← Chapters

အခန်း (၉၆)

Vol. 10 Ch. 96

အခန်း (၉၆)

Vol. 10 Ch. 96

ဝိညာဉ်ပိုးဖလံဂေဟာတွင် အချိန်ကိုထိန်းချုပ်နိုင်သည့် ဝိညာဉ်ကျင့်ကြံသူများမှာ အလွန်ရှားပါးလှသည်။

အကယ်၍ ဤနည်းစနစ်ကိုရရှိပါက တိုက်ပွဲတွင်သာမက နေ့စဉ်ဘဝတွင်ပါ အလွန်အသုံးဝင်မည်ဖြစ်သည်။

ဒဏ်ရာရလျှင် ဒဏ်ရာမရမီ ‘ယခင်’ အခြေအနေသို့ပြန်သွားနိုင်သည်။ ပိုးကောင်များပျက်စီးသွားလျှင်လည်း မပျက်စီးမီ ‘ယခင်’ အခြေအနေ သို့ ပြန်သွားနိုင်သည်။

၎င်းမှာ တကယ့်ကို အစွမ်းထက်သည့် လက်နက်တစ်ခုပင်။

စုကျို Rတို့ကို အံ့သြသလိုကြည့်လိုက်ပြီး တံခါးဝတွင် ဟောက်ကာ အိပ်ပျော်နေဆဲဖြစ်သည့် မိစ္ဆာကျင့်ကြံသူရှေ့တွင် ဆောင့်ကြောင့်ထိုင် လိုက်သည်။

“အသံတိုးတိုးလုပ်ကြစမ်းပါ”

“နင်တို့ ဘာတွေ လျှောက်ပြောနေတာလဲ? သိပ်မဝေးသေးတဲ့ အုပ်ချုပ်ရေးမှူးကြားသွားရင် ဘယ်လိုလုပ်မလဲ?”

“...”

“ငါက စနစ်တကျ လေးဆသော ထုတ်လုပ်နိုင်စွမ်းကိုလုပ်နေတာပါ” ဟု စုကျို ဆိုကာ သူ ပြန်လည်ဝတ်ဆင်ထားသည့် ဝိညာဉ်စစ်ဆေး ရေးလက်ပတ်ကိုတစ်ချက်ကြည့်လိုက်သည်။ ၎င်းမှာ တစ်ဝက်ခန့် ပြန်လည်လင်းထိန်နေပြီဖြစ်သည်။

ချက်ချင်းပင် သူမသည် သူ့ ညာဘက်လက်ကို ကိုယ်လုံးတီးမိစ္ဆာကျင့်ကြံသူ နဖူးပေါ်သို့တင်လိုက်သည်။

“ငါက ဒီလိုမျိုး မကောင်းတဲ့ နည်းလမ်းတွေကို သုံးပါ့မလား”

“...”

ခဏအကြာတွင် မိစ္ဆာလူငယ်လေး၏ပြင်းထန်သော စွပ်စွဲသည့်အကြည့်အောက်၌ သူမသည် မိစ္ဆာကျင့်ကြံသူနဖူးပေါ်မှ လက်ချောင်းကို ပြန်ရုတ်လိုက်သည်။

“ဟက်~... ဒီတစ်ခါတော့ ငါ တကယ် ကံကောင်းသွားတာပဲ”

သူ မျက်ခုံးပင့်လိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

လက်ဖက်ရည်အိုးသယ်လာသည့် အဖိုးအိုသည် အခန်းထဲသို့ ဝင်လာသောအခါ လူတိုင်းက စုကျိုအားဝိုင်းအုံနေကြပြီး သူမ၏ ဝါဖျော့ ဖျော့လက်အင်္ကျီထဲသို့ ခေါင်းဝင်လုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရသည်။

“ဖူး—”

“ဘာဖြစ်လို့လဲ ကျဲ?”

“ရသွားပြီလား ?”

“အချိန်နောက်ပြန်လှည့်ခြင်းကို ကိုးကြိမ် မိတ္တူကူးနိုင်သွားပြီလား?!”

စုကျို မဟုတ်ဘူးဟု ဆိုကာ ခေါင်းခါလိုက်သည်။

သူ့ လက်ဖဝါးကို သူတို့အားမပြမီ သူမ နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး ဖုန်များပေကျံနေသည့် စုကျီကျီနှင့် စုရှင်းချန်တို့၏ မျက်နှာလေးများကို ဝေ့ကြည့်လိုက်သည်။

“ကျီကျီ၊ တနျို... ဒါနင်တို့နဲ့ သင့်တော်တယ်”

စုရှင်းချန် မျက်နှာမှာ ချက်ချင်းနီမြန်းသွားသည်။

“ငါ့နာမည်ရင်းကို မခေါ်နဲ့လေ”

“စုတနျို”

“...”

