အခန်း (၁၀၆)
Vol. 11 Ch. 106
ကျန်းနျန်သည် လွန်ခဲ့သော နှစ်ရက်လုံးလုံး သူမ၏ အခန်းထဲတွင် တရုတ်ဘဲတစ်စုံကို ပန်းထိုးနေခဲ့ပြီး ငါးရက်နေ့တွင်မှ ပန်းထိုးခြင်း ပြီးဆုံးသွားခဲ့သည်။ မိုးချုပ်စအချိန်တွင် တစ်စုံတစ်ယောက်က ခြံတံခါးကို လာခေါက်ခဲ့သည်။ ကျန်းနျန်သည် ချန်ဖန့်က လိုက်ကာ လာယူသည်ကို သိလိုက်သဖြင့် လိုက်ကာကို သေသေချာချာ ခေါက်ကာ ခြံထဲသို့ ထွက်လာပြီး တံခါးဖွင့်ပေးလိုက်သည်။
သူမက "အစ်မချန်" ဟု လှမ်းခေါ်ရန် ပြင်လိုက်စဉ်မှာပင် အဝေးသို့ ရောက်နေသော လုယွီကို တွေ့လိုက်ရသည်။ သူသည် စစ်ယူနီဖောင်းကို ဝတ်ထားဆဲ ဖြစ်ပြီး အဝတ်အစားများပေါ်တွင် ဖုန်မှုန့်အချို့ ပေကျံနေသည်။ သူ၏ ခံ့ညားသောမျက်နှာမှာ အနည်းငယ် ပင်ပန်းနေပုံရပြီး မုတ်ဆိတ်မွှေး အနည်းငယ် ထွက်နေခြင်းက သူ ရက်အနည်းငယ်ကြာအောင် ကောင်းကောင်း အနားမရခဲ့ကြောင်း ပြသနေသည်။ ထို့နောက် ဘေးအိမ်မှ တပ်ရင်းမှူးစုန့်၏ အသံကို ကြားလိုက်ရသည်။ "မိန်ဇီ... ကိုယ့်ကို ရေအမြန် ခပ်ပေးဦး၊ ခြေထောက် ဆေးချင်လို့။"
"မရီး..."
"ကိုယ် ပြန်လာပြီ။"
သူ၏ အသံမှာ နက်ရှိုင်းနေပြီး သူ၏ နက်မှောင်သော မျက်ဝန်းများမှာ ကျန်းနျန်၏ ဖြူဖွေးလှပသော မျက်နှာလေးပေါ်တွင် စွဲမြဲစွာ ကျရောက်နေသည်။ သူမကို မမြင်ရသည်မှာ တစ်လ ရှိခဲ့ပြီဖြစ်ရာ သူ အချိန်အတော်ကြာ ခွဲခွာခဲ့ရသကဲ့သို့ ခံစားနေရသည်။
ကျန်းနျန် သတိဝင်လာပြီး ပြုံးပြလိုက်သည်။ "လုယွီ။"
သူမက သူ၏ နာမည်ကိုသာ ခေါ်လိုက်ခြင်း ဖြစ်သော်လည်း လုယွီ၏ မျက်ဝန်းများထဲတွင် ထိန်းချုပ်၍မရသော ရမ္မက်ရိပ်များ ထွက်ပေါ်လာစေသည်။ တံခါးအပြင်ဘက်တွင် စစ်တပ်မိသားစုဝင်များနှင့် ရဲဘော်များ ဟိုဟိုဒီဒီ သွားလာနေကြသဖြင့် လုယွီက သူ၏ ခံစားချက်များကို ဖုံးကွယ်ကာ နှုတ်ခမ်းလေး ကွေးရုံမျှ ပြုံးပြလိုက်သည်။ "အထဲဝင်ရအောင်။"
ကျန်းနျန်သည် အနီရောင် လိုက်ကာကို ကိုင်ကာ ခြံထဲသို့ လှည့်ဝင်ခဲ့သည်။ "ဒီနေ့ ညစာ စားပြီးပြီလား။ မစားရသေးရင် ကျွန်မ ချက်ပေးမယ်။ ဘာစားချင်လဲ။"
"မင်းချက်တာ ဘာမဆို ရပါတယ်။"
လုယွီက ခြံတံခါးကို ပိတ်၊ ဂျပ်ထိုးလိုက်ပြီးနောက် အိမ်ထဲသို့ လျှောက်သွားသော ကျန်းနျန်၏ ကျောပြင်ကို ကြည့်ကာ နောက်မှ ချက်ချင်း လိုက်သွားခဲ့သည်။ ကျန်းနျန်သည် ကုတင်ဘေးတွင် ရပ်ကာ သူမလက်ထဲက ပစ္စည်းကို ကုတင်ပေါ် တင်လိုက်သည်။ သူမ ခါးကို ကိုင်းလိုက်စဉ် ဝတ်ထားသော အင်္ကျီလေးက သူမ၏ သွယ်လျသော ခါးအလှကို ပေါ်လွင်စေခဲ့သည်။
