← Chapters

အခန်း (၉၅၉-၉၆၀)

Vol. 59 Ch. 959-960

အခန်း (၉၅၉-၉၆၀)

Vol. 59 Ch. 959-960

အခန်း ၉၅၉ ။ အပြစ်ရှိသူကို စစ်ဆေးမေးမြန်းခြင်း

အီယန်တို့ ၅ ယောက်သည် ထောင်ယွမ်ရွာ အပန်းဖြေစခန်းတွင် ၂ ရက်ခန့် လည်ပတ်ပြီးနောက် အလုပ်တာဝန်များ ပေးအပ်ခြင်း ခံခဲ့ရသည်။ တစ်ယောက်လျှင် နိုင်ငံတစ်ခုကို တာဝန်ယူရသည်။

ဟွမ်လင်းအုပ်စု အတွင်းတွင် ဘရူးစ်က ကုမ္ပဏီမှ ထူးချွန် ဝန်ထမ်း အများအပြားကို ခေါ်ထုတ်သွားသည် ဆိုသော သတင်း ပျံ့နှံ့သွားသည်။

"ခွေးကောင်" မိုက်ကယ် ဒေါသတကြီးဖြင့် ရုံးခန်းအတွင်းရှိ ရိုက်ခွဲ၍ ရသမျှ ပစ္စည်းများကို ထပ်မံ ရိုက်ခွဲပစ်လိုက်ပြန်သည်။

မိုက်ကယ် ယခုတစ်ကြိမ်တွင် ဘရူးစ်ကို အမှန်တကယ် ဒေါသထွက်နေပြီ။

"ဘရူးစ်... မင်း ဒီခွေးကောင်"

သူ ရုံးခန်းထဲတွင် ဒေါသတွေ ပေါက်ကွဲနေစဉ် အတွင်းရေးမှူး တံခါးခေါက်ပြီး ဝင်လာသည်။ ရုံးခန်းအတွင်း ရှုပ်ပွနေသည်ကို မြင်သောအခါ သူမ သတိထားပြီး ပြောလိုက်သည်။ "မစ္စတာ မိုက်ကယ်... စောစောက ဒါရိုက်တာအဖွဲ့က ဖုန်းဆက်လာတယ်၊ ဒါရိုက်တာအဖွဲ့ အစည်းအဝေး ချက်ချင်း လုပ်မယ်တဲ့"

"ဘာ..." မိုက်ကယ်က မျက်လုံးများ နီရဲလျက် အတွင်းရေးမှူးကို မီးဝင်းဝင်းတောက်မတတ် ကြည့်ကာ မေးလိုက်သည်။ "ဒါရိုက်တာအဖွဲ့ အစည်းအဝေး လုပ်မယ်ဆိုရင် အရင်ဆုံး အကြောင်းကြားစာ ပို့ရတယ် မဟုတ်လား။ ဒီတစ်ခေါက် ဘာလို့ ဒီလောက် ရုတ်တရက်ကြီး လုပ်ရတာလဲ"

သူ မကောင်းတဲ့ ခံစားချက် တစ်ခု ခံစားနေရတယ်။

အတွင်းရေးမှူးက ကြောက်ရွံ့တုန်လှုပ်စွာ အစီရင်ခံလိုက်သည်။ "ဒါရိုက်တာအဖွဲ့ဘက်က ပြောတာတော့ ဒါက အရေးပေါ် ခေါ်ယူတဲ့ ယာယီ ဒါရိုက်တာအဖွဲ့ အစည်းအဝေးပါတဲ့၊ ဒါကြောင့် အကြောင်းကြားစာ မပို့လိုက်ရတာပါတဲ့"

မိုက်ကယ် လက်ကာပြပြီး ပြောလိုက်သည်။ "ကောင်းပြီ... ငါ သိပြီ၊ မင်း သွားတော့"

ဒီတစ်ခေါက်ခေါ်ယူတဲ့ ယာယီ ဒါရိုက်တာအဖွဲ့ အစည်းအဝေးက သူ့ကို ပစ်မှတ်ထားတာ သေချာတယ်လို့ သူ ခံစားနေရတယ်။

ရုံးခန်းထဲတွင် ခဏထိုင်ပြီးနောက် သူ မတ်တတ်ရပ်ကာ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။ ထို့နောက် ရုံးခန်းထဲမှ ထွက်ခွာပြီး ဒါရိုက်တာ အစည်းအဝေးခန်းမသို့ ခေါင်းမော့ရင်ကော့ လျှောက်သွားလိုက်သည်။

….

ဟွမ်လင်းအုပ်စုသည် နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းကြောင်း ရှိခဲ့ပြီ။ စတင် တည်ထောင်စဉ်က ရှယ်ယာရှင် ၃၊ ၅ ယောက်သာ ရှိခဲ့သော်လည်း ယနေ့တွင် ၂၀၊ ၃၀ ခန့်အထိ တိုးပွားလာခဲ့သည်။

အများဆုံး ရှယ်ယာ ပိုင်ဆိုင်ထားသူမှာ မိုက်ကယ်တို့ ရေဒင် မိသားစု ဖြစ်သည်။

မိုက်ကယ်သည် မိသားစုက စေလွှတ်လိုက်သော ကိုယ်စားလှယ်သာ ဖြစ်ပြီး ပြောရေးဆိုခွင့် ရှိသော်လည်း အခြေအနေ အများအပြားတွင် မိသားစု၏ ထိန်းချုပ်မှုကို ခံနေရသည်။

ဒီရက်ပိုင်းအတွင်း ဟွမ်လင်းအုပ်စု၏ စီးပွားရေး လုပ်ငန်းများ ဆက်တိုက် ကျဆင်းနေသည်။ ကမ္ဘာအနှံ့အပြားမှ အမှာစာများ ရုတ်တရက် ဖျက်သိမ်းခံရပြီး နိုင်ငံအသီးသီးမှ ထိပ်တန်း အထက်တန်းလွှာများနှင့် အဆက်အသွယ် ပြတ်တောက်သွားသဖြင့် ကုမ္ပဏီ၏ စီးပွားရေး တစ်ခုလုံးကို ထိခိုက်စေခဲ့သည်။

