အခန်း (၉၂၇-၉၂၈)
Vol. 57 Ch. 927-928
အခန်း ၉၂၇ ။ မက်မွန်ပွင့်အရက်
အိမ်တော်ထိန်းနှင့် အိမ်ဖော်များ မက်မွန်ပွင့်အရက် ယူဆောင်လာသောအခါ ဧည့်သည်အားလုံးသည် ဟွာရှ ရိုးရာပုံစံ ထုပ်ပိုးထားသော အရက်အိုးများကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
မက်မွန်ပွင့်အရက်၏ ထုပ်ပိုးပုံသည် ယခင်က သူတို့ သောက်ခဲ့သော ကျန်းမာရေး သစ်သီးအရက်နှင့် သိပ်မကွာခြားလှပေ။
ကျန်းမာရေး သစ်သီးအရက် အိုးက အနက်ရောင် ဖြစ်ပြီး မက်မွန်ပွင့်အရက် အိုးက အညိုရောင် သမ်းနေသည်။ အိုးဝတွင် အနီရောင် အဝတ်စဖြင့် ချည်နှောင်ထားပြီး ဟွာရှ ရိုးရာပုံစံ ပေါက်နေသည်။
သူဌေးကြီးများနှင့် အထက်တန်းလွှာ အမျိုးသမီးများသည် လာချပေးသော မက်မွန်ပွင့်အရက်ကို ထူးဆန်းစွာ ကြည့်ပြီး မေးလိုက်ကြသည်။ "ကုန်း... ဒါ မက်မွန်ပွင့်အရက်လား"
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "အင်း... ဒီ ၈ အိုးက မက်မွန်ပွင့်အရက်ပါ"
ထို့နောက် သူက အိမ်တော်ထိန်းကို အရက်အိုး ဖွင့်ရန် အချက်ပြလိုက်သည်။
အိမ်တော်ထိန်းသည် ညွှန်ကြားချက် ရသည်နှင့် ဂရုတစိုက် ဖွင့်လိုက်သည်။
ဖွင့်လိုက်သည်နှင့် မက်မွန်ပွင့် ရနံ့သင်းသင်းလေး ပျံ့လွင့်လာသည်။
"အင်း... မွှေးလိုက်တာ" တစ်ယောက်က အာမေဋိတ်သံ ပြုလိုက်သည်။ "ဟာ... ဒီအရက်က တကယ် မွှေးတာပဲ" သစ်သီးအရက်နှင့် မတူဘဲ ပိုမို ယစ်မူးစေသည်။
တစ်ယောက်က မျက်လုံးမှိတ်ပြီး အရက်နံ့ကို ရှူရှိုက်ကာ ပြောလိုက်သည်။ "ဒီအရက်နံ့ကို ရှူရှိုက်လိုက်တာ ကောင်းကင်အပြည့် ပျံဝဲနေတဲ့ မက်မွန်ပွင့်တွေကို မြင်ယောင်လာသလိုပဲ။ တကယ် လှပပြီး ယစ်မူးစရာ ကောင်းလိုက်တာ"
"ကျွန်မလည်း မက်မွန်ပွင့်တွေ အများကြီး ပျံဝဲနေတာ မြင်ရသလိုပဲ၊ ပြီးတော့ ကျွန်မ မက်မွန်ပွင့်တွေကြားထဲမှာ ကခုန်နေသလိုပဲ၊ အရမ်း ကြည်နူးဖို့ကောင်းတယ်" အမျိုးသမီး တစ်ဦးက မျက်လုံးမှိတ်ပြီး ပြောလိုက်သည်။
သူမ ပြောနေစဉ် လက်နှစ်ဖက် မြှောက်ကာ တကယ် ကခုန်နေသည်။
"ဒီခံစားချက်က အရမ်း ကောင်းတာပဲ။ ကျွန်မ ငယ်ငယ်တုန်းက ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေကို ပြန်ရောက်သွားသလိုပဲ"
သူဌေးကြီးများနှင့် အမျိုးသမီးများသည် မက်မွန်ပွင့်အရက်၏ ရနံ့တွင် နစ်မြောနေကြပြီး စိတ်ကူးယဉ်မှု အမျိုးမျိုး၊ ပျော်ရွှင်စရာအမှတ်တရ အမျိုးမျိုးကို ပြန်လည်ခံစားနေကြသည်။
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီ ဇနီးမောင်နှံသာ သတိကပ်နေကြသည်။ အိမ်ဖော်များနှင့် သက်တော်စောင့်များပင် မျက်လုံးမှိတ်ကာ နစ်မြောနေကြသည်။
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့ လက်ချင်းချိတ်ကာ တိတ်ဆိတ်စွာ ကြည့်နေကြပြီး သူတို့ကို မနှောင့်ယှက်ကြပေ။
အချိန် မည်မျှ ကြာသွားသည် မသိ၊ တစ်ယောက်ပြီး တစ်ယောက် သတိဝင်လာကြသည်။ မျက်လုံးများ ဝေဝါးနေသေးသော်လည်း ဖွင့်ထားသော မက်မွန်ပွင့်အရက်အိုးကို စိုက်ကြည့်နေကြသည်။
ခဏအကြာတွင် မစ္စစ်စမစ်က အာမေဋိတ်သံ ပြုလိုက်သည်။ "အို... ဘုရားရေ၊ စောစောက ကျွန်မ ခင်ပွန်းနဲ့ ရည်းစားဘဝတုန်းက ပျော်ရွှင်စရာ အချိန်တွေကို ပြန်ရောက်သွားသလိုပဲ။ တကယ် အံ့သြစရာ ကောင်းလိုက်တာ"
မစ္စစ်စမစ်နှင့် ခင်ပွန်းသည်တို့၏ ဆက်ဆံရေး အလွန် ကောင်းမွန်သည်။ မစ္စစ်စမစ်၏ ယခု ကလေးဆန်ပြီး ချစ်စရာကောင်းသော စိတ်နေသဘောထားသည် ခင်ပွန်းသည်၏ အလိုလိုက်မှုကြောင့် ဖြစ်သည်။
သူတို့၏ အချစ်ရေးသည် အလွန် ချောမွေ့ခဲ့သည်။ မိသားစုနှစ်ခု ဂုဏ်ရည်တူပြီး ငယ်ငယ်ကတည်းက အတူကြီးပြင်းခဲ့ကြသည်။ ကြီးလာတော့ နှစ်ဦးသဘောတူ ချစ်ကြိုက်ပြီး လက်ထပ်ကာ သားသမီးများ မွေးဖွားခဲ့ကြသည်။
မစ္စစ်စမစ်သည် မလက်ထပ်ခင်က မိဘများနှင့် အစ်ကိုများ၏ အလိုလိုက်ခြင်း ခံခဲ့ရသလို လက်ထပ်ပြီးနောက်တွင်လည်း ယောက္ခမများနှင့် ခင်ပွန်းသည်၏ အလိုလိုက်ခြင်း ခံခဲ့ရသည်။ သူမကို စိတ်ဆင်းရဲအောင် တစ်ခါမှ မလုပ်ခဲ့ကြပေ။ လူတိုင်း အားကျရလောက်အောင် ကံကောင်းသူ ဖြစ်သည်။
ခင်ပွန်းသည်၏ အလိုလိုက်ခြင်းကြောင့် ပွဲလမ်းသဘင် တက်ရောက်တိုင်း သူမကို ခေါ်ဆောင်သွားလေ့ရှိသည်။ သူမ၏ အထောက်အထားကြောင့် မည်သူမျှ သူမကို မျက်နှာပျက်အောင် မလုပ်ရဲကြပေ။
