← Chapters

အခန်း (၁၀၅)

Vol. 11 Ch. 105

အခန်း (၁၀၅)

Vol. 11 Ch. 105

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဝမ်ချွမ်းလှေကို ရရှိထားတာကတင် ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးကြီးလို့ ဆိုလို့ရနေပြီဟာကို"

"ကောင်းကင်တာအိုက ရွေးချယ်ထားတဲ့ ကံတရားသားတော်တွေ...ကောင်းကင်အလိုကျသမီးတော်တွေတောင် ဒီလို ဒဏ္ဍာရီလာ ဆက်ခံမှုမျိုးကို ရဖို့ အရည်အချင်း မပြည့်မီကြဘူး"

"ဒါပေမဲ့ အခုတော့ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တဲ့ ရှန်လုံတာအိုဆရာသခင်ရဲ့ လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်း ရတနာငါးပါးကပါ ဒီလူ့လက်ထဲမှာ ရှိနေတယ်"

ရှန်လုံတာအိုဆရာသခင် ဆိုသည်မှာ လူမျိုးစုအားလုံး တိုက်ပွဲကြီး မဖြစ်ပွားမီ လူသားမျိုးနွယ် မထွန်းကားသေးခင်အချိန်က ပေါ်ထွက်ခဲ့သော အဆင့် ၉ရှိသည့် အမြင့်မြတ်ဆုံး သူတော်စင် တစ်ပါး ဖြစ်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခွင်၌ ပြိုင်ဘက်ကင်းခဲ့သူ ဖြစ်၏။ သူ၏ လွတ်မြောက်ခြင်း ရတနာငါးပါးမှာ ထိပ်တန်းအဆင့် ဖန်ဆင်းခြင်းအဆင့် နတ်ဘုရားလက်နက်များ ဖြစ်ကြသည်။

သောကအားလုံးကို ဖယ်ရှားပေးသည့် ယပ်တောင်။

ဆင်းရဲဒုက္ခအားလုံးကို ချေဖျက်ပေးသည့် ခေါင်းဆောင်း။

အပြစ်ငရဲအားလုံးကို ပယ်ဖျက်ပေးသည့် ပါကွား ရှစ်ကွက်ပုံစံ။

ဘေးအန္တရာယ်အားလုံးကို ကြံ့ကြံ့ခံနိုင်သည့် ဝတ်ရုံ။

အကြောင်းအကျိုး ကံတရားအားလုံးမှ ကင်းဝေးစေသည့် ဖိနပ်။

ရတနာငါးပါးသည်အဆုံးမဲ့ ဟင်းလင်းပြင်နှင့် မရေမတွက်နိုင်သောကမ္ဘာအမြောက်အမြားကြားတွင်ဟိန်းဟိန်းတောက် ကျော်ကြားခဲ့ပြီး ဤရတနာငါးပါးလုံးကို ဝတ်ဆင်ထားသူသည် ကံတရား ကို မကြောက်ရွံ့ခြင်းနှင့် လွတ်လပ်ပေါ့ပါးခြင်းတို့ကို ရရှိစေသည်။ သို့ဖြစ်ရာ ရတနာငါးမျိုးလုံး စုံလင်သွားပါက လွတ်မြောက်ရာနယ်မြေမှ ရတနာများနှင့်ပင် ယှဉ်နိုင်စွမ်း ရှိပေသည်။

သို့သော် ဒဏ္ဍာရီများအရ ရှန်လုံတာအိုသခင်သည် အဆုံးမဲ့ ဟင်းလင်းပြင်သို့ လှည့်လည်သွားလာစဉ် ပရမ်းပတာ ဟင်းလင်းပြင် အနက်ရှိုင်းဆုံး၌ ဝမ်ချွမ်းလှေ ပျံသန်းသွားသည်ကို မြင်တွေ့သဖြင့် ဝမ်ချွမ်းလှေကို လိုက်လံရှာဖွေရန် ပရမ်းပတာ နယ်မြေထဲသို့ တစ်ဦးတည်း ဝင်ရောက်သွားခဲ့သည်ဟုဆိုသည်။ ဤရတနာငါးပါးမှာလည်း ထိုအချိန်မှစ၍ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

မရေမတွက်နိုင်သော နှစ်ကာလများ ကုန်လွန်သွားပြီး ယနေ့၌ တစ်စုံတစ်ယောက်က ဤရတနာငါးပါးလုံး ဝတ်ဆင်ထားသည်ကို မြင်လိုက်ရမည်ဟု ကျိန်စာနတ်ဘုရားမ မထင်ထားခဲ့ပေ။

