← Chapters

အခန်း (၉၉၁-၉၉၂)

Vol. 61 Ch. 991-992

အခန်း (၉၉၁-၉၉၂)

Vol. 61 Ch. 991-992

အခန်း ၉၉၁ ။ ကိုယ်စားလှယ်အနေနဲ့ ချိန်းတွေ့ခြင်း

ကုန်းထျန်းဟောက်၏ အမိန့်ကို ကြားလိုက်ရတော့ လီယွမ်ဟန် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။ "ထျန်းဟောက်... မင်း ဘာပြောလိုက်လဲ။ ငါ့ကို ဝမ်ကျင်းကျင်းနဲ့ ချိန်းတွေ့ဖို့ မင်းကိုယ်စား သွားခိုင်းတယ် ဟုတ်လား"

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ဘာပြဿနာ ရှိလို့လဲ"

"ဒါ ပြဿနာ မရှိဘူးလား" လီယွမ်ဟန် စိတ်လောကြီးစွာ ပြောလိုက်သည်။ "ဒါ မင်းနဲ့ ဝမ်ကျင်းကျင်း ချိန်းထားတာ မဟုတ်ဘူးလား။ ဘာလို့ ငါ့ကို မင်းကိုယ်စား သွားခိုင်းရတာလဲ"

ကုန်းထျန်းဟောက် လက်ပိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "ဒါပေမဲ့ ငါက အိမ်ထောင်သည်လေ။ အိမ်ထောင်သည် ယောက်ျားက တခြားမိန်းမနဲ့ နှစ်ယောက်တည်း ချိန်းတွေ့တာကို ငြင်းပယ်ရမှာပေါ့"

လီယွမ်ဟန် မကျေမနပ် ပြောလိုက်သည်။ "မင်းက အိမ်ထောင်သည် ယောက်ျားက တခြားမိန်းမနဲ့ နှစ်ယောက်တည်း ချိန်းတွေ့တာကို ငြင်းပယ်ရမယ် ဆိုတာသိရင် ဘာလို့ ဝမ်ကျင်းကျင်းရဲ့ ချိန်းဆိုမှုကို သဘောတူလိုက်လဲ။ သဘောတူပြီးမှ ဘာလို့ ငါ့ကို ကိုယ်စား သွားခိုင်းရပြန်တာလဲ။ ဝမ်ကျင်းကျင်းလို မိန်းမမျိုးနဲ့ တွေ့ရမှာ ငါ အကြောက်ဆုံး ဆိုတာ မင်း မသိဘူးလား"

လီယွမ်ဟန် ကုန်းထျန်းဟောက်ကို တကယ် ဒေါသထွက်နေပြီ။

သူကိုယ်တိုင် ချိန်းဆိုမှုကို သဘောတူလိုက်ပြီးမှ နောက်ဆုံး ချိန်းတွေ့ရတဲ့သူက သူ ဖြစ်နေရတာလဲ။

ဝမ်ကျင်းကျင်းလို မိန်းမမျိုးနဲ့ ချိန်းတွေ့ရတာ သတိကြီးကြီး ထားရမယ်၊ အမြဲတမ်း သတိရှိနေရမယ်၊ မဟုတ်ရင် ဘယ်အချိန် ထောင်ချောက်မိသွားမလဲ မသိနိုင်ဘူး။

ဒါကြောင့် သူက ဝမ်ကျင်းကျင်းလို မိန်းမမျိုးနဲ့ ဆက်ဆံရတာ အမုန်းဆုံးပဲ။

လီယွမ်ဟန် ချက်ချင်း သတိရသွားပြီး မေးလိုက်သည်။ "ဒါနဲ့ နေပါဦး ထျန်းဟောက်... မင်းက ဘာလို့ ဝမ်ကျင်းကျင်းနဲ့ ချိန်းတွေ့ဖို့ သဘောတူလိုက်ရတာလဲ။ ဒီကိစ္စကို မင်းမိန်းမ သိသွားရင် စိတ်မကောင်း ဖြစ်နေမှာပေါ့။ ဘာပဲပြောပြော ဝမ်ကျင်းကျင်းက မင်းရဲ့ ချစ်သူဟောင်းလေ၊ မင်းက အခု ချစ်သူဟောင်းနဲ့ နှစ်ယောက်တည်း ချိန်းတွေ့တယ် ဆိုရင် တခြားလူတွေ ဘယ်လို ထင်ကြမလဲ"

ကုန်းထျန်းဟောက် သူ့ကို စောင်းကြည့်လိုက်ပြီး လူအကို ကြည့်သလို ကြည့်ကာ ပြောလိုက်သည်။ "ယွီအာ အထင်မလွဲအောင်လို့ ငါ မင်းကို ကိုယ်စား သွားခိုင်းတာပေါ့"

လူအလို အကြည့်ခံလိုက်ရသော လီယွမ်ဟန် "..."

ကုန်းထျန်းဟောက် ချက်ချင်း လေးနက်စွာ ပြောလိုက်သည်။ "ငါတို့ အခု သိနေကြပြီ၊ ဝမ်ကျင်းကျင်းနဲ့ လျန်ဖျောင့်ရွှယ် ပေါင်းပြီး ငါ့မိန်းမကို ဒုက္ခပေးနေကြတာ။ ဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမ၊ မင်းရော ငါရော သိပါတယ်၊ သူမ လုပ်သမျှ ကိစ္စတိုင်းမှာ ရည်ရွယ်ချက် ရှိတယ်။ ငါ့ကို ဖုန်းဆက်ပြီး ရုတ်တရက် တွေ့ချင်တယ်၊ ချိန်းတွေ့မယ် ပြောတာ အပါအဝင်ပေါ့"

လီယွမ်ဟန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ဒါ ရှင်းပါတယ်ကွာ။ သူက မင်းနဲ့ သံယောဇဉ်ဟောင်း ပြန်ဆက်ချင်တာ၊ ပြန်ပေါင်းထုတ်ချင်တာ၊ မင်းနဲ့ တွေ့ချင်တာ၊ နှစ်ယောက်တည်း ချိန်းတွေ့ချင်တာ ဘာမှားလို့လဲ"

ကုန်းထျန်းဟောက် နှုတ်ခမ်းထောင့် စွန်းတက်ကာ သရော်သလို ပြုံးပြီး ပြောလိုက်သည်။ "ဟဟ... သူ နိုင်ငံထဲပြန်ရောက်တာကြာပြီ၊ Imperial Palaceအုပ်စုကိုတောင် လာဖူးတယ်၊ ငါ့ဖုန်းနံပါတ်ကို သူမ စောစောစီးစီး ရထားပြီးလောက်ပြီ။ ဒါပေမဲ့ ဘာလို့ အရင်တုန်းက ငါနဲ့ နှစ်ယောက်တည်း တွေ့ဖို့ ဖုန်းမဆက်ဘဲ အခုမှ ဖုန်းဆက်ပြီး ငါနဲ့ တွေ့ချင်ရတာလဲ"

လီယွမ်ဟန် ချက်ချင်း သဘောပေါက်သွားပြီး မေးလိုက်သည်။ "ဆိုတော့... မင်း ဆိုလိုတာက ဒီတစ်ခေါက် ဝမ်ကျင်းကျင်းရဲ့ နှစ်ယောက်တည်း ချိန်းဆိုမှုက မင်းကို ထောင်ချောက်ဆင်ထားတာပေါ့"

