← Chapters

အခန်း (၉၀၉-၉၁၀)

Vol. 56 Ch. 909-910

အခန်း (၉၀၉-၉၁၀)

Vol. 56 Ch. 909-910

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၀၉ ။ ဇာစ်မြစ်ကို သိလိုက်ရသောအခါ အလွန်တုန်လှုပ်သွားခြင်း

ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ၏လေသံ ပျော့ပြောင်းသွားသည်ကို မြင်လိုက်ရပြီး သားဖြစ်သူကို တစ်ချက်ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။

"မိန်းမ... စိတ်မဆိုးပါနဲ့။ ဒေါသထွက်ရင် ကျန်းမာရေးထိခိုက်တတ်တယ်။ ဒါဆိုရင် ကိုယ် သားနဲ့ အရင် စကားပြောကြည့်လိုက်မယ်လေ။ ယောက်ျားအချင်းချင်းဆိုတော့ ပြောရဆိုရပိုလွယ်တာပေါ့။ ဟုတ်တယ်မလား သား"

ရှောင်လဲ့ထုန် မျက်လုံးများ အရောင်တောက်လာပြီး ချက်ချင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

"ဟုတ်တယ်... ယောက်ျားအချင်းချင်းဆိုတော့ ပြောစရာတွေ ပိုများတာပေါ့"

သူ မွေးကတည်းက သူ့အဖေက သူ့အထောက်အထားကို သိထားတာဆိုတော့ နှစ်ယောက်သား ပြောရဆိုရတာ ပိုအဆင်ပြေတယ်။

"..." ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ၊ ရှင်တို့ သားအဖနှစ်ယောက် ကောင်းကောင်း ပြောကြ"

ကုန်းထျန်းဟောက်နှင့် ရှောင်လဲ့ထုန် စာကြည့်ခန်းထဲသို့ ဝင်သွားကြသောအခါ ရှောင်လင်းယွီသည် ရှောင်လင်ကို စူးစိုက်ကြည့်နေသည်။

သားဖြစ်သူက ဉာဏ်များလွန်း၍ ဘာမှမေးမရနိုင်သော်လည်း ရိုးသားသော ရှောင်လင်ဆီကမူ တစ်ခုခု ရကောင်းရနိုင်ပေလိမ့်မည်။

ရှောင်လင်းယွီသည် ရှောင်လင်ကို လက်ယပ်ခေါ်လိုက်သည်။ မျက်နှာပေါ်တွင် အပြုံးများရှိနေသည်။ သို့သော် ထိုအပြုံးသည် ရှောင်လင်အတွက်မူ ကြောက်စရာ ကောင်းနေသည်။

ရှောင်လင်းယွီသည် ရှောင်လင်၏ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြုံး၍ပြောလိုက်သည်။

"ရှောင်လင်၊ သားက ကလေးလိမ္မာလေးဆိုတာ မားမား သိပါတယ်။ ကြီးလည်း ကြီးနေပြီ၊ သိလည်း သိတတ်နေပြီ" သို့သော် ဤနေရာသို့ ရောက်သောအခါ မျက်နှာထား လေးနက်သွားပြီး ပြောလိုက်သည်။ "ဒါပေမဲ့ ကြီးလာပြီ၊ သိတတ်လာပြီဆိုပြီး မားမားကို လျှို့ဝှက်ချက်တွေထားလို့ရပြီ၊ မားမားရဲ့စကား နားမထောင်တော့ဘူး ဆိုတဲ့ သဘောလား"

ရှောင်လင် တုန်လှုပ်သွားပြီး ခေါင်းခါလိုက်သည်။

"မားမား... သား မလုပ်ပါဘူး၊ သား မလုပ်ပါဘူး"

"မလုပ်ဘူးဆိုရင် မားမားကို ပြောပြ။ သရဲ... ဪ... မျက်လှည့်ပြပြီး လူခြောက်တာ ဘယ်သူ့ အကြံလဲ။ သား အကြံလား၊ သားအစ်ကို အကြံလား" ရှောင်လင်းယွီ လေးနက်စွာ မေးလိုက်သည်။

"အဲဒါ..." ရှောင်လင် ပါးစပ်ကို အုပ်လိုက်ပြီး ခေါင်းခါကာ ရိုးသားစွာနှင့် အားနာစွာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် မားမား၊ သား အစ်ကိုကြီးကို ကတိပေးထားလို့ လျှို့ဝှက်ထားရမှာပါ"

ဒီအဖြေကိုကြားလိုက်ရတော့ ရှောင်လင်းယွီ နားမလည်စရာ ဘာရှိတော့မလဲ။

ရှောင်လင်လုပ်သမျှအရာအားလုံးက သူမသားရဲ့မြှောက်ပေးမှုတွေချည်းပဲ။

ခဏတာ ရှောင်လင်းယွီ စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။

သူမ အမှတ်မမှားဘူးဆိုရင် သူမသား ရှောင်လဲ့ထုန်က အခုမှ လေးနှစ်တောင် မပြည့်သေးဘူး မဟုတ်လား။

လေးနှစ်သား ကလေးတစ်ယောက်က ဘယ်လောက်ပဲ ဉာဏ်များပါစေ၊ ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ သူ့ဉာဏ်ရည်က လူကြီးတစ်ယောက်ရဲ့အတွေးအခေါ်ကို မမီနိုင်ပါဘူး။ ပြီးတော့ သူမသားက ငယ်ငယ်ကတည်းက တခြား ကလေးတွေနဲ့ အရမ်း ကွာခြားတယ်။

သူက အရမ်း ဉာဏ်ကောင်းတယ်၊ IQ မြင့်တယ်၊ ပြီးတော့ အရမ်း ရင့်ကျက်တယ်။

တစ်ခါတစ်ရံ ရှောင်လဲ့ထုန်က သာမန်ကလေးတစ်ယောက်လိုဖြစ်အောင် အစွမ်းကုန်ကြိုးစားသော်လည်း သဘာဝအလျောက် ထွက်ပေါ်လာသော အမူအရာများက သူ့ဟန်ဆောင်မှုကို ဖော်ပြနေတတ်သည်။

ထိုစဉ်က ရှောင်လင်းယွီ သိပ်မတွေးခဲ့ဘဲ သူမသားက တခြားကလေးတွေထက် ပိုဉာဏ်ကောင်းလို့ ဖြစ်မယ်ဟုသာ တွေးခဲ့သည်။

ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်တော့ သားက သူမ မြင်နေရသလို မဟုတ်နိုင်ဘူး။

စဉ်းစားမိသည်နှင့် ရှောင်လင်းယွီ ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့လာသည်။

ဒီသားလေးကများ...

မဟုတ်ဘူး... မဖြစ်နိုင်ပါဘူး။

ရှောင်လင်းယွီ ဆက်မတွေးရဲတော့ပေ။

......

အခြားတစ်ဖက်တွင်...

ကုန်းထျန်းဟောက်နှင့် ရှောင်လဲ့ထုန် သားအဖနှစ်ယောက်သည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ခုနစ်ပုံ၊ ရှစ်ပုံခန့် တူညီသော မျက်နှာများ၊ တူညီသော မျက်မှောင်ကြုတ်ပုံများ၊ လေးနက်တည်ကြည်သော မျက်နှာထားများကို ကြည့်လိုက်လျှင် ပုံစံတူ အကြီးတစ်ယောက် အငယ်တစ်ယောက် ဖြစ်နေသည်။

ကုန်းထျန်းဟောက်သည် သားဖြစ်သူ၏ပုံစံကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ရယ်မောကာ ပြောလိုက်သည်။

"စိတ်မလှုပ်ရှားပါနဲ့၊ ပါပါးက သားကို မစားပါဘူး"

ရှောင်လဲ့ထုန်က ချက်ချင်း ပြန်ပြောလိုက်သည်။

"သားက ပါပါးကို စားရင်သာ စားလို့ရမှာ၊ ပါပါးက သားကို စားနိုင်မတဲ့လား"

ကုန်းထျန်းဟောက် မျက်ခုံးပင့်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"ဪ... သားက အဖေကို စားမယ်ပေါ့။ ဒါ ပထမဆုံး ကြားဖူးတာပဲ။ ဒါပေမဲ့ ဒီလိုပြောပုံထောက်ရင် သားရဲ့စွမ်းရည်က သေချာပေါက် ကြီးမှာပဲ"

"ဒါပေါ့" ရှောင်လဲ့ထုန်က မောက်မာစွာ မေးငေါ့ပြီး ပြောလိုက်သည်။

သို့သော် ပြောပြီးသည်နှင့် မျက်နှာပျက်သွားသည်။ စိတ်ထဲတွင် "သွားပြီ... အလိမ်ခံလိုက်ရပြီ" ဟု တွေးလိုက်သည်။

ကုန်းထျန်းဟောက်သည် ကုလားထိုင်ဆီသို့လျှောက်သွားပြီး ထိုင်လိုက်သည်။ မျက်နှာထား လျှော့ချလိုက်ပြီး စိတ်ဝင်တစားပြုံးလျက်ပြောလိုက်သည်။

"ဪ... ကြည့်ရတာ ပါပါးက ကိုယ့်သားအကြောင်းကိုယ် ကောင်းကောင်းနားမလည်သေးဘူးနဲ့ တူတယ်။ ကိုယ့်သား ဘာစွမ်းရည်ရှိလဲဆိုတာတောင် မသိဘူး။ လာပါ သားရယ်... ပါပါးကို ပြောပြစမ်းပါ၊ သားရဲ့ကြီးမားတဲ့ စွမ်းရည်အကြောင်းကို"

ရှောင်လဲ့ထုန် သက်ပြင်းချလိုက်ပြီး အခြား ကုလားထိုင်တစ်လုံးတွင် သွားထိုင်ကာ ပြောလိုက်သည်။

"ကောင်းကင်ပေါ် ပျံတက်နိုင်တဲ့ စွမ်းရည်ဆိုရင် ကြီးတယ်လို့ သတ်မှတ်လို့ရမလား"

"ဘာ..."

ကုန်းထျန်းဟောက် ကြားလိုက်ရသောအခါ အံ့သြသွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "ကောင်းကင်ပေါ် ပျံတက်တယ် ဟုတ်လား"

သူ့သား၏စွမ်းရည်က ဤမျှ ကြီးမားလိမ့်မည်ဟု ကုန်းထျန်းဟောက် လုံးဝ ထင်မှတ်မထားခဲ့ချေ။

ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ကောင်းကင်ပေါ် ပျံတက်တာ၊ နတ်ဘုရားတွေလိုမျိုးပေါ့"

ကုန်းထျန်းဟောက် မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရှောင်လဲ့ထုန် လက်ဖြန့်ပြပြီး ပြောလိုက်သည်။

"မဖြစ်နိုင်စရာ မရှိပါဘူး။ မားမားတောင် နေရာလွတ်ပိုင်ဆိုင်ပြီး အတိတ်ကို ပြန်ရောက်လာနိုင်သေးတာပဲ၊ အတိတ်က ကံကြမ္မာကို ပြောင်းလဲနိုင်သေးတာပဲ။ သား ကောင်းကင်ပေါ် ပျံတက်နိုင်တဲ့ စွမ်းရည်ရှိတာ ဘာထူးဆန်းလို့လဲ"

"မင်းအမေ အတိတ်က ပြန်ရောက်လာတဲ့သူဆိုတာ မင်း သိတယ်ပေါ့" ကုန်းထျန်းဟောက် အံ့သြစွာ မေးလိုက်သည်။

"အင်း... မွေးကတည်းက သိတာ၊ အမြဲတမ်း သိနေတာ" ရှောင်လဲ့ထုန် ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။

ယခင်က ကုန်းထျန်းဟောက်သည် ဤသားလေးသည် ရှောင်လင်းယွီကဲ့သို့ပင် အတိတ်မှ ပြန်ရောက်လာသူဖြစ်မည်ဟု သံသယ ဝင်ခဲ့ဖူးသည်။ သူ မွေးခါစကလည်း သူ တစ်ဖက်သတ်အတည်ပြုခဲ့ဖူးသည်။

သို့သော် ယခု သားဖြစ်သူကိုယ်တိုင် အတည်ပြုလိုက်သောအခါ မယုံကြည်နိုင်ဖြစ်နေပြန်သည်။

ဒါတွေက အရမ်းဆန်းကြယ်လွန်းတယ်။

မိန်းမရော သားပါ အတိတ်က ပြန်ရောက်လာသူတွေဆိုတာ ကိုယ်တိုင်မကြုံဖူးရင် ယုံဖို့ ခက်လွန်းတယ်။

ရှောင်လဲ့ထုန်သည် တိတ်ဆိတ်နေသော ကုန်းထျန်းဟောက်ကိုကြည့်ပြီး ဆက်ပြောသည်။

"သားလည်း အတိတ်က ပြန်ရောက်လာတဲ့သူပဲ။ ဒါပေမဲ့ သားရဲ့ပြန်ရောက်လာခြင်းက မားမားရဲ့ ပြန်ရောက်လာခြင်းနဲ့ မတူဘူး"

ကုန်းထျန်းဟောက် စူးရှသော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။

ရှောင်လဲ့ထုန်က ဆက်ပြောသည်။

"တိတိကျကျ ပြောရရင် သားက ဘဝသုံးခုကို ဖြတ်သန်းခဲ့တဲ့သူပါ။ တစ်ကြိမ်က ကူးပြောင်းသွားတာ၊ တစ်ကြိမ်က အတိတ်ကို ပြန်ရောက်လာတာ"

ဤတစ်ကြိမ်တွင်မူ ကုန်းထျန်းဟောက်သည် အံ့သြလွန်း၍ ကုလားထိုင်မှ မတ်တတ်ရပ်လိုက်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဘဝသုံးခု...

ဒါကြောင့် အခု သားက သူ့မိန်းမ အရင်ဘဝက အကြွေးတင်ခဲ့တဲ့ ငါးနှစ်အရွယ် သားလေး မဟုတ်တော့ဘူးပေါ့။

ရှောင်လဲ့ထုန်သည် ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။

"ဒီကိစ္စကို ဟိုးအရင် ဘဝကနေ စပြောရမယ်"

ထို့နောက် ရှောင်လဲ့ထုန်သည် ဟိုးအရင်ဘဝက ဝမ်းနည်းဖွယ်သေဆုံးခဲ့ရပုံမှ စတင်ပြီး ကူးပြောင်းသွားပုံ၊ ထိုမှတစ်ဆင့် အတိတ်ကိုပြန်ရောက်လာပုံစသည့် လုပ်ငန်းစဉ်များကို ပြောပြလိုက်သည်။

ကုန်းထျန်းဟောက်သည် အစပိုင်းတွင် အံ့သြတုန်လှုပ်ခဲ့သော်လည်း ရှောင်လဲ့ထုန် ပြောပြသည်များကို နားထောင်ရင်း ထုံထိုင်းသွားခဲ့သည်။

ရှောင်လဲ့ထုန်၏စကားကို နားထောင်ပြီးနောက် ကုန်းထျန်းဟောက်က သေချာအောင်ထပ်မေးလိုက်သည်။

"ဆိုလိုတာက မင်းက နတ်ဘုရားဖြစ်ခါနီးမှာ ကိုယ့်ရဲ့ စိတ်နတ်ဆိုးကို မကျော်ဖြတ်နိုင်ခဲ့ဘူး။ ဒါကြောင့် စိတ်နတ်ဆိုးကို ဖြေရှင်းဖို့အတွက် မင်းရဲ့ဂိုဏ်းက ဂိုဏ်းတစ်ခုလုံးရဲ့အင်အားကိုသုံးပြီး အချိန်ကို ချိုးဖောက်ပြီး မင်းကို ဒီပြန်ပို့လိုက်တာပေါ့"

ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

ဤနေရာသို့ ရောက်သောအခါ သူ့အကြည့်များ ဝေးလွင့်သွားပြီး လွမ်းဆွတ်သောအသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ဆရာ၊ ဆရာဘိုးဘိုး နဲ့ ထျန်းရှန်ဂိုဏ်းတစ်ခုလုံးက သား စိတ်နတ်ဆိုးကို ဖြေရှင်းပြီး ပြန်လာမှာကို စောင့်နေကြတယ်၊ နတ်ဘုရားဖြစ်ဖို့လေ"

နတ်ဘုရားဖြစ်ခါနီးပြီဖြစ်၍ သံယောဇဉ်များကို ဖြတ်တောက်ရမည်ဖြစ်သော်လည်း ရှောင်လဲ့ထုန် ကြီးပြင်းလာစဉ် ကာလတစ်လျှောက် လူအများအပြားက သူ့ကို ချစ်ခင်ကြင်နာမှုများပေးခဲ့ကြသည်။

ထိုလူများသည် သူ့ကို ကာကွယ်ပေးခဲ့ကြသည်၊ ချစ်ခင်ခဲ့ကြသည်၊ အထိအခိုက်မခံခဲ့ကြပေ။ သူ့အတွက် အသက်ကိုပင် စွန့်လွှတ်ရဲကြသည်။

သိထားရမည်မှာ ကျင့်ကြံသူများသည် အသက်ကို အလွန်တန်ဖိုးထားကြသူများပင်။

ထို့ကြောင့် ရှောင်လဲ့ထုန်သည် သူ့ကို နွေးထွေးမှုပေးခဲ့သော၊ ချစ်ခင်ခဲ့သော သူတစ်ယောက်ချင်းစီကို မမေ့နိုင်ပေ။

ကံကောင်းသည်မှာ သူသည် စိတ်သဘောထားပွင့်လင်းပြီး ပါရမီထူးချွန်သဖြင့် ကျင့်ကြံရာတွင် အခက်အခဲ မရှိခဲ့ပေ။

နတ်ဘုရားဖြစ်ခါနီး ကံဆိုးမိုးမှောင်ကျချိန် အထိပင်။

ကုန်းထျန်းဟောက်သည် သူ တိုးတိုးလေးပြောလိုက်သောစကားကို ကြားလိုက်ရသဖြင့် ရင်ထဲ နာကျင်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။

"ရှောင်ထုန်... သားက ထွက်သွားတော့မလို့လား"

ရှောင်ထုန်သာ ဒီအတိုင်းထွက်သွားရင် သူ့ဇနီး ဘယ်လောက် ဝမ်းနည်းမလဲ မသိဘူး။

အစကတည်းက သူမ ရှောင်လဲ့ထုန်အပေါ် အကြွေးတင်နေသည်ဟုခံစားနေရရာ ဒီအတိုင်းထွက်သွားရင် ပိုပြီး ဝမ်းနည်းနောင်တရနေမှာ မဟုတ်ဘူးလား။

ရှောင်လဲ့ထုန် ခေါင်းခါလိုက်သည်။

"မသွားပါဘူး... သား အခု ဒီအတိုင်း မထွက်သွားပါဘူး"

အနည်းဆုံးတော့ မိဘနှစ်ပါး ကွယ်လွန်ပြီးမှ ထွက်သွားမည်ဖြစ်သည်။

သူတို့ ကျင့်ကြံသူများအတွက် နှစ်ပေါင်း တစ်ရာ၊ တစ်ထောင် ဆိုသည်မှာ ခဏလေးသာ ဖြစ်သည်။

ရှောင်လဲ့ထုန်၏အဖြေကို ကြားရသောအခါ ကုန်းထျန်းဟောက် စိတ်အေးသွားပြီး ပြောလိုက်သည်။

"သားသာ ဒီအတိုင်း ထွက်သွားရင် သားမားမား ဘယ်လောက်ဝမ်းနည်းမလဲ မသိဘူး"

