အခန်း (၄၁၇-၄၁၈)
Vol. 21 Ch. 417-418
အပိုင်း (၄၁၇)လေးဖက်မြင် ကိုယ်ပွားပြုလုပ်ခြင်း
"အဆင့်မြင့်လူသား" အများအပြားသည် လူသိမထင်ရှားဘဲ ငြိမ်သက်နေရခြင်းမှာ ၎င်းတို့၏ အစွမ်းမကောင်း၍ မဟုတ်ပေ။ အချို့သော အစွမ်းများသည် အစပိုင်းတွင် အလွန်အားနည်းပြီး လေ့ကျင့်မှု အားနည်းသောကြောင့် ဖြစ်သလို၊ အများစုမှာမူ ကံမကောင်းစွာဖြင့် လမ်းခုလတ်တွင် သေဆုံးသွားကြသောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် လော်ယွမ် အထူးအာရုံစိုက်နေသော မွေးမြူရေးကန် အုပ်စုတစ်ခုတွင် ရှိသော သန္ဓေသားလောင်းများကို လော်ယွမ်သည် ထူးခြားသော မျိုးဗီဇတစ်ခု ထည့်သွင်းပေးထားသည်။ ထိုမျိုးဗီဇသည် "သန့်စင်ရေးစီမံကိန်း" ကာလအတွင်း ကံဆိုးစွာ သေဆုံးသွားခဲ့သော အဆင့်မြင့်လူသား တစ်ဦးထံမှ ရရှိခြင်းဖြစ်သည်။
အကယ်၍ ထိုသူသာ ယခုအချိန်ထိ အသက်ရှင်နေမည်ဆိုပါက သူ၏ စွမ်းအား တိုးတက်မလာလျှင်တောင် "စူပါအဆင့်မြင့်လူသား" တစ်ဦး ဖြစ်နေပေလိမ့်မည်။
မှတ်တမ်းများအရ ထိုသူသည် လူ့လောကသို့ ဆင်းသက်လာသော "ဟာကျူလီ" နတ်ဘုရားကဲ့သို့ အလွန်အမင်း ခွန်အားကြီးမားသည်။ သူသည် တန် (၄၀-၅၀) လေးသော တင့်ကားတစ်စီးကို မချီကာ လွှတ်ပေါက်နိုင်သလို၊ မီတာ ရာချီအထိလည်း အသာလေး ခုန်တက်နိုင်သည်။
အကယ်၍ မှတ်တမ်းတွေသာ တိကျပါက ဤခွန်အားမျိုးမှာ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ဖြစ်သည်။ လော်ယွမ်၏ ခွန်အား (၁၇) မှတ်သည်ပင် တန်ချိန် (၁) တန်ကျော်ကိုသာ မနိုင်သည်။ လူသားကဲ့သို့ အလတ်စား နို့တိုက်သတ္တဝါတစ်မျိုးက မိမိကိုယ်အလေးချိန်၏ အဆပေါင်း နှစ်ရာ၊ သုံးရာကို မနိုင်ခြင်းမှာ သဘာဝလောကတွင် ပိုးမွှားအချို့သာ လုပ်ဆောင်နိုင်သည်။
သူ သေဆုံးရသည့် အကြောင်းအရင်းကိုတော့ မှတ်တမ်းတင်ထားခြင်း မရှိပေ။ သို့သော် မှတ်တမ်းပါ အချက်အလက်အချို့အရ စစ်တပ်အနေဖြင့် သူ့ကို သတ်ဖြတ်ရန် အဖိုးအခ အမြောက်အမြား ပေးခဲ့ရပုံရသည်။
လူသေသွားသော်လည်း သူ၏ ရုပ်အလောင်းကိုတော့ ထိန်းသိမ်းထားနိုင်ခဲ့သည်။
သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ သာမန်လူနှင့် အတူတူပင်။ ကြွက်သားများမှာ သိပ်သည်းကျစ်လျစ်သော်လည်း သာမန်လူထက် ပိုမိုထွားကျိုင်းနေခြင်း မရှိပေ။ သူ၏ ထူးခြားချက်မှာ ဆဲလ်များ၊ တိတိကျကျ ပြောရလျှင် ဆဲလ်အတွင်းရှိ "မိုက်တိုကွန်ဒရီးယား" များတွင် ရှိသည်။
လော်ယွမ် ရှာဖွေတွေ့ရှိသည်မှာ သူ၏ မိုက်တိုကွန်ဒရီးယားများသည် သာမန်ဇီဝရုပ်များ၏ နယ်ပယ်မှ လုံးဝ သွေဖည်နေခြင်း ဖြစ်သည်။ အတွင်းပိုင်း တည်ဆောက်ပုံ ရှုပ်ထွေးရုံသာမက လျှို့ဝှက်ဆန်းပြားသော အင်ဇိုင်း မျိုးစုံ ပါဝင်နေသဖြင့် သူသည် "အပူဓာတ်မရှိသော အနုမြူပေါင်းစပ်ခြင်း" ကိုပင် လုပ်ဆောင်နိုင်သည်။
ရေမော်လီကျူးများသည် သူ၏ ဆဲလ်မိုက်တိုကွန်ဒရီးယားအတွင်းသို့ ဝင်ရောက်သွားသောအခါ အိုင်ယွန် အဖြစ် ပြိုကွဲသွားသည်။ ဟိုက်ဒရိုဂျင်အက်တမ် အနည်းငယ်သည် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ဆာလဖာ ကဲ့သို့သော ဒြပ်စင်များအဖြစ် ပေါင်းစပ် သွားကြသည်။
ထိုဒြပ်စင်များသည် ကျန်ရှိနေသော အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်တို့နှင့်အတူ ခန္ဓာကိုယ်အတွက် လိုအပ်သော အမိုင်နိုအက်စစ်အမျိုးမျိုးအဖြစ် ပြောင်းလဲသွားပြီး၊ ပေါင်းစပ်ဓာတ်ပြုခြင်းမှ ထွက်ပေါ်လာသော စွမ်းအင်များက ခန္ဓာကိုယ်၏ နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။