"ခဏနေရင် ရှင် စားဖို့ အသားဟင်း ချက်ပေးမယ်၊ နောက်ပြီး ဟင်းသီးဟင်းရွက် နည်းနည်းလည်း ကြော်ပေးမယ်... အား။"
ကျန်းနျန် ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ကျောပြင်မှာ ပူနွေးနေသော ရင်ခွင်တစ်ခုနှင့် တိုက်မိသွားသည်။ ထိုလူ၏ အသက်ရှူသံမှာ မြူနှင်းများကဲ့သို့ သူမကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။ ပါးလွှာသော အဝတ်အစားများမှတစ်ဆင့် လုယွီ၏ ရင်ဘတ်ထဲက နှလုံးခုန်သံကို ကျန်းနျန် အထင်အရှား ခံစားလိုက်ရသည်။ လုယွီက သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ခေါင်းကို ငုံ့ကာ သူမ၏ နားနားကပ်တွင် ပူနွေးသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "ကျန်းနျန်..."
"ကိုယ် မင်းကို လွမ်းနေတာ။"
သူ၏ ပူနွေးသော အသက်ရှူသံက သူမ၏ နားတစ်ဝိုက်ကို ယားကျိကျိ ဖြစ်စေပြီး တုန်ယင်သွားစေခဲ့သည်။ ကျန်းနျန်၏ ခန္ဓာကိုယ်မှာလည်း မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့သည်။ သူမသည် လုယွီကို ရှောင်ရန် ခေါင်းကို ဘေးသို့ စောင်းလိုက်သည်။ သို့သော် သူမ၏ မေးစေ့ကို ကြမ်းတမ်းသော လက်ချောင်းများဖြင့် ဆုပ်ကိုင်ခံလိုက်ရပြီး လှည့်ကြည့်ရန် အတင်းအကျပ် အခိုင်းခံလိုက်ရသည်။ သူမ၏ သွယ်လျသော လည်တိုင်လေးမှာလည်း အပေါ်သို့ မော့တက်သွားရတော့သည်။
"အင်း..."
လုယွီ၏ နှုတ်ခမ်းများမှာ ငြင်းဆန်၍မရသော လွှမ်းမိုးမှုများဖြင့် သူမ၏ အသက်ရှူသံများနှင့် ရောယှက်သွားသည်။ ကျန်းနျန်၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားပြီး သူ၏ မုတ်ဆိတ်စလေးများက သူမကို အနည်းငယ် စူးရှစေကာ အသက်ရှူကျပ်မတတ် ခံစားရစေသည်။
လုယွီက သူမကို တစ်ပတ်လှည့်ပြီး သူ၏ သန်မာသော လက်မောင်းများဖြင့် အနီးရှိ ဗီရိုတွင် ကပ်ထားလိုက်သည်။ ထို့နောက် အင်အားသုံးကာ သူမ၏ ဒူးနှစ်ဖက်ကြားတွင် ဝင်ရောက် နေရာယူလိုက်သည်။ သူ၏ လက်ဖဝါးကြီးက သူမ၏ ဆံနွယ်များကြားမှ တိုးဝင်ကာ လည်ပင်းနောက်ဘက်ကို ဆုပ်ကိုင်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် စိုစွတ်နေသော ကျန်းနျန်၏ မျက်ဝန်းများကို ကြည့်ရင်း လုယွီမှာ ယခုထက် ပို၍ ရှေ့ဆက်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