ဤနေရာသို့ ရောက်သောအခါ ကုန်းထျန်းဟောက် ခနရပ်လိုက်ပြီး တိုးတိုးလေးနှင့် သတိထား မေးလိုက်သည်။

"ရှောင်ထုန်၊ အဲဒီဘဝတုန်းက အဖြစ်အပျက်တွေအတွက် ပါပါးနဲ့ မာမားကို မုန်းခဲ့ဖူးလား"

ထိုဘဝတုန်းက ထုန်ထုန်ရဲ့ကလေးဘဝက အရမ်းဆိုးရွားခဲ့တယ်။ အဲဒီ ဆိုးရွားမှုတွေထဲမှာ အမေဖြစ်တဲ့ ရှောင်လင်းယွီရဲ့တာဝန်ရှိသလို အဖေဖြစ်တဲ့ သူ့တာဝန်လည်းရှိတယ်။

သို့သော် ကိစ္စရပ်များဖြစ်ပျက်ပြီးခဲ့ပြီဖြစ်ရာ သူ အတိတ်ကို ပြန်ပြင်ချင်လျှင်လည်း ပြင်၍မရနိုင်တော့ပေ။

ထို့ကြောင့် သားလေးအပေါ် ကုန်းထျန်းဟောက်လည်း အပြစ်ရှိသလို ခံစားရသည်။

ရှောင်လဲ့ထုန် ခေါင်းခါလိုက်သည်။

"မမုန်းပါဘူး။ သား မားမားကို တစ်ခါမှ မမုန်းခဲ့ဖူးဘူး၊ ပါပါးကိုလည်း မမုန်းခဲ့ဖူးပါဘူး။ သား ဘယ်သူ့ကိုမှ မမုန်းခဲ့ပါဘူး"

ကုန်းထျန်းဟောက် သူ့ရှေ့သို့လျှောက်သွားကာ ခါးကိုင်းပြီး ပွေ့ဖက်လိုက်သည်။ မျက်လုံးများနီရဲလာပြီး မျက်နှာတွင် အပြစ်ရှိစိတ်များ ပြည့်နှက်နေသည်။ ငိုသံပါသောအသံဖြင့် ပြောလိုက်သည်။

"ရှောင်ထုန်၊ တောင်းပန်ပါတယ်ကွာ၊ တောင်းပန်ပါတယ်။ ပါပါး သားကို တောင်းပန်ပါတယ်။ သားရဲ့ အဲဒီဘဝတုန်းက ပါပါးသာ သားကို စောစောစီးစီး ရှာတွေ့ခဲ့ရင် သား ဒီလောက် ဝမ်းနည်းစရာတွေ ကြုံရမှာ မဟုတ်ဘူး။ ပြီးတော့ ဒီလောက် ငယ်ငယ်လေးနဲ့..." သေဆုံးသွားရမှာ မဟုတ်ဘူး။

နောက်ဆုံးစကားကို ကုန်းထျန်းဟောက် ထုတ်မပြောရက်ပေ။

ရှောင်လင်းယွီ၏ ယခင်ဘဝတုန်းက ရှောင်လဲ့ထုန် သေဆုံးခဲ့ရမှုသည် ရှောင်လင်းယွီ တစ်ယောက်တည်း အပြစ်ရှိသည် မဟုတ်၊ ကုန်းထျန်းဟောက်လည်း အပြစ်ရှိသည်။

ရှောင်လင်းယွီပြောပြသော ယခင်ဘဝက ဝမ်းနည်းစရာ အဖြစ်အပျက်များနှင့် သားလေး ရှောင်လဲ့ထုန်၏ ဝမ်းနည်းဖွယ် ကလေးဘဝအကြောင်းကို ကြားသိရစဉ်က သူ အလွန်ရင်နာခဲ့ရပြီး ပို၍ အပြစ်ရှိသလို ခံစားခဲ့ရသည်။

သို့သော် ယခင်ဘဝက သူသည် သူတို့၏ဘဝထဲသို့ လုံးဝဝင်ရောက်ခဲ့ခြင်း မရှိသဖြင့် ဝမ်းနည်းစရာ အဖြစ်အပျက်များကို ကယ်တင်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဤဘဝတွင် သူတို့ကို ကောင်းစွာ ကာကွယ်ပေးမည်၊ နည်းနည်းလေးတောင် ထိခိုက်နစ်နာအောင် မလုပ်တော့ဘူးဟု ဆုံးဖြတ်ထားခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ ဇနီးသည် ဖြစ်စေ၊ သားဖြစ်စေ သူ့ကာကွယ်မှုကို မလိုအပ်ကြောင်း တွေ့ရှိလိုက်ရသည်။

ဇနီးသည်တွင် အထူးစွမ်းရည်ပါဝင်သော နေရာလွတ်ရှိပြီး အံ့ဖွယ်ကိစ္စများကို ဖန်တီးနိုင်သည်။

သားဖြစ်သူက ပို၍ပင် အံ့သြစရာကောင်းသည်။ ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးဖြစ်နေသည်။

ဆန့်ကျင်ဘက်အနေဖြင့် သူက အားအနည်းဆုံးသူဖြစ်နေသည်။

ကုန်းထျန်းဟောက်၏ရင်ထဲမှခံစားချက်ကို ဖော်ပြရန် ခက်ခဲလှသည်။

သို့သော် သူ ဝမ်းသာမိသည်က ပိုများသည်။

နောက်ဆိုရင် ဘယ်သူမှ သူတို့ကို ဒုက္ခပေးနိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်က အရမ်းအစွမ်းထက်နေလို့လေ။

ရှောင်လဲ့ထုန်သည် သေးငယ်သော လက်နှစ်ဖက်ဖြင့် ကုန်းထျန်းဟောက်ကို ပြန်လည်ပွေ့ဖက်လိုက်ပြီး ရင့်ကျက်သော လေသံဖြင့် ပြောလိုက်သည်။

"ပါပါး အပြစ်ရှိသလို မခံစားပါနဲ့၊ သား အပြစ်မတင်ပါဘူး။ အခု သား ပြန်ရောက်လာပြီပဲလေ။ နောက်ဆိုရင် သားတို့ မိသားစု လေးယောက် ပျော်ပျော်ရွှင်ရွှင် အတူတူနေကြမယ်။ စိတ်ချပါ... ပါပါးတို့ ဆုံးပါးတဲ့အထိ သား ပါပါးတို့ကို ထားခဲ့မှာ မဟုတ်ပါဘူး"

ဟိုးအရင်ဘဝအတွက် ရှောင်လဲ့ထုန်တွင် နောင်တရစရာများရှိခဲ့သည်။

သို့သော် ထိုနောင်တရစရာများသည် အတိတ်သို့ပြန်ရောက်လာပြီး အစားထိုးကုစားမှုခံလိုက်ရသောအခါ ပျောက်ကွယ်သွားပြီဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် သူ ကံကောင်းသည်ဟု ခံစားမိသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ မိသားစု သုံးယောက်သည် ဤဘဝတွင် ပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့သောကြောင့် ဖြစ်သည်။

သူ့ကို ပိုအံ့သြစေသည်မှာ ဤဘဝတွင် သူ မမွေးဖွားခင်ကပင် အဖေ ပေါ်လာခြင်းဖြစ်သည်။

ကုန်းထျန်းဟောက်သည် ရှောင်လဲ့ထုန်ကို ခဏကြာအောင် ဖက်ထားပြီးနောက် မေးလိုက်သည်။

"ရှောင်ထုန်၊ သားအမေကို အမြဲဖုံးကွယ်ထားဖို့ စဉ်းစားထားတာလား"

ရှောင်လဲ့ထုန်သည် လေးနှစ်၊ ငါးနှစ် ဖြစ်စေ၊ နှစ်ထောင် ဖြစ်စေ သူသည် ရှောင်လင်းယွီ၏ သားပင် ဖြစ်သည်။

ဤအကြောင်း ပြောလိုက်သောအခါ ရှောင်လဲ့ထုန် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

သူ ကုန်းထျန်းဟောက်ကိုကြည့်ပြီး လေးနက်စွာ မေးလိုက်သည်။

"ပါပါး၊ သား မားမားကို ပြောပြသင့်တယ်လို့ ထင်လား"

ဤနေရာသို့ ရောက်သောအခါ သူ စိတ်ပူစွာ ပြောလိုက်သည်။

"မားမားကို ပြောပြလိုက်ရင် အစကတည်းက ဖုံးကွယ်ထားလို့ဆိုပြီး သားကို အပြစ်တင်မလား"

ရင့်ကျက်သော အမူအရာမှ ကလေးတစ်ယောက်လိုဖြစ်သွားသော ပုံစံကိုကြည့်ပြီး ကုန်းထျန်းဟောက် ခေါင်းလေးကိုပွတ်သပ်ကာ ရယ်မောရင်းပြောလိုက်သည်။

"ရှောင်ထုန်... နားထောင်။ သားရဲ့မားမားက သားကို ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ဘူး။ မကြောက်နဲ့။ သား မားမားကို ပြောပြဖို့ ရွေးချယ်ရင် ပါပါး ထောက်ခံမယ်။ ဖုံးကွယ်ထားဖို့ ရွေးချယ်ရင်လည်း ပါပါး ကူညီပေးမယ်။ ဒါပေမဲ့ သားမားမားကို ဘာမှ မဖုံးကွယ်စေချင်ဘူး"

ရှောင်လဲ့ထုန် ကြားလိုက်ရသောအခါ တိတ်ဆိတ်သွားပြီး နက်နက်နဲနဲ စဉ်းစားနေသည်။

ကုန်းထျန်းဟောက်သည် ဘေးနားတွင် တိတ်တဆိတ်နေပြီး သူ့ကို ကြည့်နေသည်။

ယခုအချိန်ထိ သူ့ရင်ထဲတွင် တုန်လှုပ်နေဆဲပင်။ သူ့သားလေးသည် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး နှစ်ပေါင်း နှစ်ထောင်ကျော် အသက်ရှင်ခဲ့သည်ဆိုခြင်းကို မယုံကြည်နိုင်ဖြစ်နေသည်။

နှစ်ပေါင်း နှစ်ထောင်... သာမန်လူတစ်ယောက်အတွက် ဘယ်လောက် အံ့သြစရာကောင်းပြီး ဘယ်လောက်ရှည်လျားတဲ့ အချိန်ကာလကြီးလဲ။

ဒီခေတ်ကာလ ဟွာရှသမိုင်းမှာ နှစ်ပေါင်း နှစ်ထောင်အတွင်း မင်းဆက် ဘယ်နှဆက် ပြောင်းလဲခဲ့ပြီလဲ၊ သမိုင်းမြစ်ရေစီးကြောင်းထဲမှာ ပျောက်ကွယ်သွားတဲ့ ဇာတ်လမ်းတွေ၊ ခေတ်ကာလတွေ ဘယ်လောက်များနေပြီလဲ။

သို့သော် ထုန်ထုန် နှစ်ပေါင်း ဘယ်လောက်ပဲ အသက်ရှင်ခဲ့ရှင်ခဲ့ သူက ကုန်းထျန်းဟောက်ရဲ့ သားပဲ။

သူ့ကို ကလေးတစ်ယောက်လိုပဲ ဆက်ချစ်နေမှာ။ ဪ... မဟုတ်သေးဘူး၊ သူက အခု တကယ်ပဲ ကလေးတစ်ယောက်လေ၊ အသက် လေးနှစ်တောင် မပြည့်သေးတဲ့ ကလေးလေး။

တကယ်တော့ ကုန်းထျန်းဟောက် စိတ်ထဲမှာ ရှုပ်ထွေးနေတယ်။

ရှောင်လဲ့ထုန်ရဲ့အဖြစ်အပျက်ကိုသိလိုက်ရင် ရှောင်လင်းယွီ ဘယ်လောက် တုန်လှုပ်သွားမလဲ သူ မသိဘူး။

သူမက အကြွေးတင်ခဲ့တဲ့ သားလေးကို ပြန်ပေးဆပ်ချင်နေတာ၊ တကယ်တမ်း ပြန်ရောက်လာတော့ သားလေးက အရင်သားလေး ဟုတ်သလိုလိုနဲ့ မဟုတ်တော့သလို ဖြစ်နေတယ်။

ဘာလို့လဲဆိုတော့ ဒီသားလေးက ကြီးပြင်းနေပြီလေ။

ပြီးတော့ ဒီသားလေးက သူတို့ကို တိတ်တဆိတ် ကူညီပေးနေတာတွေ အများကြီးပဲ။ အရင်တုန်းက ရှောင်လင် လုပ်တယ်လို့ ထင်ခဲ့တာတွေ အကုန်လုံးက တကယ်တော့ သားလေး လုပ်ခဲ့တာတွေပဲ။

အချိန် မည်မျှကြာသွားသည် မသိ၊ ရှောင်လဲ့ထုန် ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်သည်။

သူ ကုန်းထျန်းဟောက် ရှေ့သို့ လျှောက်သွားပြီး လေးနက်စွာ ပြောလိုက်သည်။

"ပါပါး... သား ဆုံးဖြတ်လိုက်ပြီ"

ကုန်းထျန်းဟောက် မျက်ခုံးပင့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အင်း... သား ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ပါပါး ထောက်ခံတယ်။ သား မားမားကို ဆက်ပြီး ဖုံးကွယ်ထားချင်တယ်ဆိုရင်လည်း သားမှာ ဖုံးကွယ်ထားရတဲ့ အကြောင်းရင်းရှိမယ်လို့ ပါပါး ယုံတယ်"

ရှောင်လင်းယွီကို ဆက်ပြီး ဖုံးကွယ်ထားလိုက်ရင် ထုန်ထုန်က အရင် ထုန်ထုန်ပဲလို့ သူမ ဆက်ထင်နေမှာ။

သို့သော် ရှောင်လဲ့ထုန် ခေါင်းခါလိုက်သည်။

"ပါပါး၊ သား မားမားကို ဆက်မဖုံးကွယ်ထားချင်တော့ဘူး"

ထို့နောက် သူက ရှင်းပြသည်။

"သား အခု ကြီးပြင်းနေပါပြီ၊ ကိစ္စအများကြီးကို မားမား စိတ်ပူအောင် မလုပ်သင့်တော့ဘူး။ တချို့ကိစ္စတွေက ရှင်းပြသင့်ရင် ရှင်းပြရမယ်"

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... မဖုံးကွယ်နဲ့တော့"

ထို့နောက် သားအဖနှစ်ယောက် လက်ချင်းချိတ်ပြီး ထွက်လာကြသည်။

အမေဖြစ်သူ(ဇနီးသည်)က တည်ငြိမ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသောအခါ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ကုန်းထျန်းဟောက်က ရှောင်လဲ့ထုန် လက်ကို လွှတ်ပေးလိုက်ပြီး ရှောင်လင်းယွီဘေးသို့ သွားထိုင်လိုက်သည်။

ရှောင်လဲ့ထုန်လည်း ရှောင်လင်းယွီ ရှေ့တွင် သွားရပ်လိုက်သည်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၁၀ ။ ရှောင်လင်းယွီ၏တုန်လှုပ်ခြင်းနှင့် နောက်ကျမှရရှိသော တောင်းပန်စကား

ရှောင်လင်းယွီသည် သားအဖနှစ်ယောက်ထွက်လာသည်ကို တွေ့လိုက်ရပြီး သူတို့၏အမူအရာ လေးနက်နေသည်ကို မြင်လိုက်ရသဖြင့် ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"ရှင်တို့ သားအဖနှစ်ယောက် စကားပြောပြီးသွားပြီလား"

ကုန်းထျန်းဟောက်နှင့် ရှောင်လဲ့ထုန်သည် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

"အင်း... ပြီးသွားပြီ"

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။

"ရှင်တို့ သားအဖနှစ်ယောက်က တော်တော် စိတ်တူကိုယ်တူဖြစ်နေပါလား"

ထို့နောက် သူမ အမူအရာ ချက်ချင်းပြောင်းလဲသွားပြီး လေးနက်စွာပြောလိုက်သည်။

"ဆွေးနွေးပြီးသွားပြီဆိုတော့ ရလဒ်ကို ကျွန်မဆီ တင်ပြသင့်တယ် မဟုတ်လား" ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "ဘာပဲပြောပြော မိခင်တစ်ယောက်အနေနဲ့၊ ဇနီးသည်တစ်ယောက်အနေနဲ့ ကိုယ့်အရင်းနှီးဆုံး လူတွေက ကိုယ့်ကို ဖုံးကွယ်ထားကြတယ်ဆိုတော့ ရင်ထဲမှာ မကောင်းဘူးလေ"

သူမ၏စကားလုံးများသည် အနည်းငယ် လေးနက်လွန်းသဖြင့် အကြီးတစ်ယောက်၊ အငယ်တစ်ယောက် ယောက်ျားနှစ်ဦး၏မျက်နှာများ ပြောင်းလဲသွားပြီး မနေနိုင်ဘဲ ခေါ်လိုက်ကြသည်။

"မိန်းမ (မားမား)..."

ထို့နောက် သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး လေးနက်သော မျက်နှာထားဖြင့် ရှောင်လင်းယွီကို ရိုးသားစွာ တောင်းပန်လိုက်ကြသည်။

"မိန်းမ (မားမား)... တောင်းပန်ပါတယ်"

ရှောင်လင်းယွီ လက်ကာပြပြီး ပြောလိုက်သည်။

"ကျွန်မကို တောင်းပန်စရာ မလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိကြတာပဲလေ။ ကျွန်မ အပြစ်မတင်ပါဘူး"

"မဟုတ်ဘူး... ကိုယ်/သားတို့ မှားပါတယ်" သားအဖနှစ်ယောက် တညီတညွတ်တည်း ထပ်မံ ဝန်ခံလိုက်ကြသည်။

သားအဖနှစ်ယောက် ထပ်မံကြည့်လိုက်ကြပြီးနောက် ကုန်းထျန်းဟောက်က မိမိကိုယ်ကို ကာကွယ် ပြောကြားလိုက်သည်။

"မိန်းမ... ကိုယ် အပြစ်မရှိပါဘူး။ ကိုယ် တကယ်ပဲ မင်းကို ဖုံးကွယ်ထားတာ မရှိပါဘူး။ သားက ကိုယ်နဲ့ ရင်ဖွင့်စကား ပြောချင်တယ်။ ပြီးတော့ တချို့ကိစ္စတွေကို လျှို့ဝှက်ထားပေးဖို့ တောင်းဆိုတယ်ဆိုတော့ ကိုယ်က သဘောတူရမှာပေါ့။ ကိုယ်က ကတိမတည်တဲ့ အဖေတစ်ယောက် မဖြစ်ချင်ဘူးလေ"

ရှောင်လဲ့ထုန် "..."

