← Chapters

အခန်း (၉၄၅-၉၄၆)

Vol. 58 Ch. 945-946

အခန်း (၉၄၅-၉၄၆)

Vol. 58 Ch. 945-946

အခန်း ၉၄၅ ။ လက်ထပ်ခွင့်တောင်းခြင်း

ရှောင်လင်းယွီ ခန့်မှန်းထားသကဲ့သို့ပင် ဟွမ်လင်းအုပ်စုသည် နိုင်ငံအချို့ရှိ ဈေးကွက်များတွင် ပူးပေါင်းဆောင်ရွက်သူများ တစ်ဦးပြီးတစ်ဦး ဆုံးရှုံးသွားသောအခါ ဥက္ကဌ မိုက်ကယ်သည် ထိုဒေသများကို တာဝန်ယူထားသော ဒေသဆိုင်ရာ ဥက္ကဌများကို ပြန်လည် ခေါ်ယူလိုက်သည်။

"ဘာဖြစ်တာလဲ။ ငါတို့ အမှာစာတွေက ဘာလို့ ဒီလောက်အများကြီး ဆုံးရှုံးသွားရတာလဲ" မိုက်ကယ်သည် အရောင်းအစီရင်ခံစာများကို ကိုင်ကာ လက်အောက်ငယ်သားများရှေ့သို့ ပစ်ချပြီး ဒေါသတကြီး ပြောလိုက်သည်။ "ဒီလောက် အချိန်ကြာနေပြီ၊ မင်းတို့ အကြောင်းရင်းကိုတောင် စုံစမ်းလို့ မရသေးဘူးလား"

ယခင်က စီးပွားရေး ဆုံးရှုံးလျှင် အကြောင်းရင်း ရှင်းလင်းသည်။ ပြိုင်ဘက်က လုယူသွားခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်သူက ပိုက်ဆံမရှိတော့ဘဲ ဒေဝါလီခံလိုက်ရခြင်း စသဖြင့် ဖြစ်တတ်သည်။

ဒါပေမဲ့ အခုတော့ ကောင်းပါပြီ။ ဘာမှန်းမသိဘဲ စီးပွားရေးတွေ အလုခံနေရတယ်၊ ဘယ်သူ လုသွားမှန်းတောင် မသိဘူး။

ပိုအရေးကြီးတာက ဆုံးရှုံးလိုက်ရတဲ့ စီးပွားရေးတွေက ထိပ်တန်း အထက်တန်းလွှာ မိသားစုကြီးတွေရဲ့ စီးပွားရေးတွေ ဖြစ်နေတာပဲ။ ဒီမိသားစုကြီးတွေက ဟွမ်လင်းအုပ်စုရဲ့ အဆက်အသွယ်ကောင်းတွေလေ။

ပြီးတော့ ဒီမိသားစုကြီးတွေ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရင် အောက်က အလယ်အလတ် မိသားစုတွေ၊ အငယ်စား မိသားစုတွေကလည်း လိုက်ပါ ပူးပေါင်းဆောင်ရွက်ကြမှာပဲ။

ဒါပေမဲ့ အခုတော့ ဆုံးရှုံးလိုက်ရတာတွေက ထိပ်တန်း အထက်တန်းလွှာ အသိုင်းအဝိုင်းက စီးပွားရေးတွေ ဖြစ်နေတယ်။ မကြာခင် အမှာစာတွေ ပိုမို ဆုံးရှုံးရလိမ့်မယ်လို့ မိုက်ကယ် ကြိုတင် ခံစားနေရတယ်။ ဒါက မကောင်းတဲ့ နိမိတ်ပဲ။

စဉ်းစားမိတာနဲ့ မိုက်ကယ်က ဂနာမငြိမ် ဖြစ်လာတယ်၊ စိတ်မတည်ငြိမ်ဘူး၊ ဒေါသထွက်ချင်စိတ်တွေ ဖြစ်ပေါ်လာတယ်။ ရုံးခန်းထဲက ပစ္စည်းတွေကို တစ်ခါပြီးတစ်ခါ ရိုက်ခွဲနေလို့ နေ့တိုင်း အသစ်လဲပေးနေရတယ်။

"ဂျော့ချ်... အခု မင်း တာဝန်ယူထားတဲ့ နေရာက ပြဿနာ အကြီးဆုံးပဲ" မိုက်ကယ်က နာမည်တပ်ပြီး ပြောလိုက်သည်။ "ဒီလောက် ကြာနေပြီ၊ ပြဿနာ ဘယ်ကစဖြစ်လဲဆိုတာ မင်း မစုံစမ်းရသေးဘူးလား"

နာမည်တပ် အခေါ်ခံလိုက်ရတဲ့ ဂျော့ချ်က မျက်နှာထား တင်းမာသွားပြီး အမာရွတ် ကျန်နေသေးတဲ့ နေရာကို လက်နဲ့ အုပ်လိုက်မိတယ်။

ထို့နောက် သူ လေးနက်စွာ ပြောလိုက်သည်။ "မစ္စတာ မိုက်ကယ်... ပြဿနာကို စုံစမ်းလို့ မရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီ မျက်နှာချင်းဆိုင်မှာ ကုမ္ပဏီအသစ်တစ်ခု ဖွင့်ထားပါတယ်"

မိုက်ကယ်က စူးရှသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။ "မင်း စကားက ဘာသဘောလဲ။ မျက်နှာချင်းဆိုင်မှာ ကုမ္ပဏီအသစ် ဖွင့်တာနဲ့ ငါတို့ စီးပွားရေး ဆုံးရှုံးတာ ဘာဆိုင်လို့လဲ"

ဂျော့က ပြောသည်။ "မစ္စတာ မိုက်ကယ်... ဘာလို့လဲဆိုတော့ အဲဒီ ကုမ္ပဏီက ဟွာရှက Green Freshအုပ်စု ဖြစ်နေလို့ပါ"

"မင်း ဘာပြောလိုက်တာလဲ" မိုက်ကယ် အံ့သြသွားပြီး ကုလားထိုင်မှ မတ်တတ်ရပ်လိုက်သည်။ "Green Freshအုပ်စု ဟုတ်လား။ ဟွာရှက အဲဒီတစ်ခုလား။ မင်း ဘယ်လိုသေချာတာလဲ"

"ဘာလို့လဲဆိုတော့ အဲဒီ ကုမ္ပဏီကို တာဝန်ယူထားတဲ့သူက ဘရူးစ် ဖြစ်နေလို့ပါ" ဂျော့ချ်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

မိုက်ကယ် အနည်းငယ် ကြောင်အသွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခွေးကောင်" ဒီခွေးကောင် ဆိုတာက ဘရူးစ်ကို ပြောတာလား၊ ဂျော့ချ်ကို ပြောတာလား၊ Green Freshအုပ်စုကို ပြောတာလား မသိရဘူး။