ဤပေါင်းစပ်ဓာတ်ပြုမှုသည် အလွန်နှေးကွေးပြီး မိုက်တိုကွန်ဒရီးယား တစ်ခုချင်းစီတွင် တစ်စက္ကန့်လျှင် ဟိုက်ဒရိုဂျင် အက်တမ် တစ်လုံး၊ နှစ်လုံးခန့်သာ ပြောင်းလဲခြင်း ဖြစ်သော်လည်း၊ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်ပေါင်း (၅၀) ထရီလီယံကို တွက်ချက်လိုက်လျှင် ပေါင်းစပ်သွားသော ဟိုက်ဒရိုဂျင်မှာ တစ်ဂရမ်၏ သောင်းပုံတစ်ပုံခန့် ရှိသည်။
သို့သော်လည်း အနုမြူ ပေါင်းစပ်ခြင်း ဆိုသည်မှာ ပေါင်းစပ်ခြင်း ပင် ဖြစ်သည်။ သာမန်ဇီဝရုပ်များ၏ ဇီဝဓာတု ဓာတ်ပြုမှုမှ ထွက်ပေါ်လာသော စွမ်းအင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ ထို့အပြင် ဤ အေးခဲပေါင်းစပ်ခြင်း သည် ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲမှုထက် ပိုမို နက်ရှိုင်းပြီး ပိုမို ထိရောက်သည်။
ဟိုက်ဒရိုဂျင် တစ်ဂရမ်၏ သောင်းပုံတစ်ပုံမှ ထွက်ပေါ်လာသော စွမ်းအင်သည် စံနှုန်းမီ ကျောက်မီးသွေး တန်ပေါင်းများစွာ၏ လောင်ကျွမ်းမှုနှင့် ညီမျှသည်။ ၎င်းသည် သာမန်လူတစ်ယောက်၏ စွမ်းအင်လိုအပ်ချက်ထက် အဆပေါင်း ခုနစ်ထောင်၊ ရှစ်ထောင်ခန့် ပိုများပြီး လော်ယွမ်၏ စွမ်းအင်ထက်ပင် အဆပေါင်း နှစ်ဆယ်၊ သုံးဆယ်ခန့် ပိုများသည်။
တစ်ချိန်တည်းမှာပင် ဤကဲ့သို့သော မိုက်တိုကွန်ဒရီးယားများ ရှိနေခြင်းမှာ သူ၏ အစားအစာ လိုအပ်ချက်မှာ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခြင်းကို ဆိုလိုသည်။ ရေနှင့် သာမန်ဒြပ်စင် အချို့ကို ဖြည့်တင်းပေးရုံဖြင့် ရှင်သန်ရန် လုံလောက်ပြီး အသက်ရှူရန်ပင် မလိုအပ်တော့ပေ။
ဤသည်မှာ မွေးရာပါ "အာကာသ သက်ရှိအင်္ဂါ" ပင် ဖြစ်သည်။ လော်ယွမ် ဤဆဲလ်ကို ပထမဆုံး မြင်တွေ့ရချိန်တွင် အံ့ဩဝမ်းသာမှု အကြီးအကျယ် ခံစားခဲ့ရသည်။ အကယ်၍ သူ၏ ခန္ဓာကိုယ်ထဲတွင် ဤကဲ့သို့သော မိုက်တိုကွန်ဒရီးယားများ ရှိလာခဲ့လျှင် သူ၏ စွမ်းအားသည် ဂျီဩမေတြီ ကိန်းဂဏန်းအလိုက် တိုးတက်သွားမည် ဖြစ်သည်။ ခွန်အားနှင့် ခံနိုင်ရည် တစ်မျိုးတည်းမှာပင် အဆပေါင်း ဆယ်ဂဏန်းမက တိုးတက်သွားနိုင်သည်။
ထိုစဉ်တွင် ပရော်ဖက်ဆာကွမ်းသည် လက်ထောက်အချို့နှင့်အတူ အပြေးအလွှား ရောက်ရှိလာသည်။
"ဆရာယွမ်... သတင်းဆိုး... အေဝမ်း အုပ်စုကနေ အေတစ်သောင်း အုပ်စုအထိ ရှိတဲ့ မမျိုးဥဆဲလ်တွေ အကုန် သေဆုံးသွားပါပြီ" သူသည် လော်ယွမ်၏ ရှေ့သို့ အမောတကော ပြေးလာရင်း ပြောလိုက်သည်။ ဤအာဟာရကန်များသည် လော်ယွမ် အထူးအလေးထားသောအရာများ ဖြစ်ကြောင်း သူသိသော်လည်း တစ်ခုမှ ရှင်သန်ခြင်း မရှိသည်မှာ မထင်မှတ်ထားစရာပင်။
"ဘယ်လို ဖြစ်တာလဲ... ဒီသန္ဓေသားတွေက ဆဲလ်ကွဲပွားတဲ့ ဖြစ်စဉ်တောင် မစရသေးဘူးမလား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" လော်ယွမ်က တည်ကြည်သောအသံဖြင့် မေးလိုက်သည်။ ဤအခြေအနေမျိုးမှာ တစ်ခါမှ မကြုံဖူးပေ။
ယေဘုယျအားဖြင့် အသက်ဝင်နေသေးသော သန္ဓေသားလောင်း ဖြစ်ပါက ဆဲလ်လုံးဝ မကွဲပွားနိုင်ခြင်းမျိုး မရှိနိုင်ပေ။ အရင်က စမ်းသပ်မှုများတွင် မျိုးဗီဇကို မည်သို့ပင် ပြုပြင်ပြောင်းလဲပါစေ ပထမအကြိမ် ဆဲလ်ကွဲပွားမှုမှာ ပုံမှန်အတိုင်း ဖြစ်ပေါ်လေ့ရှိသည်။ သန္ဓေသား သေဆုံးခြင်းမှာ များသောအားဖြင့် သန္ဓေသား ရုပ်လုံးပေါ်ခါနီး အဆင့်တွင်သာ ဖြစ်ပေါ်လေ့ရှိသည်။
သူသည် လက်ထောက်များ၏ အမှားကြောင့်ဟု မသံသယဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလွန်းသောကြောင့် ဖြစ်သည်။
ဓာတ်ခွဲခန်း၏ ပုံတူကိုယ်ပွားပြုလုပ်သည့် အကြိမ်ရေမှာလည်း နည်းပါးတော့သည်မဟုတ်။ ယခုအခါ ပုံတူကိုယ်ပွားနည်းပညာသည် အလွန်ရင့်ကျက်နေပြီဖြစ်ပြီး အဆင့်တိုင်းကို လက်စွဲစာအုပ်အဖြစ် ပြုစုထားကာ စက်ရုံထုတ် ကုန်ပစ္စည်းများကဲ့သို့ စနစ်တကျ လုပ်ဆောင်နေခြင်း ဖြစ်သည်။
