← Chapters

အခန်း (၁၀၉)

Vol. 11 Ch. 109

အခန်း (၁၀၉)

Vol. 11 Ch. 109

စုန့်ပိုင် မျက်မှောင်အနည်းငယ် ကြုတ်ပြီး မျက်နှာချင်းဆိုင်ရှိ ကျန်းနျန်ကို မသိစိတ်ဖြင့် ကြည့်လိုက်သည်။ သူ၏ မရီး မေးခွန်းကို သတိရရင်း စားနေဆဲဖြစ်သော ချန်ဖန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။

လုယွီသည် စုန့်ပိုင်၏ ဘေးတွင် ထိုင်နေသဖြင့် အားလုံးက ကျန်းနျန်သည် စုန့်ပိုင်ကို သဘောကျနေသည်ဟု ထင်သွားကြသည်။ ရုတ်တရက် သူတို့ ဝိုင်းစနောက်ကြပြီး ထိုရယ်မောသံများကြားတွင် ကျန်းနျန်၏ အမြင်အာရုံမှာ ယခင်ကထက် ပို၍ ကြည်လင်လာသလို ခံစားရသည်။ လုယွီ၏ တင်းမာနေသော မျက်နှာထား၊ တင်းကျပ်စွာ စေ့ထားသော မေးရိုးနှင့် သူ၏ မျက်ဝန်းထောင့်မှ စိမ့်ထွက်လာသော အေးစက်သော အရှိန်အဝါများကို သူမ ရှင်းရှင်းလင်းလင်း မြင်နေရသည်။

သူမသည် လုယွီ စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားမှာကို စိုးရိမ်မိသည်။

လုယွီ ထရပ်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းနျန်က အရင် ထရပ်လိုက်သည်။ ထိုစနောက်သံများကြားတွင် ပထမဆုံးအကြိမ်အဖြစ် သိက္ခာကိုပင် ဂရုမစိုက်ဘဲ ကျယ်လောင်စွာ ကြေညာလိုက်သည်။ "ကျွန်မ စုန့်ပိုင်ကို စိတ်မဝင်စားပါဘူး။"

ရယ်မောစနောက်သံများမှာ ရုတ်တရက် ငြိမ်ကျသွားခဲ့သည်။

စုန့်ပိုင်က ချန်ဖန့်ကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "အစ်မချန်... တချို့အရာတွေကို ပေါ့ပေါ့ဆဆ မပြောသင့်ဘူး၊ အဲဒါက လုယွီ မရီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်။ ဒီကောလာဟလကို အစ်မ ဘယ်ကကြားလဲ ကျွန်တော် မသိပေမဲ့ ဒီနေ့ ကျန်းနျန်နဲ့ ကျွန်တော်တို့ တွဲနေတာ မဟုတ်ဘူးဆိုတာ ရှင်းပြချင်ပါတယ်။ စစ်သားတစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူရဲပါတယ်။ ရှိရင် ရှိတယ်၊ မရှိရင် မရှိဘူး။"

ကျန်းနျန်ကလည်း ချန်ဖန့်ကို ကြည့်ကာ ပြောလိုက်သည်။"အစ်မချန်... ကျွန်မ လက်ထောက်တပ်ရင်းမှူးစုန့်နဲ့ တွဲနေတယ်လို့ ဘယ်သူ့ဆီက ကြားတာလဲ။ ကျွန်မက မုဆိုးမတစ်ယောက်ပါ၊ မုဆိုးမတွေက ကောလာဟလတွေ အများကြီး ကြုံရတတ်ပါတယ်။ အစ်မက ကျွန်မရဲ့ ဂုဏ်သိက္ခာကို တမင်တကာ ဖျက်ဆီးချင်နေတာလား။"

ပါးစပ်ထဲတွင် အစားအစာများ ရှိနေသော ချန်ဖန့်မှာ ခေတ္တမျှ ကြောင်အမ်းသွားခဲ့သည်။

တပ်ရင်းမှူးစုန့်နှင့် တပ်ရင်းမှူးထန်တို့က လုယွီ၏ တင်းမာနေသော မျက်နှာကို ကြည့်လိုက်ကြသည်။ ကျန်းနျန်မှာ လုယွီ၏ မရီးဖြစ်သည်။ အကယ်၍ အခြားသူများက ကျန်းနျန်၏ ဂုဏ်သိက္ခာကို ဖျက်ဆီးလျှင် ထိုအရာမှာ လုယွီ၏ မျက်နှာကို ရိုက်လိုက်သလိုပင် ဖြစ်သည်။ မိမိမိသားစုကို အပုပ်ချခံရခြင်းကို မည်သူက သည်းခံနိုင်မှာလဲ။