အရင်တုန်းက ပီတာ ဟွာရှ ရောက်တုန်းက သူတို့ အလုပ်ထုတ်လိုက်တဲ့၊ ကမ္ဘာအနှံ့ ပိတ်ပင်ထားတဲ့ ဘရူးစ်က Green Freshအုပ်စုမှာ အလုပ်ဝင်နေတယ် ဆိုတာ သိခဲ့ရတယ်။

ဟွာရှ ဟွမ်လင်းအုပ်စု ရုံးခွဲ ကိစ္စကြောင့် ဟွမ်လင်းအုပ်စုနဲ့ Green Freshအုပ်စုက ရန်ငြိုးကြီးကြီးမားမား ရှိနေကြတယ်။ ဒီကိစ္စမှာ လူအသက် တစ်ဒါဇင်ကျော် ပါဝင်ပတ်သက်နေတာလေ။

Green Freshအုပ်စုက ဟွာရှ ဟွမ်လင်းအုပ်စု ရုံးခွဲနဲ့ ရန်ငြိုးရှိတာ ရုံးချုပ်နဲ့ ရန်ငြိုးရှိတာနဲ့ အတူတူပဲ။ ဒါပေမဲ့ အရင်တုန်းက ဟွမ်လင်းအုပ်စု ဥက္ကဌ မိုက်ကယ် ဖြစ်စေ၊ ဟွမ်လင်းအုပ်စု ရုံးချုပ်ဖြစ်စေ Green Freshအုပ်စုကို အရေးမစိုက်ခဲ့ကြဘူး။

သူတို့ အမြင်မှာ Green Freshအုပ်စုက ဟွာရှမှာပဲ ဗိုလ်ကျလို့ ရတာ၊ ဟွာရှမှာ သူတို့က ဒေသခံ အားသာချက် ရှိတယ်၊ နဂါးပျံတောင် မြွေပွေးကို မနိုင်ဘူး ဆိုသလိုမျိုးပေါ့။

ဒါပေမဲ့ နိုင်ငံခြား ဈေးကွက်မှာတော့ Green Freshအုပ်စုမှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး။ ဟွမ်လင်းအုပ်စုက နှစ်တစ်ရာ သက်တမ်းရှိတဲ့ အမှတ်တံဆိပ်၊ အလယ်အလတ်နဲ့ အဆင့်မြင့် ဈေးကွက်ကို သိမ်းပိုက်ထားတာ ကြာပြီ။ Green Freshအုပ်စုက ဝင်ရောက်လာဖို့ မဖြစ်နိုင်ဘူး။

ဒါကြောင့် Green Freshအုပ်စုရဲ့ နိုင်ငံခြား ဈေးကွက် ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ နည်းနည်း အလေးထားပေမဲ့၊ တိုးတက်မှုကို တားဆီးပေမဲ့ အများကြီး အလေးမထားခဲ့ဘူး။ Green Freshအုပ်စုက ဟွာရှမှာ အခုမှ ထွက်ပေါ်လာတဲ့ ကုမ္ပဏီ သေးသေးလေး တစ်ခုပဲ၊ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ထင်ခဲ့ကြတယ်။

ဒါကြောင့် Green Freshအုပ်စုက တိုးတက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ဟွမ်လင်းအုပ်စုက အထက်လူကြီးတွေကို အကြောင်းကြားပြီး အဖွဲ့အစည်း အသီးသီးကို Green Freshအုပ်စု တည်ထောင်တာနဲ့ ဖွံ့ဖြိုးတိုးတက်တာကို တားဆီးခိုင်းလိုက်ရုံပဲ၊ သိပ်ဂရုမစိုက်ခဲ့ဘူး။

ဒါပေမဲ့ အခုတော့ ကောင်းရော။ သူတို့ အမှာစာ ဆုံးရှုံးလို့ ခေါင်းခဲနေတဲ့ အချိန်မှာ Green Freshအုပ်စုနဲ့ လူရင်းတစ်ယောက် ရုတ်တရက် ပေါ်လာတာ၊ ဒီထဲမှာ မရိုးသားတာ တစ်ခုခု ရှိနေမှာ သေချာတယ်။

မိုက်ကယ်က စူးရှသော မျက်လုံးများဖြင့် ဂျော့ချ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ "ဒါဆို မင်း သံသယ ဖြစ်နေတာက မင်းရဲ့ အမှာစာ ဆုံးရှုံးတာတွေက Green Freshအုပ်စု သို့မဟုတ် ဘရူးစ်နဲ့ ပတ်သက်နေတယ်ဆိုတဲ့ သဘောလား"

ဂျော့ချ် ခေါင်းခါလိုက်သည်။ "ကျွန်တော် မသိပါဘူး။ ကျွန်တော်... ကျွန်တော်က တိုက်ဆိုင်လွန်းတယ်လို့ ထင်လို့ပါ"

"ဟွန့်... တိုက်ဆိုင်တယ် ဟုတ်လား" မိုက်ကယ်က နှာခေါင်းရှုံ့ပြီး မကျေမနပ် ပြောလိုက်သည်။ "သူတို့ Green Freshအုပ်စု ပေါ်လာတာနဲ့ ငါတို့ အမှာစာတွေ ဒီလောက် အများကြီး ဆုံးရှုံးသွားတာ၊ ဒီထဲမှာ ပတ်သက်မှု မရှိဘူး ဆိုတာ ဘယ်သူ ယုံမှာလဲ"

နောက်ထပ် ဒေသဆိုင်ရာ ဥက္ကဌ တစ်ဦးက စဉ်းစားပြီး ပြောလိုက်သည်။ "မစ္စတာ မိုက်ကယ်... ကျွန်တော် သိသလောက်ဆိုရင် Green Freshအုပ်စု တည်ထောင်သူက အမျိုးသမီး တစ်ယောက်ပါ"

မိုက်ကယ် သူ့ကို စောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါ့ကို လာပြောစရာ မလိုဘူး၊ ငါ သိတယ်"

အရင်တုန်းက ဘရူးစ် ဖြစ်စေ၊ ပီတာ ဖြစ်စေ Green Freshအုပ်စု အခြေအနေကို သူ့ဆီ အစီရင်ခံခဲ့ဖူးတယ်၊ Green Freshအုပ်စု တည်ထောင်သူက အမျိုးသမီး တစ်ယောက် ဆိုတာ သူ သိတာပေါ့။

"ဒါပေမဲ့ မစ္စတာ မိုက်ကယ်... အဲဒီ အမျိုးသမီးက ဘာမှမဟုတ်ပေမဲ့ သူ့ယောကျ်ားကတော့ မဟုတ်သေးဘူး" ထိုဥက္ကဌက သူ စုံစမ်းထားသမျှ အရာအားလုံးကို မိုက်ကယ်ထံ တင်ပြလိုက်သည်။