သာမန်အလုပ်သမားတစ်ယောက်ပင် သင်တန်းတက်ပြီးလျှင် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရာ၊ ပညာတတ်ပြီး အတွေ့အကြုံရှိသော လက်ထောက်များမှာ ပြောနေစရာပင် မလိုပေ။
"လုပ်ဆောင်ချက် မှတ်တမ်းတွေအရ မမျိုးဥဆဲလ် ပြောင်းလဲထည့်သွင်းမှုတွေမှာ အသက်ဝင်နေဆဲ ဖြစ်သလို... အာဟာရရည် ပါဝင်မှုတွေလည်း ပုံမှန်ပဲ... ဟော်မုန်းတွေကိုလည်း သတ်မှတ်ချက်အတိုင်း ထည့်သွင်းထားပေမဲ့ ဆဲလ်ကွဲပွားမှုက လုံးဝ ဖြစ်မလာဘူး" ပရော်ဖက်ဆာကွမ်းက လမ်းလျှောက်ရင်း ရှင်းပြသည်။
"ခင်ဗျားရဲ့ အမြင်ကရော" လော်ယွမ်က မေးလိုက်သည်။
"တခြား ဖြစ်နိုင်ခြေအားလုံးကို ဖယ်ထုတ်လိုက်ရင်တော့... ဒီ ခရိုမိုဆုန်း ကိုယ်တိုင်မှာ ပြဿနာရှိနေလို့ ဆဲလ်မကွဲနိုင်တာလို့ ကျွန်တော် သံသယရှိတယ်" ပရော်ဖက်ဆာကွမ်းက လော်ယွမ်ကို တစ်ချက်ကြည့်ပြီး ဝေခွဲမရစွာ ပြောလိုက်သည်။
ဤနေရာရှိ သန္ဓေသားလောင်း အားလုံး၏ မျိုးဗီဇကို လော်ယွမ် ကိုယ်တိုင် ပြုပြင်ထားခြင်း ဖြစ်သည်။ လုပ်ဆောင်ချက်တွင် အမှားမရှိပါက မျိုးဗီဇ ပြုပြင်မှုတွင်သာ အမှားရှိနေပေလိမ့်မည်။
လော်ယွမ်၏ ကြီးမားလှသော မျိုးဗီဇစီမံကိန်းကြောင့် ပြန်လည်ထူထောင်ရေးဇုန်၏ မျိုးဗီဇဆိုင်ရာ သိမြင်မှုမှာ အလွန်တိုးတက်လာခဲ့သော်လည်း၊ မျိုးဗီဇ ပြုပြင်ပြောင်းလဲသည့် နည်းလမ်းများမှာမူ မူလနေရာမှာပင် ရပ်တန့်နေဆဲ ဖြစ်သည်။ ရတနာတောင်ထဲ ရောက်နေသော်လည်း တူးဖော်ရန် ကိရိယာမရှိသကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့အနေဖြင့် စောင့်ကြည့်နိုင်ပြီး မည်သို့ ပြုပြင်ရမည်ကို သိသော်လည်း လော်ယွမ်ကဲ့သို့ တိုက်ရိုက် မျိုးဗီဇ ပြုပြင်ခြင်းကိုမူ မလုပ်ဆောင်နိုင်ကြပေ။
ပရော်ဖက်ဆာကွမ်း၏ ပွင့်လင်းစွာ ပြောဆိုမှုကို လော်ယွမ် ဂရုမစိုက်ပေ။ သူ ခြေလှမ်းတန့်ကာ စဉ်းစားလိုက်ပြီးနောက် ရှေ့သို့ ဆက်လျှောက်သွားသည်။ "အရင်ဆုံး သွားကြည့်ကြတာပေါ့"
အုပ်စုတစ်ခုစီတွင် မွေးမြူရေးကန် (၁၀) ခုရှိရာ၊ အေဝမ်း မှ အေတစ်သောင်း အထိ အကုန်သေဆုံးခြင်းမှာ သန္ဓေသားလောင်း တစ်သိန်းလုံး၏ မျိုးဗီဇ ပြုပြင်မှုမှာ လုံးဝ ကျရှုံးသွားခြင်းကို ဆိုလိုသည်။
မမျိုးဥဆဲလ်သည် လူ့ခန္ဓာကိုယ်တွင် အကြီးဆုံး ဆဲလ်ဖြစ်သည်။ ထိုမမျိုးဥဆဲလ်မှ နျူကလီးယပ်စ်ကို ဖယ်ထုတ်ပြီး လက်ခံဆဲလ်ကို ပြောင်းလဲထည့်သွင်းခြင်းမှာ အသုံးအများဆုံး ပုံတူကိုယ်ပွားနည်းလမ်း ဖြစ်သည်။
သို့သော် လူ့ခန္ဓာကိုယ်၏ အကြီးဆုံးဆဲလ် ဖြစ်သော်လည်း ၎င်းသည် (ဝ.၁) မီလီမီတာသာ ရှိပြီး ဆံချည်မျှင်တစ်မျှင်စာခန့်သာ ရှိသည်။ အာဟာရရည်ထဲတွင် မျောနေသည်ကို သာမန်လူများအနေဖြင့် ကိရိယာမပါဘဲ မမြင်နိုင်သော်လည်း လော်ယွမ်ကတော့ မြင်နိုင်သည်။
သူ သေချာကြည့်လိုက်ရာ ဆဲလ်မှာ ပျက်စီးပြီး ရှုံ့တွနေကာ အတွင်းရှိ ဆဲလ်ရည်များ အမြောက်အမြား စီးထွက်နေသည်ကို တွေ့ရသည်။ ၎င်းမှာ လုံးဝ သေဆုံးသွားပြီ ဖြစ်ကြောင်း ထင်ရှားသဖြင့် ကျန်ရှိသည့် အရာများကို ကြည့်ရန် မလိုတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤဧရိယာရှိ သန္ဓေသားလောင်း အားလုံး သေဆုံးသွားပြီ ဖြစ်ကြောင်း သူ အာရုံခံမိသောကြောင့် ဖြစ်သည်။
