← Chapters

အခန်း (၁၀၅)

Vol. 11 Ch. 105

အခန်း (၁၀၅)

Vol. 11 Ch. 105

ကျန်းနျန် အခန်းထဲသို့ ပြန်ရောက်သောအခါ ရေဇလုံမှာ ထိုနေရာတွင် ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမသည် ကုတင်ဘေးတွင် ထိုင်ကာ မီးရောင်အောက်တွင် ပန်းထိုးခြင်းကို ဆက်လုပ်နေခဲ့သည်။ သူမသည် လုယွီ အလုပ်များပြီးစီးကာ သူမအတွက် ရေချိုးပြီးသား ရေများကို သွန်ပေးရန် စောင့်နေခြင်း ဖြစ်သည်။ မဟုတ်ပါက သူမသည် ထိုရေများကို တစ်ဇလုံချင်းစီ ကိုယ်တိုင် သယ်သွန်ရမည် ဖြစ်သည်။

ခေတ္တအကြာတွင် အပြင်ဘက်မှ ခြေသံများ နီးကပ်လာခဲ့သည်။

လုယွီ ဝင်လာသည်ကို မြင်သောအခါ ကျန်းနျန် မော့ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ကျွန်မကို ရေတွေ သွန်ပေးပါဦး။"

ကျန်းနျန်၏ အပြုံးကို မြင်လိုက်ရသောအခါ လုယွီ၏ နှုတ်ခမ်းများမှာလည်း အနည်းငယ် ကွေးညွှတ်သွားသည်။ "ရတာပေါ့။"

သူသည် သူ၏ ခွန်အားဖြင့် ဇလုံကြီးကို မကာ အပြင်သို့ ထွက်သွားခဲ့သည်။ ရေများကို ရေချိုးခန်း၏ အရှေ့ဘက် ဒုတိယအခန်းထဲသို့ သွန်ပစ်ပြီးနောက် ကျန်းနျန်၏ အခန်းသို့ ပြန်လာခဲ့သည်။ "ထွက်လာပြီး ခြံတံခါး ပိတ်လိုက်ဦး။"

"ဟုတ်ကဲ့။"

ကျန်းနျန်သည် ပန်းထိုးခြင်းကို ဘေးချကာ လုယွီနောက်သို့ လိုက်ထွက်လာခဲ့သည်။ စုန့်ပိုင်မှာ ခြံထဲမှ ထွက်ခွာသွားပြီ ဖြစ်သော်လည်း လုယွီသည် ခြံတံခါးကို ပိတ်လိုက်ပြီး တံခါးကို မှီလျက် ရပ်နေသည်။ သူသည် ကျန်းနျန်၏ ဦးခေါင်းနောက်ဘက်ကို လက်ဖြင့် အသာအုပ်ကာ သူမ၏ နှုတ်ခမ်းများကို နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်ပြီးမှ ပြန်ခွာလိုက်သည်။ "မနက်ဖြန် မနက်မှ ကိုယ် ပြန်လာခဲ့မယ်။"

ထိုသို့ ပြောပြီးနောက် သူသည် ခြံတံခါးကို ဖွင့်ကာ ထွက်သွားခဲ့သည်။

လုယွီ ထွက်လာသည်ကို မြင်သောအခါ စုန့်ပိုင် မျက်ခုံးပင့်လိုက်သည်။ "ဘာလို့ တံခါးကို ပိတ်ထားတာလဲ။"

လုယွီက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ "တံခါးက သေချာ ပိတ်လို့ရလားဆိုတာ စစ်နေတာ။"

ခြံဝင်းထဲတွင် ကျန်းနျန်မှာ နှုတ်ခမ်းပေါ်မှ စိုစွတ်သော ခံစားချက် ထင်ရှားလာသည်အထိ မတ်တပ်ရပ်လျက် ကျန်ရစ်ခဲ့သည်။ သူမသည် သူမ၏ နှုတ်ခမ်းကို ပြန်ကိုက်လိုက်မိသည်၊ လုယွီက မထွက်ခွာမီ သူမကို နမ်းလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ကျန်းနျန်သည် သူမ၏ နီမြန်းနေသော ပါးပြင်လေးကို အသာအယာ ပွတ်သပ်ရင်း အခန်းထဲသို့ ပြန်ဝင်ကာ ဆံပင်ကို ထပ်အခြောက်ခံပြီးနောက် အိပ်စက်ခဲ့သည်။ သူမသည် မိုးလင်းသည့်တိုင်အောင် အိပ်မောကျနေခဲ့ပြီး အပြင်ဘက်မှ တိတ်ဆိတ်မှုကြောင့် နိုးလာခဲ့သည်။ မျက်လုံးများကို ပွတ်ကာ အဝတ်အစားများ ဝတ်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ မီးဖိုချောင်တွင် မည်သူမျှ မရှိသလို ခြံထဲရှိ စားပွဲမှာလည်း ဟောင်းလောင်းဖြစ်နေကာ ခြံတံခါးကိုလည်း ပိတ်ထားသည်။

