← Chapters

အခန်း (၆၄၈-၆၄၉)

Vol. 39 Ch. 648-649

အခန်း (၆၄၈-၆၄၉)

Vol. 39 Ch. 648-649

Chapter 648

ပစ်လွှတ်ခြင်းစီမံကိန်း ၅

လင်းရှန်က ချန်ဆီရွှမ်၏ ရည်ရွယ်ချက်ကို သဘောပေါက်သည်၊၊

“ဒီတစ်ခါတော့ မင်းလိုက်ခဲ့လေ… ကီကီ၊ မီးတောက်တို့လည်း လိုက်ရမယ်… တခြားလူတွေကတော့ ရထားကို ဆက်ပြီး စောင့်ရှောက်ပေးကြပါ”

ချန်ဆီရွှမ်၏ မျက်လုံးများက တောက်ပသွားပြီး ဝမ်းသာအားရခေါင်းညိတ်ပြသည်၊၊

“နားလည်ပါပြီ” လူတိုင်းက တစ်ပြိုင်နက် ပြန်ဖြေကြသည်၊၊

ထိုအချိန်တွင် အဖွဲ့အသီးသီး၏ ဆွေးနွေးမှုများသည် လေးနက်သည့် စီမံကိန်းများအဖြစ်သို့ ပြောင်းလဲလာသည်၊၊ လျှပ်ကူးပစ္စည်း သံလိုက်ချိတ်ဆက်မှုစနစ်မှတစ်ဆင့် ပေါင်းစည်းယာဉ်တန်းကို ပစ်လွှတ်ခြင်းသည် လျှပ်စစ်သံလိုက်အမြောက်ကဲ့သို့ ရိုးရှင်းမည်မဟုတ်ပေ၊၊ ၎င်းသည် ကောင်းကင်တွင် လျှပ်စစ်သံလိုက်လမ်းကြောင်းတစ်ခုတည်ဆောက်ခြင်းနှင့် တူသဖြင့် ရထားတွဲများ၏ တည်ဆောက်ပုံသည် ပြင်းထန်သောဖိအားဒဏ်ကို ခံနိုင်ရည်ရှိရန် လိုအပ်သည်၊၊ ထို့ကြောင့် ပြင်ပကိရိယာအများအပြားကို ဖြုတ်သိမ်းရမည် ဖြစ်သည်၊၊ ထို့ကြောင့် ဤအစီအစဉ်မှာ အင်ဂျင်နီယာအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများလိုအပ်သော လွတ်မြောက်ရေးစီမံကိန်းတစ်ခု ဖြစ်သည်၊၊

အနန္တရထားဖက်တွင်မူ လင်းရှန်သည် ဒုံးပစ်စင်နှင့် လေကြောင်းကာကွယ်ရေး ဒုံးကျည် ၆ ခုကို ထုတ်လုပ်ပြီးစီးသွားပြီ ဖြစ်သည်၊၊ ထို့ပြင် အစွမ်းထက်ဝှက်ဖဲအဖြစ် မုန်တိုင်းမျက်လုံး F12 အသံထက်မြန်သော ဝေဟင်ပစ်ဒုံးကျည်ကြီးကို ထုတ်လုပ်ရန် ပြင်ဆင်နေသည်၊၊

မုန်တိုင်းမျက်လုံး F12 သည် အလျား ၆.၈၆ မီတာ၊၊ အချင်း ၀.၃၆ မီတာ ရှိပြီး အလေးချိန် ၈၅၀ ကီလိုဂရမ် ရှိသည်၊၊ ထိပ်ဖူးမှာ ၂၀၀ ကီလိုဂရမ် ရှိသည်၊၊ လင်းရှန်အနေဖြင့် ယခုကဲ့သို့ ကြီးမားသော ပေါက်ကွဲကိရိယာကို ပထမဆုံးအကြိမ်ထုတ်လုပ်ခြင်း ဖြစ်သည်၊၊ ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို အစိတ်အပိုင်း ခွဲထုတ်ရေးနှင့် ပြင်ဆင်ရေးစင်တာများတွင် ပြောင်းလဲလိုက်ပြီးနောက် ဒုံးကျည်၏ အင်ဂျင်သည် ရထားတွဲအတွင်း၌ တဖြည်းဖြည်း ပုံပေါ်လာသည်၊၊

