← Chapters

မိဘနှစ်ပါးရဲ့ အစီစဥ်

Vol. 15 Ch. 145

မိဘနှစ်ပါးရဲ့ အစီစဥ်

Vol. 15 Ch. 145

ယန်ပိုင်ကြောင့် ရန်သူတောကောင်များမှာ လျင်မြန်စွာသေဆုံးသွားကြပြီး အနည်းငယ်သာ လွတ်မြောက်သွားခဲ့ကြသည်။

လွတ်မြောက်သွားသည့် အကောင်များမှာလည်း သေလောက်သည့် ဒဏ်ရာများနဲ့ဖြစ်ကာ ကိုယ်လွတ်ရုန်း၍ ထွက်ပြေးခြင်းကြောင့် လွတ်မြောက်သွားခြင်း ဖြစ်သည်။

ယန်ပိုင်က နောက်ဆုံးအနေနဲ့ ဝံပုလွေတကောင်ရဲ့ ကျောရိုးအား ဆွဲထုတ်ပစ်လိုက်သည်။ တစ်မီတာကျော်ရှည်သည့် ဝံပုလွေကြီးမှာ သွေးများဖုံးလွှမ်းသွားပြီး နောက်ဆုံးအော်သံတချက်ပင် မပြုလုပ်နိုင်လိုက်ပေ။

ယန်ပိုင်က ထွက်ပြေးသွားသည့် အကောင်များကိုတော့ လိုက်ရန်စိတ်ကူးမရှိတော့။ သူ့စိတ်ထဲရှုပ်ထွေးနေသည့် ခံစားချက်များသာ ကြီးစိုးနေလေသည်။

“သား အမေ့ဆီလာပါဦး”

နူးညံ့သည့်စကားသံတခုက ယန်ပိုင့်ကိုသတိဝင်သွားစေသည်။ ထိုအသံက သူသိတက်စအရွယ်မှစ ယခုထိ ပထမဆုံးကြားရသည့် အသံတစ်ခုဖြစ်သည်။

ဝက်ဝံမကြီးက ဒဏ်ရာကိုထိန်းချုပ်ရင်း ယန်ပိုင့်ဆီ တိုးကပ်လာပြီး သူမအနားရောက်လာချိန်မှာတော့ ယန်ပိုင်ရဲ့ခန္ဓာကိုယ်က တဖြေးဖြေးသေးငယ်သွားကာ နူးညံ့ပြီးချစ်စဖွယ်အသွင်ရှိသည့် ဝက်ဝံပေါက်လေးတကောင်နှယ် ပြောင်းလဲသွားသည်။

“ငါ့သား အမေတို့ကိုခွင့်လွတ်ပါ”

ယန်ပိုင်ရဲ့အကြည့်က ဝက်ဝံမကြီးဆီကို စူးစိုက်ကြည့်နေပြီး ဝက်ဝံမကြီးကတော့ သိတတ်စွာပင် ယန်ပိုင်ကိုပွေ့ဖက်လိုက်သည်။ ဒဏ်ရာကြောင့် နာကျင်သွားဟန်တူသည်။ အနည်းငယ်ပင် တွန့်ခနဲ ဖြစ်သွားသေးသည်။

ထိုအချိန် အခြားဝက်ဝံများကလည်း ယန်ပိုင်ကို ဝိုင်းကြည့်နေကြပြီး ထိုအကြည့်ထဲ၌ အားကျလေးစားသည့် စိတ်များပါဝင်ကာ ယန်ပိုင်က အလွန်ငယ်ရွယ်သည့် အရွယ်မှာပင် သားရဲများ၏ အမြင့်ဆုံးအဆုံးကို ရောက်ရှိသွားနေပြီ မဟုတ်လော။

“ရှင်မ ဒဏ်ရာကိုဂရုစိုက်ဦး”

ဝက်ဝံကြီးက ဇနီးဖြစ်သူကို ညင်သာစွာသတိလှမ်းပေးသည်။ သို့သော်ဝက်ဝံမကြီးက ထိုစကားသံကို ဂရုမစိုက်ပဲ ယန်ပိုင့်ကိုတင်းတင်းဖက်ကာ အကြောင်းစုံရှင်းပြနေသည်။

ယန်ပိုင်ကိုမွေးဖွားပြီး မကြာမီ မူလတောအုပ်ရဲ့ အပြောင်းလဲများကို ယန်ပိုင့်မိဘများက သတိပြုမိသွားကြသည်။ ထိုအပြောင်းလဲက တောကောင်များစွာကို ထူးခြားသည့်စွမ်းအင်တမျိုး စိမ့်ဝင်သွားကြပြီး တောကောင်များစွာက ယခင်ကထက်ပို သန်မာလာကြသည်။ ထိုစွမ်းအင်မှာ နတ်ဆိုးစွမ်းအင်ဖြစ်သည်။

