အခန်း (၉၃)
Vol. 10 Ch. 93
သို့သော် ခဏအကြာမှာပင် စုကျို၏ မိစ္ဆာဝတ်ရုံအင်္ကျီလက်မှာ တဖျတ်ဖျတ်လှုပ်ခတ်လာသည်။
ရုတ်တရက်ဆိုသလို ချွန်ထကသည့် အရာတစ်ခုထိုးထွက်လာတော့သည်။
လဲ့အော် : “!”
ရင်းမြောင်နဲ့ ကျင်းကန်းပေါင် : “...!”
ဤသည်မှာ ထိုဒုက္ခသည်နှစ်ယောက်အတွက် သူမရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင်အား အနီးကပ်မြင်ဖူးခြင်းဖြစ်သည့် ပထမဆုံးအကြိမ် ဖြစ်ရဦ ၎င်းတို့မျက်လုံးများပင် မခွာနိုင်အောင်စူးစမ်းနေကြသည်။
“ဒါ ငါ့ရဲ့ ညာလက်နဲ့ မတူပါလား” လဲ့အော် ထိုချွန်ထက်သည့် အရာကိုကြည့်ပြီး ပြောလိုက်သည်။
စုကျိုကမူ သူ့သိုလှောင်အိတ်ထဲ ငါးပုံတစ်ပုံလောက် မှောင်သွားသည့် ဝိညာဉ်စစ်ဆေးရေး လက်ပတ်ကိုကြည့်ပြီး မျက်ခုံးတွန့်သွား သည်။
မတတ်နိုင်တဲ့အဆုံး သူ နီရဲရွှေရောင်တောက်ပနေသောလှံရှည်တစ်ချောင်းအား သူ့ ညာဘက်လက်အင်္ကျီထဲကနေ ဆွဲထုတ် လိုက်ပြန်သည်။
‘ထောက်’ ခနဲ အသံနှင့်အတူ သူ ထိုလှံအား လဲ့အော်ဆီပစ်ပေးလိုက်သည်။
စုကျို တည်တည်ငြိမ်ငြိမ်နှင့်ပင် “အင်း... ငါ အထုတ်မှားသွားတယ်”
“ဒါနင့်ရဲ့ ဒုတိယအဆင့် နီရဲရွှေရောင်လှံပဲ”
လဲ့အော် မျက်လုံးတွေပြူးကျယ်သွားပြီး သူမ လက်အင်္ကျီထဲမှ ထွက်ပေါ်လာသည့် ခြေခြောက်ချောင်းစာရှည်လျားသော လှံသုံးခွအားအမြန်လှမ်းဖမ်းလိုက်သည်။ ထိုသည်မှာ သူ့ မူလလက်နက်နှင့် လုံးဝကို ထပ်တူကျနေသည်။
ထိုလှ့သည် သူအကြိမ်ကြိမ် ပြုပြင်ထားသည့် လှံဖြစ်ပြီး၊ လှံပေါ်ရှိကျိုးပဲ့ရာများ ဖာထေးထားသော သံနက်သား အရောင်ကွဲလေး တွေကအစ အကုန်ထပ်တူညီနေသည်။
လဲ့အော် သူ့သိုလှောင်အိတ်အား မယုံနိုင်သလို ပြန်ကြည့်လိုက်ရသည်။
သူ့လှံက သိုလှောင်အိတ်ထဲမှာ ရှိနေတုန်းပါ။
ဒါပေမဲ့ သူ တစ်ချက်ကြည့်နေတုန်းမှာပဲ စုကျိုကမူ ဒုတိယမြောက် နီရဲရွှေရောင်လှံကို ဆွဲထုတ်လိုက်ပြန်ပါတယ်။
တတိယမြောက်... စတုတ္ထမြောက်... ကိုးချောင်းမြောက်အထိပင်။
လဲ့အော်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