ဤနေရာရှိ ဆဲလ်တိုင်းတွင် လော်ယွမ်၏ ကိုယ်ပိုင် စိတ်စွမ်းအား အမှတ်အသားများ ပါဝင်နေပြီး သူနှင့် ဆက်နွှယ်နေသည်။ ခန္ဓာကိုယ်မှ ခွဲထုတ်ထားသော်လည်း ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ပင်။ ယခုအခါ ဤဧရိယာမှ ဆက်နွှယ်မှုအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ဒီနေရာကလွဲရင် တခြား သန္ဓေသားတွေရဲ့ အခြေအနေကရော" လော်ယွမ်သည် စိတ်စွမ်းအားဖြင့် တိုက်ရိုက်မစစ်ဆေးသေးဘဲ ပရော်ဖက်ဆာကွမ်းကို လှည့်မေးလိုက်သည်။
"ဘာပြဿနာမှ မရှိပါဘူး... အမြန်ဆုံး ဖွံ့ဖြိုးနေတဲ့ အုပ်စုက ဆဲလ်ကွဲပွားမှု (၁၀) ကြိမ်မြောက်အထိ ရောက်နေပြီ... အနှေးဆုံးကလည်း ပထမအကြိမ် ဆဲလ်ကွဲပွားမှု စတင်နေပြီ"
လော်ယွမ်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိလာသည်။
အေဝမ်း မှ အေတစ်သောင်း အုပ်စုများတွင် အချို့သော သန္ဓေသားလောင်းများကို သန္ဓေပြောင်းမျိုးဗီဇ တစ်မျိုး၊ အချို့ကို နှစ်မျိုး၊ သုံးမျိုး စသည်ဖြင့် ပြုပြင်ထားပြီး အများဆုံးဖြစ်သော အေတစ်သောင်း တွင် (၁၂) မျိုးအထိ ပြုပြင်ထားသည်။ သို့သော် မျိုးဗီဇ မည်မျှပင် ထည့်သွင်းထားစေကာမူ ဤဧရိယာရှိ ဘုံတူညီချက်မှာ "ရှုကျစ်ချန်" ၏ သန္ဓေပြောင်းမျိုးဗီဇကို ထည့်သွင်းထားခြင်း ဖြစ်သည်။
ရှုကျစ်ချန်သည် "လေးဖက်မြင်" သက်ရှိနှင့် အနီးစပ်ဆုံး ဖြစ်သူဖြစ်ရာ သူ၏ မျိုးဗီဇထဲတွင် လေးဖက်မြင်လောက၏ လျှို့ဝှက်ချက်များ ပါဝင်နေသည်။ အေ နှင့် စတင်သော နံပါတ်စဉ်များကို ကြည့်ခြင်းအားဖြင့် လော်ယွမ်သည် ဤမျိုးဗီဇကို မည်မျှ အလေးထားကြောင်း သိနိုင်သည်။
ကံမကောင်းစွာဖြင့် လေးဖက်မြင်၏ လျှို့ဝှက်ချက်မှာ စူးစမ်းရန် မလွယ်ကူပေ။ ရှုကျစ်ချန်၏ မျိုးဗီဇမှာ သာမန် အဆင့်မြင့်လူသားများနှင့် မည်သို့မျှ ကွဲပြားခြင်း မရှိသကဲ့သို့ ပြုပြင်ပြောင်းလဲမှုမှာလည်း အောင်မြင်ပုံရသော်လည်း၊ ရလဒ်မှာမူ လုံးဝ ခြားနားသွားသည်။
ရှုကျစ်ချန်၏ မျိုးဗီဇကို ထည့်သွင်းထားသော သန္ဓေသားလောင်း အားလုံး သေဆုံးသွားပြီး ဆဲလ်ကွဲပွားမှု မလုပ်နိုင်ကြပေ။ မျိုးဗီဇ ပြုပြင်စဉ်အတွင်း တစ်စုံတစ်ခုကို လွဲချော်သွားခဲ့သည်ဟု လော်ယွမ် ခန့်မှန်းလိုက်သည်။
"လေးဖက်မြင်လောက"
သူ့စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ ရှုကျစ်ချန်၏ မျိုးဗီဇ အစိတ်အပိုင်းတစ်ခုသည် ဤ (၃) ဖက်မြင် ဟင်းလင်းပြင်ထဲတွင် မရှိဘဲ၊ (၃) ဖက်မြင် အမြင်ဖြင့် မမြင်နိုင်ဘဲ ရှိနေခြင်းလား။
စဉ်းစားလေလေ ဖြစ်နိုင်ခြေ ပိုများလေပင်။ လေးဖက်မြင် သက်ရှိ၏ မျိုးဗီဇမှာ (၃) ဖက်မြင်နှင့် တူညီနေရန် မဖြစ်နိုင်ပေ။ ဒါသည် ဘက်စုံ "အတိုင်းအတာ မြှင့်တင်ခြင်း" ပင် ဖြစ်သည်။ ရှုကျစ်ချန်သည် စစ်မှန်သော လေးဖက်မြင် သက်ရှိ မဟုတ်သော်လည်း လော်ယွမ်ကဲ့သို့ပင် တစ်စိတ်တစ်ပိုင်း လေးဖက်မြင်အဆင့်သို့ ရောက်ရှိနေသဖြင့် မျိုးဗီဇတွင်လည်း ပြောင်းလဲမှု ရှိနေပေလိမ့်မည်။
(ရှုကျစ်ချန် ဆိုတာက လူ့ဘီလူးအသွင်ပြောင်းလို့ရတဲ့ အစွမ်းရှိတဲ့သူပါ။ သာမန်လူခန္ဓာကိုယ်က သုံးဘက်မြင်အလွှာမှာရှိနေပြီး လူ့ဘီလူးခန္ဓာကိုယ်က လေးဘက်မြင်အလွှာမှာ ရှိနေတာပါ။ သူအသွင်ပြောင်းရင် အဲ့ခန္ဓာကိုယ်နှစ်ခုကို နေရာပြောင်းလိုက်တဲ့သဘောမျိုးပဲ)
ထိုသို့ တွေးမိပြီးနောက် လော်ယွမ်က ပရော်ဖက်ဆာကွမ်းကို ပြောလိုက်သည်။ "ဒီသေသွားတဲ့ သန္ဓေသားတွေကို ရှင်းလင်းလိုက်... ပြီးတော့ အက်စ်၃၆၇၇၈ လို့ မှတ်သားထားတဲ့ ဆဲလ်တွေကို သီးသန့် ပုံတူကိုယ်ပွားလုပ်ဖို့ လူလွှတ်လိုက်... အခု (၁၀၀) လုပ်... ပြီးရင် နမူနာတစ်ခုကို ကျွန်တော့်ရုံးခန်းကို ပို့ပေး"
နံပါတ် အက်စ်၃၆၇၇၈ သည် ရှုကျစ်ချန်၏ မျိုးဗီဇဖြစ်သည်။ ထိုဆဲလ်ကို ပုံတူကိုယ်ပွား လုပ်နိုင်၊ မလုပ်နိုင် သူ သိချင်သည်။
"ဟုတ်ကဲ့ပါ" ပရော်ဖက်ဆာကွမ်းက အလျင်အမြန် ပြန်ဖြေသည်။
