← Chapters

အခန်း (၉၈၃-၉၈၄)

Vol. 60 Ch. 983-984

အခန်း (၉၈၃-၉၈၄)

Vol. 60 Ch. 983-984

အခန်း ၉၈၃ ။ နောက်ထပ်လူရှိဦးမယ်

ကုန်းထျန်းဟောက်သည် အွန်လိုင်းတွင် ရှောင်လင်းယွီအကြောင်းသတင်းများ ပိုမို ဆိုးရွားလာသည်ကို ကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

လီယွမ်ဟန်က မေးလိုက်သည်။ "ထျန်းဟောက်... ဒီအွန်လိုင်း အကြမ်းဖက်မှုတွေကို ဒီအတိုင်း လွှတ်ထားတော့မှာလား။ ဒါ မင်းမိန်းမအတွက် ထိခိုက်မှု ကြီးမားလွန်းနေပြီ မဟုတ်လား။ အခု သူ့ရဲ့ နာမည်ဂုဏ်သတင်းက ပျက်စီးလုနီးပါး ဖြစ်နေပြီ။ ဒါကြောင့် လူအများကြီးက ထောင်ယွမ်ရွာ အပန်းဖြေစခန်းနဲ့ ဆိုင်ခွဲတွေကို တိုက်ရိုက်လာပြီး ရန်ရှာနေကြတာ။ သူမက ဆိုင်ခွဲ အားလုံးကို ပိတ်ထားလိုက်ရတယ်၊ ဒီဆုံးရှုံးမှုက ကြီးမားလွန်းနေပြီ မဟုတ်လား"

ကုန်းထျန်းဟောက်က ဒီကိစ္စကို သူ ဖြေရှင်းမယ်လို့ ပြောထားပေမဲ့ ရက်အတော်ကြာတဲ့ အထိ ဘာမှ မလုပ်သေးဘူး၊ ဒါက ရှောင်လင်းယွီနဲ့ Green Freshအုပ်စုကို ထိခိုက်မှု ကြီးမားလွန်းတယ်။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို အသိပေးထားရဲ့လား၊ မဟုတ်ရင် ဘယ်မိန်းမမဆို ဒီလိုကိစ္စမျိုး ကြုံလာရင် စိတ်ထိခိုက်ရမှာပဲ။

ကုန်းထျန်းဟောက် ခေါင်းခါလိုက်သည်။ "အခု အချိန်မရောက်သေးဘူး။ မင်း မပူပါနဲ့၊ ငါနဲ့ ယွီအာ ဆွေးနွေးထားပြီးသားပါ"

လီယွမ်ဟန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ "ဒါပေမဲ့ ဒီသက်ရောက်မှုက ကြီးမားလွန်းနေပြီ။ အင်တာနက် အသုံးပြုသူ အများကြီးက စိတ်လှုပ်ရှားပြီး အိမ်တိုင်ရာရောက် ရန်ရှာနေကြပြီ" ဒီအချိန်ရောက်တာတောင် အချိန်မရောက်သေးဘူး ပြောနေသေးတယ်၊ လီယွမ်ဟန် စိုးရိမ်မိတယ်။

တကယ်လို့ စိတ်မခိုင်မာတဲ့ သူသာဆိုရင် အွန်လိုင်းက လူတွေရဲ့ ပြစ်တင်ဝေဖန်မှု၊ ဆဲဆိုမှုတွေကို ခံရပြီး လက်တွေ့ဘဝမှာလည်း အိမ်တိုင်ရာရောက် ရန်ရှာခံရတယ်၊ မစင်ရေတွေ၊ ဆီတွေ ပက်ခံရတယ်၊ ဝန်ထမ်းတွေကိုပါ ထိခိုက်နာကျင်စေတယ် ဆိုရင် စိတ်ဓာတ်ကျသွားမှာ သေချာတယ်။

ကုန်းထျန်းဟောက် လက်ကာပြပြီး ပြောလိုက်သည်။ "စိတ်ချပါ... ယွီအာက ဒါကို ပြဇာတ်တစ်ပုဒ်လိုပဲ သဘောထားမှာပါ"

