← Chapters

အခန်း (၉၅၃-၉၅၄)

Vol. 59 Ch. 953-954

အခန်း (၉၅၃-၉၅၄)

Vol. 59 Ch. 953-954

အခန်း ၉၅၃ ။ လူတော်ထိန်းသိမ်းနည်း

ရှောင်လင်းယွီသည် ဟွမ်လင်းအုပ်စုမှ တူးထုတ်လာသော လူ ၅ ယောက်ကို ကြည့်ပြီး မျက်ခုံးပင့်ကာ အနည်းငယ် အံ့သြသွားသည်။

ဘရူးစ်က ရှောင်လင်းယွီ ရှေ့တွင် အနည်းငယ် ကြွားဝါစွာ ပြောလိုက်သည်။ "ဒီလူတွေက ကျွန်တော့် သူငယ်ချင်းကောင်းတွေပါ၊ ကျွန်တော် ဒီမှာ အလုပ်လုပ်တာမြင်ပြီး အတူတူ လိုက်လာကြတာ။ ကြည့်ပါဦး... ကျွန်တော့် မျက်နှာ ဘယ်လောက်ကြီးလဲ"

သူက ရှောင်လင်းယွီကို ဟွာရှ စကားဖြင့် ပြောလိုက်သည်။

သူ့သူငယ်ချင်းများက ဟွာရှ စကား နားမလည်ပေ။

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "သူတို့က တကယ်ပဲ ရှင်မျက်နှာကြောင့် ကျွန်မဆီ လာအလုပ်လုပ်တာ သေချာလို့လား"

ဘရူးစ်က သေချာပေါက် ပြောလိုက်သည်။ "ဒါ သေချာတာပေါ့"

သူတို့ ပြောတာကို နားထောင်ပြီး အီယန်တို့ နားမလည်ကြဘူး၊ ၅ ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သူတို့ကို ကြည့်ကာ မေးခွန်းထုတ်တဲ့ မျက်နှာထားတွေ ဖြစ်နေကြတယ်။

အီယန်က ဝင်ပြောလိုက်သည်။ "ဥက္ကဌရှောင်... ကျွန်တော်တို့ Green Freshအုပ်စုကို အလုပ်လာလျှောက်တာပါ"

မှန်ပါသည်... သူက အင်္ဂလိပ်လို ပြောလိုက်သည်။ ရှောင်လင်းယွီက အင်္ဂလိပ်စာ ကျွမ်းကျင်တော့ သေချာပေါက် နားလည်တာပေါ့။

ရှောင်လင်းယွီက ပြုံးပြီး သူတို့ကို ပြောလိုက်သည်။ "ဘရူးစ်ဆီကနေ ရှင်တို့ အရည်အချင်း တော်တော် ကောင်းတယ်လို့ ကြားပါတယ်၊ ကျွန်မတို့ Green Freshအုပ်စုရဲ့ အဖွဲ့ဝင် ဖြစ်လာတာကို ကြိုဆိုပါတယ်"

ရှောင်လင်းယွီ လက်ကမ်းပေးပြီး သူတို့ တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

ဒါ သူတို့ကို ဒီမှာ အလုပ်လုပ်ဖို့ လက်ခံလိုက်တာလား။

ဘရူးစ် အနည်းငယ် အံ့သြသွားပြီး မေးလိုက်သည်။ "ဥက္ကဌရှောင်... သူတို့ကို ဒီအတိုင်း ခန့်လိုက်တော့မှာလား။ ဪ... ကျွန်တော် ဆိုလိုတာက သူတို့ကို အင်တာဗျူး ဘာညာ မလုပ်တော့ဘူးလား"

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ရှင် သူတို့ကို အင်တာဗျူးလုပ်ပြီးပြီ မဟုတ်လား"

ဘရူးစ် ချက်ချင်း ကြောင်အသွားသည်။ သူ ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြပြီး နားမလည်နိုင်စွာ၊ အလွန် သံသယဖြင့် မေးလိုက်သည်။ "ကျွန်တော် သူတို့ကို အင်တာဗျူး လုပ်ပြီးပြီ ဟုတ်လား။ ဒါ ဘယ်တုန်းက ကိစ္စလဲ။ ကျွန်တော် ဘာလို့ မသိရတာလဲ"

ရှောင်လင်းယွီက ပြောသည်။ "သေချာပေါက် ရှင် သူတို့ကို Green Fresh ကုန်ပစ္စည်းတွေနဲ့ ထမင်းတစ်နပ် ချက်ကျွေးလိုက်တုန်းကပေါ့"

"ဟင်..." ဘရူးစ် လုံးဝ ကြောင်အသွားသည်။ "ဒါ ဘာအင်တာဗျူးလဲ"

သူတို့ကို ထမင်းတစ်နပ် ကျွေးလိုက်တာက သူတို့ကို အင်တာဗျူးလုပ်လိုက်တာ ဆိုတာ သူ မသိခဲ့ဘူး။

ရှောင်လင်းယွီက ပြုံးရုံသာ ပြုံးနေပြီး ဘရူးစ်ကို တိုက်ရိုက် ပြန်မဖြေပေ။

သူမ အီယန်တို့ ၅ ယောက်ဘက် လှည့်ပြီး ဆက်ပြောလိုက်သည်။ "ရှင်တို့ ၅ ယောက်က အရင်တုန်းက ဟွမ်လင်းအုပ်စုရဲ့ အထက်တန်း စီမံခန့်ခွဲသူတွေ၊ အဓိက လူတော်တွေ၊ လုပ်ငန်းခွင် စွမ်းဆောင်ရည် အရမ်းကောင်းတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒီလို လူတော်မျိုးကို ကျွန်မ အရမ်းကြိုဆိုပါတယ်"

သူမက အခု အရည်အချင်း ရှိပြီး အတွေ့အကြုံ ရှိတဲ့၊ လုပ်ငန်းခွင် စွမ်းဆောင်ရည် ကောင်းမွန်ပြီး ဆက်သွယ်ပြောဆိုမှု ကောင်းမွန်တဲ့၊ မိခင်ဘာသာစကားအပြင် နိုင်ငံခြား ဘာသာစကား အနည်းဆုံး ၂ မျိုး ကျွမ်းကျင်တဲ့ သူတွေကို အရမ်းလိုအပ်နေတာ။