သူသည် သူမ ငိုသည်ကို မြင်ချင်သည်၊ သူမ၏ ရှိုက်သံလေးများကို ကြားချင်သည်၊ သူမက သူ၏ နာမည်ကို ခေါ်သည်ကို ကြားချင်နေမိသည်။
သို့သော် ထိုအရာက ကျန်းနျန်ကို ကြောက်လန့်သွားစေမည်ကို သူ သိသည်။
လုယွီ၏ လည်ဇလုတ်မှာ အကြိမ်အနည်းငယ် လှုပ်ရှားသွားကာ သူမကို မေးလိုက်သည်။ "ကိုယ့်ကို လွမ်းနေလား။"
ကျန်းနျန်မှာ လုယွီ၏ ရင်ခွင်ထဲတွင် ပျော့ခွေနေပြီး သူမ၏ ခြေထောက်များမှာ ဗီရိုအစွန်းတွင် တွဲလောင်းကျနေသည်၊ တစ်နေ့တွင် ဤကဲ့သို့ အနေအထားမျိုးဖြင့် ဗီရိုပေါ် ထိုင်နေရလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
"ကိုယ့်ကို လွမ်းနေလား။" လုယွီက ထပ်မေးပြန်သည်။
ကျန်းနျန်၏ မျက်ဝန်းထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
ကျန်းနျန်သည် လုယွီ၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲဘဲ ခေါင်းငုံ့ကာ တိုးတိုးလေး ဖြေလိုက်သည်။ "လွမ်းတယ်။"
လုယွီ၏ လည်ချောင်းထဲမှ နက်ရှိုင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် လွန်ခဲ့သော တစ်လတာ ခွဲခွာခဲ့ရသမျှကို အစားထိုးသည့်အလား သူမ၏ လည်ပင်းနောက်ဘက်ကို ခပ်ပြင်းပြင်း ဆုပ်ကိုင်လိုက်သည်။
ကျန်းနျန် အသက်ကို ခက်ခက်ခဲခဲ ရှူနေရပြီး သူမ၏ လက်ချောင်းများဖြင့် လုယွီ၏ အင်္ကျီကို တင်းတင်းဆုပ်ထားမိသည်။ ရုတ်တရက် သူမ၏လက်ကို လုယွီက ဆွဲယူလိုက်ပြီး သူ၏ အင်္ကျီအောက်နားကို ခါးနှင့် ဝမ်းဗိုက်အထိ မတင်လိုက်ရာ သူမ၏ လက်ဖဝါးမှာ သူ၏ မာကျောသော ဗိုက်ကြွက်သားများကို ထိမိသွားသည်။ ကျန်းနျန် လန့်သွားပြီး လက်ချောင်းလေးများကို ကွေးလိုက်မိစဉ် လုယွီက သူမ၏ နှုတ်ခမ်းများမှ ခွာလိုက်ကာ နားနားတွင်ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "နည်းနည်းလောက် ပိုသတ္တိရှိစမ်းပါ။"
"မင်း ဒီနေရာကို ကြည့်လို့လည်း ရတယ်၊ ကိုင်လို့လည်း ရတယ်။"
ကျန်းနျန်၏ မျက်နှာမှာ ချက်ချင်း အပူရှိန်ကြောင့် လောင်မြိုက်သွားတော့မလို ခံစားလိုက်ရသည်။
