← Chapters

အခန်း (၆၃၆-၆၃၇)

Vol. 39 Ch. 636-637

အခန်း (၆၃၆-၆၃၇)

Vol. 39 Ch. 636-637

Chapter 636

ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုကြီး ၃

[ရှင် ဂရေ့စ်ကို အမြဲ ယုံကြည်နိုင်ပါတယ်]

[ဂရေ့စ်ရဲ့ စနစ်ကို Format ချပြီး ပြန်မရေးမချင်း ဂရေ့စ်က ရှင့်အမိန့်တွေကို အမြဲ လိုက်နာမှာပါ]

လင်းရှန် ခေါင်းညိတ်လိုက်သည်၊၊

“ကောင်းပြီ၊၊ ဒါဆို အစီအစဉ်တစ်ခုပြောပြ”

[ဟုတ်ကဲ့ပါ]

ဂရေ့စ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် စက်ရုပ်ဆန်သော အမျိုးသမီးအသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်၊၊

[ပထမ အစီအစဉ် ငွေနဂါးဆယ်ဆပန်းပါ၊၊ ဒီလို ကပ်ဘေးအပင်မျိုးဟာ အန္တရာယ်တွေကို ဖယ်ရှားနိုင်တဲ့ စွမ်းရည် ပိုင်ဆိုင်ထားပါတယ်၊၊ ဒါကြောင့် ဒီအပင်ကို ပြုစုပျိုးထောင်ခြင်းကလည်း ဖြေရှင်းနည်းတွေထဲက တစ်ခုပါပဲ၊၊ သဘာဝစွမ်းအားရှင်ဖြစ်တဲ့ ဒေါက်တာ တင်းကျန်းရီက အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်တာ ထင်ရှားပါတယ်၊၊ ဒါပေမဲ့ ဒါက အချက်အလက်အချို့နဲ့ ကန့်သတ်ထားပါတယ်၊၊

(၁) ဒေါက်တာ တင်းကျန်းရီရဲ့ စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု၊၊

(၂) ရှင့်ရဲ့ ဟင်းလင်းပြင်စွမ်းအားက အပင်ရဲ့ ကြီးထွားမှုကို ထိခိုက်မှု ရှိ-မရှိ ၊၊

(၃) ငွေနဂါးဆယ်ဆပန်းက အကြိမ်များစွာ ပွင့်နိုင်ခြေ ရှိ-မရှိ၊၊

(၄) အဖွဲ့ရဲ့ ရှင်သန်နိုင်စွမ်း ကြာမြင့်ချိန် သက်ရောက်မှုဖြင့် ကန့်သတ်ထားခြင်း]

“ဟုတ်တယ်၊၊ ဒါရိုက်တာတင်းလည်း သိတယ်၊၊ ဒါကြောင့် သူမက တွင်းနက်ထဲက လက်ရှိအခြေအနေကို အသုံးချပြီး ဒီကပ်ဘေးအပင်ကို အနားမယူပဲ သုတေသနလုပ်နေတယ်၊၊ ပြီးတော့ သူမ အင်အားပြန်ပြည့်လာတာနဲ့ စိတ်ချင်းဆက်နွယ်မှုကို ပြန်လည်ချိတ်ဆက်ဖို့ ကြိုးစားလိမ့်မယ်”

လင်းရှန် ခေါင်းညိတ်လိုက်သည်၊၊ “ဆက်ပြောပါ”

[ဒုတိယ အစီအစဉ်ကတော့ ရှင့်ရဲ့ ယန္တရားစွမ်းရည် အလားအလာ ချဲ့ထွင်ခြင်းပါ၊၊ တွက်ချက်မှုတွေအရ ရှင်ဟာ ပေါင်းစည်းရထားတွဲတစ်ခုလုံးကို ၂၃ ရက်အတွင်း ဝါးမျိုနိုင်ပါတယ်၊၊ ဘုရင်မ မိုနီကာနဲ့ နဂါးတောင် ၁ တို့ရဲ့ မြေမျက်နှာပြင်မရွေးသုံး ရထားတွဲတွေနဲ့ ပေါင်းစပ်ပြီး ရှင်က မြေမျက်နှာပြင်မရွေး ရထားတွဲ ၁၃ စုံ အပြည့်အစုံကို ထုတ်လုပ်နိုင်ပါတယ်၊၊ ဒီမှာရှိတဲ့ လူ ၃,၈၀၀ လုံး လွတ်မြောက်ဖို့ တင်ဆောင်ရန် လုံလောက်ပါတယ်၊၊ အရင်က ရှင်ပြောခဲ့တဲ့ အခြားမော်တော်ယာဉ်တန်းအဖွဲ့ လွတ်မြောက်ရေး ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်လိုက်ရင် ဒီအစီအစဉ်က ဖြစ်နိုင်ခြေ မြင့်မားပါတယ်၊၊ ပြီးတော့ ဝါးမျိုမှုကနေတစ်ဆင့် ရှင့်ရဲ့ ယန္တရားစွမ်းရည် အဆင့်မြှင့်တင်ပြီးနောက် ပိုပြီးအဆင့်မြင့်တဲ့ အမည်မသိစွမ်းရည်တွေ ရရှိနိုင်ပြီး အခြားလွတ်မြောက်ရေး အစီအစဉ်တွေကို ဖော်ထုတ်နိုင်ပါလိမ့်မယ်]

“ဒါက မဖြစ်နိုင်ဘူး… ငါ ရထားတွေ အကုန်လုံးကို ဝါးမျိုလို့ မရဘူး၊၊ ငါ့မှာ အဲဒီလောက် အချိန်လည်း မရှိဘူး”

