အခန်း (၉၅၅-၉၅၆)
Vol. 59 Ch. 955-956
အခန်း ၉၅၅ ။ စည်းရုံးခြင်း (အပိုင်း ၂)
အီယန်တို့ ၅ ယောက်သည် ပထမဆုံး ခရမ်းချဉ်သီးတစ်လုံး စားမိသည်နှင့် မရပ်တန့်နိုင်တော့ပေ။
အရင်တုန်းက ဘရူးစ်က သူတို့ကို ထမင်းတစ်နပ် ကျွေးဖူးပေမဲ့ အဲဒါက ချက်ပြုတ်ထားတဲ့ အစားအစာတွေလေ၊ ပြီးတော့ ပမာဏကလည်း နည်းလွန်းလို့ အဝမစားခဲ့ရဘူး။
ဒါကြောင့် သူတို့ ခရမ်းချဉ်သီး စားပြီးတာနဲ့ သခွားသီး သွားခူးတယ်၊ ကန်စွန်းဥ တူးတယ်၊ စိုက်ခင်းထဲက ကြွက်စုတ်တွေလိုပဲ ခူးလို့ရတာ ခူး၊ တူးလို့ရတာ တူးပြီး စားသောက်နေကြတယ်။ ရှောင်ကျိုးတောင် မျက်လုံးပြူးပြီး ကြည့်နေရတယ်။
ရှောင်ကျိုးတင် မကဘူး၊ စိုက်ခင်းထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေလည်း ကြောင်ပြီး ကြည့်နေကြတယ်။
ထို့နောက် အလုပ်သမားတွေ ဆွေးနွေးလာကြတယ်။
"ဒီနိုင်ငံခြားသားတွေ ဘာဖြစ်နေကြတာလဲ။ နှစ်ပေါင်း ရှစ်ရာလောက် အစားမစားရတဲ့ ပုံစံနဲ့ တွေ့သမျှ ခူးစားနေကြတယ်။ ဒီလောက် အများကြီးစားနေတာ ဗိုက်ဆံ့ပါဦးမလား"
"ဟဟ... သူတို့ စားနေတဲ့ပုံစံက ရယ်စရာကောင်းလိုက်တာ"
"အသီးအနှံ အများစုက အစိမ်းစားလို့ ရပေမဲ့ တချို့ဟာတွေက ချက်စားမှ ပိုကောင်းတာလေ။ သူတို့က မုန်ညင်းရွက်လေးတွေကိုတောင် အစိမ်းစားနေကြတယ်။ နိုင်ငံခြားမှာ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားကြတာလား"
"ဟဟ... ကြားတာတော့ နိုင်ငံခြားသားတွေက မူရင်းအရသာအတိုင်း စားတာကို ပိုကြိုက်ကြတယ်တဲ့၊ အဲဒါမှ အာဟာရ ပိုရှိတယ်၊ အာဟာရ ပိုပြည့်ဝတယ်တဲ့။ သူတို့က အသားတောင် အစိမ်းစားကြတာ၊ ဟင်းသီးဟင်းရွက် အစိမ်းစားတာ ဘာထူးဆန်းလို့လဲ"
"အင်း... နိုင်ငံခြားသားတွေက အသားစိမ်းစားတာ ကြိုက်ကြတယ်၊ အထူးသဖြင့် အမဲသား၊ ဝက်သားပေါ့။ အင်း... သူတို့ ဘယ်လိုများ မျိုချလဲ မသိပါဘူး"
"ဒါ စားသောက်မှု အလေ့အထ မတူလို့ နေမှာပေါ့"
"ဒါနဲ့... ရှောင်ကျိုး ခေါ်လာတဲ့ နိုင်ငံခြားသား ၅ ယောက်က ဘယ်သူတွေလဲ"
ခရီးသွားတွေ လာရောက် ကြည့်ရှုနိုင်တဲ့ နေရာတွေနဲ့ ကိုယ်တိုင် ခူးဆွတ်ခွင့်ရှိတဲ့ နေရာတွေကလွဲရင် ကျန်တဲ့ နေရာတွေကို ခြံစည်းရိုး ခတ်ထားပြီးပြီ၊ ခရီးသွားတွေ ဖျက်ဆီးမှာစိုးလို့ အပြင်ကနေပဲ ကြည့်ခွင့်ပြုထားတာ။
ခရီးသွားတွေ ကိုယ်တိုင်ခူးဆွတ်ချင်ရင် ကိုယ်တိုင် ခူးဆွတ်ခွင့်ရှိတဲ့ စိုက်ခင်းထဲ သွားရမယ်။
သေချာပေါက် ကိုယ်တိုင် ခူးဆွတ်ခွင့်ရှိတဲ့ စိုက်ခင်းထဲ ဝင်ဖို့အတွက် လက်မှတ် ထပ်ဝယ်ရမယ်။ ဝင်ပြီးရင် ခူးဆွတ်ထားတဲ့ ပစ္စည်းတွေကို အမျိုးအစား မခွဲခြားဘဲ တစ်ခုတည်းသော ဈေးနှုန်းနဲ့ ပြန်ရောင်းပေးတယ်။
