← Chapters

အခန်း (၁၀၈)

Vol. 11 Ch. 108

အခန်း (၁၀၈)

Vol. 11 Ch. 108

စိန်ခေါ်ပွဲစင်မြင့်ထက်တွင်...

စုကျို ပြိုင်ဘက် အထပ် ၃၅ မှ စီနီယာအစ်ကိုကြီးမှာ မှင်သက်နေလေပြီ။

သူ ပရိသတ်ခုံနားက စုကျိုကိုကြည့်ရင်း အာရုံလွင့်နေစဉ်မှာပဲ၊ ‘ရုပ်သေးရုပ်’ နှင့်တူသော အနက်ရောင်ဝတ်ရုံဝတ် အရာတစ်ခုစင်ပေါ်သို့ ရုတ်တရက် ရောက်လာလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

ထိုအရာမှာ သူ့အား တစ်ခဏချင်းမှာပင် အလဲထိုးလိုက်တော့သည်!

လေတစ်ချက် ဝှေ့လိုက်သည်နှင့် ထိုအရာ၏ ‘ခေါင်း’ ပေါ်မှ မျက်နှာဖုံးပဝါပြုတ်ကျသွားလေသည်။

၎င်းမှာ သူတို့ အထပ် ၃၅ ၏ခေါင်းဆောင် ‘ကျင်းချန်’ မျက်နှာမှလွဲ၍ တခြားမဟုတ်ပေ!

"!"

【၃၅ : !!! 】

【၃၅ : ? ? 】

【၃၉ : ကျင်းချန်က ဘာလို့ ဒီမှာ ရှိနေတာလဲ? 】

【၄၀ : ဟေ? 】

စုကျိုသည် ပရိသတ်ခုံအနီးရှိ လက်ဖက်ရည်စားပွဲသို့အမြန်သွားကာ၊ စင်မြင့်ပေါ်ရှိ ‘ပြင်းထန်သော’ တိုက်ပွဲကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ သူ့နောက်ရှိ ချန်ယွမ်ကို မနေနိုင်ဘဲ မေးလိုက်မိသည်။

"ဒါကြောင့်ကိုး... တစ်ခုခုလွဲနေသလို ခံစားနေရတာ”

"ငါ သတိရပြီ၊ ‘ကျင်းချန် ပထမမျိုးဆက်’ က ပထမအဆင့်အဝတ်အစားပဲ ဝတ်ထားတာကိုး”

"ချန်ယွမ်... နင် ဘယ်လိုထင်လဲ? ကြည့်ရတာ အဆင်မပြေဘူးမလား?"

သူ့ စကားကို သက်သေပြလိုက်သကဲ့သို့ပင်...

လေတစ်ချက်တိုက်ခတ်လိုက်ရာ စင်မြင့်ပေါ်ရှိ ‘ကျင်းချန် ပထမမျိုးဆက်’ ၏အနက်ရောင် ဝတ်ရုံခြုံကြီးမှာ လွင့်စင်ထွက်သွားပြီး၊ တံငါသည်တစ်ယောက်နှင့်တူနေသော သူ့ဝတ်စားဆင်ယင်မှုမှာပေါ်လာတော့သည်။

သူ၏့ ခန္ဓာကိုယ်အထက်ပိုင်းတစ်ခုလုံးကို ဖာထေးထားသော အဝတ်ကြမ်းများဖြင့်ဖုံးအုပ်ထားသည်။ ၎င်းတို့မှာ စုရှင်းချန်နှင့် စုကျီကျီတို့ စုစည်းထားသော အဝတ်စုတ်များဖြစ်သည်။ သူတို့သည် ‘ကျင်းချန် ပထမမျိုးဆက်’ ကို အဝတ်ကောင်းကောင်းပေးဖို့ နှမြောခဲ့ကြလေသည်။

သို့သော် ထိုသည်မှာ အကောင်းဆုံးဟု ယူဆရဦးပေမည်။

‘ကျင်းချန် ပထမမျိုးဆက်’ ၏ အနက်ရောင်ဝတ်ရုံခြုံ လွင့်ပါသွားသည်နှင့် သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ လုံးဝဗလာကျင်းနေသည်ကို မြင်လိုက်ရသည်။