သူမ၏ အရင်က ဟန်ဆောင်မှုများကို လုယွီက အကုန်အစင် မြင်နေသည်ဟု သူမ မထင်ထားခဲ့သလို သူက ဤသို့ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု ပို၍ပင် အံ့သြသွားမိသည်။ ကျန်းနျန်မှာ တွေးရဲသော်လည်း မလုပ်ရဲသော သတ္တိသာ ရှိသည်။ သူမသည် လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လုယွီကို တွန်းထုတ်ချင်သော်လည်း သူ၏ ခွန်အားကို သူမ မတွန်းလှန်နိုင်ပေ။
"ကျန်းနျန်။"
"အိမ်မှာ ရှိလား။ ငါ လိုက်ကာ လာယူတာ။"
ပြတင်းပေါက် ပွင့်နေသဖြင့် ချန်ဖန့်၏ အသံမှာ ခြံတံခါး အပြင်ဘက်မှ ထွက်လာခဲ့သည်။ ကျန်းနျန် လန့်သွားပြီး လုယွီ၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်ရန် အမြန်ကြိုးစားခဲ့သည်။
"အစ်မချန် ရောက်နေပြီ။ ကျွန်မကို အရင်လွှတ်ပေးပါဦး။"
လုယွီသည် သူမ အပြင်းအထန် ရုန်းကန်နေသည်ကို မြင်သောအခါ မိမိကိုယ်ကို ထိန်းချုပ်ပြီး လွှတ်ပေးလိုက်သည်။
ကျန်းနျန်၏ ခြေထောက်များ ကြမ်းပြင်နှင့် ထိသည်နှင့် တစ်ပြိုင်နက် ကုတင်ပေါ်က လိုက်ကာကို ဆွဲယူကာ အပြင်သို့ ပြေးထွက်သွားသည်။ သူမ၏ ပုံစံမှာ အနောက်မှ ဝံပုလွေတစ်ကောင် လိုက်လာသဖြင့် ထွက်ပြေးနေသည့်အလားပင်။ ခြံတံခါးဆီ ရောက်သောအခါ လုယွီက တံခါးကို ပိတ်ထားခဲ့ကြောင်း သူမ တွေ့လိုက်ရသည်။ သူမ သက်ပြင်းချပြီး တံခါးဂျပ်ကို ဖွင့်လိုက်ချိန်တွင် အစ်မချန်က တံခါးလာခေါက်ရန် ပြင်နေသည်ကို တွေ့သဖြင့် သူမက လိုက်ကာကို ကမ်းပေးရင်း ပြုံးလိုက်သည်။ "အစ်မချန်... ကျွန်မ ပန်းထိုးပြီးပါပြီ။"
ချန်ဖန့်မှာ နှစ်ရက်လုံးလုံး စိုးရိမ်နေခဲ့ရသည်။ ယခု လိုက်ကာကို လက်ခံရရှိပြီး ဖြန့်ကြည့်လိုက်သောအခါ ဘေးနှစ်ဖက်လုံးတွင် တရုတ်ဘဲတစ်စုံစီ ပန်းထိုးထားသည်ကို တွေ့လိုက်ရသည်။ ဘဲလေးများမှာ သက်ရှိထင်ရှားသကဲ့သို့ ပေါ်လွင်နေပြီး လက်ထောက်တပ်ရင်းမှူးလု၏ မရီးမှာ ပန်းထိုးတော်သည်ဟု ခြံဝင်းထဲတွင် လူပြောများနေသော်လည်း ယနေ့မှသာ လူတိုင်း အမှန်တကယ် မြင်ဖူးခြင်း ဖြစ်သည်။ ချန်ဖန့်က ပန်းထိုးထားသော ဘဲလေးများကို အသာအယာ ပွတ်သပ်ရင်း ပြောလိုက်သည်။ "လှလိုက်တာ။ မင်း တကယ် ပန်းထိုးတာ လက်ရာမြောက်တာပဲ။"
သူမ ကျန်းနျန်ကို မော့ကြည့်လိုက်သည်။ "ငါ ပြောမယ်... စုန့်ပိုင်က မင်းကို သဘောကျနေတဲ့ အကြောင်းပဲ ပြောမနေသင့်ဘူး။ မြန်မြန်တောင် လက်ထပ်သင့်တာ။ မင်းရဲ့လက်တွေက တကယ့်ကို ကျွမ်းကျင်နေရောပဲ။"
ကျန်းနျန် - ???
