← Chapters

ကျောက်စိမ်းဧကရီ၏စိတ်ကူး

Vol. 15 Ch. 142

ကျောက်စိမ်းဧကရီ၏စိတ်ကူး

Vol. 15 Ch. 142

အကုန်လုံးက မူလလောကကြောင့် အနည်းငယ် စိတ်ဖိစီးသလို ခံစားသွားရသည်။

နှစ်ပေါင်းများစွာ လောကနှစ်ခုကြား ပြင်းထန်တဲ့ စစ်ပွဲတခု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အထိနာခဲ့ကြသည်။ သို့သော်လည်း အရင်းအမြစ်ပြဿနာကို အင်မော်တယ်များပင် မလွန်ဆန်နိုင်ချေ။

ပါရမီရှင်များသာမက မည်သည့်ကျင့်ကြံသူမဆို အရင်းအမြစ်လိုအပ်ပြီး လုံလောက်တဲ့အရင်းအမြစ် မရှိပါက အဆင့်တိုးတက်ရန် မဖြစ်နိုင်ပေ။

အင်မော်တယ်အဆင့်ကြီး တစ်ခုစီ၌ အဆင့်သေး၄ဆင့်ထိ ထပ်ခွဲထားပြီး တဆင့်စီကိုလည်း အရင်းအမြစ်များစွာ လိုအပ်နေသေးသည်။

ကျောက်စိမ်းဧကရီမှာ အနည်းငယ်ရှုပ်ထွေးစ ပြုလာသည့် လေထုကိုသတိပြုမိဟန်ဖြင့် ချောင်းအသာ ဟန့်လိုက်သည်။ သူမရဲ့ မျက်ခုံးများကို အနည်းငယ်ကြုံ့ထားလိုက်ပြီး ထိုအပြုအမူက ဧကရီအနေနဲ့ စိတ်ရှုပ်ထွေးမှုကို ခံစားနေချိန် အများဆုံးပြုလုပ်လေ့ရှိသည့် အမူအရာဖြစ်သည်။

“အဟမ်း..အားလုံးပဲ ရှင်တို့အချက်တစ်ခုကို မေ့နေကြတယ်”

အချက်တစ်ခု…။ သူတို့မေ့နေတယ် ဟုတ်လား။ မိုးမြေဧကရာဇ် ဓားဖြူဧကရာဇ်တို့သာမက အခြားဧကရာဇ်များလည်း သိလိုဟန်ဖြင့် လှမ်းကြည့်ကြသည်။

ကျောက်စိမ်းဧကရီက လည်ချောင်းရှင်းဟန်ဖြင့် ချောင်းတချက်ဟန့်လိုက်ပြီးနောက် စကားစသည်။

“ထျန်းဟွမ်လောကရဲ့ ပုဂ္ဂိုလ်ကို ရှင်တို့မေ့နေကြတယ်မဟုတ်လား အဲ့ဒီပုဂ္ဂိုလ်က အကြောင်းပြချက်မရှိပဲ လောကသုံးခုကို ပေါင်းစည်းလိမ့်မယ်လို့ ကျွန်မ မထင်ဘူး”

သူမစကားက အခြားသူများကို အနည်းငယ် တက်ကြွသွားစေသည်။ မိုးမြေဧကရာဇ်က

“ဟုတ်တယ် ဧကရီပြောတာအမှန်ပဲ အဲ့ပုဂ္ဂိုလ်သာ ဆန္ဒရှိရင် မူလလောကတခုလုံး လက်တဖက်နဲ့ဖျက်စီးနိုင်တယ်”

“မဟုတ်ဘူး ရှင့်အတွေးမှားနေပြီ သူကဖျက်စီးနေတာမဟုတ်ဘူး တည်ဆောက်နေတာ လောကသုံးခုပေါင်းစည်းပြီး အားကောင်းတဲ့ လောကတခု ဖြစ်စေချင်နေတာ ဒီအတွက် သူပေါင်းစည်းထားတဲ့ လောကအချင်းချင်း ဖျက်စီးမှာကို မြင်ချင်မှာမဟုတ်ဘူး”