ယခု အုပ်စုတစ်ခုလုံး၏ စီးပွားရေး ကျဆင်းနေပြီး အရောင်းပမာဏ အများအပြား ဆုံးရှုံးနေရသည်။ ကုမ္ပဏီ ဝန်ထမ်း အများအပြား အလုပ်ထွက်ကုန်ကြခြင်း စသော ပြဿနာမျိုးစုံ ဖြစ်ပေါ်နေသည်။

ပြဿနာကြီးတွေ အများကြီး ဖြစ်နေတော့ အကျိုးအမြတ် ခံစားပြီး ထိုင်နေတဲ့ ရှယ်ယာရှင်တွေလည်း ငြိမ်မနေနိုင်ကြတော့ဘူး။

ဒါကြောင့် ရှယ်ယာရှင် ၂၀၊ ၃၀ လောက်က ယာယီ ရှယ်ယာရှင် အစည်းအဝေး ခေါ်ယူပြီး မိုက်ကယ်ကို အပြစ်ရှာဖို့ ပြင်ဆင်ကြတာပေါ့။

ပြဿနာတွေ အများကြီး ဖြစ်နေတာ မိုက်ကယ် ကောင်းကောင်း မဖြေရှင်းနိုင်ဘူးဆိုရင် သူ့အရည်အချင်း ညံ့ဖျင်းလို့ပဲ။

မိုက်ကယ် အစည်းအဝေးခန်းမထဲ ဝင်လိုက်သည်နှင့် တစ်ချက် ဝေ့ကြည့်လိုက်ရာ ကုမ္ပဏီ၏ ရှယ်ယာရှင် ၂၆ ဦးလုံး ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။ သူ့မိသားစုဝင်များလည်း ပါဝင်နေသည်။ သူ နှုတ်ခမ်းထောင့် စွန်းတက်ကာ အေးစက်စွာ ပြုံးလိုက်မိသည်။

ဒီကောင်တွေက ပုံမှန်ဆို ကုမ္ပဏီကိစ္စတွေကို လက်ရှောင်ပြီး ပိုက်ဆံတောင်းဖို့လောက်ပဲ သိကြတာ။ အခု ကုမ္ပဏီ ပြဿနာ နည်းနည်းတက်တာနဲ့ သူ့ကို ပြဿနာ လာရှာကြပြီ။

ဟွန့်...

အစည်းအဝေးခန်းမထဲက ရှယ်ယာရှင်တွေက မိုက်ကယ် ဝင်လာတာ မြင်တော့ အားလုံးက သူ့ကို စိုက်ကြည့်နေကြတယ်။ မျက်နှာတွေက မည်းမှောင်ပြီး တည်ကြည်လေးနက်နေတယ်။ ဒေါသ အရိပ်အယောင်တွေတောင် တွေ့နေရတယ်။

မိုက်ကယ်က သူတို့အကြည့်တွေကို လစ်လျူရှုပြီး ကိုယ့်နေရာမှာ ဝင်ထိုင်ကာ မေးလိုက်သည်။ "ဒီနေ့ ယာယီ ဒါရိုက်တာအဖွဲ့ အစည်းအဝေး ခေါ်တာ ငါ့ကို ကြိုမပြောဘူးလား။ ဘာလဲ... အရေးကြီး ကိစ္စ ရှိလို့လား"

မိုက်ကယ် ပါးစပ်ဟလိုက်သည်နှင့် တစ်ယောက်က ထခုန်ပြီး အပြစ်တင်တော့သည်။ "မိုက်ကယ်... မင်း မေးရဲသေးတယ်ပေါ့။ ကုမ္ပဏီမှာ ပြဿနာကြီးဖြစ်နေတာ မင်း ဒါရိုက်တာအဖွဲ့ကို အစီရင်မခံဘူးလား"

မိုက်ကယ်က ဟန်ဆောင်ပြီး သံသယဖြင့် မေးလိုက်သည်။ "ကုမ္ပဏီမှာ ဘာပြဿနာကြီး ဖြစ်လို့လဲ။ ငါ မသိပါလား" ပုံမှန်ဆို သူပဲ ကုမ္ပဏီကို စီမံခန့်ခွဲနေတာလေ။ အခု ပြဿနာ နည်းနည်း တက်တာနဲ့ သူ့ကို အပြစ်တင်ချင်နေကြပြီ။ ဟွန့်... အိပ်မက်မက်နေလိုက်။

"ဖြောင်း..." ရှယ်ယာရှင် တစ်ယောက်က လက်ထဲက အစီရင်ခံစာ တစ်စောင်ကို မိုက်ကယ် ရှေ့ ပစ်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "ဟန်ဆောင်နေတုန်းလား။ မင်း ဆက်ဟန်ဆောင်နေလိုက်။ ဒီအရောင်းအစီရင်ခံစာတွေကို ကြည့်လိုက်ဦး၊ နေ့တိုင်း ကျဆင်းနေတာ။ ဝက်ဝက်အတွင်းမှာတင် အမှာစာ ၁၀ ရာခိုင်နှုန်း အဖျက်သိမ်းခံလိုက်ရပြီ၊ ဆက်ပြီး ကျဆင်းနေတုန်းပဲ။ ဒါက ကုမ္ပဏီကို ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်စေတယ်။ မင်းက ကုမ္ပဏီရဲ့ CEO ဖြစ်ပြီး မသိဘူးလား။ ဝက်ဝက်အတွင်းမှာ ငါတို့ရဲ့ အရောင်းပမာဏ ဘီလီယံ ၅၀ ဆုံးရှုံးသွားပြီ"

မိုက်ကယ်က အစီရင်ခံစာများကို လှန်လှောကြည့်ရှုလိုက်သည်။ ရှယ်ယာရှင်များ၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရင်း သူ အေးစက်စွာ ပြောလိုက်သည်။ "စီးပွားရေး လုပ်တယ် ဆိုတာ အတက်အကျ ရှိတာပဲလေ။ ဟွမ်လင်းအုပ်စုက နှစ်ပေါင်း ၁၀၀ ကျော် ဒီလိုပဲ လာခဲ့တာ။ ဒီပြဿနာတွေက ခဏတာပဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော် မကြာခင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်၊ မကြာခင် စီးပွားရေးတွေ ပုံမှန် ပြန်ဖြစ်သွားပြီး ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုက ပိုကောင်းလာလိမ့်မယ်"