သူမ မည်သို့ မအံ့သြဘဲ နေနိုင်ပါ့မည်နည်း။

ဤကိစ္စမှာ သေးငယ်သော ကိစ္စမဟုတ်ပါချေ။

ကျိန်စာနတ်ဘုရားမ၏ စိတ်ထဲတွင် ချက်ချင်း ထွက်ပြေးပြီး မူလခန္ဓာကိုယ်ထံ သတင်းပို့လိုစိတ်ပင် ဖြစ်ပေါ်လာသည်။ စစ်မှန်သော မူလနတ်ဘုရားခန္ဓာကိုယ် ရောက်လာသည်နှင့် ကျုံးရှန် အဆတစ်သောင်း ပိုအစွမ်းထက်နေပါစေ လက်တစ်ဖက်ဖြင့် ဖိချရုံနှင့် သေဆုံးသွားပေလိမ့်မည်။

သို့နှင့်သူမ ဆုံးဖြတ်ချက်ချပြီး ဟင်းလင်းပြင်ကို ခွဲကာ ထွက်ပြေးရန် ပြင်လိုက်ချိန်မှာပင်

"ရွှပ်..."

ကျုံးရှန်သည် သူမ၏ ရှေ့မှောက်သို့ ထပ်မံ ရောက်ရှိလာပြီး လက်ထဲမှ သောကဖယ်ရှားခြင်း ယပ်တောင်ကို ဝေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ကို ဖြတ်တောက်နိုင်သော ဖယ်ရှားခြင်း ကွန်ရက်တစ်ခု ဖြစ်ပေါ်လာပြီး သူမကို ပိတ်လှောင်လိုက်လေသည်။ ထိာ့နောက် မည်သို့ပင် ရုန်းကန်နေပါစေ ထွက်ပြေးနိုင်ခြင်း မရှိတော့ဘဲ သူမ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။

"မင်းက ငါ့ရဲ့ အသိစိတ်ကိုတောင် ဖျက်ဆီးပစ်ဖို့ ကြံနေတာလား"

သူမက ဒေါသတကြီး ဟောက်လိုက်သည်။

ကျုံးရှန်၏ ဦးခေါင်းပေါ်မှ ပါကွားရှစ်ကွက်ပုံစံကို သည် ကွန်ရက်ထဲသို့ ဝင်ရောက်သွားပြီး ကျိန်စာနတ်ဘုရားမ၏ကိုယ်ပွားကို ရိုက်ချလိုက်၏။ သူမ၏ အသိစိတ်ကိုယ်ပွားမှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားရတော့သည်။

"မင်းကို သတ်တော့ရော ဘာဖြစ်လဲ"

"မင်းရဲ့ မူလခန္ဓာကိုယ်ဆီကိုတောင် ငါကိုယ်တိုင်သွားပြီး သင်ခန်းစာ ပေးဦးမှာ"

ကျုံးရှန်၏ စကားအဆုံးတွင် လောကကြီးမှာ တစ်ချက် တုန်ခါသွားသည်။

ထို့နောက် ဆန်းကြယ်နက်နဲလှသော ပုံသဏ္ဌာန်မရှိသည် ကံတရားကြိုးမျှင်တစ်ခုသည် ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာကာ ကျုံးရှန်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ရန် ကြိုးစားလိုက်သည်။ ဤကံတရား၏ အခြားတစ်ဖက်တွင် အလွန် မြင့်မြတ်ပြီး စော်ကား၍မရသော တည်ရှိမှုတစ်ခုနှင့် ချိတ်ဆက်နေ၏။ ထိုတည်ရှိမှု၏ အရှိန်အဝါသည် ယခုသေဆုံးသွားသော ကိုယ်ပွားနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ ထိုကံတရား အရှိန်အဝါ ပေါ်လာသည်နှင့် ကျုံးရှန်၏ ခြေထောက်မှ ကံတရားကင်းဝေးစေသည့် ဖိနပ်သည် တောက်ပသော အလင်းတန်းများ ထုတ်လွှတ်လာကာ ထိုကံတရားကြိုးမျှင်ကို တားဆီးထားလိုက်သည်။ ကံတရားကြိုးမျှင်လေးမှာ အကြိမ်ကြိမ် ရစ်ပတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ပျောက်ကွယ်သွားလေ၏။