မိုက်ကယ် မျက်မှောင်ကြုတ်ကာ သံသယဖြင့် မေးလိုက်သည်။ "မင်း စကားက ဘာသဘောလဲ"

Y နိုင်ငံ ဒေသဆိုင်ရာ ဥက္ကဌက ပြောသည်။ "သူ့ယောကျ်ားရဲ့ စီးပွားရေး လုပ်ငန်းက ကမ္ဘာ့အဆင့် သုံး ဝင်တဲ့ Imperial Palaceအုပ်စုပါ"

"မင်း ဘာပြောလိုက်တယ်" မိုက်ကယ် အံ့သြလွန်း၍ ထိုင်ရာမှ ထရပ်လိုက်ပြီး စားပွဲကို ရိုက်ကာ ပြောလိုက်သည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" မျက်နှာတွင် အံ့သြမှုများ အပြည့်။

"မစ္စတာ မိုက်ကယ်... ကျွန်တော် စုံစမ်းထားတာ ဒီအတိုင်းပါပဲ" Y နိုင်ငံ ဒေသဆိုင်ရာ ဥက္ကဌက ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။ "တကယ်တော့ အမှန်ဟုတ်မဟုတ် အတည်ပြုချင်ရင် လွယ်လွယ်လေးပါ၊ ဘရူးစ်ကို သွားမေးလိုက်ရင် ရတာပဲ။ ဘရူးစ်က Green Freshအုပ်စုမှာ အလုပ်ဝင်နေပြီ ဆိုတော့ သူတို့ သူဌေးရဲ့ အခြေခံ အချက်အလက်တွေကို သိထားလောက်မှာပါ"

ဂျော့ချ်နှင့် အခြား ဒေသဆိုင်ရာ ဥက္ကဌများက ချက်ချင်း ထောက်ခံကြသည်။ "ဟုတ်တယ်... မစ္စတာ မိုက်ကယ်၊ ကျွန်တော်တို့ ဘရူးစ်ကို သွားမေးကြည့်ရအောင်"

တကယ်လို့ Green Freshအုပ်စုရဲ့ နောက်ခံက ကမ္ဘာ့အဆင့် သုံး ဝင်တဲ့ Imperial Palaceအုပ်စု ဖြစ်နေမယ် ဆိုရင် သူတို့ ဟွမ်လင်းအုပ်စုက အင်အားကြီးမားတဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံနေရပြီ ဆိုတဲ့ သဘောပဲ။ နောက်ခံချင်း ယှဉ်လို့ မရနိုင်တော့ဘူး။ ဒါကြောင့် သူတို့ အားကိုးစရာ တစ်ခုတည်းက နှစ်တစ်ရာ သက်တမ်းရှိတဲ့ အမှတ်တံဆိပ်ပဲ။

ဘာလို့လဲဆိုတော့ ကုန်ပစ္စည်း အများစုက ရောင်းချတာက ဂုဏ်သတင်းကို ရောင်းချတာလေ၊ ကုန်ပစ္စည်းကို မဟုတ်ဘူး။

Green Freshအုပ်စုက အခုမှ ပေါ်လာတဲ့ အသစ်လေးဆိုတော့ သူတို့ ကုန်ပစ္စည်းကို လူတွေက သံသယ ဝင်ကြမှာပဲ။ ခဏတာ အတွက်တော့ သူတို့ကို သက်ရောက်မှု နည်းပါးလိမ့်မယ်၊ ဒါပေမဲ့ ရေရှည်ကျရင်တော့...

သူ့အကြောင်း ကိုယ့်အကြောင်း သိရင် စစ်ပွဲတစ်ရာ တိုက်လည်း အနိုင်ရမယ်တဲ့။

သူတို့က Green Freshအုပ်စု အကြောင်း ဘာမှ မသိသလောက်ပဲ။

သူတို့ စုံစမ်းလို့ ရနိုင်တာက ဘရူးစ်ဆီကနေပဲ ရှိတယ်။

ဘရူးစ်က မိုက်ကယ်ရဲ့ အလုပ်ထုတ်ပစ်တာ ခံရပြီး ကမ္ဘာအနှံ့ ပိတ်ပင်ခံထားရပေမဲ့ ဟွမ်လင်းအုပ်စုမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တာ ဆိုတော့ သူငယ်ချင်းကောင်းတချို့ ရှိမှာ သေချာတယ်။

ဒါကြောင့် ဘရူးစ်ကို ဘယ်လို ပြောဆိုစည်းရုံးမလဲဆိုတာ ဒီသူငယ်ချင်းကောင်းတွေအပေါ် မူတည်တယ်။

...

အန်းရှောင်ဟွေသည် နာရီဝက်ခန့် စိတ်ဒုက္ခရောက်ပြီးနောက် ရှောင်ဝမ်နှင့် တိုင်ပင်ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ မိဘများနှင့် ဦးလေးအန်းမိသားစုကို တွေ့ဆုံခွင့် ပေးသင့်၊ မပေးသင့် ဆိုတာကို ချစ်သူရဲ့ အကြံဉာဏ် တောင်းခံချင်တယ်။

ရှောင်ဝမ်က စဉ်းစားပြီး ပြောလိုက်သည်။ "ဒီရက်ပိုင်း ဦးလေးနဲ့ အဒေါ်က ဒီမှာ ပျော်ပျော်ရွှင်ရွှင် နေနေကြတယ်၊ ကိုယ်တို့နဲ့လည်း အဆင်ပြေတယ်။ ပြီးတော့ မင်း သတိထားမိလား၊ ဦးလေးနဲ့ အဒေါ်က မင်းအပေါ် ပိုပြီး ဂရုစိုက်လာကြတယ်"

အန်းရှောင်ဟွေက ငြင်းဆန်ခြင်း မရှိဘဲ ပြောလိုက်သည်။ "အရင်ကနဲ့ ယှဉ်ရင် မိဘတွေက ကျွန်မကို ပိုဂရုစိုက်လာတာ အမှန်ပဲ။ အရင်တုန်းက ကျွန်မ အလုပ်ပင်ပန်းလား၊ ထမင်းစားကောင်းလား ဆိုတာ သူတို့ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မ အလုပ်မရခင်တုန်းက ကျွန်မကို နေ့တိုင်း အရှုံးပေါ် ကုန်ပစ္စည်း ဆိုပြီး ဆဲဆိုခဲ့ကြတယ်။ အလုပ်ရပြီးတော့ တွေ့တာနဲ့ ပိုက်ဆံတောင်းကြတယ်၊ ပိုက်ဆံရှိရင် ပြုံးပြတယ်၊ ပိုက်ဆံမရှိရင် အိမ်က ထွက်သွားခိုင်းတယ်"