တစ်ချိန်တည်းမှာပင် ကြက်တူရွေးယာဥ်တန်း၏ စက်မှုလုပ်ငန်းသုံး နူကလီးယားစွမ်းအင်သုံး ခေါင်းတွဲဝါးမျိုမှုမှာလည်း ပြီးဆုံးတော့မည် ဖြစ်သည်၊၊

[ဝါးမျိုမှု အဆင့် ၉၉ ရာခိုင်နှုန်း]

[ဝါးမျိုမှု အောင်မြင်သည်၊၊ ယန္တရားရင်းမြစ်အမှတ် +၇၀၀၊၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၃၀၀၊၊]

[စွမ်းအားထိုးတက်ခြင်း၊၊ ယခင်က ယန္တရားမြှင့်တင်မှု အဆင့်မြှင့်ရန် လိုအပ်ချက်များ ပြည့်စုံသွားပြီဖြစ်သည်၊၊ ၁၄၀ မဂ္ဂါဝပ်]

“နောက်ဆုံးတော့”

သူ့ရှေ့ရှိ ယန္တရားနှလုံးသား၏ အလင်းမျက်နှာပြင်ကို ကြည့်ရင်း လင်းရှန် သက်ပြင်းချလိုက်သည်၊၊ ကံကောင်းစွာဖြင့် ၎င်းသည် ၃၀၀ မဂ္ဂါဝပ် အဆင့်ရှိ နူကလီးယားဓာတ်ပေါင်းဖိုကို တစ်ပြိုင်တည်း ဝါးမျိုရန် မလိုအပ်ခဲ့ပေ၊၊ ထို့ကြောင့် သမုဒ္ဒရာရထားတွဲကို ဝါးမျိုပြီးပါက စူပါစထရင်းနူဓာတ်ပြုအဆင့်သက်တန့်ကွင်းကို အဆင့်မြှင့်ရန် လိုအပ်ချက်များ ပြည့်စုံသွားမည် ဖြစ်သည်၊၊

“ဆက်လုပ်မယ်”

လင်းရှန် အချိန်ကို ကြည့်လိုက်ရာ ဂရေ့စ်၏ အစီရင်ခံချိန်မှာ ပို၍တိုလာသဖြင့် ဂရေ့စ်သည် ရထားဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေပြီ ဖြစ်သည်၊၊

[လမ်းကြောင်းကို ပြုပြင်ပြီး ပတ်ဝန်းကျင် စကင်ဖတ်မှုကို အပြီးသတ်ပါ]

လမ်းတလျှောက်လုံး သံလိုက်ချိတ်ဆက်မှုစနစ်စီမံကိန်းကို စကင်ဖတ်စစ်ဆေးလာခဲ့သော ဂရေ့စ်သည် ထိုအချိန်တွင် သတင်းစကားတစ်ခုပေးပို့လာသည်၊၊

[ကျွန်မရဲ့ လေ့လာစူးစမ်းချက်တွေအရ တိတ်ဆိတ်မြို့တော်ရဲ့ အပြင်ဘက် အဓိကတည်ဆောက်ပုံဟာ ကြီးကြီးမားမားပျက်စီးသွားတာမျိုး မရှိဘူး၊၊ ဒီမိုးပျံမြို့တော်ကြီး ဘာကြောင့် ရပ်တန့်သွားရသလဲဆိုတာကိုတော့ ဆက်ပြီးစစ်ဆေးဖို့ လိုပါသေးတယ်၊၊ ဒါပေမဲ့ ဆန်းစစ်ချက်တွေအရတော့ ရထားကို ပြုပြင်ပြောင်းလဲပြီး လျှပ်ကူးပစ္စည်းသံလိုက်ချိတ်ဆက်မှုစနစ်ကို အသုံးပြုကာ ထွက်ပြေးမယ့် ရှင့်ရဲ့ စီမံကိန်းက ဖြစ်နိုင်ခြေ ၂၃.၁ ရာခိုင်နှုန်းအထိ ရှိပြီး ဒါဟာ ရထားလမ်းခင်းတဲ့ နည်းလမ်းထက် အခွင့်လမ်းပိုများပါတယ်]

