ထာဝရကျေးရွာသို့ အပြန်ခရီးနှင့် မျိုးနွယ်စုသစ်၏ မျှော်လင့်ချက်
Vol. 15 Ch. 147
မူလတောအုပ်၏ ဆုံရပ်နေရာ၌ ဝက်ဝံမျိုးနွယ်စုများမှာ ယန်ပိုင်ပေးအပ်သော ဆေးဝါးများကြောင့် ဒဏ်ရာများ သိသိသာသာ သက်သာလာကြပြီ ဖြစ်သည်။
ယန်ပိုင်သည် မိဘနှစ်ပါးနှင့် ပြန်လည်ဆုံတွေ့ရသဖြင့် ဝမ်းသာနေသော်လည်း စိတ်ထဲ၌ တစ်ခုသော စိုးရိမ်မှု ရှိနေသေးသည်။
၎င်းမှာ မူလတောအုပ်၏ မတည်ငြိမ်မှုနှင့် ကျားသစ်၊ ဝံပုလွေမျိုးနွယ်များ၏ ရန်ငြိုးပင် ဖြစ်သည်။
"အဖေနဲ့ အမေ... ဒီတောအုပ်က မလုံခြုံတော့ဘူး။ ကျတော့်သခင်ရှိတဲ့ ထာဝရကျေးရွာကို လိုက်ခဲ့ကြပါ"
ယန်ပိုင်၏ စကားကြောင့် ရှေးဦးဝက်ဝံကြီးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ တွေဝေသွားကြသည်။ ၎င်းတို့သည် မျိုးနွယ်စုကို စွန့်ခွာရန် ခက်ခဲနေသော်လည်း ယန်ပိုင်၏ အစွမ်းထက်လှသော ခွန်အားများမှာ ထိုကျေးရွာမှ ရရှိလာခြင်းဖြစ်ကြောင်း သိရှိရသောအခါ သားဖြစ်သူ၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်ကြသည်။
မူလတောအုပ်၏ အခြေနေမှာ တနေ့တခြား ပို၍ဆိုးရွားလာပြီး သားရဲများစွာက နတ်ဆိုးသွေးကြောင့် စိတ်ဖောက်ပြန်ကာ ကြမ်းတမ်းလာကြသည်။
သို့သော် လက်ရှိဝက်ဝံမျိုးနွယ်၌ သူတို့ရှေးဦးဝက်ဝံမျိုးနွယ်ခွဲတခုတည်း ရှိတော့သည်မဟုတိချေ။ အခြားဝက်ဝံမျိုးနွယ်ခွဲများလည်း ရှိသေးပြီး မူလပေါင်းစည်းထားသည့် မျိုးနွယ်ခွဲများ ပြန်လည်ပြိုကွဲသွားနိုင်ချေရှိသည်ကိုလည်း ထည့်သွင်း စဥ်းစားရန်လိုသည်။
ယန်ပိုင်က ထိုအချက်ကိုသတိပြုမိသည်။ ဖခင်ဖြစ်သူမှာ ဝက်ဝံမျိုးနွယ်ကြီးတခုလုံးကို စောင့်ရှောက်မည်ဟု ဆုံးဖြတ်ထားပုံရသည်။
ထိုစဉ် ပျင်းရိဝက်ဝံမျိုးနွယ်စု၏ ခေါင်းဆောင်က ရှေ့သို့ တိုးလာပြီး သူ၏ သမီးဖြစ်သူ ဝက်ဝံမလေး တစ်ကောင်ကို လက်ဆွဲ၍ ခေါ်ဆောင်လာသည်။ ထိုဝက်ဝံမလေးမှာ အမွှေးအမျှင်များ နူးညံ့ကာ မျက်လုံးများမှာ တောက်ပြောင်နေပြီး ပျင်းရိဝက်ဝံမျိုးနွယ်စု၏ နှစ်ပေါင်းများစွာအတွင်း အတောက်ပဆုံးသော ပါရမီရှင်လေး ဖြစ်သည်။
