အခန်း (၉၄)
Vol. 10 Ch. 94
လဲ့အော်သည် စားပွဲပေါ်တွင် ရှိနေသောအရာများကို ငုံ့ကြည့်လိုက်ရာ—ဝံပုလွေများ၏ ခါးကဲ့သို့ သန်မာထွားကျိုင်းသော၊ အသားညိုပြီးမာကျောသည့် ဝမ်းဗိုက်ကြွက်သား အစိတ်အပိုင်း ရှစ်ခုကိုတွေ့လိုက်ရသည်။
ဤအရာများသည် သူထင်ထားသကဲ့သို့ သစ်သားပန်းပုများ မဟုတ်ပေ! တကယ့်ကို အပြင်မှာရှိနေသကဲ့သို့ လက်တွေ့ကျ လွန်းလှသည်။
သူ အသိအမှတ်မပြုချင်သော်လည်း၊ ၎င်းတို့မှာ သူ မှန်ရှေ့တွင် ကိုယ်လုံးတီးရပ်နေသည့် ပုံစံအတိုင်းပင်။
ဝိညာဉ်သန့်စင်ခြင်းအဆင့်တွင် လျှပ်စီးဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်စဉ်က ကျန်ရစ်ခဲ့သော မီးလောင်ရာဒဏ်ချက်များမှာ ဘယ် ဘက်ဝမ်းဗိုက်ကြွက်သားပေါ်တွင် ရှိနေဆဲပင်။ လွန်ခဲ့သော သုံးနှစ်က တတိယအဆင့် သားရဲတစ်ကောင်ကို သတ်စဉ်က ဝမ်းဗိုက်အောက်ပိုင်းတွင် ကျန်ရစ်ခဲ့သော ကြောက်မက်ဖွယ် လက်သည်းရာမှာလည်း ယခုထုတ်ထားသော အစိတ်အပိုင်း ကိုးခုလုံးတွင် ပါရှိနေပြန်သည်!
ထို့ပြင် လဲ့အော်အမူအရာမှာ ရှုပ်ထွေးသွားသည်။ သူသည် သူ့ခါးပုံစံတူ တစ်ခုကိုကိုင်ကြည့်လိုက်ရာ သူ့ ဒုတိယဝိညာဉ်အမြုတေကို ခံစားလိုက်ရသည်!
စားပွဲပေါ်ရှိ ခါးပုံစံတူ ရှစ်ခုလုံးတွင် ဝိညာဉ်အမြုတေများပါရှိနေသည်!! လျှပ်စီးဝိညာဉ်စွမ်းအင်များမှာ အလိုအလျောက် စုပ်ယူ ခြင်းခံနေရသည်။
သူ အံ့သြနေစဉ်မှာပင် စုကျိုကမူ သေချာစေရန်အတွက် ခါးပုံစံတူတစ်ခုကို ယူကာ သူ့ကိုယ် သူ ကပ်လိုက်သည်။
ဖူး ခနဲ အသံနှင့်အတူ လက်ဖဝါးခန့်ရှိသော၊ ရွှေရောင်တဖျတ်ဖျတ်လက်နေသည့် ဝဲကတော့ပုံစံ သစ်သားနှင့် လျှပ်စီးနှစ်မျိုးစပ် ဝိညာဉ်အမြုတေတစ်ခုမှာ သူမ ခါးထက်ပေါ်လာတော့သည်။
[!]
[...!]
[??]
