← Chapters

အခန်း (၁၀၆)

Vol. 11 Ch. 106

အခန်း (၁၀၆)

Vol. 11 Ch. 106

ဟူကျဲကျင့်မှာတော့ မျက်လုံးများ ပြာဝေသွားတော့သည်။

သူက လုယက်ခံရမှာကို ကြောက်တယ်ဟုတ်လား? သူကမှ တကယ်ကြောက်ရမယ့်သူ မဟုတ်ဘူးလား?!

ခုနကတင် သူမက ရွှေရောင်ဆေးလုံးအပုံလိုက်ကို သူ့ သိုလှောင်အိတ်ထဲ အေးအေးဆေးဆေးထည့်လိုက်တာ၊ ပြီးတော့ ရှုပ်ထွေးနေတဲ့ သွေးကြောမျှင်အစုအပုံတွေ၊ နောက်ထပ် ဘာတွေရှိသေးလဲ?

“တခြားတော့ သိပ်မရှိပါဘူး”

စုကျို လိမ္မာယဉ်ကျေးစွာ ဆိုသည်။

“ခေါင်းဆောင်ဟူရဲ့ လက်မောင်း ၁၈ ဖက်ရယ်၊ နောက်ပြီး အသေးအမွှားပစ္စည်းလေးတွေလောက်ပါပဲ”

ဟူကျဲကျင့်မှာ ယိုင်နဲ့သွားပြီး ထိုင်ခုံပေါ်သို့ ဘုတ်ခနဲလဲကျသွားတော့သည်။

“ကဲ... ဒီနေ့အတွက် ဝိညာဉ်စမ်းသပ်မှု ပြီးပြီ”

ကောင်းမှုဆိုးမှုခန်းမမှ ယင်ယန်အကြီးအကဲနှစ်ဦးမှာ အမှန်တကယ်ပင် အလုပ်ရှုပ်နေကြပုံရသည်။

“စုကျို၊ ဆက်ပြီး ကြိုးစားပါ”

သူတို့သည် တောက်ရန်ထံမှ မနာလိုစရာအကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။

ဟူး... သူတို့ အခြေခံအဆင့် ကျင့်ကြံစဉ်တုန်းကသာ တပည့်တစ်ယောက်ဆီကနေ ဒီလိုဆေးလုံးအတုမျိုး လက်ဆောင်ရခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ!

ခေါင်းဆောင်ရူယွီက ချက်ချင်းထိပ်တန်းအရည်အသွေးရှိသော ‘ယွမ်စွမ်းအင်မြှင့်ဆေး’ ၁၂ ပုလင်းကို ထုတ်ယူကာ စုကျိုကိုပေးအပ်လိုက်သည်။

“ဒါက နင့်ရဲ့ နောက်ဆုံးစမ်းသပ်မှု ရလဒ်တွေအရ ရသင့်ရထိုက်တဲ့ အကောင်းဆုံး ခံစားခွင့်တွေပဲ”

“ကျွန်မ အရင်းအမြစ်တွေ ပိုရနိုင်သေးလား?”

စုကျို မျက်ခုံးပင့်ကာ မေးလိုက်သည်။

ခေါင်းဆောင်ရူယွီ ပြုံးလိုက်သည်။

“ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ အောက်ခြေအဆင့်တွေက ဆင်းရဲချင် ဆင်းရဲမယ်၊ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းကိုတော့ အတိအကျ လိုက်နာကြပါတယ်”

“ဟေး...”

စုကျိုက လေထဲသို့ ထက်ဝက်ခန့်ပျံတက်သွားပြီဖြစ်သော အကြီးအကဲနှစ်ဦးနှင့် မဟာကျင့်ကြံသူလုကျိကျောင်းတို့ကိုလှမ်းတားလိုက်သည်။

“ကျွန်မရဲ့မိသားစုဝင်တစ်ယောက်ကိုလည်း ပြန်ပြီး စမ်းသပ်ပေးစေချင်လို့ပါ”

သူ စုရှင်းချန်အား လက်ပြလှမ်းခေါ်လိုက်သည်။

“မြန်မြန်လာ၊ နင့်ရဲ့ ပါရမီကပြောင်းလဲသွားပြီလို့ ပြောလိုက်”

စုရှင်းချန် မျက်နှာလေး နီမြန်းသွားသော်လည်း၊ ပျံတက်နေသော လူကြီးသုံးဦးကိုကြည့်ကာ လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်သည်။

“အကြီးအကဲတို့ခင်ဗျာ၊ ကျွန်တော့်ရဲ့ပါရမီကလည်း... အဆင့်တက်သွားလို့ စမ်းသပ်ပေးစေချင်ပါတယ်”

“?”