တပ်ရင်းမှူးထန်သည် ယနေ့ သူ့ညီဖြစ်သူ၏ မင်္ဂလာပွဲကို မပျက်စီးစေချင်ပေ။ သူ မျက်မှောင်ကြုတ်ကာ ချန်ဖန့်ကို ကြည့်ပြီး ငေါက်လိုက်သည်။ "နင်ကတော့ တကယ့် ကျားမကြီးပဲ။ ဘာသက်သေမှ မရှိဘဲ ဘာလို့ လျှောက်ပြောနေတာလဲ။ အခုတော့ နားလည်မှုလွဲကုန်ပြီ။ အကယ်၍ စုန့်ပိုင်က ဒီနေ့သာ ရှင်းမပြခဲ့ရင် လုယွီရဲ့ မရီးက နောင်မှာ ဘယ်လို မျက်နှာမျိုးနဲ့ နေထိုင်ရတော့မှာလဲ။"

ချန်ဖန့် - ....

သူမ ပါးစပ်ထဲက အစားအစာများကို မြိုချလိုက်သည်။ "ဒါက ကျွန်မ လျှောက်ပြောတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဖန့်မိန်ကပဲ စုန့်ပိုင်မှာ ချစ်သူရှိနေပြီလို့ ပြောတာလေ။"

တပ်ရင်းမှူးစုန့်က ခေါင်းလှည့်ကာ ဖန့်မိန်ကို စိုက်ကြည့်လိုက်သည်။ "စုန့်ပိုင်မှာ ချစ်သူရှိတယ်လို့ ဘယ်သူက နင့်ကို ပြောတာလဲ။"

စုန့်ပိုင်လည်း မျက်မှောင်ကြုတ်ကာ ဖန့်မိန်ကို ကြည့်လိုက်သည်။

ဖန့်မိန် - ....

သူမသည် သူမ မည်သို့ ပစ်မှတ်ဖြစ်သွားသည်ကို မသိဘဲ ချန်ဖန့်ကို ဇဝေဇဝါ ကြည့်လိုက်သည်။ "ကျွန်မက ဘယ်တုန်းက အဲဒီလို ပြောလို့လဲ။"

သူမ ဘာလို့ မမှတ်မိရတာလဲ။

ချန်ဖန့် ပြောလိုက်သည်။ "ဟိုတစ်နေ့က မြစ်နားမှာ ပိတ်စွယ်ရွက်တွေ သွားခူးတုန်းက ငါ နင့်ကို မေးတော့ စုန့်ပိုင်မှာ တွဲနေတဲ့သူ ရှိတယ်လို့ နင်ပြောတာလေ။"

ဖန့်မိန် ကြားသည်နှင့် ချက်ချင်း သတိရသွားသည်။ သူမက ချန်ဖန့်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ဒါ နင့်ကြောင့် အကုန်ဖြစ်တာလေ။ နင်က ဟော်လျန်နဲ့ ဟော်မုန့်ကို ငါ့ဆီ ခေါ်လာပြီး ဟော်မုန်ကို စုန့်ပိုင်နဲ့ မိတ်ဆက်ပေးချင်တာ မဟုတ်လား။ ငါက အဲဒီ ဟော်မုန်ကို မကြိုက်လို့ စုန့်ပိုင်မှာ တွဲနေတဲ့သူ ရှိတယ်လို့ လျှောက်ပြောလိုက်တာ။ သူတွဲနေတဲ့သူက ကျန်းနျန်လို့ ငါ ဘယ်တုန်းက ပြောလို့လဲ။ ချန်ဖန့်... နင် ဘာတွေ တွေးနေတာလဲ။ နင် ငါ့သားကို မြစ်ထဲမှာ နှစ်သတ်လုနီးပါး ဖြစ်စေခဲ့ပြီးပြီ၊ အခုလည်း ကါ့ကို လောင်စုန့် ဆဲတာခံရအောင် လုပ်နေပြန်ပြီ။ နင် ဒါကို တမင်တကာ လုပ်နေတာလား။"