ထို့ကြောင့် မစ္စစ်စမစ်သည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး အမျိုးသမီးဟု ပြောနိုင်သည်။
မစ္စစ်စမစ် ပြောပြီးသည်နှင့် ခင်ပွန်းသည် မားကွစ်ဂျွန် လျှောက်လာပြီး သူမလက်ကို ဆွဲကာ ချစ်ခင်ကြင်နာစွာ ပြုံးလျက် ပြောလိုက်သည်။ "ချစ်လေး... ကိုယ်လည်း ကိုယ်တို့ ငယ်ငယ်တုန်းက ရည်းစားဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်"
မစ္စစ်စမစ် မျက်လုံးများ အရောင်တောက်လာပြီး မျက်လုံးများ ကွေးသွားသည်အထိ ပြုံးကာ ပြောလိုက်သည်။ "ဟုတ်လား မောင်"
မားကွစ်ဂျွန် ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ချစ်လေး... ကိုယ် မင်းကို အကတစ်ပုဒ် ကဖို့ ဖိတ်ခေါ်ပါရစေ"
"သေချာပေါက် ရတာပေါ့" မစ္စစ်စမစ် ပြုံး၍ ပြောလိုက်သည်။
ထို့နောက် မားကွစ်ဂျွန်သည် ယဉ်ကျေးသော ဖိတ်ခေါ်မှု ပုံစံ ပြုလုပ်လိုက်သည်။
ဂီတသံ ထွက်ပေါ်လာသည်။
သူတို့ ကွင်းလယ်တွင် ကခုန်နေကြသည်ကို ကြည့်ပြီး ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် နှစ်ယောက်သား ကွင်းလယ်သို့ လျှောက်သွားပြီး ကခုန်လိုက်ကြသည်။
တစ်ယောက်ပြီး တစ်ယောက် ကွင်းလယ်သို့ ရောက်လာပြီး ကခုန်ကြသည်။ ဇနီးသည် ပါလာသော သူဌေးကြီးများသည်လည်း ဇနီးသည် လက်ကို ဆွဲကာ ကွင်းလယ်သို့ ဝင်ရောက် ကခုန်ကြသည်။
နောက်ဆုံးတွင် ဇနီးသည် မပါလာသော သူဌေးကြီး အနည်းငယ်သာ ကျန်ရစ်တော့သည်။ ကွင်းလယ်တွင် တွဲဖက် ကခုန်နေသော အတွဲ ၂၀ ကျော်ကို ကြည့်ပြီး ကျန်ရစ်ခဲ့သည်။
သူတို့ နောင်တရနေမိသည်။ စောစောကတည်းက ဇနီးသည်ကို ခေါ်လာခဲ့ရင် ကောင်းသား၊ အခုတော့ သူများတွေ အတွဲလိုက် ဖြစ်နေတာကို ထိုင်ကြည့်နေရတယ်။
ကံကောင်းသည်မှာ ဇနီးသည် မပါလာသူများက ပိုများသဖြင့် သိပ်ပြီး စိတ်မပျက်ရပေ။
ရဲ့စ်ဟမ်းသည် ဧည့်သည်ဆောင်မှ ထွက်လာပြီး ပါတီပွဲသို့ လာရောက်စဉ် လမ်းမှာတင် မွှေးပျံ့သော အနံ့တစ်ခု ရလိုက်သည်။
သူ နှာခေါင်းရှုံ့လိုက်ပြီး လမ်းပြအိမ်ဖော်ကို သံသယဖြင့် မေးလိုက်သည်။ "ဒါ ဘာအနံ့လဲ"
အိမ်ဖော်က ဖြေသည်။ "အရက်နံ့ပါ"
"ဘာ... အရက်နံ့ ဟုတ်လား။ ဒါ ဘာအရက်လဲ၊ အနံ့က ဒီလောက် မွှေးပြီး ထူးခြားနေတာ" ရဲ့စ်ဟမ်း မေးလိုက်သည်။
အိမ်ဖော်က ပြန်ဖြေသည်။ "မက်မွန်ပွင့်အရက်ပါ"
"မက်မွန်ပွင့်အရက်..." ရဲ့စ်ဟမ်း မျက်မှောင်ကြုတ်လိုက်ပြီး ဆက်မမေးတော့ပေ။ မဟုတ်ရင် သူ ဘာမှမသိတဲ့ လူတစ်ယောက်လို ဖြစ်ပြီး အိမ်ဖော်ရှေ့မှာ အရှက်ကွဲနေဦးမယ်။
အိမ်ဖော်၏ လမ်းပြမှုဖြင့် ပါတီပွဲနေရာသို့ ရောက်ရှိလာသောအခါ ကွင်းလယ်တွင် အတွဲ ၂၀ ကျော် ကခုန်နေသည်ကို တွေ့လိုက်ရသည်။
မားကွစ်လိုက်ဘရက်သည် သူ့ကို ပထမဆုံး မြင်တွေ့လိုက်ရပြီး ပြုံးလျက် မေးလိုက်သည်။ "ဟေ့... ရဲ့စ်ဟမ်း၊ မင်း ဝမ်းလျောလို့ ဆရာဝန် ခေါ်တယ် ကြားတယ်၊ အခန်းထဲမှာပဲ ပုန်းနေတာလား"
ရဲ့စ်ဟမ်း မျက်လုံးပြူးသွားပြီး အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "မင်း ဘာပြောလိုက်တာလဲ။ လိုက်... ဘယ်သူက အခန်းထဲမှာ ပုန်းနေတာလဲ။ ငါက နေမကောင်းလို့၊ နေမကောင်းလို့၊ သိလား"
လိုက် ပခုံးတွန့်လိုက်ပြီး ပြောသည်။ "သိတာပေါ့" ထို့နောက် သူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရဲ့စ်ဟမ်း နားနားကပ်ကာ လျှို့ဝှက်စွာ ပြောလိုက်သည်။ "ရဲ့စ်ဟမ်း... ငါ ကြားတာတော့ မင်း ဝမ်းလျောတုန်းက ဘောင်းဘီထဲ ထွက်ကျသွားတယ် ဆို။ ပြီးတော့ ဘောင်းဘီ မရှိလို့ မင်း လက်အောက်ငယ်သား ဘောင်းဘီကို ယူဝတ်လိုက်တယ် ဆို၊ ဟုတ်လား"
"ဘယ်သူပြောလဲ" ရဲ့စ်ဟမ်း ကြားလိုက်ရသောအခါ ရှက်စိတ်၊ ဒေါသစိတ်များ ဖြစ်ပေါ်လာပြီး အပြစ်ရှိသလို ခံစားရကာ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "မင်း လျှောက်မပြောနဲ့၊ ဘယ်သူက ဘောင်းဘီထဲ ထွက်ကျတာလဲ"
သူ့အသံ ဆုံးသွားသည်နှင့် ဘေးပတ်ဝန်းကျင်မှ ထူးဆန်းသော အကြည့်များကို ခံစားလိုက်ရသည်။
မူလက ဘယ်သူမှ မသိကြပေ။ လိုက်ကလည်း တိုးတိုးလေး ပြောပြတာ။ ဒါပေမဲ့ သူကိုယ်တိုင်က အပြစ်ရှိသလို ခံစားရပြီး အသံကျယ်ကြီးနဲ့ အော်ပြောလိုက်မိတာ။
ရလဒ်ကတော့...
