အခန်း (၆၄၄-၆၄၅)
Vol. 39 Ch. 644-645
Chapter 644
ပစ်လွှတ်ခြင်းစီမံကိန်း ၁
“ဒါ တိတ်ဆိတ်မြို့တော်လား… ဒီမှာ ဘာလို့ ရပ်နေရတာလဲ”
“S-Class ထူးဆန်းတဲ့ သတ္တဝါတိုက်ခိုက်မှုလား… ဒါမှမဟုတ် တစ်ခုခုချို့ယွင်းသွားတာလား”
ဂရေ့စ် ပေးပို့လာသော ဝါးနေသည့် ညမြင်ကွင်းဓာတ်ပုံများကို ကြည့်ရှုရင်း လင်းရှန်နှင့် အခြားယာဉ်တန်းအဖွဲ့ဝင်များသည် ဆွေးနွေးနေကြသည်၊၊
“ထုတ်လွှင့်စက်တွေ ကုန်သွားပြီ၊၊ ဂရေ့စ်က အခု အသင့်အနေအထားမှာ ရှိတယ်”
အကယ်၍ ဂရေ့စ်သာ ရှေ့ဆက်တိုးပါက အချက်ပြစနစ်အားလုံး ပြတ်တောက်သွားမည်ဖြစ်ပြီး ဂရေ့စ်၏ Ai ကသာ ရှေ့ဆက်၍ စူးစမ်းရှာဖွေမှုပြုလုပ်ရမည်ဖြစ်သည်၊၊
ထိုစဉ် နန်ကျင်းက ဝင်ပြောလိုက်သည်၊၊
“အဲဒီတားမြစ်ပစ္စည်းက အဖြူရောင်မြို့မှာ ပေါ်လာတယ်… လူတွေလည်း ရှိနေတုန်းပဲ… ဒါတွေအားလုံးက ထူးဆန်းလွန်းတယ်”
ဂျိုကာယာဉ်တန်းမှ ချီလီက ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း စိတ်ဝင်စားသည့် အမူအရာဖြင့်
“ဒီတစ်ခါတော့ အသစ်အဆန်းတွေ တကယ်ကြုံနေရတာပဲ၊၊ ဒီထဲမှာ ဆယ်ရက်ကျော်လောက် ကုန်သွားတာတောင် အပြင်မှာက တစ်ရက်ပဲ ရှိသေးတယ်ပေါ့”
“အဲဒီလိုသာဆိုရင် သူဌေးဟူတို့ တွင်းနက်ကနေ လွတ်လာတဲ့အချိန်ထဲကဆိုရင် တိတ်ဆိတ်မြို့တော်က ဒီမှာ သောင်တင်နေတာ ရက်ပေါင်း ၁၀၀ ကျော်နေပြီ”
မိုနီကာက စဥ်းစားရင်း ပြောလိုက်သည်၊၊
သူမ၏ စကားကြောင့် အခြားသူများလည်း ချက်ချင်းပင် သဘောပေါက်သွားကြသည်၊၊
ဟူလုရှို့သည် အာခီစိုင်းသဲကန္တာရမှ လွန်ခဲ့သော နှစ်ပတ်ခန့်က လွတ်မြောက်လာခြင်းဖြစ်ပြီး ကန္တာရဓားပြများကို နှိမ်နင်းသည့် တစ်ရက်ကိုပါ ထည့်သွင်းတွက်ချက်ပါက တိတ်ဆိတ်မြို့တော်သည် ဤနေရာတွင် ရပ်တန့်နေသည်မှာ ၃ လမှ ၄ လခန့် ရှိနေပြီဖြစ်သည်၊၊
ဤနေရာရှိ အချိန်စီးဆင်းမှုအရ ကမ္ဘာပျက်ကပ်နေ့မှစ၍ ၁၀၀ ရက်သည် ရက်ပေါင်း ၁၂၀၀နှင့် ညီမျှရာ အမှောင်ကျူးကျော်မှုအောက်တွင် ပျက်စီးယိုယွင်းမှု မြန်ဆန်လာခြင်းကြောင့် အဖြူရောင်မြို့၏ ဆိုးရွားစွာ ပျက်စီးနေခြင်းမှာ အကြောင်းရှိပေသည်၊၊
ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်… အပျက်အစီးများပြည့်နေသော လမ်းကြောင်းများ… အချိန်နှေးသွားခြင်း… ခြင်္သေ့ငါးရုပ်တုကြီးနှင့် ရပ်တန့်နေသော တိတ်ဆိတ်မြို့တော်…