[တတိယ အစီအစဉ်]

ဂရေ့စ်သည် လင်းရှန်၏ နောက်တွင် ငြိမ်သက်စွာ ရပ်နေသည်၊၊

[ရှင့်ရဲ့ အသိစိတ်ကို ဂရေ့စ်ဆီကို upload တင်ပြီး ဒစ်ဂျစ်တယ်သက်ရှိအဖြစ် ခန္ဓာကိုယ် လွတ်မြောက်မှု ရယူခြင်းပါ၊၊]

ထိုစကားကို ကြားသောအခါ လင်းရှန်သည် နောက်သို့လှည့်ကာ ဂရေ့စ်ကို ကြည့်လိုက်သည်၊၊

“ငါ အဲဒီလိုတော့ မလုပ်ဘူး”

[ဒီအစီအစဉ် သုံးခုကလွဲရင် ရထားလမ်းခင်းတဲ့ အစီအစဉ်ပဲ ကျန်ပါတော့တယ်၊၊ ဒေသတွင်းမြေမျက်နှာသွင်ပြင်ကို အသုံးပြုပြီး ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ရထားလမ်းခင်းခြင်း ပြီးစီးမှု အောင်မြင်နှုန်းက ၀.၃% သာ ရှိပါတယ်၊၊ မြေပြန့်လမ်းကြောင်းကို ရွေးချယ်ပြီး ရှောင်ကွင်းသွားရင်တောင် အောင်မြင်နှုန်းက ၂.၆% သာ ရှိပါတယ်၊၊ အင်ဂျင်နီယာအဖွဲ့တွေနဲ့ စွမ်းအားရှင်တွေ အားလုံးကို ရှင်ဦးဆောင်ပြီး ပူးပေါင်းတည်ဆောက်ရင်တော့ အောင်မြင်နှုန်း ၈၅.၆% အထိ မြင့်တက်နိုင်ပါတယ်၊၊ ဒါပေမဲ့ ဒါက အခြေခံသဘောတရားနဲ့ ဆန့်ကျင်နေပါတယ်]

“ကားအစီအစဉ်၊ လေယာဥ်ပျံ အစီအစဉ်၊ ငွေကျည်ဆန်၊ ဒါတွေ တစ်ခုမှ အလုပ်မဖြစ်ဘူးလား”

ဂရေ့စ်က ပြန်ဖြေသည်၊၊

[လက်ရှိ အသက်ရှင်ကျန်ရစ်သူ အရေအတွက်အရ ရှင်ဟာ သယ်ယူပို့ဆောင်ရေး ယာဉ်ကြီး ၅၂ စီး ထပ်မံ ထုတ်လုပ်ဖို့ လိုအပ်ပြီး သံချပ်ကာအကြီးစားတွေ မပါဘဲနဲ့ သတ္တဝါတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် အောင်မြင်နှုန်းက ၀.၀၀၂% ပဲ]

[ဒါ့အပြင် တားမြစ်ပစ္စည်းတွေအပေါ် ကျွန်မရဲ့ နားလည်မှုက လက်ရှိကမ္ဘာရဲ့ သုတေသနတိုးတက်မှု အခြေအနေနဲ့ ကန့်သတ်ခံထားရပါတယ်၊၊ ကြိုတင်သတ်မှတ်ထားတဲ့ အခြေအနေတွေ မရှိရင် ငွေကျည်ဆန်ကို အရန်အစီအစဉ်အဖြစ် သုံးနိုင်မလားဆိုတာကို ကျွန်မ မပြောနိုင်ပါဘူး]

ထိုစကားကို ကြားသောအခါ ဂရေ့စ်သည် သူ တွေးမိသော သို့မဟုတ် မတွေးမိသော အခြေအနေအားလုံးကို အခြေခံအားဖြင့် ခွဲခြမ်းစိတ်ဖြာပြီးဖြစ်ကြောင်း လင်းရှန် သဘောပေါက်လိုက်သည်၊၊ သူ ခဏမျှ စဉ်းစားလိုက်ပြီး ကီကီ၏ အစီအစဉ်ကို ဦးစွာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်၊၊ ဂရေ့စ်အား အဖြူရောင်မြို့ကို ရှာဖွေရန် လမ်းကြောင်းအတိုင်း လိုက်သွားခိုင်းလိုက်သည်၊၊ ရထားလမ်းခင်းမည့် အစီအစဉ် အလုပ်မဖြစ်လျှင်တောင် ဂရေ့စ်အား ဆက်သွယ်ရေးစခန်းများကို သယ်ဆောင်သွားခိုင်းပြီး အဖြူရောင်မြို့ကို ရှာဖွေခိုင်းခြင်းဖြင့် အနည်းဆုံးတော့ မြေပုံနှင့် လမ်းကြောင်းမှန်ကန်ကြောင်း အတည်ပြုနိုင်မည်ဖြစ်ပြီး သူတို့သည် အပြာရောင်ကမ္ဘာပေါ်တွင် ရှိနေဆဲဖြစ်ကာ ကမ္ဘာကြီးသည် ပြောင်းပြန်ဖြစ်နေသော မိုးပျံပင်လယ်အော်ကဲ့သို့ ပျက်စီးမသွားသေးကြောင်း အတည်ပြုနိုင်မည်ဖြစ်သည်၊၊

အဲဒီလိုဆိုရင်တော့ ငါတို့က ထိုးဖောက်အောင်မြင်မှုတချို့ ရှာတွေ့နိုင်လောက်တယ်၊၊

“မင်းကို အဖြူရောင်မြို့ရှာဖွေရေးသွားဖို့ စီစဉ်လိုက်မယ်၊၊ ငါ အရင်ဆုံး ဒရုန်းတစ်စင်း လွှတ်ပြီး စမ်းသပ်လိုက်ဦးမယ်”