ပြောပြီးနောက် လော်ယွမ်သည် ရုံးခန်းသို့ အမြန်လျှောက်သွားသည်။ တံခါးပိတ်ပြီးနောက် နဖူးစည်းကို ဖြေကာ "လေးဖက်မြင် အမြင်အာရုံ" ကို စတင်လိုက်ပြီး သူ၏ စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။
လေးဖက်မြင် စိတ်စွမ်းအားဖြင့် စစ်ဆေးခြင်းက သူ့ကို အထက်စီးမှ ကြည့်မြင်နိုင်သော အမြင်ကို ရရှိစေသည်။ လေးဖက်မြင် အမြင်တွင် "အမှောင်စွမ်းအင်" များမှာ နေရာအနှံ့ ရှိနေသည်ကို လော်ယွမ် တွေ့ရှိရသည်။ ကမ္ဘာကြီးတစ်ခုလုံးမှာ ဤစွမ်းအင် သမုဒ္ဒရာထဲတွင် မျောပါနေသကဲ့သို့ ရှိပြီး သူ၏ ခန္ဓာကိုယ်ထဲတွင်ပင် အမှောင်စွမ်းအင်များ စီးဆင်းနေသည်။
(အမှောင်စွမ်းအင် ဆိုတာက သိပ္ပံပညာရှင်တွေ ရှာတွေ့ထားတဲ့ နေရာတိုင်းမှာရှိနေပြီး စကြဝဠာကြီး ပြန့်ကားဖို့ ထောက်ပံ့ပေးနေတဲ့ Dark Energy ကိုပြောတာပါ)
ဤစွမ်းအင်များသည် ထင်ယောင်ထင်မှား ဖြစ်နေသကဲ့သို့ပင်။ ၎င်းတို့သည် ခန္ဓာကိုယ်ကို လွယ်ကူစွာ ဖြတ်သန်းသွားနိုင်သော်လည်း မည်သည့် အမှတ်အသားမျှ ကျန်ရစ်ခြင်း မရှိပေ။
လော်ယွမ်က စိတ်စွမ်းအားဖြင့် အသာအယာ ထိတွေ့ကြည့်ရာ ထိုစွမ်းအင်များသည် ဝဲပျံသွားကြသည်။ ၎င်းတို့ကို စိတ်စွမ်းအားဖြင့် ထိန်းချုပ်နိုင်ပုံရသော်လည်း မည်သို့ အသုံးချရမည်ကို လော်ယွမ် မသိသေးပေ။ သူ အနည်းငယ် စမ်းသပ်ကြည့်ပြီးနောက် ဆက်မလုပ်တော့ပေ။
ဤစွမ်းအင်များသည် ငြိမ်သက်ပြီး အန္တရာယ်ကင်းပုံ ရသော်လည်း သူ့ကို ထိတ်လန့်တုန်လှုပ်စေသော ခံစားချက်ကို ပေးစွမ်းနေသည်။ အကယ်၍ မဆင်မခြင် စမ်းသပ်မိပါက မည်သို့သော ဘေးအန္တရာယ် ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ ပို၍ဆိုးသည်မှာ ယခု သူသည် ခန္ဓာကိုယ်အတွင်း၌ စမ်းသပ်နေခြင်း ဖြစ်သည်။
သူသည် အာရုံကို လွှဲလိုက်ပြီး အမှောင်စွမ်းအင်များကို ဂရုမစိုက်တော့ဘဲ ခန္ဓာကိုယ် ဆဲလ်တစ်ခုကို ရွေးချယ်လိုက်သည်။
နောက်တစ်ခဏတွင် ထိုဆဲလ်သည် သူ၏ မျက်စိရှေ့တွင် ကြီးထွားလာပြီး ဆဲလ်နျူကလီးယပ်စ်ကို ဖြတ်ကျော်ကာ ခရိုမိုဆုန်း ထဲသို့ ဝင်ရောက်သွားသည်။
ဦးနှောက်နှင့် ဆက်နွှယ်သော မျိုးဗီဇများသည် ခရိုမိုဆုန်း အတော်များများတွင် ပြန့်နှံ့နေရာ၊ လော်ယွမ် တစ်ခုချင်းစီကို လိုက်လံရှာဖွေသည်။ သို့သော် ခရိုမိုဆုန်း အားလုံးကို ရှာဖွေပြီးသည့်တိုင် သူ၏ မျိုးဗီဇ လေးဖက်မြင် ဖြစ်နေသည့် လက္ခဏာကို မတွေ့ရပေ။
လော်ယွမ် မျက်မှောင်ကြုတ်သွားပြီး စဉ်းစားမရ ဖြစ်သွားသည်။ "ငါထင်တာပဲ မှားနေတာများလား"
သူ စဉ်းစားမရ ဖြစ်နေစဉ်မှာပင် ရှုကျစ်ချန်၏ ဆဲလ်နမူနာ ရောက်ရှိလာသည်။ လက်ထောက် ဖြစ်သူက ကြောက်ရွံ့ရိုသေစွာဖြင့် ရုံးခန်းထဲမှ ထွက်ခွာသွားပြီး တံခါးကို ညင်သာစွာ ပိတ်သွားသောအခါ လော်ယွမ်သည် ဆဲလ်နမူနာကို ဖွင့်ကာ စိတ်စွမ်းအားဖြင့် ချက်ချင်း စစ်ဆေးလိုက်သည်။
သို့သော် ရှုကျစ်ချန်၏ ဆဲလ်အတွင်းရှိ အစွမ်းအရင်းအမြစ်ဖြစ်သော ခရိုမိုဆုန်းအတွဲထဲတွင် လေးဖက်မြင် ဖြစ်နေသော လက္ခဏာကို သူ အမြန် ရှာတွေ့သွားသည်။ ၎င်းမှာ လေးဖက်မြင် မျိုးဗီဇအစုနှင့် သုံးဖက်မြင် မျိုးဗီဇတို့ ဆက်သွယ်ထားပြီး "ကလိန်း ပုလင်း" တည်ဆောက်ပုံကဲ့သို့ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
(ကလိန်းပုလင်း ဆိုတာက Klein Bottle ကိုပြောတာပါ။ အဲ့ဒီပုလင်းက အတွင်းအပြင်လုံးဝမရှိပဲ ဖြစ်တည်နေတဲ့ပုလင်းပါ။ ဒါပေမဲ့ အဲ့လိုအတွင်းအပြင် လုံးဝမရှိတဲ့ တည်ဆောက်ပုံကိုတော့ လေးဘက်မြင်လောကမှာပဲ ဖြစ်နိုင်ပြီးတော့ သုံးဘက်မြင်လောကမှာတော့ တည်ဆောက်လို့မရနိုင်ပါဘူး)