ဂရေ့စ်၏ ကင်းထောက်မှုကြောင့် ပေါင်းစည်းယာဉ်တန်းသည် လက်ရှိအခြေအနေက ထင်ထားသည်ထက် ပို၍ ခက်ခဲနေကြောင်း ရှင်းလင်းစွာ သိရှိလာရသည်၊၊
“သူဌေးဟူတို့လည်း ငါတို့လိုပဲ တိုက်ခိုက်ခံခဲ့ရမှာ သေချာတယ်၊၊ ဒါပေမဲ့ အခြေအနေကြည့်ရတာ သူတို့ အကုန်လုံးပျက်စီးသွားတာတော့ မဟုတ်ဘူး၊၊ ကျန်တဲ့လူတွေ လွတ်သွားလောက်ပြီ” ရှီတိယွမ်က ပြောသည်၊၊
ချီလီက “ဒါဆိုရင် ရထားလမ်းခင်းဖို့က အရမ်းအန္တရာယ်များတယ်၊၊ အသက်ရှင်ချင်ရင်တော့ ဝန်ထုပ်ဝန်ပိုးမယူပဲ ပြေးဖို့ ငါအကြံပြုချင်တယ်၊၊ ရထားတွဲ အများစုကို စွန့်ပစ်ရလိမ့်မယ်၊၊ အဖြူရောင်မြို့ကို ရောက်တာနဲ့ အပြင်ဖက်က လမ်းမကြီးတွေအတိုင်း သွားလို့ရပြီ၊၊ သူဌေးဟူတို့လည်း အဲဒီလိုပဲ လွတ်သွားတာ ဖြစ်နိုင်တယ်၊၊ အဖြူရောင်မြို့ထဲမှာဆိုရင် လမ်းရှာရတာ ပိုလွယ်တာကြောင့် အောင်မြင်ဖို့ အခွင့်အရေး ပိုများလိမ့်မယ်”
မိုနီကာက ဘာမှဝင်မပြောပေ၊၊ အကယ်၍သာ အပေါ့ပါးဆုံး အခြေအနေဖြင့် ပြေးကြမည်ဆိုပါက သူမ၏ ဘုရင်မ မိုနီကာရထားသည် လူပေါင်း ၅ ရာ သို့မဟုတ် ၆ ရာခန့် တင်ဆောင်နိုင်သဖြင့် အရေးပါဆုံးဖြစ်လာမည်ဖြစ်သော်လည်း ယခုအခြေအနေတွင် သူမသည် အကြံမပေးလိုဘဲ အခြားသူများ၏ ဆွေးနွေးမှုကိုသာ တိတ်ဆိတ်စွာ နားထောင်နေသည်၊၊
လင်းရှန်ဖက်တွင်မူ ယန္တရားနှလုံးသား၏ စနစ်မြင်ကွင်းတွင် ကြက်တူရွေးယာဥ်တန်း၏ နူကလီးယားစွမ်းအင်သုံး ခေါင်းတွဲကို ဝါးမျိုမှုမှာ ၃၆ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်သည်၊၊ MK-66 rolling ကန်တီလီဗာ ဒုံးကျည်ပစ်စင်သည်လည်း တပ်ဆင်ပြီးစီးသွားပြီဖြစ်သည်၊၊ လင်းရှန်သည် စောင့်ရှောက်သူ ၈၆ လေကြောင်းကာကွယ်ရေးဒုံးကျည်ကို ထုတ်လုပ်ရင်း တစ်ဖက်မှလည်း ဝါးမျိုမှုကို လုပ်ဆောင်နေသည်၊၊ ထို့ပြင် လူတိုင်းနှင့် ဆွေးနွေးကာ လက်ရှိအခက်အခဲကို ဖြေရှင်းရန် စဉ်းစားနေရသဖြင့် အလွန်ပင် အလုပ်များနေပြီး ခေါင်းမီးတောက်မတတ် ခံစားနေရသည်၊၊
“လူအိုကြီးမို… ခင်ဗျားက တိတ်ဆိတ်မြို့တော်နဲ့ ရင်းနှီးဖူးတယ်ဆိုတော့ ဒီအခြေအနေကို ဘယ်လိုထင်လဲ”
ရှီတိယွမ်နှင့် အခြားသူများ၏ စကားကို ကြားပြီးနောက် လင်းရှန်သည် အဖွဲ့ဝင်တစ်ဦးဖြစ်သူ လူအိုကြီးမိုဖက်သို့ လှည့်ကြည့်လိုက်သည်၊၊
