← Chapters

အခန်း (၉၃၁-၉၃၂)

Vol. 57 Ch. 931-932

အခန်း (၉၃၁-၉၃၂)

Vol. 57 Ch. 931-932

အခန်း ၉၃၁ ။ နံရံထောင့် တူးခိုင်းခြင်း (ဝန်ထမ်း လုယူခြင်း)

အစည်းအဝေး ပြီးဆုံးသွားသောအခါ ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့သည် အမှာစာများ ရရှိထားပြီးဖြစ်သည်။

နိုင်ငံခြားတွင် ဆိုင်ခွဲမဖွင့်ရသေးသော်လည်း ဤအမှာစာ ၁၀၀ ကျော်သည်လည်း အမှာစာပင် ဖြစ်သည်။

ကုန်းထျန်းဟောက်က ၃ ရက် တစ်ကြိမ် အိမ်အရောက် ပို့ဆောင်ပေးမည်ဟု ကတိပေးထားသည်။ စရိတ်ကတော့ မနည်းပေ။

မှန်ပါသည်... ဤစရိတ်များသည် ထိုလူများအတွက် ဘာမှမဟုတ်ပေ။

သူတို့သည် အာဏာရှိ၊ ငွေရှိသူများဖြစ်ပြီး ပိုင်ဆိုင်မှု ဘီလီယံ ရာပေါင်းများစွာရှိသည်။

ထို့ကြောင့် ဤဘီလီယံ ရာပေါင်းများစွာသော ပိုင်ဆိုင်မှုများကို သူတို့ ဘယ်လိုသုံးသုံး ကုန်အောင် သုံးဖို့ ခက်ခဲသည်။

သူတို့သည် အလုပ်များသူများဖြစ်သဖြင့် နောက်တစ်နေ့ မနက်စောစောတွင် လေယာဉ်ဖြင့် ပြန်သွားကြသည်။

မနက်စောစောတွင် ရှောင်လင်းယွီသည် စိတ်လှုပ်ရှား ပျော်ရွှင်နေသော ဖုန်းခေါ်ဆိုမှု အချို့ကို လက်ခံရရှိသည်။

"မစ္စစ်ကုန်း... တကယ် မတက်လာဘူး၊ ဟဟ... ကျွန်မ တကယ် ဝမ်းသာတာပဲ" ပထမဆုံး ဖုန်းခေါ်သူမှာ မစ္စစ်စမစ်ပင်။

မစ္စစ်စမစ်သည် ရှောင်လင်းယွီ ပြောသော စကားကို ယုံကြည်သော်လည်း စိတ်ထဲတွင် အောက်ခြေမရှိသကဲ့သို့ ခံစားနေရပြီး အနည်းငယ် စိုးရိမ်နေမိသည်။ ကိုယ်အလေးချိန် တက်လာရင် ဘယ်လိုလုပ်မလဲ၊ ဝိတ်ချရတာ ပင်ပန်းတယ်၊ အရေးအကြီးဆုံးက နောက်ပိုင်း မုန့်တွေ၊ အချိုစာတွေ စားလို့မရတော့မှာကို စိုးရိမ်တာ။

မဟုတ်ရင် အစားတစ်လုပ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသားနည်းနည်း ပိုတက်လာအောင် လုပ်မိရင် ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလိုက်မလဲ။

ရှောင်လင်းယွီသည် မစ္စစ်စမစ်၏ စကားကို ချက်ချင်း နားမလည်လိုက်သော်လည်း ခဏအကြာတွင် သဘောပေါက်သွားပြီး ပြုံးလျက် ပြောလိုက်သည်။

"ဂုဏ်ယူပါတယ် မစ္စစ်စမစ်... ရှင် ရှင့်ရဲ့ လှပပြီး ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် အချိုးအစားကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီပေါ့"

မစ္စစ်စမစ် မျက်နှာ ရဲသွားသည်။ မည်သည့် အမျိုးသမီးမဆို အချီးကျူးခံရသည်ကို နှစ်သက်ကြသည်။ အထူးသဖြင့် အမျိုးသမီးတစ်ယောက်က နောက်အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစား ကောင်းမွန်ကြောင်း ပြောလျှင် ပိုနှစ်သက်ကြသည်။

မစ္စစ်စမစ်က မတွန့်ဘဲ ပြုံး၍ ပြန်ပြောလိုက်သည်။ "ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် အချိုးအစားဆိုရင် မစ္စစ်ကုန်းရဲ့ ခန္ဓာကိုယ်ကမှ တကယ်ပြီးပြည့်စုံတာပါ။ မစ္စစ်ကုန်း... ရှင့်ခန္ဓာကိုယ်က တကယ် လှပလွန်းလို့ ကျွန်မလို မိန်းမတစ်ယောက်တောင် အားကျရတယ်"

ရှောင်လင်းယွီသည် အရပ်ရှည်ပြီး ရွှေအချိုးအစားကျကာ လှပသဖြင့် ယောက်ျား မိန်းမအားလုံး အိပ်မက်မက်သော ခန္ဓာကိုယ်မျိုး ဖြစ်သည်။

ရှောင်လင်းယွီက ပြုံး၍ ပြောလိုက်သည်။ "မစ္စစ်စမစ်... ရှင်သာ ကျွန်မတို့အိမ်က ပစ္စည်းတွေကို နေ့တိုင်း စားမယ် ဆိုရင် ရှင်လည်း ကျွန်မလို ခန္ဓာကိုယ်မျိုးရလာမှာ သေချာတယ်။ ကျွန်မ ရှင့်ကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်... ကျွန်မ ခန္ဓာကိုယ်က တကယ်တော့ စားရင်းနဲ့ ရလာတာ"

ရှောင်လင်းယွီသည် မစ္စစ်စမစ်ကို လိမ်ညာနေခြင်း မဟုတ်ပေ။

အရင်တုန်းက သူမ ခန္ဓာကိုယ်က မဆိုးပေမဲ့ အခုလောက် ပြီးပြည့်စုံပြီး လှပခြင်း မရှိခဲ့ပါဘူး။ သူမက စိတ်ဝိညာဉ်စမ်းရေ သောက်သုံးလို့ပါ။ စိတ်ဝိညာဉ်စမ်းရေက သူမ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ပိုလျှံနေတဲ့ အဆီတွေကို လောင်ကျွမ်းစေလို့ အခုလို ဖြစ်လာတာပါ။

ဒါပေမဲ့ ရင်းနှီးတဲ့လူ မဟုတ်ရင် သူမ ခန္ဓာကိုယ် ပြောင်းလဲသွားတာကို သတိထားမိဖို့ ခက်ခဲတယ်။

