← Chapters

အခန်း (၆၄၀-၆၄၁)

Vol. 39 Ch. 640-641

အခန်း (၆၄၀-၆၄၁)

Vol. 39 Ch. 640-641

Chapter 640

တိတ်ဆိတ်မြို့တော် ၃

ကီကီသည် လင်းရှန် အနားမယူနိုင်သည်ကို သိသဖြင့် အမှတ် ၂၁ တွဲသို့ ဆက်သွယ်ရေးကိရိယာကိုကိုင်ကာ ရောက်လာပြီး ဂရေ့စ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ပေးရင်း အနားယူရန် ကြိုးစားလိုက်သည်၊၊

သို့သော် လင်းရှန်ကမူ ဤကောင်မလေးသည် သူ့ဘေးတွင်နေပြီး အိပ်ချင်နေမှန်း သိနေသည်၊၊

အကြောင်းမှာ ကီကီသည် သူ၏ပေါင်ပေါ်တွင် ခေါင်းတင်ကာ အိပ်ပျော်လုနီးပါး ဖြစ်နေသောကြောင့်ဖြစ်သည်၊၊

တွဲအမှတ် ၂၁ ၏ အလင်းမှိန်မှိန်လေးအောက်တွင် လင်းရှန်သည် ဝါးမျိုခြင်းကို ဆက်လက်လုပ်ဆောင်ရင်း MK-66 ဒုံးကျည်ပစ်စင်နှင့် Protector 86 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်၊ မုန်တိုင်းမျက်လုံး F12 အသံထက်မြန်သော ဒုံးကျည်များကို ထုတ်လုပ်ရန် ပြင်ဆင်နေသည်၊၊ ၎င်းသည် ရဲတင်းသော ကြိုးပမ်းမှုတစ်ခုဖြစ်သည်၊၊ ဤလက်နက်များဖြင့် အနန္တရထားသည် လင်းယုန်အဆင့် လေကြောင်းတိုက်ခိုက်ရေးယာဉ်များ သို့မဟုတ် ဒရက်နော့အဆင့် လေကာယာဉ်တင်သင်္ဘောများကဲ့သို့ ပေါက်ကွဲအားကောင်းသော လက်နက်များကို တပ်ဆင်နိုင်မည်ဖြစ်ကာ အဆင့်မြင့်ထူးဆန်းသည့်သတ္တဝါများကို ရင်ဆိုင်ရာတွင် ကီကီနှင့် မီးတောက်တို့၏ တိုက်ခိုက်ရေးစွမ်းအားကို ကူညီပေးနိုင်မည်ဖြစ်သည်၊၊

ကီကီသည် လင်းရှန်၏ ဘေးတွင် ကပ်နေရသည်ကို သဘောကျပေသည်၊၊ အထူးသဖြင့် ဤကဲ့သို့ တိတ်ဆိတ်သောနေရာများတွင် သူ ထုတ်လုပ်နေသော၊ ဝါးမျိုနေသော အသံများကို နားထောင်ရင်း စိတ်ငြိမ်းချမ်းမှုကို ရရှိနေသည်၊၊

ထို့ကြောင့် လင်းရှန်က သူမအား အိပ်ရန်ပြောသောအခါ သူမသည် လင်းရှန်၏ပေါင်ပေါ်တွင်ပင် အိပ်ပျော်သွားတော့သည်...

[ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၃၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၅]

လင်းရှန်သည် တွဲ၏ထောင့်တစ်နေရာတွင် မှီရင်း သမုဒ္ဒရာရထား၏ နောက်ထပ် အလွတ်တွဲတစ်ခုကို ဝါးမျိုလိုက်သည်၊၊ ကုန်ကြမ်းများထုတ်လုပ်ေရးစင်တာသို့ ရောက်ရှိသွားသည်ကို ကြည့်ရင်း သူ၏ ယုံကြည်မှုက တိုးလာသည်၊၊

“လင်းရှန်” ကီကီက အိပ်ချင်မူးတူးဖြင့် ခေါ်လိုက်သည်၊၊

“အင်း”

“ရှင်သိလား… အစကတည်းက ရှင်သာ အဝေးထိန်းဝါးမျိုခြင်စွမ်းရည်ကို သုံးနိုင်ခဲ့ရင် လူဆိုးတွေ တိုက်ခိုက်တုန်းက သူတို့ကားတွေကို ချက်ချင်း ပျောက်သွားအောင် လုပ်လို့ရမှာပဲနော်”