စုရှင်းချန် လက်လျှော့လိုက်ပြီး အကူအညီမဲ့စွာဖြင့်မော့ကြည့်လိုက်သည်။

“ညီမလေးကို အရင်ပေးလိုက်ပါ၊ ငါမလောပါဘူး”

“ဪ” ဟု စုကျိုက ဂရုမစိုက်သလို ဆိုသည်။

“ဘာပဲဖြစ်ဖြစ် နင်တို့အားလုံးက နင်တို့ရဲ့ မွေးရာပါ ဝိညာဉ်စွမ်းရည်တွေကိုမကျေနပ်ကြဘူးမလား ? ငါကတော့ ဒါကို မလိုဘူး”

စုရှင်းချန်နှင့် စုကျီကျီတို့က ထိတ်လန့်တုန်လှုပ်စွာ မော့ကြည့်လိုက်ကြသည်။

လဲ့အော်နှင့် အခြားသူများမှာ ပိုအံ့အားသင့်သွားကြသည်။

ဒါက ဘာကြီးလဲ?

စုကျိုက သူ့ ညာဘက်လက်ကို အမြန်ဆန့်ထုတ်လိုက်ရာ သူမ လက်ချောင်းထိပ်များတွင် စူးရှတောက်ပသော အဖြူရောင်အလင်းကွင်းတစ်ခု ပေါ်လာသည်။ အနီးကပ်ကြည့်လိုက်လျှင် ထိုအလင်းကွင်းအတွင်း၌ ဝေဝါးသော နေနာရီပုံစံအမှတ်အသားတစ်ခု လည်ပတ်နေသည်ကို တွေ့ရမည် ဖြစ်သည်။

“ငါ ဒီမိစ္ဆာကျင့်ကြံသူရဲ့မွေးရာပါဝိညာဉ်စွမ်းရည်ဖြစ်တဲ့ ‘အချိန်ထိန်းချုပ်ခြင်း’ ကို မိတ္တူကူးလိုက်ပြီ”

“ဒါကသူတော်စင်အဆင့်ပါရမီပဲ”

“!”

“!!!”

စုကျို ကုန်ပစ္စည်းစာရင်းကိုတစ်ချက်ကြည့်လိုက်ပြီး ယခုတစ်ကြိမ်တွင်မူ ကလေးနှစ်ယောက်အတွက် အဓိကထားဖတ်ပြလိုက်သည်။

“ဒီသူတော်စင်အဆင့်ပါရမီကို ဝိညာဉ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က အသုံးပြုမယ်ဆိုရင် အချိန်တစ်ရက်စာကို ထိန်းချုပ်နိုင်စွမ်း ရှိစေတယ်”

“အချိန်ကို တစ်ရက်နောက်ပြန်ဆုတ်လို့ရသလို၊ တစ်ရက်ကို ရှေ့ကိုမြန်မြန်ကျော်သွားလို့လည်း ရတယ်”

“အကယ်၍ တစ်ရက်စာအချိန်အပြည့်ကိုလှည့်စားမယ်ဆိုရင်တော့ တစ်ရက်မှာ တစ်ကြိမ်ပဲသုံးလို့ရမယ်၊ ပြီးတော့ ဝိညာဉ်စွမ်းအင် အမြောက်အမြားကိုလည်း လောင်ကျွမ်းစေလိမ့်မယ်”

“ဒါ့အပြင် အချိန်ကို တစ်ရက်ရှေ့ကျော်လိုက်တဲ့အခါမှာ ဂါထာရဲ့ပစ်မှတ်ဖြစ်တဲ့သူ တစ်ဦးတည်းသာပြောင်းလဲသွားမှာဖြစ်တယ်၊ ဆိုလိုတာက ပတ်ဝန်းကျင်နဲ့ တခြားလူတွေကတော့ အရင်အတိုင်းပဲ ရှိနေမှာပါ”

ကျင်းကန်းပေါင်မှာ မနာလိုမှုများဖြင့် ပြည့်နှက်နေပြီး စကားပင်မပြောနိုင်တော့ပေ။

“အချိန်ကို နောက်တစ်ရက် ကျော်သွားတာနဲ့ ပတ်သက်ပြီးပြောရရင်... ကျင်မိသားစုမှာ တစ်ခါက ကျင့်ကြံရမှာပျင်းတဲ့ ပါရမီရှင် ဝိညာဉ်လက်မှု ပညာသည်တစ်ယောက်ရှိခဲ့ဖူးတယ်၊ သူက ‘နိုးလာတာနဲ့ ငါက အတတ်ပညာတွေကို တတ်မြောက်နေပြီ’ ဆိုတဲ့ စတုတ္ထအဆင့် ‘အချိန်မှော်လက်နက်’ တစ်ခုကို ထွင်ခဲ့တယ်”

“အဲ့ဒါကို အသုံးပြုလိုက်ရင် အချိန်ကို ခုနစ်ရက်စာရှေ့ကျော်သွားလို့ ရတယ်”

“တစ်ရက်ထဲနဲ့ အတတ်ပညာကိုသင်ယူတာဟာ ခုနစ်ရက်စာသင်ယူတာနဲ့ ညီမျှသွားတာပေါ့”

စုကျီကျီ : “!”

စုရှင်းချန် : “!”