ဒါကြောင့် သူမက ဘရူးစ်ကို ဟွမ်လင်းအုပ်စုထဲက လူတွေကို သွားတူးခိုင်းတာ။

ပထမအချက် - ဟွမ်လင်းအုပ်စုက ပြိုင်ဘက်ဖြစ်ပြီး လုပ်ငန်းသဘောသဘာဝ တူညီတယ်။

ဒုတိယအချက် - ဟွမ်လင်းအုပ်စုက လုပ်ငန်းခွင်မှာ နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ်ဖြစ်ပြီး ရုံးခွဲတွေ ကမ္ဘာအနှံ့ ရှိတော့ သူတို့ ကုမ္ပဏီရဲ့ စီးပွားရေး စီမံခန့်ခွဲမှု လူတော်တွေကလည်း ကမ္ဘာအနှံ့ ရှိမှာပဲ။

တတိယအချက် - ဟဟ... Green Freshအုပ်စုက နိုင်ငံခြား ဈေးကွက်မှာရောင်းချမယ့် လမ်းကြောင်းက ဟွမ်လင်းအုပ်စုနဲ့ တူညီတယ်၊ အားလုံးက ထိပ်တန်း အထက်တန်းလွှာ ဇိမ်ခံလမ်းကြောင်းကို သွားကြတာ။

ဒါကြောင့် အကြောင်းပြချက် အမျိုးမျိုး ပေါင်းစပ်လိုက်ရင် ဟွမ်လင်းအုပ်စုက လူတော်တွေက Green Freshအုပ်စုနဲ့ အကိုက်ညီဆုံး လူတော်တွေ ဖြစ်နိုင်တယ်။

ဒါပေမဲ့ Green Freshအုပ်စု ဝင်ဖို့ ဆိုတာ သူတို့ ကိုယ်ပိုင် အရည်အချင်းအပေါ် မူတည်တာပေါ့။

ရှောင်လင်းယွီက ဘရူးစ်ကို ယုံကြည်နေပြီမို့လို့ သူ မိတ်ဆက်ပေးတဲ့ လူတွေကိုလည်း သဘာဝကျကျပဲ ယုံကြည်ပေးလိုက်တာ။

မှန်ပါသည်... သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေကို ရှောင်လင်းယွီ သေချာပေါက် စုံစမ်းရမှာပါ၊ ဒါက မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်တစ်ခုပါ။

ရှောင်လင်းယွီက ဒီ ၅ ယောက်ကို အင်တာဗျူးနဲ့ စစ်ဆေးမှု အနည်းငယ် လုပ်ပြီးနောက် သူတို့ကို အကြောင်းကြားလိုက်သည်။ "ရှင်တို့ ဟိုတယ်ကို အရင်ပြန်လိုက်ကြပါဦး။ ရှင်တို့ရဲ့ အလုပ်ကို မကြာခင် စီစဉ်ပေးပါ့မယ်"

အီယန်တို့ ၅ ယောက်က ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့"

ဘရူးစ်က စိတ်ဓာတ်တက်ကြွစွာ သူတို့ကို ပြောလိုက်သည်။ "ဟားဟား... အခု ဘာဟိုတယ် ပြန်မှာလဲ။ ငါ မင်းတို့ကို ထောင်ယွမ်ရွာထဲ ကောင်းကောင်းလိုက်ပို့ပေးမယ်။ မင်းတို့ အပျော်လွန်ပြီး အိမ်ပြန်ဖို့တောင် မေ့သွားစေရမယ်လို့ ငါ အာမခံတယ်"

အပျော်လွန်ပြီး အိမ်ပြန်ဖို့ မေ့တယ် ဆိုတဲ့ စကားပုံကို အီယန်တို့ ၅ ယောက် သိပ်နားမလည်ပေမဲ့ ဘရူးစ်ရဲ့ ဆိုလိုရင်းကိုတော့ ခန့်မှန်းမိတယ်။

အီယန်တို့က ချက်ချင်း စိတ်ဝင်တစား ပြောလိုက်သည်။ "ဒါဆို ကောင်းတာပေါ့"

သူတို့ ဘရူးစ်နဲ့အတူ ထောင်ယွမ်ရွာထဲ ဝင်လာကတည်းက ဒီနေရာရဲ့ လှပတဲ့ ရှုခင်းတွေကြောင့် ဖမ်းစားခံလိုက်ရပြီး သွားကြည့်ချင်နေတာ။

ဒါပေမဲ့ သူတို့က ဘရူးစ်နဲ့အတူ ဒီကိုလာတာ အလုပ်ကိစ္စရှိလို့လေ၊ သေချာပေါက် အလုပ်ပြီးမှ အချိန်ရရင် ကစားရမှာ။

ပြီးတော့ အခု အချိန်မရှိရင်တောင် နောက်ပိုင်း Green Freshအုပ်စုမှာ အလုပ်လုပ်ရင် အချိန်မရှိမှာ ပူစရာ လိုသေးလို့လား။

သူတို့ ဘရူးစ်ပြောတာ ကြားဖူးတယ်၊ နှစ်တိုင်း ကုမ္ပဏီ နှစ်ပတ်လည် အစည်းအဝေးကို ထောင်ယွမ်ရွာမှာ ကျင်းပတယ်တဲ့၊ အဲဒီအချိန်ကျရင် သေချာပေါက် ကောင်းကောင်းလျှောက်လည်လို့ ရပြီ။

ဒါပေမဲ့ အခု သွားကြည့်ဖို့၊ လျှောက်လည်ဖို့၊ ထောင်ယွမ်ရွာရဲ့ ထူးခြားချက်တွေကို ကြည့်ဖို့၊ လှပတဲ့ ရှုခင်းတွေကို ခံစားဖို့ အချိန်ရတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