မစ္စစ်စမစ် ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်တောက်လာပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "မစ္စစ်ကုန်း... ရှင် ပြောတာ တကယ်လား။ ကျွန်မသာ ရှင့်အိမ်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို နေ့တိုင်း စားမယ်ဆိုရင် ကျွန်မ ခန္ဓာကိုယ်က ပိုပြီး လှပပြီးပြည့်စုံလာနိုင်တယ်ပေါ့"

ရှောင်လင်းယွီက ပြုံး၍ ပြောလိုက်သည်။ "သေချာပေါက်ပေါ့ မစ္စစ်စမစ်... ကျွန်မ ရှင့်ကို မလိမ်ပါဘူး။ ဒါပေမဲ့ ဒီအကျိုးသက်ရောက်မှုက အချိန်နည်းနည်း ယူရလိမ့်မယ်" ဘာပဲပြောပြော ဟင်းသီးဟင်းရွက်နဲ့ သစ်သီး စားတာက သူမ စိတ်ဝိညာဉ်စမ်းရေ တိုက်ရိုက် သောက်သလောက် သန့်စင်မှာ မဟုတ်ဘူး၊ အကျိုးသက်ရောက်မှုက ဒီလောက် သိသာမှာ မဟုတ်ဘူးလေ။

"ပြီးတော့လေ... မစ္စစ်စမစ်၊ ကျွန်မတို့အိမ်က ပစ္စည်းတွေကို ရှင် စိတ်ချလက်ချ စားနိုင်ပါတယ်။ အများကြီး စားလို့ ဝလာမှာကို လုံးဝ စိတ်ပူစရာ မလိုပါဘူး"

ရှောင်လင်းယွီလည်း မျက်နှာပြောင်တိုက်တတ်လာပြီ။ ကိုယ့်ကုန်ပစ္စည်း ရောင်းရဖို့အတွက် ဒီစကားမျိုးကို လွယ်လွယ်ကူကူ ပြောထွက်လာတယ်။ မှန်ပါသည်... သူမ ပြောသမျှက အမှန်တရားတွေချည်းပါပဲ။

"ကျွန်မတို့အိမ်က ကုန်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေ၊ ဥပမာ - ရှင် ကြိုက်တဲ့ မုန့်တွေဆိုရင် စားပြီးလည်း ဝလာမှာကို စိတ်ပူစရာ မလိုပါဘူး" ရှောင်လင်းယွီက ပြောလိုက်သည်။

မစ္စစ်စမစ် ကြားလိုက်ရသောအခါ မျက်နှာထား ပိုမို စိတ်လှုပ်ရှားလာပြီး ပြောလိုက်သည်။ "မစ္စစ်ကုန်း... ရှင် ပြောတာတွေ ကြားရတာ ဒဏ္ဍာရီပုံပြင်တွေ နားထောင်နေရသလိုပဲ။ ဒါပေမဲ့ ကျွန်မ မစ္စစ်ကုန်းကို ယုံတယ်"

ဟိုစကားအတိုင်းပါပဲ... ဒီမစ္စစ်ကုန်းက သူမကို ဒုက္ခပေးစရာအကြောင်းမှ မရှိတာ။

ဒါကြောင့် မစ္စစ်ကုန်းက ဒီလိုပြောတယ်ဆိုတော့ သူမအိမ်က ပစ္စည်းတွေမှာ ဒီလို အာနိသင် ရှိလို့ နေမှာပေါ့။

တကယ်သာ ဆိုရင်တော့ အရမ်း ကောင်းတာပေါ့။

နောက်ဆိုရင် သူမ ကြိုက်တာစားလို့ ရပြီ၊ ဝလာမှာလည်း စိတ်ပူစရာ မလိုတော့ဘူး။

သူမနဲ့ ခင်ပွန်းသည် ဆက်ဆံရေး ကောင်းမွန်ပေမဲ့ သူမ ဝလာရင် ခင်ပွန်းသည်က သူမကို မုန်းသွားမလား ဆိုတာ သူမ အာမမခံရဲဘူး။

သူမက ဆင်စွယ်ရဲတိုက်ထဲမှာ ကာကွယ်ခံထားရသူ ဖြစ်ပေမဲ့ ခင်ပွန်းသည်နဲ့ ဆက်ဆံရေးကိုတော့ လောင်းကြေး မထပ်ရဲဘူး။

"ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါ မစ္စစ်စမစ်" ရှောင်လင်းယွီက ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်လိုက်သည်။ "ရှင် ဘယ်အချိန်ပဲ အားအား ကျွန်မတို့ ထောင်ယွမ်ရွာ စိုက်ခင်းကို လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်"

မစ္စစ်စမစ်က ပျော်ရွှင်စွာ ပြောလိုက်သည်။ "အို... မစ္စစ်ကုန်း၊ ကျွန်မ အားရင် သေချာပေါက် လာခဲ့ပါ့မယ်။ ထောင်ယွမ်ရွာ စိုက်ခင်း... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာကို ကျွန်မ သေချာပေါက် သွားကြည့်ရမယ်"

ထို့နောက် နှစ်ယောက်သား စကားနည်းနည်း ပြောပြီး ဖုန်းချလိုက်ကြသည်။

ဒီဘက်က မစ္စစ်စမစ် ဖုန်းချလိုက်သည်နှင့် ဖုန်းထပ်ဝင်လာသည်။

မစ္စစ်စမစ်ကဲ့သို့ပင် စိတ်လှုပ်ရှား ပျော်ရွှင်နေသော အမျိုးသမီး အသံ ဖြစ်သည်။

"အို... မစ္စစ်ကုန်း၊ ရှင်တို့ မုန့်တွေ စားပြီးတာ တကယ် အသားမတက်ဘူး။ ဘုရားရေ... မနေ့ညက စားကောင်းသောက်ဖွယ်တွေနဲ့ မုန့်တွေ အများကြီး စားမိလို့ အသား နည်းနည်း တက်လာမှာ စိုးရိမ်ပြီး တစ်ညလုံး ကောင်းကောင်း မအိပ်နိုင်ခဲ့ဘူး။ ဒီမနက်အစောကြီး ထပြီး ချိန်ကြည့်လိုက်တော့ ကျွန်မ ကိုယ်အလေးချိန်က တက်မလာတဲ့အပြင် တစ်အောင်စ လျော့သွားတယ်။ မစ္စစ်ကုန်း... တစ်အောင်စ လျော့သွားတယ်၊ ကျွန်မ အသား တစ်အောင်စ ကျသွားတယ်၊ ကျွန်မ အရမ်း ဝမ်းသာလို့ ချက်ချင်း ဖုန်းဆက်လိုက်တာ"

"..." ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ဂုဏ်ယူပါတယ် မစ္စ..."

ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် အချိုးအစား လိုချင်တဲ့ အမျိုးသမီးတွေအတွက် တစ်အောင်စ မပြောနဲ့၊ အောင်စဝက် ကျသွားရင်တောင် ပျော်မဆုံး ဖြစ်နေကြတာ။

ဒါပေမဲ့ ရှောင်လင်းယွီ ထုတ်မပြောလိုက်တဲ့ အချက်ကတော့ သူမ တစ်အောင်စ ကျသွားတယ် ဆိုတာ သူမ ကိုယ်ပေါ်မှာ ပိုလျှံနေတဲ့ အဆီတွေ များနေလို့ ဖြစ်နိုင်တယ် ဆိုတာပါပဲ။

ထိုအမျိုးသမီးက စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။ "အရင်တုန်းက ရှင်က ရှင်တို့အိမ်က ပစ္စည်းတွေ စားရင် ဝလာမှာ မပူရတဲ့အပြင် ဝိတ်ကျစေတဲ့ အာနိသင်တောင်ရှိတယ် ပြောတုန်းက ကျွန်မ သိပ်မယုံခဲ့ဘူး။ ဒါပေမဲ့ အခု ယုံသွားပြီ။ မစ္စစ်ကုန်း... ကျေးဇူးတင်ပါတယ်" ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး တစ်ခုခုကို သတိရသွားကာ ဆက်ပြောသည်။ "နောက်ဆိုရင် ကျွန်မ ရှင်တို့အိမ်က ပို့လာတဲ့ ပစ္စည်းတွေကိုပဲ စားတော့မယ်၊ ရှင်တို့အိမ်ကိုပဲ အသိအမှတ်ပြုတော့မယ်"

"ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါ မစ္စ" ရှောင်လင်းယွီက ပြုံး၍ ပြောလိုက်သည်။ "နောက်ပိုင်း ကျွန်မတို့အိမ်က ပစ္စည်းသစ်တစ်ခုခုထွက်ရင် မစ္စဆီကို သေချာပေါက် ပို့ပေးပြီး မြည်းစမ်းခိုင်းပါ့မယ်"

"ကောင်းပြီ... ကျွန်မ သေချာပေါက် မြည်းစမ်းကြည့်ပါ့မယ်" ထိုအမျိုးသမီးက ပြောလိုက်သည်။

ရှောင်လင်းယွီက ထိုအမျိုးသမီးကို ဖိတ်ခေါ်လိုက်သည်။ "မစ္စ... ရှင် ဘယ်အချိန်ပဲ အားအား ကျွန်မတို့ ထောင်ယွမ်ရွာ စိုက်ခင်းကို တိုက်ရိုက် လာရောက် ကြည့်ရှု လည်ပတ်နိုင်ပါတယ်၊ ပျော်ရွှင်စရာ ကောင်းတဲ့ အတွေ့အကြုံ တစ်ခု ဖြစ်မှာ သေချာပါတယ်"

ထိုအမျိုးသမီးက ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... သေချာပေါက်... သေချာပေါက် လာခဲ့ပါ့မယ်။ ထောင်ယွမ်ရွာ စိုက်ခင်း ဆိုတဲ့ လှပပြီး ဆန်းကြယ်တဲ့ နေရာကို သေချာပေါက် သွားရမယ်။ မသွားရင် တစ်သက်လုံး နောင်တရနေလိမ့်မယ်"

ထောင်ယွမ်ရွာ စိုက်ခင်း ဆိုသော လှပပြီး ဆန်းကြယ်သော နေရာကို တစ်သက်မှာ တစ်ခါတော့ သွားကြည့်ရမည်။

ထို့နောက် ရှောင်လင်းယွီသည် အထက်တန်းလွှာ အမျိုးသမီး အချို့၏ ဖုန်းကို ဆက်တိုက် လက်ခံရရှိသည်။ အားလုံးက မနေ့က မုန့်တွေ အများကြီး စားခဲ့ပေမဲ့ အသားမတက်ဘဲ အသားကျသွားလို့ ဝမ်းသာကြောင်း ပြောကြားကြသည်။

ရှောင်လင်းယွီလည်း သူတို့ကို တစ်ယောက်ချင်းစီ ဖိတ်ခေါ်လိုက်ပြီး ထောင်ယွမ်ရွာ စိုက်ခင်းကို လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုက်သည်။ တစ်ယောက်မျှ မငြင်းဆန်ကြဘဲ အချိန်ရရင် သေချာပေါက် လာခဲ့မည်ဟု ပြောကြသည်။

……

မနက်ခင်း ဖုန်းအချို့ ပြောပြီးနောက် ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့အဖွဲ့သည် ဟွာရှသို့ ပြန်ကြသည်။

ရက်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ရာ ကုန်းထျန်းဟောက်သည် မြို့တော် Imperial Palaceအုပ်စုသို့ တန်းပြန်ပြီး ရှောင်လင်းယွီက ကလေးများနှင့် အခြားနှစ်ယောက်ကို ခေါ်ကာ ထောင်ယွမ်ရွာသို့ ပြန်လာခဲ့သည်။

Green Freshအုပ်စု ရုံးချုပ်သည် ထောင်ယွမ်ရွာတွင်ရှိသဖြင့် ရှောင်လင်းယွီ ဟိုပြေးဒီပြေး လုပ်စရာ မလိုပေ။

ကလေးနှစ်ယောက်ကို အိမ်ပြန်ပို့ပြီးနောက် ရှောင်လင်းယွီ၊ ဘရူးစ်နှင့် ကျန့်ယောင်ကျူတို့သည် အရေးပေါ် အစည်းအဝေးတစ်ခု ထပ်မံကျင်းပကြသည်။

ရှောင်လင်းယွီက လေးနက်စွာ ပြောလိုက်သည်။ "နိုင်ငံခြား ဈေးကွက် ချဲ့ထွင်ရေးအပိုင်းမှာ ရှင်တို့နှစ်ယောက်ကို ကူညီဖို့ လူအမြန် ခေါ်ယူရလိမ့်မယ်"

နိုင်ငံခြားဈေးကွက်က အရမ်းကြီးမားတော့ သူတို့နှစ်ယောက်တည်း၊ သူမ အပါအဝင် သုံးယောက် ဟိုပြေးဒီပြေး လုပ်နေရုံနဲ့ ဘယ်လိုမှ မနိုင်နိုင်ဘူး။

ဒါကြောင့် အခု အရေးအကြီးဆုံးက ဝန်ထမ်းခေါ်ယူဖို့ပဲ၊ ကဏ္ဍစုံက ဝန်ထမ်းတွေ လိုအပ်တယ်။

အရင်တုန်းက ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီး ဝန်ထမ်းတွေ အများကြီး ခေါ်ခဲ့ပေမဲ့ လုံလောက်မှု မရှိဘူး။