“အဲ့ဒါကို ဘယ်မှာဝယ်လို့ရမလဲ? ငါ တစ်ခါမှတောင် မကြားဖူးဘူး” လဲ့အော် စိတ်လှုပ်ရှားစွာမေးလိုက်သည်။

ဤအရာသည် ကျင့်ကြံခြင်းကို ရူးသွပ်သူများအတွက် တကယ်အသုံးဝင်လှသည်။

တစ်ရက်ကျင့်ကြံတာက ခုနစ်ရက် ကျင့်ကြံတာနဲ့ တူနေမှတော့ ကျင့်ကြံရတာ ပိုမြန်သွားပြီပေါ့။

ကျင်းကန်းပေါင် စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။

“ဘယ်မှာ ရှိတော့မှာလဲ?”

“အဲ့ဒီ ကျင်မိသားစုက ပါရမီရှင်ဟာ နေ့တိုင်းကျင့်ကြံရမှာ ပျင်းတာလေ၊ သူက ဒီစတုတ္ထအဆင့် ဝိညာဉ်လက်နက်ကို နေ့တိုင်း သုံးပြီး နေ့တိုင်းမှာ သူကျင့်ကြံရမှာ ပျင်းလို့ အိပ်ပျော်နေတဲ့ နောက်ထပ်ခုနစ်ရက်ဆီကိုပဲ အချိန်ကျော်သွားခဲ့တာ”

“တစ်နှစ်အတွင်းမှာတင် အသက် ၂၀ အရွယ် အဲ့ဒီလူငယ်လေးဟာ အသက် ၃၀ အရွယ် အဘိုးကြီးရုပ်ပေါက်သွားတော့တာပဲ”

“အဲ့ဒီ စတုတ္ထအဆင့် ဝိညာဉ်လက်နက်ကိုတော့ မိသားစုခေါင်းဆောင်က ဒေါသတကြီးနဲ့ဖျက်ဆီးပစ်လိုက်တယ်”

“နောက်ပိုင်းမှာ ကျင်မိသားစုက အဖွဲ့ဝင်အားလုံးကို အချိန်ထိန်းချုပ်တဲ့ ဝိညာဉ်လက်နက်တွေ မသွန်းလုပ်ဖို့ တားမြစ်ပိတ်ပင်လိုက်တာ ဒီအကြောင်းကြောင့်ပဲ”

လဲ့အော် : “...”

သူ့လိုကျင့်ကြံခြင်းကို ရူးသွပ်သူသာ အဲ့ဒီအရာကို ရခဲ့လျှင် ဇာတ်လမ်းက လုံးဝတခြားစီဖြစ်သွားမှာသေချာသည်။

နှမြောစရာကြီးပါလား!

ကျင်းကန်းပေါင် ခါးသီးစွာ ပြုံးလိုက်ပြီး “ခေါင်းဆောင်လဲ့၊ ခေါင်းဆောင်လိုကျင့်ကြံခြင်းအပေါ် အစွဲအလမ်းကြီးတဲ့သူကတော့ ဒီလိုမျိုး... ဖြတ်လမ်းနည်းသုံးတဲ့ မှော်လက်နက်တွေကို သုတေသနလုပ်ချင်မှာ မဟုတ်ပါဘူးလေ”

စုကျို သူ့ လက်ချောင်းထိပ်မှ တောက်ပနေသော ဝိညာဉ်အလင်းစုကိုကြည့်ကာ လျှာသပ်လိုက်သည်။

“ဒါကြောင့် ဒီသူတော်စင်အဆင့် ပါရမီ ‘အချိန်ထိန်းချုပ်ခြင်း’ မှာလည်း ကြီးမားတဲ့ အားနည်းချက်တွေ ရှိနေတာပေါ့”

အဲ့ဒီအားနည်းချက်တွေကို သူတို့ဘာသာခံစားကြပါစေ!

လဲ့အော်၊ ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ အားလုံးမှာ အလွန်မနာလိုဖြစ်နေကြသည်။

သို့သော် စုကျိုက စုကျီကျီနှင့် စုရှင်းချန်တို့ကိုသာကြည့်လိုက်သည်။

“နင်တို့ သေချာ စဉ်းစားပြီးပြီလား? လိုချင်ကြလား?”

စုကျီကျီ ရှေ့သို့ တစ်လှမ်းတက်လာသည်။

“ကျီကျီ လိုချင်တယ်”

စုရှင်းချန် မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ ဤကဲ့သို့သော သူတော်စင်အဆင့်ပါရမီသည် အဆိုးထက် အကောင်းကပိုများမည်မှာ သေချာသည်။

သူသည်လည်း အလွန်အမင်းလိုချင်နေသော်လည်း ရှေ့သို့ အရင်တက်သွားသော ညီမလေးကို ကြည့်ကာ သွားကြိတ်လျက် ပြောလိုက်သည်။ “ညီမလေးကိုပဲ ပေးလိုက်ပါ”

နိမ့်ပါးသော ‘သစ်ရွက်ကြီးထွားခြင်း’ ပါရမီနှင့် နှိုင်းယှဉ်လျှင် သူတော်စင်အဆင့် ‘အချိန်ထိန်းချုပ်ခြင်း’ ပါရမီက များစွာသာလွန်လှသည်။