သူနှင့် ကိုက်ညီလှသည့် လှံတစ်ချောင်းရဖို့ သူ နှစ်ပေါင်းများစွာ မြို့ပတ်ပတ်လည်မှ လက်မှုပညာသည်ဆိုင်တွေ အကုန်ပတ်ရှာ ခဲ့ရကာ နောက်ဆုံးမှာတော့ အထူးမှာယူပြီး သွန်းလုပ်ခဲ့ရခြင်းပင်။
ထိုလှံအား သွန်းလုပ်ပေးခဲ့သည့် ပန်းပဲဆရာလည်း ကွယ်လွန်သွားခဲ့လေပြီ။
ထိုအချိန်ကစပြီး လဲ့အော် ဒီဖာထေးထားသည့် လှံဟောင်းကြီးကိုသာ စွဲသုံးနေခဲ့ပြီး ဘယ်တော့မှအသစ်မလဲခဲ့ပေ။
စုကျိုအား ကြည့်လာသည့် လဲ့အော်အကြည့်များမှာ ချက်ချင်းဆိုသလိုတောကပလာသည်။
“အခုမှပဲ ထုတ်ရတာ သက်သာတော့တယ်၊ ဒီလက်နက်တွေက နေရာတော်တော်ယူတာပဲ”
စုကျို သက်ပြင်းချလိုက်သည်။
“ဒါတွေကို ဒီမှာ ခဏထားလိုက်၊ ဆက်လုပ်ရအောင်”
လဲ့အော် စားပွဲပေါ်မှ လှံကိုးချောင်းကို ပွတ်သပ်ရင်း ရင်ထဲတလှပ်လှပ် ဖြစ်နေရသည်။ သူ အားလုံးကို လက်ထဲဆုပ်ကိုင်ပြီး စုကျိုထံ သူ့ရဲ့ ညာလကအားထပ်ဆန့်ပေးလိုက်သည်။
စုကျို : “…”
လဲ့အော် ရှက်ကိုးရှက်ကန်းနှင့် လက်ကိုပြန်လွှတ်လိုက်ပြီး “စျေးနှုန်းကတော့ ညှိလို့ရပါတယ်”
စုကျို မျက်တောင်တောင် မခတ်ဘဲ သူ့ညာလက်ကို ထပ်ထိလိုက်ပြန်သည်။
“မင်းတို့နှစ်ယောက် တံခါးမှာ သွားစောင့်နေစမ်းပါ”
လဲ့အော် စားပွဲနား မသိမသာတိုးကပ်လာသည့် ကျင်းကန်းပေါင်တအား ထပ်မံမောင်းထုတ်လိုက်သည်။
“ဟုတ်... ဟုတ်ကဲ့”
၎င်းတို့နှစ်ယောက် မကျေမချမ်းနှင့် တံခါးနားကပ်ထားကြသော်ငြား မျက်လုံးတစ်ဖက်ကမူ စုကျိုဆီမှာသာရှိနေခဲ့သည်။
သူတို့ အံ့သြနေသည့် အချိန်တိုအတွင်းမှာပင် စုကျို ညာဘက်လက်အင်္ကျီသည် ထပ်မံလှုပ်ခတ်လာပြန်ပါပြီ!
လဲ့အော်ကမူ စိတ်ဝင်တစားနှင့် ရှေ့ကို တိုးကြည့်လိုက်သည်။
စုကျို သူ့ ဘယ်လက်နှင့် သူ့ကို ဖိထားပြီး “မလှုပ်နဲ့၊ အခုလည်း အဲ့ဒါ မဟုတ်သေးဘူး”
“ဒါနင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေ”
လဲ့အော် : “...???”
“ဖလပ်!”
“ဖွီး~!”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ အော်ရယ်မိပြီးမှ အမြန်ပါးစပ်ပြန်ပိတ်လိုက်ကြရသည်။
လဲ့အော် ၎င်းတို့ထံ စူးစူးဝါးဝါးကြည့်လိုက်ပြီးမှ စုကျိုအား အံ့အားသင့်စွာစိုက်ကြည့်လိုက်ပြီး
“ငါ့ရဲ့... ဘာကြီး ?”