စုန့်ပိုင်နဲ့ သူမနဲ့ ဘာဆိုင်လို့လဲ။
စုန့်ပိုင်က ဘယ်လိုလုပ်ပြီး ပါလာတာလဲ။
ကျန်းနျန် မသိစိတ်အရ လှည့်ကြည့်လိုက်ရာ အိမ်ထဲမှ ထွက်လာသော လုယွီကို တွေ့လိုက်ရသည်။ သူ၏ မျက်မှောင်များမှာ တောင်တန်းကြီးများကဲ့သို့ တွန့်ချိုးနေသည်။ သူမ၏ ရင်ခုန်သံမှာ တစ်ချက် ရပ်သွားပြီး လုယွီ၏ ရှေ့မှာတင် ချန်ဖန့်ကို အမြန်မေးလိုက်သည်။ "အစ်မချန်... ကျွန်မနဲ့ တပ်ရင်းမှူးစုန့်တို့ တွဲနေတယ်လို့ ဘယ်သူ့ဆီက ကြားတာလဲ။ ဒီလို ကောလာဟလတွေကို မဖြန့်သင့်ဘူးလေ။"
သူမသည် လုယွီအပေါ် ခံစားချက်ရှိနေပြီး အချိန်တန်လျှင် လက်ထပ်ရန်လည်း သဘောတူထားပြီးသား ဖြစ်သည်။
ကျန်းနျန်သည် အကြောင်းပြချက်မရှိဘဲ မိန်းမဆိုးတစ်ယောက်အဖြစ် မတရား အပုပ်ချခံရခြင်းကို မလိုလားပေ။
ချန်ဖန့်က ခေတ္တရပ်သွားပြီး ကျန်းနျန်ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။ "မင်းတို့နှစ်ယောက် တွဲနေတာမဟုတ်ဘူးလား။"
"မဟုတ်ပါဘူး။"
သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ "ဟိုတစ်နေ့က စုန့်ပိုင်က မင်းကို အဝတ်အစားတွေ ဝယ်ပေးခဲ့တယ် မဟုတ်လား။"
"မေမေ... ဖေဖေက မြန်မြန်ပြန်လာဖို့ ခေါ်နေတယ်။"
ချန်ဖန့်၏ သားကြီး ထန်ယုံသည် ညီမလေး ထန်ဖန်၏ လက်ကိုဆွဲကာ ပြေးလာသည်။ ကလေးနှစ်ယောက်မှာ အမောတကောဖြင့် ပြောလိုက်သည်။ "ဒုတိယဦးလေးက အိမ်မှာ စိတ်ပူပြီး စောင့်နေတယ်လို့ ဖေဖေက ပြောတယ်။ မေမေ့ကို အမြန်ပြန်လာခဲ့ပါတဲ့။"
"အေး... လာပြီ။"
ချန်ဖန့်က ကျန်းနျန်ကို ပြောသွားခဲ့သည်။ "ပန်းထိုးပေးတဲ့အတွက် ကျေးဇူးပါပဲ။ ငါ ပြန်လိုက်ဦးမယ်။"
ကျန်းနျန် - ....
သူမက ဘာလို့ ဒီလိုတွေ လျှောက်လုပ်ကြံပြောပြီးမှ ပြန်သွားရတာလဲ။
ကျန်းနျန်သည် ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်ကို ဆဲဆိုချင်စိတ် ပေါက်သွားသည်။ သူမသည် စိတ်တိုတိုဖြင့် ခြံတံခါးကို ပိတ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ရေတွင်းနားတွင် ရပ်နေသော လုယွီကို တွေ့လိုက်ရသည်။ သူ၏ အကြည့်မှာ သူမထံတွင်သာ စွဲမြဲနေသဖြင့် ကျန်းနျန်မှာ တစ်ကိုယ်လုံး နေရခက်သွားသည်။ သူမ နှုတ်ခမ်းကို စေ့ပြီး ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ဖန့်မိန်က နံရံပေါ်မှ ခေါင်းပြူထွက်လာသည်။ "ကျန်းနျန်... အစ်မချန် ဘာပြောသွားတာလဲ။ နင် စုန့်ပိုင်နဲ့ တွဲနေတာလား။"
သူမသည် ပြုံးလျက် အံ့သြသောမျက်နှာများဖြင့် မေးလိုက်သည်။
ကျန်းနျန် - ....
သူမသည် ဒေါသကို မထိန်းနိုင်တော့ဘဲ ဖန့်မိန်ဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။"
ထိုသို့ ပြောပြီးနောက် သူမ ထွက်သွားခဲ့သည်။
မည်သူက ဤကောလာဟလကို စတင်ခဲ့သည်ကို သူမ တကယ် မသိပေ။
ဖန့်မိန်၏ မေးခွန်းထုတ်သော အကြည့်ကို ကြည့်ရသည်မှာ သူမလည်း ယခုမှ သိလိုက်ရသည့် ပုံစံမျိုးပင်။
ဖန့်မိန်သည် ခြံထဲတွင် လုယွီကို မြင်သောအခါ ပြုံးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလု... ထမင်းစားပြီးပြီလား။"
လုယွီ၏ အသံမှာ အေးစက်နေသည်။ "မစားရသေးဘူး။"
"မိန်ဇီ... အဲဒီပေါ်က ဆင်းစမ်း။ ဘာလို့ အမြဲ ချောင်းနားထောင်နေရတာလဲ။"
"သိပါပြီ။"
ဖန့်မိန်သည် ခြံထဲတွင် ထိုင်ကာ ခြေထောက်ဆေးနေသော တပ်ရင်းမှူးစုန့်ကို ကြည့်လိုက်သည်။ သူမသည် သစ်သားတုံးပေါ်မှ ခုန်ဆင်းပြီး တပ်ရင်းမှူးစုန့်၏ ဘေးတွင် ထိုင်လိုက်သည်။ "ဟေ့... စုန့်ပိုင်က တကယ်ပဲ ကျန်းနျန်နဲ့ တွဲနေတာလား။ စုန့်ပိုင်တို့ အဖွဲ့က လွန်ခဲ့တဲ့ တစ်လလုံး ရှင်တို့နဲ့အတူ ရှိနေတာ မဟုတ်လား။ သူ ရှင့်ကို ပြောပြလား။"
တပ်ရင်းမှူးစုန့်က ဖန့်မိန်ကို တစ်ချက်ကြည့်ပြီး တောက်ခေါက်လိုက်သည်။ "ကြည့်စမ်း... ဒီလောက် စိုးရိမ်နေရအောင် မသိရင် မင်းကပဲ စုန့်ပိုင်ရဲ့ တကယ့်အမေကြနေတာပဲ။"
ဖန့်မိန် - ....