လင်းရှန်က မဆိုင်းမတွ ပြန်ဖြေသည်၊၊

“ဒါပေါ့”

ခစ် ခစ်

“ဘာဖြစ်တာလဲ”

မမျှော်လင့်ဘဲ လင်းရှန်၏ပေါင်ပေါ်တွင် ကြောင်ကလေးတစ်ကောင်လို ကွေးနေသော ကီကီက ရုတ်တရက် ရယ်လိုက်သည်၊၊

“ဟိုလူဆိုးတွေ ကားမောင်းနေတုန်း သူတို့ကားတွေ ရုတ်တရက် ပျောက်သွားပြီး အကုန်လုံးမြေကြီးပေါ် ပြုတ်ကျသွားမယ့်ပုံကို မြင်ယောင်ပြီး ရယ်မိလို့ပါ”

လင်းရှန်ကလည်း ရယ်မောရင်း ပြန်ပြောသည်၊၊

“ငါလည်း အဲဒီလို တကယ်လုပ်နိုင်ချင်တာပဲ”

“လင်းရှန်” ကီကီက သူ့ရင်ခွင်ထဲမှာ အသက်ရှူလိုက်ပြီး ဆက်ပြောသည်၊၊

“ကျွန်မတို့ ဒါကို ကျိန်းသေပေါက် ရင်ဆိုင်ကျော်ဖြတ်နိုင်မှာပါ… စိတ်မပူနဲ့တော့နော်”

ဘာကြောင့်မှန်းမသိသော်လည်း… ကီကီ၏ စကားများကို ကြားရသောအခါ လင်းရှန်၏ စိုးရိမ်ပူပန်မှုများမှာ အနည်းငယ် ပြေလျော့သွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်၊၊

“အင်းပါ”

ထို့နောက် သူသည် တွဲများကို ဆက်လက်ဝါးမျိုရန် ပြင်စဉ် လော့ယန်ပြောခဲ့သော ရထားပေါ်ရှိ Arc + ကြိမ်နှုန်းမြှင့်လျှပ်စစ်ပစ္စည်းအချို့ လောင်ကျွမ်းသွားသည်ကို သတိရကာ ယင်းတို့ကို ဝါးမျိုပြီး အသစ်များ ပြန်လည်ထုတ်လုပ်ပေးလိုက်သည်၊၊

သူသည် Arc + ကြိမ်နှုန်းမြှင့်လျှပ်စစ်ပစ္စည်းတစ်ခုကို ဝါးမျိုပြီးပြီးချင်းမှာပင် အချိန်အတော်ကြာ တိတ်ဆိတ်နေသော ယန္တရားနှလုံးသား၏ စနစ်မြင်ကွင်းမှာ ထူးခြားစွာ လင်းထိန်လာသည်၊၊

ခရမ်းရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်၊၊

[ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၁၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၃၊ သံလိုက်မုန်တိုင်းရိုက်ခတ်မှု စွမ်းရည်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်]

[သံလိုက်မုန်တိုင်း ရိုက်ခတ်မှု- ခန္ဓာကိုယ်အပြင်ဘက်သို့ အချင်း ၆ မီတာရှိသော မီဂါဗို့အဆင့် သံလိုက်မုန်တိုင်း လျှပ်စစ်ကွင်းကို ထုတ်လွှတ်နိုင်သည်၊၊ စွမ်းရည်အဆင့်နှင့် လျှပ်စစ်ကွင်း အကွာအဝေးသည် ယန္တရားနှလုံးသားစွမ်းအင်အဆင့်နှင့် တိုက်ရိုက်အချိုးကျပေသည်]

“သောက်ကျိုးနည်း”

စနစ်မြင်ကွင်းကို ကြည့်ရင်း လင်းရှန် တိတ်တဆိတ် ရေရွတ်မိသည်၊၊ အချိန်အတော်ကြာ စက်ပစ္စည်းများစွာကို ဝါးမျိုခဲ့ပြီးနောက်မှ စွမ်းရည်အသစ်တစ်ခုကို ထပ်မံရရှိခဲ့ခြင်းဖြစ်သည်၊၊

ယင်းမှာ ဆွဲငင်အားမှန်ဘီလူးကဲ့သို့ ရွှေရောင်စွမ်းရည်မျိုး မဟုတ်သော်လည်း ဤကဲ့သို့ ခရမ်းရောင်စွမ်းရည်မှာလည်း အလွန်အစွမ်းထက်သည်၊၊ နောက်ပိုင်းတွင် ယန္တရားမြှင့်တင်မှုများ ပြုလုပ်နိုင်လျှင် စဉ်းစားကြည့်၍ပင် မရနိုင်ပေ၊၊