နတ်ဆိုးစွမ်းအင်ကြောင့် မူလတောအုပ်ကြီး ရုတ်ချည်းကြမ်းတမ်းသွားသည်ကို ခံစားမိနေသည့် မိဘများက ယန်ပိုင့်ကိုအလွန်ဝေးကွာသည့် သားရဲဝိဉာဥ်တောအုပ်ငယ်ထံ ပို့ဆောင်လိုက်ကြသည်။

သူတို့အတွေးများက မှန်သည်ဟု ဆိုနိုင်သည်။ သိပ်မကြာခင်မှာပဲ တောကောင်များကြား တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပေါ်လာပြီး မျောက်ဝံမျိုးနွယ်စုမှာ မျိုးတုန်းသတ်ဖြတ် ခံလိုက်ရသည်။ ထို့အပြင် ထိုတောကောင်များက လူသားများနေထိုင်သည့် နေရာများကိုပင် စီးဝင်တိုက်ခိုက်ကြကာ မူလတည်းက တိုက်ခိုက်မှုကို အလေးမသာသည့် ဝက်ဝံမျိုးနွယ်များက ငြင်းဆန်ခဲ့ကြသည်။

ထို့ကြောင့် ကျားသစ်မျိုးနွယ် ဝံပုလွေမျိုးနွယ်များ၏ ရန်ငြိုးထားခံခဲ့ရပြီး ဝက်ဝံမျိုးနွယ်များမှာလည်း မတတ်သာသည့်အဆုံး မျိုးနွယ်စုသုံးခုကို စုစည်းစေကာ နေရာအနှံ့ထွက်ပြေးတိမ်းရှောင် ရတော့သည်။

ယန်ပိုင်လည်း မိခင်ဖြစ်သူ၏ ရှင်းပြမှုကို အလေးနက်နားထောင်နေခဲ့ပြီး အဆုံးမှာတော့ မူလတည်းက အပြစ်တင်လိုစိတ်မရှိတဲ့အတွက် အဖြစ်မှန်များက ယန်ပိုင့်ကိုနူးညံ့သွားစေသည်။ ယန်ပိုင်က မိခင်ဖြစ်သူကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။

သားဖြစ်သူ၏ပြောင်းလဲမှုကို သတိပြုမိသည့် ဝက်ဝံမကြီးမှာ ကျေနပ်သွားခဲ့ပြီး သူမစိတ်ထဲ ယန်ပိုင်အငြိုးထားမည်ကို စိုးရိမ်နေခဲ့သည် မဟုတ်လား။

“အားလုံးပဲ ဆုံရပ်ကိုပြန်ကြမယ် ဆုံရပ်ရောက်မှ ဒဏ်ရာတွေ ဆက်ကုသကြတော့”

တိုက်ပွဲကြောင့် သေကြေပျက်စီးမှုများရှိသော်လည်း ထိုအရာက သားရဲလောကဖြစ်သည်။ စိတ်မကောင်းရုံကလွဲ တတ်နိုင်သည့်အရာ မရှိကြချေ။

ယန်ပိုင် ဖခင်ဖြစ်သူကိုလည်း နွေးထွေးစွာပွေ့ဖက်လိုက်ပြီး မိသားစုသုံးဦးမှာ ရှေးဦးဝက်ဝံမျိုးနွယ်လက်ကျန်များကို ဦးဆောင်လျက် ဆုံရပ်သို့ဆုတ်ခွာသွားတော့သည်။ လမ်း၌ ယန်ပိုင်က သူ့ဘဝအကြောင်း ပြောပြနေခဲ့ပြီး ခရီးမထွက်ခင် ယန်ချန်ပေးလိုက်သည့် ဆေးဝါးများစွာကိုလည်း မျှဝေပေးလိုက်သည်။

အတိကျပင် ဆေးဝါးများ၏အစွမ်းက ကြောက်ခမန်းလိလိဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရထားသူများကိုပင် လှုပ်ရှားသွားစေနိုင်သည်။ ယန်ပိုင်ရဲ့ဖြတ်သန်းမှုက သိပ်မထူးခြားသော်လည်း ယန်ပိုင့်ရဲ့သခင်ကမူ ယန်ပိုင်ကိုဒီအဆင့်ထိ အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်မှုက ထူးခြားနေသည်။

“သခင်က သေမျိုးဘဝထဲ နစ်ဝင်နေတာပဲ သူ့ကိုယ်သူ အဆုံးမဲ့ကျင့်ကြံသူဖြစ်မှန်း မသိသလိုနေထိုင်တယ် သူဖန်တီးတဲ့အရာတွေက ကျတော်တို့စဥ်းစားနိုင်တာထက် အမြဲကျော်လွန်နေတယ်”

