အခန်း (၁၀၇)
Vol. 11 Ch. 107
စုကျို ရောက်ရှိသွားသည်နှင့် တိမ်ပင်လယ်ကြီးထဲသို့ ဦးတည်နေသော ကွေ့ကောက်သည့် တံတားငါးစင်းကိုမြင်လိုက်ရသည်။
[တစ်ဦးချင်းပြိုင်ပွဲ- ဝိညာဉ်ကျောက်တုံး ၁၀၀၀]
[နှစ်ဦးတွဲပြိုင်ပွဲ- ဝိညာဉ်ကျောက်တုံး ၂၀၀၀]
...
[ငါးယောက်တွဲပြိုင်ပွဲ- ဝိညာဉ်ကျောက်တုံး ၅၀၀၀]
တံတားငါးစင်းမှာ ပြိုင်ပွဲဝင်ဦးရေအလိုက်ကွဲပြားသော စိန်ခေါ်ပွဲများကိုကိုယ်စားပြုသည်။ တပည့်များသည် မိမိတို့စိတ်ကြိုက် အဖွဲ့ဖွဲ့၍သော် လည်းကောင်း၊ တစ်ဦးတည်းသော်လည်းကောင်း ယှဉ်ပြိုင်နိုင်သည်။ ပုံစံမှာ အလွန်ပင်လွတ်လပ်လှသည်။
ဒါပေမဲ့…
"လောင်းကြေးက တော်တော်နည်းတာပဲ”
စုကျို တစ်ချက်ကြည့်ကာ စိတ်ပျက်သွားသည်။ သေချာပေါက် [ကျင်းချန် ပထမမျိုးဆက်] ကိုပဲ လွှတ်လိုက်တာပိုကောင်းလိမ့်မည်။ ဝိညာဉ် ကျောက်တုံး ၁၀၀၀ လောက်ရမည့်ကိစ္စအတွက် သူ ကိုယ်တိုင် ပါဝင်ပတ်သက်ဖို့တန်ပါ့မလား?
"နောက်တာပါ၊ တကယ်လို့ ငါသာ အတည်တိုက်မယ်ဆိုရင် အခုလောက်ဆိုဝိညာဉ်ကျောက်တုံး ၁၀၀၀ ထက်မက ကုန်ကျသွားနိုင်တယ်လေ”
"..."
"ဂိုဏ်းချုပ်က ငါတို့ကို ဝိညာဉ်ကျောက်တုံးတွေနောက်လိုက်နေတာထက် လေ့ကျင့်မှုအပေါ်မှာ အာရုံစိုက်စေချင်တာဖြစ်မှာပါ"
လိုကျား စဉ်းစားရင်း ပြောလာသည်။
"ဒါ့အပြင် အထပ် ၄၀ က အဆင့်မြင့်တပည့်တွေက နိုင်ချင်ဇောနဲ့ အထပ် ၃၀ က တပည့်တွေကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်မှာကို လည်း ကာကွယ်ထားတာဖြစ်နိုင်တယ်”
"အင်း... တိုက်ခိုက်နေရင်း ကိုယ့်အားနည်းချက်ကိုရှာတွေ့နိုင်ရင် အမြတ်ပဲပေါ့"
ကျူးပိုင်ယွီ နံနက်စောစော စိတ်ကြည်လင်စွာဖြင့် ခေါင်းညိတ်သည်။
အင်းလေ..
ကျိုးကြောင်းဆီလျော်ပါတယ်..
စုကျို သဘောတူလိုက်သည်။
"အတော်ပဲ၊ ကျွန်မလည်း ‘ကျင်းချန် ပထမမျိုးဆက်’ ရဲ့ အင်အားကို စမ်းကြည့်ချင်နေတာ၊ ဘယ်လို တိုက်ခိုက်ရေး အားနည်းချက်တွေကို ကျွန်မ ကျော်လွှားနိုင်မလဲဆိုတာ သိရတာပေါ့”
"..."
"..."
ကျင်းကန်းပေါင်၊ ရင်းမြောင်နှင့် လဲ့အော်တို့မှာမူ ဆွံ့အသွားကြရသည်။
သူမမှာ အားနည်းချက် မရှိဘူးလေ! 'ကျင်းချန် ပထမမျိုးဆက်' ဆိုတာ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ လုပ်ထားတာ! သူမနဲ့ ဘာဆိုင်လို့လဲ?