သံလိုက်မုန်တိုင်း... ငါ့မှာ ဧရိယာအဆင့်သုံးလို့ရတဲ့ စွမ်းရည်တစ်ခုရပြီပေါ့…

လင်းရှန်၏ စိတ်လှုပ်ရှားသွားသည်၊၊ ဆွဲငင်အားမှန်ဘီလူးအပြင် သူ၏ အစွမ်းထက်ဆုံး စွမ်းရည်မှာ ယန္တရားစွမ်းအင်အမြောက်ဖြစ်သည်၊၊ ယင်းမှာ အားကောင်းသော်လည်း ရန်သူအုပ်စုလိုက် သို့မဟုတ် အဆင့်မြင့် သတ္တဝါများနှင့် တွေ့သောအခါ အသုံးပြုရခက်ခဲလာသည်၊၊ မူလက သူသည် ဒရုန်းအုပ်စုဖြင့် တိုက်ခိုက်ရန်သာ စဉ်းစားထားသော်လည်း မမျှော်လင့်ဘဲ လျှပ်စစ်ကြိမ်နှုန်းမြှင့်စက်တစ်ခုမှ ဤစွမ်းရည်သစ်ကို ရရှိခဲ့ခြင်းဖြစ်သည်၊၊

စွမ်းရည်အဆင့်က အကွာအဝေးကို သက်ရောက်မှုရှိတယ်… ဒါဆို ယန္တရားနှလုံးသား စွမ်းအင်အဆင့်က ဘာကို ဆိုလိုတာလဲ… ငါ့ရဲ့ ထုတ်လွှတ်နိုင်စွမ်းလား…

ထိုအခါ လင်းရှန်သည် သူ၏ AT Field အကာကွယ်ကို သတိရသွားသည်၊၊ စွမ်းအင်အလုံအလောက်ရှိလျှင် ကာကွယ်ရေးစက်ကွင်းကို ချဲ့ထွင်နိုင်သကဲ့သို့ပင် ဖြစ်ဟန်တူသည်၊၊

အမ်... ငါ့ရဲ့ စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းကိုသာ အဆင့်မြှင့်နိုင်ရင် အဲဒါက...

ထိုအရာကို တွေးမိသောအခါ လင်းရှန်သည် သူ၏ ယန္တရားနှလုံးသားက ပို၍ အားကောင်းသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်၊၊ အစောပိုင်းက လေအမြောက်နှင့် အင်ဂျင်ကိုသာ ထိန်းချုပ်မောင်းနှင်နိုင်ခြင်းတို့ထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သည်၊၊

လင်းရှန်သည် ဤစွမ်းရည်ကို စမ်းသပ်ကြည့်ချင်သော်လည်း ယခုအချိန်မှာ ဆူညံသံများဖြစ်အောင် လုပ်မရသောကြောင့် စိတ်ကို ထိန်းလိုက်သည်၊၊

သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ သမုဒ္ဒရာရထားတွဲများကို ဆက်လက်ဝါးမျိုပြီး အမှတ် ၂၁ တွဲတွင် ဒုံးကျည်ပစ်စင်များကို ထုတ်လုပ်နေသည်၊၊

[ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၃၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၅]

အလွတ်တွဲတစ်ခုကို လင်းရှန် လုံးဝဝါးမျိုလိုက်သည်၊၊

[ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၂၀၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၅၀]

တစ်နာရီအကြာတွင် သမုဒ္ဒယာဥ်တန်း၏ ရထားစက်ခေါင်းကို လင်းရှန် လုံးဝဝါးမျိုပြီးစီးသွားသည်၊၊

မနက် ၁ နာရီတွင် သမုဒ္ဒရာနှင့် ကြက်တူရွေးယာဥ်တန်းများမှ တွဲအလွတ်များနှင့် ရထားခေါင်းများ အားလုံးကို ဝါးမျိုပြီးသွားကာ နောက်ဆုံး၌ နူကလီးယားစွမ်းအင်သုံး ရထားခေါင်းနှစ်ခုသာ ကျန်တော့သည်၊၊