စုကျိုသည် ဤဒုတိယဝိညာဉ်အမြုတေ၏ ပြင်ပသိုလှောင်မှုစွမ်းအားကို ခံစားမိလိုက်သည်။
သူ ရရှိလာသော စိတ်ကျေနပ်မှုကို ထိန်းချုပ်ရင်း မှင်သက်နေသော လဲ့အော်အားရှင်းပြလိုက်သည်။
“ဒါက နောက်ထပ် အာမခံချက်တစ်ခုပဲ၊ အဲ့ဒါမှ နောက်ပိုင်းမှာ နင့်ရဲ့ အဆုံးစွန်လှည့်ကွက်ကို ငါထုတ်သုံးတဲ့အခါ ငါ့မှာ ကိုယ်ပိုင်လျှပ်စီးဝိညာဉ်အမြုတေရှိနေတော့ ပိုပြီး ဘေးကင်းမှာလေ”
လဲ့အော်အမူအရာမှာ ထူးဆန်းနေပြီး သူ ချက်ချင်းထရပ်ကာ အရှိန်ထိန်းရန် စားပွဲကိုအားပြုလိုက်ရသည်။
သူသည် စုကျို၏ဘယ်ဘက်လက်ညှိုးကို တုန်တုန်ရီရီဖြင့် ကြည့်နေမိသည်။ သူမသည် အလေးအနက်ရှင်းပြနေရင်း သူ့ ဝမ်းဗိုက်ကြွက်သား အလယ်ဗဟိုကို လက်ဖြင့် ညှပ်ကိုင်ထားခြင်းဖြစ်သည်။
သူ ခံစားနေရတယ်~
သူ့ရဲ့ ဝမ်းဗိုက်ကို... သူမ ထိတွေ့နေတာပဲ!
ယားကျိကျိ ဖြစ်နေသည်။
လဲ့အော် ထိုယားကျိကျိဖြစ်မှုကို ထိန်းချုပ်ရန် အံများပင်ကြိတ်ထားရသည်။
ခဏချင်းမှာပင် သူ့ နားရွက်များမှာ နီရဲတောက်ပသွားတော့သည်။
စုကျို သူ့ကို တစ်ချက်ကြည့်လိုက်သည်။
တောက် တောက် ~
စုကျို သူ့ ကိုယ်ပိုင်လက်ချောင်းများကို ပြန်ကြည့်လိုက်သည်။ သူမသည် ကိုယ်ကျင့်တရားရှိစွာဖြင့် လက်ကို အဝတ်စဖြင့် သေချာပတ်ထားပြီးသားဖြစ်သည်။
ဒါတောင်မှ ဒီလောက်အထိ အထိမခံနိုင်ဖြစ်နေသေးတာပဲ။
စုကျိုသည် အချိန်မဆွဲတော့ဘဲ လျှပ်စီးသိုလှောင်ကျောက် လေးလုံးကို အမြန်ဖြည့်လိုက်ပြီး သူတို့သုံးယောက်လုံးကို တစ်လုံးစီ ပစ်ပေးလိုက်သည်။
ထို့နောက် လဲ့အော်အားပြောလိုက်သည်။
“နောက်မှ အချိန်ရရင် နင့်ရဲ့ ဝမ်းဗိုက်(ပုံစံတူ)တွေကို နင်ပဲ ပြန်သိမ်းထားလိုက်တော့”
“ငါ စုကျိုက တကယ်ကိုယ်ကျင့်တရား အပြည့်ရှိတဲ့သူပါ”
“!”