အေးစက်သော အမူယာဖြင့် လူအိုကြီးမိုသည် လင်းရှန်ပြုလုပ်ထားသော ဒုံးကျည်ပစ်စင်ကို မှီရင်း တည်ငြိမ်သော မျက်နှာအမူယာဖြင့် ပြောသည်၊၊
“တိတ်ဆိတ်မြို့တော်ရဲ့ အရွယ်အစားက အရင်ပျက်စီးသွားတဲ့ ချင်းလွမ်ကောင်းကင်မြို့တော်ထက် ပိုကြီးတယ်၊၊ ဖီးနစ်မြို့တော်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ တောင်ဖက်ကောင်းကင်တံခါးနဲ့ ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းတွေကလွဲရင် ဒါက အကြီးဆုံး လူလုပ်ပျံသန်းရေးကိရိယာပဲ၊၊ ဝမ်ယွဲ့ လုပ်ငန်းစုက ဒါကို တည်ဆောက်ဖို့ ၁၄ နှစ်လောက် အချိန်ယူခဲ့ရတယ်… ရှင်းဟွာ၊ ဖင်းဂါးနဲ့ အာကာသလုပ်ငန်းကုမ္ပဏီတွေလည်း ပါဝင်ခဲ့ကြတယ်၊၊ ဝမ်ယွဲ့ လုပ်ငန်းစုရဲ့ လက်ရှိအကြီးအကဲဖြစ်သူ မာဆာရှီက ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးက ပါဝင်ရုံတင်မကဘဲ အင်ဂျင်နီယာပညာရပ်မှာ ပါရမီရှင်တစ်ယောက်လည်းဖြစ်တယ်၊၊ မင်းတို့ ကြားဖူးမှာပါ”
“အော် ကျွန်မ သိတယ်”
ကီကီက လက်ပိုက်ရင်း စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည်၊၊
“IQ ၂၇၀ လောက်ရှိတယ်လို့ အယ်လ်ဖာအဆင့်မြင့်IQအဖွဲ့စည်းက သတ်မှတ်ထားပြီး လက်ရှိကမ္ဘာ့ထိပ်တန်းပါရမီရှင်တွေထက် အများကြီးသာလွန်တဲ့သူလို့ ပြောကြတယ် မဟုတ်လား”
ချန်ဆီရွှမ်လည်း ဝင်ပြောလိုက်သည်၊၊
“အသက် ၁၅ နှစ်မှာ ကီဟွာတက္ကသိုလ်ကနေ ရူပဗေဒနဲ့ အင်ဂျင်နီယာဘွဲ့ နှစ်ခု ရခဲ့တယ်၊၊ အသက် ၁၇ နှစ်မှာ ဂလက်ဆီ သုတေသနဌာနရဲ့ ဂလက်ဆီ Ai စနစ် နံပါတ် ၁ စီမံကိန်းမှာ ပါဝင်ခဲ့တယ်၊၊”
“သူဟာ ဒစ်ဂျစ်တယ်အသက်ရှင်သန်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ကမ္ဘာကျော်သြဇာရှိသူတစ်ယောက်လို့ သတင်းတွေထဲမှာ ဖတ်ဖူးတယ်”
လူအိုကြီးမိုက ခေါင်းညိတ်သည်၊၊
“တိတ်ဆိတ်မြို့တော်ရဲ့ ကြည်း၊ ရေ၊ လေ သုံးမျိုးသွား ပုံစံထုတ်လုပ်မှုက နည်းနည်းထူးဆန်းပေမဲ့ သူ့မှာ ပျံသန်းရေးအင်ဂျင်ရှိတယ်၊၊ သီအိုရီအရဆိုရင် ငါတို့ယာဉ်တန်းတွေ အဲဒီညက ပြေးနိုင်ခဲ့ရင် တိတ်ဆိတ်မြို့တော်ရဲ့ လက်နက်အင်အားနဲ့ဆို အလွယ်တကူကျရှုံးမှာ မဟုတ်ဘူး”
“ကျွန်မ နားမလည်တာတစ်ခုက တိတ်ဆိတ်မြို့တော်မှာ ဖီးနစ်မြို့တော်လို ပျံသန်းရေးအင်ဂျင်ရှိရဲ့သားနဲ့ ဘာလို့ မြေပြင်ပေါ်မှာ သွားနေရတာလဲ”
ရှုချင်းက နားမလည်နိုင်စွာ မေးသည်၊၊
လူအိုကြီးမိုက ရှင်းပြသည်၊၊