ဘရူးစ်ရဲ့ စကားဆုံးသည်နှင့် ရှောင်လင်းယွီက အေးစက်စက် ပြောလိုက်သည်။ "ဘရူးစ်... ရှင့်အလုပ် ပြီးပြီလား"

ချက်ချင်းပင် ဘရူးစ် တစ်ကိုယ်လုံး ညှိုးနွမ်းသွားပြီး နှင်းရိုက်ခံရတဲ့ ခရမ်းသီးလို ဖြစ်သွားတယ်။

ဘရူးစ်က ဝမ်းနည်းပက်လက် မျက်လုံးများဖြင့် ရှောင်လင်းယွီကို ကြည့်ပြီး နစ်နာသလို ပြောလိုက်သည်။ "ဥက္ကဌရှောင်... ကျွန်တော် ခွင့်ယူလို့ ရမလား။ ကျွန်တော် ခွင့်မယူရတာ ကြာပြီလို့ ခံစားရတယ်"

"အင်း... ခွင့်ယူမယ် ဟုတ်လား" ရှောင်လင်းယွီ မျက်ခုံးပင့်လိုက်ပြီး ပြုံးတုံ့တုံ့ဖြင့် မေးလိုက်သည်။ "ဘရူးစ်... ရှင် အခု ကျွန်မဆီက ခွင့်ယူမယ်ဆိုတာ သေချာလား"

ရှောင်လင်းယွီ၏ မျက်နှာထားကို ကြည့်ပြီး ဘရူးစ် ချက်ချင်း တုန်လှုပ်သွားကာ ခေါင်းခါပြီး ပြောလိုက်သည်။ "အဲ... မယူတော့ပါဘူး၊ ကျွန်တော့်မှာ အလုပ်တွေအများကြီး မပြီးသေးတာ သတိရတယ်၊ ကျွန်တော် အရင်သွားလုပ်လိုက်ပါဦးမယ်"

ဟာသပဲ... သူ အခု ခွင့်ယူလိုက်ရင် ရှောင်လင်းယွီ ဆိုတဲ့ ကပ်စေးနည်းမက သူ့ရဲ့ ဒီနှစ် တစ်လ ခွင့်ရက်ကို ဖျက်သိမ်းပစ်မှာ သေချာတယ်။

ရေရှည် နာကျင်တာထက် ရေတို နာကျင်တာ ပိုကောင်းတယ်၊ သူ အခုပဲ အလုပ်ပြန်လုပ်လိုက်တော့မယ်။

ဘရူးစ်က အီယန်တို့ကို ပြောလိုက်သည်။ "မင်းတို့ အလုပ် မစီစဉ်ရသေးဘူး ဆိုတော့ မင်းတို့ ထောင်ယွမ်ရွာထဲ ကောင်းကောင်းသွားဆော့လို့ ရတယ်။ ငါ့ကို ယုံ၊ မင်းတို့ကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ဘူး"

အီယန်က သူ့ကို ကြည့်ပြီး သံသယဖြင့် မေးလိုက်သည်။ "မင်းကော"

ဘရူးစ်က အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "ငါလား... ငါ့မှာ ဘယ်က ကစားဖို့ အချိန်ရှိမှာလဲ။ ငါ မင်းတို့ကို ခေါ်ပြီး ဥက္ကဌရှောင်နဲ့ လာတွေ့ပေးနိုင်တာကတင် ငါ့အချိန်တွေ အများကြီး ဖဲ့ပေးထားရတာ။ ငါ အခု အလုပ်သွားလုပ်ရတော့မယ်။ ဒါကြောင့် မင်းတို့ကလေ..."

ဘရူးစ် သူတို့ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။ "အခု ကစားဖို့ အချိန်ရှိတုန်း ကောင်းကောင်း အနားယူထားကြ၊ အလုပ်စီစဉ်ပြီးရင် မင်းတို့ ကစားချင်ရင်တောင် ကစားရမှာ မဟုတ်တော့ဘူး"

ဒါက သူ့ရဲ့ အတွေ့အကြုံ စကားတွေပဲ။

Green Freshအုပ်စု ရောက်လာပြီးကတည်းက ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုက ကောင်းမွန်လာပြီး သူက အထက်တန်းအဆင့် စီမံခန့်ခွဲသူအနေနဲ့ သဘာဝကျကျပဲ ပိုအလုပ်ရှုပ်လာတယ်။

နောက်ပိုင်း အီယန်တို့က နိုင်ငံခြားဈေးကွက်အပိုင်းကို သေချာပေါက် တာဝန်ယူရမှာ၊ တစ်နှစ်ပတ်လုံး ရုံးချုပ်ကို ဘယ်နှခေါက် ပြန်ရောက်မလဲ မသိဘူး။

ဘရူးစ်က သူငယ်ချင်းတွေကို နှုတ်ဆက်ပြီးနောက် ကျော့မော့စွာ ပေါ့ပေါ့ပါးပါး ထွက်ခွာသွားသည်။

ရှောင်လင်းယွီက အီယန်တို့ ၅ ယောက်ကို ကြည့်ပြီး မေးလိုက်သည်။ "ရှင်တို့ ထောင်ယွမ်ရွာထဲ ကြည့်ချင်၊ လျှောက်လည်ချင်တယ် ဆိုရင် ရှင်တို့အတွက် ဧည့်လမ်းညွှန်တစ်ယောက် ရှာပေးရမလား"

အီယန်က ရှောင်လင်းယွီကို သံသယဖြင့် ကြည့်လိုက်သည်။ "ဥက္ကဌရှောင်... အပန်းဖြေစခန်းတစ်ခုက ဧည့်လမ်းညွှန် လိုလို့လား"

အပန်းဖြေစခန်းက သိပ်မကြီးလောက်ပါဘူး၊ ဘာလို့ ဧည့်လမ်းညွှန် လိုရတာလဲ။

ရှောင်လင်းယွီက သူတို့ကို မရှင်းပြတော့ဘဲ ပြုံးလိုက်သည်။ ထို့နောက် ဧည့်ကြိုကို ဖုန်းဆက်ပြီး ပြောလိုက်သည်။ "အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်ရှာပြီး ကျွန်မ ရုံးခန်းကို လွှတ်လိုက်ပါ"