ထူးဆန်းသော ကြေးပြားကွပ်ပဝါမှလွဲ၍ သူ့ဖြောင့်စင်းသော ခြေထောက်နှစ်ဖက်မှာ ဘာမှဝတ်ဆင်ထားခြင်း မရှိပေ။

သူ တံငါသည်နှင့် တူနေရခြင်းအကြောင်းရင်းမှာ သူ့ခန္ဓာကိုယ်အထက်ပိုင်းရှိ အဝတ်အစားများကစုတ်ပြဲနေပြီး၊ တွဲလောင်းကျနေသော ချည်မျှင် စအချို့က ငါးဖမ်းပိုက်ကွန်ကိုခြေထောက်ပေါ် လွှားထားသကဲ့သို့ဖြစ်နေသောကြောင့်တည်း။

"ခေါင်းဆောင်ကျင်းချန်...?"

စင်မြင့်ပေါ်ရှိ လူများမှာ အံ့အားသင့်သွားကြသည်။

ဒါက ဘယ်လို အဝတ်အစားမျိုးလဲ?

ဘယ်သူမှ စဉ်းစားလို့မရနိုင်ကြပေ။

စင်ပေါ်တွင် ကိုယ်တိုင်ပါဝင်မှု အတွေ့အကြုံကို ခံစားနေသော သူဌေးကြီးကွမ်းကျုံးသာမက၊ ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးကာ ကောင်းကင်ဖန် သားပြင်မှ ဝါးတားသောပုံရိပ်ယောင်ကို ကြည့်နေကြသည့် အထပ်အသီးသီးမှ တပည့်များလည်း ြောင်အသွားကြသည်။

ဝိညာဉ်ပိုးဖလံဂေဟာသည် ပိုးချည်ငင်ခြင်း၊ အထည်ရက်ခြင်းနှင့် အဝတ်အစားများ၊ ပန်းထိုးလက်ရာများ ရောင်းချကာ ကျင့်ကြံခြင်းကို အဓိကထားသည့် ဂိုဏ်းဖြစ်သည်။

ဘယ်သူကမှ ထိုမျှလောက်ထိစိတ်ကူးယဉ်ဆန်လွန်းသည့် အဝတ်အစားမျိုးမဖန်တီးဖူးကြပေ!

【၃၇ : ဒါ တကယ် ကျင်းချန်လား?】

【၄၀ : တော်သေးတာပေါ့၊ ငါတို့ အထပ် ၄၀ ခေါင်းဆောင် လေကျဲမှာ တိုက်ခိုက်ရတာကြိုက်တဲ့ ပြဿနာတစ်ခုပဲရှိလို့။ အထပ် ၃၅ ခေါင်းဆောင်ကတော့ တကယ်အရှက်ခွဲတာပဲ...】

【၃၉ : သူ ချီဖောက်ပြန်သွားတာလား ?】

【၄၀ : သူက ဒီလိုပုံစံလား? ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ အခြေခံအဆင့်ကျင့်ကြံသူအားလုံးကို ကိုယ်စားပြုတဲ့သူကလေ? ဂိုဏ်းချုပ် မျက်လုံးကန်းနေတာများလား?】

【၃၉ : သူ နေမကောင်းဘူးလား?】

လူတိုင်း ရူးသွပ်မတတ်ဖြစ်ကုန်ကြသည်။

ကိုယ်တိုင်ပါဝင်မှု အတွေ့အကြုံ စာရင်းဝင်ထိပ်တန်းကစားသမား ကွမ်းကျုံးမှာ ပိုစိုးရိမ်တကြီး ဖြစ်နေသည်။

"ဟေး... ဘာလို့ ငါ့ခန္ဓာကိုယ်အစစ်က ဒီမှာ မရှိရတာလဲ?"

သူ ကျင်းချန်ကို လှမ်းထိလိုက်သော်လည်း သူ့လက်များမှာ ဖောက်ထွက်သွားသည်။

"အစ်ကိုကြီး... ဘာလုပ်နေတာလဲ?"