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ငါ ချိန်းဆိုတဲ့ နေရာကို မရောက်သေးခင်မှာပဲ ငါနဲ့ သူ နှစ်ယောက်တည်း ချိန်းတွေ့တယ်၊ သံယောဇဉ်ဟောင်း ပြန်ဆက်ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေက နေရာအနှံ့ ပျံ့နှံ့နေလောက်ပြီ"

"မင်း ပြောတာ တကယ် ဖြစ်နိုင်တယ်" လီယွမ်ဟန် စဉ်းစားပြီး ပြောလိုက်သည်။ "အထူးသဖြင့် အခု မင်းမိန်းမက မုန်တိုင်းထန်တဲ့ နေရာ ရောက်နေတဲ့ အချိန်လေ။ မင်းတို့ နှစ်ယောက်တည်း ချိန်းတွေ့တဲ့ သတင်း ထွက်လာတာနဲ့ မင်းတို့ သံယောဇဉ်ဟောင်း ပြန်ဆက်နေတယ်ဆိုတဲ့ အချက်ကို အတည်ပြုပေးလိုက်သလို ဖြစ်သွားပြီ၊ နောက်တော့ လူတိုင်းက ရှောင်လင်းယွီ ဘယ်အချိန် မင်းရဲ့ စွန့်ပစ်တာခံရမလဲ ဆိုတာကို ပွဲကြည့်သလို စောင့်ကြည့်နေကြတော့မှာ"

ကုန်းထျန်းဟောက် သူ့ကို မျက်ဖြူလှန်ပြလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ "မင်း လျှောက်မပြောနဲ့၊ ငါက ငါ့မိန်းမနဲ့ သားကို စွန့်ပစ်မှာ မဟုတ်ဘူး"

သူ့မိန်းမက ဒီလောက် ဉာဏ်ကောင်း၊ လှပပြီး ထက်မြက်တာ၊ သားကလည်း ဒီလောက် ဉာဏ်ကောင်းပြီး လိမ္မာတာ၊ သူတို့ကို စွန့်ပစ်တဲ့လူက အရူးပဲ။

ဒါကြောင့် သူ မိန်းမနဲ့ သားကို စွန့်ပစ်တာကို စောင့်ကြည့်နေတဲ့သူတွေ၊ ကွာရှင်းတာကို မြင်ချင်နေတဲ့ သူတွေက အရူးတွေပဲ။

လီယွမ်ဟန် လက်ကာပြပြီး ပခုံးတွန့်ကာ ရယ်မောရင်း ပြောလိုက်သည်။ "ငါက မင်း ဇနီးမယား စွန့်ပစ်မယ် ပြောတာ မဟုတ်ပါဘူး၊ အွန်လိုင်းက အင်တာနက် အသုံးပြုသူတွေက မင်း ဇနီးမယား စွန့်ပစ်ပြီး အချစ်စစ် ချစ်သူဟောင်းဆီ ပြန်သွားဖို့ မျှော်လင့်နေကြတာ။

တစ်ယောက်က စစ်တမ်းတောင် ကောက်ထားသေးတယ်၊ မင်း ဇနီးမယား စွန့်ပစ်မလား၊ မစွန့်ပစ်ဘူးလား ဆိုတာကို လောင်းကြေးထပ်နေကြတယ်။ ရလဒ်က ဘာလဲ သိလား၊ ၉၀ ရာခိုင်နှုန်းသော လူတွေက မင်း ဇနီးမယား စွန့်ပစ်မယ်ဘက်က လောင်းထားကြတယ်၊ ၃ ရာခိုင်နှုန်းက ကြားနေ၊ ၇ ရာခိုင်နှုန်းသော လူတွေကပဲ မင်း ဇနီးမယား မစွန့်ပစ်ဘူးဘက်က လောင်းထားကြတယ်"

ကုန်းထျန်းဟောက် နဖူးက သွေးကြောတွေ ထောင်ထလာပြီး မျက်နှာ မည်းမှောင်သွားကာ အေးစက်စွာ ပြောလိုက်သည်။ "ဘယ် တာဝန်မဲ့တဲ့ ဝက်ဘ်ဆိုက်ကလဲ၊ ချက်ချင်း ပိတ်ပစ်လိုက်။ ပြီးတော့ စစ်တမ်းကောက်တဲ့သူကို ရှေ့နေနိုတစ်စာ ပို့လိုက်၊ ငါ သူ့ကို အသရေဖျက်မှု၊ ဂုဏ်သိက္ခာ ထိခိုက်စေမှုနဲ့ တရားစွဲမယ်"

ဒီကိစ္စကို အွန်လိုင်းမှာ လောင်းကြေးထပ်နေတာ၊ ဒီစစ်တမ်းကောက်တဲ့သူနဲ့ ဝက်ဘ်ဆိုက်ကို သူ လွှတ်ထားမှာ မဟုတ်ဘူး။

လီယွမ်ဟန် ရယ်မောရင်း ပြောလိုက်သည်။ "စိတ်ချပါ... ဒီကိစ္စကို ငါ လူလွှတ် လုပ်ခိုင်းပြီးပါပြီ" ဒီလောက် ယုတ္တိမရှိတဲ့ လောင်းကစားဝိုင်းကို သူလည်း ဖျက်ဆီးပစ်ချင်တယ်၊ ပြီးတော့ သူတို့ကို တန်ဖိုးတစ်ခု ပေးဆပ်စေချင်တယ်။

အခု ရှောင်လင်းယွီရဲ့ ကောလဟာလတွေကို သူတို့ ခဏတာ လစ်လျူရှုထားလို့ ရတယ်၊ အဲဒါ အချိန်မတန်သေးလို့၊ ဒါပေမဲ့ ကိစ္စတိုင်းကို လစ်လျူရှုထားမယ်လို့ မဆိုလိုပါဘူး။

လီယွမ်ဟန် ပြောတာ ကြားတော့ ကုန်းထျန်းဟောက် မျက်နှာထား နည်းနည်း ကောင်းမွန်သွားတယ်။

လီယွမ်ဟန် စဉ်းစားပြီး မေးလိုက်ပြန်သည်။ "ထျန်းဟောက်... ရှောင်လင်းယွီက မယားငယ် ဆိုတဲ့ ကောလဟာလကို မင်း ဘယ်အချိန်မှ ဖြေရှင်းမှာလဲ။ ဒီအတိုင်း အကျော်ကြားဆုံး သတင်း အဖြစ် ရှိနေတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလေ။ ရှောင်လင်းယွီ မြင်ရင်လည်း စိတ်မကောင်း ဖြစ်နေမှာ"

ကိုယ့်ကိုယ်ကိုယ် မယားငယ် ဆိုတဲ့ ကောလဟာလ အကျော်ကြားဆုံး သတင်း ဖြစ်နေတာ မြင်ရရင် ဘယ်သူမဆို စိတ်မကောင်း ဖြစ်မှာပဲ။