စုကျိုက ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီ၊ ဖုရှင်းရဲ့ ပါရမီ ‘ဝိညာဉ်စွမ်းအင် - ကုသခြင်းလက်များ’ ကို ငါအသုံးပြုနိုင်ဖို့က နောက်ထပ် ၁၄ ရက် လိုသေးတယ်”

“ငါ အစက ကျီကျီကို အဲ့ဒီ သူတော်စင်အဆင့် ‘ကုသခြင်းလက်များ’ ပါရမီကိုပေးမလို့ပဲ”

“သူက အကူဆေးဘက်ဆိုင်ရာ အလုပ်တွေနဲ့ပိုလိုက်ဖက်မယ်လို့ ငါ ခံစားရလို့လေ”

“ဒါပေမဲ့ ရပါတယ်၊ အရင်ရောက်တဲ့သူ အရင်ရတာပေါ့၊ လက်ထဲမှာ ရှိနေတာက ပိုပြီး စိတ်ချရတယ်၊ ဒါကြောင့် နင့်ကို ‘အချိန်ထိန်းချုပ်ခြင်း’ ကို အရင်ပေးလိုက်မယ်”

စုကျီကျီနှင့် စုရှင်းချန်တို့က တိုက်ရိုက်ပြောဆိုလိုက်ကြသည်။

လဲ့အော်နှင့် ကျန်နှစ်ယောက်မှာလည်း နားထောင်ရင်း မူးနောက်နေကြပြီ ဖြစ်သည်။

ဘာ? သူ ဘာတွေ ပြောနေတာလဲ?

[???]

[???]

[နှုတ်ခမ်းဖတ်တဲ့ ပါရမီရှင် ဘယ်ရောက်သွားပြီလဲ? ငါ့ရဲ့ နှုတ်ခမ်းဖတ်နိုင်တဲ့ စွမ်းရည်ရော?]

[၁ - ငါ ဒီမှာပါ... ဆောရီး၊ ကြည့်ကောင်းနေလို့ အာရုံစိုက်နေမိတာ။]

[? ? ?]

[မြန်မြန် ပြောပြစမ်းပါ!]

[ဝူအာလိုမျိုး မိစ္ဆာကိုးယောက်ရဲ့ပုံစံကို စုကျို ထုတ်ပြခဲ့တာထက် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာ ရှိဦးမလို့လား?]

[မြန်မြန်၊ မြန်မြန်၊ စာမျက်နှာတွေ လှန်လိုက်စမ်းပါ!]

[၁ - ငါ ဒီမှာ ရှိတယ်!]

[၁ - စုကျို: ငါ ရရှိခဲ့ပြီ...]

[ ၁ စုကျို: ငါ ‘အချိန်ထိန်းချုပ်ခြင်း’ ဆိုတဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားကို ရထားတယ်...]

[ ၁ စုကျို: ဘယ်သူလိုချင်လဲ ? ]

[!!! ! ... 【 ၁ အားလုံးကို တောင်းပန်ပါတယ်၊ ငါ ထွက်သွားတော့မယ်၊ ငါ ဒီမှာ ဘယ်တုန်းကမှ မရှိခဲ့သလိုပဲ သဘောထားပေးကြပါ။】

【 ၁ ဒီလိုမျိုး ကမ္ဘာပျက်မတတ် တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်မျိုးက နှုတ်ခမ်းဖတ်တဲ့ ပါရမီလေးပဲရှိတဲ့ ငါလို နိမ့်ပါးတဲ့ ကျင့်ကြံသူတစ်ယောက် သိထားသင့်တဲ့ အရာမဟုတ်ဘူး။】

【 ၁ ငါ မထွက်သွားခင် အားလုံးကို သတိပေးဖို့အတွက် ကုသိုလ်ယူခဲ့ပါရစေ။】

【 ၁ အခုကစပြီး စုကျိုကို ဘယ်တော့မှ သွားမစကြပါနဲ့၊ သူမက ဝိညာဉ်သန့်စင်ခြင်း၊ အခြေခံအဆင့် ဒါမှမဟုတ် ရွှေရောင်အမြုတေအဆင့် ဘယ်အဆင့်မှာပဲရှိရှိ...】

【 ၁ နင်တို့ သူ့ကို ရန်စဖို့ မတတ်နိုင်ကြပါဘူး!】

【 ၁ ဒါနဲ့ စုကျိုဘေးနားက စုကျီကျီနဲ့ စုရှင်းချန်တို့ကိုလည်း သွားမရှုပ်ကြပါနဲ့ဦး၊ သူတို့က ကလေးတွေမို့လို့ အနိုင်ကျင့်လို့ရမယ်လို့ မထင်လိုက်ပါနဲ့— အတိုချုပ်ပြောရရင် စုကျိုနဲ့ခင်မင်တဲ့သူ ဘယ်သူ့ကိုမဆို သွားမစမိဖို့ပဲ။】

【 ၁ နှုတ်ဆက်ပါတယ်!】

【 ??? 】

【 ! 】]