စုကျိုသည် လက်ဖက်ရည်စားပွဲတွင် ထိုင်ကာ ခွက်ကိုကိုင်ရင်း၊ အားကစားစိတ်ဓာတ်မရှိဘဲ စင်အလယ်သို့ပြေးသွားသော ဤထိပ်တန်းကစား သမားကိုကြည့်ကာ နှုတ်ခမ်းမဲ့လိုက်သည်။

"အစ်ကိုကြီး... ခင်ဗျားရဲ့ပရိသတ်ထိုင်ခုံက အရမ်းကောင်းတာကို”

"အဲ့ဒီနားသွားပြီး ဘာလုပ်နေတာလဲ... ကျင်းချန်ရဲ့မျက်နှာက အဲ့လောက်တောင် ကြည့်ကောင်းနေလို့လား?"

သူမရဲ့ [ကျင်းချန် ပထမမျိုးဆက်] ကို ဒီလောက် အနီးကပ်လာကြည့်နေမှတော့ သူမ ပိုက်ဆံကောက်သင့်သည်။

စင်ပေါ်ရှိ ကွမ်းကျုံးမှာ မှင်သက်သွားသလို၊ မြေပြင်ပေါ်မှနောက်ဆုံးတွင် ကုန်းထလာနိုင်သော အထပ် ၃၅ မှ တိုက်ခိုက်သူအစစ် ကျိန်းကျားလည်း တုန်လှုပ်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူထလိုက်သည်နှင့် ကွမ်းကျုံး အနားသို့တိုးကပ်သွားပြီး [ကျင်းချန် ပထမမျိုးဆက်] ၏မျက်လုံးများ ပိတ်ထားသည်ကို သတိပြုမိလိုက်သောကြောင့်တည်း!

"!"

"..."

"ဟေး... စီနီယာရေ၊ ဆက်မတိုက်တော့ဘူးလား?"

စုကျို လက်ဖက်ရည်စားပွဲတွင် ထိုင်လျက် လက်ဖက်ရည်တစ်ငုံသောက်ကာ စိန်ခေါ်ပွဲကို အရှိန်မြှင့်ရန်တိုက်တွန်းလိုက်သည်။

"အားမွေးမနေပါနဲ့တော့၊ မြန်မြန်လုပ်ပါ”

"ကျွန်မ ဒီနေ့ ၁၀ ပွဲလောက် တိုက်ရဦးမှာ”

သူမ ဒီမှာအချိန်ဖြုန်းနေလို့ မရပေ။

တစ်ပွဲနိုင်လျှင် ဝိညာဉ်ကျောက်တုံးတစ်ထောင်ရမည်ဖြစ်ရာ သိပ်မများလှသော်လည်း စုလိုက်လျှင်မနည်းပေ။

"စီနီယာ မတိုက်ဘူးဆိုရင်၊ ကျွန်မ လာတိုက်ခိုက်လိုက်ရမလား?"

စုကျို စင်မြင့်ပေါ်ရှိ အထပ် ၃၅ မှ ကျိန်းကျားကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

ကျိန်းကျားမှာ လန့်ဖြန့်သွားပြီး ချက်ချင်းကိုယ်ကိုမတ်ကာ သူမ ဘက်သို့ မသိစိတ်ဖြင့် ခုခံကာကွယ်သည့် ဟန်ပန်ကိုပြုလုပ်လိုက်သည်။

ရလဒ်အနေဖြင့် သူသည် သူ့နောက်ကျောဘက်မှ ပြင်းထန်သော မီးဓာတ်ဝိညာဉ်စွမ်းအင်များ တိုးဝှေ့လာသည်ကိုခံစားလိုက်ရသည်။

သူသည် ထိတ်လန့်တကြားအော်ဟစ်လိုက်သော်လည်း လှည့်ကြည့်ရန် အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်!

"ကျင်းချန် ပထမမျိုးဆက်”

"မီးပင်လယ်ကို ဘာလို့မထုတ်လွှတ်သေးတာလဲ!"