"ဟွန့်... ပြောတာတော့ လွယ်တာပေါ့" ရှယ်ယာရှင် တစ်ဦးက သရော်လိုက်သည်။ "မကြာခင် ဖြေရှင်းနိုင်မယ် ဟုတ်လား။ ဘယ်လောက် မြန်မှာလဲ။ ဟွာရှ ရုံးခွဲ ကိစ္စတုန်းကလို ပီတာကို လွှတ်ပြီး ဖြေရှင်းခိုင်းသလိုမျိုး ရုံးခွဲတစ်ခုလုံး ပျက်စီးသွားအောင်၊ ရုံးချုပ်က လျော်ကြေးငွေ အမြောက်အမြား ပေးရအောင် လုပ်မလို့လား"

"ဟုတ်တယ်... ငါတို့ ကုမ္ပဏီ ဟွာရှကနေ ထွက်ခွာခဲ့ရပြီးနောက် တိုက်ရိုက် ဆုံးရှုံးမှုက ဘီလီယံ ၃၀၀၊ ၄၀၀ ရှိတယ်။ ဟွန့်... ဟွန့်... ဒါ မင်း ပြောတဲ့ ဖြေရှင်းတဲ့ ရလဒ်လား"

...

ဒီရှယ်ယာရှင်တွေက မိုက်ကယ် ပြောတာကို လက်မခံကြဘဲ အတိတ်က စာရင်းဟောင်းတွေကို ပြန်တူးဖော်ပြီး မိုက်ကယ်နဲ့ စာရင်းရှင်းနေကြတယ်။

သူတို့ရဲ့ ပြစ်တင်ဝေဖန်မှုတွေကို နားထောင်ရင်း မိုက်ကယ် ရင်ထဲမှာ ဒေါသတွေ ပြည့်နှက်နေတယ်။ လက်ညှိုးထိုးပြီး အမိန့်ပေးရုံလောက်ပဲ တတ်တဲ့ ဒီကောင်တွေကို ဆဲဆိုပစ်လိုက်ချင်ပေမဲ့ သည်းခံလိုက်ရတယ်။

သူ အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ ဟွာရှ ရုံးခွဲ ထွက်ခွာခဲ့ရတာက သူ့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် မဟုတ်ဘဲ လူရွေးချယ်မှု မှားယွင်းသွားလို့ပါ ဆိုပြီး အကြောင်းပြလိုက်သည်။

"ဒီကိစ္စက ကျွန်တော် လူရွေးချယ်မှု မှားယွင်းသွားလို့ ဒီလောက် ပြဿနာကြီး ဖြစ်လာရတာပါ"

သူ့စိတ်ထဲမှာလည်း ပီတာကို အပြစ်တင်နေမိတယ်။ Green Freshအုပ်စုကို တိုက်ခိုက်ချင်ရင် အမြီးအမောက်တည့်အောင် မလုပ်ဘဲ Green Freshအုပ်စုကို အမြီးဖမ်းမိအောင် လုပ်ခဲ့တယ်။

အစတုန်းက လက်ပါတဲ့လူတွေကို တိုက်ရိုက် သတ်ပြီး နှုတ်ပိတ်လိုက်ရင်၊ သက်သေအထောက်အထား ဖျောက်ဖျက်လိုက်ရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး။

"ဟွန့်... လူရွေးချယ်မှု မှားယွင်းတယ် ဟုတ်လား။ လူရွေးချယ်မှု မှားယွင်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းရဲ့ တာဝန်ကို ရှောင်လွှဲလို့ ရမယ် ထင်နေလား" ရှယ်ယာရှင် တစ်ယောက်က လက်မခံဘဲ ပြောလိုက်သည်။ "မင်းက အုပ်စု ဥက္ကဌ၊ ကုမ္ပဏီရဲ့ အမြင့်ဆုံး ဆုံးဖြတ်ချက်ချသူ။ မင်း ချမှတ်လိုက်တဲ့ အမိန့်တိုင်း၊ ခန့်အပ်လိုက်တဲ့ လူတိုင်းက ကုမ္ပဏီရဲ့ အကျိုးစီးပွားနဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့် လူရွေးချယ်မှု မှားယွင်းတာက မင်းရဲ့ ပြဿနာပဲ"

"အခု ကုမ္ပဏီ တစ်ခုလုံးရဲ့ စွမ်းဆောင်ရည် ကျဆင်းနေတယ်၊ ငါတို့ ကြားတာတော့ ကုမ္ပဏီက ထူးချွန် ဝန်ထမ်းတွေ အများကြီး နာမည်မရှိတဲ့ ဟွာရှ ကုမ္ပဏီတစ်ခုဆီ အလုပ်ပြောင်းသွားကြတယ် ဆို၊ ဒီကိစ္စကို မင်း ဘယ်လို ပြောမလဲ"

"ထူးချွန် ဝန်ထမ်းတွေ အလုပ်ပြောင်းတာ၊ တစ်ခါတည်းနဲ့ လူအများကြီး ထွက်သွားတာ၊ ဒါက ကုမ္ပဏီ စွမ်းဆောင်ရည် ကျဆင်းတာထက် ပိုဆိုးရွားတယ်။ သိထားရမှာက ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ဖို့က ဒီလူတော်တွေကို မှီခိုရတာ။ လူတော် မရှိရင် ကုမ္ပဏီက ဘယ်လို ဖွံ့ဖြိုးတိုးတက်မလဲ"

"မိုက်ကယ်... သူတို့ ဘာလို့ အလုပ်ပြောင်းကြတာလဲဆိုတာ မင်း ရှင်းရှင်းလင်းလင်း ပြောပြရမယ်"

"ဒီနေ့ ၅ ယောက် ထွက်သွားမယ်၊ မနက်ဖြန် ၅ ယောက် ထွက်သွားမယ်ဆိုရင် ငါတို့ လူတော်တွေ အကုန် ကုန်သွားရင် ငါတို့ ဘယ်က လူတော် သွားရှာမလဲ"

မိုက်ကယ်က ပြောသည်။ "သူတို့ကို ဘရူးစ် တူးသွားတာပါ"

"ဘရူးစ်..."