ပြီးတော့ ဒီအကျော်ကြားဆုံး သတင်းကြောင့် ပြဿနာတွေ အများကြီး ဖြစ်လာခဲ့တယ်။

ကုန်းထျန်းဟောက် မဖြေဘဲ တိုက်ရိုက် မေးလိုက်သည်။ "လျန်မိသားစုဘက်က ဘာတုံ့ပြန်မှု ရှိလဲ"

လီယွမ်ဟန် စဉ်းစားပြီး ပြောလိုက်သည်။ "အစတုန်းက သူတို့ လန့်သွားကြတယ်၊ မင်းက သူတို့နဲ့ နောက်ပြောင်နေတယ် ထင်တာ။ ဒါပေမဲ့ အခုတော့ သူတို့ သဘောပေါက်လောက်ပြီ၊ မင်း သူတို့ကို တကယ် လုပ်နေတာ ဆိုတာကို။ မကြာခင် သူတို့ မင်းဆီ ရောက်လာလိမ့်မယ်လို့ ယုံကြည်တယ်"

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "အင်း... ဒါဆို သူတို့ ရောက်လာတာ စောင့်နေလိုက်။ ရှောင်လင်းယွီက မယားငယ် ဆိုတဲ့ အကျော်ကြားဆုံး သတင်းကို ငါ လျန်မိသားစုကိုယ်တိုင် ဖြုတ်ချခိုင်းရုံမက ငါ့မိန်းမကိုပါ တောင်းပန်ခိုင်းမယ်"

ကုန်းထျန်းဟောက် ပြောတာ ကြားတော့ လီယွမ်ဟန် မယုံကြည်နိုင် ဖြစ်သွားပြီး အသံကျယ်ကြီးဖြင့် မေးလိုက်သည်။ "မင်း ဘာပြောလိုက်တာလဲ။ လျန်မိသားစုကို ရှောင်လင်းယွီကို တောင်းပန်ခိုင်းမယ် ဟုတ်လား"

လျန်မိသားစု ကိုယ်တိုင် အကျော်ကြားဆုံး သတင်းကို ဖြုတ်ချခိုင်းတာ ကိစ္စမရှိဘူး၊ လျန်မိသားစုအတွက် လွယ်ပါတယ်။

ဒါပေမဲ့ လျန်မိသားစုကို ရှောင်လင်းယွီကို တောင်းပန်ခိုင်းတာကတော့ နည်းနည်း ခက်ခဲလိမ့်မယ်။

ကုန်းထျန်းဟောက် အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ဟွန့်... ငါက လျန်မိသားစုကို တောင်းပန်ခိုင်းရုံတင် မကဘူး၊ လျန်မိသားစု ခေါင်းဆောင်ကိုယ်တိုင် တောင်းပန်ခိုင်းမှာ။ သိထားရမှာက သူတို့ရဲ့ သမီးက ငါ ကုန်းထျန်းဟောက်ရဲ့ မိန်းမ၊ ကုန်းမိသားစု သခင်မကို အနိုင်ကျင့်ခဲ့တာ။ ငါ ကုန်းထျန်းဟောက်ရဲ့ မိန်းမ၊ ကုန်းမိသားစု သခင်မက လျန်မိသားစု ခေါင်းဆောင်ရဲ့ တောင်းပန်မှုကို ခံယူထိုက်တယ်"

လီယွမ်ဟန် စိုးရိမ်တကြီး ပြောလိုက်သည်။ "ဒါပေမဲ့ လျန်မိသားစု ခေါင်းဆောင် ကိုယ်တိုင် တောင်းပန်ခိုင်းရင် သူတို့ မျက်နှာပျက်သွားမှာပေါ့။ သူတို့ လိုလိုလားလား ရှိပါ့မလား"

"သူတို့ လိုလိုလားလား ရှိမရှိ ဆိုတာ ငါ ဂရုမစိုက်ဘူး" ကုန်းထျန်းဟောက် အရှိန်အဝါ ကြီးမားစွာ ပြောလိုက်သည်။ "သူတို့ သမီးကို မဆုံးမတတ်လို့၊ အကျင့်စာရိတ္တ ပျက်ပြားအောင် လုပ်ထားမှတော့ တာဝန်ယူရမှာပေါ့။ မလိုလားရင် ရတယ်၊ ဒါဆို သူတို့ နောက်ထပ် ချင်မိသားစု ဖြစ်လာဖို့ စောင့်နေလိုက်"

လီယွမ်ဟန် ရင်ထဲ တုန်လှုပ်သွားပြီး နှလုံးခုန် မြန်လာတယ်။

"ငါ ကုန်းထျန်းဟောက်က ကိုယ့်မိန်းမတောင် မကာကွယ်နိုင်ရင် ဘာမိန်းမ ယူနေဦးမှာလဲ၊ ဘုန်းကြီး သွားဝတ်လိုက်တာကမှ ကောင်းဦးမယ်"

လီယွမ်ဟန် ရယ်မောရင်း ပြောလိုက်သည်။ "မင်းက ခင်ပွန်းကောင်း၊ ဖခင်ကောင်း တစ်ယောက် ဖြစ်နေပါပြီ"

ဤနေရာသို့ ရောက်သောအခါ သူ ခနရပ်လိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်သလို ပြောလိုက်သည်။ "ကောင်းပြီ... ငါ မင်းကိုယ်စား ဝမ်ကျင်းကျင်းနဲ့ သွားချိန်းတွေ့လိုက်မယ်။ မင်း တကယ်ပဲ သူနဲ့ တစ်ခုခု ဖြစ်ခဲ့တယ် ဆိုတဲ့ သက်သေအထောက်အထား ဓာတ်ပုံတွေ အရိုက်ခံလိုက်ရရင် ငါလည်း မင်းမိန်းမ ရှောင်လင်းယွီကို ရှင်းပြရခက်လိမ့်မယ်"

…..

လီယွမ်ဟန် ထွက်သွားတာနဲ့ ကုန်းထျန်းဟောက် ရှောင်လင်းယွီဆီ ချက်ချင်း ဖုန်းဆက်လိုက်ပြီး ချွဲနွဲ့တဲ့ လေသံနဲ့ ပြောလိုက်သည်။ "ပေါင်ပေ့... ကိုယ် ဝမ်ကျင်းကျင်းနဲ့ ချိန်းတွေ့တာကို လီယွမ်ဟန်ကို ကိုယ်စား သွားခိုင်းလိုက်ပြီ"

ရှောင်လင်းယွီ "ခစ်" ခနဲ ရယ်မောပြီး ပြောလိုက်သည်။ "ထျန်းဟောက်... ရှင် ရည်းစားဟောင်းနဲ့ ၁၀ နှစ်ကြာမှ ပထမဆုံးအကြိမ် ချိန်းတွေ့တာကို လီယွမ်ဟန်ကို ကိုယ်စား သွားခိုင်းလိုက်တာ နှမြောစရာ မကောင်းဘူးလား"

ကုန်းထျန်းဟောက် ချက်ချင်း မကျေမနပ် ပြောလိုက်သည်။ "ပေါင်ပေ့... ကိုယ် မင်းကို ဘယ်နှခေါက် ပြောရမလဲ၊ ကိုယ်နဲ့ အဲဒီမိန်းမက ချစ်သူဟောင်းတွေ မဟုတ်ပါဘူး၊ ကိုယ် အဲဒီမိန်းမအပေါ် မိန်းမတစ်ယောက်အနေနဲ့ သံယောဇဉ် နည်းနည်းလေးတောင် မရှိပါဘူး။ နောက်ဆိုရင် ဒီကိစ္စနဲ့ ကိုယ့်ကို လာမနောက်နဲ့တော့။ မဟုတ်ရင် ကိုယ် တကယ် စိတ်ဆိုးတော့မယ်"