…

ထိုအချိန်တွင် သူ၏ ဆက်သွယ်ရေးထဲ၌ ဂရေ့စ်၏ တည်နေရာပြအမှတ်က သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာသည်၊၊ ခြောက်ခြားဖွယ်ကောင်းသော အမှောင်တောအုပ်အတွင်း မြေပြင် သို့မဟုတ် သစ်ပင်များပေါ်တွင် တစ်ကီလိုမီတာတိုင်း၌ အချက်ပြကိရိယာလေးများပေါ်လာကာ ယင်း၏ အချက်ပြမီးလေးများမှာ ကီလိုမီတာ ၈၀ ကျော်အထိ ရှည်လျားသွားသည်၊၊ ဂရေ့စ်သည် စောင့်ကြည့်မှုအောက်တွင် အမည်မသိနယ်မြေထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်၊၊

တီ၊၊

ထိုစဉ် ဂရေ့စ်ထံမှ အချက်ပြက ထပ်မံပေါ်လာသော်လည်း လင်းရှန် ကြည့်လိုက်သောအခါ တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်း သိလိုက်ရသည်၊၊

အကြောင်းမှာ နံပါတ် ၆ အမှတ်မှစတင်၍ အချက်ပြမှု ပေးပို့ချိန်မှာ မိနစ် ၃၀ ခန့် နောက်ကျလာပြီး နှေးကွေးလာသောကြောင့်ဖြစ်သည်၊၊

အစပိုင်းတွင် စက္ကန့်အနည်းငယ်သာဖြစ်သဖြင့် ဂရေ့စ် တစ်ခုခုနှင့်တွေ့ရသည်ဟု လင်းရှန် ထင်ခဲ့သော်လည်း ဂရေ့စ်ကဲ့သို့ အသိဉာဏ်မြင့် စက်ရုပ်မျိုးက ထိုကဲ့သို့အမှားမျိုးမလုပ်နိုင်ပေ၊၊ ယခု နှစ်နာရီနီးပါးအကြာတွင် အချက်ပြရောက်ရှိချိန်မှာ ၅ မိနစ်မှ ၅ မိနစ် ၁၁ စက္ကန့်အထိ တိုးလာသည်၊၊

“ဂရေ့စ်… အချိန်ကို ပြန်ပြီး ညှိပါ… ၅ မိနစ်တစ်ကြိမ် အချက်ပြပေးပို့ပါ”

ထိုအချိန် ဂရေ့စ်၏ အသံက ထွက်ပေါ်လာသော်လည်း တဂျစ်ဂျစ်အသံများဖြင့် ပြည့်နှက်နေသည်၊၊

[ဂျစ်... ကျွန်မရဲ့ နာရီအရတော့ ၅ မိနစ်တစ်ကြိမ် အချက်ပြမှုကို ပေးပို့နေတာပါ၊၊ ဒါက မမှားနိုင်ပါဘူး]

“ဒါပေမဲ့ မင်းရဲ့ နောက်ဆုံး အချက်ပြမှုက ၅ မိနစ် ၁၁ စက္ကန့် ကြာနေတယ်”

[ဂျစ်... ကျွန်မရဲ့ ရေဒါအရ ကျွန်မက ရှင့်နေရာကနေ ၂၁၆၆၅ မီတာ အကွာမှာ ရှိနေပါတယ်၊၊သီအိုရီအရ ကျွန်မရဲ့ အရှိန်နဲ့ အကွာအဝေးအရ သတင်းအချက်အလက် ပေးပို့မှု ကြန့်ကြာချိန်ဟာ ၀.၀၆၇ မိုက်ခရိုစက္ကန့်ပဲ ရှိရပါမယ်]

“ဒါဆို ဘာလို့ ဒီလိုဖြစ်နေတာလဲ”

[ဂျစ်... ဖြစ်နိုင်ခြေနှစ်ခု ရှိပါတယ်၊၊တစ်ခုက အချက်ပြမှုကို ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်က နှောင့်ယှက်နေတာပါ၊၊ အမှောင်ထုကြောင့် ရေဒီယိုလှိုင်းတွေ ထိခိုက်တာလည်း ဖြစ်နိုင်ပါတယ်၊၊ ဒုတိယဖြစ်နိုင်ခြေကတော့ ဒြပ်ဆွဲအားကြောင့် အလင်းလှိုင်းယိုင်ခြင်းဖြစ်စဉ်ပါ၊၊ ကျွန်မရဲ့ တည်နေရာမှာ ရှင့်နေရာထက် ပိုမြင့်တဲ့ ဒြပ်ဆွဲအား စွမ်းအင်ရှိနေရင် ကျွန်မရဲ့ အချိန်စီးဆင်းမှုက နှေးသွားပါလိမ့်မယ်၊၊ ဒါကြောင့် ကျွန်မရဲ့ နာရီအရ ‘၅ မိနစ်’ တိုင်း ပေးပို့ပေမဲ့ ရှင့်ဆီမှာ အချိန်က ပိုမြန်နေတဲ့အတွက် လက်ခံရရှိတဲ့ အချိန်က ပိုပြီး ရှည်လျားသွားတာပါ]