[အဲဒါ ဖြစ်နိုင်ပါတယ်၊၊ ဒါပေမဲ့ ဒီအချိန်ကို အလဟဿ မဖြုန်းတီးဖို့ ကျွန်မ အကြံပြုလိုပါတယ်၊၊ ဒါဟာ လက်ရှိတစ်ခုတည်းသော အစီအစဉ် ဖြစ်နေရင် တခြားဒရုန်းစမ်းသပ်မှုတွေက အဓိပ္ပာယ်မရှိပါဘူး၊၊ ထူးဆန်းတဲ့ သတ္တဝါကို သတိပေးမိမလား ဆိုတာက နောက်ဆုံးရလဒ်ကို မထိခိုက်စေပါဘူး၊၊ ကျွန်မကိုယ်တိုင် သွားရောက်မှသာ လက်တွေ့အခြေအနေအပေါ် မူတည်ပြီး ပြန်လာနိုင်မလား ဆိုတာ ဆုံးဖြတ်နိုင်မှာပါ] ဂရေ့စ်က ပြောလိုက်သည်၊၊

လင်းရှန် ထိုစကားကို ကြားသောအခါ ကြောင်အသွားပြီး ဂရေ့စ်၏ ခွဲခြမ်းစိတ်ဖြာမှုကို ခဏတာ အံ့အားသင့်သွားသည်၊၊

ဤပြင်းထန်သော ယုတ္တိဗေဒသည် လင်းရှန်ကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည်၊၊ အမှန်ပင် ဒရုန်းက ထူးဆန်းသည့် သတ္တဝါကို သတိပေးမိမလားဆိုသည်မှာ အရေးအကြီးဆုံးကိစ္စ မဟုတ်ပေ၊၊ အခြားအစီအစဉ်များ မရှိလျှင် ဂရေ့စ်ကို တိုက်ရိုက်စေလွှတ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်၊၊ သူမသည် လက်တွေ့အခြေအနေအပေါ် မူတည်ပြီး နောက်ထပ် ဆုံးဖြတ်ချက်ကို ချမှတ်လိမ့်မည်၊၊ လင်းရှန် စိုးရိမ်နေသည့်အရာမှာ Ai ဦးနှောက်တစ်ခု ဆုံးရှုံးသွားမည်ကိုသာ ဖြစ်သည်၊၊

သို့သော် အခြားအစီအစဉ် မရှိသဖြင့် သူ့တွင် ရွေးချယ်စရာ မရှိပေ၊၊

[လမ်းကြောင်းတစ်လျှောက် အနန္တ ရထားနဲ့ ဆက်သွယ်ရေး အချက်ပြလိုင်းချိတ်ဆက်မှု ထိန်းထားဖို့အတွက် ရှင်က အချက်ပြစခန်း အရေအတွက်တစ်ခုထုတ်လုပ်ပေးနိုင်ပါတယ်၊၊ ကျွန်မ ရှင့်ရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆက်လုပ်သွားပါ့မယ်]

ဂရေ့စ်၏ စကားကို ကြားသောအခါ လင်းရှန် ခေါင်းညိတ်လိုက်သည်၊၊

“ငါလည်း အဲဒီလိုပဲ တွေးနေတာ”

ထို့နောက် သူသည် ခဲယမ်းမီးကျောက် ထုတ်လုပ်မှုကို ချက်ချင်း ရပ်လိုက်ပြီး အချက်ပြစခန်းငယ်များကို စတင်ဖန်တီးလိုက်သည်၊၊ အဖြူရောင်မြို့သို့ အကွာအဝေးအရ လင်းရှန်သည် ဤအရာများကို အနည်းဆုံး ၁၀၀ ခန့် ပြုလုပ်ရမည်ဖြစ်သဖြင့် ဂရေ့စ်သည် ယာဉ်တစ်စီးကိုအသုံးပြုမည် သို့မဟုတ် သယ်ယူပို့ဆောင်ရေးအတွက် PX-05 စက်ရုပ်အချို့ကို ခေါ်သွားမည်ဖြစ်သည်၊၊ အနည်းငယ် စဉ်းစားပြီးနောက် လင်းရှန်သည် နှိုင်းယှဉ်ရလျှင် ပို၍ လျင်မြန်ပေါ့ပါးသောကြောင့် PX-05 စက်ရုပ်များကို ထည့်ပေးရန် ဆုံးဖြတ်လိုက်သည်၊၊

“ဂရေ့စ်၊၊ မင်းဆီကနေ အမည်မသိ သတိပေးချက်နှစ်ခုပေါ်လာရတဲ့ အကြောင်းရင်းက ဘာဖြစ်နိုင်မလဲ”

မှောင်မည်းနေသော အတွဲအမှတ် ၂၁ ထဲတွင် လင်းရှန် တစ်ယောက်တည်း အချက်ပြစခန်းများ ပြုလုပ်နေသည်၊၊ ဤလုပ်ငန်းစဉ်အတွင်း ဂရေ့စ်သည် သူ့အား အဘယ်ကြောင့် ရှင်းပြ၍မရသော သတင်းအချက်အလက်များ ယခင်က ပေးခဲ့သနည်းဆိုသည်ကို Ai ဦးနှောက်မှတစ်ဆင့် ခွဲခြမ်းစိတ်ဖြာကြည့်နေသည်၊၊

