← Chapters

အခန်း (၁၀၉)

Vol. 11 Ch. 109

အခန်း (၁၀၉)

Vol. 11 Ch. 109

"ရှောင်လုံ... ခေါင်းဆောင်ကျင်း ဒီနေ့ အထပ်လေးဆယ်မှာ မရှိဘူး၊ သူ ဘယ်မှာလဲဆိုတာ ခန့်မှန်းကြည့်?"

လုံကျင်းချန်က ဇဝေဇဝါဖြင့် ခေါင်းလှည့်ကြည့်လာသည်။

ကျိန်းကျားကမူ မီးပင်လယ်ကြောင့် သူ့ညာဘက်လက်မောင်းတွင် ရရှိထားသော မီးလောင်ဒဏ်ရာများကိုညွှန်ပြလိုက်သည်။

"သူက ကျိကျိတက်..."

သူ ပါးစပ်ဟလိုက်သော်လည်း ထွက်လာသည်မှာ ငှက်အော်သံသာ။

လုံကျင်းချန် : "?"

ကျိန်းကျား : "..."

တစ်ခဏအတွင်းမှာပင် သူ့လက်ဖမိုးပေါ်၌ ကြယ်ငါးပွင့်လျှို့ဝှက်စာချုပ်၏အမှတ်အသား လင်းလက်လာသည်။

ကျိန်းကျား သူ့နဖူးကိုအုပ်လိုက်သည်။ အစောပိုင်းတိုက်ပွဲအကြောင်း ပြောပြလို့မရဘူးဆိုတာကို သူ လုံးဝမေ့သွားခဲ့သည်။

ဒါပေမဲ့ သူခေါင်းဆောင်ကျင်းရဲ့ အရိုက်ခံရတာလေ၊ အဲ့ဒါ ဘာလျှို့ဝှက်ချက်မို့လို့လဲ!

ကျိန်းကျားမှာ ပိုစိတ်မသက်မသာ ဖြစ်လာရသည်။

"ကျွန်တော် တကယ်တော့ သေချာမသိဘူး၊ ဒါပေမဲ့ အဲ့ဒါက ကျွန်တော်တို့ခေါင်းဆောင်ပဲဖြစ်ရမယ် မဟုတ်လား?"

"သူ့ဝတ်စုံက ထူးဆန်းနေပေမဲ့၊ ဘောင်းဘီလည်းမပါ ဖိနပ်လည်းမပါဘဲ အရူးတစ်ယောက်လိုမျက်လုံးတွေမှိတ်ထားတာဆိုပေမဲ့..."

"သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း တကယ်ထူးဆန်းနေတယ်”

"ဒါပေမဲ့... သူက မီးဓာတ်ဝိညာဉ်အမြုတေရှိတာတော့ သေချာတယ်!"

ဝိညာဉ်ပိုးဖလံဂေဟာသည် အဓိကအားဖြင့် သစ်သားဓာတ်ကျင့်စဉ်များကိုအသုံးပြုကြပြီး၊ မီးဓာတ်ရှိသော ကျင့်ကြံသူများသည် အောက်ခြေ အဆင့်များတွင် ပိုးစာပင်များကို မစိုက်ပျိုးနိုင်ကြပေ။ ကျင်းချန်မှလွဲ၍ မီးဓာတ်ဖြင့် အဆင့် ၃၀ သို့ ရောက်ရှိနိုင်သော ကျင့်ကြံသူမှာ မကြာသေးမီနှစ်များအတွင်း အလွန်ရှားပါးလှသည်။

ထို့အပြင် ထိုဝိညာဉ်သန့်စင်ခြင်းအဆင့်မှ ကျင့်ကြံသူမလေးစုကျိုကလည်း ရှင်းရှင်းလင်းလင်း အော်ပြောခဲ့သေးသည်။

"ကျင်းချန်... မီးပင်လယ်ကို ဘာလို့မထုတ်လွှတ်သေးတာလဲ?"