"ဟားဟား... ဘာ၊ မစ္စတာ ရဲ့စ်ဟမ်းက ဘောင်းဘီထဲ ထွက်ကျသွားတယ် ဟုတ်လား"
"ရဲ့စ်ဟမ်း... မင်း အဆင်ပြေရဲ့လား။ မဟုတ်ရင် ဘယ်လိုလုပ် ဘောင်းဘီထဲ ထွက်ကျသွားရတာလဲ" စိတ်ပူသလိုလိုနဲ့ လှောင်ပြောင်လိုက်ကြသည်။
...
တစ်ယောက်တစ်ပေါက် ရဲ့စ်ဟမ်းကို စနောက် လှောင်ပြောင်နေကြသဖြင့် ရဲ့စ်ဟမ်း မျက်နှာ နီရဲလာပြီး ရှက်စိတ်၊ ဒေါသစိတ်များ ဖြစ်ပေါ်လာကာ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "မဟုတ်ပါဘူး၊ မင်းတို့ လျှောက်မပြောကြနဲ့" ဘာပဲဖြစ်ဖြစ် သူ ဝန်ခံမှာ မဟုတ်ဘူး၊ အရမ်း ရှက်စရာကောင်းလွန်းတယ်။
သူ လိုက်ကို မုန်းတီးသွားသည်။ လိုက်က ဘယ်ကနေ သတင်းရပြီး သူ ဘောင်းဘီထဲ ထွက်ကျတာကို သိသွားတာလဲ၊ ပြီးတော့ အသေးစိတ်ကအစ မျက်မြင်ကိုယ်တွေ့လို ပြောပြနိုင်တာလဲ။
မျက်မြင်ကိုယ်တွေ့ ဟုတ်လား...
ရဲ့စ်ဟမ်း ဦးနှောက်ထဲ အလင်းရောင် တစ်ချက် လက်သွားပြီး တွေးလိုက်သည်။ "အိမ်သာထဲမှာ စောင့်ကြည့်ကင်မရာ ရှိနေတာများလား။ မဟုတ်ရင် ဒီလောက် လျှို့ဝှက်တဲ့ ကိစ္စကို လက်အောက်ငယ်သားတွေကလွဲရင် ဘယ်သူ သိနိုင်မှာလဲ"
အမှန်တရားကို ခန့်မှန်းမိသွားသည်ဟု ယူဆကာ ရဲ့စ်ဟမ်း ဒေါသတကြီး ကုန်းထျန်းဟောက်ကို စိုက်ကြည့်လိုက်သည်။
ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီနှင့် ကခုန်နေစဉ် စူးရှသော အကြည့်နှစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ လှမ်းကြည့်လိုက်ရာ ရဲ့စ်ဟမ်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ရှောင်လင်းယွီက သူ့မျက်နှာထား ပြောင်းလဲသွားသည်ကို သတိထားမိသဖြင့် သံသယဖြင့် မေးလိုက်သည်။ "ရှင် ဘာဖြစ်တာလဲ"
ကုန်းထျန်းဟောက် ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။ "ဘာဖြစ်မှန်း မသိဘူး၊ ရဲ့စ်ဟမ်းက ကိုယ်တို့ကို ရန်လိုနေသလို ခံစားရတယ်။ စောစောက သူ ကြည့်လိုက်တဲ့ အကြည့်က ဒေါသတွေ ပါနေတယ်"
ရှောင်လင်းယွီ သံသယဖြင့် မေးလိုက်သည်။ "ကျွန်မတို့ သူ့ကို ပြစ်မှားမိလို့လား"
ကုန်းထျန်းဟောက် ရယ်မောရင်း ပြောလိုက်သည်။ "ကိုယ်တို့ ဘယ်လိုလုပ် သူ့ကို ပြစ်မှားမိမှာလဲ။ သူ ဒီရောက်လာတာနဲ့ နေမကောင်းဘူး ကြားလို့ အစည်းအဝေး မတက်ဘူး၊ နေ့လယ်စာလည်း အတူမစားဘူး။ ညစာစားပွဲကျတော့ လူစုံနေပြီ၊ သူက နောက်ကျမှ ရောက်လာတာ။ ကိုယ်တို့ ဘယ်လိုလုပ် သူ့ကို ပြစ်မှားမိမှာလဲ"
ရှောင်လင်းယွီ မျက်မှောင်ကြုတ်ကာ သံသယဖြင့် မေးလိုက်သည်။ "ဒါဆို ထူးဆန်းနေပြီ။ ရဲ့စ်ဟမ်းက အကြောင်းရင်း မရှိဘဲ ကျွန်မတို့ကို ဒေါသထွက်စရာ အကြောင်း မရှိဘူးလေ။ အိမ်ဖော်တွေက ကောင်းကောင်းမဧည့်ခံလို့ စိတ်ဆိုးသွားတာများလား"
ကုန်းထျန်းဟောက် စဉ်းစားပြီး ပြောလိုက်သည်။ "ဖြစ်နိုင်ချေ ရှိတယ်။ ဒါပေမဲ့ လာသူက ဧည့်သည်ပဲလေ၊ သူ ဘာအကြောင်းကြောင့် ဒေါသထွက်ထွက် အိမ်ရှင်အနေနဲ့ နှစ်သိမ့်ပေးရမှာပေါ့။ ဧည့်သည်ကို နှိမ့်ချဆက်ဆံတယ်လို့ အထင်မခံရစေနဲ့။ မဟုတ်ရင် အကြောင်းပြချက် ရှိတာကနေ မရှိတာ ဖြစ်သွားလိမ့်မယ်"
