အခန်း (၁၀၀)
Vol. 10 Ch. 100
သူမ အတည်ပေါက်ဖြင့် ထိုအရာကို စတင်တပ်ဆင်တော့သည်။
အလွန်ပင် စေ့စပ်သေချာလှ၏။
စုကျိုသည် စက်ဝိုင်းအတွင်းရှိ ဟင်းလင်းပြင်တွင် [ရွှေရောင်ဝင်းပသော ပုံရိပ်ယောင် ပုံစံကားချပ်] အတိုင်း အပေါ်မှအောက်သို့ ပစ္စည်းများကို ဂရုတစိုက်စီထားလိုက်သည်။
ကျင်းချန်၏ မျက်လုံးမှိတ်ထားသော မျက်နှာ၊ ကျင်းကန်းပေါင်၏ ခေါင်းနောက်စေ့
ရင်းမြောင်၏လည်ပင်း၊ ပုခုံးရိုးများ
ကျူးပိုင်ယွီ၏ခန္ဓာကိုယ်အထက်ပိုင်း၊ ကျင်းချန်၏ လက်ချောင်းများ
လဲ့အော်၏ဝမ်းဗိုက်ကြွက်သားများနှင့် ဒန်ထျန်
ကျင်းချန်၏ တင်ပါး
ကျင်းချန်၏ဘယ်ဘက်ခြေထောက်၊ ညာဘက်ခြေထောက်
ကျင်းချန်၏ ခြေဗလာများ
ကျင်းချန်၏မျက်နှာက ဘာလို့ မျက်လုံးမှိတ်ထားရတာလဲ?
စုကျို လက်နှစ်ဖက်ကို ဖြန့်ပြကာ— “ငါ သူ့ကို ထိလိုက်တဲ့အချိန်မှာ သူ မျက်တောင်ခတ်လိုက်တာဖြစ်မှာပေါ့။ ဟူး...”
ယင်းလီ : “!”
လိုကျား မျက်လုံးပြူးသွားသည်။ ပိုင်ယို့လုကမူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ကျင်းကန်းပေါင်၊ ရင်းမြောင်၊ လဲ့အော် : “...”
ကျူးပိုင်ယွီမှာမူ ခေါင်းကိုလက်ဖြင့်အုပ်ကာ သူ အဖိုးကြီးပေးပြီးဝယ်ထားသည့် ဒုတိယအဆင့် တရားထိုင်ကုလားထိုင်ပေါ်သို့ နောက်ပြန်လဲကျ သွားတော့သည်။
“ငါ့ကို လာမထူကြနဲ့တော့”
“ငါ့ကို ဒီကုလားထိုင်ပေါ်မှာပဲ ထာဝရထိုင်နေခွင့်ပေးကြပါ”
ကျူးပိုင်ယွီသည် မှင်သက်နေသည့် စုရှင်းချိန်ထံသို့ နာကျင်စွာဖြင့် လက်ကမ်းလိုက်ပြီး
“ကလေးလေး... မင်း စုကျိုအတွက် ဝှီးချဲလ်လုပ်ပေးခဲ့တယ်လို့ ငါကြားတယ်၊ ဒီတရားထိုင်ကုလားထိုင်ကို သုံးပြီး ငါ့အတွက် တစ်ခုလောက် လုပ်ပေးပါဦး”
အခုကစပြီး သူ အပြင်ထွက်ရင် ဒီကုလားထိုင်ကနေခွာနိုင်တော့မှာ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်အထက်ပိုင်းဟာ စုကျို တပ်ဆင်ထားတဲ့ ဒီ [ကျင်းချန်၊ ကျင်းကန်းပေါင်၊ လဲ့အော် စသည်ဖြင့်...] ပုံစံကြီးထဲမှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာများလား ? အထေ့အငေါ့ဖြစ်စရာကောင်းတာက စုကျိုသည် သူ့အစိတ်အပိုင်းကို အားမရဆုံးဖြစ်နေခြင်းပင်။
“ဟူး... ငါ့ရဲ့ စွမ်းရည်တကွေ အဆင့်တက်နေတဲ့ အချိန်မှာသာဖြစ်ခဲ့ရင် ကောင်းမှာပဲ”
“...”