စုကျို လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း အမိန့်ပေးလိုက်သည်။

ကွမ်းကျုံးသည် သူ့ အဖိုးတန်ယပ်တောင်အား ခတ်နေသည်ကို ရပ်တန့်လိုက်ပြီး မယုံကြည်နိုင်စွာစိုက်ကြည့်နေတော့သည်။

အထပ် ၃၅ မှ ကျိန်းကျားမှာလည်း မှင်သက်သွားသည်။

ထို့နောက် သူတို့သည် ခန္ဓာကိုယ်အောက်ပိုင်းတွင်အဝတ်အစားမရှိဘဲ၊ အထက်ပိုင်းတွင် ဖာထေးထားသောအဝတ်စုတ်များဖြင့် ပုံစံမျိုးစုံ ဝတ်ဆင်ထားသည့် ‘ကျင်းချန်’ မှ သူတို့ဘက်သို့ လက်မောင်းများကိုမြှောက်လိုက်သည်ကိုမြင်လိုက်ရသည်။

ဖူး~

‘ကျင်းချန်’ ၏လက်ခလယ်နှစ်ဖက်မှာ မြှောက်တက်လာပြီး မီးဓာတ်ဝိညာဉ်စွမ်းအင်များသည် သူ့လက်ချောင်းထိပ်များတွင် ချက်ချင်းဆိုသလို မီးပင်လယ်အဖြစ်သို့ စုစည်းသွားတော့သည်!

၎င်းသည် တိုက်ပွဲစင်မြင့်ထက်မှနေ၍ ချော်ရည်များကဲ့သို့လိမ့်ဆင်းလာကာ ၽြတို့ကို ဝိုင်းရံထားလိုက်သည်!

ပေါက်ကွဲသံနှင့်အတူ ၎င်းသည် အထပ် ၃၅ မှ မှင်သက်နေသော ထိုကောင်လေးကိုဝါးမြိုသွားတော့သည်။

ဟူကျဲကျင့်သည် မျက်လုံးများမှိတ်ကာ သူ့ဝတ်ရုံလက်ကို ခါယမ်းလိုက်ပြီး ကျိန်းကျားကို စင်အောက်သို့လွှင့်ပစ်လိုက်သည်။

"တိုက်ပွဲပြီးဆုံးပြီ၊ စုကျို အနိုင်ရတယ်!"

【၃၅ : အာ... ခေါင်းဆောင်ကျင်းရဲ့ မီးဓာတ်ပညာရပ်— မီးပင်လယ်ကြီးပဲ!】

【၃၅ : ဒါ တကယ် ခေါင်းဆောင်ကျင်းလား?】

【၃၅ : သူ့ကို ဘာလို့ ကျင်းချန်ပထမမျိုးဆက်လို့ခေါ်တာလဲ?】

【၃၉ : အန္တော၊ ကျင်းချန်က သေချာပေါက် ကျင်းချန်ပထမမျိုးဆက်ပေါ့၊ ကျင်းချန် ဒုတိယမျိုးဆက်က သူ့သားဖြစ်မှာပေါ့၊ နားလည်လား?】

【၄၀ : လွန်ခဲ့တဲ့နှစ်အတော်ကြာက ခေါင်းဆောင်ကျင်းရဲ့မီးပင်လယ်ပညာရပ်ကို ငါမြင်ဖူးတယ်ဝ အဲ့ဒီတုန်းက သူက လက်ဟန်တွေသုံးပြီး ထုတ်လွှတ်တာ၊ ဒါပေမဲ့ အခုတော့ သူ အဲ့ဒါတွေကို မသုံးတော့ဘူးပဲ၊ လက်ချောင်းတစ်ချောင်းတည်းနဲ့ပဲ...】

【၃၉ : ကျင်းချန်က ‘ဝိညာဉ်လမ်းကြောင်းကြီး ဆယ်သွယ်’ ကို ရင်ဆိုင်ဖို့ သေချာလေ့ကျင့်မနေဘဲ၊ ငါတို့လို အမှိုက်တွေကို လာနှိပ်စက်နေ တာက ဘာသဘောလဲ?】

ဘာသဘောလဲ ဟုတ်လား?