ရှောင်လင်းယွီ ပါးစပ်အုပ် ရယ်မောပြီး ပြောလိုက်သည်။ "ကောင်းပါပြီ၊ နောက်ဆိုရင် ဒီကိစ္စနဲ့ ရှင့်ကို မနောက်တော့ပါဘူး။ ဒါပေမဲ့ လောင်ကုန်း... အခု အပြင်မှာ ရှင်နဲ့ သူ့အကြောင်း သတင်းတွေက နေရာအနှံ့ ပျံ့နှံ့နေပြီ၊ ရည်းစားဟောင်းတွေ သံယောဇဉ်ဟောင်း ပြန်ဆက်တော့မယ် ဆိုပြီးတော့လေ"

ကုန်းထျန်းဟောက် ချက်ချင်း ပြောလိုက်သည်။ "အပြင်က အပြင်ပဲ၊ ပေါင်ပေ့ သိရင် ပြီးတာပဲ၊ အထင်မလွဲရင် ပြီးတာပဲ။ အဲဒီ ကောလဟာလတွေနဲ့ အတင်းအဖျင်းတွေက မကြာခင် ပျောက်ကွယ်သွားမှာပါ"

"အင်း..." ရှောင်လင်းယွီ ကုန်းထျန်းဟောက်ကို ယုံကြည်ပါတယ်၊ သူမ မေးလိုက်ပြန်သည်။ "ထျန်းဟောက်... လီယွမ်ဟန်ကို ရှင့်ကိုယ်စား ဝမ်ကျင်းကျင်းနဲ့ သွားတွေ့ခိုင်းတာ ပြဿနာ မရှိဘူးလား။ လီယွမ်ဟန် ဘာမှ မဖြစ်ဘူးမလား"

"သေချာပေါက် ပြဿနာ မရှိပါဘူး" ကုန်းထျန်းဟောက် အာမခံ ပြောလိုက်သည်။ "လီယွမ်ဟန်က ယောက်ျားတစ်ယောက်ပဲ၊ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ရင် နောက်ကျ ကိုယ့်လက်ထောက် လုပ်ဖို့ အရည်အချင်း မရှိတော့ဘူး။ စိတ်ချပါ... ယွမ်ဟန်က ငါတို့ ထင်တာထက် ပိုကောက်ကျစ်တယ်။ သူက မြေခွေးတစ်ကောင်ပဲ"

ရှောင်လင်းယွီ "..." ကိုယ့်ရဲ့ လက်ရုံးနဲ့ သူငယ်ချင်းကောင်းကို မြေခွေးတစ်ကောင်လို့ ပြောတာ တကယ် ကောင်းရဲ့လား။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၉၉၂ ။ သတင်းမှားယွင်းနေခြင်း၊ ဘယ်သူနဲ့ ချိန်းတွေ့တာလဲ

ဝမ်ကျင်းကျင်းသည် ကုန်းထျန်းဟောက်ထံ မက်ဆေ့ချ် ပို့ခြင်းနှင့် ဖုန်းခေါ်ခြင်းတို့ကို စမ်းသပ်ကြည့်ရုံသာ ပြုလုပ်ခဲ့သော်လည်း ကုန်းထျန်းဟောက်က သူမနှင့် နှစ်ယောက်တည်း ချိန်းတွေ့ရန် သဘောတူလိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိုအချိန်တွင် သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။

ထိုအချိန်တွင် သူမ သေချာသွားသည်မှာ ကုန်းထျန်းဟောက်သည် သူမဟူသော ရည်းစားဟောင်းအပေါ် သံယောဇဉ် ရှိနေသေးကြောင်းပင်။ မဟုတ်လျှင် သူမနှင့် နှစ်ယောက်တည်း ချိန်းတွေ့ရန် သဘောတူမည် မဟုတ်ပေ။

စဉ်းစားမိသည်နှင့် သူမ တစ်ကိုယ်လုံး စိတ်လှုပ်ရှားပြီး ပျော်ရွှင်လာသည်။

ဒါက လျန်ဖျောင့်ရွှယ် ပြောသလိုပဲလား၊ ကုန်းထျန်းဟောက်က ရည်စားဟောင်းကို မေ့မရ ဖြစ်နေတာ၊ သူ အခု ရှောင်လင်းယွီရဲ့ ကောလဟာလတွေကို မဖြေရှင်းပေးဘဲ လွှတ်ထားတာက ရှောင်လင်းယွီကို လူတိုင်း ဆဲဆိုလာအောင် စောင့်နေတာ၊ ဒါမှ သူက ရှောင်လင်းယွီကို ကန်ထုတ်ဖို့ အကြောင်းပြချက် ကောင်းကောင်း ရမှာ၊ အဲဒီကျရင် သူက ရှောင်လင်းယွီနဲ့ ကွာရှင်းပြီး သားမယား စွန့်ပစ်ကာ သူမနဲ့ လက်ထပ်လိုက်ရင် အတင်းအဖျင်း ပြောမယ့်သူ မရှိတော့ဘူးပေါ့။

ချက်ချင်းဆိုသလို ဝမ်ကျင်းကျင်းသည် ကုန်းထျန်းဟောက် ဘေးနား ရပ်ပြီး Imperial Palaceအုပ်စု ဥက္ကဌကတော်နဲ့ ကုန်းမိသားစု သခင်မကြီး ဂုဏ်ပုဒ်တွေက ပေးစွမ်းမယ့် အဆုံးမဲ့ ဂုဏ်ဒြပ်တွေကို ခံစားနေရသလို မြင်ယောင်လာမိသည်၊ သူမ ကုန်းမိသားစု သခင်မဆိုတဲ့ အာဏာကို ရရှိပြီး စည်းစိမ်ချမ်းသာတွေကို ခံစားကာ အထက်တန်းလွှာ အသိုင်းအဝိုင်းက ပထမတန်းစား ဂုဏ်သရေရှိ အမျိုးသမီး ဖြစ်နေသလို ခံစားလိုက်ရသည်။

စဉ်းစားမိတာနဲ့ ဝမ်ကျင်းကျင်း မျက်လုံးတွေ အရောင်တောက်လာပြီး မျက်နှာပေါ်မှာ စိတ်လှုပ်ရှား ပျော်ရွှင်မှုတွေ ပေါ်လာတယ်။

အချိန်အတော်ကြာမှ သူမ ဖုန်းမြည်လာတယ်။

ဖုန်းနံပါတ်ကို မြင်လိုက်ရတော့ ဝမ်ကျင်းကျင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မကျေမနပ် ဖြစ်သွားသော်လည်း ချက်ချင်း ထိုအမူအရာကို ဖျောက်ဖျက်လိုက်ပြီး ဖုန်းကိုင်ကာ နူးညံ့သော အသံဖြင့် မေးလိုက်သည်။ "ဖျောင့်ရွှယ်... ဘာဖြစ်လို့လဲ၊ ကိစ္စရှိလို့လား"