အခုချိန်မှာတော့ စုကျိုရှေ့က စုကျီကျီနဲ့ စုရှင်းချန်တို့ဟာ ဝေခွဲမရတဲ့ ခံစားချက်နှစ်ခုကြားမှာဗျာများနေကြသည်။ ဆေးပညာရှင်ရဲ့ ကုသခြင်းပါရမီက ပိုကောင်းသလို၊ အသုံးချလို့ရတာတွေလည်း ပိုများသည်။

ဒါပေမဲ့ အဲ့ဒါက ၁၄ ရက်စောင့်ရဦးမယ်... မဟုတ်ဘူး၊ ဒါက ဘယ်လိုမျိုး စိုးရိမ်ပူပန်မှုကြီးလဲ? သူတို့က ဒီလိုပြဿနာမျိုးနဲ့ စိတ်ညစ်ရလောက်အောင် ထိုက်တန်လို့လား? စုရှင်းချန် စုကျီကျီကို ခက်ခဲစွာ ကြည့်လိုက်ပြီး၊

“ညီမလေးပဲ တစ်ခု ရွေးလိုက်ပါ”

စုကျီကျီကမူ ပျော်လွန်းလို့မူးနောက်နေပါပြီ။ စုကျို သူ့ ညာဘက်လက်ကို မြှောက်ထားရတာ ညောင်းလာတာကြောင့်

“အဲ့လောက်တောင် ခက်နေတာလား?”

“ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေး လုပ်ပြီး ဆုံးဖြတ်ကြမလား?”

“!”

ဒါကတော့ နည်းနည်းပေါ့ပျက်ပျက်နိုင်လွန်းပါတယ်။ လဲ့အော်က ကြားဖြတ်ပြောလိုက်သည်။

“ကျင့်ကြံသူတစ်ယောက်ရဲ့ သူတော်စင်အဆင့်ပါရမီက သူတို့ရဲ့ အနာဂတ်ကျင့်ကြံခြင်းလမ်းစဉ်ကို ဆုံးဖြတ်ပေးတာ၊ ဒါကြောင့် သေချာဂရုတစိုက် ရွေးချယ်သင့်တယ်”

“မသင့်တော်ရင်လည်း ပြန်လဲလိုက်ရုံပေါ့”

စုကျို စားပွဲမှာ ထိုင်ချလိုက်သည်။

လဲ့အော် : “!”

သူ ဘာမှမပြောခဲ့သလိုပဲ ဟန်ဆောင်နေလိုက်တော့တယ်။ သူ ဘာလို့ ဝင်ပြောမိပါလိမ့်? သူက ပါရမီကို စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ မိသားစုတစ်ခုကို အမိန့်ပေးနေတာပဲကိုး၊ လဲ့အော် သူ့နဖူးကိုလက်နှင့် အုပ်ပြီး စားပွဲဆီ ပြန်လာကာ

“ဒါဆိုလည်း ကြုံသလိုပဲ တစ်ခုအရင်ယူလိုက်ကြလေ၊ နောက်မှ ပြန်လဲကြတာပေါ့”

“ဟုတ်သားပဲ၊ ငါ့မှာ ‘အချိန်ထိန်းချုပ်ခြင်း’ ကိုးခုရှိတာပဲ”

စုကျို သူ့ ညာဘက်လက်ကိုခါလိုက်သည်။ ဖဲချပ်တွေ ထုတ်လိုက်သလိုမျိုးပဲ သူ့ လက်ချောင်းငါးချောင်း ထိပ်ဖျားတိုင်းမှာတောက်ပသည့် အဖြူရောင်ပါရမီ ဝိညာဉ်စွမ်းအင်လုံးလေး တစ်လုံး ဒါမှမဟုတ် နှစ်လုံးစီရှိနေသည်။

စုကျီကျီနှင့် စုရှင်းချန်တို့ ချက်ချင်းသက်ပြင်းချနိုင်သွားပါသည်။ အော်... ကိုးခုတောင် ရှိတာကိုး၊ ဒါဆိုရင် ရပါတယ်၊ အပျော်သဘောမျိုး တစ်ခုလောက် အရင်စမ်းကြည့်ကြတာပေါ့ ? စုရှင်းချန် သူ့လက်ကိုမြန်မြန်မြှောက်လိုက်ကာ

“ငါ အရင်စမ်းချင်တယ်”

လဲ့အော်တို့ရဲ့ အသက်ရှူရပ်မတတ် စိုက်ကြည့်နေတဲ့ အကြည့်တွေအောက်မှာပဲ၊ စုကျို သူ့လက်မထိပ်က ပါရမီလုံးလေးကိုထုတ်လိုက်ရာ အဲ့ဒါက စုရှင်းချန်ရဲ့ နဖူးထဲကို ‘ဖူး’ ခနဲတိုးဝင်သွားသည်။

သူဟာ ချက်ချင်းဆိုသလို စူးရှတောက်ပတဲ့ အဖြူရောင်အလင်းတန်းများနှင့် ဖုံးလွှမ်းသွားသည်။ ပြင်ပကနေ ပါရမီစွမ်းအင်တွေ ထည့်သွင်းပေးတဲ့ ဒီလိုမျိုး ခမ်းနားတဲ့မြင်ကွင်းကို အားလုံး ပထမဆုံးအကြိမ်မြင်ဖူးကြခြင်းပင်။