“လက်ရှိမှာ ပျံသန်းနိုင်တဲ့ အရာအားလုံးက မီတာ ၁၀၀၀၀ အထက်ကို မပျံနိုင်ကြဘူး၊၊ ဖီးနစ်မြို့တော်တောင်မှ မီတာ ၉၀၀၀ ပတ်ဝန်းကျင်မှာပဲ ပျံသန်းနိုင်တယ်၊၊ ၅၀၀၀ မီတာ အထက်ကို တက်တာနဲ့ လေထုထဲက သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ခံရလိမ့်မယ်၊၊ အဲဒီသတ္တဝါတွေက အနည်းဆုံး A-level အဆင့်ရှိတဲ့ အကောင်ကြီးတွေပဲ”
“ဒါကြောင့်ကိုး”
လူအိုကြီးမိုက သက်ပြင်းချလိုက်သည်၊၊
“အာရုဏ်ဦးစီမံကိန်းရဲ့ အချက်အလက်တွေအရ ထူးဆန်းတဲ့ သတ္တဝါတွေအပြင် မီတာ ၁၀၀၀၀ အထက်မှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားတဲ့ ကောင်းကင်အကာအကွယ်တစ်ခုရှိနေတယ်လို့ ပြောကြတယ်၊၊ အဲဒါကြောင့် ငါတို့ရဲ့ ဂြိုဟ်တုဆက်သွယ်ရေးတွေ… အာကာသစခန်းတွေ… တောင်ဖက်ကောင်းကင်တံခါးနဲ့ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းတွေ အားလုံးက အဆက်အသွယ်ပြတ်တောက်သွားတာပဲ၊၊ ဖက်ဒရယ်အစိုးရရဲ့ လူသားမျိုးနွယ်ရဲ့ မျိုးစေ့တွေကို သယ်ပြီး ထွက်ပြေးဖို့ ကြံခဲ့တဲ့ အာကာသယာဉ်စီမံကိန်းတွေလည်း အကုန်ပျက်စီးကုန်တယ်၊၊ အဲဒါကြောင့် တိတ်ဆိတ်မြို့တော်က မြေပြင်လမ်းကြောင်းကို ရွေးချယ်တာက ပိုပြီးတော့ လုံခြုံတဲ့ အစီအစဉ်ဖြစ်နေတာပဲ၊၊ လိုအပ်ရင် သူတို့ အချိန်မရွေးပျံတက်လို့ရတာပဲလေ”
Chapter 645
ပစ်လွှတ်ခြင်းစီမံကိန်း ၂
“ကောင်းကင်အကာအကွယ်လား”
လူအိုကြီးမိုက ခေါင်းညိတ်လိုက်သည်၊
၊
“အရွယ်အစား အရမ်းကြီးမားနေတာကလည်း ပြဿနာတစ်ခုပဲ ဖြစ်နေနိုင်တယ်”
ထိုစကားကြောင့် လင်းရှန်၏ မျက်နှာ ပိုညိုမည်းသွားသည်၊၊ ကြီးမားသော လမ်းညွှန်လက်နက်များ အလုပ်မလုပ်တော့ခြင်း… မြို့ကြီး ၇၀ ရာခိုင်နှုန်းကျော်သည် ကမ္ဘာပျက်ကပ်နေ့တွင် တွင်းနက်၏ ဝါးမျိုမှုကို ခံလိုက်ရခြင်း… ကမ္ဘာပေါ်မှ လူဦးရေ၏ ၉၉%ခန့် သန္ဓေပြောင်းသွားခြင်းနှင့် ဆက်သွယ်ရေးများပြတ်တောက်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်၊၊ နူကလီးယားလက်နက်များကို အသုံးပြုခဲ့သော်လည်း တွင်းနက်ကို မဖျက်ဆီးနိုင်သည့်အပြင် တွင်းနက်ကို ပိုမို လျင်မြန်စွာ ကျယ်ပြန့်လာစေခဲ့သည်၊၊
လူသားမျိုးနွယ်က အဘယ်ကြောင့် ဤမျှလျင်မြန်စွာ ကျရှုံးသွားရသည်ဆိုသည်ကို လူအတော်များများ နားမလည်ကြသလို အစွမ်းထက်သော နည်းပညာသုံးလက်နက်များက ဘာကြောင့် ရည်မှန်းချက် မအောင်မြင်ရသည်ဆိုတာကိုလည်း မသိကြပေ၊၊