စုကျို သူ့အား တစ်ချက်ကြည့်လိုက်ပြီး “နင့်ရဲ့ဝမ်းဗိုက်ကြွက်သားတွေလေ အလွယ်ပြောရရင် နင့် ခါးအလယ်ပိုင်းပေါ့”
“ဪ... ဒါနဲ့ နင့် ဝမ်းဗိုက်ကြွက်သားတွေထဲမှာ ဝှက်ထားတဲ့ သစ်သားနဲ့ လျှပ်စီးဓာတ် ဝိညာဉ်အမြုတေကိုလည်း ငါ ရလိုက်တယ်၊ ပြောရရင် နင့် ဝမ်းဗိုက်အောက်ပိုင်းပေါ့၊ အဲ့ဒါကိုလည်း ငါ ကူးမိသွားတယ်”
“!!!”
လဲ့အော် နောက်ကိုလန်ကျသွားပြီး သူ့ ညာဘက်လက်ကို အမြန်ဆွဲဖယ်ဖို့ကြိုးစားတော့သည်။
သို့သော် အခြေခံအဆင့် ၇ ရောက်နေသော စုကျိုကမူ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် သူ့အား ဖမ်းချုပ်ထားလိုက်သည်။
“မလှုပ်နဲ့”
စုကျို မျက်မှောင်ကြုတ်လိုက်သည်။
“ငါ နောက်တစ်ခါ ထပ်ပြီး မမှားချင်တော့ဘူး”
သူ့ သိုလှောင်အိတ်ထဲရှိ ဝိညာဉ်စစ်ဆေးရေးလက်ပတ်မှာ ငါးပုံလေးပုံခန့်အထိ ခဏချင်းမှာပင် မှိန်ဖျော့သွားခဲ့ပြီဖြစ်သည်။
ဖြစ်နိုင်လျှင် သူမ နောက်တစ်ကြိမ်သာ ထပ်မံကူးယူနိုင်တော့မည်။
သူ ကုန်ပစ္စည်းစာရင်းကိုတစ်ချက်ကြည့်လိုက်သည်။ သူ ကူးယူမိထားသောအရာများဖြစ်သည့် ‘လဲ့အော်၏ ပထမအဆင့် အတွင်းခံ’၊ ‘လဲ့အော်၏ ဗိုက်စည်း’၊ ‘လဲ့အော်၏လျှပ်စီးလုံး’ နှင့် ‘တပည့်အမှတ်အသား ခါးချိတ်’ စသည်တို့ကိုတော့ သူ့အား စာရင်း မပြတော့ရန် ဆုံးဖြတ်လိုက်သည်။
အကြောင်းမှာ ထိုအရာများက အရေးမကြီးသောကြောင့်ပင်။
ရွှေနက်ရွာသားများအား ကယ်တင်ဖို့ကသာ အဓိကဖြစ်သည်။
သူမ နောက်တစ်ခါ ထပ်မှား၍မဖြစ်တော့ပေ။
ဝိညာဉ်စစ်ဆေးရေး လက်ပတ်များအားလုံးမှိန်သွားလျှင် သူမ ဝိညာဉ်စွမ်းအင်များ ခန်းခြောက်သွားပြီး ဝိညာဉ်ကြောများ စုတ်ပြတ် ကာ မခံမရပ်နိုင်အောင်နာကျင်ရပေလိမ့်မည်။ ချန်ယွမ်လည်း သူ့ ဝိညာဉ်ကြောများကို ပြန်လည်ထိန်းညှိပေးရန် သို့မဟုတ် သူမကို ပွေ့ချီပေးရန် ဤနေရာတွင် ရှိမနေချေ။
သူမ ဝှီးချဲအားတွန်းပေးမည့် မောင်နှမနှစ်ယောက်မှာလည်း ဘယ်အရပ်ဒေသသို့ ရောက်နေကြမှန်း မသိရသေး
ဟူး...