[ ဘုရားရေ၊ သူတို့ ဘာတွေ လုပ်နေကြတာလဲ? ]

[ စိတ်မကောင်းပါဘူး၊ လက်ရှိပြသနေတဲ့ ‘ရွှေနက်ကျေးရွာ မစ်ရှင်’ ကို ‘စစ်မှန်သော သာယာမှုခံစားခွင့်ရှိသောတပည့်များ’သာ ကြည့်ရှုနိုင်အောင် ပြောင်းလဲလိုက်ပါပြီ။ ]

[ စိတ်မကောင်းပါဘူး၊ တစ်နှစ်စာကြေး ဝိညာဉ်ကျောက်တုံး တစ်သန်းမပေးရသေးတဲ့ တပည့်တွေကိုထုတ်ပယ်လိုက်ပါပြီ။ ]

[ ဒီပုံရိပ်ယောင်ကို ကြည့်ရှုနိုင်တဲ့ တပည့်အရေအတွက်: ၉,၃၉၄,၃၉၄ → ၀ ]

[ ?? ]

[ ! ]

[ ငါ တိုင်တန်းချင်တယ်— ]

ခဏချင်းမှာပဲ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ အထပ် ၁ ကနေ ၃၀ အထိ ရှိသမျှ ပုံရိပ်ယောင်တွေ အားလုံးမှောင်အတိကျသွားတော့သည်။ ပုံရိပ်ယောင် ကြည့်နေကြတဲ့ တပည့်တွေထဲမှာ တစ်ယောက်ကတော့ အထပ် ၃၀ က သခင်တစ်ရာခန်းမရဲ့ထောင့်တစ်နေရာမှာ ကပ်နေပြီး၊ ဇောချွေးတွေ တဖြိုင်ဖြိုင်ကျလျက် ပါးစပ်ကိုအတင်းအုပ်ထားသည်။

“သွားပြီ... ငါ သိသားပဲ၊ စုကျိုရဲ့ ဒီလျှို့ဝှက်ချက်ကြီးက လူသိခံလို့မဖြစ်ဘူး”

“မွေးရာပါ စွမ်းရည်တွေကို မိတ္တူကူးတာတဲ့... ကိုးခုတောင်!”

“တောက်... ငါ့ပါရမီက ဘာလို့ နှုတ်ခမ်းဖတ်တာ ဖြစ်နေရတာလဲ?!”

ချောမောတဲ့ လူငယ်လေးဟာ ချွေးတွေနှင့်ရွှဲနစ်နေခဲ့သည်။

...

ရွှေနက်ကျေးရွာမှာတော့။

အဖိုးအိုနှင့်တခြားသူတွေဟာ သူတို့အသက်ကို ကယ်ခဲ့တဲ့ စုကျိုကို ကျေးဇူးတင်လွန်းလို့ သူတို့ မကြာသေးခင်က သွန်းလုပ်ထားတဲ့ မိစ္ဆာပုံဆောင်ခဲတွေ အားလုံးကို စုကျိုကိုပေးအပ်လိုက်သည်။ ထိုသည်မှာ ဝိညာဉ်အိတ် တစ်ခန်းစာလောက်ပြည့်လျှံနေခဲ့သည်။

၎င်းတသည် စုကျိုနှင့် တခြားသူများအား ရွှေနက်သံရိုင်း အမြောက်အမြားကိုလည်းပေးအပ်ခဲ့ပါသေးသည်။

“နတ်သမီးစုအနေနဲ့နောင်မှာ ရွှေနက်သံရိုင်းတွေလိုအပ်တာပဲဖြစ်ဖြစ်၊ ပန်းပဲလုပ်ငန်းလိုအပ်တာပဲဖြစ်ဖြစ် ကျနော်တို့ကို ဆက်သွယ်လိုက်ပါ”

ရွှေနက်ရွာရဲ့ရွာလူကြီးမှ ပြုံးလျက်ပြောလိုက်သည်။

“တခြားသူတွေကို ပေးတဲ့ စျေးနှုန်းထက် ၂၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ကျနော်တို့ သေချာပေါက် ပေးပါ့မယ်!”

စုကျို ရွာလူကြီးလက်ကို ကျေးဇူးတင်တကြီးဖြင့် အားရပါးရ ဆုပ်ကိုင်ကာ နှုတ်ဆက်လိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့အိမ်က ဝိညာဉ်ပိုးကောင်တွေက အစားအရမ်းစားတာမို့ ရှေ့လျှောက် သေချာပေါက်ထပ်လိုဦးမှာပါ၊ လိုအပ်တာနဲ့ ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်”

“ပြဿနာမရှိပါဘူး!”