ဒီသစ္စာဖောက် အဖိုးကြီး၊ အစတုန်းကတော့ ငါ့ဘက်က ရပ်တည်ပေးမယ်ဆိုပြီး ကတိပေးထားပြီး အခုကျတော့ သူ့မိန်းမနဲ့ တွေ့တာနဲ့ သိက္ခာတရားတွေ ပျောက်ကုန်ပြီ။

ရှောင်လဲ့ထုန် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ပါတယ်... သားက ပါပါးကို လျှို့ဝှက်ထားပေးဖို့ ပြောခဲ့တာပါ။ မားမား ပါပါးကို အပြစ်မတင်ပါနဲ့"

အဖေက သစ္စာမရှိပေမဲ့ သားဖြစ်တဲ့သူကတော့ သစ္စာမရှိလို့ မဖြစ်ဘူးလေ။

ရှောင်လင်းယွီ မျက်ခုံးပင့်လိုက်ပြီး ရယ်ချင်စိတ်ကို ထိန်းကာ တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။

"ဪ... ဒီလိုကိုး။ ရှောင်ထုန်... ဒါဆို မားမားကို ပြောပြ၊ မင်း မားမားကို ဘာလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲ"

ရှောင်လင်သည် ရှောင်လင်းယွီ၏မေးခွန်းကိုကြားသောအခါ အပြစ်ရှိစိတ်ဖြင့် ရှောင်လဲ့ထုန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဘေးတွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။

ရှောင်လဲ့ထုန်သည် ရှောင်လင်၏အမူအရာကို သတိထားမိသဖြင့် မျက်လုံးများ အရောင်တောက်လာပြီး ရိုးသားစွာ ဝန်ခံလိုက်သည်။

"တောင်းပန်ပါတယ် မားမား... သား မားမားကို လိမ်ပြီး ဖုံးကွယ်ထားခဲ့မိပါတယ်"

ရှောင်လဲ့ထုန်၏စကားကို ကြားသောအခါ ရှောင်လင်းယွီ ရင်ထဲထိတ်လန့်သွားပြီး ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသော်လည်း အပေါ်ယံတွင် တည်ငြိမ်ဟန်ဆောင်နေသည်။

သူမ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ရှောင်ထုန်... မင်းမှာ ဘာကိစ္စပဲရှိရှိ မင်းလိပ်ပြာသန့်သရွေ့ မားမားက မင်းမှာ အကြောင်းပြချက် ရှိမယ်လို့ ယုံကြည်တယ်။ မင်းက သုံးလေးနှစ်ပဲရှိသေးပေမဲ့ ငယ်ငယ်ကတည်းက ထူးခြားတဲ့ ဉာဏ်ရည်နဲ့ ရင့်ကျက်မှုကို ပြသခဲ့တယ်။ မင်းကို အရမ်းဉာဏ်ကောင်းပြီး လိမ္မာတဲ့ကလေးတစ်ယောက်လို့ပဲ သတ်မှတ်ထားလိုက်မယ်။ မင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိတာကို မားမား မထူးဆန်းပါဘူး။ ဒါပေမဲ့..."

စကားလမ်းကြောင်း လွှဲလိုက်ပြီး ရှောင်လင်းယွီ၏မျက်နှာထား လေးနက်သွားကာ ဆက်ပြောသည်။

"တစ်ခါတလေ မင်း လုပ်တဲ့ကိစ္စတွေကို မားမား နားမလည်နိုင်ဘူး။ ဥပမာ - သရဲခြောက်သလို လုပ်ပြီး လူခြောက်တာမျိုးပေါ့။ ဒါက ဝိညာဉ်စွမ်းအား သုံးရမယ်၊ ရှောင်လင်ကို ပြန်ကန်မှု ခံစားရစေနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ဘာလို့ သူ့ကို ခိုင်းရတာလဲ"

ရှောင်လင် ပါးစပ်ဟပြီး ပြောရန်ပြင်လိုက်သော်လည်း ရှောင်လင်းယွီ၏ စူးရှသော အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ ပြန်ငြိမ်သွားသည်။

ရှောင်လဲ့ထုန် သက်ပြင်းချလိုက်ပြီး အမှန်အတိုင်း ပြောပြလိုက်သည်။

"မားမား... တကယ်တော့ သား ရှောင်လင်ကို မခိုင်းခဲ့ပါဘူး။ အကုန်လုံး သား လုပ်ခဲ့တာပါ၊ သူက သားရဲ့ဓားစာခံ သက်သက်ပါပဲ"

ရိုးသားစွာဝန်ခံရန် ဆုံးဖြတ်ပြီးပြီဖြစ်ရာ မားမားကို ဖုံးကွယ်ထားမည် မဟုတ်ဘဲ ပြောပြသင့်သည်များကို ပြောပြရပေမည်။

ရှောင်လင်းယွီ စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော်လည်း ရှောင်လဲ့ထုန်၏စကားကို ကြားသောအခါ အလွန်တုန်လှုပ်သွားသည်။

ရှောင်လင်းယွီ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီ... မားမား နားထောင်နေတယ်၊ ဆက်ပြော"

ရှောင်လဲ့ထုန်သည် လေးနက်သော မျက်လုံးများဖြင့် ရှောင်လင်းယွီကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

"မားမား... သား ပြောမယ်နော်... သား မွေးကတည်းက အရာအားလုံးကို မှတ်မိနေတယ်ဆိုရင် ယုံမလား"

ရှောင်လင်းယွီ ကြားလိုက်ရသောအခါ ကြောက်ရွံ့ထိတ်လန့်မှုများ ပိုမို ကြီးထွားလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"ရှောင်ထုန်... မင်း... မင်းက..."

အတိတ်က ပြန်လာတာလား။

ဒါကြောင့် သူမသားက သူမနဲ့အတူ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ပြီး ပြန်ရောက်လာတာလား။

ဒါပေမဲ့ မဟုတ်သေးပါဘူး။

ရှောင်လင်းယွီ ချက်ချင်း သတိဝင်လာသည်။

အကယ်၍ ရှောင်ထုန်က သူမနှင့်အတူ ပြန်ရောက်လာခြင်းဆိုပါက သူ့စွမ်းရည်က ဘယ်က ရလာတာလဲ။ ယခင်က သူ ပြောသည်မှာ သူ့စွမ်းရည်က ရှောင်လင်ထက် ပိုကြီးမားသည်ဟု ဆိုသည်။

သူမ အတိတ်က ပြန်ရောက်လာနိုင်ခြင်းမှာ ရှောင်လင်၏ဝိညာဉ်စွမ်းအားဖြင့် အချိန်ကို ပြောင်းပြန်လှန်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

ယခင်က ရှောင်လင်သည် ရှောင်ထုန်ပါ အတူတူ ပြန်ပါလာသည်ဟု သူမကို ပြောပြခြင်း မရှိခဲ့ပေ။

ရှောင်လင်သည် ရိုးသားပြီး သူမကို မည်သည့်အရာမျှ ဖုံးကွယ်လေ့ မရှိပေ။ အကယ်၍ ထိုကိစ္စ အမှန်တကယ်ရှိခဲ့ပါက ရှောင်လင်က သူမကို အစောကြီးကတည်းကပြောပြပြီး ဖြစ်ပေလိမ့်မည်။

ဒါဆို သားဖြစ်သူ ရှောင်လဲ့ထုန် အတိတ်က ပြန်ရောက်လာခြင်းသည် ရှောင်လင်နှင့် မသက်ဆိုင်ဘူးပေါ့။

"မားမား... မားမားက အတိတ်က ပြန်ရောက်လာတဲ့သူပါ။ မားမား ပြန်ရောက်လာတာက နေရာလွတ်ကျောက်စိမ်းကို မတော်တဆရပြီး ကံကောင်းထောက်မစွာနဲ့ နေရာလွတ်ဝိညာဉ်က အချိန်ကို ပြောင်းပြန်လှန်ပေးလိုက်လို့ အခွင့်အရေးရလိုက်တာပါ။ သား ပြန်ရောက်လာတာကတော့... လူအများကြီးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရလဒ်ပါ"

ရှောင်လင်းယွီ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ရှောင်ထုန်... မင်းစကားက ဘာသဘောလဲ။ လူအများကြီးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရလဒ်ဆိုတာ ဘာကိုပြောတာလဲ"

သူမ မေးသောအခါ လက်နှစ်ဖက်က ရှောင်လဲ့ထုန်၏ပခုံးလေးကို ကိုင်ထားပြီး လှုပ်ရှားမှု ပြင်းထန်သောကြောင့် ရှောင်လဲ့ထုန် နာကျင်သွားကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း အသံမထွက်ပေ။

ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ၏ပခုံးကိုပုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ယွီအာ... စိတ်မလှုပ်ရှားပါနဲ့။ မင်း သားလေးကို နာအောင် လုပ်မိနေပြီ"

ရှောင်လင်းယွီ ကြားလိုက်ရသောအခါ လက်ကို ချက်ချင်း လွှတ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"သားလေး... ဘယ်လိုနေလဲ၊ မားမား နာအောင် လုပ်မိသွားလား" ပြောရင်းနှင့် သူမ ရှောင်လဲ့ထုန်၏အင်္ကျီကို လှန်ကြည့်ရန် ပြင်လိုက်သည်။ "မားမား ကိုယ့်အားကိုယ် မဆင်ခြင်မိလို့ပါ"

ရှောင်လဲ့ထုန် ခေါင်းခါလိုက်သည်။

"မားမား... သား မနာပါဘူး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့"

ကုန်းထျန်းဟောက်က "ယွီအာ... စိတ်မလှုပ်ရှားပါနဲ့၊ ကိုယ်တို့ သေချာထိုင်ပြီး သားပြောတာကို အေးဆေး နားထောင်ကြရအောင်၊ ဟုတ်ပြီလား"

ရှောင်လင်းယွီ စိတ်ငြိမ်သွားပြီး ခေါင်းညိတ်လိုက်သည်။

"အင်း... ကောင်းပြီ၊ ကျွန်မတို့ အေးဆေး နားထောင်ကြမယ်။ သား... မင်း ဘာပဲပြောပြော မားမား ယုံတယ်"

သားဖြစ်သူ ပြောပြလာမည့် အတွေ့အကြုံများသည် အလွန်တုန်လှုပ်စရာ ကောင်းလိမ့်မည်ဟု ရှောင်လင်းယွီ ကြိုတင်ခံစားနေရသည်။

ယခင်က သူမသည် ရှောင်လင်ဆီမှ အမှန်တရားကို မသိရသေးသော်လည်း စကားရိပ်စကားကဲ အနည်းငယ် ကြားခဲ့ရသည်။

ဥပမာ - ရှောင်လင်က အစ်ကိုကြီးရဲ့စွမ်းရည်က အရမ်းကြီးတယ်။ သူ့လို နေရာလွတ်ဝိညာဉ် သေးသေးလေးက ယှဉ်လို့ မရဘူးတဲ့။

ရှောင်လင်းယွီအတွက်မူ ရှောင်လင် ပေါ်လာခြင်းသည်ပင် သူမကို အလွန် အံ့သြစေခဲ့ပြီး အံ့ဖွယ် စွမ်းရည်များရှိနေသည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် ထိုစွမ်းရည်များသည် သူမ၏ လေးနှစ်သား သားလေးနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်ဘူးဆိုတော့ သူမ အံ့သြမသွားဘဲ နေပါ့မလား။

ယခုတွင် သားဖြစ်သူ၏ပါးစပ်မှ ကိုယ်တိုင်ကြားရတော့မည်ဖြစ်ရာ ရင်ထဲတွင် စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှုနှင့် တုန်လှုပ်မှုများကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

ရှောင်လဲ့ထုန် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"မားမား... မားမားက အတိတ်က ပြန်ရောက်လာတဲ့သူဆိုပေမဲ့ မားမား ပြန်ရောက်လာတာက ရှောင်လင်ရဲ့ဝိညာဉ်စွမ်းအားကြောင့် အချိန်ပြောင်းပြန်လှန်သွားလို့ပါ။ ဒါပေမဲ့ သား ပြန်ရောက်လာတာကတော့ မတူဘူး။ သားရဲ့ ဒီတစ်ကြိမ် ပြန်ရောက်လာတာက တတိယဘဝပဲ"

တတိယဘဝ...

ရှောင်လင်းယွီ၏မျက်လုံးအိမ်များ ထပ်မံကျဉ်းမြောင်းသွားပြီး မျက်လုံးထဲတွင် အံ့သြမှုနှင့် သံသယများ ပေါ်လာသည်။

ရှောင်ထုန် စကားက ဘာသဘောလဲ။

ရှောင်လဲ့ထုန် ရှင်းပြလိုက်သည်။

"မားမား... တကယ်တော့ မားမားရဲ့ အရင်ဘဝက သားရဲ့ ဟိုးအရင်ဘဝ ဖြစ်နေပါပြီ"

ရှောင်လင်းယွီ "..." တကယ်ကို တုန်လှုပ်စရာ ကောင်းလိုက်တာ။

သားဖြစ်သူက သူမကဲ့သို့ပင် အတိတ်က ပြန်ရောက်လာသူဖြစ်မည်ဟု ခန့်မှန်းထားသော်လည်း သူမ၏ အရင်ဘဝသည် သူ့အတွက် ဟိုးအရင်ဘဝဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်ရတာလဲ။ ပြီးတော့ သားက ဘာတွေဖြတ်သန်းခဲ့ရတာလဲ။

အရင်တုန်းက သူမ ခန့်မှန်းခဲ့ဖူးသည်မှာ စိတ်ဝိညာဉ်စမ်းရေ၏ အကျိုးသက်ရောက်မှုကြောင့် ဤဘဝတွင် သားဖြစ်သူ ပိုဉာဏ်ကောင်းလာခြင်းဖြစ်မည်ဟု တွေးခဲ့သည်။ သို့သော် တစ်နှစ်သား အရွယ်တွင် အဘိဓာန်တစ်အုပ်လုံး အလွတ်ရွတ်နိုင်လောက်အောင် ဉာဏ်ကောင်းမည်ဟု မထင်မှတ်ထားခဲ့ပေ။

ကောင်းကင်ဘုံကပေးတဲ့ ပါရမီရှင်ဆိုရင်တောင် အတွေ့အကြုံတချို့တော့ ရှိရဦးမယ်လေ။

ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ၏ပခုံးကို ဖက်ထားပြီး သူမ၏ အမူအရာ ပြောင်းလဲမှုများကို အမြဲဂရုစိုက်နေသည်။ ထို့နောက် တိုးတိုးလေး ပြောလိုက်သည်။

"ယွီအာ... စိတ်မလှုပ်ရှားနဲ့၊ စိတ်အေးအေးထား၊ သားပြောတာ ဆုံးအောင် နားထောင်ရအောင်၊ ဟုတ်ပြီလား"

ရှောင်လင်းယွီ၏တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများသည် ကုန်းထျန်းဟောက်၏ နှစ်သိမ့်မှုအောက်တွင် လျင်မြန်စွာ ငြိမ်သက်သွားသည်။

သူမ ခေါင်းညိတ်လိုက်သည်။

"အင်း... ဟုတ်တယ်၊ ကျွန်မ စိတ်အေးအေး ထားရမယ်၊ သားပြောတာ ဆုံးအောင် နားထောင်ရမယ်"

ထို့နောက် သူမ ရှောင်လဲ့ထုန်ကို ပြောလိုက်သည်။

"သား... ဆက်ပြောပါ၊ မားမား သေချာ နားထောင်နေတယ်"

"ဟိုးအရင်ဘဝတုန်းက သား မားမားနဲ့ နောက်ဆုံး မတွေ့လိုက်ရဘူး..."

ဒီစကားကို ကြားလိုက်ရတော့ ရှောင်လင်းယွီ ရင်ထဲ နာကျင်သွားပြီး နောင်တရကာ ဝမ်းနည်းစွာ ပြောလိုက်သည်။

"တောင်းပန်ပါတယ် သားရယ်... အဲဒီဘဝတုန်းက မားမားက အမေကောင်း တစ်ယောက် မဟုတ်ခဲ့ဘူး။ သားကို မွေးပြီးတော့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့တယ်၊ ပြီးတော့ မားမားရဲ့ ဒေါသတွေကို သားအပေါ် ပုံချခဲ့တယ်။ တကယ်တော့ အဲဒီဘဝတုန်းက မားမား မိုက်မဲပြီး ကန်းနေလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်ခဲ့တာ။ ဒါပေမဲ့ အဲဒီအပြစ်တွေကို သားအပေါ် ပုံချခဲ့တယ်။ သားရယ်... တောင်းပန်ပါတယ်၊ မားမားကို ခွင့်လွှတ်ပါနော်"

ဒီကိစ္စက သူတို့အားလုံးအတွက် အရင်ဘဝက ဖြစ်ရပ်၊ အလွန်ကြာမြင့်ခဲ့ပြီဖြစ်သော ဖြစ်ရပ်တစ်ခု ဖြစ်သည်။

သို့သော် ရှောင်လင်းယွီအတွက်မူ ဤကိစ္စသည် လွန်ခဲ့သော ၄၊ ၅ နှစ်က ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် သားကို ပြန်မွေးဖွားပြီးနောက် သူမ၏နောင်တများနှင့် သားအပေါ် အကြွေးတင်ခဲ့မှုများကို ပြန်လည်ပေးဆပ်နိုင်မည်၊ သားကို နှစ်ဆတိုး ချစ်ပေးနိုင်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် သားဖြစ်သူသည် သားဖြစ်သူဖြစ်နေဆဲဆိုသော်လည်း ထိုသားဖြစ်သူ မဟုတ်တော့ကြောင်း သူမ ထင်မှတ်မထားခဲ့ချေ။

သို့သော် မှတ်ဉာဏ်များပါလာသော သားဖြစ်သူသည် သူမရှေ့တွင်ရပ်နေပြီး အရင်ဘဝက သူမ၏ မိုက်မဲမှုနှင့် မှားယွင်းမှုများကို ပြောပြနေသောအခါ သူမ၏နှလုံးသားသည် ပြိုကွဲလုနီးပါး ဖြစ်သွားသည်။

ရှောင်လင်းယွီသည် ရှောင်လဲ့ထုန်ကို တောင်းပန်စကား တဖွဖွပြောရင်း တင်းကျပ်စွာ ပွေ့ဖက်ကာ အော်ဟစ်ငိုကြွေးတော့သည်။

ရှောင်လဲ့ထုန်လည်း လိုက်ငိုနေပြီး လက်သေးသေးလေးဖြင့် ရှောင်လင်းယွီ၏ကျောကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"မားမား... သား မားမားကို အပြစ်မတင်ပါဘူး။ ထုန်ထုန်က မားမားကို တစ်ခါမှ အပြစ်မတင်ခဲ့ဖူးပါဘူး"

ထိုဘဝတုန်းက မားမားသည် လူယုတ်မာနှင့် အချစ်၏လှည့်စားမှုကိုခံခဲ့ရသဖြင့် ထောင်ချောက်ထဲ ကျရောက်ကာ အမှားအမှန် မခွဲခြားနိုင်ဖြစ်ခဲ့ရသည်။

သူ့အမေသည်လည်း သားကောင်တစ်ဦးသာဖြစ်ပြီး သူ့ကို ရုတ်တရက်ရရှိခဲ့သဖြင့် စော်ကားမှုနှင့် ဝမ်းနည်းမှုပေါင်းစုံကို ခံစားခဲ့ရသည်။

ထုန်ထုန်သည် အမြဲတမ်း သိတတ်သူဖြစ်သဖြင့် ရှောင်လင်းယွီကို တစ်ခါမှ အပြစ်မတင်ခဲ့ဖူးပေ။