အီယန်တို့က နိုင်ငံခြားက လာတာ၊ ထောင်ယွမ်ရွာကို သဘာဝကျကျပဲ နားမလည်ကြဘူး၊ သူတို့ အနေခက်မှာ စိုးလို့ ရှောင်လင်းယွီက ကိုယ့်သဘောနဲ့ကိုယ် သူတို့အတွက် ဧည့်လမ်းညွှန် တစ်ယောက် စီစဉ်ပေးလိုက်တာ။

ထောင်ယွမ်ရွာစိုက်ခင်း နာမည်ကြီးလာပြီးနောက် နိုင်ငံအနှံ့အပြား၊ နိုင်ငံခြားက ခရီးသွားတွေတောင် လာရောက်လည်ပတ်ကြတယ်။

သူတို့ ထောင်ယွမ်ရွာထဲမှာ လမ်းပျောက်ပြီး ပိုက်ဆံကုန်၊ အချိန်ကုန်မှာစိုးလို့ ရှောင်လင်းယွီက ကုမ္ပဏီမှာ ဧည့်လမ်းညွှန်တွေ မွေးထုတ်ထားတယ်။

မှန်ပါသည်... ခရီးသွားတွေက ဧည့်လမ်းညွှန် ငှားချင်ရင် သေချာပေါက် အခကြေးငွေ ပေးရမှာပေါ့၊ အထူးအဖွဲ့အစည်းတွေကလွဲရင်ပေါ့။

ဧည့်လမ်းညွှန် လိုမလိုဆိုတာကလည်း ခရီးသွားတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ဧည့်လမ်းညွှန်ခက သင့်တော်ပါတယ်၊ ပုံမှန်အားဖြင့် ခရီးသွားတွေ လက်ခံနိုင်တဲ့ အတိုင်းအတာ အတွင်းမှာပါပဲ။

….

ရှောင်လင်းယွီ ဖုန်းဆက်ပြီး မကြာခင်မှာပဲ မိန်းကလေးတစ်ဦး ရှောင်လင်းယွီ ရုံးခန်းထဲ ရောက်လာတယ်။

သူမ တံခါးမဝင်ခင် တံခါးခေါက်လိုက်ပြီး ခေါ်လိုက်သည်။ "ဥက္ကဌရှောင်..."

ထို့နောက် ရုံးခန်းထဲက နိုင်ငံခြားသား ၅ ယောက်ကို ကြည့်လိုက်ပြီး ဧည့်လမ်းညွှန် ရှာရတဲ့ အကြောင်းရင်းကို ချက်ချင်း နားလည်သွားတယ်။

ရှောင်လင်းယွီက သူမကို မိတ်ဆက်ပေးလိုက်သည်။ "ရှောင်ကျိုး... ဒီအစ်ကိုကြီးတွေက အခု ကျွန်မရဲ့ ဧည့်သည်တွေ၊ နောက်ပိုင်း ကျွန်မတို့ ကုမ္ပဏီရဲ့ လက်တွဲဖော်တွေ ဖြစ်လာကြမှာ။ ရှင် ကောင်းကောင်း ဧည့်ခံပေးလိုက်ပါ၊ သူတို့ကို စိုက်ခင်းထဲ လိုက်ပို့ပြီး ကြည့်ရှုလေ့လာခိုင်းလိုက်ပါ"

ရှောင်ကျိုး ချက်ချင်း နားလည်သွားပြီး ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ ဥက္ကဌရှောင်"

ထို့နောက် ရှောင်လင်းယွီက သူတို့ကို ပြောလိုက်သည်။ "ဒါက ကျွန်မတို့ ဧည့်လမ်းညွှန်ဌာနက ဧည့်လမ်းညွှန် ရှောင်ကျိုးပါ၊ အင်္ဂလိပ်စာ၊ ပြင်သစ်စာ နှစ်မျိုးလုံး ကျွမ်းကျင်ပါတယ်။ အခု သူက ရှင်တို့ကို စိုက်ခင်းထဲ လိုက်ပို့ပြီး ကောင်းကောင်း ကြည့်ရှုခိုင်းပါလိမ့်မယ်။ ကစားစရာရှိ ကစား၊ စားစရာရှိ စား၊ လုံးဝ အားမနာပါနဲ့၊ သိလား"

အီယန်တို့က ခေါင်းညိတ် ပြောလိုက်သည်။ "ကောင်းပါပြီ"

"ရှောင်ကျိုး... ကောင်းကောင်း ဧည့်ခံနော်" ရှောင်လင်းယွီ ထပ်မံ မှာကြားလိုက်သည်။

"ဟုတ်ကဲ့ ဥက္ကဌရှောင်" ရှောင်ကျိုး ရိုသေစွာ ပြန်ဖြေလိုက်သည်။

ဥက္ကဌကိုယ်တိုင် မှာကြားမှတော့ သေချာပေါက် ကောင်းကောင်း ဧည့်ခံရမှာပေါ့။

ရှောင်ကျိုး လူခေါ်သွားပြီးနောက် ရှောင်လင်းယွီသည် ထိုတံခါးကို ကြည့်ပြီး နှုတ်ခမ်းထောင့် စွန်းတက်သွားသည်။

ဟဟ... ဒီ ၅ ယောက်က သူမ ကုမ္ပဏီ လိုအပ်နေတဲ့ ထူးချွန် လူတော်တွေပဲ၊ သူမ သေချာပေါက် နည်းလမ်းတချို့ သုံးပြီး လူကို ဆွဲထားရမှာပေါ့။

Green Freshအုပ်စု အတွင်းက အားသာချက်တွေက သူတို့ကို ဆွဲဆောင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။

သိထားရမှာက ထူးချွန်လူတော် အားလုံးနီးပါးက ဒီအချက်ကို မက်မောလို့ ရောက်လာကြတာ။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၅၄ ။ စည်းရုံးခြင်း (အပိုင်း ၁)