ယခု သတင်းများကို ကြားရသောအခါ တွင်းနက်အတွင်း ပိတ်မိနေသည့် လင်းရှန်သည် ဟန်ရှန်းတောင်ကြား အပြင်ဖက်တွင် မြင်တွေ့ခဲ့ရသော ဂလက်ဆီနှင့်တူသည့် မျက်လုံးကြီးကို ပြန်လည်အမှတ်ရလာသည်၊၊
သူသည် လူနှစ်ဦးကိုလည်း သတိရသွားသည်၊၊
တစ်ဦးမှာ ဝေ့ကီရှု ဖြစ်သည်၊၊ ထိုသူသည် မြို့တော် ခံစစ်ပြင်ဆင်ရေးအချိန်အတွင်း ဖီးနစ်၏ အင်ပါယာစီမံကိန်းကို စတင်ရသည့် အကြောင်းရင်းမှာ နူကလီးယားဗုံးများ၏ ဖျက်ဆီးနိုင်စွမ်းသည် ထင်သလောက် အောင်မြင်မှုမရှိသောကြောင့်ဖြစ်ပြီး တွင်းနက်အတွင်း ဝင်ရောက်နိုင်ရန် ကြီးမားသော ယန္တရားလက်နက်များနှင့် အုပ်စုလိုက်တိုက်ခိုက်ရေး လက်နက်များကို အားသွန်ခွန်စိုက် ထုတ်လုပ်နေရခြင်း ဖြစ်သည်ဟု ပြောခဲ့ဖူးသည်၊၊
ဒုတိယတစ်ဦးမှာ သူ ကျိအန်းမြို့တွင် ရှိစဉ်က ရေဒီယိုထဲမှ ကြားခဲ့ရသော ပရော်ဖက်ဆာဝမ်ဖြစ်သည်၊၊
လင်းရှန်သည် ရေဒီယိုထဲမှ သူ၏ အသံကို ပြန်လည်ကြားယောင်မိသည်၊၊
“ရူပဗေဒဆိုတာကြီးက တကယ်ကို ရယ်စရာကောင်းတာပဲ… ဘယ်သူမှ မလွတ်နိုင်ဘူး… ဘယ်သူမှ မပြေးနိုင်ဘူး”
ယခု လင်းရှန် ခန့်မှန်းမိသည်မှာ တွင်းနက်စူးစမ်းရေးအဖွဲ့သည် တွင်းနက် အမှတ် ၃ အတွင်းသို့ ဝင်ရောက်စဉ် လူသားတို့၏ ရူပဗေဒအသိပညာများကို လုံးဝ ပြောင်းပြန်လှန်ပစ်သည့် ကြောက်မက်ဖွယ်ရာများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်နိုင်သည်၊၊ ထိုအရာများက ကမ္ဘာပျက်ကပ်နှင့် ဝင်ရိုးစွန်းညကို ဖြတ်ကျော်နေရသော သိပ္ပံပညာရှင်များ၏ ယုံကြည်ချက်နှင့် လောကအမြင်ကို ရိုက်ချိုးပစ်ကာ သူတို့ကို စိတ်ပျက်အားငယ်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်၊၊
“ဒါဆို အခု အခြေအနေက အဖြူရောင်မြို့ကို သွားလို့မရဘူး၊၊ ရထားလမ်းစီမံကိန်းကလည်း ဆက်လုပ်လို့ မရတော့ဘူး၊၊ တိတ်ဆိတ်မြို့တော်လို ယန္တရားကြီးတောင် ကျရှုံးသွားပြီဆိုရင် ကျွန်မတို့မှာ ကားတွေနဲ့ ရထားနဲ့ပဲ ထွက်ပြေးဖို့ ရွေးချယ်စရာရှိတော့တာလား”
ချန်ဆီရွှမ်၏ အမူယာက လေးနက်နေသည်၊၊
“လင်းရှန်”
ကီကီက သူမ၏ အသက်ရှင်သန်ခြင်းသည် သူ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေသည့်အလား လက်ပိုက်ရင်း သူ့ကို ကြည့်လိုက်သည်၊၊