ကျုံးရှန်၏ ခွန်အားမှာ နတ်ဘုရားအဆင့်နှင့် ယှဉ်နိုင်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာမူ နိယာမနယ်ပယ် အဆင့် ၂၈ သာ ရှိသေးသည်။ သူတော်စင်အဆင့် ၆ ရောက်မှသာ လောက၏ အကြောင်းအကျိုး ကံတရားများကို ဆင်ခြင်သုံးသပ်နိုင်ပြီး အမျိုးမျိုးသော နက်နဲသည့် ပြောင်းလဲမှုများကို ခံစားနိုင်မည် ဖြစ်သည်။ နဂါးမဲ့နှလုံးသားကျင့်စဉ်တွင် ကမ္ဘာ့မူလဇစ်မြစ်စွမ်းအင်ကို အသုံးပြု၍ စိတ်ဝိညာဉ်ကို ပြန်လည် တည်ဆောက်နိုင်သော လျှို့ဝှက်နတ်ဘုရားစွမ်းရည် တစ်ခုရှိသည်။ ထိုစွမ်းရည်ကို အသုံးပြုပါက နတ်ဘုရားများနှင့် တန်းတူသော စွမ်းအားကြီး စိတ်ဝိညာဉ်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အဆုံးမဲ့ ကမ္ဘာ့မူလဇစ်မြစ်စွမ်းအင်များ လိုအပ်ပေသည်။

နဂါးမဲ့နှလုံးသားကျင့်စဉ်သည် ဖန်ဆင်းခြင်းအဆင့် အခွင့်အရေးများဖြင့် ပြည့်နှက်နေသော ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခု ဖြစ်သည်။ မရေမတွက်နိုင်သော နတ်ဘုရားသန္ဓေမျိုးစေ့များ ၊ ကမ္ဘာငယ်ပေါင်းစုံ၏ မူလဇစ်မြစ်အခြေခံများပါဝင် ပေါင်းစည်းဖွဲ့စည်းခြင်းဖြင့် ဖြစ် ပေါ်လာသောကျင့်စဉ်လည်းဖြစ်၏။ သို့ဖြင့် ဤကျင့်စဥ်ကိုကျင့်ကြံထားပါက အဆုံးမဲ့ ကမ္ဘာ့မူလဇစ်မြစ်များမှတစ်ဆင့် မိမိကိုယ်ကို အချိန်မရွေး အားဖြည့်ပေးနိုင်သည်။

ထိုစွမ်းအားမှာ မည်မျှ ကြီးမားမည်နည်း။

စိတ်ဝိညာဉ်ကရော မည်မျှ သန်မာမည်နည်း။

စကားလုံးဖြင့် ဖော်ပြရန်ပင် မဖြစ်နိုင်ပါချေ။

ကျုံးရှန်သည် ယခုအချိန်ထိ မည်သည့် ကမ္ဘာငယ်ကိုမျှ တိုက်ခိုက်သိမ်းပိုက်ခြင်း မရှိသေးသလို နတ်ဘုရားသန္ဓေမျိုးစေ့ တစ်ခုကိုမျှလည်း မပေါင်းစည်းရသေးချေ။ မရေမတွက်နိုင်သော ငရဲကမ္ဘာများ၊ ပိုင်ရှင်မဲ့ သူတော်စင်နိုင်ငံတော်များ၊ အချိန်နှင့် ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော ကမ္ဘာငယ်များ စသည်ဖြင့် ကုန်ကုန်ပြောရလျှင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် ကဲ့သို့သော အခြေခံကမ္ဘာကြီး၏ မူလဇစ်မြစ်စွမ်းအင်ကိုပင် သူ မယူရသေး။ထို့ကြောင့် လောလောဆယ်တွင် ကမ္ဘာ့မူလအနှစ်သာရ စွမ်းအားကို ရယူရန် သူ့၌နည်းလမ်း မရှိသေးချေ။

.....

