← Chapters

အခန်း (၁၀၉)

Vol. 11 Ch. 109

အခန်း (၁၀၉)

Vol. 11 Ch. 109

သန့်စင်သော သွေးမျိုးဆက်ရှိသည့် မူလမျိုးနွယ်ဟွမ်ရှားလူမျိုးများသည် အပြင်လောကရှိ ဟွမ်ရှားလူများထက် ထွားကြိုင်းသောခန္ဓာကိုယ်ပိုင်ဆိုင်ကာ သာမန်လူသားမျိုးနွယ်နှင့် တူညီလုနီးပါးအရပ်အမောင်းရှိသည်။သူတို့သည် အလွန်ကြံ့ခိုင်ကာ တစ်ကိုယ်လုံးတွင် ရှေးဟောင်း ရုပ်ပုံစာလုံး တက်တူးများ ပြည့်နှက်နေပြီး ကိုးကွယ်သည့် နတ်ဘုရားအပေါ် မူတည်၍ မျိုးနွယ်စုများ ထပ်မံကွဲပြားသွားပြန်သည်။ ဥပမာအားဖြင့် အနူးဘစ် ကို ကိုးကွယ်သည့် သန့်စင်သော မူလမျိုးနွယ်စုတွင် အနူးဘစ်၏ ဧရာမ နတ်ဘုရားရုပ်ထုကြီးကို ကိုးကွယ်ထားကြပြီးမျိုးနွယ်စု ခေါင်းဆောင်အဘိုးအိုများနှင့် ယဇ်ပုရောဟိတ်များသည် အနက်ရောင် ဝံပုလွေခေါင်း အရေခွံဦးထုပ်များကို ဆောင်းထားကြပြီး ငရဲစွမ်းအားများနှင့် ဝိညာဉ်ဆိုင်ရာ ကျင့်စဉ်များကို ကျင့်ကြံကြလေသည်။ သူတို့၌ အလွန် ထူးခြားထင်ရှားသော လက္ခဏာများ ရှိကြသည်။

အတိအကျ ပြောရလျှင် ဤ ဖာရိုဘုရင် နတ်ဘုရားနယ်မြေ သည်သာ ဟွမ်ရှားလူမျိုးစု၏ အဓိက ဗဟိုချက်မ ဖြစ်ပေသည်။ အပြင်ဘက်ကမ္ဘာမှ အဆုံးမဲ့သဲကန္တာရမှာ အစွန်အဖျား နယ်မြေမျှသာ ဖြစ်သည်။ ထိုနေရာရှိ ဟွမ်ရှားလူများမှာ လူသားမျိုးနွယ် သို့မဟုတ် အခြားသက်ရှိများနှင့် သွေးနှောရာမှ ပေါက်ဖွားလာသော သွေးနှောမျိုးနွယ်စုများ သာ ဖြစ်သည်။ သူတို့သည် အဆုံးမဲ့သဲကန္တာရထဲတွင် နေထိုင်ကြသော်လည်း သန့်စင်သော သွေးမျိုးဆက်ဝင်များဖြစ်သည့် မူလမျိုးနွယ်များနှင့် ယှဉ်လျှင် အဆင့်အတန်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

ဖာရိုဘုရင် နတ်ဘုရားနယ်မြေကဲ့သို့သော ကမ္ဘာငယ်လေး မျိုး ဝမ်ရှန့်ကုန်းမြေတိုက်တွင် အများအပြား ရှိပေသည်။ လူသားမျိုးနွယ် နတ်ဘုရား ကျင် ဖန်တီးခဲ့သည့် ယင်ယန်ဆယ်မျက်နှာလောကမှန် အတွင်းရှိ ကမ္ဘာမှာလည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဤနယ်မြေများသည် မိမိတို့ လူမျိုးစု၏ မျိုးဆက်ကို ထိန်းသိမ်းရန်အတွက် သီးသန့် ဖန်တီးထားသော နေရာများ ဖြစ်ကြသည်။