"ဝါး... ဒီနေရာက တကယ် လှလိုက်တာ၊" ရှောင်ကျိုး၏ လမ်းပြမှုအောက်တွင် အီယန်တို့ ၅ ယောက်သည် လမ်းတစ်လျှောက် အာမေဋိတ်သံများ မပြတ် ထွက်ပေါ်နေသည်။ "လူ့ပြည်က နတ်ဘုံလိုပဲ။ ဒီမှာနေတဲ့ လူတွေ သေချာပေါက် ပျော်ရွှင်မှာပဲ"

အီယန်က ပြင်သစ်လို ပြောလိုက်တာကြောင့် ရှောင်ကျိုးက လိုက်ပြုံးပြီး ပြောလိုက်သည်။ "ဟုတ်တယ်... အခု ထောင်ယွမ်ရွာမှာနေတဲ့ ရွာသားတွေရဲ့ ပျော်ရွှင်မှု အညွှန်းကိန်းက တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးပဲ။ အခု အပြင်က လူအများကြီးက ထောင်ယွမ်ရွာထဲ ဝင်နေချင်ကြတယ်၊ ဒါပေမဲ့ အခု ထောင်ယွမ်ရွာ မြေက ဈေးကြီးနေပြီ၊ ပိုက်ဆံရှိ၊ အာဏာရှိရုံနဲ့ ဝင်နေလို့ရတာ မဟုတ်ဘူး"

တကယ်လို့ ပိုက်ဆံရှိ၊ အာဏာရှိသူတိုင်း ဝင်နေလို့ရမယ်ဆိုရင် ထောင်ယွမ်ရွာတစ်ရွာ မပြောနဲ့၊ ထောင်ယွမ်ရွာ ဆယ်ရွာဆိုရင်တောင် ဆံ့မှာ မဟုတ်ဘူးလို့ သူမ ယုံကြည်တယ်။

ထောင်ယွမ်ရွာက တောတောင်ရေမြေ ရှုခင်းလှပပြီး ကိုယ်ကျင့်တရား လေ့ကျင့်ဖို့ သင့်တော်တယ်၊ အငြိမ်းစားယူထားတဲ့ သက်ကြီးရွယ်အိုတွေ နေထိုင်ဖို့ အသင့်တော်ဆုံးပဲ။ အဲဒီ အာဏာရှိ၊ ငွေရှိတဲ့ မိသားစုတွေက တကယ် မျက်စိကျနေကြတာ။

ဒါပေမဲ့ သူတို့ကို အဆွဲဆောင်ဆုံး၊ သူတို့ကို အမျက်စိကျဆုံး ဖြစ်စေတာကတော့ ထောင်ယွမ်ရွာက ထွက်တဲ့ စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေပါပဲ။

သိထားရမှာက သူတို့ နေထိုင်တဲ့နေရာမှာ ဝယ်ချင်ရင် ပိုက်ဆံအများကြီး ပေးရင်တောင် ဝယ်ဖို့ ခက်ခဲတယ်၊ ဒါပေမဲ့ ထောင်ယွမ်ရွာထဲ ဝင်နေလိုက်ရင် စားချင်ရင် အချိန်မရွေးစားလို့ရတယ်၊ အဲဒါ ဘယ်လောက် စံစားရလဲ။

အီယန်က ရှောင်ကျိုးရဲ့ မိတ်ဆက်စကားကို ကြားတော့ သဘောတူစွာ ပြောလိုက်သည်။ "ဝင်နေလို့ ရမယ်ဆိုရင် ထောင်ယွမ်ရွာ တစ်ရွာလုံး မဆံ့လောက်ဘူး ထင်တယ်။ ဒီမှာနေရတာ တကယ်ပဲ လူကို စံစားစေတယ်။ ကျွန်တော် မျှော်လင့်တာက နောက်ပိုင်း ကျွန်တော်လည်း ဒီမှာနေလို့ရရင် ကောင်းမှာပဲ"

ရှောင်ကျိုးက နောက်ပိုင်း သူတို့ ၅ ယောက်က ကုမ္ပဏီရဲ့ဝန်ထမ်းဖြစ်လာမယ်ဆိုတာ သိလို့ ပြုံးပြီး ပြောလိုက်သည်။ "ရှင်တို့က အခု ကုမ္ပဏီဝန်ထမ်းတွေဖြစ်နေပြီ၊ နောက်ပိုင်း သေချာပေါက် ဝင်နေလို့ ရမှာပေါ့"

ဤနေရာသို့ ရောက်သောအခါ ရှောင်ကျိုးက အထူး မိတ်ဆက်ပေးလိုက်သည်။ "ကျွန်မတို့ ကုမ္ပဏီက အထက်တန်းအဆင့် စီမံခန့်ခွဲသူတွေအတွက် ခံစားခွင့်တွေ အရမ်းကောင်းတယ်။ တကယ်လို့ မိသားစုကိုပါ ခေါ်လာမယ် ဆိုရင် ကုမ္ပဏီက မိသားစု တိုက်ခန်း တစ်လုံး သီးသန့် ခွဲပေးတယ်"

"ဘာ... မိသားစု တိုက်ခန်း တစ်လုံး ခွဲပေးတယ် ဟုတ်လား။ ထောင်ယွမ်ရွာထဲမှာပဲလား" အီယန်တို့ မျက်နှာပေါ်တွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာပြီး မေးလိုက်သည်။ "ဒါ တကယ်လား"

ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘရူးစ် ဒီကောင်စုတ်က သူတို့ကို မပြောပြခဲ့ဘူး။

ရှောင်ကျိုး ခေါင်းညိတ် ပြောလိုက်သည်။ "ဒါ သေချာပေါက် တကယ်ပေါ့။ ကျွန်မ အခု ရှင်တို့ကို မိသားစု တိုက်ခန်း သွားကြည့်ခိုင်းရမလား"