သို့သော် ထိုနည်းတူစွာ သူသည် ဝမ်းနည်းပြီး နစ်နာခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သူသည် အမေဖြစ်သူ၏ပွေ့ဖက်မှုကို တစ်ခါမှ မရရှိခဲ့သလို မေမေ့ကိုလည်း တစ်ခါမှ မပွေ့ဖက်ခဲ့ဖူးသောကြောင့်ဖြစ်သည်။

သားအမိနှစ်ယောက် ဖက်ငိုနေကြရာ ကုန်းထျန်းဟောက်၏မျက်လုံးများလည်း နီရဲလာပြီး မျက်ရည်များ စီးကျလာသည်။ ဇနီးနှင့် သားအပေါ် အပြစ်ရှိစိတ်နှင့် သနားစိတ်များ ဖြစ်ပေါ်လာသည်။

ထိုဘဝတုန်းက သူတို့၏ဘဝထဲတွင် သူ ပါဝင်ပတ်သက်ခြင်း မရှိခဲ့သော်လည်း သူသည် တရားခံပင် ဖြစ်သည်။

အကယ်၍ ထိုစဉ်က သူသည် ရှောင်လင်းယွီကို သေချာစုံစမ်းစစ်ဆေးခဲ့လျှင် သူတို့ကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။

သို့သော် သူ မလုပ်ခဲ့ပေ။ ထိုညပြီးနောက် သူ့ဘဝသည် ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေခဲ့သည်။

သို့သော် သူ့မိန်းမနှင့် သားသည် ရေပူမီးတိုက်ဘဝတွင် နေထိုင်နေရသည်ကို ဘယ်သူသိနိုင်ပါ့မလဲ။

ကုန်းထျန်းဟောက်သည် လက်နှစ်ဖက်ဖြင့် သူတို့ကို ပွေ့ဖက်လိုက်ပြီး တိမ်ဝင်သော အသံဖြင့် ပြောလိုက်သည်။

"တောင်းပန်ပါတယ်ဆိုတဲ့စကားကို ပြောသင့်တဲ့သူက ကိုယ်ပါ။ ခွင့်လွှတ်ဖို့ တောင်းဆိုသင့်တဲ့သူကလည်း ကိုယ်ပါ။ ကိုယ့်ကြောင့်သာ မဟုတ်ရင် အဲဒီဘဝတုန်းက မင်းတို့ ဒီလောက် ဆင်းရဲဒုက္ခ ရောက်မှာ မဟုတ်ဘူး၊ ဒီလောက် ဝမ်းနည်းစရာကောင်းမှာ မဟုတ်ဘူး။ မိန်းမ၊ သား... တောင်းပန်ပါတယ်"

ရှောင်လင်သည် ဘေးတွင် ရပ်နေပြီး ဖက်လဲတကင်းဖြစ်နေသော မိသားစု သုံးယောက်ကို ကြည့်ကာ မျက်လုံးများ နီရဲလာသည်။

မိသားစု သုံးယောက်စလုံး တစ်ယောက်ကိုတစ်ယောက် တောင်းပန်ပြီး ခွင့်လွှတ်ဖို့ တောင်းဆိုနေကြသည်။

သို့သော် ရှောင်လင်းယွီဖြစ်စေ၊ ကုန်းထျန်းဟောက်ဖြစ်စေ ယခု ထုန်ထုန်ကို ကိုယ်တိုင်တောင်းပန်စကားပြောနိုင်ပြီး ခွင့်လွှတ်ဖို့ တောင်းဆိုနိုင်ခြင်းကြောင့် ရင်ထဲမှ အပြစ်ရှိစိတ်နှင့် နောင်တများသည် လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အကြောင်းမှာတော့ သူတို့သည် တစ်နေ့တွင် ထုန်ထုန်ကို ပြန်တွေ့ရမည်၊ တောင်းပန်စကား ပြောနိုင်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြသောကြောင့် ဖြစ်သည်။

သုံးယောက်သား ခဏကြာအောင် ငိုကြွေးပြီးနောက် ရှောင်လဲ့ထုန်က သူတို့ကို ပြောလိုက်သည်။

"ပါပါး၊ မားမား... သားကို တောင်းပန်စရာ မလိုပါဘူး။ သားက ပါပါးမားမားတို့ရဲ့ သားပါ၊ ထာဝရ သားပါပဲ။ ပါပါးမားမားတို့က သားရဲ့ မိဘတွေပါ၊ မိဘတွေက သားသမီးကို တောင်းပန်စရာ မလိုပါဘူး။ သားလည်း ပါပါးမားမားတို့ကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး။ ပါပါးမားမားတို့က သားကို အသက်ပေးခဲ့တယ်၊ မွေးဖွားပေးခဲ့တယ်၊ ဒီကမ္ဘာကြီးကို မြင်ခွင့်ပေးခဲ့တယ်၊ ပြီးတော့ ထူးခြားတဲ့ အတွေ့အကြုံတွေ ပေးခဲ့တယ်၊ သားက ကျေးဇူးတင်ရမှာပါ"

ထို့နောက် ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့သည် ရှောင်လဲ့ထုန်၏ ထူးခြားသော အတွေ့အကြုံများကို ငြိမ်သက်စွာ နားထောင်နေကြသည်။

"အဲဒီနေ့ ဆေးရုံမှာ သား သေဆုံးသွားပြီးနောက် မျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့ နွေးထွေးပြီး မှောင်မိုက်နေတဲ့နေရာတစ်ခုကို ရောက်နေတယ်။ နောက်တော့ တွန်းအားတစ်ခုက သားကို နေရာတစ်ခုဆီ တွန်းပို့နေတယ်၊ အဲဒီနေရာက ထွက်ပေါက်တစ်ခုနဲ့ တူတယ်။ ပြီးတော့ သား နာနာကျင်ကျင် အော်ဟစ်သံတွေ ကြားလိုက်ရတယ်။ နောက်တော့ သား မသိမသာနဲ့ မွေးဖွားလာခဲ့တယ်"

ရှောင်လဲ့ထုန်သည် ယခင်ဘဝက မွေးဖွားလာပုံကို ကောင်းစွာမှတ်မိနေသည်။

ရှောင်လင်းယွီလည်း ချက်ချင်း နားလည်သွားသည်။ သားဖြစ်သူက တခြားအမျိုးသမီးတစ်ယောက်ရဲ့ဗိုက်ထဲကို တန်းရောက်သွားပြီး မွေးဖွားလာခဲ့တာပဲ။

ဒီအကြောင်းသိလိုက်ရတော့ ရှောင်လင်းယွီ စိတ်ထဲတွင် နာကျင်သွားသည်။

ထုန်ထုန်က သူမသားဖြစ်ပါလျက်နဲ့ တခြားအမျိုးသမီးတစ်ယောက်က မွေးဖွားပေးခဲ့တာ။ သေချာပေါက် သူမသားကို မွေးဖွားပေးခဲ့တဲ့ အမျိုးသမီးကိုလည်း သူမ ကျေးဇူးတင်ပါတယ်။

"သားက ကျင့်ကြံခြင်းကမ္ဘာက မိသားစုကြီးတစ်ခုမှာ မွေးဖွားလာတာ။ သားကို မွေးပေးတဲ့ အမေက အဲဒီမိသားစုကြီးက သခင်လေးနဲ့ နာမည်ဝှက်ပြီး လက်ထပ်ခဲ့တယ်။ ပြီးတော့ ကိုယ်ဝန်ရလာတယ်။ ဒါပေမဲ့ အမေ့ရဲ့အထောက်အထားက အဲဒီမိသားစုကြီးအတွက် အပြစ်ပြောစရာဖြစ်လာခဲ့တယ်၊ အမေက သူတို့ မိသားစုရဲ့ဆက်ခံသူနဲ့ မတန်ဘူးလို့ သူတို့ ထင်ကြတယ်။

ဒါကြောင့် လျှို့ဝှက်ကြံစည်မှု တစ်ခုကြောင့် သား စောမွေးလာခဲ့တယ်၊ သားကို မွေးပေးတဲ့ အမေကတော့ သားမွေးပြီးပြီးချင်း သွေးလွန်ပြီး သေဆုံးသွားခဲ့တယ်"

"သူမ မသေခင်မှာ သူမရဲ့စီနီယာအစ်ကို ရောက်လာခဲ့တယ်။ သေခါနီးမှာ သားကို ထျန်းရှန်ဂိုဏ်းဆီ ခေါ်သွားပေးဖို့ စီနီယာအစ်ကိုကို တောင်းဆိုခဲ့တယ်။ ထျန်းရှန်ဂိုဏ်းက အဲဒီကျင့်ကြံခြင်း ကမ္ဘာမှာ ဂိုဏ်းကြီးတစ်ခုပဲ။ သားအဖေရဲ့မိသားစုနဲ့လည်း ရန်သူတွေ၊ ဒါကြောင့် သားအမေက နာမည်ဝှက်ပြီး လက်ထပ်ခဲ့တာ၊ ဂိုဏ်းနှစ်ခုက လူတွေ ကန့်ကွက်မှာ စိုးလို့လေ။ ဒါပေမဲ့ မိသားစုကြီးထဲက လျှို့ဝှက်တိုက်ပွဲတွေကြောင့် သူမ..."

ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက် တို့သည် အလွန် အလေးအနက်ထား နားထောင်နေကြသည်။

သို့သော် ရင်ထဲတွင် အမှန်တကယ် တုန်လှုပ်နေကြသည်။

***

နီရဲနေသော ပန်းသီးများ၊ ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသော ခရမ်းရောင် စပျစ်သီးများနှင့် နီရဲနေသော ဖရဲသီးများ... ကောင်းပြီ၊ သစ်သီးတိုင်းသည် မွှေးပျံ့သော ရနံ့များကို ထုတ်လွှတ်နေပြီး အိမ်တော်ထိန်း၏ခံတွင်းကို ဆွဲဆောင်နေသည်။

ကံကောင်းသည်မှာ အိမ်တော်ထိန်း၏ ထိန်းချုပ်နိုင်စွမ်း ကောင်းမွန်လွန်းသည်။ သခင်များ မစားရသေး၊ ခွင့်မပြုသေးပါက သူတို့ အစေခံများအနေဖြင့် လုံးဝ မစားရဲပေ။

"သခင်ကြီး၊ သခင်မကြီး... သစ်သီး ရပါပြီ၊ သုံးဆောင်ကြပါ" အိမ်တော်ထိန်းက ရိုသေစွာ ပြောလိုက်သည်။

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အိမ်တော်ထိန်း... ရောက်လာတဲ့ သစ်သီးတွေ များပါတယ်၊ ခင်ဗျားတို့လည်း ခွဲစားကြပေါ့"

ထိုအချိန်တွင် ရှောင်လဲ့ထုန်သည် သစ်သီးပန်းကန်ထဲမှ ဖရဲသီးတစ်စိတ်ကိုယူကာ အိမ်တော်ထိန်းရှေ့သို့ပြေးသွားပြီး မြှောက်ပြကာ ပြောလိုက်သည်။

"အိမ်တော်ထိန်း ဘိုးဘိုး... ဖရဲသီး စားပါ"

အိမ်တော်ထိန်းသည် သခင်လေးက သူ့ကို ဖရဲသီး ပေးနေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး၊ သခင်လေးက တကယ် လိမ္မာတာပဲ"

"အိမ်တော်ထိန်း ဘိုးဘိုး... အားမနာပါနဲ့၊ ဒီက သစ်သီးတွေကို ကြိုက်သလောက် စားလို့ရတယ်။ ဒါ သားတို့ အိမ်ကစိုက်တာ၊ စည်းကမ်းတွေ သိပ်မများပါဘူး"

အိမ်တော်ထိန်း ကြားလိုက်ရသောအခါ ပို၍ စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် သခင်လေး"

ပြောပြောဆိုဆိုနှင့် ဖရဲသီးကိုယူကာ တစ်ကိုက်,ကိုက်လိုက်သည်။ ချိုပြီး မွှေးနေလေသည်။ သူ စိတ်လှုပ်ရှားစွာဖြင့်၊

"ဒီဖရဲသီးက တကယ် ချိုတာပဲ... အဲ... မဟုတ်ဘူး... ချိုလည်း ချို မွှေးလည်း မွှေး၊ တကယ် စားလို့ကောင်းတယ်။ ကျွန်တော် စားဖူးသမျှ အကောင်းဆုံး ဖရဲသီးပဲ"

သူ စားဖူးသမျှ အကောင်းဆုံး မဟုတ်လျှင်တောင် သခင်လေးကိုယ်တိုင်ပေးတာမို့လို့ အကောင်းဆုံး ဖြစ်နေမှာ။ ဒါပေမဲ့ ဒီဖရဲသီးက တကယ်ပဲ စားလို့ကောင်းလွန်းတယ်။

"တကယ် ချိုတယ်" အိမ်တော်ထိန်း နောက်တစ်ကိုက် ကိုက်ရင်း ပြောလိုက်သည်။

ရှောင်လဲ့ထုန် ရယ်မောရင်း "အိမ်တော်ထိန်းဘိုးဘိုး... ဖရဲသီး စားပြီးရင် တခြား သစ်သီးတွေလည်း မြည်းကြည့်ဦး၊ အရသာမတူပေမဲ့ အကုန်လုံးစားလို့ကောင်းတယ်"

"ဟုတ်ကဲ့... ဟုတ်ကဲ့... သေချာပေါက် မြည်းစမ်းကြည့်ပါ့မယ်" အိမ်တော်ထိန်း မစောင့်နိုင်တော့သလို ပြောလိုက်သည်။

သခင်ကြီးက ခွင့်ပြုထားပြီး သစ်သီးတွေကလည်း တကယ်စားလို့ကောင်းနေတော့ သူ တခြား သစ်သီးတွေကိုလည်း မြည်းစမ်းကြည့်ချင်နေပြီ။

"ဒါဆို သခင်ကြီး၊ သခင်မကြီး၊ သခင်လေးတို့... ကျွန်တော် သွားလိုက်ပါဦးမယ်" အိမ်တော်ထိန်းက ပြောလိုက်သည်။

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။

အိမ်တော်ထိန်း ထွက်သွားပြီးနောက် ဘရူးစ်သည် ဖရဲသီး ကိုက်စားရင်း ပြောလိုက်သည်။

"ကျွန်တော် ပြောသားပဲ၊ Green Freshအုပ်စုရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ဘယ်သူမှ မငြင်းဆန်နိုင်ပါဘူးလို့။ မနက်ဖြန် ပါတီပွဲကျရင် ကျွန်တော်တို့ပစ္စည်းတွေ တရားဝင်ပွဲထွက်လာတဲ့အခါ လူဘယ်နှယောက်လောက် အံ့သြသွားမလဲဆိုတာ ကျွန်တော် အရမ်းသိချင်နေပြီ"

ကြည့်ပါဦး... ဒီအိမ်တော်ထိန်းတောင် အစတုန်းက ထိန်းချုပ်နိုင်စွမ်းနဲ့ ဇွဲဘယ်လောက် ကောင်းလဲ။ သူ ခရမ်းချဉ်သီးစားဖို့ ဘယ်လောက်ပဲ မြှူဆွယ်မြှူဆွယ် သခင်ကြီး ခွင့်မပြုမချင်း ထိန်းချုပ်ထားနိုင်တယ်။

ဒါပေမဲ့ အခု အရသာ မြည်းစမ်းပြီးတဲ့အခါကျတော့ ထိန်းချုပ်နိုင်စွမ်းနဲ့ဇွဲတွေအကုန် ပြိုလဲကုန်ပြီ။

အဲဒီ အထက်တန်းလွှာ သူဌေးကြီးတွေအတွက် သူတို့ရဲ့ လက်ရှိအထောက်အထားနဲ့ အာဏာကြောင့် အမှတ်တံဆိပ်တွေကို အလေးမထားတော့ဘဲ ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုကိုသာ အလေးထားကြတယ်။

ဒါကြောင့် မနက်ဖြန် ပါတီပွဲမှာ သူတို့ အစားမစားရင်သာ နေမယ်၊ စားလိုက်တာနဲ့ ဒီအရသာကို ဆက်လက် ခံစားချင်ကြမှာ သေချာတယ်။

ဘရူးစ်၏စကားကိုကြားသောအခါ ကျန့်ယောင်ကျူသည်လည်း မနက်ဖြန် ပါတီပွဲကို ရုတ်တရက် မျှော်လင့်လာသည်။

သူ့အတွက် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှု အနည်းငယ်ရှိသော်လည်း မျှော်လင့်ချက်များလည်း ပါဝင်နေသည်။

ရှောင်လဲ့ထုန်သည် ပန်းကန်လုံးလေးကိုင်ကာ ဖရဲသီးတစ်စိတ်ကိုစားနေရင်း ဘရူးစ်ကို ရုတ်တရက် မေးလိုက်သည်။

"ဦးဦး... မနက်ဖြန်ကျရင် စိတ်လှုပ်ရှားနေမှာလား"

ဘရူးစ် ဖရဲသီး စားနေရင်း ရပ်တန့်သွားပြီး ရယ်မောကာ ပြောလိုက်သည်။

"ငါက ပွဲကြီးပွဲကောင်း မမြင်ဖူးတာမှ မဟုတ်တာ၊ ဘာစိတ်လှုပ်ရှားစရာ ရှိလဲ" ဟဟ... နိုင်ငံတကာ ခေါင်းဆောင်တွေကို တွေ့ရမှာဆိုတော့ စိတ်မလှုပ်ရှားဘူး ဆိုတာ မဖြစ်နိုင်ပါဘူး။

ရှောင်လဲ့ထုန် ကြားလိုက်ရသောအခါ "ဪ" ဟုသာပြောပြီး ဖရဲသီး ဆက်စားနေသည်။

ထို့နောက် ရှောင်လဲ့ထုန် နောက်ထပ် စကားတစ်ခွန်း ပြောလိုက်သည်။

"ဒါဆို ဦးဦး... မနက်ဖြန် ဧည့်သည်တွေကို ဧည့်ခံမယ့်ကိစ္စ ဦးဦးကိုပဲ လွှဲလိုက်တော့မယ်နော်"

"ဘာ..." ဘရူးစ် လန့်ပြီး ခုန်မတတ် ဖြစ်သွားသည်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၁၈ ။ တစ်ချက်တည်းနှင့် နာမည်ကြီးသွားမည့် ဧည့်ခံပွဲ (အပိုင်း ၁)

ကုန်းထျန်းဟောက်သည် ကမ္ဘာ့စီးပွားရေးအခြေအနေဆွေးနွေးရန်ဆိုသော ခေါင်းစဉ်ဖြင့် အထက်တန်းလွှာ အားလုံးကို ဖိတ်စာပေးပို့ကာ ဖိတ်ကြားလိုက်ခြင်းဖြစ်သည်။

အင်း... ဒီအစည်းအဝေးက မနက် ၉ နာရီ စတင်မှာဖြစ်ပြီး နေ့လယ်စာကိုတော့ ရဲတိုက်စံအိမ်မှာပဲ စီစဉ်ပေးထားတယ်။