[ပထမဦးဆုံး ကျွန်မရဲ့ လည်ပတ်မှုစနစ်မှာ ဒီလိုပရိုဂရမ်တစ်ခု ထည့်သွင်းနိုင်ဖို့အတွက် ဂရေ့စ်ရဲ့ မူလ ပရိုတိုကောအထက်က စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်ကို ပိုင်ဆိုင်ထားရပါမယ်၊၊ ဥပမာအားဖြင့် လက်ရှိ ဂရေ့စ်အပေါ် ရှင့်ရဲ့ စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်မျိုးပေါ့၊၊ ဒါကြောင့် လက်ရှိအခြေအနေအပေါ် မူတည်ပြီး ဒီလို သတိပေးချက်မျိုး လုပ်နိုင်မယ်ဆိုရင် ဖြစ်နိုင်ခြေ သုံးခုရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်]

[(၁) ဒီလို စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့် ပိုင်ဆိုင်ထားသူတွေဟာ ဟင်းလင်းပြင်ဖြတ်ကျော် စောင့်ကြည့်ခြင်း သို့မဟုတ် အချိန်ဖြတ်ကျော်စွမ်းရည်တစ်မျိုးမျိုး ရှိပါလိမ့်မယ်၊၊ လက်ရှိ စွမ်းအားတွေ့ရှိမှုတွေအရ အချိန်စွမ်းရည်ဖြစ်နိုင်ခြေက ပိုနည်းပါတယ်၊၊ ပြီးတော့ ဒါက အချိန်ဆိုင်ရာ ရှုပ်ထွေးမှုကို ဖြစ်စေပါတယ်]

[(၂) ချူယန်ကိုယ်တိုင်က ဖုံးကွယ်နေတာပါ၊၊ သူမနဲ့ ရှင် ကြုံတွေ့ခဲ့ရတဲ့ အသိစိတ်ချိတ်ဆက်မှုတွေအရ သူမဟာ ရှင့်ရဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်နိုင်စွမ်းရှိဖို့ အများဆုံး ဖြစ်နိုင်ပါတယ်၊၊ ဒါ့အပြင် ဂရေ့စ် အသုံးပြုတဲ့ ချူယန်ရဲ့ သုံးဖက်မြင် မျက်နှာပုံရိပ်ဟာ တိုက်ဆိုင်မှုမဟုတ်တာ ထင်ရှားပါတယ်၊၊ ခြုံငုံကြည့်ရင် ချူယန်နဲ့ အနီရောင်ကမ္ဘာဟာ အထူးဆက်နွယ်မှုတစ်ခုခုရှိနေလိမ့်မယ်]

[(၃) အဖွဲ့ထဲမှာ ရှင့်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတဲ့ စောင့်ကြည့်သူတစ်ယောက် ရှိနေပါတယ်၊၊ ဂရေ့စ်ရဲ့ အမိန့်အားလုံးကို ဒီလူက စတင်ခဲ့တာပါ]

ထိုစကားများကို ကြားသောအခါ လင်းရှန်၏ မျက်နှာ အုံ့မှိုင်းသွားသည်၊၊

“ဒုတိယနဲ့ တတိယအချက်တွေက ယုတ္တိမရှိဘူး၊၊ ချူယန်က ငါနဲ့ သူမရဲ့ ဆက်သွယ်မှုအားလုံးကို မငြင်းခဲ့ဘူး၊၊ သုညဒြပ်စင်ဗဟိုဌာနက ကိစ္စတွေကိုကျမှ ဘာလို့ သူမက အထူးတလည် ငြင်းရမှာလဲ၊၊ ပြီးတော့ အသိစိတ်ချိတ်ဆက်မှုတွေ အားလုံးက ငါအိပ်မက်မက်တဲ့အခြေအနေထဲ ဝင်ပြီးမှ ဖြစ်လာတာပဲ… လတ်တလော အခြေအနေကတော့ မျက်မြင်သက်သေတွေနဲ့ ငါ နိုးနေတုန်း ဖြစ်ခဲ့တာ ထင်ရှားတယ်”

“တတိယအချက်ရဲ့ ပြဿနာက ငါက ဂရေ့စ်နဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ၊၊ တခြားလူတွေလည်း အတူတူပဲ၊၊ အဲဒီတုန်းက တင်းကျန်းရီပဲ ငါနဲ့အတူ ရှိနေတာ… သူမက ငါ့မျက်စိအောက်မှာတင် မင်းကို ခိုင်းစေခဲ့တာ ဖြစ်နိုင်ပါ့မလား”

Chapter 637

ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုကြီး ၄

အံ့သြစရာကောင်းသည်မှာ ဂရေ့စ်က တိုက်ရိုက် ပြန်ဖြေသည်၊၊

[တစ်စုံတစ်ယောက်က ကျွန်မရဲ့ စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့် ရှိရင် သူတို့ သေချာပေါက် လုပ်နိုင်ပါတယ်၊၊]

ထိုစကားကို ကြားသောအခါ လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊ တင်းကျန်းရီလား…

ပြောရလျှင် ထိုအချိန်က တင်းကျန်းရီသည် အဝေးထိန်း Ai ထိန်းချုပ်နိုင်စွမ်းရှိသော Black Hawk စွမ်းအားမြှင့်ဝတ်စုံကို ဝတ်ဆင်ထားသည်၊၊ ပြီးတော့ တင်းကျန်းရီသည် များသောအားဖြင့် ရထားတွဲထဲတွင် ရှိနေသဖြင့် ဂရေ့စ်နှင့် ထိတွေ့ဆက်ဆံရန် အဖြစ်နိုင်ဆုံးလူများထဲမှ တစ်ဦးဖြစ်သည်၊၊