"အဲဒါ တကယ် ကောင်းတာပေါ့၊ ကျေးဇူးတင်ပါတယ် ရှောင်ကျိုး" အနာဂတ် နေထိုင်မယ့်နေရာကို အီယန်တို့ သေချာပေါက် ဂရုစိုက်တာပေါ့။

ရှောင်ကျိုးက သူတို့ကို လမ်းပြရင်း ပြောလိုက်သည်။ "မိသားစုပါလာတဲ့ သူတွေက မိသားစုတိုက်ခန်း တစ်ခန်း ခွဲရနိုင်တယ်။ မိသားစု မပါလာတဲ့ ဝန်ထမ်းတွေကတော့ ဝန်ထမ်းဆောင်မှာ တိုက်ရိုက် နေကြတယ်။ ဒါပေမဲ့ စီမံခန့်ခွဲသူ အဆင့်ရဲ့ ဝန်ထမ်းဆောင်က တစ်ယောက်ခန်းတွေပါ၊ တစ်ယောက်နေ တိုက်ခန်းနဲ့ တူတယ်၊ အရမ်း လှပပြီး နေလို့လည်း ကောင်းတယ်"

ဒီစကား ပြောနေတုန်း ရှောင်ကျိုး မျက်လုံးထဲမှာ အားကျမှုတွေ စီးဆင်းနေတယ်။

သူမရဲ့ လက်ရှိ အရည်အချင်းနဲ့ဆိုရင် အထက်တန်း စီမံခန့်ခွဲသူတွေရဲ့ ခံစားခွင့်မျိုး ခံစားခွင့် မရှိသေးဘူး။

ဒါပေမဲ့ သူမ ကောင်းကောင်းလုပ်ရင် ဒီဆန္ဒ သေချာပေါက် ပြည့်ဝလာလိမ့်မယ်လို့ ယုံကြည်တယ်။

အင်း... ရှောင်ကျိုးက ဒီလို ယုံကြည်မှု ရှိတယ်။

သူမတင် မကဘူး၊ အောက်ခြေဝန်ထမ်းတွေအကုန်လုံး ဒီလို ယုံကြည်မှု ရှိကြတယ်။

Green Freshအုပ်စုမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိတယ်၊ ယှဉ်ပြိုင်မှု ပြင်းထန်တယ်လို့ ခံစားရပေမဲ့ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုနဲ့ တွန်းအားတွေကိုလည်း ခံစားရတယ်။ ဒါပေမဲ့ Green Freshအုပ်စုက ဝန်ထမ်းတိုင်းကို ပေးတဲ့ အခွင့်အရေးက တန်းတူညီမျှပြီး တရားမျှတပါတယ်။

အရည်အချင်း ရှိသူ တက်ပဲ။

ဒါကြောင့် ဒီမှာ လာလုပ်တဲ့ ဝန်ထမ်းတွေက နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အားဖြည့်နေကြတယ်၊ ရှောင်ကျိုးလည်း အခု ကိုယ့်ကိုယ်ကိုယ် အားဖြည့်နေတယ်။

သူမ အခု နိုင်ငံခြား ဘာသာစကား နှစ်မျိုး ကျွမ်းကျင်တယ် ဆိုပေမဲ့ ကုမ္ပဏီမှာ နှစ်မျိုး၊ သုံးမျိုး၊ လေးမျိုး ကျွမ်းကျင်တဲ့ သူတွေ အများကြီးပဲ။

အီယန်တို့က ရှောင်ကျိုးရဲ့ မိတ်ဆက်စကားကို ကြားတော့ တကယ် အံ့သြပြီး ဝမ်းသာသွားကြတယ်။

ဒါပေမဲ့ သူတို့ ချက်ချင်း ပြန်စဉ်းစားမိတယ်၊ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အလုပ်အတွေ့အကြုံအရ သူတို့ အလုပ်က သေချာပေါက် နိုင်ငံခြား ဈေးကွက်ကို ပို့ဆောင်ခံရမှာ၊ ဒါဆို ဒီမှာ နေလို့မရတော့ဘူးပေါ့။

ရှောင်ကျိုးက ဓာတ်ရထား မောင်းပြီး သူတို့ကို ကုမ္ပဏီ ဝန်ထမ်းဆောင်နဲ့ မိသားစု တိုက်ခန်းဆီ ခေါ်သွားတယ်။

ကုမ္ပဏီ ဝန်ထမ်းဆောင်ကို အီယန်တို့ စိတ်မဝင်စားပေမဲ့ မိသားစု တိုက်ခန်းကို မြင်တဲ့အခါ မျက်လုံးတွေ အရောင်လက်သွားတယ်။

ဒီမိသားစု တိုက်ခန်းတွေ ဆောက်ထားတာ တကယ် လှတာပဲ၊ တစ်တန်းပြီး တစ်တန်း စီနေပြီး ဟွာရှ ရှေးဟောင်း ဗိသုကာလက်ရာ စတိုင်နဲ့၊ ရှေးဆန်ဆန်လေး၊ ခြံဝင်းလေး တစ်ခု ပါတယ်။

"ဝါး... ဒီမိသားစု တိုက်ခန်းက တကယ် လှတာပဲ" အီယန်တို့လည်း အာမေဋိတ်သံ မပြုဘဲ မနေနိုင်တော့ဘူး။

"တကယ် လှလွန်းတယ်၊ ဒီမှာနေရတာ တိတ်ဆိတ်ပြီး အေးချမ်းတယ်၊ သေချာပေါက် စံစားရမှာပဲ" နောက်ထပ် သူငယ်ချင်း တစ်ယောက်က အာမေဋိတ်သံ ပြုလိုက်တယ်။

ဒီကုမ္ပဏီ ဝန်ထမ်းဆောင်နဲ့ ကုမ္ပဏီ မိသားစု တိုက်ခန်းတွေက သေချာပေါက် ထောင်ယွမ်ရွာ စိုက်ခင်း ခရီးသွား နေရာတွေနဲ့ ခွဲခြားထားတာပါ။

ဒီနေရာမှာ ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ ထောင်ယွမ်ရွာသားတွေကလွဲရင် ခရီးသွားတွေ ဝင်လို့ မရဘူး။