ပြောပြီးသည်နှင့် ချက်ချင်း မျက်နှာထား ပြောင်းလဲသွားသည်။ အေးစက်ပြီး ရက်စက်သော မျက်နှာထားဖြင့် အေးစက်စွာ ပြောလိုက်သည်။ "ဒီနေ့ ယွီအာ ခံစားရတဲ့ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ အားလုံးကို ငါ အဆပေါင်းများစွာ ပြန်ယူပေးမယ်။ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ လူတွေ၊ အဖွဲ့အစည်းတွေ အားလုံးကို ကြီးလေးတဲ့တန်ဖိုး ပေးဆပ်စေရမယ်၊ နောင်တရပြီး ငိုစရာ နေရာတောင် မရှိစေရဘူး"

ဟွန့်... သူ ကုန်းထျန်းဟောက်ကို ပျော့ညံ့တဲ့ သစ်သီးတစ်လုံးလို့ ထင်နေကြတာလား၊ ဒါမှမဟုတ် သူက အဲဒီ မိန်းမယုတ် ဝမ်ကျင်းကျင်းကို သံယောဇဉ်ရှိနေသေးတယ်ထင်ပြီး သူ့မိန်းမကို အနိုင်ကျင့်နေကြတာလား၊ သူက ဒီအတိုင်း လွှတ်ထားပြီး ကွာရှင်းကာ အဲဒီမိန်းမကို လက်ထပ်မယ် ထင်နေကြတာလား။

ဟဟ... သူတို့ တွေးတာ လှပလွန်းနေတယ် ထင်တယ်။

လီယွမ်ဟန် ကြားလိုက်ရတော့ ကုန်းထျန်းဟောက်မှာ အစီအစဉ် ရှိတယ် ဆိုတာ သိလိုက်ရတယ်။ သူ သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "ဒါဆို နောက်တစ်ဆင့် ငါတို့ ဘာလုပ်ကြမလဲ"

ကုန်းထျန်းဟောက်က တိုက်ရိုက် ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည်။ "ဝမ်ကျင်းကျင်း နောက်ကွယ်က အင်အားစုက ဟွမ်လင်းအုပ်စုအပြင် ငါတို့ ဟွာရှမှာလည်း အင်အားကြီးတဲ့ အဖွဲ့အစည်း တစ်ခု ပါဝင်ပတ်သက်နေတယ်၊ အဲဒီ အဖွဲ့အစည်း နောက်ကွယ်က ဘယ်သူလဲ"

လီယွမ်ဟန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ထျန်းဟောက်... မင်း ပြောသလိုပဲ၊ ဝမ်ကျင်းကျင်း နောက်ကွယ်မှာ ဟွမ်လင်းအုပ်စုရဲ့ ပံ့ပိုးမှု ရှိနေတယ်၊ ရည်ရွယ်ချက်က မင်းမိန်းမနဲ့ Green Freshအုပ်စုကို ဖြိုလဲချင်တာ။ Green Freshအုပ်စုက နိုင်ငံခြား ဈေးကွက်မှာ ဟွမ်လင်းအုပ်စုနဲ့ စီးပွားရေး လုတာ ပြင်းထန်လွန်းတယ်။"

ပြောပြောဆိုဆိုနှင့် သူ လက်ထဲမှ ဖိုင်တစ်ဖိုင်ကို ကုန်းထျန်းဟောက် ထံ ပေးလိုက်ပြီး ပြောလိုက်သည်။ "ငါတို့ စုံစမ်းရသလောက်ဆိုရင် မင်းမိန်းမရဲ့ Green Freshအုပ်စု ရုံးခွဲဖွင့်တဲ့ နေရာတိုင်းမှာ ဟွမ်လင်းအုပ်စုနဲ့ စီးပွားရေးလုတာ အရမ်း ပြင်းထန်တယ်၊ ဟွမ်လင်းအုပ်စုရဲ့ အဆင့်မြင့် ဇိမ်ခံလမ်းကြောင်းက အရောင်းပမာဏတွေ သိသိသာသာ ကျဆင်းသွားစေတယ်၊ အလယ်အလတ်နဲ့ အောက်ခြေ ဈေးကွက် လမ်းကြောင်းကိုပဲ လျှောက်လှမ်းရတော့တယ်။ ဒါက သူတို့ရဲ့ နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ် ဂုဏ်သတင်းကို ထိခိုက်စေရုံသာမက ဆုံးရှုံးမှုလည်း ကြီးမားတယ်။