လဲ့အော်ကမူ ဂရုမစိုက်တော့ဘဲ ပျံထွက်သွားသည်။
"ညီမလေးစု၊ အောက်ခြေခြံဝင်းအဖွဲ့ အရင်သွားနှင့်ပြီနော်၊ ငါတို့ ငါးယောက်တွဲ စိန်ခေါ်ပွဲကို သွားတော့မယ်၊ ဟိုရောက်မှ တွေ့ကြမယ်!"
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည်လည်း အကြိမ်ကြိမ်လှည့်ကြည့်ရင်း သူတို့အဖွဲ့ဆီပြန်သွားကြတော့သည်။
"စုသူတော်စင်... အကယ်လို့ နင် တိုက်ပွဲဝင်မယ်ဆိုရင် ငါတို့ကို အသိပေးဦးနော်၊ ငါတို့ လောင်းကြေးထပ်မလို့၊ မဟုတ်ဘူး... ငါဆိုလိုတာက ပုံရိပ်ယောင်ကနေတဆင့် နင့်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မလို့ပါ”
စုကျို သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ရတယ်၊ ပြဿနာမရှိဘူး၊ ဘာပဲဖြစ်ဖြစ် တိုက်ပွဲစတာနဲ့ နင်တို့ ခံစားမိမှာပါ”
"..."
"..."
"ရှောင်ကျို၊ နင် လူဘယ်နှစ်ယောက်နဲ့ စင်ပေါ်တက်ချင်လဲ? ဒါမှမဟုတ် ငါတို့ ငါးယောက်တွဲ တိုက်ပွဲအတွက် အရင်ပြင်ဆင်လိုက်မလား?" ယင်လီ အကြံပြုသည်။
လွန်ခဲ့သောရက်အနည်းငယ်က သူမသည် အခြားသူများနှင့်အဖွဲ့ဖွဲ့ကာ စမ်းသပ်ခဲ့သော်လည်း၊ သုံးရက်တိုင်တိုင်သတိလစ်နေခဲ့သော စုကျိုနှင့်မူ အဖွဲ့မဖွဲ့ရသေးပေ။ ယင်လီ အလွန်မျှော်လင့်နေမိသည်။
"ငါလည်း ရှောင်ကျိုနဲ့အတူ စင်ပေါ်တက်ဖို့မျှော်လင့်နေတယ်" စီနီယာအစ်မ ပိုင်ယို့လု၏ ချိုသာသောအသံလေးထွက်ပေါ်လာသည်။
သို့သော် စုကျိုက ယဉ်ကျေးစွာငြင်းပယ်လိုက်သည်။
"ကျွန်မလည်း ရှင်တို့နဲ့ အဖွဲ့ဖွဲ့ချင်တာပေါ့၊ ဒါပေမဲ့... အခုလေးတင် ကျွန်မ [ကျင်းချန် ပထမမျိုးဆက်] တစ်ခုပဲ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သေးတာ”
အဖွဲ့လိုက်တိုက်ပွဲဆိုတာ ပူးပေါင်းဆောင်ရွက်မှုမဟုတ်လား ? တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီရမှာလေ။
"တကယ်လို့ နင်တို့ ငါးယောက်လုံးစင်ပေါ်မှာ အသတ်ခံရလို့ ငါ့မှာ [ကျင်းချန် ပထမမျိုးဆက်] တစ်ခုပဲ ရှိနေရင်၊ အရေးကြီးတဲ့ အချိန်ကျရင် ငါ ဘယ်သူ့ကို အရင်ကူညီရမလဲ?"
"..."
ရွှေရောင်အရုပ် ငါးရုပ်သာရှိရင် ဒီပြဿနာရှိမှာ မဟုတ်ဘူးမှတ်လား?
