← Chapters

အခန်း (၁၁၀)

Vol. 11 Ch. 110

အခန်း (၁၁၀)

Vol. 11 Ch. 110

မိခင်နတ်ဘုရား အနေဖြင့် သူမ၏ စွမ်းအားမှာ အားအကြီးဆုံး မဟုတ်သော်လည်း သဲကန္တာရ နတ်ဘုရားများကြားတွင်မူ ဖာရိုဘုရင်မှလွဲ၍ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ မည်မျှပင် ခေါင်းမာရိုင်းစိုင်းသော သဲကန္တာရ နတ်ဘုရားဖြစ်စေ အိုက်စစ် ၏ ရှေ့တွင်မူ ရိုသေကြရစမြဲ ဖြစ်၏။ယခုကဲ့သို့ မျိုးနွယ်ခြား နယ်မြေအသီးသီးမှ တစ်ပြိုင်တည်း ထကြွလာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ ကြိုတင် စီစဉ်ထားသော အစီအမံတစ်ခုသာ ဖြစ်သည်။ မျိုးနွယ်စုများအကြားတွင် လျှို့ဝှက်သော သဘောတူညီချက်များ ရှိနေကြပြီး ကောင်းကင်တာအို ပြောင်းလဲကာ လူသားမျိုးနွယ်၏ ကံတရား ကျဆင်းနေသော ဤခေတ်ကာလကို အခွင့်ကောင်းယူ၍ လူသားတို့၏ နယ်မြေများကို ဝါးမြိုရန် ကြံစည်နေကြခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် ကောင်းကင်တာအို၏ မျက်နှာသာပေးမှုကို ရယူရန် သူတို့ မျှော်လင့်ထားကြသည်။

အာမန်ရာ၏ ကိုယ်ပွားသည် ဤမြင်ကွင်းကို ကြည့်ကာ စိတ်ပျက်သွားမိသည်။ ကျိန်စာနတ်ဘုရားမ၏ မူလခန္ဓာကိုယ်မှာ ဤလောက၏ သေခြင်းတရားနှင့် ကျိန်စာစွမ်းအားများကို လက်ခံရယူထားသဖြင့် ရက်စက်ကြမ်းကြုတ်သော စရိုက်ရှိသော်လည်း ဤကိုယ်ပွားမှာမူ သူမ၏ ယခင်ဘဝမှ စရိုက်နှင့် မှတ်ဉာဏ်များကို သယ်ဆောင်ထားသဖြင့် လွတ်လပ်ပေါ့ပါးပြီး မိမိစိတ်ဆန္ဒအတိုင်း နေထိုင်တတ်သူ ဖြစ်သည်။ နတ်ဘုရားများသည် မိမိတို့၏ စွမ်းအားကို သန့်စင်နေစေရန်အတွက် မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်သော စရိုက်လက္ခဏာများကို ခန္ဓာကိုယ်ပြင်ပသို့ ခွဲထုတ်လေ့ရှိကြသည်။ နတ်ဘုရားခန္ဓာကိုယ်တစ်ခုသည် များသောအားဖြင့် စိတ်နေသဘောထားနှင့် စွမ်းအားတစ်မျိုးတည်းကိုသာ လက်ခံနိုင်သောကြောင့်ပင် ဖြစ်သည်။ အာမန်ရာ၏ ကိုယ်ပွားသည် နှစ်ဖက်အုပ်စု၏ ကောက်ကျစ်သော အစီအစဉ်များကို နားထောင်ရင်း ငြီးငွေ့လာသဖြင့် ဖာရိုဘုရင် နတ်ဘုရားနယ်မြေအတွင်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့တော့သည်။

.....

အာမန်ရာ ချောက်နက်…

ကျုံးရှန်သည် ဟင်းလင်းပြင် လမ်းကြောင်းအတွင်းမှ အေးအေးလူလူ လျှောက်လှမ်း ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ စိတ်အာရုံသည် သန်းပေါင်းများစွာ ကွဲထွက်သွားပြီး လက်တံများသဖွယ် ချောက်နက် အတွင်းသို့ ဖြန့်ကျက်ဝင်ရောက်သွားသည်။ ထို့နောက် ဧရာမ ပိုက်ကွန်ကြီးတစ်ခုအလား ချောက်နက်အတွင်း၌ ရှေးဟောင်းအကြွင်းအကျန်များရှိနေနိုင်မည့်နေရာမှန်သမျှကို ရှာဖွေစစ်ဆေးလိုက်၏။