ဒါတင် မကသေးဘူး၊ မင်းမိန်းမရဲ့ လက်ရုံး ဘရူးစ်က နောက်ကွယ်မှာ မရပ်မနား နံရံထောင့် တူးနေတယ် (လူဆွဲနေတယ်)၊ မရပ်မနား ဒုက္ခပေးနေတယ်၊ ဒါကြောင့် ဟွမ်လင်းအုပ်စုက ထူးချွန် လူတော်တွေ အများကြီးက ဘရူးစ် ဆွဲခေါ်လို့ Green Freshအုပ်စု ရောက်သွားတာ ရှိသလို တခြား ကုမ္ပဏီတွေဆီ ပြောင်းသွားတာတွေလည်း ရှိတယ်၊ ဟွမ်လင်းအုပ်စုကို ဆုံးရှုံးမှု ကြီးမားစေတယ်။ ဟွမ်လင်းအုပ်စုက Green Freshအုပ်စု၊ မင်းမိန်းမနဲ့ ဘရူးစ် တို့ကို မမုန်းတီးဘဲ နေမလား"

ဤနေရာသို့ ရောက်သောအခါ လီယွမ် ရယ်ချင်သလို ပြောလိုက်သည်။ "ဟွမ်လင်းအုပ်စုက ဘရူးစ်ကို လက်လွှတ်လိုက်ပြီးကတည်းက ဟွာရှ ဈေးကွက်ကနေ ထွက်ခွာခဲ့ရပြီး ဆုံးရှုံးမှု ကြီးမားခဲ့ရုံတင်မက အခု ဟွမ်လင်းအုပ်စု ရုံးချုပ်ရဲ့ ဆုံးရှုံးမှု ကြီးမားတာကလည်း ဘရူးစ်ကြောင့်ပဲ။ ဟဟ... ကြည့်ရတာ ကျွန်တော်တို့ ဥက္ကဌကတော်ရဲ့ အမြင်က တကယ် ထက်မြက်တာပဲ၊ ဒီလို လူတော်မျိုး ရှာတွေ့ထားတာ"

ကုန်းထျန်းဟောက် ခေါင်းခါလိုက်သည်။ "ယွီအာ ရှာတွေ့တာ မဟုတ်ပါဘူး၊ သူ ကိုယ်တိုင်လာတာပါ။ ဒါပေမဲ့ ယွီအာက သတ္တိရှိလို့ ဘရူးစ်ကို တိုက်ရိုက် လက်ခံထားလိုက်တာ၊ မဟုတ်ရင် သာမန်လူဆိုရင် ဘရူးစ်ကို လက်ခံရဲမှာ မဟုတ်ဘူး"

ပထမအချက်က ဟွမ်လင်းအုပ်စုရဲ့ ဖိအားပေး လက်တုံ့ပြန်မှုကို ကြောက်လို့ပါ။ ဘာပဲပြောပြော ဟွမ်လင်းအုပ်စုက လုပ်ငန်းခွင်အတွင်း ဘရူးစ်ကို ကမ္ဘာအနှံ့ ပိတ်ပင်ထားတာလေ။ ဘရူးစ်ကို လက်ခံတဲ့သူက ဟွမ်လင်းအုပ်စုနဲ့ ရန်သူ ဖြစ်သွားသလိုပဲ၊ ဟွမ်လင်းအုပ်စုက လုပ်ငန်းခွင် ခေါင်းဆောင် ဖြစ်နေတော့ လက်တုံ့ပြန်ချင်ရင် တကယ် လွယ်ကူပါတယ်။

ဒုတိယအချက်က ဟွမ်လင်းအုပ်စုက ဘရူးစ်အကြောင်း ကောလဟာလတွေ လွှင့်ထားတယ်၊ ဘရူးစ်က အရည်အချင်း မရှိဘူး၊ ရုံးခွဲကို တာဝန်ယူပြီးကတည်းက စွမ်းဆောင်ရည် ဆက်တိုက် ကျဆင်းနေရုံမက ရုံးခွဲကို ဒေဝါလီခံရအောင် လုပ်လိုက်တယ် ဆိုပြီးတော့ပေါ့။ သူတို့က ရေပုပ်ရေစပ်တွေကို ဘရူးစ် ခေါင်းပေါ် တိုက်ရိုက် လောင်းချလိုက်တာ။

ဒါပေမဲ့ ဘယ်သူ ထင်ထားမလဲ၊ သုံးရက်ကြာရင် မျက်လုံးပြူးကြည့်ရမယ် ဆိုသလိုပဲ။

တစ်နှစ်တောင် မပြည့်ခင်မှာ ဟွမ်လင်းအုပ်စုကို အကြီးမားဆုံး လက်တုံ့ပြန်သူက ဘရူးစ် ဖြစ်နေလိမ့်မယ်လို့။