သုံးဖက်မြင် အမြင်ဖြင့် ကြည့်လျှင် လေးဖက်မြင် မျိုးဗီဇအစုကို လုံးဝ မမြင်နိုင်သော်လည်း လေးဖက်မြင် အမြင်တွင်မူ ၎င်းတို့သည် တစ်သားတည်း ဖြစ်နေကြသည်။ အကယ်၍ လေးဖက်မြင် မျိုးဗီဇကို ဖယ်ထုတ်လိုက်ပါက မျိုးဗီဇအစုတစ်ခုလုံးမှာ အလုပ်မလုပ်နိုင်တော့ပေ။
လော်ယွမ်သည် စိတ်စွမ်းအား အခြေအနေမှ ပြန်ထွက်လာသည်။ ကွဲပြားခြားနားသော ရလဒ်နှစ်ခုကြောင့် သူ ဇဝေဇဝါ ဖြစ်သွားရသည်။ ရှုကျစ်ချန်၏ မျိုးဗီဇတွင် ပြဿနာမရှိဘဲ သူ ခန့်မှန်းထားသကဲ့သို့ လေးဖက်မြင် သက်ရှိ၏ လက္ခဏာများနှင့် ကိုက်ညီနေသော်လည်း၊ ပြဿနာရှိနေသည်မှာ သူ၏ မျိုးဗီဇ ဖြစ်နေသည်။
"ငါ့ရဲ့ ဦးနှောက်ဆဲလ်တွေမှာပဲ မျိုးဗီဇ ပြောင်းလဲတာ ဖြစ်ပေါ်နေပြီး တခြား အစိတ်အပိုင်းတွေမှာ မဖြစ်ပေါ်သေးတာများလား... ဒါမှမဟုတ် ငါ့ရဲ့ မျိုးဗီဇက လုံးဝ အဆင့်မတက်သေးဘဲ ဦးနှောက်ဆဲလ် တချို့ကပဲ တိုက်ဆိုင်ပြီး လေးဖက်မြင်အဆင့်ကို ရောက်သွားတာလား"
စတုတ္ထမြောက်နေ့သို့ ရောက်သောအခါ ကောင်းသည်ဟုလည်း ပြော၍မရ၊ ဆိုးသည်ဟုလည်း ပြော၍မရသော သတင်းတစ်ခု ရောက်လာသည်။ ရှုကျစ်ချန်၏ ဆဲလ်ပုံတူကိုယ်ပွား ပြုလုပ်မှုမှာ ကျရှုံးသွားခဲ့ပြီး သန္ဓေသားလောင်း အားလုံးမှာ သဘာဝအတိုင်း သေဆုံးသွားခဲ့ကြသည်။
ဆက်ရန်...
အပိုင်း (၄၁၈) အေးစက်မှု
လေးဘက်မြင် ပုံတူပွားခြင်း လုံးဝကျရှုံးသွားသော်လည်း လော်ယွမ် သိပ်ပြီး စိတ်ပျက်မသွားပေ။ အောင်မြင်လျှင် ဝမ်းသာစရာ ဖြစ်သော်လည်း ကျရှုံးလျှင်လည်း ကျေနပ်စွာ လက်ခံနိုင်သည်။
ပြောရလျှင် မသိနားမလည်နိုင်သော၊ လျှို့ဝှက်ဆန်းကြယ်သော လေးဘက်မြင်ကမ္ဘာနှင့် ပတ်သက်၍ လော်ယွမ်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုအချို့ ရှိနေဆဲဖြစ်ပြီး မသိမသာ ငြင်းဆန်လိုစိတ်ပင် ရှိနေသည်။
လေးဘက်မြင် ပြောင်းလဲခြင်း လုပ်ငန်းစဉ်၏ အန္တရာယ်များကို ထည့်မပြောလျှင်တောင် လော်ယွမ်သည် သုံးဘက်မြင်မှ လေးဘက်မြင်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပါက သူ၏ အသက်ဇီဝသည် အခြေခံကျကျ ပြောင်းလဲသွားမည် ဖြစ်သည်။
ဤပြောင်းလဲမှုသည် အတိုင်းအတာ ပြောင်းလဲရုံသာမက၊ စွမ်းအားတိုးတက်လာရုံသာမက ရုပ်ပိုင်းဆိုင်ရာမှသည် စိတ်ပိုင်းဆိုင်ရာအထိ ဘက်စုံပြောင်းလဲသွားခြင်း ဖြစ်သည်။
သာမန်သက်ရှိအဖြစ်မှ နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ လွန်ကဲသော စွမ်းအားများ၊ အဆုံးမဲ့ သတင်းအချက်အလက်များ၊ သာလွန်သော ရှုထောင့်များ... လေးဘက်မြင် သက်ရှိအဖြစ်သို့ ရောက်ရှိသွားပြီးနောက် သုံးဘက်မြင်လောကကြီးတစ်ခုလုံးကို ငုံ့ကြည့်လိုက်သောအခါ ထိုအချိန်ရှိ သူသည် ယခုအချိန်ရှိ သူမဟုတ်တော့ပေ။
ဤ သုံးဘက်မြင်ကမ္ဘာမှ အရာအားလုံးသည် သူ့မျက်လုံးထဲတွင် ပြောပလောက်စရာ မရှိတော့သည့် အရာများ ဖြစ်သွားပေလိမ့်မည်။
ငယ်စဉ်က အကြိုက်ဆုံး အရုပ်များကို လူကြီးဖြစ်လာသောအခါ ကလေးဆန်သည်ဟု ခံစားရပြီး အရေးမလုပ်တော့သကဲ့သို့ပင် ဖြစ်သည်။
ဤသည်မှာ ကြီးထွားမှု လုပ်ငန်းစဉ်တွင် အတွေးအမြင် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သုံးဘက်မြင်မှ လေးဘက်မြင်သို့ ပြောင်းလဲခြင်းသည် ထိုထက် အဆတစ်ရာ၊ တစ်ထောင်၊ တစ်သောင်းမက ပိုမိုပြင်းထန်ပေလိမ့်မည်။
ထို့အပြင် သူ အပြည့်အဝ လေးဘက်မြင်ကမ္ဘာသို့ ဝင်ရောက်သွားပါက သုံးဘက်မြင်ကမ္ဘာတွင် ဆက်လက်နေထိုင်နိုင်တော့မည် မဟုတ်ကြောင်း အလိုလို ခံစားနေရသည်။
.....................................................................................................................