စုကျို ယနေ့တွင် သူ့ ဝိညာဉ်စွမ်းအင်များကို အကုန်မသုံးပစ်ချင်ပေ။
သူ့ ဘယ်ဘက်လက်ဖြင့် ဒုတိယအဆင့် ဝိညာဉ်စွမ်းအားမြှင့်ဆေးတစ်ပုလင်းကိုထုတ်ကာ တစ်ကျိုက်တည်းနှင့် အကုန်သောက် ချလိုက်သည်။
ထို့နောက် သူ ထပ်မံ ကြိုးစားတော့သည်။
လဲ့အော်မှာ အသက်ပင်ဝဝမရှူရဲတော့ဘဲ စုကျို၏နက်မှောင်သော မျက်လုံးများကို စိုက်ကြည့်နေမိသလို၊ တိုက်ရိုက်ကြည့်ရန်လည်း ဝန်လေးနေမိသည်။
သူ့ နားရွက်များမှာ နီရဲပူထူနေပြီဖြစ်သည်။
သူမ ပြောလိုက်တာကို သူ မှားကြားခြင်းသာဖြစ်ပါစေဟု သူမျှော်လင့်နေမိသည်။ ဝမ်းဗိုက်ကြွက်သားတွေ မဟုတ်ပါစေနဲ့၊ ခါးအောက်ပိုင်းတွေ မဟုတ်ပါစေနဲ့... ပြီးတော့ သူ့ ဝိညာဉ်အမြုတေလည်း မဟုတ်ပါစေနဲ့!
နောက် မနေပါနဲ့၊ ဟားဟားဟား ~
လဲ့အော် သူ့ကိုယ် သူ ပြန်လည်နှစ်သိမ့်နေစဉ်မှာပင် စုကျို ညာဘက်လက်အင်္ကျီက ထပ်မံလှုပ်ခတ်လာသည်ကိုမြင်လိုက်ရပြန်သည်။
သူ့ မျက်တောင်များမှာ ရုတ်တရက် တုန်ခါသွားသည်။
“ဘာ... ဘာလဲ...?”
တံခါးဝမှ ကြည့်နေသော ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည်လည်း ခေါင်းလှည့်ကြည့်လာကြသည်။
စုကျို အမူအရာမှာ အနည်းငယ်ထူးဆန်းနေသည်။
“ငါက စီနီယာအစ်မ ယိုလုရဲ့ ‘ကြားနေကံစာတာစာလိပ်’ တွေကို အသုံးများသွားလို့လား မသိဘူး၊ ဒီနေ့ ကံက ကောင်းတာလည်း မဟုတ်၊ ဆိုးတာလည်း မဟုတ်ဖြစ်နေတယ်”
“ဒီတစ်ခါလည်း လဲ့အော်ရဲ့ညာလက်ကို မရပြန်ဘူး”
လဲ့အော် : “...”
သူမ ထိုသို့ပြောသည်ကို ကြားရသည်မှာ သူ့အတွက် တစ်မျိုးကြီးဖြစ်နေစေသည်။
“ဒါဆို နောက်တစ်ခါ ထပ်စမ်းကြည့်ရအောင်၊ နင့်မျက်နှာက နည်းနည်းဖြူဖျော့နေသလိုပဲ၊ ဝိညာဉ်စွမ်းအား ပြန်ဖြည့်တဲ့ ဆေးတွေ ရှိသေးလား?”
စုကျို သူ့ကို လက်ယမ်းပြကာ ပြုံးပြလိုက်သည်။
“ငါ နင့် ညာလက်ကို မရခဲ့ပေမဲ့လည်း...”
“နင့် လှံကို ရခဲ့တယ်၊ နင့် ဝမ်းဗိုက်နဲ့ ဝိညာဉ်အမြုတေကို သုံးကြိမ်တောင်ရခဲ့တယ်၊ ပြီးတော့ နင့်ခန္ဓာကိုယ်ထဲမှာ အားဖြည့်စု ဆောင်းထားတဲ့ ‘အပျိုစင်လူပျိုလေးရဲ့ အဆုံးစွန်လျှပ်စီးတောက်ပမှု’ ကိုလည်း ငါ ရလိုက်သေးတယ်”
လဲ့အော် : “???”
ကျင်းကန်းပေါင်နှင့် ရင်းမြောင် : “?”