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
ကွင်းထဲတွင် ရှောင်လင်နှင့်အတူ စောင့်ကြည့်နေသော ရှောင်လဲ့ထုန်သည် ရဲ့စ်ဟမ်းက မိဘများကို ဒေါသတကြီး ကြည့်နေသည်ကို သတိထားမိလိုက်သည်။ မျက်လုံးထဲတွင် အမှောင်ရိပ်များ ယှက်သန်းသွားပြီး လက်ချောင်းလေး လှုပ်ရှားလိုက်ရာ သာမန်လူမမြင်နိုင်သော အလင်းတန်း တစ်ခု ရဲ့စ်ဟမ်း ဗိုက်ထဲသို့ ဝင်ရောက်သွားသည်။
ကြည့်ရတာ ဒီလူက တစ်ခါ ပညာပေးရုံနဲ့ မလောက်သေးဘူး၊ နောက်တစ်ခါ ထပ်ပေးမှ ရမယ်။ မဟုတ်ရင် သူက ညဆိုင်းဆင်းရမယ် ထင်နေဦးမယ်။
ရဲ့စ်ဟမ်းသည် ကုန်းထျန်းဟောက်ကို ဒေါသတကြီး စိုက်ကြည့်ပြီး ဖြေရှင်းချက်တောင်းရန် ပြင်လိုက်စဉ် မကောင်းသော ခံစားမှုတစ်ခု ရရှိလိုက်သည်။
ဒီခံစားချက်ကို သူ တစ်နေကုန် ခံစားနေရတာ။ ဒီည သက်သာမယ် ထင်ခဲ့ပေမဲ့...
ရဲ့စ်ဟမ်း မျက်နှာ ပြောင်းလဲသွားသည်။ ထို့နောက် မည်သူ့ကိုမျှ မနှုတ်ဆက်ဘဲ လှည့်ထွက် ပြေးသွားတော့သည်။
မြန်မြန် မပြေးရင် ဘောင်းဘီထဲ ထပ်ထွက်ကျသွားပြီး တစ်ကမ္ဘာလုံး ရှေ့မှာ အရှက်ကွဲရတော့မယ်။
"ဟေ့... ရဲ့စ်ဟမ်း ဘာလို့ ဒီလောက် မြန်မြန် ပြေးသွားတာလဲ" တစ်ယောက်က ရဲ့စ်ဟမ်း၏ ကျောပြင်ကို ကြည့်ပြီး သံသယ ဖြစ်နေသည်။ "အစည်းအဝေး မတက်ဘူး၊ နေ့လယ်စာ အတူမစားဘူး၊ အခု ညစာစားပွဲလည်း မတက်တော့ဘူးလား။ သူ တကယ်ပဲ ဘာဖြစ်နေတာလဲ"
တစ်ယောက်က မေးလိုက်သည်။ "လိုက်... ရဲ့စ်ဟမ်း ဘာဖြစ်တာလဲ သိလား"
လိုက်က ပြောသည်။ "သူ ဗိုက်မကောင်းဘူးလေ။ အခုလည်း မကောင်းလို့ နေမှာပေါ့"
မကောင်းဘူးဆိုတာ ပြန်သွားပြီး ဝမ်းသွားတာကို ပြောတာပေါ့။
အားလုံး သဘောပေါက်သွားကြသည်။
တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။ "သူ ဘာလို့ ဝမ်းလျောနေရတာလဲ။ အစားမှားလို့များလား"
တကယ် အစားမှားတာ ဆိုရင် ကုန်းထျန်းဟောက် ကျွေးတဲ့ အစားအစာတွေနဲ့ ပတ်သက်နေလောက်ပြီ။
လိုက် လက်ကာပြပြီး ပြောလိုက်သည်။ "ဘယ်သူ သိမှာလဲ။ ကြားတာတော့ မနက်က ဒီရောက်လာကတည်းက ရေတစ်ငုံတောင် မသောက်ရသေးခင် ဝမ်းလျောနေတာတဲ့"
ရဲ့စ်ဟမ်းက ဘီးလ်ရဲတိုက်စံအိမ် ရောက်ပြီး ရေတစ်ငုံတောင် မသောက်ရသေးခင် ဝမ်းလျောတယ် ဆိုတော့ လူအများ စိတ်အေးသွားကြသည်။ ဒါဆိုရင် ရဲ့စ်ဟမ်း ဝမ်းလျောတာက ဒီနေရာနဲ့ ဘာမှ မဆိုင်တော့ဘူးပေါ့။
"ဒါဆို သူ မလာခင် အစားမှားခဲ့တာ နေမှာပေါ့" တစ်ယောက်က ပြောလိုက်သည်။
ဒါပေမဲ့ ဒါက မဖြစ်နိုင်သလောက်ပါပဲ။
သူတို့လို အထောက်အထားရှိတဲ့လူတွေက အစားအသောက်အပိုင်းမှာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ ရှိတာမို့လို့ ဒီလိုအမှားမျိုး ဖြစ်စရာအကြောင်းမရှိဘူး။
ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီကို ခေါ်ဆောင်ကာ ကပွဲကွင်းထဲမှ ထွက်လာသောအခါ ရဲ့စ်ဟမ်း ထွက်ခွာသွားပြီ ဖြစ်သည်။
သူ သံသယဖြင့် မေးလိုက်သည်။ "မစ္စတာ ရဲ့စ်ဟမ်း ဘာဖြစ်သွားတာလဲ"
လိုက်က ရယ်မောရင်း ပြောလိုက်သည်။ "သူ ဝမ်းလျောနေလို့လေ"
ကုန်းထျန်းဟောက် "..."
