်းပြူးကျယ်သွားတော့သည်။

[ ၁ လဲ့အော် : မှင်သက်သွားသည် ]

[ ! ]

[ !!! ]

[ ??? ]

All Chapters