“အပျိုစင်လူပျိုလေးရဲ့ အဆုံးစွန်ကျင့်စဉ် ဟုတ်လား?”
ကျင်းကန်းပေါင် ရုတ်တရက် သတိဝင်လာပြီး လဲ့အော်ကို ခိုးကြည့်ကာ ဆိုလိုက်သည်။
“ဆိုလိုတာက ခေါင်းဆောင်လဲ့က အခုထိ လူပျိုစစ်စစ်ကြီးပေါ့... မဟုတ်ဘူး၊ ငါ ဆိုလိုတာက သူ ကျင့်စဉ်စတင်ခဲ့ကတည်းက သူ့ရဲ့ အဆုံးစွန်လှည့်ကွက်ကို အောင့်အီးပြီး စုဆောင်းထားတာပေါ့!”
“အပျိုစင်လူပျိုလေးရဲ့ အဆုံးစွန်ကျင့်စဉ်ဆိုတာ လူပျိုရည်ပျက်သွားတာနဲ့... အဟမ်း၊ ဒါကို ငယ်ငယ်ကတည်းက ကျင့်ရတာလေ၊ အဲ့ဒီစွမ်းအားတွေကို အသုံးမပြုတဲ့နေ့အထိ တစ်စိုက်မတ်မတ် စုဆောင်းထားရတာ!”
ရင်းမြောင်လည်း လဲ့အော်ကို အံ့သြတုန်လှုပ်စွာကြည့်လိုက်သည်။
လဲ့အော်မှာ မျက်နှာတစ်ခုလုံး နီရဲလျက် မတ်တပ်ရပ်လိုက်ပြီး စုကျိုကို ထိတ်လန့်စွာကြည့်ကာ မေးလိုက်သည်။
“နင်... နင် ဒါကို တကယ် သိနေတာလား”
သူပြောလိုက်သော စကားမှာ သူ့အဖို့ပင် ရယ်စရာကောင်းနေသည်။
သူမ အစောပိုင်း ရွှမ်းယွဲ့ဂိုဏ်း ဒုခေါင်းဆောင်နှစ်ဦး၏ ဒိုင်ယာရီနှင့် စာများကိုပင် ရယူနိုင်ခဲ့သေးသည် မဟုတ်ပါလား...
ယခုလည်း သူမသည် လဲ့အော် ငယ်စဉ်ကြောင်တောင်တောင် အတွေးအခေါ်များ သို့မဟုတ် အရက်မူးစဉ်က ဝိညာဉ်ပိုးဖလံဂေဟာကို ဆဲဆိုထားသော စာများအားထုတ်မလာခြင်းကိုပင် သူ ကံကောင်းသည်ဟု မှတ်ယူရပေလိမ့်မည်!
ဒါ့အပြင် သူမသည့် သူ့ ဝိညာဉ်အမြုတေကိုပါရထားသည်ဟု ပြောနေသေးသည် မဟုတ်ပါလား!
ဒီလို အခြေအနေမျိုးမှာ... သူ ဘာကို အံ့သြနေရဦးမှာလဲ?
လဲ့အော်မှာ အံ့သြလွန်းသဖြင့် စကားပင်မပြောနိုင်တော့ပေ။
“ငါ စဉ်းစားနေတာက... ဒီအဆုံးစွန်လှည့်ကွက်ကြီးကို ဘယ်လိုထုတ်သုံးရမလဲ ဆိုတာပဲ ?”