ဟော်မုန့် ဘာလုပ်ခဲ့သည်ကို လူတိုင်း သိကြသည်။ ထိုမိန်းမမှာ အလွန် ယုတ်မာသည်။ ဖန့်မိန်သာမက အခြား မည်သည့် စစ်သည်ဇနီးမှ ဟော်မုန့်ကို အိမ်သူသက်ထားအဖြစ် လိုချင်မည် မဟုတ်ပေ။

လက်ထောက်တပ်ရင်းမှူးယိုနှင့် ဟော်လျန်တို့မှာ ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း ရှက်လွန်းသဖြင့် မျက်နှာများ နီမြန်းနေကြသည်။ သူတို့နှစ်ယောက်လုံး ခေါင်းငုံ့ကာ ထွက်ပြေးချင်စိတ် ပေါက်နေကြသည်။

နဂါးလှေပွဲတော် အဖြစ်အပျက်ကို သတိရရင်း ချန်ဖန့်မှာ အသက်ရှူပင် ကျပ်သွားခဲ့သည်။ လောင်ထန်က အခြေအနေကို ပြေလည်အောင် အမြန်လုပ်ပေးရသည်။ "မင်း ဘာတွေ လုပ်လိုက်တာလဲ ကြည့်ဦး။ မရှိတာကို ရှိအောင် လုပ်ပြီး ထန်ဇီရဲ့ ပျော်ရွှင်စရာနေ့ကို ဖျက်ဆီးလိုက်တာပဲ။" ထို့နောက် သူက အားလုံးကို ပြောလိုက်သည်။ "ဒါက နားလည်မှုလွဲတာပါ၊ နားလည်မှု လွဲတာပါ။"

န်ဇီသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာထားမှာ အလွန် ဆိုးရွားနေသည်။

ယနေ့မှာ သူ၏ အရေးကြီးသော နေ့ဖြစ်သော်လည်း သူ၏ မရီးဖြစ်သူက ဤကဲ့သို့သော ကိစ္စမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သူသည် ပြတင်းပေါက်တွင် ထိုင်နေသော စွင်းယင်ကို လှမ်းကြည့်လိုက်သည်။ စွင်းယင်သည် မျက်နှာပျက်လျက် ကုတင်ပေါ်တွင် ထိုင်နေပြီး မပျော်မရွှင် ဖြစ်နေပုံရသည်။

ထန်ဇီ၏ မိခင်သည်လည်း ချန်ဖန့်ကို အပြစ်တင်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ချန်ဖန့်သည် မျက်နှာအေးစက်နေသော ကျန်းနျန်ကို ကြည့်၊ ထို့နောက် မျက်နှာပျက်နေသော စုန့်ပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ "ဒါကို စိတ်ထဲ မထားပါနဲ့။"

ကျန်းနျန်က ချန်ဖန့်ကို ကြည့်လိုက်သော်လည်း အားလုံးကို ကြားအောင် ပြောလိုက်သည်။ "အစ်မချန်... အစ်မ တွေ့ခဲ့တဲ့ ကျွန်မဝတ်ထားတဲ့ အဝတ်အစားတွေက အစိုးရ ပန်းထိုးဆိုင်က ဒါရိုက်တာကောက ကျွန်မအတွက် ဝယ်ပေးခဲ့တာပါ။ ဒါရိုက်တာကောက ပြီးခဲ့တဲ့လက ယွမ်မြို့ကို ပြောင်းသွားတယ်၊ အဲ့အတွက် သူ မသွားခင် ကျွန်မကို လက်ဆောင်ပေးခဲ့တာပါ။"

ပြောပြီးနောက် သူမသည် ထန်ဇီနှင့် တပ်ရင်းမှူးထန်ကို ကြည့်ကာ ပြောလိုက်သည်။ "ဗိုလ်ကြီးထန်၊ တပ်ရင်းမှူးထန်... ကျွန်မ ဗိုက်ပြည့်သွားပြီမို့ အရင် ပြန်လိုက်ပါဦးမယ်။"