ကျူးပိုင်ယွီသည် တရားထိုင်ကုလားထိုင်ပေါ်မှ သူ့သက်မဲ့နေသော မျက်နှာကိုမော့လိုက်ရာ သူ့ မျက်ဝန်းထဲသို့ အလင်းရောင်များ ပြန်လည် ဝင်ရောက်လာသည်။ ရုတ်တရက် သူမတ်တပ်ရပ်လိုက်ပြီး သူ့ဝိညာဉ်အိတ်ထဲမှ ဆေးပုလင်းအနည်းငယ်ကို ထုတ်ကာ စုကျို လက်ထဲသို့ အတင်းထိုးထည့်လိုက်သည်။
“ကျိုလေး၊ ဒါတွေက ငါလျှို့ဝှက်သိုလှောင်ထားတဲ့ ကျင့်ကြံခြင်းကိုမြန်ဆန်စေတဲ့ ဆေးလုံးတွေပဲ၊ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူး၊ ဒါတွေကို မြန်မြန်စားလိုက်၊ ဒါဆိုရင် နင် အခြေခံအဆင့်ကို မြန်မြန်ရောက်သွားလိမ့်မယ်”
စုကျို : “? နင့်မှာ ဒီလိုကောင်းတဲ့ ပစ္စည်းတွေ ရှိနေတာကို အခုထိ ဘာလို့ဝှက်ထားရတာလဲ?”
လူတိုင်းမှာ ငိုချင်ရက် လက်တို့ဖြစ်နေကြသည်။ အခုချိန်က ဒါကို စိုးရိမ်နေရမယ့် အချိန်လား ? ကျူးပိုင်ယွီ သူမ၏ အပြစ်တင်မှုကို လျစ်လျူရှုကာ ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
“ဟူး... ငါ့ရဲ့ အသုံးမကျတဲ့ ဝိညာဉ်သန့်စင်ခြင်းအဆင့် ခန္ဓာကိုယ်အထက်ပိုင်းက နင့်အတွက် ဘာမှ အသုံးမဝင်တော့ပါဘူး၊ ဒီအထပ် ၃၀ မှာ အခြေခံအဆင့် တပည့်တွေချည်းပဲ ရှိတာ၊ ငါ့ရဲ့ မစုံမလင် ခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ်တိုက်နိုင်တော့မှာလဲ”
ကျူးပိုင်ယွီ လဲ့အော်ထံ ပျော်ရွှင်စွာလှမ်းကြည့်လိုက်ပြီး “ငါ့ရဲ့ [ဝိညာဉ်သန့်စင်ခြင်း အထက်ပိုင်း] နဲ့ အစ်ကို လဲ့အော်ရဲ့ [အခြေခံအဆင့် ဒန်ထျန်ခါး] နဲ့က လုံးဝ အံမဝင်ဘူးလေ၊ လုံးဝ မလိုက်ဖက်ဘူး စုကျို”
စုကျို ခေါင်းငြိမ့်ပြလိုက်ပြီး သူပေးသည့် ဆေးလုံးများကို သကြားလုံးစားသလို ဖြည်းဖြည်းချင်းစားလိုက်သည်။ လဲ့အော် အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး မြေပြင်ကိုလက်ညှိုးထိုးကာ—
“ငါ့မှာ ခန္ဓာကိုယ်အထက်ပိုင်းမရှိရင် အစိတ်အပိုင်းတစ်ခုလိုနေမှာပေါ့! အထက်ပိုင်းက မရှိမဖြစ်လိုအပ်တာလေ၊ ဒါမှမဟုတ်ရင် ငါ့ဝမ်းဗိုက်မှာ အခြေခံအဆင့်စွမ်းအားတွေ ရှိနေရင်တောင် အပေါ်ကအကူအညီမပါဘဲ ငါ ဘယ်လို အားထုတ်နိုင်မှာလဲ!”