ဒါက ခရီးသွားတွေကို အမြတ်ထုတ်နေတယ်လို့ ထင်ရတယ်။
ဒါပေမဲ့ အပန်းဖြေစခန်းဘက်မှာလည်း ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိပါတယ်။
ပထမအချက် - ကိုယ်တိုင် ခူးဆွတ်ခွင့် ပေးလိုက်ရင် စိုက်ခင်းထဲက ပစ္စည်းတွေ ခရီးသွားတွေရဲ့ လက်ချက်နဲ့ ပျက်စီးသွားတာ များတယ်။
ဒုတိယအချက် - လူစီးဆင်းမှုကို ကန့်သတ်ချင်လို့ပါ။ ဝင်ကြေး ဈေးကြီးတယ် ထင်ရပေမဲ့ လူအများစုက ပိုက်ဆံမရှားဘူးလေ၊ သူတို့ လိုချင်တာက ပျော်ရွှင်မှု၊ ကိုယ်တိုင် ခူးဆွတ်ရတဲ့ ပျော်ရွှင်မှုပါ။ အရေးအကြီးဆုံးက ထောင်ယွမ်ရွာ Green Freshစူပါမားကတ်က ပစ္စည်းတွေ ဝယ်ရခက်လွန်းတော့ တစ်ခေါက် ရောက်တုန်း များများ ခူးသွားချင်ကြတာ။ ဘယ်လောက် ဈေးကြီးကြီး ပြန်ရောက်ရင် ညလုံးပေါက် တန်းစီပြီး ဝယ်မရတာထက် စာရင် တန်သေးတယ်လေ။
အတိုချုပ်ပြောရရင် ထောင်ယွမ်ရွာ အပန်းဖြေစခန်းက ခရီးသွားလုပ်ငန်းပုံစံ ပြောင်းလဲလိုက်ကတည်းက ရည်ရွယ်ချက်က ပိုက်ဆံရှာဖို့ပဲ။
ဒါပေမဲ့ ထောင်ယွမ်ရွာက ပိုက်ဆံရှာတာ ဝန်ဆောင်မှုကို ဦးစားပေးတဲ့ မူဝါဒနဲ့ပါ။
ထောင်ယွမ်ရွာ အပန်းဖြေစခန်းက ပိုက်ဆံပေးရမယ့် ဝန်ဆောင်မှု မှန်သမျှကို အတင်းအကျပ် ရောင်းချမှာ မဟုတ်ဘူး၊ အားလုံးက ကိုယ့်သဘောဆန္ဒ အလျောက်ပါပဲ။
အဟမ်း... စကားလမ်းကြောင်း လွဲသွားပြီ။
ခြံစည်းရိုး အပြင်ဘက်က ခရီးသွားတွေက စိုက်ခင်းထဲမှာ နိုင်ငံခြားသား ၅ ယောက် ပစ္စည်းတွေ လိုက်ခူးစားနေတာ မြင်တော့ မကျေမနပ် ဖြစ်ကုန်ကြတယ်။
"သောက်ကျိုးနည်း... ဘာလို့ သူတို့ နိုင်ငံခြားသားတွေက စိုက်ခင်းထဲ ဝင်ခူးစားလို့ ရပြီး ငါတို့က ဒီကနေပဲ ကြည့်နေရတာလဲ။ ဒါ ခွဲခြားဆက်ဆံတာ မဟုတ်ဘူးလား။ သူတို့က နိုင်ငံခြားသားတွေ မို့လို့လား"
"ဟဟ... ဟွာရှသားတွေက နိုင်ငံခြားသားတွေကို ဦးစားပေးတတ်တာ ထုံးစံပဲလေ။ ထောင်ယွမ်ရွာလည်း အတူတူပါပဲလား" လေသံထဲမှာ သရော်သံ၊ လှောင်ပြောင်သံတွေ ပါဝင်နေပြီး ထောင်ယွမ်ရွာကိုပါ ထည့်ပြောလိုက်ခြင်း ဖြစ်သည်။
"ဟားဟား... မင်းတို့ သတိထားမိလား၊ ဒီ ၅ ယောက်က ကြွက်စုတ်တွေနဲ့ တူနေတာ" တစ်ယောက်က နိုင်ငံခြားသား ၅ ယောက် စိုက်ခင်းထဲမှာ မွှေနှောက်နေတာ မြင်တော့ ရယ်ချင်သွားတယ်။
"ဟုတ်တယ်... သူတို့ ပစ္စည်းခူးတာ ကြွက်စုတ်နဲ့ တူတာတင် မကဘူး၊ စားနေတုန်း ပါးစပ်ပလုတ်ပလောင်း ဖြစ်နေတာလည်း ကြွက်စုတ်နဲ့ တူတယ်"
"ဟားဟား... ဒီလို ကြည့်လိုက်တော့ ဒီနိုင်ငံခြားသား ၅ ယောက်က ချစ်စရာကောင်းသားပဲ"
...