သူမသည် စားပွဲများကို ပတ်ကာ ခြံထဲမှ အပြေးလေး ထွက်သွားခဲ့သည်။ သူမ ထိုနေရာတွင် ဆက်မနေနိုင်တော့ပေ။

ရှု့ယန်နှင့် ဖန့်မိန်တို့လည်း ထရပ်လိုက်ကြသည်။ "ကျွန်မတို့လည်း ဗိုက်ပြည့်ပါပြီ။"

ထိုသို့ ပြောပြီးနောက် နှစ်ယောက်လုံး ထွက်သွားကြသည်။ စုန့်ရှန်းတုန်၊ စုန့်ရှန်းဟုန်၊ လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့လည်း သူတို့နောက်မှ လိုက်ထွက်သွားကြသည်။ စည်ကားနေသော မင်္ဂလာပွဲမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

တပ်ရင်းမှူးထန်က အခြေအနေကို အမြန် ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်လိုက်ပြီး တပ်ရင်းမှူးစုန့်ကလည်း ဝိုင်းကူသဖြင့် အားလုံး ပြန်လည် စည်ကားလာပြန်သည်။

ထန်ဇီသည် လုယွီနှင့် စုန့်ပိုင်ထံသို့ လျှောက်လာပြီး လုယွီ၏ ပုခုံးကို အရင် ပုတ်လိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလု... ကျွန်တော့်မရီးက စဉ်းစားဆင်ခြင်မှု မရှိဘဲ ပြောမိတာပါ၊ အဲဒါကို စိတ်ထဲ မထားပါနဲ့။"

ထို့နောက် စုန့်ပိုင်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။"မင်းလည်း အဲဒါကို စိတ်ထဲ မထားနဲ့နော်။"

စုန့်ပိုင်သည် အေးစက်သော မျက်နှာထားဖြင့် တိတ်ဆိတ်နေပြီး အပြင်သို့ ပြေးထွက်သွားသော ကျန်းနျန်၏ ကျောပြင်ကိုသာ လှမ်းကြည့်နေမိသည်။

"လက်ထောက်တပ်ရင်းမှူးလု။"

လုယွီ ထရပ်လိုက်စဉ် ထန်ဇီက လှမ်းခေါ်လိုက်သည်။

လုယွီ၏ စူးရှသော အကြည့်မှာ ခြံထဲတွင် ထိုင်နေသော လူများကို ဝေ့ကြည့်သွားသည်။ "ဒီနေ့ လူစုံတုန်းမှာ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ ကျွန်တော့်မရီးရဲ့ အိမ်ထောင်ရေးက ခင်ဗျားတို့နဲ့ မဆိုင်ဘူး။ အကယ်၍ သူ လက်မထပ်ရင်တောင် သူ့တစ်ဘဝလုံးကို ကျွန်တော် စောင့်ရှောက်နိုင်တယ်။ နောင်ကို ကျွန်တော့်မရီးအတွက် အောင်သွယ်ပေးဖို့ ဘယ်သူမှ မကြိုးစားကြပါနဲ့တော့။"

ထို့နောက် သူ၏ အေးစက်သော မျက်ဝန်းများဖြင့် ကျန်းနျန်ကို စနောက်နေသော စစ်သည်တစ်စုကို ကြည့်လိုက်သည်။ "ပြီးတော့ မင်းတို့ အားလုံးလည်း ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီး အလုပ်မှာပဲ အာရုံစိုက်ကြစမ်း။"

"ဟုတ်ကဲ့။"

စစ်သည်တစ်စုမှာ ချက်ချင်း ခါးကို မတ်မတ်ဆန့်ကာ အလေးပြုလိုက်ကြပြီး စောစောက စနောက်နေသော ပုံစံများ ပျောက်ကွယ်သွားတော့သည်။

ဒုတိယတပ်ရင်းတွင် သူတို့သည် တပ်ရင်းမှူးစုန့်ကို မကြောက်သော်လည်း သူတို့ကို အသေအလဲ လေ့ကျင့်ပေးသော လက်ထောက်တပ်ရင်းမှူးလုကိုမူ အလွန် ကြောက်ကြသည်။