ကျူးပိုင်ယွီ : “???”
“ခေါင်းဆောင်လဲ့၊ ခင်ဗျား ဒီလိုလူမျိုးဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး၊ ခင်ဗျား ကံဆိုးနေချိန်မှာ ကျွန်တော့်ကိုပါဆွဲချချင်တာလား?”
လဲ့အော် မကြားချင်ယောင်ဆောင်ကာ ခေါင်းလွှဲထားလိုက်သည်။ ဒေါသထွက်တော့မည့် ကျူးပိုင်ယွီအား စုရှင်းချန်နှင့် စုကျီကျီတို့ တရားထိုင် ကုလားထိုင်ပေါ်သို့ ချက်ချင်းပြန်တင်လိုက်ကြသည်။
ကျူးပိုင်ယွီ : “...”
သူ စုကျိုဘက် လှည့်ကာ— “စုကျို၊ နင် ဘယ်သူ့ ဘက်မှာလဲ?”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာလည်း ငိုတော့မည့် အတိုင်းပင်။
“အစ်ကိုကျူး၊ ကျွန်တော်တို့အတွက်လည်း စကားလေး ပြောပေးပါဦး၊ အစ်ကို့ရဲ့ အထက်ပိုင်းက ဝိညာဉ်သန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးပေမဲ့၊ ‘စုဝူတိ’ သာ အစ်ကို့ကိုနောက်ထပ် အကြိမ်အနည်းငယ်လောက်ထပ်ထိလိုက်ရင် အစ်ကို့ရဲ့အထက်ပိုင်းကလည်း အခြေခံအဆင့် ဖြစ်လာမှာပဲလေ”
“အစ်ကို့ရဲ့အခြေခံအဆင့် ၅ က ရင်းမြောင်ရဲ့ ခြေခံအဆင့် ၇ ရှိတဲ့ လည်ပင်း၊ ပုခုံးရိုးတွေနဲ့ဆို ကွက်တိပဲလေ”
ကျူးပိုင်ယွီ : “...”
သူ နှာခေါင်းအောက်မှ အပ်စိုက်အမှတ်ကိုအမြန်ဖိချလိုက်ပြီး ကုလားထိုင်ပေါ်သို့ ခွေခနဲလဲကျသွားတော့သည်။ ဆေးလုံးတွေ စားပြီးမှ ကျင့်ကြံခြင်းကိုပြန်ဖျက်ပစ်ဖို့ သူ ကြံစည်နေတာ နောက်ကျသွားပြီလား?
“တော်ကြတော့၊ မငြင်းကြနဲ့တော့”
စုကျို သူ့ မေးစေ့ကို လက်ဖြင့်ထောက်ကာ မြေပြင်ပေါ်ရှိ [ရွှေရောင်ပုံစံကားချပ်] အတိုင်း အပြည့်အစုံတပ်ဆင်ထားသည့် လူရုပ်ကြီးကို သုံးလှမ်းခန့် နောက်ဆုတ်ကာ အားရပါးရကြည့်လိုက်သည်။
“ဘာတွေ ငြင်းနေကြတာလဲ?”
“ယင်လီ ဘယ်လောက်တောင်အမြင်ပွင့်နေလဲဆိုတာ နင်တို့ မမြင်ကြဘူးလား? သူကတော့ ဒီဂုဏ်ယူစရာကောင်းတဲ့ အခမ်းအနားမှာ ပါဝင်ချင်လို့ အသည်းအသန်ဖြစ်နေတာလေ!” စုကျို သူ့ ညာဘက်လက်ကို အသာပွတ်သပ်ရင်း စိတ်ဝင်တစားကြည့်နေသည့် ယင်လီကို လက်ညှိုးထိုးပြကာပြောလိုက်သည်။
ကျူးပိုင်ယွီနှင့် အခြားသူများမှာမူ သူမကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေကြသည်။
ဒါက ဘာများ ဂုဏ်ယူစရာရှိလို့လဲ? ဘယ်လိုမျိုး ကံကောင်းတဲ့ အဖြစ်အပျက်ကြီးလဲ?