ခြံစည်းရိုး အပြင်ဘက်က ခရီးသွားတွေရဲ့ ပြောစကားတွေကို ကြားတော့ ဧည့်လမ်းညွှန် ရှောင်ကျိုး နဖူးက ချွေးစေးတွေကို သုတ်လိုက်မိတယ်။
သူမက ဒီ ၅ ယောက်ကို လိုက်ပြရင်း အစားအစာ ကျွေးမလို့ ခေါ်လာတာ၊ မထင်မှတ်ထားတာက သူတို့ ၅ ယောက်က သူများတွေ ကြည့်ရှုစရာ ရှုခင်း ဖြစ်သွားတယ်။
ကံကောင်းတာက သူတို့ ၅ ယောက် အပြင်ကလူတွေ ပြောတာ နားမလည်ကြဘူး၊ မဟုတ်ရင် လက်ထဲက ပစ္စည်းတွေ ပစ်ချပြီး ချက်ချင်း ထွက်ပြေးကြမှာ။
မျောက်လို အကြည့်ခံရတာ ဘယ်သူမှ သည်းခံနိုင်မှာ မဟုတ်ဘူးလေ။
ခရီးသွားတချို့ရဲ့ မကျေမနပ် ပြောဆိုသံတွေကို ရှောင်ကျိုး စဉ်းစားပြီး ရှင်းပြလိုက်သည်။ "သူတို့ ၅ ယောက်က ကျွန်မတို့ ကုမ္ပဏီက ငှားရမ်းထားတဲ့ ထူးချွန် ဝန်ထမ်းတွေပါ။ ဥက္ကဌရှောင်က ကျွန်မကို သူတို့ကို ခေါ်ပြီး စိုက်ပျိုးရေးစခန်းတွေကို လိုက်ပြခိုင်းလိုက်တာပါ"
"ဪ... သူတို့က ကုမ္ပဏီက ငှားရမ်းထားတဲ့ ဝန်ထမ်းတွေလား။ ကျွန်တော်တို့က ခရီးသွားတွေ ထင်နေတာ"
ခရီးသွားတွေဆိုရင် အကုန်လုံးက ခရီးသွားတွေပဲလေ၊ ခွဲခြားဆက်ဆံစရာ လိုလို့လား။
ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းတွေ ဆိုရင်တော့ တကယ် ခွဲခြားဆက်ဆံဖို့ လိုအပ်တာပေါ့။
ဘာပဲပြောပြော သူတို့က ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်လာပြီဆိုတော့ ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နားလည်ထားရမှာပေါ့။
ဒါကြောင့် ရှောင်ကျိုးရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် မကျေမနပ်ဖြစ်နေတဲ့ ခရီးသွားတွေ စိတ်ပြေသွားကြတယ်။
သူတို့ မကျေနပ်စရာ ဘာရှိလဲ။ သူတို့ အရည်အချင်း ရှိရင် Green Freshအုပ်စုမှာ ဝင်လုပ်လို့ ရတာပဲ၊ အဲဒီကျရင် စိုက်ခင်းထဲမှာ ကြိုက်သလောက် နေလို့ရပြီ။
ရှောင်ကျိုးက သူတို့ တော်တော် ဗိုက်ဝနေပြီဆိုတာ မြင်လိုက်ရတော့ လက်ပတ်နာရီ ကြည့်ပြီး နောက်တစ်နေရာ သွားဖို့ သတိပေးသင့်ပြီလို့ ထင်လိုက်တယ်။
စိုက်ခင်းထဲက ပစ္စည်းတွေ ဘယ်လောက် စားကောင်းကောင်း တစ်နေရာတည်းမှာ အချိန်ကုန်ခံလို့ မဖြစ်ဘူးလေ။
ရှောင်ကျိုး လျှောက်သွားပြီး စကားနည်းနည်းပြောကာ လက်ညှိုးထိုးပြလိုက်တော့မှ ၅ ယောက်သား မကျေမနပ်နဲ့ လက်ထဲက ပစ္စည်းတွေ ချပြီး ရှောင်ကျိုးနောက် လိုက်ခဲ့ကြတယ်။
သူတို့ မတ်တတ်ရပ်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခြံစည်းရိုး အပြင်ဘက်မှာ ဟွာရှသား အများစု ပါဝင်တဲ့ လူအုပ်ကြီးက သူတို့ကို ဝိုင်းကြည့်ပြီး လက်ညှိုးထိုးနေကြတာ၊ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပါဝင်နေတာ တွေ့လိုက်ရတယ်။
အီယန် မျက်မှောင်ကြုတ်ပြီး သံသယဖြင့် ရှောင်ကျိုးကို မေးလိုက်သည်။ "ဘာလို့ လူတွေ ဒီလောက် များနေတာလဲ။ သူတို့ ဘာတွေ ပြောနေကြတာလဲ"
ရှောင်ကျိုး ပါးစပ်အုပ်ပြီး ပြောလိုက်သည်။ "ကျွန်မ သူတို့ကို ပြောပြလိုက်တယ်၊ ရှင်တို့က ကျွန်မတို့ ကုမ္ပဏီက ငှားရမ်းထားတဲ့ ထူးချွန် ဝန်ထမ်းတွေပါလို့။ သူတို့ အခု ရှင်တို့ကို အားကျနေကြတာ"
ရှောင်ကျိုးက ဉာဏ်ကောင်းတော့ ကောင်းတာပဲ ရွေးပြောတာပေါ့။
အီယန်တို့က အမှန်တကယ် ထင်မှတ်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "ဪ... ဟုတ်လား"