စုကျို ခေါင်းညိတ်လိုက်သည်။
"လိမ္မာတယ်၊ နင်တို့ လေးယောက်တွဲ စိန်ခေါ်ပွဲကိုပဲ အရင်သွားကြ”
"ငါတော့ တစ်ဦးချင်းပွဲပဲသွားမယ်”
ယင်လီကို အရင်ကယ်ရမလား၊ စီနီယာအစ်မ ပိုင်ယို့လုကို အရင်ကယ်ရမလဲဆိုတာ သူ မရွေးချယ်ချင်ပေ။
"ငါ့ကို ခေါင်းလာမစားကြနဲ့တော့”
ယင်လီ အံ့သြသွားပြီးနောက် အခြားသူများနှင့် အကြည့်ချင်းဖလှယ်ကာပြုံးလိုက်ကြသည်။
"ကောင်းပြီ”
"ဟုတ်တယ်၊ ရှောင်ကျိုကို တစ်ဦးချင်းပွဲပဲလွှတ်လိုက်ပါ" ပိုင်ယို့လု ထောက်ခံသံ ထွက်ပေါ်လာသည်။
ကျူးပိုင်ယွီလည်း ခေါင်းညိတ်သည်။
"အင်း... အဲ့ဒါ အကောင်းဆုံးပဲ၊ မဟုတ်ရင် အထပ်မြင့်က စီနီယာတွေက ငါတို့ထဲမှာ ဘယ်သူက ‘လူထူးလူဆန်း’ လဲဆိုတာ ခွဲခြားနိုင်မှာ မဟုတ်ဘူး”
"...?"
စုကျို လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆွံ့အစွာရပ်နေမိသည်။
သူမသည် တစ်ဦးချင်းပြိုင်ပွဲကိုချက်ချင်းရွေးချယ်လိုက်ပြီး သူ့အတွက် သတ်မှတ်ပေးထားသည့် ‘ကိုးကွေ့တံတား’ ဆီသို့ လျှောက်လှမ်းသွား တော့သည်။ ဤကိုးကွေ့တံတားတစ်စင်းစီတွင် ရေတွက်မကုန်နိုင်သော စိန်ခေါ်ပွဲစင်မြင့်များစွာရှိနေသည်။
[လက်ရှိ 1v1 စိန်ခေါ်ပွဲ- ၃၉၃ ပွဲ]
[တစ်ဦးချင်းပွဲ ကြည့်ရှုသူ- ၃၉၃,၉၃၉ ဦး]
ဝိုး... ကြည့်ရှုသူ တော်တော်များသားပဲ။
စုကျိုသည် တံတားအစရှိနေရာတွင် ဝိညာဉ်ကျောက်တုံး ၁,၀၀၀ လောင်းကြေးထပ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ကျယ်ဝန်း၍လွတ်လပ်သော စတုရန်းပုံ စင်မြင့်တစ်ခုသို့ တယ်လီပို့ကာရောက်ရှိသွားတော့သည်။
စင်မြင့်အထက်တွင် စာသားများချက်ချင်းပေါ်လာသည်။
【အထပ် ၃၀ တပည့် : စုကျို (ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ်)】
【အထပ် ၃၅ တပည့် : ကျိန်းကျား (အခြေခံအဆင့် ၈)】
စုကျိုသည် စင်မြင့်ဘေးတစ်ဖက်တွင် သူ့ ဝှီးချဲကို အဆင်သင့်ပြင်ထားပြီးဖြစ်သည်။ သူ့နောက်တွင် အမြဲလိုက်ပါနေသော ဝတ်ရုံနီနှင့် လူငယ်လေး ချန်ယွမ်ကမူ လက်ဖက်ရည်စားပွဲကိုသယ်လာပြီး သူမရှေ့တွင်ချပေးလိုက်သည်။
ထို့နောက် ဒုတိယအဆင့် ‘မြေနီ’ လက်ဖက်ရည်အိုးအစုံကိုထုတ်ကာ သူမအတွက် ဝိညာဉ်လက်ဖက်ရည်ဖျော်ပေးလာသည်။ စုကျိုကမူ လက်ဖက်ရည်ခွက်ကို မကာ မှုတ်လိုက်ပြီး၊ စင်မြင့်၏အခြားတစ်ဖက်တွင် ဖြည်းဖြည်းချင်းပေါ်လာသော ကျင့်ကြံသူဝတ်ရုံဝတ် လူငယ်ကို စိတ်ဝင်တစားကြည့်လိုက်သည်။