"ဒါ ဘယ်သူလဲ"

"ဪ... ငါ မှတ်မိပြီ။ ဒီဘရူးစ်က အရင်တုန်းက ဟွာရှ ရုံးခွဲ ဥက္ကဌလေ။ နောက်ပိုင်း ဟွာရှ ရုံးခွဲ စွမ်းဆောင်ရည် ကျဆင်းလို့ မိုက်ကယ်က စကားတစ်ခွန်းမှ မပြောဘဲ အလုပ်ထုတ်ပစ်လိုက်တာ၊ ပြီးတော့ ကမ္ဘာအနှံ့ ပိတ်ပင်လိုက်သေးတယ်"

"ဪ... ငါလည်း မှတ်မိပြီ။ အရင်တုန်းက ဘရူးစ် ဟွာရှ ရုံးခွဲကို တာဝန်ယူတုန်းက စွမ်းဆောင်ရည် အကောင်းဆုံးပဲ။ နောက်ပိုင်း ဘာအကြောင်းကြောင့်မှန်း မသိဘဲ စွမ်းဆောင်ရည် ကျဆင်းသွားတော့ မိုက်ကယ်က အလုပ်ထုတ်ပစ်လိုက်တာ"

"နေပါဦး... ဘရူးစ်က ကမ္ဘာအနှံ့ ပိတ်ပင်ခံထားရတာ မဟုတ်ဘူးလား။ သူ အခု ဘယ်မှာ အလုပ်ရသွားတာလဲ။ ဘာလို့ ရုတ်တရက်ကြီး ငါတို့ ကုမ္ပဏီက လူတွေကို လာတူးရတာလဲ။ ပြီးတော့ ဒီလုပ်ငန်းခွင်မှာ ငါတို့ ဟွမ်လင်းအုပ်စုက နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ်၊ ခေါင်းဆောင်လေ၊ အရူးတွေမှ အလုပ်ပြောင်းပြီး ထွက်ပြေးကြမှာ"

မည်သူမဆို ရေနိမ့်ရာ စီး၊ မီးအမြင့်ရာ တောက် သဘောတရားကို နားလည်ကြသည်။

လုပ်ငန်းခွင်မှာ ထူးချွန်ပြီး အရည်အချင်း ရှိတဲ့သူ ဆိုရင် ဘယ်သူက အကောင်းဆုံး ကုမ္ပဏီမှာ အလုပ်မလုပ်ချင်ဘဲ နေမလဲ။

ဒါပေမဲ့ အခု ကုမ္ပဏီထဲက လူတချို့က ပြောင်းပြန် လုပ်နေကြတာ သူတို့ နားမလည်နိုင် ဖြစ်နေကြတယ်။

"ငါ ကြားတာတော့ အခု ထွက်သွားတဲ့ လူတွေက ဘရူးစ်နဲ့ ဆက်ဆံရေး တော်တော် ကောင်းကြတယ်တဲ့"

"ဒါပေမဲ့ ဆက်ဆံရေး ဘယ်လောက် ကောင်းကောင်း ကိုယ့်အနာဂတ်နဲ့ စနောက်စရာ အကြောင်း မရှိဘူးလေ"

"ဪ... ဟုတ်သားပဲ၊ မိုက်ကယ်... ဘရူးစ် အခု ဘယ်မှာ အလုပ်လုပ်နေတာလဲ"

မိုက်ကယ်က ပြောသည်။ "သူက ဟွာရှ ကုမ္ပဏီ တစ်ခုမှာ လုပ်နေတာပါ"

ရှယ်ယာရှင် တစ်ဦး ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်ပြီး နားမလည်နိုင်စွာ ပြောလိုက်သည်။ "ဟွာရှ ကုမ္ပဏီမှာ လုပ်နေတယ် ဟုတ်လား။ ငါတို့ လုပ်ငန်းနယ်ပယ်မှာ ဟွာရှအတွင်း ဘာကုမ္ပဏီကောင်း ရှိလို့လဲ။ ရှာမယ်ဆိုရင်တောင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ တစ်ခု၊ နှစ်ခုလောက် ရှာရမှာပေါ့"

"မင်း မေ့နေပြီလား။ ဘရူးစ်က မိုက်ကယ်ရဲ့ ကမ္ဘာအနှံ့ ပိတ်ပင်တာ ခံထားရတာလေ၊ သူ ဘာကုမ္ပဏီကောင်း ရှာတွေ့နိုင်မှာလဲ။ အရင်တုန်းက သူ ဟွာရှမှာ လုပ်ခဲ့ဖူးတော့ ဟွာရှကုမ္ပဏီတစ်ခုပဲ ရှာတွေ့နိုင်မှာပေါ့"

"ဒါပေမဲ့ မဟုတ်သေးဘူး။ သူ ဟွာရှ ကုမ္ပဏီ ရှာတာ အဆင်မပြေဘူးဆိုရင် ငါတို့ ကုမ္ပဏီက ထူးချွန် ဝန်ထမ်းတွေက ဘာလို့ သူ့နောက် ပါသွားကြတာလဲ"

"ဟုတ်တယ်... ဒါက ငါတို့ကို နားမလည်နိုင်အောင် ဖြစ်စေတဲ့ အချက်ပဲ"

"မိုက်ကယ်... ဘရူးစ် ရှာတွေ့ထားတဲ့ ဟွာရှ ကုမ္ပဏီက ဘယ်ကုမ္ပဏီလဲ" ရှယ်ယာရှင် တစ်ဦးက မေးလိုက်သည်။

"ဟွာရှက Green Freshအုပ်စုပါ"

"Green Freshအုပ်စု... ဒါ ဘာကုမ္ပဏီလဲ၊ ဘယ်တုန်းကမှ မကြားဖူးပါလား"