လဲ့အော်မှာ မယုံနိုင်သလို စိုက်ကြည့်နေမိသည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ စုကျိုထံသို့အပြေးလာကြပြီး “သူရဲကောင်းမလေး၊ ကျွန်တော်တို့ရဲ့ ဦးခေါင်းခွံတွေနဲ့ ပခုံးရိုးတွေကိုလည်း အဝတ်နဲ့ထုပ်ပေးသင့်တယ်နော်” ဟု ဆိုကြသည်။
“နင်တို့... မရဘူး” စုကျို သူတို့ကို တစ်ချက်ကြည့်ကာ “အဲ့ဒါတွေက နင်တို့အရင်က ငါ့ကို ရှုံးထားတဲ့ဟာတွေလေ”
“ဒါတွေက ငါ့ပစ္စည်းတွေ”
“ငါ ဒါတွေကို ချန်ယွမ်ကိုပေးလိုက်ပြီ”
စုကျို သူတို့ဆီသို့ လျှပ်စီးသိုလှောင်ကျောက်များကို ပစ်ပေးလိုက်သည်။
“ကဲ... အလုပ်စရအောင်”
“ပထမ၊ တတိယ၊ အဋ္ဌမနဲ့ ကိုးခုမြောက် အခန်းတွေ”
“အောင်ပွဲရဖို့ တစ်ချက်တည်းပဲ တိုက်မယ်၊ ဝိညာဉ်အိတ်တွေကိုယူခဲ့၊ ပြီးရင် ကျင်းကန်းပေါင်က သူ့ရဲ့ လက်သမားပါရမီနဲ့ အိတ်တွေ ကိုဖွင့်ပြီး သော့ကို ယူရမယ်! နားလည်လား?”
ထို့နောက် စုကျိုသည် လဲ့အော် ဆုပ်ကိုင်ထားသော လှံကိုးချောင်းထဲမှ သုံးချောင်းကို အတင်းဆွဲယူကာ သူတို့တစ်ယောက်ချင်းစီအား ဝေပေးလိုက်သည်။
လဲ့အော်၏ဝိညာဉ်အမြုတေကိုလည်း ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့အား ဝေမျှပေးလိုက်သည်။
“လျှပ်စီးတောက်ပမှု နည်းစနစ်အတွက် လိုအပ်တဲ့ လက်နက်နဲ့ဝိညာဉ်အမြုတေ...”
“ပြီးတော့ အများအပြားရှိတဲ့ လျှပ်စီးစွမ်းအားတွေကိုလည်း ငါ နင်တို့ကို ပေးထားပြီးပြီ”
“ငါတို့ ကျရှုံးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး မဟုတ်လား?”
ကျင်းကန်းပေါင်နှင့် ရင်းမြောင် : “?”
လဲ့အော် : “...”
သူတို့အားလုံးသည် အလွန်တည်ငြိမ်အေးဆေးနေသော စုကျိုအား မှင်သက်ကာကြည့်နေမိသည်။
“အကယ်၍ ငါတို့သာ ရှုံးနိမ့်ခဲ့ရင်...”
စုကျို ပြုံးလိုက်ပြီး “ငါက စကားပြောရ တော်တော်ခက်တဲ့သူ ဖြစ်သွားလိမ့်မယ်”
မဖြစ်နိုင်ဘူး~
ဒီလောက်အထိ အကုန်ပြင်ဆင်ပေးထားပါလျက်နဲ့ ရှုံးနိမ့်ခဲ့ရင် သူတို့က ဝက်တွေပဲဖြစ်လိမ့်မယ်!
သူတို့သုံးယောက်မှာ စုကျိုကိုကြည့်ရင်း သူ့ဘေးတွင်ရှိသော စုကျီကျီနှင့် စုရှင်းချန်တို့ကိုပြေးမြင်မိကြသည်။
စုကျိုရဲ့မောင်လေးနဲ့ ညီမလေးတွေကော များသောအားဖြင့် ဒီလိုမျိုး မစ်ရှင်တွေ လုပ်ကြရတာလား?
ဒါတကယ်ကောင်းလွန်းနေပြီ
အကုန်လုံးကို အဆင်သင့်ခွံကျွေးနေတာပဲ
“စုကျို၊ နင် လူထပ်လိုသေးလား?”
“ဪ... မလိုပါဘူး၊ ဒါနဲ့ နင့်ရဲ့ ‘အအောက်ခြေအသင်း’ မှာ လူထပ်လိုသေးလားလို့ ?”
“...”