သူ့ ပထမဆုံးပြိုင်ဘက်က အထပ် ၃၅ ကဖြစ်ပြီး ကျင်းချန်နှင့် အဆင့်တူပင်၊ ကံကောင်းတာပဲ။
【၄၀ : ဒီကောင်တော့ ကံကောင်းလွန်းနေပြီ၊ အထပ် ၃၀ က ဝိညာဉ်သန့်စင်ခြင်းအဆင့်နဲ့ သွားတိုးနေတာလား?】
【၃၉ : သွားပြီ၊ ဒါက ရက်ရက်စက်စက် နိုင်မယ့်ပွဲပဲ၊ ပိုက်ဆံကုန်ခံပြီး ကြည့်ရတာ မတန်ဘူး။】
【၃၅ : ဟင်... မှတ်ချက်တွေရှေ့က နံပါတ်တွေက အထပ်တွေကို ပြောတာလား? ပထမဆုံး မှတ်ချက်ပေးတဲ့ စီနီယာနှစ်ယောက်က အထပ် ၄၀ နဲ့ ၃၉ ကလား?】
【၃၅ : မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အထပ်တွေကို ကိုယ်စားပြုတာပဲ။ ငါကတော့ အထပ် ၃၅ က။】
စုကျိုရှိရာ တိုက်ပွဲပုံရိပ်ယောင်ဖန်သားပြင်ပေါ်တွင် မှတ်ချက်အချို့ဖြတ်ပြေးနေသည်။
ချက်ချင်းဆိုသလို မှတ်ချက်အမြောက်အမြားစီးဝင်လာတော့သည်!
【၃၀ : ရှာတွေ့ပြီ! စုကျို ဒီမှာရှိနေတာပဲ!】
【၃၀ : ငါ မနောက်ကျသေးဘူးမလား?!】
【၃၀ : ကြားတာတော့ ညီမလေးစုကျို သတိလစ်နေတာ ရက်တော်တော်ကြာပြီဆို၊ နိုးနိုးချင်း စိန်ခေါ်ပွဲကို တန်းလာတာလား?】
【၃၀ : ညီမလေးစုကျိုကတော့ တကယ်အံ့သြစရာပဲ၊ စင်ပေါ်မှာ ထိုင်ပြီး လက်ဖက်ရည်သောက်နေသေးတယ်လား?】
【၃၀ : ငါကတော့ ညီမလေးစုရဲ့ ပါရမီကိုလာကြည့်တာ၊ ပြီးတော့ ‘ကြယ်ငါးပွင့်လျှို့ဝှက်ချက်’ က တကယ်ပဲ ပေါက်ကြားလို့မရတာလား ဆိုတာ စမ်းသပ်ကြည့်မလို့။】
【ဂုဏ်ပြုခြင်းခန်းမ : ကြယ်ငါးပွင့်လျှို့ဝှက်ချက်ကို ဆွေးနွေးနေသဖြင့် ထုတ်ပယ်လိုက်သည်!】
【၄၀ : ?】
【၃၉ : ဘာ ကြယ်ငါးပွင့်လျှို့ဝှက်ချက်လဲ?】
【၃၅ : ဒီအထပ် ၃၀ က ကျင့်ကြံသူမလေးက လက်ဖက်ရည်သောက်နေတယ်၊ သူ အရှုံးပေးလိုက်ပြီလား? ဟားဟားဟား】
【၃၅ : ဟင်? ငါ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ကြယ်ငါးပွင့် လျှို့ဝှက်စာချုပ်ကို ချိုးဖောက်မိသွားတာလား?】
【၄၀ : ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကအပြင်ကို ပေါက်ကြားလို့မရဘူး... မဟုတ်ရင် မိုးကြိုးပစ်ခံရမယ်?】
【၃၉ : ဟင်? ဘာတွေဖြစ်နေတာလဲ?】
အထပ် ၃၀ အထက်မှ ကြည့်ရှုနေသော တပည့်များမှာ အလွန်အံ့သြနေကြသည်။ ဒီစိန်ခေါ်ပွဲက ဘာတွေ ထူးခြားနေလို့လဲ? ဘာလို့ လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားရတာလဲ?