လျန်ဖျောင့်ရွှယ် တိုက်ရိုက် မေးလိုက်သည်။ "ကျင်းကျင်း... ကုန်းထျန်းဟောက်ကို ချိန်းဖို့ ပြောထားတာ ချိန်းပြီးပြီလား"

"အင်း... ချိန်းပြီးပြီ" ဝမ်ကျင်းကျင်း ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။ "မနက်ဖြန် ညနေ၊ ပေါ်လိုင် စားသောက်ဆိုင်မှာ"

လျန်ဖျောင့်ရွှယ် ကြားလိုက်ရတော့ ချက်ချင်း ဝမ်းသာအားရ ပြောလိုက်သည်။ "ဟဟ... ကျင်းကျင်း၊ ငါ ပြောသားပဲ၊ နင် ကုန်းထျန်းဟောက်ကို ချိန်းလို့ ရပါတယ်လို့၊ တကယ် ဟုတ်နေတာပဲ။ ဒါက ဘာကို ပြသလဲ၊ ဒါက ကုန်းထျန်းဟောက် ရည်းစားဟောင်းကို ရင်ထဲမှာ တကယ်ရှိတယ်ဆိုတာ ပြနေတာပဲ"

ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး ဆက်ပြောသည်။ "ကျင်းကျင်း... နင် ကုန်းထျန်းဟောက်နဲ့ စိတ်ချလက်ချ ချိန်းတွေ့လိုက်ပါ၊ ကျန်တာ ငါ အကုန် စီစဉ်ထားလိုက်မယ်"

"အင်း" ဝမ်ကျင်းကျင်း ပြန်ဖြေလိုက်သည်။ လျန်ဖျောင့်ရွှယ် ဘာလုပ်ချင်လဲ သူမ သိပေမဲ့ မတားဆီးခဲ့ပါဘူး။

ထိုအချိန်တွင် လျန်ဖျောင့်ရွှယ်က ဆက်ပြောသည်။ "ကျင်းကျင်း... နင် ကုန်းထျန်းဟောက်ကို ချိန်းလို့ရပြီ ဆိုတော့ တကယ်လို့ နင် ကုန်းထျန်းဟောက်နဲ့ အိပ်နိုင်ရင်၊ ပြီးတော့ သက်သေအထောက်အထား ရယူနိုင်ရင် ငါတို့အတွက် ပိုအကျိုးရှိလိမ့်မယ်"

လျန်ဖျောင့်ရွှယ် စကားက အကြံပြုချက် မဟုတ်တော့ဘဲ အမိန့်ပေးတာ ဖြစ်နေပြီ။

တကယ်လို့ ဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက်နဲ့ တကယ် အိပ်နိုင်ခဲ့ရင်၊ ဓာတ်ပုံ၊ ဗီဒီယို သက်သေတွေ ရခဲ့ရင် သူတို့အတွက် အကျိုးမရှိဘဲ နေမလား။

ရှောင်လင်းယွီ ဆိုတဲ့ မိန်းမ၊ ကုန်းထျန်းဟောက် တခြားမိန်းမနဲ့ အိပ်နေတဲ့ ဓာတ်ပုံကို မြင်လိုက်ရရင် စိတ်ထိခိုက်ရုံတင် မကဘူး၊ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားဖို့ များတယ်။

ရှောင်လင်းယွီကို ထိခိုက်စေနိုင်မယ့် ကိစ္စ မှန်သမျှ လျန်ဖျောင့်ရွှယ် ဘာမဆို လုပ်ရဲတယ်။

ဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက်ကို အောင်မြင်စွာ ချိန်းဆိုနိုင်ပြီ၊ နှစ်ယောက်တည်း ထမင်းစားနိုင်ပြီ ဆိုတော့ အိပ်တာ မအိပ်တာက ဝမ်ကျင်းကျင်း ထိန်းချုပ်လို့ရတဲ့ကိစ္စ မဟုတ်တော့ဘူး။

ဝမ်ကျင်းကျင်းနဲ့ ကုန်းထျန်းဟောက် မဖြစ်မနေ အိပ်ရမယ်၊ ပြီးတော့ လူသိရှင်ကြား ဖြစ်အောင် လုပ်ရမယ်။

ဝမ်ကျင်းကျင်း လျန်ဖျောင့်ရွှယ် စကားကို ကြားတော့ ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "ဖျောင့်ရွှယ်... ဒါက... ဒါက ငါ ယုံကြည်မှု မရှိဘူး"

လျန်ဖျောင့်ရွှယ်က အေးစက်စွာ ပြောလိုက်သည်။ "ယုံကြည်မှု မရှိရင်လည်း မဖြစ်မနေ လုပ်ရမယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ နင့်ကို ကူညီပေးမယ်"

"ကောင်းပြီလေ" ဝမ်ကျင်းကျင်း ခဏ တွန့်ဆုတ်ပြီးနောက် သဘောတူလိုက်သည်။

"အင်း... ကျင်းကျင်း၊ စိတ်ချပါ၊ ငါ နင့်ကို ဒုက္ခမပေးပါဘူး" လျန်ဖျောင့်ရွှယ်က လေသံပြောင်းပြီး ပြောလိုက်သည်။ "ငါက နင့်အကောင်းအတွက်ပါ၊ နင်တို့ ပြည့်စုံဖို့အတွက်ပါ။ နင် ဒီလိုမလုပ်ရင် ကုန်းထျန်းဟောက် ဘယ်အချိန်မှ ကွာရှင်းနိုင်မလဲ မသိဘူး"

ဝမ်ကျင်းကျင်း တိတ်ဆိတ်နေသည်။

"ကုန်းထျန်းဟောက်ရဲ့ စရိုက်က အေးစက်ပေမဲ့ တာဝန်သိတဲ့ ယောက်ျားကောင်း တစ်ယောက်ပါ။ သူ နင်နဲ့ အိပ်မိရင် သေချာပေါက် နင့်ကို တာဝန်ယူမှာ၊ နင့်ကို အဖြေပေးမှာပါ" လျန်ဖျောင့်ရွှယ်က ဝမ်ကျင်းကျင်းကို မရပ်မနား နှစ်သိမ့်ပေးနေသည်။

ဝမ်ကျင်းကျင်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ဖျောင့်ရွှယ်... နင်က ငါကောင်းဖို့အတွက်လုပ်တယ် ဆိုတာ ငါ သိပါတယ်၊ ငါ တကယ် ကျေးဇူးတင်ပါတယ်"

...