လင်းရှန် တောင့်တင်းသွားသည်၊၊

Chapter 641

တိတ်ဆိတ်မြို့တော် ၅

ဒြပ်ဆွဲအားကြောင့် အချိန်နှေးကွေးခြင်း ဖြစ်စဉ်က ၂၀ ကီလိုမီတာ အကွာအဝေးမှာ ဖြစ်ပေါ်နေတာလား၊၊

ယင်းမှာ သိပ္ပံသီအိုရီအရ မဖြစ်နိုင်လောက်သော အခြေအနေဖြစ်သည်၊၊

ထို့ကြောင့် သူသည် ဂရေ့စ်ကို ချက်ချင်း အမိန့်ပေးလိုက်သည်၊၊

“ဒီလို ယုတ္တိမရှိတဲ့ ခွဲခြမ်းစိတ်ဖြာမှုမျိုးကို ပြန်မဖြေနဲ့တော့…၂၀ ကီလိုမီတာ အကွာအဝေးလေးမှာတင်ကို ဒြပ်ဆွဲအားကြောင့် အချိန်နှေးတယ်လို့ ပြောနေတာလား… မင်းရှိနေတဲ့ နေရာမှာ တွင်းနက်အသေးစားလေး ရှိနေလို့လား”

ဂရေ့စ်က ပြန်ဖြေသည်၊၊

[ကျွန်မ ရရှိထားတဲ့ အချက်အလက်တွေအရ အမှောင်ထုရဲ့ သက်ရောက်မှုမှာ တိုတောင်းတဲ့ အကွာအဝေးမှာ ဒီလောက်ကြီးမားတဲ့ ကြန့်ကြာမှုမျိုး မတွေ့ဖူးသေးပါဘူး၊၊ ထူးဆန်းတဲ့ သတ္တဝါ ဒါမှမဟုတ် စွမ်းအားတွေရဲ့ သက်ရောက်မှုကို ဖယ်ထုတ်လိုက်ရင် ရူပဗေဒအရတော့ ဒါကို ထည့်သွင်းစဉ်းစားသင့်ပါတယ်၊ ရှေ့မှာ ရှိနေတဲ့ အခြေအနေကို သတိထားဖို့ အကြံပြုလိုပါတယ်]

လင်းရှန်က သက်ပြင်းရှည်ကြီး ချလိုက်သည်၊၊

“ဆက်သွားပါ၊ အချက်ပြလှိုင်းချိတ်ဆက်လို့ ရနေသရွေ့… ငါ မင်းနဲ့ အချိန်ကို ပြန်ညှိပေးမယ်”

“အင်းး… ဘာဖြစ်တာလဲ”

ဆက်သွယ်ရေးစက်မှ အသံကိုကြားရသောအခါ လင်းရှန်၏ပေါင်ပေါ်တွင် အိပ်ပျော်နေသော ကီကီသည် အိပ်ချင်မူးတူးဖြင့် နိုးလာသည်။ သူမ မျက်လုံးဖွင့်လိုက်စဉ် လင်းရှန်၏ မျက်နှာမည်းမှောင်နေသည်ကို သတိထားမိသွားသည်။

ဆက်သွယ်ရေးစက်ကို ပိတ်လိုက်ပြီးနောက် လင်းရှန်သည် ကီကီဘက်သို့လှည့်ကာ အခြေအနေကို ပြန်ပြောပြလိုက်သည်။

“အမှောင်ကျူးကျော်မှုတွေက အချက်ပြလှိုင်းတွေကို အနှောင့်အယှက်ပေးတာ အရင်ကတည်းကရှိတဲ့ ပြဿနာဟောင်းပဲ… ဒါပေမဲ့ အခုလို အကွာအဝေးမှာ အချိန်မြန်နေတာက ငါ့အတွက် နည်းနည်းတော့ ထူးဆန်းနေတယ်”

လင်းရှန် ကီကီကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်၊၊

“ငါ စိုးရိမ်လွန်နေတာလား”

“ကျွန်မထင်တာတော့...”