ရွှေနက်ရွာရဲ့ ရွာလူကြီးက စုကျိုကို သံတံဆိပ်ပြားတစ်ခု ချက်ချင်းပေးလိုက်သည်။

“လိုအပ်တာရှိရင် သတင်းပို့လိုက်ရုံပါပဲ၊ ကျွန်ုပ်တို့မှာ ပို့ဆောင်ရေးဝန်ဆောင်မှုလည်း ရှိပါတယ်၊ ခရီးအကွာအဝေး လီ ၅၀၀ ထက်ကျော်ရင်တော့ လီ ၁၀ တိုင်းအတွက် ဝိညာဉ်ကျောက်တုံး ၅၀၀ ထပ်ဆောင်းကျသင့်မှာဖြစ်ပါတယ်”

“ဒါပေမဲ့ နတ်သမီးစုသာ လိုချင်တယ်ဆိုရင်တော့ ပို့ဆောင်ခကို ကျနော်တို့ကင်းလွတ်ခွင့်ပေးပါ့မယ်!”

စုကျို အဖိုးအိုရွာလူကြီး၏ကြမ်းတမ်းသည့်လက်အား ဆုပ်ကိုင်ပြီး အားရပါးရနှုတ်ဆက်လိုက်သည်။

နောက်ဆုံးမှာတော့ သူမဟာ သူတို့ကို လိုက်လံပို့ဆောင်ကြတဲ့ ရွာသားအားလုံးကို မပြတ်နိုင်မကွာနိုင် နှုတ်ဆက်ရင်း၊ ရွှေနက်ရွာရဲ့ သံရိုင်းတွေ သယ်ယူတဲ့ လင်းယုန်ကြီးပေါ်တက်ကာ ဝိညာဉ်ပိုးဖလံဂေဟာဆီကို ပြန်လာခဲ့ကြပါသည်။

လမ်းခရီးမှာတော့ စုကျိုနှင့် တခြားသူတွေဟာ လင်းယုန်ကြီးကျောပေါ် တင်ပလ္လင်ခွေထိုင်နေကြသည်။

လင်းယုန်ကြီးကို ထိန်းကျောင်းမောင်းနှင်တဲ့ရွှေနက်ရွာမှ အဖိုးအိသည် သူ့မြေးမလေးနဲ့အတူ ‘မကြားမမြင်စေတဲ့’ ဂါထာကို သူတို့ကိုယ်သူတို့ ကပ်ထားလိုက်ကြသည်။

ဒါဟာ စုကျိုတို့ စကားပြောဖို့အတွက် နေရာလွတ်ပေးလိုက်မှန်းသိသာ၏။ ကျင်းကန်းပေါင်က အဖိုးအိုထံ တစ်ချက်ကြည့်ပြီး သက်ပြင်းချ လိုက်ပါသည်။

“ရွှေနက်ရွာက တကယ်ကို ရိုးသားဖြူစင်တဲ့သူတွေ နေထိုင်တဲ့နေရာပဲ၊ ငါသာ ကျင်းမိသားစုရဲ့ခေါင်းဆောင်ဖြစ်နေရင် ကောင်းမှာပဲ၊ ဒါဆိုရင် ကျင်းမိသားစုအတွက် လိုအပ်တဲ့ သံရိုင်းတွေကို ရွှေနက်ရွာနဲ့ပဲ ရေရှည်လက်တွဲပြီးလုပ်ဆောင်မှာ”

စုကျို သူ့ကို တစ်ချက်ပြန်ကြည့်မိသည်။

အမှန်အတိုင်းပြောရရင် သူ အရင် ကျင်းကန်းပေါင်အား သဘောမကျခဲ့ပေမဲ့၊ ကျင်းချန်နှင့် နှိုင်းယှဉ်ပါကသူ တခြားသူတွေထက် ပိုကောင်းတာ အမှန်ပါပင်။

သို့သော်ကျင်းကန်းပေါင် ခဏလောက်သာတည်တည်တံ့တံ့နေနိုင်ပြီး နောက်တော့ မျက်နှာပြုံးစိစိဖြစ်လာကာ လက်ဝါးချင်းပွတ်လိုက်သည်။ သူ လဲ့အော်နှင့် ရင်းမြောင်တို့လို ပါရမီအသစ်နှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် စုရှင်းချန်အား စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

“ဘယ်လိုလဲ? ပါရမီအသစ်နဲ့ အသားမကျသေးဘူးလား?”

သူ့စကားလည်းဆုံးရော စုရှင်းချန် မျက်ခုံးနှစ်ခုကြားမှာ ဝိညာဉ်အမှတ်အသားတစ်ခုလင်းထိန်လာသည်။ ထိုသည်မှာ နေနာရီပုံစံ အမှတ်အသားပင်!

စုရှင်းချန်မျက်လုံးတွေ ဝင်းပသွားပြီး စုကျိုဘက်ကိုလှည့်ကာ ကြည်ညိုလေးစားမှု၊ ကျေးဇူးတင်မှုတွေနှင့်အတူ မတ်တပ်ရပ်လိုက်သည်။

“ကျဲ ကျွန်တော် အောင်မြင်သွားပြီ၊ ကျေးဇူးတင်ပါတယ် ကျဲ...”