လုယွီ ပြန်မလာသေးပေ။

ရုတ်တရက် ကျန်းနျန်၏ ရင်ထဲတွင် ဟာတာတာ ဖြစ်သွားမိသည်။ ရေတွင်းနားတွင် မျက်နှာသစ်ပြီးနောက် သူမ မနက်စာ ပြင်ဆင်ရန် စောင့်နေခဲ့သော်လည်း လုယွီ ပြန်မလာသေးပေ။ ဤသည်မှာ တစ်ခါမှ မဖြစ်ဖူးသော ကိစ္စဖြစ်သည်။ သူမသည် နံရံနားသို့ သွားကာ သစ်သားတုံးပေါ် တက်ရပ်ပြီး ဖန့်မိန်၏ ခြံထဲသို့ လှမ်းခေါ်လိုက်သည်။ "အစ်မဖန့်... တပ်ရင်းမှူးစုန့် အိမ်မှာ ရှိလား။"

ဖန့်မိန်သည် ပန်းကန်တစ်လုံးကို ကိုင်ကာ မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။ "သူ ညသန်းခေါင်ယံမှာ ထွက်သွားလိုက်တာ ငါ့ကိုတောင် တစ်ခွန်းမှ မပြောသွားဘူး။"

ဒါကြောင့်ကိုး။

ကျန်းနျန်သည် ထိုနေ့က အိမ်တွင် ငါးများကို ဆားနယ်ကာ အခန်းထဲတွင် ပန်းထိုးခြင်းကို ဆက်လုပ်နေခဲ့သည်။ သူမသည် တစ်နေ့ကုန် အိမ်မှာပဲ နေခဲ့သော်လည်း လုယွီမှာ ရက်ပေါင်း နှစ်ဆယ်တိုင်အောင် ပြန်မလာခဲ့ပေ။ လုယွီ ထွက်သွားပြီးနောက် အိမ်ကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် ကျန်းနျန်သည် ဟင်းသီးဟင်းရွက် ဥယျာဉ်ကို ရှင်းလင်းလိုက်သည်။

သူမသည် နေ့တိုင်း အိမ်မှာပဲ ပန်းထိုးနေခဲ့ပြီး စားလိုက် ပန်းထိုးလိုက်ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။ အပြင်ဘက်တွင် မှောင်လာသောအခါ ကျန်းနျန်သည် မီးဖိုချောင်ထဲမှ ထွက်လာပြီး ဘေးခန်းကို လှမ်းကြည့်လိုက်သည်၊ လုယွီ အဆောင်သို့ ပြောင်းသွားပြီးကတည်းက သူ ဤနေရာတွင် ပြန်လာမအိပ်တော့ပေ။

ကျန်းနျန်သည် အပြင်ဘက်တွင် ခေတ္တမျှ ရပ်နေပြီးနောက် တံခါးကို တွန်းကာ ဝင်သွားခဲ့ရာ ထိုအခန်းမှာ အရင်အတိုင်း သန့်ရှင်းသပ်ရပ်နေဆဲ ဖြစ်သည်။

ထိုအခန်းထဲက အပြင်အဆင်များမှာ သူမ အခန်းနှင့် တူညီသည်။ ကုတင်တစ်လုံး၊ စားပွဲငယ်တစ်လုံးနှင့် အပေါ်တွင် စာအုပ်အချို့ တင်ထားသော သစ်သားဗီရို တစ်လုံးရှိသည်။ ကျန်းနျန်သည် စာအုပ်တစ်အုပ်ကို လှမ်းယူလိုက်စဉ် အပြင်ဘက်မှ ရှု့ယန်၏ အသံကို ကြားလိုက်ရသည်။ လျိုကျန့်ယဲ့ ဖျားနေသည်ဟု ကြားရသည်။ ကျန်းနျန်သည် စာအုပ်ကို ပြန်ချကာ ခြံထဲမှ ထွက်လာခဲ့ပြီး တံခါးဝတွင် ရှု့ယန်နှင့် ဆုံလိုက်ရသည်။

ကျန်းနျန် မေးလိုက်သည်။ "ကျန့်ယဲ့ ဘာဖြစ်လို့လဲ။"

