← Chapters

နတ်ဘုရားဂျုံနှင့် အဆင့်မြင့်ဂျုံနယ်ခြင်းအတတ်

Vol. 15 Ch. 146

နတ်ဘုရားဂျုံနှင့် အဆင့်မြင့်ဂျုံနယ်ခြင်းအတတ်

Vol. 15 Ch. 146

ထာဝရကျေးရွာ၏ နံနက်ခင်းသည် ကြည်လင်သန့်ရှင်းသော လေထုနှင့်အတူ စတင်လာသည်။ ယန်ချန်သည် ခြံဝန်းအတွင်းရှိ နေပူကျဲကျဲအောက်တွင် ဝင်းဝါနေသော ဂျုံနှံများကို ကြည့်ကာ ကျေနပ်အားရနေမိသည်။

ဤဂျုံပင်များသည် လွန်ခဲ့သော လအနည်းငယ်ကမှ သူကိုယ်တိုင် အပင်ပေါက်ကလေးဘဝမှစ၍ ဂရုတစိုက် ပျိုးထောင်ခဲ့ရသည့် အပင်များဖြစ်သည်။

ယန်ချန်အတွက်မူ ဤဂျုံပင်များသည် သာမန်စားစရာမျှသာ ဖြစ်သော်လည်း၊ အမှန်စင်စစ် ဤဂျုံစေ့များမှာ လောကဓာတ်၏ သန့်စင်သော ဝိညာဉ်ချီစွမ်းအင်များကို စုပ်ယူကာ ပေါက်ဖွားလာသော "နတ်ဘုရားဂျုံ" များပင် ဖြစ်သည်။

ယန်ချန်သည် ဂျုံပင်များကို စိုက်ပျိုးစဉ်က မြေဆီလွှာကို နွားချေးနှင့် သစ်ရွက်ဆွေးများ ရောစပ်ကာ သဘာဝအတိုင်း ပြုပြင်ခဲ့သည်။ သူက မြေဆီလွှာကို တစ်လက်မချင်းစီ လက်ဖြင့် မွှေနှောက်ကာ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခဲ့ပြီး၊ ရေလောင်းရာတွင်လည်း အနီးရှိ စမ်းချောင်းမှ သန့်စင်သော ရေကိုသာ အသုံးပြုခဲ့သည်။

ထိုသို့ စိုက်ပျိုးရာတွင် ယန်ချန်က အပင်တစ်ပင်ချင်းစီကို စိတ်ရှည်လက်ရှည် စကားပြောသကဲ့သို့ ဂရုစိုက်ခဲ့ခြင်းကြောင့် ဂျုံပင်များမှာ အခြားနေရာထက် သုံးဆမက ပိုမို လျင်မြန်စွာ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ၌မူ ထိုဂျုံနှံများကို ရိတ်သိမ်းပြီးနောက် နေလှန်း၊ အခွံချွတ်ကာ ကျောက်ဆုံဖြင့် အမှုန့်ဖြစ်အောင် ကြိတ်ခွဲသည့် အဆင့်များမှာလည်း ပြီးမြောက်သွားပြီ ဖြစ်သည်။

"ဂျုံမှုန့်က တကယ်ကို ဖြူစင်တာပဲ။ သေမျိုးလောကမှာ ဒီလောက် အဆင့်အတန်းမြင့်တဲ့ ဂျုံမျိုး ရှိမယ်လို့ မထင်ထားမိဘူး"

ယန်ချန်က ညည်းတွားရင်း ဂျုံမှုန့်များကို ဇလုံကြီးတစ်ခုထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူက ရေအေးအနည်းငယ်ကို ဆမ်းကာ စတင်နယ်တော့သည်။ ယန်ချန်၏ လက်အစုံက ဂျုံမှုန့်များကြားထဲသို့ တိုးဝင်သွားချိန်တွင် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ သူရဲ့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော လောကစည်းမျဉ်း အငွေ့အသက်များက ဂျုံထဲသို့ စိမ့်ဝင်သွားကြသည်။

သူ့လက်အစုံက ညင်သာသော်လည်း အားပါလှသည်။ ဂျုံစိုင်ကို အပေါ်မှ ဖိချလိုက်၊ ဘေးဘက်သို့ လှည့်ထုတ်လိုက်၊ ပြန်လည် စုစည်းလိုက်သည့် လှုပ်ရှားမှုတိုင်းမှာ မြင်ရသူအဖို့ အလွန်ရင်သပ်ရှုမောဖွယ်ကောင်းသော ကခုန်မှုတစ်ခုကဲ့သို့ပင်။

ယန်ချန်သည် ဂျုံကို နယ်ရုံသာမကဘဲ ဂျုံအတွင်းရှိ လေအိတ်ငယ်များကို ဖယ်ရှားကာ အသားကို စေးပိုင်လာအောင် ပြုလုပ်နေခြင်း ဖြစ်သည်။

"ဦးဦး... ဂျုံရုပ်လေးတွေ လုပ်ပေးဦးနော်"

ဘေးနားတွင် ထိုင်ကြည့်နေသော ယင်ယင်လေးက လက်ခုပ်တီးကာ အားပေးနေသည်။ ယန်ချန်က ပြုံးလိုက်ပြီး-