ယင်လီကမူ မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေသည်။
“နင်တို့က ဘာသိလို့လဲ? ‘ရှောင်ကျို’ က ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ထိပ်ဆုံးကို သေချာပေါက် ရောက်သွားပြီး ‘ဆယ်ပါးသော ဝိညာဉ်လမ်းစဉ် ပြိုင်ပွဲ’ မှာ ဝင်ပြိုင်ရတော့မှာ!”
“အခြေခံအဆင့် အထွတ်အထိပ်၊ ရွှေရောင်အမြုတေအဆင့် အထွတ်အထိပ်... အဲ့ဒီထက် ပိုမြင့်တာတွေအထိပေါ့...”
“တိုက်ပွဲကြီး တိုက်ပွဲငယ်တွေရဲ့ပုံရိပ်ယောင်တွေထဲမှာ နင်တို့ရဲ့နာမည်တွေက ရှောင်ကျိုနဲ့အတူ ထပ်ခါတလဲလဲပါလာပြီး နင်တို့ရဲ့ ကျော်ကြားမှုက တစ်ကမ္ဘာလုံးကိုဟိန်းထွက်သွားလိမ့်မယ်!”
“ကျူးပိုင်ယွီရဲ့ခန္ဓာကိုယ်အထက်ပိုင်း၊ လဲ့အော်ရဲ့ဝမ်းဗိုက်၊ ရင်းမြောင်ရဲ့လည်ပင်း... ဒါတွေအားလုံးကို ကမ္ဘာပေါ်က ကျင့်ကြံသူ မောင်မယ်တွေနဲ့ ဆယ်ပါးသောလမ်းစဉ်က ပညာရှင်ကြီးတွေအားလုံး ထာဝရမှတ်မိနေကြတော့မှာ!”
“...”
“!”
ကျူးပိုင်ယွီမှာ တရားထိုင်ကုလားထိုင်ပေါ်သို့ ‘ဒုန်း’ ခနဲပြန်လဲကျသွားရသည်။
လဲ့အော်မှာမူ သူ့ နီရဲရွှေရောင် လှံရှည်ကြီးကိုပင် မနည်းဆုပ်ကိုင်ထားရသည်။ ပုံမှန်အားဖြင့် ရိုးအသော ထိုလူပင်လျှင် စုကျိုဘက်ကို လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။
“ညီမလေးစု... နင် ကျင်းချန်ကို ဘယ်တော့ ထပ်မေးမှာလဲ? ငါ ကူညီနိုင်တယ်နော်”
“တကယ်လို့ အဆင်မပြေရင် ငါ့အစ်ကိုကြီးကို အကူအညီတောင်းပေးမယ်၊ သူ ဒီရက်ပိုင်း အထပ် ၄၀ မှာ ကျင်းချန်နဲ့ နေ့တိုင်း လေ့ကျင့်နေတာ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ကလည်း အသည်းအသန်ခေါင်းညိတ်ကြသည်။
နောက်နေတာလား? [ကျင်းကန်းပေါင်ရဲ့ ခေါင်းနောက်စေ့] ကနေ [ကျင်းချန်ရဲ့ ခြေဗလာ] အထိ ဆက်စပ်ထားတဲ့ ဒီလူရုပ်ကြီးသာ အပြင်ထွက် လာရင် သူတို့ကတစ်ကမ္ဘာလုံးရဲ့ ရယ်စရာဖြစ်ကုန်တော့မှာပေါ့!
ဒီ ‘ဂုဏ်ယူစရာ’ ဝန်ထုပ်ဝန်ပိုးကြီးကို ကျင်းချန်တစ်ယောက်တည်းပဲ ထမ်းပါစေတော့!