ဒေသတစ်ခုကို လူတစ်ယောက် လွှတ်မယ် ဆိုရင်တောင် လူပေါင်း တစ်ရာကျော် လိုအပ်တယ်။ ပြီးတော့ ဒေသတစ်ခုကို လူတစ်ယောက်တည်း လွှတ်လို့ ဘယ်ဖြစ်မလဲ၊ အနည်းဆုံး အဖွဲ့တစ်ဖွဲ့တော့ ရှိမှ ရမှာပေါ့။

ဘရူးစ်နှင့် ကျန့်ယောင်ကျူတို့က ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်တို့ရဲ့ လုပ်ငန်းက အရေးပေါ် ချဲ့ထွင်နေတာမို့လို့ နိုင်ငံတစ်နိုင်ငံကို အနည်းဆုံး အဖွဲ့တစ်ဖွဲ့ လွှတ်ရမယ်။ အခု ကျွန်တော်တို့ မွေးထုတ်ထားတဲ့ လူတွေက လုံလောက်မှု မရှိသေးဘူး၊ အရည်အချင်းရှိတဲ့သူတွေ ထပ်ခေါ်ဖို့ လိုတယ်"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်ပြီး ဘရူးစ်ကို ကြည့်ကာ မေးလိုက်သည်။ "ဘရူးစ်... ဒီအပိုင်းမှာ ရှင် ထောက်ခံချင်တဲ့သူ ရှိလား"

ဟွမ်လင်းအုပ်စုက နိုင်ငံတကာ ကုမ္ပဏီ ဖြစ်ပြီး ဒီလုပ်ငန်းရဲ့ ခေါင်းဆောင် ဖြစ်တာကြောင့် ကုမ္ပဏီထဲမှာ ကဏ္ဍစုံက အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိမှာပဲ။

ဒါကြောင့် ရှောင်လင်းယွီ ဒီလိုမေးလိုက်တာက ဘရူးစ်ကို နံရံထောင့် သွားတူးခိုင်းလိုက်တာ (ဝန်ထမ်း လုခိုင်းလိုက်တာ) ပဲ။

လူဆိုတာ အုပ်စုလိုက်နေတတ်ကြတော့ ဘရူးစ် ခေါ်လာတဲ့လူတွေက သေချာပေါက် သူနဲ့ တူညီတဲ့သူတွေ ဖြစ်မှာပဲ။

မှန်ပါသည်... ရှောင်လင်းယွီ ကိုယ်တိုင် အင်တာဗျူး လုပ်ပြီး စိစစ်ရဦးမည်။

သူမတွင် လူ့စိတ်ကို ထိုးဖောက်မြင်နိုင်သော မျက်လုံးတစ်စုံရှိပြီး ဘေးနားတွင် အကောင်းအဆိုး ခွဲခြားနိုင်သူ တစ်ဦးလည်း ရှိသည်။

သူမ ဘရူးစ်ကို ဘယ်လောက်ပဲ ယုံကြည်ယုံကြည် ကိုယ်တိုင် အင်တာဗျူး လုပ်ပြီး စိစစ်ရဦးမယ်။

ဘာပဲပြောပြော တစ်ခါတလေ သတိမထားမိလိုက်ရင် ကြွက်ချေးတစ်တုံးက ဟင်းအိုးတစ်အိုးလုံးကို ပျက်စီးသွားစေနိုင်တယ်၊ သူမရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟဿ ဖြစ်သွားမှာကို မလိုလားဘူး။

ဘရူးစ် စဉ်းစားပြီး ပြောလိုက်သည်။ "ရှိတော့ ရှိတယ်၊ ဒါပေမဲ့ ကျွန်တော် နားချရဦးမယ်"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "အင်း... ကိုယ်ကျင့်တရား ကောင်းပြီး အရည်အချင်းရှိမယ် ဆိုရင် ကျွန်မ တံခါးဖွင့် ကြိုဆိုနေမှာပါ၊ ပြီးတော့ သူတို့ကို ပေးမယ့် ခံစားခွင့်တွေက သေချာပေါက် အကောင်းဆုံး ဖြစ်စေရမယ်"

"ကောင်းပြီ... ကျွန်တော် သိပါပြီ" ဘရူးစ် ပြန်ဖြေလိုက်သည်။ ရှောင်လင်းယွီက သူတို့ကို ပေးတဲ့ ခံစားခွင့်တွေက နယ်ပယ်ထဲမှာ အကောင်းဆုံးဆိုတာ သူ ယုံကြည်တယ်။

ကျန့်ယောင်ကျူက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။ "ဘရူးစ်... တကယ်လို့ အဲဒီလူတွေ မလာချင်ဘူး ဆိုရင် သူတို့ကို တိုက်ရိုက် ပြောလိုက်၊ ဟွမ်လင်းအုပ်စုက မကြာခင် ပြိုလဲတော့မယ်၊ ထွက်ပေါက် ကြိုရှာထားတာ ကောင်းမယ်လို့"

ရှောင်လင်းယွီနှင့် ဘရူးစ် "..."

ဒီစကားကို ဟွမ်လင်းအုပ်စုက လူတွေ ကြားသွားရင် ခေါင်းကို ရိုက်ခွဲမလား မသိဘူး။

အခု Green Freshအုပ်စုက အရိပ်အယောင်တောင် မရှိသေးဘဲနဲ့ ဟွမ်လင်းအုပ်စုက မကြာခင် ပြိုလဲတော့မယ်လို့ အာမခံရဲတယ်ပေါ့။

"အဟမ်း..." ရှောင်လင်းယွီက ပြောလိုက်သည်။ "ဘရူးစ်... ယောင်ကျူ ပြောတာ ဟုတ်တယ်လို့ ကျွန်မ ထင်တယ်။ ရှင် အရင်က လုပ်ဖော်ကိုင်ဖက်တွေကို စဉ်းစားခိုင်းကြည့်လိုက်ပါ။ စိတ်ချပါ... ကျွန်မ သူတို့ကို လုံးဝ နစ်နာအောင် လုပ်မှာ မဟုတ်ဘူး"

ဘရူးစ် "..."

သူ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကောင်းပါပြီ... ကျွန်တော် ကြိုးစားကြည့်ပါ့မယ်။ ပြီးတော့ သူတို့ကို ရောက်လာအောင် အစွမ်းကုန် နားချပါ့မယ်"

သူ့အမြင်အရ ဆိုရင်တော့ Green Freshအုပ်စုရဲ့ အလားအလာ ကောင်းမွန်မှုနဲ့ ခိုင်မာတဲ့ နောက်ခံကြောင့် ဟွမ်လင်းအုပ်စုအနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူး၊ ဒါကြောင့် မကြာခင် ဒေဝါလီခံရတော့မှာ သေချာတယ်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၃၂ ။ ဟွမ်လင်းအုပ်စု ဥက္ကဌ ဒေါသထွက်ခြင်း

ဟွမ်လင်းအုပ်စု ဥက္ကဌ ရုံးခန်း...