အခု ဟွာရှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုင်ခွဲတွေ ပိတ်ထားရပေမဲ့ နိုင်ငံခြား ဈေးကွက်က သက်ရောက်မှု သိပ်မရှိပါဘူး၊ ဘရူးစ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရုံးခွဲ အများအပြား အရှိန်အဟုန်နဲ့ ဖွင့်လှစ်နေကြတယ်၊ ဒါကြောင့် ကုန်ပစ္စည်း အရင်းအမြစ် အများအပြား လိုအပ်နေတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုင်ခွဲတွေ ပိတ်ထားရလို့ ဆုံးရှုံးမှု ရှိပေမဲ့ ကုန်ပစ္စည်းတွေ ပုံနေတာ၊ ပုပ်သိုးပျက်စီးသွားတာမျိုး မဖြစ်စေပါဘူး၊ ဒါကြောင့် ဆုံးရှုံးမှု ကြီးကြီးမားမား မဖြစ်စေပါဘူး။

ထို့နောက် လီယွမ်ဟန် ဆက်လက် အစီရင်ခံသည်။ "ထျန်းဟောက်... ငါတို့ စုံစမ်းရသလောက်ဆိုရင် အရင်တုန်းက ဝမ်ကျင်းကျင်း အတုနဲ့ အခု ဝမ်ကျင်းကျင်း အစစ်တို့က ဆက်ဆံရေးတစ်ခုခု ရှိနေတယ်။ ပြီးတော့... ငါတို့ စုံစမ်းရသလောက် ဝမ်ကျင်းကျင်းက တခြားလူတစ်ယောက်နဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေတယ်။ အခု သူမ နောက်ကွယ်က အင်အားစုက အဲဒီလူဆီကလာတာ ဖြစ်နိုင်တယ်"

ကုန်းထျန်းဟောက် တိုက်ရိုက် မေးလိုက်သည်။ "ဘယ်သူလဲ"

"လျန်ဖျောင့်ရွှယ်"

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၈၄ ။ မဆုံဖူးစရာမရှိဘူး

"လျန်ဖျောင့်ရွှယ်" လို့ ပြောလိုက်တာနဲ့ ကုန်းထျန်းဟောက် ကြောင်အသွားတယ်။

"လျန်ဖျောင့်ရွှယ်..." ကုန်းထျန်းဟောက် ဒီနာမည်ကို ကြားရတာ နည်းနည်း အံ့သြသွားတယ်။

လီယွမ်ဟန်က တခြားဖိုင်တစ်ခုကို ကုန်းထျန်းဟောက်ဆီ ပေးလိုက်ပြီး ပြောလိုက်သည်။ "ထျန်းဟောက်... မထင်မှတ်ထားဘူး၊ ဝမ်ကျင်းကျင်း အဲဒီမိန်းမနဲ့ လျန်ဖျောင့်ရွှယ် အဲဒီမိန်းမက သူငယ်ချင်းကောင်းတွေ ဖြစ်နေတယ်"

ဒီရလဒ်က ကုန်းထျန်းဟောက်အတွက် မျှော်လင့်ထားသလိုလို၊ မမျှော်လင့်ထားသလိုလို ဖြစ်နေတယ်။

အရင်တုန်းက ပိုင်ရှန်းရှန်းကို ဝမ်ကျင်းကျင်း ရုပ်ရည်အတိုင်း ပြုပြင်ခိုင်းခဲ့တဲ့ နောက်ကွယ်က လူက လျန်ဖျောင့်ရွှယ်ပဲလေ။

ပြီးတော့ ပိုင်ရှန်းရှန်းရဲ့ အမူအရာတွေ၊ လှုပ်ရှားမှုတွေက ဝမ်ကျင်းကျင်းနဲ့ အရမ်းတူနေတာ၊ ဝမ်ကျင်းကျင်းကို ကောင်းကောင်း နားမလည်တဲ့သူ ဆိုရင် ဘယ်လိုလုပ် အဲဒီလို လုပ်နိုင်မှာလဲ။