အာမန်ရာ၏ ကိုယ်ပွား ဖာရိုဘုရင် နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထူးခြားသော စွမ်းအားလှိုင်းများက သူမကို ချက်ချင်း ရှာဖွေတွေ့ရှိသွားကြသည်။

"အာမန်ရာ... ဘယ်လေတိုက်လို့ ရောက်လာတာလဲ"

ကြည်လင်ပြတ်သားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံမှာ သူမ၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။

"ရှင်တို့တွေ ဖာရိုဘုရင် နတ်ဘုရားနယ်မြေထဲမှာ ပုန်းနေပြီး အေးဆေးနေနိုင်ကြသေးတယ်နော်..."

"အာမန်ရာ ချောက်နက်ကြီးပေါ်က မြင့်မြတ်သောတံတားနှစ်စင်း ဖျက်ဆီးခံလိုက်ရတယ်...မျိုးနွယ်စု ခေါင်းဆောင်ဆယ်ယောက်က... ငါ့ရဲ့ မူလခန္ဓာကိုယ်ဆီတောင် ယဇ်ပူဇော်ခဲ့တယ်လေ...."

သူမက တည်ငြိမ်စွာ ပြောလိုက်သော်လည်း ခြေလှမ်းများကိုမူ မရပ်တန့်ဘဲ ဖာရိုဘုရင် နတ်ဘုရားနယ်မြေ၏ အလယ်ဗဟိုရှိ ခမ်းနားထည်ဝါသော ဘုရားကျောင်းဆီသို့ ဦးတည် လျှောက်လှမ်းနေသည်။

"အစ်မတော် အာမန်ရာ ကိုယ်တိုင် ပါဝင်ပတ်သက်နေမှတော့ သူတော်စင်တံတား နှစ်စင်းလောက်က ဘာမှ မဟုတ်ပါဘူး... လူသားကျွမ်းကျင်သူဆိုတာလည်း... ဘာမှ မဟုတ်ပါဘူးလေ..."

လေပြေကဲ့သို့ ပေါ့ပါးသော အမျိုးသမီး အသံတစ်ခု ပေါ်လာပြန်သည်။ အာမန်ရာက အေးစက်စွာ ရယ်မောလိုက်၏။

"ရှု... လှောင်ပြောင်တာတွေ ရပ်လိုက်တော့... အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မင်း သိနေတယ်ဆိုတာ ငါသိတယ်... ငါ့ရဲ့ နတ်ဘုရားအလင်းတန်းကိုယ်ပွား ဖျက်ဆီးခံလိုက်ရပြီ"

"လူသားမျိုးနွယ်ရဲ့ နတ်ဘုရားအဆင့် ကျွမ်းကျင်သူက တိုက်ခိုက်လိုက်တာပဲ... နင်တို့ ဒါကို လျစ်လျူရှုမယ်ဆိုရင် ငါလည်း ဂရုမစိုက်တော့ဘူး... ဘာပဲဖြစ်ဖြစ် နင်တို့ မျက်လုံးထဲမှာ ငါကလည်း မျိုးနွယ်ခြားတစ်ယောက်ပဲ မဟုတ်လား"