ဥက္ကဌ မိုက်ကယ်သည် ဒေသအသီးသီးမှ ဥက္ကဌများ၏ တင်ပြချက်ကို နားထောင်ပြီးနောက် မျက်နှာ မည်းမှောင်နေသည်။

"မင်းတို့ ဘာပြောလိုက်တာလဲ။ L နိုင်ငံ၊ X နိုင်ငံ၊ Y နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က ထိပ်တန်း အထက်တန်းလွှာတွေက ငါတို့ ကုန်ပစ္စည်းကို ငြင်းပယ်လိုက်ကြတယ် ဟုတ်လား" မိုက်ကယ်က မျက်နှာပျက်လျက် မေးလိုက်သည်။

အောက်ဘက်ရှိ ဒေသအသီးသီးမှ ဥက္ကဌများက ခေါင်းငုံ့လျက် ပြန်ဖြေလိုက်ကြသည်။ "ဟုတ်ပါတယ်... မစ္စတာမိုက်ကယ်"

လက်အောက်ငယ်သားများ၏ အဖြေကို ကြားသောအခါ သူ ချက်ချင်း ဒေါသထွက်သွားပြီး "ဒါ ဘာကြောင့်လဲ။ မင်းတို့ သေချာ စုံစမ်းပြီးပြီလား"

နိုင်ငံ တစ်နိုင်ငံ၊ နှစ်နိုင်ငံလောက်ပဲ ပြဿနာဖြစ်ရင်တော့ တာဝန်ရှိတဲ့သူရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့်လို့ ယူဆလို့ ရတယ်။

ဒါပေမဲ့ အခု နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပြိုင်တူ ပြဿနာ ဖြစ်နေတယ် ဆိုတော့ ဒါ အလေးထားရမယ့် ကိစ္စပဲ။

ပြီးတော့ သူတို့နဲ့ စာချုပ်ဖျက်သိမ်းလိုက်တဲ့ မိသားစုတွေက အဲဒီနိုင်ငံတွေရဲ့ ထိပ်တန်း အထက်တန်းလွှာတွေလေ။ ဟွမ်လင်းအုပ်စုက သူတို့နဲ့ ပူးပေါင်းနိုင်တာ ကုမ္ပဏီရဲ့ နှစ် ၁၀၀ ကျော် သမိုင်းကြောင်းနဲ့ ကုန်ပစ္စည်း အရည်အသွေး၊ နာမည်ဂုဏ်သတင်းကြောင့်ပဲ။

ဟွမ်လင်းအုပ်စုက ကမ္ဘာ့အကြီးဆုံး၊ အကျော်ကြားဆုံး ကုမ္ပဏီ မဟုတ်ပေမဲ့ နိုင်ငံအသီးသီးက ထိပ်တန်း အထက်တန်းလွှာတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ ဘာလို့လဲဆိုတော့ ဟွမ်လင်းအုပ်စုက သူတို့ရဲ့ အစားအသောက် လုံခြုံရေးကို တာဝန်ယူထားလို့လေ။

ထိပ်တန်း အထက်တန်းလွှာတွေကို မှီခိုထားလို့ သာမန်လူတွေ ဟွမ်လင်းအုပ်စုကို မထိရဲကြတာ။

ဒါပေမဲ့ ဟွမ်လင်းအုပ်စု ကံကုန်သွားပြီလား၊ ဘာဖြစ်သွားလဲ မသိဘူး။ ဟွာရှ ဈေးကွက် လက်လွှတ်လိုက်ရတယ်။ နှစ်လတောင် မပြည့်ခင်မှာ ဟွာရှ ဈေးကွက်ကနေ အရှက်တကွဲ ထွက်ခွာခဲ့ရပြီး ဟွာရှဘက်က လျော်ကြေးငွေ အမြောက်အမြား တောင်းဆိုတာကိုလည်း ခံရသေးတယ်။

အခု ဟွာရှ ဈေးကွက်ကနေ ထွက်ခွာခဲ့ရတာ ဘယ်လောက်မှ မကြာသေးဘူး၊ နိုင်ငံအသီးသီးမှာ ပြဿနာတွေ ထပ်တက်နေပြန်ပြီ။

ဒီနိုင်ငံတွေက ဖောက်သည် အသေးစားလေးတွေ စာချုပ်ဖျက်သိမ်းတာ ဆိုရင်တော့ သူတို့ ဂရုစိုက်မှာ မဟုတ်ဘူး။ ဖျက်သိမ်းချင် ဖျက်သိမ်းပါစေ၊ သူတို့ စီးပွားရေးကို ဘာမှ မထိခိုက်ပါဘူး။

ဒါပေမဲ့ အခု သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု ငြင်းပယ်လိုက်တဲ့သူတွေက အဲဒီနိုင်ငံတွေရဲ့ ထိပ်တန်း အထက်တန်းလွှာတွေလေ။ ဒီပြဿနာက ကြီးမားလွန်းတယ်။

စာချုပ်ဖျက်သိမ်းလိုက်တဲ့ ထိပ်တန်း အထက်တန်းလွှာတွေက ဟွမ်လင်းအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ထိပ်တန်း ကိုယ်စားလှယ်တွေ ဖြစ်တယ်။ အောက်က မိသားစုတွေ၊ အထက်တန်းလွှာတွေ အများကြီးက သူတို့ကို အားကျအတုယူပြီး လိုက်လုပ်နေကြတာ။ ကိစ္စသေးသေးလေး ဆိုရင်တောင် သူတို့နောက် လိုက်ကြတယ်။

အဲဒီ ထိပ်တန်း အထက်တန်းလွှာတွေက ဟွမ်လင်းအုပ်စုနဲ့ စာချုပ်ဖျက်သိမ်းလိုက်တယ် ဆိုတာ သိသွားရင် တခြားလူတွေလည်း လိုက်ပြီး စာချုပ်ဖျက်သိမ်းကုန်ကြလိမ့်မယ်။

ဒါကြောင့် အခု သူတို့ ရှင်းရှင်းလင်းလင်း သိရမှာက ဒီနိုင်ငံပေါင်း ၁၀၀ ကျော်က ထိပ်တန်း အထက်တန်းလွှာတွေ ဘာလို့ ရုတ်တရက်ကြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု စာချုပ် ဖျက်သိမ်းလိုက်ရတာလဲ။ တခြား ကုန်ပစ္စည်း ထောက်ပံ့သူ ရှာတွေ့သွားလို့လား၊ တခြား အကြောင်းရင်း ရှိလို့လား။

တခြား အကြောင်းရင်း ဆိုရင်တော့ တော်သေးတယ်။

သူတို့ ကြောက်တာက...