သူ ထင်တာက ထောင်ယွမ်ရွာ အပန်းဖြေစခန်းနဲ့ ဒီစိုက်ခင်းတွေက တကယ် အံ့သြစရာ ကောင်းလွန်းတယ်လို့။
အခု သူတို့ ဟွမ်လင်းအုပ်စုက အလုပ်ထွက်ပြီး Green Freshအုပ်စု လာလုပ်တာ လုံးဝ နောင်တမရတော့ဘူး။
ဒီက ခံစားခွင့်တွေက ဟွမ်လင်းအုပ်စုထက် အများကြီး သာလွန်နေတာတင် မကဘူး၊ အရေးအကြီးဆုံးက ဒီက အစားအစာတွေက အရမ်း စားလို့ကောင်းတယ်၊ ဒီတစ်လုပ် စားရဖို့အတွက်နဲ့တင် သူတို့ ဒီမှာ ဆက်လုပ်ချင်ကြတယ်။
နောက်ပိုင်း ရှောင်ကျိုးက သူတို့ကို ထောင်ယွမ်ရွာ အပန်းဖြေစခန်းက နေရာအနှံ့အပြား၊ ကစားကွင်းတွေကို လိုက်ပြပေးတော့ အီယန်တို့ ၅ ယောက် အံ့သြမှင်သက်ပြီး "လူ့ပြည်က နတ်ဘုံနတ်နန်းပဲ၊ လူ့ပြည်က နတ်ဘုံနတ်နန်းပဲ၊ အို... ဘုရားရေ၊ တကယ် လှပလွန်းတယ်" လို့ တဖွဖွ ပြောနေကြတယ်။
"ငါလည်း ဒီမှာ အမြဲတမ်း နေချင်လိုက်တာ"
တစ်ပတ်လောက် လျှောက်လည်ပြီးနောက် စောစောက ဗိုက်ဝနေတာတွေ ပြန်စာလာပြီး ဗိုက်ထဲက "ဂွီ ဂွီ" မြည်သံတွေ ထွက်လာတယ်။
ရှောင်ကျိုးက ချက်ချင်း ပြောလိုက်သည်။ "ဒါဆို နောက်တစ်ဆင့်အနေနဲ့ ကျွန်မ ရှင်တို့ကို ထောင်ယွမ်ရွာ အပန်းဖြေစခန်းရဲ့ စားသောက်ဆိုင်ကို လိုက်ပို့ပေးမယ်"
အီယန်တို့ မျက်လုံးများ အရောင်တောက်လာပြီး မေးလိုက်သည်။ "စားသောက်ဆိုင်... ဘာအစားအစာတွေ ရှိလဲ"
ရှောင်ကျိုး ပြောလိုက်သည်။ "စားသောက်ဆိုင်မှာ အစားအသောက် မျိုးစုံရှိပါတယ်။ အစားအသောက် ချက်ပြုတ်တဲ့ ကုန်ကြမ်းတွေ အားလုံးက ကျွန်မတို့ အပန်းဖြေစခန်းက ထွက်တာတွေချည်းပါပဲ။ အသီးအရွက် ဖြစ်ဖြစ်၊ အသားငါး ဖြစ်ဖြစ်ပေါ့"
"အသားငါး ဟုတ်လား" အီယန် စိတ်ဝင်တစား မေးလိုက်သည်။ "ဘာအသားတွေ ရှိလဲ"
"ကြက်၊ ဘဲ၊ ငါး၊ ဝက်၊ အမဲ အကုန် ရှိပါတယ်" ရှောင်ကျိုး ပြန်ဖြေလိုက်သည်။ "ဒီအသားတွေနဲ့ ချက်ထားတဲ့ အစားအစာတွေက အသားအရည် နူးညံ့ပြီး လတ်ဆတ်တယ်၊ အရမ်း စားလို့ကောင်းတယ်"
ရှောင်ကျိုး ပြောတာ ကြားတော့ အသားကြိုက်တဲ့ အီယန်တို့ ၅ ယောက် တံတွေးမြိုချလိုက်မိတယ်။ သူ ပြောလိုက်သည်။ "သွား... ရှောင်ကျိုး၊ မြန်မြန် လိုက်ပို့ပေး၊ ကျွန်တော်တို့ အခု ဗိုက်ဆာနေပြီ"
ရှောင်ကျိုး "ဟဟ" ဟု ရယ်မောလိုက်ပြီး သူတို့ကို စားသောက်ဆိုင်သို့ ခေါ်သွားလိုက်သည်။
ထောင်ယွမ်ရွာ စားသောက်ဆိုင်က ထောင်ယွမ်ရွာ အပန်းဖြေစခန်းရဲ့ ထူးခြားချက် တစ်ခုပါ။
ဘာလို့လဲဆိုတော့ ဒီမှာ ချက်တဲ့ အစားအစာ အများစုက ထောင်ယွမ်ရွာ Green Freshစူပါမားကတ်မှာတောင် ဝယ်လို့မရဘူး။
ဥပမာ - အမဲသား။
ထောင်ယွမ်ရွာ အပန်းဖြေစခန်းက အမဲသား စားချင်ရင် ထောင်ယွမ်ရွာ စားသောက်ဆိုင်မှာပဲ ရနိုင်တယ်၊ တခြားနေရာတွေမှာ သီးသန့်မမှာရင် ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။
ထောင်ယွမ်ရွာ စားသောက်ဆိုင်က အမဲသား ချက်ဖို့အတွက် နှစ်ရက်ကို နွားတစ်ကောင် သတ်တယ်။
ဒါပေမဲ့ ထောင်ယွမ်ရွာ စားသောက်ဆိုင်က ဟွာရှ အစားအစာပဲ ချက်တာ၊ အနောက်တိုင်း အစားအစာ မချက်ဘူး။
အနောက်တိုင်း အစားအစာ စားချင်တဲ့သူတွေအတွက်တော့ ဆောရီးပါ၊ နေရာမှားလာပြီ။
ဒါကြောင့် ဒီက အမဲသား စားချင်ရင် ချက်ပြီးသားပဲ စားလို့ရမယ်၊ အစိမ်းစားလို့ မရဘူး။