သူမသည် တပ်ရင်းမှူးစုန့်၏ တည်ကြည်သော ပုံစံကို လိုက်လုပ်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ "ကျွန်မက ကျန်းနျန်ရဲ့ ယောက်မပဲ ဖြစ်ချင်တာ။ အဲဒါ ဘာဖြစ်လို့လဲ။ မရဘူးလား။"
တပ်ရင်းမှူးစုန့်က လက်ဝှေ့ယမ်းပြခဲ့သည်။ "သွား... ကိုယ့်ကို ခြေသုတ်ဝတ် သွားယူပေးဦး။"
"ရှင့်ဘာသာ သွားယူပါလား။"
ဖန့်မိန်သည် မီးဖိုချောင်သို့ ထမင်းချက်ရန် သွားခဲ့ပြီး သူခိုင်းသည်ကို တကယ်ပင် လုပ်မပေးခဲ့ပေ။ တပ်ရင်းမှူးစုန့် မျက်ခုံးပင့်လိုက်သည်။ "ဟေ့... ဒီကျားမကြီး... ရှန်းတုန်၊ ငါ့ကို ခြေသုတ်ဝတ် လာပေးစမ်း။"
"လာပါပြီ။"
ရှန်းတုန်သည် ခြေသုတ်ဝတ်ကို ကိုင်ကာ ပြေးထွက်လာပြီး တပ်ရင်းမှူးစုန့်ကို ကမ်းပေးခဲ့သည်။ တပ်ရင်းမှူးစုန့်က ရယ်မောကာ ပြောလိုက်သည်။ "ငါ့ကို လွမ်းနေလား။"
ရှန်းတုန် ခေါင်းညိတ်ပြခဲ့သည်။ "လွမ်းတာပေါ့။"
"ကဲ... ငါ့သားလိမ္မာလေး၊ ရှန်းဟုန်ကို သွားခေါ်လိုက်ဦး။ အဖေက မင်းတို့နှစ်ယောက်အတွက် အရသာရှိတာလေးတွေ ယူလာတယ်။"
တပ်ရင်းမှူးစုန့်၏ ခြံဝင်းမှာ သက်ဝင်လှုပ်ရှားနေသော်လည်း ကျန်းနျန်၏ ခြံမှာမူ တိတ်ဆိတ်ငြိမ်သက်နေရာ သိသိသာသာ ကွာခြားနေသည်။
ကျန်းနျန်သည် အသားနှင့် ဟင်းသီးဟင်းရွက်များ ယူရန် မီးဖိုချောင်သို့ သွားခဲ့သည်။ ခြံထဲမှ ရေလောင်းသံကို သူမ ကြားနေရသည်။ သူမ ရှင်းပြချင်သော်လည်း ခြံပြင်မှလူများ သူမနှင့် လုယွီတို့၏ ပတ်သက်မှုကို သိသွားမည်ကို စိုးရိမ်နေမိသည်။ သူမသည် စိတ်မပါဘဲ ဟင်းသီးဟင်းရွက်နှင့် အသားများကို လှီးဖြတ်ပြီး မီးဖို၌ မီးမွှေးရန် ပြင်နေစဉ် လုယွီ ဝင်လာခဲ့သည်။
"ကိုယ် မီးမွှေးပေးမယ်။"
လုယွီသည် မီးဖိုဘေးတွင် ထိုင်ကာ မီးကို ကျွမ်းကျင်စွာ မွှေးလိုက်သည်။ လိမ္မော်ရောင် မီးတောက်များမှာ သူ၏ တည်ကြည်ခံ့ညားသော မျက်နှာပေါ်တွင် ကခုန်နေသည်။ သူ၏ မျက်မှောင်များမှာ တင်းကျပ်စွာ တွန့်ချိုးနေပြီး ရှပ်အင်္ကျီအဖြူ၏ အပေါ်ကြယ်သီးများကို ဖြုတ်ထားသဖြင့် ထင်ရှားသော လည်ဇလုတ်မှာ ပေါ်လွင်နေသည်။ သူ၏ မုတ်ဆိတ်စလေးများက သူ၏ အေးစက်သော ပုံစံကို အရိုင်းဆန်သော အလှတစ်မျိုး ထပ်လောင်းပေးနေသည်။
"ကျွန်မ စုန့်ပိုင်နဲ့ မတွဲပါဘူး။"