သူတို့ရဲ့ လက်ရှိ ခန့်မှန်းချက်အရ ဖြစ်နိုင်ချေ အများဆုံး အကြောင်းရင်းကတော့ တခြား ကုန်ပစ္စည်း ထောက်ပံ့သူ ရှာတွေ့သွားတာပဲ ဖြစ်မယ်။

စုဝေးရောက်ရှိနေကြသော ဒေသဆိုင်ရာ ဥက္ကဌများသည်လည်း ဒီပြဿနာကို တွေးမိကြသည်။

သို့သော် အထက်လူကြီး မိုက်ကယ်၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ သူတို့ တိုက်ရိုက် ထုတ်မပြောရဲကြပေ။ မိုက်ကယ် ဒေါသထွက်မှာ ကြောက်လို့ပါ။

မိုက်ကယ်က ခေါင်းငုံ့နေသော လက်အောက်ငယ်သားများကို ကြည့်ပြီး ဒေါသထွက်လာသည်။ သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဘာလို့ ခေါင်းငုံ့နေကြတာလဲ၊ စကားမပြောကြတော့ဘူးလား။ အဲဒီ ထိပ်တန်း အထက်တန်းလွှာတွေ ဘာလို့ စာချုပ်ဖျက်သိမ်းလဲဆိုတာ မင်းတို့ မစုံစမ်းရသေးဘူးလား"

သူ ဟွမ်လင်းအုပ်စုကို ဆက်ခံပြီးနောက် ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်လာလို့ ကိုယ့်ကံမကောင်းတာကို သူ ဒေါသထွက်နေမိတယ်။

အောက်ကလူတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘယ်သူမှ မိုက်ကယ်ရဲ့ မေးခွန်းကို မဖြေရဲကြဘူး။

အဖြေမှားသွားရင် မိုက်ကယ်က နေရာမှာတင် ရာထူးဖြုတ်ပစ်ပြီး ကမ္ဘာအနှံ့ ပိတ်ပင်လိုက်မှာ စိုးရိမ်လို့ပါ။

အရင်တုန်းက ဟွာရှတာဝန်ခံ ဘရူးစ်က သက်သေပဲလေ။

အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရှိပေမဲ့ ဟွမ်လင်းအုပ်စုက အထက်တန်းလွှာ မိသားစုတွေနဲ့ အနီးစပ်ဆုံး လုပ်ငန်းတစ်ခုလေ။ သူတို့ အခု စုဆောင်းထားတဲ့ အဆက်အသွယ်တွေ၊ ဆက်ဆံရေးတွေ အကုန်လုံးက ဟွမ်လင်းအုပ်စုကို မှီခိုထားရတာ။

အလုပ်ထုတ်ခံရပြီး ပိတ်ပင်ခံရရင် သူတို့ ကောင်းမွန်တဲ့ အလုပ်တစ်ခု ရှာတွေ့ဖို့ မလွယ်တော့ဘူး။

မိုက်ကယ်က အကြိမ်ကြိမ်မေးပေမဲ့ အောက်ကလူတွေ တစ်ယောက်မှ ထမဖြေကြတော့ ဒေါသထွက်လွန်းလို့ နောက်လန်လဲမတတ် ဖြစ်သွားတယ်။ မျက်နှာလည်း ပျက်နေပြီ။

သူ လေးနက်စွာ ပြောလိုက်သည်။ "ဘာလဲ... မင်းတို့ အကုန်လုံး အ,သွားကြပြီလား။ မေးခွန်းဖြေမယ့်လူ တစ်ယောက်တောင် မရှိတော့ဘူးလား" ဤနေရာသို့ ရောက်သောအခါ သူ စူးရှသော မျက်လုံးများဖြင့် လက်အောက်ငယ်သား ၂၀၊ ၃၀ ခန့်ကို ဝေ့ကြည့်လိုက်ပြီး ထက်ရှစွာ မေးလိုက်သည်။ "ဒါမှမဟုတ် မင်းတို့က အကြောင်းရင်းကိုတောင် မစုံစမ်းရသေးဘဲ ငါ့ဆီ တန်းပြီး လာအစီရင်ခံကြတာလား၊ ဟမ်"

သူ့စကား ကြားတော့ အောက်ကလူတွေ ပိုပြီး ငုံးတိတိ ဖြစ်ကုန်ကြတယ်။ ပုန်းလို့ရရင် ပုန်း၊ ကျုံ့လို့ရရင် ကျုံ့ပြီး မိုက်ကယ် နာမည်တပ် မခေါ်ခံရရင်ပြီးရောဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်နေကြတယ်။

မိုက်ကယ် မြင်လိုက်ရတော့ ဒေါသအိုး ပေါက်ကွဲသွားတယ်။ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး လက်နဲ့ ပွတ်ဆွဲလိုက်ရာ ရုံးခန်းစားပွဲပေါ်က ဖိုင်တွေ၊ လက်ဖက်ရည်ခွက်တွေ အကုန် ကြမ်းပြင်ပေါ် ပြုတ်ကျကုန်တယ်။

ဒုန်း...

လက်ဖက်ရည်ခွက်က ကွဲကြေသွားပြီး ဖိုင်တွေလည်း နေရာအနှံ့ ပြန့်ကျဲသွားတယ်။ အကုန် ရှုပ်ပွကုန်ပြီ။

လက်ဖက်ရည်ခွက် အကွဲစ တစ်ခုက အောက်ကလူ တစ်ယောက်ရဲ့ နဖူးကိုတောင် စင်သွားတယ်။ ထက်ရှတဲ့ အကွဲစကြောင့် နဖူးမှာ သွေးစို့သွားပြီး နာကျင်လွန်းလို့ "အား" လို့ အော်လိုက်မိတယ်။ ပြီးတော့ လက်နဲ့ သွေးစကို သုတ်ကြည့်လိုက်တော့ လက်ချောင်းထိပ်မှာ သွေးတွေ ပေနေပြီး သွေးတွေ ဆက်တိုက် ထွက်လာတယ်။

ဒါပေမဲ့ သူ့အသံက မိုက်ကယ်ကို အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ မိုက်ကယ်က အသံလာရာကို ကြည့်ပြီး ဒဏ်ရာရတာ ဟုတ်မဟုတ် ဂရုမစိုက်ဘဲ အော်ဟစ်လိုက်တယ်။ "ဘာ အား နေတာလဲ။ မင်း ရောဂါရနေလား"