သူမသည် ဟင်းလင်းပြင်ကို ဆက်တိုက်ဖြတ်ကျော်ကာ ပေထောင်ပေါင်းများစွာ မြင့်မားသော ဧရာမဘုရားကျောင်း၏ အထက်တွင် ပေါ်ထွက်လာသည်။ ဤနေရာသည် ဖာရိုဘုရင် နတ်ဘုရားနယ်မြေ၏ အဓိက ဗဟိုချက်ဖြစ်ပြီး သဲကန္တာရ နတ်ဘုရားများက ယဇ်ပူဇော်မှုနှင့် ယုံကြည်ကိုးကွယ်မှု စွမ်းအားများကို လက်ခံရယူသည့် နေရာဖြစ်သည်။ ဘုရားကျောင်းအတွင်းရှိ ခန်းမဆောင်ကြီးထဲတွင် အရိပ်များစွာ ရှိနေပြီး စွမ်းအားကြီးသော ပုံရိပ်ယောင် ၁၀ ခုကျော်ထိုင်နေကြသည်။ ထိုအထဲတွင် ဝံပုလွေခေါင်း၊ မိကျောင်းခေါင်း၊ ကုလားအုတ်ခေါင်း စသည့် ပုံစံအမျိုးမျိုးရှိသော သဲကန္တာရ နတ်ဘုရားများ ပါဝင်ကြသည်။ ယမမင်း အနူးဘစ်မှာလည်း ထိုအထဲတွင် ရှိနေပြီး သူ၏ မျက်နှာထားမှာ အလွန် အရုပ်ဆိုးနေသည်။ ကျန်ရှိသော နတ်ဘုရားများကမူ ထူးဆန်းစွာပင် တည်ငြိမ်နေကြ၏။ အပြင်လောကရှိ ဟွမ်ရှားစစ်တပ်များ၏ ပြင်းထန်သော တိုက်ပွဲများနှင့် ယှဉ်လျှင် ဤဗဟိုချက်မှ နတ်ဘုရားများမှာ အလွန်ပင် အေးဆေးနေကြပုံရသည်။

"အစ်မတော် အာမန်ရာကတော့ စိတ်မြန်လက်မြန် ရှိတုန်းပဲ... သွေးနှောမျိုးနွယ်တွေ သေကုန်တာ ဘာစမ်းလို့လဲ...."

"ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ကာလတစ်ခုတိုင်းမှာ လူတွေ အများကြီး သေနေကျပဲလေ..."

ရွှေရောင် သရဖူ ဆောင်းထားပြီး ခေါင်းပေါ်တွင် နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်နေသော ငှက်မွေးတစ်ချောင်း စိုက်ထားသည့် သဲကန္တာရ နတ်ဘုရားမတစ်ပါးက ပြုံးလျက် ဆိုသည်။ သူမတို့သည် အပြင်လောကမှ စစ်ပွဲကို လုံးဝ ဂရုမစိုက်ကြချေ။

"ဝေါင်း.."

အာမန်ရာ၏ ကိုယ်ပွား စကားမပြောရသေးမီ အနူးဘစ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။။

"ယုတ်မာတဲ့ လူသားမျိုးနွယ်... ငါ့ရဲ့ တာအိုအမွေဆက်ခံသူ တစ်ယောက်ကိုသတ်ပစ်ရုံတင်မကဘဲ ငါ့ရဲ့ ဝိညာဉ်အပိုင်းအစကိုတောင် အတင်းအကြပ် သန့်စင်ပစ်ရဲတယ်..."

"ကောင်းကင်တာအိုက ပြောင်းလဲနေပြီ... လူသားမျိုးနွယ်ထဲမှာ ပါရမီရှင်တစ်ယောက် ပေါ်လာတာပဲ ဖြစ်ရမယ်"

"ငါ ဒီလို အောင့်အီးသည်းခံနေရတဲ့ ဘဝကို မနေချင်တော့ဘူး... ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်နဲ့ နတ်ဘုရားဝိညာဉ်ကို ပြန်စုစည်းတော့မယ်..."