အစည်းအဝေးပြီးသွားရင် ညဘက်မှာ ပါတီပွဲတစ်ခုထပ်လုပ်မယ်။

လူအများစုက ဒီလို အစီအစဉ်ကို နားမလည်ကြပေမဲ့ ကုန်းထျန်းဟောက်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ဘာမှမေးမြန်းခြင်းမရှိကြပါဘူး။

ဘီးလ်ရဲတိုက်စံအိမ်နဲ့ ၁၀ မိုင် အကွာကနေစပြီး ရဲတပ်ဖွဲ့က လုံခြုံရေးစည်းဝိုင်းတွေနဲ့ ကင်းစခန်းတွေ ချထားတယ်။

ခြေလှမ်း ၁၀ လှမ်းမှာ ကင်းစောင့်တစ်ယောက်၊ ခြေလှမ်း ၅ လှမ်းမှာ ကင်းစခန်းတစ်ခုရှိပြီး လုံခြုံရေးက အရမ်းတင်းကျပ်တယ်။

ဘီးလ်ရဲတိုက်စံအိမ် လမ်းကြောင်းပေါ် ဖြတ်သန်းသွားလာသူတိုင်း အထောက်အထား စစ်ဆေးခံရပြီး အထောက်အထား မှန်ကန်မှသာ ဖြတ်သန်းခွင့်ပြုတယ်။

ဘီးလ်ရဲတိုက်စံအိမ်တံခါးဝရောက်တဲ့အခါ အထောက်အထား ထပ်မံစစ်ဆေးရုံသာမက ရဲတိုက်ထဲ ဝင်ခွင့်ရှိတဲ့ သက်တော်စောင့်နဲ့ အဖော် အရေအတွက်က ၅ ယောက်ထက် မကျော်ရဘူး။ သေနတ် လုံးဝ ယူဆောင်ခွင့်မရှိဘူး။ ရောင်ခြည်အောက်တွင် စကန်ဖတ်စစ်ဆေးပြီးမှ ရဲတိုက်ထဲ ဝင်ခွင့်ရှိတယ်။

ကျန်နေခဲ့တဲ့ သက်တော်စောင့်တွေနဲ့ အဖော်တွေကိုတော့ သင့်တော်သလို စီစဉ်ပေးထားတယ်။

ဒီလိုအစီအစဉ်တွေ ဘာလို့လုပ်ထားရသလဲဆိုတော့ ရဲတိုက်ထဲ ဝင်လာသူအားလုံးရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့ပါ။

ဘာပဲပြောပြော ဒီကိုလာတဲ့လူတိုင်းရဲ့ အထောက်အထားက သာမန် မဟုတ်ကြဘူး။ အာဏာရှိတဲ့သူတွေ၊ မောက်မာတဲ့သူတွေချည်းပဲ။ အားလုံးက ဖော်ရွေကြတာတော့ မဟုတ်ဘူး။ တကယ်လို့ သူတို့ကြားထဲမှာ ပဋိပက္ခတစ်ခုခုဖြစ်လာရင် သေနတ်တွေနဲ့ ပစ်ခတ်မှုဖြစ်လာနိုင်တယ်။

ကုန်းထျန်းဟောက်က အိမ်ရှင်အနေနဲ့ ဒီလိုကိစ္စမျိုး ဖြစ်မှာမလိုလားဘူး။

ဒါကြောင့် လက်နက်ဖြုတ်သိမ်းတာက အကောင်းဆုံး နည်းလမ်းပဲ။

တကယ်လို့ ပဋိပက္ခ ဖြစ်ခဲ့ရင်တောင် ကိုယ်ထိလက်ရောက် ကျူးလွန်ရုံလောက်ပဲ ရှိမယ်၊ လူအသက် ဆုံးရှုံးတာမျိုး မဖြစ်နိုင်သလို ဝင်ရောက်ဖြန်ဖြေပေးလို့လည်းရတယ်။

ရဲတိုက်စံအိမ်အတွင်း လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကုန်းထျန်းဟောက်နှင့် အိမ်တော်ထိန်းတို့သည် အလေးအနက်ထား ဆောင်ရွက်ခဲ့ကြသည်။ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အထူးသဖြင့် လုံခြုံရေးအပိုင်းကို ပိုမိုတင်းကျပ်ထားသည်။

ရဲတိုက်အတွင်းရှိ လုံခြုံရေး ဝန်ထမ်း ၅၀၊ ၆၀ ခန့်အပြင် ကုန်းထျန်းဟောက်သည် သူ့လုံခြုံရေး ကုမ္ပဏီမှ ထူးချွန် ဝန်ထမ်း ၅၀ ကို ထပ်မံ ခေါ်ယူထားသည်။ ဧည့်သည်တစ်ဦးချင်းစီ၏ အသက်အန္တရာယ် ကင်းရှင်းရေးကို အာမခံရန်ဖြစ်သည်။

ထိုအထဲတွင် ယွဲ့ချီလင်၊ လီဝမ်တုန်း၊ ရှဲ့ကျန့်ကျုံး၊ ယွမ်မင်နှင့် ဝမ်ကျစ် တို့လည်း ပါဝင်သည်။ စစ်ထူရှင်းနှင့် ကုန်းယင်ရှုန်းကိုပါ ခေါ်ယူထားသည်။ မမျှော်လင့်သော မတော်တဆမှုများ ဖြစ်ပွားလာပါက အဆင်သင့်ဖြစ်စေရန်ပင်။

ဘာပဲပြောပြော ဒီပါတီပွဲကို လာတဲ့ လူတွေရဲ့အထောက်အထားက သာမန် မဟုတ်ဘူးလေ။ ဘာပြဿနာမှ မဖြစ်စေရဘူး၊ အာမခံချက် များလေ ကောင်းလေပဲ။

စစ်ထူရှင်းကို ခေါ်ထားတာကတော့ မမျှော်လင့်သော မတော်တဆမှုများ ဖြစ်ပွားလာပါက ဆရာဝန် လိုအပ်မည် ဖြစ်သောကြောင့်ဖြစ်သည်။

ကုန်းထျန်းဟောက်သည် ဤအစည်းအဝေးကို အလွန်အလေးထားကြောင်းနှင့် အလွန်လူသိရှင်ကြားလုပ်ဆောင်နေကြောင်း ဝန်ခံရပေမည်။

သူ့အလေးထားမှုနှင့် လူသိရှင်ကြားလုပ်ဆောင်မှုအားလုံးသည် Green Fresh ကုန်ပစ္စည်းများကို ရောင်းချရာတွင် မည်သည့် အမှားအယွင်းမျှ မရှိစေရန်အတွက်ဖြစ်သည်။

ဒါက ဇနီးသည်ရဲ့စီးပွားရေးကို အစွမ်းကုန် ပံ့ပိုးပေးတဲ့ သက်သေပဲ။ တစ်ချိန်တည်းမှာ ဇနီးသည်ကို ချစ်ခင်မြတ်နိုးကြောင်း ပြသတာလည်းဖြစ်တယ်။

အမျိုးသမီး သက်တော်စောင့်နှစ်ဦးသည် ရှောင်လင်းယွီ၏ဘေးတွင် ကာကွယ်ပေးထားပြီး ယွဲ့ချီလင်၊ လီဝမ်တုန်းနှင့် ရှဲ့ကျန့်ကျုံး တို့သည် ရှောင်လဲ့ထုန်နှင့် ရှောင်လင်၏နောက်တွင် လိုက်ပါ ကာကွယ်ပေးထားသည်။ ကုန်းယင်ရှုန်းကမူ လုံခြုံရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲနေသည်။

ကလေးနှစ်ယောက်၏စွမ်းရည်အရ မည်သူ့ကာကွယ်မှုကိုမျှ မလိုအပ်သော်လည်း ပြင်ပလူများ၏ အမြင်တွင် သူတို့သည် ကလေးငယ်များ၊ အားနည်းသူများသာဖြစ်ကြသည်။

ကုန်းထျန်းဟောက်၏အစီအစဉ်သည် ဇနီးနှင့် သားသမီးများကို အလေးထားကြောင်းပြသခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်သည် ကမ္ဘာသိအောင် သူ့ဇနီးနှင့် သားသမီးများ၏အထောက်အထားကို ထုတ်ဖော် ကြေညာခြင်းလည်းဖြစ်သည်။ ယခင်က သူတို့ကို ကောင်းစွာ ဖုံးကွယ်ထားခြင်းသည် ကုန်းထျန်းဟောက်၏တာဝန်ယူမှုဖြစ်သည်။

ယခု ထုတ်ဖော်ကြေညာခြင်းမှာ ဇနီးနှင့် သားသမီးများတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သောကြောင့်ဖြစ်သည်။ နတ်ဘုရားတစ်ပါး ထပ်မံဆင်းသက်လာခြင်းမရှိပါက သူတို့ကို ဘယ်သူမှ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

အစည်းအဝေး တက်ရောက်လာသော အထက်တန်းလွှာများသည် ဖိတ်စာလက်ခံရရှိစဉ်က ကုန်းထျန်းဟောက်သည် သူ့ဇနီးနှင့် သားသမီးများကို မိတ်ဆက်ပေးမည်ဟု မကြားသိခဲ့ရပေ။ ရဲတိုက်သို့ ရောက်ရှိမှသာ ယနေ့ မစ္စတာကုန်းက သူ့ဇနီးနှင့် သားသမီးများကို မိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသဖြင့် သိချင်စိတ်များဖြစ်ပေါ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် မစ္စတာကုန်း၏ ဇနီးသည် အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်းနှင့် သားဖြစ်သူသည် ကလေးပါရမီရှင်လေးဖြစ်ကြောင်း သဲ့သဲ့ကြားဖူးသောကြောင့်ပင်။

ထို့ကြောင့် ဒဏ္ဍာရီလာပုဂ္ဂိုလ်များကို တွေ့မြင်ရတော့မည်ဖြစ်ရာ သိချင်စိတ်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် လျှို့ဝှက်စွာ နေထိုင်တတ်သော မစ္စတာကုန်းသည် ဘာကြောင့်ဒီကိစ္စကို ရုတ်တရက်ကြီး လူသိရှင်ကြား လုပ်ဆောင်ရသလဲဆိုသည်ကို သံသယဖြစ်မိပေမယ့်လည်းပေါ့။

နိုင်ငံတကာအစည်းအဝေးတစ်ခုဖြစ်သဖြင့် ရဲတိုက်အတွင်း ပြင်ဆင်ထားပုံမှာ အလွန်ခမ်းနားထည်ဝါသည်။ အိမ်ရှင်က ဟွာရှသားဖြစ်သဖြင့် ဟွာရှရိုးရာအငွေ့အသက်များ ပါဝင်နေသည်။ အနီရောင်ကို အဓိကထားပြီး အနီရောင် မီးပုံးများ၊ အနီရောင်ဖဲကြိုးများဖြင့် တန်ဆာဆင်ထားသည်။

ရဲတိုက်ထဲ ဝင်လိုက်သည်နှင့် အလယ်တွင် စိုက်ထူထားသော နိုင်ငံအလံများကို မြင်တွေ့ရမည် ဖြစ်ပြီး အလယ်တည့်တည့်တွင် ဟွာရှအလံရှိသည်။

ထို့နောက် ဘေးနှစ်ဖက်တွင် ရပ်နေသော အနက်ရောင်ဝတ်စုံ၊ နေကာမျက်မှန် တပ်ဆင်ထားသည့် အရပ်ရှည်ရှည်ထွားထွားနှင့် သက်တော်စောင့်များကို တွေ့မြင်ရမည်ဖြစ်သည်။ သူတို့သည် လေးနက်သောအမူအရာဖြင့် အသင့်အနေအထားရှိနေကြပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည်။

ကုန်းယင်ရှုန်းသည် လုံခြုံရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲနေပြီး အိမ်တော်ထိန်းသည် သက်တော်စောင့် နှစ်ဦးနှင့်အတူ ဧည့်သည်များ၏ အထောက်အထားကို စစ်ဆေးနေသည်။

ကုန်းထျန်းဟောက်ကမူ ဇနီးနှင့် သားသမီးများကို ခေါ်ဆောင်ကာ ဧည့်ခန်းမဆောင်တွင် ဧည့်ခံနေသည်။ အမူအရာက တည်ငြိမ်ပြီး ရင်းနှီးဖော်ရွေသည်။

ကုန်းထျန်းဟောက်သည် မူလကတည်းက ရုပ်ရည်ချောမောသူဖြစ်ပြီး မျက်နှာသွင်ပြင်သည် ပန်းပုဆရာ ထုဆစ်ထားသကဲ့သို့ ပြတ်သားထင်ရှားသည်။ ပေါင်းစပ်လိုက်သောအခါ သပ်ရပ်ပြီး ထက်မြက်သော အသွင်အပြင် ဖြစ်ပေါ်နေသည်။ ယနေ့ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။ တစ်ချိန်တည်းမှာပင် လူကြီးလူကောင်းဆန်ပြီး အရှိန်အဝါကြီးမားနေသည်။

သူ့ဘေးနားမှ ရှောင်လင်းယွီသည် ယနေ့တွင် အလွန်လှပစွာဝတ်ဆင်ထားသည်။ အနီရောင် အမြီးရှည် ဂါဝန်ကိုဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပကာ မြင်သူတိုင်း ငေးမောသွားစေသည်။

သူမ၏မျက်နှာကို ကြည့်လိုက်သောအခါ ပါးပါးလေး မိတ်ကပ်လိမ်းထားသော်လည်း အလွန်လှပပြီး ဆွဲဆောင်မှုရှိနေသည်။ မျက်နှာသွင်ပြင်သပ်ရပ်ပြီး အသားအရေဖြူဝင်းနေသည်။ သို့သော် အမှတ်ရစရာ အကောင်းဆုံးမှာ သူမ၏မျက်လုံးများ ဖြစ်ပေလိမ့်မည်။ ကြီးမားပြီး တောက်ပနေသော၊ ထက်မြက်ပြီး နက်ရှိုင်းသော မျက်လုံးများသည် သံသရာအချိုးအကွေ့တစ်ခုလုံးကို ထိုးဖောက်မြင်နိုင်သကဲ့သို့ ရှိနေသည်။

ယနေ့ ရှောင်လင်းယွီသည် လှပပြီး ဆွဲဆောင်မှုရှိသည်၊ အံ့သြဖွယ်ကောင်းလောက်အောင် လှပသည်၊ ကျက်သရေရှိပြီး မြင့်မြတ်သည်၊ အထက်တန်းလွှာ အမျိုးသမီးတစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး မည်သူမျှ လျစ်လျူရှု၍ မရနိုင်၊ မေ့ပျောက်၍ မရနိုင်ပေ။

ကုန်းထျန်းဟောက်သည် ဇနီးသည် ပြင်ဆင်ပြီးချိန်တွင် ပထမဆုံးမြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။ သတိဝင်လာသောအခါ ရှောင်လင်းယွီကို ဖက်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။

"ပေါင်ပေ့... မင်း ဒီနေ့ အရမ်း လှနေတယ်။ ဘယ်သူမှ မမြင်ရအောင် ကိုယ် မင်းကို ဝှက်ထားချင်လိုက်တာ"

ဒီလောက်လှပတဲ့ဇနီးကို ပိုင်ဆိုင်ထားရင် ဘယ်ယောက်ျားမဆို တခြားယောက်ျားတွေ မမြင်စေချင်ကြဘူး။

ရှောင်လင်းယွီသည် သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ခပ်ဖွဖွ ထုလိုက်ပြီး ရှားရှားပါးပါး ရှက်ရွံ့စွာ ပြောလိုက်သည်။

"ကဲပါ... ရှင် ကျွန်မကို ဝှက်ထားလိုက်ပါတော့"

ထို့နောက် သူမ ကုန်းထျန်းဟောက်၏မျက်လုံးများကိုကြည့်ပြီး ပြောလိုက်သည်။

"ရှင်လည်း ဒီနေ့ အရမ်း ချောနေတာပဲ။ ကျွန်မလည်း ရှင့်ကို ဘယ်မိန်းမမှ မမြင်ရအောင် ဝှက်ထားချင်တယ်"

"..." ကုန်းထျန်းဟောက် ပြုံးလိုက်ပြီး ပြောသည်။ "ကောင်းပြီလေ... ကိုယ်တို့က လိုက်ဖက်ညီတဲ့ စုံတွဲပဲ။ တစ်ယောက်ကို တစ်ယောက် ဝှက်ထားချင်တာက စိတ်ချင်းဆက်နေလို့ပဲ"

"ဟဟ..." ရှောင်လင်းယွီ ရယ်မောလိုက်သည်။

ဘေးနားမှ အိမ်ဖော်များသည် မကြားချင်ယောင်ဆောင်၊ မမြင်ချင်ယောင်ဆောင် နေလိုက်ကြသည်။

သို့သော် သခင်ကြီး၏စကားကို ကြားသောအခါ သခင်မကြီးကဲ့သို့ပင် မနေနိုင်ဘဲ ပြုံးလိုက်မိကြသည်။

အရင်တုန်းက အေးစက်တည်ငြိမ်တဲ့ သခင်ကြီးက သခင်မကြီးနဲ့တွေ့တော့မှ အရည်ပျော်သွားပြီး တစ်နေ့လုံး နူးညံ့သိမ်မွေ့နေတော့တာပဲ။ လူရှေ့သူရှေ့ အချစ်ပြနေတာများ ဘေးကလူတွေ သွားကျိန်းလောက်အောင်ဖြစ်နေပြီ။ ဒါပေမဲ့ မျက်လုံးထဲမှာတော့ အားကျမှုနဲ့ ဆုတောင်းပေးမှုတွေ ပြည့်နှက်နေကြတယ်။

ပြီးတော့ သခင်ကြီးနဲ့ သခင်မကြီးက ချစ်ပြနေရင် ဘေးနားက ကလေးနှစ်ယောက်ကို လုံးဝ ဂရုမစိုက်ကြဘူး။ ဒါက အိမ်ဖော်တွေကို အံ့သြစေတယ်။

ပိုအံ့သြစရာ ကောင်းတာက ကလေးနှစ်ယောက်က မိဘတွေ ချစ်ပြနေတာကို မြင်နေရပေမဲ့ ဘာမှ မဖြစ်သလိုနေနေကြတာပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်။ ကြည့်ရတာ မိဘတွေရဲ့ အပြုအမူကို ယဉ်ပါးနေပုံရတယ်။ တစ်ခါတလေ မိဘတွေ ချစ်နေတာကို ဝင်နှောင့်ယှက်လို့ သခင်ကြီးက တုတ်နဲ့ ရိုက်မလိုတောင်ဖြစ်ဖူးတယ်။

အတိုချုပ်ပြောရရင် ဒီမိသားစုက ပျော်ရွှင်ပြီး ကြည်နူးစရာကောင်းတယ်။

ဒီအိမ်ဖော်တွေ၊ သက်တော်စောင့်တွေက အရင်တုန်းက တခြားမိသားစုကြီးတွေမှာ လုပ်ဖူးကြတယ်။ အဲဒီမိသားစုကြီးတွေက အပေါ်ယံပဲ ဟန်ဆောင်ကောင်းကြတာ၊ လူကွယ်ရာမှာတော့ ညစ်ပတ်ရှုပ်ထွေးနေကြတာ သူတို့ သိတယ်။