ကျိုးပဲ့နေသည့် မြင့်မြတ်သောတံတားနှစ်စင်းမှာ မူလနေရာတွင်ပင် ရှိနေသေးသော်လည်း ပျံ့နှံ့နေသော နတ်သက်ကြွေအဆိပ်ငွေ့တိမ်တိုက်ကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ပတ်ဝန်းကျင် မိုင်သန်းချီသော နယ်မြေမှာ သက်မဲ့နယ်မြေအဖြစ် ပြောင်းလဲသွားပြီး ဘာမျှ မရှိတော့ချေ။ မကြာမီမှာပင် သူ၏ စိတ်အာရုံမှ တစ်စုံတစ်ခုကိုတွေ့လိုက်ရသည်။ ချောက်နက်၏ အောက်ခြေတစ်နေရာတွင် သာမန်မျှသာရှိသော ခြံဝင်းငယ်တစ်ခု ကို တွေ့လိုက်ရခြင်း ဖြစ်ပြီး ထိုမှလွဲ၍ ချောက်နက်အောက်ခြေတွင် ထူးထူးခြားခြား ဘာမျှ မရှိချေ။

ကျုံးရှန်သည် စိတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး တောက်ပသောမျက်လုံးများဖြင့် ချောက်ထဲသို့ ဆင်းသက်သွားသည်။ ချောက်နက်ကြီး တစ်ခုလုံးတွင် ထူးဆန်းသော ကျိန်စာစွမ်းအားများ ပြည့်နှက်နေသည်။ အနက်ရောင် အလင်းတန်းများမှာ ကျိန်စာစွမ်းအား အထွတ်အထိပ်သို့ ရောက်ရှိနေသည့် သင်္ကေတပင် ဖြစ်သည်။ ကျိန်စာစွမ်းအား ဆိုသည်မှာ လူတစ်ဦး၏ ကံတရားနှင့် ကံကောင်းမှုများကို လုယူဖျက်ဆီးပြီး ဘေးဒုက္ခနှင့် သေခြင်းတရားကို ပေးဆောင်နိုင်သော ဆန်းကြယ်သည့် စွမ်းအားမျိုး ဖြစ်သည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးသို့ ကျင့်ကြံခြင်း မမြင့်မားသော ကံကောင်းခြင်းသားတော်တစ်ဦးသာ ရောက်လာပါက ရက်အနည်းငယ်အတွင်းမှာပင် သူ၏ ကံကောင်းခြင်းများ ကုန်ခမ်းသွားကာ ကျိန်စာသင့်သေဆုံးသွားပေလိမ့်မည်။

သို့သော် ကျုံးရှန်ကမူ ထိုကျိန်စာများကို လုံးဝ ဂရုမစိုက်ချေ။ သူ၏ ကိုယ်ပိုင်ကံတရားသည် ကောင်းကင်တာအို၏ ကျိန်စာကြောင့် ကုန်ခမ်းနေပြီးသားဖြစ်၏။ ကျုံးရှန်သည် ချောက်နက်ဘေးတွင် ရပ်ကာ မကြောက်သည့်အပြင် ပြုံးပင် ပြုံးလိုက်သေးသည်။

"ဟဲဟဲ... ဒီကျိန်စာစွမ်းအားတွေက မဆိုးဘူးပဲ... ဒီအတိုင်း ထားပစ်ခဲ့ရင် နှမြောစရာကြီး"

"ကျိန်စာနတ်ဘုရားမ ကိုယ်စား ငါပဲ သိမ်းပေးလိုက်တော့မယ်"

သူက လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး အလယ်သို့ ဖြည်းညှင်းစွာ ရိုက်လိုက်သည်။

ထိုအခါ ကျုံးရှန်၏ရှေ့တွင်ကောင်းကင်နှင့်မြေပြင်အကြားရှိ အရာအားလုံးကို စုပ်ယူနိုင်သော ဗဟိုချက်မ ၁၀ ခု ပေါ်လာကာ တစ်မိနစ်ပင် မပြည့်မီမှာပင်ချောက်နက်ကြီးတလျှောက် ပြည့်နှက်နေသော မိုင်သန်းချီ ကျိန်စာစွမ်းအားများစုပ်ယူခံလိုက်ရလေသည်။ အမှတ်ဗဟို ဆယ်ခုမှာ ကျိန်စာစွမ်းအားများပြည့်ဝသွားသောအခါ အနက်ရောင် ပုတီးစေ့အရွယ်ရှိ မိုးကြိုးပုလဲလုံးများအသွင် ပြောင်းသွားသည်။ ပုတီးစေ့ တစ်စေ့ချင်းစီတွင် မိုင်ပေါင်း သန်းချီသော ချောက်နက်အတွင်းရှိ ကျိန်စာစွမ်းအားများ ကိန်းအောင်းနေ၏။