"ယန်ပိုင်... မင်းက ကျုပ်တို့မျိုးနွယ်စုကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းပဲ။ အခုမင်းအကူညီကြောင့် ငါတို့တွေ အန္တရာယ်ကင်းသွားပါပြီ"
ပျင်းရိဝက်ဝံမျိုးနွယ်မှ ခေါင်းဆောင်ဝက်ဝံကြီးက ယန်ပိုင်ကိုလာရောက်နှုတ်ဆက်ကာ ကျေးဇူးတင်စကားဆိုသည်။ တဖက်တွင်လည်း အခြားမျိုးနွယ်ခွဲတခုဖြစ်သည့် အစားကြူး ဝက်ဝံများမှ ခေါင်းဆောင်ကြီးကလည်း ရောက်ရှိလာကာ ကျေးဇူးတင်စကားအထပ်ထပ်ဆိုသည်။
ယန်ပိုင်က ထိုကျေးဇူးတင်စကားများကို တည်ငြိမ်စွာပဲ အသိမှတ်ပြုလိုက်ပြီးနောက် သူ့ဖခင်နဲ့တိုင်ပင်နေသည့် အကြောင်းရာကို ရှင်းပြလိုက်သည်။
အကြောင်းအရာမှာ မူလတောအုပ်ကို စွန့်ခွာ၍ ထာဝရကျေးရွာအနီးရှိ သားရဲဝိဉာဥ်တောအုပ်ကို ပြောင်းရွှေ့နေထိုင်ရန် ဖြစ်သည်။
ဝက်ဝံခေါင်းဆောင်ကြီးများမှာ ထိုစကားကိုကြားလျင် အတန်ကြာသည်အထိ တွေဝေသွားကြသည်။ မူလတောအုပ်မှာ ၎င်းတို့၏မွေးရပ်ဇာတိ ဖြစ်နေပြီး စွန့်ခွာရန်မှာ ခက်ခဲသည်။ သို့သော် လက်ရှိဝက်ဝံမျိုးနွယ်၏ ခွန်အားမှာ မူလတောအုပ်အတွင်း ရပ်တည်ရန်မလုံလောက်ပေ။ ယန်ပိုင်ထွက်သွားချိန် နောက်တဖန်ရန်သူများကို ရင့ဆိုင်ရပါက မည်သို့ဖြစ်မည်နည်း။ မူလတည်းကပင် ဝက်ဝံများက တိုက်လခိုက်လိုစိတ်လည်း နည်းပါးကြသည်။
ပျင်းရိဝက်ဝံခေါင်းဆောင်နဲ့ အစားကြူး ဝက်သံခေါင်းဆောင်များက အတန်ကြာတီးတိုးပြောဆိုပြီးနောက် ယန်ပိုင်ကို တုန့်ပြန်လာသည်။
"ကောင်လေး မူလတောအုပ်ကို စွန့်ခွာပြီးနေရပ် အသစ်တခု အခြေကျဖို့က ခက်ခဲပါတယ် မင်းအနေနဲ့လည်း မျိုးနွယ်ကြီးတခုလုံး လမ်းတလျှောက်ခေါ်ဆောင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး ဒီတော့ ငါ့ရဲ့သမီးဖြစ်သူ ပိုင်လင်းကို မင်းနဲ့ထည့်ပေးလိုက်မယ်"
ထိုစကားကြားလျင် ယန်ပိုင်ရဲ့မိဘနှစ်ပါးမှာ အနည်းငယ် ပြုံးစိစိဖြစ်သွားကြသည်။ အတွေ့ကြုံရှိကြသူများဖြစ်၍ တဖက်သူရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ကြသည်။