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၂၈ ။ ပညာပေးသင့်ပေမဲ့ အခုချိန်တော့ မဟုတ်ဘူး
ကုန်းထျန်းဟောက်သည် မျက်မှောင်အနည်းငယ် ကြုတ်ကာ သံသယဖြင့် မေးလိုက်သည်။
"ဝမ်းလျောတာလား။ သူ နေ့လယ်စာ မစားဘူး၊ ရေလည်း မသောက်ဘူးလား"
ထို့နောက် သူသည် အိမ်တော်ထိန်းကို မေးလိုက်သည်။
အိမ်တော်ထိန်းသည် အခြေအနေကို ကုန်းထျန်းဟောက်ထံ ချက်ချင်း အစီရင်ခံသည်။
"မနက်တုန်းက ရဲ့စ်ဟမ်း ဝမ်းလျောနေတယ်လို့ ကြားတော့ ကျွန်တော် ဒေါက်တာစစ်ထူကို သွားကြည့်ခိုင်းခဲ့ပါတယ်။ ပြီးတော့ မစ္စတာ ရဲ့စ်ဟမ်းရဲ့ အခန်းကို ရေနဲ့ စားစရာတချို့ ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ဖော်တွေ ပြောပြချက်အရဆိုရင် မစ္စတာ ရဲ့စ်ဟမ်းက တစ်လုပ်မှ မစားဘူးတဲ့၊ ရေတစ်ငုံတောင် မသောက်ဘူးတဲ့"
ဤအကြောင်း ပြောပြနေစဉ် သူ့မျက်နှာတွင် စိုးရိမ်မှု အနည်းငယ်ရှိနေသည်။
ဘာပဲပြောပြော ဝမ်းလျောနေတဲ့လူက အစားမစား၊ ရေမသောက်ဘူး ဆိုရင် ရေဓာတ်ခန်းခြောက်ပြီး အန္တရာယ်ရှိနိုင်တယ်လေ။
ကုန်းထျန်းဟောက်က ပြောလိုက်သည်။
"အိမ်တော်ထိန်း... ဒေါက်တာစစ်ထူကို သွားခေါ်လိုက်၊ ငါနဲ့အတူ မစ္စတာ ရဲ့စ်ဟမ်းကို သွားကြည့်မယ်"
ရဲ့စ်ဟမ်းက သူ့မိန်းမကို မကောင်းကြံချင်နေပေမဲ့ လက်တွေ့ အကောင်အထည် မဖော်ရသေးဘူး။ နောက်ပိုင်းကျရင် သူနဲ့ အပေါ်ယံပဲဆက်ဆံပြီး ဘယ်ပွဲလမ်းသဘင်မှ မဖိတ်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးသား။
ဒါပေမဲ့ ရဲ့စ်ဟမ်း အခုနေ တစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူး။ အနည်းဆုံးတော့ သူ့ရဲတိုက်စံအိမ်ထဲမှာ တစ်ခုခု ဖြစ်သွားလို့ မရဘူး။ မဟုတ်ရင် နောက်ကျ ရှင်းပြရခက်နေလိမ့်မယ်။
အိမ်တော်ထိန်းက ရိုသေစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ သခင်ကြီး"
ထို့နောက် အိမ်တော်ထိန်းသည် စစ်ထူရှင်းကို သွားရှာရန် အိမ်ဖော်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။
ဘေးနားမှ ကြည့်နေသော ရှောင်လဲ့ထုန်သည် မျက်မှောင်လေး ကြုတ်ကာ နားမလည်နိုင် ဖြစ်နေသည်။
ထို့နောက် သူ လျှောက်သွားပြီး ကုန်းထျန်းဟောက်ကို အသံလွှင့် စကားပြောလိုက်သည်။
"ပါပါး... ဘာဖြစ်လို့ ဒေါက်တာစစ်ထူနဲ့ အတူတူ အဲဒီ လူဆိုးကောင်ကို သွားကြည့်ရမှာလဲ"
"လူဆိုးကောင်..."
ကုန်းထျန်းဟောက်သည် ထိုစကားလုံးကို ရေရွတ်ရင်း ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် စူးရှသော မျက်လုံးများဖြင့် ရှောင်လဲ့ထုန်ကို စိုက်ကြည့်လိုက်ရာ ရှောင်လဲ့ထုန် မျက်မှောင်လေး ကြုတ်ထားပြီး နားမလည်နိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကုန်းထျန်းဟောက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ရှောင်လဲ့ထုန်ကို ဘေးတစ်ဖက်သို့ ဆွဲခေါ်သွားကာ လေးနက်စွာ မေးလိုက်သည်။
"ထုန်ထုန်... ပါပါးကို ပြောစမ်း၊ ရဲ့စ်ဟမ်း အခုလိုဖြစ်နေတာ သား လက်ချက်လား"
ရှောင်လဲ့ထုန် ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
"ဟုတ်တယ်။ အဲဒီ လူဆိုးကောင်က မားမားကို မကောင်းကြံချင်နေတာ၊ ပြီးတော့ မားမားကို ရွံစရာကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတာ။ သား သူ့ကို ပညာပေးချင်လို့ပါ"
ကုန်းထျန်းဟောက် ကြားလိုက်ရသောအခါ နဖူးကို ပွတ်လိုက်သည်။ ဪ... ဒီအကြောင်းကြောင့်ကိုး။
ရှောင်လဲ့ထုန်သည် ကုန်းထျန်းဟောက်၏ မျက်နှာထားကို သတိထားမိသဖြင့် သတိထားပြီး မေးလိုက်သည်။
"ပါပါး... ဘာဖြစ်လို့လဲ။ သား လုပ်တာ မှားသွားလို့လား"
ကုန်းထျန်းဟောက်သည် အသက် နှစ်ထောင်ကျော် နေထိုင်ခဲ့သော်လည်း လူမှုဆက်ဆံရေး နားမလည်သေးသော၊ အလွန် ရိုးသားဖြူစင်သော သားဖြစ်သူကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"သား... သား လုပ်တာ မမှားပါဘူး။ မင်းမားမား၊ ပါပါးမိန်းမကို မကောင်းကြံချင်တဲ့ လူယုတ်မာမျိုးကို ပညာပေးသင့်တာပေါ့။ သား ပညာမပေးရင်တောင် ပါပါးက သူ့ကို မေ့မရနိုင်လောက်တဲ့ ပညာပေးလိုက်မှာ"
ရှောင်လဲ့ထုန် ကြားလိုက်ရသောအခါ စိတ်အေးသွားသည်။ သူ လုပ်တာ မှားသွားလို့ ပါပါး စိတ်ဆိုးနေတယ် ထင်တာ။ ပါပါးကလည်း သဘောတူတယ် ဆိုတော့ စိတ်ချရပြီ။
သို့သော်...