"ဟုတ်တယ်... ဟွာရှက Green Freshအုပ်စု ဆိုတာ ငါတို့ တစ်ခါမှ မကြားဖူးဘူး။ ဘရူးစ်က ဦးနှောက်မကောင်းလို့ နာမည်မရှိတဲ့ ကုမ္ပဏီ တစ်ခုကို ရှာတွေ့သွားတာလား"

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၆၀ ။ ခြိမ်းခြောက်ခံရခြင်း (အပိုင်း ၁)

"ခွေးကောင်"

ရှယ်ယာရှင် အစည်းအဝေး ပြီးဆုံးသွားပြီးနောက် မိုက်ကယ်သည် သူ့ကုလားထိုင်ကို ဒေါသတကြီး ကန်ကျောက်လိုက်သည်။

"ဒီခွေးကောင်တွေ... ဒီပြဿနာတွေက ဖြေရှင်းရလွယ်တယ် ထင်နေကြတာလား။ တစ်လအတွင်း အပြီးသတ် ဖြေရှင်းရမယ်လို့တောင် ကန့်သတ်လိုက်သေးတယ်။" မိုက်ကယ်၏မျက်နှာ ပြာနှမ်းနေပြီး ဒေါသတွေ ပြည့်နှက်နေသည်။ ဘယ်လို ဖြေရှင်းရမလဲ မသိတော့ဘဲ ပစ္စည်းတွေ ရိုက်ခွဲခြင်း၊ ထုရိုက်ခြင်းဖြင့်သာ ဒေါသဖြေနေရသည်။

ရုံးခန်းထဲတွင် ပစ္စည်းများ ရိုက်ခွဲပြီး အချိန်အတော်ကြာမှ တဖြည်းဖြည်း စိတ်ငြိမ်သွားသည်။

သူ ခဏ စဉ်းစားပြီးနောက် အတွင်းရေးမှူးကို ဖုန်းဆက် ခေါ်လိုက်သည်။

"မစ္စတာ မိုက်ကယ်..." အတွင်းရေးမှူးက ခေါ်လိုက်သည်။

မိုက်ကယ်က ပြောလိုက်သည်။ "ဘရူးစ်နဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာ၊ ငါ သူနဲ့ ကိုယ်တိုင် တွေ့ချင်တယ်လို့ ပြောလိုက်"

သူ ထင်တာက ကုမ္ပဏီ ပြဿနာတွေရဲ့ အရင်းအမြစ်က ဘရူးစ်ဆီမှာ ရှိနေတာ၊ ဘရူးစ်ကို ဖြေရှင်းလိုက်ရင် အရာအားလုံး မူလအတိုင်း ပြန်ဖြစ်သွားမယ်လို့ ထင်နေတာ။

ဟဟ... တကယ် အပြစ်ကင်းစင်လိုက်တာ။

အတွင်းရေးမှူးက ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ မစ္စတာ မိုက်ကယ်"

ဘရူးစ် ထွက်သွားတာ ကြာပြီဖြစ်ပေမဲ့ စွယ်စုံရ အတွင်းရေးမှူးအတွက်တော့ သူနဲ့ ဆက်သွယ်ဖို့က ပြဿနာ မရှိပါဘူး။

နာရီဝက်ကြာတော့ အတွင်းရေးမှူး ပြန်ရောက်လာပြီး အစီရင်ခံသည်။ "မစ္စတာ မိုက်ကယ်... ဘရူးစ်နဲ့ ဆက်သွယ်လို့ ရပါတယ်။ ဒါပေမဲ့ ဘရူးစ် ပြောတာက မစ္စတာ မိုက်ကယ်နဲ့ ပြောစရာ စကား မရှိပါဘူးတဲ့"

အတွင်းရေးမှူးက ဒီကိစ္စကို အစီရင်ခံတဲ့အခါ စိုးရိမ်တကြီး ဖြစ်နေတယ်။

ဘာပဲပြောပြော ဘရူးစ်ရဲ့ ငြင်းပယ်မှုက မီးလောင်ရာ လေပင့်သလို ဖြစ်နေတာလေ။

မိုက်ကယ် မျက်နှာ မည်းမှောင်သွားပြီး ဒေါသကို ထိန်းချုပ်ကာ ပြောလိုက်သည်။ "ဘာ... သူ တကယ် အဲဒီလို ပြောလိုက်တာလား"

အတွင်းရေးမှူး ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"

"ခွေးကောင်" မိုက်ကယ် နောက်ထပ် ဆဲဆိုလိုက်ပြန်သည်။ ထို့နောက် စဉ်းစားပြီး ပြောလိုက်သည်။ "ဒါဆို မင်း အီယန်တို့ ၅ ယောက်ကို ဆက်သွယ်လိုက်၊ ငါ သူတို့နဲ့ ကောင်းကောင်း ဆွေးနွေးချင်တယ်လို့ ပြောလိုက်"

"ဟုတ်ကဲ့" အတွင်းရေးမှူး နာခံစွာ ထွက်သွားပြီး လုပ်ဆောင်လိုက်သည်။

နောက်ထပ် နာရီဝက်ကြာတော့ အတွင်းရေးမှူး မျက်နှာထားက သတိထားနေသည့်ပုံ ပေါက်နေပြီး အစီရင်ခံလိုက်သည်။ "မစ္စတာ မိုက်ကယ်... အီယန်တို့ ပြောတာက အခု အလုပ်ရှုပ်နေလို့ မစ္စတာ မိုက်ကယ်နဲ့ ဆွေးနွေးဖို့ အချိန်မရှိပါဘူးတဲ့"

ဒီတစ်ခါတော့ မိုက်ကယ် မျက်နှာ မည်းမှောင်နိုင်သမျှ မည်းမှောင်သွားပြီ။

သူ လုံးဝ ထင်မှတ်မထားတာက အဲဒီခွေးကောင်တွေ တစ်ယောက်မှ သူ့ကို ဂရုမစိုက်ကြတာပဲ။

မိုက်ကယ် ပြောလိုက်သည်။ "ကောင်းပြီ... မင်း သွားတော့"

သူတို့ကို ဖိတ်ခေါ်လို့ မလာမှတော့ သူက ကိုယ်တိုင် သွားလိုက်တာပေါ့။

….