စုကျို ၎င်းတို့ကို လျစ်လျူရှုလိုက်ပြီး သူ့ ပစ္စည်းများကိုဆုပ်ကိုင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
“ငါက အခန်းကိုးကို သွားမယ်”
ကျန်သုံးယောက်မှာလည်း ချက်ချင်းတိတ်ဆိတ်သွားကြသည်။ ကယ်ဆယ်ရေးမစ်ရှင်ကား အရေးကြီးဆုံးဖြစ်သည်။
သူတို့သည် သတ်မှတ်ထားသော အခန်းများဆီသို့ အမြန်တိုးဝင်သွားကြသည်။
လဲ့အော်ကမူ ပထမအခန်း၊ ကျင်းကန်းပေါင်မှာ တတိယအခန်းနှင့် ရင်းမြောင်သည် အဋ္ဌမအခန်း!
စုကျို ထောင့်တစ်ခုကိုကွေ့လိုက်ပြီး နောက်တစ်ခန်းသို့ ဝင်ကာ တံခါးကို ဖွင့်လိုက်သည်။
သူ့ လက်ကိုဆန့်ထုတ်လိုက်ပြီး ဖဲကစားနေသော မိစ္ဆာကျင့်ကြံသူလေးဦးပေါ်သို့ လက်တင်လိုက်သည်။
“ငါ အားလုံးကို ညစာ ကျွေးမယ်”
“လက်နက်ဖြုတ်”
“လက်နက်ဖြုတ်”
...
“လက်နက်ဖြုတ်”
ပြီးခဲ့သည့် တိုက်ပွဲတွင် လိုကျား၏ ‘လက်နက်ဖြုတ်’ နည်းစနစ်ကို အခွင့်ကောင်းယူ ကူးယူထားခဲ့မိ၍ စုကျို ဝမ်းသာသွားရသည်။
ချက်ချင်းဆိုသလို သူ့ရှေ့ရှိ မိစ္ဆာလေးဦးမှာ တောင့်ခဲသွားပြီး၊ သူတို့ ဝိညာဉ်အိတ်များ၊ ဆက်သွယ်ရေးကျောက်တုံးများနှင့် မှော်လက်နက်များအားလုံး နောက်သို့လွင့်ထွက်သွားကြသည်။
“နင်တို့က ငါ့ရဲ့ ‘ဓားဖြုတ်ဂါထာ’ လေးခုတောင် ဖြုန်းခိုင်းတယ်ပေါ့!”
“ခွင့်မလွှတ်နိုင်ဘူး! နင်တို့ရဲ့ အသက်နဲ့ပြန်ပေးဆပ်ကြ!”
“???”
စုကျိုလှံမှာ ချက်ချင်းပင် လက်ခနဲဖြစ်သွားရပြီး၊ ခါးတွင် ချိတ်ထားသော [လဲ့အော်၏ ဝိညာဉ်အမြုတေ] က အသက်ဝင်လာကာ လျှပ်စီးသိုလှောင်ကျောက်ထဲမှ [လဲ့အော်၏ လူပျိုကျင့်စဉ် လျှပ်စီးစွမ်းအား] ကိုဆွဲယူလိုက်ပြီး ထိုလေးဦး၏ခန္ဓာကိုယ်များကို တစ်ခဏချင်းမှာပင် ထိုးဖောက်လိုက်တော့သည်။
“ဘုရားရေ...”
စုကျိုမှာ ချွေးများ ရွှဲနစ်နေပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ‘ဓားဖြုတ်ဂါထာ’ မှာ သူတို့၏သိုလှောင်အိတ်များကို အဝေးသို့ လွှင့်ပစ်လိုက်၍သာ တော်တော့သည်။
မဟုတ်လျှင် သူ့အသင်းဖော်၏အဆုံးစွန်လှည့်ကွက်မှာ အလွန်အစွမ်းထက်လှသဖြင့် တိုက်ပွဲဝင်ပစ္စည်းများကိုပင် ပျက်စီးသွားစေ နိုင်သည် မဟုတ်ပါလား!