လူတိုင်းလည်း လင်းရှန်ကို လှည့်ကြည့်မိကြသည်၊၊ ထိုအချိန်တွင် တိတ်ဆိတ်နေသော လုရှင်းချန်မှလွဲ၍ ကျန်သူများ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်၊၊
လင်းရှန် တိတ်ဆိတ်သွားသည်၊၊ အနန္တရထားကို စွန့်ပစ်ရန်ဆိုသည်မှာ သူ၏အတွက် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်၊၊ ဤရထားသည် ယန္တရားနှလုံးသားဖြင့် ယခုအချိန်အထိ သူတည်ဆောက်ခဲ့သော ကာကွယ်ရေးခံတပ်ဖြစ်သည်၊၊ ဤခံတပ်ကို ဆုံးရှုံးလိုက်ပါက တွင်းနက်မှ လွတ်မြောက်သွားလျှင်ပင် နောက်ထပ်လာမည့် ဝင်ရိုးစွန်းညကို ကျော်ဖြတ်နိုင်ရန်မှာ မသေချာပေ၊၊ ထို့ပြင် ရထား၏ ကာကွယ်မှုမရှိဘဲ အနန္တရထား၏ လူ ၁၈၀ ကျော်ထဲမှ ၇၀ သို့မဟုတ် ၈၀ ရာခိုင်နှုန်းခန့်မှာ သေဆုံးသွားနိုင်သည်၊၊
ထိုအချိန်တွင် လင်းရှန်သည် သူ၏ ဘေးရှိ Black Hwak တိုက်ပွဲဝင်စွမ်းအားဝတ်စုံကို ကြည့်လိုက်သည်၊၊ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲတွင် စောင့်ရှောက်သူ ၈၆ လေကြောင်းကာကွယ်ရေးဒုံးကျည်သည်လည်း တဖြည်းဖြည်း ပုံပေါ်လာနေပြီဖြစ်သည်၊၊ ရုတ်တရက် သူ၏စိတ်ထဲတွင် ရူးသွပ်သောအကြံတစ်ခုပေါ်လာသည်၊၊ အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူသည် လူတိုင်းကို တည်ငြိမ်သောမျက်နှာဖြင့် မော့ကြည့်လိုက်သည်၊၊
“ရထားလမ်းက မဖြစ်နိုင်ဘူးဆိုရင် ရထားကို အဖြူရောင်မြို့ဆီ ပျံသန်းခိုင်းလိုက်ရင် ပိုမလွယ်ဘူးလား”
လူတိုင်း အံ့အားသင့်သွားကြသည်၊၊
“အမ်… ဘယ်လို ပျံမှာလဲ”
ကီကီက မေးသည်၊၊
လင်းရှန်၏ မျက်လုံးများတောက်ပလာပြီး မျက်နှာတွင်လည်း ပြတ်သားသောအမူအရာပေါ်လာသည်၊၊ ထို့နောက် သူက လူအိုကြီးမိုကို လှည့်ကြည့်လိုက်သည်၊၊
“လူအိုကြီးမို… ကျုပ် ထင်တာမမှားဘူးဆိုရင် အာကာသယာဉ်ကြီးတွေမှာ အလျားလိုက်ရပ်တန့်နိုင်ဖို့အတွက် လျှပ်ကူးပစ္စည်း သံလိုက်ချိတ်ဆက်မှုစနစ်ပါတယ် မဟုတ်လား”
“ဟုတ်တယ်”
လူအိုကြီးမိုက ခေါင်းညိတ်သည်၊၊
“ထူးခြားတဲ့ မြေပြင်တွေမှာ ရပ်နားဖို့ အဲဒီနည်းပညာကို သုံးတယ်၊၊ ယေဘုယျအားဖြင့်တော့ အလေးချိန်များတာ ဒါမှမဟုတ် ဆွဲငင်အားဆန့်ကျင်ရေးအင်ဂျင်တွေ ချို့ယွင်းတာမျိုးတွေလို အရေးပေါ်အခြေအနေတွေမှာ သုံးကြတယ်”