သူ့ရဲ့ စူးရှတဲ့ မျက်လုံးတွေက အဲဒီလူကို ခဏလောက် စိုက်ကြည့်နေပြီးနောက် အသံကျယ်ကြီးနဲ့ မေးလိုက်တယ်။ "ဂျော့ချ်... မင်းက L နိုင်ငံကို တာဝန်ယူထားတာ မဟုတ်လား။ အခု ငါ့ကို ပြောပြစမ်း၊ ဘစ် မိသားစုက ဘာလို့ ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်တာလဲ"

နာမည်တပ် အခေါ်ခံလိုက်ရတဲ့ ဒဏ်ရာရထားသူ ဂျော့ချ်က မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။

သူ ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်သည်။ "အဲ... အဲဒါ... အဲဒါ မတော်တဆမှု ဖြစ်လောက်ပါတယ်" သူက အဲဒီမိသားစု တာဝန်ခံကို စာချုပ်ဖျက်သိမ်းရတဲ့ အကြောင်းရင်း မေးကြည့်ခဲ့တယ်။ အဲဒီ တာဝန်ခံက အေးစက်စက် ရယ်မောပြီး သူ့ကို ပြန်မဖြေခဲ့ဘူး။

သူ ဆက်သွယ်လို့ရတဲ့ အဲဒီမိသားစုရဲ့ အမြင့်ဆုံး တာဝန်ခံက အရင်ကတည်းက သူနဲ့ အဆက်အသွယ် ရှိခဲ့တဲ့ အဲဒီ ဝယ်ယူရေး တာဝန်ခံပဲ။

ဒါပေမဲ့ အဲဒီ တာဝန်ခံက အကြောင်းရင်း မပြောပြတော့ သူ တခြားလူကို မေးလို့ မရတော့ဘူး။

ဒါပေမဲ့ အဲဒီ ထိပ်တန်း မိသားစုက ဟွမ်လင်းအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု စာချုပ် ဖျက်သိမ်းလိုက်တာက ကိစ္စကြီးမို့လို့ သူ ရုံးချုပ်ကို ချက်ချင်း အစီရင်ခံခဲ့ရတာ။

ဒါပေမဲ့ သူ လုံးဝ ထင်မှတ်မထားတာက သူ တာဝန်ယူထားတဲ့ L နိုင်ငံတင် မကဘူး၊ တခြား နိုင်ငံတွေမှာလည်း အလားတူ ပြဿနာတွေ ဖြစ်နေတာပဲ။ ဒါကြောင့် သူ့ရင်ထဲက စိုးရိမ်ပူပန်မှုတွေ နည်းနည်း လျော့ပါးသွားတယ်။

သူတစ်ယောက်တည်း ပြဿနာ ဖြစ်တာ မဟုတ်ရင် ရုံးချုပ်က သူ့ကို အလုပ်ထုတ်ပစ်မှာ မဟုတ်ဘူး။ ပြီးတော့ ရုံးချုပ်နဲ့ မိုက်ကယ်ရဲ့ မေးခွန်းထုတ်မှုကို ခံနိုင်ရည် ရှိမယ့်လူတွေ ပိုများလာတာပေါ့။

မိုက်ကယ်က ဂျော့ချ်ရဲ့ အဖြေကို ကြားတော့ ဒေါသထွက်လွန်းလို့ ရယ်ချင်သွားတယ်။

သူ အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "မတော်တဆမှု ဟုတ်လား။ ဒါဆို မင်း ငါ့ကို ပြောပြစမ်း၊ ဘယ်လို မတော်တဆမှုမျိုးမို့လို့ ထိပ်တန်း အထက်တန်းလွှာ မိသားစုတွေ အကုန်လုံးက ငါတို့ ဟွမ်လင်းအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု စာချုပ် ဖျက်သိမ်းလိုက်ကြတာလဲ"

"အဲဒါ... အဲဒါ..." ဂျော့ချ် ပြန်မဖြေနိုင်တော့ဘူး။

အဓိက အကြောင်းရင်းက သူတို့ အခုထိ အကြောင်းရင်း ရှာမတွေ့သေးလို့ပါ။

မိုက်ကယ်ရဲ့ မေးခွန်းကို သဘာဝကျစွာပဲ မဖြေနိုင်ကြဘူး။

မိုက်ကယ်က စူးရှတဲ့ မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်နေတယ်။ တစ်ချိန်တည်းမှာပဲ ရုံးခန်းထဲက လူအားလုံးရဲ့ မျက်နှာထားကို ဝေ့ကြည့်လိုက်ပေမဲ့ အကုန်လုံးက ခေါင်းငုံ့ထားကြတော့ သူ သေချာ မမြင်ရဘူး။

မိုက်ကယ်က ဒီပုံစံကို မြင်တော့ ရင်ထဲမှာ ဒေါသတွေ ထပ်ထွက်လာတယ်။ သူ ဒေါသထွက်ပြီး စိတ်မရှည် ဖြစ်လာကာ ပေါက်ကွဲချင်လာတယ်။ ထို့နောက် သူ ခါးကိုင်းပြီး နောက်က ကုလားထိုင်ကို မကာ ဂျော့ချ်တို့ ရှိရာဘက်ကို အားကုန် ပစ်ပေါက်လိုက်တယ်။

ဒီလက်အောက်ငယ်သားတွေက ခေါင်းငုံ့ထားကြပေမဲ့ မျက်လုံးထောင့်ကနေ မိုက်ကယ်ရဲ့ လှုပ်ရှားမှုကို အမြဲ စောင့်ကြည့်နေကြတာ။ သူက ကုလားထိုင်နဲ့ ပစ်ပေါက်တော့မယ် ဆိုတာ မြင်လိုက်တော့ မျက်နှာတွေ ပျက်သွားပြီး အားလုံး အလျင်အမြန် ရှောင်ပြေးကြတယ်။

ဒီလို အပစ်ခံရရင် အသက်ပါမပါတောင် မသေချာဘူး။

ဒုန်း...