ကျိန်းကျားသည် သူ့အပေါ် မီးတံတိုင်းပညာရပ်သုံးခဲ့သော လက်ခလယ်နှစ်ချောင်းစီတွင် ခေါင်းဆောင်ကျင်း၏အဖိုးတန်လက်စွပ် ရှိနေသည်ကိုလည်း မှတ်မိနေသည်။

ထိုအဖိုးတန်လက်စွပ်သည် ခေါင်းဆောင်ကျင်းမည်သူမည်ဝါဖြစ်ကြောင်း သက်သေပြသည့် အမှတ်အသားပင်။

ခေါင်းဆောင်ကျင်းက ၎င်းအား ဘယ်တော့မှ ချွတ်လေ့မရှိပေ!

‘သူ့’ ပတ်ဝန်းကျင်က စွမ်းအင်လှိုင်းတွေက တကယ်ပဲ နည်းနည်းထူးဆန်းနေပေမဲ့၊ တကယ်လို့ ဒါက ကျင့်စဉ်လမ်းကြောင်းလွဲနေတာ ဒါမှမဟုတ် အိပ်ပျော်နေရင်း လမ်းလျှောက်နေတာမျိုးဆိုရင်... အဲ့ဒါဆိုရင်တော့ အဓိပ္ပာယ်ရှိနိုင်မလား?

လုံကျင်းချန်မှာ ပိုထူးဆန်းသလိုခံစားလာရသော်လည်း သူ မေးခွန်းထုတ်တိုင်း ကျိန်းကျားက တတွတ်တွတ်သာပြောနေတော့သည်။

ကျိန်းကျား အလွန်စိတ်ပျက်နေမိသည်။ ဂိုဏ်းအတွင်းရှိ ကြယ်ငါးပွင့်လျှို့ဝှက်စာချုပ်က ဤမျှအစွမ်းထက်ပြီး သူ့ကို စကားပင်ပြောခွင့်မပေး လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ မြည်တမ်းလိုက်သည်။

"ရှောင်လုံ... မင်းကိုယ်တိုင် ရောနှောစိန်ခေါ်ပွဲမှာ သွားစမ်းကြည့်လိုက်ဦး၊ မှတ်ထားနော်၊ အထပ် ၃၀ က တစ်ဦးချင်းပြိုင်ပွဲ၊ ညီမလေးစုကျိုပဲ!"

ထိုသို့ပြောပြီးနောက် သူသည် မျက်နှာကိုအုပ်ကာထွက်ပြေးသွားတော့သည်။

【ဤအထပ်၏ ခေါင်းဆောင်ကျင်းချန်အား ထောက်ခံသူ : ၃၉,၀၄၉ ဦး】

【မနေ့ကထက် ၁,၀၃၄ ဦး လျော့နည်းသွားသည်】

လုံကျင်းချန်သည် သန့်ရှင်းရေးလုပ်ရန်တိတ်ဆိတ်သောအခန်းသို့ ဝင်လာစဉ် နံရံပေါ်ရှိ ကျောက်စိမ်းပြားပေါ်မှ အပြောင်းအလဲကိုမြင်လိုက်ရပြီး မှင်သက်သွားသည်။

စီနီယာအစ်ကိုကြီး ကျင်းချန်၏အထပ် ၃၀ ရှိ လူကြိုက်များမှုက ဘယ်လိုလုပ်ပြီး ဒီလောက်အထိထိုးကျသွားရတာလဲ?

တစ်ချိန်တည်းမှာပင် အထပ် ၄၀ ၌ သူဌေးကြီးကွမ်းကျုံးသည် သူ့ အိတ်ပေါင်းစုံကို ချိတ်ဆွဲကာ ယိမ်းထိုးလျက် သူ့ခေါင်းဆောင်လေကျယ် လေ့ကျင့်ရာနေရာသို့ အပြေးအလွှားသွားနေသည်။

"ခေါင်းဆောင်... ကြောက်စရာကောင်းတဲ့ကိစ္စကြီးတော့ ဖြစ်နေပြီ!"