လီယွမ်ဟန် ကားမောင်းပြီး ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း ချိန်းဆိုထားတဲ့ နေရာ - ပေါ်လိုင် စားသောက်ဆိုင်ကို သွားလိုက်တယ်။

ဒါပေမဲ့ ဒီတစ်ခေါက် သူက သာမန် ကားတစ်စီး မောင်းသွားပြီး သိုသိုသိပ်သိပ် နေလိုက်တယ်။

စားသောက်ဆိုင် ရောက်တာနဲ့ လီယွမ်ဟန်က သီးသန့်ခန်း နံပါတ် ပြောလိုက်တော့ စားပွဲထိုးက ခေါ်သွားပေးတယ်။

လီယွမ်ဟန် စားသောက်ဆိုင် ဝင်လာတာကို ဧည့်သည်အယောင်ဆောင်ပြီး ထိုင်နေတဲ့ သတင်းထောက်က အနည်းငယ် အံ့သြသွားတယ်။

သူ ရထားတဲ့ သတင်းက ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း နှစ်ယောက်တည်း ချိန်းတွေ့မယ် ဆိုတာလေ၊ ဘာလို့ လီယွမ်ဟန်နဲ့ ဝမ်ကျင်းကျင်း ဖြစ်သွားရတာလဲ။

အစတုန်းက သူ ထင်တာက လီယွမ်ဟန် ဒီမှာ ထမင်းလာစားတာ တိုက်ဆိုင်တယ် ထင်ခဲ့ပေမဲ့ သူက ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း ကြိုတင်မှာယူထားတဲ့ သီးသန့်ခန်း နံပါတ်ကို အတိအကျ ပြောလိုက်တော့ လီယွမ်ဟန် ဒီမှာ ပေါ်လာတာ တိုက်ဆိုင်မှု မဟုတ်တော့ဘူး ဆိုတာ သိသာနေပြီ။

သတင်းမှားနေတာလား၊ ဝမ်ကျင်းကျင်းနဲ့ နှစ်ယောက်တည်း ချိန်းတွေ့တဲ့သူက ကုန်းထျန်းဟောက် မဟုတ်ဘဲ လီယွမ်ဟန် ဖြစ်နေတာလား။

ဒါပေမဲ့ ဒီသတင်းကို သူတို့ အယ်ဒီတာချုပ်ကိုယ်တိုင် ပြောပြခဲ့တာ၊ တာဝန်ကိုလည်း သူ ကိုယ်တိုင် ပေးအပ်ခဲ့တာ၊ ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း နှစ်ယောက်တည်း ချိန်းတွေ့တဲ့ ဓာတ်ပုံတွေ များများ ရိုက်ခဲ့ဖို့၊ ဗီဒီယို ရရင် ပိုကောင်းတယ်လို့ ပြောခဲ့တာ။

ဒါဆို ဒီအယ်ဒီတာချုပ် ပေးတဲ့ သတင်းက မမှားနိုင်ဘူး မဟုတ်လား။

သတင်းထောက် စဉ်းစားပြီး သတင်းမှန်ကန်မှု ရှိမရှိ အတည်ပြုဖို့ အယ်ဒီတာချုပ်ဆီ ဖုန်းဆက်မေးဖို့ ဆုံးဖြတ်လိုက်တယ်။

သတင်းထောက်က ထောင့်တစ်နေရာကို ခိုးသွားပြီး ဖုန်းခေါ်လိုက်တယ်၊ တစ်ဖက်က ဖုန်းကိုင်တာနဲ့ သူ တိုက်ရိုက် မေးလိုက်သည်။ "အယ်ဒီတာချုပ်... ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း ပေါ်လိုင် စားသောက်ဆိုင်မှာ ချိန်းတွေ့တယ် ဆိုတဲ့ သတင်းက မှန်ရဲ့လား"

အယ်ဒီတာချုပ်က တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။ "သေချာပေါက် မှန်တာပေါ့။ ငါ ပေးတဲ့ သတင်းက ဘယ်လိုလုပ် မှားနိုင်မှာလဲ"

ဒါ လျန်မိသားစု သခင်မလေး ကိုယ်တိုင် လူလွှတ်ပြီး ပြောပြထားတာ၊ သူ ဘယ်လိုလုပ် မှားနိုင်မှာလဲ။

သတင်းထောက်က သံသယဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ အယ်ဒီတာချုပ်... ကျွန်တော် ဒီမှာ တစ်ညနေလုံး စောင့်နေတာ ကုန်းထျန်းဟောက်ကို မတွေ့ရဘဲ လီယွမ်ဟန်ကိုပဲ တွေ့ရတယ်"

"ဘာ..." အယ်ဒီတာချုပ် မျက်နှာထား အံ့သြသွားသည်။ "ရှောင်ဝူ... မင်း အကြည့်မမှားပါဘူးနော်"

ရှောင်ဝူ သတင်းထောက်က ချက်ချင်း အာမခံ ပြောလိုက်သည်။ "အယ်ဒီတာချုပ်... ကျွန်တော့် မျက်လုံးက ကုမ္ပဏီမှာ အကောင်းဆုံး ဆိုတာ ခင်ဗျား သိသားပဲ၊ ဘယ်လိုလုပ် အကြည့်မှားနိုင်မှာလဲ။ အစတုန်းက တိုက်ဆိုင်တယ်လို့ ထင်ခဲ့ပေမဲ့ သူက သီးသန့်ခန်း နံပါတ် ပြောလိုက်တော့ ကျွန်တော် သေချာသွားပြီ၊ တိုက်ဆိုင်တာ လုံးဝ မဟုတ်ဘူး။ တကယ် ချိန်းတွေ့တဲ့သူက လီယွမ်ဟန်နဲ့ ဝမ်ကျင်းကျင်း၊ ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း မဟုတ်ဘူး"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" အယ်ဒီတာချုပ် မယုံကြည်နိုင်သေးဘူး။ "တကယ်ပဲ လီယွမ်ဟန်နဲ့ ဝမ်ကျင်းကျင်း ချိန်းတွေ့နေတာလား" သူ ရထားတဲ့ သတင်းက ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း ဆိုတာလေ၊ ပြီးတော့ အထက်လူကြီးက ဒီသတင်းကို ပထမဆုံး အချိန်မှာ အမြန်ဆုံး ထုတ်ပြန်ပေးဖို့ ပြောထားတာ။

ဒါပေမဲ့ အခု...

လီယွမ်ဟန်နဲ့ ဝမ်ကျင်းကျင်း နှစ်ယောက်တည်း ချိန်းတွေ့တာက ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း နှစ်ယောက်တည်း ချိန်းတွေ့တာလောက် တန်ဖိုး မရှိဘူးလေ။

လီယွမ်ဟန်နဲ့ ဝမ်ကျင်းကျင်း ကြားမှာ တစ်ယောက်က မိန်းမမရသေး၊ တစ်ယောက်က ယောက်ျားမရသေး၊ ပြီးတော့ သူတို့က အတန်းဖော်ဟောင်းတွေ ဆိုတော့ နှစ်ယောက်တည်း ချိန်းတွေ့တာ တစ်ခေါက် မပြောနဲ့၊ ၁၀ ခေါက် ချိန်းတွေ့ရင်တောင် ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ဘူး။

ဒါပေမဲ့ ကုန်းထျန်းဟောက်က မတူဘူးလေ။

ကုန်းထျန်းဟောက်က အခု အိမ်ထောင်သည်၊ ပြီးတော့ ဝမ်ကျင်းကျင်းနဲ့ ကုန်းထျန်းဟောက်က အရင်တုန်းက ချစ်သူတွေ ဖြစ်ခဲ့ဖူးတယ်၊ အပြန်အလှန် အချစ်ဦးတွေလို့ ပြောကြတယ်။