ရှ့ယန် သက်ပြင်းချလိုက်သည်။ "သူ ဖျားနေလို့၊ ငါ ဆေးခန်းကို သွားပြီး အဖျားကျဆေး သွားဝယ်မလို့။"

"ကျွန်မ လိုက်ခဲ့ပေးမယ်။"

လမ်းမှာ အတော်လေး မှောင်နေသဖြင့် ရှု့ယန်နှင့်အတူ အဖော်လိုက်ပေးလျှင် ကောင်းမည်ဟု ကျန်းနျန် တွေးလိုက်သည်။ ရှု့ယန်ကလည်း ပြုံးကာ သဘောတူခဲ့သည်။

ဆေးခန်းသို့ လမ်းလျှောက်သွားစဉ် ရှု့ယန်က ပြောလိုက်သည်။ "ကျန်းနျန်... နင် သိလား၊ အခု ငါ တကယ် ပျော်နေရပြီ။"

ကျန်းနျန်က ရှု့ယန်၏ ပြုံးနေသော မျက်နှာကို ကြည့်လိုက်သည်။ "လျိုချမ့် မရှိတော့လို့လား။"

"ဟုတ်တယ်။"

ရှု့ယန်က ဆက်ပြောခဲ့သည်။ "လျိုချမ့် ထွက်သွားပြီးနောက်ပိုင်း ကျန့်ယဲ့က အရင်ကထက် ပိုပြုံးလာတယ်။ ကျန်းနျန်... ငါ အစိုးရိမ်ဆုံးက ကျန့်ယဲ့ပဲ။ ကျန့်ဟုန် မလာခင်တုန်းက လျိုချမ့်က ငါနဲ့ ကျန့်ယဲ့အပေါ် ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျန့်ဟုန် ရောက်လာပြီးနောက်ပိုင်း ကျန့်ယဲ့က သူ့အဖေ ဘယ်လိုလူမျိုး ဖြစ်သွားလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတယ်။"

ကျန်းနျန်က ရှု့ယန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။"

ဆေးခန်းမှ အဖျားကျဆေး ဝယ်ပြီးနောက် ကျန်းနျန် အခန်းသို့ ပြန်ကာ အိပ်စက်ခဲ့သည်။ သူမ၏ နေ့စဉ် အလုပ်များမှာ စားသောက်ခြင်း၊ ပန်းထိုးခြင်းနှင့် စောင့်ဆိုင်းခြင်းသာ ဖြစ်သည်။ လုယွီ ထွက်သွားသည်မှာ ရက်ပေါင်း နှစ်ဆယ် ရှိခဲ့ပြီဖြစ်သော်လည်း သတင်းတစ်စုံတစ်ရာ မရှိသေးပေ။ လကုန်ခါနီးတွင် ကောမိန်က သူမထံ ဖုန်းဆက်လာသည်။ ကျန်းနျန်သည် စစ်တပ်ကင်းစခန်းရှိ ဖုန်းကို သွားရောက်ဖြေကြားခဲ့သည်။

"ကျန်းနျန်... ငါ မနက်ဖြန် ထွက်သွားတော့မယ်။"

ကျန်းနျန် ပြုံးလိုက်သည်။ "မနက်ဖြန် အစ်မရဲ့ ရထားက ဘယ်အချိန်လဲ။"

ကောမိန် ပြန်ဖြေလိုက်သည်။ "ညနေ ၇ နာရီမှာ။ နောက်ပြီး တခြားကိစ္စ တစ်ခုရှိသေးတယ်၊ ဒီနေ့ ငါ ဒါရိုက်တာ အသစ်နဲ့ တွေ့ခဲ့တယ်။ သူမ နာမည်က ဖန့်ရင် တဲ့၊ သူမက သူမရဲ့ တူမ၊ ပန်းထိုးပညာရှင် တစ်ယောက်ကိုပါ ခေါ်လာတယ်။"

ကောမိန်က ခေတ္တရပ်တန့်သွားသည်။ "ကျန်းနျန်... မင်းရဲ့ ပန်းထိုး အပ်နှံရမဲ့ရက်ကို ဇူလိုင်လ ၂၀ ရက်နေ့အထိ တိုးပေးထားတယ်။ မင်းရဲ့ လက်ရာတွေကို အစိုးရပိုင် ပန်းထိုးဆိုင်ကို သွားပို့လိုက်ပါ။ ကွမ်းချန်က သူဌေးက အဲဒီနေ့မှာ ကိုယ်တိုင်လာယူလိမ့်မယ်။"