ရှောင်ဝမ်က သူမလက်ကို ဆုပ်ကိုင်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ရှောင်ဟွေ... သူတို့ အခု အတွေးအခေါ်တွေ အများကြီး ပြောင်းလဲသွားပြီ။ ရှောင်မိသားစုရဲ့ လွှမ်းမိုးမှုအောက်မှာ သမီးမိန်းကလေး ဆိုတာ အရှုံးပေါ် ကုန်ပစ္စည်းဆိုတဲ့အယူအဆ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ အခု တကယ်တမ်း ကိုယ်တို့ လုပ်ရမှာက မြေးတစ်ယောက် မွေးပေးဖို့ပဲ"

အန်းရှောင်ဟွေ၏မျက်နှာ ရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ "စကားပြောရင် ကောင်းကောင်း ပြောလေ၊ ဘာလို့ ရုတ်တရက်ကြီး လမ်းကြောင်းလွဲသွားတာလဲ" အရင်တုန်းက ရှောင်ဝမ်က အပြုံးချိုပြီး ရိုးသားဖြောင့်မတ်တဲ့ လူငယ်လေး တစ်ယောက်လို့ သူမ မှတ်မိနေတယ်။ သူမနဲ့ ချစ်သူ ဖြစ်ပြီးကတည်းက ဘာလို့ စရိုက်ပြောင်းသွားသလို ဖြစ်နေရတာလဲ။

ရှောင်ဝမ်က လေးနက်စွာ ပြောလိုက်သည်။ "ကိုယ် ဘယ်လို လမ်းကြောင်းလွဲလို့လဲ"

ဤနေရာသို့ ရောက်သောအခါ ရှောင်ဝမ် ခနရပ်လိုက်ပြီး အလွန်လေးနက်စွာ ပြောလိုက်သည်။ "ရှောင်ဟွေ... ကိုယ်တို့ လက်ထပ်ကြရအောင်"

အန်းရှောင်ဟွေ ကြောင်အသွားသည်။ သူမ ရှောင်ဝမ်ကို လေးနက်စွာ ကြည့်ပြီး တွန့်ဆုတ်စွာ မေးလိုက်သည်။ "ကျွန်မတို့ လက်ထပ်ရင် ရှင် အလုပ်က ဘယ်လိုလုပ်မလဲ" သူ့လက်ရှိ တာဝန်က အဘိုးကုန်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့လေ၊ ပြီးတော့ နှစ်ပေါင်းများစွာ ကြာဦးမှာ။

ရှောင်ဝမ်က ခေါင်းကုတ်ပြီး ပြုံးလျက် ပြောလိုက်သည်။ "မပူပါနဲ့၊ ကိုယ် အဘိုးကုန်းကို ကာကွယ်ပေးရမယ့် ၆ နှစ် သက်တမ်း ပြည့်တော့မယ်။ အဲဒီကျရင် ကိုယ် အငြိမ်းစားယူဖို့ လျှောက်ထားပြီး မင်းနဲ့အတူ အလုပ်လုပ်မယ်"

အန်းရှောင်ဟွေ အံ့သြသွားပြီး ပြောလိုက်သည်။ "အငြိမ်းစားယူဖို့ တိုက်ရိုက်လျှောက်ထားမယ် ဟုတ်လား။ အဘိုးကုန်းကို ကာကွယ်ပေးတဲ့ သက်တမ်း ပြည့်သွားရင် ရာထူးတိုးပြီး တာဝန်ထမ်းဆောင်လို့ ရတယ်လို့ ပြောကြတယ် မဟုတ်လား" ရာထူးကလည်း မနိမ့်ဘူး၊ အလားအလာ ကောင်းတယ်။

ရှောင်ဝမ် စဉ်းစားပြီး လေးနက်စွာ မေးလိုက်သည်။ "ရှောင်ဟွေ... ကိုယ်က သာမန်လူ တစ်ယောက် ဖြစ်ချင်တာ၊ မင်း ကိုယ့်ကို မုန်းမလား" အငြိမ်းစားယူတာနဲ့ ယှဉ်ရင် ရာထူးတိုးပြီး တာဝန်ထမ်းဆောင်တာက ပိုဆွဲဆောင်မှု ရှိတာ အမှန်ပဲ။

"ကျွန်မ ဘာလို့ ရှင်ကို မုန်းရမှာလဲ" အန်းရှောင်ဟွေ စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။ "ရှင် နောင်တရမှာ စိုးလို့ပါ"

တကယ်တော့ သူမ အစကတည်းက ရှောင်ဝမ်ကို အငြိမ်းစားယူစေချင်တာ။ ဒါမှ နောက်ပိုင်း သူတို့ အမြဲ အတူနေလို့ ရမှာ။ တကယ်လို့ ရှောင်ဝမ်က ရာထူးတိုးပြီး တာဝန်ထမ်းဆောင်မယ်ဆိုရင် သူမက ကိုယ့်အလုပ်ကို စွန့်လွှတ်ပြီး ရှောင်ဝမ်နောက် လိုက်ရမလား၊ ဒါမှမဟုတ် နှစ်ယောက်သား ခွဲနေကြမလား။ နောက်ထပ် အကြောင်းရင်း တစ်ခုက အထက်လူကြီးတွေက ရှောင်ဝမ်ကို ဘယ်နေရာ ပို့မလဲ၊ ဘာရာထူး ပေးမလဲ ဆိုတာ မသိရဘူး၊ အန္တရာယ် ရှိမလား စသဖြင့် သူမ စဉ်းစားနေတာ။

ဒါကြောင့် သူမက ရှောင်ဝမ်နဲ့ သာမန် အိမ်ထောင်တစ်ခု တည်ထောင်ပြီး သာမန်လူတွေလို နေထိုင်ချင်တာ။

ရှောင်ဝမ်က ပြုံး၍ ပြောလိုက်သည်။ "ဟဟ... မင်း မမုန်းဘူး ဆိုရင် ကိုယ် စိတ်အေးပါပြီ။ တကယ်တော့ ကိုယ် မင်းနဲ့အတူ သာမန် အိမ်ထောင်တစ်ခု တည်ထောင်ပြီး သားသမီးတွေ မွေးဖွားကာ သာမန်လူတွေလို နေထိုင်ချင်တာ၊ မိသားစု ပျော်ပျော်ရွှင်ရွှင် နေချင်တာ"

အန်းရှောင်ဟွေ မျက်နှာရဲလျက် ပြုံး၍ ပြောလိုက်သည်။ "အင်း... တကယ်တော့ ကျွန်မလည်း အဲဒီလို တွေးမိပါတယ်"

သူမရဲ့ လက်ရှိ အလုပ်နဲ့ ဆိုရင် Green Freshအုပ်စု ဒေဝါလီမခံသရွေ့၊ မပျက်စီးသရွေ့၊ သူမက လိပ်ပြာမသန့်တဲ့ကိစ္စတွေ မလုပ်သရွေ့၊ Green Freshအုပ်စုကို သစ္စာမဖောက်သရွေ့ Green Freshအုပ်စုမှာ သူမအတွက် နေရာတစ်နေရာ အမြဲရှိနေမှာ၊ စားဝတ်နေရေး ပူစရာ မလိုဘူး။