“ဒါဆို ဧကရီရဲ့စိတ်ကူးက ဘာလဲ”

ဓားဖြူဧကရာဇ်က အချို့စကားများမှ ဧကရီ၏အတွေးကို အနည်းငယ်ရိပ်မိလိုက်သည်။

“ကျွန်မတို့ သူနဲ့တွေ့ရလိမ့်မယ်”

ခန်းမတခုလုံး တိတ်ဆိတ်သွားသည်။ ထိုပုဂ္ဂိုလ်ကိုတွေ့ရန် ဓားဖြူဧကရာဇ်ပင် အနည်းငယ် ထိတ်လန့်နေပြီး အမြင့်ဆုံးအဆင့် ပုဂ္ဂိုလ်များ၏စိတ်မှာ ထူးခြားသည်ကို သူတို့သိထားကြသည်။

ကျောက်စိမ်းဧကရီ၏အတွေးက အလုပ်ဖြစ်မည်လား မသေချာ။ ထိုပုဂ္ဂိုလ်ကိုတွေ့ဆုံရန် မည်သူကသွားရောက်မည်နည်း။

အကုန်လုံး၏ တွန့်ဆုတ်မှုကိုမြင်လျင် ကျောက်စိမ်းဧကရီတယောက် နှာခေါင်းရှုံ့လိုက်သည်။ ဒင်းတို့ဘာတွေးနေမှန်း သူမခန့်မှန်းနိုင်ပြီး ထူးခြားတဲ့ပုဂ္ဂိုလ်ကို ကြောက်လန့်နေမှန်း ရိပ်စားမိသည်။

“ရှင်တို့ဆန္ဒမရှိရင် ကျွန်မသွားမယ်”

ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ အင်မော်တယ်ဧကရာဇ်များကြား တစ်ဦးတည်းသော အမျိုးသမီးဧကရာဇ်က ဦးဆောင်မည်ကိုလည်း လက်မခံနိုင်ကြပြန်။

“အဲ့လိုလည်း မဟုတ်သေးဘူး ဧကရီတစ်ပါးတည်း သွားဖို့မဖြစ်နိုင်ဘူး”

မိုးမြေဧကရာဇ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ သို့သော် ထိုငြင်းဆိုချက်ကို ကျောက်စိမ်းဧကရီက စကားတခွန်းတည်းဖြင့် နှုတ်ဆိတ်သွားစေသည်။

“ဒါဆို ကျွန်မနဲ့အတူ ရှင်ပါလိုက်ခဲ့နိုင်တယ်”

ဓားဖြူဧကရာဇ်တစ်ယောက် အတန်ကြာတိတ်ဆိတ်ကာ တွေးတောနေသည်။ ထိုပုဂ္ဂိုလ်ကိုတွေ့ရန် သူသည်လည်း ဆန္ဒရှိနေခဲ့ပြီး ထူးခြားတဲ့ပုဂ္ဂိုလ်ထံမှ ဓားလမ်းစဥ်နဲ့ပက်သက်၍ ဉာဏ်ပွင့်လင်းမှုတချို့ ရနိုင်ကောင်းသည်ဟု ထင်မြင်နေသည်။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဆုံးဖြတ်လိုက်ဟန်ဖြင့် ပြောသည်။

“ကျုပ်လိုက်ခဲ့မယ် ဧကရီ”

ထိုစကားက ကျောက်စိမ်းဧကရီကိုပင် မှင်သက်သွားစေသည်။ ယခင်ဆုံတွေ့မှုမှ ဓားဖြူဧကရာဇ် ဒဏ်ရာရသွားခဲ့ပြီး ထိုဒဏ်ရာကလည်း ဓားဖြူဧကရာဇ်၏ ဓားလမ်းစဥ်ကို အနည်းငယ် ထိခိုက်မိသွားစေခဲ့သည် မဟုတ်လား။