ဘရူးစ်နဲ့ အီယန်တို့ အခု တကယ် အလုပ်ရှုပ်နေကြတယ်။

ဒါပေမဲ့ အလုပ်ရှုပ်နေပေမဲ့ ပျော်ရွှင်နေကြတယ်။

ဘရူးစ်ကတော့ တော်သေးတယ်၊ ဘာပဲပြောပြော သူက ကုမ္ပဏီ အလုပ်တွေ လုပ်နေတာ ကြာပြီ၊ ကိစ္စတော်တော်များများကို လက်ထဲ ရောက်နေပြီ။ ပြီးတော့ အရင်တုန်းက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီ ကျင်းပခဲ့တဲ့ ပါတီပွဲမှာ လူမှုဆက်ဆံရေးတွေ လုပ်ထားပြီးပြီ၊ ဒါကြောင့် သူတို့ လုပ်ရမှာက အမှာစာတွေကို စီမံခန့်ခွဲဖို့နဲ့ ပူးပေါင်းဆောင်ရွက်သူတွေနဲ့ ဆွေးနွေးဖို့ပဲ။

သူတို့ အခု အပျော်ရွှင်ဆုံး ကိစ္စကတော့ နေ့တိုင်း ကိုယ့်ဆိုင်က ပစ္စည်းတွေကို စားသောက်နေရတာပါပဲ။

ဝမ်းနည်းစရာ ကောင်းတာက သူတို့ နှစ်သက်တဲ့ မက်မွန်ပွင့်အရက်ကို ရှောင်လင်းယွီက သူတို့ကို တစ်ယောက် နှစ်အိုးစီပဲ ခွဲပေးလိုက်တာ။

ဒါကြောင့် သူတို့ နေ့တိုင်း နှမြောတသနဲ့ သောက်နေရတယ်၊ လောဘတကြီး သောက်မိလို့ ခဏလေးနဲ့ ကုန်သွားမှာ စိုးရိမ်နေကြတယ်။

၈၃ ခုနှစ်ထွက် လာဖီဝိုင်ကို စုဆောင်းထားသလိုပဲ၊ အရက်ကောင်းတွေကို စုဆောင်းထားကြတယ်။

ဘရူးစ်က မိုက်ကယ် အတွင်းရေးမှူးရဲ့ ဖုန်းကို လက်ခံရရှိတဲ့ အချိန်မှာ သူက မိသားစုကြီး တစ်ခုနဲ့ စီးပွားရေး ဆွေးနွေးနေတာ။ မိုက်ကယ်က သူ့ကို ချိန်းဆိုတယ်လို့ ကြားတာနဲ့ စဉ်းစားမနေဘဲ တိုက်ရိုက် ငြင်းပယ်လိုက်တယ်။

သူတို့က ဟွမ်လင်းအုပ်စုက ထွက်ခွာလာခဲ့ကြပြီ၊ အထူးသဖြင့် ဘရူးစ်က မိုက်ကယ်ရဲ့ စော်ကားမှုနဲ့ အလုပ်ထုတ်ခံရပြီး ကမ္ဘာအနှံ့ ပိတ်ပင်ခံထားရတာ၊ ရန်သူ မဖြစ်တာကတင် သူ သဘောထားကြီးလွန်းလို့ပဲ။

အခု သူ့ကို ဆွေးနွေးချင်တယ် ဆိုတာ ဘာဆွေးနွေးချင်လဲ ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိသာတယ်၊ ဒါကြောင့် သဘာဝကျကျပဲ တိုက်ရိုက် ငြင်းပယ်လိုက်တာပေါ့။

ဟာသပဲ... သူ အခု Green Freshအုပ်စုမှာ လုပ်ရတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲ။ ပြီးတော့ Green Freshအုပ်စုရဲ့ လစာနဲ့ ခံစားခွင့်တွေက အရင်တုန်းက ဟွမ်လင်းအုပ်စုမှာ လုပ်တုန်းကထက် မနိမ့်တဲ့အပြင် ပိုတောင် ကောင်းနေသေးတယ်။

အခု Green Freshအုပ်စုက ကမ္ဘာပေါ်မှာ ဟွမ်လင်းအုပ်စုလောက် နာမည်မကြီးပေမဲ့ မကြာခင်မှာ Green Freshအုပ်စုက ဟွမ်လင်းအုပ်စုကို ကျော်တက်သွားလိမ့်မယ်လို့ သူ ယုံကြည်တယ်။

ဒါကြောင့် ဘရူးစ်က မိုက်ကယ်ကို လုံးဝ မတွေ့ချင်ပါဘူး။

တခြားလူတွေလည်း အတူတူပါပဲ။

သူတို့ ထောင်ယွမ်ရွာကို တစ်ခေါက် ရောက်ပြီးကတည်းက လုံးဝ ကျွံဝင်သွားပြီး ပြန်ထွက်ဖို့ စိတ်ကူး မရှိကြတော့ဘူး။

ဒါပေမဲ့ သူတို့ မထင်မှတ်ထားတာက သူတို့က ရှေ့မှာ မိုက်ကယ်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ပေမဲ့ နောက်မှာ မိုက်ကယ်က သူတို့အိမ်တွေကို လိုက်လာလိမ့်မယ် ဆိုတာပါပဲ။

...