ရှောင်ဝမ်သည် အန်းရှောင်ဟွေ၏ စကားကို ကြားသောအခါ စိတ်လှုပ်ရှား ပျော်ရွှင်သွားပြီး ပြောလိုက်သည်။ "ဒါဆို ရှောင်ဟွေ... မင်း ကိုယ့်ရဲ့ လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပြီပေါ့"

"..." လက်ထပ်လက်စွပ် မပါ၊ ပန်းစည်း မပါဘဲ ရိုးသားဖြူစင်တဲ့ နှလုံးသား တစ်ခုတည်းနဲ့ ချစ်သူကို ကြည့်ပြီး အန်းရှောင်ဟွေက ပြုံးလျက် ပြောလိုက်သည်။ "အင်း... ကျွန်မ လက်ခံပါတယ်။ ဒါပေမဲ့ ရှင် ဒီအတိုင်းကြီး လက်ထပ်ခွင့် တောင်းတာတော့ မဟုတ်ဘူးမလား"

"ဟင်..." ရှောင်ဝမ် ကြောင်အသွားသည်။

အန်းရှောင်ဟွေက ရှက်ရွံ့စွာ ပြောလိုက်သည်။ "အရူး... လက်ထပ်ခွင့်တောင်းရင် လက်ထပ်လက်စွပ် မပါရဘူးလား။ ကျွန်မ ရိုမန်းတစ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းတာမျိုးအထိ မမျှော်လင့်ပေမဲ့ အနည်းဆုံးတော့ လက်ထပ်လက်စွပ် တစ်ကွင်းတော့ ပြင်ဆင်ထားသင့်တယ် မဟုတ်လား"

ရှောင်ဝမ် ကြားလိုက်ရသောအခါ မျက်နှာ ရဲသွားပြီး အားနာစွာ ပြောလိုက်သည်။ "ကိုယ်... ကိုယ် မသိဘူးလေ"

ပုံမှန်ဆို သူ့တာဝန်က အဘိုးကုန်းကို ကာကွယ်ပေးဖို့လေ။ အလှည့်ကျ နားရက်မှာတောင် သတိလက်လွတ် နေလို့ မရဘူး။ ဒါကြောင့် အပြင်လောက ကိစ္စတွေ၊ ရိုမန်းတစ်ဆန်တဲ့ ကိစ္စတွေကို သူ တကယ် မသိဘူး။

"ဟွန့်..." အန်းရှောင်ဟွေက သူ့ခေါင်းကို ရိုက်ပြီး ရယ်မောကာ ဆူပူလိုက်သည်။ "တကယ့် အရူးပဲ"

ထို့နောက် သူမ ပြောလိုက်သည်။ "ထားလိုက်ပါတော့... ရှင့်ရဲ့ ရိုးသားမှုကို ထောက်ပြီး လက်ထပ်လက်စွပ် မပါ၊ ပန်းစည်း မပါ၊ ရိုမန်းတစ် မဆန်ပေမဲ့ ကျွန်မ လက်ခံလိုက်ပါပြီ"

သို့သော် ရှောင်ဝမ်က သတိရသွားပုံရပြီး ပြောလိုက်သည်။ "ရှောင်ဟွေ... မင်း ခဏလေး စောင့်နော်"

ထို့နောက် သူ ပြေးထွက်သွားသည်။

ခဏအကြာတွင် သူ ပြန်ပြေးလာသည်။ လက်ထဲတွင် ငွေရောင် လက်စွပ်တစ်ကွင်း ကိုင်ထားသည်။ သူ အန်းရှောင်ဟွေကို ပြောလိုက်သည်။ "ရှောင်ဟွေ... မင်း ကိုယ့်ကို လက်ထပ်မလား"

ဒူးတစ်ဖက်ထောက်ပြီး တောင်းဆိုလိုက်သည်။

အန်းရှောင်ဟွေ ပါးစပ်ကို အုပ်လိုက်ပြီး မျက်ရည်ဝဲကာ လက်ကမ်းပေးလိုက်သည်။ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း ကျွန်မ လက်ခံတယ်"

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၄၆ ။ အတွေးအခေါ် ပြောင်းလဲခြင်း

ရှောင်ဝမ်၏ လက်ထပ်ခွင့်တောင်းခံရပြီးနောက် အန်းရှောင်ဟွေနှင့် ရှောင်ဝမ်တို့သည် မိဘများရှေ့တွင် လက်ထပ်မည့်ကိစ္စကို ပြောပြလိုက်ရာ အဖေအန်း၊ အမေအန်းတို့ အလွန် ဝမ်းသာသွားကြသည်။

သို့သော် ကိစ္စတစ်ခုကို အဖေအန်းက စိတ်မချသဖြင့် ထပ်မံ အတည်ပြု မေးမြန်းလိုက်သည်။ "ရှောင်ဝမ်... မင်းရဲ့ ပထမဆုံး သားယောကျ်ားလေးကို အန်းမျိုးရိုးပေးဖို့ တကယ် ဆန္ဒရှိလား"

ရှောင်ဝမ်က ပြုံး၍ ပြောလိုက်သည်။ "ဦးလေး... စိတ်ချပါ၊ ပထမဆုံး သားယောကျ်ားလေး အန်းမျိုးရိုး ပေးတာ မပြောနဲ့၊ ကလေးအားလုံး အန်းမျိုးရိုးပေးမယ်ဆိုရင်တောင် ကျွန်တော် ဘာမှ မဖြစ်ပါဘူး"

ရှောင်ဝမ်က ဒီကိစ္စကို သဘောတူပြီးပြီဆိုပေမဲ့ သူတို့ လက်မထပ်ခင် ဒီကိစ္စကို ထပ်မံ အတည်ပြုလိုက်ရတော့ အဖေအန်း၊ အမေအန်းတို့ စိတ်လှုပ်ရှား ပျော်ရွှင်နေကြသည်။

အဖေအန်းက ပျော်ရွှင်စွာဖြင့် ရှောင်ဝမ်၏ ပခုံးကို ပုတ်ကာ ပါးစပ်စေ့မရအောင် ပြုံးရင်း ပြောလိုက်သည်။ "မလိုပါဘူး... သားယောကျ်ားလေးတစ်ယောက် အန်းမျိုးရိုး ယူရင် ရပါပြီ။ ကျန်တဲ့ ကလေးတွေက မင်းမျိုးရိုး ဝမ်အတိုင်းပဲ ယူပါ"

အမေအန်းကလည်း ပြုံး၍ ပြောလိုက်သည်။ "ကောင်းပြီ... သားတို့ လက်ထပ်ကြတော့မယ် ဆိုတော့ နေ့ကောင်းရက်သာ ရွေးပြီး မင်္ဂလာဆောင် ပြင်ဆင်ကြတာပေါ့"