ဝက်ဝံမကြီးမှာ ယန်ပိုင်ပေးသည့်ဆေးအနည်းငယ်ကို သောက်ပြီးနောက် ဒဏ်ရာကသိသာစွာ သက်သာလာခဲ့ပြီး သခင်ဖြစ်သူရဲ့ထူးခြားမှုကို သိရချိန်မှာတော့ အချိန်အတော်ကြာ မှင်သက်သွားကြသည်။

မူလတောအုပ်ကို ထိန်းချုပ်ရန်ကြိုးစားခဲ့သည့် နတ်ဆိုးကောင်မှာ အစွမ်းထက်သော်လည်း ယန်ပိုင့်ကိုတောင် နိုင်မည်မထင်။ ယန်ပိုင်ရဲ့သခင်ဆိုလျင် ထည့်ပြောရန်ပင် မတန်တော့။

“ငါ့သား မင်းအရမ်းကံကောင်းတယ်”

“ဟုတ်တယ်အဖေ ကျတော်တကယ်ကံကောင်းခဲ့တယ် သခင်နဲ့သာမတွေ့ခဲ့ရင် ကျတော်အခုထိ ကျောက်လှိုဏ်ဂူထဲမှာပဲရှိနေဦးမှာ ပြီးတော့ အဖေတို့နဲ့လည်း နောက်တကြိမ်ထပ်ဆုံမှာ မဟုတ်တော့ဘူး”

မကြာမီ ဝက်ဝံမျိုးနွယ်များနေထိုင်သည့် ဆုံရပ်နေရာကိုရောက်ရှိလာကြပြီး အကုန်လုံးက ဒဏ်ရာအရှင်းပျောက်ရန်အတွက် ဆေးဝါးများခွဲဝေယူဆောင်ကာ အသီးသီးထွက်ခွာသွားတော့သည်။ ယန်ပိုင်ကမူ မိခင်ဖြစ်သူကို ကူညီပေးနေခဲ့ပြီး မိခင်ဖြစ်သူရဲ့ဒဏ်ရာမှာ အရှင်းပျောက်ရန်အတွက် ရက်အနည်းငယ် အနားယူရန်လိုအပ်နေသည်။

ထာဝရကျေးရွာမှာတော့ ယန်ချန်တယောက် ပန်းချီကားကို အဆုံးသတ်ပြီးနောက် ရုတ်ချည်း ယန်ပိုင်ကိုသတိရသွားသည်။ ထိုဝက်ဝံလေး ခရီးထွက်သွားသည်မှာ ရက်အတော်ကြာမြင့်နေပြီး ယခုထိပြန်မလာသေးချေ။

ဆင့်ကဲပြောင်းလဲထားမှုကြောင့် ယန်ပိုင့်အတွက် သာမန်တောကောင်များမှာ အန္တရာယ်မပေးနိုင်သော်လည်း ယန်ချန်ကတော့ အနည်းငယ်စိုးရိမ်နေသေးသည်။

“ဒီကောင်ကတော့ အိမ်ပြန်လာရကောင်းမှန်းမသိဘူး လမ်းများပျောက်နေတာလား”

ထိုအရာက မဖြစ်နိုင်ဟုတွေးကာ ခေါင်းယမ်းလိုက်သည်။ ပန်းချီကားတခု လက်စသပ်ပြီးနောက် အနည်းငယ်အနားရသွားသည့်စိတ်က ယန်ပိုင်ကြောင့် ရှုပ်ထွေးသွားသည်။ သို့သော် ခဏတာပင်။

ယင်ယင်၏ချစ်စဖွယ်အသံလေးက ယန်ချန့်ဆီ တိုးဝင်လာပြီး မကြာမီသေးငယ်တဲ့လက်အစုံက ယန်ချန့်ရဲ့လည်ပင်းကို ပွေ့ဖက်လာသည်။

“ဦးဦးရေ ဦးဦးပြောတဲ့ ဂျုံပင်တွေရပြီတဲ့ သမီးအတွက် မုန့်ချိုတွေ လုပ်ပေးတော့နော်”

“ဟုတ်လား.. လုပ်ပေးရမှာပေါ့”

ယန်ချန်ရဲ့စိတ်က တက်ကြွသွားသည်။ မကြာခင်ကာလက ဂျုံပင်များစိုက်ပျိုးခဲ့ပြီး ထိုဂျုံပင်မှ ဂျုံနဲ့ပြုလုပ်သည့် အစားအစာအသစ်ဆန်းများ ယင်ယင်အတွက် ပြုလုပ်ပေးမည်ဟု ကတိပေးထားခဲ့သည် မဟုတ်လား။ ယခု အချိန်ကျလာလေပြီ။

……………………………………………….

All Chapters