ကျန်းနျန်က တိုးတိုးလေး ရှင်းပြလိုက်သည်။
သူမ နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငုံ့လျက် အိုးထဲသို့ ဆီလောင်းထည့်လိုက်သည်။ "အဝတ်အစားတွေကို အစ်မကောက ဝယ်ပေးခဲ့တာပါ။"
လုယွီသည် ကျန်းနျန်ကို မော့ကြည့်လိုက်ရာ သူမမှာ သူ၏ အကြည့်အောက်တွင် နေရခက်သွားသည်။ "ကျွန်မ အမှန်အတိုင်း ပြောတာပါ။ ရှင် မရှိတဲ့ တစ်လလုံး ကျွန်မ စုန့်ပိုင်နဲ့ တစ်ခါမှ မဆုံခဲ့ပါဘူး။"
လုယွီသည် မီးဖိုထဲသို့ ထင်းထည့်ရင်း အကြည့်ကို ပြန်ချလိုက်သည်။ "ကိုယ် သိပါတယ်။ တတိယတပ်ရင်းက တစ်ချိန်လုံး ကိုယ်တို့နဲ့အတူ ရှိနေတာ။"
ကျန်းနျန်က သူ့ကို ဤမျှ ရှင်းပြရန် လိုအပ်သည်ဟု ခံစားရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မီးဖိုချောင်ထဲတွင် ကြောက်စရာကောင်းသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားပြီး အိုးထဲက အသားကြော်သံ တရှဲရှဲကသာ ထိုတိတ်ဆိတ်မှုကို ဖြတ်တောက်နေသည်။
ကျန်းနျန် ဟင်းချက်နေစဉ် လုယွီ၏ မျက်နှာအမူအရာကို ခိုးကြည့်မိသည်။
လုယွီ သူမကို ယုံမယုံ မသိသော်လည်း သူမ ရှင်းပြသင့်သမျှ အားလုံးကို ရှင်းပြခဲ့ပြီးပြီ။
ညစာကို တိတ်ဆိတ်စွာပင် ပြင်ဆင်ခဲ့ကြသည်။ ထမင်းစားချိန်အထိ နှစ်ယောက်လုံး စကားမပြောဖြစ်ကြပေ။ ကျန်းနျန်သည် စိတ်ပျက်အားငယ်မှုအချို့ကို ထိန်းထားရသလို ခံစားရသည်၊ အမှန်တကယ်ပင် သူမ ဘာကြောင့် ဤမျှ စိတ်တိုနေရသည်ကို သူမကိုယ်တိုင် မသိပေ။ အကြောင်းပြချက်မရှိဘဲ တခြားတစ်ယောက်နှင့် တွဲနေသည်ဟု စွပ်စွဲခံရခြင်းကို တွေးမိလေလေ ပို၍ ဒေါသထွက်လေလေပင်…
ကျန်းနျန်သည် ဟင်းပန်းကန်ကို ကိုင်ကာ ခြံထဲသို့ ထွက်လာပြီး လုယွီက ကျန်သော ဟင်းများနှင့် တူများကို သယ်လာခဲ့သည်။
သူတို့နှစ်ယောက် ခြံထဲတွင် ထိုင်ကာ ထမင်းစားကြသည်။ ကျန်းနျန်မှာ ခေါင်းငုံ့ကာ ထမင်းစားနေခဲ့သည်။ ရုတ်တရက် သူမ၏ ပန်းကန်ထဲသို့ အသားအနည်းငယ် ရောက်လာခဲ့သည်။ သူမ မော့ကြည့်လိုက်သောအခါ လုယွီနှင့် အကြည့်ချင်း ဆုံခဲ့သည်။ "အသားတွေ ပို စား။"
ကျန်းနျန်သည် ဘာကြောင့်မှန်းမသိ မျက်ရည်များ ဝဲလာသလို ခံစားလိုက်ရသည်။
သူမသည် မျက်ဝန်းထဲက စိုစွတ်မှုကို ဖုံးကွယ်ရန် ခေါင်းငုံ့ကာ ထမင်းကို ပါးစပ်ထဲ အတင်းသွတ်ရင်း မပီမသ ပြန်ဖြေလိုက်သည်။ "အင်း။"