"အားလုံးပဲ ဆက်စားကြပါ၊ ကျွန်တော် ပြန်ပြီ။"

လုယွီသည် တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ခွာသွားသဖြင့် ထန်ဇီလည်း သူ့ကို မတားရဲတော့ပေ။

စွင်းယင်သည် ပြတင်းပေါက်မှတစ်ဆင့် လုယွီ ခြံထဲမှ ထွက်သွားသည်အထိ လိုက်ကြည့်နေမိသည်။

သူမသည် နှာတစ်ချက် ရှုံ့လိုက်ပြီးမှ သူမ၏ အနီရောင်ဖိနပ်လေးကို ပြန်ငုံ့ကြည့်နေလိုက်သည်။

အရိပ်ရသော လမ်းပေါ်တွင် ဖန့်မိန်နှင့် ရှု့ယန်တို့သည် ကလေးများနှင့်အတူ ကျန်းနျန်၏ နောက်မှ လိုက်လာကြသည်။ ဖန့်မိန်က ပြောလိုက်သည်။ "ကျန်းနျန်... စိတ်မဆိုးပါနဲ့နော်။ ငါ ချန်ဖန့်ကို သေသေချာချာ ရှင်းမပြခဲ့မိလို့ မင်းနဲ့ စုန့်ပိုင်ကို သူမ နားလည်မှု လွဲသွားတာ ငါ့အမှားပါ။"

ကျန်းနျန် နှုတ်ခမ်းကို စေ့ထားလိုက်သည်။ "ဒါ အစ်မအမှား မဟုတ်ပါဘူး။"

စုန့်ပိုင်ကို ဟော်မုန့်နှင့် မိတ်ဆက်ပေးရန် ခေါ်လာသူမှာ ချန်ဖန့် ဖြစ်သည်။ စုန့်ပိုင်၏ မရီးအနေဖြင့် သူမ ဟော်မုန့်ကို သဘောမကျဘဲ ငြင်းပယ်ရန် အကြောင်းပြချက် ပေးခဲ့သည်မှာ နားလည်ပေးနိုင်သေးသည်။ နောက်ဆုံးတွင် ဤနားလည်မှုလွဲမှားသည်မှာ ချန်ဖန့်၏ စဉ်းစားဆင်ခြင်မှု မရှိခြင်းကြောင့်သာ ဖြစ်သည်။

ကျန်းနျန် အိမ်ရောက်သည်နှင့် မီးဖိုချောင်သို့ တန်းသွားလိုက်သည်။

အမှန်တကယ်မှာ သူမ ဘာမှ မစားခဲ့ရပေ။ ယခု စိတ်တည်ငြိမ်သွားသောအခါမှ သူမ၏ ဗိုက်ထဲ၌ ဆူညံစွာ အော်မြည်နေတော့သည်။

ကျန်းနျန်သည် ဟင်းသီးဟင်းရွက်ဥယျာဉ်ထဲမှ သခွားသီးနှစ်လုံးနှင့် ပဲသီးအချို့ကို ခူးလိုက်သည်။ သူမ ၎င်းတို့ကို ကြော်စားရန် စိတ်ကူးထားသည်။ မီးဖိုချောင်ထဲသို့ ဝင်လိုက်စဉ် သူမ၏ အနောက်မှ ခြေသံတစ်ခုကို ကြားလိုက်ရသည်။ ဖန့်မိန် သို့မဟုတ် ရှု့ယန် ဖြစ်လိမ့်မည်ဟု သူမ ထင်ခဲ့သော်လည်း သေသေချာချာ နားထောင်ကြည့်သောအခါ ခြေသံမှာ တည်ငြိမ်ပြီး အားပါနေသဖြင့် လုယွီ ဖြစ်ကြောင်း သိလိုက်ရသည်။

လုယွီ ပြန်လာပြီလား။

ကျန်းနျန် မျက်တောင်ခတ်ရင်း လှည့်ကြည့်လိုက်ရာ မီးဖိုချောင်ထဲသို့ ဝင်လာသော လုယွီကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်သော်လည်း သူ၏ နက်မှောင်သော မျက်ဝန်းထဲတွင် အေးစက်မှုအချို့ ကျန်ရှိနေဆဲပင်။