"ဟုတ်ပါပြီဗျာ၊ ယင်ယင်လေးအတွက် ဂျုံနဲ့လုပ်တဲ့ ငှက်ကလေးတွေ၊ ဝက်ဝံလေးတွေ လုပ်ပေးမယ်"

ယန်ချန်က ဂျုံထဲမှ အစိတ်အပိုင်းအချို့ကို ဖဲ့ယူကာ လက်ချောင်းများဖြင့် လိမ့်နယ်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သက်ရှိငှက်ကလေးတစ်ကောင်နှင့် တူလှသော ဂျုံရုပ်ကလေး တစ်ခု ပေါ်ထွက်လာသည်။ ထိုဂျုံရုပ်ကလေးသည် ရိုးရိုးဂျုံရုပ် မဟုတ်ဘဲ ယန်ချန်၏ စွမ်းအင်များ ပါဝင်နေသဖြင့် အတောင်ပံများပင် လှုပ်ရှားနေသကဲ့သို့ ထင်မှတ်ရသည်။

ယန်ချန်သည် ဂျုံစိုင်ကြီးကို အခါခါ နယ်ဖတ်ရင်း ၎င်းကို အဆင့်အမြင့်ဆုံး ပျော့ပျောင်းမှု ရရှိအောင် ကြိုးပမ်းနေသည်။သူ ဂျုံနယ်နေသည့် အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိလေထုမှာပင် တုန်ခါလာပြီး၊ ထိုဂျုံစိုင်ကြီးမှ ထွက်ပေါ်လာသော အနံ့မှာမွှေးပျံ့လွန်းလှသဖြင့် ကျေးရွာတစ်ရွာလုံးရှိ လူများမှာ အားအင်များ ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ သာမန်ဂျုံနယ်ခြင်း မဟုတ်ဘဲ၊ လောကကြီး၏ စွမ်းအားများကို အစာအာဟာရအဖြစ် ပြောင်းလဲနေသည့် နတ်ဘုရားဆန်သော အတတ်ပညာပင် ဖြစ်တော့သည်။

ယန်ချန်သည် ဂျုံစိုင်ကြီးကို အနေတော် အနေအထား ရောက်သည်အထိ နယ်ဖတ်ပြီးနောက် စားပွဲတင်ခုံပေါ်သို့ တင်လိုက်သည်။

သူ၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်ပေါက်နေပြီး လက်ချောင်းများက အလုပ်စတင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

"ကဲ... ယင်ယင်လေး၊ ဦးဦး ဘာတွေလုပ်ပေးမလဲ ကြည့်ထားနော်"

ယန်ချန်သည် ဂျုံစိုင်ငယ်လေးများကို ဖဲ့ယူကာ သူ၏ မှတ်ဉာဏ်ထဲ၌ ရှိနေသော ခေတ်သစ် ကမ္ဘာမှ ရုပ်ပုံလွှာများကို အသက်သွင်းလိုက်သည်။ သူ၏ ကျွမ်းကျင်တဲ့ လက်ချောင်းများအောက် ပထမဆုံး ပေါ်ထွက်လာသည်မှာ ဝိုင်းစက်သော နားရွက်ကြီးများနှင့် ချစ်စဖွယ်ကောင်းသော "မီကီမောက်စ်" ပုံစံ ဂျုံရုပ်လေး ဖြစ်သည်။

ထို့နောက်တွင်တော့ အမြဲတမ်း ပြုံးနေတတ်သည့် "ဒိုရေးမွန်" နှင့် အဝါရောင် ကိုယ်ထည်ဖြင့် ချစ်စရာကောင်းသော "ပီကာချူး" ရုပ်လေးများကိုပါ တစ်ခုပြီးတစ်ခု ဖန်တီးလိုက်သည်။

ဤဂျုံရုပ်များသည် သေမျိုးလောကတွင် တစ်ခါမှ မမြင်ဖူးသော ပုံစံများ ဖြစ်သော်လည်း၊ ယန်ချန်၏ နတ်ဘုရားဆန်သော လက်ရာကြောင့် အလွန်ပင် အသက်ဝင်လှသည်။ ဂျုံရုပ်ကလေးများ၏ မျက်လုံးများမှာ တောက်ပနေပြီး လှုပ်ရှားတော့မည့်အတိုင်း ထင်မှတ်ရသည်။

"ဝါး... ဦးဦး၊ ဒါလေးတွေက အရမ်းလှတာပဲ။ သမီး တစ်ခါမှ မမြင်ဖူးဘူး"

ယင်ယင်လေးက အံ့အားသင့်စွာဖြင့် ဂျုံရုပ်လေးများကို တို့ထိကြည့်နေမိသည်။ ထိုအချိန်တွင် ယန်ချန် ဂျုံမုန့်လုပ်နေသည့် သတင်းမှာ တစ်ရွာလုံးသို့ ပျံ့နှံ့သွားသဖြင့် ရွာသားများမှာလည်း တစ်ဦးပြီးတစ်ဦး ယန်ချန်၏ ခြံဝန်းရှေ့သို့ စုရုံးရောက်ရှိလာကြသည်။