အဲဒီတုန်းက ဝမ်ကျင်းကျင်း အစစ်က ပေါ်မလာသေးဘူး၊ ပိုင်ရှန်းရှန်းကလည်း ဝမ်ကျင်းကျင်း အစစ်နဲ့ မဆုံဖူးဘူး။ ဒါပေမဲ့ ဝမ်ကျင်းကျင်း အတု လုပ်ထားတဲ့ ပိုင်ရှန်းရှန်းက ဝမ်ကျင်းကျင်းလို ပြုပြင်ပြီး တုပနိုင်ခဲ့တာ၊ ဒါက ပိုင်ရှန်းရှန်းကို ဝမ်ကျင်းကျင်းလို ပြုပြင်ခိုင်းတဲ့ နောက်ကွယ်က လူက ဝမ်ကျင်းကျင်းကို ကောင်းကောင်း နားလည်လို့ နေမှာပေါ့။

ပိုင်ရှန်းရှန်းကို ဝမ်ကျင်းကျင်းလို ပြုပြင်ခိုင်းတဲ့သူက လျန်ဖျောင့်ရွှယ်ပဲ၊ သဘာဝကျကျပဲ ဝမ်ကျင်းကျင်းကို ရင်းနှီးကျွမ်းဝင်တဲ့သူက လျန်ဖျောင့်ရွှယ် ဖြစ်နေတာပေါ့။

အရင်တုန်းက လျန်ဖျောင့်ရွှယ် လက်ထဲမှာ ကျောက်စိမ်းဆွဲပြားရဲ့ အနီရောင် ကြိုးစလေး ရှိနေတုန်းက အကျိုးကျေးဇူးတချို့ ရရှိခဲ့ပြီး ကိုယ်ဖျောက်လို့ ရခဲ့တယ်။ ဒါပေမဲ့ သူမက ကိုယ်ဖျောက်ပြီး လူသတ်ဖို့ တန်ခိုးစွမ်းအား သုံးလိုက်တော့ ပြန်ကန်မှုခံစားရပြီး ထိပ်ပြောင်သွားတယ်၊ ရုပ်ပျက်သွားတယ်၊ နောက်တော့ နိုင်ငံခြားထွက်သွားတယ်။

လျန်ဖျောင့်ရွှယ် လက်ထဲမှာ အဲဒီ အနီရောင် ကြိုးစလေး မရှိတော့ပေမဲ့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်ကို ခြိမ်းခြောက်နိုင်မှုက မနည်းပါဘူး။ ဒါပေမဲ့ ကုန်းထျန်းဟောက်က သူမ နိုင်ငံခြား ထွက်သွားတဲ့အထိ လူလွှတ် စောင့်ကြည့်ခိုင်းထားခဲ့တယ်။

အခု ရုတ်တရက် လျန်ဖျောင့်ရွှယ် နာမည် ပြန်ကြားလိုက်ရတော့ ကုန်းထျန်းဟောက် နည်းနည်း အံ့သြသွားပြီး နှုတ်ခမ်းထောင့် စွန်းတက်ကာ အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ် ဟုတ်လား။ ဟဟ... မထင်မှတ်ထားဘူး၊ အချိန်နည်းနည်းပဲ ကြာသေးတယ်၊ သူ ပြန်ထွက်လာပြီး ခုန်ပေါက်နေပြန်ပြီ"

ကုန်းထျန်းဟောက် ပြောတာကြားတော့ လီယွမ်ဟန် နည်းနည်း အံ့သြပြီး ထူးဆန်းသွားတယ်။

သူ မေးလိုက်သည်။ "ထျန်းဟောက်... ဒီလျန်ဖျောင့်ရွှယ်က လင်းယွီနဲ့ ရန်ငြိုး ရှိလို့လား။ ဘာလို့ အမြဲ လိုက်နှောင့်ယှက်နေရတာလဲ"

ဤနေရာသို့ ရောက်သောအခါ သူ ရုတ်တရက် ခန့်မှန်းလိုက်သည်။ "ဒါမှမဟုတ် ဒီလျန်ဖျောင့်ရွှယ်က ဟို ချင်ရန်လိုမျိုး မင်းကို အရူးအမူး ကြိုက်နေလို့ မင်းကို ရချင်လို့ ရှောင်လင်းယွီကို ပစ်မှတ်ထားနေတာများလား"