ကီကီက ထိုအချိန်တွင် ထထိုင်လိုက်ပြီး လက်ပိုက်ရင်း ပြောလိုက်သည်၊၊

“တွင်းနက်ထဲမှာရှိတဲ့ ဘယ်အရာကိုမှ ကျွန်မတို့ရဲ့ ပုံမှန်ယုတ္တိဗေဒနဲ့ ကြည့်လို့မရဘူးလေ… တကယ်တော့ ရှင့်ရဲ့ သတိကြီးမှုက ပြဿနာမဟုတ်ပါဘူး… ရှင့်ရဲ့ ဆုံးဖြတ်ချက်တွေက ကျွန်မတို့ကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့တာပဲ… ဒါကြောင့် တွင်းနက်ထဲမှာ တကယ်ပဲ တွင်းနက်တစ်ခုရှိနေတာမျိုးရော မဖြစ်နိုင်ဘူးလား”

လင်းရှန်သည် ထိုစကားကို ကြားသောအခါ ခနငြိမ်ကျသွားပြီး ပို၍အလေးအနက် ဖြစ်လာသည်၊၊

“မင်းပြောတာ မှန်တယ်… ပင်လယ်အော်ကြီးတစ်ခုလုံး ကောင်းကင်ပေါ် ပျံတက်နေတဲ့ အခြေအနေမျိုးမှာ ပုံမှန်အတွေးအခေါ်တွေကို သုံးနေလို့ အကျိုးမရှိဘူး”

“အစ်မတင်းကလည်း ပြောဖူးတယ်… အခြေခံအချက်အလက်တစ်ခုမရှိဘဲ လုပ်တဲ့ စမ်းသပ်ချက်တွေက ကိုးကားစရာ အဓိပ္ပာယ်မရှိဘူးတဲ့… ဂရေ့စ်က တိုက်ခိုက်မှုနဲ့ မကြုံရသေးသလို ဆက်သွယ်ရေးကလည်း ရနေသေးတာပဲ… အဖြူရောင်မြို့ကို ရောက်တဲ့အခါကျမှ အတည်ပြုကြည့်ကြတာပေါ့”

လင်းရှန်က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်၊၊

“ဒါပေမဲ့ ဂရေ့စ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုသာ မှန်မယ်ဆိုရင်တော့ ဒီတွင်းနက်က လူသားတွေ စိတ်ကူးထားတာထက် ပိုပြီးကြီးမားတဲ့ ကပ်ဘေးတစ်ခုပဲ”

ကီကီက လင်းရှန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ သူ၏လည်ပင်းကို ဖက်လိုက်သည်၊ သူမ၏ မျက်နှာသည် တောက်ပသွားပြီး သူ့ကို ပြောလိုက်သည်၊၊

“ဒီလို တွေးကြည့်ရင်ကော… ကျွန်မတို့ဆီမှာ အချိန်က နှေးနေပြီး အပြင်ဘက်မှာ အချိန်က မြန်နေတာပေါ့… ဖီးနစ်က ခန့်မှန်းထားတဲ့ တစ်နှစ်ကြာပြီးရင် တစ်ကမ္ဘာလုံးဖုံးလွှမ်းသွားမယ့် ဝင်ရိုးစွန်းညက… ကျွန်မတို့အတွက်တော့ ပိုပြီး ကြာသလို ခံစားရမှာ မဟုတ်ဘူးလား”

“မင်းက လာနောက်နေတာပဲ”

လင်းရှန်သည် ကီကီ၏ ချောမွေ့သော နဖူးကို လက်ချောင်းဖြင့် အသာအယာ တောက်လိုက်သည်၊

“ငါတို့က တွင်းနက်ရဲ့ ဝါးမျိုမှုကို ခံထားရပြီးပြီလေ… အချိန်တွေ ပိုကြာနေလို့ ဘာထူးမှာလဲ… ရေနဲ့ ရိက္ခာထောက်ပံ့မှုက အကန့်အသတ်ရှိတယ်… တစ်ညလောက်ပိုကြာသွားတာတောင် ငါတို့အတွက် ဖိအားတွေ အများကြီးဖြစ်လာမှာပဲ”

“ဟုတ်သားပဲနော်”

ကီကီသည် ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်၊၊

“အမှောင်ကျူးကျော်မှု ပြဿနာကိုသာ ဖြေရှင်းနိုင်ရင် ကျွန်မတို့ အပြင်ထွက်တဲ့အခါ ရထားကို အဆင့်မြှင့်ပြီး ကောင်းကင်ပေါ် ပျံသန်းခိုင်းမယ်… ကြယ်သ‌ေင်္ဘာအဖြစ် ပြောင်းလဲပြီး အာကာသတွန်းကန်စက်တွေ တပ်ဆင်မယ်… ရထားလမ်းတွေ သုံးရတာ… အရမ်းအလုပ်ရှုပ်တယ်”