ကျန်းနျန်က ကောမိန် ဆိုလိုသည်ကို ချက်ချင်း နားလည်သွားသည်။ "အစ်မကော... ကျေးဇူးတင်ပါတယ်။"

ကောမိန် ပြောလိုက်သည်။ "ငါ ယွမ်မြို့မှာ အခြေကျသွားရင် မင်းဆီ ဖုန်းဆက်လိုက်မယ်။"

"ကောင်းပါပြီ။"

ဖုန်းချပြီးနောက် ကျန်းနျန် ဖုန်းနားတွင် ခေတ္တမျှ ရပ်နေမိသည်။

ဒါရိုက်တာ အသစ်မှာ ပေါင်းသင်းရ လွယ်ကူမည့်ပုံ မပေါ်ပေ။ သူမ စစ်တပ်ကင်းစခန်းမှ ထွက်လာစဉ် တံခါးဝတွင် ထန်ဇီနှင့် စွင်းယင်တို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထန်ဇီက ပြုံးကာ နှုတ်ဆက်ခဲ့သည်။ "ညီမလေး။"

ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "အင်း။"

စွင်းယင်က သူမကို ရန်ငြိုးကြီးစွာဖြင့် အေးစက်စက် တစ်ချက်ကြည့်သည်။ ကျန်းနျန်က သူမကို လျစ်လျူရှုကာ မိသားစုခြံဝင်းဘက်သို့ ပြန်လှည့်လာခဲ့သည်။

လုယွီ ထွက်သွားသည်မှာ တစ်လ ရှိခဲ့ပြီဖြစ်သလို တပ်ရင်းမှူးစုန့်လည်း တစ်လတိုင်အောင် မရှိခဲ့ပေ။

ဇူလိုင်လလယ်တွင် ရာသီဥတုမှာ ပို၍ ပူပြင်းလာသည်။ ကျန်းနျန်သည် ခြံထဲတွင် ထိုင်ကာ ယပ်တောင် ခပ်နေခဲ့သည်။ ဖန့်မိန်သည် နေ့လယ်စာ စားပြီးနောက် ရောက်လာခဲ့သည်။

တပ်ရင်းမှူးစုန့် တစ်လတိုင်အောင် မရှိခြင်းနှင့် ပတ်သက်၍ သူမမှာ စိုးရိမ်နေပုံ မရပေ။ ဖန့်မိန်က ပြုံးကာ ပြောလိုက်သည်။ "တစ်ခုခု တာဝန်နဲ့ သွားတာ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် စစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေဆိုတော့ ငါတို့ မစိုးရိမ်ဘဲ နေကြရအောင်။"

"ဟုတ်ပါတယ်။"

ဖန့်မိန်က ကျန်းနျန် ထိုင်နေသော ခုံတန်းရှည်ပေါ်သို့ တိုးထိုင်လိုက်ပြီး ပြောလိုက်သည်။ "တပ်ရင်းဗိုလ်ကြီးထန်က လက်ထပ်တော့မယ်။"

ကျန်းနျန် အံ့အားသင့်သွားသည်။ "ဒီလောက်တောင် မြန်တာလား။"

ထန်ဇီနှင့် စွင်းယင်တို့က အခုမှ ချိန်းတွေ့ရုံသာ ရှိသေးသည်ဟု သူမ ထင်ထားခဲ့သည်။ လက်ထပ်ရန် အချိန်ယူရဦးမည်ဟု ထင်သော်လည်း ဤမျှ မြန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဖန့်မိန် ပြောလိုက်သည်။ "ငါလည်း မထင်ထားဘူး။ လွန်ခဲ့တဲ့ တစ်လကတည်းက သူတို့ လက်ထပ်ခွင့် တင်ထားတာတဲ့၊ အခုမှ ခွင့်ပြုချက် ကျတာလို့ ကြားတယ်။ ငါ တကယ်ပဲ သိချင်မိတယ်၊ အဲဒီ သူနာပြုမလေးက တပ်ရင်းဗိုလ်ကြီးထန်ရဲ့ ဘာကို သဘောကျတာလဲ မသိဘူး၊ မုဆိုးဖိုကြီးကို..."

