← Chapters

ထျန်းဟွမ်လောက ကျင့်ကြံသူများရဲ့ ပြိုင်ပွဲ

Vol. 15 Ch. 148

ထျန်းဟွမ်လောက ကျင့်ကြံသူများရဲ့ ပြိုင်ပွဲ

Vol. 15 Ch. 148

ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားသည်။ ယန်ချန်ရဲ့ ဂျုံပင်စိုက်ပျိုးရေးနည်းလမ်းကြောင့် ထာဝရကျေးရွာတခုလုံး လိုက်လံစိုက်ပျိုးကြပြီး ဂျုံနှင့်ဆက်စပ်သည့် စားသောက်စရာ နည်းလမ်းများစွာကိုလည်း အားတက်သရော သင်ယူကြတော့သည်။

ရိုးရှင်းသည့်ပေါက်စီလုပ်နည်းမှစ ခေါက်ဆွဲများ ဖက်ထုပ်ကဲ့သို့ အစာသွပ်အစားအစာများ စသည်တို့မှာ ထာဝရကျေးရွာ၏ လူကြိုက်အများဆုံး စားစရာများဖြစ်လာကာ အစားအသောက်စားလေ့မရှိသည့် မင်ယုရှန်းပဲ အသားဖက်ထုပ်ပေါင်းကို အနည်းငယ်စွဲလန်းနေသည်။

ယန်ချန်မှာ နေ့စဥ် ပြိုင်ပွဲကွင်းဆေက်လုပ်မှုအား သွားရောက်ကြည့်ရှုလေ့ရှိပြီး တိုက်ပွဲစင်မြင့်များအတွက် ကာကွယ်ရေးအစီရင်များ ကိုယ်တိုင်ဖြည့်သွင်းပေးခဲ့သည်။ ထိုအစီရင်များက အလယ်အလတ်အဆင့် အစီရင်များဖြစ်သော်လည်း သူတော်စင်အဆင့်အောက် ကျင့်ကြံသူများအတွက်တော့ လုံလောက်သည်ထက် ပိုသည်။

ကျင်းလုံ မင်ဝမ် ရှောင်ချီနဲ့ ရှယီ အပါဝင် အခြားသူတော်စင်များက ပြိုင်ပွဲကွင်းပြင်ကို စနစ်တကျတည်ဆောက်နေပြီး ယန်ချန်ရောက်ရှိလာသည်ကိုမြင်လျင် တလေးတစား နှုတ်ဆက်ကြသည်။

“သခင်လေးယန် ကြွပါ”

ကျင်းလုံက ယန်ချန့်အတွက် နေရာတခုစီစဥ်ပေးပြီးနောက် ပြိုင်ပွဲကွင်းပြင်ကို စွမ်းအင်များဖြင့် ဆောက်လုပ်ခြင်းကြောင့် ရက်အနည်းငယ်သာ ကြာမြင့်မည်ဖြစ်ကြောင်း သခင်လေး၏ အစီရင်ကိုလည်း အဆင်သင့်ထည့်သွင်း သုံးစွဲမည်ဖြစ်ကြောင်း ရှင်းပြသည်။

ယန်ချန်က ခေါင်းညိတ်ပြလိုက်ပြီး စင်မြင့်ဆယ်ခုကို သေချာလ့လာလိုက်သည်။ စင်မြင့်တခုဆီက မာကြောတဲ့ ကျောက်တမျိုးကို အထူးအသုံးပြုထားခြင်းဖြစ်ပြီး အသေးစိတ်စီစဥ်ထားသည့် အစီရင်ကိုလည်း ထည့်သွင်းထားသေးသည်။

ထို့အပြင် ပွဲကြည့်စင်ကိုလည်း စနစ်တကျတည်ဆောက်ထားပြီး အမြင့်ဆုံးစင်ပေါ်၌ ယန်လျန်အပါဝင် သူတော်စင်ကြီးများ ကြီးကြပ်ဒိုင်များ ထိုင်ရန်နေရာများပါဝင်သည်။

မင်ယုရှန်းက ဂိုဏ်းများအင်အားစုများကို အထူးအလေးထားမှာကြားချက်များစွာ ပြောကြားထားပြီး ပြိုင်ပွဲ၌ မတော်တဆ သေဆုံးရသည်မှလွဲ၍ ကျင့်ကြံသူတဦးနဲ့တဦးကြား ရည်ရွာ်ချက်ရှိရှိ ထိခိုက်စေ၍ မရချေ။ စည်းကမ်းဖောက်ဖျက်ပါက ထိုကျင့်ကြံသူအပြင် နောက်ကွယ်မှအင်အားစုကိုလည်း ပြင်းထန်တဲ့အပြစ်ဒဏ်များ ပေးမည်ဟု ဆိုထားခဲ့သည်။