"ဒါပေမဲ့ သား..." ကုန်းထျန်းဟောက် စကားလမ်းကြောင်း လွှဲလိုက်ပြီး အလွန် လေးနက်စွာ ပြောလိုက်သည်။ "သား သူ့ကို ပညာပေးလို့ ရပေမဲ့ အခုချိန်တော့ မဟုတ်ဘူး၊ နားလည်လား"
ရှောင်လဲ့ထုန် ခေါင်းခါလိုက်ပြီး သံသယဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ကုန်းထျန်းဟောက်က
"ဘာလို့လဲဆိုတော့ အခု ရဲ့စ်ဟမ်းက ပါပါးတို့ ဖိတ်ကြားထားတဲ့ ဧည့်သည်လေ။ ပါပါးတို့က အိမ်ရှင် အနေနဲ့ ဧည့်သည်ကို ဧည့်ခံရမယ်။ တကယ်လို့ ဧည့်သည်က အိမ်ရှင်အိမ်မှာ တစ်ခုခုဖြစ်သွားရင် အိမ်ရှင်က ဘာမှမလုပ်ခဲ့ရင်တောင် တာဝန်မကင်းဘူး၊ သိလား"
ရှောင်လဲ့ထုန် နားလည်သွားပြီး ပြောလိုက်သည်။
"ဪ... ပါပါး ဆိုလိုတာက ဧည့်သည်က အိမ်ရှင်အိမ်မှာ တစ်ခုခု ဖြစ်သွားရင် အိမ်ရှင်မှာ တာဝန်ရှိတာ၊ မရှိတာ အပထား၊ အိမ်ရှင်လည်း ပါဝင်ပတ်သက်သွားမယ်။ အဲဒါ အိမ်ရှင်ရဲ့တာဝန်ပဲဆိုတဲ့ သဘောပေါ့"
"ဟုတ်တယ်... အဲဒီသဘောပဲ။ ထုန်ထုန်က အရမ်းဉာဏ်ကောင်းတာပဲ၊ ခဏလေးနဲ့ သဘောပေါက်သွားတယ်" ကုန်းထျန်းဟောက်က ပြုံးပြီး သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
ရှောင်လဲ့ထုန် မျက်နှာ ရဲသွားသည်။
သူ အသက် နှစ်ထောင်ကျော် နေခဲ့တာတောင် ဒီသဘောတရားကို နားမလည်သေးဘဲ ဉာဏ်ကောင်းတယ် ပြောခံရတာ ရှက်စရာ ကောင်းလိုက်တာ။
ရှောင်လဲ့ထုန် တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်။
"ဒါဆို သား တန်ခိုးစွမ်းအား ပြန်ရုပ်သိမ်းလိုက်မယ်၊ သူ့ကို ဝမ်းမလျောခိုင်းတော့ဘူး"
ကုန်းထျန်းဟောက် ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။
"ထုန်ထုန်... သားက တန်ခိုးစွမ်းအား သုံးပြီး သူ့ကို ဝမ်းလျောခိုင်းလိုက်တာလား"
ထို့နောက် ရှောင်လဲ့ထုန် ပြန်မဖြေခင် သူက လေးနက်စွာ ပြောလိုက်သည်။
"သားတို့ ကျင့်ကြံသူတွေက သာမန်လူတွေကို တန်ခိုးစွမ်းအား မသုံးရဘူး ဆို၊ မဟုတ်ရင် ပြန်ကန်မှု ခံရမယ်လေ"
ထို့နောက် ကုန်းထျန်းဟောက်သည် ရှောင်လဲ့ထုန် တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"သား အခု ဘာဖြစ်သေးလဲ"
ရှောင်လဲ့ထုန် ခဏ ကြောင်သွားပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။
"ပါပါး... စိတ်မပူပါနဲ့၊ သား ဘာမှ မဖြစ်ပါဘူး။ တကယ်တော့ အဲဒါ တန်ခိုးစွမ်းအား မဟုတ်ပါဘူး၊ မျက်လှည့်နည်းလမ်းလေး တစ်ခုပါပဲ"
"မျက်လှည့်နည်းလမ်း ဟုတ်လား" ကုန်းထျန်းဟောက် သိပ်မယုံကြည်သလို မေးလိုက်သည်။ "ဘာ မျက်လှည့်နည်းလမ်းလဲ"
ရှောင်လဲ့ထုန် နားရွက်လေးကို ကိုင်ပြီး ရှင်းပြလိုက်သည်။
"ဒါကို ဘယ်လို ရှင်းပြရမလဲ။ သား ဘယ်လို ရှင်းပြရမှန်း မသိဘူး။ ဒါပေမဲ့ သား ပါပါးကို ကတိပေးပါတယ်၊ သား အဲဒီ ရဲ့စ်ဟမ်းကို တန်ခိုးစွမ်းအား လုံးဝ မသုံးခဲ့ပါဘူး။ ပါပါး သိတဲ့အတိုင်း သား ဝေါလ်တာကိုတောင် တန်ခိုးစွမ်းအား မသုံးခဲ့တာ၊ သူ့ကို ဘယ်သုံးပါ့မလဲ။ တန်ခိုးစွမ်းအား သုံးရင် ပြန်ကန်မှု ခံရမှာလေ၊ ဒီရဲ့စ်ဟမ်းက သား အဲဒီလို လုပ်ဖို့ မတန်ပါဘူး"
"သား ပြောတာ တကယ်လား" ကုန်းထျန်းဟောက် သံသယဖြင့် မေးလိုက်သည်။
"အင်း... အင်း... တကယ်ပေါ့။ ပါပါး မယုံရင်..." ရှောင်လဲ့ထုန် ခေါင်းကို လှည့်လိုက်ပြီး ရှောင်လင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ရှောင်လင် သားအတွက် သက်သေလိုက်ပေးလို့ ရတယ်"
ကုန်းထျန်းဟောက် နှုတ်ခမ်းတွန့်သွားပြီး သူ့ခေါင်းလေးကို ပွတ်သပ်ကာ ရယ်မောရင်း ပြောလိုက်သည်။