မှန်ပါတယ်... သခင်တွေ ဘာဖြစ်ဖြစ် သူတို့ အိမ်ဖော်တွေနဲ့ မဆိုင်ပါဘူး။ သူတို့က ကိုယ့်အလုပ်ကိုယ် လုပ်ရုံပါပဲ။

ဒါပေမဲ့ ကြည်နူးစရာကောင်းတဲ့မိသားစုမှာ အလုပ်လုပ်ရတာ သူတို့အတွက်လည်း ပျော်ရွှင်စရာ ကောင်းပါတယ်။ ပြီးတော့ သခင်တွေက သဘောကောင်းတယ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အမှားမလုပ်မိရင် သခင်တွေက ဘယ်တော့မှ အပြစ်မရှာဘူး။

ရှောင်လင်းယွီ၏ဘေးတွင်ရပ်နေသူများမှာ သေချာပေါက် ကလေးနှစ်ယောက် ဖြစ်သည်။

ယနေ့တွင် ကလေးနှစ်ယောက်သည်လည်း အနက်ရောင် တိုက်ပုံအင်္ကျီ သေးသေးလေးများကို ဝတ်ဆင်ထားသည်။ ရှောင်လဲ့ထုန်၏ရုပ်ရည်သည် ဖခင်ဖြစ်သူနှင့် ၇ ပုံ၊ ၈ ပုံခန့် တူညီသည်။ ယခု တူညီသော အဝတ်အစားဝတ်ဆင်ထားပြီး တူညီသော လေးနက်သည့် မျက်နှာထား လုပ်ထားသောအခါ သားအဖနှစ်ယောက်သည် ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသကဲ့သို့ တူညီနေသည်။ တစ်ယောက်က အကြီး၊ တစ်ယောက်က အငယ်သာ ကွာခြားသည်။

ရှောင်လင်ကမူ နေရာလွတ်ဝိညာဉ်ဖြစ်ပြီး ရှောင်လင်းယွီနှင့် စာချုပ်ချုပ်ဆိုထားသဖြင့် လူယောင်ဖန်ဆင်းထားသော ရုပ်ရည်သည် ရှောင်လင်းယွီနှင့် အနည်းငယ်တူညီနေသည်။

သို့သော် ရှောင်လင်းယွီက မွေးစားထားသော သူငယ်ချင်း၏သားဖြစ်ကြောင်း ကြေညာထားသဖြင့် ရင်းနှီးသူများအတွက်မူ ထိုတူညီမှုအနည်းငယ်ကို အလိုအလျောက် လျစ်လျူရှုထားလိုက်ကြသည်။

သို့သော် မရင်းနှီးသူများအတွက်မူ တစ်ချက်ကြည့်ရုံနှင့် သူနှင့် ရှောင်လင်းယွီသည် သားအမိဟု ထင်မှတ်ကြမည်ဖြစ်သည်။ သေချာပေါက် သူတို့သည် မွေးစားထားသော ဆက်ဆံရေးဖြစ်ကြောင်း မသိနိုင်ပေ။

ရှောင်လင်သည် ချစ်စရာကောင်းပြီး ဉာဏ်ကောင်းပုံ ပေါက်သည်။ တိုက်ပုံအင်္ကျီ ဝတ်ဆင်ထားသောပုံစံသည် ချစ်စရာကောင်းပြီး အသည်းယားစရာ ကောင်းနေသည်။

မိသားစု လေးယောက် အတူတူရပ်နေကြသည်မှာ ရုပ်ရည်ချောမောသူများ စုဝေးနေသကဲ့သို့ဖြစ်နေသည်။

"ကြိုဆိုပါတယ် မစ္စတာလွိုက်" ကုန်းထျန်းဟောက်သည် လာရောက်သူကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"ဪ... မစ္စတာကုန်း၊ ဘီးလ်ရဲတိုက်စံအိမ်ကို ဝယ်လိုက်တဲ့ လျှို့ဝှက်ဆန်းကြယ်သူက ခင်ဗျား ဖြစ်နေတာကိုး" လွိုက်က ကုန်းထျန်းဟောက်ကို မြင်လိုက်ရသောအခါ အံ့သြသွားပြီး ပြောလိုက်သည်။ "ခင်ဗျားက တကယ် လျှို့ဝှက်တတ်တာပဲ"

လွန်ခဲ့သော ငါးနှစ်က သူလည်း ဘီးလ်ရဲတိုက်စံအိမ်ကိုဝယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးက ဦးအောင် ဝယ်ယူသွားခဲ့သည်။ ထိုကိစ္စကြောင့် သူ စိတ်ပျက်ခဲ့ရပြီး လျှို့ဝှက်ဆန်းကြယ်သူ၏ အထောက်အထားကို စုံစမ်းခိုင်းခဲ့သော်လည်း တစ်ဖက်လူက ကောင်းမွန်စွာ ဖုံးကွယ်ထားသဖြင့် စုံစမ်း၍ မရခဲ့ပေ။

ယနေ့မှသာ Imperial Palaceအုပ်စု ဥက္ကဌ မစ္စတာကုန်း ဝယ်ယူခဲ့ကြောင်း သိလိုက်ရသည်။

ကုန်းထျန်းဟောက် ပြုံးသာပြုံးလိုက်သည်။

"ဪ... မစ္စတာကုန်း၊ ခင်ဗျားဘေးနားက လှပပြီး ကျက်သရေရှိတဲ့ အမျိုးသမီးက ဘယ်သူလဲ" လွိုက်သည် ခန်းမဆောင်ထဲ ဝင်လာသည်နှင့် ကုန်းထျန်းဟောက် ဘေးနားမှ အမျိုးသမီးကို ချက်ချင်း သတိထားမိလိုက်သည်။ သို့သော် ယဉ်ကျေးမှုအရ ကုန်းထျန်းဟောက်ကို နှုတ်ဆက်ပြီးမှ ရှောင်လင်းယွီ၏ အထောက်အထားကို မေးမြန်းလိုက်ခြင်းဖြစ်သည်။

ကုန်းထျန်းဟောက်က ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။

"ဒါ ကျွန်တော့်ဇနီး ရှောင်လင်းယွီပါ။ ယွီအာ... ဒါက D နိုင်ငံက အထက်တန်းလွှာ မစ္စတာ လွိုက်"

ရှောင်လင်းယွီ လက်ကမ်းပေးပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ မစ္စတာလွိုက်"

"မင်္ဂလာပါ ဇနီးအလှလေး" လွိုက်က ယဉ်ကျေးပြီး လေးစားစွာပြောလိုက်သည်။ "ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်"

ပြောပြောဆိုဆိုနှင့် ရှောင်လင်းယွီ၏လက်ကိုကိုင်ကာ နမ်းရန် ပြင်လိုက်သည်။

ကုန်းထျန်းဟောက် လက်လှမ်းလိုက်ပြီး ပြောလိုက်သည်။

"မစ္စတာလွိုက်... အတွင်းမှာ ခင်ဗျားအတွက် နေရာ စီစဉ်ထားပါတယ်၊ ကျေးဇူးပြုပြီး အထဲဝင် အနားယူပါ"

မစ္စတာလွိုက် "..."

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၁၉ ။ ရဲ့စ်ဟမ်းကို ပညာပေးခြင်း

မနက် ၉ နာရီတွင် အစည်းအဝေးစတင်မည်ဖြစ်ပြီး တက်ရောက်လာသူများမှာ ဂုဏ်သရေရှိ လူတန်းစားများဖြစ်ကြသည်။

ထို့ကြောင့် သူတို့သည် မိမိတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ရဲတိုက်စံအိမ်သို့ အချိန်မီ ရောက်ရှိလာကြသည်။ စောရောက်သူ နည်းပါးသော်လည်း အချို့လူများကမူ အခြားသူများထက် ပိုမို အရေးပါတယ်ဟု ထင်မှတ်စေရန်အတွက် နောက်ဆုံးမှ ရောက်ရှိလာရန် ကြံစည်ကြသည်။

ကုန်းထျန်းဟောက်သည် ဤကဲ့သို့ ဝင်ရောက်လာမှု အစီအစဉ်များကို ကောင်းစွာနားလည်ထားသည်။

တစ်ဖက်လူ မည်သည့် အထောက်အထားရှိသည်ဖြစ်စေ အချိန်ရောက်သည်နှင့် အစည်းအဝေး ပုံမှန်အတိုင်း စတင်မည်ဖြစ်သည်။

"ဪ... မစ္စတာကုန်း၊ ခင်ဗျားဇနီးက တကယ် လှတာပဲ၊ ဗီးနပ်စ်နတ်သမီးလေးလိုပဲ" ဧည့်သည်တစ်ဦးက ချီးကျူးလိုက်သည်။ "ပြီးတော့ ချစ်စရာကလေးနှစ်ယောက်လည်းရှိသေးတယ်။ မစ္စတာကုန်း၊ ခင်ဗျား တကယ်ကံကောင်းပြီး ပျော်စရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်ထားတာပဲ"

"ဟုတ်ပါတယ်။ ကျွန်တော် ဒီလောက် လှပတဲ့ ဇနီးသည်ကို လက်ထပ်ခွင့်ရပြီး ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်ရထားတာ တကယ်ကံကောင်းပြီး ပျော်စရာကောင်းတဲ့ဘဝပါ။"

ရှောင်လင်းယွီနှင့် တွေ့ဆုံရခြင်းသည် သူ့ဘဝတွင် အကြီးမားဆုံး ပျော်ရွှင်မှုဟု သူ အမြဲခံယူထားသည်။

ယခင်ဘဝက သူတို့ လွဲချော်ခဲ့ကြသော်လည်း ဤဘဝတွင် ဇနီးသည် ဖြစ်စေ၊ သားဖြစ်စေ သူ့ကို ကြီးမားသော အံ့သြမှုများ ပေးခဲ့ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူက အားအနည်းဆုံးသူဖြစ်နေသည်။

ထို့ကြောင့် ယခု သူ လုပ်နိုင်သည်မှာ သူတို့ကို အလိုလိုက်ရန်၊ ချစ်ခင်ရန်နှင့် ပျော်ရွှင်စွာနေထိုင်စေရန်သာဖြစ်သည်။

ဧည့်သည်အချို့သည် လှပသော ရှောင်လင်းယွီကို မြင်သောအခါ မျက်လုံးထဲတွင် ရမ္မက်ဆန္ဒများ ပေါ်လာပြီး တံတွေးမြိုချလုနီးပါးဖြစ်သွားကြသည်။ ကံကောင်းသည်မှာ ဘေးနားမှ အဖော်များက သတိပေးလိုက်သဖြင့် တော်သေးသည်။ သို့မဟုတ်ပါက ကုန်းထျန်းဟောက်က ထိုနေရာမှာပင် မောင်းထုတ်လိုက်မည်မှာ သေချာသည်။

ဟွန့်... ငါ့မိန်းမကို ကြံစည်တာ သေချင်နေတာပဲ။

ကံကောင်းသည်မှာ ထိုလူသည် ကိုယ့်အခြေအနေကိုယ်သိသဖြင့် ကုန်းထျန်းဟောက်၏ ဇနီးသည် သူ အလွယ်တကူပြစ်မှား၍ ရသောသူမဟုတ်ကြောင်း၊ သူ ကြံစည်၍ ရသောသူ မဟုတ်ကြောင်း သိသွားသည်။

သူ ပုံမှန်အတိုင်းပြန်ဖြစ်သွားသော်လည်း ကုန်းထျန်းဟောက်ကမူ သူ့ကို မျက်နှာသာ မပေးတော့ပေ။ ဇနီးနှင့် သားသမီးများကိုပင် မိတ်ဆက်မပေးတော့ပေ။ ထို့အပြင် နောင်တွင် မည်သည့် ပွဲလမ်းသဘင် ကျင်းပသည်ဖြစ်စေ သူ့ကို ဖိတ်ကြားတော့မည် မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။

ကုန်းထျန်းဟောက်၏အမည်ပျက်စာရင်းသွင်းခံလိုက်ရသော ဧည့်သည်သည် လက်ရှိတွင် ကုန်းထျန်းဟောက်၏ အမုန်းခံနေရပြီဖြစ်ကြောင်း မသိရှိသေးပေ။ ခန်းမဆောင်ထဲဝင်ရောက်ပြီးနောက် မစ္စစ်ကုန်းနှင့် ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို စဉ်းစားနေသည်။

မစ္စစ်ကုန်းသည် အလွန်လှပပြီး အရှေ့တိုင်းအမျိုးသမီးများ၏ ဉာဏ်ပညာရှိသော အလှတရားကို ပိုင်ဆိုင်ထားသဖြင့် သူ့ကို အလွန်စိတ်လှုပ်ရှားစေသည်။

ဤအမျိုးသမီးနှင့် တစ်ကြိမ်၊ နှစ်ကြိမ်လောက် အတူနေခွင့်ရမည်ဆိုပါက မစ္စတာကုန်းကို ပြစ်မှားမိလျှင်ပင် တန်သည်။

ထို့အပြင် သူ၏ မြင့်မြတ်သော တော်ဝင်မျိုးနွယ် အထောက်အထားနှင့်ယှဉ်လျှင် မစ္စတာကုန်းသည် ကုန်သည်တစ်ယောက်သာဖြစ်သည်။ ထိုအမျိုးသမီး စိတ်မလှုပ်ရှားဘဲနေမည်ဟု သူ မယုံကြည်ပေ။ အရင်တုန်းက အသိုင်းအဝိုင်းထဲမှ အထက်တန်းလွှာ အမျိုးသမီးများသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ခင်ပွန်းသည်ရှိသော်လည်း သူ အနည်းငယ် မြှူဆွယ်လိုက်သည်နှင့် သူ့ရင်ခွင်ထဲတိုးဝင်လာကြသည် မဟုတ်ပါလား။

ဤဧည့်သည်သည် ရှောင်လင်းယွီကို သူ အရင်က တွေ့ဖူးသော အထက်တန်းလွှာ အမျိုးသမီးများနှင့် တူညီသည်ဟု ထင်မှတ်နေသည်။

ဟဟ... တကယ်ကို နုံအတာပါပဲ။

သူ့အမူအရာကို ကလေးတစ်ယောက် သတိထားမိသွားသည်ကို သူ မသိလိုက်ချေ။ အမေဖြစ်သူအပေါ် မရိုးသားသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ ရှောင်လဲ့ထုန်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး မထီမဲ့မြင် ပြုလိုက်သည်။ "ကိုယ့်အခြေအနေကိုယ် မသိတဲ့ ပုရွက်ဆိတ်၊ မားမားကို မကောင်းကြံချင်နေတာ၊ ပညာပေးခံရဖို့ ကောင်းတယ်"

ထို့နောက် ဆက်လက်ဖြစ်ပွားသော အဖြစ်အပျက်များတွင် ဤဧည့်သည်သည် ကောင်းကောင်းမွန်မွန် လမ်းလျှောက်နေရင်း ရုတ်တရက် ချော်လဲခြင်း၊ ရေတစ်ငုံ သောက်ရုံဖြင့် သီးသွားခြင်း၊ အိမ်သာတက်စဉ် ဝမ်းချုပ်လိုက်၊ ဝမ်းလျောလိုက်ဖြစ်ခြင်းစသဖြင့် ကံဆိုးမိုးမှောင် ကျနေတော့သည်။

အဖော်ဖြစ်သူက သူ စားသော အစားအစာ မသန့်ရှင်းဟု သံသယဝင်သော်လည်း မည်သည့် သက်သေအထောက်အထားမျှ ရှာမတွေ့ပေ။ ဤအတိုင်း အိမ်ရှင်ကို သွားရောက်ပြဿနာရှာခြင်းသည် မိုက်မဲသောလုပ်ရပ်ဖြစ်သည်။

ဘာပဲပြောပြော သူတို့ သူများအိမ်ရောက်တာ နာရီဝက်တောင် မရှိသေးဘူးလေ။ မှားစားမိရင်တောင်၊ မသန့်ရှင်းတာ စားမိရင်တောင် ဒီနာရီဝက်အတွင်းမှာ ချက်ချင်း အကျိုးသက်ရောက်မှု ပြစရာအကြောင်း မရှိဘူး။

ပြီးတော့ ဘယ်အိမ်ရှင်ကမှ ဒီလောက်ထိ မအ,ဘူး။ ကိုယ့်အိမ်မှာ ဧည့်သည်ကို ဒုက္ခပေးစရာလား။ အဲဒီလိုလုပ်ရင် သိက္ခာမရှိရာကျသလို၊ ဒီလောက်လည်း အားမနေဘူးလေ။

ပြီးတော့ ဒီကိုလာတဲ့ဧည့်သည်တိုင်းက သူတို့ နိုင်ငံမှာ အထောက်အထားကြီးမားတဲ့သူတွေ၊ အာဏာရှိတဲ့သူတွေချည်းပဲ။ ကုန်းထျန်းဟောက်က ဖိတ်ခေါ်ထားမှတော့ သူတို့ကို ပြစ်မှားစရာ အကြောင်း မရှိဘူး။

အရေးအကြီးဆုံးအချက်က သူတို့ ဒီရောက်ပြီးကတည်းက ဘာမှ မစားရသေးဘူး၊ ရေတစ်ငုံတောင် မသောက်ရသေးဘူး။ သူတို့ အိမ်ရှင်ကို အပြစ်တင်ချင်ရင်တောင် အကြောင်းပြချက် မရှိဘူး။

ထို့ကြောင့် အဖော်ဖြစ်သူလည်း သံသယကို ထုတ်မပြောရဲဘဲ အိမ်ရှင်ကို ပြစ်မှားမိမည် စိုးရိမ်နေသည်။

"သောက်ကျိုးနည်း... ဒါ ဘာဖြစ်နေတာလဲ" ဆက်တိုက်ဖြစ်ပွားနေသော မတော်တဆမှုများကြောင့် နှိပ်စက်ခံနေရသော မားကွစ် ရဲ့စ်ဟမ်းသည် ရူးမတတ်ဖြစ်နေသည်။

အဖော်ဖြစ်သူက သတိထားပြီး မေးလိုက်သည်။

"သခင်ကြီး... ဆရာဝန် ခေါ်ပြမလား" ခဏနေ ဝမ်းချုပ်လိုက်၊ ခဏနေ ဝမ်းလျောလိုက်ဖြစ်နေတာ တကယ်ခံရခက်တယ်။ ရေသီးတာကတော့ မတော်တဆမှုလို့ပဲ သတ်မှတ်ရမှာပေါ့။ သူတို့က ဒါ လူတစ်ယောက်ယောက် ဒုက္ခပေးနေတာလို့ ဘယ်လိုမှတွေးမိမှာမဟုတ်ဘူး။

ဒါပေမဲ့ ဒီလိုရောဂါမျိုးနဲ့ ဆရာဝန်ပြရတာကလည်း ရှက်စရာကောင်းတယ်လေ။

မားကွစ် ရဲ့စ်ဟမ်း လက်ကာပြပြီး ပြောလိုက်သည်။

"မလိုဘူး" ကမ္ဘာ့အထက်တန်းလွှာတွေ ရှေ့မှာ သူ ဒီလို အရှက်မကွဲခံနိုင်ဘူး၊ အလှောင်ခံရမှာ ကြောက်တယ်။ ဘာပဲပြောပြော ဒီပါတီပွဲ လာတက်တဲ့ လူတိုင်းရဲ့ အထောက်အထားက သူ့ထက် မနိမ့်ဘူး။ ပြီးတော့ ဒီလူတွေထဲမှာ တချို့က စီးပွားရေးမိတ်ဆွေတွေဖြစ်ပေမဲ့ တချို့ကတော့ ရန်သူတွေလေ။