သို့သော် ကျန်းနျန်ကို မြင်သောအခါ သူ၏ မျက်ဝန်းထဲရှိ အေးစက်မှုများမှာ ပျောက်ကွယ်သွားခဲ့သည်။ သူမ ဟင်းသီးဟင်းရွက် လှီးနေသည်ကို မြင်သောအခါ သူက သူမလက်ထဲမှ ဓားကို လှမ်းယူလိုက်သည်။ "ကိုယ် လုပ်ပေးမယ်။"

ကျန်းနျန်သည် ဓားကို အလုခံလိုက်ရသဖြင့် သတိပြန်ဝင်လာခဲ့သည်။ "ဒါဆို ကျွန်မ မီးမွှေးပေးမယ်။"

လုယွီ ပြန်ရောက်လာသည့်အတွက် ကျန်းနျန်သည် နေ့လယ်စာအတွက် ဟင်းသုံးမျိုးနှင့်အတူ ပေါင်းထားသော ဘန်းမုန့်ဖြူနှင့် ဆန်ပြုတ်ကို ချက်ပြုတ်ခဲ့သည်။ အစားအစာများ အဆင်သင့်ဖြစ်သောအခါ သူမသည် ခြံဝင်းအတွင်းရှိ စားပွဲပေါ်သို့ ယူဆောင်လာခဲ့သည်။ ထမင်းစားနေစဉ် ကျန်းနျန်က လုယွီကို ပြုံးလျက် မော့ကြည့်ကာ မေးလိုက်သည်။ "ဒီညစာအတွက် ဘာစားချင်လဲ။ ကျွန်မ ရှင့်အတွက် ချက်ပေးမယ်။"

လုယွီက ကျန်းနျန်၏ နှုတ်ခမ်းအစုံ၏ ကွေးညွှတ်မှုကို စိုက်ကြည့်ရင်း အကြည့်များကို ပြန်ချလိုက်ကာ ပြောလိုက်သည်။ "အစုံသုပ်။"

"ဟုတ်ပါပြီ။"

လုယွီသည် ဤထမင်းဝိုင်းကို စိတ်မပါ့တပါဖြင့် စားနေမိသည်။

သူ အပြင်သို့ ရောက်နေသည့် တစ်လတာလုံးတွင် မိသားစုခြံဝင်းရှိ ဤလူကို တွေးတောနေခြင်းကို သူ မရပ်တန့်နိုင်ခဲ့ပေ။

ကျန်းနျန် မြို့ထဲသွားလျှင် အန္တရာယ်တစ်ခုခုနှင့် ထပ်မံကြုံတွေ့ရမည်ကို သူ စိုးရိမ်နေခဲ့သည်။

ထမင်းစားပြီးနောက် လုယွီနှင့် ကျန်းနျန်တို့သည် ပန်းကန်များကို မီးဖိုချောင်သို့ သိမ်းဆည်းလိုက်ကြသည်။ သူက ကျန်းနျန်ကို ပြောလိုက်သည်။ "ကိုယ် အသင်းကို အရင်သွားလိုက်ဦးမယ်။"

ကျန်းနျန်က ခေါင်းညိတ်ပြလိုက်သည်။"သွားပါ။"

မီးဖိုချောင်အလုပ်များ ပြီးစီးပြီးနောက် ကျန်းနျန်သည် ခြံဝင်းထဲတွင် ထိုင်ကာ သူမ၏ ပန်းထိုးအလုပ်ကို လုပ်နေသည်။ တပ်ရင်းမှူးစုန့်နှင့် လုယွီတို့၏ ပြောင်းရွှေ့မိန့်မှာ ဘယ်တော့ကျလာမည်နည်းဟု သူမ တွေးနေမိသည်။ ဤနှစ် နဂါးလှေပွဲတော် ပြီးနောက်လား သို့မဟုတ် နောက်နှစ်မှလား။

သို့သော် ဤနှစ်၏ ပွဲတော်မှာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း တပ်ရင်းမှူးစုန့်ထံမှ ဘာသတင်းမှ မကြားရသေးပေ။