"ဘော့စ် ဒါ ဘရူးစ်ရဲ့ အိမ်ပါ"

ဘရူးစ် ကားပေါ်က ဆင်းလိုက်တော့ အနက်ရောင်ဝတ်စုံဝတ် လက်အောက်ငယ်သား တစ်ယောက်က ရှေ့က ဗီလာကို ညွှန်ပြပြီး မိတ်ဆက်ပေးလိုက်တယ်။

ဘရူးစ်ရဲ့ ဗီလာက ကြီးမားတယ်၊ အဝေးက လှမ်းကြည့်ရင် သက်တော်စောင့်တွေနဲ့ အိမ်ဖော်တွေ သွားလာလှုပ်ရှားနေတာ တွေ့ရတယ်။

မိုက်ကယ်က ရှေ့က အိမ်ကို ကြည့်ပြီး မျက်လုံးမှေးကာ အေးစက်စွာ ပြောလိုက်သည်။ "သွားမယ်"

သူတို့ တံခါးဝ ရောက်တော့ လုံခြုံရေးက ချက်ချင်း တားလိုက်သည်။ "ရပ်လိုက်... ခင်ဗျားတို့ ဘယ်သူတွေလဲ၊ ကျွန်တော်တို့ သခင်နဲ့ ချိန်းထားတာ ရှိလား"

မိုက်ကယ် ဘေးနားက လက်အောက်ငယ်သားက ချက်ချင်း ပြောလိုက်သည်။ "ဒါက မစ္စတာ မိုက်ကယ်၊ ဟွမ်လင်းအုပ်စုရဲ့ ဥက္ကဌပါ။ အိမ်ရှင်ကို တွေ့စရာ ကိစ္စ ရှိလို့ပါ"

မိုက်ကယ်က လက်အောက်ငယ်သား သက်တော်စောင့် ၁၀ ယောက်၊ ၂၀ လောက် ခေါ်လာတော့ အရှိန်အဝါ ကြီးမားနေတယ်။

"ဟွမ်လင်းအုပ်စု..." လုံခြုံရေးက သံသယ မျက်လုံးများဖြင့် သူတို့ကို ကြည့်လိုက်သည်။

သူတို့ ဟွမ်လင်းအုပ်စုကို သေချာပေါက် သိပါတယ်၊ ဘာပဲပြောပြော ဒီအိမ်က သခင် ဘရူးစ်က အရင်တုန်းက ဟွမ်လင်းအုပ်စုမှာ အလုပ်လုပ်ခဲ့တာလေ။

ဒါပေမဲ့ သခင် ဘရူးစ်က အခု ဟွမ်လင်းအုပ်စုမှာ အလုပ်မလုပ်တော့ဘူးလို့ သူ ကြားထားတယ်၊ ဒီဟွမ်လင်းအုပ်စု ဥက္ကဌက အခု ရောက်လာတာ သံသယ ဖြစ်စရာပဲ။

လုံခြုံရေးက ပြောလိုက်သည်။ "ဒါဆို မစ္စတာ မိုက်ကယ်မှာ ကြိုတင်ချိန်းဆိုထားတာ ရှိပါသလား"

ဘာပဲပြောပြော အနောက်နိုင်ငံတွေမှာ တစ်အိမ်အိမ်ကို သွားလည်မယ် ဆိုရင် ပုံမှန်အားဖြင့် ကြိုတင်ချိန်းဆိုလေ့ ရှိကြတယ်၊ မဟုတ်ရင် ရုတ်တရက် သွားရောက်လည်ပတ်တာက အိမ်ရှင်ကို စိတ်မကျေနပ် ဖြစ်စေတတ်တယ်။

အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက တိုက်ရိုက် ပြန်မဖြေဘဲ ပြောလိုက်သည်။ "ချိန်းထားတာ ရှိမရှိ ဂရုမစိုက်ပါနဲ့၊ အရင် သွားပြောလိုက်ပါ၊ မစ္စတာ မိုက်ကယ် လာတွေ့တယ်လို့"

ဒီလူ ပြောလိုက်ပြီး လက်ဟန်ပြလိုက်တော့ သူ့နောက်က သက်တော်စောင့်တွေ ချက်ချင်း ဝိုင်းရံလာကြတယ်။

လုံခြုံရေး၏မျက်နှာက ဒီအခြေအနေကို မြင်တော့ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ထစ်ငေါ့စွာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ခဏ စောင့်ပါ၊ ကျွန်တော် အခုပဲ သွားပြောပေးပါ့မယ်"

ညကြီးသန်းခေါင် သက်တော်စောင့်တွေ အများကြီး ခေါ်လာတာ ကြည့်ရတာ ရန်လိုတဲ့ ပုံစံပဲ။

လုံခြုံရေးက အိမ်ရှင်ကို သွားပြောဖို့ ချက်ချင်း ပြေးသွားတယ်။

မကြာခင် အဖြူရောင် ညဝတ်အင်္ကျီ ဝတ်ထားတဲ့၊ အရပ်ရှည်ပြီး လှပတဲ့ အမျိုးသမီး တစ်ဦး ထွက်လာတယ်။

သူမက စူးရှသော မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။ "ရှင်တို့က ဘယ်သူတွေလဲ။ ညကြီးသန်းခေါင် ဘာလုပ်ချင်ကြတာလဲ"

အခြားတစ်ဖက်တွင်မူ ဘရူးစ်၏ သမီးက ဘရူးစ်ထံ ဖုန်းဆက်လိုက်သည်။

ဘရူးစ် ဇနီးသည်၏ မေးခွန်းကို ကြားသောအခါ အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက မိတ်ဆက်ပေးလိုက်သည်။ "မဒမ်... ဒါက ဟွမ်လင်းအုပ်စုက မစ္စတာ မိုက်ကယ်ပါ"

ဘရူးစ် ဇနီးသည် မျက်နှာ မည်းမှောင်သွားပြီး ချက်ချင်း လေးနက်စွာ ပြောလိုက်သည်။ "ရှင်တို့ ဘယ်သူပဲ ဖြစ်ဖြစ်၊ ညကြီးသန်းခေါင် လာတာကို ကျွန်မ မကြိုဆိုပါဘူး၊ ကျေးဇူးပြုပြီး ပြန်ကြပါ။ ကိစ္စရှိရင် မနက်ဖြန်မှ ပြန်လာပါ"

အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက ဒီတစ်ခါ စကားမပြောတော့ဘဲ မိုက်ကယ်က ရိုးသားဟန်ဆောင်ပြီး ပြောလိုက်သည်။ "မဒမ်... ရုတ်တရက် လာနှောင့်ယှက်မိတဲ့ အတွက် ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အခု ဝင်ခွင့်ပြုပါ၊ ကျွန်တော့်မှာ မဒမ်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စရှိလို့ပါ"