"အစ်မဖန့်... တခြားလူတွေရဲ့ ကိစ္စကို အတင်းမပြောပါနဲ့။"

ကျန်းနျန်က ဖန့်မိန်၏ စကားကို ဖြတ်ပြောလိုက်သည်။ "ရှန်းတုန် ဒီနေ့ အားလပ်ရက် ရလား။"

ဖန့်မိန် ပြန်ဖြေလိုက်သည်။ "သူ မနေ့က နေ့တစ်ပိုင်း အားလပ်ရက် ရတယ်။ ငါ ခဏနေရင် စတိုးဆိုင်ကို သွားပြီး မုန့်တွေ သွားဝယ်မလို့။ မနက်ဖြန်က ရှန်းတုန်ရဲ့ မွေးနေ့လေ၊ အဲဒါကြောင့် သူ့အတွက် အရသာရှိတာလေးတွေ ဝယ်ပေးချင်လို့။"

မွေးနေ့အကြောင်း ပြောလိုက်ခြင်းက ကျန်းနျန်ကို သူမနှင့် လုယွီတို့၏ မနှစ်က မွေးနေ့များကို သတိရသွားစေသည်။

မနှစ်က သူမသည် ဤခေတ်ကာလတွင် မည်သို့ အသက်ရှင်ရမည်ကိုသာ စဉ်းစားနေခဲ့သဖြင့် ထိုအရာများကို သေချာ မစဉ်းစားမိခဲ့ပေ။ သို့သော် မူလပိုင်ရှင်၏ မွေးနေ့မှာ စက်တင်ဘာလတွင် ဖြစ်ကြောင်း သူမ သိသော်လည်း လုယွီ၏ မွေးနေ့ကိုမူ သူမ တကယ် မသိပေ။

စာအုပ်ထဲတွင်လည်း လုယွီ၏ မွေးနေ့အကြောင်း အသေးစိတ် မှတ်တမ်းမရှိသလို မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင်လည်း လုယွီ မွေးနေ့ကျင်းပသည့် မြင်ကွင်းမျိုး မရှိပေ။

လုယွီ ပြန်လာသောအခါ သူမ သူ့ကို သွယ်ဝိုက်စွာ မေးမြန်းရန် စီစဉ်လိုက်သည်။

မနက်ဖြန်သည် ရှန်းတုန်၏ မွေးနေ့ ဖြစ်သည်။ ကျန်းနျန်သည် သူ့အတွက် ကိတ်မုန့်နှင့် တူသော မုန့်တစ်မျိုး ပြုလုပ်ပေးရန် စီစဉ်ခဲ့သည်။ သူမတွင် ယခုအခါ ကိရိယာများ မရှိသဖြင့် မုန့်ကို ဖုတ်၍မရပေ။ ညနေပိုင်းတွင် သူမ စတိုးဆိုင်သို့ သွားကာ ပစ္စည်းအချို့ ဝယ်ယူခဲ့သည်။ လမ်းတွင် လက်ထောက်တပ်ရင်းမှူးယို၏ ဇနီးဖြစ်သူ ဟော်လျန်နှင့် ဆုံလိုက်ရသည်။ ဟော်လျန်သည် ကျန်းနျန်ကို မြင်သောအခါ ခေတ္တမျှ မှင်တက်သွားပြီးမှ လှည့်ထွက်သွားခဲ့သည်။

ကျန်းနျန်သည် သူမကို ဂရုမစိုက်နိုင်ပေ။

ပြီးခဲ့သည့်အကြိမ်က ဟော်မုန့်ကြောင့် ရှန့်တုန်း မြစ်ထဲကျခဲ့စဉ်က လက်ထောက်တပ်ရင်းမှူးယို၏ မိသားစုမှာ စုန့်မိသားစုဆီသို့ ရှန့်တုန်းကို လာကြည့်ခြင်း မရှိခဲ့ပေ။ လက်ထောက်တပ်ရင်းမှူးယိုသည် ထိုရာထူးသို့ မည်သို့ ရောက်ရှိလာသည်ကို မည်သူမျှ မသိကြပေ။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ဖန့်မိန် ပြောပြချက်အရ လက်ထောက်တပ်ရင်းမှူးယိုမှာ နိုင်ငံရေးအရာရှိချုပ်၏ အလေးပေးခြင်းကို မခံရတော့ဟု သိရသည်။

ကျန်းနျန် ခြံထဲသို့ ပြန်ရောက်ပြီးနောက် မကြာမီ ချန်ဖန့် ရောက်လာခံ့သည်။

ချန်ဖန့် ရောက်လာသည်နှင့် ဖန့်မိန်လည်း ရောက်လာသည်။ ချန်ဖန့် ကျန်းနျန်ဆီက ဘာလိုချင်နေလဲဆိုတာကို သူမ သိချင်နေသည်။ ယခုအခါ သူမသည် ကျန်းနျန်ကို ထန်ဇီနှင့် ပြန်ပေးစားမည်ကို မကြောက်သော်လည်း ချန်ဖန့်က အခြားသော လှည့်ကွက်များ သုံးမည်ကို စိုးရိမ်နေသည်။ ချန်ဖန့်က ဖန့်မိန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "နင် ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ။"