စုကျိုမှာ ချွေးအေးများထွက်နေမိသည်။
“နင်... ဝူအာ—”
ဘယ်ဘက်ရှိ မိစ္ဆာကျင့်ကြံသူမှာ အသက်ငင်နေဆဲဖြစ်ပြီး မကျေမနပ်ဖြင့် နောက်ဆုံးအကြိမ် ဟိန်းဟောက်လိုက်သည်။
“ငါ နင့်ကို ကျိန်စာတိုက်တယ် ဝူအာ... ငါ့ရဲ့ မိစ္ဆာစွမ်းအင်တွေ အားလုံးနဲ့...”
“ငါ နင့်ကို ကျိန်စာတိုက်တယ်...”
“ကောင်းပြီလေ”
စုကျို ခေါင်းငြိမ့်ပြုံးပြလိုက်ရင်း “ဝူအာက လက်ခံလိုက်ပါတယ်”
ဘယ်ဘက်ရှိ မိစ္ဆာကျင့်ကြံသူမှာ မျက်လုံးပြူးသွားသည် : “!”
သူ့ လက်ချောင်းထိပ်များမှ တိတ်တဆိတ် ထွက်ပေါ်လာသော စိမ်းဖန့်ဖန့် မီးခိုးငွေ့တစ်တန်းသည် နောက်ဆုံးတွင် သူ့အား လွှမ်းခြုံသွားတော့သည်။
ထူးဆန်းသော ထိုစိမ်းဖန့်ဖန့် မီးခိုးငွေ့များသည် လေနှင့်အတူ စုကျိုရှိရာသို့ လွင့်မျောလာသည်။
[မိစ္ဆာကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအင်နည်းစနစ်—အချိန်နောက်ပြန်လှည့်ခြင်းကို စစ်ဆေးတွေ့ရှိရပါသည်]
စုကျို မျက်ခုံးပင့်လိုက်သည်။
ထို့နောက် အသက်ငင်နေသော ထိုမိစ္ဆာကျင့်ကြံသူ၏မီးလောင်ကျွမ်းထားသော အရေပြားများမှာ လျင်မြန်စွာ ပြန်လည်ကောင်း မွန်လာသည်ကို သူ သတိထားမိလိုက်သည်။
ဤမွေးရာပါ ဝိညာဉ်စွမ်းအင်က သူမ ညာဘက်လက်ကို ယားကျိကျိဖြစ်စေသည်။
သူ့ လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုမိစ္ဆာကျင့်ကြံသူကို ထိတွေ့လိုက်ကာ “နင့်ရဲ့ ပါရမီက တော်တော်လေး ကောင်းတာပဲ၊ ငါ့ကို မိတ္တူကူးခွင့်ပြုပါဦး”
တစ်ဝက်တစ်ပျက် ပြန်လည်ကောင်းမွန်လာသော မိစ္ဆာကျင့်ကြံသူ : “?”
၎င်းမှာ ဒေါသထွက်လွန်းသဖြင့် ပါးစပ်မှ သွေးမည်းများပင် အန်ထုတ်လိုက်ရသည်။
“အချိန်နောက်ပြန်လှည့်ခြင်း”
“အချိန်နောက်ပြန်လှည့်ခြင်း”
...
“အချိန်နောက်ပြန်လှည့်ခြင်း”
မိစ္ဆာကျင့်ကြံသူသည် သူ့နားထဲတွင် တိုးတိုးလေး အကြိမ်ကြိမ် ရွတ်ဆိုနေသံကို ကြားနေရသည်။
ထို့နောက် သူ့ ဒဏ်ရာများမှာ ဆက်တိုက်ဆိုသလိုပြန်ကောင်းလာရင်း၊ ကောင်းလာရင်း... တဖြည်းဖြည်းနှင့် သူ့ မျက်ခွံများမှာ လေးလံလာတော့သည်။
တောက်... သူ အချိန်ကို အကြိမ်ကြိမ်နောက်ပြန်လှည့်မိသွားပြီ!