ယန်ချန်သည် ဂျုံရုပ်လေးများကို ပေါင်းအိုးထဲထည့်ကာ ခဏတာ ပေါင်းလိုက်ပြီးနောက်၊ ကျက်သွားသော မုန့်များကို လင်ဗန်းကြီးထဲ ထည့်ကာ ထွက်လာခဲ့သည်။

"လာကြပါ... လာကြပါ၊ အားလုံးအတွက် ဂျုံမုန့်တွေ အများကြီး လုပ်ထားတယ်"

ယန်ချန်သည် ချစ်စဖွယ် ဂျုံရုပ်လေးများကို ရွာထဲရှိ ကလေးငယ်များကို ဦးစွာ ဝေငှပေးလိုက်သည်။

ခေတ်သစ်ပုံစံ ဂျုံရုပ်လေးများကို ရရှိသော ကလေးများမှာ ဝမ်းသာအားရ အော်ဟစ်နေကြပြီး၊ ထိုမုန့်ကို စားလိုက်သည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်ထဲ၌ သန့်စင်သော အားအင်များ စီးဆင်းသွားကာ အနာရောဂါများ ကင်းစင်သွားကြသည်။

"သခင်လေးယန်ပေးတဲ့ မုန့်ကထူးဆန်းပြီး အရသာအရမ်းကောင်းတယ်”

လူကြီးတစ်ဦးက ကျေးဇူးတင်စကား ဆိုသည်။ ယန်ချန်ကတော့ ပြုံးရွှင်စွာဖြင့် လူတိုင်းကို မုန့်များ အညီအမျှ ဝေငှပေးနေသည်။ သူသည် ရွာသူကြီးတစ်ဦးအနေဖြင့် မိမိ၏ ရွာသားများ ဗိုက်ဝဝလင်လင် ရှိနေသည်ကို မြင်ရခြင်းက အကြီးမားဆုံးသော ကျေနပ်မှုဟု မှတ်ယူထားသည်။

ကျန်းဝမ်လီ ကျန်းရင်ရင်နဲ့ အခြားသူများကလည်း ဂျုံမုန့်အနည်းငယ် ဝေစုရခဲ့ကြပြီး ထူးခြားပြီးအရသာကောင်းမွန်တဲ့ ဂျုံမုန့်များကြောင့် စိတ်ကျေနပ်နေကြသည်။

“နောက်တကြိမ်မှာ ခေါက်ဆွဲပြုတ်တစ်မျိုး လုပ်ကျွေးမယ် အခုဂျုံရဲ့အသုံးဝင်မှုကို အရင်ရှင်းပြတာပေါ့”

ယန်ချန်က လူစုကြီးကို ဂျုံပင်စိုက်ပျိုးနည်း ရိတ်သိမ်းနည်းကစ ဂျုံရဲ့အသုံးဝင်မှု အမျိုးမျိုးတို့ကို အလေးနက်ရှငိးပြပေးလိုက်သည်။ ရှုယင်ကလည်း ထိုအကြောင်းရာကို စနစ်တကျ လိုက်မှတ်နေပြီး တချို့အချိန်များ၌ ယန်ချန်ကိုသူမကိုယ်တိုင် ဂျုံမုန့်များလုပ်ကျွေးရန် ဆုံးဖြတ်လိုက်သည်။ ခြံဝန်းအသီးသီးက ဂျုံစိုက်ပျိုးရန် စိတ်အားတက်ကြွသွားကြပြီး ဂျုံမှကုန်သွယ်ရေးအတွက်သာမက စားသောက်စရာနည်းလမ်းများစွာ ရရှိနိုင်သည်ကို သိသွားကြသည်။

ကျင့်ကြံရေးလောက၌ ပေါက်စီတချို့ရှိသော်လည်း ဂျုံနဲ့ဆက်စပ်သည့် မုန့်အမျိုးအစားမှာ ထိုတမျိုးသာရှိသည်။ ဂျုံကိုခေါက်ဆွဲအနေဖြင့်ပြုလုပ်ခြင်းမှာတော့ မြို့ကြီးများတွင်သာ ရှိတဲ့ နည်းလမ်းတမျိုးဖြစ်ကာ အများအားဖြင့် ဆန် ဒါမှမဟုတ် ပြောင်းများကို ကြေညက်အောင်ကျိတ်ပြီး ရလာသည့်အနှစ်ကိုသာ ခေါက်ဆွဲပြုလုပ်တတ်ကြသည်။

ယန်ချန်ရဲ့နည်းလမ်းများက ရိုးစင်းပြီး ထူးခြားသည်မှာ ပြောစရာပင်မလိုချေ။ ထို့ကြောင့် ကျန်းထန်ပင် ထိုမုန့်လုပ်နည်းကို လိုက်လံမှတ်သားထားပြီး အိမ်၌ ဇနီးဖြစ်သူကို လုပ်ကျွေးရမည်ဟု တေးမှတ်ထားလေသည်။ မုရုံခေါင်းဆောင်ကလည်း ထိုနည်းအတူပင်။

……………………………………………

All Chapters