“အကြံကောင်းပဲ” လင်းရှန် ခေါင်းညိတ်လိုက်သည်။

အနန္တရထား စီမံကိန်း၏ အကြီးမားဆုံး အားနည်းချက်မှာ ဤနေရာတွင် ရှိနေသည်၊၊ ထို့ကြောင့် လင်းရှန်သည် သူ၏ ယန္တရားစွမ်းအားကို မြှင့်တင်ရန်နှင့် ယာဉ်ကို ပြုပြင်မွမ်းမံပြီး ရထားကို မကြာမီ ကောင်းကင်၌ ပျံသန်းနိုင်ရန် အမြဲစဉ်းစားနေခြင်းဖြစ်သည်။

ထို့ကြောင့် သူသည် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ ကြက်တူရွေးယာဥ်တန်း၏ ၁၄၀ မီဂါဝပ် နျူကလီးယားစွမ်းအင်စက်ခေါင်းကို စတင်ဝါးမျိုနေစဉ် ကီကီနှင့်အတူ ဂရေ့စ်ထံမှ အချက်အလက်များကို စောင့်ကြည့်နေသည်။

ဂရေ့စ်၏ အရှိန်မှာ မနှေးပေ… လျင်မြန်သော ကင်းထောက်မှုဟု ဆိုနိုင်ပြီး… တစ်နာရီလျှင် ပျမ်းမျှ ၂၀ ကီလိုမီတာခန့် ခရီးပေါက်သည်။ သို့သော် ပိုဝေးလာသည်နှင့်အမျှ လှိုင်းအနှောင့်အယှက်များနှင့် အချက်ပြလှိုင်းနှုန်းများ ပြောင်းလဲလာခဲ့သည်။

ကီလိုမီတာ ၅၀ အကွာတွင် လင်းရှန်သည် ဂရေ့စ်၏ အခြေခံအချက်အလက်ကို ရရှိခဲ့ရာ ၅ မိနစ် ၁၁ စက္ကန့်မှ ၅ မိနစ် ၂၉ စက္ကန့်သို့ ပြောင်းလဲသွားသည်။

အရာအားလုံးသည် လင်းရှန်နှင့် ကီကီတို့ မြင်တွေ့လိုသော နေရာသို့ ဦးတည်လာခဲ့သည်။

[ဂျစ်... ဂျစ်… ကျွန်မ အဖြူရောင်မြို့ရဲ့ အနောက်မြောက်ဘက်ကို ရောက်ပါပြီ… အမြင်အာရုံစနစ်မြင်ကွင်းကနေတစ်ဆင့် အဆောက်အဦတွေကို တွေ့နေရပါတယ်]

ဆက်သွယ်ရေးစက်မှ ဂရေ့စ်၏အသံက ထွက်ပေါ်လာသည်။

ဤအချိန်တွင် တင်းကျန်းရီ၊ ချန်ဆီရွှမ်၊ ရှုချင်းနှင့် လော့ယန်အပါအဝင် လူတိုင်းသည် တွဲအမှတ် ၂၁ တွင် စုရုံးရောက်ရှိနေကြသည်။

လူတိုင်းသည် မိုဘိုင်းဆက်သွယ်ရေးကိရိယာပေါ်ရှိ ရှုပ်ထွေးသော ကိန်းဂဏန်းများကို လေးနက်သော အမူအရာများဖြင့် ကြည့်နေကြသည်။

၅ မိနစ် ၅၀ စက္ကန့်။

[၅ မိနစ် ၅၀ စက္ကန့်က တွင်းနက်ရဲ့ ပတ်ဝန်းကျင်မှာ အချိန်နှေးကွေးမှု အကျိုးသက်ရောက်မှုနဲ့ လှိုင်းအလျား ရှည်ထွက်မှု ဖြစ်စဉ်တွေ ရှိနေတယ်လို့ ယူဆပြီး အကွာအဝေးနဲ့ တွက်ချက်ကြည့်ရင် ရထားဦးပိုင်းနဲ့ တွင်းနက်အပြင်ဘက် အကြားက အချိန်စီးဆင်းမှုနှုန်း ခြားနားချက်က ၁၄.၀၂ ဆ ရှိပါတယ်… ဆိုလိုတာက အပြင်ဘက်မှာ ၁ ရက်ဆိုရင် ရှင်တို့ရှိတဲ့ နေရာမှာ ၁၄.၀၂ ရက် ဖြစ်ပြီး ကျွန်မရှိတဲ့ နေရာမှာ ၁၂ ရက် ဖြစ်နေတာပါ]