အခု အွန်လိုင်းမှာ ပြောနေကြတာက ရှောင်လင်းယွီက မယားငယ်၊ စိတ်ဓာတ်မကောင်းဘူး၊ ကုန်းထျန်းဟောက်ကို ရဖို့အတွက် ကုန်းထျန်းဟောက်ကို ဆေးခပ်ခဲ့တယ်၊ သားရပြီးမှ ကုန်းထျန်းဟောက်နဲ့ လက်ထပ်နိုင်ခဲ့တာတဲ့။

ရှောင်လင်းယွီက ယုတ်မာတဲ့ နည်းလမ်းတွေ သုံးပြီး ကုန်းထျန်းဟောက်နဲ့ လက်ထပ်ခဲ့ပေမဲ့ ကုန်းထျန်းဟောက်က တာဝန်သိတဲ့ ယောက်ျားတစ်ယောက် မို့လို့ သားမွေးပြီးသား ရှောင်လင်းယွီကို သဘာဝကျကျပဲ လက်ထပ်ယူခဲ့ရတာ။

ဒါပေမဲ့ အခု သူ့အချစ်ဦး ပြန်လာပြီ။ အချစ်ဦးအတွက်တော့ မူလကတည်းက လှပမှုနဲ့ စိတ်အားထက်သန်မှုတွေ ရှိနေတုန်းပဲ၊ ဒါပေမဲ့ သူက အိမ်ထောင်သည် ဖြစ်နေလို့ စိတ်ကြိုက် လုပ်လို့ မရတော့ဘူး။

တကယ်လို့ ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း နှစ်ယောက်တည်း ချိန်းတွေ့တဲ့ သက်သေအထောက်အထားရခဲ့ရင် ရှောင်လင်းယွီက မယားငယ် အဖြစ် နည်းလမ်းသုံးပြီး နေရာယူခဲ့တာ၊ ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း သံယောဇဉ်ဟောင်း ပြန်ဆက်နေတယ်၊ ပြန်ပေါင်းထုတ်နေတယ်ဆိုတဲ့ အဖြစ်မှန်ကို အတည်ပြုပေးလိုက်သလို ဖြစ်သွားပြီ။

ဒီသတင်းက တန်ဖိုး အရမ်းကြီးတာ။

ဒါပေမဲ့ သူ သတင်းရတာက ကုန်းထျန်းဟောက်နဲ့ ဝမ်ကျင်းကျင်း နှစ်ယောက်တည်း ချိန်းတွေ့တာလေ၊ ဘာလို့ လီယွမ်ဟန်နဲ့ ဝမ်ကျင်းကျင်း ချိန်းတွေ့တာ ဖြစ်သွားရတာလဲ။

အယ်ဒီတာချုပ် မျက်မှောင်ကြုတ်ပြီး ခဏ စဉ်းစားကာ ရှောင်ဝူ သတင်းထောက်ကို မှာကြားလိုက်သည်။ "ရှောင်ဝူ... မင်း သူတို့ကို ဆက်ကြည့်ထား၊ ငါ သတင်း သွားအတည်ပြုလိုက်ဦးမယ်။ မှတ်ထားနော်၊ သူတို့ကို မလန့်စေနဲ့"

ရှောင်ဝူ ချက်ချင်း အာမခံ ပြောလိုက်သည်။ "အယ်ဒီတာချုပ်... ကျွန်တော့် လုပ်ရည်ကိုင်ရည်ကို စိတ်မချဘူးလား။ ကျွန်တော် သေချာပေါက် သူတို့ကို သတိထားပြီး ကြည့်ထားပါ့မယ်"

"အင်း..." အယ်ဒီတာချုပ် ပြောလိုက်သည်။ "မင်းရဲ့ လုပ်ရည်ကိုင်ရည်ကို ယုံကြည်လို့ ဒီလောက် ခက်ခဲတဲ့ တာဝန်ကို မင်းကို ပေးထားတာ။ ငါ အခုပဲ သတင်း သွားအတည်ပြုလိုက်ဦးမယ်၊ မင်း သတိထားနော်"

ရှောင်ဝူ ဖုန်းချပြီးနောက် အယ်ဒီတာချုပ်က လူတစ်ယောက်ဆီ ဖုန်းဆက်လိုက်သည်။ "မစ္စတာယွီ... မင်္ဂလာပါ၊ ကျွန်တော် ချန် ဘာညာပါ၊ ဒီလိုပါ... မစ္စတာယွီ၊ ခင်ဗျားတို့ သတင်း မှားမပေးဘူး ဆိုတာ သေချာလား"

တစ်ဖက်က မစ္စတာယွီ အယ်ဒီတာချုပ် ပေးတဲ့ သတင်းကို ကြားတော့ မျက်မှောင်ကြုတ်ပြီး မျက်နှာထား လေးနက်စွာ ပြောလိုက်သည်။ "မစ္စတာချန်... ကျေးဇူးပြုပြီး ခဏ စောင့်ပါ"

မီဒီယာ တစ်ခုရဲ့ အယ်ဒီတာချုပ် ချန်ရဲ့ ဖုန်းကို ချပြီးနောက် မစ္စတာယွီ အခန်းတစ်ခန်း တံခါးကို ခေါက်လိုက်သည်။ အခန်းထဲက ဝင်ခဲ့ပါလို့ ပြောမှ သူ ဝင်သွားလိုက်သည်။ ဆိုဖာပေါ် ထိုင်ပြီး ဝိုင်နီသောက်နေသော အနီရောင် ဝတ်စုံဝတ် အမျိုးသမီးကို မြင်လိုက်ရတော့ လေးနက်စွာ အစီရင်ခံလိုက်သည်။ "သခင်မလေး... အယ်ဒီတာချုပ် ချန် ဖုန်းဆက်လာတယ်၊ မစ္စဝမ်ကျင်းကျင်းနဲ့ ချိန်းတွေ့တဲ့သူက လီယွမ်ဟန်ပါ၊ ကုန်းထျန်းဟောက် မဟုတ်ပါဘူးတဲ့"

လျန်ဖျောင့်ရွှယ် မျက်နှာထား တည်ငြိမ်နေပြီး ဂရုမစိုက်သလို မေးလိုက်သည်။ "အယ်ဒီတာချုပ် ချန်... ဘယ် အယ်ဒီတာချုပ် ချန်လဲ" ကိစ္စတွေကို သူမက အောက်လူတွေကိုပဲ ခိုင်းတာ၊ လူသေးလူဖွဲလေးတွေကို သူမ ဘယ်မှတ်မိမလဲ။

"မြို့တော် အကြီးဆုံး ဖျော်ဖြေရေး အတင်းအဖျင်း သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ်ပါ" မစ္စတာယွီ အစီရင်ခံလိုက်သည်။

ဒီအချိန်ကျမှ လျန်ဖျောင့်ရွှယ် သတိပြန်ဝင်လာသလို ဖြစ်သွားပြီး မေးလိုက်သည်။ "နင် စောစောက ဘာပြောလိုက်လဲ။ ဝမ်ကျင်းကျင်းနဲ့ ချိန်းတွေ့တဲ့သူက ကုန်းထျန်းဟောက် မဟုတ်ဘူး၊ လီယွမ်ဟန် ဟုတ်လား"

"အယ်ဒီတာချုပ်ချန် ဖုန်းဆက်လာတာ လီယွမ်ဟန်ပါတဲ့"