“ကျွန်တော် အခု ‘အချိန်ထိန်းချုပ်ခြင်း’ သူတော်စင်အဆင့်ကို ရောက်နေပြီ ထင်ပါတယ်”

“???”

သစ်သားဓာတ်ပါရမီဖြစ်တဲ့ ‘သန်မာသောသစ်သား’ ကနေ ‘အချိန်ထိန်းချုပ်ခြင်း’ အထိ ဘယ်လိုလုပ်ပြီး ခုန်တက်သွားရတာလဲ?

လူတိုင်း မှင်သက်သွားကြသည်။

စုကျို၏အရာရာကို ဖုံးကွယ်ထားတတ်သည့် အကျင့်မှာပြန်လည်ပေါ်ပေါက်လာပြန်သည်။

ဘာပဲဖြစ်ဖြစ် ‘သူတော်စင်အဆင့် အထွတ်အထိပ်’ ဆိုတာ ဒီနေရာမှာ စမ်းသပ်လို့ရတဲ့ အမြင့်ဆုံးအဆင့် မဟုတ်ပါလား! အဲ့ဒီထက်ပိုပြီး အမြတ်ထုတ်လို့မရနိုင်တော့ပေ။

သူ တခြားသူတွေရဲ့ပါရမီကိုပါ မိတ္တူကူးနိုင်တယ်ဆိုတာကို လူတိုင်းကို ဘာလို့ သိခွင့်ပေးရမှာလဲ?

စုကျိုသည် နောက်ထပ် အခွင့်အရေးမရနိုင်တော့မှန်း သိသဖြင့် ပါးစပ်ပိတ်လိုက်ကာ၊ နာကျင်လွန်းသဖြင့် မတ်တပ်မရပ်နိုင်ရှာသော ဟူကျဲကျင့်၏ခေါင်းဆောင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဟူကျဲကျင့်မှာတော့ စကားပင်မပြောနိုင်တော့ပေ။ သို့သော်ငြား မည်သူကမျှ သူ့အား ဂရုမစိုက်ကြတော့ချေ။

လူတိုင်း စုရှင်းချန်ကို ဝိုင်းအုံကာ သေသေချာချာလေ့လာနေကြပြန်သည်။

စုရှင်းချန် လှည့်ကြည့်လိုက်ရာ စုကျိုမှာ ထိုင်ခုံပေါ်တွင် မှိန်းနေသည်ကိုတွေ့လိုက်ရသည်။ သူကမူ သံသယဝင်နေသော အကြီးအကဲနှစ်ဦးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော် ဘယ်လို အဆင့်တက်သွားလဲဆိုတာကိုတော့ မမေးပါနဲ့၊ ခင်ဗျားတို့လည်း သိချင်ကြမှာ မဟုတ်ပါဘူး”

အကြီးအကဲနှစ်ဦးနှင့် မဟာကျင့်ကြံသူလုတို့မှာ ဆွံ့အသွားကြရသည်။

“ဒါက တစ်ရက် နောက်ပြန်ဆုတ်တာ ဒါမှမဟုတ် တစ်ရက် ရှေ့တိုးတာမျိုးလုပ်လို့ရတယ်”

အကြီးအကဲနှစ်ဦးမှာ စုရှင်းချန်၏ အခြေအနေကို အမြန်ဆုံးဖြတ်လိုက်ကြသည်။

“နှမြောစရာပဲ”

အကြီးအကဲကမူ ခေါင်းခါလိုက်သည်။

“တကယ်လို့ ဒီပါရမီက အခြေခံအဆင့်ကိုသာရောက်သွားရင်၊ လူတစ်ယောက်ကို လွန်ခဲ့တဲ့ ခုနစ်ရက် ဒါမှမဟုတ် နောက်ထပ် ခုနစ်ရက်က အခြေအနေဆီကို ပြန်ပို့ပေးနိုင်လိမ့်မယ်! အခုတော့ မင်းက ဝိညာဉ်သန့်စင်ခြင်းနောက်ဆုံးအဆင့်မှာပဲ ရှိနေသေးတာ နှမြောစရာပဲ”

စုကျို ရုတ်တရက် မျက်လုံးများပွင့်လာပြီး စုရှင်းချန်အားလှမ်းကြည့်လိုက်သည်။

စုရှင်းချန်လည်း ချက်ချင်းခေါင်းမော့လာပြီး သူ့မျက်ဝန်းများ တောက်ပသွားသည်။

“လူတစ်ယောက်ကို လွန်ခဲ့တဲ့ ခုနစ်ရက်က အခြေအနေဆီကို တိုက်ရိုက်ပြန်ပို့ပေးနိုင်တယ် ဟုတ်လား?”