“အကြီးမားဆုံး အန္တရာယ်က အမှောင်ထုထဲက လာတာပဲ၊၊ အမှောင်ထဲမှာ လူထောင်ပေါင်းများစွာနဲ့ ဖြည်းဖြည်းချင်း ရွေ့လျားနေရတာက အကြီးမားဆုံး အဟန့်အတားဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကတော့ ဖြေရှင်းချက်ရှိတယ်” လင်းရှန်က ပြောသည်၊၊

[ရှင်ရဲ့ ပြဿနာကို အဖြေရှာပုံကို ကျွန်မ လေးစားပါတယ်၊၊ ရှင့်ကို ချီးကျူးစကား ပြောခွင့်ပြုပါ]

လင်းရှန် မျက်မှောင်ကြုတ်သွားပြီး ထူးဆန်းသလို ခံစားလိုက်ရသည်၊၊

“မင်းက... ငါ့ကို ချီးကျူးနေတာလား”

[ဟုတ်ပါတယ်၊၊ ရှင့်ရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားက ဆုံးဖြတ်ချက်ချရာမှာ သက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ ကိန်းရှင်တစ်ခုဖြစ်ပါတယ်၊၊ အဖွဲ့ထဲက အမျိုးသမီးတွေနဲ့ ရှင်ရဲ့ ဆက်ဆံရေးကို လေ့လာကြည့်ရသလောက် လူသားအမျိုးသမီးတစ်ယောက်ရဲ့ ရှုထောင့်ကနေ ရှင့်ကို ချီးကျူးအသိအမှတ်ပြုပေးတာက ရှင့်ရဲ့ ဟော်မုန်းနဲ့ စိတ်လှုပ်ရှားမှုအဆင့်ကို မြှင့်တင်ပေးနိုင်ပြီး… အဲဒါက ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချနိုင်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်]

လင်းရှန် “...”

မနက် ၆ နာရီတွင် သမုဒ္ဒရာရထား၏ နူကလီးယားစွမ်းအင်သုံးခေါင်းတွဲသည် တဝက်ခန့် ဝါးမျိုခြင်း ခံထားရပြီး အဖြူရောင် မုန်တိုင်းမျက်လုံး F12 အသံထက်မြန်သော ဝေဟင်ပစ်ဒုံးကျည်ကြီးသည်လည်း အမှတ် ၂၁ တွဲအတွင်း တဖြည်းဖြည်းပုံပေါ်လာပြီ ဖြစ်သည်၊၊

၎င်းသည် လင်းရှန် ယန္တရားစွမ်းအားရရှိပြီးနောက်ပိုင်း အပြင်းထန်ဆုံးအလုပ်ဖြစ်ပေသည်၊၊ ချင်းရွှေမြို့တွင် နဂါးအဆင့်လေသ‌ေင်္ဘာ၏ နူကလီးယားအင်ဂျင်ကို ဝါးမျိုစဉ်က သူအားကုန်လုနီးပါးဖြစ်ခဲ့သည်၊၊

သို့သော် ယခုအချိန်တွင် ယန္တရားနှလုံးသားနှင့် ယန္တရားဝါးမျိုမှုတို့သည် အဆင့် ၅ သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဖိအားမှာ သိသိသာသာ လျော့နည်းသွားသည်၊၊ ထို့ပြင် အခြားအချက်နှစ်ချက်လည်း ရှိသေးသည်၊၊

ပထမအချက်မှာ သမုဒ္ဒရာနှင့်ကြက်တူရွေးယာဥ်တန်းတို့၏ နူကလီးယားအင်ဂျင်များသည် နဂါးအဆင့်လေသ‌ေင်္ဘာလောက် မကြီးမားခြင်းဖြစ်သည်၊၊

ဒုတိယအချက်မှာ အနန္တရထား၏ ထူးဆန်းသောကုဗတုံးသည် လင်းရှန်အတွက် ယန္တရားရင်းမြစ်အမှတ်များကို အဆက်မပြတ် ပြောင်းလဲပေးနေသဖြင့် သူ၏ ခွန်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်း ဖြစ်သည်၊၊