စားသောက်ဆိုင် မရောက်ခင်မှာပဲ အီယန်တို့ မွှေးပျံ့တဲ့ အနံ့တွေ ရနေပြီ။
သူတို့ နှာခေါင်းရှုံ့လိုက်ပြီး အာမေဋိတ်သံ ပြုလိုက်ကြသည်။ "ဟာ... မွှေးလိုက်တာ၊ တကယ်မွှေးတာပဲ"
"ဒါ ငါတို့ရဲ့ အရသာခံအာရုံကို စိန်ခေါ်နေတာပဲ၊ ဘာလို့ ဒီလောက် မွှေးနေရတာလဲ"
"ရှောင်ကျိုး... စားသောက်ဆိုင် မရောက်သေးဘူးလား။ အနံ့ပဲရပြီး နေရာ မတွေ့ရသေးဘူး"
ရှောင်ကျိုး ရယ်မောရင်း ပြောလိုက်သည်။ "ဟဟ... မီတာ ရာဂဏန်းလောက် လိုသေးတယ်၊ ခဏနေ ရောက်တော့မှာပါ"
"ဘာ... မီတာ ရာဂဏန်း လိုသေးတယ် ဟုတ်လား"
၅ ယောက်သား အံ့သြသွားကြသည်။
"ဒီလောက် ဝေးတာတောင် အနံ့က ဒီထိ ရောက်လာတာလား"
"ဒါကြောင့် ကျွန်မတို့ စားသောက်ဆိုင်ကို ၁၀ မိုင် အဝေးကတည်းက မွှေးတဲ့ စားသောက်ဆိုင်လို့ ခေါ်ကြတာပေါ့"
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၉၅၆ ။ အံ့သြမှင်သက်ခြင်း
မကြာမီ ရှောင်ကျိုးက သူတို့ကို စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားသည်။
စားသောက်ဆိုင်နာမည်က ထောင်ယွမ်ရွာ စားသောက်ဆိုင်ဖြစ်ပြီး ရိုးရှင်းထင်ရှားသည်။
အီယန်တို့ ၅ ယောက် ဟွာရှဘာသာမဖတ်တတ်သော်လည်း ရှောင်ကျိုး၏ မိတ်ဆက်ပေးမှုကြောင့် ထောင်ယွမ်ရွာ အပန်းဖြေစခန်း စားသောက်ဆိုင် ဆိုသော စာလုံးများသည် ဒီပုံစံဖြစ်ကြောင်း သိရှိသွားကြသည်။
စားသောက်ဆိုင်သို့ ရောက်သောအခါ စားသောက်ဆိုင်၏ ပုံစံကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"ရှောင်ကျိုး... ဒီစားသောက်ဆိုင်က အရမ်းကြီးလွန်းတယ် မဟုတ်လား" အီယန် စိတ်ဝင်တစား မေးလိုက်သည်။
ရှောင်ကျိုး ရယ်မောရင်း ပြောလိုက်သည်။ "ကြီးတယ် ဟုတ်လား။ ဒါပေမဲ့ ရှင်တို့ မသိပါဘူး၊ ဒီစားသောက်ဆိုင်က အပြင်ကကြည့်ရင် ကြီးတယ် ထင်ရပေမဲ့ အတွင်းထဲ ဝင်ကြည့်ရင် အရမ်း ကြပ်နေတာ တွေ့ရလိမ့်မယ်"
ထောင်ယွမ်ရွာ လာလည်တဲ့ ခရီးသွား အများစုက ထောင်ယွမ်ရွာ စားသောက်ဆိုင်ကို လာချင်လို့ လာကြတာ။
ဘာလို့လဲဆိုတော့ စားသောက်ဆိုင်ထဲက အစားအသောက် အများစုက အပြင်မှာ ဝယ်မရဘူး၊ ဈေးကြီးကြီး ပေးရင်တောင် စားလို့မရဘူး။ ဒီတစ်ခေါက်ရောက်တုန်း ကိုယ့်အာသီသကို ဖြည့်ရမှာပေါ့။
တစ်ခါတလေ ခရီးသွားတချို့က ဒီအစားအသောက်တွေ စားချင်လို့ အနီးအနား ဟိုတယ်တွေ၊ အပန်းဖြေစခန်းထဲက တည်းခိုခန်းတွေကို ငှားပြီး ဒီက အစားအသောက်တွေကို အဝစားကြတယ်။
ဝမ်းနည်းစရာ ကောင်းတာက ထောင်ယွမ်ရွာ အပန်းဖြေစခန်းက အစားအသောက်တွေက စားလေ စားချင်လေဖြစ်ပြီး ဘယ်တော့မှ မဝနိုင်ဘူး။
ဒါတင် မကသေးဘူး၊ ပြန်ရောက်လို့ တခြား အစားအစာတွေ စားရင် ဝက်စာစားနေရသလို ခံစားရပြီး အရမ်း စားရခက်တယ်။ အရင်တုန်းက စားကောင်းပါတယ် ဆိုတဲ့ အစားအစာတွေလေ။
အီယန်တို့ ၅ ယောက်က ကြီးမားတဲ့ စားသောက်ဆိုင်ကို ကြည့်ပြီး ဒါ တကယ်ပဲ စားသောက်ဆိုင်တန်း ဟုတ်ရဲ့လား၊ အဆင့်မြင့် စားသောက်ဆိုင်ကြီး မဟုတ်ဘူးလားလို့ သံသယ ဝင်မိကြတယ်။
လူတိုင်းရဲ့ အမြင်မှာ စားသောက်ဆိုင်တန်းဆိုတာ ချက်ပြုတ်ကျွေးမွေးတဲ့ နေရာ၊ လုပ်ထားတဲ့ အစားအစာတွေက သာမန်ပဲ ဖြစ်မယ်၊ ဒါမှမဟုတ် အရမ်းစားရခက်မယ်လို့ ထင်ကြတာ။