သူက ရန်သူတွေလှောင်ပြောင်တာ မခံချင်ဘူး။

သခင်ဖြစ်သူက ဆရာဝန်မခေါ်ဘူးပြောမှတော့ အဖော်ဖြစ်သူလည်း ဘာမှ ဆက်မပြောရဲတော့ပေ။ သို့သော် ပတ်ဝန်းကျင်ကို ပိုသတိထားကြည့်ရှုနေပြီး အထူးသဖြင့် သခင်၏ စားသောက်မှုများကို ဂရုစိုက်နေသည်။

သို့သော် မားကွစ် ရဲ့စ်ဟမ်းသည် အိမ်သာမှ ထွက်လာပြီး မကြာမီမှာပင် မျက်နှာနီရဲလျက် အိမ်သာသို့ ပြန်ပြေးသွားရပြန်သည်။

သက်တော်စောင့် နှစ်ဦးသည် တံခါးဝ ဘေးနှစ်ဖက်တွင်စောင့်ကြပ်နေပြီး အဖော်ဖြစ်သူက စိုးရိမ်တကြီး မေးလိုက်သည်။

"သခင်ကြီး... အဆင်ပြေရဲ့လား။ ဆရာဝန် ခေါ်ပြလိုက်ပါတော့လား။ ဒီအတိုင်း ဆက်သွားရင် မဖြစ်ဘူးလေ။ ဝမ်းလျောတာက လူကို အပင်ပန်းဆုံးပဲ၊ တော်ကြာ အားပြတ်ပြီး လဲကျသွားရင် ဒုက္ခ"

ရဲ့စ်ဟမ်း ကြားလိုက်ရသောအခါ အားတင်းထားရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်နှာ ပျက်သွားပြီး ပြောလိုက်သည်။

"မြန်မြန်... ငါ့ကို ပြန်တွဲပို့၊ လာပြန်ပြီ"

သို့သော် ဤတစ်ကြိမ်တွင်မူ အိမ်သာခွက်ပေါ် မထိုင်ရသေးခင်မှာပင် အဖော်ဖြစ်သူသည် အနံ့တစ်ခု ရလိုက်သည်။ ထိုအနံ့က ဘာလဲဆိုတာ ပြောစရာမလိုတော့ပေ။

ဂုဏ်သိက္ခာကို အလေးထားသူဖြစ်သော်လည်း ယခုအချိန်တွင် ရဲ့စ်ဟမ်းသည် ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် မျက်နှာနီရဲလျက် အဖော်ဖြစ်သူကို တိုးတိုးလေး အော်ဟစ်လိုက်သည်။

"ဘာ ကြောင်ကြည့်နေတာလဲ၊ ငါ့အတွက် ဘောင်းဘီတစ်ထည် သွားရှာပေးစမ်း"

တကယ် အရှက်ကွဲတာပဲ။

ကံကောင်းသည်မှာ သူတို့ လူအနည်းငယ်သာ သိရှိခြင်း ဖြစ်သည်။

အဖော်ဖြစ်သူက ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်သည်။

"သခင်ကြီး... ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"

ပြောပြောဆိုဆိုနှင့် ထွက်သွားပြီး ဘောင်းဘီတစ်ထည် သွားရှာရန် ပြင်လိုက်သည်။

သို့သော် သခင်ဖြစ်သူ၏ ဘောင်းဘီသည် တန်ဖိုးကြီး အထူးချုပ် ဘောင်းဘီဖြစ်ပြီး ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသောအင်္ကျီနှင့် တစ်ဆက်တည်း တွဲဖက်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ဘောင်းဘီလဲမည်ဆိုပါက အင်္ကျီပါ တစ်ပါတည်းလဲမှရမည်။ မဟုတ်ပါက ကြည့်လိုက်သည်နှင့် မလိုက်ဖက်မှန်းသိသာနေမည်ဖြစ်ပြီး အရှက်ကွဲစရာဖြစ်လိမ့်မည်။

ထို့အပြင် ဘောင်းဘီရှာရာတွင် မားကွစ်၏ အထောက်အထားအရ သာမန်လူ သို့မဟုတ် အစေခံ တစ်ယောက်၏ အဝတ်အစားဖြစ်၍ မရပေ။ ဒီရဲတိုက်စံအိမ် ပိုင်ရှင်ဆီက အဝတ်အစား တစ်စုံ တောင်းမှရတော့မည်။

အဖော်ဖြစ်သူ ခေါင်းကိုက်နေသည်။ အိမ်သာထဲတွင်ထိုင်နေသော မားကွစ် ရဲ့စ်ဟမ်းသည်လည်း ဤပြဿနာကို တွေးမိပုံရသည်။

သူက အံကြိတ်၍ ပြောလိုက်သည်။

"ကုန်းထျန်းဟောက် ဒီကောင်စုတ်၊ ဘာလို့ ဧည့်သည်တွေကို ရဲတိုက်ထဲမှာ တိုက်ရိုက်မတည်းခိုခိုင်းဘဲ ၁၀ မိုင်လောက် ဝေးတဲ့ ဟိုတယ်မှာ သွားတည်းခိုခိုင်းရတာလဲ"

ရဲတိုက်ထဲမှာမနေရတော့ အဝတ်အစား မရှိဘူးပေါ့။ ပြီးတော့ ဘယ်သူက ပါတီပွဲတက်ဖို့လာရင်းနဲ့ အဝတ်အစားတွေ သယ်လာမှာလဲ။

မားကွစ် ရဲ့စ်ဟမ်း တိုးတိုးလေး ဟောက်လိုက်သည်။

"သွား... ဟိုတယ်ကနေ ငါ့အတွက် အဝတ်အစားတစ်စုံ ချက်ချင်းသွားယူခိုင်းလိုက်"

အဖော်ဖြစ်သူက ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ သခင်ကြီး"

ထို့နောက် အဖော်ဖြစ်သူ စီစဉ်လိုက်သည်။ သို့သော် အဖော်ဖြစ်သူ လက်ပတ်နာရီကို ကြည့်လိုက်သောအခါ မျက်နှာတွင် စိုးရိမ်ပူပန်မှုများပေါ်လာပြီး ပြောလိုက်သည်။

"သခင်ကြီး... အစည်းအဝေး စဖို့ ၁၀ မိနစ်လောက်ပဲ လိုတော့တယ်"

ဟိုတယ်ကနေ အဝတ်အစား သွားယူရင် အနည်းဆုံး နာရီဝက်လောက်ကြာလိမ့်မယ်။

ဘယ်လိုမှ မမီနိုင်ဘူး။ သခင်ကြီးက ညစ်ပတ်နေတဲ့ ဘောင်းဘီကြီးဝတ်ပြီး အစည်းအဝေး သွားတက်လို့လည်း မဖြစ်ဘူး။

"သခင်ကြီး... ဒီလိုလုပ်ပါလား" အဖော်ဖြစ်သူက ပြောလိုက်သည်။ "ကျွန်တော် ဆရာဝန် သွားခေါ်ပေးမယ်၊ ပြီးတော့ အိမ်ရှင်ကို သခင်ကြီးနေမကောင်းလို့ အခန်းထဲမှာ အနားယူနေတယ်လို့ ပြောလိုက်မယ်လေ"

ရဲတိုက်ထဲတွင် အိမ်ရှင်က ဧည့်သည်တစ်ယောက်ချင်းစီအတွက် အနားယူစရာအခန်း စီစဉ်ပေးထားသည်။

မားကွစ် ရဲ့စ်ဟမ်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... သွားစီစဉ်လိုက်"

အစည်းအဝေးမှာ အရှက်ကွဲပြီး အလှောင်ခံရတာထက် နေမကောင်းတာက ပိုသင့်တော်တယ်။

ဒါပေမဲ့ အခု ဘယ်လိုအပြင်ထွက်မလဲ။

ဘောင်းဘီက ညစ်ပတ်နေပြီ။ အခန်းပြန်မယ်ဆိုရင်တောင် လမ်းမှာ လူတွေ အများကြီးရှိနေတာ။ လူတွေ အနားကပ်လာတာနဲ့ အနံ့ရသွားလိမ့်မယ်။

ရဲ့စ်ဟမ်းသည် အဖော်ဖြစ်သူ၏ ဘောင်းဘီကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

"မင်းဘောင်းဘီ ချွတ်ပေးလိုက်"

ဘာပဲဖြစ်ဖြစ် အရောင်တူ အနက်ရောင်ပဲ၊ အတွင်းသိမဟုတ်ရင် သိပ်သတိထားမိမှာ မဟုတ်ဘူး။

အဖော်ဖြစ်သူ "..."

သခင်ကြီး အမိန့်ပေးမှတော့ မတတ်သာဘဲ မျက်နှာငယ်ဖြင့် ကိုယ့်ဘောင်းဘီ ကိုယ်ချွတ်ပြီး သခင်ကြီးကို ပေးလိုက်ရသည်။

သူတို့ ပြန်ထွက်လာသောအခါ မားကွစ် ရဲ့စ်ဟမ်းသည် အဖော်ဖြစ်သူ၏တွဲကူမှုဖြင့် အခန်းသို့ ပြန်သွားသည်။ သို့သော် နောက်မှ သက်တော်စောင့်တစ်ဦး၏ဘောင်းဘီ ရုတ်တရက် ပျောက်ဆုံးသွားသည်။

မှန်ပါသည်... ဘောင်းဘီ မဝတ်ထားသော သက်တော်စောင့်သည် ယခု သခင်နောက်သို့ မလိုက်နိုင်တော့ဘဲ ဘောင်းဘီရှာနေရသည်။

သူတို့က သက်တော်စောင့်တွေဆိုတော့ ဘောင်းဘီရှာရတာ လွယ်ကူပါတယ်။

"ဟားဟား... ရဲ့စ်၊ မင်း ဘာဖြစ်တာလဲ။ မျက်နှာလည်း ဖြူဖပ်ဖြူရော်နဲ့၊ နေမကောင်းဘူးလား"

တိုက်တိုက်ဆိုင်ဆိုင် သူတို့ ထွက်လာတာနဲ့ ရန်သူတော်ကြီးနဲ့ တိုးလေရော။

"ကြည့်စမ်းပါဦး... အားနည်းနေတဲ့ ပုံစံလေးကို။ သိတဲ့လူက နေမကောင်းဘူး ထင်မှာ၊ မသိတဲ့လူက မင်း မိန်းမတွေနဲ့ ပျော်ပါးလွန်းလို့ အားပြတ်နေတယ် ထင်ဦးမယ်။ ဟားဟား... နောက်တာပါ၊ မင်း စိတ်မရှိပါဘူးနော်" လိုက်ဘရက်က ရယ်မောရင်း ပြောလိုက်သည်။ ဒီအပြုံးက ဘယ်လိုကြည့်ကြည့် ဟန်ဆောင်နေမှန်း သိသာတယ်။

မားကွစ် ရဲ့စ်ဟမ်း မျက်နှာထား မကောင်းသော်လည်း ရန်သူရှေ့တွင် အားနည်းကြောင်း မပြချင်သဖြင့် ပြုံးလျက်ပင်ပြန်ပြောလိုက်သည်။

"ကျေးဇူးပါပဲ လိုက်၊ ငါ အခု နေသိပ်မကောင်းလို့ အခန်းပြန်ပြီး နားလိုက်ဦးမယ်၊ သွားတော့မယ်"

သူ အခု လိုက်ကို အလှောင်မခံချင်ဘူး၊ ဒါပေမဲ့တွေ့နေပြီဆိုတော့လည်း ရင်ဆိုင်ရတာပေါ့။

လိုက်က ခေါင်းညိတ်လိုက်သည်။

"ဪ... နေမကောင်းဘူးလား။ ဒါဆို အခန်းပြန်နားသင့်တာပေါ့။ ဒါပေမဲ့ ငါတို့ အစည်းအဝေး စတော့မယ်၊ မင်း မတက်တော့ဘူးလား"

ရဲ့စ်ဟမ်း ပြန်မဖြေပေ။

လိုက်က စိတ်ဝင်တစား မေးလိုက်သည်။

"ရဲ့စ်... မင်း ဝမ်းလျောနေတာ မဟုတ်လား။ စောစောက မင်း အိမ်သာလိုက်ရှာနေတာ ငါ ကြားလိုက်တယ်၊ အခုမှ ပြန်ထွက်လာတာလား။ ကျွတ် ကျွတ်... တော်တော် ဆိုးဆိုးရွားရွား ဝမ်းလျောနေတာလား"

ရဲ့စ်ဟမ်း "..." ဒီကောင်စုတ်... လက်သီးနဲ့ တစ်ချက်လောက် ထိုးပစ်ချင်လိုက်တာ။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၂၀ ။ တစ်ချက်တည်းနှင့် နာမည်ကြီးသွားမည့် ဧည့်ခံပွဲ (အပိုင်း ၂)

ရဲ့စ်ဟမ်း မည်မျှပင် အရှက်ကွဲနေပါစေ၊ ကုန်းထျန်းဟောက်သည် ဧည့်သည်များကို လက်ခံတွေ့ဆုံပြီးနောက် အချိန်ကိုကြည့်လိုက်သည်။ ဧည့်သည်များ အနားယူပြီးလောက်ပြီဟု ထင်ရသောအခါ အစည်းအဝေးခန်းမသို့ သွားလိုက်သည်။

ဤအစည်းအဝေးခန်းမသည် အလွန်ကြီးမားပြီး စားပွဲဝိုင်းပုံစံပြုလုပ်ထားကာ အဝိုင်းများစွာဖြင့် လူရာပေါင်းများစွာ ဝင်ဆံ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ဧည့်သည် ၁၂၀ ခန့်ကိုသာ ဖိတ်ကြားခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သူများရှိသဖြင့် စုစုပေါင်း ၁၀၈ ဦး ရောက်ရှိလာသည်။

ကုန်းထျန်းဟောက်က အမိန့်ပေးထားသည်မှာ ဧည့်သည်များကို ရဲတိုက်စံအိမ်ရှိ အကောင်းဆုံး ပစ္စည်းများဖြင့် ဧည့်ခံရန်ဖြစ်သည်။ ရေတစ်ခွက်ဆိုလျှင်ပင် အကောင်းဆုံးကို အသုံးပြုရမည်။

ဟဟ... တကယ်တော့ ဒီရေတွေထဲမှာ ရှောင်လင်းယွီက စိတ်ဝိညာဉ်စမ်းရေအနည်းငယ်ထည့်ထားတယ်။ လူတွေကို အားအင်ပြည့်ဝစေဖို့အပြင် အိမ်ရှင်ရဲ့ အကောင်းဆုံးဧည့်ခံမှုကို ခံစားစေဖို့ပါ။

၉ နာရီတိတိတွင် ဧည့်သည်အားလုံးနီးပါး အစည်းအဝေးခန်းမသို့ ရောက်ရှိနေကြပြီဖြစ်သည်။

အာဏာရှိ၊ ငွေရှိသောသူများသည် အချိန်ကို အလွန်လေးစားကြသည်။ တစ်မိနစ်စောရောက်ခြင်း၊ နောက်ကျခြင်း မရှိဘဲ စက္ကန့်နှင့်အမျှ တိကျကြသည်။

ကုန်းထျန်းဟောက်သည် အစည်းအဝေးခန်းမ တစ်ခုလုံးကို ကြည့်လိုက်ရာ နေမကောင်းကြောင်း အကြောင်းကြားထားသော ရဲ့စ်ဟမ်းမှလွဲ၍ ကျန်လူအားလုံး ရောက်ရှိနေကြသည်။

ဤအစည်းအဝေးကို ကုန်းထျန်းဟောက် ဦးဆောင်ကျင်းပခြင်းဖြစ်သဖြင့် သဘာဝကျစွာပင် ကုန်းထျန်းဟောက်က သဘာပတိ လုပ်ဆောင်ရသည်။

မကြာမီ အစည်းအဝေး စတင်တော့သည်။

အပြင်ဘက်တွင်မူ ရှောင်လင်းယွီသည် မစ္စစ်ကုန်းအနေဖြင့် ခင်ပွန်းသည်နှင့်အတူ လိုက်ပါလာသော အထက်တန်းလွှာ အမျိုးသမီးများကို ဧည့်ခံနေသည်။

ဤအမျိုးသမီးများသည် ကမ္ဘာအနှံ့အပြားမှ လာရောက်ကြသူများဖြစ်သဖြင့် ဘာသာစကား ကွဲပြားကြသည်။ သဘာဝကျစွာပင် ဘာသာပြန်များ ခေါ်ဆောင်လာကြသည်။

သို့သော် အင်္ဂလိပ်စာသည် ကမ္ဘာသုံး ဘာသာစကားဖြစ်သဖြင့် လေ့ကျင့်သင်ကြားထားသော အထက်တန်းလွှာ အမျိုးသမီးများအနေဖြင့် အနည်းဆုံး နားလည်နိုင်စွမ်းရှိကြသည်။

ရှောင်လင်းယွီသည် အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်သဖြင့် ဤအမျိုးသမီးများနှင့် ဆက်သွယ်ရာတွင် အခက်အခဲမရှိသည့်အပြင် ပျော်ရွှင်စွာပြောဆိုနေကြသည်။

ရှောင်လင်းယွီသည် ဉာဏ်ရည်ထက်မြက်ပြီး စကားကြွယ်ဝကာ ရယ်စရာမောစရာများ ပြောတတ်သဖြင့် အထက်တန်းလွှာ အမျိုးသမီးများကို ရယ်မောပျော်ရွှင်စေသည်။

ကလေးနှစ်ယောက်ပင်လျှင် သူတို့နှင့် အခက်အခဲမရှိ ပြောဆိုဆက်ဆံနိုင်သည်။

ရှောင်လဲ့ထုန်သည် ဉာဏ်ကောင်း၊ သိတတ်ပြီး ပါးစပ်ကလည်း ချိုသဖြင့် အမျိုးသမီးများကို သဘောကျစေသည်။

"အို... ဘုရားရေ၊ မစ္စစ်ကုန်း... ရှင်တို့ရဲ့ ကလေးနှစ်ယောက်က တကယ်ဉာဏ်ကောင်းပြီး ချစ်စရာကောင်းတာပဲ" လှပချစ်စရာကောင်းသော ကလေးများကို မြင်လျှင် မည်သူမဆို သဘောကျတတ်ကြသည်။

"မစ္စစ်ကုန်း... ကလေးနှစ်ယောက်က အသက် ဘယ်လောက်ရှိပြီလဲ"

"အန်တီတို့... သားတို့ ညီအစ်ကိုနှစ်ယောက် အသက် လေးနှစ်ပြည့်တော့မယ်" ရှောင်လဲ့ထုန်က ပြုံး၍ ဖြေလိုက်သည်။