ကီကီသည် ထိုစကားကို ကြားသောအခါ လင်းရှန်၏ အကြံကို ချက်ချင်းပင် သဘောပေါက်သွားပုံရပြီး လင်းရှန်ကို အံ့သြစွာ ကြည့်ကာ မေးလိုက်သည်၊၊
“ဟေး လင်းရှန်… ရှင်ပြောချင်တာက သံလိုက်ချိတ်ဆက်မှုစနစ်ကိုသုံးပြီးတော့... ပေါင်းစည်းယာဉ်တန်းကို... ပစ်... ပစ်လွှတ်ဖို့လား”
လော့ယန်ကလည်း ချက်ချင်း တုံ့ပြန်သည်၊၊
“ဘယ်လို… သံလိုက်စွမ်းအားနဲ့ ပျံသန်းမှာလား၊၊ ကျွန်တော်တို့ ရထားမှာ တည်ငြိမ်မှုထိန်းသိမ်းတဲ့စနစ် မရှိဘူးလေ၊၊ အဲဒီလောက် ပြင်းထန်တဲ့ သံလိုက်စက်ကွင်းက ကျွန်တော်တို့ ရထားတွဲတွေကို တစ်စစီဖြစ်သွားစေလိမ့်မယ်”
သို့သော် လင်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့်
“ရထားတွဲတွေရဲ့ အပြင်ဖက်မှာ လျှပ်စစ်သံလိုက်ကွိုင်တွေကို ဖြန့်ကျက်လိုက်တာက တွင်းနက်ထဲမှာ ရထားလမ်းခင်းရတာထက် ပိုလွယ်မှာ မဟုတ်ဘူးလား”
“ဒါကတော့...” လော့ယန် စကားဆက်မပြောနိုင်ဖြစ်သွားသည်၊၊
လူအိုကြီးမိုက လင်းရှန်ကို ထူးဆန်းစွာ ကြည့်လိုက်သည်၊၊ “မင်းက ဒီကိရိယာကို ဒီလိုနည်းနဲ့ သုံးဖို့ စဉ်းစားနေတာလား”
“ဘုရားရေ… ဒါက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ”
ကီကီက ပါးစပ်အဟောင်းသားဖြစ်နေသည်၊၊
စက်မှုပညာရပ်ကို နက်ရှိုင်းစွာနားမလည်ကြသော အခြားသူများသည် သူတို့၏ ဆွေးနွေးမှုကို နားမလည်ဘဲ ကြောင်ကြည့်နေကြသည်၊၊
ထိုအချိန်တွင် လုရှင်းချန်က ရုတ်တရက် ထရပ်လိုက်သည်၊၊
“ဒါက တကယ့်ကို ပြောင်မြောက်တဲ့ နည်းဗျူဟာပဲ၊၊ ငါ အပြည့်အဝထောက်ခံတယ်”
“နေဦး၊၊ သူတို့ ဘာတွေ ပြောနေလဲဆိုတာ သိလို့ ရှင်က ထောက်ခံနေတာလား”
ရှားရှားက သူ့ကို မျက်စောင်းထိုးရင်း ရထားခေါင်မိုးပေါ်က သံလိုက်အမြောက်ကို လက်ညှိုးထိုးပြလိုက်သည်၊၊
“အစ်ကိုလင်းက ၁၅ ကီလိုမီတာ ရှည်တဲ့ ရထားတွဲကြီးကို လျှပ်စစ်သံလိုက်အမြောက်လိုမျိုး ပစ်လွှတ်ဖို့ ကြံနေတာဟ”
“ဟင်”
လုရှင်းချန်သည် ထိုစကားကို ကြားပြီးနောက် မျက်လုံးများ ပို၍တောက်ပလာသည်၊၊
“သံမဏိရထားကြီးသာ ကောင်းကင်ကို ပျံတက်သွားရင် ဘယ်သူက တားနိုင်တော့မှာလဲ”
လုရှင်းချန်က လက်သီးလက်မောင်းတန်းကာ ကြုံးဝါးလိုက်သည်၊၊
“နေနဲ့ လကို လက်နဲ့ဖမ်းဆုပ်ပြီး ကြယ်တွေကို ခူးဆွတ်ဖို့ဆိုတာ ငါ့လိုလူမျိုးမှပဲ ဖြစ်နိုင်တယ်… အစ်ကိုလင်း… ဒီအစီအစဉ်က ကောင်းကင်ဘုံကို သွားမယ့် လမ်းပဲ”
ရှားရှား “...”