သို့သော် သေချာ စဉ်းစားကြည့်ပြီးနောက် လင်းရှန် ထိုအတွေးကို ပယ်ဖျက်လိုက်သည်၊၊

တင်းကျန်းရီက ဂရေ့စ်ကတစ်ဆင့် ဆက်သွယ်ဖို့ ဘာလိုအပ်ချက် ရှိနိုင်မည်နည်း၊၊ ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး၊၊ ရထားပေါ်က စွမ်းရည်သုတေသနနဲ့ ပြုစုပျိုးထောင်မှုတွေအကြောင်း၊ တားမြစ်ပစ္စည်းတွေအကြောင်း သတင်းအချက်အလက်တွေအပါအဝင် သူမ အကုန်သိထားသည်၊၊ သူမသာ တစ်ခုခုသိရင် သူ့ကို တိုက်ရိုက်ပြော၍ရသည်၊၊ ဒါက ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား၊၊

ပထမအချက်က သိပ်မသေချာဘူး၊၊ အတန်ကြာစဉ်းစားပြီးနောက် လင်းရှန်သည် ချူယန်နှင့် ပတ်သက်ပြီး ပြဿနာကြီးတစ်ခုရှိနေသေးသည်ဟု မြင်သည်၊၊

ပထမအချက်၊၊ လင်းရှန်၏ ကျိအန်းမြို့ တိုက်ခန်းတွင် သူမ ပေါ်လာခြင်းသည် သိသာထင်ရှားသော သံသယဖြစ်စရာဖြစ်သည်၊၊ အထူးသဖြင့် အစောပိုင်းက ဆွဲငင်အားမှန်ဘီလူးကို အသုံးပြုချိန်တွင် အသိစိတ်ချိတ်ဆက်မှုကို သူ ခံစားခဲ့ရသောကြောင့် ဖြစ်သည်၊၊ ထို့အပြင် အနီရောင်ကမ္ဘာမှ အိမ်ထိန်းစက်ရုပ်က ချူယန်၏ မျက်နှာကို အသုံးပြုခြင်းသည် ပို၍ပင် ထူးဆန်းနေသည်၊၊ ချူယန်ကလည်း ဤပြဿနာကို သိရှိထားသည်မှာ ထင်ရှားသည်၊၊ သူမ၏ အဖွဲ့အစည်းအမည်မှာ မြောက်အမေရိကသမဂ္ဂရှေ့တန်းတပ် (NAUF) ဖြစ်ကြောင်း ပြောခဲ့သော်လည်း အနီရောင်ကမ္ဘာတွင် သူမ၏ ပုံရိပ်ရှိနေရခြင်း အကြောင်းရင်းအတိအကျကို မရှင်းပြခဲ့ပေ၊၊ အနာဂတ်မှာ သူ နားလည်လာမည်ဟုပဲ ပြောခဲ့သည်...

“ဟူး... ထားလိုက်တော့”

လင်းရှန် သူ့နဖူးကို ပွတ်သပ်လိုက်သည်၊၊ ဒီကိစ္စတွေကို အတွေးလွန်နေတာ အချိန်ဖြုန်းတာပဲ၊၊ သူ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းဖို့ လိုတယ်၊၊ အနည်းဆုံးတော့ ယိကျင်းမြို့မှ ဂရေ့စ်၏ သတင်းစကားက သူမ၏ စေတနာကို ပြသခဲ့သည်၊၊ ထို့ကြောင့် လင်းရှန်သည် နောက်ဆုံးရရှိသော သတင်းအချက်အလက်ကိုလည်း သေချာစဉ်းစားသင့်သည်၊၊

ထို့နောက် လင်းရှန်သည် ဆက်သွယ်ရေးစက်ကို ကောက်ကိုင်လိုက်ပြီး အဖြူရောင်မြို့ကို ကင်းထောက်ရန်အတွက် လမ်းကြောင်းတစ်လျှောက် စက်ရုပ်များ စေလွှတ်မည့် အစီအစဉ်ကို ယာဉ်တန်းအဖွဲ့အသီးသီးနှင့် ဆွေးနွေးလိုက်သည်၊၊ ဤအခြေအနေများအောက်တွင် အားလုံး အကြံအိုက်နေကြသဖြင့် လင်းရှန်၏ အစီအစဉ်ကို အားလုံးက လျင်မြန်စွာ လက်ခံလိုက်ကြသည်၊၊

“ရထားလမ်းခင်းဖို့ Ai စက်ရုပ်တစ်ရုပ်က ဦးဆောင်မယ် ဟုတ်လား၊၊ လင်း… မင်း ဘယ်လိုများ စဉ်းစားမိတာလဲ”

ရှီတိယွမ် ကြားလိုက်သောအခါ ထိတ်လန့်သွားသည်၊၊

“ဒါက နည်းလမ်းတစ်ခုတော့ ဟုတ်ပါတယ်၊၊ ဒါပေမဲ့ ဒီလို ကြမ်းတမ်းတဲ့ တောင်တန်းတွေကို ဖြတ်ပြီး ရထားလမ်း ကီလိုမီတာ ဒါဇင်ချီ ခင်းဖို့ဆိုတာ ရိုးရှင်းမှာ မဟုတ်ဘူး”

“အနည်းဆုံးတော့ ဒါက အစီအစဉ်တစ်ခုပဲ”

နန်ကျင်းက ပြောလိုက်သည်၊၊

“ပထမအချက်အနေနဲ့ စက်ရုပ်တွေက ထူးဆန်းတဲ့ သတ္တဝါတွေကို သတိမပေးမိဘူးလို့ အတည်ပြုနိုင်ရင် ဒါက ကျွန်မတို့အတွက် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ နည်းလမ်းတစ်ခု ဖြစ်လာနိုင်တယ်”