ဒါပေမဲ့ ဒီမှာ လူထောင်ချီ ဆံ့တဲ့ စားသောက်ဆိုင်ကြီးက အဝေးကတည်းက မွှေးပျံ့တဲ့ အနံ့တွေ ရနေတယ်၊ အနားရောက်တော့ အနံ့က ပိုပြီး ဆွဲဆောင်မှု ရှိလာတယ်။
ရှောင်ကျိုးက ၅ ယောက်ကို စားသောက်ဆိုင်ထဲ ခေါ်သွားတော့ တန်းစီနေတဲ့ လူတန်းရှည်ကြီးတွေကို တွေ့လိုက်ရပြီး အံ့သြသွားကြတယ်။
"လူတွေ ဒီလောက် များတာလား"
ရှောင်ကျိုး ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အခုက ထမင်းစားချိန်မို့လို့ လူများတာပေါ့။ ဒီစားသောက်ဆိုင်က ထမင်းစားချိန် မဟုတ်ရင်တောင် လူများတာပဲ။ လူအများစုက ဒီကို လာတာ ဗိုက်ဝဖို့ သက်သက် မဟုတ်ဘူး၊ အရသာ ခံစားဖို့ လာကြတာ။ ဒါကြောင့် ဘယ်အချိန်ပဲ ဖြစ်ဖြစ် လူရှိနေတာ"
အီယန် အခု စိတ်ပူနေတာက "လူတွေ ဒီလောက်များတာ ငါတို့ ဘယ်တော့မှ စားရမှာလဲ"
ရှောင်ကျိုး ရယ်မောရင်း ပြောလိုက်သည်။ "ကျွန်မက ရှင်တို့ကို ဒီနေရာ လာပြရုံသက်သက်ပါ။ ရှင်တို့က အခု ကုမ္ပဏီရဲ့ ဧည့်သည်တွေ ဆိုတော့ နောက်ပေါက်ကနေ ဝင်လို့ရတဲ့ အခွင့်အရေး ရှိပါတယ်"
"ဟာ... ဟုတ်လား" အီယန်တို့ အံ့သြသွားကြသည်။ "ဒါဆို မြန်မြန် ခေါ်သွားပေးပါ၊ ကျွန်တော်တို့ အခု ဗိုက်ဆာနေပြီ"
အဓိကကတော့ သူတို့ အခု ဒီအစားအသောက်တွေကို မြည်းစမ်းကြည့်ချင်နေကြပြီ။
ဗိုက်ဆာတာလည်း အမှန်ပါပဲ။
ရှောင်ကျိုး ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ"
ထို့နောက် သူတို့ကို ခေါ်ထုတ်လာပြီး စားသောက်ဆိုင် နောက်ဘက် တံခါးပေါက်ငယ် တစ်ခုမှ ဝင်သွားလိုက်သည်။ ဝင်သွားသောအခါ အတွင်းဘက်တွင် စားသောက်ဆိုင်ငယ်တစ်ခုရှိနေသည်။
ဒီစားသောက်ဆိုင်ငယ်က အပြင်က စားသောက်ဆိုင်ကြီးနဲ့ ယှဉ်ရင် အများကြီး သေးငယ်ပေမဲ့ လူ ၄၀၀၊ ၅၀၀ လောက် ဆံ့တယ်။
ဒီစားသောက်ဆိုင်ငယ်ထဲက လူတွေက ထောင်ယွမ်ရွာသားတွေနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေပဲ။
စားသောက်ဆိုင်ငယ်ထဲက လူတွေက ရှောင်ကျိုး နိုင်ငံခြားသား ၅ ယောက် ခေါ်လာတာ မြင်တော့ မေးလိုက်ကြသည်။ "ရှောင်ကျိုး... ဒီ ၅ ယောက်က ဘယ်သူတွေလဲ"
ရှောင်ကျိုး ရယ်မောရင်း ပြောလိုက်သည်။ "ဒီ ၅ ယောက်က အခု ကုမ္ပဏီ ဧည့်သည်တွေပါ၊ မကြာခင် ကုမ္ပဏီ ဝန်ထမ်းတွေ ဖြစ်လာကြတော့မှာပါ။ ဥက္ကဌရှောင်က ကျွန်မကို သူတို့နဲ့အတူ အပန်းဖြေစခန်း အနှံ့ လိုက်ပြခိုင်းလိုက်လို့ပါ"
"ဪ... ဒီလိုကိုး"
ဥက္ကဌရှောင် ကိုယ်တိုင် မှာကြားတယ်ဆိုရင် ဒီ ၅ ယောက်က နောက်ပိုင်း အထက်တန်းအဆင့် စီမံခန့်ခွဲသူတွေ ဖြစ်လာမှာ သေချာတယ်၊ ပြီးတော့ ဥက္ကဌရှောင်က အလေးထားတဲ့သူတွေ ဖြစ်မှာ။
ရှောင်ကျိုးက အီယန်တို့ကို ပြောလိုက်သည်။ "ထမင်းဟင်း ထည့်ပေးတဲ့ ဦးလေး၊ ဒေါ်လေးတွေက အင်္ဂလိပ်စကား နားလည်ကြတယ်၊ ရှင်တို့ စားချင်တာ ကိုယ့်ဘာသာ မှာပြီး ထည့်ခိုင်းလိုက်။ ဒါပေမဲ့ ကုန်အောင် စားနိုင်သလောက်ပဲ ထည့်နော်၊ လုံးဝ အလေအလွင့် မရှိစေရဘူး" ဒီစကားပြောရင်း ရှောင်ကျိုးက နံရံပေါ်က သတိပေးစာတန်းကို လက်ညှိုးထိုးပြပြီး ဆက်ပြောသည်။ "အလေအလွင့် များရင် ဒဏ်ငွေပေးရလိမ့်မယ်"
အီယန်တို့က သတိပေးစာတန်းကို ကြည့်ပြီး ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... ကျွန်တော်တို့ သိပါပြီ"