ကျုံးရှန်က ထိုကျိန်စာပုတီးစေ့များကို သိမ်းဆည်းလိုက်ရင်း ပြုံးလိုက်သည်။

"ဒီပုတီးစေ့တွေကို မြင့်မြတ်နယ်မြေက တပည့်တွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပေးလိုက်ရင်အကောင်းဆုံးပဲ..."

"တစ်လုံး ပစ်ထည့်လိုက်ရင် သူတော်စင်အဆင့် ၆ ဂရိတ်ကျွမ်းကျင်သူတောင် အဆိပ်ပြင်းတဲ့ ကျိန်စာမိသွားမှာ..."

ကျိန်စာနတ်ဘုရားမဆီမှ အမြတ်ထုတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ကျုံးရှန်သည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရာ ပတ်ဝန်းကျင် မြင်ကွင်းများ လျင်မြန်စွာပြောင်းလဲသွားပြီး နောက်တစ်စက္ကန့်တွင် သူသည် ချောက်နက်အတွင်းရှိခြံဝင်းငယ်လေးထဲ ရောက်သွားသည်။

ဤနေရာတွင် မည်သည့် အစီအရင်အတားအဆီးမှ ချထားခြင်း မရှိပေ။ ခြံဝန်းငယ်လေး၏ ပုံစံသည် ဟွမ်ရှားလူမျိုးစု၏ ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ သူ၏မူလကမ္ဘာမှ အနောက်တိုင်း အိမ်ပုံစံနှင့် အနည်းငယ် ဆင်တူနေသည်။ အိမ်ထဲတွင် ဖုန်မှုန့်များမှာ လက်မအတော်များများ ထူထဲနေပြီ ဖြစ်သည်။ သူ၏ စိတ်အာရုံမှာ ဒီရေအလား လွမ်းခြုံသွားပြီး ခြံဝင်းအတွင်းရှိ အရာအားလုံးကို အသေးစိတ် ကြည့်လိုက်သည်။

"အင်း... ဒါ သေနတ်ပဲ"

"ဒီ အာမန်ရာက တကယ့်ကို ကူးပြောင်းလာသူ တစ်ယောက်ပဲ... နတ်ဘုရားတစ်ပါး ဖြစ်လာတယ်ဆိုတော့လည်း ကူးပြောင်းလာသူတွေရဲ့ သိက္ခာကို မကျဆင်းစေဘူးလို့ ပြောရမှာပေါ့"

သူ စိတ်ထဲတွင် ကြိုတင်တွေးထားပြီးဖြစ်၍ အံ့သြခြင်း မရှိပေ။ ကျုံးရှန်သည် ခြံဝန်းထဲမှ အိမ်ငယ်လေးဆီသို့ ဝင်လာလိုက်သည်။ အိမ်အတွင်းရှိ ပရိဘောဂများမှာ အလွန် ရိုးရှင်းလှသည်။ သစ်သားကုတင်မှာ ဆွေးမြေ့ပျက်စီးနေပြီ ဖြစ်ပြီး နံရံပေါ်တွင် ကြေးညိုရောင် သေတ္တာတစ်လုံး ချိတ်ဆွဲထားသည်။

"ပွင့်စမ်း..."

သူက စကားလုံးတစ်လုံး ပြောလိုက်သည်နှင့် ဆန်းကြယ်သော အက္ခရာတစ်ခု သေတ္တာအတွင်းသို့ ဝင်သွားပြီး သေတ္တာဖုံးမှာ ပွင့်ကျသွားသည်။ သေတ္တာအတွင်း၌ ငွေရောင် ရဲသုံး ခြောက်လုံးပြူး သေနတ် တစ်လက် ငြိမ်သက်စွာ လဲလျောင်းနေသည်။ နှစ်ကာလများစွာ ကြာမြင့်သော်လည်း ပျက်စီးယိုယွင်းခြင်း အလျဉ်းမရှိပေ။ ခြောက်လုံးပြူး သေနတ်လေးသည် လေထဲတွင် ဖြည်းညှင်းစွာ ပျံဝဲလာပြီး ကျုံးရှန်၏ လက်ထဲသို့ ရောက်ရှိလာသည်။ ကျုံးရှန် ထိုသေနတ်ကို လှမ်းကိုင်လိုက်ရာ အေးစက်သော ခံစားမှုကို ရရှိလိုက်သည်။