စုကျို ကုန်ပစ္စည်းစွယ်စုံကျမ်းရှိ အချက်အလက်များကို အမြန်ဖတ်ကြည့်လိုက်သည်။
【 လဲ့အော်၏ အဆုံးစွန်လျှပ်စီးတောက်ပမှု: အားအကောင်းဆုံး ညာဘက်လက်ရုံးအရိုးထဲတွင် ဝှက်ထားသည်။ ၂၇ နှစ်တိုင်တိုင် စုဆောင်းထားသော လျှပ်စီးကျင့်စဉ်၏ စွမ်းအားဖြစ်သည်။ 】
【 အသုံးပြုလိုက်ပါက ရွှေရောင်အမြုတေအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးကိုပင် သတ်ပစ်နိုင်သည်။ 】
【ဒါဟာ လေမိသားစုရဲ့ စွမ်းအားစုဆောင်းခြင်း လျှို့ဝှက်ကျင့်စဉ်ပဲ! တစ်ကြိမ်အသုံးပြုပြီးတာနဲ့ စွမ်းအားတွေ ခန်းခြောက် သွားမှာဖြစ်ပြီး အသစ်ပြန်စုဆောင်းရပါမည်။】
【‘လဲ့အော်ရဲ့ အဆုံးစွန်လျှပ်စီးတောက်ပမှု အသေးစားဗားရှင်း’ ၉ ခုကို မိတ္တူကူးယူပြီးပါပြီ။ ၎င်းမှာ ရွှေရောင်အမြုတေ တစ်ပိုင်းအဆင့်စွမ်းအားနှင့် ညီမျှပါသည်။】
တကယ့်ကို အံ့မခန်းပဲ။
စုကျိုသည် တုန်ရီနေသောလက်များဖြင့် ဆေးနှစ်ပုလင်းကိုအမြန်သောက်ချလိုက်ပြီးနောက် ဝိညာဉ်စစ်ဆေးရေးလက်ပတ်၏ ငါးပုံတစ်ပုံခန့်ရှိသော ဝိညာဉ်အလင်းတန်းကိုပြန်လည်ရရှိလာခဲ့သည်။
လဲ့မိသားစု စွမ်းအားစုဆောင်းသည့် လျှို့ဝှက်နည်းစနစ်ကို သူ တကယ်အထင်ကြီးမိသွားသည်။
လိုကျားထံမှ ဘာမှမစဉ်းစားဘဲ ရှေ့တိုးတိုက်ခိုက်တတ်သည့် စစ်သည်တော်တစ်ဦးဟု သတ်မှတ်ခံထားရသော လဲ့အော်သည် ၂၇ နှစ်တိုင်တိုင်သည်းခံပြီး စုဆောင်းထားသော ဤမျှအစွမ်းထက်သည့် ကျင့်စဉ်ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူက အမြဲတမ်း သိမ်းဆည်းထားခဲ့ရာမှ ယခုတော့ သူမအတွက် အကျိုးရှိသွားရသည်။
စုကျို လဲ့အော်အားကြည့်ကာ “နင့်ရဲ့ အဆုံးစွန်ကျင့်စဉ်ကို တစ်ခါတည်း ထုတ်သုံးလိုက်ရင် ရွှေရောင်အမြုတေအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးကိုတောင် သတ်ပစ်နိုင်တယ်”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့က နောက်သို့ လန်သွားကြပြီး “နေဦး... သတိထားဦး၊ အပြင်မှာ အပြစ်မရှိတဲ့ ရွာသားတွေ အများကြီးရှိတယ်နော်” ဟု တားလိုက်ကြရသည်။
စုကျို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြကာ “မစိုးရိမ်ပါနဲ့၊ နင်တို့ရဲ့ အခြေအနေကိုထည့်သွင်းစဉ်းစားပြီး ဒီ ‘လူပျိုကျင့်စဉ်’ ရဲ့ စွမ်းအားကို ရွှေရောင်အမြုတေတစ်ပိုင်းအဆင့်လောက်ပဲ ရှိအောင် ငါ အထူးလျှော့ချထားပါတယ်”
“...”
ထို့နောက် သူ လဲ့အော်ကို ကြည့်ကာ “နင့်ဆီမှာ လျှပ်စီးသိုလှောင်ကျောက်ရှိနေတာကို ငါ ခုနက တွေ့လိုက်တယ်”
“ဒါအသုံးဝင်လား ? နင့်ရဲ့ ‘လူပျိုကျင့်စဉ်’ ကို သိမ်းဆည်းဖို့ သုံးလို့ရလား?”