စမ်းသပ်မှု အခြေခံအားဖြင့် ပြီးဆုံးသွားပြီဖြစ်ရာ လော်ယွမ် ဓာတ်ခွဲခန်းတွင် ရှိနေခြင်း၊ မရှိနေခြင်းက အရေးမကြီးတော့ပေ။
ယခုလုပ်ရန်မှာ ရလဒ်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။ ရလဒ် မည်မျှပင် ဆိုးရွားပါစေ၊ ၁.၅ သန်းသော ပမာဏအခြေခံပေါ်တွင် အောင်မြင်ပြီး ပြီးပြည့်စုံသော သက်ရှိအချို့တော့ ထွက်ပေါ်လာစမြဲ ဖြစ်သည်။
သူသည် ဓာတ်ခွဲခန်းမှ ထွက်ခွာပြီး မြို့သစ်ကို ဖြတ်သန်းကာ ဓားတရားဌာနချုပ် သို့ ရောက်ရှိလာသည်။
"ဆရာယွမ်"
"မင်္ဂလာပါ ဆရာယွမ်"
...
လမ်းတစ်လျှောက်တွင် ထောက်ပံ့ရေးဝန်ထမ်းများနှင့် အဖွဲ့ဝင်များက ရိုသေလေးစားစွာ နှုတ်ဆက်ကြရာ လော်ယွမ်က ခေါင်းငြိမ့်ပြခဲ့သည်။ ဤရက်ပိုင်း သူ သိပ်မလာဖြစ်သော်လည်း ၃၊ ၄ ရက် တစ်ခါတော့ ပေါ်လာတတ်သဖြင့် ဓားတရားဌာနချုပ်ရှိ လူတိုင်း သူ့ကို သိနေကြပြီဖြစ်သည်။
လော်ယွမ်သည် ဌာနမှူးရုံးခန်းသို့ ရောက်သောအခါ အဝတ်အစားများ ချွတ်ပြီး ရုံးခန်းတွင်းရှိ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ ရေပိုက်ခေါင်းဖွင့်ကာ ဓာတ်ခွဲခန်းမှ စွဲကျန်နေသော အနံ့အသက်များ ပျောက်သွားအောင် ရေလောင်းချိုးလိုက်သည်။
ထိုစဉ် တံခါး ရုတ်တရက် ပွင့်သွားပြီး ရင်းနှီးသော ခြေသံတစ်ခု လျှောက်လာသည်။
လော်ယွမ် ပြုံးလိုက်သည်။
...
နာရီဝက်ခန့် ကြာသောအခါ မုန်တိုင်းငြိမ်သက်သွားသည်။
ချန်ရှင်းကျယ်သည် လော်ယွမ်၏ လက်မောင်းကို ခေါင်းအုံးလျက် သာယာမှုအပြီး အမောဖြေနေသည်။ ဤကိစ္စသည် မူးယစ်ဆေးဝါးနှင့် တူသည်။ အကြိမ်အနည်းငယ် မြည်းစမ်းပြီးသည်နှင့် မေ့ပျောက်၍ မရနိုင်တော့ပေ။
အစပိုင်းတွင် မိန်းမသားတို့၏ အရှက်အကြောက်ကြောင့် ဟန်ဆောင်ငြင်းဆန်ပြီး အောင့်အည်း သည်းခံခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရသာတွေ့လာခဲ့သည်။
လော်ယွမ်နှင့် မတွေ့ရသည်မှာ ရက်အနည်းငယ် ကြာသည်နှင့် လွမ်းဆွတ်တမ်းတလာပြီး လော်ယွမ် ဓားတရားဌာနသို့ ရောက်လာတိုင်း ဤအိပ်ခန်းသည် နှစ်ဦးသား ပျော်ပါးရာနေရာ ဖြစ်လာခဲ့သည်။
"ကျွန်မတို့နှစ်ယောက်အကြောင်းကို အမေ သိသွားတဲ့ပုံပဲ" ခဏကြာတော့ ချန်ရှင်းကျယ် သတိပြန်ဝင်လာပြီး စိတ်ညစ်ညူးစွာ ပြောလိုက်သည်။
"မင်းအမေက ဘယ်လိုလုပ် သိတာလဲ... မင်း ပြောလိုက်တာလား" လော်ယွမ် မေးလိုက်သည်။
"ဘယ်ကသာ ပြောရမှာလဲ... အိမ်မှာနေတုန်းက ကျွန်မ အများကြီး သတိထားပါတယ်... အမေ ကျွန်မ အဝတ်တွေ လျှော်ပေးရင်း သတိထားမိသွားတာ ဖြစ်မယ်... ရှင်က အထဲမှာ ပြီးတိုင်း နည်းနည်း ပြန်စီးကျလာတာလေ... အခုတော့ စိတ်ညစ်ရပြီ"
ချန်ရှင်းကျယ်က စဉ်းစားပြီး ပြောရင်း လော်ယွမ်ကို စိတ်တိုတိုနှင့် ဆွဲဆိတ်လိုက်သည်။
ဤတစ်ကြိမ်တွင် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ သူမ တကယ် စိတ်ညစ်နေခြင်း ဖြစ်သည်။ သူမ အသက် ၂၄ နှစ် ရှိပြီ။ ကမ္ဘာပျက်ကပ် မတိုင်ခင်ကဆိုလျှင် စောသေးသည်ဟု ဆိုနိုင်သော်လည်း ယခုခေတ်တွင်မူ အပျိုကြီးစာရင်း ဝင်နေပြီဖြစ်သည်။
ပုံမှန်အချိန်များတွင်ပင် သူမအမေက အိမ်ထောင်ပြုရန် တိုက်တွန်းလေ့ရှိရာ ယခု ရိပ်မိသွားသည့်နောက်ပိုင်း အိမ်ပြန်ရောက်တိုင်း လူခေါ်လာပြရန် နားပူနားဆာ လုပ်နေတော့သည်။ သို့သော် လော်ယွမ်ကို ခေါ်သွား၍ ဖြစ်ပါ့မလား။
ဒါက လက်တွေ့မကျပေ။ လူချင်းတွေ့ပြီး သူမအမေက မေးမြန်းလိုက်သည်နှင့် သူမ ပြောခဲ့သော လိမ်ညာမှုများအားလုံး ပေါ်သွားပေလိမ့်မည်။
"ဒါဆို ဘယ်လိုလုပ်ကြမလဲ" လော်ယွမ်လည်း ထိုကိစ္စကို တွေးမိပြီး ခေါင်းကိုက်သွားသည်။
"အချိန်ဆွဲထားရုံပဲ ရှိတာပေါ့" ချန်ရှင်းကျယ်က စိတ်ပျက်လက်ပျက် ပြောသည်။
"ရှင် ခုတစ်လော ဓာတ်ခွဲခန်းဘက်မှာ အဆင်ပြေရဲ့လား" ခဏကြာတော့ ချန်ရှင်းကျယ်က မေးသည်။