အာမန်ရာ၏ ဤကိုယ်ပွားမှာ အေးဆေးပြီး တည်ငြိမ်သောစရိုက်ရှိသူ ဖြစ်သည်။ သူမက အနူးဘစ် ပြောသည်ကို နားထောင်ပြီးနောက် အလေးအနက် ပြောလိုက်၏။

"အနူးဘစ် ပြောတာ မှန်တယ်... ကောင်းကင်တာအိုက မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်နေပြီ"

"ငါတို့တွေ ကောင်းကင်တာအိုရဲ့ အပြစ်ပေးမှုကို ရှောင်ဖို့အတွက် သေချင်ယောင်ဆောင်နေစရာ မလိုတော့ဘူး... အားလုံး နတ်ဘုရား စွမ်းအားတွေကို ပြန်လည် စုစည်းပြီး နတ်ဘုရားစစ်တပ်တွေကို ပြင်ဆင်ကြ... လောကထဲကို ခြေချဖို့ အဆင်သင့်ပြင်ကြတော့"

"ငါ အခုပဲ မူလခန္ဓာကိုယ်ကို ပြန်လာဖို့ အကြောင်းကြားလိုက်မယ်... ဖာရိုဘုရင်မင်းမြတ်ကိုယ်တိုင် ရာ စစ်တပ်နဲ့... ကိုယ်ရံတော်တပ်တွေကို... ဦးဆောင်ပြီးဝမ်ရှန့်ကုန်းမြေတိုက်ဆီ ဆင်းသက်လာမယ့်အချိန်ကို စောင့်ကြတာပေါ့"

သူမ၏ စကားအဆုံးတွင် အားကောင်းသော အငွေ့အသက်တစ်ခု ဖာရိုဘုရင် နတ်ဘုရားနယ်မြေအတွင်းသို့ ကျဆင်းလာသည်။

မီတာအတော်မြင့်မားသော သန်မာသည့် ပုံရိပ်တစ်ခု လေထဲတွင် ပေါ်လာ၏။ သူ၏ လက်ထဲတွင် ငွေရောင် သံတူတစ်လက်ကို ကိုင်ထားပြီး တစ်ကိုယ်လုံးတွင် လျှပ်စီးများ ဝန်းရံနေကာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။ ခန်းမဆောင်အတွင်းရှိ မိကျောင်းခေါင်းနှင့် သဲကန္တာရ နတ်ဘုရား ဖြစ်သည့်ဆိုဘတ်၏ ပုံရိပ်‌ယောင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"အက်စဂတ် ကိုးဘုံပင်လယ်က မိုးကြိုးနတ်ဘုရား..."

"ဒီတစ်ခေါက် ငါတို့ မျိုးနွယ်ခြား နတ်ဘုရားတွေ အားလုံး လူသားမျိုးနွယ်ကို တစ်ပြိုင်တည်း တိုက်ခိုက်ဖို့ သဘောတူထားတာ မဟုတ်လား"

ဆိုဘတ်၏ စကားအဆုံးတွင် ထိုမြင့်မားသော ပုံရိပ်မှာ နတ်ကျောင်းထဲသို့ ရောက်လာသည်။

အက်စဂတ် ကိုးဘုံပင်လယ်က မိုးကြိုးနတ်ဘုရားသည် ရွှေရောင်ဆံပင်များနှင့် ပြာလွင်သော မျက်လုံးများ ရှိပြီး ကြွက်သားများမှာလည်း တောင်ကုန်းများအလား ထွားကြိုင်လှသည်။ ခေါင်းတွင် နွားချိုပါသော သံဦးထုပ်ကို ဆောင်းထားပြီး လူသားများထက် အဆပေါင်းများစွာ မြင့်မားလှသည်။

အက်စဂတ် မျိုးနွယ်စု အိုဒင်၏သား မိုးကြိုးနတ်ဘုရား သော်။

"ဟေး... သဲကန္တာရက အသုံးမကျတဲ့ကောင်တွေ... မင်းတို့ရဲ့ တိုက်ခိုက်မှုက အဆင်မပြေဖြစ်နေပုံပဲ"

"နာယာနှင်းတောနဲ့ ပျက်စီးခြင်းမြို့တော်ကအသုံးမကျတဲ့ကောင်တွေတောင် လူသားစီရင်စုတစ်ခုကို သိမ်းပိုက်ပြီးနေပြီ..."