ထို့နောက် သူတို့ ၅ ယောက် သွားကြည့်ကြသည်။ ရှောင်ကျိုးလည်း ထမင်းဟင်းတစ်ပွဲ ထည့်ပြီး နေရာလွတ် တစ်နေရာတွင် ဝင်ထိုင်ကာ စားနေလိုက်သည်။
ဒီက ထမင်းဟင်း စားတိုင်း ဗိုက်ဝဖို့ မဟုတ်ဘူး၊ စံစားဖို့ သက်သက်ပဲ။
အီယန်တို့က စီတန်းထားသော ရောင်စုံ အစားအသောက် မျိုးစုံကို ကြည့်ပြီး တံတွေးမြိုချလိုက်မိသည်။
ဒီအစားအသောက်တွေက ကြည့်ကောင်းရုံတင် မကဘူး၊ မွှေးပျံ့တဲ့ အနံ့တွေက နှာခေါင်းထဲ တိုးဝင်လာပြီး စားချင်စိတ်ကို လှုံ့ဆော်နေတယ်။
သူတို့က အစားအစာတိုင်းကို မြည်းစမ်းကြည့်ချင်ပေမဲ့ အစားအစာ ပေါင်း ရာချီ ရှိနေတာ၊ ပါးစပ်တစ်ပေါက်၊ ဗိုက်တစ်လုံးတည်းနဲ့ ဘယ်လို မြည်းစမ်းနိုင်မလဲ။
ဒါကြောင့် သူတို့က ကြည့်ကောင်းပြီး အရသာ ရှိမယ့် အစားအစာ အနည်းငယ်ကို အရင် ရွေးချယ် စားသောက်လိုက်ကြသည်။
ဗိုက်က ဒီလောက်ပဲ ဆံ့တာ၊ အစားအစာတွေက အရမ်း အရသာရှိလွန်းလို့ အငမ်းမရ စားလိုက်တာ ထမင်းတစ်ပွဲ ခဏလေးနဲ့ ကုန်သွားတယ်။ ဗိုက်ဝသွားပြီ ဆိုတာ ခံစားလိုက်ရတယ်၊ ထပ်စားချင်ရင်တောင် မဆံ့တော့ဘူး။ လုံးဝန်းနေတဲ့ ဗိုက်ကို ပွတ်သပ်ရင်း ထမင်းထည့်တဲ့ နေရာကို လှမ်းကြည့်ကာ မကျေမနပ် ဖြစ်နေရတယ်။
အီယန်က တခြား သူငယ်ချင်း ၄ ယောက်ကို ပြောလိုက်သည်။ "ဒါ အများပြည်သူ စားသောက်ဆိုင် ဖြစ်ပေမဲ့ ဒီက အစားအစာတွေက တကယ်အရသာရှိတာပဲ"
"ဟုတ်တယ်... အရင်တုန်းက ငါတို့က သက်သတ်လွတ် ဟင်းပွဲတွေကို သိပ်မကြိုက်ဘူး၊ ငါတို့အတွက် အဲဒီ အသီးအရွက်တွေက အစားအစာ အလှဆင်ဖို့ သက်သက်ပဲ။ ဒါပေမဲ့ ဒီရောက်လို့ ဒီက အစားအစာတွေ စားကြည့်တော့မှ သိလိုက်ရတယ်၊ သက်သတ်လွတ် ဟင်းပွဲတွေကလည်း ဒီလောက် အရသာ ရှိတာပဲလို့"
သူတို့ နိုင်ငံမှာဆိုရင် အနောက်တိုင်း အစားအစာတွေ စားကြတာ၊ အသားငါးကို အဓိကထား စားကြတာ။ သူတို့ နိုင်ငံမှာလည်း ဟွာရှအစားအစာ စားဖူးပေမဲ့ သူတို့အတွက် အရသာက သိပ်မကောင်းဘူး။ အဓိကက ဟွာရှ အစားအစာ စားရင် တူမသုံးတတ်ဘူးလေ။ ဒါကြောင့် သူတို့ ဟွာရှ အစားအစာ သွားစားတာ ရှားတယ်၊ အရေးကြီးတဲ့ ဧည့်သည်က ဟွာရှသားဖြစ်မှသာ သွားစားကြတာ။
ဒီရောက်လာတော့ ဟွာရှ အစားအစာ မစားရင် လူမဟုတ်တော့ဘူး၊ နောင်တကြီးကြီးမားမား ရလိမ့်မယ်လို့ ခံစားရတယ်။
"ဒီက ပစ္စည်းတွေက သက်သတ်လွတ် ဖြစ်ဖြစ်၊ အသားဟင်း ဖြစ်ဖြစ် အရမ်းအရသာရှိတယ်၊ ပြီးတော့ ဒီအရသာက ငါတို့ အနောက်တိုင်း အစားအစာတွေနဲ့ မတူဘူး"
"နောက်ပိုင်း ငါတို့ ဒီမှာ အလုပ်လုပ်ရင် နေ့တိုင်း ဒီလို အရသာမျိုး စားရတော့မှာလား"
"ဘရူးစ် ပြောသားပဲ... Green Freshအုပ်စုမှာ အလုပ်လုပ်ရင် စားသောက်ဆိုင်မှာ သွားစားလို့ ရတယ်၊ စားသောက်ဆိုင်က ချက်တဲ့ အစားအစာတွေက ကိုယ့်ကုမ္ပဏီက ထွက်တဲ့ ပစ္စည်းတွေပဲ။ ဒါ ဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့် တစ်ခုပဲ"
ဒါကြောင့် လူအများကြီးက Green Freshအုပ်စုမှာ အလုပ်လုပ်ဖို့ လုနေကြတာ။
Green Freshအုပ်စုက လူခေါ်တာ တင်းကျပ်တာမှန်ပေမဲ့ ဝန်ထမ်းခံစားခွင့် အရမ်းကောင်းတာလည်း မှန်ပါတယ်။
ရှောင်ကျိုးက တခြားလူတွေနဲ့ ခဏလောက် စကားပြောပြီးနောက် လျှောက်လာကာ ပြုံး၍ မေးလိုက်သည်။ "ရှင်တို့ စားလို့ ကောင်းရဲ့လား"
အီယန်က ပြုံး၍ ပြောလိုက်သည်။ "ကျွန်တော်တို့ ဗိုက်ပြည့်သွားပြီ၊ ဒါပေမဲ့ မဝသေးဘူး"