အန်းရှောင်ဟွေနှင့် ရှောင်ဝမ်တို့ လက်ချင်းချိတ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ မိဘတွေ ဒီလောက် ပျော်ရွှင်ကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

မိဘများ ပျော်ရွှင်နေစဉ် ရှောင်ဝမ်က အန်းရှောင်ဟွေကို ခေါင်းညိတ်ပြလိုက်သည်။ အန်းရှောင်ဟွေ မျက်လုံးများ အရောင်တောက်လာပြီး မိဘများကို ပြောလိုက်သည်။ "အဖေ၊ အမေ... သမီး အခု ကိစ္စတစ်ခု ပြောပြစရာ ရှိတယ်" မျက်နှာတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်များ ပေါ်နေသည်။

အဖေအန်းက ပျော်ရွှင်စွာ မေးလိုက်သည်။ "အင်း... ဘာကိစ္စလဲ"

အန်းရှောင်ဟွေ ပြောလိုက်သည်။ "ဦးလေးအန်း၊ ဒုတိယအဒေါ်အန်းနဲ့ အန်းယန်တို့ ရောက်လာကြတယ်"

အဖေအန်း မျက်နှာထား တင်းမာသွားပြီး မေးလိုက်သည်။ "ဘယ်သူ ရောက်နေတယ်လို့ ပြောလိုက်တယ်။"

"ဦးလေးအန်း၊ ဒုတိယအဒေါ်အန်းနဲ့ အန်းယန်တို့ ရောက်လာကြတယ်" အန်းရှောင်ဟွေ ထပ်ပြောလိုက်သည်။

အဖေအန်း၏ မျက်နှာထား ချက်ချင်း မည်းမှောင်သွားပြီး မျက်နှာထား မကောင်းစွာ မေးလိုက်သည်။ "သူတို့ ဘယ်လို ရောက်လာကြတာလဲ။ ဒီကို ဘာလာလုပ်ကြတာလဲ"

အန်းရှောင်ဟွေ ခေါင်းခါလိုက်သည်။ "မသိဘူး။ ဒါဆို အဖေ၊ အမေ... ဦးလေးတို့ကို တွေ့မလား"

အဖေအန်းနှင့် အမေအန်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ခဏမျှ တိတ်ဆိတ်သွားကြသည်။

အန်းရှောင်ဟွေနှင့် ရှောင်ဝမ်တို့လည်း စကားမပြောဘဲ မိဘများ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

အမေအန်း သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "သူတို့ အခု ဘယ်မှာလဲ"

အန်းရှောင်ဟွေ ပြောလိုက်သည်။ "အခု အပြင်က လက်မှတ်ရောင်းကောင်တာမှာ တန်းစီပြီး လက်မှတ်ဝယ်နေကြတယ် ထင်တယ်"

အဖေအန်း၊ အမေအန်းတို့က သူတို့ လာရတဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်း သိနေကြသည်။

အရင်တုန်းကဆိုရင် သူတို့ သေရင် အိုးခွဲပေးမယ့်ကိစ္စကို ထည့်သွင်းစဉ်းစားပြီး အန်းယန်အတွက် အိမ်ဝယ်၊ ကားဝယ်၊ တင်တောင်းငွေ ပေးဖို့ နောက်ဆုံးမှာ သဘောတူလိုက်မှာ သေချာတယ်။

ဒါပေမဲ့ အခု သမီးနဲ့ သားမက်လောင်းက သူတို့ကို မျှော်လင့်ချက်ပေးထားတယ်။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ရှောင်မိသားစုရဲ့ လွှမ်းမိုးမှုကြောင့် ညီလေး မိသားစုရဲ့ လောဘကြီးမှုကိုလည်း တဖြည်းဖြည်း သတိထားမိလာကြပြီ။

အဖေအန်း စဉ်းစားပြီး ပြောလိုက်သည်။ "ရှောင်ဟွေ... သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ပြောစရာရှိတာပြောပြီး ရှင်းလိုက်တာ ကောင်းတယ်။ အရင်တုန်းက ငါနဲ့မင်းအမေက သားယောကျ်ားလေး မမွေးနိုင်လို့၊ သေရင် အိုးခွဲပေးမယ့်သူ မရှိမှာစိုးလို့ မင်းဦးလေး မိသားစုက သဘောတူတာကို ဝမ်းသာပြီး သူတို့ တောင်းသမျှ ဖြည့်ဆည်းပေးခဲ့တာ။

ဒါပေမဲ့ အခု မတူတော့ဘူး။ မင်းနဲ့ သားမက်က ငါတို့ကို မျှော်လင့်ချက် ပေးထားပြီ။ ငါနဲ့မင်းအမေက ပိုက်ဆံတွေကို သူတို့လက်ထဲ တုံးတုံးအအနဲ့ထည့်ပေးပြီး သူတို့မျက်နှာ ကြည့်နေမှာ မဟုတ်တော့ဘူး။ ဒါကြောင့် အခု ငါတို့လည်း သဘောပေါက်သွားပါပြီ။ နောက်ပိုင်း ငါတို့ ပိုက်ဆံတွေက ငါတို့မြေးအတွက် ချန်ထားရမှာ၊ သူတို့ကို ဘယ်လိုလုပ်ပေးတော့မှာလဲ"

အန်းရှောင်ဟွေ၏မျက်လုံးများ အရောင်တောက်လာပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

သူမ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တာက မိဘတွေ အန်းယန်အပေါ် ဒီလောက် မကောင်းဖို့ပါပဲ။

အမေအန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။ "ဟုတ်တယ်... တူတစ်ယောက်၊ ပြင်ပလူ တစ်ယောက်ကို ပိုက်ဆံပေးတာထက် ကိုယ့်မြေးကို ပေးတာ ပိုလိုလားတာပေါ့"

အမေအန်းက သမီးဖြစ်သူ၏အမူအရာကို သတိထားမိသဖြင့် သူမလက်ကို ဆွဲကာ ပုတ်ပေးပြီး လေးနက်စွာ ပြောလိုက်သည်။ "ရှောင်ဟွေ... အရင်တုန်းက အမေတို့ အမြင်မှားခဲ့တယ်။ သမီးရဲ့ ခံစားချက်ကို ထည့်မစဉ်းစားခဲ့ဘူး၊ သမီးကို ဂရုမစိုက်ခဲ့ဘူး။ နောက်ပိုင်းကျရင် မဖြစ်စေရတော့ပါဘူး၊ သမီးက ငါတို့ရဲ့ ချစ်ရတဲ့ သမီးလေးပါ။ ငါတို့ကမှ မိသားစုအစစ်ပဲ"

အန်းရှောင်ဟွေ ကြားလိုက်ရသောအခါ အမေအန်း၏ ပခုံးကို ဖက်ပြီး စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။ "အမေ..."