ကွမ်းကျုံး အော်ဟစ်သံက ချက်ချင်းရပ်တန့်သွားသည်။

သူသည် စိန်ခေါ်ပွဲစင်မြင့်ရှိ အခြေခံအဆင့်အထွတ်အထိပ်အသင်းဝင် ငါးယောက်ကြားတွင် ကျင်းချန်ကိုမြင်လိုက်ရသည်။

သူ့ဝတ်ရုံများမှာ သန့်ရှင်းနေပြီး ဖာထေးရာများမရှိသလို၊ ခန္ဓာကိုယ်အောက်ပိုင်း ပျောက်ကွယ်နေသည့် ပညာရပ်မျိုးလည်း မတွေ့ရပေ။

ကာမဂုဏ်ချုပ်တည်းသော သော့ခတ်မှုမျိုးလည်းမရှိပေ။

ကွမ်းကျုံး တုန့်ကနဲဖြစ်သွားရသည်။

ခုနက သူသည် ဝိညာဉ်အာရုံဖြင့် ပုံရိပ်ယောင်ထဲသို့ ဝင်ခဲ့ခြင်းဖြစ်ပြီး၊ အခုမူ သူ့ ခန္ဓာကိုယ်အစစ်ဖြစ်နေသည်။

ကွမ်းကျုံး၏ကျင့်ကြံမှုအဆင့်မှာ ကျင်းချန်ထက်သာလွန်နေပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် အာရုံခံကြည့်လိုက်ရုံဖြင့် စင်ပေါ်ရှိကျင်းချန်မှာ ရွှေရောင်အမြုတေအဆင့်သို့ တက်လှမ်းရန် တစ်ဝက်တစ်ပျက် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။

ဒါက ခုနက စိန်ခေါ်ပွဲစင်မြင့်ပေါ်က အခြေခံအဆင့်အထွတ်အထိပ်မှာရှိပြီး မျက်လုံးမှိတ်ထားတဲ့ ထူးဆန်းတဲ့ မိစ္ဆာကောင် ‘ကျင်းချန်’ နှင့် လုံးဝကွာခြားနေသည်။

သို့သော်လည်း ထိုမျက်လုံးမှိတ်ထားသော မိစ္ဆာကောင်က ကျင်းချန်၏နောက်ဆုံးကွက်ကို အသုံးပြုနိုင်ရုံသာမက မီးဓာတ်ဝိညာဉ်အမြုတေကို လည်း ပိုင်ဆိုင်ထားသေးသည်။

"ဘာဖြစ်လို့လဲ လောင်ကွမ်း?" လေကျယ့်က စိန်ခေါ်ပွဲစင်မြင့်ပေါ်မှ ခုန်ဆင်းလာပြီး သူ့သူငယ်ချင်းဖြစ်သူ ကွမ်းကျုံးအားလက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်သည်။

ကွမ်းကျုံး လက်ကိုမြှောက်ကာ ရှုံ့မဲ့လိုက်ပြီး ခေါင်းကိုက်လာသလိုခံစားလိုက်ရသည်။

"နေဦး... ငါ့အတွေးတွေကို အရင်စီစစ်ပါရစေဦး”

"တကယ်လို့ ဒါ ကျင်းချန်အစစ်ဆိုရင်၊ ခုနကစင်ပေါ်မှာရှိနေတာက ဘာကြီးလဲ?"

လေကျယ် လုံးဝဇဝေဇဝါဖြစ်သွားသည်။

"ဟင်?"

ကွမ်းကျုံးသည် သူ့နှစ်ရှည်လများ သူငယ်ချင်းဖြစ်သူလည်းဖြစ်၊ အထပ်လေးဆယ်၏ခေါင်းဆောင်လည်းဖြစ်သည့် လေကျယ်ကိုတိုးတိုးလေး ကပ်ပြောလိုက်သည်။ "သတိထားနော်။ ဘာပဲဖြစ်ဖြစ် ငါဒါကို အဖြေရှာမတွေ့မချင်း အဲ့ဒီကျင်းချန်နဲ့ ဝေးဝေးမှာနေ”

"ငါ့ရဲ့ အကြမ်းဖျင်း ခန့်မှန်းချက်အရဆိုရင်၊ တကယ်လို့ သူက ပြင်းထန်တဲ့ ရောဂါတစ်ခုခု မရှိဘူးဆိုရင်တောင်..."