အရသာရှိတဲ့ အစားအစာတွေ များလွန်းလို့ မြည်းစမ်းလို့ မကုန်နိုင်ဘူး။
ရှောင်ကျိုး ပါးစပ်အုပ် ရယ်မောပြီး ပြောလိုက်သည်။ "ဟဟ... နောက်ပိုင်း ဖြည်းဖြည်းချင်း မြည်းစမ်းပါ၊ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"
အီယန် မေးလိုက်သည်။ "မစ္စရှောင်ကျိုး... ခဏနေ ကျွန်တော်တို့ ဘယ်သွားကြမလဲ"
ရှောင်ကျိုး သူတို့ကို ကြည့်ပြီး မေးလိုက်သည်။ "ရှင်တို့ ခဏလောက် နားပြီးမှ သွားမလား"
အီယန်တို့ လက်ကာပြပြီး ပြောလိုက်သည်။ "မနားတော့ပါဘူး၊ မနားတော့ပါဘူး၊ အခုပဲ သွားကြမယ်၊ လမ်းလျှောက်ရင်း အစာချေရင်း ကြည့်ကြတာပေါ့"
ရှောင်ကျိုး သူတို့ပြောတာ ကြားတော့ ထပ်မတားတော့ပါဘူး။
ရှောင်ကျိုး စဉ်းစားပြီး ပြောလိုက်သည်။ "ကျွန်မတို့ မသွားရသေးတဲ့နေရာတွေ အများကြီး ကျန်သေးတယ်၊ မက်မွန်တောအုပ်၊ ရေလှောင်ကန်၊ ခြင်္သေ့ရေပန်း စတဲ့ လှပတဲ့ နေရာတွေ ရှိသေးတယ်၊ ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုနိုင်ပါစေ"
ထမင်းစားပြီးခါစ မို့လို့ အီယန်တို့က ရှောင်ကျိုးနောက်လိုက်ပြီး ခဏလောက် လမ်းလျှောက်လိုက်ကြတယ်၊ ပြီးတော့ ဓာတ်ရထား စီးပြီး ရှောင်ကျိုး ပြောတဲ့ နေရာတွေကို သွားကြတယ်။
ရှောင်ကျိုးက ဧည့်လမ်းညွှန်အနေနဲ့ လမ်းပြပေးတာမို့လို့ ကားစီးရတာ လမ်းလျှောက်ရှာဖွေရတဲ့ အချိန် သက်သာစေတယ်၊ လျှောက်မသွားမိတော့ဘူး။
ခဏကြာတော့ ရှောင်ကျိုးက သူတို့ကို မက်မွန်တော တောင်ခြေရင်းဆီ ခေါ်သွားပြီး တောင်ပေါ်က မက်မွန်တောအုပ်ကို ညွှန်ပြကာ ပြောလိုက်သည်။ "ဒီနေရာက မက်မွန်တောအုပ် ဧရိယာပါ"
အီယန်တို့က စိမ်းလန်းစိုပြည်နေတဲ့ တောင်ကုန်းတစ်ခုလုံး ပြည့်နေတဲ့ မက်မွန်ပင်တွေကို ကြည့်ပြီး အနည်းငယ် အံ့သြသွားကြသည်။ "မက်မွန်ပင်တွေ အများကြီးပဲ"
ရှောင်ကျိုး ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... ဒီတောင်ကုန်းတွေ အကုန်လုံး မက်မွန်ပင်တွေ စိုက်ထားတာ၊ အပင်သောင်းချီ ရှိတယ်။ ဒါပေမဲ့ အခုက မက်မွန်ပွင့်တဲ့ရာသီ မဟုတ်သေးဘူး။ ပန်းပွင့်တဲ့ ရာသီ ရောက်ရင် ဝါး... ရှင်တို့ မသိပါဘူး၊ ဒီနေရာက ဘယ်လောက် လှပလဲ၊ ဘယ်လောက် ရိုမန်းတစ်ဆန်လဲ ဆိုတာ။ လေတိုက်ရင် ယိမ်းနွဲ့နေတဲ့ မက်မွန်ကိုင်းတွေ၊ ကောင်းကင်အပြည့် ပျံဝဲနေတဲ့ ပန်းရောင် ပန်းပွင့်ဖတ်တွေ၊ ပြီးတော့ ရှေးဟောင်း ဝတ်စုံ ဝတ်ထားတဲ့ လှပတဲ့ မိန်းကလေးတွေ မက်မွန်ပင်အောက်မှာ ကခုန်နေကြတာ၊ ကျွတ် ကျွတ်... တကယ် လှလွန်းတယ်"
ရှောင်ကျိုးရဲ့ ပြောပြချက်ကို နားထောင်ပြီး အီယန်တို့ အဲဒီလို လှပပြီး ရိုမန်းတစ်ဆန်တဲ့ မြင်ကွင်းကို စိတ်ကူးကြည့်လို့ ရတယ်။
အီယန် ပြောလိုက်သည်။ "အင်း... မက်မွန်ပွင့်တဲ့ရာသီရောက်ရင် ကျွန်တော်တို့ သေချာပေါက် လာကြည့်ရမယ်"
အခု ကြည့်ရတာလည်း လှပေမဲ့ နည်းနည်း သာမန်ဆန်နေတယ်။
ရှောင်ကျိုး ပြောလိုက်သည်။ "ဒီတောင်ပေါ်မှာ သစ်သီးပင် မျိုးစိတ် ရာချီ၊ ထောင်ချီ ရှိတယ်၊ ကျွန်မတို့ တက်ကြည့်ကြမလား"
အီယန်တို့ ကြည့်လိုက်ပြီး ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... သွား... သွားကြည့်ကြမယ်"
အခု မကြည့်ရင် နောက်ပိုင်း အချိန်ရပါ့မလား မသိဘူး။
***