ကျယ်လောင်သော အသံကြီး ရုံးခန်းထဲတွင် ထွက်ပေါ်လာသည်။

အပြင်ဘက်မှ သက်တော်စောင့်များက အသံကြားပြီး တစ်ခုခုဖြစ်ပြီထင်ကာ အပြေးဝင်လာကြသည်။ သို့သော် ရုံးခန်းထဲ ရောက်သောအခါ အလယ်တွင် လဲကျနေသော ကုလားထိုင်နှင့် လူစုကွဲနေသော လူအုပ်ကို တွေ့လိုက်ရသည်။ ထိုလူများ၏ မျက်နှာတွင် ကြောက်ရွံ့တုန်လှုပ်မှုနှင့် စိုးရိမ်ပူပန်မှုများ ပေါ်နေသည်။

သက်တော်စောင့်များက အခြေအနေကို မြင်သည်နှင့် ဘာဖြစ်လဲဆိုတာ သိသွားကြသည်။ ထို့နောက် မျက်စိလျင်စွာဖြင့် ရုံးခန်းထဲမှ အမြန်ပြန်ထွက်သွားပြီး တံခါး ပိတ်ပေးလိုက်ကြသည်။

ကုမ္ပဏီ အကြီးအကဲ ဒေါသထွက်နေတာ သူတို့လို လူသေးလူဖွဲတွေ တားဆီးလို့ရတာ မဟုတ်ဘူး။

မိုက်ကယ်က ကုလားထိုင်နဲ့ ပစ်ပေါက်ရုံနဲ့ မကျေနပ်သေးဘူး။ သူ့ရင်ထဲက ဒေါသတွေ မကုန်သေးဘူး။ ထို့နောက် သူ တွေ့သမျှ ပစ္စည်းတွေကို ကောက်ယူပြီး အကုန် လိုက်ပေါက်တော့တယ်။

ဒုန်း...

ဒုန်း...

ကျယ်လောင်သော အသံများ ရုံးခန်းထဲတွင် ဆက်တိုက် ထွက်ပေါ်နေသည်။

ထို့နောက် လူအုပ်ထဲမှ ကြောက်ရွံ့တုန်လှုပ်သော အသံများလည်း ရံဖန်ရံခါ ထွက်ပေါ်လာသည်။

ရုံးခန်းထဲတွင် အများစုက အမျိုးသားများ ဖြစ်ကြသဖြင့် အမျိုးသမီးများကဲ့သို့ အန္တရာယ် ကြုံလာလျှင် အော်ဟစ်ခြင်း မရှိကြပေ။

ဒါပေမဲ့ မိုက်ကယ်က ပစ္စည်းလေးလံတွေနဲ့ ပစ်ပေါက်နေတာ မြင်တော့ သူတို့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပေါ်လာကြတယ်။

ပန်းအိုးတွေ ဘာတွေ ခေါင်းပေါ် ကျလာရင် မသေရင်တောင် သေလုမျောပါး ဖြစ်သွားမှာ။

ဘယ်သူက သေမှာ မကြောက်ဘဲ နေမလဲ။

ဒါကြောင့် မိုက်ကယ်က ရမ်းသမ်း ပစ်ပေါက်နေတာ မြင်တော့ လူအုပ်ကြီးက ရမ်းသမ်း ပြေးလွှားကြတယ်။ ပြေးတဲ့ လမ်းကြောင်း မတူတော့ လူအချင်းချင်း တိုက်မိပြီး လဲကျကုန်ကြတယ်။ ရှောင်ချိန် မရလိုက်ဘဲ ပျံလာတဲ့ ပစ္စည်းတွေနဲ့ အပစ်ခံလိုက်ရတယ်။

နေရာတစ်ခုလုံး ရှုပ်ပွနေတယ်။

အတွင်းဘက်မှာ ဒီလောက် ဆူညံနေပေမဲ့ အပြင်က သက်တော်စောင့်တွေက ဘာမှ မကြားသလို နေနေကြတယ်။ တံခါးကလည်း ပိတ်လျက်သားပဲ။

တစ်ယောက်က ဒီလို အပစ်ခံရတဲ့ အကြောက်တရားကို မခံနိုင်တော့ဘဲ တံခါးဖွင့်ပြီး ပြေးထွက်သွားတယ်။

အပစ်ခံရမှာ စောင့်နေမယ့်အစား မိုက်ကယ် ဒေါသပြေတဲ့အထိ စောင့်ပြီးမှ ပြန်လာတာ ပိုကောင်းတယ်။

ထို့နောက် တစ်ယောက် ပြေးထွက်သွားရင် နှစ်ယောက်၊ သုံးယောက် ဆက်တိုက် ပြေးထွက်သွားကြပြီး မကြာခင် ရုံးခန်းထဲက လူတွေ အကုန် ပြေးထွက်ကုန်ကြတယ်။

မိုက်ကယ် စိတ်ငြိမ်သွားတဲ့ အခါကျတော့ ရုံးခန်းထဲမှာ သူတစ်ယောက်တည်း ကျန်တော့တယ်။ ရုံးခန်းတစ်ခုလုံးလည်း ရှုပ်ပွနေပြီး ဖျက်ဆီးခံထားရသလို ဖြစ်နေတယ်။

လက်အောက်ငယ်သားတွေ ထွက်သွားတာ မြင်တော့ မိုက်ကယ် ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။ မျက်နှာပေါ်က ဒေါသတွေ မပြေသေးဘူး။ သူ တီးတိုး ဆဲဆိုလိုက်တယ်။ "အသုံးမကျတဲ့ကောင်တွေ"

ကြမ်းပြင်ပေါ် ခဏ ထိုင်ပြီးနောက် သူ ထလိုက်ပြီး ရုံးခန်းစားပွဲဆီ လျှောက်သွားကာ အတွင်းရေးမှူးကို ဖုန်းဆက်ပြီး မနက်ဖြန်ကျရင် ဒီဒေသဆိုင်ရာ ဥက္ကဌတွေ ဖြေရှင်းနည်း တစ်ခုခု တင်ပြရမယ်လို့ အကြောင်းကြားခိုင်းမလို့ လုပ်လိုက်တယ်။

ဒါပေမဲ့ မတ်တတ်ရပ်လိုက်တော့မှ ရုံးခန်းထဲက ပစ္စည်းတွေ အကုန် ကွဲကုန်ပြီဆိုတာ သတိထားမိလိုက်တယ်။ ဖုန်းကလည်း လေးစိပ်ကွဲနေပြီ။

သူ အပြင်ထွက်ပြီး အတွင်းရေးမှူးကို သွားခေါ်ခိုင်းလိုက်ရတယ်။

အတွင်းရေးမှူးက အခေါ်ခံရလို့ ကြောက်ရွံ့တုန်လှုပ်စွာ ဝင်လာပြီး ရုံးခန်းထဲက အခြေအနေကို မြင်တော့ မျက်နှာပျက်သွားတယ်။ မျက်လုံးအိမ်တွေ ကျဉ်းမြောင်းသွားပြီး ကြောက်ရွံ့ထိတ်လန့်နေတယ်။

ကံကောင်းသည်မှာ မိုက်ကယ်က ဒေါသထွက်ပြီးပြီ မို့လို့ အတွင်းရေးမှူးကို အပြစ်ရှာပြီး ဒေါသပုံချတာမျိုး မလုပ်တော့ပါဘူး။

***

All Chapters