“ပြင်ပကမ္ဘာ… ဖီးနစ်နဲ့ ဆက်သွယ်မလို့လား”

ချီလီက တည့်တိုးပြောလိုက်သည်၊၊

“စတားဖလိ့စစ်တပ်တောင်မှ တွင်းနက်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရဲတာမဟုတ်ဘူး၊၊ သူတို့က ညလမ်းလျှောက်သူအဖွဲ့ရဲ့ ဒုတိယယူနစ်ကိုပဲ စေလွှတ်ခဲ့တာ… ထိခိုက်သေဆုံးမှုနှုန်းကလည်း အရမ်းမြင့်မားတယ်၊၊ ငါတို့ကို လာကယ်မယ့်သူ ရှိမယ် မထင်ဘူး”

ထို့နောက် သူက ထပ်လောင်းပြောသည်၊၊

“ငါက မျှော်လင့်ချက်တွေကို ဖျက်ဆီးနေတာ မဟုတ်ပါဘူး၊၊ လင်းရှန်ရဲ့ အကြံပြုချက်ကို ငါ ထောက်ခံတယ်၊၊ လိုအပ်ရင် ငါ့လက်ထဲမှာ ဒရုန်းတွေ အများကြီးရှိတယ်၊၊ ဒါမှမဟုတ် ငါ သွားကင်းထောက်လိုက်မယ်၊၊ ငါ့စွမ်းအားက ပြေးဖို့အတွက် အတော်လေး အဆင်ပြေတယ်လေ… ဟားဟား”

ချီလီက ကျေနပ်နေပုံရပြီး ချက်ချင်း ပြောလိုက်သည်၊၊ “ဒါကြောင့် ညွှန်ကြားချက်သာ ပေးလိုက်…. ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ခရီးစဉ်မျိုး ငါ သေသွားရင်လည်း မင်းတို့နဲ့အတူ စွန့်စားခန်းကြီးတစ်ခု လိုက်ပါခဲ့ရတယ်လို့ပဲ သဘောထားလိုက်မယ်”

ဘုရင်မရထားပေါ်တွင် မိုနီကာသည် အမျိုးသမီး ဒါဇင်အနည်းငယ်ကို လေ့ကျင့်ပေးနေသည်၊၊ ဆက်သွယ်ရေးစက်ထဲမှ ဆွေးနွေးမှုများကို နားထောင်ရင်း သူမ နှုတ်ခမ်းများ အနည်းငယ်တွန့်ချိုးသွားကာ မနေနိုင်တော့ဘဲ ဆက်သွယ်ရေးစက်ထဲတွင် ပြန်ပြောလိုက်သည်၊၊

“လင်း… ရှင်ဘာပဲလုပ်လုပ်… ကျွန်မ မိုနီကာက ရှင့်အစီအစဉ်အတိုင်း လိုက်လုပ်မယ်၊၊ တကယ်တော့ ကျွန်မမှာလည်း အရင်က အစီအစဉ်တစ်ခု ရှိခဲ့တယ်၊၊ အဲဒါက ဘုရင်မ မိုနီကာရထားကနေတစ်ဆင့် လူတွေကို အပြင်ဘက်ကို သယ်ထုတ်ဖို့ပဲ၊၊ တစ်ခါသယ်ရင် လူ သုံးလေးရာလောက်ဆို ပြဿနာမရှိဘူး၊၊ ကံကောင်းရင် ကျွန်မရထားက ထပ်ပြီး အဆင့်မြှင့်တင်မှုမလုပ်ခင် လူတော်တော်များများ အသက်ရှင်လွတ်မြောက်နိုင်မယ်”

“ဟုတ်တယ်၊၊ ငါ့ရဲ့ နဂါးတောင် ၁ မြေမျက်နှာပြင်မရွေးမောင်းနိုင်တဲ့ ယာဉ်အုပ်စုကလည်း လူတစ်ရာ… နှစ်ရာလောက် သယ်နိုင်တယ်၊၊ လမ်းကြောင်းတစ်ခုကို ဝင်တိုက်ပြီး ဖွင့်တာကလည်း ဖြေရှင်းနည်း ဖြစ်နိုင်တယ်”

ရှီတိယွမ်ကလည်း ပြန်ပြောသည်၊၊

ထိုစကားကို ကြားသောအခါ လင်းရှန်၏ မျက်လုံးများ တောက်ပသွားပြီး အားလုံး၏ အားတတ်သရောအကြံပြုချက်များက သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေသည်၊၊

“ဒီအစီအစဉ်တွေ အားလုံးက စဉ်းစားသင့်တဲ့ အရာတွေပဲ၊၊ ကျုပ် အခု ထုတ်လုပ်မှုကို မြှင့်တင်လိုက်မယ်၊၊ ရထားလမ်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့၊၊ အချိန်ရသလောက် ခင်ဗျားတို့အားလုံးကို ခေါ်ထုတ်သွားနိုင်မယ်လို့ ကျုပ်ယုံကြည်မှု ရှိတယ်၊၊ ဒါကြောင့် ဂရေ့စ်ကို လမ်းကြောင်းကင်းထောက်ဖို့ အရင်စီစဉ်တာ အကောင်းဆုံးပဲ၊၊ မဟုတ်ရင် တွင်းနက်ထဲက မြေမျက်နှာသွင်ပြင်က နေရာတိုင်းမှာ ပျက်စီးနေတယ်… ကျုပ်တို့ ထွက်ပြေးဖို့ ကြိုးစားရင်တောင် ထွက်ပေါက်ရှာတွေ့နိုင်မှာ မဟုတ်ဘူး၊၊ ဒါနဲ့ စွမ်းအားတွေ ဆင့်ကဲပြောင်းလဲလာတာကို သတိထားမိကြတယ် မဟုတ်လား… တွင်းနက်ကလွဲ ဒီလိုစွမ်းအား အဆင့်မြှင့်တတ်လာတာမျိုးကို တခြားနေရာတွေမှာ မရဘူး”