လော်ယွမ် ဘာလုပ်နေလဲ ဆိုသည်ကို သူမအား ဖုံးကွယ်မထားပေ။ သိတဲ့လူတွေလည်း များလွန်းရာ ဖုံးကွယ်ထားဖို့ မလိုဟု ယူဆသောကြောင့် ဖြစ်သည်။
"အဆင်ပြေပါတယ်... တစ်လလောက်ဆိုရင် ရလဒ် ထွက်လာလောက်ပြီ" လော်ယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကျွန်မ တစ်ကယ် နားမလည်ဘူး... ရှင်က ဘာလို့ ပင်ပင်ပန်းပန်းနဲ့ ပုံတူကူးစမ်းသပ်တာတွေ လုပ်နေတာလဲ... အဲ့တာက ဘာအသုံးဝင်လို့လဲ... ရှင်က တကယ်ပဲ သိပ္ပံပညာရှင် လုပ်ချင်လို့လား" ချန်ရှင်းကျယ်က လော်ယွမ်၏ ရင်ဘတ်ပေါ်တွင် လက်ချောင်းလေးဖြင့် စက်ဝိုင်းဆွဲရင်း စပ်စုကာ မေးလိုက်သည်။
သူမ၏ နှလုံးခုန်သံ ရုတ်တရက် မြန်ဆန်လာသည်ကို လော်ယွမ် သတိပြုမိလိုက်သည်။ သူက သူမကို တစ်ချက်ကြည့်လိုက်ပြီး လေသံ အေးစက်သွားသည်။ "ကောင်းနေရင်းနဲ့ ဘာလို့ ဒါကို မေးတာလဲ... ဒီရက်ပိုင်း တစ်ယောက်ယောက်က မင်းကို စုံစမ်းခိုင်းလို့လား"
အခြားကိစ္စများကို စုံစမ်းလျှင် လော်ယွမ် ဘာမှပြောမည် မဟုတ်သော်လည်း ဤကိစ္စကို စုံစမ်းခြင်းက သူ့ကို ဒေါသထွက်စေသည်။ ဤစမ်းသပ်မှုသည် အလွန်အရေးကြီးသည်။ ပြန်လည်တည်ဆောက်ရေးဇုန်မှ လူကြီးများ သံသယဝင်ရုံဖြင့် ဤရလဒ်များကို ဖျက်ဆီးပစ်မည့် အဖြစ်မျိုးကို သူ မလိုလားပေ။
ဖျက်ဆီးသည် ဆိုရာတွင် ပေါ်တင်လုပ်မည် မဟုတ်ဘဲ "မတော်တဆမှုများ" သို့မဟုတ် "မလွန်ဆန်နိုင်သော အကြောင်းပြချက်များ" ဖန်တီးကာ လုပ်ဆောင်လာခြင်းမျိုး ဖြစ်တတ်သည်။
စမ်းသပ်မှုကို ပြန်လုပ်၍ ရသော်လည်း ကုန်ဆုံးသွားသော အချိန်ကို ပြန်မရနိုင်ပေ။ ထို့အပြင် နောက်တစ်ကြိမ် စမ်းသပ်လျှင် မတော်တဆမှု ထပ်မဖြစ်ဘူးဟု မပြောနိုင်ပေ။ လော်ယွမ်နှင့် ပြန်လည်တည်ဆောက်ရေးဇုန်တို့ လုံးဝ မျက်နှာပျက်ပြီး ရန်သူဖြစ်သွားလျှင်တော့ တစ်မျိုးပေါ့။
"ဘယ်သူက စုံစမ်းခိုင်းရမှာလဲ... ကျွန်မက သိချင်ရုံ သက်သက်ပါ" လော်ယွမ်၏ လေသံ သိသိသာသာ အေးစက်သွားသည်ကို ခံစားမိလိုက်သောအခါ ချန်ရှင်းကျယ်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူမ အတင်းပြုံးကာ ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
"တကယ်လို့ တစ်ယောက်ယောက်က စုံစမ်းခိုင်းရင်လည်း နောက်ဆို မင်း ဂရုစိုက်မနေနဲ့" လော်ယွမ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"သူ တကယ် သိသွားပြီပဲ" ချန်ရှင်းကျယ် စိတ်ထဲတွင် တွေးလိုက်ပြီး ရင်ထဲ အေးစက်သွားသလို ခံစားလိုက်ရသည်။ ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ပြင်းထန်သော စိုးရိမ်ပူပန်မှုများကြောင့် နောက်ဆက်တွဲ မည်သို့ဖြေရှင်းရမလဲ ဆိုတာကိုပါ မသိတော့ပေ။
သူသည် သူမ ဖက်ထားသော လက်မောင်းကို ရုပ်သိမ်းလိုက်ပြီး ထကာ အဝတ်အစား ဝတ်ဆင်လိုက်သည်။ "နားလိုက်ဦး... အရမ်း လျှောက်မတွေးနဲ့... ငါ ဓာတ်ခွဲခန်း ပြန်လိုက်ဦးမယ်"
ချန်ရှင်းကျယ်၏ စကားကြောင့် လော်ယွမ် သတိဝင်သွားသည်။ ချန်ရှင်းကျယ်ကတစ်ဆင့် သူ့ကို စုံစမ်းခိုင်းသည် ဆိုကတည်းက ပြန်လည်တည်ဆောက်ရေးဇုန်သည် သူ၏ စမ်းသပ်မှု ရည်ရွယ်ချက်အပေါ် ပိုမိုသတိထားလာပြီ ဖြစ်ကြောင်း ပြသနေသည်။
လော်ယွမ် ကိုယ်တိုင် မစောင့်ကြည့်လျှင် ဓာတ်ခွဲခန်းတွင် ပြဿနာအချို့ ပေါ်ပေါက်လာမည်ကို စိုးရိမ်မိသည်။
တံခါး ဖွဖွလေး ပိတ်သွားသည်။ မကြာမီ လော်ယွမ်၏ ခြေသံ ဝေးသထက် ဝေးသွားပြီး ဘာသံမှ မကြားရတော့ပေ။
ချန်ရှင်းကျယ်သည် ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းကျန်ရစ်ခဲ့သည်။ မျက်လုံးများက ထုံထိုင်းနေပြီး လှုပ်ရှားခြင်း မရှိတော့ပေ။ ဝိညာဉ်နုတ်ယူခံလိုက်ရသကဲ့သို့ပင်။ အချိန်အတော်ကြာမှ သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ တိတ်တဆိတ် စီးကျလာသည်။
အစကတည်းက ဤအချစ်ဇာတ်လမ်းသည် ဝမ်းနည်းဖွယ် ဇာတ်သိမ်းမည့် အရာ ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ဆက်ရန်...