ဟူကျဲကျင့် သူ့ရှေ့ရှိ ဖန်သားပြင်ပေါ်တွင် ဖြတ်ပြေးနေသော တပည့်များ၏ပုံရိပ်ယောင်စာသားများကို မကြည့်ဘဲ မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူသည် သူ့လက်မောင်းများတွင် ခံစားနေရသောလောင်မြိုက်သည့် နာကျင်မှုကိုအောင့်ထားရင်း လက်များကိုနောက်ပစ်ထားလိုက်သည်!

သူ စုကျိုကိုကြည့်ကာ တောင့်တောင့်ကြီး ပြုံးပြလိုက်ပြီး

"တပည့်စုကျို၊ နင်နိုင်သွားပြီ၊ နင့်ရဲ့... ကို မြန်မြန်ပြန်သိမ်းတော့..."

ဟူကျဲကျင့်သည် [ကျင်းချန် ပထမမျိုးဆက်] အားကြည့်ရင်း သူ့နှုတ်ခမ်းများ တုန်ခါနေသည်။

ဤအရာသည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်း လက်မောင်းများကိုအသုံးပြုထားခြင်းဖြစ်သည်၊ ၎င်းသည် အခြေခံအဆင့် အထွတ်အထိပ်တွင် ရှိနေသကဲ့သို့ ထင်ရသော်လည်း…

သို့သော်... ဟူကျဲကျင့်ကမူ သန့်စင်သော သစ်သားဓာတ်ကျင့်ကြံသူဖြစ်သည်။

သူ့သွေးကြောများနှင့် လက်မောင်းများကိုအသုံးပြုကာ ရွှေရောင်မီးဓာတ်ပညာရပ်အားထုတ်လွှတ်ခြင်းမှာ သစ်သားကို မီးရှို့နေသကဲ့သို့ပင် အလွန်အမင်းပူလောင်လှသည်။

"စုကျို၊ မဟာကျင့်ကြံသူလုက နင့်ကို တိုက်ခိုက်မှုတွေကနေတဆင့် နင့်ရဲ့စွမ်းရည်တွေကို ထက်မြက်အောင်လုပ်စေချင်တာလေ..."

ဟူကျဲကျင့် အံကြိတ်ကာ "ဒီလိုမျိုးဆိုရင် နင် ဘယ်လိုလုပ် တိုးတက်မှာလဲ?"

စုကျို ဟီးခနဲ အသံထွက်သွားပြီး သူမ အဲ့ဒီအချက်ကို တကယ်မေ့သွားခဲ့မှန်းသိလိုက်ရသည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အုပ်ချုပ်ရေးမှူးဟူ”

"ဒါဆိုရင် နောက်တစ်ပွဲကျရင် ကျွန်မ နှစ်ဦးတွဲ စိန်ခေါ်ပွဲမှာ ပါဝင်လိုက်မယ်”

ဟူကျဲကျင့် ခေါင်းညိတ်လိုက်သည်။

"အဲ့လိုကြားရတာ ဝမ်းသာစရာပဲ... ဟင်?"

နှစ်ဦးတွဲ စိန်ခေါ်ပွဲ ဟုတ်လား?

သူ ဇဝေဇဝါ ဖြစ်သွားသည်။

စုကျိုသည် လျင်မြန်စွာ တယ်လီပို့ဖြင့် ထွက်ခွာသွားတော့သည်။

အထပ် ၃၀ အထက်မှ တိုက်ပွဲကို မြင်တွေ့ခဲ့ရသော တပည့်အားလုံးမှာ အလွန်ထိတ်လန့်တုန်လှုပ်နေကြသည်။

အထူးသဖြင့် အထပ် ၃၅ မှ လူများမှာ သူတို့ အစောပိုင်းမြင်ခဲ့ရသော တိုက်ပွဲကို လုံးဝစဉ်းစားမရနိုင်အောင် ဖြစ်နေသည်။

ကာယကံရှင်ဖြစ်သူ ကျိန်းကျားမှာ သူ့ခေါင်းဆောင်ကျင်းချန်၏နောက်ဆုံးကွက်ဖြင့် အရှုံးပေးလိုက်ရသဖြင့် ပိုလို့ဇဝေဇဝါ ဖြစ်နေရှာသည်။

"နည်းနည်းတော့ ထူးဆန်းတယ်... ခေါင်းဆောင်ကျင်းချန် အထူးလေ့ကျင့်ရေး ခံယူနေရမှာမဟုတ်ဘူးလား? သူ ဘာလို့ အထပ် ၃၀ က ကျင့်ကြံသူမလေးအတွက် လာတိုက်ပေးနေရတာလဲ?"