ကျိန်စာနတ်ဘုရားမ၏ အသိစိတ်ကိုယ်ပွားမှာ ကျုံးရှန်၏ ခုတ်ပိုင်းမှုကို အဆက်မပြတ် ခံနေရသည်။ သူမသည် ယပ်တောင်ကွန်ရက်ထဲမှ ဖောက်ထွက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ပေ။သံသယနှင့် သောကအားလုံးကို ဖယ်ရှားပေးသော ယပ်တောင် ရှေ့တွင် စိတ်ထဲ၌ သောကရှိသူ မည်သူမဆို လွတ်မြောက်နိုင်ခြင်း မရှိချေ။ ကျိန်စာနတ်ဘုရားမသည် မကောင်းသော စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် နတ်ဘုရားတစ်ပါးဖြစ်သဖြင့် ပို၍ပင်ဆိုးဝါးသွားလေသည်။ သို့နှင့် ကြိမ်ဖန်များစွာလွတ်မြောက်ရန်ကြိုးစားပြီးနောက်ဆုံး၌ သူမ၏ စွမ်းအားအားလုံးဖြတ်တောက်ခြင်း ခံလိုက်ရ၏။ ဒေါသတကြီး အော်ဟစ်နေသော်လည်း ဘာမှ မတတ်နိုင်ချေ။

ကျိန်စာနတ်ဘုရားမ ၏ ပုံရိပ်မှာ ပို၍ ပို၍ မှိန်ဖျော့လာသည်။ သူမ၏ နတ်ဘုရားစိတ်ဆန္ဒ အရှိန်အဝါမှာ အဆက်မပြတ် ကုန်ဆုံးနေ၏။ သာမန် သွေးသားခန္ဓာကိုယ်သာ ဆိုပါက ယခုအချိန်တွင် သွေးများပင် ခန်းခြောက်သွားလောက်ပြီ ဖြစ်သည်။ ဤကျိန်စာနတ်ဘုရားမသည် ခေတ်ကာလပေါင်းများစွာ အသက်ရှင်ခဲ့သူ ဖြစ်ပြီး ရှေးဟောင်း ဧကရာဇ်များ၊ သူတော်စင် ဘုရင်များနှင့် တာအိုအရှင်သခင် အများအပြား သေဆုံးသွားသည်ကိုပင် တွေ့ကြုံခဲ့ရသူ ဖြစ်ရာ သူမ၏ စွမ်းအားမှာ အလွန်ကြောက်စရာကောင်းလှသည်။ သူမ ထုတ်လွှတ်လိုက်သော စိတ်ဆန္ဒအပိုင်းအစ တစ်ခုပင်လျှင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူ၏ စွမ်းအား ရှိနေ၏။ သို့ဆိုလျှင် သူမ၏ မူလခန္ဓာကိုယ်ဆိုလျှင် မည်မျှ အစွမ်းထက်လိုက်မည်နည်း။ တွေးကြည့်ရန်ပင် ခက်ခဲလှသည်။

"ရွှပ်..."

"ရွှပ်..."

ကျုံးရှန်၏ ဖြတ်တောက်ခြင်း ကွန်ရက်မှာ ဟင်းလင်းပြင်ကို ကျုံ့သွားစေပြီး ကျိန်စာနတ်ဘုရားမ၏ ကိုယ်ပွားကို ကပ်လျက် ဖြတ်တောက်နေသည်။ စက္ကန့်တိုင်းမှာပင် သူမကို မရေမတွက်နိုင်အောင် ခုတ်ပိုင်းနေခြင်း ဖြစ်သည်။ ဖြတ်တောက်ခြင်း အလင်းတန်းများအားလုံးမှာ အစွမ်းကုန် သိပ်သည်းနေပြီး လေလွင့်မှု လုံးဝ မရှိချေ။ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကိုလုံးဝ ထိခိုက်ခြင်း မရှိစေဘဲ စွမ်းအားအားလုံးကို သူမ၏ ခန္ဓာကိုယ်ပေါ်သို့သာ စုစည်းထားခြင်း ဖြစ်သည်။

ကျိန်စာနတ်ဘုရားမ၏ ခန္ဓာကိုယ်မှအလွန်ပင် သန့်စင်လှသော နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤအလင်း‌ရောင်များသည် နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ထဲတွင် သန့်စင်ပြီးသား ဖြစ်သော အသန့်ရှင်းဆုံး နတ်ဘုရားအလင်းရောင်များ ဖြစ်သည်။ မည်သည့် ဓာတ်သဘောမျှ မပါဝင်သဖြင့် သက်ရှိမ‌ရွေးစုပ်ယူအသုံးပြုနိုင်ကာ အကျိုးကျေးဇူးမှာ အကန့်အသက်မဲ့ဖြစ်၏။ မြူမှုန်မျှလောက်သော ပမာဏသည်ပင်လျှင် ရိုးတွင်းခြင်ဆီကို ဆေးကြောပေးနိုင်ပြီး ပါရမီကို မြှင့်တင်ပေးကာ ဝိညာဉ်ကို ကုစားပေးနိုင်သည်။ ထို့ပြင် ကျင့်ကြံခြင်းကိုလည်း အဆပေါင်းများစွာ မြန်ဆန်စေမည် ဖြစ်သည်။