ဒါဆိုရင် သူ့ကျဲရဲ့ ခုနစ်ရက်တစ်ကြိမ် မိတ္တူကူးနိုင်တဲ့ ကန့်သတ်ချက်ကို လုံးဝဖြေရှင်းပေးနိုင်မှာ မဟုတ်ဖူးလား?

သူမ အနေနဲ့ သူ့အချိန်နောက်ပြန်လှည့်မှုအား ကိုးကြိမ်မိတ္တူကူးနေစရာ မလိုတော့ပေ။

သူက ကျဲအား တိုက်ရိုက် ကူညီပေးနိုင်တော့မည်!

စုရှင်းချန်သည် သူ့ရင်ထဲနွေးထွေးမှုလေး ခံစားလိုက်ရပြီး၊ သူ့ တန်ဖိုးမှာ အလွန်ကြီးမားနိုင်ကြောင်း ပထမဦးဆုံးအကြိမ်သိရှိသွားတော့သည်။

“မင်းရဲ့ပါရမီကိုတော့ ‘ကြယ်သုံးပွင့် အဆင့်မြင့်လျှို့ဝှက်ချက်’ အဖြစ် သတ်မှတ်တယ်”

အကြီးအကဲနှစ်ဦးသည် စုရှင်းချန်၏ပါရမီအတွက် လျှို့ဝှက်ချက်အဆင့်အတန်းကို လျင်မြန်စွာသတ်မှတ်ပေးလိုက်ကြသည်။

“မင်းနဲ့ လေ့ကျင့်တိုက်ခိုက်တဲ့ ဘယ်တပည့်မဆို ဒါကို တခြားသူတွေကိုထုတ်မပြောရဘူး”

“စုရှင်းချန်... မင်းသာ ‘မဟာဝိညာဉ်လမ်းစဉ် ဆယ်ခု’ ပြိုင်ပွဲမတိုင်ခင် အခြေခံအဆင့်ကို ရောက်အောင်ကျင့်ကြံနိုင်ရင်၊ မင်းက ငါတို့အဖွဲ့ အတွက် မျှော်လင့်မထားတဲ့ အစွမ်းထက်လက်နက်တစ်ခုဖြစ်လာလိမ့်မယ်”

အကြီးအကဲနှစ်ဦးမှာ အလွန်ကျေနပ်သွားကြသည်။ ဒီနေ့မှာ ထူးခြားတဲ့တပည့်နှစ်ယောက်တောင် ရှာဖွေတွေ့ရှိခဲ့သည် မဟုတ်ပါလား! သူတို့နှစ်ယောက်လုံး ဝိညာဉ်သန့်စင်ခြင်းအဆင့်မှာ ရှိနေသေးတာကတော့ အနည်းငယ်နှမြောစရာပင်။

“ပြန်ကြတော့၊ ပြီးတော့ ကြိုးကြိုးစားစားကျင့်ကြံကြ”

အကြီးအကဲများသည် စုရှင်းချန်အား ‘ယွမ်စွမ်းအင်မြှင့်ဆေး’ အချို့ ထပ်မံဆုချလိုက်သည်။

ဤတစ်ကြိမ်တွင်တော့... သူတို့သည် စုကျိုဘက်သို့ လှည့်ကြည့်ကာ သူမ နောက်တစ်ယောက်ကိုထပ်မခေါ်ထုတ်လာတော့ကြောင်း သေချာမှသာ စိတ်အေးလက်အေးနှင့် ထွက်ခွာသွားကြတော့သည်။

“ဒီကလေးမလေးကတော့ အဘိုးကြီးတွေကိုတကယ် ထိတ်လန့်အောင်လုပ်နိုင်တာပဲ”

“တတိယတစ်ယောက် ထွက်လာပြီး သူ့ပါရမီကလည်း အဆင့်တက်သွားတယ်လို့ပြောဦးမလားလို့ ငါ တကယ် စိုးရိမ်နေတာ”