ဖန့်မိန် ပြောလိုက်သည်။ "ငါက ဒီတိုင်း လာလည်တာပါ။"

ချန်ဖန့် - …

ကျန်းနျန်က ပစ္စည်းများကို မီးဖိုထဲတွင် ထားခဲ့ပြီး အပြင်သို့ ထွက်လာသောအခါ ချန်ဖန့်က သေသေသပ်သပ် ခေါက်ထားသော အနီရောင် ပိတ်စတစ်ခုကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ချန်ဖန့်က အနားသို့ လျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။ "ကျန်းနျန်... မင်း ပန်းထိုးတတ်တယ် မဟုတ်လား။ ငါ့ကို တစ်ခုလောက် ကူညီပါလား။"

ဖန့်မိန်က စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

ကျန်းနျန် ပြုံးလိုက်သည်။ "အစ်မချန်... ကျွန်မကို ဘာလုပ်ပေးစေချင်လို့လဲ။"

ချန်ဖန့်က သူမလက်ထဲက အနီရောင် ပိတ်စကို ဖြန့်ပြလိုက်သည်။ "ထန်ဇီ လက်ထပ်တော့မယ်လေ၊ အဲဒါကြောင့် သူ့အခန်းထဲမှာ ပွဲလမ်းသဘင် အငွေ့အသက်လေး ရအောင် အနီရောင် လိုက်ကာလေး ဆွဲပေးမလို့။ ဒါပေမဲ့ အနီရောင်ချည်းပဲဆိုတော့ သိပ်ရိုးနေသလိုပဲ။ အဲဒါကြောင့် မင်းကို အဲဒီပေါ်မှာ တရုတ်ဘဲပုံ ထိုးပေးစေချင်လို့။ ထန်ဇီရဲ့ မိဘတွေက ဒီမှာမရှိတော့ ငါနဲ့ သူ့အစ်ကိုပဲ ရှိတာ။ သူ့အစ်ကိုကလည်း တပ်ရင်းကိစ္စတွေနဲ့ နေ့တိုင်း အလုပ်များနေတော့ သူ့ကို ဂရုမစိုက်နိုင်ဘူး။ အားလုံးက ငါ့ရဲ့ ပုခုံးပေါ်မှာပဲ။ ငါ့တို့ မိသားစုခြံဝန်းမှာ မင်းပဲ ပန်းထိုးတတ်တာ။ ငါ့ကို ဒီတစ်ခါလောက် ကူညီပါဦး။"

ဖန့်မိန်က ကျွတ်စ် ခနဲလုပ်လိုက်သည်။ "ကျန်းနျန်က ပိုက်ဆံရဖို့ နေ့တိုင်း ပန်းထိုးနေရတာလေ။ နင်က သူ့ကို ဘဲတစ်စုံ ထိုးခိုင်းရင် သူ့ရဲ့ ပိုက်ဆံရှာတဲ့ အချိန်တွေ နှောင့်နှေးကုန်မှာပေါ့။ လူတိုင်းက နင့်လိုပဲ ကျန်းနျန်ကို အကူအညီ လာတောင်းနေရင် ကျန်းနျန်က ပိုက်ဆံရဖို့ ပန်းမထိုးနိုင်ဘဲ တစ်ခြံဝန်းလုံးအတွက်ပဲ ပန်းထိုးပေးနေရတော့မှာပေါ့။"

ချန်ဖန့် - …

ချန်ဖန့်မှာ ဖန့်မိန်၏ ပါးစပ်သရမ်းမှုကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။

ချန်ဖန့်က ကျန်းနျန်ကို ကြည့်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါ နက့်ကို အလကား ခိုင်းမှာ မဟုတ်ပါဘူး။ ဒီလိုလုပ်လေ... နင် အဲဒါကို ထိုးပေးရင် ငါ နင့်ကို လက်ခ ငါးယွမ် ပေးမယ်။"

ကျန်းနျန်က ခေါင်းခါပြရင်း ပြုံးလိုက်သည်။ "အစ်မချန်... ကျွန်မကို အပ်ချည်ပဲ ယူလာပေးပါ၊ ပိုက်ဆံ မပေးပါနဲ့။ တခြား ပစ္စည်းတစ်ခုခုနဲ့ပဲ လဲကြတာပေါ့။"