ထိုအချိန်တွင် လင်းရှန်သည် နူကလီးယားစွမ်းအင်သုံး ကျွဲရိုင်းကြီးတစ်ကောင်ကဲ့သို့ ခံစားနေရသည်၊၊ တစ်ညလုံး ခဲယမ်းများ ထုတ်လုပ်ခြင်း၊၊ ဒုံးကျည်များ တည်ဆောက်ခြင်းနှင့် ကမ္ဘာပျက်ကပ်နေ့ ရထားခေါင်းတွဲနှစ်ခုကို ဝါးမျိုခြင်းတို့ကို လုပ်ဆောင်နေသည်၊၊ အစိတ်အပိုင်းခွဲထုတ်ရေးနှင့် ပြင်ဆင်ရေးစင်တာများရှိ ကုန်ကြမ်းပစ္စည်းများသည်လည်း အဆက်မပြတ်ပြောင်းလဲနေကာ အမှတ် ၁၃ တွဲရှိ အလိုအလျောက် ကျည်ဆန်ထုတ်စက်မှာလည်း အစွမ်းကုန် လည်ပတ်နေသည်၊၊

ထိုစဉ် နဂါးတောင် ၁ မှ အားဖေး၊ ဒါရိုက်တာတင်းနှင့် ချန်ဆီရွှမ်တို့၏ စစ်ဆေးကြီးကြပ်မှုအောက်တွင် ဂရေ့စ်သည် PX05 စက်ရုပ်၄ ခုနှင့်အတူ စခန်းသို့ ပြန်လည်ရောက်ရှိလာသည်၊၊ တာလို့နှင့် လျန်လေးတို့အပါအဝင် ကာကွယ်ရေးတာဝန်ယူထားသူများလည်း သက်ပြင်းချနိုင်သွားကြသည်၊၊ စခန်းတစ်ခုလုံး ဘေးကင်းနေသရွေ့ သူတို့၏ စီမံကိန်းမှာ နှောင့်နှေးသွားမည် မဟုတ်ပေ၊၊

ဂရေ့စ် ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လင်းရှန်က သူမကို ရထားတွဲတစ်ခုလုံးကို စကင်ဖတ်ရန် တာဝန်ပေးလိုက်သည်၊၊ ဖက်ဒရယ်၏ ပျံသန်းရေးကိရိယာသံလိုက်ချိတ်ဆက်မှုစနစ်၏ ကန့်သတ်ချက်များနှင့်အတူ သူမသည် ရထားတွဲများ၏ ပြင်ပတည်ဆောက်ပုံကို ပြုပြင်ပြောင်းလဲမည့် စီမံကိန်းကို အလိုအလျောက် စတင်ရေးဆွဲနေသည်၊၊

Chapter 649

ပစ်လွှတ်ခြင်းစီမံကိန်း ၆

[ရထားလေတိုးဒဏ်ခံနိုင်ရည် ဖြေရှင်းချက် - ပလာစမာ လေခွင်းအကာ၊ ရထားခေါင်းပိုင်းကနေ အပူချိန်နိမ့် ပလာစမာတွေကို လွှတ်ထုတ်ပြီး ရှေ့က လေထုကို အိုင်ယွန်းဓာတ်ပြုပြီး လေတိုးနှုန်းနည်းတဲ့ လမ်းကြောင်းတစ်ခုတည်ဆောက်မည်]

[တွန်းကန်အားနဲ့ တည်ငြိမ်မှု စနစ် - ဖြန့်ကျက်ထားတဲ့ လျှပ်စစ်သံလိုက်ကွိုင်တွေကနေ တွန်းကန်အားပေးပြီး တည်ငြိမ်မှုကို ထိန်းသိမ်းမည်၊၊ လမ်းကြောင်းရဲ့ သံလိုက်စက်ကွင်းနဲ့လည်း ထပ်တူကျအောင် လုပ်ဆောင်မည်]

[ယာဥ်တန်းအဖွဲ့ဝင်များအတွက် ကာကွယ်ရေးစနစ် - ပြောင်းပြန် ဟမ်ဟိုးဇ် ကွိုင်များ၊၊ ပြင်းထန်တဲ့ သံလိုက်စက်ကွင်းကြောင့် အာရုံကြောချို့ယွင်းမှုမဖြစ်စေရန် အားပျော့သည့် သံလိုက်စက်ကွင်းနဲ့ ပြန်လည်ခုခံကာကွယ်ရမည်]

[အရေးပေါ် လုံခြုံရေးကိရိယာများ...]