“တော်သေးတာပေါ့၊ ဘယ်သူမှ ထပ်မထွက်လာလို့”

“ဟေး... ပါရမီအဆင့်တက်တယ်ဆိုတာ ဒီလောက် လွယ်ပါ့မလား”

“ဒါပေမဲ့ စုကျိုကတော့ တကယ်လုပ်နိုင်ခဲ့တာလေ’’

သူမ စုရှင်းချန်ကိုကြည့်ကာ အရေးကြီးသည့် တာဝန်တစ်ခုကို ချက်ချင်းပေးလိုက်သည်။

“ငါ ‘သူတော်စင်အဆင့် စိုက်ပျိုးရေးဆရာကြီး’ ပါရမီကိုရဖို့အတွက် ခုနစ်ရက်တာ စောင့်ဆိုင်းချိန် နှစ်ကြိမ်ပဲ လိုတော့တယ်”

“မြန်မြန်လုပ်နော်”

“ဟေး... နင်သာ ဒီနေ့ပဲ အခြေခံအဆင့်ကိုရောက်ခဲ့ရင် အကြီးအကဲတွေ နှစ်ခေါက်လာနေစရာ မလိုတော့ဘူးလေ”

စုရှင်းချန် : “!”

ခေါင်းဆောင် ရူယွီ : “???”

စုကျီကျီမှာ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့မျက်ဝန်းထဲ အလင်းအချို့ဖျတ်ခနဲပေါ်လာသည်။ အောက်ခြေခြံဝင်းအဖွဲ့သားများမှာလည်း အကြီးအကဲများမသိလိုက်သည့် လျှို့ဝှက်ချက်များရှိနေသေးကြောင်း သိလိုက်ရသဖြင့် အကြီးအကျယ်တုန်လှုပ်သွားကြတော့သည်။

ဤသို့ဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဝိညာဉ်စမ်းသပ်ပွဲကြီးပြီးဆုံးသွားခဲ့လေသည်။

တောက်ရန်သည် စုကျိုအား ကျေနပ်စွာကြည့်လိုက်သည်။

“မဆိုးဘူး၊ နင် တော်တော်လေး ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ ဒီအဘိုးကြီးလည်း အရမ်းကို ဝမ်းသာ...”

ဝမ်းသာ... ဝမ်းသာ...?

သူသည် နောက်ဆုံးစကားလုံးကို ပြောရန် ကြိုးစားနေစဉ်မှာပင် တစ်ကိုယ်လုံးကျောက်ရုပ်ဖြစ်သွားသကဲ့သို့ ငြိမ်သက်သွားသည်။ ကမ်းပေးထားသောလက်မှာ လေထဲတွင် တန့်နေပြီး ပါးစပ်မှာလည်း အဟောင်းသားဖြစ်နေတော့သည်။

ဒါကို မြင်လိုက်ရသော ခေါင်းဆောင်ရူယွီ အော်ဟစ်လိုက်သည်။

“အဘိုးကြီးထောင်! သူက အခြေခံအဆင့် အထွတ်အထိပ်မှာရှိနေတာ၊ စုကျို... နင်ပေးလိုက်တဲ့ ရွှေရောင်အမြုတေကို ကိုင်ထားရင်းနဲ့ သူ ဟူကျဲကျင့် ရွှေရောင်အမြုတေဖွဲ့စည်းခဲ့တဲ့ လမ်းစဉ်ကိုသဘောပေါက်သွားတဲ့ပုံပဲ!”

“သူ ‘ဉာဏ်အလင်း’ ပွင့်သွားပြီ!”

“...”

ဒီလိုမျိုးကြီး ဉာဏ်အလင်းပွင့်တာလား?

စုကျိုနှင့် အခြားသူများမှာ ကြောက်ရွံ့တုန်လှုပ်သော အမူအရာများဖြစ်သွားကြသည်။

“ဘာမှမဖြစ်ဘူး စုကျို၊ နင်တို့အားလုံး ပြန်ပြီး ကြိုးစားကျင့်ကြံကြတော့”

ခေါင်းဆောင်ရူယွီသည် ကျောက်ရုပ်ကြီးကိုရွှေ့သကဲ့သို့ ဉာဏ်အလင်းပွင့်နေသော တောက်ရန်ကို သူ့ နောက်ဘက်သို့အမြန်ပင် မယူသွားတော့ သည်။

“အထပ် ၃၀ က တပည့်အားလုံး... ဒီနေ့ကစပြီး လေ့ကျင့်ဖို့အတွက် ‘ရောနှောစိန်ခေါ်ပွဲ’ ကို သွားကြ!”