“အခုချက်ချင်း အချက်ပြဂါထာသုံးပြီး အဲ့ဒီ ခွေးသူတောင်းစား ကျင်းချန်ကိုထပ်ရှာကြစို့!”
ကျင်းကန်းပေါင်၏စိတ်အားထက်သန်မှုကို စုကျို တားလိုက်သည်။
“ငါ ဒီနေ့ ပင်ပန်းနေပြီ၊ ဝိညာဉ်စွမ်းအင်တွေလည်း ကုန်နေပြီ၊ မနက်ဖြန်မှ ဆက်ပြောတာပေါ့”
သို့သော် မြေပြင်ပေါ်ရှိ အမျိုးစုံရောနှောတပ်ဆင်ထားသည့် လူရုပ်ကြီးကိုကြည့်ကာ သူ သက်ပြင်းချလိုက်သည်။
“နင်တို့ အားလုံးရဲ့ ဝိုင်းဝန်းစဉ်းစားပေးမှုတွေက ငါ့ကို အိုင်ဒီယာတွေ အများကြီးရစေခဲ့တာပဲ”
“အခု အစားထိုးဖို့ အလိုအပ်ဆုံးက ကျူးပိုင်ယွီရဲ့အထက်ပိုင်းပဲ”
“နောက်တော့ ရင်းမြောင်၊ ကျင်းကန်းပေါင်...”
“အဲ့ဒီ အစိတ်အပိုင်းတွေကို ကျင်းချန်ရဲ့အားကောင်းလှတဲ့ ရွှေရောင်အမြုတေ တစ်ဝက်အဆင့်ခန္ဓာကိုယ်နဲ့ အစားထိုးချင်တာ”
“!”
“...!”
စုကျိုသည် သူမ စကားကြောင့် သူမကိုယ်တိုင်ပင် လန့်သွားကာ ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
“ဒါဆိုရင် ငါ ဒီအထပ်ရဲ့ထိပ်သီးဆယ်ယောက်ထဲ ဝင်အောင်ကြိုးစားပြီး ကျင်းချန်နဲ့ သူ့အဖွဲ့ကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းရအောင် ပိုပြီး ကြိုးစားရဦးမှာပေါ့?”
“ငါက ကျင်းချန်ပဲ”
“ငါ့မှာ ကျင်းချန်ရဲ့ကိုယ်ပွား ကိုးယောက်ရှိတယ်၊ သူ့ကိုယ်စား တိုက်ခိုက်ပေးနိုင်တဲ့သူတွေပေါ့”
“!!!”
“???”
[ စုကျို၊ ‘သခင်တစ်ရာခန်းမ’ က နင့်ကို ချက်ချင်းလာခဲ့ဖို့ တောင်းဆိုလိုက်တယ်၊ နင့်ရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ပြန်လည် စမ်းသပ်ဖို့ပါ။ ]
[ ဝိညာဉ်စမ်းအင် စမ်းသပ်မှုအတွက် ဆုလာဘ်အဖြစ် နင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်စွမ်းအင်တွေကို ချက်ချင်းပြန်လည်အားပြည့်စေမယ့် အစွမ်းထက် ‘အားဖြည့်ဆေးလုံး’ ကို ပေးအပ်ပါမယ်။ ]
လေတိုက်ခတ်လာပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။
အထပ် ၃၀ မှ တပည့်များဖြင့် ပြည့်နှက်နေသော ဝင်းတစ်ခုလုံးသည် ထိုသတင်းစကားကိုမြင်တွေ့လိုက်ကြရသည်။
‘တောင်းဆိုခြင်း!’
‘အရင်ဆုံး စမ်းသပ်ပါ၊ ဆေးလုံးများ ပေးပါမည်’
သခင်တစ်ရာခန်းမက တပည့်တစ်ယောက်ကိုစမ်းသပ်ဖို့အတွက် ဖိတ်ကြားတာတောင် သူတို့ရဲ့ သဘောထားက အလွန်သိမ်မွေ့လွန်းလှသည်!