သူမရဲ့ အဓိကရည်ရွယ်ချက်မှာ ယန်ချန်ကို စိတ်အနှောင့်ယှက်မဖြစ်စေရန်ဖြစ်ပြီး အခြားသူများကလည်း ထိုအချက်ကို လက်ခံခဲ့ကြသည်။ တဦးစီက ထုတ်ဖော်မပြောသော်လည်း ရှယီဖြစ်စေ ရှောင်ချီဖြစ်စေ အခြားသူတော်စင်များဖြစ်စေ မည်သည့်အင်အားစု ကျင့်ကြံသူမဆို ထာဝရကျေးရွာအတွင်း ရက်အနည်းငယ်နေထိုင်ပြီးနောက် အစွမ်းထက်ကာ အားကောင်းသည့်စွမ်းအင်များကို ခံစားမိကြသည်ချည်းဖြစ်သည်။

ထိုအချက်က လောကတခုတည်းနေကြသော်လည်း မတူညီသည့်သက်ရောက်မှုများဖြစ်ပြီး ကျင့်ကြံသူများ၏ ခွန်အားကိုလျင်မြန်စွာ တိုးတက်စေနိုင်သည့် ထာဝရကျေးရွာ၏ ပတ်ဝန်းကျင်ကို မည်သူကမှ စွန့်ခွာမလိုချေ။

ပြိုင်ပွဲ၏ ဆုလာဒ်မှာလည်း ခြံဝန်း၅၀ ထိတိုးမြင့်ထားခြင်းက အင်အားစုများကို တက်ကြွသွားစေကာ ထျန်းဟွမ်လောက၏ ရှားပါးတဲ့ စည်းလုံးမှုကို ဖြစ်ပေါ်စေသည်။

ယခင်က သားရဲကပ်ဘေးကြောင့်ဖြစ်စေ အရင်းအမြစ်ကြောင့်ဖြစ်စေ အင်အားစုအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြပြီး ယန်ချန်ထွက်ပေါ်လာပြီးနောက် ထာဝရကျေးရွာမှာ မည်သည့်သူတော်စင်မှ သတ်ဖြတ်လိုစိတ်အနည်းငယ်ပင် မထုတ်ဖော်ရဲချေ။

အကုန်လုံးက ကျေးရွာအတွင်းနေထိုင်စဥ် သတိကြီးကြီးထားကာ အလေးအနက်ရှိကြပြီး မင်ယုရှန်း ကျင်းလုံ မင်ဝမ်ကဲ့သို့ တိုင်းပြည်၏ အထွဋ်အထိပ်များသာမက သူတော်စင်များဖြစ်သည့် ရှောင်ချီ ရှယီတို့ကလည်း ဆိုင်ရာမိသားစုဝင်များကို အလေးနက်သတိပေးကြသည်။ ဖောက်ဖျက်ပါက မိသားစု၏ အကြီးဆုံးပြစ်ဒဏ်အဖြစ်သက်မှတ်ကာ ကွပ်မျက်မည်ဖြစ်သည်။

ယန်ချန်က မင်ယုရှန်းဆီ အစီရင်ပုံကြမ်းများ ထပ်မံလွှဲပေးလိုက်သည်။ ထိုအစီရင်များက စင်မြင့်တခုစီ၏ အကာကွယ်ကို ထပ်မံတိုးမြင့်ထားသည့်အပြင် ပွဲကြည့်စင်ကိုလည်း အပြည့်အဝ ကာကွယ်ပေးနိုင်သည့်အတွက် ကျင့်ကြံသူများမှာ စိတ်တိုင်းကျ ယှဥ်ပြိုင်နိုင်သည်။

မင်ယုရှန်းက အစီရင်များကို သေချာလှမ်းယူပြီးနောက် သူမအနားမှ ကျင့်ကြံသူတဦးထံ ပေး၍ အသေချာပြင်ဆင်ရန် မှာကြားလိုက်သည်။ မကြာမီ ထျန်းဟွမ်လောကရှိ ထိပ်သီးအစီရင်ဆရာများစွာမှာ အပြေးအလွှားရောက်လာကြပြီး ယန်ချန်ရဲ့အစီရင်များကို အလုအယက်လေ့လာရန်ကြိုးစားကြသည်။ကံဆိုးသည်က လေ့လာရန်အချိန်အနည်းငယ်သာ ရခဲ့ပြီး အစီရင်များကိုတော့ ပြိုင်ပွဲကွင်း၌ လျင်မြန်စွာ တပ်ဆင်လိုက်ရတော့သည်။

ထိုမျှအနည်းငယ်ကပင် ၎င်းတို့၏အစီရင်ပညာကို အရှိန်ဟုန်ကောင်းစွာ တိုးတက်စေခဲ့ပြီး ထိုအချက်ကပဲ ကျင့်ကြံသူများစွာ ထာဝရကျေးရွာ၏ ခြံဝန်းတခုကို တပ်မက်ရသည့် အကြောင်းရင်းတစ်ခု ဖြစ်လာစေသည် မဟုတ်လား။

…………………………………………….

All Chapters