“မှတ်ထားကြ၊ ငါတို့ အထပ် ၃၀ ရဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးကြပါ!”

ပြောပြီးသည်နှင့်ခေါင်းဆောင်ရူယွီက စုကျိုကို ပြုံးပြလိုက်သည်။

“နင်လည်း စိန်ခေါ်ပွဲကို မသွားခင် ကောင်းကောင်းအနားယူပြီး ဝိညာဉ်စွမ်းအင်တွေ ပြန်ဖြည့်ထားဦး”

ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူမ တောက်ရန်အား ချီပိုးကာထွက်ခွာသွားတော့သည်။

...

စုကျိုသည် သူ့ ခြံဝင်းထဲရှိ နေအိမ်သို့ ပြန်ရောက်သောအခါ သုံးရက်နှင့် သုံးညတိုင်တိုင် အိပ်ပျော်သွားခဲ့သည်။

စတုတ္ထမြောက်နေ့သို့ ရောက်မှသာ ဟူကျဲကျင့်အားမိတ္တူကူးယူစဉ်က ကုန်ခမ်းခဲ့သောအားအင်များပြန်လည်ပြည့်ဝလာတော့သည်။

ပဉ္စမမြောက်နေ့ နံနက်စောစောတွင် စုကျို သိုလှောင်အိတ်ထဲမှတွန့်လိမ်နေသော ဟူကျဲကျင့်သွေးကြောမျှင်များကို စပျစ်စင်ပေါ်တွင် တင်ကာ အခြောက်လှမ်းထားလိုက်သည်။

ထို့နောက် သူမသည် လူပုံစံ ‘အရုပ်ဆက်ကိရိယာ’ များဖြစ်သည့် [ရွှေရောင် မျက်နှာ] နှင့် [ရွှေရောင်ခြေထောက်များ] ကို ထုတ်ယူကာ စဉ်းစားနေတော့သည်။

[ရွှေရောင်ပုံရိပ်ယောင်] နမူနာပုံစံနှင့် နှိုင်းယှဉ်ကာ သူ အတန်ကြာ လေ့လာနေသည်။

နောက်ဆုံးတွင် သူမသည် ရဲရဲဝံ့ဝံ့ပင် [ကျူးပိုင်ယွီ၏ ဝိညာဉ်သန့်စင်ခြင်း ခန္ဓာကိုယ်အထက်ပိုင်း] နေရာတွင် ဖြူဖွေးလှသော [ဟူကျဲကျင့်၏ ဘယ်ညာနံရိုးများ] နှင့် [ဟူကျဲကျင့်၏အခြေခံအဆင့် အထွတ်အထိပ် လက်မောင်းများ] ကို အစားထိုးတပ်ဆင်လိုက်သည်။

“ဒါ နည်းနည်းထူးဆန်းနေသလားလို့?”

စုကျို နောက်သို့ သုံးလှမ်းဆုတ်ကာ မြေပြင်ပေါ်ရှိ အရုပ်ဆက်ကိရိယာ အစိတ်အပိုင်းများကိုကြည့်ပြီး မေးစေ့ကို ပွတ်နေမိသည်။

“တစ်ခုခုတော့ လွဲနေသလိုပဲ၊ အဆင်မပြေဘူး”

အစားထိုးခံလိုက်ရသော ကျူးပိုင်ယွီကမူ သူမ၏ စိတ်အခြေအနေမှာ ယခင်ကထက် ပိုမိုလန်းဆန်းကာ ပျော်ရွှင်နေသည်ဟု ခံစားနေရသည်။

“ဟင့်အင်း၊ ငါကြည့်ရတာ အားလုံးအကောင်းကြီးပါ၊ အခြေခံအဆင့် စွမ်းအားတွေချည်းပဲလေ”

သို့သော် နေ့တိုင်း အရုပ်ဆက်ခြင်းကိုလာကြည့်တတ်သည့် ချန်ကန်းပေါင်မှာမူ ငိုရခက် ရယ်ရခက် ဖြစ်နေသလို၊ ရင်းမြောင်မှာလည်း မရယ်နိုင်တော့ပေ။

“ဒါကို အပြစ်မတင်လို့ ရမလား? ခေါင်းရယ်၊ လက်ရယ်၊ လည်ပင်းရယ်က တစ်ယောက်တည်းမှ မဟုတ်တာ!”