"သေချာတယ်၊ သူက ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ တွေ့နေတာပဲ”

ကွမ်းကျုံးသည် သူနှင့်အတူ လက်ဖက်ရည်သောက်ချင်ပါသည်ဟု ပြုံးပြုံးလေးပြောခဲ့သော၊ နာမည်က စုကျိုလား ဘာလားဆိုသည့် ချစ်စရာကောင်းသော ဂျူနီယာညီမလေးကို မတွေးဘဲ မနေနိုင်ဖြစ်သွားသည်။

လေကျယ် မျက်လုံးများလင်းလက်သွားသည်။

"ဘာဖြစ်လို့လဲ?"

"ဟူး..."

ကွမ်းကျုံးက အတွေ့အကြုံမရှိသူ မဟုတ်ပေ၊ ချက်ချင်း သူ့လက်ဖမိုးပေါ်မှ ကြယ်ငါးပွင့်လျှို့ဝှက်ချက် ‘စန်းချီ’ အမှတ်အသားကို လေကျယ့် မြင်အောင် ညွှန်ပြလိုက်သည်။

"ငါလည်း မင်းကို ပြောပြချင်တာပေါ့”

"ကံမကောင်းတာက ငါပြောပြလို့မရဘူး၊ ငါကတော့ ကျိကျိတက် အော်ဟစ်နေရတဲ့သူ မဖြစ်ချင်ဘူး”

လေကျယ့်မှာ စဉ်းစားစရာဖြစ်သွားသည်။ မကြာသေးမီက ကျင်းချန်သည် လေ့ကျင့်ရေးတွင် ပြဿနာအမျိုးမျိုးနှင့် ကြုံတွေ့နေရသည်။

ဒါက သူ့သူငယ်ချင်း ကွမ်းကျုံးပြောသည့်အချက်နှင့် ဆက်စပ်နေနိုင်မလား?

"မင်း သိချင်ရင် ရောနှောစိန်ခေါ်ပွဲကို မင်းဘာသာ သွားကြည့်လိုက်”

ကွမ်းကျုံးသည် လေကျယ်လက်ဖဝါးပေါ်တွင် နာမည်တစ်ခုကို တိုးတိုးလေးပြောရင်း ရေးလိုက်သည်။

"အထပ် ၃၀ က စုကျို”

လေကျယ် မျက်ခုံးပင့်လိုက်သည်။

"ကဲ... ငါ မင်းနဲ့ စကားမပြောတော့ဘူး၊ ပြိုင်ပွဲသွားကြည့်ဦးမယ်!"

ကွမ်းကျုံးမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

ရောနှောပြိုင်ပွဲအတွက် ကွေ့ကောက်နေသော တံတားငါးစင်းရှေ့တွင် စုကျိုသည် ဒုတိယမြောက်တံတားဖြစ်သော [နှစ်ဦးတွဲ စိန်ခေါ်ပွဲ] ဆီသို့ အမြန်လျှောက်လှမ်းသွားသည်။

"ဟေး... ရှောင်ကျို၊ နင် ဒီမှာ ဘာလုပ်နေတာလဲ? နင်က တစ်ဦးချင်းပြိုင်ပွဲမှာရှိနေရမှာ မဟုတ်ဘူးလား?"

ယင်လီသည် စုရှင်းချန်နှင့်အတူရှိနေခြင်းဖြစ်သည်။

သူတို့သည် စုရှင်းချန်၏ ‘အချိန်’ ပါရမီကိုအသုံးပြုကာ တိုက်ခိုက်ရန် ညှိနှိုင်းနေကြခြင်းဖြစ်သည်။

စုကျို သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ဟုတ်တယ်၊ အုပ်ချုပ်ရေးမှူးဟူက ငါ့ရဲ့ကိုယ်ပိုင်ကျင့်ကြံမှုကို ဂရုစိုက်ဖို့သတိပေးလိုက်လို့လေ”

"သူပြောတာ မှန်တယ်၊ ဒါကြောင့် နှစ်ဦးတွဲ စိန်ခေါ်ပွဲကို လာဖို့ဆုံးဖြတ်လိုက်တာ”

သူ စကားပြောရင်း စင်မြင့်တစ်ခုပေါ်သို့ တစ်ယောက်တည်းတက်သွားသည်။

တစ်ယောက်တည်း..