ဤနေရာသို့ ရောက်သောအခါ လီယွမ်ဟန် ခနရပ်လိုက်ပြီး မျက်နှာပေါ်တွင် နောက်ပြောင်သော အမူအရာ ပေါ်လာကာ ရယ်မောရင်း ပြောလိုက်သည်။ "ထျန်းဟောက်... မင်းရဲ့ အချစ်ရေး ကြွေးမြီတွေက တကယ် များတာပဲနော်၊ မိန်းမတိုင်းက မင်းကို ရူးသွပ်နေကြတာ၊ ဂုဏ်ယူစရာ မကောင်းဘူးလား"

လီယွမ်ဟန် ဒီလိုပြောတာ ကြားတော့ ကုန်းထျန်းဟောက် မျက်ဖြူလှန်ပြလိုက်ပြီး မကျေမနပ် ပြောလိုက်သည်။ "မင်းမို့လို့ ငါ့ကို ဒီလို စနောက်ရဲတာ၊ တခြားလူဆိုရင် ငါ လွှတ်ပေးမလား ကြည့်လိုက်"

လီယွမ်ဟန် နှုတ်ခမ်းထောင့် စွန်းတက်သွားပြီး ရယ်မောကာ ပြောလိုက်သည်။ "ဒါကြောင့် ဒီလောက် အတန်းဖော်တွေ အများကြီးထဲမှာ ငါတစ်ယောက်တည်း မင်းနဲ့ နှစ်ပေါင်းများစွာ သူငယ်ချင်း ဖြစ်ခွင့်ရတာလေ၊ တခြားလူတွေက မရဲကြဘူး၊ ဒါက ကွာခြားချက်ပဲ"

ဤနေရာသို့ ရောက်သောအခါ သူ ချက်ချင်း ရပ်တန့်လိုက်ပြီး အရေးကြီး ကိစ္စကို ပြန်ပြောလိုက်သည်။ လေးနက်စွာ ပြောလိုက်သည်။ "ထျန်းဟောက်... ဒီလျန်ဖျောင့်ရွှယ်က ဘယ်လို ဖြစ်တာလဲ။ မင်းကို ကြိုက်လို့ မင်းမိန်းမကို ပစ်မှတ်ထားတာ တကယ်လား။ ဒါပေမဲ့ မဟုတ်သေးဘူး၊ ဝမ်ကျင်းကျင်းက မင်းရဲ့ ချစ်သူဟောင်းလေ။ မင်းကို ကြိုက်တဲ့ မိန်းမတစ်ယောက်က မင်းရဲ့ ချစ်သူဟောင်းနဲ့ သူငယ်ချင်းကောင်းဖြစ်နေတာ မဖြစ်နိုင်ဘူး"

ကုန်းထျန်းဟောက် သူ့ကို စောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါ မင်းကို ပြောလိုက်မယ်၊ မင်း တွေးတာ များနေပြီ။ ငါနဲ့ ဝမ်ကျင်းကျင်း ကြားမှာ ချစ်သူဟောင်း ဆိုတာ မရှိဘူး။ ပြီးတော့ လျန်ဖျောင့်ရွှယ် ကြိုက်တဲ့ ယောက်ျားက ငါ မဟုတ်ဘူး"

လီယွမ်ဟန် ချက်ချင်း သံသယဖြင့် မေးလိုက်သည်။ "လျန်ဖျောင့်ရွှယ် ကြိုက်တဲ့ ယောက်ျားက မင်း မဟုတ်ဘူး ဆိုရင် သူမက ဘာလို့ ရုတ်တရက်ကြီး မင်းမိန်းမကို ပစ်မှတ်ထားရတာလဲ။ အကြောင်းရင်း မရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူးမလား။ အချစ်ကြောင့် အမုန်းပွားပြီး မင်းမိန်းမကို ဖျက်ဆီးပစ်လိုက်ချင်တာ၊ ပြီးရင် သူမ နေရာဝင်ယူချင်တာ မဟုတ်ဘူးလား"

ကုန်းထျန်းဟောက်က လီယွမ်ဟန်ကို မကျေမနပ် ပြောလိုက်ပြန်သည်။ "မင်း ဦးနှောက်က ဝတ္ထုမရေးတာ နှမြောစရာပဲ။ ဝမ်းနည်းစွာနဲ့ ပြောရရင် မင်း တွေးတာ တကယ်များနေပြီ။ လျန်ဖျောင့်ရွှယ် ကြိုက်တဲ့ ယောက်ျားက ငါ မဟုတ်ဘူး"