သူမ၏ မြင့်မားသော တွက်ချက်မှုစွမ်းရည်ဖြင့် ဂရေ့စ်သည် အသုံးချနိုင်သော ဖြေရှင်းချက်အများပြားကို လျင်မြန်စွာ ထုတ်ပေးလိုက်ပြီး ယာဉ်တန်းအသီးသီးရှိ အင်ဂျင်နီယာအဖွဲ့များထံသို့ တစ်ပြိုင်နက်ပေးပို့လိုက်သည်၊၊ အကြိမ်ကြိမ်စစ်ဆေးပြီးနောက် လိုအပ်သော ကိရိယာများ၏ ပုံကြမ်းများကို ဂရေ့စ်က ထုတ်ပေးလိုက်သည်၊၊

ထိုကိရိယာများသည် နာမည်အားဖြင့် ရှုပ်ထွေးသော်လည်း ထုတ်လုပ်ရန်မှာ မခက်ခဲလှပေ၊၊ ရထားကို ပြင်းထန်သော သံလိုက်စက်ကွင်းကြားတွင် တည်ငြိမ်နေအောင် ကာကွယ်ရေးတစ်ခုတပ်ဆင်ပေးရုံသာဖြစ်သည်၊၊

တစ်ချိန်တည်းမှာပင် လင်းရှန်သည် အရှိန်ထိန်းချုပ်မှုနှင့် အဖြူရောင်မြို့သို့ ရောက်ရှိချိန်တွင် လမ်းကြောင်းပေါ်သို့ ပြန်လည်ဆင်းသက်မည့် အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရသည်၊၊ ပစ်လွှတ်ရန် ပုံစံထုတ်ရုံတင်မကဘဲ အဖြူရောင်မြို့သို့ ရောက်လျှင် ကြိုတင်ထုတ်လုပ်မှုများကိုလည်း လုပ်ဆောင်ရန် လိုအပ်သည်၊၊

ပေါင်းစည်းယာဉ်တန်း တည်ရှိရာနေရာကို ဖုံးလွှမ်းထားသော ထူထပ်သော အမှောင်ထုသည် ပါးလျသောအလင်းအကာအကွယ်အောက်တွင် စက်ဝိုင်းပုံစံ ခံတပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ရေကန်နက်အနီးရှိ အမှောင်တောအုပ်ထဲတွင် အလွန်ပင် သိသာထင်ရှားနေသည်၊၊

အဝေးမှ တောင်တန်းကြီးတစ်ခုကဲ့သို့ ကြီးမားလှသော အရိပ်မည်းကြီးသည် မြူထဲတွင် လှုပ်ရှားနေပြီး ပုံသဏ္ဌာန်များက ပျက်စီးလိုက်.. ပြန်ဖြစ်ပေါ်လာလိုက်ဖြစ်နေသည်၊၊ အမှောင်မြူထုထဲတွင် ဧရာမ သတ္တဝါကြီးတစ်ကောင် လျင်မြန်စွာ လှုပ်ရှားနေသကဲ့သို့ ထင်မှတ်ရသည်၊၊ ရထားတွဲအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများသည် အပြင်ဘက်ရှိ အမှောင်တောအုပ်ကို ကြာကြာ မကြည့်ရဲကြပေ၊၊ ကြောက်ရွံ့ခြင်းကြောင့်သာမက ကြည့်လိုက်ရုံဖြင့် သူတို့၏ မျက်ကြည်လွှာတွင် ပူလောင်သောနာကျင်မှုကို ခံစားရပြီး အပ်များစွာက အာရုံကြောမှတစ်ဆင့် ဦးနှောက်ထဲကို ထိုးဖောက်နေသကဲ့သို့ ခံစားရသောကြောင့်ပင်၊၊

အကယ်၍ ထူးဆန်းသောကုဗတုံး၏ အလင်းအကာအကွယ်သာမရှိပါက အမှောင်ကျူးကျော်မှု၏ ကူးစက်မှုနှင့် ပတ်ဝန်းကျင် ဖိအားကြောင့် ပေါင်းစည်းယာဉ်တန်းအတွင်းရှိ လူများသည် သန္ဓေပြောင်းခြင်းနှင့် သေဆုံးခြင်းများ အဆုံးမဲ့ဖြစ်ပေါ်နေလောက်ပေမည်၊၊