ကျန်းနျန်သည် ပြီးလုနီးပါးဖြစ်နေသော ပန်းထိုးအထည်ကို ကြည့်လိုက်သည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင် ပန်းထိုးဆိုင်သို့ လာခဲ့ရန် ကောမိန်က ဖုန်းဆက်ပြောခဲ့သည်ကို သူမ သတိရလိုက်သည်။ ကောမိန်က ဖုန်းထဲတွင် တိုက်ရိုက် မပြောခဲ့သော်လည်း ကျန်းနျန်က ကောမိန်၏ ရည်ရွယ်ချက်ကို နားလည်သည်။ သူမ၏ အဆိုအရ ဒါရိုက်တာဖန့်မှာ အလွန်စေ့စပ်သေချာပြီး ဆက်ဆံရခက်သူ ဖြစ်ပုံရသည်။ အကယ်၍ သူမသည် ပန်းထိုးထည်ကို ကြိုတင်မြင်တွေ့သွားပါက အပြစ်ရှာပေလိမ့်မည်။

အဆုံးတွင် ကျန်းနျန်သည် သူမ၏ လက်ရာကို ဖျက်ဆီးမိရုံသာမက ကွမ်းချန်၏ဘော့စ်ကိုလည်း အစိုးရပန်းထိုးဆိုင်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားစေပေလိမ့်မည်။

ကောမိန်သည် အစ်မကျိုက်နှင့် အစ်မလုတို့အတွက် လမ်းဖောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ကျန်းနျန် ခန့်မှန်းလိုက်မိသည်။

ထန်မိသားစု၏ စည်ကားသော အငွေ့အသက်များကြားတွင် အခြားစစ်သည်ဇနီးများမှာမူ လှောင်ပြောင်စရာကို စောင့်ကြည့်လိုသော အတွေးများဖြင့် ရောယှက်နေကြသည်။ ထမင်းစားပြီးနောက် တပ်ရင်းဗိုလ်ကြီးလု၏ မိခင်မှာ လုကျစ်ကျွင်းကို ခေါ်ကာ အရင်ဆုံး အိမ်ပြန်သွားသည်။ သူမ ပြန်ခါနီးတွင် ချန်ဖန့်ကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်။ လမ်းလျှောက်နေစဉ် လုကျစ်ကျွင်းက သူ့အဘွားကို မေးခဲ့သည်။ "အဘွား... ဘာလို့ ခေါင်းခါတာလဲ။"

အဘွားက လုကျစ်ကျွင်း၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ "အဘွား မင်းကို တစ်ခုပြောပြမယ်၊ ဒါကို စိတ်ထဲမှာ မှတ်ထားရမယ်နော်။"

လုကျစ်ကျွင်းမှာ ယခင်နှစ်ကကဲ့သို့ ဆိုးသွမ်းသော စိတ်မျိုး မရှိတော့ဘဲ အဘွား၏ စကားကို အာရုံစိုက် နားထောင်နေခဲ့သည်။ "ဘာလဲဟင်။"

အဘွားအိုက ပြောလိုက်သည်။ "ငါတို့က လူတွေနဲ့ အကြောင်းအရာတွေအကြောင်း ပြောတဲ့အခါ အသေးစိတ် အချက်အလက်တွေနဲ့မှ ပြောရမယ်။ အလွတ်သဘော ခန့်မှန်းပြီး မပြောရဘူး၊ မဟုတ်ရင် လူအတော်များများကို ဒုက္ခပေးသလို ဖြစ်လိမ့်မယ်။"

လုကျစ်ကျွင်းသည် ယခင်နှစ်က ဈေးထဲတွင် သူ၏မိခင်နှင့် အဒေါ်ခန်တို့က အဒေါ်ကျန်းသည် ဦးလေးစုန့်နှင့် လက်ထပ်တော့မည်ဟု ပြောနေကြသည်ကို ပြန်သတိရလိုက်သည်။ အဒေါ်ကျန်းက ထိုစကားကို ကြားလိုက်ရသဖြင့် သူ၏မိခင်ဖြစ်သူအား စကားအနည်းငယ် လှမ်း၍ ဆိုလိုက်သည်။ ထိုစဉ်က သူသည် နားထောင်ရင်း သူ၏မိခင်မှာလည်း ဦးလေးစုန့်နှင့် လက်ထပ်ချင်နေသည်ဟု ထင်မှတ်ကာ စိတ်ထဲစွဲနေခဲ့သည်။ နောက်ပိုင်းတွင် သူ၏မိခင်က သူ့ကို မုန့်ကောင်းကောင်း ဝယ်မကျွေးတော့သောအခါ သူသည် ဖခင်ဖြစ်သူကို ပြောပြခဲ့ဖူးသည်။ "မေမေက ဖေဖေနဲ့ ကွာရှင်းပြီး ဦးလေးစုန့်နဲ့ လက်ထပ်ဖို့ ပိုက်ဆံစုနေတာ။"