သို့သော်မြေပြင်ပေါ်ရှိ ဆန့်ကျင်ဘက် ‘လူ့အစိတ်အပိုင်းများ’ ဖြင့် ဖွဲ့စည်းထားသည့် လူရုပ်ကြီးကိုလှည့်ကြည့်လိုက်မိချိန်တွင်မူ သူတို့အားလုံး ဆွံ့အသွားကြသည်။ သူတို့ တကယ်ကို သူမကို ဖိတ်ကြားဖို့လိုအပ်နေတာပဲ။
သူမ၏ပါရမီကား တကယ်ကြောက်မက်ဖွယ်ကောင်းလွန်းသည်!
ခဏချင်းမှာပင် လူတိုင်းငြိမ်သက်သွားကြပြီး စုကျို သွားနိုင်ရန် လမ်းကို အလိုအလျောက်ဖယ်ပေးလိုက်ကြသည်။
စုကျိုကမူ နဖူးကိုလက်ဖြင့်အုပ်ကာ အကြီးအကျယ်ခေါင်းကိုက်သွားရသည်။
သူ လက်ဖျောက်တစ်ချက် တီးလိုက်သည်။
မြေပြင်ပေါ်ရှိ တပ်ဆင်ထားသော အစိတ်အပိုင်းများအားလုံးသည် သူ ဝိညာဉ်အိတ်အတွင်းသို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“နင်တို့ ဘာမှ မမြင်လိုက်ဘူး မဟုတ်လား?”
“...”
[လဲ့အော်၊ ကျင်းကန်းပေါင်၊ ရင်းမြောင်၊ ကျူးပိုင်ယွီ— စုကျို၏မွေးရာပါ ဝိညာဉ်စွမ်းအင်ကို လက်ခံရရှိထားသူများအနေဖြင့် ဤဝိညာဉ်စွမ်းအင် စမ်းသပ်မှုတွင် စုကျိုအား ကူညီရန် ‘ဆရာတစ်ရာခန်းမ’ သို့ ချက်ချင်း လာရောက်ကြပါရန်။]
စုကျို : “...”
“ဒါက ဘာဖြစ်တာလဲ? နင်တို့အားလုံးက တကယ့်ဒုက္ခသည်ပုံစံမျိုးလုပ်နေကြတာပဲ”
“...”
သူတို့က တကယ်ပဲ ‘ဒုက္ခသည်’ ဖြစ်နေတာ မဟုတ်ဘူးလား!
အထပ် ၃၀ ရှိ သခင်တစ်ရာခန်းမ
စုကျိုနှင့် သူမ၏ အသင်းဖော်များသည် ‘ဒုက္ခသည်’ တစ်စုနှင့်အတူ သခင်တစ်ရာခန်းမ၏ဝိညာဉ်စမ်းသပ်ခန်းသို့ လျင်မြန်စွာ ရောက်ရှိလာ ကြသည်။
ဤခန်းမကြီးမှာ ပထမထပ်ရှိ စမ်းသပ်ခန်းများနှင့် နှိုင်းယှဉ်လျှင် အတိုင်းအတာနှင့် ခန့်ညားထည်ဝါမှု၌ ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။
ခန်းမအတွင်း၌ မြင့်မားလှသော ကျောက်စိမ်းတိုင်ကြီးဆယ်တိုင်မှာ နှစ်တန်းစီ၍ ခန့်ညားစွာရပ်တည်နေသည်။
ခန်းမ၏အဆုံးပိုင်းတွင်တော့ ဒိုင်လူကြီးများအတွက် သတ်မှတ်ထားသော သုံးဆင့်ပါ ပလ္လင်ငါးခုကို အစီအရီချထားသည်။
ခန်းမအလယ်ဗဟိုတွင် ကောင်းကင်သို့ထိုးတက်နေသော ကျောက်စိမ်းပိုးစာပင်ကြီးတစ်ပင် ရှိနေသည်။