လဲ့အော် နှုတ်ခမ်းများ တွန့်သွားရသည်။ လဲ့မိသားစု၏ တိုက်ရိုက်မျိုးဆက်များသာ သိသည့် လျှို့ဝှက်ချက်ဖြစ်သော လျှပ်စီးသို လှောင်ကျောက်အကြောင်းကိုပါ သူမက သိနေပြန်ပြီ။
တောက်~
သူ ဘာလို့ အံ့သြနေရဦးမှာလဲ ?
“ရပါတယ်”
လဲ့အော် သူ့ ညာဘက်လက်ကို လွတ်လပ်အောင် ပြုလုပ်ပြီးနောက် မိစ္ဆာကျင့်ကြံသူ၏အပြင်ပန်းဝတ်စုံအတွင်းမှ စက်ဝိုင်းပုံစံ လျှပ်စီး သိုလှောင်ကျောက် လေးလုံးကိုထုတ်ယူလိုက်သည်။ ၎င်းတို့အားလုံးကို ‘လျှပ်စီးချိတ်ပိတ်ဂါထာ’ များဖြင့် ရစ်ပတ်ထားပြီး စုကျိုအား ကမ်းပေးလိုက်သည်။
သို့သော် သူ ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
“သတိထားနော်၊ နင့်ရဲ့ ဘယ်ဘက်လက်အင်္ကျီထဲကနေ လှံကြီးထွက်လာတာကို ငါ ခုနက မြင်လိုက်တယ်”
“ဒါပေမဲ့ ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ လျှပ်စီးတွေက စွမ်းအားလျှော့ထားရင်တောင် သာမန်ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က တောင့်ခံနိုင်တဲ့ အဆင့်ထက် အများကြီးပိုနေသေးတယ်”
“ငါကိုယ်တိုင်တောင် ဒါကို ငယ်ငယ်ကတည်းကလေ့ကျင့်ထားပြီး ငါ့ရဲ့ ညာဘက်လက်မောင်းက အရိုးကြီးထဲမှာ ဝှက်ထားရတာ၊ ဒါမှ ဒီစုဆောင်းထားတဲ့ လျှပ်စီးဒဏ်ကနေ ငါ မထိခိုက်မှာ”
စုကျို မျက်ခုံးပင့်လိုက်သည်။
“ဒါဆိုရင် နင့်ဆီကနေ အခုလေးတင် ငါ ရလိုက်တဲ့ နင့်ရဲ့ ဝမ်းဗိုက်၊ အော်... နင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို အသုံးပြုပြီး ဒါကို သိမ်းထားရမှာလား ?”
“...”
လဲ့အော် ပြောစရာစကားဆွံ့အသွားပြီး အတော်ကြာမှအသံပြန်ထွက်လာနိုင်သည်။
“နင်... စမ်းကြည့်မလို့လား?”
ဘာဖြစ်လာမလဲဆိုတာ သူကိုယ်တိုင်လည်း မသိပေ! သူကိုယ်တိုင်ပင် ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမျှမလုပ်ကြည့်ဖူးခဲ့ပါ။
ရင်းမြောင်နှင့် ကျင်းကန်းပေါင်တို့မှာ တံခါးတွင် နားကပ်ထားရင်းမှ စိတ်ဝင်တစားဖြင့် လှည့်ကြည့်လာကြသည်။
စုကျိုသည် ရဲရင့်သော်လည်း အသေးစိတ်ကျလှသည်။ ထိခိုက်ပျက်စီးမှုမရှိစေရန်အတွက် သူသည် မိတ္တူကူးထားသော [လဲ့အော်၏ ဝမ်းဗိုက်၊ ဝမ်းဗိုက်ကြွက်သားနှင့် ဝိညာဉ်အမြုတေ အစိတ်အပိုင်း] ကိုးခုလုံးကို အမြန်ထုတ်ယူလိုက်သည်။
၎င်းတို့ကို အခန်းအလယ်ရှိ သစ်သားစားပွဲပေါ်တွင် တစ်ခုပြီးတစ်ခု တင်လိုက်သည်။ နေရာမလောက်သောအခါ လဲ့အော်မှ ကူညီသယ်ပေးလိုက်ရသည်။
“!”
“!!!”