“ရှင် သေချာလား”

“ သေချာတယ် ကျုပ်ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ် ဒါပေမယ့် အခုတော့မဟုတ်ဘူး ကျုပ်တို့ မူလလောကဝင်ရောက်တိုက်ခိုက်မှာကို ကြိုတွေးပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်”

သူ့စကားကို အခြားသူများက အားတက်သရော ထောက်ခံလာကြသည်။ အမြင့်ဆုံးအဆင့်ရှိသူနှစ်ဦး ပြင်ပထွက်သွားသည်ကို မူလလောကသာ သိသွားပါက ရုတ်ချည်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည် မဟုတ်လား။ ထိုအခြေနေကို ကိုင်တွယ်ရန် အစီမံများ လိုအပ်သည်။

“ကောင်းပြီ ဒါဆိုကျုပ်တို့ အစီစဥ်တွေ စဆွဲကြရအောင်”

မိုးမြေဧကရာဇ်က တိုက်တွန်းလာပြီး မကြာခင်မှာတော့ ဧကရာဇ်များ တိတ်တဆိတ် စည်းဝေးမှုကြီးက စတင်တော့သည်။

၎င်းတို့အဖြစ်ပျက်နဲ့ ဆန့်ကျင်စွာပဲ ယန်ချန်မှာ တည်ငြိမ်နေပြီး ခြံဝန်းထဲ၌ ပန်းချီကားတချပ်အား ရေးဆွဲနေသည်။ ထိုပန်းချီကားမှာ အမျိုးသားကျင့်ကြံသူတစ်ဦးက ကြီးမားသည့် နတ်ဆိုးပုံရိပ်ကြီးကို ဓားတလက်ဖြင့် ရင်ဆိုင်နေဟန်ဖြစ်ကာ ထိုနတ်ဆိုးပုံရိပ်ကြီးက ကောင်းကင်တခုလုံး ဖုံးလွှမ်းထားသည်။

အမျိုးသားကျင့်ကြံသူကတော့ သေးငယ်တဲ့ပုံရိပ်လေးတခုအသွင် တည်ရှိပြီး ဖြောင့်မတ်တဲ့ကိုယ်ဟန် တည့်မတ်စွာမြောက်တန်းထားသည့် ဓားတချောင်းက ကောင်းကင်ကို ထိုးခွဲတော့မည်ဟန် ရှိသည်။

ယန်ချန်က ပန်းချီကားကို အလျင်စလို လက်စသတ်ခြင်း မရှိချေ။ နောက်ခံအရောင်နဲ့ စိတ်ခံစားမှု ဓားသမားဆီမှ ဆန္ဒများ စသည်တို့ကို နေ့စဥ်အသေးစိတ် ဖြည့်သွင်းနေပြီး နတ်ဆိုးပုံရိပ်ကို အမြန်ဆုံးသတ်ဖြတ်မည့်ဟန် ပြင်နေသည်။

ဓားတချက် ကောင်းကင်ကို ထိုးခွဲခြင်း။ အလင်းရောင်တောက်ပတဲ့ ပတ်ဝန်းကျင် အရာအားလုံးက ပန်းချီကားထဲမှ ခုန်ထွက်လာမည့်ဟန်ရှိသည်။

“အနည်းဆုံး ငါကိုယ်တိုင်မဟုတ်ရင်တောင် ပန်းချီတော့ ဆွဲနိုင်သေးတာပဲ ဟုတ်တယ်မလား”

ယန်ချန်က ပန်းချီကားကို အနည်းငယ်စိုက်ကြည့်ကာ ပိတ်သိမ်းလိုက်သည်။ ယနေ့အတွက် လုံလောက်ချေပြီ။

………………………………………………

All Chapters