အိမ်နီးချင်းချင်း ဖြစ်သော်လည်း ပိုက်ဆံနှင့် ပတ်သက်သော ကိုယ်ပိုင်အရောင်းအဝယ်များကို စစ်တပ်နယ်မြေတွင် ခွင့်မပြုပေ။ အကယ်၍ ပေါက်ကြားသွားပါက နောက်ဆုံးတွင် လုယွီကို ထိခိုက်စေနိုင်သည်ကို သူမ သိသည်။

ချန်ဖန့် ပြုံးလိုက်သည်။ "ကောင်းပြီလေ... မင်း ဘယ်လို အပ်ချည်မျိုး လိုချင်လဲဆိုတာ ပြောပါ"

ကျန်းနျန်က ချန်ဖန့်ကို ပြောပြလိုက်ရာ ချန်ဖန့်က ခေါင်းညိတ်ပြခဲ့သည်။ "ငါ့ အခု သမဝါယမဆိုင်ကို သွားဝယ်လိုက်မယ်။"

ချန်ဖန့်က ထွက်သွားပြီးနောက် ဖန့်မိန်က ကျန်းနျန်ကို ဆွဲကာ သူမ၏ ခေါင်းကို တို့လိုက်သည်။ "နင် ဘာလို့ ပိုက်ဆံကို မယူတာလဲ။ အဲဒါ ငါးယွမ်တောင်လေ၊ အသား အများကြီး ဝယ်လို့ရတာကို။"

ကျန်းနျန်က ဖန့်မိန်ကို ကြည့်ကာ ကောင်းကျိုးဆိုးကျိုးများကို ရှင်းပြလိုက်သည်။ ဖန့်မိန်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး အနည်းငယ် ကြောက်လန့်သွားဟန်ဖြင့် ပြောလိုက်သည်။ "နင် မပြောရင် ငါ သိမှာ မဟုတ်ဘူး။ ငါ ပြောမယ် ကျန်းနျန်... ဘယ်သူပဲဖြစ်ဖြစ် ပန်းထိုးခိုင်းရင် မလုပ်ပေးနဲ့။ တကယ်လို့ ပြဿနာဖြစ်လာရင် ဒုက္ခရောက်ကုန်လိမ့်မယ်။"

ဖန့်မိန် ထွက်သွားပြီး မကြာမီမှာပင် ချန်ဖန့် ပြန်ရောက်လာပြီး ပိုးအပ်ချည်များကို ကျန်းနျန်ထံ ပေးသည်၊ ထို့ပြင် အသား နှစ်ပေါင်နှင့် ဥ သုံးပေါင်ကိုလည်း ဝယ်ပေးခဲ့ကာ ပန်းထိုးခြင်းက ဘယ်တော့ပြီးမလဲဟု မေးခဲ့ကာ သူမမှာ အနည်းငယ် လောနေပုံရသည်။

ကျန်းနျန် ပြောလိုက်သည်။ "နှစ်ရက်အတွင်း ပြီးမှာပါ။"

ထို့နောက် သူမက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "တပ်ရင်းဗိုလ်ကြီးထန်က ဘယ်တော့ လက်ထပ်မှာလဲ။"

ချန်ဖန့်က ပြုံးကာ ပြန်ဖြေလိုက်သည်။ "ရက်သတ်မှတ်ပြီးပြီ။ သူက လဆန်း ခြောက်ရက်နေ့မှာ လက်ထပ်မှာ။"

ကျန်းနျန်က ဤမျှ မြန်လိမ့်မည်ဟု မထင်ထားပေ။ သူမ ပြောလိုက်သည်။ "စိတ်မပူပါနဲ့ အစ်မချန်... ကျွန်မ ငါးရက်နေ့ ညနေမှာ အမြန်ဆုံး ပေးပါ့မယ်။"

ဒီနေ့က သုံးရက်နေ့ ဖြစ်နေပြီမို့ တကယ်ကို အချိန်က ကပ်နေသည်။

စွင်းယင်က ထန်ဇီကို ဤမျှ လျင်မြန်စွာ လက်ထပ်လိမ့်မည်ဟု သူမ တကယ် မထင်ထားခဲ့ပေ။ ချန်ဖန့် ထွက်သွားပြီးနောက် ကျန်းနျန်သည် မီးဖိုချောင်သို့ အရင်သွားကာ မုန့်များ ပြုလုပ်ခဲ့သည်။ မုန့်များ ပြီးသွားသောအခါ နေဝင်ချိန် ရောက်နေပြီ ဖြစ်သည်။ သူမသည် အနည်းငယ်လောက်သာ စားလိုက်ပြီး ခြံထဲက မီးများကို ပိတ်ကာ အခန်းထဲသို့ ပြန်ခဲ့သည်၊ ထို့နောက် ပန်းထိုးဘောင်ကို အသင့်ပြင်ပြီး ပန်းထိုးခြင်းကို စတင်ခဲ့သည်။