"ဘုရားရေ... လေးနှစ်ပဲ ရှိသေးတာလား" အမျိုးသမီးများသည် ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးများကဲ့သို့ ထွားကြိုင်းသော ကလေးများကိုကြည့်ပြီး အံ့သြသွားကြသည်။ "အန်တီတို့က ၇ နှစ်၊ ၈ နှစ်လောက်ရှိပြီထင်နေတာ" ဒီကလေးနှစ်ယောက်က တကယ်ကြီးထွားနှုန်းကောင်းတာပဲ။ လေးနှစ်သားနဲ့ ဒီလောက်အရပ်ရှည်ပြီး သန်မာနေတာ၊ ပြီးတော့ ချောမောခန့်ညားပြီး ချစ်စရာကောင်းနေသေးတယ်။

"မစ္စစ်ကုန်း... ဒီကလေးနှစ်ယောက်က ဘာစားပြီး ကြီးပြင်းလာတာလဲ" အမျိုးသမီး တစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "နွားနို့ အများကြီး သောက်လို့လား"

ရှောင်လင်းယွီ ပြန်မဖြေခင် ရှောင်လဲ့ထုန်က ပြုံး၍ ပြောလိုက်သည်။

"မဟုတ်ပါဘူး အန်တီ... သားတို့ ညီအစ်ကိုနှစ်ယောက်က အိမ်မှာ စိုက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စားပြီး ဒီလောက် ကြီးလာတာပါ"

"ဪ... ကိုယ်တိုင်စိုက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စားတာလား" အမျိုးသမီးများ သိသာထင်ရှားစွာပင် မယုံကြည်ကြပေ။

အရှေ့တိုင်းသားများသည် ဟင်းသီးဟင်းရွက် စားရသည်ကို ကြိုက်နှစ်သက်ကြောင်း၊ အနောက်တိုင်းသားများကဲ့သို့ အသားငါး မကြိုက်ကြောင်း သူတို့ သိထားကြသည်။ သူတို့ အမြင်တွင် ဟင်းသီးဟင်းရွက်များသည် အာဟာရမရှိဟု ထင်မြင်ကြသည်။ သို့မဟုတ်ပါက အနောက်တိုင်းသားများက အရပ်ရှည်ပြီး သန်မာကြကာ အရှေ့တိုင်းသားများက သေးငယ်ကြသည်မှာ အဘယ်ကြောင့်နည်း။

သူတို့ မယုံကြည်ကြောင်းသိသဖြင့် ရှောင်လဲ့ထုန် ဆက်မရှင်းပြတော့ဘဲ လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

"အန်တီတို့... ဒီထဲမှာ လျှို့ဝှက်ချက်ရှိတယ်နော်။ ခဏနေရင် သိရလိမ့်မယ်"

အမျိုးသမီးများသည် ရှောင်လဲ့ထုန် ရုတ်တရက် လျှို့ဝှက်နေသည်ကိုကြည့်ပြီး သိချင်စိတ်များ ဖြစ်ပေါ်လာကြသည်။ သူတို့ ပြောလိုက်ကြသည်။

"ဪ... လျှို့ဝှက်ချက်လား။ ဒါဆို အန်တီတို့ စောင့်နေမယ်နော်"

သူတို့သည် ရှောင်လင်းယွီနှင့် ကလေးနှစ်ယောက်တို့နှင့် ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်။

ရှောင်လင်းယွီသည် ကလေးနှစ်ယောက်နှင့်အတူ အမျိုးသမီးများကို ရဲတိုက်စံအိမ်အတွင်း လိုက်လံပြသပြီး ရှုခင်းများနှင့် ထူးခြားချက်များကို ရှင်းပြနေသည်။

တစ်ခါတစ်ရံ လမ်းလျှောက်သည်၊ တစ်ခါတစ်ရံ ဓာတ်ရထားစီးပြီး ကြည့်ရှုကြသည်။

ရေကန်ဘေးရောက်သောအခါ ရှောင်လင်းယွီက ပြုံး၍ ပြောလိုက်သည်။

"ကဲ... အားလုံး ပင်ပန်းနေကြပြီမလား။ ဒီမှာ ခဏနားပြီး သစ်သီးစား၊ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်သောက်ရင်း ရေကန်ရှုခင်းကို ခံစားကြရအောင်"

အမျိုးသမီးများသည်လည်း လမ်းလျှောက်ရသည်မှာ ပင်ပန်းနေပြီဖြစ်ရာ ရှောင်လင်းယွီ၏ အကြံပြုချက်ကို သဘောတူလိုက်ကြသည်။

ရေကန်ဘေးတွင် အိမ်ဖော်များက နေကာထီးများနှင့် စားပွဲဝိုင်းငယ်များကို ကြိုတင်ပြင်ဆင်ထားကြသည်။

ရှောင်လင်းယွီနှင့် အမျိုးသမီးများ ထိုင်လိုက်သည်နှင့် အိမ်ဖော်များက ဆေးကြောထားသော သစ်သီးများကို လာချပေးသည်။ သစ်သီးမျိုးစုံ ပါဝင်သည်။

ထို့နောက် အမျိုးသမီးများ၏ ကြိုက်နှစ်သက်မှုအတိုင်း ကော်ဖီ သို့မဟုတ် လက်ဖက်ရည် လာချပေးသည်။

အမျိုးသမီးများသည် လတ်ဆတ်စိုပြည်ပြီး ချစ်စရာကောင်းသော သစ်သီးများကိုကြည့်ရင်း၊ မွှေးပျံ့သော ရနံ့များကို ရှူရှိုက်ရင်း စိတ်ဓာတ်များ တက်ကြွလန်းဆန်းလာသည်ဟု ခံစားလိုက်ရသည်။

"အို... မစ္စစ်ကုန်း၊ ဒီသစ်သီးတွေက လတ်ဆတ်ပြီး မွှေးကြိုင်နေတာပဲ၊ စားလို့ကောင်းမှာ သေချာတယ်" အမျိုးသမီး တစ်ဦးက ပြောလိုက်သည်။

"ဘုရားရေ... ဒါ ဘာလက်ဖက်ရည်လဲ၊ ဘာလို့ ဒီလောက် သောက်လို့ကောင်းရတာလဲ" အမျိုးသမီး တစ်ဦးက မျက်လုံးများ ပြူးကျယ်လျက် မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "အို... ဒါ ကျွန်မ သောက်ဖူးသမျှ အကောင်းဆုံး ဟွာရှလက်ဖက်ရည်ပဲ။ အင်း... တကယ့်ကို အရသာ ရှိလိုက်တာ"

အမျိုးသမီးတစ်ဦးသည် ရေငတ်နေသဖြင့် ထိုင်လိုက်သည်နှင့် လက်ဖက်ရည်ကို မြည်းစမ်းကြည့်ရာ အံ့သြမှင်သက်သွားခဲ့သည်။

သူမ တစ်သက်တာတွင် ဒီလောက်သောက်လို့ကောင်းသော ဟွာရှလက်ဖက်ရည်မျိုး တစ်ခါမှ မသောက်ဖူးကြောင်း ကျိန်ဆိုရဲသည်။ မွှေးပျံ့သော ရနံ့သည် နှလုံးသားထဲထိ စိမ့်ဝင်သွားပြီး ပါးစပ်ထဲ ဝင်လိုက်သည်နှင့် လည်ချောင်းမှတဆင့် ပါးစပ်တစ်ခုလုံး မွှေးပျံ့သွားသည်။

ထို့အပြင် လက်ဖက်ရည်သောက်ပြီးနောက် ထိုင်းမှိုင်းနေသော ဦးနှောက်သည် ချက်ချင်း ကြည်လင်လာပြီး စိတ်ဓာတ်များလည်း တက်ကြွလာကြောင်း ခံစားလိုက်ရသည်။

ဒါက လက်ဖက်ရည် မဟုတ်ဘူး၊ နတ်ဆေးပဲ။

အမျိုးသမီးသည် တစ်ခွက်လုံးကုန်အောင်သောက်လိုက်ရာ အိမ်ဖော်က ချက်ချင်း ထပ်ဖြည့်ပေးလိုက်သည်။ ထို့နောက် အခြားအမျိုးသမီးများ အံ့သြတကြီးကြည့်နေစဉ်မှာပင် နောက်ထပ်တစ်ခွက် ထပ်သောက်လိုက်ပြန်သည်။

တစ်ခွက်ပြီးတစ်ခွက်သောက်နေပုံမှာ အထက်တန်းလွှာ အမျိုးသမီးတစ်ဦး၏ ကျက်သရေနှင့် သိက္ခာ လုံးဝမရှိတော့ပေ။

လေးခွက်ဆက်တိုက် သောက်ပြီး ခွက်ချလိုက်မှသာ ဘေးပတ်ဝန်းကျင်ရှိ အခြားအမျိုးသမီးများ၏ ထူးဆန်းသော အကြည့်များကို သတိထားမိလိုက်သည်။

သူမ မျက်နှာရဲသွားပြီး နှုတ်ခမ်းကို ပဝါဖြင့်သုတ်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။

"အင်း... ကျွန်မ ရေငတ်နေလို့ပါ၊ ပြီးတော့ လက်ဖက်ရည်က အရမ်းသောက်လို့ကောင်းတော့ မနေနိုင်ဘဲ ပိုသောက်မိသွားတယ်" စိတ်ထဲတွင်မူ တွေးနေသည်။ "တကယ် ရှက်စရာကောင်းလိုက်တာ။ ဒါပေမဲ့ ငါ့ကို အပြစ်တင်လို့ မရဘူးလေ၊ ဆွဲဆောင်မှုက အရမ်းများလွန်းတာကိုး"

"ခစ်..." အမျိုးသမီး တစ်ဦး ရယ်မောလိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။ "မစ္စစ်စမစ်... ဒီလက်ဖက်ရည်က တကယ်ပဲ ဒီလောက်သောက်လို့ကောင်းလား"

မစ္စစ်စမစ်က ခေါင်းညိတ်လိုက်သည်။

"အင်း... သောက်လို့ကောင်းတယ်။ မယုံရင် ရှင်တို့ကိုယ်တိုင် မြည်းကြည့်ပါလား၊ ကျွန်မ မလိမ်ပါဘူး"

အမျိုးသမီး အချို့သည် အရှေ့တိုင်း ဟွာရှ လက်ဖက်ရည်ကို မကြိုက်ကြဘဲ အနောက်တိုင်း ကော်ဖီကို ပိုနှစ်သက်ကြသည်။

ဟွာရှလက်ဖက်ရည်သည် ခါးသက်ပြီး ဗိုက်ထဲရောက်သည်အထိ ခါးသည်ဟု ထင်မြင်ကြသည်။ ကော်ဖီကဲ့သို့ ပါးစပ်ထဲတွင် ခါးသော်လည်း ဗိုက်ထဲရောက်လျှင် မွှေးပျံ့သော အရသာမရှိဟု ထင်ကြသည်။

သို့သော် မစ္စစ်စမစ်၏စကားကိုကြားပြီးနောက် ကော်ဖီမှာထားသော အမျိုးသမီး ၅၊ ၆ ယောက်ခန့်သည် လက်ဖက်ရည် မြည်းစမ်းကြည့်ချင်လာကြသည်။ သို့သော် ပြောရန်ဝန်လေးနေကြသည်။

ရှောင်လင်းယွီသည် မျက်စိလျင်သူဖြစ်သဖြင့် အိမ်ဖော်ကို ချက်ချင်း မှာကြားလိုက်သည်။

"အမျိုးသမီးတစ်ယောက်စီကို လက်ဖက်ရည်တစ်ခွက်စီ ချပေးလိုက်ပါ၊ ဟွာရှလက်ဖက်ရည်ကို မြည်းစမ်းကြည့်စေချင်လို့ပါ"

အိမ်ရှင်၏ဝတ္တရားကျေပွန်သလို ဧည့်သည်များ၏အခက်အခဲကိုလည်း ဖြေရှင်းပေးလိုက်သည်။

နောက်ပိုင်းတွင် လက်ဖက်ရည် သောက်ချင်လာလျှင် ပြောရခက်မနေစေရန်ဖြစ်သည်။

အိမ်ဖော်နှစ်ဦးသည် ကော်ဖီမှာထားသော အမျိုးသမီးများရှေ့တွင် လက်ဖက်ရည်တစ်ခွက်စီ လာချပေးသည်။

ရှောင်လင်းယွီ ရှေ့တွင်မူ လက်ဖက်ရည် တစ်ခွက်ရှိပြီးသားဖြစ်သည်။ သူမ ခွက်ကို မလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"အားလုံးပဲ... ဒါက ဟွာရှက ယူလာတဲ့ ဟွာရှလက်ဖက်ရည်ပါ။ အရသာ ဘယ်လိုရှိလဲ မြည်းစမ်းကြည့်ကြပါဦး။ စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဟွာရှဓလေ့ထုံးစံအရ ကျွန်မ လက်ဖက်ရည်နဲ့ အစားထိုးပြီး အရင်သောက်ပြပါမယ်"

ပြောပြောဆိုဆိုနှင့် သူမ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။

ထို့နောက် အခြား အမျိုးသမီးများလည်း လိုက်သောက်ကြသည်။

"အို... ဘုရားရေ၊ ဒီလက်ဖက်ရည်က သောက်လို့ကောင်းလိုက်တာ"

"မသောက်ရသေးခင် စားပွဲပေါ် တင်ထားတာနဲ့တင် မွှေးပျံ့တဲ့ ရနံ့တွေ ထွက်နေတာ၊ ဗိုက်ထဲကသန်ကောင်တွေ ထွက်လာမတတ်ပဲ"

"မြည်းစမ်းကြည့်လိုက်တော့ ကျွန်မလည်း မစ္စစ်စမစ်လိုပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ထပ်သောက်ချင်လာပြီ"

...

မမြည်းစမ်းခင်က ဘာမှမဖြစ်သော်လည်း မြည်းစမ်းကြည့်လိုက်သောအခါ အခြေအနေများ လှုပ်ရှားသွားပြီး မယုံကြည်နိုင်ဖြစ်သွားကြသည်။ သူတို့သည် ဤလက်ဖက်ရည်ကို နှစ်သက်သွားကြသည်။ ဘေးနားရှိ သူတို့ ကြိုက်နှစ်သက်သော ကော်ဖီကို မေ့သွားကြပြီ ဖြစ်သည်။

"မစ္စစ်ကုန်း... ဒါ တကယ် အံ့သြစရာကောင်းတာပဲ" အမျိုးသမီး တစ်ဦးက အံ့သြစွာ မေးလိုက်သည်။ "ဒါ ဟွာရှ လက်ဖက်ရည်လား။ ဘာလို့ ကျွန်မ အရင်ကသောက်ဖူးတဲ့ ဟွာရှလက်ဖက်ရည်နဲ့ မတူရတာလဲ"

ရှောင်လင်းယွီက ပြုံး၍ ရှင်းပြလိုက်သည်။

"ဒါ ဟွာရှလက်ဖက်ရည်ပါ။ ဒါပေမဲ့ အခု ရှင်တို့ သောက်နေတဲ့ လက်ဖက်ရည်က ကျွန်မ ကိုယ်ပိုင်စိုက်ခင်းက ထွက်တာပါ"

"ဪ... မစ္စစ်ကုန်း၊ ဆိုလိုတာက ဒီလက်ဖက်ခြောက်တွေက ရှင်ကိုယ်တိုင်စိုက်တာပေါ့"

"ဟုတ်ပါတယ်" ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ကျွန်မက အထူးသိပ္ပံနည်းပညာတွေ သုံးပြီး စိုက်ပျိုးထားတာမို့လို့ သာမန်လက်ဖက်ခြောက်တွေနဲ့ အရသာမတူတာပါ"

ဤနေရာသို့ ရောက်သောအခါ ရှောင်လင်းယွီ ခနရပ်လိုက်ပြီး စားပွဲပေါ်ရှိ သစ်သီးများကို ညွှန်ပြကာ ပြုံး၍ ဆက်ပြောသည်။

"ဒီသစ်သီးတွေကလည်း ကျွန်မရဲ့ ကိုယ်ပိုင်စိုက်ခင်းက ထွက်တာတွေပါပဲ၊ အရသာက အပြင်က ဟာတွေနဲ့ မတူဘူးနော်။ အားလုံးပဲ မြည်းစမ်းကြည့်ကြပါဦး"

အမျိုးသမီး တစ်ဦးက ပြုံး၍ ပြောလိုက်သည်။

"မစ္စစ်ကုန်း... ရှင် မပြောရင်တောင် ဒီသစ်သီးတွေက အပြင်က သစ်သီးတွေနဲ့ မတူဘူးလို့ ကျွန်မတို့ ခံစားမိနေတာ။ ကြည့်ပါဦး... ဒီသစ်သီးတွေက ကျွန်မတို့ ပုံမှန်စားနေကျ သစ်သီးတွေထက် ပိုလတ်ဆတ်ပြီး ကြည့်လို့ကောင်းနေတယ်။ အရေးအကြီးဆုံးက ကျွန်မတို့ မစားရသေးခင်မှာပဲ မွှေးပျံ့တဲ့ ရနံ့တွေ ထွက်ပေါ်နေပြီး ကျွန်မတို့ကို ဆွဲဆောင်နေတာ" ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး မစ္စစ်စမစ်ကို ကြည့်ကာ ပြုံး၍ ဆက်ပြောသည်။ "မစ္စစ်စမစ် လက်ဖက်ရည်သောက်တာကို စိတ်မဝင်စားမိရင် ကျွန်မတို့ သစ်သီး အရင်စားမိလောက်ပြီ"

သူမ စကားဆုံးသည်နှင့် ရယ်သံများ ထွက်ပေါ်လာပြီး အားလုံးက ထောက်ခံကြသည်။

"ဟုတ်တယ်၊ ဟုတ်တယ်... ကျွန်မက အရင်ဆုံး သစ်သီး စားမလို့ လုပ်နေတာ။ မစ္စစ်စမစ် လက်ဖက်ရည် သောက်နေတဲ့ပုံစံကြောင့် ကြောင်သွားတာ"

"ပြီးတော့ ကျွန်မတို့ကိုယ်တိုင် လက်ဖက်ရည် သောက်တဲ့ပုံစံကြောင့် ကိုယ်တိုင် ပြန်ကြောင်သွားတာ"

ဝေဖန်ခံရသော မစ္စစ်စမစ်သည် မျက်နှာများ နီရဲနေပြီး ရှက်ရွံ့နေသည်။

ထို့နောက်...

"ဟာ... ဒါ စပျစ်သီးလား။ ဘာလို့ ဒီလောက် စားလို့ကောင်းရတာလဲ" သစ်သီး စားမိသည်နှင့် တစ်ယောက်က အာမေဋိတ်သံ ပြုလိုက်သည်။

"ဟာ... ဒီပန်းသီးက ပိုတောင် စားလို့ကောင်းသေးတယ်"

"ဖရဲသီးလည်း ပါတယ်။"

"ဘုရားရေ... ဒါတွေက သစ်သီးတွေလား။ ဒါတွေက သစ်သီးတွေဆိုရင် အရင်တုန်းက ကျွန်မတို့ စားခဲ့တဲ့ သစ်သီးတွေက ဘာတွေလဲ။ ဒါတွေနဲ့ ယှဉ်လိုက်ရင် ဟိုဟာတွေက အရသာမရှိသလိုပဲ"

...

အမျိုးသမီးများ သစ်သီး စားမိသည်နှင့် မရပ်တန့်နိုင်တော့ပေ။

***

All Chapters