အချိန်နောက်ပြန်လှည့်ခြင်းသည် မနေ့ညက သူ အိပ်ပျော်နေသည့် အချိန်အထိရောက်သွားခဲ့သည်။
သူ တကယ်ကို အိပ်ချင်လာလေပြီ။
မိစ္ဆာကျင့်ကြံသူသည် မျက်လုံးများကို ားယူဖွင့်ကာ သူ့ရှေ့မှ ထူးထူးခြားခြား ကြည်လင်နေသော ‘ဝူအာ’ ၏ မျက်လုံးနက်များကို စိုက်ကြည့်ရင်း “ရပ်တော့... မလုပ်နဲ့—” ဟု အော်ရန် ကြိုးစားသော်လည်း
ခဏချင်းမှာပင်...
ထိုမိစ္ဆာကျင့်ကြံသူသည် မျက်လုံးများကိုမှိတ်လိုက်ပြီး ဟောက်သံကြီးဖြင့် အိပ်ပျော်သွားတော့သည်။
စုကျို သက်ပြင်းချလိုက်သည်။
စုကျို၊ နင် အကူအညီလိုလား? ငါ အခု နင်ရှိတဲ့နေရာကို လာကယ်တော့မယ်!
၎င်းမှာ လဲ့အော်၏ဝိညာဉ်ချင်း ဆက်သွယ်မှုပင်။
စုကျိုသည် သူ့ရှေ့တွင် ကလေးငယ်တစ်ဦးကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မိစ္ဆာကျင့်ကြံသူကို ကြည့်ကာ၊
ဝိညာဉ်ချင်း ဆက်သွယ်မှုကို လျင်မြန်စွာ ပြန်လည်ပေးပို့လိုက်သည် : “အခု အဆင်ပြေသွားပြီ”
“တစ်ဖက်လူမှာ အချိန်နောက်ပြန်လှည့်တဲ့ ပါရမီ ပါနေတာ၊ ငါ့မှာ သေမလောက် ထိတ်လန့်သွားတာပဲ”
“ကံကောင်းလို့ ငါ အဲ့ဒီစွမ်းရည်ကို ကိုးကြိမ် မိတ္တူကူးပြီး ငါးကြိမ်လောက် သူ့ဆီ ပြန်ပို့လိုက်တယ်၊ သူ အခု ‘မနေ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့’ အခြေအနေကို ရောက်နေပြီ”
“...”
ပထမအခန်းမှထွက်လာခါစ လဲ့အော်မှာ မျက်တောင်များ ဆတ်ခနဲတုန်သွားရသည်။
စုကျိုသည် ဝိညာဉ်အိတ်ကိုတစ်ချက်ကြည့်လိုက်ရာ သန်မာသော ကြိုးမရှိသည်ကို သတိပြုမိသည်။ ထို့ကြောင့် အချိန်နောက် ပြန်လှည့်နိုင်သော ထိုမိစ္ဆာကျင့်ကြံသူကို ချည်နှောင်ရန်အတွက် ဒုတိယအဆင့် ကြိုးအဖြစ်အပိုပါလာသော [မိစ္ဆာကျင့်ကြံသူ အသွင်အပြင်] တစ်စုံကို ယာယီအသုံးပြုလိုက်ရသည်။
ထို့နောက် အခန်းထဲရှိ ဝိညာဉ်အိတ်များနှင့် ဆက်သွယ်ရေးကျောက်တုံးများ အားလုံးသိမ်းဆည်းလိုက်သည်။
သော့၏ စတုတ္ထမြောက် အစိတ်အပိုင်းဖြစ်သော အနက်ရောင် ပုတီးစေ့ကိုလည်း သူ ရှာတွေ့ခဲ့သည်။
အိပ်ပျော်နေသော မိစ္ဆာကျင့်ကြံသူကို အခန်းအပြင်သို့ ဆွဲထုတ်ရန်ပြင်ဆင်နေစဉ်မှာပင် နံရံတစ်ဖက်မှ အသံများကို သူမ ကြားလိုက်ရသည်။
“ချန်ယွမ် တွေ့ပြီ! ကျဲ ဒီမှာပဲ!”