"ဒီသတ္တုက ထူးဆန်းလိုက်တာ... ကမ္ဘာမြေက သတ္တုစပ်တွေနဲ့ မတူဘူး"

ရုတ်တရက် ကျုံးရှန် ကိုယ်ကိုလှည့်လိုက်ပြီး လက်ထဲမှ ခြောက်လုံးပြူးသေနတ်ကို မြှောက်ကာ သူ့အနောက်ဘက်သို့ ချိန်လိုက်ရင်း ပါးစပ်မှလည်း အသံထွက်အောင် လုပ်လိုက်သည်။

"ဒိုင်း..."

ဟင်းလင်းပြင်အတွင်းမှ လှပသော အမျိုးသမီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ငါ့ရဲ့ မူလခန္ဓာကိုယ်စိတ်ဆန္ဒကိုယ်ပွားကို သတ်လိုက်တာ ရှင်ပဲ မဟုတ်လား"

"ပြီးတော့... ရှင်က ဒါကို သိတာလား..."

ရောက်လာသူမှာ အာမန်ရာ၏ ကိုယ်ပွားပင် ဖြစ်သည်။ သူမသည် သေနတ်ကို ကြည့်ရင်း အတိတ်ကို ပြန်လည် အမှတ်ရနေပုံပေါ်ကာ ကျုံးရှန်အပေါ် ရန်လိုမှု သိပ်မရှိချေ။

"သိတာပေါ့... ဒါ ခြောက်လုံးပြူးသေနတ် လေ... ဟုတ်တယ်မလား အာဆာ.."

ကျုံးရှန်၏ စကားကြောင့် အာမန်ရာ၏ မျက်နှာ ပျက်သွားတော့သည်။ သူမကို အာဆာဟု ခေါ်သည်ကို မကြားရသည်မှာ မည်မျှကြာခဲ့ပြီနည်း။

"ရှင်လည်း ကြယ်ပြာ ကနေ ကူးပြောင်းလာတာလား... ငါက ကြယ်ပြာအမေရိက က ရဲအရာရှိ တစ်ယောက်လေ"

အာမန်ရာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဤကိုယ်ပွားတွင် သူမ၏ ယခင်ဘဝ စရိုက်နှင့် မှတ်ဉာဏ်များ အပြည့်ရှိနေသဖြင့် ဤလောကနှင့် အံမဝင်သော စကားလုံးများကို သုံးနေခြင်း ဖြစ်သည်။

သို့သော် ကျုံးရှန်က ခေါင်းခါယမ်းလိုက်ပြီး လက်ထဲမှ သေနတ်ကို အကြည့်လွှဲကာ နက်ရှိုင်းစွာ ဆိုသည်။

"မဟုတ်ဘူး... ငါက ကမ္ဘာမြေက လာတာ..."

"အနည်းဆုံး ငါ ကူးပြောင်းမလာခင် အချိန်ထိတော့... ဒီလောက် နှစ်ပေါင်းများစွာ ကြာတာတောင် မပျက်စီးနိုင်တဲ့ သတ္တုမျိုးကို မထုတ်လုပ်နိုင်သေးဘူး..."

သူ့စကားဆုံးသောအခါ အာမန်ရာလည်း တိတ်ဆိတ်သွားသည်။

သူတို့နှစ်ဦး ဆုံတွေ့ခြင်းမှာ အမှန်တရားကို ပေါ်ပေါက်စေမည့်အစား ကိစ္စရပ်များကို ပိုမို ရှုပ်ထွေးသွားစေသည်။ ကျုံးရှန်နှင့် အာမန်ရာမှာ မတူညီသော စကြဝဠာ၊ မတူညီသော အချိန်ကာလများမှ ကူးပြောင်းလာကြသူများ ဖြစ်နေကြ၏။ အာမန်ရာမှာ လောကဦးကာလကတည်းက ရောက်ရှိနေသူဖြစ်ပြီး ကျုံးရှန်မှာမူ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းတစ်သောင်းမှ ရောက်ရှိလာသူ ဖြစ်သည်။ သူတို့ကြားတွင် မရေမတွက်နိုင်သော ခေတ်ကာလများ ခြားနားနေသဖြင့် တူညီသော အချက်ကို ရှာမတွေ့နိုင်တော့ချေ။

All Chapters