ရှောင်ကျိုးက သူတို့ တစ်ယောက်ပြီး တစ်ယောက် အာမေဋိတ်သံ ပြုနေတာ မြင်တော့ လိုက်ပြောလိုက်သည်။ "ကျွန်မ ရှင်တို့ကို မလိမ်ပါဘူးနော်။ ဒီမိသားစုတိုက်ခန်းတွေက တကယ် လှတယ် မဟုတ်လား"

"အင်း... အင်း... တကယ် လှတယ်" ၅ ယောက်လည်း မငြင်းဆန်ပါဘူး။

ရှောင်ကျိုးက ဒီမိသားစု တိုက်ခန်းတွေကို ကြည့်ပြီး မျက်လုံးထဲမှာ အားကျမှုတွေ အရောင်လက်နေကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "ဒါက အထက်တန်း စီမံခန့်ခွဲသူတွေရဲ့ ခံစားခွင့် ဖြစ်ပေမဲ့ တစ်နေ့ကျရင် ကျွန်မလည်း မိဘတွေကို ခေါ်ပြီး ဒီထဲမှာ ဝင်နေနိုင်လိမ့်မယ်လို့ ယုံကြည်တယ်"

"..." အီယန် တိတ်ဆိတ်သွားပြီးနောက် သူမကို အားပေးလိုက်သည်။ "အင်း... ကြိုးစားပါ၊ မင်း သေချာပေါက် လုပ်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ မင်းက ငယ်သေးတယ်လေ၊ ကြိုးစားဖို့ အရင်းအနှီး ရှိသေးတယ်" ငယ်ရွယ်တာက ကြီးမားတဲ့ အားသာချက် တစ်ခုပဲ။ ဘာလို့လဲဆိုတော့ ငယ်ရွယ်ရင် ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းဖို့၊ မြှင့်တင်ဖို့ အချိန်ရတယ်၊ အမြဲတမ်း ကြိုးစားနေရင် ကိုယ့်အိပ်မက်ကို သေချာပေါက် အကောင်အထည် ဖော်နိုင်မှာပါ။

"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ရှောင်ကျိုးလည်း ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။

အီယန်တို့ ၅ ယောက်က ဒီလောက် လှပတဲ့ အိမ်တွေကို ကြည့်ပြီး ရင်ထဲမှာ လှုပ်ရှားလာကြတယ်၊ ၅ ယောက်သား စုပြီး တိုးတိုးတိတ်တိတ် တိုင်ပင်နေကြတယ်။

"ဒါဆို နောက်ပိုင်း ငါတို့ မိသားစုကို ခေါ်လာလို့ ရပြီပေါ့"

"ဒါကို ငါတို့ မေးကြည့်ရမလား၊ ဘာပဲပြောပြော ငါတို့ မိသားစုတွေက ကိုယ့်နိုင်ငံမှာပဲ အမြဲနေကြတာ။ အခု ငါတို့ Green Freshအုပ်စုမှာ အလုပ်လုပ်ရင်တောင် နောက်ပိုင်း ငါတို့ ဈေးကွက်အတွက် နိုင်ငံခြားမှာ ပြေးလွှားနေရမှာ၊ ဒီမှာနေဖို့ အချိန်ရှိပါ့မလား"

"ဒီမိသားစု တိုက်ခန်းတန်းတွေကို ကြည့်ရတာ အိမ်အတော်များများ လူနေနေကြပြီ၊ ကြည့်ရတာ လူအများကြီး မိသားစုကို ခေါ်လာကြတယ် ထင်တယ်"

"ဒါပေမဲ့ သူတို့က ပြည်တွင်းက လူတွေ ဖြစ်ပုံရတယ်၊ နိုင်ငံခြားက လူတွေ..."

"ငါတို့ ဘရူးစ်ကို မေးကြည့်မလား"

"အာ... ဘရူးစ်ကို မေးကြည့်မယ်၊ သူက ငါတို့ထက် စောရောက်တာဆိုတော့ ပိုသိမှာပေါ့"

ထို့နောက် အီယန်က ဘရူးစ်ဆီ ဖုန်းဆက်လိုက်တယ်၊ ခဏကြာတော့ အီယန် ဖုန်းချလိုက်တယ်။

"ဘယ်လိုလဲ၊ ဘရူးစ် ဘာပြောလဲ" သူငယ်ချင်းက စိတ်လောကြီးစွာ မေးလိုက်သည်။

အီယန်က ပြုံးပြီး ပြောလိုက်သည်။ "ဘရူးစ် ပြောတာက အထက်တန်း စီမံခန့်ခွဲသူတွေက မိသားစု ခေါ်လာချင်တယ်ဆိုရင် မိသားစု တိုက်ခန်း တစ်လုံး ခွဲပေးတယ်တဲ့။ ဒါပေမဲ့ မိသားစု တိုက်ခန်းတိုင်းက သိပ်မကြီးဘူး၊ ပုံမှန်အားဖြင့် အိပ်ခန်းနှစ်ခန်း ဧည့်ခန်းတစ်ခန်းပါ၊ လူဦးရေ များရင်တော့ အိပ်ခန်းသုံးခန်း ဧည့်ခန်းတစ်ခန်းပေါ့"

သူငယ်ချင်းက ကြားလိုက်ရတော့ ခေါင်းညိတ် ပြောလိုက်သည်။ "ဪ... ဒီလိုကိုး။ ဒီနေရာက ကုမ္ပဏီ တိုက်ခန်းပဲလေ၊ ကိုယ်ပိုင် ဗီလာ မဟုတ်ဘူး၊ အိမ်သေးတာ နားလည်ပေးလို့ ရပါတယ်"

အိမ်အရွယ်အစား မကန့်သတ်ထားရင် အထက်လူကြီးတိုင်း မိသားစု တသီတတန်းကြီး ခေါ်လာပြီး နေကြရင်၊ လိုချင်တာက ဗီလာတွေ ဖြစ်နေရင်၊ ဗီလာတွေ ဒီလောက် အများကြီး ထောင်ယွမ်ရွာ နေရာ ဘယ်လောက်ကျယ်ကျယ် ဆောက်လို့ ဆံ့မှာ မဟုတ်ဘူး။