တရုတ်ဘဲတစ်စုံကို ထိုးရသည်မှာ မခက်ခဲသော်လည်း လိုက်ကာ၏ ဘေးနှစ်ဖက်လုံးတွင် ထိုးရမည် ဖြစ်သဖြင့် အချိန်က အနည်းငယ် ကပ်နေသည်။

ကျန်းနျန်သည် ညဉ့်နက်သည့်တိုင်အောင် ပန်းထိုးပြီးမှ အိပ်စက်ခဲ့သည်။ နောက်တစ်နေ့တွင် သူမ အမြန် စားသောက်ပြီး လိုက်ကာပေါ်တွင် ပန်းထိုးခြင်းကို ဆက်လုပ်ခဲ့သည်။ နေ့လယ်တွင် ဖန့်မိန်က သူမကို ထမင်းစားရန် ခေါ်သောအခါမှ သူမသည် လိုက်ကာကို ဘေးချကာ မီးဖိုချောင်သို့ သွားပြီး လှပသော မုန့်နှစ်ပန်းကန်ကို ယူလာခဲ့သည်။ ဖန့်မိန်သည် ထိုမုန့်များကို မြင်လိုက်ရသည်နှင့် မျက်လုံးများ တောက်ပသွားခဲ့သည်။ "ဒါ မင်း လုပ်တာလား။"

ကျန်းနျန်က ပြုံးကာ ပြောလိုက်သည်။ "ဟုတ်တယ်၊ မြည်းကြည့်ပါဦး။"

သူမက ဖန့်မိန်ကို တစ်ခု ပေးလိုက်ရာ ဖန့်မိန်က တစ်ကိုက်စားပြီးနောက် နောက်ထပ် တစ်ခုကိုပါ ထပ်စားချင်နေသည်။ သူမသည် တစ်ပန်းကန်လုံး ကုန်သွားသည့်တိုင်အောင် မရပ်နိုင်ဘဲ ရှိနေသည်။ မုန့်နှစ်ပန်းကန်ကို သယ်လာသော စုန့်ရှန်းတုန်ကလည်း "ဒေါ်လေးကျန်း" ဟု ပျော်ရွှင်စွာ ခေါ်နေသလို စုန့်ရှန်းဟုန်ကလည်း ပြေးလာပြီး ကျန်းနျန်၏ ခြေထောက်ကို ဖက်ကာ "ဒေါ်လေးကျန်း" ဟု ချိုသာစွာ ခေါ်ခဲ့သည်။

ကျန်းနျန်က ပြုံးကာ သူတို့၏ ခေါင်းလေးများကို အသာအယာ ပွတ်ပေးလိုက်သည်။ စုန့်ရှန်းတုန်က အိမ်ထဲသို့ ပြေးဝင်သွားပြီး ကျန်းနျန်အတွက် သကြားလုံးအချို့နှင့် မုန့်အချို့ကို ယူလာပေးခံ့သည်။ "ဒေါ်လေးကျန်း... သကြားလုံး စားပါဦး။"

"ကျေးဇူးပါ။"

ကျန်းနျန်က သကြားလုံးကို ယူလိုက်သည်။ ဖန့်မိန်တို့ အိမ်တွင် ထမင်းစားပြီးနောက် အိမ်ပြန်လာချိန်တွင် သူမသည် ရှု့ယန်တို့ အိမ်သို့လည်း မုန့်အချို့ သွားပို့ပေးခဲ့သည်။ လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့မှာ ရှု့ယန်၏ ဘေးတွင် ရိုသေစွာ ရပ်နေကြပြီး ရှက်ကိုးရှက်ကန်း ပြုံးပြခဲ့ကြသည်။ "ကျေးဇူးတင်ပါတယ် ဒေါ်လေးကျန်း။"

စုန့်ရှန်းတုန်နှင့် လျိုကျန့်ယဲ့တို့မှာ အသက်အရွယ် တူညီကြသော်လည်း သူတို့၏ စရိုက်များမှာ လုံးဝ ကွဲပြားနေကြသည်။

နောက်ဆုံးတွင် ဤသည်မှာ သူတို့ မိသားစုများ၏ လွှမ်းမိုးမှုကြောင့်ပင် ဖြစ်သည်။

All Chapters