ကျိန်းကျား နားမလည်နိုင်ပေ။

စင်ပေါ်မှာ ရှိနေတာက ရုပ်သေးရုပ်လား၊ လူအစစ်လား?

အစောပိုင်းတွင် သူ တုန်လှုပ်လွန်းသဖြင့် အာရုံခံစားမိရုံသာရှိသည်။

သို့သော် မီးပင်လယ်ဆိုသည်မှာ ဝိညာဉ်ပိုးဖလံဂေဟာတစ်ခုလုံးတွင် ခေါင်းဆောင်ကျင်းချန် တစ်ဦးတည်းသာ ထုတ်လွှတ်နိုင်သည့် အရာဖြစ်သည်။

ကျိန်းကျားသည် ကုသရေးနေရာတွင် ဆေးအချို့သောက်ပြီးနောက်တရားထိုင်နေသည်ကို ရပ်တန့်လိုက်ပြီး အထပ် ၃၅ တွင် ကျင်းချန်အ ကြောင်း အသိဆုံးဖြစ်သည့် ညီလေးလုံကျင်းချန်ကို ရှာရန်အမြန်ထွက်လာခဲ့သည်။

"ရှောင်လုံ၊ ခေါင်းဆောင်ကျင်း... အင်း... ဒီနေ့ ဒီမှာမရှိဘူးမလား?"

ကျိန်းကျားသည် ပုံမှန်အားဖြင့် ကျင်းချန်နှင့် တိုက်ရိုက်စကားပြောရန် မဝံ့ရဲပေ။

တစ်ဖက်လူက လူသားတွေထဲက နဂါးတစ်ကောင်လေ

သူက ဘာမို့လို့လဲ?

သို့သော် သူ့ဂျူနီယာညီလေးလုံကျင့်ချန်းကမူ ပိုပြီဖော်ရွေပျူငှာလှသည်။

"ဟုတ်တယ်၊ စီနီယာအစ်ကိုကြီးက အခြေခံအဆင့်အထွတ်အထိပ်အသင်းက အဖွဲ့ဝင်ငါးယောက်၊ ပြီးတော့ အရံလူတွေနဲ့အတူ လေ့ကျင့်ဖို့အတွက် အထပ်လေးဆယ်ကိုသွားတယ်လေ”

အပြာနှင့်အဖြူရောင် ပညာရှိဝတ်ရုံကို သေသပ်စွာဝတ်ဆင်ထားသော လုံကျင်းချန်းသည် သူ့ဆေးဖော်စပ်သည့် မီးဖိုကို သိမ်းဆည်းရင်း ကျိန်းကျားကို ပြုံး၍ပြောလိုက်သည်။

"စီနီယာအစ်ကိုကြီးကျင်းက အခုရက်ပိုင်းတွေမှာ ဒီအထပ်မှာမရှိဘူး၊ ညီလေးကျိန်း... ဘာလို့ စီနီယာအစ်ကိုကြီးကျင်းအကြောင်း ရုတ်တရက် မေးနေရတာလဲ?"

ဘာလို့လဲ ဟုတ်လား?

သေချာတာပေါ့၊ စီနီယာအစ်ကိုကြီးကျင်းဆီက အရိုက်ခံလိုက်ရလို့ပေါ့!

ကျိန်းကျားသည် ရင်ထဲမွန်းကြပ်နေပြီး လိုကျင်းချန်းအားရင်ဖွင့်တိုင်တန်းကာ သူ့အမှားကိုထောက်ပြလိုက်သည်။

All Chapters