မျက်လုံးများ နီရဲလာပြီး မျက်ရည်များ ကျလာသည်။

တစ်ချိန်လုံး သူမ မိဘတွေ သူမအပေါ် ကောင်းဖို့၊ ဂရုစိုက်ဖို့ မျှော်လင့်ခဲ့တာ။ အခု မိဘတွေက သူမကို ဒီလို ဆက်ဆံလာတော့ သူမ တကယ် ပျော်ရွှင်နေမိတယ်။

အမေအန်း၏ မျက်လုံးများလည်း နီရဲလာသည်။ သမီး၏ ပခုံးကို ပုတ်ကာ အသံတိမ်ဝင်စွာ ပြောလိုက်သည်။ "ကလေး... အရင်တုန်းက အမေတို့ သမီးအပေါ် အပြစ်ရှိခဲ့ပါတယ်။ သမီးက ငါတို့ရဲ့ သမီးအရင်း ဖြစ်ပါလျက်နဲ့ ငါတို့က သမီးကို လျစ်လျူရှုပြီး တူတစ်ယောက်အပေါ် အသည်းအသန် ကောင်းပေးခဲ့မိတယ်" အဲဒီလူက ကျေးဇူးကန်းတဲ့သူ ဖြစ်နေတာတောင်ပေါ့။

"အမေ... အီးဟီး... ဟီး..." အန်းရှောင်ဟွေ ထိန်းမနိုင်တော့ဘဲ ငိုကြွေးလိုက်သည်။ ငိုသံထဲတွင် မျှော်လင့်ချက်နှင့် ဝမ်းနည်းမှုများ ပါဝင်နေပြီး ယခုမှ ဖွင့်ထုတ်လိုက်ရသကဲ့သို့ ဖြစ်နေသည်။

အန်းရှောင်ဟွေ ငိုကြွေးသံကို ကြားရသောအခါ ရှောင်ဝမ်၏မျက်လုံးထဲတွင် သနားစိတ်များ ပေါ်လာသည်။ အဖေအန်း၊ အမေအန်းတို့ မျက်လုံးထဲတွင်မူ နောင်တနှင့် အပြစ်ရှိစိတ်များ ပြည့်နှက်နေသည်။

ဒါပေမဲ့ ဘယ်သူမှ ဝင်မတားကြဘူး။ အန်းရှောင်ဟွေ ခဏလောက် ငိုပြီးမှ ရှောင်ဝမ်က အန်းရှောင်ဟွေ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ရှောင်ဟွေ... မငိုပါနဲ့တော့။ မင်း ဆက်ငိုရင် ဦးလေးနဲ့ အဒေါ်ပါ လိုက်ငိုကြတော့မယ်။ ဒီကိစ္စက ဝမ်းသာစရာကိစ္စ ဖြစ်သင့်တာလေ"

ချစ်သူ ရှောင်ဝမ်၏ ဖျောင်းဖျမှုကြောင့် အန်းရှောင်ဟွေ၏ ငိုသံ ရပ်တန့်သွားသည်။ သို့သော် အချိန်ကြာမြင့်စွာ ငိုထားသဖြင့် ရှိုက်သံများ ထွက်ပေါ်နေသည်။

ရှောင်ဝမ် မြင်လိုက်ရသောအခါ ရယ်ချင်သလို သနားသလိုဖြစ်နေသည်။

အဖေအန်းက ပြောလိုက်သည်။ "ဒီလောက် အသက်ကြီးနေပြီ၊ ငိုနေသေးတယ်၊ မရှက်ဘူးလား" သို့သော် လေးနက်သော မျက်နှာထားတွင် အပြစ်ရှိစိတ်များ ပါဝင်နေသည်။

အမေအန်းက ခင်ပွန်းသည်၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်သည်။ "တော်ပါတော့... ရှင် နည်းနည်းလောက် လျှော့ပြောပါဦး။ ရှင် ပြောလိုက်မှ သမီး ထပ်ငိုနေပါဦးမယ်"

အဖေအန်း ပါးစပ်ပိတ်သွားသည်။ ထို့နောက် စကားတစ်ခွန်း ထပ်ပြောလိုက်သည်။ "ဒါဆို မင်းဦးလေး၊ ဒေါ်လေးတို့ ဘယ်မှာလဲ"

"..." အန်းရှောင်ဟွေ ပြောလိုက်သည်။ "အပြင်က လက်မှတ်ရောင်းကောင်တာမှာလေ"

"ဒါဆို ဒီအတိုင်းဝင်ခိုင်းလိုက်ပါ" အဖေအန်း သက်ပြင်းချလိုက်ပြီး ပြောသည်။ "တချို့စကားတွေက ရှင်းရှင်းလင်းလင်း ပြောထားတာ ကောင်းတယ်။ နောက်ပိုင်း သူတို့ အမြဲတမ်း ပြဿနာ လာရှာနေမှာ စိုးလို့"

ညီလေး မိသားစုရဲ့ စိတ်ဓာတ်ကို သူ သိပါတယ်။

ဒီတစ်ခေါက် သူတို့ကို မတွေ့ရရင် နောက်ပိုင်း သူတို့ အပြင်မှာ အော်ဟစ်ဆူညံကြလိမ့်မယ်။ အဲဒီအခါကျရင် သမီးရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးရိမ်ရတယ်။

အန်းရှောင်ဟွေ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ... သူတို့ကို ဝင်ခိုင်းလိုက်ပါ့မယ်။ ဒါပေမဲ့ အဖေ... ဘယ်မှာ တွေ့မလဲ"

အန်းရှောင်ဟွေသည် အရင်က ကုမ္ပဏီ၏အပျိုဆောင်တွင် နေထိုင်ခဲ့သည်။ ရှောင်ဝမ်နှင့် ချစ်သူဖြစ်ပြီးနောက်တွင်လည်း မပြောင်းရွှေ့ခဲ့ပေ။

မိဘများကို ခေါ်လာပြီးနောက်တွင်မူ ကုမ္ပဏီ၏ ဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြသည်။ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်နှင့် ရေချိုးခန်း ပါရှိသည်။

အဖေအန်း စဉ်းစားပြီး ပြောလိုက်သည်။ "အိမ်ခေါ်လာလိုက်ပါ။ ဘာပဲပြောပြော ဆွေမျိုးတွေပဲလေ၊ သူတို့ ရောက်လာမှတော့ ဧည့်ခံလိုက်ရမှာပေါ့။ ကျန်တာတော့ အခြေအနေ ကြည့်ပြီး ပြောကြတာပေါ့"

အန်းရှောင်ဟွေ မကန့်ကွက်ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကောင်းပါပြီ... လူလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါ့မယ်"

သူမ ကိုယ်တိုင် သွားကြိုဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ငယ်ငယ်ကတည်းက သူမကို ဒုက္ခပေးခဲ့တဲ့ အန်းယန်ကို မုန်းတီးတာအပြင် ဦးလေး မိသားစုကိုလည်း သဘောမကျပါဘူး၊ မုန်းတီးပါတယ်။