"မဖြစ်နိုင်ဘူး" လျန်ဖျောင့်ရွှယ် စဉ်းစားမနေဘဲ ငြင်းပယ်လိုက်သည်။ "ဝမ်ကျင်းကျင်း ငါ့ကို ပြောတာ ကုန်းထျန်းဟောက်ကိုယ်တိုင် သူနဲ့ နှစ်ယောက်တည်း ချိန်းတွေ့ဖို့ သဘောတူလိုက်တာတဲ့။ ဝမ်ကျင်းကျင်းက ငါ့ကို လိမ်ညာစရာအကြောင်း ရှိလို့လား" သူမက ဝမ်ကျင်းကျင်း သူမကို လိမ်ညာစရာ အကြောင်း မရှိဘူးလို့ ထင်တယ်။

"ဝမ်ကျင်းကျင်းကိုယ်တိုင် သူနဲ့ ချိန်းတွေ့မယ့်သူက ဘယ်သူလဲ ဆိုတာ မသိဘူးလား" လျန်ဖျောင့်ရွှယ် စူးရှသော မျက်လုံးများဖြင့် လက်အောက်ငယ်သားကို ကြည့်လိုက်သည်။

မစ္စတာယွီ စဉ်းစားပြီး ပြောလိုက်သည်။ "သခင်မလေး... ဖြစ်နိုင်တာက အစတုန်းက မစ္စဝမ်နဲ့ ချိန်းတွေ့ဖို့ သဘောတူခဲ့တာ ကုန်းထျန်းဟောက် ဖြစ်နိုင်ပါတယ်"

"နင် ဘာကို ဆိုလိုတာလဲ" လျန်ဖျောင့်ရွှယ် စူးရှသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

မစ္စတာယွီ ပြောသည်။ "ဖြစ်နိုင်တာက အစတုန်းက မစ္စဝမ်နဲ့ ချိန်းတွေ့ဖို့ သဘောတူခဲ့တာ ကုန်းထျန်းဟောက် ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကုန်းထျန်းဟောက် ဆိုတဲ့ ယောက်ျားရဲ့ စိတ်ကို ခန့်မှန်းရ ခက်တယ်၊ သူက လီယွမ်ဟန်ကို မစ္စဝမ်နဲ့ ချိန်းတွေ့ခိုင်းတာလည်း ဖြစ်နိုင်ပါတယ်"

ဤနေရာသို့ ရောက်သောအခါ သူ ခနရပ်လိုက်ပြီး သတိထားကာ အကြံပြုလိုက်သည်။ "သခင်မလေး... ကျွန်တော် ထင်တာတော့ အခု မစ္စဝမ်ဆီ ဖုန်းဆက်ပြီး အတည်ပြုသင့်ပါတယ်၊ အခု သူနဲ့ ချိန်းတွေ့တဲ့သူက ဘယ်သူလဲ ဆိုတာကို၊ ဒါမှ ကျွန်တော်လည်း အစီအစဉ် ပြောင်းလဲလို့ ရမှာ"

လျန်ဖျောင့်ရွှယ် စဉ်းစားပြီး ဖုန်းယူခိုင်းလိုက်သည်။

...

ကုန်းထျန်းဟောက်က သူမနဲ့ ချိန်းတွေ့ဖို့ သဘောတူလိုက်ကတည်းက သူမ ရင်တွေ တဒိန်းဒိန်း ခုန်နေပြီး ငြိမ်သက်လို့ မရနိုင်ဘူး။

အထူးသဖြင့် ဒီညက သူမနဲ့ ကုန်းထျန်းဟောက် ပေါ်လိုင်စားသောက်ဆိုင်မှာ ချိန်းတွေ့မယ့်ည။

သူမ ဒီညအတွက် အသင့်တော်ဆုံး မိတ်ကပ်လိမ်းထားတယ်၊ အလှပဆုံးနဲ့ အဖိုးတန်ဆုံး အဝတ်အစား ဝတ်ထားတယ်၊ တန်ဖိုးကြီးပေမဲ့ ရိုင်းစိုင်းမှု မရှိတဲ့ လက်ဝတ်ရတနာတွေ ဝတ်ဆင်ထားတယ်၊ အကုန် ပြင်ဆင်ပြီးတော့ မှန်ရှေ့ ရပ်ကြည့်လိုက်တော့ တစ်ကိုယ်လုံး ဆွဲဆောင်မှု ရှိပြီး လှပနေတယ်၊ ကျက်သရေ ရှိနေတယ်။

သူမ ဒီည ပြင်ဆင်မှုနဲ့ အရှိန်အဝါကို အရမ်း ကျေနပ်နေတယ်၊ ကုန်းထျန်းဟောက် ပထမဆုံး မြင်လိုက်တာနဲ့ အံ့သြမှင်သက်ပြီး စိတ်လှုပ်ရှားသွားမှာကို မျှော်လင့်နေတယ်။

ကုန်းထျန်းဟောက်ကို သူမရဲ့ လွမ်းဆွတ်မှုနဲ့ စွဲလမ်းမှုတွေကို ပြသဖို့အတွက် သူမက ကြိုတင် မှာယူထားတဲ့ စားသောက်ဆိုင် သီးသန့်ခန်းကို စောစောစီးစီး ရောက်နှင့်နေတယ်။

သူမ ရင်ထဲမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေတယ်၊ ကုန်းထျန်းဟောက်ကို အံ့သြဝမ်းသာမှု အကြီးကြီး ပေးချင်နေတယ်။

အချိန် ဘယ်လောက်ကြာသွားလဲ မသိဘူး၊ သီးသန့်ခန်း တံခါးဖွင့်သံ ကြားလိုက်ရတော့ သူမ မျက်နှာထား ချက်ချင်း တောက်ပ လှပသွားတယ်၊ မတ်တတ်ရပ်ပြီး လှည့်ကြည့်လိုက်ကာ အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်သည်။ "ထျန်း..."

ဒါပေမဲ့ လာတဲ့သူကို သေချာ မြင်လိုက်ရတော့ မျက်နှာပေါ်က အမူအရာ ချက်ချင်း တောင့်တင်းသွားတယ်၊ မျက်လုံးထဲမှာ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး အံ့သြစွာ အော်ဟစ်မေးမြန်းလိုက်သည်။ "ဘယ်လိုလုပ် နင် ဖြစ်နေရတာလဲ"

လီယွမ်ဟန်က လက်ထဲမှာ အနက်ရောင် အနောက်တိုင်း ကုတ်တစ်ထည် ကိုင်ထားပြီး ဝမ်ကျင်းကျင်းရဲ့ ပြောင်းလဲသွားပြီး တောင့်တင်းနေတဲ့ မျက်နှာထားကို ကြည့်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။ "ဆောရီးပါ မစ္စလင်ဒါ... တကယ်ပဲ ကျွန်တော် ဖြစ်နေပါတယ်"

ပြောပြောဆိုဆိုနှင့် သူ အေးဆေးစွာ ဝမ်ကျင်းကျင်း မျက်နှာချင်းဆိုင် လျှောက်သွားပြီး ကုလားထိုင် ဆွဲကာ ဝင်ထိုင်လိုက်သည်။

ဝမ်ကျင်းကျင်း "..."

***

All Chapters