ကြည့်ရှုသူများထဲတွင် ဝိညာဉ်ကျောက်တုံး ၁၀၀ ပေး၍ အဆင့်နိမ့်ပုံရိပ်ကိုကြည့်နေသူများရှိသလို၊ အထပ်မြင့်များတွင်သာ ရှိတတ်သော ဝိညာဉ်ကျောက်တုံး ၁ သန်းပေးကာ တစ်နှစ်စာကြည့်ခွင့်ဝယ်ထားသည့် ‘သူဌေးကြီး’ များလည်းပါဝင်သည်။
ဤအခိုက်အတန့်တွင် စင်မြင့်ထက်၌ အထပ် ၃၅ မှ ကျိန်းကျားသည် ဝတ်ရုံရှည်ကိုဝတ်ဆင်ကာ ပကွားဓားကိုကိုင်ဆောင်လျက် စုကျို၏ မျက်နှာချင်းဆိုင်တွင်ပေါ်လာသည်။ စင်မြင့်ဘေးတစ်ဖက်စီတွင်မူ ထူးထူးခြားခြားထိုင်ခုံတန်းနှစ်တန်း ရှိနေသည်။
စုကျို ခေါင်းမော့ကြည့်လိုက်ရာ ထိုထိုင်ခုံတန်းများအနက် အလင်းများထွက်နေသော ထိုင်ခုံတစ်ခုတွင် လူတစ်ဦးသာထိုင်နေသည်ကို တွေ့ရသည်။ သူ့ ခါးချိတ်တံဆိပ်အရ သူသည် အထပ် ၄၀ မှ ‘ကွမ်းကျုံး’ ဖြစ်ပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းများဖြာထွက်နေသည်။ သူသည် စုကျိုအားမျက်နှာမူလျက် VIP ပရိသတ်နေရာတွင်ထိုင်ကာ ဝိညာဉ်စွမ်းအင် ပါဝင်သော ဖရုံစေ့များကို အေးအေးဆေးဆေး စားနေလေသည်။
“စိတ်ဝင်စားဖို့ကောင်းသားပဲ၊ အထပ် ၃၀ ဝိညာဉ်သန့်စင်ခြင်းအဆင့်နဲ့ လက်ဖက်ရည်သောက်ဖို့ စိတ်ကူးရှိသေးတယ်ပေါ့?”
“နင့်ကို ကြည့်ဖို့အတွက် ကြယ်ငါးပွင့်လျှို့ဝှက်စာချုပ်ကိုတောင် လက်မှတ်ထိုးလိုက်ရသေးတယ်”
“အထပ် ၃၅ က ကျိန်းကျားလား ? မင်းကို ငါ မှတ်ထားမယ်”
“လျှို့ဝှက်စာချုပ်ချုပ်ပြီး ကြည့်ရလောက်အောင် မင်းတို့မှာ ဘာတွေရှိမလဲ ကြည့်ရသေးတာပေါ့”
စုကျိုကမူ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း သူ့မျက်ဝန်းများမှာ မနာလိုမှုတို့ဖြင့်တောက်ပလာသည်။
ဒါက ကမ္ဘာကျော် လူချမ်းသာတွေမှကြည့်နိုင်တဲ့ ‘တိုက်ရိုက်ကိုယ်တိုင်ပါဝင်မှု’ အဆင့်မြင့် ပရိသတ်ထိုင်ခုံလား? သူပြောသမျှ ‘မှတ်ချက်’ တွေကိုလည်း သူမ စင်ပေါ်မှာ တိုက်ရိုက်အတိုင်းသားကြားနေရသည်။
အင်း... ဝိညာဉ်ပိုးဖလံဂေဟာကတော့ ပိုက်ဆံရှာတဲ့နေရာမှာ တကယ်ကိုပါးနပ်တာပဲ။ ဒီလို အဆင့်မြင့် ကြည့်ရှုသူတွေကို အခွင့်ထူးခံ ခံစားချက်မျိုး ပေးထားတာကိုး။
【တပည့်စုကျို... သင်သည် ဤစင်မြင့်ရှိ အဆင့်မြင့်ပရိသတ် ‘ကွမ်းကျုံး’ နှင့် အသံဝေမျှရန် ဆန္ဒရှိပါသလား?】
【အကယ်၍ ခွင့်ပြုပါက သင့်စကားသံကို တစ်ဖက်လူလည်း ကြားနိုင်မည်ဖြစ်သည်။】
ဒါက ရွေးချယ်စရာတစ်ခု ဖြစ်နေတာပဲ။
စုကျို အိတ်ပေါင်းစုံချိတ်ဆွဲထားသော သူဌေးကြီး ကွမ်းကျုံးပုံစံကို တစ်ချက်ကြည့်ကာ ချက်ချင်းပြုံးလိုက်ပြီး အသံဝေမျှခြင်းကို ခွင့်ပြုလိုက်သည်။
“ဟင်?”