ဦးလေး၊ ဒေါ်လေး နှစ်ယောက်က သူမကို တွေ့တာနဲ့ အရှုံးပေါ် ကုန်ပစ္စည်း၊ သေနာမ၊ ကောင်မစုတ် ဆိုပြီး ဆဲဆိုကြတယ်။ ပြီးတော့ မိဘတွေရဲ့ ပိုက်ဆံကို သူမ မသုံးရဘူး၊ အဲဒီပိုက်ဆံတွေက သူတို့သား အန်းယန်အတွက် ချန်ထားတာတဲ့။

အန်းရှောင်ဟွေ ဖုန်းဆက်လိုက်သည်။

ဖုန်းချပြီးနောက် သူမ မိဘများကို ပြောလိုက်သည်။ "အဖေ၊ အမေ... ခဏနေ လူလွှတ်ပြီး သူတို့ကို အိမ်တိုက်ရိုက် ခေါ်သွားခိုင်းလိုက်မယ်။ အဖေတို့ ပြန်သွားနှင့်ကြ၊ သမီးနဲ့ ရှောင်ဝမ် အလုပ်သွားလုပ်တော့မယ်"

သူမ အန်းရှောင်ဟွေကို လုံးဝ မတွေ့ချင်ပါဘူး။

မိဘတွေ သဘောပေါက်သွားပြီ ဆိုမှတော့ မိဘတွေကိုပဲ ဖြေရှင်းခိုင်းလိုက်တော့မယ်။

အဖေအန်း၊ အမေအန်းတို့ ခေါင်းညိတ်လိုက်သည်။ "အင်း... သွားကြ"

ခဏကြာတော့ အဖေအန်း ထပ်ပြောလိုက်သည်။ "ရှောင်ဟွေ... စိတ်ချပါ၊ အဖေတို့ နောက်တစ်ခါ မင်းဦးလေး မိသားစုရဲ့ စကား နားယောင်မှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ မင်းကမှ ငါတို့ရဲ့ သမီးအရင်းလေ"

အဖေအန်း၏ စကားကို ကြားသောအခါ အန်းရှောင်ဟွေ လုံးဝ စိတ်အေးသွားပြီး ပြောလိုက်သည်။ "အင်း... ကျေးဇူးပါ အဖေ"

ရှောင်ဝမ်က အန်းရှောင်ဟွေကို ပြောလိုက်သည်။ "ရှောင်ဟွေ... ကိုယ် ဒီမှာ နေခဲ့ပြီး ဦးလေး၊ အဒေါ်တို့နဲ့အတူ ဧည့်သည်တွေကို ကူဧည့်ခံပေးလိုက်မယ်"

အန်းရှောင်ဟွေ ငြင်းဆန်ရန် ပြင်လိုက်စဉ် ရှောင်ဝမ်က မျက်စိမှိတ်ပြလိုက်သဖြင့် အန်းရှောင်ဟွေ သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း... ကောင်းပြီ။ ဒါဆို ကျွန်မ အလုပ်သွားတော့မယ်"

ရှောင်ဝမ်နဲ့ နေလာတာ ကြာပြီမို့လို့ သူ့ရဲ့ ရိုးသားဖြောင့်မတ်ပြီး အပြုံးချိုတဲ့ စိတ်နေသဘောထားကို သိပါတယ်။

ဒါပေမဲ့ ရှောင်ဝမ်က အဘိုးကုန်းကို ၆ နှစ်ကြာ ကာကွယ်ပေးခဲ့တဲ့ လက်အောက်ငယ်သားလေ။ သူ့လက်ထဲမှာ သွေးစွန်းခဲ့ဖူးတယ်၊ လူသတ်ဖူးတယ်။ ပြီးတော့ သူက အရပ်ရှည်ပြီး သန်မာထွားကျိုင်းတော့ အဲဒီမှာ ရပ်လိုက်တာနဲ့ သူ့ဆီက ထွက်လာတဲ့ အရှိန်အဝါက မတူတော့ဘူး။ သွေးဆာတဲ့ အငွေ့အသက်နဲ့ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ရှိတယ်။ သာမန်လူတွေအတွက် ဒီအရှိန်အဝါက နည်းနည်း ကြောက်စရာ ကောင်းပါတယ်။

ဒါကြောင့် ရှောင်ဝမ်က အဖေအန်း၊ အမေအန်းတို့ ဘေးနားမှာ နေချင်တာ ဦးလေးအန်းနဲ့ ဒုတိယအဒေါ်အန်းတို့ကို ခြိမ်းခြောက်ချင်လို့ပါ။ သူတို့က အန်းရှောင်ဟွေကို အနိုင်ကျင့်ခဲ့ဖူးတာကိုး။

အဖေအန်း၊ အမေအန်းတို့က သမီးဖြစ်သူရဲ့ ပိန်ပါးတဲ့ ကျောပြင်ကို ကြည့်ပြီး အမေအန်းက နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် သမီးကို သနားသွားတယ်။ မျက်ရည်သုတ်ပြီး ပြောလိုက်သည်။ "ဒီအနှစ် ၂၀ အတွင်း ကျွန်မတို့ သမီးအပေါ် အပြစ်ရှိခဲ့တယ်"

အဖေအန်းနှင့် ရှောင်ဝမ်တို့ စကားမပြောဘဲ အန်းရှောင်ဟွေ ထွက်ခွာသွားသော ကျောပြင်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။

ခဏအကြာတွင် ရှောင်ဝမ် ပြောလိုက်သည်။ "ဦးလေး၊ အဒေါ်... ကျွန်တော်တို့ အိမ်အရင် ပြန်ကြရအောင်။ ခဏနေရင် ဦးလေး မိသားစုကို ခေါ်လာလိမ့်မယ်"

အဖေအန်း ခေါင်းညိတ်လိုက်သည်။ "အင်း... သွားကြစို့"

ထို့နောက် သုံးယောက်သား အတူတူ အိမ်ပြန်ကြသည်။

……

သူတို့နှင့် ရင်းနှီးသော ထောင်ယွမ်ရွာသား အချို့က ရယ်မောရင်း ပြောလိုက်ကြသည်။ "ကျွတ် ကျွတ်... အန်းရှောင်ဟွေ မိဘတွေ ထောင်ယွမ်ရွာ စရောက်တုန်းက ကိုယ့်သမီးကိုတောင် နှာခေါင်းရှုံ့ခဲ့ကြတာ။ အခုကျတော့ ရှောင်ဟွေရဲ့ ရည်းစားနဲ့တောင် ဒီလောက် အဆင်ပြေနေကြပါလား"

တစ်ယောက်က ပြောလိုက်သည်။ "ဟားဟား... ဒါက လူတွေ ပြောင်းလဲတတ်တယ် ဆိုတာကို ပြတာပေါ့"

***

All Chapters