ဘေးအိမ်၌ ထန်ဇီက တံခါးလာခေါက်ခဲ့သည်။ "အစ်မဖန့်... ကျွန်တော် မနက်ဖြန် လက်ထပ်တော့မယ်။ အဲဒါကြောင့် အစ်မတို့ တစ်မိသားစုလုံး ညစာ လာစားဖို့ ဖိတ်ပါတယ်။"
ဖန့်မိန် ပြုံးလိုက်သည်။"ဒါဆိုရင်တော့ ငါတို့ အားနာမနေတော့ဘူးနော်။"
"မရီး..."
လုယွီသည် ကျန်းနျန်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ "ကိုယ့်ကို ကြည့်ပါဦး။"
ကျန်းနျန် တွန့်ဆုတ်နေမိသည်။ သူမ၏ မျက်လုံးများမှာ နီနေသဖြင့် လုယွီကို မမြင်စေချင်ပေ။ သူမ ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။
"ကျွန်မ ထမင်းစားနေတယ်လေ။"
"လက်ထောက်တပ်ရင်းမှူးလု။"
ထန်ဇီက သူတို့တံခါးကို လာခေါက်သဖြင့် လုယွီသည် ထမင်းပန်းကန်ထဲ ခေါင်းစိုက်ထားသော ကျန်းနျန်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ခြံတံခါးဖွင့်ရန် ထသွားလိုက်သည်။ ထန်ဇီ ပြုံးလိုက်သည်။ "ကျွန်တော် မနက်ဖြန် လက်ထပ်တော့မယ်။ အဲဒါကြောင့် မရီးကို ခေါ်ပြီး ညစာ လာစားပါဦး။ တခြား ရဲဘော်အချို့ကိုလည်း သွားအကြောင်းကြားရဦးမှာမို့ ကျွန်တော် သွားလိုက်ဦးမယ်။"
သူ ဤမင်္ဂလာပွဲအတွက် အကြောင်းကြားရမည့် လူ အများကြီး မရှိဘဲ ရင်းနှီးသော ရဲဘော် အနည်းငယ်သာ ရှိသည်။
လုယွီ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ၊ မနက်ဖြန် ကျွန်တော်တို့ လာခဲ့ပါ့မယ်။"
ထန်ဇီ ထွက်သွားပြီးနောက် ဖန့်မိန်က ဘေးအိမ်မှ ကူးလာသည်။ လုယွီသည် ကျန်းနျန်၏ ခေါင်းကို ကြည့်ရင်း ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမသည် ဖန့်မိန် ပြောနေသည်ကို နားထောင်ရင်း ထမင်းကိုသာ ငုံ့စားနေဆဲ ဖြစ်သည်။ သူမ ခေါင်းကို တစ်ချက်မျှ မမော့ခဲ့ပေ။ လုယွီ ထမင်းစားပြီးသောအခါ ဖန့်မိန်မှာ မပြန်သေးသဖြင့် သူသည် ထရပ်ကာ ကျန်းနျန်ကို ကြည့်လိုက်သည်။ "မရီး။"
ကျန်းနျန်သည် တူကို တင်းတင်းဆုပ်ထားမိသည်။ သူမ၏ ချိုသာသော အသံမှာ ယခုအခါ နှာသံများ ပါနေသည်။ "ဟင်။"
လုယွီသည် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။ "ကျွန်တော် အိပ်ဆောင်ကို အရင် ပြန်လိုက်ဦးမယ်။"
ကျန်းနျန် - "အင်း။"