လင်းရှန်သည် ထိုအချိန်တွင် ဖြန့်ကျက်ထားသော လျှပ်စစ်သံလိုက်ကွိုင်များကို စတင်ထုတ်လုပ်နေသည်၊၊ ရထားအင်ဂျင်နီယာအဖွဲ့မှလူတိုင်း အလုပ်ရှုပ်နေကြသည်၊၊ ကိရိယာများကို အနန္တရထားပေါ်မှ သယ်ထုတ်လာပြီး ယာဉ်တွဲတစ်ခုချင်းစီတွင် တစ်ခါတည်း တပ်ဆင်နေကြသည်၊၊ စက်ဝိုင်းပုံစံ ကွိုင်အထောက်အပံ့များကို သံမဏိရထားတွဲများပေါ်တွင် တပ်ဆင်နေသည်မှာ ပိုးကောင်များပေါ်တွင် သံချပ်ကာများဝတ်စုံများ တပ်ဆင်နေသည်နှင့် တူပြီး ဂဟေဆော်နေသည့် မီးပွားများသည် တဖွားဖွားထွက်ပေါ်နေသည်၊၊

လင်းရှန်သည် ထုတ်လုပ်မှုများလုပ်နေရင်း ထူးဆန်းသောကုဗတုံး၏ အပြောင်းအလဲများကိုလည်း စောင့်ကြည့်နေသည်၊၊ ယန္တရားရင်းမြစ်အမှတ်များမှာ ပြောင်းလဲနေဆဲဖြစ်သော်လည်း ပမာဏလျော့နည်းသွားသည်၊၊

[ယန္တရားမဟုတ်သော စွမ်းအင်ကို ပြောင်းလဲပြီးပါပြီ၊၊ ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ရရှိသည်၊၊]

“တိတ်ဆိတ်မြို့တော်မှာ လူပေါင်း ကိုးသောင်းလောက် ရှိခဲ့တယ်လို့ ပြောကြတယ်၊၊ သူတို့တွေ ဒီအချိန်အထိ ရှင်သန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ...”

လင်းရှန် စိတ်ထဲမှ တွေးနေမိသည်၊၊ ထူးဆန်းသောကုဗတုံးကဲ့သို့ အံ့ဖွယ်ပစ္စည်း ရှိနေသည့်တိုင် သူတို့ ယာဉ်တန်းသည် ရက်ပေါင်းမည်မျှ ခံနိုင်ရည်ရှိမည်ဆိုတာ မသေချာပေ၊၊ လူကိုးသောင်းက ဘယ်လိုရှင်သန်နေမည်လဲဆိုတာကို သူ စဉ်းစားမရပေ၊၊ တိတ်ဆိတ်မြို့တော် ရပ်တန့်သွားပြီးနောက် လူအများစုမှာ ထွက်ပြေးသွားကြခြင်းက ပိုဖြစ်နိုင်သည်၊၊

သို့သော် အာခီစိုင်းတွင် ရှိနေစဉ်က လင်းရှန်သည် ကမ္ဘာလုံးဆိုင်ရာအသံလွှင့်ချက်များကို မရရှိခဲ့သလို တိတ်ဆိတ်မြို့တော်၏ အခြေအနေကိုလည်း မသိနိုင်ခဲ့သဖြင့် သူ ခန့်မှန်းရုံသာ တတ်နိုင်သည်၊၊