"ဟေး၊ ဟေး၊ ဟေး..."

ဤစင်မြင့်ကို တာဝန်ယူထားသည့် အထပ်လေးဆယ်မှခေါင်းဆောင်က သူမကို ချက်ချင်းတားလိုက်သည်။

"ဘာလို့ တစ်ယောက်တည်းလဲ? ဒါက နှစ်ဦးတွဲ စင်မြင့်လေ!"

သို့သော် မကြာမီမှာပင် ရွှေရောင်နဂါးပတ်လမ်းပုံစံ ဖိနပ်များကိုဝတ်ဆင်ထားသော အနီရောင်ဝတ်စုံနှင့် မိစ္ဆာတစ်ကောင်သည် စုကျို နောက်ဘက်တွင် ငြင်သာစွာဆင်းသက်လာသည်။

အထပ်လေးဆယ်ရှိခေါင်းဆောင်မှ တစ်ချက်ကြည့်လိုက်ရုံနှင့် ကန့်ကွက်စရာမရှိတော့ဘဲ

"အော်... နင့်မှာ အထွတ်အထိပ်အဆင့် မိစ္ဆာတစ်ကောင်ရှိတာကိုး၊ မထူးဆန်းတော့ပါဘူး၊ ကောင်းပြီ... နင်တို့နှစ်ယောက်ကို တစ်ဖွဲ့အဖြစ် စာရင်းသွင်းပေးလိုက်မယ်”

စုကျို အံ့အားသင့်သွားသည်။

သူမသည် ချောမောသော မိစ္ဆာလူငယ်လေးဘက်သို့ အမြန်လှည့်ကာပြောလိုက်သည်။

"ချန်ယွမ်... မလောပါနဲ့ဦး၊ ထိုင်ပြီး လက်ဖက်ရည်လေး ဘာလေးသောက်နေလိုက်၊ ဒီတစ်ပွဲကို ငါပဲ ယူလိုက်မယ်”

"ဘာပဲဖြစ်ဖြစ် မဟာကျင့်ကြံသူလုက ငါ့ကို ကောင်းကောင်းလေ့ကျင့်စေချင်တာလေ၊ ဒါမှ အခြေခံအဆင့်ကို အမြန်ရောက်မှာ”

မိစ္ဆာလူငယ်လေး၏တောက်ပလှပသောမျက်နှာထက် ဝမ်းနည်းရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

သူသည် ကျောပေါ်တွင် ခွေးလှောင်အိမ်ကြီးကို ထမ်းထားရင်း တိတ်ဆိတ်စွာခေါင်းငုံ့ထားလိုက်သည်။

"နင်လည်း စင်ပေါ်တက်ချင်တာလား ?"

စုကျိုမှာ ရင်ထဲမကောင်းဖြစ်သွားပြီး သက်ပြင်းချကာ ဝေခွဲမရဖြစ်သွားသည်။

"ခုနက ငါမှားသွားတယ်၊ နင့်ကို ထည့်မတွက်မိလိုက်ဘူး”

"ငါတို့ သုံးဦးတွဲ စိန်ခေါ်ပွဲကို သွားသင့်တာ၊ အဲ့ဒါဆိုရင် လူတိုင်းစွမ်းရည်ပြဖို့ နေရာရမှာ”

【၃၀ : နှုတ်ခမ်းလှုပ်ရှားမှုကို ဘာသာပြန်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်—】

【၃၉ : ??? ‘လူတိုင်း’ ဆိုတာ ဘယ်သူ့ကိုပြောတာလဲ? တကယ်ပဲ ကျင်းချန်လား?】

【၃၅ : ...ငါမယုံဘူး၊ သူ့ရဲ့ စိန်ခေါ်ပွဲကို ငါ ထပ်ကြည့်ရမယ်!】

【၄၀ : ထိတ်လန့်သွားပြီ】

တိုက်ပွဲစင်မြင့်ထက်တွင်...