စုကျို လင်းယုန်ကြီးကျောပေါ်မှာ သူတို့ခုနစ်ယောက်၏အလယ်တည့်တည့်မှာ ထိုင်နေရင်း သူ့အားပြန်ထိုင်ဖို့ လက်နှင့်ဖိချလိုက်သည်။

“ကျေးဇူးတင်စရာ မလိုပါဘူး”

“ငါ့မှာလည်း ကိုယ်ကျိုးကြည့်တဲ့ ရည်ရွယ်ချက်ရှိလို့ပါ”

စုရှင်းချန်နှင့် တခြားသူတွေ အကုန်လုံး မှင်သက်သွားပြီး သူမကို လှည့်ကြည့်လိုက်ကြပါတယ်။ အဲ့ဒီမှာ စုကျို၏ကြာရှည်စွာစောင့်မျှော်ခဲ့ရတဲ့ တောက်ပသောအပြုံးကို မြင်လိုက်ကြရသည်။

သူမ သူ့ကိုလက်ယမ်းခေါ်လိုက်သည်။

“မြန်မြန်... ငါ့အပေါ်မှာ အဲ့ဒါကိုစမ်းကြည့်စမ်း”

“!”

စုကျိုအတွက် အခုအကြီးမားဆုံးပြဿနာက တစ်ဖက်လူ သဘောမတူရင် တစ်ခါမိတ္တူကူးပြီးတိုင်း နောက်တစ်ကြိမ်ထပ်ကူးဖို့ ခုနစ်ရက် စောင့်ရတာပင်။

ဒါသူ့အတွက် အချိန်ဖြုန်းတီးရာရောက်သည်။

တစ်ခါတိုင်းမှာ ချန်ကျိုးနှင့်ကျင်ချန်တို့အား ခုနစ်ရက်စောင့်ရကာ...

“လာပါ၊ ရှက်မနေပါနဲ့” စုကျို စုရှင်းချန်အားခေါ်လိုက်သည်။

“ငါ့အပေါ်မှာ အချိန်နောက်ပြန်လှည့်ခြင်းကို သုံးလိုက်စမ်း၊ ငါ့ကို လွန်ခဲ့တဲ့ တစ်ရက်က အခြေအနေဆီပြန်ပို့ပေး”

“နေဦး” မတော်တဆမှုတွေ မဖြစ်အောင် စုကျို သူ့ဝိညာဉ်လက်နက်တွေနဲ့ ဝိညာဉ်အိတ်တွေအကုန်လုံးကို ချွတ်ပြီး ချန်ယွမ်အားပေးလိုက်ကာ အဝေးမှာ သွားရပ်နေဖို့ ပြောလိုက်သည်။

“ကဲ... စလိုက်ကြရအောင်”

စုရှင်းချန် အံ့သြသွားပေမဲ့ ဘာမှမမေးခဲ့ချေ။ သူ ဒီကျဲကို ယုံကြည်ရတာ အသားကျနေပြီလေ။

စုကျို စကားဆုံးသည်နှင့် သူ့နဖူးပေါ်ရှိ နေနာရီအမှတ်အသားမှာ ချက်ချင်းလင်းထိန်လာ၏။ နေအရိပ်တည်နေရာအားပြသည့် လက်တံမှာ နောက်ပြန်လှည့်လာပြီး အရှိန်အဟုန်နှင့်လည်ပတ်သွားသည်။

တစ်ချိန်တည်းမှာပင် စုရှင်းချန်၏ညာဘက်လက်ရှိ ဝိညာဉ်စစ်ဆေးရေးလက်ပတ်မှာ လုံးဝ မှောင်အတိကျသွားရသည်။

သူ အသက်ကို ခပ်မှန်မှန်ရှူရင်း လက်ကို မြှောက်လိုက်၏။

“အချိန်... နောက်ပြန်... လှည့်”

သူ့နဖူးပေါ်မှ ခွာထွက်လာသည့် နေနာရီအမှတ်အသားသည် လေထဲကြီးမားလာပြီး စုကျိုဆီကျရောက်သွားသည်။

စုကျိုသည် ချက်ချင်းဆိုသလို ပတ်တီးဖြေထားပြီးသားဖြစ်သည့် သူ့ညာလက်ကိုဆန့်ထုတ်လိုက်သည်။

သူ မျက်လုံးကို မှိတ်လိုက်၊ ပြန်ဖွင့်လိုက်လုပ်ကြည့်သည်။

ထို့နောက့် သူ့ ညာလက်နှင့် သူမကိုယ် သူမ ခြောက်ကြိမ်တို့လိုက်ပါတော့သည်။

“အချိန်... နောက်ပြန်... လှည့်”

“အချိန်... နောက်ပြန်... လှည့်”

...

စုရှင်းချန် မျက်နှာတစ်ခုလုံးနီရဲသွားသည်။ သူ့ကျဲ သူ သုံးလိုက်တဲ့ နည်းစနစ်ကိုမိတ္တူကူးလိုက်ခြင်းပင်။ သူသာ ခုနကဂါထာအမည်ကို သေချာ ပီပီသသ ရွတ်ခဲ့မိရင် ကောင်းမှာပဲ!

All Chapters