"တကယ် မင်း မဟုတ်ဘူးလား" လီယွမ်ဟန် ကုန်းထျန်းဟောက်ကို သံသယဖြင့် ကြည့်လိုက်သည်။ "ဒါဆို သူမက ဘာလို့ မင်းမိန်းမကိုပဲ ပစ်မှတ်ထားနေရတာလဲ"

ကုန်းထျန်းဟောက်က ပြောသည်။ "လျန်ဖျောင့်ရွှယ် အဲဒီမိန်းမက အရူးမပဲ။ ဪ... မဟုတ်ဘူး၊ သူရော ဝမ်ကျင်းကျင်းရော အတူတူပဲ၊ အရူးမတွေပဲ"

ကုန်းထျန်းဟောက်က လီယွမ်ဟန်ကို လျန်ဖျောင့်ရွှယ်က ကျန်းထောင်ကို ကြိုက်တယ်၊ ကျန်းထောင်က ရှောင်လင်းယွီကို ကြိုက်တယ် ဆိုတဲ့ ရှုပ်ထွေးတဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ဘယ်ပြောပြမလဲ။

လီယွမ်ဟန်က ကုန်းထျန်းဟောက် မပြောချင်မှန်း သိတော့ ဆက်မမေးတော့ဘူး။ သူ လေးနက်စွာ မေးလိုက်သည်။ "ဒီတစ်ခေါက် ရှောင်လင်းယွီ ခေါင်းပေါ် ရေပုပ်လောင်းချတဲ့ ကိစ္စမှာ ဝမ်ကျင်းကျင်းနဲ့ လျန်ဖျောင့်ရွှယ် မိန်းမနှစ်ယောက် ပါဝင်ပတ်သက်နေတယ်၊ မင်း အခု ဘယ်လို ဖြေရှင်းမလဲ"

ကုန်းထျန်းဟောက်ရဲ့ အေးစက်တဲ့ မျက်နှာပေါ်မှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။ "ဘယ်လို ဖြေရှင်းရမလဲ ဟုတ်လား။ ငါ စောစောက ပြောပြီးပြီလေ၊ ငါ့မိန်းမကို ဘယ်သူ အနိုင်ကျင့်ကျင့် ငါ အဆပေါင်းများစွာ ပြန်ယူပေးမယ်လို့။ ဟွမ်လင်းအုပ်စု ဖြစ်ဖြစ်၊ လျန်မိသားစု ဖြစ်ဖြစ် ငါ သူတို့ကို သွေးထွက်သံယို ဖြစ်စေရမယ်။ ပြီးတော့ အဲဒီ မိန်းမနှစ်ယောက်၊ ငါ သေချာပေါက် သူတို့ လုပ်သလို သူတို့ကို ပြန်လုပ်ပေးရမှာပေါ့"

လီယွမ်ဟန် ကြားလိုက်ရတော့ မျက်မှောင် အနည်းငယ် ကြုတ်ပြီး မေးလိုက်သည်။ "ထျန်းဟောက်... ဟွမ်လင်းအုပ်စုကို ထားလိုက်ပါဦး၊ မင်း လျန်မိသားစုကို ထိတော့မလို့လား"

လျန်မိသားစု ဆိုတာ သာမန် မိသားစု မဟုတ်ဘူး။

ကုန်းထျန်းဟောက် လျန်မိသားစုကို ထိလိုက်တာနဲ့ မြို့တော်က အင်အားစုတချို့ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။

လျန်ဖျောင့်ရွှယ် တစ်ယောက်တည်းပဲလေ၊ လျန်မိသားစုနဲ့ ကုန်းမိသားစုက ဆက်ဆံရေး မဆိုးဘူး...

ကုန်းထျန်းဟောက်က လီယွမ်ဟန်ရဲ့ တွန့်ဆုတ်မှုကို မြင်ပုံရပြီး အေးစက်စွာ ပြောလိုက်သည်။ "အရင်တုန်းက ငါ လျန်မိသားစုကို သတိပေးခဲ့ဖူးတယ်၊ ဒါပေမဲ့ သူတို့က အလေးမထားခဲ့ကြဘူး။ သူတို့ သမီးကို မဆုံးမတတ်ရင် ငါကပဲ ကောင်းကောင်း ဆုံးမပေးလိုက်မယ်"

သွေးအေးပြီး ရက်စက်လိုက်တာ။

***

All Chapters