ပိုင်လင်လေးသည် ရှက်ကိုးရှက်ကန်းဖြင့် ယန်ပိုင်ကို လှမ်းကြည့်နေသည်။ ယန်ပိုင်သည် ခဏတာ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။
သခင်ဖြစ်သူ ယန်ချန်သည် သတ္တဝါများကို ချစ်ခင်တတ်သူဖြစ်ရာ မျိုးနွယ်စုဝင်များ တိုးလာခြင်းကို ငြင်းပယ်မည်မဟုတ်ဟု သူ ယုံကြည်သည်။
"ကောင်းပါပြီ... ဒါဆို မျိုးနွယ်ခွဲအသီးသီးက ဆန္ဒရှိသူတွေ လိုက်ခဲ့နိုင်ပါတယ် ကျန်တဲ့သူတွေကတော့ အခြေနေကိုကြည့်ပြီး အချိန်မရွေး လိုက်လာခဲ့ကြပါ"
သူတတ်နိုင်တဲ့ကဏ္ဍကို ပြောပြခဲ့ပြီးပြီ။ ထိုဝက်ဝံကြီးများမှာ မွေးရပ်ကို မစွန့်နိုင်သည့်အပေါ် သူနားလည်နိုင်သည်။ ထိုသူများ လိုက်ခြင်းမလိုက်ခြင်းထက် မိမိရဲ့မိဘနှစ်ပါး လိုက်ပါရန်သာ သူ့အတွက်အရေးကြီးသည်။
တဖက်တွင် ယန်ပိုင်ရဲ့မိခင်က ပိုင်လင်းကိုအနားဆွဲခေါ်ထားပြီး မည်သည့်ကိစ္စကိုပြောဆိုနေမှန်းမသိချေ။ အခြားလိုက်ပါမည့် ဝက်ဝံများကတော့ တက်ကြွစွာဖြင့် ခရီးအတွက် ပြင်ဆင်ရန် ထွက်ခွာသွားကြတော့သည်။
မကြာခင် နယ်မြေအသစ်ကို ခြေချကြမည်ဖြစ်၍ စိတ်လှုပ်ရှားနေကြပြီး ယန်ပိုင့်ဆီမှ မှင်သက်စရာ ဆေးဝါးအကူညီများကြောင့် မကြာခင်ဒဏ်ရာများ အရှင်းပျောက်ကင်းသွားကြတော့သည်။
အစားကြူးဝက်ဝံခေါင်းဆောင်နဲ့ ပျင်းရိဝက်သံခေါင်းဆောင်တို့မှာ ခရီးထွက်ရန်စိတ်လှုပ်ရှားနေကြသည့် ဝက်ဝံများကိုကြည့်ကာ စိတ်ကျေနပ်နေကြသည်။ မိမိတို့မှာ ရှေ့ဆက်တိုးတက်ရန် လမ်းစမရှိတော့ပဲ မိမိတို့၏ မျိုးဆက်များအတွက် လမ်းအသစ်တခုထွက်ပေါ်လာခြင်းက ကောင်းမွန်သည့်ကိစ္စဟု ယူဆသည်။
ဝက်ဝံမျိုးနွယ်ကြီး မပျက်သုန်းသရွေ့ သူတို့လည်း ဘိုးဘေးများကို တမလွန်၌ မျက်နှာပြရဲမည်ဖြစ်ကာ နောက်ဆုံးအခြေနေတွင်လည်း မိမိတို့ဆန္ဒရှိပါက လိုက်ပါသွားနိုင်သေးသည်။ အဆုံး၌ အထိနာသွားကြသည့် ကျားသစ်များ ဝံပုလွေများမှာ ဝက်ဝံမျိုးနွယ်ကို တိုက်ခိုက်ရန်ထက် အခြားသားရဲများ၏ ကျူးကျော်မှုကို အရင်ခုခံရတော့မည်မှာ သေချာသည်။ ထိုအရာက တူသောအကျိုး ပေးခြင်းဖြစ်သည်။
…………………………………………..