ဆက်သွယ်ရေးစက်မှတစ်ဆင့် ကြားလိုက်ရသော ဂရေ့စ်၏ စကားများကြောင့် လူတိုင်း၏ မျက်နှာများ သိသိသာသာ ပျက်သွားသည်။

“အပြင်ဘက်အချိန်က မြန်နေတာလား… ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

ချန်ဆီရွှမ်က မေးလိုက်သည်။

ရှုချင်းက ထောက်ပြသည်၊၊

“ဒါက ဒီနေရာရဲ့ ထူးခြားတဲ့ ပတ်ဝန်းကျင်ကြောင့် အချက်ပြလှိုင်း ကြန့်ကြာနေတာမျိုးပဲ မဖြစ်နိုင်ဘူးလား”

“မဖြစ်နိုင်ဘူး”

လော့ယန်က ခေါင်းကုတ်လိုက်သည်၊၊

“တွင်းနက်တစ်ခုက အခုလို အချိန်ပုံပျက်မှုကို ဖြစ်စေတယ်ဆိုရင်တောင် လားရာက မှားနေတယ်… တွင်းနက်နဲ့ နီးလေလေ အချိန်က နှေးသွားရမှာလေ… အခုလို မြန်လာစရာ အကြောင်းမရှိဘူး”

ထိုစကားကို ကြားသောအခါ လူတိုင်းသည် ရထားပေါ်တွင် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းအမြင့်မားဆုံးဖြစ်သည့် တင်းကျန်းရီကို လှည့်ကြည့်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် တင်းကျန်းရီသည် ပခုံးတွန့်လိုက်သည်၊၊

“သူပြောတာ မှန်တယ်… ယေဘုယျနှိုင်းရသီအိုရီရဲ့ ဆွဲငင်အားဆိုင်ရာ အချိန်နှေးကွေးမှု အကျိုးသက်ရောက်မှု ရှုထောင့်ကနေ ကြည့်ရင် တွင်းနက်ရဲ့ အပြင်ဘက်မှာ နောက်ထပ် တွင်းနက်တစ်ခုထပ်ရှိမနေဘူးဆိုရင် ဒီဖြစ်ရပ်ကို ရှင်းပြဖို့ ခက်လိမ့်မယ်”

တင်းကျန်းရီ၏ စကားကို ကြားရသောအခါ လင်းရှန်သည် လိုက်ကာများကို ဖွင့်လိုက်ပြီး တွင်းနက်၏ အလယ်ဗဟိုဘက်မှ နက်ပြာရောင် ကောင်းကင်ယံနှင့် ကောင်းကင်တွင် လွင့်မျောနေသော ပင်လယ်အော်ကြီးကို ကြည့်ရင်း ကျောချမ်းသွားသည်။

ယခုအချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ ကျန်ရှိနေသော တစ်ခုတည်းသော ခံစားချက်မှာ ထူးဆန်းထိတ်လန့်မှုပင် ဖြစ်သည်။

“ဟူး… ဒါကြောင့် လူအိုကြီးမိုနဲ့ သူဌေးဟူတို့က တွင်းနက်ကို တစ်ညတည်းနဲ့ ဖြတ်ကျော်ခဲ့တယ်လို့ ထင်နေကြတာကိုး… အဲ့ဒါက တစ်ညတည်းမှ မဟုတ်ဘဲ”

ကီကီသည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်၊၊

“ဒီလိုသာ တွက်ချက်မယ်ဆိုရင် သူတို့တွေ ရက်ပေါင်းများစွာ မောင်းနှင်ခဲ့ကြတာ ဖြစ်နိုင်တယ်”

“ဒါတင်မကဘူး… လူအိုကြီးမိုနဲ့ ဟူလုရှို့တို့ရဲ့ ယာဉ်တန်းက စွမ်းအင်မြင့်ဘက်ထရီတွေနဲ့ မောင်းတာလေ… အဲ့ဒါက လောင်စာသုံးကားတွေ ဆီကုန်သွားလို့ ဆက်မသွားနိုင်တော့တာကို ပြနေတာပဲ”

All Chapters