"ဟုတ်တာပေါ့၊ အမှန်ပဲ"

အလှအပရေးရာမှာ အမြဲတမ်း စံနှုန်းမီတဲ့ ယင်လီက ပြဿနာကို တစ်ချက်ကြည့်ရုံနဲ့ မြင်သွားသည်။

"အထူးသဖြင့်တော့ အသက်အရွယ်ရနေပြီဖြစ်တဲ့ ဟူခေါင်းဆောင်ရဲ့ လက်မောင်းနှစ်ဖက်ရယ်၊ အရိုးတွေပဲ ကျန်တော့တဲ့ ရင်ဘတ်ရယ်... အဲ့ဒါတွေကို ကျင်းချန်ရဲ့နုပျိုတဲ့ ခန္ဓာကိုယ်နဲ့ သွားတွဲထားတာ... "

"ရုပ်ဆိုးလိုက်တာ”

"ကြည့်ရတာ အရမ်းရုပ်ဆိုးလွန်းလို့ ဒီအရာကြီးကိုပဲ ပြေးထုချင်စိတ်တောင်ပေါက်လာတယ်" ယင်လီ ထပ်မံ မှတ်ချက်ပေးလိုက်သည်။

စုကျိုကမူ ကျွတ်ကျွတ်ကျွတ်~ လုပ်ကာ သူမကို တားလိုက်သည်။

"မဖျက်ဆီးလိုက်နဲ့ဦး၊ ငါ ဒီကောင်ကို အထပ်ပေါင်းစုံစိန်ခေါ်ပွဲဆီ လွှတ်မလို့”

"အကယ်လို့ ဒါကြီးပျက်သွားရင် ငါ့ ကိုယ်စား ဘယ်သူက စင်ပေါ်တက်မှာလဲ?"

"???"

"...နင်ကိုယ်တိုင် စင်ပေါ်တက်မှာ မဟုတ်ဘူးလား?"

သေချာပေါက် စုကျို ပျင်းနေခြင်းဖြစ်သည်။

"ချန်ကန်းပေါင်တောင်မှ ရုပ်သေးရုပ်တွေကိုသုံးပြီး တိုက်ခိုက်ရမယ်ဆိုတာ သိသေးတာပဲ”

"..."

ဒါ သူ့ရဲ့ မွေးရာပါပါရမီဖြစ်တဲ့ 'လက်သမား' စွမ်းရည်လေ! ချန်ကန်းပေါင်မှာတော့ ငိုချင်ရက် လက်တို့ဖြစ်နေရရှာသည်။

စုကျို မြေပြင်ပေါ်ရှိ သစ်သားအစိတ်အပိုင်းများကို ကြည့်ကာ မကျေမနပ်နှင့်ခေါင်းညိတ်ပြလိုက်သည်။

"ဒါကို... 'ကျင်းချန် ပထမမျိုးဆက်' လို့ပဲ ခေါ်လိုက်တော့မယ်”

"!"

စုကျို အိပ်ပျော်နေသည့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အခြားသူများမှာ စိန်ခေါ်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နိုင်သူနိုင်၊ ရှုံးသူရှုံးနှင့် ရှိခဲ့ကြသည်။ ခြုံငုံကြည့်လျှင် အားလုံးအခြေအနေကောင်းသည်ဟု ခံစားရသည်။ အထပ်မြင့်က စီနီယာများ၏ပြင်းထန်သော ဖိအားအောက်တွင် ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာတိုးတက်လာခဲ့သည်။

၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များမှာလည်း အဆင့်တက်တော့မည့် အရိပ်အယောင်များပြသလာနေသည်။

စုကျိုသည် ယနေ့တွင် သူ့လက်စွမ်းကို စမ်းသပ်ရန် အလွန်စိတ်အားထက်သန်နေသည်။ သူ ရင်းနှီးနေပြီဖြစ်သော ယင်လီတို့နှင့်အတူ ဝင်းအတွင်းရှိ တယ်လီပို့စင်္ကြန်ကိုအသုံးပြုကာ ၎င်းတို့၏ ဦးတည်ရာ— 'ယာယီ ရောနှောစိန်ခေါ်ပွဲ' ဆီသို့ လျင်မြန်စွာရောက်ရှိလာခဲ့သည်။

All Chapters