ကွမ်းကျုံးသည် စင်ပေါ်မှ ပွဲကိုကြည့်နေရင်း သူ့အကြည့်ကို ကျိန်းကျားထံမှ စုကျိုထံသို့ စပ်စုလိုဟန်ဖြင့် ချက်ချင်းပြောင်းလိုက်သည်။
“နင်က နင့်အသံကို ငါ့ကို ကြားစေချင်တာလား?”
“မဆိုးဘူး၊ အထပ် ၃၀ က ဒီညီမလေးက စိတ်ဝင်စားဖို့ကောင်းသားပဲ၊ တော်တော်သတ္တိရှိတာပဲ”
အရှုံးပေးရတဲ့အချိန် ဒါမှမဟုတ် အရိုက်ခံရလို့ နာကျင်စွာအော်ဟစ်ရတဲ့ အသံမျိုးကို တခြားသူတွေကြားမှာကို လူတိုင်းက ဝန်လေးတတ်ကြ သည်။ စုကျိုကဲ့သို့ နုနုနယ်နယ် မိန်းကလေးမျိုးဆိုလျှင်ပိုဆိုးမည်။
“အစ်ကိုကြီး... အစ်ကိုကြီးက အထပ် ၄၀ ကလား ?”
စုကျို လက်ဖက်ရည်ခွက်ကိုကိုင်ကာ ဤစိန်ခေါ်ပွဲ၏ဒိုင်လူကြီးအဖြစ် တာဝန်ယူရသော ဟူကျဲကျင့်၏မှင်သက်နေသော အကြည့်အောက်၌ပင် အထပ် ၄၀ ပရိသတ်ရှိရာသို့ အေးအေးဆေးဆေးလျှောက်သွားလိုက်သည်။
သူမသည် တိုက်ပွဲဝင်ရမည့်အစား ပရိသတ်ထိုင်ခုံမှာ သွားထိုင်ပြီး ကြည့်ရှုသူနှင့် စကားစမြည်ပြောနေတော့သည်!
“ပွဲစပြီ”
ဟူကျဲကျင့် စုကျိုအား ကြည့်ပင်မကြည့်ဘဲ အံကြိတ်ကာကြေညာလိုက်သည်။
“ဟင်း...” အထပ် ၄၀ မှ ရွှေရောင်အမြုတေအဆင့်သို့ရောက်နေပြီဖြစ်သော ကွမ်းကျုံးသည် ဟူကျဲကျင့်ကိုတစ်ချက်ကြည့်ကာ၊ ထို့နောက် စားပွဲကို သူ့အနားရွှေ့ပြီး လက်ဖက်ရည်သောက်ရန်ပြင်နေသော စုကျိုကိုကြည့်ကာ ရယ်မောလိုက်သည်။
“အထပ် ၃၀ က ညီမလေး... နင်ကတော့ တကယ့်ကို လူထူးလူဆန်းပဲ”
“အထပ် ၄၀ က စီနီယာဖြစ်တဲ့ ငါ့ဘေးမှာလာထိုင်ရင် ရွှေရောင်အမြုတေ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါက နင့်ကို ကာကွယ်ပေးနိုင် မယ်လို့ ထင်နေတာလား?”