"ရှောင်လင်ကို သက်သေခိုင်းနေသေးတယ်။ အခု ရှောင်လင်က သားစကား အနားထောင်ဆုံးဆိုတာ ပါပါးရော မားမားရော သိတယ်။ သား ဘာပြောပြော သူက လိုက်ပြောမှာပဲလေ"
ရှောင်လဲ့ထုန် မျက်နှာ ထပ်မံ ရဲသွားပြီး ရှက်ရွံ့နေသည်။
"ကဲ... ဒီကိစ္စ ဒီလောက်ပါပဲ" ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "ပါပါး ခဏနေ ဒေါက်တာစစ်ထူနဲ့ ရဲ့စ်ဟမ်းကို သွားကြည့်မယ်။ သားက သူ့ဝမ်းလျောတာကို ဖြေရှင်းပေးလိုက်ပြီး ရှောင်လင်နဲ့ သွားဆော့တော့"
ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
သားအဖနှစ်ယောက် စကားပြောပြီး၍ ထွက်ခွာရန် ပြင်လိုက်စဉ် ရှောင်လဲ့ထုန် ကုန်းထျန်းဟောက်ကို လှမ်းဆွဲထားလိုက်သည်။
ကုန်းထျန်းဟောက် လှည့်ကြည့်ပြီး သံသယဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ရှောင်လဲ့ထုန် မော့ကြည့်ပြီး လေးနက်စွာ မေးလိုက်သည်။
"ဒါဆို ပါပါး... သားတို့ သူ့ကို ဘယ်တော့မှ ထပ်ပြီး ပညာပေးရမှာလဲ။ အဲဒီ လူယုတ်မာက မားမားကို မကောင်းကြံချင်နေတာ၊ သားတို့ သူ့ကို ဒီလို ပညာပေးရုံနဲ့ လွှတ်ပေးလိုက်လို့ မဖြစ်ဘူး"
ကုန်းထျန်းဟောက် သူ့ခေါင်းလေးကို ထပ်ပွတ်သပ်ပြီး ရယ်ချင်သလို မျက်နှာထားဖြင့် ပြောလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။
"သား... ပါပါးတို့ သူ့ကို ဘယ်အချိန်ပဲဖြစ်ဖြစ် ပညာပေးလို့ ရတယ်၊ ဒါပေမဲ့ အခုချိန်တော့ မဟုတ်ဘူး။ ပြီးတော့ သူ့ကျန်းမာရေးကို အကြောင်းပြပြီး လုပ်လို့ မရတော့ဘူး။ ဘာလို့လဲဆိုတော့ သူက ပါပါးတို့ရဲ့ ဖောက်သည်လေ၊ ပါပါးတို့ရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားမှာ။ တကယ်လို့ ပါပါးတို့ ပစ္စည်း စားပြီးမှ တစ်ခုခု ဖြစ်သွားရင် ပါပါးတို့ ပစ္စည်းကို သံသယဝင်လာလိမ့်မယ်၊ နားလည်လား"
ရှောင်လဲ့ထုန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒါဆို သားတို့ သူ့ကို ပစ္စည်း မရောင်းဘူးပေါ့။ သူက လူဆိုးပဲ၊ လူဆိုးတွေ ကျန်းမာရေး ပိုကောင်းလာတာ သား မမြင်ချင်ဘူး"
ကုန်းထျန်းဟောက်က မတတ်သာဘဲ ပြောလိုက်သည်။
"ကောင်းပြီ... ပါပါး သားစကား နားထောင်မယ်၊ သူ့ကို ပစ္စည်း မရောင်းဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီနေ့ သူ ပါပါးတို့ ပစ္စည်း စားရမယ်"
ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။
"အင်း... သား သိပြီ"
ကုန်းထျန်းဟောက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောသည်။
"ခဏနေ သား အဲဒါ ဖြေရှင်းပြီးရင် ရှောင်လင်နဲ့ သွားဆော့တော့"
"အင်း... ဟုတ်ကဲ့"
ထို့နောက် ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီကို နှုတ်ဆက်လိုက်သည်။
"ကိုယ် ရဲ့စ်ဟမ်းကို သွားကြည့်လိုက်ဦးမယ်၊ မိန်းမက ဧည့်သည်တွေကို ဧည့်ခံထားပေးပါ"
ရှောင်လင်းယွီက မေးလိုက်သည်။
"ကျွန်မ လိုက်ခဲ့ရမလား"
"မလိုဘူး" ကုန်းထျန်းဟောက် အလျင်အမြန် ငြင်းဆန်လိုက်သည်။ "ကိုယ် သွားကြည့်ပြီး ပြန်လာခဲ့မယ်" ဟာသပဲ... ဒီရဲ့စ်ဟမ်းက မင်းကို မကောင်းကြံချင်နေတာ၊ သားက ပညာပေးထားလို့သာ တော်သေးတာ။ မင်းက ထပ်သွားပြရင် အဲဒီလူယုတ်မာကို ဗြောင်ကျကျ မကောင်းကြံခွင့်ပေးလိုက်သလို ဖြစ်နေမှာပေါ့။
သူ့မိန်းမကို မကောင်းကြံချင်နေတဲ့ လူယုတ်မာရှေ့ကို ပို့ပေးစရာအကြောင်း မရှိဘူး။
….