ကျုံးရှန် လက်တစ်ချက် ဝှေ့ယမ်းလိုက်လျှင် စိမ်းဖန့်ဖန့် တောက်ပနေသော နတ်ဘုရားအဆင့် ရတနာဖြစ်သည့် ကျောက်စိမ်းအရက်အိုးငယ်လေး တစ်လုံး ပေါ်လာသည်။ ထိုအရက်အိုးမှာ နေ့စဥ်မှတ်တမ်းတင်တဲ့ စနစ် က ရရှိခဲ့သော နတ်ဘုရားအဆင့် ဆုလာဘ် ဖြစ်သည် အတွင်းပိုင်းတွင် သီးခြားဟင်းလင်းပြင် တစ်ခု ပါရှိကာ အစီအရင် အမျိုးမျိုး ပါဝင်ပြီး ပိတ်လှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ သိမ်းဆည်းခြင်း ဟူသော လုပ်ဆောင်ချက် သုံးမျိုးကို တစ်ပေါင်းတည်း ပြုလုပ်နိုင်သည်။ သာမန် သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦး ထိုအတွင်းသို့ အဖမ်းခံရပါက ခဏချင်းအတွင်းမှာပင် လုံးဝ အရည်ပျော်သွားမည် ဖြစ်ပြီး ကျန်ရစ်သော သူတော်စင်စွမ်းအား၊ ဝိညာဉ်၊ ရွှေရောင်အမြုတေ နှင့် အသွေးအသားများကို အကြိမ်ပေါင်း တစ်သောင်းပြန်လည် ချက်လုပ်ပြီး ဝိုင်တစ်စက်ဖြစ်စေမည်ဖြစ်၏။

သူတော်စင်ကျဆုံးခြင်း အင်မော်တယ်ဝိုင်။

သူတော်စင်အဆင့်အောက်ရှိ ကျင့်ကြံသူသောက်သုံးပါက နိယာမတစ်ခုကို နားလည်နိုင်စွမ်း အဆမတန် တိုးတက်စေပြီး အဆင့်တက်ရန် အခွင့်အလမ်းကို မြင့်တင်ပေးသည်။ ထို့ပြင် သူတော်စင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားချိန်တွင် လည်း အလွန် ကြီးမားသော အထောက်အပံ့ ဖြစ်စေနိုင်လေသည်။ ဤသို့သော ရတနာဖြင့် သန့်စင်သော နတ်ဘုရားအလင်းတန်းများကို သိမ်းဆည်းရန်မှာ အသင့်တော်ဆုံးပင် ဖြစ်၏။

ကျုံးရှန် ပစ်လွှတ်လိုက်သော ကျောက်စိမ်းအရက်အိုးသည် ကောင်းကင်သို့ ပျံတက်သွားပြီး ထူးဆန်းသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာကာ လွင့်စင်နေသော နတ်ဘုရားအလင်းတန်းများ အားလုံး အိုးအတွင်းသို့ စုပ်ယူခံလိုက်လေသည်။

ကျုံးရှန်သည်လည်း ယပ်တောင်ကို မြန်မြန် ခပ်လိုက်ပြီး ဖြတ်တောက်ခြင်း အရှိန်ကို မြှင့်တင်လိုက်ရာ ဒေါသတကြီး အော်ဟစ်နေဆဲ ဖြစ်သော ကျိန်စာနတ်ဘုရားမ၏ ကိုယ်ပွားမှာ မှိန်ဖျော့လာပြီး သူမ၏ အသိစိတ်မှာ လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်လာ၏။နောက်ဆုံး၌ သူမသည် ဘောလုံးငယ်လေး တစ်ခုအဖြစ် ဖိသိပ်ခံလိုက်ရလေသည်။

ကျုံးရှန်သည် လက်ညှိုးတစ်ချောင်းကို ထိုဘောလုံးလေးအတွင်းသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။ ထို့‌နောက်နဂါးမဲ့ ဝိညာဉ်သန့်စင်ခြင်းနည်းစနစ်ကို အသုံးပြုပြီး ကျိန်စာနတ်ဘုရားမ၏ အသိစိတ်ကို ဆွဲထုတ်ကာ ဝိညာဉ်ကို စစ်ဆေးရန်စတင်လိုက်သည်။

All Chapters