သို့သော်လည်း လင်းရှန်သည် ထိုရူပဗေဒနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ထိပ်တန်းပါရမီရှင်ကို အတော်ပင် စိတ်ဝင်စားသည်၊၊ ကမ္ဘာပျက်ကပ်နေ့မတိုင်မီက ထိုကဲ့သို့သောသူမျိုးကို တီဗီသတင်းများတွင်သာ မြင်တွေ့နိုင်သည်၊၊ ဝမ်ယွဲ့ လုပ်ငန်းစု၏ ဝမ်ယွဲ့ နည်းပညာသည် ကမ္ဘာတစ်ဝှမ်းရှိ ကိုယ်လက်အင်္ဂါအတုများနှင့် စက်ရုပ်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက်ထားပြီး အာကာသတပ်ဖွဲ့များအတွက် သံချပ်ကာဝတ်စုံများကို အဓိကထောက်ပံ့ပေးသူလည်း ဖြစ်သည်၊၊ ဝံပုလွေတစ္ဆေနှင့် သံမဏိမုဆိုးအဆင့် မော်ဒယ်လ်များကို ဝမ်ယွဲ့ နည်းပညာက အမည်ပေးခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံး ကြယ်အဆင့်သံချပ်ကာဝတ်စုံကိုလည်း မာဆာရှီက ဦးဆောင် တီထွင်ခဲ့ခြင်း ဖြစ်သည်၊၊ ထိုသူကို ယန္တရားပါရမီရှင်တစ်ဦးဟု ခေါ်လျှင်မမှားပေ၊၊

ဝမ်ယွဲ့ နည်းပညာသည် ရှင်းဟွာစက်မှုလုပ်ငန်းကြီးနှင့် မတူပေ၊၊ ဝမ်ယွဲ့ နည်းပညာသည် ထိပ်တန်းပုဂ္ဂလိကနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော်လည်း ကီဟွာဝေး ဦးဆောင်သော ရှင်းဟွာသည် ကမ္ဘာတစ်ဝှမ်းရှိ နည်းပညာထုတ်လုပ်ရေးလုပ်ငန်းဒါဇင်ပေါင်းများစွာကို ပေါင်းစည်းထားသော ဧရာမ လုပ်ငန်းစုကြီး ဖြစ်သည်၊၊

ထို့ကြောင့် ဝမ်ယွဲ့ လုပ်ငန်းစုသည် ဖက်ဒရယ်၏ လက်အောက်တွင် မရှိသော ကောင်းကင်မြို့တော်ကို ပိုင်ဆိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်၊၊

လင်းရှန်သည် တိတ်ဆိတ်မြို့တော်၏ တည်ရှိမှုကို ပထမဆုံးကြားခဲ့ရစဉ်က အလွန်ပင် အံ့အားသင့်ခဲ့ရသည်၊၊ ဖီးနစ်မြို့တော်နှင့် ကြယ်သ‌ေင်္ဘာတို့ကဲ့သို့မဟုတ်ပဲ… ၎င်းသည် လွတ်လပ်သော ဧရာမ ယန္တရားမြို့တော်ကြီးဖြစ်ပုံရသည်၊၊

ထိုကဲ့သို့သော မြို့တော်မျိုးသည် ကမ္ဘာပျက်ကပ်နောက်ပိုင်း ဝမ်ယွဲ့လုပ်ငန်းစု၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်လာသင့်သည်၊၊ ထိုကဲ့သို့သော အရာကြီးသည် တွင်းနက်ထဲတွင် ရပ်တန့်သွားလိမ့်မည်ဟု လင်းရှန် မထင်ခဲ့မိပေ၊၊

၎င်းသည် တကယ်ကို နှမြောစရာကောင်းလှသည်၊၊

[ဝါးမျိုမှု အဆင့် ၉၈ ရာခိုင်နှုန်း]

ထိုအချိန်တွင် ၉ နာရီသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သမုဒ္ဒရာယာဥ်တန်း၏ နူကလီးယားစွမ်းအင်သုံး ခေါင်းတွဲကို လင်းရှန်က အပြည့်အဝ ဝါးမျိုတော့မည် ဖြစ်သည်၊၊ သူ၏ ယန္တရားချဲ့ထွင်ခြင်းကို မကြာမီ စတင်နိုင်တော့မည်ဖြစ်သည်၊၊

[ဝါးမျိုမှု အောင်မြင်သည်၊၊ ယန္တရားရင်းမြစ်အမှတ် +၈၀၀၊၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၄၀၀၊၊]

[စွမ်းအားထိုးတက်ခြင်း - ယန္တရားချဲ့ထွင်မှုအတွက် လိုအပ်ချက်များ ပြည့်စုံသွားပြီ၊၊ ချဲ့ထွင်မှုကို လုပ်ဆောင်မည်လား]

စွမ်းအားထိုးတက်ခြင်း (သာမန်) (အဆင့် ၃၊ အမြင့်ဆုံးအဆင့်) – [စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း] သို့ မြှင့်တင်နိုင်သည်၊၊