“ဟားဟား… ညီလေးလင်းက သတ္တိရှိသားပဲ၊၊ ပြောတာကောင်းတယ်၊၊ ငါတို့ ဒီရောက်နေမှတော့ အခြေစိုက်နေကြတာပေါ့၊၊ ငါတို့ရဲ့ စွမ်းအားတွေ အခု အဆင့်မြင့်လာပြီ၊၊ ဒါက ကောင်းချီးလား ကျိန်စာလားဆိုတာ ဘယ်သူသိမှာလဲ”

ရှီတိယွမ်က အားရပါးရ ပြောလိုက်သည်၊၊

ချီလီက ထပ်ပြောသည်၊၊

“ဟုတ်တယ်၊၊ ရှောင်မုန့်နဲ့ တခြားသူတွေ သိသိသာသာပိုသန်မာလာကြတယ်၊၊ ဒါက သတင်းကောင်းလို့ ယူဆရမယ်”

ဤအချိန်တွင် အခြားယာဉ်တန်းအဖွဲ့ဝင်များကလည်း ဆက်တိုက်ထောက်ခံခဲ့ကြပြီး ဆက်သွယ်ရေးလိုင်းပေါ်ရှိ ယာဉ်တန်းခေါင်းဆောင်များအကြား ယုံကြည်မှုသည် မသိမသာ တိုးပွားလာခဲ့သည်၊၊

ထိုအချိန်တွင် မိုနီကာသည် လင်းရှန်၏ စကားကို ကြားလိုက်ရသဖြင့် မျက်လုံးများ အရောင်လက်သွားပြီး ညင်သာစွာ ပြုံးလိုက်သည်၊၊ ထို့နောက် သူမသည် ရထားတွဲထဲရှိ ယခင်က ကင်းမြီးကောက်၏ ကျွန်ပြုခြင်း ခံခဲ့ရသော သနားစရာကောင်းသည့် အမျိုးသမီးများကို ကြည့်လိုက်ပြီး သူမ၏ မျက်နှာထားက ရုတ်တရက် အေးစက်သွားသည်၊၊

“ကြားလိုက်ကြလား… စွမ်းရည်၊ ဉာဏ်ပညာ၊ သတ္တိ၊ ဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်မှု… ဒါတွေက ယောကျာ်းကောင်းတစ်ယောက်မှာ ရှိတဲ့အရာတွေပဲ၊၊ မိန်းမတွေကို အနိုင်ကျင့်ဖို့လောက်ပဲ သိတဲ့ကောင်တွေက အမှိုက်တစ်စထက်မပိုဘူး”

“နင်တို့ထဲက အများစုက ကမ္ဘာကြီးအပေါ် ထုံထိုင်းနေပြီဆိုတာ ငါသိတယ်၊၊ ရှင်သန်ဖို့ သတ္တိလောက်ပဲ ရှိတော့တာ… ဒါမှမဟုတ် သေခြင်းတရားနဲ့ လွတ်မြောက်ချင်နေကြတာ… အခု ငါမိုနီကာက နင်တို့ကို ပြန်ပြီး ရှင်သန်ဖို့ သတ္တိပေးနေတယ်၊၊ ဒီတစ်ခါတော့ နင်တို့ကိုယ်တိုင်အတွက်ပေါ့”

သူမ ပြောပြီးသည်နှင့် လက်ခုပ်ညင်သာစွာ တီးလိုက်ရာ ရထားတွဲထဲရှိ လက်နက်ခန်းများ အတန်းလိုက်ပွင့်သွားပြီး အထီးကျန်ဝံပုလွေ S နည်းဗျူဟာအဆင့် စွမ်းအားဝတ်စုံအသစ်များနှင့် လက်နက်အမျိုးမျိုးအပြင် တန်ဖိုးကြီးမားသော အေးခဲ-အမှောင်ဒြပ်စင်ဆေးရည်ပုလင်းတစ်တန်းများ ပေါ်ထွက်လာသည်၊၊

သူမ ပုလင်းတစ်လုံးကို ကောက်ကိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“ဒါကို သောက်လိုက်၊၊ နင်တို့ အမှောင်ထဲမှာ ရှိနေတုန်း ဓာတ်ပြယ်စေဖို့ ဟင်းသီးဟင်းရွက်ဖျော်ရည် မရှိရင် ဒါက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရတာထက် အဆပေါင်းများစွာ ပိုနာကျင်လိမ့်မယ်၊၊ ဒါပေမဲ့ ပြီးသွားရင်တော့ နင်တို့ အရင်ကထက် ပိုသန်မာလာလိမ့်မယ်၊၊ ကဲ နင်တို့ သောက်ရဲတဲ့ သတ္တိရှိရဲ့လား”

မိုနီကာ၏ စကားများသည် အလွန်ကြီးမားသော ဆွဲဆောင်မှုနှင့် စိန်ခေါ်မှုရှိနေသည်မှာ အသေအချာပင်၊၊