"ဒါဆိုရင် ဒီတစ်ပွဲတော့... နင်ပဲ သွားလိုက်တော့”

စုကျိုသည် ချန်ယွမ်လှပသော မျက်နှာပေါ်မှဝမ်းနည်းနေသော အမူအရာကိုကြည့်မနေနိုင်တော့ပေ။

အထူးသဖြင့် သူသည် သူမအား အလွန်ဂရုစိုက်ပေးခဲ့သည် မဟုတ်ပါလား။

"ဟေး..."

တိုက်ပွဲစင်မြင့်ပေါ်တွင် စုကျို၏ဆန့်ကျင်ဘက်၌ အထပ် ၃၈ မှ ညီအစ်မနှစ်ယောက်ပေါ်လာလေပြီ။

"ကျွန်မတို့ ရောက်ပြီနော်!"

"ကျွန်မတို့ကို တစ်ချက်လောက် ကြည့်ပေးလို့ရမလား?"

စုကျို လှည့်ကြည့်လိုက်သည်။

"အော်... စနေပြီလား?"

မက်မွန်ခက်ဓားများကို ကိုင်ထားသော တစ်ဖက်မှ ညီအစ်မနှစ်ယောက် : "..."

[အထပ် ၃၀ စုကျို : ၁ ပွဲနိုင်၊ ???]

[အထပ် ၃၈ လျောင်အိုက်ချန်း၊ လျောင်မူချန်း : ၉ ပွဲနိုင်]

【၃၉ : အမြွှာညီအစ်မတွေလား?】

【၃၈ : အဲ... ဒါ ငါတို့ အထပ် ၃၈ ကပဲ! ဒီညီအစ်မနှစ်ယောက်က ညီလေးကျင်းချန်ကို အားကျနှစ်သက်တဲ့သူတွေလေ။】

【၃၈ : သူတို့က ညီအစ်မအရင်းတွေ မဟုတ်ဘူး၊ ကျင်းချန်ကို အားကျလို့ အတူတူပေါင်းမိနေကြတာ၊ တိုက်ဆိုင်စွာပဲ နှစ်ယောက်လုံးက ‘လျောင်’ ဆိုတဲ့ မျိုးရိုးနာမည်တူနေတာ။】

【၄၀ : ...တကယ်လို့ သူတို့သာ စုကျိုအတွက် တစ်ယောက်ယောက်က ဝင်တိုက်ပေးနေတာကိုမြင်သွားရင်တော့...】

【၃၈ : ...ငါတော့ ဆက်တောင် မတွေးရဲတော့ဘူး။】

နှစ်ဦးတွဲ စိန်ခေါ်ပွဲစင်မြင့်ထက်တွင် စုကျိုသည် ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်ရှိ ညီအစ်မနှစ်ယောက်ကို မြင်လိုက်ရပြီး သူတို့၏အမည်များမှာ တစ်နေရာရာတွင် ရင်းနှီးနေသလိုခံစားလိုက်ရသည်။

သူတို့လက်ထဲရှိမက်မွန်ခက်ဓားနှစ်လက်မှာ ပန်းရောင်ဓားရိုးများဖြင့် နုနယ်လှပသောပုံစံရှိပြီး စုကျိုအနေဖြင့် ၎င်းတို့ကို တစ်နေရာရာတွင် မြင်ဖူးသလိုရှိနေသည်။

သို့သော် သူမ သိပ်အလေးအနက်မတွေးမိဘဲနေစဉ်၊ အခြေခံအဆင့် ရှစ်ဆင့်မှာရှိသော ထိုညီအစ်မနှစ်ယောက်က သူ့အား လှမ်း၍ အော်ပြောလိုက်ကြသည်။

All Chapters