ကုန်းထျန်းဟောက်နှင့် ရှောင်လဲ့ထုန်တို့သည် ရဲ့စ်ဟမ်း အနားယူနေသော အခန်းသို့ ရောက်ရှိလာကြသည်။
ရောက်သွားသောအခါ စစ်ထူရှင်းသည် အခန်းထဲတွင် ရဲ့စ်ဟမ်းကို ရောဂါရှာဖွေပေးနေပြီ ဖြစ်သည်။
ကုန်းထျန်းဟောက် ဝင်လာသည်နှင့် ချက်ချင်း မေးလိုက်သည်။
"ရဲ့စ်ဟမ်း... ခင်ဗျား အခု ဘယ်လိုနေလဲ"
ရဲ့စ်ဟမ်း ပြန်မဖြေခင် ကုန်းထျန်းဟောက်က စစ်ထူရှင်းကို မေးလိုက်ပြန်သည်။
"စစ်ထူ... ရဲ့စ်ဟမ်း ကျန်းမာရေး ဘယ်လိုလဲ"
ရှောင်လဲ့ထုန် အခန်းထဲ လိုက်မဝင်ဘဲ တံခါးဝတွင် ရပ်ကာ လက်သန်းလေး လှုပ်ရှားလိုက်သည်။ ထို့နောက် အဖြူရောင် အလင်းတန်း တစ်ခုသည် ရဲ့စ်ဟမ်း ဗိုက်ထဲမှ ထွက်လာပြီး ရှောင်လဲ့ထုန်၏ လက်သန်းလေးဆီ ပြန်ရောက်လာသည်။
ထိုအရာ လုပ်ဆောင်ပြီးနောက် ရှောင်လဲ့ထုန်သည် ကုန်းထျန်းဟောက်ကို နှုတ်ဆက်လိုက်သည်။
"ပါပါး... သားနဲ့ ရှောင်လင် အပြင်ထွက်ဆော့တော့မယ်နော်"
ဒါ သူတို့ကြားက လျှို့ဝှက်သင်္ကေတပဲ၊ ကိစ္စပြီးပြီလို့ ပြောတာ။
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။
"အင်း... သွားတော့"
စစ်ထူရှင်း မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။
"ရဲ့စ်ဟမ်းက အစားမှားပြီး ဝမ်းဗိုက်မကောင်းဖြစ်တာ နေမှာပါ၊ ဒါကြောင့် ဝမ်းဆက်တိုက် လျှောနေတာ"
ရဲ့စ်ဟမ်း မကျေမနပ် ပြောလိုက်သည်။
"မနက်တုန်းကလည်း ခင်ဗျား ဒီလိုပဲ ပြောတာပဲ၊ ပြီးတော့ ဆေးပေးခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီဆေးတွေ သောက်ပြီးတာတောင် ဘာလို့ လုံးဝ မသက်သာဘဲ ဆက်တိုက် ဝမ်းလျောနေရတာလဲ"
ဝမ်းလျောတာ လူသိခံရတာတင် မကဘူး၊ ဘောင်းဘီထဲ ထွက်ကျသွားတာပါ လူသိကုန်တော့ တကယ် ရှက်စရာ ကောင်းလိုက်တာ။
ဤနေရာသို့ ရောက်သောအခါ ရဲ့စ်ဟမ်းသည် ကုန်းထျန်းဟောက်ကို ဒေါသတကြီး စိုက်ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။
"မစ္စတာကုန်း... ခင်ဗျား အိမ်သာထဲမှာ စောင့်ကြည့်ကင်မရာ တပ်ထားတာလား"
သူ့စကားဆုံးသည်နှင့် စစ်ထူရှင်း "ဟားဟား" ဟု အသံထွက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ရဲ့စ်ဟမ်း... ဟားဟား... ဘယ်သူက အိမ်သာထဲ စောင့်ကြည့်ကင်မရာ တပ်မှာလဲ။ ဒါ ရောဂါရှိမှ လုပ်မယ့်ကိစ္စပဲ"
ဤနေရာသို့ ရောက်သောအခါ စစ်ထူရှင်း ရုတ်တရက် သံသယ ဝင်သွားပြီး မေးလိုက်သည်။
"နေပါဦး... ရဲ့စ်ဟမ်း၊ ခင်ဗျား ဘာလို့ အိမ်သာထဲမှာ စောင့်ကြည့်ကင်မရာ ရှိမရှိ ရုတ်တရက်ကြီး မေးရတာလဲ။ ခင်ဗျား အိမ်သာထဲမှာ ဘာလုပ်ခဲ့လို့လဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်က စောင့်ကြည့်ကင်မရာကနေ ခင်ဗျား အိမ်သာထဲမှာ လုပ်ခဲ့တာတွေကို မြင်သွားလို့ အခုလို သံသယ ဝင်နေတာလား"
"စစ်ထူ..." ကုန်းထျန်းဟောက် လေးနက်စွာ ခေါ်လိုက်သည်။ မျက်လုံးထဲတွင် သတိပေးမှုများ ပါဝင်နေသည်။ သိပ်မလွန်နဲ့၊ ဘာပဲပြောပြော ရဲ့စ်ဟမ်းက ဧည့်သည်ပဲဆိုတဲ့ သဘော။
စစ်ထူရှင်း ပခုံးတွန့်လိုက်ပြီး ပါးစပ်ပိတ်နေလိုက်သည်။
ကုန်းထျန်းဟောက်က လေးနက်စွာ ပြောလိုက်သည်။
"ရဲ့စ်ဟမ်း... ခင်ဗျား ကျွန်တော့် ဂုဏ်သိက္ခာကို သံသယ ဝင်နေတာလား။ ဘယ်သူက အားနေလို့ အိမ်သာထဲ စောင့်ကြည့်ကင်မရာ တပ်မှာလဲ။ စိတ်ဖောက်ပြန်နေတာလား"
ရဲ့စ်ဟမ်း မျက်နှာ ရဲသွားသည်။ သူ သံသယဖြစ်ရုံသာဖြစ်ပြီး သက်သေ မရှိပေ။
သို့သော် အိမ်ရှင်ရှေ့တွင် ဤသို့ မေးခွန်းထုတ်ခြင်းသည် ဒေါသထွက်စရာကောင်းသည်။
ဘာပဲပြောပြော ဒီနေရာက ဘီးလ်ရဲတိုက်စံအိမ်လေ၊ အများပြည်သူပိုင် နေရာ မဟုတ်ဘူး။ အများပြည်သူပိုင်နေရာ ဆိုရင်တောင် အိမ်သာလို နေရာမျိုးမှာ စောင့်ကြည့်ကင်မရာ တပ်လို့ မရဘူး၊ ဒါက လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်နဲ့ ဆိုင်နေတာ။
ကုန်းထျန်းဟောက်က အိမ်ရှင်အနေနဲ့ အနိုင်မကျင့်ချင်သဖြင့် ပြောလိုက်သည်။
"ခဏနေရင် ခင်ဗျား ရေနွေးသောက်၊ ဆေးသောက်၊ ပြီးရင် အစားအစာ နည်းနည်း စားလိုက်။ ဒါပေမဲ့ ကျွန်တော့်အိမ်က ပစ္စည်းတွေက ဆေးဘက်ဝင် အာနိသင် ရှိတယ်၊ ခင်ဗျား စားပြီးရင် ကောင်းသွားမလား မသိဘူး"
ယုံတာ မယုံတာတော့ သူ ဂရုမစိုက်တော့ဘူး။
ကုန်းထျန်းဟောက်သည် အစားအသောက် လာချခိုင်းပြီးနောက် ပြောလိုက်သည်။
"ရဲ့စ်ဟမ်း... ခင်ဗျား ကောင်းကောင်း အနားယူလိုက်ပါ။ ခဏနေ ကျွန်တော် ပြန်လာကြည့်မယ်" ထို့နောက် အိမ်ဖော်ကို မှာကြားလိုက်သည်။ "ရဲ့စ်ဟမ်းကို ကောင်းကောင်း ပြုစုပေးလိုက်"
"ဟုတ်ကဲ့ သခင်ကြီး" အိမ်ဖော် ပြန်ဖြေလိုက်သည်။
ရဲ့စ်ဟမ်း "..." ဒီအတိုင်း ထွက်သွားပြီလား။
***