ဝက်ဝံမျိုးနွယ်ခွဲ ၃ခု၏တိုက်ပွဲ
Vol. 15 Ch. 144
တိုက်ပွဲနေရာမှာတော့ အခြေနေက ပြင်းထန်နေသည်။
ဝက်ဝံမျိုးနွယ်များမှာ မျိုးနွယ်သုံးခုစုစည်းပြီး ဝံပုလွေ ကျားသစ်နဲ့ အခြားတောကောင်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရကာ သေကြေမှုများစွာ ဖြစ်ပေါ်နေသည်။
အထူးသဖြင့် ဝက်ဝံကြီးသုံးကောင်မှာ ကြီးမားတဲ့ ကျားသစ်ကြီးသုံးကောင်နဲ့ ဝံပုလွေကြီးသုံးကောင်တို့ကြောင့် မမျှတစွာရင်ဆိုင်နေရပြီး တိုက်ပွဲက တဖက်သတ်ဆန်နေသည်။
အခြားတဖက်တွင်လည်း ဝက်ဝံများမှာ ဖိနှိပ်ခံနေရသည်။ ဝက်ဝံကြီးသုံးကောင်မှာ မျိုးနွယ်ခွဲသုံးခုမှ ခေါင်းဆောင်များဖြစ်ပြီး နောက်ဆုံးအချိန်ထိ တောင့်ခံထားရန် ဆုံးဖြတ်ထားကြသည်။ ကံဆိုးစွာဖြင့် သူတို့နည်းတူ ခွန်အားကောင်းသည့် ဝက်ဝံမကြီးသုံးကောင်မှာ ဒဏ်ရာကြောင့် မြေပြင်ပေါ် မလှုပ်မယှက်လဲလျောင်းနေကြရကာ အခြားအရည်ချင်းရှိပြီး နတ်ဆိုးသွေးနိုးထ ထားသည့်ဝက်ဝံပေါက်များမှာလည်း ပြင်းထန်တဲ့ ဒဏ်ရာများ ရရှိထားကြသည်။
ယန်ပိုင်ရောက်သွားချိန်တွင် တိုက်ပွဲက အဆုံးသတ်လုနီးပါး ဖြစ်နေသည်။ ယန်ပိုင်က တိုက်ပွဲကိုလှမ်းကြည့်ချိန် ၂မီတာကျော်မြင့်ပြီး ရွှေရောင်အမွှေးများ လက်နှစ်ဖက်၌ ဖုံးလွှမ်းထားသည့် ဝက်ဝံကြီးတကောင်နဲ့အတူ ရွှေရောင်အမွှေးများမပါသော်လည်း ထူးခြားပြီး သန့်စင်နေတဲ့အမွှေးဖြူများ ပိုင်ဆိုင်ထားတဲ့ ဝက်ဝံကြီးနှစ်ကောင်မှာ ရန်သူများကို ရင်ဆိုင်နေသည်။
ယန်ပိုင်အနည်းငယ် မှင်သက်သွားသည်။ အဖြူပေါ်၌ ရံဖန်ရံခါထွက်ပေါ်တတ်သည့် ရွှေရောင်အမွှေးများမှာ ရှေးဦးဝက်ဝံများ၏ အမှတ်သားဖြစ်ပြီး တဖက်ဝက်ဝံကြီးကို ကြည့်ချိန်၌ ထူးခြားတဲ့ခံစားချက်တဲ့အတူ အနည်းငယ် နာကျင်သလို ခံစားလိုက်ရသည်။
(ဒါက ငါ့မျိုးနွယ်လား ပြီးတော့ ဒီဝက်ဝံကြီးကို ငါရင်းနီးနေတယ် အဲ့ခံစားချက်က အစောပိုင်း ဝက်ဝံသုံးကောင်ကို တွေ့ချိန်ကထက် ပိုရင်းနီးနေတာ ထူးဆန်းတယ်)
(သူက ငါ့မိဘများလား)
ယန်ပိုင်ရဲ့အကြည့်က မြေပေါ်လဲကျနေသည့် ရွှေရောင်အမွှေးများပေါ် အနီရောင်သွေးများ စိုရွဲနေသည့် ဝက်ဝံမကြီးကိုမြင်ချိန်၌ နှလုံးခုန်သံများ ရပ်တန့်သွားသည်။ သွေးက စကားပြောသည်မှာ သေချာလေပြီ။ မှတ်ဉာဏ်များမရှိတော့၍ မမှတ်မိသော်လည်း ခံစားချက်က မညာပေ။
“မဟုတ်ဘူး..”
ယန်ပိုင်လည်း တိုက်ပွဲကိုဆက်ကြည့်ရန် ဆန္ဒမရှိတော့ချေ။ အခြေနေကနောက်ထပ် အနည်းငယ်သာကြာပါက ဝက်ဝံမျိုးနွယ်များ အဆုံးသတ်သွားနိုင်သည်။
ဝုန်း..