အဆင့်ချဲ့ထွင်ရန် လိုအပ်သော ပစ္စည်းများ - စူပါကာဗွန်-အလွိုင်း *၁၀၊၊ တန်စတင်-တိုင်တေနီယမ် အလွိုင်း အမျိုးအစား ၁ *၅၀၊၊

အလင်းမျက်နှာပြင်သည် လင်းလက်နေပြီး လင်းရှန်၏ ရင်ထဲတွင် တုန်လှုပ်မှုကို ခံစားလိုက်ရသည်၊၊ ထို့နောက် သူက ချက်ချင်းပင် အတည်ပြုလိုက်သည်၊၊

“ချဲ့ထွင်လိုက်တော့”

[ယန္တရားချဲ့ထွင်ခြင်း စတင်ပါပြီ - စွမ်းအားထိုးတက်ခြင်း ၂၃:၅၉:၅၉]

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါမှ လင်းရှန် သက်ပြင်းချနိုင်တော့သည်၊၊ ထိုအချိန်တွင် သူသည် သူ၏ ယန္တရားနှလုံးသားမျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ တွင်းနက်အတွင်း တစ်ညတာကုန်ဆုံးရုံဖြင့် သူ၏ ယန္တရားနှလုံးသားမှာ သိသိသာသာတိုးတက်လာခဲ့သည်၊၊

[လက်ရှိ ယန္တရားနှလုံးသား အဆင့် ၅ (8640/20000)]

-ယန္တရားဝါးမျိုမှု - ၅ (၉၆၅/၃၀၀၀) ဝါးမျိုမှု စွမ်းဆောင်ရည်ကို မြှင့်တင်ထားပါသည်၊၊

-ယန္တရားထုတ်လုပ်မှု - ၅ (၁၅၆၀/၃၀၀၀) တည်ဆောက်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်၊၊

[T8-Z မီးနတ်ဘုရား တိုက်ခိုက်ရေးမီကာ (ပုံကြမ်း) ကျန်ရှိအချိန် - ၂၅ ရက် ၂၂ နာရီ ၃၆ မိနစ်]

“ဟူး”

လင်းရှန် မတ်တပ်ရပ်ကာ အကြောဆန့်လိုက်သည်၊၊ တစ်ညလုံး အစွမ်းကုန်လုပ်ခဲ့ရသော်လည်း ထူးဆန်းသောကုဗတုံးက ပြောင်းလဲပေးနေသည့် စွမ်းအင်များကြောင့်သာ သူဆက်၍ တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်၊၊

“သွေးပဲစေ့တွေကို အေးခဲ-အမှောင်ဆေးရည်တွေအဖြစ် ပြောင်းလဲပေးနိုင်မယ့် ကိရိယာမျိုးရှိရင် အတော်ကောင်းမှာပဲ”

လင်းရှန်သည် ရထားပေါ်တွင် အသုံးမပြုရသေးဘဲ ကျန်ရှိနေသည့် သွေးပဲစေ့များကို သတိရသွားသည်၊၊ အကယ်၍သာ အေးခဲ-အမှောင်ဆေးရည်ရှိပါက အဆင့်မြင့်စွမ်းအားရှင်အချို့သည် တိုက်ပွဲတွင် ပို၍ အချိန်ကြာကြာတိုက်ခိုက်နိုင်မည်ဖြစ်သည်၊၊

သူ၏ရှေ့ရှိ ဒုံးကျည်ပစ်စင်ပေါ်တွင် စောင့်ရှောက်သူ ၈၆ လေကြောင်းကာကွယ်ရေး ဒုံးကျည် ၆ ခုနှင့် မုန်တိုင်းမျက်လုံး F12 အသံထက်မြန်သော ဝေဟင်ပစ်ဒုံးကျည်ကြီးတစ်ခုရှိနေသည်ကို ကြည့်ပြီး လင်းရှန် စိတ်လှုပ်ရှားသွားသည်၊၊ အနန္တရထားတွင် နောက်ထပ် အစွမ်းထက်သော လက်နက်တစ်ခုတိုးလာခဲ့ပြီ ဖြစ်သည်၊၊

All Chapters