အမျိုးသမီးအနည်းငယ်သည် ဤမြင်ကွင်းကို ကြောက်ရွံ့မှုအချို့ဖြင့် ရှုပ်ထွေးစွာ ကြည့်လိုက်ကြပြီးနောက် သူတို့ထဲမှ တစ်စုံတစ်ယောက်၏ အကြည့်သည် အေးစက်သည့် ပြတ်သားမှုသို့ ပြောင်းလဲသွားကာ နှုတ်ခမ်းကို ကိုက်လျက် ရှေ့သို့ တိုက်ရိုက်တက်လာပြီး ပုလင်းတစ်လုံးကို ဆွဲယူကာ မော့သောက်လိုက်သည်၊၊ မကြာမီ အခြားသူများလည်း လိုက်လုပ်ကြသည်၊၊

သူတို့ကို ကြည့်ရင်း မိုနီကာ ဖျော့တော့စွာ ပြုံးလိုက်သည်၊၊ လမ်းတစ်လျှောက်လုံး လေ့လာကြည့်ရှုမှုများအပေါ် အခြေခံ၍ လွန်ကဲသော အခြေအနေများအောက်တွင် လူငယ်များ အထူးသဖြင့် အမျိုးသမီးငယ်များသည် အမှောင်ည၏ လွှမ်းမိုးမှုအောက်တွင် အမျိုးသားများထက် မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှုကို ပိုမို လျင်မြန်စွာ ကြုံတွေ့ရသည်၊၊ ပြင်းထန်သော ရှင်သန်လိုစိတ်နှင့် စိတ်ဒဏ်ရာ အကြီးအကျယ်ရရှိထားသော ဤအမျိုးသမီးများက ပို၍ပင် ပြောင်းလဲနိုင်သည်၊၊ နာကျင်မှု၏ စိတ်ပိုင်းဆိုင်ရာချည်နှောင်မှုများမှ လွတ်မြောက်သွားသည်နှင့် သူမတွင် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခု အမြန်ဆုံးရှိလာပေလိမ့်မည်၊၊

ပူးပေါင်းယာဉ်တန်းဘက်တွင် လော့ယန်နှင် ယာဥ်တန်းအသီးသီးမှ နည်းပညာရှင်များသည် ကီလိုမီတာနှင့်ချီသော ဗို့အားမြင့် ကာကွယ်ရေးများနှင့် မြောင်းများပါဝင်သော ထောင်ချောက်ကွန်ရက်တစ်ခုကို တည်ဆောက်ထားကြသည်၊၊ အနန္တ ရထား၏ ဆက်တိုက် ခဲယမ်းမီးကျောက် ထောက်ပံ့မှုနှင့်အတူ ယာဥ်တန်း ၂၀ မှ ဝန်ထမ်းများသည် တဖြည်းဖြည်း ယုံကြည်မှု ပြန်လည်ရရှိလာကြသည်၊၊ ခဲယမ်းမီးကျောက်သည် စိတ်ဓာတ်ကို ကိုယ်စားပြုပြီး အခြေခံအဆင့် ကျည်ဆန်အသစ်များ တင်ဆောင်ထားသော လက်နက်ကြီးများနှင့်အတူ လင်းရှန်သည် သံမဏိကာကွယ်ရေးလိုင်း၏ ပစ်ခတ်အားဖြင့် ဟန့်တားမှုကို တစ်ဖန် တည်ဆောက်လိုက်သည်၊၊

တစ်ချိန်တည်းမှာပင် ယာဥ်တန်းအသီးသီးမှ ဝန်ထမ်းများသည် ထူးခြားသောအရာတစ်ခုကို သတိထားမိလိုက်ကြသည်၊၊ ဒဏ်ရာရသူများနှင့် စွမ်းအားရှင်အားလုံး၏ ပြန်လည်သက်သာလာမှုနှုန်းသည် ယခင်ကထက် ပိုမို မြန်ဆန်နေသည်၊၊ ဤသည်မှာ ထူးဆန်းသည့် သတ္တဝါအများအပြားကို သတ်ဖြတ်ခြင်းဖြင့် အမှောင်စွမ်းအင်ကို စုပ်ယူနိုင်ခြင်းကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း အဓိကအားဖြင့် အမှောင်ကျူးကျော်မှု၏ ဆိုးကျိုးများကို ထူးဆန်းသောကုဗတုံးက ဓာတ်ပြယ်စေခြင်းကြောင့် ဖြစ်သည်၊၊

အချို့က စွမ်းအားများ နိုးထလာကြပြီး… အချို့က မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှုတွင် ပေါက်ကွဲထွက်မတတ် တိုးတက်မှုကို ကြုံတွေ့ခဲ့ကြသည်၊၊ ခံနိုင်ရည်၊ ခွန်အား၊ အာရုံခံနိုင်စွမ်းနှင့် ပတ်ဝန်းကျင်လိုက်လျောညီထွေနိုင်စွမ်း အားလုံးသည် တိတ်တဆိတ် လျင်မြန်စွာတိုးတက်လာသည်၊၊

၎င်းသည် တိုက်ပွဲအတွင်း ယခင်က ကြီးမားသော ပစ်အားထုတ်လုပ်မှု၏ နောက်ဆက်တွဲရလဒ်ဖြစ်သည်၊၊ အမှောင်ည၏ ထူးဆန်းသည့် သတ္တဝါအများအပြားကို သတ်ဖြတ်ခြင်းနှင့်အတူ တွင်းနက်ထဲတွင် အလွန်သိပ်သည်းသော အမှောင်စွမ်းအင်များ ပျံ့နှံ့သွားခြင်းကြောင့် ပေါင်းစည်းရထား စစ်မျက်နှာတစ်ခုလုံးသည်...

ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုကြီးကို ကြုံတွေ့နေရပုံ ပေါ်သည်၊၊

All Chapters