"မင်းတို့လို ကောက်ကျစ်တဲ့ကောင်တွေကတော့ ဘာမှ မလုပ်နိုင်သေးဘူးလား"

"ငါ့ရဲ့ အက်စဂတ် စစ်တပ်ကို လွှတ်ပြီး ကူညီပေးရမလား"

သော်က လှောင်ပြောင်သော အမူအရာဖြင့် ပြောလိုက်သည်။ သဲကန္တာရနတ်ဘုရားမျိုးနွယ်စု၏ သူရဲဘောကြောင်မှုသည် လက်ရှိကျန်ရှိနေသေးသော နတ်ဘုရားများကြားတွင် အတော်လေး နာမည်ကြီးလေသည်။

"လေလုံးထွားမနေနဲ့ သော်... မင်းသာ အပြင်မှာ မျက်နှာပြရဲရင် လူသားမျိုးနွယ်ရဲ့ နတ်ဘုရားတွေ ဝိုင်းပြီး မင်းဖင်ကို ကန်ကြလိမ့်မယ်"

သဲကန္တာရနတ်ဘုရား အချို့က ချက်ချင်းပင် ပြန်လည် ချေပပြောဆိုကြသည်။ ယခုခေတ်သည် ရှေးဟောင်းခေတ် မဟုတ်တော့ချေ။ လူသားမျိုးနွယ် ထွန်းကားလာပြီးနောက် စွမ်းအားကြီးမားသော လူသားဧကရာဇ်များပေါ်ပေါက်လာကာ နတ်ဘုရားတစ်သောင်း ကုန်းမြေတိုက်ဖြစ်သည့် ဝမ်ရှန့်ကုန်းမြေတိုက် တစ်ခုလုံးကို သိမ်းပိုက်ခဲ့ကြသည်။ အက်စဂတ်၏ ကိုးဘုံပင်လယ်ဆိုလျှင် သုံးဘုံတိတိ ဖျက်ဆီးခံလိုက်ရသည်ဖြစ်ရာ မျိုးနွယ်ခြားများအနေဖြင့် မည်သူကမှ မည်သူ့ထက် ပိုကောင်းမနေကြပေ။ သူခိုးက လူဟစ် နေကြခြင်းသာ ဖြစ်သည်။

"ငါတို့ စစ်တပ်က အနီးအနားက ကျိယာ စီရင်စု ရဲ့ တစ်ဝက်ကျော်ကို သိမ်းပိုက်ပြီးပြီ"

"နန်ယန် စီရင်စုမှာတော့ အဟန့်အတား အရမ်းများနေတယ်... အဲ့ဒီမှာ လူသားမျိုးနွယ်ရဲ့ နတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ယောက်ယောက် ရှိနေပုံရတယ်"

အိုက်စစ်က တည်ငြိမ်စွာ ပြောလိုက်ကာ သူမခန္ဓာကိုယ်မှ သက်စောင့်တာအိုနိယာမ စွမ်းအားများထွက်ပေါ်နေသည်။သူမသည် ဟွမ်ရှားလူမျိုးများ၏ မိခင်နတ်ဘုရား ဖြစ်ပြီး နတ်ဘုရားများ၏ လေးစားမှုကို ရရှိထားသူဖြစ်သည်။

"ဒီတစ်ခေါက် အခွင့်အရေးက ရခဲတယ်... လူသားမျိုးနွယ်ရဲ့ နယ်မြေတွေကို များများ သိမ်းပိုက်နိုင်လေ ငါတို့ မျိုးနွယ်စုရဲ့ ကံတရား ကို ပိုပြီး တိုးမြှင့်နိုင်လေပဲ"

"အာမန်ရာ ပြောတာ မှန်တယ်... ငါတို့ ဒီတစ်ခေါက် ကောင်းကင်တာအို ပြောင်းလဲမှုကို အလေးအနက် ထားရမယ်"

အိုင်စစ်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်လေသည်။

All Chapters