ကြီးမားတဲ့ပေါက်ကွဲသံနဲ့အတူ နတ်ဆိုးသွေးနိုးထ ထားသည့် သုံးမီတာကျော်အရွယ် ဝက်ဝံကြီးတကောင် တိုက်ပွဲထဲ ခုန်ဝင်လာသည်။ ထိုမြင်ကွင်းကိုမြင်လျင် ယန်ပိုင်ကိုလိုက်ပို့သည့် ဝက်ဝံသုံးကောင်မှာ စိတ်ဓာတ်များတက်ကြွသွားကာ ၎င်းတို့သည်လည်း နောက်ဆုံးခွန်အားကို ထုတ်သုံး၍ ယန်ပိုင့်နည်းတူ ခုန်ဝင်လာတော့သည်။
ယန်ပိုင်က ပထမဆုံးရွှေရောင်အမွှေးရှိသည့် ဝက်ဝံကြီးတကောင်အနား ခုန်ဝင်ကာ ကျားသစ်ကြီးကို ညာဘက်လက်ဖြင့် ပုတ်ထုတ်လိုက်သည်။ အရွယ်အစား ကွာဟမှု ခွန်အားကွာဟမှုက ကျားသစ်ကြီးကို လွင့်ထွက်သွားစေပြီး ဝက်ဝံကြီးမှာ ယန်ပိုင်ကိုမြင်လျင် မှင်သက်သွားသည်။ ထို့နောက် အမှတ်တမဲ့ဖြင့် တီးတိုးရေရွတ်မိသည်။
“သားလေးလား..”
ထိုအသံက တိုးညှင်းသော်လည်း ယန်ပိုင်ကမူ ပီသစွာကြားလိုက်ရပြီး ၎င်း၏မိဘများ ဖြစ်သည်ကို လက်ခံလိုကိတော့သည်။ သူက မမှတ်မိသော်လည်း မိဘများကတော့ မိမိရဲ့သားသမီးများကို သေသည်အထိ မေ့မည်မဟုတ်ချေ။
ယန်ပိုင် ပေါက်ကွဲထွက်သွားသည်။ သူသာအနည်းငယ်နောက်ကျပါက မိဘများသာမက အခြားမျိုးနွယ်တူများလည်း သေကြေနိုင်ပြီး ထိုအဖြစ်ပျက်ကို စတင်ခဲ့သည့် ကျားသစ်များ ဝံပုလွေများကို အလွတ်မပေးရန် ဆုံးဖြတ်လိုက်သည်။
“သေလိုက်ကြတော့”
ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးနဲ့မလိုက် လျင်မြန်စွာ လှုပ်ရှားသွားပြီး တိုက်ပွဲအတွင်းမည်သည့် ရန်သူမှ ယန်ပိုင်ရဲ့လက်ရှိခွန်အားကို မယှဥ်နိုင်ချေ။ ထို့ကြောင့် ယန်ပိုင်ပြုသမျှ နုရတော့သည်။
“မင်း…ရှေးဦးဝက်ဝံ ဘယ်တုန်းကသူတော်စင်သားရဲ ရှိသွားတာလဲ”
ကျားသစ်ကြီးက နောက်ဆုံးအချိန်ထိရုန်းကန်သွားပြီး ထိတ်လန့်နေသည့် စကားသံက အခြားအကောင်များကိုပါ ခြောက်ခြားသွားစေသည်။
“သူတော်စင်အဆင့်သားရဲလား”
“မဟုတ်ဘူး ပြေးကြတော့ မြန်မြန်ပြေးကြ”
တိုက်ပွဲရေချိန်က လျှပ်တပြက် ပြောင်းလဲသွားပြီး ယန်ပိုင်ရောက်ရှိလာမှုက အဖြေတခုဖြစ်သွားစေသည်။ ယန်ပိုင်က ထိုအကောင်များကို လွှတ်ပေးရန် စိတ်ကူးမရှိပေ။
“ပြေးကြတော့မလို့လား”
နောက်ထပ်တိုက်ခိုက်ချက်များက ဆက်တိုက်ကျရောက်လာပြီး ယန်ပိုင်က ခွန်အားသီးသန့်ကိုသာ အသုံးပြုထားခဲ့သည်။ ထိုမျှကပင် တိုက်ပွဲကို အဆုံးသတ်ရန် လုံလောက်ခဲ့သည်။
ကြီးမားတဲ့လက်အစုံက ကျားသစ်တစ်ကောင်ရဲ့ခေါင်းကို ရိုက်ချေလိုက်ပြီး နောက်ထပ်အကောင်များကိုတော့ တိုက်ရိုက်ပင် ချေမွ ဖျက်စီးပစ်လိုက်သည်။ ပြင်းထန်တဲ့ ခြေကန်ချက်များ လက်ရိုက်ချက်များက အရိုးအသား တစစီထိ ဖြစ်သွားစေပြီး ဝက်ဝံမျိုးနွယ်ဝင်များမှာ တုန်လှုပ်နေကြလေသည်။
ထူးခြားသည့် ရွှေရောင်အမွှေးပိုင်ဆိုင်ထားတဲ့ ဝက်ဝံကြီးကတော့ မိန်းမဖြစ်သူဝက်ဝံမကြီးဆီ တိုးကပ်သွားကာ ထိန်းမပေးရင်း ယန်ပိုင့်ကို ချစ်ခင်ကြင်နာသည့် မျက်လုံးအစုံဖြင့် ကြည့်နေလေသည်။ ဝက်ဝံမကြီးမှာလည်း ထို့အတူပင်။ အခြားဝက်ဝံကြီးများကလည်း ဆိုင်ရာမိန်းမများကို ကယ်မပေးထားကြပြီး ဝက်ဝံပေါက်များကတော့ အချင်းချင်းကုသပေးရန် ကြိုးစားနေကြလေသည်။
……………………………………………….