ကျောက်စိမ်းပင်စည်ပေါ်တွင် ဝိညာဉ်စမ်းသပ်မှု စကေးများကို ‘နိမ့်-နိမ့် အဆင့်’ မှသည် ‘အထက်တန်းစား သူတော်စင်အဆင့်’ အထိ အသေးစိတ် အဆင့်ခွဲကာ ရှင်းလင်းစွာမှတ်သားထားသည်။
ပထမထပ်ရှိ ပါရမီစမ်းသပ်မှုများသည် တကယ့်ကို အခြေခံလောက်သာရှိသေးကြောင်း စုကျို ထိုအခါမှ သတိပြုမိလိုက်သည်။
ဤနေရာတွင် ‘အထက်-အထက် သူတော်စင်အဆင့်’၊ ‘အထက်-အလယ်အဆင့်’ နှင့် ‘အထက်-အထက်အဆင့်’ စသဖြင့် အခြားအမှတ် အသားများစွာလည်းရှိနေသေးသည်။
ထို့ပြင် ‘အောက်တန်းစား’ ဆိုသည့် အဆင့်သတ်မှတ်ချက်မှာ ဤစကေးများပေါ်တွင် လုံးဝ ရှိမနေပေ။
စုကျို စုကျီကျီထံ တစ်ချက်လှည့်ကြည့်မိရာ၊ မျှော်လင့်ထားသည့်အတိုင်းပင် ထိုမိန်းကလေးငယ်၏မျက်နှာမှာ ဖြူလျော့နေသော်လည်း သူမသည် ချက်ချင်းစိတ်ကိုတင်းကာ စုကျိုအား ချိုသာစွာပြုံးပြလိုက်သည်။
“အဆင်ပြေပါတယ် ကျဲ”
“နိမ့်ပါးတဲ့ ပါရမီနဲ့ နိမ့်ပါးတဲ့ အရည်အသွေးရှိတဲ့ ပါရမီတွေကတော့ အောက်ခြေမှာပဲ ရှိနေမှာပါပဲ”
စုကျို ထောက်ခံသည့်အနေဖြင့် အင်း ဟုဆိုကာ မိန်းကလေး၏ဆံပင်ပေါ်ရှိ ပိုးကောင်တွေကိုကျွေးရန် ဝန်လေးနေသည့် [ပိုက်ဆံလှေ ဝိညာဉ်အမြုတေ] ဆံညှပ်လေးကို အသာအယာပုတ်ပေးလိုက်သည်။
“မှန်တာပေါ့၊ နင်လည်း တိုးတက်လာပြီပဲ”
‘အောက်ခြေအဖွဲ့’ ထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့သည် စီနီယာပိုင်ယို့လုနှင့် စီနီယာလိုကျားတို့၏ထူးဆန်းသော အမူအရာလွှမ်းမိုးမှု အောက်တွင် ပိုမိုကြံ့ခိုင်လာကြသည်မှာ အမှန်ပင်။
“နင်တို့ နောက်ဆုံးတော့ ရောက်လာကြပြီပဲ”
ထိုအချိန်တွင် ခန်းမ၏အလယ်ဗဟို၌ ခေါင်းဆောင် ‘ရူယွီ’ က စုကျိုကို ပြုံးလျက်စောင့်ကြိုနေသည်။
ခေါင်းဆောင်ရူယွီသည် ယနေ့တွင် ရောင်စုံပိုးနတ်သမီးဝတ်စုံကိုဝတ်ဆင်ထားပြီး ဝတ်ရုံစများမှာ လှပစွာလှုပ်ခတ်နေကာ၊ လှုပ်ရှားမှုတိုင်းတွင် ကျော့ရှင်းမှုများ အထင်အသားပေါ်လွင်နေသည်။
သို့သော် အနီးကပ်ကြည့်လျှင် သူမ အပြုံးမှာ အနည်းငယ်ရှုပ်ထွေးနေသည်ကိုတွေ့ရမည်။