ဘရူးစ် ဇနီးသည်က သတိထားပြီး ပြောလိုက်သည်။ "မစ္စတာ မိုက်ကယ် ပြန်ပါတော့၊ ကျွန်မမှာ ရှင်နဲ့ ဆွေးနွေးစရာ အရေးကြီး ကိစ္စ မရှိပါဘူး"

"မစ္စတာ ဘရူးစ်နဲ့ ပတ်သက်တဲ့ ကိစ္စပါ" မိုက်ကယ်က တိုက်ရိုက် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဝင်ခွင့်ပေးပါ"

ဘရူးစ် ဇနီးသည် မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။

သူမ ခင်ပွန်းသည်က ဟွမ်လင်းအုပ်စုကနေ ထွက်လာတာ ကြာပြီ၊ အခု ဟွမ်လင်းအုပ်စုက အိမ်တိုင်ရာရောက် လာရှာတာ ကောင်းတဲ့ကိစ္စ မဖြစ်နိုင်ဘူး။

ဘရူးစ် ဇနီးသည်က ထပ်မံ ငြင်းပယ်ရန် ပြင်လိုက်စဉ် မိုက်ကယ် ဖုန်းမြည်လာသည်။

ထို့နောက် ဖုန်းထဲမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ "မိုက်ကယ်... မင်း ဘာကိစ္စ ရှိရှိ ငါ့ဆီ တိုက်ရိုက်လာ၊ ငါ့မိသားစုကို သွားမရှာနဲ့"

မိုက်ကယ်က အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ဟွန့်... ဘရူးစ်၊ မင်း ငါနဲ့ ကောင်းကောင်း မဆွေးနွေးချင်တော့ ငါက မင်းအိမ် လိုက်လာပြီး မင်းရဲ့ လှပတဲ့ ဇနီးသည်နဲ့ ကောင်းကောင်း ဆွေးနွေးရတာပေါ့"

ထို့နောက် ဘရူးစ်နှင့် မိုက်ကယ် ဖုန်းထဲတွင် ဘာပြောလိုက်ကြသည် မသိရပေ။

မိုက်ကယ် ဖုန်းချလိုက်ပြီးနောက် ဘရူးစ် ဇနီးသည်ကို အလွန် ရိုးသားသော သဘောထားဖြင့် ပြောလိုက်သည်။ "လှပတဲ့ မဒမ်... တောင်းပန်ပါတယ်၊ ညကြီးသန်းခေါင် နှောင့်ယှက်မိပါပြီ။ အခု ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်"

ထို့နောက် မိုက်ကယ်သည် သူ့လက်အောက်ငယ်သား သက်တော်စောင့်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။

သူတို့ ထွက်ခွာသွားသည်နှင့် ရွှေရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးများနှင့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ပြေးထွက်လာပြီး ဘရူးစ် ဇနီးသည်ကို စိုးရိမ်တကြီး မေးလိုက်သည်။ "မာမီ... အဆင်ပြေရဲ့လား။ သူတို့ မာမီ့ကို ဘာလုပ်လိုက်သေးလဲ"

ဘရူးစ် ဇနီးသည် ခေါင်းခါလိုက်သည်။ "သမီးလေး... မာမီ ဘာမှ မဖြစ်ပါဘူး၊ မပူပါနဲ့"

မိန်းကလေးက ပြောသည်။ "သမီး စောစောက ဒယ်ဒီ့ဆီ ဖုန်းဆက်လိုက်တယ်။ ဒယ်ဒီ သမီးတို့ကို စိတ်မပူနဲ့တဲ့၊ ဘာမှ မဖြစ်ဘူးတဲ့"

"အင်း... သမီးလေး၊ စိတ်မပူပါနဲ့၊ တို့တွေ ဘာမှ မဖြစ်ပါဘူး" ဘရူးစ် ဇနီးသည်က သမီးကို နှစ်သိမ့်လိုက်သည်။ စိတ်ထဲတွင်မူ ခန့်မှန်းနေသည်။ "စောစောက မိုက်ကယ် ဖုန်းတစ်ကော လက်ခံရပြီးမှ ထွက်သွားတာ။ အဲဒါ ဒါလင် ဖုန်းဆက်လိုက်တာ ဖြစ်လောက်တယ်"

စဉ်းစားမိသည်နှင့် ဘရူးစ် ဇနီးသည်၏ မျက်ခုံးပေါ်တွင် စိုးရိမ်မှု အနည်းငယ် ပေါ်လာသော်လည်း သမီးဖြစ်သူကို မသိစေခဲ့ပေ။

သမီးကို ခေါ်ပြီး အိမ်ထဲ ပြန်ဝင်လာသောအခါ ဧည့်ခန်းဖုန်း မြည်လာသည်။

အိမ်ဖော်က ကိုင်လိုက်ပြီး ဘရူးစ် ဇနီးသည်ကို လွှဲပေးလိုက်သည်။

ဖုန်းပြောပြီးနောက် ဘရူးစ် ဇနီးသည်၏ မျက်ခုံးပေါ်မှ စိုးရိမ်မှုများ ပျောက်ကွယ်သွားသည်။

...

ဒီမိုက်ကယ်က တကယ် ယုတ်မာလိမ့်မယ်လို့ ဘရူးစ် မထင်မှတ်ထားခဲ့ဘူး။

သူနဲ့ ဆွေးနွေးလို့ မရတော့ သူ့မိသားစုကို တိုက်ရိုက် သွားရှာပြီး ခြိမ်းခြောက်တယ်။

ဒေါသထွက်ပြီးနောက် တည်ငြိမ်သွားသော ဘရူးစ်သည် ထိုစဉ်က ရှောင်လင်းယွီ သူ့ကို အင်တာဗျူး လုပ်ခဲ့သည်ကို သတိရသွားသည်။

ရန်သူက သူ့ရဲ့ ဆွေမျိုးမိတ်ဆွေတွေကို ဖမ်းဆီးပြီး ခြိမ်းခြောက်လာရင် သူ ဘယ်လို လုပ်မလဲတဲ့။

ဒီရှောင်လင်းယွီက တကယ့် ရှေ့ဖြစ်ဟောဆရာပဲ။

ဘရူးစ် သက်ပြင်းချလိုက်သည်။

***

All Chapters