“ဟိုမှာကြည့်... ဟိုဘက်မှာ မီးလောင်နေတဲ့ ရွှေရောင်လက်ချောင်းကြီးတစ်ခုရှိတယ်!”
“ဒုတိယအစ်ကို၊ ငါတို့ နောက်ဆုံးတော့ ရောက်လာပြီ!”
“မလောနဲ့ဦး၊ နံရံကို မဖျက်ခင် ချိတ်ပိတ်ဂါထာကို အရင်ကပ်ဦးလေ... ချန်ယွမ်!!”
စုကျို နှုတ်ခမ်းများမှာ တွန့်သွားသည်။ ထို့နောက်မှ စုကျီကျီတို့လည်း တယ်လီပို့အစီအရင် ချို့ယွင်းမှုနှင့် ကြုံခဲ့ရကြောင်း သူမ နားလည်သွားတော့သည်။
ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
နံရံတစ်ဝက်ခန့်မှာ ကြေမွသွားပြီး နေရောင်ခြည်များ ဝင်ရောက်လာသော အပေါက်ကြီးတစ်ခုဖြစ်ပေါ်လာသည်။
အပေါက်၏အပြင်ဘက်တွင် ဖုန်တောထဲမှ ရုန်းထွက်လာပုံရသော၊ ပေတေညစ်ပတ်နေသည့် ကလေးငယ်နှစ်ဦးကိုပွေ့ချီထားသည့် ဝတ်ရုံနီနှင့် မိစ္ဆာလူငယ်တစ်ဦးရပ်နေသည်။
သူတို့သည် မရေမတွက်နိုင်သော တောင်တန်းများနှင့် တောအုပ်များကို ဖြတ်ကျော်လာခဲ့ရပုံရသည်။ ချန်ယွမ့် ဝတ်ရုံနီမှာ စုတ်ပြဲနေပြီး သူ့ ဆံပင်နက်များထဲမြက်ခြောက်များနှင့် သစ်ရွက်ခြောက်များကပ်ညှိနေသည်။
သူမအား မြင်လိုက်ရသည့် ခဏမှာပင် သူ့ ပေတေနေသော မျက်နှာမှာဝင်းပသွားတော့သည်။
“မဟုတ်ဘူး၊ အဲ့ဒါ မိစ္ဆာကျင့်ကြံသူပဲ!”
စုကျိုနှင့် မြေပြင်ပေါ်တွင် ကိုယ်လုံးတီးအိပ်ပျော်နေသော မိစ္ဆာကျင့်ကြံသူကို ကြည့်ကာ စုရှင်းချန် သတိကြီးစွာဖြင့် အော်လိုက်သည်။
စုကျို ခဏမျှတန့်သွားပြီးမှ သူ့ မျက်နှာကို ထိကြည့်လိုက်မိသည်။
ဟုတ်သားပဲ... သူက အခု ‘ဝူအာ’ အသွင်ဖြစ်နေတာပဲ။
သို့သော် သူမ စကားပင် မပြောရသေးမီမှာပင် သူ့ရှေ့မှ လူငယ်သည် သူမ မျက်နှာကိုကွယ်ရန် လက်လှုပ်ရှားလိုက်ပြီးနောက်၊ စုကျီကျီနှင့် စုရှင်းချန်တို့အား ဘေးသို့ပစ်ချလိုက်ကာ၊
စုကျိုထံသို့ ပြေးဝင်လာပြီး၊
ဘုန်း ခနဲ အသံနှင့်အတူ သူမအပေါ်သို့ အရှိန်အဟုန်ဖြင့် ခုန်အုပ်လိုက်တော့သည်။