ဤအရာများကို တွေးမိသောအခါ လုကျစ်ကျွင်းသည် အဘွားကို နေရခက်စွာဖြင့် ပြောလိုက်သည်။ "အဘွား... ကျွန်တော် မေမေ့ကို လွမ်းတယ်။"

အဘွားမှာ ခေတ္တမျှ ကြောင်အမ်းသွားပြီး လုကျစ်ကျွင်း၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ "အေးပါ... သူ့အကြောင်း မတွေးနဲ့တော့။ ဒီည အဘွား မင်းအတွက် ခေါက်ဆွဲပြား လုပ်ပေးမယ်။"

လုကျစ်ကျွင်းက ပြုံးလိုက်သည်။ "ဟုတ်ကဲ့။"

ထိုအချိန်တွင် ထန်မိသားစုမှာ ပရမ်းပတာ ဖြစ်နေခဲ့သည်။ ချန်ဖန့်နှင့် သူမ၏ ယောက္ခမတို့မှာ ခြံဝင်းကို ရှင်းလင်းနေကြပြီး စစ်သည်ဇနီး အချို့လည်း ကူညီနေကြသည်။ ယနေ့မှာ ထန်ဇီ၏ မင်္ဂလာဆောင်ဖြစ်သဖြင့် အိမ်တွင် ချက်ပြုတ်ထားသော အရသာရှိသည့် ဟင်းပန်းကန်များမှာ အကုန်ပြောင်သလောက် ရှိနေသည်။

ထန်ဇီသည် အိမ်ထောင်ပြုပြီဖြစ်ရာ မင်္ဂလာဆောင်ခွင့် သုံးရက်ရထားသဖြင့် တပ်သို့ သွားစရာမလိုဘဲ မိသားစုကို ဝိုင်းကူနေသည်။ စွင်းယင်ကမူ အိမ်ထဲတွင် ထိုင်နေပြီး သူမကို မည်သူမျှ မနှောင့်ယှက်ကြပေ။

ချန်ဖန့်သည် သူမ၏ ယောက္ခမက သူမကို အပြစ်တင်နေမှန်း သိသဖြင့် တိတ်ဆိတ်နေမိသည်။

သူမ၏ ယောက္ခမက ထန်ဇီကို ပြောလိုက်သည်။ "အခန်းထဲပြန်သွားပြီး သတို့သမီးကို အဖော်နေပေးလိုက်ဦး။ မှောင်လာရင် လူတွေက နင့်ကို လာနောက်ကြဦးမှာ။"

သူတို့မှာ အသစ်စက်စက် လက်ထပ်ထားသူများဖြစ်သဖြင့် မင်္ဂလာဦးညကို စတင်တော့မည် ဖြစ်သည်။ တပ်ရင်းမှ လူများ ပြန်လာကြလျှင် ထန်မိသားစုသည် တစ်ဖန်ပြန်၍ စည်ကားလာပေလိမ့်မည်။

ထန်ဇီသည် တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။ ကုတင်ပေါ်တွင် ထိုင်နေသော စွင်းယင်မှာ ကျစ်ဆံမြီးတွင် ဝါဂွမ်းပန်းလေး နှစ်ပွင့် ပန်ထားသည်။ သူမ၏ အသားအရေမှာ ဖြူစင်ဝင်းပနေပြီး ညာဘက်မျက်လုံးအောက်တွင် မှည့်လေးတစ်လုံး ရှိသည်။ သူမကို ငုံ့ပဲကြည့်ကြည့်၊ မော့ပဲကြည့်ကြည့်၊ သူမတွင် ဆွဲဆောင်မှုရှိသော အလှတရားရှိသဖြင့် ထန်ဇီမှာ သူမကို ပို၍ပင် သဘောကျမိနေသည်။

All Chapters