"ဘရူးစ် ပြောတယ်၊ သူ ဒီရက်ပိုင်း အလုပ်ပြီးသွားရင် သူ့ဇနီးနဲ့ သမီးကို သွားခေါ်မယ်တဲ့" အီယန်က ထပ်ပြောသည်။

ဘရူးစ်က သမီးတစ်ယောက်တည်း မွေးထားတာ။

ဒါပေမဲ့ သူ့အိမ်မှာ သူ့ဇနီးနဲ့ သမီးက ဗီလာအကြီးကြီးမှာနေတာ၊ ပြီးတော့ အိမ်ဖော်တွေ အများကြီး ပြုစုစောင့်ရှောက်တာ ခံရတယ်။

ဒီရောက်လာရင် အရာရာ ကိုယ်တိုင်လုပ်ရမှာဆိုတော့ သူတို့ အသားကျပါ့မလား မသိဘူး။

ဒါပေါ့... ကုမ္ပဏီမှာ စားသောက်ဆိုင်ကြီး ရှိတယ်၊ စားချင်တာရှိရင် စားသောက်ဆိုင်ကို တိုက်ရိုက် သွားစားလိုက်ရုံပဲ။

ထိုနည်းတူစွာ သူတို့ မိသားစုတွေလည်း ဘရူးစ်လိုပဲ၊ အိမ်မှာ အိမ်ဖော်တွေ အများကြီး ပြုစုစောင့်ရှောက်တာ ခံရတာ၊ သူတို့ကို ဒီခေါ်လာပြီး အကုန် ကိုယ်တိုင် လုပ်ခိုင်းရင် အသားကျပါ့မလား မသိဘူး။

"ဒါဆို ငါတို့ ဘရူးစ် မိသားစုကို ခေါ်လာတာ စောင့်ကြည့်ကြတာပေါ့" အီယန်တို့ ပြောလိုက်သည်။

သူတို့ မိသားစုတွေက အိမ်မှာ အဝတ်လာရင် လက်ဆန့်၊ ထမင်းလာရင် ပါးစပ်ဟ ဆိုတဲ့ ဘဝမျိုးနဲ့ နေသားကျနေကြတာ။

လူတစ်စုက ဒီမှာ ကုမ္ပဏီ တိုက်ခန်းတွေကို လိုက်ကြည့်ပြီးနောက် ရှောင်ကျိုးက သူတို့ကို ထောင်ယွမ်ရွာရဲ့ ထူးခြားချက် အမျိုးမျိုးကို လိုက်ပြပေးတယ်။

ဥပမာ - Green Freshအုပ်စုရဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်း။

"ဝါး... ဒီဟင်းသီးဟင်းရွက်တွေက တကယ် လတ်ဆတ်စိုပြည်ပြီး လှလိုက်တာ" အီယန်တို့က စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေကို ကြည့်ပြီး ထပ်မံအာမေဋိတ်သံ ပြုလိုက်ကြသည်။

ဟွမ်လင်းအုပ်စုရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကလည်း အရည်အသွေးမြင့်တယ်၊ အရောင်အသွေး ရှိတယ်၊ အရသာ ရှိတယ်။

ဒါပေမဲ့ သူတို့ အခုမှ သိလိုက်ရတယ်၊ Green Freshအုပ်စုနဲ့ ယှဉ်လိုက်ရင် မိုးနဲ့မြေလို ကွာခြားနေတယ်၊ လုံးဝ ယှဉ်လို့မရဘူး ဆိုတာကို။

သူတို့ အခုမှ နားလည်သွားတယ်၊ ဘာလို့ အဲဒီ ထိပ်တန်း အထက်တန်းလွှာတွေက ဟွမ်လင်းအုပ်စုရဲ့ အမှာစာတွေကို ချက်ချင်း ဖျက်သိမ်းလိုက်တာလဲ၊ ဟွမ်လင်းအုပ်စုရဲ့ နှစ်တစ်ရာ အမှတ်တံဆိပ်နဲ့ နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှု ဂုဏ်သတင်းကို ဂရုမစိုက်ဘဲ နာမည်မရှိတဲ့ ဟွာရှ Green Freshအုပ်စုကို ရွေးချယ်လိုက်တာလဲ ဆိုတာကို။

တစ်ကိုယ်ရေ စံစားမှု အရ ပြောရရင် ဘယ်သူမဆို Green Freshအုပ်စုရဲ့ ကုန်ပစ္စည်းကို ရွေးချယ်ကြမှာပဲ။

ရှောင်ကျိုးက သူတို့ကို ခရမ်းချဉ်သီး စိုက်ခင်းဆီ ခေါ်သွားပြီး ခရမ်းချဉ်သီး အနည်းငယ် ခူးကာ တစ်ယောက် တစ်လုံး ပေးပြီး ပြောလိုက်သည်။ "ဒီခရမ်းချဉ်သီးတွေကို မြည်းကြည့်ပါ၊ ဒီအရသာက ရှင်တို့ကို လုံးဝ မေ့မရ ဖြစ်စေမှာပါ"

ရှောင်ကျိုးက ရှောင်လင်းယွီရဲ့ သဘောကို နားလည်ပါတယ်၊ ဒါကြောင့် ဒီ ၅ ယောက်ကို သူမလည်း အစွမ်းကုန် စည်းရုံးနေတာပါ။

ဒါပေမဲ့ Green Freshအုပ်စုထဲ ဝင်လာတဲ့ လူတွေအတွက် အကောင်းဆုံး စည်းရုံးနည်းကတော့ သူတို့ကို ကျွေးတာပါပဲ။

တစ်လုပ် စားလိုက်တာနဲ့ ဆက်စားချင်နေမှာ။

နေ့တိုင်း စားလို့ရတဲ့ နေရာကတော့ Green Freshအုပ်စုမှာ အလုပ်လုပ်မှပဲ ရမှာ။

***

All Chapters