ကွမ်းကျုံး ပြုံးလျက် သူ့ လက်ထဲရှိ ကျောက်မျက်ရောင်စုံ ယပ်တောင်ကိုခတ်လိုက်သည်။
“ညီမလေး... ငါက ဝိညာဉ်အာရုံကို ခွဲထုတ်ပြီး ပွဲလာကြည့်နေတာ၊ ဒီစင်ပေါ်မှာ ရှိနေတာက ငါ့ရဲ့ ကိုယ်ပွားပုံရိပ်ပဲ၊ ငါ့ရဲ့ ခန္ဓာကိုယ်အစစ် မဟုတ်တဲ့အတွက် ငါ နင့်ကို ဘာမှ ကူညီပေးလို့မရဘူး”
“နင် ကံမကောင်းရှာဘူး”
သူ စုကျိုဆီသို့လျှောက်လာနေသော ပြိုင်ဘက်ကိုကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။
“နင်က နင့်ထက် ငါးထပ်မြင့်တဲ့ ပြိုင်ဘက်နဲ့သွားတိုးနေတာပဲ”
“ဒါပေမဲ့ ရောနှောစိန်ခေါ်ပွဲကိုလာပြီဆိုကတည်းက စိတ်ဓာတ်ကို ပြင်ဆင်ထားသင့်တယ်”
“သွားတော့လေ၊ အစ်ကိုကြီးကတော့ ကြည့်ပဲ ကြည့်နေမှာနော်၊ ကူညီပေးလို့မရဘူး”
စုကျို တဟီးဟီး ရယ်လိုက်သည်။ ထိုစဉ်မှာပင် အထပ် ၃၅ မှ သူမ၏ စီနီယာကျိန်းကျားကမူ သူမ အနားသို့ချဉ်းကပ်လာပြီး ဝန်လေးစွာဖြင့် ယဉ်ကျေးစွာ ဦးညွှတ်ကာဆိုသည်။
“အထပ် ၃၀ က ညီမလေး... စီနီယာက ညီမလေးကို ပညာပေးဖို့လာခဲ့တာပါ”
“အကယ်လို့ ညီမလေးက ဆန္ဒအလျောက်ပြိုင်ပွဲက နုတ်ထွက်မယ်ဆိုရင် စီနီယာက ညီမလေးကို လုံးဝအနာတရမဖြစ်စေရဘူး”
ကွမ်းကျုံး ခေါင်းညိတ်သည်။
“မဆိုးဘူး၊ စီနီယာတစ်ယောက်အနေနဲ့ လေးစားဖို့ကောင်းတဲ့ စကားပဲ”
သို့သော် သူ့ခေါင်းမှာ ဆက်ညိတ်ရန် အခွင့်အရေးမရတော့ပေ။
အကြောင်းမှာ စုကျိုသည် နေရာမှပင်မထရသေးသော်ငြား ကျိန်းကျားမှာမူ မြေပြင်ပေါ်သို့ ဘုတ်ခနဲလဲကျသွားခဲ့ပြီ ဖြစ်သောကြောင့်တည်း။
လဲကျသွားသော ကျိန်းကျား၏နောက်ကွယ်တွင်မူ ရင်းနှီးနေပြီဖြစ်သော၊ ရွှေရောင်ဝါးတားတား ပုံရိပ်တစ်ခုဖြည်းညင်းစွာထွက်ပေါ်လာသည်။ ထိုသူမှာ ဝိညာဉ်ပိုးဖလံဂေဟာ၏အခြေခံအဆင့် ကျင့်ကြံသူအားလုံးကိုကိုယ်စားပြုသော အထပ် ၃၅ ၏ခေါင်းဆောင် ‘ကျင်းချန်’ ပင် ဖြစ်တော့သည်!
【၄၀ : ?】
【၃၅ : ? ? ?】
ကွမ်းကျုံး မျက်လုံးများပြူးကျယ်လျက် ရုတ်တရက်ထရပ်လိုက်သည်။
သူ မယုံကြည်နိုင်လောက်အောင်ပင် ပရိသတ်ထိုင်ခုံမှနေ၍ စင်မြင့်အလယ်သို့ဆင်းလာပြီး ဤထူးဆန်းသော မြင်ကွင်းကို အနီးကပ် လာကြည့်တော့သည်!
“ခေါင်းဆောင်ကျင်း ?!”
အထပ် ၃၅ မှ ကျိန်းကျားမှာလည်း မြေပြင်ပေါ်တွင် မှောက်လျက်သားနှင့် အံ့သြတုန်လှုပ်စွာအော်ဟစ်လိုက်မိသည်။
စုကျိုကမူ စင်ပေါ်ရှိပရိသတ်ထိုင်ခုံတွင်ပင် ဆက်ထိုင်နေရင်း လက်ဖက်ရည်ခွက်ကိုမကာ ပြုံးလျက် တစ်ငုံသောက်လိုက်လေသည်။